ဒီတစ်သက် ဒီဘဝ ဘယ်အချိန်ဘယ်အခါပြန်ဆုံကြမည်မှန်း မသိတော့ပြီ
လင်းလော့ချွမ် လူနာခန်းထဲသို့ဝင်လာသည့်အချိန်တွင် ဝေ့ရှီကအိပ်ရာမနိုးသေး။ချီမော့က ဘေးနားတွင်စောင့်ပေးနေရင်း ခေါင်းငြိမ့်ပြကာ အလိုက်တသိထွက်သွားပေးသည်။
အိပ်ရာဘေးတွင်ဝင်ထိုင်ပြီးနောက် ဝေ့ရှီ၏လက်ကိုဆုတ်ကိုင်လိုက်၍
"ဝေ့ရှီ...ကိုယ် သွားရတော့မယ်...ကိုယ့်အဖေက နှလုံးရောဂါထဖောက်တာမလို့ အရေးပေါ်ကုသခန်းထဲထည့်ထားရတယ်...ကိုယ့်အစ်မပြောတာ သုံးလေးရက်တောင်မခံလောက်တော့ဘူးတဲ့"
ပြောနေရင်းက မျက်ဝန်းအိမ်အတွင်း ဝမ်းနည်းပူဆွေးသည့်စိတ်များပြည့်နေလာခဲ့ပြီး ခပ်ဖွဖွလေးရယ်လိုက်၍
"သူက ရိုက်လို့မသေနိုင်တဲ့သူလို့ ကိုယ်ထင်နေခဲ့တာ...မထင်ထားမိဘူး...အဲ့လိုကြမ်းတမ်းနေတဲ့သူက ကိုယ့်ကြောင့်စိတ်ဆိုးပြီး အခုလိုဖြစ်သွားမယ်လို့လေ...တောင်းပန်ပါတယ်...ကိုယ် မင်းကို ခဏလောက်တော့ ဒီနေရာမှာထားခဲ့ရလိမ့်မယ်...ဘော်ဒီဂတ်တွေကလည်း မင်းလုံခြုံရေးအတွက်အမြဲတမ်းရှိနေမှာ...ပြီးတော့ ချီမော့နဲ့ရူဖေးကလည်း မင်းကိုကောင်းကောင်းဂရုစိုက်ပေးနေမှာနော်.."
ခေါင်းကိုငုံ့လိုက်ပြီး နားဖျားဆီသို့တိုးကပ်၍ တစ်ခုခုထပ်၍ဆိုလိုက်ကာ နဖူးကိုအသာအယာနမ်းပြီးနောက်
"ဂရုစိုက်နော်..."
တံခါးဝအပြင်သို့ထွက်ခါနီးအချိန်၌ အနောက်ဘက်ဆီမှ အသံတစ်ခုခုကိုကြားနေရသလို ခံစားမိလာ၏။ သူ့အား ထွက်မသွားဖို့ရာ ပြန်ဆွဲနေသည့်အသံမျိုး။ ဤခံစားချက်ကြီးက ပြင်းထန်လွန်းပြီး ဝမ်းနည်းနာကျင်စရာကောင်းလွန်းသည့်ခံစားချက်မျိုး။
ဒီတစ်ခေါက်ခွဲခွာရခြင်းက ထာဝရခွဲခွာလိုက်ခြင်းလိုမျိုး။
ဒီတစ်သက် ဒီဘဝတွင် ဘယ်ဆီနေမှန်းမသိသောအချိန်မျိုး၌မှ ပြန်လည်တွေ့ဆုံရတော့မည့်ခံစားချက်မျိုး။
အနောက်သို့ ဖြည်းဖြည်းချင်းပြန်လှည့်ပြီး ကိုယ့်ကိုကိုယ်နားကြားမှားသွားခြင်းဟုတ်မဟုတ်ကို တွေးကြည့်မိလိုက်သေးသည်။အိပ်ရာထက်ရှိသူက ငြိမ်သက်၍အိပ်ပျော်နေဆဲ လူနာဆောင်ကြီးတစ်ခုလုံး သူမ၏တည်ငြိမ်နေသည့်အသက်ရှူသံများနှင့် ပြတင်းပေါက်အပြင်ဘက်ရှိလေတိုးသံလေးများသာ ကြားနေရ၏။
သူ တကယ်ကိုနားကြားမှားလိုက်မှန်း သိလိုက်ပါ၏။
တစ်ကိုယ်တည်းပြုံးလိုက်မိပြီး ဝေ့ရှီအား နက်နက်နဲနဲငေးကြည့်ကာ အခန်းတံခါးကိုပိတ်ပြီး ထွက်လာခဲ့သည်။
လူနာဆောင်အပြင်ဘက်သို့ရောက်ပြီးနောက် တစ်ချက်ပြန်လည်လှည့်ကြည့်ပြီးမှ ဆက်လျှောက်လာခဲ့၏။
လမ်းတစ်လျှောက်လုံး သူ၏ခြေသံများနှင့် ခြေထောက်အောက်မှ သစ်ရွက်ကြွေများနှင့်သဲမှုန့်များ နင်းချေခံလိုက်ရသည့်အသံများကိုပါ နားထောင်နေခဲ့သည်။ သူနှင့် မလှမ်းမကမ်းနေရာတစ်ခုတွင် အမေတစ်ယောက်နှင့်ကောင်မလေးငယ်ငယ်လေးတစ်ယောက်က မြေကြီးပေါ်ရှိအရာတစ်ခုခုကို ကောက်ယူနေကြ၏။
ကလေးမလေးတွင် မျက်လုံးဝိုင်းဝိုင်းပြူးပြူးလေးများရှိပြီး ဆောင်းရာသီ၏အငွေ့အသက်များအပေါ်ကို အလွန်ကိုမှစိတ်ဝင်တစားဖြစ်နေဟန်ရသည်။လေညှင်းပန်းပင်ကြီးအောက်တွင်ရပ်နေသည့် ယောက်ျားလေးတစ်ယောက်၏ လှပလွန်းသောအနက်ရောင်ဇာမဏီမျက်ဝန်းတစ်စုံအား လှမ်း၍ကြည့်နေ၏။ သူမျက်နှာချင်းဆိုင်နေသည်က တောက်ပလွန်းသောနေရောင်ခြည် အနောက်တွင်က နှင်းဆီရောင်သန်းနေသောကောင်းကင်ကြီးအပြင် လေထဲတွင်တဖွဲဖွဲပျံဝဲနေသည့် အဖြူရောင်ခိုငှက်ကလေးများ ထိုကြားထဲမှာမှ အသံတိတ်ကြွေကျနေသည့် ဆောင်းဦးရွက်ကြွေတို့ ရှိနေလေ၏။
ကလေးမလေးက အမေဖြစ်သူ၏လက်ကိုလှမ်းဆွဲပြီး အသံသေးသေးလေးဖြင့်ဆိုလိုက်၏။
"မေမေ...ကြည့်ပါဦး...ဟိုနားက ကိုကိုက ဘာလို့ငိုနေတာလဲ?.."
နာရီပိုင်းကြာသွားပြီးနောက် လင်းလော့ချွမ်က 'ပေကျင်း'သို့တိုက်ရိုက်ပျံသန်းမည့်လေယာဥ်ပေါ်တွင် ထိုင်နေကာ နှလုံးသားတစ်ခုလုံးက ဆုတ်ကိုင်ခံထားရသလို တင်းကြပ်နေလေသည်။တစ်ဖက်သို့လှည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်၏။မြို့ပြကြီးက တဖြည်းဖြည်းနှင့်သေးကွေးလာပြီး ကုန်းမြေဟုခေါ်ဆိုသည့်အရာကြီးက အမှောင်ထုထဲတွင်လုံးလုံးလျားလျားပျောက်ဆုံးသွားခဲ့၏။
ခေါင်းကိုငုံ့လိုက်ပြီး တစ်စုံတစ်ရာဖြစ်ဖြစ်လုပ်နေသင့်ကြောင်းကို တွေးမိလိုက်၏။မဟုတ်လျှင် နှလုံးသားထဲရှိ ဝမ်းနည်းပူဆွေးခြင်းများကို ထိန်းချုပ်ထားနိုင်တော့မည်မဟုတ်ပေ။
လေယာဥ်မယ်အား စာရွက်အလွတ်တစ်ခုတောင်းလိုက်ပြီး ဘောပင်ကိုကိုင်ထားကာ အချိန်အကြာကြီးတွေဝေစဥ်းစားနေပြီးမှ ချရေးလိုက်၏ ;
ဝေ့ရှီ...လေယာဥ်ပေါ်ရောက်နေတဲ့ ဒီအချိန်အတွင်း ကိုယ် မင်းရဲ့အရင်တုန်းကပုံရိပ်လေးတွေအကြောင်းကို တွေးကြည့်မိတယ်...ကိုယ်တို့ ပထမဆုံးအကြိမ် 'Alluring' မှာတွေ့တဲ့အချိန်ကို တွေးမိတယ်...မင်း ပန်းခြံထဲမှာပန်းချီဆွဲနေတဲ့အကြောင်းကို တွေးမိတယ်...ထပ်ပြီးတွေးမိတာက အဲ့ဒီလမ်းဘေးမှာ ဂီတာကိုင်ပြီးသီချင်းဆိုနေတဲ့ကောင်မလေးရယ်...ထပ်ပြီး မင်းအနောက်မှာရှိနေခဲ့တဲ့ မြို့ပြကြီးရဲ့အဝါရောင်ဆည်းဆာတွေရယ်...ထပ်ပြီး အဲ့နေ့က ကိုယ်တို့နှစ်ယောက်ရဲ့ ဘေးပတ်ပတ်လည်မှာ အဖြူရောင်ခိုတွေ ပျံဝဲနေတဲ့ပုံရိပ်လေးရယ်...ထပ်ပြီး..ထပ်ပြီး...အများကြီး...ဒါပေမယ့် တွေးမိပြီးမျက်လုံးထဲမြင်ယောင်လာတဲ့ပုံရိပ် တစ်ခုချင်းစီတိုင်းက အရမ်းကိုဝမ်းနည်းနာကျင်ရတယ်...အရင်က လူတွေပြောတာကိုကြားဖူးတယ် 'ဝမ်းနည်းခြင်း'လို့ခေါ်တဲ့ မျက်ရည်တစ်မျိုးရှိတယ်တဲ့...ကိုယ် အခုမှသေချာတွေးကြည့်မိတာ လက်စသတ်တော့ မင်းရယ်နေတဲ့အချိန်တွေတိုင်းမှာ မျက်လုံးနဲ့မျက်ခုံးတွေကငိုပြီး ဝမ်းနည်းနေခဲ့တာ...ဘာလို့များ ကိုယ်အရင်က မြင်အောင်မကြည့်မိခဲ့တာပါလိမ့်...
ကိုယ် တစ်ချိန်လုံးတွေးကြည့်ခဲ့ဖူးတယ်...ကိုယ် ဘယ်အချိန်ကများ မင်းကိုချစ်မိသွားခဲ့တာလဲလို့...ဒါပေမယ့် တကယ်ကိုစဥ်းစားလို့မရခဲ့ဘူး...သိပ်မကြာသေးခင်ကလိုလို အရမ်းကိုကြာခဲ့တဲ့အချိန်ကလိုလိုနဲ့...ဒီဘဝမှာပဲဖြစ်သွားသလိုလို ထပ်ပြီး အရင်ဘဝကတည်းကဖြစ်လာခဲ့သလိုလိုနဲ့...ဖြစ်နိုင်တာလေ ကိုယ်တို့ရဲ့အရင်ဘဝကပုံပြင်လေးက အရမ်းဝမ်းနည်းစရာကောင်းခဲ့ပြီး အဆုံးသတ်တွေ အရမ်းကိုမလှခဲ့လို့များ ဒီဘဝမှာ ကိုယ်ကမင်းကိုမေ့သွားခဲ့ပြီး မင်းကလည်းကိုယ့်ကိုပစ်ထားခဲ့တာနေမှာ...
ရေဒီယိုလိုင်းမှတဆင့် ဝမ်းနည်းစရာကောင်းလွန်းသည့်သီချင်းသံစဥ်တစ်ခုက ပျံ့လွင့်နေကာ နူးနူးညံ့ညံ့လေးသီဆိုနေသည့်အမျိုးသမီးတေးသံရှင်၏အသံက နားစည်အတွင်းဝင်ရောက်လာခဲ့သည်။တစ်ဖက်သို့လှည့်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အနက်ရောင်မြူစိုင်များကိုလှမ်းကြည့်လိုက်သည့် သူ၏မျက်ဝန်းများက အရည်ကြည်တစ်ထပ်ကာထားသလို ဝေဝါးနေလေ၏။
ဝေ့ရှီ...စတွေ့တဲ့အချိန်ကနေစပြီး အခုထိ ကိုယ်တို့နှစ်ယောက်ရဲ့ပုံပြင်ဟာ မလှပခဲ့ဘူး...ဒါပေမယ့် ကိုယ့်ဘဝရဲ့အလှပဆုံးသောအရာကတော့ မင်းနဲ့တွေ့ဆုံခဲ့ရခြင်းပါ...လူပင်လယ်ကြီးထဲမှာရပ်ပြီး မင်းကိုငေးကြည့်နေရတာတွေ...တူညီတဲ့ကောင်းကင်ကြီးတစ်ခုအောက်မှာရပ်ပြီး မင်းနဲ့အတူတူ အသက်ရှူခွင့်ရတာတွေ...မင်းနဲ့ ပုခုံးချင်းယှဥ်ပြီးရပ်နေရတာတွေက ဒီလောကကြီးရဲ့အလှပဆုံးသောပန်းချီကားချပ်တွေလိုပဲ...
မင်းကသာ ကိုယ့်ကို နားလည်အောင်လုပ်ပေးနိုင်ခဲ့တာပါ..လက်စသတ်တော့ အချစ်ဆိုတာ မြစ်ချောင်းနဲ့တောင်တန်းတွေကိုပေါင်းစည်းသွားလည်းမဟုတ်ဘူး...ပင်လယ်ကြီးခြောက်ခမ်းသွားတာတွေ ကျောက်ခဲတွေပုပ်သိုးသွားတွေလည်းမဟုတ်ဘူး...ပြောင်းလဲသွားတာတွေမရှိဘဲ နောက်ဆုံးဆိုတဲ့ကန့်သတ်ခြင်းတွေမရှိဘဲ အဆုံးသတ်ဆိုတာမရှိဘဲ အစကနေကအဆုံးထိ အမြဲတမ်း ပေးထားတဲ့ကတိတစ်ခုကို တည်နေခဲ့တာမျိုးပါ..
ပန်းခြံနားမှာ ဂီတာတီးပြီးကောင်မလေးဆိုပြတဲ့ သီချင်းကိုမှတ်မိသေးလား?...အဲ့နေ့က ကိုယ်ကြည့်နေခဲ့တာ မင်းက သူသီချင်းဆိုတဲ့အသံကိုနားထောင်ရင်း ငိုနေခဲ့တာလေ...ကိုယ် အဲ့သီချင်းရဲ့စာသားတွေကိုမှတ်မိသေးတယ်...အရမ်းကိုလှပပြီး ဝမ်းနည်းစရာကောင်းတဲ့စာသားတွေ...
ကိုယ် မင်းကိုပေးထားတဲ့ကတိကိုလည်း တစ်ချိန်လုံးမှတ်ထားခဲ့ပါတယ်...ကိုယ်မင်းရဲ့ ကာကွယ်သူအဖြစ်နေပြီး ဒီဘဝမှာကြုံတွေ့လာရမယ့်အရာအားလုံးကနေ ကာကွယ်ပေးမယ်...ဒီဘဝအဆုံးသတ်သွားတဲ့တစ်နေ့ကျရင်တော့ ကိုယ့်ရဲ့နှလုံးသားထဲတစ်ခုတည်းသောဆန္ဒက နတ်ဘုရားတွေကို ကိုင်လှုပ်ပေးနိုင်ပါစေလို့ ဆုတောင်းလိုက်မယ်...ကိုယ့်ရဲ့အချစ်တွေက လှပတဲ့တမန်တော်လေးအဖြစ်ပြောင်းသွားပြီး ကိုယ့်အစား မင်းကိုဆက်ပြီးချစ်နေပေးနေဖို့...
ယွီ လော့ ချွမ် ရှ ; ပိုင် လု ဝေ့ ရှီ
မိုးဖွဲလေးတွေ ကျလာရင် မိုးသောက်ယံက နှင်းစက်လေးတွေလည်း ရှိနေမယ်
ယွီ လော့ ချွမ် ရှ ; ပိုင် လု ဝေ့ ရှီ
မိုးဖွဲလေးတွေ ကျလာရင် မိုးသောက်ယံက နှင်းစက်လေးတွေလည်း ရှိနေမယ်
ကိုယ့်နှလုံးသားထဲကနေ ကိုယ်တို့နှစ်ယောက်ရဲ့နာမည်ကို တိတ်တိတ်လေးရွတ်ဆိုထားလိုက်တယ်...နောက်ဘဝတွေမှာပြန်တွေ့ကြရင် မှတ်မိစေမယ့် စကားစုလေးတစ်ခုအဖြစ်လေ...
ဝေ့ရှီ....တကယ်လို့များ နောက်ဘဝဆိုတာမျိုးတကယ်ရှိလာခဲ့ရင်...တကယ်လို့များ လာမယ့်ဘဝမှာမင်းကိုထပ်ပြီးတွေ့ဆုံခွင့်ရခဲ့ဦးမယ်ဆိုရင်...ကိုယ်တို့တွေ.......
(T/N ; ယွီလော့ချွမ်ရှ(မိုးဖွဲလေးများရွာသွန်းခြင်း) ပိုင်လုဝေ့ရှီ(မိုးသောက်ယံနှင်းစက်လေး)
ဒီစကားစု နှစ်ခုက သီးခြားစီဖော်ပြထားရရင် (...) ထဲကလိုအဓိပ္ပါယ်ပါ
စကားစုနှစ်စုကို ပေါင်းပြီး "ယွီလော့ချွမ်ရှ ပိုင်လုဝေ့ရှီ" လို့တွဲသုံးလိုက်ပြီဆိုရင် အကျယ်ဖွင့်လိုက်တဲ့ဆိုလိုရင်းတစ်ခုသပ်သပ်ဖြစ်သွားပါတယ်
အဓိပ္ပါယ်က -
မိုးရွာကျလာတဲ့အချိန်မျိုးဆို လေထုထဲရှိနေတဲ့ နှင်းမြူခိုးငွေ့လေးတွေ ခြောက်သွေ့မသွားတော့ဘူး...အကယ်၍ မိုးကသာ အဆက်မပြတ်ရွာသွန်းပေးနေမယ်ဆိုရင် နေသာတဲ့နေ့ဆိုတာလည်း ဖြစ်မလာတော့ဘူး...နေမသာတော့တဲ့အတွက် နေရောင်ခြည်ကိုကြောက်တဲ့မိုးသောက်ယံနှင်းမြူခိုးငွေ့လေးတွေက လေထုထဲကနေ ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်တော့ပါဘူး...
မိုးရွာသွန်းနေတဲ့အချိန်တိုင်းမှာ နှင်းမြူခိုးလေးတွေရှိနေမယ် နှင်းမြူခိုးလေးတွေပျောက်ကွယ်မသွားဖို့အတွက်လည်း မိုးဖွဲလေးကအမြဲရွာသွန်းပေးနေမယ်တဲ့...
စိတ်ကူးယဥ်ဆန်ပြီးလှပလွန်းတဲ့ စကားစုလေးတစ်စုံပေါ့...)
*********************
~~Zawgyi~~
ဒီတစ္သက္ ဒီဘဝ ဘယ္အခ်ိန္ဘယ္အခါျပန္ဆုံၾကမည္မွန္း မသိေတာ့ၿပီ
လင္းေလာ့ခြၽမ္ လူနာခန္းထဲသို႔ဝင္လာသည့္အခ်ိန္တြင္ ေဝ့ရွီကအိပ္ရာမနိုးေသး။ခ်ီေမာ့က ေဘးနားတြင္ေစာင့္ေပးေနရင္း ေခါင္းၿငိမ့္ျပကာ အလိုက္တသိထြက္သြားေပးသည္။
အိပ္ရာေဘးတြင္ဝင္ထိုင္ၿပီးေနာက္ ေဝ့ရွီ၏လက္ကိုဆုတ္ကိုင္လိုက္၍
"ေဝ့ရွီ...ကိုယ္ သြားရေတာ့မယ္...ကိုယ့္အေဖက ႏွလုံးေရာဂါထေဖာက္တာမလို႔ အေရးေပၚကုသခန္းထဲထည့္ထားရတယ္...ကိုယ့္အစ္မေျပာတာ သုံးေလးရက္ေတာင္မခံေလာက္ေတာ့ဘူးတဲ့"
ေျပာေနရင္းက မ်က္ဝန္းအိမ္အတြင္း ဝမ္းနည္းပူေဆြးသည့္စိတ္မ်ားျပည့္ေနလာခဲ့ၿပီး ခပ္ဖြဖြေလးရယ္လိုက္၍
"သူက ရိုက္လို႔မေသနိုင္တဲ့သူလို႔ ကိုယ္ထင္ေနခဲ့တာ...မထင္ထားမိဘူး...အဲ့လိုၾကမ္းတမ္းေနတဲ့သူက ကိုယ့္ေၾကာင့္စိတ္ဆိုးၿပီး အခုလိုျဖစ္သြားမယ္လို႔ေလ...ေတာင္းပန္ပါတယ္...ကိုယ္ မင္းကို ခဏေလာက္ေတာ့ ဒီေနရာမွာထားခဲ့ရလိမ့္မယ္...ေဘာ္ဒီဂတ္ေတြကလည္း မင္းလုံၿခဳံေရးအတြက္အၿမဲတမ္းရွိေနမွာ...ၿပီးေတာ့ ခ်ီေမာ့နဲ႕႐ူေဖးကလည္း မင္းကိုေကာင္းေကာင္းဂ႐ုစိုက္ေပးေနမွာေနာ္.."
ေခါင္းကိုငုံ႕လိုက္ၿပီး နားဖ်ားဆီသို႔တိုးကပ္၍ တစ္ခုခုထပ္၍ဆိုလိုက္ကာ နဖူးကိုအသာအယာနမ္းၿပီးေနာက္
"ဂ႐ုစိုက္ေနာ္..."
တံခါးဝအျပင္သို႔ထြက္ခါနီးအခ်ိန္၌ အေနာက္ဘက္ဆီမွ အသံတစ္ခုခုကိုၾကားေနရသလို ခံစားမိလာ၏။ သူ႕အား ထြက္မသြားဖို႔ရာ ျပန္ဆြဲေနသည့္အသံမ်ိဳး။ ဤခံစားခ်က္ႀကီးက ျပင္းထန္လြန္းၿပီး ဝမ္းနည္းနာက်င္စရာေကာင္းလြန္းသည့္ခံစားခ်က္မ်ိဳး။
ဒီတစ္ေခါက္ခြဲခြာရျခင္းက ထာဝရခြဲခြာလိုက္ျခင္းလိုမ်ိဳး။
ဒီတစ္သက္ ဒီဘဝတြင္ ဘယ္ဆီေနမွန္းမသိေသာအခ်ိန္မ်ိဳး၌မွ ျပန္လည္ေတြ႕ဆုံရေတာ့မည့္ခံစားခ်က္မ်ိဳး။
အေနာက္သို႔ ျဖည္းျဖည္းခ်င္းျပန္လွည့္ၿပီး ကိုယ့္ကိုကိုယ္နားၾကားမွားသြားျခင္းဟုတ္မဟုတ္ကို ေတြးၾကည့္မိလိုက္ေသးသည္။အိပ္ရာထက္ရွိသူက ၿငိမ္သက္၍အိပ္ေပ်ာ္ေနဆဲ လူနာေဆာင္ႀကီးတစ္ခုလုံး သူမ၏တည္ၿငိမ္ေနသည့္အသက္ရႉသံမ်ားႏွင့္ ျပတင္းေပါက္အျပင္ဘက္ရွိေလတိုးသံေလးမ်ားသာ ၾကားေနရ၏။
သူ တကယ္ကိုနားၾကားမွားလိုက္မွန္း သိလိုက္ပါ၏။
တစ္ကိုယ္တည္းၿပဳံးလိုက္မိၿပီး ေဝ့ရွီအား နက္နက္နဲနဲေငးၾကည့္ကာ အခန္းတံခါးကိုပိတ္ၿပီး ထြက္လာခဲ့သည္။
လူနာေဆာင္အျပင္ဘက္သို႔ေရာက္ၿပီးေနာက္ တစ္ခ်က္ျပန္လည္လွည့္ၾကည့္ၿပီးမွ ဆက္ေလွ်ာက္လာခဲ့၏။
လမ္းတစ္ေလွ်ာက္လုံး သူ၏ေျခသံမ်ားႏွင့္ ေျခေထာက္ေအာက္မွ သစ္႐ြက္ေႂကြမ်ားႏွင့္သဲမႈန့္မ်ား နင္းေခ်ခံလိုက္ရသည့္အသံမ်ားကိုပါ နားေထာင္ေနခဲ့သည္။ သူႏွင့္ မလွမ္းမကမ္းေနရာတစ္ခုတြင္ အေမတစ္ေယာက္ႏွင့္ေကာင္မေလးငယ္ငယ္ေလးတစ္ေယာက္က ေျမႀကီးေပၚရွိအရာတစ္ခုခုကို ေကာက္ယူေနၾက၏။
ကေလးမေလးတြင္ မ်က္လုံးဝိုင္းဝိုင္းျပဴးျပဴးေလးမ်ားရွိၿပီး ေဆာင္းရာသီ၏အေငြ႕အသက္မ်ားအေပၚကို အလြန္ကိုမွစိတ္ဝင္တစားျဖစ္ေနဟန္ရသည္။ေလညွင္းပန္းပင္ႀကီးေအာက္တြင္ရပ္ေနသည့္ ေယာက္်ားေလးတစ္ေယာက္၏ လွပလြန္းေသာအနက္ေရာင္ဇာမဏီမ်က္ဝန္းတစ္စုံအား လွမ္း၍ၾကည့္ေန၏။ သူမ်က္ႏွာခ်င္းဆိုင္ေနသည္က ေတာက္ပလြန္းေသာေနေရာင္ျခည္ အေနာက္တြင္က ႏွင္းဆီေရာင္သန္းေနေသာေကာင္းကင္ႀကီးအျပင္ ေလထဲတြင္တဖြဲဖြဲပ်ံဝဲေနသည့္ အျဖဴေရာင္ခိုငွက္ကေလးမ်ား ထိုၾကားထဲမွာမွ အသံတိတ္ေႂကြက်ေနသည့္ ေဆာင္းဦး႐ြက္ေႂကြတို႔ ရွိေနေလ၏။
ကေလးမေလးက အေမျဖစ္သူ၏လက္ကိုလွမ္းဆြဲၿပီး အသံေသးေသးေလးျဖင့္ဆိုလိုက္၏။
"ေမေမ...ၾကည့္ပါဦး...ဟိုနားက ကိုကိုက ဘာလို႔ငိုေနတာလဲ?.."
နာရီပိုင္းၾကာသြားၿပီးေနာက္ လင္းေလာ့ခြၽမ္က 'ေပက်င္း'သို႔တိုက္ရိုက္ပ်ံသန္းမည့္ေလယာဥ္ေပၚတြင္ ထိုင္ေနကာ ႏွလုံးသားတစ္ခုလုံးက ဆုတ္ကိုင္ခံထားရသလို တင္းၾကပ္ေနေလသည္။တစ္ဖက္သို႔လွည့္လိုက္ၿပီး ျပတင္းေပါက္အျပင္ဘက္ကိုလွမ္းၾကည့္လိုက္၏။ၿမိဳ႕ျပႀကီးက တျဖည္းျဖည္းႏွင့္ေသးေကြးလာၿပီး ကုန္းေျမဟုေခၚဆိုသည့္အရာႀကီးက အေမွာင္ထုထဲတြင္လုံးလုံးလ်ားလ်ားေပ်ာက္ဆုံးသြားခဲ့၏။
ေခါင္းကိုငုံ႕လိုက္ၿပီး တစ္စုံတစ္ရာျဖစ္ျဖစ္လုပ္ေနသင့္ေၾကာင္းကို ေတြးမိလိုက္၏။မဟုတ္လွ်င္ ႏွလုံးသားထဲရွိ ဝမ္းနည္းပူေဆြးျခင္းမ်ားကို ထိန္းခ်ဳပ္ထားနိုင္ေတာ့မည္မဟုတ္ေပ။
ေလယာဥ္မယ္အား စာ႐ြက္အလြတ္တစ္ခုေတာင္းလိုက္ၿပီး ေဘာပင္ကိုကိုင္ထားကာ အခ်ိန္အၾကာႀကီးေတြေဝစဥ္းစားေနၿပီးမွ ခ်ေရးလိုက္၏ ;
ေဝ့ရွီ...ေလယာဥ္ေပၚေရာက္ေနတဲ့ ဒီအခ်ိန္အတြင္း ကိုယ္ မင္းရဲ႕အရင္တုန္းကပုံရိပ္ေလးေတြအေၾကာင္းကို ေတြးၾကည့္မိတယ္...ကိုယ္တို႔ ပထမဆုံးအႀကိမ္ 'Alluring' မွာေတြ႕တဲ့အခ်ိန္ကို ေတြးမိတယ္...မင္း ပန္းၿခံထဲမွာပန္းခ်ီဆြဲေနတဲ့အေၾကာင္းကို ေတြးမိတယ္...ထပ္ၿပီးေတြးမိတာက အဲ့ဒီလမ္းေဘးမွာ ဂီတာကိုင္ၿပီးသီခ်င္းဆိုေနတဲ့ေကာင္မေလးရယ္...ထပ္ၿပီး မင္းအေနာက္မွာရွိေနခဲ့တဲ့ ၿမိဳ႕ျပႀကီးရဲ႕အဝါေရာင္ဆည္းဆာေတြရယ္...ထပ္ၿပီး အဲ့ေန႕က ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ေဘးပတ္ပတ္လည္မွာ အျဖဴေရာင္ခိုေတြ ပ်ံဝဲေနတဲ့ပုံရိပ္ေလးရယ္...ထပ္ၿပီး..ထပ္ၿပီး...အမ်ားႀကီး...ဒါေပမယ့္ ေတြးမိၿပီးမ်က္လုံးထဲျမင္ေယာင္လာတဲ့ပုံရိပ္ တစ္ခုခ်င္းစီတိုင္းက အရမ္းကိုဝမ္းနည္းနာက်င္ရတယ္...အရင္က လူေတြေျပာတာကိုၾကားဖူးတယ္ 'ဝမ္းနည္းျခင္း'လို႔ေခၚတဲ့ မ်က္ရည္တစ္မ်ိဳးရွိတယ္တဲ့...ကိုယ္ အခုမွေသခ်ာေတြးၾကည့္မိတာ လက္စသတ္ေတာ့ မင္းရယ္ေနတဲ့အခ်ိန္ေတြတိုင္းမွာ မ်က္လုံးနဲ႕မ်က္ခုံးေတြကငိုၿပီး ဝမ္းနည္းေနခဲ့တာ...ဘာလို႔မ်ား ကိုယ္အရင္က ျမင္ေအာင္မၾကည့္မိခဲ့တာပါလိမ့္...
ကိုယ္ တစ္ခ်ိန္လုံးေတြးၾကည့္ခဲ့ဖူးတယ္...ကိုယ္ ဘယ္အခ်ိန္ကမ်ား မင္းကိုခ်စ္မိသြားခဲ့တာလဲလို႔...ဒါေပမယ့္ တကယ္ကိုစဥ္းစားလို႔မရခဲ့ဘူး...သိပ္မၾကာေသးခင္ကလိုလို အရမ္းကိုၾကာခဲ့တဲ့အခ်ိန္ကလိုလိုနဲ႕...ဒီဘဝမွာပဲျဖစ္သြားသလိုလို ထပ္ၿပီး အရင္ဘဝကတည္းကျဖစ္လာခဲ့သလိုလိုနဲ႕...ျဖစ္နိုင္တာေလ ကိုယ္တို႔ရဲ႕အရင္ဘဝကပုံျပင္ေလးက အရမ္းဝမ္းနည္းစရာေကာင္းခဲ့ၿပီး အဆုံးသတ္ေတြ အရမ္းကိုမလွခဲ့လို႔မ်ား ဒီဘဝမွာ ကိုယ္ကမင္းကိုေမ့သြားခဲ့ၿပီး မင္းကလည္းကိုယ့္ကိုပစ္ထားခဲ့တာေနမွာ...
ေရဒီယိုလိုင္းမွတဆင့္ ဝမ္းနည္းစရာေကာင္းလြန္းသည့္သီခ်င္းသံစဥ္တစ္ခုက ပ်ံ့လြင့္ေနကာ ႏူးႏူးညံ့ညံ့ေလးသီဆိုေနသည့္အမ်ိဳးသမီးေတးသံရွင္၏အသံက နားစည္အတြင္းဝင္ေရာက္လာခဲ့သည္။တစ္ဖက္သို႔လွည့္လိုက္ၿပီး ျပတင္းေပါက္အျပင္ဘက္ရွိ အနက္ေရာင္ျမဴစိုင္မ်ားကိုလွမ္းၾကည့္လိုက္သည့္ သူ၏မ်က္ဝန္းမ်ားက အရည္ၾကည္တစ္ထပ္ကာထားသလို ေဝဝါးေနေလ၏။
ေဝ့ရွီ...စေတြ႕တဲ့အခ်ိန္ကေနစၿပီး အခုထိ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ပုံျပင္ဟာ မလွပခဲ့ဘူး...ဒါေပမယ့္ ကိုယ့္ဘဝရဲ႕အလွပဆုံးေသာအရာကေတာ့ မင္းနဲ႕ေတြ႕ဆုံခဲ့ရျခင္းပါ...လူပင္လယ္ႀကီးထဲမွာရပ္ၿပီး မင္းကိုေငးၾကည့္ေနရတာေတြ...တူညီတဲ့ေကာင္းကင္ႀကီးတစ္ခုေအာက္မွာရပ္ၿပီး မင္းနဲ႕အတူတူ အသက္ရႉခြင့္ရတာေတြ...မင္းနဲ႕ ပုခုံးခ်င္းယွဥ္ၿပီးရပ္ေနရတာေတြက ဒီေလာကႀကီးရဲ႕အလွပဆုံးေသာပန္းခ်ီကားခ်ပ္ေတြလိုပဲ...
မင္းကသာ ကိုယ့္ကို နားလည္ေအာင္လုပ္ေပးနိုင္ခဲ့တာပါ..လက္စသတ္ေတာ့ အခ်စ္ဆိုတာ ျမစ္ေခ်ာင္းနဲ႕ေတာင္တန္းေတြကိုေပါင္းစည္းသြားလည္းမဟုတ္ဘူး...ပင္လယ္ႀကီးေျခာက္ခမ္းသြားတာေတြ ေက်ာက္ခဲေတြပုပ္သိုးသြားေတြလည္းမဟုတ္ဘူး...ေျပာင္းလဲသြားတာေတြမရွိဘဲ ေနာက္ဆုံးဆိုတဲ့ကန့္သတ္ျခင္းေတြမရွိဘဲ အဆုံးသတ္ဆိုတာမရွိဘဲ အစကေနကအဆုံးထိ အၿမဲတမ္း ေပးထားတဲ့ကတိတစ္ခုကို တည္ေနခဲ့တာမ်ိဳးပါ..
ပန္းၿခံနားမွာ ဂီတာတီးၿပီးေကာင္မေလးဆိုျပတဲ့ သီခ်င္းကိုမွတ္မိေသးလား?...အဲ့ေန႕က ကိုယ္ၾကည့္ေနခဲ့တာ မင္းက သူသီခ်င္းဆိုတဲ့အသံကိုနားေထာင္ရင္း ငိုေနခဲ့တာေလ...ကိုယ္ အဲ့သီခ်င္းရဲ႕စာသားေတြကိုမွတ္မိေသးတယ္...အရမ္းကိုလွပၿပီး ဝမ္းနည္းစရာေကာင္းတဲ့စာသားေတြ...
ကိုယ္ မင္းကိုေပးထားတဲ့ကတိကိုလည္း တစ္ခ်ိန္လုံးမွတ္ထားခဲ့ပါတယ္...ကိုယ္မင္းရဲ႕ ကာကြယ္သူအျဖစ္ေနၿပီး ဒီဘဝမွာႀကဳံေတြ႕လာရမယ့္အရာအားလုံးကေန ကာကြယ္ေပးမယ္...ဒီဘဝအဆုံးသတ္သြားတဲ့တစ္ေန႕က်ရင္ေတာ့ ကိုယ့္ရဲ႕ႏွလုံးသားထဲတစ္ခုတည္းေသာဆႏၵက နတ္ဘုရားေတြကို ကိုင္လႈပ္ေပးနိုင္ပါေစလို႔ ဆုေတာင္းလိုက္မယ္...ကိုယ့္ရဲ႕အခ်စ္ေတြက လွပတဲ့တမန္ေတာ္ေလးအျဖစ္ေျပာင္းသြားၿပီး ကိုယ့္အစား မင္းကိုဆက္ၿပီးခ်စ္ေနေပးေနဖို႔...
ယြီ ေလာ့ ခြၽမ္ ရွ ; ပိုင္ လု ေဝ့ ရွီ
မိုးဖြဲေလးေတြ က်လာရင္ မိုးေသာက္ယံက ႏွင္းစက္ေလးေတြလည္း ရွိေနမယ္
ယြီ ေလာ့ ခြၽမ္ ရွ ; ပိုင္ လု ေဝ့ ရွီ
မိုးဖြဲေလးေတြ က်လာရင္ မိုးေသာက္ယံက ႏွင္းစက္ေလးေတြလည္း ရွိေနမယ္
ကိုယ့္ႏွလုံးသားထဲကေန ကိုယ္တို႔ႏွစ္ေယာက္ရဲ႕နာမည္ကို တိတ္တိတ္ေလး႐ြတ္ဆိုထားလိုက္တယ္...ေနာက္ဘဝေတြမွာျပန္ေတြ႕ၾကရင္ မွတ္မိေစမယ့္ စကားစုေလးတစ္ခုအျဖစ္ေလ...
ေဝ့ရွီ....တကယ္လို႔မ်ား ေနာက္ဘဝဆိုတာမ်ိဳးတကယ္ရွိလာခဲ့ရင္...တကယ္လို႔မ်ား လာမယ့္ဘဝမွာမင္းကိုထပ္ၿပီးေတြ႕ဆုံခြင့္ရခဲ့ဦးမယ္ဆိုရင္...ကိုယ္တို႔ေတြ.......
(T/N ; ယြီေလာ့ခြၽမ္ရွ(မိုးဖြဲေလးမ်ား႐ြာသြန္းျခင္း) ပိုင္လုေဝ့ရွီ(မိုးေသာက္ယံႏွင္းစက္ေလး)
ဒီစကားစု ႏွစ္ခုက သီးျခားစီေဖာ္ျပထားရရင္ (...) ထဲကလိုအဓိပ္ပါယ်ပါ
စကားစုႏွစ္စုကို ေပါင္းၿပီး "ယြီေလာ့ခြၽမ္ရွ ပိုင္လုေဝ့ရွီ" လို႔တြဲသုံးလိုက္ၿပီဆိုရင္ အက်ယ္ဖြင့္လိုက္တဲ့ဆိုလိုရင္းတစ္ခုသပ္သပ္ျဖစ္သြားပါတယ္
အဓိပ္ပါယ်က -
မိုး႐ြာက်လာတဲ့အခ်ိန္မ်ိဳးဆို ေလထုထဲရွိေနတဲ့ ႏွင္းျမဴခိုးေငြ႕ေလးေတြ ေျခာက္ေသြ႕မသြားေတာ့ဘူး...အကယ္၍ မိုးကသာ အဆက္မျပတ္႐ြာသြန္းေပးေနမယ္ဆိုရင္ ေနသာတဲ့ေန႕ဆိုတာလည္း ျဖစ္မလာေတာ့ဘူး...ေနမသာေတာ့တဲ့အတြက္ ေနေရာင္ျခည္ကိုေၾကာက္တဲ့မိုးေသာက္ယံႏွင္းျမဴခိုးေငြ႕ေလးေတြက ေလထုထဲကေန ဘယ္ေတာ့မွေပ်ာက္ကြယ္သြားမွာမဟုတ္ေတာ့ပါဘူး...
မိုး႐ြာသြန္းေနတဲ့အခ်ိန္တိုင္းမွာ ႏွင္းျမဴခိုးေလးေတြရွိေနမယ္ ႏွင္းျမဴခိုးေလးေတြေပ်ာက္ကြယ္မသြားဖို႔အတြက္လည္း မိုးဖြဲေလးကအၿမဲ႐ြာသြန္းေပးေနမယ္တဲ့...
စိတ္ကူးယဥ္ဆန္ၿပီးလွပလြန္းတဲ့ စကားစုေလးတစ္စုံေပါ့...)
*********************