နာကျင်ခံစားမှုများ ပြည့်နှက်ရာ အသူတရာချောက်နက်
ရူဖေးက ယိုယို၏အဝတ်အစားကိုယူလဲပြီးသည်နှင့် ဝိုင်ဗန်းကိုကိုင်ကာ ခေါင်းငုံ့ရင်း လင်းလော့ချွမ်၏Box ထဲသို့ဝင်လာခဲ့သည်။
အထဲတွင် ကျယ်လောင်လှသည့်သီချင်းသံများနှင့်အတူ မီးရောင်ကိုအမှိန်ဆုံးဖြစ်အောင်ဖွင့်ထားပြီး ဝိုင်အနံ့အသက်များက ပြည့်နှက်နေသည်။ရူဖေးက အခန်းထဲရောက်ပြီးသည်နှင့် ပတ်ပတ်လည်ဝေ့ဝဲကြည့်လိုက်ရာ ရှာနေသည့်သူက အားလုံး၏ အလယ်တည့်တည့်ထိုင်နေပြီး ဘေးနားတွင်အဖော်ပြုပေးနေသည့်မိန်းကလေးနှင့် ပလဲပနှံသင့်နေ၏။
ရူဖေးက စိတ်လှုပ်ရှားပြီးဂဏာမငြိမ်ဖြစ်နေသည့်အပြင် အလျင်းသင့်သလို လက်ရဲဇက်ရဲလည်းမပြုမူရဲ။အချိန်ကိုက်နီးပါး ဝိုင်ငှဲ့ပေးရန်ခေါ်လာသည့်သူရှိသဖြင့် အနားသို့လျှောက်သွားပြီး ငှဲ့ပေးလိုက်ရာ လင်းလော့ချွမ်ဘေးနားသို့ မသိမသာတိုးကပ်လိုက်ချိန်တွင် တထောင်းထောင်းထနေသည့်အရက်နံ့များရှူရှိုက်မိပြီး အတော်လေးသောက်ထားကြောင်း သတိထားမိလိုက်သည်။
ရူဖေးက ထပ်၍အောင့်အီးမနေနိုင်တော့သဖြင့် ဒူးတစ်ဝက်ကိုညွှတ်ရင်း အနားသို့ကပ်လိုက်၍
"သခင်လေးလင်း..."
လင်းလော့ချွမ်က တစ်ဖက်သို့လှည့်လာကြည့်လာ၍
"ဘယ်လိုဖြစ်လို့ မင်းဖြစ်နေတာလဲ.."
"သခင်လေးလင်း...ကျွန်မ..."
ရူဖေးက စကားဆိုတော့မည့်အခိုက် ဘေးနားတွင်ထိုင်နေသည့်သူက သူမကိုမှတ်မိသွားပြီး
"ဒါ ရူဖေးမလား...မတွေ့ရတာတောင် ကြာပြီနော်...ငါ မင်းကို လွမ်းနေခဲ့တာ..."
ရူဖေးလည်း အခြေအနေမကောင်းတော့မှန်းတန်းသိလိုက်၏။ထင်ထားသည့်အတိုင်း ကောင်မလေးတစ်ယောက်က မသိမသာထထွက်သွားသည်ကိုမြင်လိုက်ရကာ လုံခြုံရေးကိုသွားခေါ်မှန်း ရူဖေးသိလိုက်၏။
အချိန်မရှိတော့သဖြင့် လင်းလော့ချွမ်၏အကျီအနားသတ်ကိုလှမ်းဆွဲကာ အသံကျယ်ကျယ်အော်ဟစ်လိုက်၏။
"သခင်လေးလင်း...ကျေးဇူးပြုပြီး ဝေ့ရှီကို ကယ်ပေးပါ.."
လင်းလော့ချွမ်က ဝိုင်ခွက်ကိုကိုင်ထားရင်း ရူဖေးအားတစ်ချက်လှမ်းကြည့်ကာ ပုံမှန်အတိုင်းဆက်ပြော၏။
"သူ ဘာဖြစ်လို့လဲ"
"ရွမ်ရှောက်နန်..."
စကားပင်မဆုံးသေး သန်သန်မာမာယောက်ျားကြီးတစ်ယောက်၏ ဆွဲခေါ်ခြင်းကိုခံလိုက်ရာ စကားတစ်ခွန်းမဆိုဘဲ ဆွဲထုတ်လေသည်။
ရုန်းကန်နေရင်း ရူဖေးကဆက်၍အော်ဟစ်လိုက်၏။
"လင်းလော့ချွမ်...ဝေ့ရှီကို ရွမ်ရှောက်နန် ဖမ်းခေါ်သွားပြီ...နင် သွားမကယ်ရင် သူသေသွားလိမ့်မယ်..."
သီချင်းသံက ကျယ်လောင်လွန်းသည့်အပြင် အရက်မူးနေသည့်လင်းလော့ချွမ်အဖို့ စကားလုံးအချို့ကိုသာ မသဲမကွဲကြားနေရ၏။ 'ဝေ့ရှီ'ဆိုသည့်စကားလုံးနှစ်လုံးအား သူ့အရှေ့တွင်မပြောရမည့်စကားလုံးနှစ်လုံးအဖြစ် တားမြစ်သတ်မှတ်ထားသည်မဟုတ်လား။
ခွမ်း!
လင်းလော့ချွမ်က ဝိုင်ခွက်ကိုရိုက်ခွဲပြီး ကျယ်လောင်စွာအော်ဟစ်လာ၏။
"သူ သေသေရှင်ရှင်...ငါနဲ့ ဘာဆိုင်လို့လဲ!.."
လင်းလော့ချွမ်က စိတ်မရှည်သလိုလက်ရမ်းပြသဖြင့် လုံခြုံရေးအစောင့်က ရူဖေး၏လက်မောင်းမှဆွဲကိုင်ပြီး ခေါ်ထုတ်သွား၏။
ရူဖေးက လက်မလျော့ဘဲ အော်ဟစ်ရင်း ငိုကြွေးကာ
"သခင်လေးလင်း...တောင်းပန်ပါတယ်...သူ့ကို ကယ်ပေးပါ!...ရွမ်ရှောက်နန်က သူ့ကို လုံးဝအလွတ်ပေးမှာမဟုတ်ဘူး...နင် သူ့ကိုသွားမကယ်ရင် တကယ်ကို သေသွားတော့မှာ...နင် သူ့ကို အရမ်းသဘောကျတာမဟုတ်ဘူးလား?...ကောင်းမှုတစ်ခုလုပ်တယ်လို့ပဲဖြစ်ဖြစ် သတ်မှတ်ပြီး ကယ်ပေးပါ...သခင်လေးလင်း!...သခင်လေးလင်း!..."
သားသတ်ကွင်းသို့ ပို့ခံရတော့မည့်အကျဥ်းသားတစ်ယောက်လို ကြောက်လန့်တကြားအော်ဟစ်ပြီး ငိုကြွေးလေ၏။ဘေးနားတွင်ထိုင်နေသည့်သူ၏မျက်လုံးများက ရူဖေး၏မျက်နှာနှင့်ခန္ဓာကိုယ်ကောက်ကြောင်းပေါ်၌ သရေတများများကျနေ၏။
တစ်ယောက်ယောက်က လင်းလော့ချွမ်နားသို့ကပ်သွားပြီး
"သခင်လေးလင်း...ဒီကလေးမက အရင်က ဒီနေရာရဲ့အလှပဂေးလေး..မြင်သာမြင်ရပြီး မကြင်ရတဲ့သူတွေထဲပါတယ်...အခုကြည့်ပါဦး ငိုနေတာသနားစရာကောင်းလိုက်တာ..ကျွန်တော်ကြည့်ပြီး စိတ်ထဲနေလို့မကောင်းဘူး...ဒါမှမဟုတ် ခေါ်ထားလိုက်ပါလား..အားလုံးလည်းပျော်ရအောင်လေ.."
လင်းလော့ချွမ်၏မျက်လုံးနှင့်နားရွက်များက အတော်လေးရီဝေနေပြီဖြစ်ကာ လက်နှစ်ဖက်စလုံး ဆိုဖာနောက်မှီပေါ်တွင်တင်ထားရင်း မည်သည့်အရာကိုမှအထူးတလည်ကြည့်နေခြင်းမရှိ အလျင်းသင့်သလိုဆိုလာ၏။
"မင်းတို့ လုပ်ချင်သလိုလုပ်.."
>>>>>
ရွမ်ရှောက်နန်က သူ၏လက်ထဲတွင် ပင့်သက်ရှိုက်နေသည့်ကောင်မလေးအားကြည့်နေရင်း အသေကောင်တစ်ယောက်လိုမှင်သေနေသည့်မျက်ဝန်းတစ်စုံကိုမြင်လိုက်ပြီးနောက် ပြုံးလိုက်ပြီး ဖြေးဖြေးချင်းလက်ကိုလွှတ်လိုက်သည်။
ယခုလို နေ့ရက်မျိုး ယခုလိုလုံးဝန်းနေသည့်လမင်း၏အလှအပများဖြန့်ကျက်ထားသည့်အချိန်အခါမျိုး ဖြစ်နေသည့်တိုင် ဘဝ၏ စိတ်ကျေနပ်ခြင်းတရားက အပြည့်မရနိုင်သေး။
သက်သောင့်သက်သာဖြစ်ဟန်ပြုံးလိုက်ပြီး ဝေ့ရှီ၏ခွက်ထဲသို့ ခပ်ပျော့ပျော့ဝိုင်ကို ငှဲ့ပေးလိုက်၍
"ဒါက ၁၈နှစ်ကြာအောင်နှပ်ထားတဲ့ ရှားပါးဝိုင်...ကိုယ်တို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် ထမင်းစားတဲ့အချိန်တုန်းက မင်း အရမ်းကြိုက်တာကို ကိုယ်မှတ်မိသေးတယ်...ဒီတစ်ခွက်သောက်ပြီးသွားရင် ဒီနေ့ဒီချိန်ကစပြီး ကိုယ်တို့ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့.."
ဝေ့ရှီက သူ့အား မလှုပ်မယှက်စိုက်ကြည့်နေသဖြင့် ရွမ်ရှောက်နန်က ခေါင်းရမ်းရင်း သဘောတကျပြုံးကာ
" 'ရေကိုပိုင်းဖြတ်ပစ်ဖို့ခက်တယ်'ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုတော့ ကိုယ်လည်း နားလည်ပါတယ်...ဟိုစကားလုံးတွေလို...'ကိုယ်တို့ အကောင်းဆုံးအတူရှိခဲ့ကြပြီးပြီ...မဂ်လာ အမဂ်လာ လက်ထပ်ထိမ်းမြားတာတွေကအစ ပြန်မတွေ့ကြတော့ဘူး'..ဒါမျိုးတွေက မင်းကြားချင်နေတာမျိုးတွေ မဟုတ်ဘူးမလား..."
ရွမ်ရှောက်နန်က သူ၏ဖန်ခွက်ထဲသို့ပါ ငှဲ့လိုက်၍
"ဝေ့ရှီ...ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်.."
ရွမ်ရှောက်နန် တစ်ကျိုက်တည်းမော့သောက်လိုက်သည်ကိုမြင်လိုက်ပြီးမှ သူမ၏ခွက်ကိုလှမ်းယူကာ မော့သောက်လိုက်၏။ထို့နောက် ဖန်ခွက်ကိုပြန်ချပြီး စာရွက်ပေါ်ချရေးလိုက်၏။
"ညစာအတွက် ကျေးဇူးတင်ပါတယ်.."
ရွမ်ရှောက်နန်က ခေါင်းငြိမ့်ပြပြီးသည်နှင့် ဝေ့ရှီက တံခါးဝဆီသို့လှည့်ထွက်လာခဲ့၏။ရွမ်ရှောက်နန်က နောက်တစ်ခွက်ထပ်ငှဲ့ပြီးနောက် အညင်သာဆုံးဖြစ်အောင်နှုတ်ခမ်းပါးကိုပြုံးလိုက်ရင်း ဝေ့ရှီထွက်သွားခဲ့သည်ကို လှမ်းကြည့်နေလေသည်။
ဝေ့ရှီက လှေကားလက်ရန်းကိုကိုင်ထားရင်း ခေါင်းရမ်းလိုက်၏။အရှေ့တွင်မြင်နေရသည့်လှေကားထစ်များက အရောင်စုံဝေဝါးနေကာ အဆုံးမရှိသည့်အသူတရာချောက်နက်ကြီးသဖွယ်။ခေါင်းမော့ပြီး ဦးခေါင်းအထက်ရှိမျက်နှာကျက်ကိုကြည့်လိုက်ရာတွင်လည်း ချာချာလည်နေသည့်ကောင်းကင်ကြီးလိုလို။
နံရံဆီသို့မှီကပ်လိုက်ပြီး ကြမ်းပြင်ထက်သို့တဖြည်းဖြည်းလျှောကျလာခဲ့ကာ အနားသို့ကပ်လာသည့်ထိုယောက်ျား၏မျက်နှာကို နည်းနည်းချင်းစီ ရေးတေးတေးမြင်နေရ၏။မျက်နှာတစ်ခုလုံး ချွေးများပြန်လာပြီး မှတ်စုစာအုပ်ပေါ်သို့ ကတုန်တယင်ဖြင့်ချရေးလိုက်သည်။
"နင် ငါ့ကို ဘာတွေသောက်ခိုင်းလိုက်တာလဲ"
"Ketamine...1970-1980 လောက်က အမေရိကန်မှာ တီထွင်နိုင်ခဲ့တဲ့ထုံဆေးတစ်မျိုး...ဗီယက်နမ်တိုက်ပွဲမှာ သုံးဖို့အတွက်ထုတ်ခဲ့တာ..အခုတော့ လူတွေက 'K' powder လို့ခေါ်ကြတယ်...အစွမ်းသတ္တိတွေကတော့ အရောင်မရှိ အရသာမရှိ ရေထဲမှာအလွယ်တကူပျော်ဝင်နိုင်တယ်...အချိန်တိုလေးအတွင်း ခန္ဓာကိုယ်တစ်ခုလုံးက အကြောတွေကိုသေသွားစေနိုင်တယ်...မင်းက အရမ်းကိုသတိထားတတ်တဲ့သူမှန်း ကိုယ်သိတာပေါ့...ကိုယ်သောက်တာကိုမြင်မချင်း မင်း လုံးဝလိုက်သောက်မှာမဟုတ်ဘူးလေ...ဒါကြောင့်မလို့ ကိုယ် မင်းရဲ့ဖန်ခွက်ထဲမှာသုတ်ထားတာ..."
ဝေ့ရှီက သူ့အား အလန့်တကြားကိုလိုက်ကြည့်နေပြီး နှလုံးခုန်သံက တစ်စထက်တစ်စပိုမြန်လာကာ အတုန်တုန်အယင်ယင်ဖြင့်စာရွက်ပေါ်ချရေး၏။
"နင် ဘာဖြစ်ချင်နေတာလဲ.."
ရွမ်ရှောက်နန်က ဝေ့ရှီ၏မေးဖျားကို ပင့်ယူကာ တဆတ်ဆတ်တုန်နေသည့်နှုတ်ခမ်းပါးကို ခပ်ဖွဖွလေးနမ်းလိုက်၍
"မင်းပြောကြည့်လေ.."
ဝေ့ရှီက သူ၏လက်ကို အားဖြင့်တွန်းဖယ်ပစ်၍
"နင် အိပ်မက်မက်မနေနဲ့!..ငါက ခွေးကိုက်ခံရတယ်လို့ပဲ သတ်မှတ်မှာ!.."
ရွမ်ရှောက်နန်က သူမ၏မျက်နှာကို ဆွဲမော့စေပြီး
"ဒီအတိုင်းလေး သတ်မှတ်လိုက်လို့ ဘယ်ရပါ့မလဲ...တကယ်လို့များ ကိုယ်က ကိုယ်တို့နှစ်ယောက်ရဲ့အချစ်တွေဖလှယ်နေကြတာကို ဗီဒီယိုရိုက်ထားလိုက်ပြီး အင်တာနက်ပေါ်တင်လိုက်မယ်ဆိုရင်ရော...ဘယ်လိုလဲ?.."
ဝေ့ရှီက မျက်လုံးရှေ့ရှိသူအား မယုံမကြည်နိုင်အောင် ငေးကြည့်နေမိကာ ဤယုတ်မာလွန်းအကြံအစည်ကိုနားထောင်နေရင်း သွားများပင်တဆတ်ဆတ်တုန်ယင်လာရသည်အထိ ထိတ်လန့်လာလေသည်။နောက်ဆုံးသောကြိုးစားမှုအနေဖြင့် စာရွက်ပေါ်၌
"မမေ့နဲ့ဦး...အထဲမှာ နင်လည်းပါနေမှာ...ငါဆိုတာ ဘာမှမဟုတ်တဲ့လူ...နင်ကတော့ အမြီးရောခေါင်းရောရှိနေတဲ့သူမလို့ ဒီလိုကိစ္စမျိုးသာပျံ့သွားရင် နင်ပဲ ပိုဒုက္ခရောက်မှာ.."
ရွမ်ရှောက်နန်က သဘောတကျအသံထွက်အောင်ရယ်လိုက်ကာ ဝေ့ရှီ၏မေးဖျားကို ဆွဲညှစ်၍
"အရူးမလေး..မင်းက ဘယ်လိုလုပ် ကိုယ်နဲ့ယှဥ်လို့ရမှာလဲ...ကိုယ်က ယောက်ျားလေး ပြီးတော့ အာဏာလည်းရှိတယ်...မီဒီယာတွေက ကိုယ် ဘာပြောခိုင်းရင် ပြောခိုင်းတဲ့စကားကိုပဲ သူတို့ပြောကြမှာ..ကိုယ်ကသာ မင်းဘက်က ကိုယ့်ကိုဖျားယောင်းတာပါလို့တစ်ခွန်းတည်း ပြောလိုက်ကြည့်...မင်းမှာပါးစပ် အပေါက်တစ်ရာရှိနေရင်တောင် လိုက်မရှင်းနိုင်ဘူး...ပြီးတော့ အများအမြင်ကကိုယ့်ရဲ့ဂုဏ်သတင်းတွေက အမြဲတမ်းကောင်းနေခဲ့တာ..မတော်တဆဖြစ်သွားတဲ့ ချစ်ရေးချစ်ရာကိစ္စမျိုးလေးတစ်ခုလောက်ကတော့ ခဏလေးပဲအပြောများပြီး မေ့သွားကြမှာ..."
အသံကိုသိသိသာသာနိမ့်ပြီး ဝေ့ရှီ၏နားရွက်ဖျားနားသို့ကပ်၍
"ဒါပေမယ့် မင်းကျတော့ရော?...လူပေါင်းသောင်းကျော်လောက်ရဲ့ လက်ညှိုးထိုးတာတွေ ဆဲတာတွေကိုခံရမှာနော်!...မင်း ဘွဲ့ရချင်သေးတယ်မလား?...ဒီမြို့ထဲမှာ ထပ်ပြီးအခြေချချင်နေသေးတယ်မလား?...သူနဲ့ အတူနေချင်သေးတယ်မလား?...မင်း စဥ်းစားမနေတော့နဲ့...သူ့မိသားစုအသိုင်းအဝိုင်းက မင်းကို အသိအမှတ်ပြုမယ်လို့များထင်နေလား...ဒီအမည်းစက်ကြီးက မင်းတစ်ဘဝလုံးစွန်းထင်နေပြီး တစ်သက်လုံး ခေါင်းမဖော်နိုင်အောင်လုပ်နေမှာ..."
ဝေ့ရှီ၏ဆံပင်ကို အားဖြင့်ဆောင့်ဆွဲပြီး ခပ်ရေးရေးသရော်၍
"မင်း သေသွားတာမှ မဟုတ်ရင် တစ်သက်လုံး မင်းကိုယ့်ကို မေ့မရနိုင်အောင်ကို ကိုယ်လုပ်ပေးမှာ!.."
ဖြန်း!
ဝေ့ရှီက ရှိသမျှအားကုန်သုံးပြီး လှမ်းရိုက်သော်လည်း ရွမ်ရှောက်နန်က တစ်ချက်တည်းဖြင့်ဖမ်းဆုတ်လိုက်နိုင်၏။သူမအား ပွေ့ချီလိုက်သည့်အခိုက် ဝေ့ရှီကရုန်းကန်ရင်း လက်သည်းဖြင့် သူ၏မျက်နှာကိုကုတ်ခြစ်မိလိုက်၏။ရွမ်ရှောက်နန်က ဝေ့ရှီတွင် ယခုလိုခွန်အားမျိုးကျန်နေသေးလောက်မည်မှန်းမထင်မှတ်ထားကာ ရှောင်တခင်လက်လွှတ်လိုက်သည့်အခိုက် ဝေ့ရှီက နှင်းဘောလုံးလေးတစ်လုံးလို လှေကားထစ်များအတိုင်း အောက်သို့လိမ့်ကျသွားခဲ့သည်။
သူမ၏ ဦးခေါင်းနောက်စေ့က ကြမ်းပြင်နှင့်ရိုက်ပြီး နဖူးထိပ်တွင် လှေကားထစ်များနှင့်ဆောင့်မိ၍ သွေးများပန်းထွက်ကာ ပါးပြင်တစ်လျှောက်စီးကျလာပြီး မျက်ဝန်းများထဲ ပြာနှမ်းကုန်တော့သည်။
နားစည်အတွင်းတွင် အနားနားသို့လျှောက်လာသည့်ခြေသံက တဖြည်းဖြည်းနီးကပ်ပြီး ကျယ်လောင်လာလေသည်။အေးစက်နေသည့်ကြမ်းပြင်ပေါ်သို့ကျနေသည့် လက်ချောင်းများက တစ်စုံတစ်ရာကိုအားကိုးတကြိုးလှမ်းကိုင်ဖို့ရာအတွက် အင်အားမရှိတော့ပေ။အတောင်ကျိုးသွားသည့်ငှက်ကလေးတစ်ကောင်လိုသာ မလှုပ်မယှက်ငြိမ်နေရတော့၏။ထိုအခိုက် သန်မာသည့်လက်တစ်စုံ၏ကောက်ယူပွေ့မခြင်းကို ခံလိုက်ရတော့သည်။
သဘောတကျကိုရယ်နေသည့်သူ၏ရယ်သံကို ကြားနေရမိကာ မည်သည့်အတွက်ကြောင့်ရယ်နေသည်ကိုလည်း နားမလည်ခဲ့သလို ပြောနေသည့်စကားလုံးတို့ကလည်း မသဲကွဲ။ခံစားမိနေသည့်တစ်ခုတည်းသောအရာက အေးစက်နေသည့်လက်ချောင်းများက အကျီကြယ်သီးများကိုဖြုတ်ပြီးနောက် လည်တိုင်အထက်တွင်ပွတ်သပ်နေရင်းမှသည် အနက်ရောင်သမုဒ္ဒရာကြီးထဲသို့ ပစ်ချခံလိုက်အလား အရာအားလုံးအေးစက်သွားခဲ့ပြီး မည်သည့်အရာကိုမှ မသိနိုင်တော့ပေ။
>>>>>
ရူဖေးက Box ၏အလယ်တည့်တည့်နေရာတွင်ရပ်နေပြီး ဝံပုလွေအုပ်ကြီး၏အလယ်တွင်ရပ်နေရသည့် သိုးငယ်လေးတစ်ကောင်လို တစ်ကိုယ်လုံးတုန်ယင်နေလေသည်။လက်နှစ်ဖက်စလုံးက တုန်လှုပ်နေသည့်နှလုံးသားကိုဆုတ်ကိုင်ထားရသည့်အလား တင်းနေအောင်ဆုတ်ထားမိ၏။
တစ်စုံတစ်ယောက်က စိတ်မရှည်သည့်ဟန်ဖြင့် အလောတကြီးဆိုလာ၏။
"ချွတ်လေ...ချွတ်စမ်းပါ...ငါတို့ မင်းအစား ကူပြီးတောင်းပန်ပေးထားရတာလေ...မကြားဘူးလား...ဟမ်.."
လင်းလော့ချွမ်က ဝိုင်ခွက်ကိုလှုပ်ရမ်းနေရင်း တစ်ခါမှမရင်းနှီးခဲ့ဖူးသည့်သူတစ်ယောက်လို ရူဖေးအားစိုက်ကြည့်နေကာ မျက်ဝန်းရှေ့တွင်ဖြစ်ပျက်နေသည့်အရာများကို သူနှင့်လားလားမျှမသက်ဆိုင်သလို။
မျက်စိစူးစရာ မှိန်ပျပျမီးရောင်အောက်တွင် ပေါက်ထွက်မတတ်ကြည့်နေရင်းက ရူဖေးနှင့်ဝေ့ရှီကြားရှိပတ်သက်မှုကိုစဥ်းစားမိရင်း နှစ်ယောက်သားတစ်ပုံစံတည်းတူညီနေသလားအောက်မေ့ရသည့် မျက်လုံးနှင့်အမူအရာများကြောင့် မထိန်းနိုင်ဘဲ ဒေါသက ထောင်းခနဲထွက်လာသည်။
"ဘာလဲ?...အရမ်းတွေ နစ်နာနေလို့လား?...တောင်းဆိုနေတဲ့သူဆိုတာ တောင်းဆိုနေတဲ့သူရဲ့အမူအရာမျိုးဖြစ်နေသင့်တာ...မင်းရဲ့ပုံစံက ငါတို့ကိုမြင်နေရတာပဲ ရွံစရာကောင်းနေသလို လုပ်ပြနေတဲ့ပုံစံမျိုး...ဒါဆိုလည်း ဒီနေ့ ငါတို့ကိုအမြင်ကျယ်သွားအောင်လုပ်ပေးပါဦး...မင်းရဲ့ဘယ်နေရာကများ အရမ်းတွေကြီးကျယ်မြင့်မြတ်နေတာလဲဆိုတာ ပြကြည့်စမ်းပါ.."
ရူဖေးကခေါင်းမော့ပြီး ထိုဝတ်စုံပြည့်ဝတ်ဆင်ထားသည့်လူတစ်စုကိုကြည့်၍ ခေါင်းငြိမ့်ကာ
"ကောင်းပြီ...ချွတ်မယ်...နင်တို့ ပွဲကြည့်နေရသလိုမျိုး ပျော်ချင်နေတာမလား...ငါ နင့်ကိုဖြည့်ဆည်းပေးမယ်!.."
ထပ်၍ လင်းလော့ချွမ်၏မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး
"နင် ခုဏကပြောထားတာကိုမမေ့နဲ့...ငါ အကုန်လုံးချွတ်ပြီးလို့ နင်ရှင်းရှင်းလင်းလင်းမြင်ရပြီးရင် သူ့ကိုသွားကယ်ပေးမယ်ဆိုတဲ့စကား...ဒါပေမယ့်လည်း နင့်ကတိကိုဖျက်ခဲ့ရင်တောင် ငါအံ့သြနေမှာမဟုတ်ဘူး...ငါလည်း လိုက်သေရုံပေါ့..ငရဲထိကိုလိုက်သွားပြီး သူ့ကိုသွားပြောမှာ...'လုဝေ့ရှီ နင်ဒီနေ့လိုအဆုံးသတ်ရတာ နင်နဲ့တန်တယ်...နင့်ဘာသာနင် ခံစားချက်မရှိ ကိုယ်ချင်းစာစိတ်မရှိတဲ့တိရိစ္ဆာန်တစ်ကောင်အတွက်နဲ့ ကိုယ့်ဘာသာကိုယ် အကန်းခံခဲ့တာ...နင့်အပြစ်နင်ခံလို့!'.."
လင်းလော့ချွမ်က အပ်ချောင်းများနှင့် တဆိတ်ဆိတ်ထိုးနေခံလိုက်ရသည့်အလား တုန်လှုပ်သွား၏။
ရူဖေး၏လက်ချောင်းများက အကျီကြယ်သီးတစ်လုံးချင်းစီကိုချွတ်ပြီး အပေါ်ထပ်အကျီကိုဆွဲချွတ်လိုက်သည်နှင့် အနက်ရောင်အတွင်းဝတ်က လှစ်ဟလာ၏။မှိန်ပျပျမီးရောင်အောက်တွင် သေးသွယ်သည့်ခါးလေးပေါ်လာသည်နှင့် ရူဖေး၏မျက်ရည်က စီးကျလာကာ
"ငါ သူ့ကိုသွားပြောမှာ...'သူ နင့်ကို လုံးဝကိုဂရုမစိုက်ဘူး...နင့်ကိုတောင် ချက်ချင်းသေစေချင်နေတာ...နင်ကသာ သူ့အတွက် ဝမ်းနည်းပြီးမျက်ရည်ကျပေးတာ...သူကတော့ နင်သေရင်တောင် ခံစားချင်မှခံစားရမှာ!'.."
လင်းလော့ချွမ်က အနည်းငယ်သည်းမခံထားနိုင်တော့၍
"တော်တော့...ထပ်မချွတ်နဲ့တော့..."
ရူဖေးက မျက်နှာကိုမော့လိုက်ပြီး ကျန်ရှိနေသည့်အဝတ်ပါးလေးက မျက်ရည်များနှင့်အတူ အနီရောင်ကော်ဇော်ထက်သို့လျှောကျလိမ့်ဆင်းသွားခဲ့၏။
"ငါ သူ့ကိုသွားပြောမှာ...'နင် နာကျင်ခံစားနေရတာကို သိသိရက်နဲ့...အချိန်ခဏလေးအတွင်းမှာ နင် သေမလို ရှင်မလိုဖြစ်သွားနိုင်တာကို သိသိရက်နဲ့ သူလုံးဝကို ဂရုစိုက်ဘဲ ငါ့ကိုပါ လှောင်ပြီးကစားနေခဲ့တာ'..."
"ငါပြောနေတယ်လေ တော်တော့လို့!.."
လင်းလော့ချွမ်က သည်းမခံနိုင်တော့ဘဲ မတ်တပ်ထရပ်ကာ ရူဖေးကို အဝတ်ဆွဲချွတ်နေသည့်လက်များ ဆွဲဖယ်လိုက်၏။ရူဖေးက သူ့အား ဒေါသတကြီးစိုက်ကြည့်နေရင်း မျက်ရည်တစ်စ ပါးပြင်ထက်မှ ထပ်၍စီးကျလာကာ
"ငါ သူ့ကိုသွားပြောမှာ...'လုဝေ့ရှီ...ငါ နင့်ကို သောက်ရမ်းသနားတယ်...နင် သူ့အတွက် ဘာလို့များ ဆက်ပြီးတွေးပေးနေသေးတာလဲ...ဒီလိုယောက်ျားတစ်ယောက်အတွက်နဲ့ နင် တန်ရောတန်လို့လား'.."
*****************
~~Zawgyi~~
နာက်င္ခံစားမႈမ်ား ျပည့္ႏွက္ရာ အသူတရာေခ်ာက္နက္
႐ူေဖးက ယိုယို၏အဝတ္အစားကိုယူလဲၿပီးသည္ႏွင့္ ဝိုင္ဗန္းကိုကိုင္ကာ ေခါင္းငုံ႕ရင္း လင္းေလာ့ခြၽမ္၏Box ထဲသို႔ဝင္လာခဲ့သည္။
အထဲတြင္ က်ယ္ေလာင္လွသည့္သီခ်င္းသံမ်ားႏွင့္အတူ မီးေရာင္ကိုအမွိန္ဆုံးျဖစ္ေအာင္ဖြင့္ထားၿပီး ဝိုင္အနံ႕အသက္မ်ားက ျပည့္ႏွက္ေနသည္။႐ူေဖးက အခန္းထဲေရာက္ၿပီးသည္ႏွင့္ ပတ္ပတ္လည္ေဝ့ဝဲၾကည့္လိုက္ရာ ရွာေနသည့္သူက အားလုံး၏ အလယ္တည့္တည့္ထိုင္ေနၿပီး ေဘးနားတြင္အေဖာ္ျပဳေပးေနသည့္မိန္းကေလးႏွင့္ ပလဲပႏွံသင့္ေန၏။
႐ူေဖးက စိတ္လႈပ္ရွားၿပီးဂဏာမၿငိမ္ျဖစ္ေနသည့္အျပင္ အလ်င္းသင့္သလို လက္ရဲဇက္ရဲလည္းမျပဳမူရဲ။အခ်ိန္ကိုက္နီးပါး ဝိုင္ငွဲ႕ေပးရန္ေခၚလာသည့္သူရွိသျဖင့္ အနားသို႔ေလွ်ာက္သြားၿပီး ငွဲ႕ေပးလိုက္ရာ လင္းေလာ့ခြၽမ္ေဘးနားသို႔ မသိမသာတိုးကပ္လိုက္ခ်ိန္တြင္ တေထာင္းေထာင္းထေနသည့္အရက္နံ႕မ်ားရႉရွိုက္မိၿပီး အေတာ္ေလးေသာက္ထားေၾကာင္း သတိထားမိလိုက္သည္။
႐ူေဖးက ထပ္၍ေအာင့္အီးမေနနိုင္ေတာ့သျဖင့္ ဒူးတစ္ဝက္ကိုၫႊတ္ရင္း အနားသို႔ကပ္လိုက္၍
"သခင္ေလးလင္း..."
လင္းေလာ့ခြၽမ္က တစ္ဖက္သို႔လွည့္လာၾကည့္လာ၍
"ဘယ္လိုျဖစ္လို႔ မင္းျဖစ္ေနတာလဲ.."
"သခင္ေလးလင္း...ကြၽန္မ..."
႐ူေဖးက စကားဆိုေတာ့မည့္အခိုက္ ေဘးနားတြင္ထိုင္ေနသည့္သူက သူမကိုမွတ္မိသြားၿပီး
"ဒါ ႐ူေဖးမလား...မေတြ႕ရတာေတာင္ ၾကာၿပီေနာ္...ငါ မင္းကို လြမ္းေနခဲ့တာ..."
႐ူေဖးလည္း အေျခအေနမေကာင္းေတာ့မွန္းတန္းသိလိုက္၏။ထင္ထားသည့္အတိုင္း ေကာင္မေလးတစ္ေယာက္က မသိမသာထထြက္သြားသည္ကိုျမင္လိုက္ရကာ လုံၿခဳံေရးကိုသြားေခၚမွန္း ႐ူေဖးသိလိုက္၏။
အခ်ိန္မရွိေတာ့သျဖင့္ လင္းေလာ့ခြၽမ္၏အက်ီအနားသတ္ကိုလွမ္းဆြဲကာ အသံက်ယ္က်ယ္ေအာ္ဟစ္လိုက္၏။
"သခင္ေလးလင္း...ေက်းဇူးျပဳၿပီး ေဝ့ရွီကို ကယ္ေပးပါ.."
လင္းေလာ့ခြၽမ္က ဝိုင္ခြက္ကိုကိုင္ထားရင္း ႐ူေဖးအားတစ္ခ်က္လွမ္းၾကည့္ကာ ပုံမွန္အတိုင္းဆက္ေျပာ၏။
"သူ ဘာျဖစ္လို႔လဲ"
"႐ြမ္ေရွာက္နန္..."
စကားပင္မဆုံးေသး သန္သန္မာမာေယာက္်ားႀကီးတစ္ေယာက္၏ ဆြဲေခၚျခင္းကိုခံလိုက္ရာ စကားတစ္ခြန္းမဆိုဘဲ ဆြဲထုတ္ေလသည္။
႐ုန္းကန္ေနရင္း ႐ူေဖးကဆက္၍ေအာ္ဟစ္လိုက္၏။
"လင္းေလာ့ခြၽမ္...ေဝ့ရွီကို ႐ြမ္ေရွာက္နန္ ဖမ္းေခၚသြားၿပီ...နင္ သြားမကယ္ရင္ သူေသသြားလိမ့္မယ္..."
သီခ်င္းသံက က်ယ္ေလာင္လြန္းသည့္အျပင္ အရက္မူးေနသည့္လင္းေလာ့ခြၽမ္အဖို႔ စကားလုံးအခ်ိဳ႕ကိုသာ မသဲမကြဲၾကားေနရ၏။ 'ေဝ့ရွီ'ဆိုသည့္စကားလုံးႏွစ္လုံးအား သူ႕အေရွ႕တြင္မေျပာရမည့္စကားလုံးႏွစ္လုံးအျဖစ္ တားျမစ္သတ္မွတ္ထားသည္မဟုတ္လား။
ခြမ္း!
လင္းေလာ့ခြၽမ္က ဝိုင္ခြက္ကိုရိုက္ခြဲၿပီး က်ယ္ေလာင္စြာေအာ္ဟစ္လာ၏။
"သူ ေသေသရွင္ရွင္...ငါနဲ႕ ဘာဆိုင္လို႔လဲ!.."
လင္းေလာ့ခြၽမ္က စိတ္မရွည္သလိုလက္ရမ္းျပသျဖင့္ လုံၿခဳံေရးအေစာင့္က ႐ူေဖး၏လက္ေမာင္းမွဆြဲကိုင္ၿပီး ေခၚထုတ္သြား၏။
႐ူေဖးက လက္မေလ်ာ့ဘဲ ေအာ္ဟစ္ရင္း ငိုေႂကြးကာ
"သခင္ေလးလင္း...ေတာင္းပန္ပါတယ္...သူ႕ကို ကယ္ေပးပါ!...႐ြမ္ေရွာက္နန္က သူ႕ကို လုံးဝအလြတ္ေပးမွာမဟုတ္ဘူး...နင္ သူ႕ကိုသြားမကယ္ရင္ တကယ္ကို ေသသြားေတာ့မွာ...နင္ သူ႕ကို အရမ္းသေဘာက်တာမဟုတ္ဘူးလား?...ေကာင္းမႈတစ္ခုလုပ္တယ္လို႔ပဲျဖစ္ျဖစ္ သတ္မွတ္ၿပီး ကယ္ေပးပါ...သခင္ေလးလင္း!...သခင္ေလးလင္း!..."
သားသတ္ကြင္းသို႔ ပို႔ခံရေတာ့မည့္အက်ဥ္းသားတစ္ေယာက္လို ေၾကာက္လန့္တၾကားေအာ္ဟစ္ၿပီး ငိုေႂကြးေလ၏။ေဘးနားတြင္ထိုင္ေနသည့္သူ၏မ်က္လုံးမ်ားက ႐ူေဖး၏မ်က္ႏွာႏွင့္ခႏၶာကိုယ္ေကာက္ေၾကာင္းေပၚ၌ သေရတမ်ားမ်ားက်ေန၏။
တစ္ေယာက္ေယာက္က လင္းေလာ့ခြၽမ္နားသို႔ကပ္သြားၿပီး
"သခင္ေလးလင္း...ဒီကေလးမက အရင္က ဒီေနရာရဲ႕အလွပေဂးေလး..ျမင္သာျမင္ရၿပီး မၾကင္ရတဲ့သူေတြထဲပါတယ္...အခုၾကည့္ပါဦး ငိုေနတာသနားစရာေကာင္းလိုက္တာ..ကြၽန္ေတာ္ၾကည့္ၿပီး စိတ္ထဲေနလို႔မေကာင္းဘူး...ဒါမွမဟုတ္ ေခၚထားလိုက္ပါလား..အားလုံးလည္းေပ်ာ္ရေအာင္ေလ.."
လင္းေလာ့ခြၽမ္၏မ်က္လုံးႏွင့္နား႐ြက္မ်ားက အေတာ္ေလးရီေဝေနၿပီျဖစ္ကာ လက္ႏွစ္ဖက္စလုံး ဆိုဖာေနာက္မွီေပၚတြင္တင္ထားရင္း မည္သည့္အရာကိုမွအထူးတလည္ၾကည့္ေနျခင္းမရွိ အလ်င္းသင့္သလိုဆိုလာ၏။
"မင္းတို႔ လုပ္ခ်င္သလိုလုပ္.."
>>>>>
႐ြမ္ေရွာက္နန္က သူ၏လက္ထဲတြင္ ပင့္သက္ရွိုက္ေနသည့္ေကာင္မေလးအားၾကည့္ေနရင္း အေသေကာင္တစ္ေယာက္လိုမွင္ေသေနသည့္မ်က္ဝန္းတစ္စုံကိုျမင္လိုက္ၿပီးေနာက္ ၿပဳံးလိုက္ၿပီး ေျဖးေျဖးခ်င္းလက္ကိုလႊတ္လိုက္သည္။
ယခုလို ေန႕ရက္မ်ိဳး ယခုလိုလုံးဝန္းေနသည့္လမင္း၏အလွအပမ်ားျဖန့္က်က္ထားသည့္အခ်ိန္အခါမ်ိဳး ျဖစ္ေနသည့္တိုင္ ဘဝ၏ စိတ္ေက်နပ္ျခင္းတရားက အျပည့္မရနိုင္ေသး။
သက္ေသာင့္သက္သာျဖစ္ဟန္ၿပဳံးလိုက္ၿပီး ေဝ့ရွီ၏ခြက္ထဲသို႔ ခပ္ေပ်ာ့ေပ်ာ့ဝိုင္ကို ငွဲ႕ေပးလိုက္၍
"ဒါက ၁၈ႏွစ္ၾကာေအာင္ႏွပ္ထားတဲ့ ရွားပါးဝိုင္...ကိုယ္တို႔ႏွစ္ေယာက္ ပထမဆုံးအႀကိမ္အျဖစ္ ထမင္းစားတဲ့အခ်ိန္တုန္းက မင္း အရမ္းႀကိဳက္တာကို ကိုယ္မွတ္မိေသးတယ္...ဒီတစ္ခြက္ေသာက္ၿပီးသြားရင္ ဒီေန႕ဒီခ်ိန္ကစၿပီး ကိုယ္တို႔ ကိုယ့္လမ္းကိုယ္သြားၾကတာေပါ့.."
ေဝ့ရွီက သူ႕အား မလႈပ္မယွက္စိုက္ၾကည့္ေနသျဖင့္ ႐ြမ္ေရွာက္နန္က ေခါင္းရမ္းရင္း သေဘာတက်ၿပဳံးကာ
" 'ေရကိုပိုင္းျဖတ္ပစ္ဖို႔ခက္တယ္'ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကိုေတာ့ ကိုယ္လည္း နားလည္ပါတယ္...ဟိုစကားလုံးေတြလို...'ကိုယ္တို႔ အေကာင္းဆုံးအတူရွိခဲ့ၾကၿပီးၿပီ...မဂ္လာ အမဂ္လာ လက္ထပ္ထိမ္းျမားတာေတြကအစ ျပန္မေတြ႕ၾကေတာ့ဘူး'..ဒါမ်ိဳးေတြက မင္းၾကားခ်င္ေနတာမ်ိဳးေတြ မဟုတ္ဘူးမလား..."
႐ြမ္ေရွာက္နန္က သူ၏ဖန္ခြက္ထဲသို႔ပါ ငွဲ႕လိုက္၍
"ေဝ့ရွီ...ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးပါတယ္.."
႐ြမ္ေရွာက္နန္ တစ္က်ိဳက္တည္းေမာ့ေသာက္လိုက္သည္ကိုျမင္လိုက္ၿပီးမွ သူမ၏ခြက္ကိုလွမ္းယူကာ ေမာ့ေသာက္လိုက္၏။ထို႔ေနာက္ ဖန္ခြက္ကိုျပန္ခ်ၿပီး စာ႐ြက္ေပၚခ်ေရးလိုက္၏။
"ညစာအတြက္ ေက်းဇူးတင္ပါတယ္.."
႐ြမ္ေရွာက္နန္က ေခါင္းၿငိမ့္ျပၿပီးသည္ႏွင့္ ေဝ့ရွီက တံခါးဝဆီသို႔လွည့္ထြက္လာခဲ့၏။႐ြမ္ေရွာက္နန္က ေနာက္တစ္ခြက္ထပ္ငွဲ႕ၿပီးေနာက္ အညင္သာဆုံးျဖစ္ေအာင္ႏႈတ္ခမ္းပါးကိုၿပဳံးလိုက္ရင္း ေဝ့ရွီထြက္သြားခဲ့သည္ကို လွမ္းၾကည့္ေနေလသည္။
ေဝ့ရွီက ေလွကားလက္ရန္းကိုကိုင္ထားရင္း ေခါင္းရမ္းလိုက္၏။အေရွ႕တြင္ျမင္ေနရသည့္ေလွကားထစ္မ်ားက အေရာင္စုံေဝဝါးေနကာ အဆုံးမရွိသည့္အသူတရာေခ်ာက္နက္ႀကီးသဖြယ္။ေခါင္းေမာ့ၿပီး ဦးေခါင္းအထက္ရွိမ်က္ႏွာက်က္ကိုၾကည့္လိုက္ရာတြင္လည္း ခ်ာခ်ာလည္ေနသည့္ေကာင္းကင္ႀကီးလိုလို။
နံရံဆီသို႔မွီကပ္လိုက္ၿပီး ၾကမ္းျပင္ထက္သို႔တျဖည္းျဖည္းေလွ်ာက်လာခဲ့ကာ အနားသို႔ကပ္လာသည့္ထိုေယာက္်ား၏မ်က္ႏွာကို နည္းနည္းခ်င္းစီ ေရးေတးေတးျမင္ေနရ၏။မ်က္ႏွာတစ္ခုလုံး ေခြၽးမ်ားျပန္လာၿပီး မွတ္စုစာအုပ္ေပၚသို႔ ကတုန္တယင္ျဖင့္ခ်ေရးလိုက္သည္။
"နင္ ငါ့ကို ဘာေတြေသာက္ခိုင္းလိုက္တာလဲ"
"Ketamine...1970-1980 ေလာက္က အေမရိကန္မွာ တီထြင္နိုင္ခဲ့တဲ့ထုံေဆးတစ္မ်ိဳး...ဗီယက္နမ္တိုက္ပြဲမွာ သုံးဖို႔အတြက္ထုတ္ခဲ့တာ..အခုေတာ့ လူေတြက 'K' powder လို႔ေခၚၾကတယ္...အစြမ္းသတၱိေတြကေတာ့ အေရာင္မရွိ အရသာမရွိ ေရထဲမွာအလြယ္တကူေပ်ာ္ဝင္နိုင္တယ္...အခ်ိန္တိုေလးအတြင္း ခႏၶာကိုယ္တစ္ခုလုံးက အေၾကာေတြကိုေသသြားေစနိုင္တယ္...မင္းက အရမ္းကိုသတိထားတတ္တဲ့သူမွန္း ကိုယ္သိတာေပါ့...ကိုယ္ေသာက္တာကိုျမင္မခ်င္း မင္း လုံးဝလိုက္ေသာက္မွာမဟုတ္ဘူးေလ...ဒါေၾကာင့္မလို႔ ကိုယ္ မင္းရဲ႕ဖန္ခြက္ထဲမွာသုတ္ထားတာ..."
ေဝ့ရွီက သူ႕အား အလန့္တၾကားကိုလိုက္ၾကည့္ေနၿပီး ႏွလုံးခုန္သံက တစ္စထက္တစ္စပိုျမန္လာကာ အတုန္တုန္အယင္ယင္ျဖင့္စာ႐ြက္ေပၚခ်ေရး၏။
"နင္ ဘာျဖစ္ခ်င္ေနတာလဲ.."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏ေမးဖ်ားကို ပင့္ယူကာ တဆတ္ဆတ္တုန္ေနသည့္ႏႈတ္ခမ္းပါးကို ခပ္ဖြဖြေလးနမ္းလိုက္၍
"မင္းေျပာၾကည့္ေလ.."
ေဝ့ရွီက သူ၏လက္ကို အားျဖင့္တြန္းဖယ္ပစ္၍
"နင္ အိပ္မက္မက္မေနနဲ႕!..ငါက ေခြးကိုက္ခံရတယ္လို႔ပဲ သတ္မွတ္မွာ!.."
႐ြမ္ေရွာက္နန္က သူမ၏မ်က္ႏွာကို ဆြဲေမာ့ေစၿပီး
"ဒီအတိုင္းေလး သတ္မွတ္လိုက္လို႔ ဘယ္ရပါ့မလဲ...တကယ္လို႔မ်ား ကိုယ္က ကိုယ္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေတြဖလွယ္ေနၾကတာကို ဗီဒီယိုရိုက္ထားလိုက္ၿပီး အင္တာနက္ေပၚတင္လိုက္မယ္ဆိုရင္ေရာ...ဘယ္လိုလဲ?.."
ေဝ့ရွီက မ်က္လုံးေရွ႕ရွိသူအား မယုံမၾကည္နိုင္ေအာင္ ေငးၾကည့္ေနမိကာ ဤယုတ္မာလြန္းအႀကံအစည္ကိုနားေထာင္ေနရင္း သြားမ်ားပင္တဆတ္ဆတ္တုန္ယင္လာရသည္အထိ ထိတ္လန့္လာေလသည္။ေနာက္ဆုံးေသာႀကိဳးစားမႈအေနျဖင့္ စာ႐ြက္ေပၚ၌
"မေမ့နဲ႕ဦး...အထဲမွာ နင္လည္းပါေနမွာ...ငါဆိုတာ ဘာမွမဟုတ္တဲ့လူ...နင္ကေတာ့ အၿမီးေရာေခါင္းေရာရွိေနတဲ့သူမလို႔ ဒီလိုကိစၥမ်ိဳးသာပ်ံ့သြားရင္ နင္ပဲ ပိုဒုကၡေရာက္မွာ.."
႐ြမ္ေရွာက္နန္က သေဘာတက်အသံထြက္ေအာင္ရယ္လိုက္ကာ ေဝ့ရွီ၏ေမးဖ်ားကို ဆြဲညွစ္၍
"အ႐ူးမေလး..မင္းက ဘယ္လိုလုပ္ ကိုယ္နဲ႕ယွဥ္လို႔ရမွာလဲ...ကိုယ္က ေယာက္်ားေလး ၿပီးေတာ့ အာဏာလည္းရွိတယ္...မီဒီယာေတြက ကိုယ္ ဘာေျပာခိုင္းရင္ ေျပာခိုင္းတဲ့စကားကိုပဲ သူတို႔ေျပာၾကမွာ..ကိုယ္ကသာ မင္းဘက္က ကိုယ့္ကိုဖ်ားေယာင္းတာပါလို႔တစ္ခြန္းတည္း ေျပာလိုက္ၾကည့္...မင္းမွာပါးစပ္ အေပါက္တစ္ရာရွိေနရင္ေတာင္ လိုက္မရွင္းနိုင္ဘူး...ၿပီးေတာ့ အမ်ားအျမင္ကကိုယ့္ရဲ႕ဂုဏ္သတင္းေတြက အၿမဲတမ္းေကာင္းေနခဲ့တာ..မေတာ္တဆျဖစ္သြားတဲ့ ခ်စ္ေရးခ်စ္ရာကိစၥမ်ိဳးေလးတစ္ခုေလာက္ကေတာ့ ခဏေလးပဲအေျပာမ်ားၿပီး ေမ့သြားၾကမွာ..."
အသံကိုသိသိသာသာနိမ့္ၿပီး ေဝ့ရွီ၏နား႐ြက္ဖ်ားနားသို႔ကပ္၍
"ဒါေပမယ့္ မင္းက်ေတာ့ေရာ?...လူေပါင္းေသာင္းေက်ာ္ေလာက္ရဲ႕ လက္ညွိုးထိုးတာေတြ ဆဲတာေတြကိုခံရမွာေနာ္!...မင္း ဘြဲ႕ရခ်င္ေသးတယ္မလား?...ဒီၿမိဳ႕ထဲမွာ ထပ္ၿပီးအေျခခ်ခ်င္ေနေသးတယ္မလား?...သူနဲ႕ အတူေနခ်င္ေသးတယ္မလား?...မင္း စဥ္းစားမေနေတာ့နဲ႕...သူ႕မိသားစုအသိုင္းအဝိုင္းက မင္းကို အသိအမွတ္ျပဳမယ္လို႔မ်ားထင္ေနလား...ဒီအမည္းစက္ႀကီးက မင္းတစ္ဘဝလုံးစြန္းထင္ေနၿပီး တစ္သက္လုံး ေခါင္းမေဖာ္နိုင္ေအာင္လုပ္ေနမွာ..."
ေဝ့ရွီ၏ဆံပင္ကို အားျဖင့္ေဆာင့္ဆြဲၿပီး ခပ္ေရးေရးသေရာ္၍
"မင္း ေသသြားတာမွ မဟုတ္ရင္ တစ္သက္လုံး မင္းကိုယ့္ကို ေမ့မရနိုင္ေအာင္ကို ကိုယ္လုပ္ေပးမွာ!.."
ျဖန္း!
ေဝ့ရွီက ရွိသမွ်အားကုန္သုံးၿပီး လွမ္းရိုက္ေသာ္လည္း ႐ြမ္ေရွာက္နန္က တစ္ခ်က္တည္းျဖင့္ဖမ္းဆုတ္လိုက္နိုင္၏။သူမအား ေပြ႕ခ်ီလိုက္သည့္အခိုက္ ေဝ့ရွီက႐ုန္းကန္ရင္း လက္သည္းျဖင့္ သူ၏မ်က္ႏွာကိုကုတ္ျခစ္မိလိုက္၏။႐ြမ္ေရွာက္နန္က ေဝ့ရွီတြင္ ယခုလိုခြန္အားမ်ိဳးက်န္ေနေသးေလာက္မည္မွန္းမထင္မွတ္ထားကာ ေရွာင္တခင္လက္လႊတ္လိုက္သည့္အခိုက္ ေဝ့ရွီက ႏွင္းေဘာလုံးေလးတစ္လုံးလို ေလွကားထစ္မ်ားအတိုင္း ေအာက္သို႔လိမ့္က်သြားခဲ့သည္။
သူမ၏ ဦးေခါင္းေနာက္ေစ့က ၾကမ္းျပင္ႏွင့္ရိုက္ၿပီး နဖူးထိပ္တြင္ ေလွကားထစ္မ်ားႏွင့္ေဆာင့္မိ၍ ေသြးမ်ားပန္းထြက္ကာ ပါးျပင္တစ္ေလွ်ာက္စီးက်လာၿပီး မ်က္ဝန္းမ်ားထဲ ျပာႏွမ္းကုန္ေတာ့သည္။
နားစည္အတြင္းတြင္ အနားနားသို႔ေလွ်ာက္လာသည့္ေျခသံက တျဖည္းျဖည္းနီးကပ္ၿပီး က်ယ္ေလာင္လာေလသည္။ေအးစက္ေနသည့္ၾကမ္းျပင္ေပၚသို႔က်ေနသည့္ လက္ေခ်ာင္းမ်ားက တစ္စုံတစ္ရာကိုအားကိုးတႀကိဳးလွမ္းကိုင္ဖို႔ရာအတြက္ အင္အားမရွိေတာ့ေပ။အေတာင္က်ိဳးသြားသည့္ငွက္ကေလးတစ္ေကာင္လိုသာ မလႈပ္မယွက္ၿငိမ္ေနရေတာ့၏။ထိုအခိုက္ သန္မာသည့္လက္တစ္စုံ၏ေကာက္ယူေပြ႕မျခင္းကို ခံလိုက္ရေတာ့သည္။
သေဘာတက်ကိဳရယ္ေနသည့္သူ၏ရယ္သံကို ၾကားေနရမိကာ မည္သည့္အတြက္ေၾကာင့္ရယ္ေနသည္ကိုလည္း နားမလည္ခဲ့သလို ေျပာေနသည့္စကားလုံးတို႔ကလည္း မသဲကြဲ။ခံစားမိေနသည့္တစ္ခုတည္းေသာအရာက ေအးစက္ေနသည့္လက္ေခ်ာင္းမ်ားက အက်ီၾကယ္သီးမ်ားကိုျဖဳတ္ၿပီးေနာက္ လည္တိုင္အထက္တြင္ပြတ္သပ္ေနရင္းမွသည္ အနက္ေရာင္သမုဒၵရာႀကီးထဲသို႔ ပစ္ခ်ခံလိုက္အလား အရာအားလုံးေအးစက္သြားခဲ့ၿပီး မည္သည့္အရာကိုမွ မသိနိုင္ေတာ့ေပ။
>>>>>
႐ူေဖးက Box ၏အလယ္တည့္တည့္ေနရာတြင္ရပ္ေနၿပီး ဝံပုေလြအုပ္ႀကီး၏အလယ္တြင္ရပ္ေနရသည့္ သိုးငယ္ေလးတစ္ေကာင္လို တစ္ကိုယ္လုံးတုန္ယင္ေနေလသည္။လက္ႏွစ္ဖက္စလုံးက တုန္လႈပ္ေနသည့္ႏွလုံးသားကိုဆုတ္ကိုင္ထားရသည့္အလား တင္းေနေအာင္ဆုတ္ထားမိ၏။
တစ္စုံတစ္ေယာက္က စိတ္မရွည္သည့္ဟန္ျဖင့္ အေလာတႀကီးဆိုလာ၏။
"ခြၽတ္ေလ...ခြၽတ္စမ္းပါ...ငါတို႔ မင္းအစား ကူၿပီးေတာင္းပန္ေပးထားရတာေလ...မၾကားဘူးလား...ဟမ္.."
လင္းေလာ့ခြၽမ္က ဝိုင္ခြက္ကိုလႈပ္ရမ္းေနရင္း တစ္ခါမွမရင္းႏွီးခဲ့ဖူးသည့္သူတစ္ေယာက္လို ႐ူေဖးအားစိုက္ၾကည့္ေနကာ မ်က္ဝန္းေရွ႕တြင္ျဖစ္ပ်က္ေနသည့္အရာမ်ားကို သူႏွင့္လားလားမွ်မသက္ဆိုင္သလို။
မ်က္စိစူးစရာ မွိန္ပ်ပ်မီးေရာင္ေအာက္တြင္ ေပါက္ထြက္မတတ္ၾကည့္ေနရင္းက ႐ူေဖးႏွင့္ေဝ့ရွီၾကားရွိပတ္သက္မႈကိုစဥ္းစားမိရင္း ႏွစ္ေယာက္သားတစ္ပုံစံတည္းတူညီေနသလားေအာက္ေမ့ရသည့္ မ်က္လုံးႏွင့္အမူအရာမ်ားေၾကာင့္ မထိန္းနိုင္ဘဲ ေဒါသက ေထာင္းခနဲထြက္လာသည္။
"ဘာလဲ?...အရမ္းေတြ နစ္နာေနလို႔လား?...ေတာင္းဆိုေနတဲ့သူဆိုတာ ေတာင္းဆိုေနတဲ့သူရဲ႕အမူအရာမ်ိဳးျဖစ္ေနသင့္တာ...မင္းရဲ႕ပုံစံက ငါတို႔ကိုျမင္ေနရတာပဲ ႐ြံစရာေကာင္းေနသလို လုပ္ျပေနတဲ့ပုံစံမ်ိဳး...ဒါဆိုလည္း ဒီေန႕ ငါတို႔ကိုအျမင္က်ယ္သြားေအာင္လုပ္ေပးပါဦး...မင္းရဲ႕ဘယ္ေနရာကမ်ား အရမ္းေတြႀကီးက်ယ္ျမင့္ျမတ္ေနတာလဲဆိုတာ ျပၾကည့္စမ္းပါ.."
႐ူေဖးကေခါင္းေမာ့ၿပီး ထိုဝတ္စုံျပည့္ဝတ္ဆင္ထားသည့္လူတစ္စုကိုၾကည့္၍ ေခါင္းၿငိမ့္ကာ
"ေကာင္းၿပီ...ခြၽတ္မယ္...နင္တို႔ ပြဲၾကည့္ေနရသလိုမ်ိဳး ေပ်ာ္ခ်င္ေနတာမလား...ငါ နင့္ကိုျဖည့္ဆည္းေပးမယ္!.."
ထပ္၍ လင္းေလာ့ခြၽမ္၏မ်က္ႏွာကို တည့္တည့္စိုက္ၾကည့္ၿပီး
"နင္ ခုဏကေျပာထားတာကိုမေမ့နဲ႕...ငါ အကုန္လုံးခြၽတ္ၿပီးလို႔ နင္ရွင္းရွင္းလင္းလင္းျမင္ရၿပီးရင္ သူ႕ကိုသြားကယ္ေပးမယ္ဆိုတဲ့စကား...ဒါေပမယ့္လည္း နင့္ကတိကိုဖ်က္ခဲ့ရင္ေတာင္ ငါအံ့ၾသေနမွာမဟုတ္ဘူး...ငါလည္း လိုက္ေသ႐ုံေပါ့..ငရဲထိကိုလိုက္သြားၿပီး သူ႕ကိုသြားေျပာမွာ...'လုေဝ့ရွီ နင္ဒီေန႕လိုအဆုံးသတ္ရတာ နင္နဲ႕တန္တယ္...နင့္ဘာသာနင္ ခံစားခ်က္မရွိ ကိုယ္ခ်င္းစာစိတ္မရွိတဲ့တိရိစ္ဆာန္တစ္ေကာင္အတြက္နဲ႕ ကိုယ့္ဘာသာကိုယ္ အကန္းခံခဲ့တာ...နင့္အျပစ္နင္ခံလို႔!'.."
လင္းေလာ့ခြၽမ္က အပ္ေခ်ာင္းမ်ားႏွင့္ တဆိတ္ဆိတ္ထိုးေနခံလိုက္ရသည့္အလား တုန္လႈပ္သြား၏။
႐ူေဖး၏လက္ေခ်ာင္းမ်ားက အက်ီၾကယ္သီးတစ္လုံးခ်င္းစီကိုခြၽတ္ၿပီး အေပၚထပ္အက်ီကိုဆြဲခြၽတ္လိုက္သည္ႏွင့္ အနက္ေရာင္အတြင္းဝတ္က လွစ္ဟလာ၏။မွိန္ပ်ပ်မီးေရာင္ေအာက္တြင္ ေသးသြယ္သည့္ခါးေလးေပၚလာသည္ႏွင့္ ႐ူေဖး၏မ်က္ရည္က စီးက်လာကာ
"ငါ သူ႕ကိုသြားေျပာမွာ...'သူ နင့္ကို လုံးဝကိုဂ႐ုမစိုက္ဘူး...နင့္ကိုေတာင္ ခ်က္ခ်င္းေသေစခ်င္ေနတာ...နင္ကသာ သူ႕အတြက္ ဝမ္းနည္းၿပီးမ်က္ရည္က်ေပးတာ...သူကေတာ့ နင္ေသရင္ေတာင္ ခံစားခ်င္မွခံစားရမွာ!'.."
လင္းေလာ့ခြၽမ္က အနည္းငယ္သည္းမခံထားနိုင္ေတာ့၍
"ေတာ္ေတာ့...ထပ္မခြၽတ္နဲ႕ေတာ့..."
႐ူေဖးက မ်က္ႏွာကိုေမာ့လိုက္ၿပီး က်န္ရွိေနသည့္အဝတ္ပါးေလးက မ်က္ရည္မ်ားႏွင့္အတူ အနီေရာင္ေကာ္ေဇာ္ထက္သို႔ေလွ်ာက်လိမ့္ဆင္းသြားခဲ့၏။
"ငါ သူ႕ကိုသြားေျပာမွာ...'နင္ နာက်င္ခံစားေနရတာကို သိသိရက္နဲ႕...အခ်ိန္ခဏေလးအတြင္းမွာ နင္ ေသမလို ရွင္မလိုျဖစ္သြားနိုင္တာကို သိသိရက္နဲ႕ သူလုံးဝကို ဂ႐ုစိုက္ဘဲ ငါ့ကိုပါ ေလွာင္ၿပီးကစားေနခဲ့တာ'..."
"ငါေျပာေနတယ္ေလ ေတာ္ေတာ့လို႔!.."
လင္းေလာ့ခြၽမ္က သည္းမခံနိုင္ေတာ့ဘဲ မတ္တပ္ထရပ္ကာ ႐ူေဖးကို အဝတ္ဆြဲခြၽတ္ေနသည့္လက္မ်ား ဆြဲဖယ္လိုက္၏။႐ူေဖးက သူ႕အား ေဒါသတႀကီးစိုက္ၾကည့္ေနရင္း မ်က္ရည္တစ္စ ပါးျပင္ထက္မွ ထပ္၍စီးက်လာကာ
"ငါ သူ႕ကိုသြားေျပာမွာ...'လုေဝ့ရွီ...ငါ နင့္ကို ေသာက္ရမ္းသနားတယ္...နင္ သူ႕အတြက္ ဘာလို႔မ်ား ဆက္ၿပီးေတြးေပးေနေသးတာလဲ...ဒီလိုေယာက္်ားတစ္ေယာက္အတြက္နဲ႕ နင္ တန္ေရာတန္လို႔လား'.."
*****************