ဗုဒ္ဓစနစ်(၂)

By -TheFirefly-

31K 5.1K 61

ဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆ... More

ဇာတ်လမ်းမိတ်ဆက်
အညွှန်း
အပိုင်း(၁၅၁) စိတ်အားထက်သန်တဲ့ ကိုယ်တော်လေး
အပိုင်း(၁၅၂) အရည်အသွေးပြောင်းလဲစေတဲ့ တွေ့ ဆုံမှု
အပိုင်း(၁၅၃) စိတ်မပါဘူးတဲ့
အပိုင်း(၁၅၅) မဲနှိုက်၊ မဲနှိုက်၊ မဲနှိုက်
အပိုင်း(၁၅၆) စကားကြီးစကားကျယ်
အပိုင်း(၁၅၇) စောင့်အုံး၊ ဟာ၊ စောင့်အုံးလေ
အပိုင်း(၁၅၈) အခွင့်အရေးပေါ်ပြီ
အပိုင်း(၁၅၉) ခင်ဗျား ဆင်းရဲသားတွေကို ကူညီတဲ့ပုံက မဟုတ်သေးပါဘူး
အပိုင်း(၁၆၀) အဲဒီလူစားမျိုးတွေက မေတ္တာပြဦးမတဲ့လား
အပိုင်း(၁၆၁) ကောလဟာလ
အပိုင်း(၁၆၂)
အပိုင်း(၁၆၃)
အပိုင်း(၁၆၄)
အပိုင်း(၁၆၅) ဖန်းကျန့်ပေးတဲ့ အပြစ်ဒဏ်
အပိုင်း(၁၆၆) မွေးပြီ ၊ ဓားတစ်ချောင်းဟ
အပိုင်း(၁၆၇) ဒိုးလိုက်တော့
အပိုင်း(၁၆၈) မီးဖွားကြတဲ့ ညလေးတစ်ည
အပိုင်း(၁၆၉) နှစ်သစ်ကူးလက်ဆောင်
အပိုင်း( ၁၇၀)အကူအညီတောင်းနေတယ်
အပိုင်း(၁၇၁) တစ်မိနစ်
အပိုင်း(၁၇၂) အဆောင်ကလည်း နည်းတာကြီးမဟုတ်ဘူး
အပိုင်း (၁၇၃) အထူးကုသမားတော်နဲ့ အင်းစာရွက်
အပိုင်း(၁၇၄) ဖန်းကျန့် လှုပ်ရှားပြီ
အပိုင်း(၁၇၅) ဆိုတော့ ဒါကြောင့်ပေါ့
အပိုင်း(၁၇၆) ပြာပုံ
အပိုင်း(၁၇၇) ငါရတာ ဒါကြီးလား
အပိုင်း(၁၇၈) သုံးပွင့်ဆိုင်အချစ်
အပိုင်း(၁၇၉)
အပိုင်း(၁၈၀)
အပိုင်း(၁၈၁) ကျမ်းစာရှာတဲ့မျောက်
အပိုင်း(၁၈၂) ခေါင်းမာချက်
အပိုင်း(၁၈၃) ဇင်စိုက်ပျိုးရေး
အပိုင်း(၁၈၄) ဂျင်း၊ ဂျင်း၊ ဂျင်း
အပိုင်း(၁၈၅) စကားလွန်သွားပြီ
အပိုင်း(၁၈၆) ရုပ်ရှင်ရိုက်နေကြတယ်
အပိုင်း(၁၈၇) လူယောင်ဆောင်တဲ့ တိရိစ္ဆာန်
အပိုင်း(၁၈၈) ရူးနေတာလား
အပိုင်း(၁၈၉) မိစ္ဆာမကြီးကျနေတာပဲ
အပိုင်း(၁၉၀) ခင်ဗျားဘုရားရှိခိုးတာ ဒီလိုကြီးလား
အပိုင်း(၁၉၁) ဟောဒါက ဇင်စိုက်ပျိုးရေးပါ
အပိုင်း(၁၉၂) ဒီဘုန်းကြီး ရူးနေတာလား
အပိုင်း(၁၉၃) ရောက်လာတဲ့လူ အကုန်ထိုင်
အပိုင်း(၁၉၄) ပြိုင်တူလုပ်ဆောင်မှု
အပိုင်း(၁၉၅) နောက်ဆုံးနည်း
အပိုင်း(၁၉၆) ဝမ်းနည်းစရာ အချိန်၊ လူတွေကို ဂရုဏာသက်မိပါရဲ့(၁/၃)
အပိုင်း(၁၉၇) ဝမ်းနည်းစရာ အချိန်၊ လူတွေကို ဂရုဏာသက်မိပါရဲ့(၂/၃)
အပိုင်း(၁၉၈) ဝမ်းနည်းစရာ အချိန်၊ လူတွေကို ဂရုဏာသက်မိပါရဲ့(၃/၃)
အပိုင်း(၁၉၉) သူက လူလား၊ ဗုဒ္ဓလား
အပိုင်း(၂၀၀) သရုပ်မဆောင်တော့ဘူး
အပိုင်း(၂၀၁) ပြဿနာတက်ပြီ
အပိုင်း(၂၀၂) ဆရာတော် သိက္ခာကျပြီ
အပိုင်း(၂၀၃) နောက်ဖေးခြံဝင်းထဲ ဝင်ခွင့်မရှိ
အပိုင်း(၂၀၄) မျောက်ကို ရိုက်နေပါတယ်
အပိုင်း(၂၀၅) ပူးပူးကပ်ကပ်
အပိုင်း(၂၀၆) ဟူးး တော်ပါသေးရဲ့
အပိုင်း(၂၀၇) လိုက်ခဲ့ကြစမ်း
အပိုင်း(၂၀၈) အတွင်းစိတ်ကို ပြန်ဆန်းစစ်ခြင်း
အပိုင်း( ၂၀၉) အကြင်နာတရားဟာ အလှတကာတို့ထက် အလှဆုံးပါ
အပိုင်း(၂၁၀) Ransomware
အပိုင်း(၂၁၁) ညစ်တယ်
အပိုင်း(၂၁၂) အိမ်မက်မဟုတ်တဲ့ အိမ်မက်
အပိုင်း(၂၁၃) ဟက်ကာကြီး စစ်ကူတောင်းပြီ
အပိုင်း(၂၁၄) ကံစမ်းမဲ
အပိုင်း(၂၁၅) မွှေဖို့ ရောက်လာပြီ
အပိုင်း(၂၁၆) ကိုယ့်အပြစ်ကိုယ် သိရဲ့လား
အပိုင်း(၂၁၇) ခွေးရူးလိုပဲ
အပိုင်း(၂၁၈) ရင်နင့်စရာ ပျော်ရွှင်မှု
အပိုင်း(၂၁၉) သင်းကွဲဝံပုလွေလည်း ဂျင်းထည့်တတ်တယ်
အပိုင်း(၂၂၀) မွဲနေချိန်မှာ လူဝတ်လဲသင့်သလားဆိုတဲ့ အတွေး
အပိုင်း(၂၂၁) သတင်းထူး
အပိုင်း(၂၂၂) အလှူခံကြမယ်
အပိုင်း(၂၂၃) ဘိုးဘေးတွေကို အောက်မေ့ဂုဏ်ပြု၊ ​နောင်သားတွေကို ဆုံးမသွန်သင်
အပိုင်း(၂၂၄) အယူဝါဒသွတ်သွင်းခြင်း
အပိုင်း(၂၂၅) လက်တစ်ချောင်းဘုန်းကြီးကျောင်းမိသားစု
အပိုင်း(၂၂၆) အမွှေးတိုင်သုံးချောင်း
အပိုင်း(၂၂၇) ဟုန်ယွမ်ဘုန်းကြီးကျောင်းရဲ့ ဖိတ်မန္တက
အပိုင်း(၂၂၈) လူတွေကိုကယ်
အပိုင်း(၂၂၉) ရေသရဲခေါင်းတုံး
အပိုင်း(၂၃၀) ကုသိုလ်အလွှဲအပြောင်း
အပိုင်း(၂၃၁) တရားဓမ္မဆိုတာ သင်ယူလို့ မရဘူး
အပိုင်း(၂၃၂) အံ့ဖွယ်ညာဏမျက်လုံး
အပိုင်း(၂၃၃) ကံအလှည့်အပြောင်းကြောင့် ကျေးဇူးရှင်နဲ့ ဆုံခွင့်ရတယ်
အပိုင်း(၂၃၄) ပေါက်ကြားမှု
အပိုင်း(၂၃၅) ဆုလက်ဆောင်အစုံလိုက်
အပိုင်း(၂၃၆) အဆုံးစီရင်တယ်ဆိုတာ ငရဲကြီးတယ်
အပိုင်း(၂၃၇) သရဲပူးနေတာလား
အပိုင်း(၂၃၈) အထိန်းအချုပ်
အပိုင်း(၂၃၉) လမ်းကို အတူလှည်းကြမယ်
အပိုင်း(၂၄၀)မနက်ဖြန်ဆက်လုပ်မယ်
အပိုင်း(၂၄၁) လူကောင်းလုပ်ရတာ အရမ်းစိတ်ချမ်းသာတယ်
အပိုင်း(၂၄၂)ဆရာတော်က ပုံပြင်ပြောပြတယ်
အပိုင်း(၂၄၃) စိတ်ဓါတ်ကျနေတဲ့ အဖေ
အပိုင်း(၂၄၄) ဆောက်လုပ်ရေးအဖွဲ့ ဒီရောက်နေပြီ
အပိုင်း(၂၄၅) ဘုန်းကြီးကြောင့် ဖင်ကျိန်းသွားတယ်
အပိုင်း(၂၄၆) လက်ဝါးရိုက်ချက်
အပိုင်း(၂၄၇) ပိုက်ဆံမလိုပါဘူး
အပိုင်း(၂၄၈) နှင်းခဲဝါး
အပိုင်း(၂၄၉) စုန့်ဟွာမြစ်ကမ်းက အမယ်အို
အပိုင်း(၂၅၀) အတိတ်
အပိုင်း(၂၅၁) မင်းအတွက်ဆို ယလွီမြစ်ကို လက်ပစ်ကူးမယ်
အပိုင်း(၂၅၂) ကဗျည်းတွင် အမှတ်တရ
အပိုင်း(၂၅၃)စစ်သားကြီးပြန်အလာကို စောင့်လင့်ကြို
အပိုင်း(၂၅၄) နတ်တန်ခိုးအသစ်
အပိုင်း(၂၅၅) ခေါင်းစိမ်း
အပိုင်း(၂၅၆) ကြီးထွားနှုန်းက ရူးလောက်တယ်
အပိုင်း(၂၅၇) စိတ်ဆိုးလွန်းလို့ ရူးတော့မယ်
အပိုင်း(၂၅၈) ဆရာတော်ပေါက်ကွဲပြီ
အပိုင်း(၂၅၉) လူနဲ့ဝံပုလွေအကြားက အချေအတင်
အပိုင်း(၂၆၀) ငါ့ကို ငတုံးမှတ်နေလား
အပိုင်း(၂၆၁) မတော်တဆမှု
အပိုင်း(၂၆၂) လူမဆန်လိုက်တာ
အပိုင်း(၂၆၃) တစ်ခါတစ်လေမှာ ကာကွယ်ဖို့ရာ လူသတ်ရပါတယ်
အပိုင်း(၂၆၄) သင်ဘာလိုချင်ပါသလဲ
အပိုင်း(၂၆၅) လွန်လွန်းတယ်
အပိုင်း(၂၆၆) မိန်းမကြီးနောက်တစ်ယောက်
အပိုင်း(၂၆၇) ဖြားယောင်းမှု
အပိုင်း(၂၆၈) ဆေးမမှီတဲ့ လူ(၁/၂)
အပိုင်း(၂၆၉) ဆေးမမှီတဲ့လူ(၂/၂)
အပိုင်း(၂၇၀) ကလေးရဲ့ ရက်စက်မှုအပေါင်း
အပိုင်း(၂၇၁) လူဆိုးလေးကို အပိုးကျိုးအောင်လုပ်ပစ်မယ်
အပိုင်း(၂၇၂) ဘုရင်ကြီးရဲ့ အကွက်တွေ
"Reviewပေးပြီး Paid Groupဝင်ပါ။"
အပိုင်း(၂၇၃) တပည့်လက်ခံခြင်း
အပိုင်း(၂၇၄) ဓမ္မနာမည် ကင်ပွန်းတပ်ပွဲ
အပိုင်း(၂၇၅) ဒီကလေး ကြောက်စရာကြီး
အပိုင်း(၂၇၆) ပင်ကိုယ်စရိုက်ထဲက တန်ဖိုး
အပိုင်း(၂၇၇) အသားစားချင်လား
အပိုင်း(၂၇၈) ဒါ ကိုယ်တော့်အမှားမဟုတ်ဘူးနော်
အပိုင်း(၂၇၉) ဆက်တိုက်ခေါ်နေတဲ့ ဖုန်းသရဲ
အပိုင်း(၂၈၀) တကျွတ်ကျွတ်ဝါးစား
အပိုင်း(၂၈၁) ဒယ်ဒီဖြစ်ပြီ
အပိုင်း(၂၈၂) အကြောင်းရင်းက ဒီလိုကိုး
အပိုင်း(၂၈၃) အွန်လိုင်းစတိုး
အပိုင်း(၂၈၄) ဆရာတော့်အားအင်
အပိုင်း(၂၈၅) ဒါဟာ မြတ်သော ကုသိုလ်
အပိုင်း(၂၈၆) တူးကြ တူးကြ တူးကြ
အပိုင်း(၂၈၇) ရန်ပွဲ
အပိုင်း(၂၈၈) ဆရာတော်ရဲ့ ဥာဥ်ဆိုး
အပိုင်း(၂၈၉) မျက်နှာဖုံး
အပိုင်း(၂၉၀) လက်တစ်ချောင်းတောင်သို့ နောက်တစ်ခေါက်
အပိုင်း(၂၉၁) ကျန်တဲ့လူတွေအားလုံး
အပိုင်း(၂၉၂) အခြေခံအကြောင်းတရား
အပိုင်း(၂၉၃) ပြဿနာ
အပိုင်း(၂၉၄) ထပ်ချပ်မကွာ
အပိုင်း(၂၉၅) တောဝက်၊ ဝက်ဝံ၊ ကျား
အပိုင်း(၂၉၆) ဖင်​ဗူးတောင်းထောင်
အပိုင်း(၂၉၇) လူနီလေးကို ထပ်နှိပ်ကွပ်ပြန်ပြီဟေ့
အပိုင်း(၂၉၈) ရွာသားတွေကို ဂရုစိုက်ပေးမယ်
အပိုင်း(၂၉၉) တာအိုဘုန်းကြီး
အပိုင်း(၃၀၀) သဘောအထွေထွေမှသည် တူညီပန်းတိုင်ဆီ

အပိုင်း(၁၅၄) ဘဝထဲက ဓမ္မ

282 46 0
By -TheFirefly-


ဖန်းကျန့်မှာ မိုးပြိုကျသည်ဖြစ်စေ ဝင်မပြိုင်ရန် အဌိဓာန်ချထားသည်ထင့်။" ဒီကိုယ်တော်ကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  ဒီကိုယ်တော်ကတော့ ယှဉ်ပြိုင်ဖို့ ငြင်းဆိုရပါလိမ့်မယ်။”

“အရှင်ဖန်းကျန့်မှာ ငြင်းရတဲ့ အကြောင်းရင်းတစ်ခုခုတော့ ရှိမယ်ထင်ပါတယ်...။” တစ်ယောက်က မေးလိုက်၏။

ဖန်းကျန့်က တစ်ခဏခန့် စဉ်းစားလိုက်ပြီး .. “အရှင်ရီရှင်းပြောခဲ့သလိုပါပဲ။ စည်းမျဉ်းဆိုတာ စည်းမျဉ်းပါပဲ၊ ဒီကိုယ်တော်က ဘယ်လိုလုပ်ပြီး လျစ်လျူရှုလို့ ရပါ့မလဲ။ နေရာတစ်ခုရဖို့အတွက် တိုက်ခိုက်နေဖို့ မလိုပါဘူး။ ပြီးတော့ ဒီကိုယ်တော် ကျမ်းဂန်စာပေနည်းနည်းပဲ ဖတ်ဖူးတဲ့အတွက် ညံ့ဖျင်းလှပါတယ် ။ နွမ်းပါးတဲ့ ကိုယ်တော် ဘာမှ ပြောတတ်ဆိုတတ်မယ်မထင်ပါဘူး၊” .. ဖန်းကျန့်ကား အမှန်တရားကို ဖုံးကွယ်၍ တတ်ယောင်ကား မလုပ်တတ်။

လူတိုင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အဖို့ ထိုကဲ့သို့သော လူတစ်ယောက်ကို ပထမဆုံးအကြိမ် စတင် ကြုံတွေ့ခဲ့ရခြင်းပင်။ ယခင်က ထိုသို့ ယှဉ်ပြိုင်ခွင့်ရရေး လူအများ တိုးဝှေ့တိုက်ခိုက်ခဲ့ရသော်လည်း ယခုတွင်မတော့ သူတို့အတင်းအကြပ်နားချနေသည့်တိုင် ငြင်းဆန်ခံနေရချေသည်။ အနှီဖန်းကျန့်ကား အမှန်ပင် ပညာဗဟုသုတချို့တဲ့၍လော၊ ပါဝင်ယှဥ်ပြိုင်ရန် ရှက်ရွံ့၍လော။ တရားကျမ်းဂန်များကို မဖတ်ဖူးဟုပင် သူအကြောင်းပြချက်ပေးလိုက်သေးသည်။

 “မင်းသာ အဲဒီကျမ်းစာတွေကို မဖတ်ဖူးဘူးဆိုရင် ဘာလို့ မတရားဉာဏ်အလင်းပွင့်နေရတာတုန်း။”

ထိုအတွေးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသော်ငြား မည်သူကမျှ ထုတ်မပြောကြချေ။

ထိုသို့ ကြားလိုက်ရသောအခါ လူစုကြီးသည် ဖန်းကျန့်အား စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်ကြ၏။ အချို့မှာ ဖန်းကျန့်၏ ​ဘွင်းဘွင်းရှင်းရှင်းပြောဆိုခြင်းကြောင့် စိတ်သက်သာရာရသွားသလို အချို့ကလည်း သူ့ကို ယုံကြည်သွားကြ၏။ အချို့ကလည်းဖန်းကျန့်၏ ဗဟုသုတနည်းမှုကြောင့် စိတ်ပျက်ကုန်ကြ၏။ 'ကျူရိုးနဲ့ မြစ်ပြင်ကို ဖြတ်ကူးခဲ့တာတောင် တရားကျမ်းဂန်တွေကို ဘာလို့ မလေ့လာရတာတုန်းဟ။'

ပိုင်းယွင်ဇင်ဆရာတော်က နောက်တစ်ကြိမ် ထပ်မေးလိုက်၏။ "အရှင်ဖန်းကျန့် အခွင့်အရေးကို လက်လွှတ်တော့မယ်ဆိုတာ သေချာပြီလား။"

ဖန်းကျန့်က ခေါင်းညိတ်ပြလိုက်၏။ “တင်ပါ့။”

ပိုင်းယွင်ဆရာတော်က ခေါင်းညိတ်လျက် ဒီလိုဖြစ်လာမှတော့လည်း …“အရှင်ရီရှင်း လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်ပါ။”

ထိုစကားကို ကြားလိုက်ရသောအခါ ရီရှင်းမှာ ဝမ်းသာအားရလက်အုပ်ချီ၍ …“တင်ပါ့” ဟု တုံ့ပြန်လေ၏။

ထိုအခြေအနေကို မြင်လျှင် ဟောင်ကျိလည်း ဝမ်းသာသွား၏။ ရီရှင်းသည် စင်မြင့်ပေါ်သို့ တက်သွားကာ စတင်တရားဟောပြောတော့မည်ကို မြင်သောအခါ သူ့မှာ အိပ်မက်မက်နေသည့်အလား ထင်မိပေ၏။ သူတို့၌ အခွင့်အရေးမရှိတော့ပြီဟု အစက ထင်မှတ်ထားခဲ့သည်။ ယခု ကောင်းကင်ပေါ်မှ ရွှေထုပ်ကြီးကျလာသည့်အလား သူ့မျက်စိသူပင် မယုံနိုင်သေး။ 

အာရုံစူးစိုက်လျက် နားစွင့်နေသော ဖန်းကျန့်အား လှမ်းကြည့်လိုက်ကာ သူ့စိတ်တွင်းမှ ညည်းတွားမိလေ၏။ “သူက တကယ်ပဲ သဘောထားကြီးတာလား …။ ဒါမှမဟုတ်  ဘာတစ်ခုမှကို မသိတာလား။”

စင်ပေါ်ထက်ရှိ ရီရှင်းသည် ကျမ်းစာကို ရှင်းလင်းဟောကြားလေ၏။ သူ့အသက်အရွယ်၌ ထိုးထွင်းသိမြငနိုင်စွမ်းသည် အကန့်အသတ်ရှိပေသည်။ သို့သော် ရီရှင်းသည် လိမ်မာပါးနပ်စွာဖြင့် ကျမ်းအလုံးစုံကို ထည့်မ​ဟောဘဲ သူအသေးစိတ် ပြင်ဆင်ထားသော အချက်အလက်အချို့ကိုသာ အလေးပေးပြောဆို၏။

“နွမ်းပါးတဲ့ ဒီကိုယ်တော် အဝိဇ္ဇာသုတ္တန်ကျမ်းကို နေ့နေ့ညည မနားတမ်းဖတ်ရှုလေ့လာရင်း အသိအမြင်တွေ ရရှိလာခဲ့ပါတယ်။ အထူးသဖြင့် သုတ္တန်ထဲက 'အများအတွက် တစ်၊ တစ်အတွက် အများ'ဆိုတဲ့ စာကြောင်းပါ။ လူတွေက ဒါကို ကိန်းဂဏန်းတွေနဲ့ နားလည်မှုလွဲတတ်ကြပေမယ့် တကယ်တော့ ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ 'တစ်နဲ့ ဓမ္မ၊ ဓမ္မအင်္သချေမှ တစ်ကျော့လည်လာတဲ့တစ်'ကို ဆိုလိုပါတယ်။ ဓမ္မအင်္သချေနဲ့ ပက်သက်ပြီး အနက်ရှင်းလင်းချက်တစ်ခုက 'မိုးနှင့်မြေသို့ လူးလားခေါက်ပြန်သွားလာခြင်း'လို ဆိုထားပါတယ်။ ဟောဒီလောကမှာ တပည့်တော်တို့ရဲ့  နှလုံးသားကသာလျှင် အမှန်တရားကို ကိုယ်စားပြုပါတယ်။ မိုးနဲ့မြေရဲ့ ဓမ္မကို နှလုံးသားက ဖွင့်ဆိုပါတယ်။ နှလုံးသားက ဖြောင့်မတ်မှန်ကန်တဲ့အခါ ဓမ္မအင်္သချေဖြစ်တည်လာပါလိမ့်မယ်...။" 

ရီရှင်း၏ တရားက မိနစ်(၂၀)ကြာသည်။ နှလုံးသားကို အာရုံပြုရှုမှတ်ခြင်းဖြင့် ဓမ္မအင်္သချေကို ထိန်းချုပ်နိုင်ကြောင်း လမ်းညွှန်ဟောပြောသွားသည်။

အနှီကို ကြားသောအခါ အားလုံးက ခေါင်းညိတ်လိုက်သလို ရင်တွင်းမှ ကြိတ်၍ ချီးကျူးလိုက်မိကြ၏။ ဂုဏ်ပြုချီးမြှောက်သော လက်ခုပ်သံများသည်ပင် ဟိုဒီတစ်စတစ်စ ထွက်ပေါ်လာ၏။ ယခင်က အခြားကိုယ်တော်များ တရားဆွေးနွေးရာ၌ပင် ထိုကဲ့သို့သော အားပေးမှုမျိုး မရခဲ့ဖူးပေ။

တရားပြီးဆုံးသွားသောအခါ ရီရှင်းသည် ထရပ်ပြီး ဦးညွတ်လိုက်လေ၏။ လူအုပ်ကြီးမှာ လက်ခုပ် သောင်းသောင်းဖျဖျတီး၍ အားပေးကြတော့၏။

ဟောင်ကျိမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် အားရပါးရလက်ခုပ်လက်ဝါးတီးလျက်ရှိ၏။

ရီရှင်းမှာ စင်အောက်မှ ကိုယ်တော်များ၏ အားပေးမှုကြောင့် အလွန်ကျေနပ်အားရနေပေ၏။ သူ့အကြည့်က လက်ခုပ်တီးနေသော ဖန်ကျန့်ရှိရာသို့ စောင်းငဲ့ရောက်ရှိသွား၏။

ပိုင်ယွင်ဇင်ဆရာတော်က ပြုံးလျက် "အရှင်ဟောင်ကျိရေ ကြည့်ရတာတော့ .. ကိုယ်တော်ရဲ့ ရွှေဝါးကျောင်းတိုက်ကို သိပ်မကြာခင် လက်လွှဲပေးရတော့မယ်နဲ့ တူပါရဲ့” ဟု ​မိန့်လေ၏။

ဟောင်ကျိက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရွှင်လျက် ပြန်ဖြေလေ၏။ “ဟီး .. တင်ပါ့ .. အသေအချာပဲပေါ့ ..။

ဟောင်ကျိတစ်ယောက် ဝမ်းသာဂုဏ်ယူစွာ ရယ်မောလိုက်သည်ကို မြင်ရသောအခါ လူတိုင်းလိုလို စိတ်ထဲမှ ပြုံးမိကြ၏။ စကားရည်လုပွဲကား ပြိုင်ဆိုင်မှုပြင်းထန်သော်ငြား သူတို့ကို ပို၍ ရင်းနှီး လာစေသည်။ ၎င်းတို့အားလုံး ဟောင်ကျိအတွက် ထပ်တူပျော်ရွှင်မိကြပေ၏။

ပိုင်းယွင်ကိုယ်တော်ကြီးက ရီရှင်းအား ​မေးလေ၏။ “အရှင်ရီရှင်း .. တစ်ခုခုပြောချင်တာများ ရှိသေးလား။”

ရီရှင်းက လက်အုပ်ချီကာ “ဒီကိုယ်တော်ပြောချင်တာက ဒါဟာ ကိုယ်တော့်ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ အရှင်ဖန်းကျန့်ကနေပြီး ကိုယ်တော်ရဲ့အယူအဆကို သုံးသပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောလိုက်သဖြင့် ကိုယ်တော်များအားလုံး အံ့အားသင့်သွားကြ၏။ ရီရှင်းမှ ထိုကဲ့သို့သော တောင်းဆိုမှုမျိုး ပြုလုပ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ အဘယ့်ကြောင့် ထိုသို့ ဖြစ်လာရသနည်း။

“ဒီကိုယ်တော်ရီရှင်းက စိတ်ာထားကောင်းလိုက်တာ၊ ဒီအခွင့်အရေးအရဆိုရင် ဖန်းကျန့်က စင်ပေါ်တက်ပြီးတော့ သူ့ရဲ့ အသိအမြင်တွေကို မျှဝေပေးရမယ့်သဘောပဲ ၊ သူတို့အတူတူနာမည်ကြီးသွားတော့မှာပဲ။”

“သူ့မှာ ဘုရားလောင်းတို့ရဲ့ နှလုံးသားမျိုးရှိပြီး အသိအမြင်နက်ရှိုင်းလွန်းတယ် ၊ သူ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး။”

…..

ကျန်ကိုယ်တော်များမှာ ရီရှင်းသည် စိတ်ကောင်း နှလုံးကောင်းဖြင့် ဖန်ကျန့်အား တွဲခေါ်သည်ဟုသာ ထင်ပြီး ချီးကျူးလေးစားနေကြသော်လည်း ရီရှင်းက ဖန်းကျန့်၏ ညဏ်နည်းပုံကို လူရှေ့ချပြလိုခြင်းဖြစ်ကြောင်းကို သူတို့နားမလည်ပေ။

ဖန်းကျန့် ငိုင်ကျသွားရ၏။ 'သူဖြစ်ရပြန်ပြီလား။' သူတစ်နေကုန်ရှောင်ရှားနေသည့်တိုင် နောက်ဆုံး၌ မြားဦးက သူ့ဘက်လှည့်လာပြန်လေပြီ။ အဝိဇ္ဇာကျမ်းကို သူကြားဖူးသော်လည်း အကျဥ်းချုပ် အနည်းငယ်မျှသာ ဖတ်ခဲ့ဖူးခြင်းဖြစ်သည်။ အင်တာနက်ပေါ်တွင် အချက်အလက်များရှိသော်လည်း ကျမ်းတစ်ခုလုံးကို နှံ့နှံ့စပ်စပ်ဖတ်ရှုလေ့လာဖို့ရန် အချိန်များစွာ ကြာမြင့်ပေမည်။

သို့သော်လည်း ဖန်းကျန့်ဝမ်းသာရသည့် အချက် တစ်ချက်ကား ရီရှင်း၏ ရှင်းပြချက်ထဲတွင် တစ်နေရာ လွဲမှားနေသည်မဟုတ်ပါလား။ 'အများအဖို့ တစ်၊ တစ်အဖို့ အများ၊' ထိုစာသားကို ကြားရသောအခါ၌ ဖန်းကျန့်မှာ သူ့စိတ်ထဲတွင် ကိုယ်ပိုင်အတွေးအမြင်တစ်ခုကို ဆင်ခြင်မိခဲ့သည်။ သို့သော်လည်း ထိုကျမ်းကို သူသေချာမဖတ်ဖူးသေးသောကြောင့် သူ၏ အယူအဆက မှန်သည် မှားသည် တပ်အပ်သေချာပေ။ သူသည် နေ့အားရှိသရွေ့ သစ်ပင်များ ၊ ကျောက်တုံးများသာရှိသော တောင်ပေါ်တွင် နေထိုင်ခဲ့ရသည်ဖြစ်ရာ အခြားသူများ၏ ယူဆချက်များကို အင်တာနက်ပေါ်တွင် ရှာဖွေကြည့်ခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး တွေးမြင်ပုံမတူညီကြချေ။ ထို့ကြောင့် ဖန်းကျန့် သူ့ကိုယ်သူ ယုံကြည်မှုမရှိလှခြင်းဖြစ်သည်။

ယခုတွင်မတော့ ရီရှင်းက သူ့ကို တွန်းအားပေးနေပြီ ဖြစ်ရာ သူ့မှာ မလွှဲမရှောင်သာတော့ဘဲ စင်ပေါ်တက်ရဦးတော့မည်။ ဖန်းကျန့်တစ်ယောက် စင်မြင့်ပေါ်သို့ အမှန်တကယ်တက်လာသည်ကို မြင်သောအခါ ရီရှင်းမှာ အတန်ငယ် နောင်တရသွားမိရင်း သူ့ကိုယ်သူ ပြန်တွေးလိုက်မိသည်မှာ “သူ့မှာ တကယ့် အရည်အချင်းရှိတာ ဖြစ်နိုင်ပါ့မလား ၊ သူ့မှာ တကယ်တမ်း အရည်အချင်း ရှိမယ်ဆိုရင်တော့ ငါက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပဲ၊ သူငါ့ကို အပြစ်တင်လို့ မရဘူး။ သူ့မှာ အရည်အချင်းမရှိဘူးဆိုရင်တော့လား၊ ဟမ့် … သူက အတုအယောင် ဆိုတာကို ငါဖော်ထုတ်​ရသေးတာပေါ့။”

ဖန်းကျန့်သည် စင်မြင့်ပေါ်သို့ တက်သွားပြီးလျှင် ပိုင်းယွင်ဇင်ဆရာတော်အား ဦးညွတ်ပြီးနောက် လက်အုပ်ချီလိုက်၏။ ထို့နောက် ပတ်လည်ရှိ ဆရာတော်များကို ဦးညွတ်လိုက်ပြီးလျှင် တင်ပျဉ်ခွေထိုင်ချလိုက်၏။ “ငါလုပ်နိုင်တာ ဘာဆိုဘာမှ မရှိတော့ဘူးပဲ ၊ ငါတော့ မျှော်လင့်ချက်မရှိတော့ဘူး။ မျက်လုံးစုံမှိတ်ပြီး တွေ့ကရာပြောရတော့မှာပဲ၊ အလုပ်ဖြစ်ရင်ဖြစ် .. မဖြစ်ရင်တော့လည်း သိပ်မဆိုးဘူးပေါ့။”

ထို့ကြောင့် ဖန်ကျန့်က .. “နွမ်းပါးတဲ့ ဒီကိုယ်တော် 'အများအတွက် တစ်၊ တစ်အတွက် အများ'ဆိုတဲ့ စာကြောင်းကို နောက်တစ်မျိုးနားလည်ထားပါတယ်။”

ထိုသို့ ပြောလိုက်ရာ လူအုပ်ကြီးမှာ ဇဝေဇဝါဖြစ်သွားကြ၏။ ခြားနားသော အတွေးအမြင်ကို ထုတ်ဖော်ပြောလိုက်ခြင်းက ရီရှင်းအား တန်ပြန် တိုက်စစ်ဆင်လိုက်ခြင်းပင် မဟုတ်ပါလား။ ပရိသတ်ကြီးမှာ ရုတ်ချည်း စိတ်အားတက်ကြွလာကြ၏။ ဖန်းကျန့် မည်သို့ ရှင်းလင်းဟောကြားမည်ကို သူတို့သိမြင်လိုလှ၏။

ဖန်းကျန့်က နူးညံ့ညင်သာစွာ ပြောလာသည်မှာ၊ "မြတ်စွာဘုရားဟာ သတ္တဝါအပေါင်းရဲ့ ဆင်းရဲဒုက္ခအကြောင်းနဲ့ပက်သက်ပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆင်းရဲဒုက္ခက ဘယ်မှာများလဲ။ ဒီကိုယ်တော်သီတင်းသုံးနေတဲ့   လက်တစ်ချောင်းကျောင်းဟာ အတော်လေးလူသူဆိတ်သုန်းပါတယ်။ တောင်ပေါ်ရောက်လာတဲ့ လူဆိုတာ လက်ချိုးရေလို့ရပါတယ်။ အရင်နှစ်ကပဲ ကိုယ်တော့်ဆရာဟာ ကိုယ်တော့်ကို တစ်ပါးတည်းချန်ရစ်ပြီး ထွက်သွားခဲ့ပါပြီ။ နွမ်းပါးတဲ့ ဒီကိုယ်တော်လုပ်နိုင်တာဆိုလို့ ဘုန်းကြီးကျောင်းအလွတ်ကြီးနောက်ဖေးမှာ နေရင်း နားမလည်တာတွေကို အဖြေရှာဖို့ပဲ ရှိတာကိုး။"

"ဒီလိုနဲ့ တစ်နေ့မှာ ကိုယ်တော့်ဘဝထဲကို ဝံပုလွေတစ်ကောင်ရယ်၊ ရှဥ့်တစ်ကောင်ဝင်လာခဲ့ပြီး ကိုယ်တော့်ဘဝကို ပျော်ရွှင်မှုနဲ့ ပြည့်နှက်စေခဲ့ပါတယ်။ ဝံပုလွေက အစာစားနေရရင် ပျော်တယ်။ ရှဥ့်လေးကလည်း အမြဲဗိုက်ကားအောင် စားနေတတ်တယ်။ ပျော်စရာရှိရင် သူပျော်လိုက်တာပဲ။ သူတို့လေးတွေ စိတ်လွတ်ကိုယ်လွတ်နေထိုင်ကြတယ်၊ စိတထဲရှိတာလုပ်ကြတယ်။ ဒါပေမယ့် လူတွေက မတူပါဘူး။ လူတွေဟာ ဗိုက်ဆာရင် ဒုက္ခခံစားကြရပါတယ်။ ဗိုက်ပြည့်ရင်ကျ ပိုကောင်းတာ စားချင်သောက်ချင်ကြတယ်။ ဒီလိုနဲ့ ဒုက္ခသံသရာလည်တော့တာပါပဲ။ သားသမီးမရှိတဲ့လူတွေက တစ်ဒုက္ခ၊ သားရှင်သမီးရှင်တွေက သားသမီးကို ကျွေးမွေးပြုစုရလို့ ပင်ပန်းတဲ့လူတွေက တစ်ဒုက္ခ။ သတ္တဝါအားလုံးဟာ ဒုက္ခသည်တွေပါတဲ့။ ဒါပေမယ့် တိရိစ္ဆာန်တွေ ဘာလို့ ပျော်ရွှင်နေကြသလဲ။ ကိုယ်တော်တို့ ဘယ်လိုရှင်းပြကြမလဲ။

"အရှင်ရီရှင်း မိန့်ကြားခဲ့သလိုပါပဲ၊ ဓမ္မအင်္သချေဟာ နှလုံးသားကနေ မြစ်ဖျားခံပါသတဲ့။ အင်္သချေဖြစ်စဥ်ဟာ နှလုံးသားဆီက လာပါတယ်။ နှလုံးသားကတစ်ခုတည်း၊ ပေါက်ဖွားလာတဲ့ ပူပင်သောကကတော့ အဆုံးမရှိ။ ဒါကြောင့် ဘုရားရှင်က 'တစ်ဟာ အများ၊ အများဟာ တစ်'လို့ ဟောကြားတော်မူခဲ့ပါတယ်။ ပူပင်သောကတွေကို စွန့်ပယ်ပြီး သောကအင်္သချေကို သန့်စင်တဲ့ နှလုံးသားအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် အချုပ်အနှောင်ကနေ အစစ်အမှန်လွတ်ငြိမ်းပြီး မြတ်တဲ့ ပိုင်စိုးမှုကို ဆွတ်ခူးအောင်နိုင်မယ်လို့ ကိုယ်တော်ယုံကြည်ပါတယ်။"

 ထိုစကားများကို ကြားလျှင် လူအုပ်ကြီးသည် မယုံနိုင်ခြင်းများစွာဖြင့် ဟုတ်ခနဲ ငြိမ်ကျသွားသည်မှာ တုန်လှုပ်သွားကြခြင်းပေလား။

┈┉┅━✥ ༺ ⚜ ༻ ✥━┅┉┈

Continue Reading

You'll Also Like

1.5M 30.3K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
7.9M 465K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...
688K 58.3K 176
ငယ်ငယ်တုန်းက ဂူလေးတစ်ခုအတွင်းမှာ စတင်ဆုံဆည်းခဲ့တဲ့ ချစ်သူနှစ်ဦးဟာ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားခဲ့ရ​ပြီး ဆယ်နှစ်အကြာ ပြန်လည်ဆုံဆည်းချိန်မှာတေ...
825K 120K 196
Author(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own thi...