အင်အားသုံး၍လုယူခြင်း သို့မဟုတ် အဓမ္မပြုကျင့်ခြင်း
ရူဖေးက နောက်ထပ်ညဆိုင်းဆင်းနေရသည်ဖြစ်၍ ဝေ့ရှီက ရေမိုးချိုးပြီးသည်နှင့် ဝရံတာမီးကို ထိန်ထိန်လင်းအောင်ဖွင့်ကာ ပန်းချီဘုတ်ပြားကို အကျအနပြင်ပြီး မပြီးပြတ်သေးသည့်အိမ်စာများကို အဆုံးသတ်ဖို့ရာပြင်လေ၏။အလုပ်များနေသည့်အချိန်အတွင်း ဖုန်းမြည်လာသဖြင့် လင်းလော့ချွမ်ခေါ်ဆိုသည်ဟုထင်မှတ်ကာ ခေါ်ဆိုသူနံပါတ်ကိုမကြည့်ဘဲ ကောက်ယူဖြေဆိုလိုက်၏။
"ကိုယ်ပါ.."
လက်ထဲတွင်ကိုင်ထားသည့် ပန်းချီဆေးများ ပြုတ်ကျကာ ကြမ်းပြင်တစ်ခုလုံး ဆေးစက်များ မွစာကျဲကုန်သည်။
ထိုအသံပိုင်ရှင်က ဆက်၍
"ကိုယ် ကားထဲမှာစောင့်နေမယ်...၁၀မိနစ်ကြာပြီးရင် မင်းဆင်းလာခဲ့ မဟုတ်ရင် ကိုယ်တက်လာခဲ့မယ်"
နားစည်အတွင်း ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသည့် တတူတူမြည်သံများရစ်ဝဲနေပြီး ဝေ့ရှီက ဖုန်းကိုင်ထားသည့် နဂိုအနေအထားအတိုင်းငြိမ်သက်မိနေလေသည်။မျက်ဝန်းရှေ့ရှိ အရာအားလုံး ကွယ်ပျောက်သွားသည့်အလား ဘာဆိုဘာမှမမြင်ရတော့ဘဲ မျက်ဝန်းအိမ်အတွင်း အကြောက်တရားများသာ တဟုန်ထိုး လျှပ်ပြေးလာတော့သည်။အချိန်မည်မျှကြာသွားသည်အထိ ငေးကြောင်နေခဲ့မှန်းမသိ ဆယ်မိနစ်လား ဒါမှမဟုတ် ဆယ်စုနှစ်တစ်ခုစာလား။တံခါးဝဆီမှ ခြေသံတစ်ခုနှင့်အတူ တံခါးခေါက်သည့်အသံပါ ကပ်ပါလာခဲ့၏။
ဝေ့ရှီက ကြားလျှင်ကြားချင်း အလန့်တကြားလှည့်၍ တံခါးရှိရာဆီသို့ ကြောက်လန့်တကြီး လှမ်းကြည့်ကာ ဖွဲစလေးတစ်ခုလို တဆတ်ဆတ်တုန်နေခဲ့သည်။
သူ့ကို မတွေ့ချင်ဘူး!
သေတဲ့ထိတောင် သူ့ကိုမတွေ့ချင်ဘူး!
တစ်ချက်ပြီးတစ်ချက်မြည်နေသည့် တံခါးခေါက်သံက ခန္ဓာကိုယ်ထဲမှဝိဥာဥ်ကိုတောင်းဆိုနေသည့် သရဲတစ္ဆေခေါ်သံအလား နောက်မဆုတ်တမ်းကျယ်လောင်လာလေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ဒေါက်! ဒေါက်! ဒေါက်!
မြည်လာသည့်တစ်ချက်ချင်းစီတိုင်းက သူမ၏နှလုံးသားကို တစ်ချက်ချင်း ထိုးနှက်လိုက်သလို အတွင်းကလီစာများကြေမွသွားလုနီးနီး။နားရွက်နှစ်ဖက်ကို လက်ဖြင့် အသေအကျေအုပ်ထားပြီး ကိုယ့်ကိုကိုယ် ဤကြောက်စရာကောင်းလွန်းသည့်အရာများထံမှ ရှောင်ဖယ်ပုန်းကွယ်ဖို့ရာ ကြိုးစားမိ၏။အလျင်စလိုပြုမူမိသွားသည့်အခိုက်အတန့် ထိုင်ခုံပေါ်မှ လိမ့်ကျလာပြီး ကြမ်းပြင်ပေါ်သို့ လက်မောင်းနှင့်ဒူးဘက်မှနေ၍ပြုတ်ကျကာ ခြစ်ရာပဲ့ရာများထင်းခနဲဖြစ်သွား၏။
ခြစ်ရာများကြောင့် သွေးစို့ပြီးနာကျင်လာသည်ကိုမမှုအား ဒူးနှစ်ဖက်ကိုပိုက်ပြီးကာ နံရံထောင့်စွန်းနေရာအထိကပ်သွား၍ ကြွက်ပေါက်လေးတစ်ကောင်လို တစ်ကိုယ်လုံးကိုရသမျှ သိမ်းကြုံးသေးကွေးထားပြီး ကြောက်လန့်တုန်လှုပ်နေ၏။
တံခါးခေါက်သံက ရုတ်တရက်ရပ်တန့်သွားခဲ့သဖြင့် ဝေ့ရှီ ဖြည်းဖြည်းချင်း ခေါင်းထောင်ကြည့်လာသည့်အခိုက် ကြမ်းပြင်ပေါ်ကျနေသည့်ဖုန်း၏ မြည်သံကိုကြားလိုက်ရ၏။
အပြင်ဘက်ရှိ အသံကပါ အနောက်မှကပ်ပါလာပြီး
"ဝေ့ရှီ...မင်း အထဲမှာရှိမှန်း ကိုယ်သိတယ်..တံခါးဖွင့်လိုက်..မဟုတ်ရင် ကိုယ် မိန်းကလေးမော့ကို သွားခေါ်လာခိုင်းရလိမ့်မယ်...မင်း သူ့ကို အနှောက်အယှက်မပေးချင်ဘူးမလား.."
စိတ်နှင့်ခန္ဓာမကပ်တော့သည့်အလား အကြောက်တရားကလွဲ၍ အခြားဘာဆိုဘာမှမရှိဘဲ ဗလာကျင်းနေသည့်မျက်ဝန်းတစ်စုံက တံခါးဝဆီသို့ အကူအညီမဲ့စွာ ကူကယ်ရာမရှိစွာဖြင့် မှင်သေကြည့်နေခဲ့၏။
>>>>>
ရွမ်ရှောက်နန်က တံခါးဝတွင်ရပ်နေပြီး မျက်စိတစ်ချက်ဝေ့ရုံသာကျယ်သည့်အခန်းကို လှမ်းကြည့်လိုက်၏။
၁၀မီတာပတ်လည်တောင် မကျယ်သည့်အခန်းက ရေချိုးခန်းသီးသန့်ရှိနေသည်ကလွဲ၍ အခန်းတစ်ခုတည်းပုံစံမျိုးသာဖြစ်၏။နှစ်ယောက်အိပ်ကုတင်တစ်လုံးနှင့် ထိုင်ခုံတစ်လုံးက ဤအခန်းတစ်ခုလုံးတွင်ရှိနေသည့် ပရိဘောဂပစ္စည်းဖြစ်၏။နေရာတိုင်း သန့်ရှင်းသပ်ရပ်နေပြီး နံရံနှင့်မျက်နှာကျက်များကသာ ဆေးရောင်များကွက်တိကွက်ကျားကွာကျနေ၍ အနိမ့်ဆုံးတည်းခိုခန်းထက်ပင် ဆုတ်ချာနေ၏။
ကုတင်ထောင့်စွန်းနားတွင် လိမ်ထားသည့်ဝါယာကြိုးတစ်ခုက အခန်းကို အလယ်မှသွယ်ထားပြီး ခန်းစီးလိုက်ကာတစ်ထည်ကိုလည်း ချိတ်ထားသောကြောင့် ယောက်ျားတစ်ယောက်နှင့်မိန်းကလေးနှစ်ယောက်နေသည့်အခန်းကို မည်သို့နေထိုင်ရန်စီစဥ်ထားကြောင်း ခန့်မှန်း၍ရနိုင်၏။
"ဆံပင်တိုသွားတာရယ် လည်ပင်းမှာအမာရွတ်ရှိသွားတာရယ်ကလွဲလို့ မင်း ဘာမှပြောင်းလဲမသွားဘူး.."
ရွမ်ရှောက်နန်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ကုတင်ထောင့်စွန်းတွင် ကွေးပြီးတုန်လှုပ်နေသည့်ဝေ့ရှီကို အထက်မှအောက် တစ်ချက်စိုက်ကြည့်၍
"မေ့တော့မလို့...မင်းမှ စကားမပြောနိုင်တာ.."
ဝေ့ရှီကြားနေရသည့် စကားလုံးတိုင်းက ပဲ့တင်ထပ်နေသလိုလို အရမ်းနီးကပ်လာမယောင်ယောင်နှင့် အဝေးကြီးရောက်နေသယောင်ယောင်။နှစ်တစ်ဝက်ကြာ ဝေးကွာပြီးနောက် တစ်ယောက်နားတစ်ယောက် အတူရှိနေခဲ့ကြဖူးသည့်လူနှစ်ယောက်၏ကမ္ဘာကြီးက ကွာခြားခဲ့သလိုလို။
သူမ၏ဒူးနှစ်ဖက်ကို ထွေးပိုက်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး ဘောလုံးလေးတစ်လုံးကို ကွေးနေလေသည်။
"မင်းတို့ ဘယ်လိုဖြစ်ပြီး ချီမော့နဲ့ အတူနေဖြစ်သွားတာလဲ" ရွမ်ရှောက်နန်က မေး၏။
ဝေ့ရှီအား သူ့အား မဝံ့မရဲလှမ်းကြည့်နေခဲ့သည်မှာ အချိန်မည်မျှကြာသွားခဲ့မှန်းမသိ။ဘောပင်ကိုထုတ်ပြီး မှတ်စုစာအုပ်ပေါ်ချရေးလိုက်၏။
"ငါ ဆေးရုံတက်ရဖို့အတွက် ငါတို့ရဲ့စုထားဆောင်းထားတွေအားလုံး သုံးလိုက်ရတယ်...အဆောက်အဦးပိုင်ရှင်က ငါတို့ရဲ့ပစ္စည်းတွေကိုလွှင့်ပစ်ပြီး မောင်းထုတ်တယ်...သွားစရာနေရာလည်း မရှိတော့သလို ထပ်ပြီးငှားဖို့လည်း မတတ်နိုင်တော့လို့ သူရဲ့နေရာမှာ အတူနေဖို့ခေါ်လာတာ.."
ရွမ်ရှောက်နန်က လွန်ခဲ့သည့်နှစ်ဝက်အတွင်း မော့ရူဖေး သူ့အား အကြိမ်ကြိမ်လာရှာသည့်ကိစ္စက လက်စသတ်တော့ ထိုအခြေအနေရောက်နေခြင်းကြောင့် ဖြစ်လိမ့်မည်ဟု တွေးမိ၏။
ဝေ့ရှီက ဆက်၍ရေးလိုက်၏။
"နင် ငါ့ကို ဘာကိစ္စအတွက်ရှာတာလဲ"
ရွမ်ရှောက်နန်က ရယ်လိုက်ပြီး
"ကိုယ်ပြောတယ်လေ..ကိုယ် မင်းကို လွမ်းနေတာလို့.."
အတိတ်ကကိစ္စများက ဝေ့ရှီ၏စိတ်ထဲ ရေးခနဲမြင်ယောင်လာသည်နှင့် တစ်ကိုယ်လုံး တုန်ယင်လာမိကာ ဆက်၍
"လူကြီးမင်းရွမ်...ကျေးဇူးပြုပြီး ပြောစရာရှိတာ တည့်ပဲပြောပါ"
ရွမ်ရှောက်နန်၏နှုတ်ခမ်းပါးက ခပ်ရေးရေးကွေးပြီး ပြုံးလိုက်သည်နှင့် ဝေ့ရှီ၏နှလုံးသားကပါ တတ်နိုင်သမျှအသေးဆုံးအထိ ကုတ်ကတ်သေးကွေးမိသွား၏။
"ဒါဆိုလည်း ကောင်းပြီလေ..ကိုယ်လည်း ကွေ့ပတ်ပြောနေရတာကို သဘောမကျဘူး..ကိုယ် မင်းကို ပြောချင်တဲ့အဓိကအကြောင်းက ယောက်ျားတစ်ယောက်ကို အသုံးချပြီး အခြားယောက်ျားတစ်ယောက်ကို ကိုင်တွယ်ဖို့မကြိုးစားနဲ့..အထူးသဖြင့် မင်းလို လောကကြီးအကြောင်း ကောင်းကောင်းနားမလည်သေးတဲ့ကောင်မလေးက ဒီလို ကိုယ့်ကိုကိုယ်ဥာဏ်ကောင်းနေတဲ့ပုံစံမျိုးလုပ်ပြနေတာက မိုက်ရူးရဲဆန်ပြီး ရယ်စရာကောင်းတယ်.."
ဝေ့ရှီက သူ့အားစိုက်ကြည့်နေရင်း ချရေးလိုက်၏။
"ငါ သူနဲ့အတူတူရှိနေတာက နင့်ကို လက်စားချေချင်လို့လို့ ထင်နေတာလား.."
"လက်စားချေတာ?"
ရွမ်ရှောက်နန်၏ နှုတ်ခမ်းပါးက ကွေးသထက်ကွေးလာပြီး
"ကိုယ် လော့ချွမ်ရဲ့ဒေါသကို ကောင်းကောင်းကြီးနားလည်တယ်...ရက်စက်ပြီး ဥာဏ်ပြေးတဲ့နေရာမှာဆိုရင် ကိုယ် သူ့ကို 'သုံးမှတ်'ပေးရလောက်မှာ...သူ့ရှေ့မှာ ဟိုလှည့်ကွက် ဒီလှည့်ကွက်တွေထုတ်တာမျိုး မင်း လုပ်လို့ရနိုင်မှာတောင် မဟုတ်ဘူး...ကိုယ် စိတ်ပူနေတာက မင်းအတွက်...သူ အခုလက်ရှိ မင်းအပေါ် ဆက်ဆံနေတယ်ဆိုတာတွေက သူ တစ်ခဏလေးနေရင် မေ့သွားမှာတွေချည်းပဲ...စားတော့မယ့် သားကောင်နားကို ချဥ်းကပ်တာက ဝံပုလွေတွေရဲ့အလုပ်...မင်း အသားမစားတဲ့ ဝံပုလွေဆိုတာမျိုး ကြားဖူးလို့လား.."
တမင်သက်သက် အသံကို ဖိနိမ့်လိုက်ပြီး အဓိပ္ပါယ်ပါပါဆက်ပြော၏။
"မင်းရဲ့ ဒီအသက်တစ်ချောင်းကို ချန်ထားနိုင်ခဲ့တာရယ် ကျောင်းဆက်တက်လို့ရနေတာရယ်က လွယ်တယ်လို့များထင်နေလား..ကိုယ်သာ မင်းဆိုရင် ဒါတွေကို ကောင်းကောင်းတန်ဖိုးထားမိမှာ.."
ရွမ်ရှောက်နန်က လက်ကောက်ဝတ်ရှိနာရီကို တစ်ချက်ကြည့်ပြီးနောက် အခန်းကို တစ်ချက်ဝေ့ကြည့်ကာ
"ဒီနေ့တော့ ဒီလောက်နဲ့ပဲထားပါတော့...တကယ်လို့ မင်း ပိုက်ဆံလိုတယ်ဆိုရင် ကိုယ့်ကို လာရှာလို့ရတယ်..တကယ်တော့ ကိုယ်လည်း ကိုယ်တို့နှစ်ယောက်ရဲ့အရင်တုန်းကနေ့ရက်တွေကို နည်းနည်းလွမ်းနေခဲ့တာ..မင်းရဲ့ Asthma ဆေးဘူးလေ.. ကိုယ် တစ်ချိန်လုံးသိမ်းထားတယ်.."
ရွမ်ရှောက်နန်က မတ်တပ်ရပ်ပြီး အနားသို့တိုးကပ်လာကာ အေးစက်နေသည့် သူမ၏မျက်နှာတစ်ခြမ်းကိုထိတွေ့၍
"ကိုယ်ပြောချင်တဲ့အဓိပ္ပါယ်ကို မင်းသဘောပေါက်ပါတယ်.."
ဝေ့ရှီက အရည်လဲ့နေသည့်မျက်ဝန်းတစ်စုံနှင့် သူ့အား တည့်တည့်စိုက်ကြည့်နေမိသည်က တစ်ကြိမ်တစ်ခါမှ မရင်းနှီးခဲ့ဖူးသည့် သူစိမ်းတစ်ယောက်ကို ကြည့်နေသည့်အလား။
ဤအခိုက်အတန့်တွင် သူမ၏နှလုံးသားထဲလောင်းထည့်နေသည့်ခံစားချက်များက အကြောက်တရားမဟုတ် ဝမ်းနည်းခြင်းများဖြစ်၏။ သူမ၏ အရူးအမူးချစ်ခဲ့ရသည့်ခံစားချက်အပေါ် ဝမ်းနည်းမိ၏ ; ငယ်ငယ်တုန်းက ရွမ်ရှောက်နန် အပေါ် ဝမ်းနည်းစိတ် ဝင်မိ၏ ; သူတို့နှစ်ဦး၏အတိတ်..တစ်ကြိမ်တစ်ခါကတန်ဖိုးထားခဲ့ရသောအမှတ်တရများအတွက် ဝမ်းနည်းမိ၏။
သူ ငါ့ကို ချစ်ခဲ့ဖူးလား? သူ နောင်တရခဲ့ဖူးလား?
အဖြေက သိနှင့်နေပြီးဖြစ်သည့် 'မရှိခဲ့ဘူး' ဆိုသည့်အရာပင်။
ချစ်ခြင်းတရားအပိုင်းအစလေး နောင်တတရားအငွေ့အသက်လေး တစ်စွန်းတစ်စများသာရှိနေခဲ့လျှင် ယခုလိုနည်းလမ်း ယခုလိုအနေအထား ယခုလိုအမူအရာမျိုးဖြင့် သူမအရှေ့သို့ ရောက်လာခဲ့မည်မဟုတ်။ အပြစ်ရှိသည့်စိတ်မျိုး မရှိ ၊ အရှက်ဟူ၍ မရှိ ၊ တွေဝေတွန့်ဆုတ်နေခြင်း မရှိ ၊ နောင်တ ဆိုသည်လည်း မရှိ ၊ အောင်နိုင်သူက ရှုံးနိမ့်သွားသည့်သူ အပေါ် လှောင်ပြောင်နေသည့်စိတ်နှင့် အင်အားကြီးသူက အင်အားနည်းသူအပေါ် အထင်အမြင်သေးချင်သည့်စိတ်သာ ရှိနေခဲ့၏။
ကုန်လွန်လာခဲ့သည့်ခြောက်လအတွင်း သူမကိုယ်သူမ မေးနေမိခဲ့သည့်အရာက ; သူမ ဘာများမှားခဲ့မိတာလဲ? ၊ သူကရော ဘာလို့ သူမအပေါ် ဒီလိုဆက်ဆံလိုက်ရတာလဲ? ၊ နှလုံးသားချင်း နှလုံးသား ထပ်တူညီအောင်နေကြမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ၊ သူမ ဒီလောက်အထိကြိုးစားခဲ့တာတောင် ဘာလို့ သူ့ဘက်က မချစ်နိုင်ခဲ့တာလဲ?
သို့သော် ယခုအချိန်တွင်မြင်နေရသည့်သူနှင့် ကြားနေရသည့်စကားများကို နားထောင်ကြည့်ပြီး သူမ၏နှလုံးသားအတွင်း၌ရှိနေခဲ့သော သံသယအနှောင်အထွေးများအတွက် အဖြေရှိသွားခဲ့၏။
ဤကောင်းကင်တစ်ခွင်မြေပြင်တစ်ခုလုံးတွင် အတုမရှိလောက်အောင် တစ်ကိုယ်ကောင်းဆန်လွန်းသည့်ယောက်ျား ဤလူက အတွင်းထဲတွင် ဗလာသက်သက်ချည်းဖြစ်နေပြီး အပြင်ဘက်တွင်ရှိနေသည့် လှလှပပအပေါ်ယံအရေခွံကလွဲ၍ အခြားဘာဆိုဘာမှမရှိပေ။
ဝေ့ရှီက ဤယောက်ျား၏မျက်ဝန်းတစ်စုံကို မမှိန်မတွေစိုက်ကြည့်နေပြီး နှုတ်ခမ်းပါးဆီမှ အသံတိတ်ရွတ်လိုက်၏။
"ငါ နင့်ကိုချစ်ရင် နင်ကငါ့မျက်လုံးထဲမှာ အတောက်ပဆုံး..ငါ နင့်ကိုမချစ်တော့ရင် နင်က ဘာဆိုဘာမှမဟုတ်တော့ဘူး.."
ရွမ်ရှောက်နန်က လှုပ်ခတ်သွားသည့်နှုတ်ခမ်းပါးကိုကြည့်နေသော်လည်း နားမလည်၊ သူမ၏ရေကန်နက်နက်လိုငြိမ်သက်နေသည့်မျက်ဝန်းတစ်စုံကိုသာ မိမိရရဖမ်းဆုတ်နိုင်လိုက်၏။ဝေ့ရှီ၏မျက်နှာကို အတင်းအကြပ်ဆွဲယူပြီး ခေါင်းငုံ့၍ နမ်းရှိုက်ပစ်၏။ဝေ့ရှီ၏ရုန်းကန်ချင်သည့်အသိစိတ်က ချက်ချင်းဝင်ရောက်လာက သူ၏နှုတ်ခမ်းကို အားကုန်ကိုက်ချပစ်သည်။
သို့သော် အပြင်းအထန်ကိုက်ခံရသည့်တိုင်အောင် ထိုယောက်ျားကမလွှတ်ပေးဘဲ သူမ၏လည်တိုင်က်ုဖိညစ်ကာ အေးစက်နေသည့်နံရံနှင့် အသားတည်းဖြစ်အောင် တွန်းကပ်လိုက်၏။
ဝေ့ရှီ၏ခေါင်းက နံရံနှင့်ဆောင့်မိပြီး အရိုးများက ထိုလူကြောင့် ရိုးကျေထွက်မတတ်နာကျင်လိုက်ရ၏။မျက်ဝန်းတစ်စုံရှေ့မြင်ရသည်များက အစတွင် အဖြူနှင့်အနီများဖြစ်ပြီး တဖြည်းဖြည်းနှင့် မှောင်မိုက်လာရာ နောက်ဆုံး ကမ်းမရှိ လမ်းမရှိ အနားသတ်ဟူ၍မရှိသည့် အနက်ရောင်လေဟာနယ်ကြီးဖြစ်၏။
သတိလစ်မေ့မျောသွားသည့်အချိန်က ခဏလေးသာကြာလိုက်ပုံရပြီး ဝေ့ရှီမျက်လုံးပြန်ဖွင့်လာသည့်အချိန်တွင် အရောင်ပျယ်ယိုယွင်းနေသည့်မျက်နှာကျက်နှင့် ဘယ်ညာလွှဲရမ်းနေသည့်မီးလုံးကိုသာမြင်ရ၏။အခန်းတစ်ခုလုံးကို မီးရောင်အပြည့်မလွှမ်းနိုင်ကာ အနည်းငယ်မှိန်ပျပျသာရှိနေပြီး နေရာတိုင်းတွင် အေးစက်နေသည့်လေထုအငွေ့အသက်များအပြည့်ဖြစ်နေ၏။
ထင်လိုက်မိသည်က ရွမ်ရှောက်နန် ထွက်သွားနှင့်ပြီဟူ၍။သို့သော် တစ်ဖက်သို့လှည့်ကြည့်ရာ ကုတင်ခေါင်းရင်းတွင်ရပ်နေဆဲဖြစ်သည့် ရွမ်ရှောက်နန်ကို တွေ့လိုက်ရလေသည်။မှောင်ရိပ်သန်းနေသဖြင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရကာ ကြယ်သီးကို ဖြေးဖြေးချင်းဖြည်နေသည့်ပုံစံကိုသာ လှမ်းမြင်လိုက်ရပြီး ရှပ်အကျီကိုချွတ်၍ ကြွက်သားများလှစ်ဟာထွက်လာ၏။
ချောက်! ချောက်! ခါးပတ်ခေါင်းကိုဖြုတ်လိုက်သည့်အသံနှင့်အတူ ခါးပတ်တစ်ခုလုံးဆွဲဖြုတ်ပြီး ဘေးတစ်နေရာသို့လွှင့်ပစ်လိုက်သည်။အဝတ်အစားချွတ်နေသည့်ပုံစံက အလွန်ကိုခံစားချက်မဲ့နေပြီး အထက်စီးဆန်သည့်ဟန်အပြည့်။ဝေ့ရှီစိတ်ထဲ ကြောက်စိတ်များအပြည့် ဖုံးလွှမ်းသွားကာ အဆုံးမရှိတုန်ယင်လာတော့သည်။
သူ ဘာလုပ်နေမှန်း ကောင်းကောင်းကြီးကိုသိတယ်! သူ့ရဲ့လက်သည်းတွေနဲ့ သူမကို အရှင်လတ်လတ်ကုတ်ဖြဲပြီး မျက်ရည်တွေ သွေးတွေကျလာပါစေ နာကျင်လွန်းလို့တောင်းပန်ပြနေပါစေ မမြင်ချင်ယောင်ဆောင်ပြီး သနားညှာတာမှုမရှိဘဲ အတင်းအကြပ်ကိုအရယူတော့မှာ!
ကျရောက်လာတော့မည့်အန္တာရယ်ဆိုးကြီးကြောင့် သူမ၏အကြောက်တရားများ အဆုံးအစွန်ထိတိုးမြင့်လာခဲ့သည်။ခန္ဓာကိုယ်မှ တဆစ်ဆစ်ထိုးနေသည့်နာကျင်မှုတွေကို မမှု လက်မောင်းနှစ်ဖက်ကိုအားပြုလိုက်ပြီး ကုတင်ပေါ်မှ လိမ့်ဆင်းဖို့ရာကြိုးစား၏။တံခါးပေါက်က မီတာအနည်းငယ်သာကွာဝေးတော့သည်ဖြစ်ပြီး သူမသာ ထွက်သွားနိုင်ခဲ့လျှင်...
သူ၏ရယ်သံကိုကြားလိုက်ရပြီးနောက် သူမ၏ခြေချင်းဝတ်ကို အကျွမ်းတကျင်ရှိသည့်အမဲလိုက်သမားတစ်ယောက်က သားကောင်ကိုဖမ်းဆွဲလိုက်သည့်အတိုင်း လျှောခနဲပါသွားခဲ့၏။ဝေ့ရှီ၏အဖြစ်က သားသတ်စင်ပေါ်တင်ခံရတော့မည့် ကြောင်တစ်ကောင်နှင့်တူလှသည်။လက်သည်းဆယ်ချောင်းစလုံးက ကြမ်းပြင်ကို မရမကကုတ်ဆွဲထားပြီး အသက်တစ်ခုလုံးပါမသွားဖို့အရေးကြိုးစားနေရ၏။သေးသွယ်ပြီးကြွပ်ဆပ်နေသည့်လက်သည်းများက ကြမ်းပြင်ကိုကုတ်ဆွဲနေသည့်အခိုက် သတ္တုနှစ်ခုပွတ်တိုက်နေသည့်အလား တကျွီကျွီမြည်နေပြီး ပန်းနုရောင်လက်သည်းများက တစ်ဝက်နီးပါးကျိုးကျေကုန်ကာ ကုတ်ဆွဲရာတစ်လျှောက် သွေးရာများ အကြောင်းလိုက်ကျန်နေခဲ့သည်။
သူမ၏လက်မောင်းရင်းမှ ဆွဲပြီး ကြမ်းပြင်ပေါ်မှ အကြမ်းပတမ်းကောက်မကာ ကုတင်ပေါ်ပစ်တင် ဖိချုပ်လိုက်သည်။အေးစက်နေသည့်သူ၏မျက်ဝန်းများထဲတွင် လှောင်ပြောင်သရော်နေခြင်းများကအပြည့် ဘောင်းဘီကြယ်သီးကို အလွယ်တကူဖြုတ်လိုက်ပြီး ဖုံးအုပ်ထားသည့်အရာကိုထုတ်လာခဲ့၏။
ဝေ့ရှီက မီးပြင်းဖိုပေါ်တင်ခံထားရသည့်သတ္တဝါတစ်ကောင်အလား အကြာက်အကန်ကိုရုန်းထွက်ပြီး သူ၏ပုခုံးပေါ်ကို လက်ဖြင့်လှမ်းရိုက်ကာ ခြေထောက်က ခြေဦးတည့်ရာကန်ကျောက်ရင်း ထိုလူ၏ဝမ်းဗိုက်ဆီသို့ အားပြင်းပြင်းကန်ကျောက်မိသွား၏။
ရွမ်ရှောက်နန်က စူးခနဲဖြစ်သွားသည့်နာကျင်မှုကြောင့် ခန္ဓာကိုယ်ကိုကိုင်းကာ တစ်ပြိုင်နက်တည်း ဝေ့ရှီ၏မျက်နှာကိုပါ လက်နောက်ပြန်ဖြင့် အညှာအတာကင်းကင်းရိုက်ချပစ်၏။ဝေ့ရှီ၏ ခေါင်းက ကုတင်ခေါင်းရင်းဗီဒိုနှင့် ဆောင့်ပြီး မျက်ဝန်းတစ်ခုလုံး ဝေဝါးသွားရကာ ထိုလူ၏ခန္ဓာကိုယ်အောက်သို့ နောက်တစ်ကြိမ်ပြန်ဖိချုပ်ခံလိုက်ရသည်။
သူမ၏ ဘယ်ဘက်ပါးပြင်က ပူပြီးထုံကျင်နေပါသည့်တိုင်အောင် ရှိသမျှအားကုန်သုံးပြီးရုန်းကန်နေဆဲ။တံခါးပေါက်ရှိရာဆီသို့လှမ်းကြည့်ပြီး အကူအညီတောင်းယူနေသည့်အသံတို့က အက်ကွဲကြေမွပြီး ပြတ်တောင်းကျိုးပဲ့နေကာ နားမချိမခံသာ ဆိုးရွားလှသည့်အော်ဟစ်ညည်းညူသံများဖြစ်လေ၏။ထို့အပြင် ကောက်ယူ၍မရနိုင်တော့သော မျှော်လင့်ချက်မဲ့ခြင်းများ ပါနေသေး၏။
ရွမ်ရှောက်နန်က ရုန်းကန်နေခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်လာရကာ ခါးပတ်ဖြင့်ချုပ်နှောင်လိုက်ပြီး တစ်ချိန်တည်းမှာပင် မေးဖျားကိုဆွဲဆုတ်ကာ နားရွက်ဖျားဆီသို့ ကပ်၍
"မငြိမ်သေးရင် ကိုယ် နောက်တစ်ကြိမ် ထပ်ချည်ထားဖို့ ခက်ခဲနေမှာမဟုတ်ဘူး!."
အကြောက်တရားလှိုင်းလုံးကြီးက ခန္ဓာကိုယ်တစ်လျှောက် ပြေးဆင်းသွားကာ ထိုကြောက်စရာကောင်းလွန်းညကို ပြန်မြင်ယောင်လာမိ၏။တဆတ်ဆတ်တုန်နေပြီး အမှောင်ထုထဲမှ သူ၏မျက်ဝန်းများဆီသို့ အရဲစွန့်ပြီးလှမ်းကြည့်လိုက်၏။သီကုံးထားသည့်ပုတီးစေ့များ ပြုတ်ကျလာသည့်အတိုင်း လှိမ့်ဆင်းလာသည့်မျက်ရည်စက်များက အေးစက်လှသည့်လေထုထဲ၌ တစ်စက်ပြီးတစ်စက် တလက်လက်စီးကျလာခဲ့သည်။
နောက်ဆုတ်ပေးလိုသည့် အားနည်းသည့်အရိပ်အယောင်များကို လှစ်ဟပြလာသည်ကိုမြင်လာရသည့်အခိုက် ရွမ်ရှောက်နန်က သူမ၏နားရွက်ဖျားကို ခပ်ဖွဖွလျှက်လိုက်၍
"ဝေ့ရှီ...လိမ္မာစမ်းပါ..မင်း ဆက်ပြီး ကျောင်းတက်ချင်သေးတယ်မလား.. ကိုယ် မင်းကို တစ်စစီဆုတ်ဖြဲမိအောင် မလုပ်စမ်းနဲ့!.."
အေးစက်နေသည့်အသက်ရှူငွေ့များက သူမ၏နားရွက်အတွင်း တည့်တိုးဝင်ရောက်လာသည့်အခါ၌ သူမ တကယ်ကို ခံနိုင်ရည်မရှိတော့ပေ။သူမ တကယ်ကို ရှုံးနိမ့်သွားသည့်အကြောင်း ဝန်ခံရတော့မည်! မျက်ရည်များစီးကျနေသည့်မျက်ဝန်းတစ်စုံကိုမှိတ်ပြီး တုန်ယင်နေသည့်လက်ချောင်းများက သူ၏ပုခုံးပေါ်မှတဆင့် လျှောခနဲပြုတ်ကျလာသည့်အခိုက် မထင်မှတ်ဘဲ သူ၏ရင်ဘတ်ပေါ်ရှိ အနီရောင်အစက်နှစ်ခုကို ထိမိသွားလေ၏။
သူ၏ ခပ်တိုးတိုးငြီးလိုက်သည့်အသံနှင့်အတူ သူမ၏ညအိတ်ဝတ်စုံကို ဆုတ်ဖြဲပြီး လက်ဖဝါးကြီးနှစ်ဖက်ဖြင့် သူမ၏မျက်နှာကိုဆုတ်ကိုင်ကာ အကြမ်းပတမ်းနမ်းရှိုက်လာ၏။လည်တိုင်တစ်လျှောက် ချောချောမွေ့မွေ့လျှောဆင်းသွားခဲ့ကာ တဆတ်ဆတ်တုန်ယင်နေသည့်ခန္ဓာကိုယ်က ထိုလူအတွက် အရှက်တရားဖုံးကွယ်ထားသည့်ဖိတ်ခေါ်ခြင်းတစ်ခုလို ဖြစ်လေသည်။ပန်းရောင်ပွင့်ချပ်များကိုကိုယ်ယူပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး တစ်စထက်တစ်စကိုက်ခဲကာ လက်ချောင်းရှည်များက သူမ၏ပေါင်တစ်လျှောက် အကြိမ်ကြိမ်ထိတွေ့ဖျက်ဆီးကာ စားသောက်ပွဲရှေ့ရောက်နေသော ငတ်ပြတ်နေသည့်သရဲတစ်ကောင်နှင့် အလားသဏ္ဍာန်တူညီလေသည်။
ပူနွေးနေသည့်အသက်ရှူငွေ့များ တောက်လောင်နေသည့်အထိအတွေ့အားလုံးက သူ မည်သည့်အတိုင်းအတာအထိပျော်ရွှင်ကျေနပ်နေကြောင်းကို ဖော်ပြနေသည်။ထို့အပြင် သူ၏ခန္ဓာကိုယ်အောက်တွင်ရောက်နေသည့်သူ၏လက်ချောင်းသေးသေးလေးများက ခေါင်းအုံးစကိုဆုတ်ပြဲမတတ် ဆွဲကုတ်ထားပြီး နာကျင်လွန်းလှသည့်အရာတစ်ခုကို ကျိတ်မှိတ်သည်းခံနေပုံက ခွဲစိတ်ဓါးကိုကိုင်ထားသည့်ဆရာဝန်ရှေ့ရောက်နေသည့် လူနာတစ်ယောက်လို ၊ ရေနစ်နေသူတစ်ယောက်က ရရာလှမ်းဆွဲနေသည့် နောက်ဆုံးသောကောက်ရိုးစလေးတစ်မျှင်လို။
သူမ၏ခါးလေးကို စိတ်ကျေနပ်စွာဆုတ်ကိုင်လိုက်ပြီး ဖြူဖွေးနေသည့်ခြေထောက်နှစ်ဖက်ကို ဆွဲခွာလိုက်၏။အားကောင်းသည့်ခါးတစ်ခုလုံးကို သူမ၏ခြေထောက်ကြားထဲတွင် နစ်မြှုပ်လိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းဆီမှ ဆန္ဒပြင်းပြနေသည့်အရာကလည်း တောရိုင်းသတ္တဝါတစ်ကောင်လိုပူပြင်းနေလေ၏။သူ၏မျက်ဝန်းရှေ့တွင် ကွက်ကွက်ကွင်းကွင်းမြင်နေသည်က ဤဖျော့တော့တော့ခန္ဓာကိုယ်၊ ရန်သူတော်သမီးဖြစ်သူ၏ခန္ဓာကိုယ် ၊ အားနည်းလွန်းပြီးမက်မောစရာကောင်းလှသည့်အလှတရားများရှိနေသည့်ခန္ဓာကိုယ်။
သူ သူမကို လုံးဝမချစ်ဘူး! ဒီစကားကို သူ့ကိုယ်သူနားလည်အောင် အကြိမ်ကြိမ်ပြောနေပါသည့်တိုင် သူမဆီမှ အဘယ်ကြောင့်ရုန်းမထွက်နိုင်သေးသည့်အကြောင်းအား သူကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။ ဒီလို ညစ်ပတ်တဲ့နည်းလမ်းမျိုးနဲ့တောင်မှပဲ သူမကို ထပ်ပြီး အရယူချင်စိတ်ရှိနေသေးသည်။ မဟုတ်သေးဘူး! သူမကို တစ်စစီဆုတ်ဖြဲပစ်ချင်ရုံသက်သက်! အခြားယောက်ျားတစ်ယောက်ကို ကျေကျေနပ်နပ်ပြုံးပြနေတဲ့အချိန်မျိုး ၊ အခြားယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထဲဝင်ပြီး ကြယ်တွေကိုကြည့်နေတဲ့အချိန်မျိုးတွေကြောင့်။
သူ၏နှလုံးသားအတွင်းမှ လှိုက်ပြီးပြောနေသည့်စကားလုံးတို့က
မင်း သွားသေလိုက်တော့! မင်း သွားသေလိုက်တော့!
သူမ၏ ဆံပင်ကို အကြမ်းပတမ်းဆွဲဆုတ်ကာ အတွင်းဝတ်ကို တစ်ချက်တည်းဆွဲဖြဲလိုက်၍ အကြေကြေအမွမွဆုတ်ဖြဲခံထားရသည့်အကျီစများက သူမ၏ပေါင်အရင်းတွင် ပုံကျလာခဲ့၏။
ဝေ့ရှီ၏ မျက်ဝန်းများ ဖြတ်ခနဲပွင့်လာကာ မျက်ရည်များလဲ့နေဆဲဖြစ်သည့်မျက်ဝန်းများဖြင့် ဤမြင်ကွင်းကို ရွမ်ရှောက်နန်၏အတင်းအကြပ်ဖိအားပေးကြည့်စေခြင်းခံလိုက်ရ၏။ ဤနည်းလမ်းက သူကြိုက်သည့်ပုံစံ ၊ သူမအား မိနစ်တိုင်း စက္ကန့်တိုင်းကို အဆက်မပြတ် ရှင်းရှင်းလင်းလင်းကြည့်နေစေလိုခြင်းဖြစ်ကာ လျစ်လျူရှုခွင့်မရှိ! ပုန်းရှောင်နေခွင့်လည်းမရှိ!
သို့သော်ယခုအခိုက်အတန့်တွင် သူမက လုံးဝနီးပါး ငြင်သာတိတ်ဆိတ်နေခဲ့၍ ထိုနူးညံ့မှုမျိုးက သူ့အား လုံးလုံးလျားလျားကိုနစ်မွန်းသွားစေခဲ့သည်။ သူမ၏ မျက်ရည်ဝေ့နေသည့်မျက်ဝန်းများကို တစွဲတလမ်းငေးကြည့်နေမိ၏။ ဤမျှကြည်လင်ပြီး ဤမျှလှပလွန်းသည့်မျက်ဝန်းများ....
သူ၏လက်ချောင်းထိပ်များက သူမအား တညင်တသာပွတ်သပ်လာကာ သူမအား အရမယူခင် အစပျိုးပေးနေခြင်းမျိုး။ယခုလိုနည်းလမ်းသုံးပြီး သူနှင့်ထပ်တူ စိတ်လှုပ်တရှားပူးပေါင်းလာစေလိုခြင်းဟုလည်း ထင်ရကာ ဝင်ရောက်လာခြင်းပြုတော့မည့်အခိုက် သူမ၏နှုတ်ခမ်းကို နမ်းရှိုက်လာပြီး ရူးနှမ်းစရာကောင်းလွန်းသည့်အသံဖြင့်ကြေညာလာခဲ့၏။
"မင်းက ကိုယ့်ဟာ...ဝေ့ရှီ..မင်းက ကိုယ့်ရဲ့အပိုင်..."
ဝေ့ရှီက အမှောင်ထုအတွင်းမှ မျက်နှာကျက်ကို မှင်သေ၍ကြည့်နေမိပြီး တိတ်ဆိတ်၍နားထောင်နေခဲ့သည်။ဤစက်ဆုတ်စရာကောင်းလွန်းသည့်အခြေအနေကို ငြိမ်သက်၍ ကျိတ်မှိတ်နေခဲ့သည့်က ယခုအခိုက်အတန့်ကိုစောင့်နေခြင်းကြောင့်ဖြစ်၏။
ယခုအခိုက်အတန့်ကြောင့်!
လွတ်နေသည့်လက်တစ်ဖက်က ခေါင်းအုံးအောက်သို့ရောက်သွားခဲ့ပြီး ရူဖေး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ရာအတွက် ချီမော့ပေးထားခဲ့သည့် ဓါးမြှောင်တစ်လက်ကို စမ်းမိလိုက်၏။ဓါးချွန်ချွန်ကို လက်ဖြင့်စမ်းပြီး ရာဘာဓါးအိမ်ကိုချွတ်ကာ ပြတ်သားလွန်းသည့်ခံစားချက်နှင့်အတူဓါးကိုလက်ထဲတွင်ဆုတ်ကိုင်ပြီး အပြင်ဘက်သို့ဆွဲထုတ်လာ၍ သူ၏လည်တိုင်ထက်သို့ အားကုန်ထိုးစိုက်လိုက်၏။
ဂျိန်း!
ပြတင်းပေါက်အပြင်ဘက်ရှိ မိုးချိန်းသံကျယ်ကျယ်လောင်လောင်မြည်ဟီးသံတစ်ချက်နှင့်အတူ ငွေရောင်လျှပ်စီးတစ်ကြောင်းက ညကောင်းကင်ယံထက်တွင် ဓါးတစ်လက်လို လျှက်ခနဲလင်းထိန်သွားခဲ့၏။
လက်ထဲတွင်ကိုင်ထားခဲ့သည့် လူသတ်လက်နက်က ပြတ်ကျသွားသည်နှင့်အတူ အရိုးအသားထဲထိစိမ့်အောင် ထိုမြည်ဟီးသံကြီးတစ်ချက် နစ်ဝင်သွားခဲ့၏။ဝေ့ရှီက ခန္ဓာကိုယ်ကို တတ်နိုင်သမျှ အသေးဆုံးထိကွေးလိုက်ပြီး အသက်ကို တစ်ချက်ချင်း တစ်ချက်ချင်း ရှိုက်၍ရှူနေမိ၏။နာကျင်လွန်းသောကြောင့်ထွက်လာသည့်ချွေးစများအပြင် အမြင်များမှုန်ဝါးလာခဲ့ပြီး ထိုယောက်ျား၏ ဒေါသတကြီးဖြစ်နေသည့်မျက်ဝန်းများနှင့်ဆုံပြီးနောက် လောကကမ္ဘာကြီးတစ်ခုလုံး သုသာန်တစပြင်လိုတိတ်ဆိတ်သွားတော့သည်။
ရွမ်ရှောက်နန်က သွေးလိုချင်းချင်းနီနေသည့်မျက်ဝန်းတစ်စုံဖြင့် သူ့လက်ထဲရောက်နေသည့်မိန်းကလေးအား မယုံမကြည်နိုင်အောင် ကြောင်အမ်း၍ကြည့်နေမိ၏။သူ့အား သေလျှင်တောင်မပြောင်းမလဲဘဲအရာအားလုံးပေးနိုင်လောက်သည်အထိ ချစ်ခဲ့သည့်မိန်းကလေးက အနိမ့်ကျဆုံးအခြေအနေမျိုးထိကျိုးနွံပြီးချစ်ပေးခဲ့တဲ့သူက အခု သူ့ရဲ့လည်ပင်းကို အညှာအတာလုံးဝမရှိဘဲ အားကုန်သုံး တိုက်ခိုက်နေလေသည်။
သူ လုံးဝကိုမယုံကြည်နိုင်သေး ၊ သူမ အခု ဘာလုပ်လိုက်တာလဲ?
သူမ၏ခန္ဓာကိုယ်က အားနည်းလွန်းပြီး အရွယ်ရောက်ပြီးသည့်ယောက်ျားတိုင်းက စိတ်ကြိုက်အနိုင်ကျင့်လို့ရသည်အထိ နူးညံ့လွန်းသည်မဟုတ်လား။သို့သော် ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေခဲ့သည့်အင်အားတစ်ခုက ဤကျောချမ်းဖွယ်အခြေအနေထိရောက်အောင်လုပ်ဖို့ရာ တွန်းအားပေးလိုက်၏။
တဆတ်ဆတ်တုန်နေသည့်သူမ၏လက်နှစ်ဖက်စလုံးကို ချုပ်ကိုင်လိုက်ပြီး နားရွက်ဖျားဆီသို့ တိုးကပ်လိုက်၍
"မင်းက ဒီလိုမျိုးကိုကြိုက်တာလား...ဒါဆို ဒီနေ့ည..ကိုယ်တို့ ဒီလိုပုံစံအတိုင်း ကောင်းကောင်းကုန်ဆုံးကြတာပေါ့.."
"မ....."
သူ၏ခန္ဓာကိုယ်အောက်ရှိသူက တစ်ကိုယ်လုံးရုန်းရင်းဆန်ခတ်ဖြစ်လာကာ နှုတ်ခမ်းပါးက တဖွဖွလှုပ်ခတ်နေပြီး ကျိုးပဲ့အက်ကွဲနေသည့်ဆိုးဆိုးရွာရွားအော်ဟစ်သံတို့က ညတစ်ခွင်ကို ကြောက်လန့်စရာကောင်းအောင်အထိ အဖော်ပြုပေးနေလေ၏။
သို့သော် သိပ်မကြာလိုက်ပါဘဲ သည်းကြီးမည်းကြီးရွာချလာသည့်မိုးစက်သံများနှင့် တချုန်းချုနွးမည်နေသည့်မိုးချိန်းသံများက အရာအားလုံးကိုလွှမ်းမိုးသွားခဲ့ကာ အခြားမည်သည့်အသံမှ မကြားရတော့ပေ...
*******************
~~Zawgyi~~
"ကိုယ်ပါ.."
သူ့ကို မတွေ့ချင်ဘူး!
တစ်ချက်ပြီးတစ်ချက်မြည်နေသည့် တံခါးခေါက်သံက ခန္ဓာကိုယ်ထဲမှဝိဥာဉ်ကိုတောင်းဆိုနေသည့် သရဲတစ်ဆေခေါ်သံအလား နောက်မဆုတ်တမ်းကျယ်လောင်လာလေသည်။
ဒေါက်! ဒေါက်! ဒေါက်!
ဒေါက်! ဒေါက်! ဒေါက်!
>>>>>
"လက်စားချေတာ?"
တမင်သက်သက် အသံကို ဖိနိမ့်လိုက်ပြီး အဓိပ်ပါယျပါပါဆကျပြော၏။
"ကိုယ္ပြောချင်တဲ့အဓိပ္ပါယ်ကို မင်းသဘောပေါက်ပါတယ်.."