သူရဲကောင်း' က မိန်းမလှလေးကိုကယ်တင်ခြင်း
'ကမ္ဘာကြီးတစ်ခုချင်းစီတိုင်းမှာ ကိုယ်စီ ကိုယ်စီ သူ့နတ်ဆိုးနဲ့သူ ရှိကြတာပဲ..ကိုယ့်ကမ္ဘာထဲမှာ ကိုယ်နေသ၍တော့ ဘယ်သူဘယ်ဝါက ကိုယ့်ရဲ့နတ်ဆိုးဆိုတာ သိနေမှာ..ဒါပေမယ့် ကမ္ဘာကြီးရဲ့စည်းကိုကျော်လွန်လိုက်ရင်တော့ ဘယ်သူက နတ်မင်းဖြစ်ပြီး ဘယ်သူက နတ်ဆိုးဆိုတာကို မခွဲနိုင်တော့ဘူး...ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး...ကမ္ဘာကြီးက ကိုယ့်အပေါ်ကို မမျှတတဲ့နည်းလမ်းတွေနဲ့ တရားစီရင်လာလို့ရှိရင် ကိုယ့်ဘက်ကနေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကမ္ဘာကြီးကို ပြန်ပြီး တရားစီရင်ပစ်ရုံပေါ့'
ဝေ့ရှီက ဤစာသားကို မှတ်စုစာအုပ်၏နောက်ဆုံးစာမျက်နှာတွင်ချရေးမှတ်လိုက်၏။ထို့နောက် ခေါင်းကိုမော့ပြီး စာသင်ခန်းရှိ ပရိုဂျက်တာစခရင်ကို ဆက်၍ကြည့်နေလိုက်သည်။
ပရော်ဖက်ဆာက မျက်မှန်ကိုပင့်ကာ လေဆာပွိုင့်ဖြင့် စခရင်ကိုညွှန်ပြရင်း
"ဒါက Michelangelo..အချိန် ခြောက်နှစ်ကြာအောင်ယူပြီး Sistine Chapel ဘုရားကျောင်းအတွက် အပြောင်မြောက်ဆုံးလက်ရာဖြစ်တဲ့ "The Last Judgment" ကိုဆွဲပေးခဲ့တာ...'နောက်ဆုံးသောတရားစီရင်သည့်နေ့'ရယ် Dante's Hell ကို အခြေခံထားတဲ့အတွက်ကြောင့် ဒီနာမည်ကို ပေးထားခဲ့တာ.."

(ပန်းချီဆရာကြီး Michelangelo ဆွဲတဲ့ 'The Last Judgment' ပန်းချီပါ..Sistine Chapel ဘုရားကျောင်းမှာ ဆွဲထားတာပါ ; ခရစ်ယာန်ဘာသာဝင် မဟုတ်တာမို့ အမှားပါရင် ခွင့်လွှတ်ပါ)
ကျောင်းသားအချို့က လက်ကိုမြှောက်ပြီး မေးခွန်းများကိုမေးလာ၏။
"ပရော်ဖက်ဆာ..ကျွန်တော်ကြားဖူးတာ Michelangeloဆရာကြီးက ဒီနံရံဆေးရေးပန်းချီဆွဲတဲ့အချိန်တုန်းက ပန်းချီထဲမှာပါတဲ့ လူပေါင်း ၄၀၀ကျော်လုံး အဝတ်အစားမဲ့တယ်ဆို...ဘာလို့ ဒီပုံပေါ်မှာကျ လူတိုင်းလူတိုင်း 'ကလေးသေးခံဘောင်းဘီ' လို အဝတ်တွေဝတ်ထားကြတာလဲ...ဆရာကြီးကများ နတ်ဘုရားတွေ ပန်းချီကိုမြင်ပြီး အမြင်မသင့်တော်တာမျိုးတွေဖြစ်မှာစိုးလို့ ပြန်ထည့်ပေးလိုက်တာလား"
ပရော်ဖက်ဆာကြီးက ခေါင်းရမ်းကာ သက်ပြင်းချပြီး
"ကလေးရေ...ဒါကို 'loincloth' လို့ခေါ်တယ်..မင်းမှာ ဗဟုသုတမရှိရင်တောင် အပေါ်ယံသိတာမျိုးလေးတော့ရှိရမယ်..အပေါ်ယံသိတာမျိုးမရှိရင်တောင် ကြားဖူးနားဝလေးတော့ရှိရမယ်..ကြားဖူးနားဝစကားမရှိရင်တောင် ပြောမယ့်စကားကိုလှလှလေးရွေးတတ်ရမယ်လေ..ဒီပန်းချီကားကို လူရှေ့ချပြတဲ့အချိန်တုန်းဆိုရင် အငြင်းပွားစရာတွေအများကြီးဖြစ်ခဲ့ကြတာ...လူတချို့က ဒါဟာ ဘုရားရှင်ကိုပြစ်မှားတာလို့ လုံးဝကိုလက်ခံယုံကြည်ခဲ့ကြတာ..Michelangelo လောကကြီးကိုစွန့်ခွာပြီးမကြာလိုက်ပါဘူး..ပုတ်ရဟန်းမင်းကြီးက ပန်းချီထဲလူတွေအားလုံးကို အဝတ်ထပ်ဖြည့်ဖို့ အမိန့်ပေးလိုက်ရော...အဲ့ဒီအဝတ်တွေကိုဖြည့်ပေးတဲ့လူတစ်စုကိုတောင် နောင်လာနောက်သားတွေက 'အတွင်းခံထုတ်လုပ်သူများ' လို့တောင် နာမည်ပေးလိုက်ကြသေးတယ်"
ကျောင်းသားအားလုံးက ပရော်ဖက်ဆာဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည်သွားကြ၏။
'ဤနံရံဆေးရေးပန်းချီ၏ အလယ်တွင်ရှိနေသည့် theme က ဘဝတစ်ခု၏ပြဇာတ်အကြောင်းဖြစ်ကာ ဆိုလိုသည်က လူသားမျိုးနွယ်စုက အထက်ကောင်းကင်နတ်မင်းများကို မျက်ကွယ်ပြုထား၍မရအောင် ကံကြမ္မာစီရင်သတ်မှတ်ထားပြီးဖြစ်ကာ ပြုမိသည့်အပြစ်များအတွက် ကျသင့်ခံရမည့်အပြစ်ဟူ၍လည်းရှိနေမည် သို့သော် အဆုံးတွင် ပြန်လည်ကယ်တင်ခြင်းကိုလည်း ခံရပါလိမ့်မည်'
အတန်းချိန်ဆင်းသည့် ခေါင်းလောင်းမြည်လာပြီဖြစ်ရာ ပရော်ဖက်ဆာက သူ၏ပစ္စည်းပစ္စယများကိုသယ်ပြီး အပြင်သို့ထွက်သွားခဲ့၏။
ဝေ့ရှီက မှတ်စုစာအုပ်များကိုယူပြီး လွယ်အိတ်ထဲသို့ထည့်မည့်အခိုက် ရုတ်တရက် ကျွမ်းးကျင်လှသည့်လက်တစ်စုံက ဖြတ်လုသွား၏။မော့ကြည့်လိုက်လျှင် တစ်ဖက်လူက ကျိုးရှောင်ဖန် ဖြစ်နေ၏။
ကျိုးရှောင်ဖန်၏မျက်နှာတစ်ခုလုံး ပြုံးဖြီးနေကာ
"မမလှလှလေး..ငါ့ကို မှတ်စုတွေငှား...ကျေးဇူးတရားတွေကို ဒီကလေးမလေးက လုံးဝမေ့ပစ်မှာမဟုတ်ပါဘူး.."
ဝေ့ရှီက သူမ၏ပြင်ပြင်ဆင်ဆင်လုပ်ထားသည့်မျက်လုံးများကိုကြည့်လိုက်ရုံဖြင့် ဒီမမလေးကျိုးက ထပ်ပြီး ရည်းစားနှင့် သွားတွေ့တော့မည်ဖြစ်မှန်း သိလိုက်ပါ၏။သက်ပြင်းချကာ မှတ်စုစာအုပ်အသေးလေးကိုထုတ်ပြီး ရေးလိုက်၏။
"စာမေးပွဲနီးနေပြီကို အခုလို လျှောက်သွားနေတုန်းလား..ဒီ ပရော်ဖက်ဆာဝူက 'လူတစ်ထောင်ကိုအသေသတ်နိုင်တယ်' လို့နာမည်ထွက်နေတာကို သူ့ရုံးခန်းအခေါ်ခံရမှာ နင်မကြောက်ဘူးလား.."
ကျိုးရှောင်ဖန်က မျက်နှာတစ်ချက်မဲ့ပြပြီး မှတ်စုစာအုပ်ကို သူမ၏လွယ်အိတ်ထဲသို့လိုက်၍
"နင်က စာကြိုးစားတဲ့သူလေးမှန်း ငါသိတယ်..စာပဲလုပ်နေပြီး ဒီလောက်ကောင်းတဲ့ ရည်းစားလေးကိုတောင်မှ ဘေးပစ်ထားတာလေ...ငါကတော့ မလုပ်နိုင်ပါဘူး...ငါ့ရဲ့ ဟိုလူက တစ်ရက်မတွေ့ရရင် တစ်ရက် နေလို့ထိုင်လို့မကောင်းပါဘူးတဲ့"
ကျိုးရှောင်ဖန်ပြောနေသည့် 'ရည်းစားလေး' က လင်းလော့ချွမ် ကိုဆိုလိုနေခြင်းဖြစ်သည်။ဤကိစ္စအတွက် ဝေ့ရှီက သူမအား အခါခါရှင်းပြဖူးပါသည့်တိုင် တစ်ဖက်လူက မယုံ။ထို့ကြောင့် ဤကိစ္စကိုဆက်ပြီး ရှင်းပြမနေတော့ခြင်းသာဖြစ်၏။
ကျိုးရှောင်ဖန်က အခုတလောတွင် ချမ်းသာကြွယ်ဝသည့်အိမ်တော်တစ်ခုမှ သခင်လေးတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်နေခြင်းဖြစ်သည်။သူမ၏ပြောစကားအရ ထိုလူက ရိုးရိုးသားသားပုံစံမျိုးဖြစ်ကာ မိန်းမတိုင်းနှင့်ဖက်ကင်းတလဲနေတတ်သည့်သူမျိုးမဟုတ်၏။ရင်းနှီးသည့်အချိန်ကာလက တစ်လပင်မပြည့်သေးဘဲ နှစ်ဦးသား အလေးအနက်ကိုချစ်ကျွမ်းဝင်သွားကြခြင်းဖြစ်၏။
ဝေ့ရှီက ဗေဒင်ဟောပြောရလောက်တော့မည်အထိ ထို'သခင်လေး'များအကြောင်းကို နှောကျေနေပြီဖြစ်ကာ မိသားစုချမ်းသာကြွယ်မှုနည်းနည်းလေးရှိရုံနှင့်ပင် ကျောင်းသူလှလှပပလေးများကို လိုက်ပိုးပန်းတတ်သည့်အကျင့်က ပါလာပြီးဖြစ်သည်။ကျောင်းတံခါးပေါက်ရှေ့ ချောင်းပေါက်မတတ်ရောက်လာတတ်ပြီး 'ချင်းဟွိုက် မီးရှူးမီးပန်းဖောက်ရာကွင်းပြင်'လို သတ်မှတ်၍ ကိုယ့်ကိုကိုယ် အမွန်းတင် ၊ နိုင်ငံကျော်မင်းသားစတိုင်မျိုးဖမ်းပြီး အဆုံးမရှိ ရိုမန့်တစ်လာဆန်ပြနေမည်ဖြစ်သည်။
သို့သော် ကျိုးရှောင်ဖန်၏ကောင်လေးကို တစ်ခါမှမတွေ့ဖူးသေးသည်ဖြစ်ရာ အကြောင်းမသိဘဲ ဝေဖန်ထောက်ပြဖို့ရာ မဖြစ်နိုင်သေး၏။
စာရွက်ပေါ်တွင်ချရေးလိုက်၏။
"နင့်စိတ်ထဲမှာ နားလည်ထားရမယ့်ဟာတွေရှိတယ်နော်..သူများက မိသားစုနောက်ခံရှိတဲ့သူ..သူ့အနာဂတ်အတွက် သူစိတ်ပူစရာမလိုဘူး...နင့်ဘက်ကကျတော့ သူနဲ့နေ့တိုင်း ဒီလို သွားလည်နေမယ်ဆိုရင် နင့်ကျောင်းစာတွေ နောက်ကျကုန်လိမ့်မယ်...နားလည်တယ်မလား.."
ကျိုးရှောင်ဖန်ဆိုသည်မှာကား လောကဓံကိုနားမလည်ဖူးသေးသော ပျော်စရာများနောက်သို့ မျက်လုံးစုံမှိတ်ပြီး လိုက်နေတတ်သည့် ခပ်အအ ကောင်မလေးသာ
"နောက်ကျတော့ရော ဘာဖြစ်သွားမှာမလို့လဲ..မကြားဖူးဘူးလား မိန်းကလေးတွေရဲ့အကောင်းမွန်ဆုံးလုပ်ရပ်တစ်ခုက ကောင်းကောင်းမွန်မွန်လက်ထပ်လိုက်ရတာတဲ့...ငါ့မှာ အခုလို အိမ်ရှိကားရှိ ရုပ်ရှိရေရှိ 'ရှိ ၄ ရှိ' နဲ့ပြည့်စုံတဲ့သူကို မနည်းတွေ့အောင်ရှာထားရတာ..သူ့ကိုအမိဆွဲထားနိုင်မယ့် အခွင့်အရေးကိုလက်လွှတ်ခံရမှာလား?...သူနဲ့သာ လက်ထပ်နိုင်ရင် အဲ့ဒီအနာဂတ်ဆိုတာအတွက် စိတ်ပူစရာမလိုတော့ဘူးလေ...မမလေးဂုဏ်ပုဒ်ကို ယူပြီး အပူအပင်ကင်းကင်းနေရုံပဲ"
ထိုစကားကြားပြီးနောက် ဝေ့ရှီတစ်ယောက် သက်ပြင်းသာချလိုက်တော့သည်။ ဘယ်လိုများ အဲ့လောက်ထိ လွယ်ကူပါ့မလဲ? လက်ရှိခေါတ်ကာလ ယောက်ျားတွေက တစ်စထက်တစ်စ ဥာဏ်ပြေးလာကြပြီဖြစ်ကာ တစ်ခွန်းထက်ပိုမပြော တစ်လှမ်းထက်ပိုမလှမ်းဘဲ အရှုံးအမြတ်ကိုတွက်ချက်တတ်ကြပြီး ကတိစကားပေးရန် ကြောက်တတ်ကြသူများသာ။ ကိုယ့်ဘက်က သူ့ကို ခန့်မှန်းတွက်ချက်နေလျှင် သူ့ဘက်ကလည်း ကိုယ့်ကို ခန့်မှန်းတွက်ချက်နေမည်ဖြစ်သည်။ မည်သည့်ထက်မြက်သည့်ယောက်ျားတစ်ဦးတစ်ယောက်ကမှ သူ့အား ကပ်ပါးကောင်လိုတွယ်ကပ်နေမည့် ဇနီးမယားကို မလိုချင်၊ ကိုယ့်စိတ်ကို သူ နားလည်လေ သူ၏နှလုံးသားအတွင်းမှကို အထင်အမြင်သေးလေဖြစ်သည်။ တစ်လှမ်းစာနောက်ဆုတ်ပြီးပြောရလျှင် ထိုလူက ကိုယ့်အား ကပ်တွယ်ခွင့်ပေးခဲ့လျှင်တောင်မှ နေ့တိုင်းအခြားသူ၏မျက်နှာကို ကြည့်ပြီးနေနေရသည်က ဘယ်လိုများ လွယ်ကူပါ့မည်နည်း။
အမျိုးသမီး ဆိုသည်မှာ အားနည်းလာလေ ကိုယ့်ကိုကိုယ်ပိုပြီး အားကိုးသင့်လေဖြစ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ထားမှသာ အခြားသူကလည်း တလေးတစားအဖြစ်ဆက်ဆံမည်။ ဤစကားလုံးများက ရိုးရှင်းလှသည့်အမှန်တရားဖြစ်သော်လည်း ပတ်ဝန်းကျင်အတွင်း ပို၍ခြေဆန့်လေ ပို၍ရှုပ်ထွေးလာသောသဘောတရားလည်းဖြစ်နေပြန်၏။
ယောက်ျားတစ်ယောက် ပိုက်ဆံရှိရင် ဟိတ်ဟန်များသလို မိန်းကလေးတစ်ယောက်တွင်လည်း သူ့တန်ဖိုးနှင့်သူ။ကိုယ်ကျင့်တရားနှင့်အရှက်တရား ကျဆင်းလာရခြင်းအပေါ် လူသားများအနေဖြင့် အကျင့်တစ်ခုလိုဖြစ်လာပြီး တဖြည်းဖြည်း ဖြစ်ရိုးဖြစ်စဥ်တစ်ခုလိုအထိပါ တွေးလာကြလေ၏။အကျိုးဆက်အနေဖြင့်ပြောရလျှင် ကျိုးရှောင်ဖန်ကဲ့သို့ ရိုးသားပြီးဖြူစင်သူတစ်ယောက်ပင် ချမ်းသားသည့်အမျိုးသားတစ်ဦးကို လက်ထပ်ဖို့အတွက်သာ တွေးလိုက်ပြီး ကျန်ရှိနေသေးသည့်ဘဝတစ်လျှောက်လုံးစာလည်း အပူအပင်ကင်းမည်ဟုပါ တွေးလိုက်သည်အထိ။
နှစ်ယောက်သား စာကြည့်ခန်းအတွင်းမှထွက်လာကြလာရာ လမ်းတစ်လျှောက်လုံး ကျိုးရှောင်ဖန်က မနားမနေကိုစကားပြောနေခဲ့သည်။သူမက တက်တက်ကြွကြွနေတတ်သူတစ်ဦးဖြစ်ကာ ယခင်ကတည်းကလည်း ဝေ့ရှီနှင့်ဆင်ဆံရေးအလွန်ကောင်းခဲ့သူဖြစ်သည်။ လက်ရှိအချိန်တွင်တော့ လွန်ခဲ့သည့်ခြောက်လက 'လုယက်မှု' ကြောင့် မသေရုံတမယ်လွှတ်လာပြီး စကားမပြောနိုင်တော့သည့်ဝေ့ရှီကိုကြည့်ပြီး ပို၍ပင် ဂရုတစိုက်ရှိလာတော့၏။နှစ်ယောက်သား ကျောင်းဝင်းအတွင်းရှိနေသည့်အချိန်အားလုံး ခွဲမရအောင် ပူးကပ်နေကြလေသည်။
ကျောင်းဂိတ်ပေါက်ဝသို့ ရောက်လျှင်ရောက်ခြင်း ကားထဲတွင်ထိုင်စောင့်နေသည့် ကျိုးရှောင်ဖန်၏ကောင်လေးကို တွေ့လိုက်ရ၏။
ဤလူကို ဝေ့ရှီ ပထမဆုံးမြင်ဖူးခြင်းဖြစ်ရာ သားသားနားနားsuit ကိုဝတ်စားထားပြီး ရုပ်ရည်လည်းအသင့်အတင့်ကြည့်ကောင်းသည့်အထဲပါ၏။မျက်ဝန်းတစ်စုံတည်းကသာ ပျင်းတိပျင်းရွဲဟန်ပေါက်နေလေ၏။
"ရှောင်ဖန်...ဒီအလှလေးကို ကိုယ်နဲ့မမိတ်ဆက်ပေးတော့ဘူးလား.."
ထိုလူက သူ၏ကောင်မလေးပုခုံးပေါ်သို့ လက်တင်ပွေ့ဖက်ပြီး ခပ်ပြုံးပြုံးဆိုလာခဲ့၏။
"ဝေ့ရှီ...ဒါက ငါ့ကောင်လေး..'ရွှယ်ခိုင်'.."
ကျိုးရှောင်ဖန်၏စကားပင်မဆုံးသေး ထိုလူက ဖြတ်၍ဝင်ပြောလာ၏။
"မင်းက လုဝေ့ရှီ လား...ရှောင်ဖန်ဆီက မင်းအကြောင်းတွေ ခဏခဏကြားဖူးတယ်..စာတော်ပြီး ချောလည်းချော လှလည်းလှ မင်းတို့ဌာနမှာ နာမည်အကြီးဆုံးမိန်းကလေးတဲ့...အပြင်မှာတွေ့လိုက်ရတော့ နာမည်ကြီးနေတာတွေက အပြောသက်သက်မဟုတ်ဘူးဆိုတာကို လက်ခံလိုက်ရပြီ..."
ဝေ့ရှီက မျက်နှာထက်တွင် ခပ်ဖွဖွပြုံးပြရင်း စိတ်ထဲတွင်လည်းရေရွတ်လိုက်၏။
'နင်ကတော့ ကြားထားတွေနဲ့ တစ်ခုမှမတူဘူး..တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီကောင်က ပြီတီတီမျက်နှာပေးနဲ့ကောင်မှန်းသိသာနေတာကို ရှောင်ဖန်က မရိပ်မိဘူးလား?'
"ဖိတ်ခေါ်ပြီးမှတွေ့တာထက် အမှတ်မထင်တွေ့ရတာက ပိုအဓိပ္ပါယ်ရှိတယ်တဲ့...ဒီနေ့ ကျွန်တော် ဒကာခံပါ့မယ်..တိတ်ဆိတ်တဲ့နေရာတစ်ခုသွားပြီး လက်ဖက်ရည်သောက်ကြရင်ရော ဘယ်လိုလဲ?.."
ကျိုးရှောင်ဖန်က သဘောတကျကိုလက်ခံလာလေ၏။ဝေ့ရှီက မလိုက်ချင်သော်လည်း ရွှယ်ခိုင်က အမိအရကိုဖိတ်နေကာ ရှောင်ဖန်၏မျက်နှာကိုလည်းထောက်ရဦးမည်လည်းဖြစ်၍ မတတ်သာသည့်အဆုံး လိုက်လာရတော့၏။
ရွှယ်ခိုင်က 'ပန်းလုံထျန်းဖု'ဆိုသည့် မြို့တော်၏ အထက်တန်းစားအဆင့်မြင့်စားသောက်ဆိုင်ဆီသို့ ခေါ်လာခဲ့သည်။ဝေ့ရှီက မျက်နှာရှိအသိုင်းအဝိုင်းများလာတတ်သည့်နေရာများနှင့်ရင်းနှီးသော်လည်း ဤစားသောက်ဆိုင်ကိုတော့ ပထမဆုံးလာဖူးခြင်းဖြစ်သည်။ကြားဖူးသည်က မြို့တော်ထဲရှိအထက်တန်းလွှာအားလုံး ဤစားသောက်ဆိုင်တွင် ညစာစားတတ်ကြကာ အပြင်အဆင်နှင့်ဝန်ဆောင်မှုများကလည်း စကားစမြည်ပြောဆိုဖို့ရာအတွက် နေရာကောင်းတစ်ခုဟု ဆိုကြသည်။
စိတ်ထဲ၌ အလိုလို မသက်မသာဖြစ်လာရ၏။သုံးယောက်တည်း စားသောက်ကြမည်ဖြစ်ကာ အရမ်းကြီးကျယ်ခမ်းနားနေဖို့ရာ လိုအပ်ပါသလား?။
Private room တစ်ခုထဲသို့ဝင်သွားပြီးနောက် အထဲတွင် ပျော်ပျော်ပါးပါးစည်ကားနေသည့်လူအုပ်ကြီးတွေ့လိုက်၏။ယောက်ျားမိန်းမ အစုံစုံရှိပြီး အသက်အရွယ်အားဖြင့် ၂၀ကျော် ၃၀ဝန်းကျင်များသာဖြစ်သည်။ယောက်ျားတိုင်းက Suit ကိုဝတ်စားထားပြီး မိန်းကလေးတိုင်းကလည်း တောက်တောက်ပပကိုပြင်ဆင်ထားကြ၏။
ကျိုးရှောင်ဖန်က သူမ၏ကောင်လေးကို နားမလည်သလိုမော့ကြည့်လိုက်လျှင် ထိုလူက ပုခုံးကိုအသာအယာပွတ်ပေးရင်း
"မကြောက်နဲ့...အားလုံးက ကိုယ့်သူငယ်ချင်းတွေ...ကိုယ်စီ သူတို့ကောင်မလေးတွေခေါ်လာပြီး..လူစုနေကြတာ"
ရွယ်ခိုင်၏သူငယ်ချင်းဆိုကတည်းက သေချာပေါက် ကြွယ်ဝသည့်မိသားစုများမှ လာသည့်သူများပင်ဖြစ်မည်။ကျိုးရှောင်ဖန်က ယခုလိုတစ်ခါမှမကြုံရသေးသူဖြစ်ကာ အချိန်အကြာကြီးမှင်သေနေလေ၏။
"ကိုယ် မင်းကို အလေးထားမလို့ ဒီနေရာထိခေါ်လာတာလေ...ရေလိုက်ငါးလိုက်လေးနေပေးနော် ကိုယ့်ကိုမျက်နှာမပျက်စေနဲ့.."
ချက်ချင်းကို ခေါင်းငြိမ့်ပြပြီး ဝေ့ရှီကိုဆွဲခေါ်သွား၏။လှလှပပဝတ်စားထားသည့်မိန်းကလေးများကလည်း သူတို့အား ဝင်ထိုင်ကြရန် နွေးနွေးထွေးထွေးဖိတ်ခေါ်ကာ စကားလည်းပြောရင်း ဝိုင်များပါ ငှဲ့ပေးလာ၏။
ရွှယ်ခိုင်က သူတို့အား အခန်းထဲရှိသူအားလုံးနှင့်မိတ်ဆက်ပေးကာ တစ်ယောက်ချင်းစီတိုင်းကလည်း ကိုယ်စီမိတ်ဆက်ကြကာ တစ်ယောက်ပြီးတစ်ယောက် အရက်ခွက်ကိုမြှောက်ကြ၏။
ကျိုးရှောင်ဖန်က ချက်ချင်းဆိုသလိုဝင်ပြောလာ၏။
"သူ့မှာ Asthma ရှိတာမလို့ အရက်သောက်လို့မရဘူး..ကျွန်မကပဲ သူ့အစားသောက်ပေးမယ်.."
ထိုစကားထွက်လာပြီးသည်နှင့် အရက်ခွက်များအားလုံး သူမဆီသို့သာ ဦးတည်ကြလေ၏။သနားစရာကောင်းသည့်ကျိုးရှောင်ဖန်လို ကျောင်းမပြီးသေးသည့်ကောင်မလေးတစ်ယောက်က သူတို့၏ပြိုင်ဖက်လည်းမဟုတ်သလို ငြင်းဆန်လို့လည်းမရ အပြစ်လည်းပြုမိလို့မရသည့်အခြေအနေတွင်ရောက်နေလေ၏။သို့သော် သုံးလေးကြိမ်မျှ သောက်ပြီးချိန်၌ ထိုလူများအားလုံးကြောင့် မျက်နှာရဲရဲနီနေပြီဖြစ်ကာ ခေါင်းပင်ထောင်မလာနိုင်တော့ပေ။
ရွှယ်ခိုင်က ဤအခြေအနေကိုလုံးဝဂရုမစိုက်သည့်အလား ခြေထောက်နှစ်ဖက်ကိုချိတ်ထိုင်နေပြီး ဘေးနားတွင်ထိုင်နေသည့်ကောင်မလေးနားကပ်ကာ တဟီးဟီးတဟားဟားလုပ်နေလေ၏။အခြားသောယောက်ျားမိန်းမအစုံစုံတို့ကလည်း အချင်းချင်းစကားစမြည်ပြောပြီး ရယ်နေကြသည်သာဖြစ်၏။
တစ်စုံတစ်ရာက မူမမှန်ဖြစ်နေမှန်း အစကတည်းကခံစားမိနေပြီးဖြစ်ကာ ဤလူတစ်စု၏ပုံစံနှင့်အခြေအနေများက သူငယ်ချင်းများလူစုကြသည်နှင့်မတူဘဲ ပါတီတစ်ခုလုပ်နေကြသလိုပင်။ကျိုးရှောင်ဖန်၏အကျီစကို စားပွဲခုံအောက်မှလှမ်းဆွဲကြည့်သော်လည်း ဒီကောင်မလေးက ရွှယ်ခိုင်နှင့်အလုပ်ရှုပ်နေသည်ဖြစ်ရာ သူမကို အရေးမစိုက်အား။
ဝေ့ရှီက သန့်စင်ခန်းဝင်ရန်အကြောင်းပြပြီး မတ်တပ်ထရပ်လိုက်လျှင် ရွှယ်ခိုင်က ချက်ချင်းတုန့်ပြန်လာခဲ့၏။
"အလှလေး..ဒီအခန်းထဲမှာ သန့်စင်ခန်းရှိတယ်..အပြင်ဘက်ထိသွားစရာမလိုဘူး.."
ရွှယ်ခိုင်က အခန်းအတွင်းရှိ တံခါးတစ်ခုဆီသို့ ညွှန်ပြလာ၏။
ဝေ့ရှီက ခပ်ရေးရေးပြုံးပြပြီး လွယ်အိတ်ကိုယူကာ သန့်စင်ခန်းအတွင်းဝင်ပြီး တံခါးလော့ခ်ချလိုက်၏။ထို့နောက် လွယ်အိတ်အတွင်းမှ ဖုန်းကိုထုတ်ပြီး အကူအညီရရန် တစ်ယောက်ယောက်ကိုခေါ်ဖို့ရာ ပြင်လိုက်၏။
သို့သော် သန့်စင်ခန်းအတွင်း ဖုန်းလိုင်းမမိ ၊ ရုတ်တရက်ထူပူသွားပြီး ဖုန်းကိုကိုင်ကာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး ဖုန်းလိုင်းရှာကြည့်လိုက်၏။
ဒေါက်! ဒေါက်! ဒေါက်!
တစ်ယောက်ယောက်က အပြင်ဘက်မှတံခါးခေါက်လာပြီး
"မိန်းကလေးလု အဆင်ပြေရဲ့လား...သခင်လေးရွှယ်ရဲ့ကောင်မလေးက အသောက်များသွားပြီး မင်းကိုမေးနေတာမလို့ ကျွန်မ တစ်ချက်လာကြည့်ပေးတာပါ.."
ဝေ့ရှီက သူငယ်ချင်းရှောင်ဖန်အတွက် စိုးရိမ်ပေးရဦးမည်ဖြစ်ကာ ဤနေရာတွင် တစ်ယောက်တည်းထားခဲ့လို့လည်းမဖြစ်။ရေပိုက်ကိုဖွင့်ကာ လက်ဆေးလိုက်ပြီးနောက် အပြင်ဘက်သို့ထွက်လာခဲ့၏။
တံခါးလာခေါက်သည့်မိန်းကလေးက သူမအား စားပွဲဆီသို့ အလောတကြီးပြန်ဆွဲခေါ်သွားကာ သစ်သီးဖျော်ရည်တစ်ခွက်ငှဲ့ပြီး အရှေ့တိုးပေးလာ၏။
"မိန်းကလေးလု..အရက်မသောက်နိုင်ရင်တောင် သစ်သီးဖျော်ရည်လေးဖြစ်ဖြစ်သောက်ပါလား.."
ငှဲ့ပေးလာသည့်ပုလင်းက အဖုံးဖွင့်ထားပြီးမှန်း ဝေ့ရှီသတိထားလိုက်၏။စိတ်ထဲတွင်လည်း ဤ 'ဒုတိယမျိုးဆက်' လူတစ်စုက ပိုက်ဆံကိုရေလိုဖြုန်းပြီး အများစု ဥပဒေမကြောက်ရဲမကြောက် ရိုင်းစိုင်းတတ်ကြသူများဖြစ်ကာ သောက်စရာထဲဆေးတစ်ခုခုခတ်တတ်သည်ကလည်း သူတို့၏အကျင့်တစ်ခုပင်ဖြစ်၏။
(ဒုတိယမျိုးဆက်ရဲ့ဆိုလိုရင်းက ဥပမာပေးရရင် အဖေအမေရဲ့ပစ္စည်းဥစ္စာကို လက်ရှိထိုင်သုံးနေတဲ့သူ 'သူဌေးသား သူဌေးသမီး' လိုမျိုးပေါ့..ကိုယ်တိုင် အလုပ်လုပ်တာမျိုးမရှိသေးတဲ့သူတွေကို သုံးနှုန်းတာ)
ထို့အပြင် ထိုမိန်းကလေး၏ လောလောပြာပြာဖြစ်နေသည့်အမူအရာကိုကြည့်ပြီး ဝေ့ရှီက တစ်ငုံစာသောက်လိုက်ကာ မျိုမချဘဲ ပါးစပ်ထဲငုံထားလိုက်၏။ပါးစပ်ကို လက်ကိုင်ပုဝါဖြင့်သုတ်ဟန်ပြုရင်း သတိမထားမိသည့်အချိန်အတွင်း အမြန်ထွေးထုတ်လိုက်၏။
ကျိုးရှောင်ဖန်က အတော်လေးမူးနေပြီဖြစ်ကာ ဆိုဖာပေါ်လျော့တိလျော့ရဲမှီထားပြီး နီရဲနေသည့်မျက်နှာ ရီဝေနေသည့်မျက်လုံးများနှင့် ထပ်မသောက်ခိုင်းတော့ရန် ပါးစပ်မှရေရွတ်နေ၏။ထိုလူတစ်စုက အဘယ်သို့များလွယ်လွယ်ကူကူလက်လျော့မည်နည်း သေတဲ့အထိ မရမကလုပ်ချင်နေကြသည့်လူတစ်စုပင် မဟုတ်လား။ရွှယ်ခိုင်က ဘေးဘက်တွင် မိန်းကလေးတစ်ယောက်ကိုဖက်ထားရင် သဘောတကျကိုကြည့်နေလေသည်။
ဝေ့ရှီစိတ်ထဲ ရုတ်ချည်းဆိုသလို မကြည်မလင်ဖြစ်သွား၏။ဘာကို ရည်းစားချစ်သူတွေ လုပ်နေသေးတာလဲ ဒီအမှိုက်သရိုက်ကောင်က အပျင်းပြေသဘောမျိုးနဲ့ ငတုံးမ ရှောင်ဖန်ကို ကစားနေတာမဟုတ်ဘူးလား။လက်ရှိအခြေအနေက လူကိုလိမ်ခေါ်လာပြီး သူ့သူငယ်ချင်းတစ်သိုက်နဲ့ဖြစ်ချင်သလိုဖြစ်ဆိုပြီး ကြည့်နေတာမဟုတ်လား။
သို့သော် ဒေါသထွက်နေလည်း ယခုအချိန်တွင် အသုံးဝင်မည်မဟုတ်။အရင်ဆုံး ဖြေရှင်းရမယ့်ပြဿနာက ဒီအရူးမကို ဘယ်လိုထမ်းပြီး ပြန်ရမလဲဆိုသည့်အချက်ပင်။ ဘယ်လိုနည်းလမ်းဖြင့် ထွက်သွားရမည့်အစီအစဥ်များကိုစဥ်းစားနေသည့်အခိုက် ရုတ်တရက် လက်တစ်ဖက်က သူမ၏ပုခုံးပေါ်သို့ တင်လာခဲ့၏။
"အလှလေး..ဒီလောက်ကြီးထိ တည်ငြိမ်မနေပါနဲ့...လာပါ..ကျွန်တော်နဲ့အတူ သောက်ရအောင်.."
ထိုယောက်ျားက ပြောနေရင်း အရက်မူးနေသည့်မျက်နှာတစ်ခုလုံးကလည်း အနားသို့ကပ်လာခဲ့သည်။
ဝေ့ရှီက လက်ဖြင့်ကာလိုက်သဖြင့် ဖန်ခွက်အပြည့်အနီရောင်အရည်များက ထိုလူ၏ ဘောင်းဘီပေါ်သို့ လောင်းချသလိုဖြစ်သွားခဲ့၏။ထိုလူ၏မျက်နှာက ချက်ချင်းလက်ငင်းပြောင်းသွားပြီး ဘောင်းဘီပေါ်ရှိ အရည်များကို အလောတကြီးခါထုတ်ကာ အော်ကြီးဟစ်ကျယ်အော်ပြောလာ၏။
"ဘောင်းဘီတစ်ခုလုံး စိုရွဲကုန်ပြီ...မင်း ဘာဖြစ်နေတာလဲဟ.."
ဘေးနားတွင်ထိုင်နေသည့်လူက တဟားဟားရယ်ရင်း
"ဘာတွေ ဒေါသထွက်နေတာလဲဟ...ရှောင်ကျယ်ကျယ်ကို လန့်သွားအောင်မလုပ်နဲ့လေ"
ထို့နောက် မျက်စပစ်ပြ၏။
ထိုလူက ချက်ချင်းသဘောပေါက်သွားပြီး သရေတများများဖြစ်လာသည့်မျက်နှာက နောက်တစ်ကြိမ်ရှေ့တိုးလာကာ ဝေ့ရှီ၏လက်မောင်းတစ်လျှောက်ပွေ့ဖက်ပြီး ထိုဝိုင်ခွက်ကို အလျော်အစားအဖြစ် အတင်းအကြပ်သောက်ခိုင်းလာ၏။
ဝေ့ရှီက တွန်းထုတ်ပြီး အကြိမ်ကြိမ်ခေါင်းရှောင်နေသည့်တိုင် တစ်ဖက်လူက မရပ်တန့်၊ သူမ၏မေးဖျားကိုပါဆုတ်ကိုင်ပြီး လောင်းထည့်ဖို့ပြင်လေသည်။ထိုအခိုက် အသံကျယ်ကြီးတစ်ခုနှင့်အတူ Private room အခန်းတံခါးက စောင့်ကန်ခံရပြီး ပွင့်ထွက်လာ၏။
ပထမဆုံးခုံတွင်ထိုင်နေသည့်သူက ချက်ချင်းမတ်တပ်ထရပ်ကာ အတင်းဝင်ရောက်လာသည့်သူကို တိုက်ခိုက်ဖို့ရာပြင်လိုက်၏။သို့သော် ရုတ်တရက် ကြောင်အသွားလေ၏။ထို့နောက် အခန်းထဲရှိလူများအားလုံး လှုပ်ရှားမှုများရပ်တန့်၍ ကြောင်အကုန်ကာ မည်သူကမျှ သတိမပေးပါဘဲ အားလုံးမတ်တပ်ထရပ်ကြလေသည်။
အလွန်အရက်မူးပြီး ဘာမှမသိတော့သည့်သူနှင့် ကြောက်လန့်ပြီးချိတုံချတုံဖြစ်နေသည့်သူ နှစ်ယောက်ကလွဲ၍...
ပထမဆုံးခုံမှလူ၏ မျက်နှာက အခြားပုံစံတစ်ခုသို့ပြောင်းနှင့်နေပြီးဖြစ်ကာ ပါးစပ်နားရွက်တပ်ချိတ်အောင်ပြုံးနေရင်း
"လင်းရှု့..လက်စသတ်တော့ အစ်ကိုလည်း ဒီရောက်နေတာလား"
(လင်းရှု့ = ဦးလေးလင်း 🥲)
လင်းလော့ချွမ်က ဝေ့ရှီကိုတစ်ချက်လှမ်းကြည့်လိုက်သည်နှင့် အနောက်ဘက်တွင်ရှိနေသည့်သူက အလိုက်သတိ ဝေ့ရှီဘေးနားတွင် ခုံတစ်ခုံအမြန်ဆွဲယူပြီး နေရာချပေးလိုက်၏။နေရာတွင်ဝင်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမဆိုသေး၊ စီးကရက်တစ်လိပ်ကိုထုတ်ပြီး နှုတ်ခမ်းကြားတွင် ထိန်းကိုက်ထားလိုက်၏။ချက်ချင်းဆိုသလို တစ်ယောက်ယောက်က အနားသို့ကပ်လာကာ စီးကရက်ကို မီးညှိပေးလိုက်သည်။
စီးကရက်ငွေ့များ တစ်ချက်မှုတ်ထုတ်ပြီး လင်းလော့ချွမ်က ထိုင်ခုံနောက်သို့မှီလိုက်ကာ အခြားသူများကို ဂရုမစိုက် ဝေ့ရှီကိုလည်းမကြည့် မည်သူ့ကိုမှလည်း ထိုင်ဖို့အချက်မပြပေ။အခန်းအတွင်းရှိ သားသားနားနားဝတ်စားယောက်ျားမိန်းမတို့က နေရာတွင်ရပ်နေကြ၍ 'သူ့ကို ကိုယ်ကြည့် ကိုယ့်ကိုသူ့ကြည့်'သာ လုပ်နေပြီး အသံတစ်စ စကားတစ်ခွန်းပင် ထွက်မလာကြ၏။
ယခင်က ဤသခင်လေး၏ ဂုဏ်ပုဒ်မျိုးစုံကိုကြားဖူးခဲ့သော်လည်း ယနေ့တွင်တော့ ဝေ့ရှီတစ်ယောက် မျက်ဝါးထင်ထင်မြင်နေရပြီဖြစ်သည်။ဤလင်းလော့ချွမ်က ရွမ်ရှောက်နန်ထက်ပင် အသက်ငယ်သည်မဟုတ်လား ဘယ်လိုများ ဒီလူတစ်စုက သူ့ကို အသက်ကြီးကြီးလူတစ်ယောက်လို ရိုသေပြနေကြပါသနည်း။
'တောင်တန်းကြီး ဘယ်လောက်မြင့်မြင့် နေမင်းကြီးကို မမှီ' ဆိုသည့် ဆိုရိုးစကားက တကယ်ဖြစ်နေပုံရသည်။ ပိုက်ဆံရှိရုံ အာဏာရှိရုံနှင့်မရသေး နေရာတိုင်း အချိန်တိုင်း စိတ်ကြိုက်ခြယ်လှယ်နိုင်သည့် နောက်ခံအင်အားမျိုးရှိရန် လိုပါသေးသည်။
စီးကရက်တစ်ဝက်နီးပါးကျိုးလာသည့်အချိန်မှ လင်းလော့ချွမ်ကတစ်ဖက်သို့လှည့်ပြီး စားပွဲပေါ်ရှိဝေ့ရှီ၏ သစ်သီးဖျော်ရည်ခွက်ကိုကောက်ယူကာ မော့သောက်ရန်ပြင်လိုက်၏။
တစ်ယောက်ယောက်က ရုတ်တရက်အော်ဟစ်လာလေ၏။
"လင်းရှု့.."
လင်းလော့ချွမ်က နားလည်လိုက်သည့်ဟန်ဖြင့် ဖန်ခွက်ကို ဘေးသို့ချလိုက်ကာ ရှည်လျားပြီးကော့ညွှတ်နေသည့် ဇာမဏီမျက်ဝန်းများက တဖြည်းဖြည်းပြုံးယောင်သန်းလာခဲ့၏။ဘေးနားရှိသူကို ရင်ခွင်ထဲသို့ဆွဲထည့်လိုက်ပြီး နှုတ်ခမ်းတွန့်မယောင်ပြုံးကာ
"ရှောင်ပေါင်ပေ့...ဒီနေရာလာမယ့်အကြောင်း ဘာလို့ ကိုယ့်ကိုမပြောပြထားတာလဲ"
ဤစကားအဆုံးတွင် ရွှယ်ခိုင်က ကြမ်းပြင်ပေါ်ပြုတ်ကျမတတ် ထိတ်လန့်သွားခဲ့၏။
ဝေ့ရှီက သူ၏မျက်နှာကို မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေမိ၏။ဤလူက မျက်နှာထက်တွင်တပြုံးပြုံးလုပ်နေတတ်သော်လည်း နောက်ဘက်တွင် ဓါးတစ်ချောင်းအသင့်ပြင်ထားသည့်သူမျိုး၊ စိတ်လိုလက်ရပြုံးပြလေ ပိုအားကောင်းသည့်လှည့်ကွက်များကို ထုတ်သုံးလေဖြစ်ရာ သူမအနေဖြင့် သူနှင့်အရောမဝင်မနေရဲပေ။သို့သော် ယခုအချိန်တွင် ရှောင်ဖန်နှင့်သူမအတွက် ကယ်တင်ရှင်ကလည်း သူတစ်ယောက်တည်းသာရှိနေသည့်အတွက် အလိုက်အလျောက်နေလိုက်ရမည်သာ ဖြစ်သည်။
အဆုံးတွင် သူ၏စိတ်လိုလက်ရအပြုံးများက အခန်းထဲမှလူများအဖို့ လုံလောက်သွားခဲ့ပြီဖြစ်ရာ သူမအားဆွဲလားရမ်းလားလုပ်ပြီးအရက်အတင်းတိုက်ခဲ့သည့်သူက သူခြေထောက်သူမနိုင်တော့သည့်အထိ ဆိုးဆိုးရွားရွားယိုင်နဲ့နေလေပြီဖြစ်သည်။
သူတို့နှစ်ယောက်ကြားမှ အခြေအနေကိုကြည့်ပြီး ပထမဆုံးခုံရှိသူက ချက်ချင်းဆိုလာတော့၏။
"လက်စသတ်တော့ မိန်းကလေးလုက လင်းရှု့ရဲ့ကောင်မလေးကိုး...လင်းရှု့ရဲ့ အမြင်က အရမ်းကောင်းတာပဲဗျာ..မိန်းကလေးလုလို ထူးထူးခြားခြားကိုလှပြီးကျက်သရေရှိတဲ့သူကပဲ လင်းရှု့နဲ့ လိုက်ဖက်တာ..."
လင်းလော့ချွမ်က ထိုစကားကိုကြားပြီးနောက် မျက်ခုံးတစ်ချက်တွန့်ကာ ခနဲ့တဲ့တဲ့ရယ်လိုက်၍
"ငါ မင်းကိုမမေးသေးဘူး..ဘာမှ လာရွတ်ပြမနေနဲ့..ငါ့လူကိုများ မင်းတို့နဲ့အရက်အတူသောက်ခိုင်းရဲတယ်...ဟား...တော်တော်ကြီးတဲ့ မျက်နှာတွေ...နောက်ကွယ်မှာကြံစည်ထားတဲ့ကိစ္စတွေကို ငါမသိဘူးလို့များ ထင်နေတာလား.."
ဤ 'ဒုတိယမျိုးဆက်'များက လောကကြီးကိုအမှန်တကယ် မထိတွေ့ဖူးကြသေးသည့်သူများဖြစ်ကာ အစစ်အမှန် 'အင်အားကြီးသည့်သခင်လေး' နှင့်ထိပ်တိုက်ရင်ဆိုင်ရချိန်တွင်တော့ အသံမထွက်ရဲလောက်သည်အထိ ပါးစပ်စေ့စေ့ပိတ်ထားကြလေ၏။အခန်းတစ်ခုလုံး ကျိုးရှောင်ဖန်အိပ်ပျော်ပြီးဝူးဝူးဝါးဝါးလုပ်နေသည့်အသံမှလွဲ၍ အခြားမည်သည့် အသံဟူ၍မျှ မရှိပေ။
လင်းလော့ချွမ်အနောက်သို့လိုက်လာသည့်သူက ဝိတ်တာကိုခေါ်ပြီး ခွက်အသစ်တစ်ခွက်လဲပြီး ဖျော်ရည်ထပ်ငှဲ့ပေးရန် စေခိုင်းလိုက်၏။လင်းလော့ချွမ်က ထိုခွက်ကိုပါ ဘေးတစ်ဖက်သို့ပို့ထားပြီး ရင်ခွင်ထဲရောက်နေသည့်သူကို ငုံ့ကြည့်၍
"ဟိုခွက်ထဲက ဖျော်ရည်တွေကို မင်းသောက်လိုက်တာလား.."
ဝေ့ရှီက ခေါင်းရမ်းပြီး စာရွက်ပေါ်၌ ချရေးလိုက်၏။
"ထွေးပစ်လိုက်ပြီ.."
လင်းလော့ချွမ်က စိတ်သက်သာရာရသွားပြီး တစ်ဖက်သို့ပြန်လှည့်ကာ ဇာမဏီမျက်ဝန်းတစ်စုံက ရပ်နေသည့်လူတစ်စုဆီသို့ဖြတ်ပြေးလိုက်၏။ထို့နောက် ခပ်ရေးရေးပြုံးလိုက်ပြီး
"မင်းတို့ ကြောက်နေစရာမလိုဘူး..ငါ မေးခွန်းနှစ်ခုပဲမေးမှာ..မင်းတို့သာ ရှင်းရှင်းလင်းလင်းဖြေရင် ဒီနေ့ကိစ္စက ဒီမှာပဲပြီးပြီ...မရှင်းမလင်းလုပ်မယ်လို့စဥ်းစားထားရင် အစတည်းက မဖြေတော့တာအကောင်းဆုံးပဲ..ကျန်တာ မင်းတို့အိမ်က လူကြီးတွေနဲ့ပဲ ဆက်ရှင်းမယ်.."
မတ်တပ်ရပ်နေသည့်လူတစ်စုတွင် ခေါင်းမငြိမ့်ဖို့ရာ သတ္တိဟူ၍မရှိ။အလျင်အမြန်ကို တုန့်ပြန်လာပြီး
"လင်းရှု့ မေးပါ..ကျွန်တော်တို့မှာ မိုးလောက်ကြီးတဲ့သတ္တိမျိုးရှိနေရင်တောင် လင်းရှု့ကိုမလိမ်ရဲပါဘူး"
လင်းလော့ချွမ်က တစ်ချက်ရယ်လိုက်ပြီး ဝေ့ရှီ၏မေးဖျားကိုဆွဲညှစ်ကာ ပါးကိုနမ်းရှိုက်လိုက်ပြီးမှ
"ပထမတစ်ခု...သူ့ကို ဘယ်သူခေါ်လာတာလဲ?...ဒုတိယတစ်ခု..."
လင်းလော့ချွမ်က သူ၏မျက်နှာကို ဆတ်ခနဲမော့ကြည့်ကာ ခပ်ရေးရေးထင်နေသည့်အပြုံးက လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့လေ၏။
"ခွက်ထဲကိုဆေးခတ်ထားတာ ဘယ်သူလဲ"
**********************
~~Zawgyi~~
သူရဲေကာင္း' က မိန္းမလွေလးကိုကယ္တင္ျခင္း
'ကမၻာႀကီးတစ္ခုခ်င္းစီတိုင္းမွာ ကိုယ္စီ ကိုယ္စီ သူ႕နတ္ဆိုးနဲ႕သူ ရွိၾကတာပဲ..ကိုယ့္ကမၻာထဲမွာ ကိုယ္ေနသ၍ေတာ့ ဘယ္သူဘယ္ဝါက ကိုယ့္ရဲ႕နတ္ဆိုးဆိုတာ သိေနမွာ..ဒါေပမယ့္ ကမၻာႀကီးရဲ႕စည္းကိုေက်ာ္လြန္လိုက္ရင္ေတာ့ ဘယ္သူက နတ္မင္းျဖစ္ၿပီး ဘယ္သူက နတ္ဆိုးဆိုတာကို မခြဲနိုင္ေတာ့ဘူး...ဒါေပမယ့္လည္း ကိစၥမရွိပါဘူး...ကမၻာႀကီးက ကိုယ့္အေပၚကို မမွ်တတဲ့နည္းလမ္းေတြနဲ႕ တရားစီရင္လာလို႔ရွိရင္ ကိုယ့္ဘက္ကေနလည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႕ ကမၻာႀကီးကို ျပန္ၿပီး တရားစီရင္ပစ္႐ုံေပါ့'
ေဝ့ရွီက ဤစာသားကို မွတ္စုစာအုပ္၏ေနာက္ဆုံးစာမ်က္ႏွာတြင္ခ်ေရးမွတ္လိုက္၏။ထို႔ေနာက္ ေခါင္းကိုေမာ့ၿပီး စာသင္ခန္းရွိ ပရိုဂ်က္တာစခရင္ကို ဆက္၍ၾကည့္ေနလိုက္သည္။
ပေရာ္ဖက္ဆာက မ်က္မွန္ကိုပင့္ကာ ေလဆာပြိုင့္ျဖင့္ စခရင္ကိုၫႊန္ျပရင္း
"ဒါက Michelangelo..အခ်ိန္ ေျခာက္ႏွစ္ၾကာေအာင္ယူၿပီး Sistine Chapel ဘုရားေက်ာင္းအတြက္ အေျပာင္ေျမာက္ဆုံးလက္ရာျဖစ္တဲ့ "The Last Judgment" ကိုဆြဲေပးခဲ့တာ...'ေနာက္ဆုံးေသာတရားစီရင္သည့္ေန႕'ရယ္ Dante's Hell ကို အေျခခံထားတဲ့အတြက္ေၾကာင့္ ဒီနာမည္ကို ေပးထားခဲ့တာ.."
(ပန္းခ်ီဆရာႀကီး Michelangelo ဆြဲတဲ့ 'The Last Judgment' ပန္းခ်ီပါ..Sistine Chapel ဘုရားေက်ာင္းမွာ ဆြဲထားတာပါ ; ခရစ္ယာန္ဘာသာဝင္ မဟုတ္တာမို႔ အမွားပါရင္ ခြင့္လႊတ္ပါ)
ေက်ာင္းသားအခ်ိဳ႕က လက္ကိုျမႇောက္ၿပီး ေမးခြန္းမ်ားကိုေမးလာ၏။
"ပေရာ္ဖက္ဆာ..ကြၽန္ေတာ္ၾကားဖူးတာ Michelangeloဆရာႀကီးက ဒီနံရံေဆးေရးပန္းခ်ီဆြဲတဲ့အခ်ိန္တုန္းက ပန္းခ်ီထဲမွာပါတဲ့ လူေပါင္း ၄၀၀ေက်ာ္လုံး အဝတ္အစားမဲ့တယ္ဆို...ဘာလို႔ ဒီပုံေပၚမွာက် လူတိုင္းလူတိုင္း 'ကေလးေသးခံေဘာင္းဘီ' လို အဝတ္ေတြဝတ္ထားၾကတာလဲ...ဆရာႀကီးကမ်ား နတ္ဘုရားေတြ ပန္းခ်ီကိုျမင္ၿပီး အျမင္မသင့္ေတာ္တာမ်ိဳးေတြျဖစ္မွာစိုးလို႔ ျပန္ထည့္ေပးလိုက္တာလား"
ပေရာ္ဖက္ဆာႀကီးက ေခါင္းရမ္းကာ သက္ျပင္းခ်ၿပီး
"ကေလးေရ...ဒါကို 'loincloth' လို႔ေခၚတယ္..မင္းမွာ ဗဟုသုတမရွိရင္ေတာင္ အေပၚယံသိတာမ်ိဳးေလးေတာ့ရွိရမယ္..အေပၚယံသိတာမ်ိဳးမရွိရင္ေတာင္ ၾကားဖူးနားဝေလးေတာ့ရွိရမယ္..ၾကားဖူးနားဝစကားမရွိရင္ေတာင္ ေျပာမယ့္စကားကိုလွလွေလးေ႐ြးတတ္ရမယ္ေလ..ဒီပန္းခ်ီကားကို လူေရွ႕ခ်ျပတဲ့အခ်ိန္တုန္းဆိုရင္ အျငင္းပြားစရာေတြအမ်ားႀကီးျဖစ္ခဲ့ၾကတာ...လူတခ်ိဳ႕က ဒါဟာ ဘုရားရွင္ကိုျပစ္မွားတာလို႔ လုံးဝကိုလက္ခံယုံၾကည္ခဲ့ၾကတာ..Michelangelo ေလာကႀကီးကိုစြန့္ခြာၿပီးမၾကာလိုက္ပါဘူး..ပုတ္ရဟန္းမင္းႀကီးက ပန္းခ်ီထဲလူေတြအားလုံးကို အဝတ္ထပ္ျဖည့္ဖို႔ အမိန့္ေပးလိုက္ေရာ...အဲ့ဒီအဝတ္ေတြကိုျဖည့္ေပးတဲ့လူတစ္စုကိုေတာင္ ေနာင္လာေနာက္သားေတြက 'အတြင္းခံထုတ္လုပ္သူမ်ား' လို႔ေတာင္ နာမည္ေပးလိုက္ၾကေသးတယ္"
ေက်ာင္းသားအားလုံးက ပရော်ဖက်ဆာဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားလည္သြားၾက၏။
'ဤနံရံေဆးေရးပန္းခ်ီ၏ အလယ္တြင္ရွိေနသည့္ theme က ဘဝတစ္ခု၏ျပဇာတ္အေၾကာင္းျဖစ္ကာ ဆိုလိုသည္က လူသားမ်ိဳးႏြယ္စုက အထက္ေကာင္းကင္နတ္မင္းမ်ားကို မ်က္ကြယ္ျပဳထား၍မရေအာင္ ကံၾကမၼာစီရင္သတ္မွတ္ထားၿပီးျဖစ္ကာ ျပဳမိသည့္အျပစ္မ်ားအတြက္ က်သင့္ခံရမည့္အျပစ္ဟူ၍လည္းရွိေနမည္ သို႔ေသာ္ အဆုံးတြင္ ျပန္လည္ကယ္တင္ျခင္းကိုလည္း ခံရပါလိမ့္မည္'
အတန္းခ်ိန္ဆင္းသည့္ ေခါင္းေလာင္းျမည္လာၿပီျဖစ္ရာ ပေရာ္ဖက္ဆာက သူ၏ပစၥည္းပစၥယမ်ားကိုသယ္ၿပီး အျပင္သို႔ထြက္သြားခဲ့၏။
ေဝ့ရွီက မွတ္စုစာအုပ္မ်ားကိုယူၿပီး လြယ္အိတ္ထဲသို႔ထည့္မည့္အခိုက္ ႐ုတ္တရက္ ကြၽမ္းးက်င္လွသည့္လက္တစ္စုံက ျဖတ္လုသြား၏။ေမာ့ၾကည့္လိုက္လွ်င္ တစ္ဖက္လူက က်ိဳးေရွာင္ဖန္ ျဖစ္ေန၏။
က်ိဳးေရွာင္ဖန္၏မ်က္ႏွာတစ္ခုလုံး ၿပဳံးၿဖီးေနကာ
"မမလွလွေလး..ငါ့ကို မွတ္စုေတြငွား...ေက်းဇူးတရားေတြကို ဒီကေလးမေလးက လုံးဝေမ့ပစ္မွာမဟုတ္ပါဘူး.."
ေဝ့ရွီက သူမ၏ျပင္ျပင္ဆင္ဆင္လုပ္ထားသည့္မ်က္လုံးမ်ားကိုၾကည့္လိုက္႐ုံျဖင့္ ဒီမမေလးက်ိဳးက ထပ္ၿပီး ရည္းစားႏွင့္ သြားေတြ႕ေတာ့မည္ျဖစ္မွန္း သိလိုက္ပါ၏။သက္ျပင္းခ်ကာ မွတ္စုစာအုပ္အေသးေလးကိုထုတ္ၿပီး ေရးလိုက္၏။
"စာေမးပြဲနီးေနၿပီကို အခုလို ေလွ်ာက္သြားေနတုန္းလား..ဒီ ပေရာ္ဖက္ဆာဝူက 'လူတစ္ေထာင္ကိုအေသသတ္နိုင္တယ္' လို႔နာမည္ထြက္ေနတာကို သူ႕႐ုံးခန္းအေခၚခံရမွာ နင္မေၾကာက္ဘူးလား.."
က်ိဳးေရွာင္ဖန္က မ်က္ႏွာတစ္ခ်က္မဲ့ျပၿပီး မွတ္စုစာအုပ္ကို သူမ၏လြယ္အိတ္ထဲသို႔လိုက္၍
"နင္က စာႀကိဳးစားတဲ့သူေလးမွန္း ငါသိတယ္..စာပဲလုပ္ေနၿပီး ဒီေလာက္ေကာင္းတဲ့ ရည္းစားေလးကိုေတာင္မွ ေဘးပစ္ထားတာေလ...ငါကေတာ့ မလုပ္နိုင္ပါဘူး...ငါ့ရဲ႕ ဟိုလူက တစ္ရက္မေတြ႕ရရင္ တစ္ရက္ ေနလို႔ထိုင္လို႔မေကာင္းပါဘူးတဲ့"
က်ိဳးေရွာင္ဖန္ေျပာေနသည့္ 'ရည္းစားေလး' က လင္းေလာ့ခြၽမ္ ကိုဆိုလိုေနျခင္းျဖစ္သည္။ဤကိစၥအတြက္ ေဝ့ရွီက သူမအား အခါခါရွင္းျပဖူးပါသည့္တိုင္ တစ္ဖက္လူက မယုံ။ထို႔ေၾကာင့္ ဤကိစၥကိုဆက္ၿပီး ရွင္းျပမေနေတာ့ျခင္းသာျဖစ္၏။
က်ိဳးေရွာင္ဖန္က အခုတေလာတြင္ ခ်မ္းသာႂကြယ္ဝသည့္အိမ္ေတာ္တစ္ခုမွ သခင္ေလးတစ္ေယာက္ႏွင့္ တြဲသြားတြဲလာလုပ္ေနျခင္းျဖစ္သည္။သူမ၏ေျပာစကားအရ ထိုလူက ရိုးရိုးသားသားပုံစံမ်ိဳးျဖစ္ကာ မိန္းမတိုင္းႏွင့္ဖက္ကင္းတလဲေနတတ္သည့္သူမ်ိဳးမဟုတ္၏။ရင္းႏွီးသည့္အခ်ိန္ကာလက တစ္လပင္မျပည့္ေသးဘဲ ႏွစ္ဦးသား အေလးအနက္ကိုခ်စ္ကြၽမ္းဝင္သြားၾကျခင္းျဖစ္၏။
ေဝ့ရွီက ေဗဒင္ေဟာေျပာရေလာက္ေတာ့မည္အထိ ထို'သခင္ေလး'မ်ားအေၾကာင္းကို ႏွောေက်ေနၿပီျဖစ္ကာ မိသားစုခ်မ္းသာႂကြယ္မႈနည္းနည္းေလးရွိ႐ုံႏွင့္ပင္ ေက်ာင္းသူလွလွပပေလးမ်ားကို လိုက္ပိုးပန္းတတ္သည့္အက်င့္က ပါလာၿပီးျဖစ္သည္။ေက်ာင္းတံခါးေပါက္ေရွ႕ ေခ်ာင္းေပါက္မတတ္ေရာက္လာတတ္ၿပီး 'ခ်င္းဟြိုက္ မီးရႉးမီးပန္းေဖာက္ရာကြင္းျပင္'လို သတ္မွတ္၍ ကိုယ့္ကိုကိုယ္ အမြန္းတင္ ၊ နိုင္ငံေက်ာ္မင္းသားစတိုင္မ်ိဳးဖမ္းၿပီး အဆုံးမရွိ ရိုမန့္တစ္လာဆန္ျပေနမည္ျဖစ္သည္။
သို႔ေသာ္ က်ိဳးေရွာင္ဖန္၏ေကာင္ေလးကို တစ္ခါမွမေတြ႕ဖူးေသးသည္ျဖစ္ရာ အေၾကာင္းမသိဘဲ ေဝဖန္ေထာက္ျပဖို႔ရာ မျဖစ္နိုင္ေသး၏။
စာ႐ြက္ေပၚတြင္ခ်ေရးလိုက္၏။
"နင့္စိတ္ထဲမွာ နားလည္ထားရမယ့္ဟာေတြရွိတယ္ေနာ္..သူမ်ားက မိသားစုေနာက္ခံရွိတဲ့သူ..သူ႕အနာဂတ္အတြက္ သူစိတ္ပူစရာမလိုဘူး...နင့္ဘက္ကက်ေတာ့ သူနဲ႕ေန႕တိုင္း ဒီလို သြားလည္ေနမယ္ဆိုရင္ နင့္ေက်ာင္းစာေတြ ေနာက္က်ကဳန္လိမ့္မယ္...နားလည္တယ္မလား.."
က်ိဳးေရွာင္ဖန္ဆိုသည္မွာကား ေလာကဓံကိုနားမလည္ဖူးေသးေသာ ေပ်ာ္စရာမ်ားေနာက္သို႔ မ်က္လုံးစုံမွိတ္ၿပီး လိုက္ေနတတ္သည့္ ခပ္အအ ေကာင္မေလးသာ
"ေနာက္က်ေတာ့ေရာ ဘာျဖစ္သြားမွာမလို႔လဲ..မၾကားဖူးဘူးလား မိန္းကေလးေတြရဲ႕အေကာင္းမြန္ဆုံးလုပ္ရပ္တစ္ခုက ေကာင္းေကာင္းမြန္မြန္လက္ထပ္လိုက္ရတာတဲ့...ငါ့မွာ အခုလို အိမ္ရွိကားရွိ ႐ုပ္ရွိေရရွိ 'ရွိ ၄ ရွိ' နဲ႕ျပည့္စုံတဲ့သူကို မနည္းေတြ႕ေအာင္ရွာထားရတာ..သူ႕ကိုအမိဆြဲထားနိုင္မယ့္ အခြင့္အေရးကိုလက္လႊတ္ခံရမွာလား?...သူနဲ႕သာ လက္ထပ္နိုင္ရင္ အဲ့ဒီအနာဂတ္ဆိုတာအတြက္ စိတ္ပူစရာမလိုေတာ့ဘူးေလ...မမေလးဂုဏ္ပုဒ္ကို ယူၿပီး အပူအပင္ကင္းကင္းေန႐ုံပဲ"
ထိုစကားၾကားၿပီးေနာက္ ေဝ့ရွီတစ္ေယာက္ သက္ျပင္းသာခ်လိဳက္ေတာ့သည္။ ဘယ္လိုမ်ား အဲ့ေလာက္ထိ လြယ္ကူပါ့မလဲ? လက္ရွိေခါတ္ကာလ ေယာက္်ားေတြက တစ္စထက္တစ္စ ဥာဏ္ေျပးလာၾကၿပီျဖစ္ကာ တစ္ခြန္းထက္ပိုမေျပာ တစ္လွမ္းထက္ပိုမလွမ္းဘဲ အရႈံးအျမတ္ကိုတြက္ခ်က္တတ္ၾကၿပီး ကတိစကားေပးရန္ ေၾကာက္တတ္ၾကသူမ်ားသာ။ ကိုယ့္ဘက္က သူ႕ကို ခန့္မွန္းတြက္ခ်က္ေနလွ်င္ သူ႕ဘက္ကလည္း ကိုယ့္ကို ခန့္မွန္းတြက္ခ်က္ေနမည္ျဖစ္သည္။ မည္သည့္ထက္ျမက္သည့္ေယာက္်ားတစ္ဦးတစ္ေယာက္ကမွ သူ႕အား ကပ္ပါးေကာင္လိုတြယ္ကပ္ေနမည့္ ဇနီးမယားကို မလိုခ်င္၊ ကိုယ့္စိတ္ကို သူ နားလည္ေလ သူ၏ႏွလုံးသားအတြင္းမွကို အထင္အျမင္ေသးေလျဖစ္သည္။ တစ္လွမ္းစာေနာက္ဆုတ္ၿပီးေျပာရလွ်င္ ထိုလူက ကိုယ့္အား ကပ္တြယ္ခြင့္ေပးခဲ့လွ်င္ေတာင္မွ ေန႕တိုင္းအျခားသူ၏မ်က္ႏွာကို ၾကည့္ၿပီးေနေနရသည္က ဘယ္လိုမ်ား လြယ္ကူပါ့မည္နည္း။
အမ်ိဳးသမီး ဆိုသည္မွာ အားနည္းလာေလ ကိုယ့္ကိုကိုယ္ပိုၿပီး အားကိုးသင့္ေလျဖစ္ၿပီး ကိုယ့္ကိုကိုယ္ ယုံၾကည္စိတ္ထားမွသာ အျခားသူကလည္း တေလးတစားအျဖစ္ဆက္ဆံမည္။ ဤစကားလုံးမ်ားက ရိုးရွင္းလွသည့္အမွန္တရားျဖစ္ေသာ္လည္း ပတ္ဝန္းက်င္အတြင္း ပို၍ေျခဆန့္ေလ ပို၍ရႈပ္ေထြးလာေသာသေဘာတရားလည္းျဖစ္ေနျပန္၏။
ေယာက္်ားတစ္ေယာက္ ပိုက္ဆံရွိရင္ ဟိတ္ဟန္မ်ားသလို မိန္းကေလးတစ္ေယာက္တြင္လည္း သူ႕တန္ဖိုးႏွင့္သူ။ကိုယ္က်င့္တရားႏွင့္အရွက္တရား က်ဆင္းလာရျခင္းအေပၚ လူသားမ်ားအေနျဖင့္ အက်င့္တစ္ခုလိုျဖစ္လာၿပီး တျဖည္းျဖည္း ျဖစ္ရိုးျဖစ္စဥ္တစ္ခုလိုအထိပါ ေတြးလာၾကေလ၏။အက်ိဳးဆက္အေနျဖင့္ေျပာရလွ်င္ က်ိဳးေရွာင္ဖန္ကဲ့သို႔ ရိုးသားၿပီးျဖဴစင္သူတစ္ေယာက္ပင္ ခ်မ္းသားသည့္အမ်ိဳးသားတစ္ဦးကို လက္ထပ္ဖို႔အတြက္သာ ေတြးလိုက္ၿပီး က်န္ရွိေနေသးသည့္ဘဝတစ္ေလွ်ာက္လုံးစာလည္း အပူအပင္ကင္းမည္ဟုပါ ေတြးလိုက္သည္အထိ။
ႏွစ္ေယာက္သား စာၾကည့္ခန္းအတြင္းမွထြက္လာၾကလာရာ လမ္းတစ္ေလွ်ာက္လုံး က်ိဳးေရွာင္ဖန္က မနားမေနကိုစကားေျပာေနခဲ့သည္။သူမက တက္တက္ႂကြႂကြေနတတ္သူတစ္ဦးျဖစ္ကာ ယခင္ကတည္းကလည္း ေဝ့ရွီႏွင့္ဆင္ဆံေရးအလြန္ေကာင္းခဲ့သူျဖစ္သည္။ လက္ရွိအခ်ိန္တြင္ေတာ့ လြန္ခဲ့သည့္ေျခာက္လက 'လုယက္မႈ' ေၾကာင့္ မေသ႐ုံတမယ္လႊတ္လာၿပီး စကားမေျပာနိုင္ေတာ့သည့္ေဝ့ရွီကိုၾကည့္ၿပီး ပို၍ပင္ ဂ႐ုတစိုက္ရွိလာေတာ့၏။ႏွစ္ေယာက္သား ေက်ာင္းဝင္းအတြင္းရွိေနသည့္အခ်ိန္အားလုံး ခြဲမရေအာင္ ပူးကပ္ေနၾကေလသည္။
ေက်ာင္းဂိတ္ေပါက္ဝသို႔ ေရာက္လွ်င္ေရာက္ျခင္း ကားထဲတြင္ထိုင္ေစာင့္ေနသည့္ က်ိဳးေရွာင္ဖန္၏ေကာင္ေလးကို ေတြ႕လိုက္ရ၏။
ဤလူကို ေဝ့ရွီ ပထမဆုံးျမင္ဖူးျခင္းျဖစ္ရာ သားသားနားနားsuit ကိုဝတ္စားထားၿပီး ႐ုပ္ရည္လည္းအသင့္အတင့္ၾကည့္ေကာင္းသည့္အထဲပါ၏။မ်က္ဝန္းတစ္စုံတည္းကသာ ပ်င္းတိပ်င္း႐ြဲဟန္ေပါက္ေနေလ၏။
"ေရွာင္ဖန္...ဒီအလွေလးကို ကိုယ္နဲ႕မမိတ္ဆက္ေပးေတာ့ဘူးလား.."
ထိုလူက သူ၏ေကာင္မေလးပုခုံးေပၚသို႔ လက္တင္ေပြ႕ဖက္ၿပီး ခပ္ၿပဳံးၿပဳံးဆိုလာခဲ့၏။
"ေဝ့ရွီ...ဒါက ငါ့ေကာင္ေလး..'႐ႊယ္ခိုင္'.."
က်ိဳးေရွာင္ဖန္၏စကားပင္မဆုံးေသး ထိုလူက ျဖတ္၍ဝင္ေျပာလာ၏။
"မင္းက လုေဝ့ရွီ လား...ေရွာင္ဖန္ဆီက မင္းအေၾကာင္းေတြ ခဏခဏၾကားဖူးတယ္..စာေတာ္ၿပီး ေခ်ာလည္းေခ်ာ လွလည္းလွ မင္းတို႔ဌာနမွာ နာမည္အႀကီးဆုံးမိန္းကေလးတဲ့...အျပင္မွာေတြ႕လိုက္ရေတာ့ နာမည္ႀကီးေနတာေတြက အေျပာသက္သက္မဟုတ္ဘူးဆိုတာကို လက္ခံလိုက္ရၿပီ..."
ေဝ့ရွီက မ်က္ႏွာထက္တြင္ ခပ္ဖြဖြၿပဳံးျပရင္း စိတ္ထဲတြင္လည္းေရ႐ြတ္လိုက္၏။
'နင္ကေတာ့ ၾကားထားေတြနဲ႕ တစ္ခုမွမတူဘူး..တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႕ ဒီေကာင္က ၿပီတီတီမ်က္ႏွာေပးနဲ႕ေကာင္မွန္းသိသာေနတာကို ေရွာင္ဖန္က မရိပ္မိဘူးလား?'
"ဖိတ္ေခၚၿပီးမွေတြ႕တာထက္ အမွတ္မထင္ေတြ႕ရတာက ပိုအဓိပ္ပါယ်ရှိတယ်တဲ့...ဒီေန႕ ကြၽန္ေတာ္ ဒကာခံပါ့မယ္..တိတ္ဆိတ္တဲ့ေနရာတစ္ခုသြားၿပီး လက္ဖက္ရည္ေသာက္ၾကရင္ေရာ ဘယ္လိုလဲ?.."
က်ိဳးေရွာင္ဖန္က သေဘာတက်ကိဳလက္ခံလာေလ၏။ေဝ့ရွီက မလိုက္ခ်င္ေသာ္လည္း ႐ႊယ္ခိုင္က အမိအရကိုဖိတ္ေနကာ ေရွာင္ဖန္၏မ်က္ႏွာကိုလည္းေထာက္ရဦးမည္လည္းျဖစ္၍ မတတ္သာသည့္အဆုံး လိုက္လာရေတာ့၏။
႐ႊယ္ခိုင္က 'ပန္းလုံထ်န္းဖု'ဆိုသည့္ ၿမိဳ႕ေတာ္၏ အထက္တန္းစားအဆင့္ျမင့္စားေသာက္ဆိုင္ဆီသို႔ ေခၚလာခဲ့သည္။ေဝ့ရွီက မ်က္ႏွာရွိအသိုင္းအဝိုင္းမ်ားလာတတ္သည့္ေနရာမ်ားႏွင့္ရင္းႏွီးေသာ္လည္း ဤစားေသာက္ဆိုင္ကိုေတာ့ ပထမဆုံးလာဖူးျခင္းျဖစ္သည္။ၾကားဖူးသည္က ၿမိဳ႕ေတာ္ထဲရွိအထက္တန္းလႊာအားလုံး ဤစားေသာက္ဆိုင္တြင္ ညစာစားတတ္ၾကကာ အျပင္အဆင္ႏွင့္ဝန္ေဆာင္မႈမ်ားကလည္း စကားစျမည္ေျပာဆိုဖို႔ရာအတြက္ ေနရာေကာင္းတစ္ခုဟု ဆိုၾကသည္။
စိတ္ထဲ၌ အလိုလို မသက္မသာျဖစ္လာရ၏။သုံးေယာက္တည္း စားေသာက္ၾကမည္ျဖစ္ကာ အရမ္းႀကီးက်ယ္ခမ္းနားေနဖို႔ရာ လိုအပ္ပါသလား?။
Private room တစ္ခုထဲသို႔ဝင္သြားၿပီးေနာက္ အထဲတြင္ ေပ်ာ္ေပ်ာ္ပါးပါးစည္ကားေနသည့္လူအုပ္ႀကီးေတြ႕လိုက္၏။ေယာက္်ားမိန္းမ အစုံစုံရွိၿပီး အသက္အ႐ြယ္အားျဖင့္ ၂၀ေက်ာ္ ၃၀ဝန္းက်င္မ်ားသာျဖစ္သည္။ေယာက္်ားတိုင္းက Suit ကိုဝတ္စားထားၿပီး မိန္းကေလးတိုင္းကလည္း ေတာက္ေတာက္ပပကိုျပင္ဆင္ထားၾက၏။
က်ိဳးေရွာင္ဖန္က သူမ၏ေကာင္ေလးကို နားမလည္သလိုေမာ့ၾကည့္လိုက္လွ်င္ ထိုလူက ပုခုံးကိုအသာအယာပြတ္ေပးရင္း
"မေၾကာက္နဲ႕...အားလုံးက ကိုယ့္သူငယ္ခ်င္းေတြ...ကိုယ္စီ သူတို႔ေကာင္မေလးေတြေခၚလာၿပီး..လူစုေနၾကတာ"
႐ြယ္ခိုင္၏သူငယ္ခ်င္းဆိုကတည္းက ေသခ်ာေပါက္ ႂကြယ္ဝသည့္မိသားစုမ်ားမွ လာသည့္သူမ်ားပင္ျဖစ္မည္။က်ိဳးေရွာင္ဖန္က ယခုလိုတစ္ခါမွမႀကဳံရေသးသူျဖစ္ကာ အခ်ိန္အၾကာႀကီးမွင္ေသေနေလ၏။
"ကိုယ္ မင္းကို အေလးထားမလို႔ ဒီေနရာထိေခၚလာတာေလ...ေရလိုက္ငါးလိုက္ေလးေနေပးေနာ္ ကိုယ့္ကိုမ်က္ႏွာမပ်က္ေစနဲ႕.."
ခ်က္ခ်င္းကို ေခါင္းၿငိမ့္ျပၿပီး ေဝ့ရွီကိုဆြဲေခၚသြား၏။လွလွပပဝတ္စားထားသည့္မိန္းကေလးမ်ားကလည္း သူတို႔အား ဝင္ထိုင္ၾကရန္ ႏြေးႏြေးေထြးေထြးဖိတ္ေခၚကာ စကားလည္းေျပာရင္း ဝိုင္မ်ားပါ ငွဲ႕ေပးလာ၏။
႐ႊယ္ခိုင္က သူတို႔အား အခန္းထဲရွိသူအားလုံးႏွင့္မိတ္ဆက္ေပးကာ တစ္ေယာက္ခ်င္းစီတိုင္းကလည္း ကိုယ္စီမိတ္ဆက္ၾကကာ တစ္ေယာက္ၿပီးတစ္ေယာက္ အရက္ခြက္ကိုျမႇောက္ၾက၏။
က်ိဳးေရွာင္ဖန္က ခ်က္ခ်င္းဆိုသလိုဝင္ေျပာလာ၏။
"သူ႕မွာ Asthma ရွိတာမလို႔ အရက္ေသာက္လို႔မရဘူး..ကြၽန္မကပဲ သူ႕အစားေသာက္ေပးမယ္.."
ထိုစကားထြက္လာၿပီးသည္ႏွင့္ အရက္ခြက္မ်ားအားလုံး သူမဆီသို႔သာ ဦးတည္ၾကေလ၏။သနားစရာေကာင္းသည့္က်ိဳးေရွာင္ဖန္လို ေက်ာင္းမၿပီးေသးသည့္ေကာင္မေလးတစ္ေယာက္က သူတို႔၏ၿပိဳင္ဖက္လည္းမဟုတ္သလို ျငင္းဆန္လို႔လည္းမရ အျပစ္လည္းျပဳမိလို႔မရသည့္အေျခအေနတြင္ေရာက္ေနေလ၏။သို႔ေသာ္ သုံးေလးႀကိမ္မွ် ေသာက္ၿပီးခ်ိန္၌ ထိုလူမ်ားအားလုံးေၾကာင့္ မ်က္ႏွာရဲရဲနီေနၿပီျဖစ္ကာ ေခါင္းပင္ေထာင္မလာနိုင္ေတာ့ေပ။
႐ႊယ္ခိုင္က ဤအေျခအေနကိုလုံးဝဂ႐ုမစိုက္သည့္အလား ေျခေထာက္ႏွစ္ဖက္ကိုခ်ိတ္ထိုင္ေနၿပီး ေဘးနားတြင္ထိုင္ေနသည့္ေကာင္မေလးနားကပ္ကာ တဟီးဟီးတဟားဟားလုပ္ေနေလ၏။အျခားေသာေယာက္်ားမိန္းမအစုံစုံတို႔ကလည္း အခ်င္းခ်င္းစကားစျမည္ေျပာၿပီး ရယ္ေနၾကသည္သာျဖစ္၏။
တစ္စုံတစ္ရာက မူမမွန္ျဖစ္ေနမွန္း အစကတည္းကခံစားမိေနၿပီးျဖစ္ကာ ဤလူတစ္စု၏ပုံစံႏွင့္အေျခအေနမ်ားက သူငယ္ခ်င္းမ်ားလူစုၾကသည္ႏွင့္မတူဘဲ ပါတီတစ္ခုလုပ္ေနၾကသလိုပင္။က်ိဳးေရွာင္ဖန္၏အက်ီစကို စားပြဲခုံေအာက္မွလွမ္းဆြဲၾကည့္ေသာ္လည္း ဒီေကာင္မေလးက ႐ႊယ္ခိုင္ႏွင့္အလုပ္ရႈပ္ေနသည္ျဖစ္ရာ သူမကို အေရးမစိုက္အား။
ေဝ့ရွီက သန့္စင္ခန္းဝင္ရန္အေၾကာင္းျပၿပီး မတ္တပ္ထရပ္လိုက္လွ်င္ ႐ႊယ္ခိုင္က ခ်က္ခ်င္းတုန့္ျပန္လာခဲ့၏။
"အလွေလး..ဒီအခန္းထဲမွာ သန့္စင္ခန္းရွိတယ္..အျပင္ဘက္ထိသြားစရာမလိုဘူး.."
႐ႊယ္ခိုင္က အခန္းအတြင္းရွိ တံခါးတစ္ခုဆီသို႔ ၫႊန္ျပလာ၏။
ေဝ့ရွီက ခပ္ေရးေရးၿပဳံးျပၿပီး လြယ္အိတ္ကိုယူကာ သန့္စင္ခန္းအတြင္းဝင္ၿပီး တံခါးေလာ့ခ္ခ်လိဳက္၏။ထို႔ေနာက္ လြယ္အိတ္အတြင္းမွ ဖုန္းကိုထုတ္ၿပီး အကူအညီရရန္ တစ္ေယာက္ေယာက္ကိုေခၚဖို႔ရာ ျပင္လိုက္၏။
သို႔ေသာ္ သန့္စင္ခန္းအတြင္း ဖုန္းလိုင္းမမိ ၊ ႐ုတ္တရက္ထူပူသြားၿပီး ဖုန္းကိုကိုင္ကာ ေခါက္တုံ႕ေခါက္ျပန္လမ္းေလွ်ာက္ၿပီး ဖုန္းလိုင္းရွာၾကည့္လိုက္၏။
ေဒါက္! ေဒါက္! ေဒါက္!
တစ္ေယာက္ေယာက္က အျပင္ဘက္မွတံခါးေခါက္လာၿပီး
"မိန္းကေလးလု အဆင္ေျပရဲ႕လား...သခင္ေလး႐ႊယ္ရဲ႕ေကာင္မေလးက အေသာက္မ်ားသြားၿပီး မင္းကိုေမးေနတာမလို႔ ကြၽန္မ တစ္ခ်က္လာၾကည့္ေပးတာပါ.."
ေဝ့ရွီက သူငယ္ခ်င္းေရွာင္ဖန္အတြက္ စိုးရိမ္ေပးရဦးမည္ျဖစ္ကာ ဤေနရာတြင္ တစ္ေယာက္တည္းထားခဲ့လို႔လည္းမျဖစ္။ေရပိုက္ကိုဖြင့္ကာ လက္ေဆးလိုက္ၿပီးေနာက္ အျပင္ဘက္သို႔ထြက္လာခဲ့၏။
တံခါးလာေခါက္သည့္မိန္းကေလးက သူမအား စားပြဲဆီသို႔ အေလာတႀကီးျပန္ဆြဲေခၚသြားကာ သစ္သီးေဖ်ာ္ရည္တစ္ခြက္ငွဲ႕ၿပီး အေရွ႕တိုးေပးလာ၏။
"မိန္းကေလးလု..အရက္မေသာက္နိုင္ရင္ေတာင္ သစ္သီးေဖ်ာ္ရည္ေလးျဖစ္ျဖစ္ေသာက္ပါလား.."
ငွဲ႕ေပးလာသည့္ပုလင္းက အဖုံးဖြင့္ထားၿပီးမွန္း ေဝ့ရွီသတိထားလိုက္၏။စိတ္ထဲတြင္လည္း ဤ 'ဒုတိယမ်ိဳးဆက္' လူတစ္စုက ပိုက္ဆံကိုေရလိုျဖဳန္းၿပီး အမ်ားစု ဥပေဒမေၾကာက္ရဲမေၾကာက္ ရိုင္းစိုင္းတတ္ၾကသူမ်ားျဖစ္ကာ ေသာက္စရာထဲေဆးတစ္ခုခုခတ္တတ္သည္ကလည္း သူတို႔၏အက်င့္တစ္ခုပင္ျဖစ္၏။
(ဒုတိယမ်ိဳးဆက္ရဲ႕ဆိုလိုရင္းက ဥပမာေပးရရင္ အေဖအေမရဲ႕ပစၥည္းဥစၥာကို လက္ရွိထိုင္သုံးေနတဲ့သူ 'သူေဌးသား သူေဌးသမီး' လိုမ်ိဳးေပါ့..ကိုယ္တိုင္ အလုပ္လုပ္တာမ်ိဳးမရွိေသးတဲ့သူေတြကို သုံးႏႈန္းတာ)
ထို႔အျပင္ ထိုမိန္းကေလး၏ ေလာေလာျပာျပာျဖစ္ေနသည့္အမူအရာကိုၾကည့္ၿပီး ေဝ့ရွီက တစ္ငုံစာေသာက္လိုက္ကာ မ်ိဳမခ်ဘဲ ပါးစပ္ထဲငုံထားလိုက္၏။ပါးစပ္ကို လက္ကိုင္ပုဝါျဖင့္သုတ္ဟန္ျပဳရင္း သတိမထားမိသည့္အခ်ိန္အတြင္း အျမန္ေထြးထုတ္လိုက္၏။
က်ိဳးေရွာင္ဖန္က အေတာ္ေလးမူးေနၿပီျဖစ္ကာ ဆိုဖာေပၚေလ်ာ့တိေလ်ာ့ရဲမွီထားၿပီး နီရဲေနသည့္မ်က္ႏွာ ရီေဝေနသည့္မ်က္လုံးမ်ားႏွင့္ ထပ္မေသာက္ခိုင္းေတာ့ရန္ ပါးစပ္မွေရ႐ြတ္ေန၏။ထိုလူတစ္စုက အဘယ္သို႔မ်ားလြယ္လြယ္ကူကူလက္ေလ်ာ့မည္နည္း ေသတဲ့အထိ မရမကလုပ္ခ်င္ေနၾကသည့္လူတစ္စုပင္ မဟုတ္လား။႐ႊယ္ခိုင္က ေဘးဘက္တြင္ မိန္းကေလးတစ္ေယာက္ကိုဖက္ထားရင္ သေဘာတက်ကိဳၾကည့္ေနေလသည္။
ေဝ့ရွီစိတ္ထဲ ႐ုတ္ခ်ည္းဆိုသလို မၾကည္မလင္ျဖစ္သြား၏။ဘာကို ရည္းစားခ်စ္သူေတြ လုပ္ေနေသးတာလဲ ဒီအမွိုက္သရိုက္ေကာင္က အပ်င္းေျပသေဘာမ်ိဳးနဲ႕ ငတုံးမ ေရွာင္ဖန္ကို ကစားေနတာမဟုတ္ဘူးလား။လက္ရွိအေျခအေနက လူကိုလိမ္ေခၚလာၿပီး သူ႕သူငယ္ခ်င္းတစ္သိုက္နဲ႕ျဖစ္ခ်င္သလိုျဖစ္ဆိုၿပီး ၾကည့္ေနတာမဟုတ္လား။
သို႔ေသာ္ ေဒါသထြက္ေနလည္း ယခုအခ်ိန္တြင္ အသုံးဝင္မည္မဟုတ္။အရင္ဆုံး ေျဖရွင္းရမယ့္ျပႆနာက ဒီအ႐ူးမကို ဘယ္လိုထမ္းၿပီး ျပန္ရမလဲဆိုသည့္အခ်က္ပင္။ ဘယ္လိုနည္းလမ္းျဖင့္ ထြက္သြားရမည့္အစီအစဥ္မ်ားကိုစဥ္းစားေနသည့္အခိုက္ ႐ုတ္တရက္ လက္တစ္ဖက္က သူမ၏ပုခုံးေပၚသို႔ တင္လာခဲ့၏။
"အလွေလး..ဒီေလာက္ႀကီးထိ တည္ၿငိမ္မေနပါနဲ႕...လာပါ..ကြၽန္ေတာ္နဲ႕အတူ ေသာက္ရေအာင္.."
ထိုေယာက္်ားက ေျပာေနရင္း အရက္မူးေနသည့္မ်က္ႏွာတစ္ခုလုံးကလည္း အနားသို႔ကပ္လာခဲ့သည္။
ေဝ့ရွီက လက္ျဖင့္ကာလိုက္သျဖင့္ ဖန္ခြက္အျပည့္အနီေရာင္အရည္မ်ားက ထိုလူ၏ ေဘာင္းဘီေပၚသို႔ ေလာင္းခ်သလိုျဖစ္သြားခဲ့၏။ထိုလူ၏မ်က္ႏွာက ခ်က္ခ်င္းလက္ငင္းေျပာင္းသြားၿပီး ေဘာင္းဘီေပၚရွိ အရည္မ်ားကို အေလာတႀကီးခါထုတ္ကာ ေအာ္ႀကီးဟစ္က်ယ္ေအာ္ေျပာလာ၏။
"ေဘာင္းဘီတစ္ခုလုံး စို႐ြဲကုန္ၿပီ...မင္း ဘာျဖစ္ေနတာလဲဟ.."
ေဘးနားတြင္ထိုင္ေနသည့္လူက တဟားဟားရယ္ရင္း
"ဘာေတြ ေဒါသထြက္ေနတာလဲဟ...ေရွာင္က်ယ္က်ယ္ကို လန့္သြားေအာင္မလုပ္နဲ႕ေလ"
ထို႔ေနာက္ မ်က္စပစ္ျပ၏။
ထိုလူက ခ်က္ခ်င္းသေဘာေပါက္သြားၿပီး သေရတမ်ားမ်ားျဖစ္လာသည့္မ်က္ႏွာက ေနာက္တစ္ႀကိမ္ေရွ႕တိုးလာကာ ေဝ့ရွီ၏လက္ေမာင္းတစ္ေလွ်ာက္ေပြ႕ဖက္ၿပီး ထိုဝိုင္ခြက္ကို အေလ်ာ္အစားအျဖစ္ အတင္းအၾကပ္ေသာက္ခိုင္းလာ၏။
ေဝ့ရွီက တြန္းထုတ္ၿပီး အႀကိမ္ႀကိမ္ေခါင္းေရွာင္ေနသည့္တိုင္ တစ္ဖက္လူက မရပ္တန့္၊ သူမ၏ေမးဖ်ားကိုပါဆုတ္ကိုင္ၿပီး ေလာင္းထည့္ဖို႔ျပင္ေလသည္။ထိုအခိုက္ အသံက်ယ္ႀကီးတစ္ခုႏွင့္အတူ Private room အခန္းတံခါးက ေစာင့္ကန္ခံရၿပီး ပြင့္ထြက္လာ၏။
ပထမဆုံးခုံတြင္ထိုင္ေနသည့္သူက ခ်က္ခ်င္းမတ္တပ္ထရပ္ကာ အတင္းဝင္ေရာက္လာသည့္သူကို တိုက္ခိုက္ဖို႔ရာျပင္လိုက္၏။သို႔ေသာ္ ႐ုတ္တရက္ ေၾကာင္အသြားေလ၏။ထို႔ေနာက္ အခန္းထဲရွိလူမ်ားအားလုံး လႈပ္ရွားမႈမ်ားရပ္တန့္၍ ေၾကာင္အကုန္ကာ မည္သူကမွ် သတိမေပးပါဘဲ အားလုံးမတ္တပ္ထရပ္ၾကေလသည္။
အလြန္အရက္မူးၿပီး ဘာမွမသိေတာ့သည့္သူႏွင့္ ေၾကာက္လန့္ၿပီးခ်ိတုံခ်တဳံျဖစ္ေနသည့္သူ ႏွစ္ေယာက္ကလြဲ၍...
ပထမဆုံးခုံမွလူ၏ မ်က္ႏွာက အျခားပုံစံတစ္ခုသို႔ေျပာင္းႏွင့္ေနၿပီးျဖစ္ကာ ပါးစပ္နား႐ြက္တပ္ခ်ိတ္ေအာင္ၿပဳံးေနရင္း
"လင္းရႈ႕..လက္စသတ္ေတာ့ အစ္ကိုလည္း ဒီေရာက္ေနတာလား"
(လင္းရႈ႕ = ဦးေလးလင္း )
လင္းေလာ့ခြၽမ္က ေဝ့ရွီကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္ႏွင့္ အေနာက္ဘက္တြင္ရွိေနသည့္သူက အလိုက္သတိ ေဝ့ရွီေဘးနားတြင္ ခုံတစ္ခုံအျမန္ဆြဲယူၿပီး ေနရာခ်ေပးလိုက္၏။ေနရာတြင္ဝင္ထိုင္လိုက္ၿပီး စကားတစ္ခြန္းမွမဆိုေသး၊ စီးကရက္တစ္လိပ္ကိုထုတ္ၿပီး ႏႈတ္ခမ္းၾကားတြင္ ထိန္းကိုက္ထားလိုက္၏။ခ်က္ခ်င္းဆိုသလို တစ္ေယာက္ေယာက္က အနားသို႔ကပ္လာကာ စီးကရက္ကို မီးညွိေပးလိုက္သည္။
စီးကရက္ေငြ႕မ်ား တစ္ခ်က္မႈတ္ထုတ္ၿပီး လင္းေလာ့ခြၽမ္က ထိုင္ခုံေနာက္သို႔မွီလိုက္ကာ အျခားသူမ်ားကို ဂ႐ုမစိုက္ ေဝ့ရွီကိုလည္းမၾကည့္ မည္သူ႕ကိုမွလည္း ထိုင္ဖို႔အခ်က္မျပေပ။အခန္းအတြင္းရွိ သားသားနားနားဝတ္စားေယာက္်ားမိန္းမတို႔က ေနရာတြင္ရပ္ေနၾက၍ 'သူ႕ကို ကိုယ္ၾကည့္ ကိုယ့္ကိုသူ႕ၾကည့္'သာ လုပ္ေနၿပီး အသံတစ္စ စကားတစ္ခြန္းပင္ ထြက္မလာၾက၏။
ယခင္က ဤသခင္ေလး၏ ဂုဏ္ပုဒ္မ်ိဳးစုံကိုၾကားဖူးခဲ့ေသာ္လည္း ယေန႕တြင္ေတာ့ ေဝ့ရွီတစ္ေယာက္ မ်က္ဝါးထင္ထင္ျမင္ေနရၿပီျဖစ္သည္။ဤလင္းေလာ့ခြၽမ္က ႐ြမ္ေရွာက္နန္ထက္ပင္ အသက္ငယ္သည္မဟုတ္လား ဘယ္လိုမ်ား ဒီလူတစ္စုက သူ႕ကို အသက္ႀကီးႀကီးလူတစ္ေယာက္လို ရိုေသျပေနၾကပါသနည္း။
'ေတာင္တန္းႀကီး ဘယ္ေလာက္ျမင့္ျမင့္ ေနမင္းႀကီးကို မမွီ' ဆိုသည့္ ဆိုရိုးစကားက တကယ္ျဖစ္ေနပုံရသည္။ ပိုက္ဆံရွိ႐ုံ အာဏာရွိ႐ုံႏွင့္မရေသး ေနရာတိုင္း အခ်ိန္တိုင္း စိတ္ႀကိဳက္ျခယ္လွယ္နိုင္သည့္ ေနာက္ခံအင္အားမ်ိဳးရွိရန္ လိုပါေသးသည္။
စီးကရက္တစ္ဝက္နီးပါးက်ိဳးလာသည့္အခ်ိန္မွ လင္းေလာ့ခြၽမ္ကတစ္ဖက္သို႔လွည့္ၿပီး စားပြဲေပၚရွိေဝ့ရွီ၏ သစ္သီးေဖ်ာ္ရည္ခြက္ကိုေကာက္ယူကာ ေမာ့ေသာက္ရန္ျပင္လိုက္၏။
တစ္ေယာက္ေယာက္က ႐ုတ္တရက္ေအာ္ဟစ္လာေလ၏။
"လင္းရႈ႕.."
လင္းေလာ့ခြၽမ္က နားလည္လိုက္သည့္ဟန္ျဖင့္ ဖန္ခြက္ကို ေဘးသို႔ခ်လိဳက္ကာ ရွည္လ်ားၿပီးေကာ့ၫႊတ္ေနသည့္ ဇာမဏီမ်က္ဝန္းမ်ားက တျဖည္းျဖည္းၿပဳံးေယာင္သန္းလာခဲ့၏။ေဘးနားရွိသူကို ရင္ခြင္ထဲသို႔ဆြဲထည့္လိုက္ၿပီး ႏႈတ္ခမ္းတြန့္မေယာင္ၿပဳံးကာ
"ေရွာင္ေပါင္ေပ့...ဒီေနရာလာမယ့္အေၾကာင္း ဘာလို႔ ကိုယ့္ကိုမေျပာျပထားတာလဲ"
ဤစကားအဆုံးတြင္ ႐ႊယ္ခိုင္က ၾကမ္းျပင္ေပၚျပဳတ္က်မတတ္ ထိတ္လန့္သြားခဲ့၏။
ေဝ့ရွီက သူ၏မ်က္ႏွာကို မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ စိုက္ၾကည့္ေနမိ၏။ဤလူက မ်က္ႏွာထက္တြင္တၿပဳံးၿပဳံးလုပ္ေနတတ္ေသာ္လည္း ေနာက္ဘက္တြင္ ဓါးတစ္ေခ်ာင္းအသင့္ျပင္ထားသည့္သူမ်ိဳး၊ စိတ္လိုလက္ရၿပဳံးျပေလ ပိုအားေကာင္းသည့္လွည့္ကြက္မ်ားကို ထုတ္သုံးေလျဖစ္ရာ သူမအေနျဖင့္ သူႏွင့္အေရာမဝင္မေနရဲေပ။သို႔ေသာ္ ယခုအခ်ိန္တြင္ ေရွာင္ဖန္ႏွင့္သူမအတြက္ ကယ္တင္ရွင္ကလည္း သူတစ္ေယာက္တည္းသာရွိေနသည့္အတြက္ အလိုက္အေလ်ာက္ေနလိုက္ရမည္သာ ျဖစ္သည္။
အဆုံးတြင္ သူ၏စိတ္လိုလက္ရအၿပဳံးမ်ားက အခန္းထဲမွလူမ်ားအဖို႔ လုံေလာက္သြားခဲ့ၿပီျဖစ္ရာ သူမအားဆြဲလားရမ္းလားလုပ္ၿပီးအရက္အတင္းတိုက္ခဲ့သည့္သူက သူေျခေထာက္သူမနိုင္ေတာ့သည့္အထိ ဆိုးဆိုး႐ြား႐ြားယိုင္နဲ႕ေနေလၿပီျဖစ္သည္။
သူတို႔ႏွစ္ေယာက္ၾကားမွ အေျခအေနကိုၾကည့္ၿပီး ပထမဆုံးခုံရွိသူက ခ်က္ခ်င္းဆိုလာေတာ့၏။
"လက္စသတ္ေတာ့ မိန္းကေလးလုက လင္းရႈ႕ရဲ႕ေကာင္မေလးကိုး...လင္းရႈ႕ရဲ႕ အျမင္က အရမ္းေကာင္းတာပဲဗ်ာ..မိန္းကေလးလုလို ထူးထူးျခားျခားကိုလွၿပီးက်က္သေရရွိတဲ့သူကပဲ လင္းရႈ႕နဲ႕ လိုက္ဖက္တာ..."
လင္းေလာ့ခြၽမ္က ထိုစကားကိုၾကားၿပီးေနာက္ မ်က္ခုံးတစ္ခ်က္တြန့္ကာ ခနဲ႕တဲ့တဲ့ရယ္လိုက္၍
"ငါ မင္းကိုမေမးေသးဘူး..ဘာမွ လာ႐ြတ္ျပမေနနဲ႕..ငါ့လူကိုမ်ား မင္းတို႔နဲ႕အရက္အတူေသာက္ခိုင္းရဲတယ္...ဟား...ေတာ္ေတာ္ႀကီးတဲ့ မ်က္ႏွာေတြ...ေနာက္ကြယ္မွာႀကံစည္ထားတဲ့ကိစၥေတြကို ငါမသိဘူးလို႔မ်ား ထင္ေနတာလား.."
ဤ 'ဒုတိယမ်ိဳးဆက္'မ်ားက ေလာကႀကီးကိုအမွန္တကယ္ မထိေတြ႕ဖူးၾကေသးသည့္သူမ်ားျဖစ္ကာ အစစ္အမွန္ 'အင္အားႀကီးသည့္သခင္ေလး' ႏွင့္ထိပ္တိုက္ရင္ဆိုင္ရခ်ိန္တြင္ေတာ့ အသံမထြက္ရဲေလာက္သည္အထိ ပါးစပ္ေစ့ေစ့ပိတ္ထားၾကေလ၏။အခန္းတစ္ခုလုံး က်ိဳးေရွာင္ဖန္အိပ္ေပ်ာ္ၿပီးဝူးဝူးဝါးဝါးလုပ္ေနသည့္အသံမွလြဲ၍ အျခားမည္သည့္ အသံဟူ၍မွ် မရွိေပ။
လင္းေလာ့ခြၽမ္အေနာက္သို႔လိုက္လာသည့္သူက ဝိတ္တာကိုေခၚၿပီး ခြက္အသစ္တစ္ခြက္လဲၿပီး ေဖ်ာ္ရည္ထပ္ငွဲ႕ေပးရန္ ေစခိုင္းလိုက္၏။လင္းေလာ့ခြၽမ္က ထိုခြက္ကိုပါ ေဘးတစ္ဖက္သို႔ပို႔ထားၿပီး ရင္ခြင္ထဲေရာက္ေနသည့္သူကို ငုံ႕ၾကည့္၍
"ဟိုခြက္ထဲက ေဖ်ာ္ရည္ေတြကို မင္းေသာက္လိုက္တာလား.."
ေဝ့ရွီက ေခါင္းရမ္းၿပီး စာ႐ြက္ေပၚ၌ ခ်ေရးလိုက္၏။
"ေထြးပစ္လိုက္ၿပီ.."
လင္းေလာ့ခြၽမ္က စိတ္သက္သာရာရသြားၿပီး တစ္ဖက္သို႔ျပန္လွည့္ကာ ဇာမဏီမ်က္ဝန္းတစ္စုံက ရပ္ေနသည့္လူတစ္စုဆီသို႔ျဖတ္ေျပးလိုက္၏။ထို႔ေနာက္ ခပ္ေရးေရးၿပဳံးလိုက္ၿပီး
"မင္းတို႔ ေၾကာက္ေနစရာမလိုဘူး..ငါ ေမးခြန္းႏွစ္ခုပဲေမးမွာ..မင္းတို႔သာ ရွင္းရွင္းလင္းလင္းေျဖရင္ ဒီေန႕ကိစၥက ဒီမွာပဲၿပီးၿပီ...မရွင္းမလင္းလုပ္မယ္လို႔စဥ္းစားထားရင္ အစတည္းက မေျဖေတာ့တာအေကာင္းဆုံးပဲ..က်န္တာ မင္းတို႔အိမ္က လူႀကီးေတြနဲ႕ပဲ ဆက္ရွင္းမယ္.."
မတ္တပ္ရပ္ေနသည့္လူတစ္စုတြင္ ေခါင္းမၿငိမ့္ဖို႔ရာ သတၱိဟူ၍မရွိ။အလ်င္အျမန္ကို တုန့္ျပန္လာၿပီး
"လင္းရႈ႕ ေမးပါ..ကြၽန္ေတာ္တို႔မွာ မိုးေလာက္ႀကီးတဲ့သတၱိမ်ိဳးရွိေနရင္ေတာင္ လင္းရႈ႕ကိုမလိမ္ရဲပါဘူး"
လင္းေလာ့ခြၽမ္က တစ္ခ်က္ရယ္လိုက္ၿပီး ေဝ့ရွီ၏ေမးဖ်ားကိုဆြဲညွစ္ကာ ပါးကိုနမ္းရွိုက္လိုက္ၿပီးမွ
"ပထမတစ္ခု...သူ႕ကို ဘယ္သူေခၚလာတာလဲ?...ဒုတိယတစ္ခု..."
လင္းေလာ့ခြၽမ္က သူ၏မ်က္ႏွာကို ဆတ္ခနဲေမာ့ၾကည့္ကာ ခပ္ေရးေရးထင္ေနသည့္အၿပဳံးက လုံးလုံးလ်ားလ်ားေပ်ာက္ကြယ္သြားခဲ့ေလ၏။
"ခြက္ထဲကိုေဆးခတ္ထားတာ ဘယ္သူလဲ"
**********************