သွေးတစ်စက် မြေမခစေဘဲ အသေသတ်ခြင်း
တောင်တန်းနှင့်ပင်လယ် ဝန်းရံခြင်းခံထားရသော ဤဆိတ်ငြိမ်ရာအရပ်တွင်ရှိနေသည့် ဗီလာတစ်ခုအား ပိုင်ရှင်ဖြစ်သူက သီးသန့်ဆန်သည့်ကလပ်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ထားသည်။ဤကလပ်ရှိဝန်ဆောင်မှုများက Member ဝင်များအတွက်သာဖြစ်ပြီး အပြင်လူများ စိတ်လွတ်ကိုယ်လွတ်ဝင်လာခွင့်မရှိသည့်နေရာလည်း ဖြစ်သည်။ဤနေရာသို့ လာကြသည့်သူအများစုက မျက်နှာကြီးအသိုင်းအဝိုင်းမှလူများနှင့် အပြစ်ပြု၍မရလောက်အောင် အင်အားကြီးမားသည့်သူများသာ ဖြစ်ကာ သီးသန့်ကလပ်ဆိုသည့်အတိုင်း အပြင်လူများမရနိုင်သည့် စိတ်ဝင်စားစရာအကောင်းဆုံးဝန်ဆောင်မှုများရှိနေမည်မှာလည်း အသေအချာ။
ဤနေရာရှိ အသံကာလာအနေအထားများက အခြားနေရာများနှင့်မတူကြောင်း ယခင်ကတည်းက လင်းလော့ချွမ်ကြားထားပြီးဖြစ်သော်လည်း ယခုချိန်မှသာ ပထမဆုံးအကြိမ်အဖြစ် အပျော်ရှာရန်ရောက်လာခဲ့ခြင်းဖြစ်သည်။အကြောင်းပြချက်မှာကား 'ရေပန်းစား'လာသည့်အရာများအပေါ် ချက်ချင်းဆိုသလိုလိုက်လုပ်တတ်ခြင်းမရှိ၊ အခြားသူများ ကောင်းသည်ဆိုတိုင်း သူစိတ်မဝင်စားတတ်ခြင်းကြောင့်။
သို့သော် ယနေ့တွင်တော့ အတော်လေးကိုပျင်းရိနေခြင်းကြောင့်ဖြစ်၏။
ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေပြီး ဖန်ခွက်အတွင်းမှ အနီရောင်ဝိုင်များကိုလှုပ်ရမ်းနေကာ Dancing Floor ပေါ် လှုပ်ရမ်းနေသည့် ယောက်ျားမိန်းမတို့ကို စိတ်မရှည်လက်မရှည်ထိုင်ကြည့်နေ၏။
ဧည့်သည်များကိုဖျော်ဖြေဧည့်ခံနေသည့်သူက ဤသခင်လေး စိတ်မကြည်မလင်ဖြစ်နေသည့်မျက်နှာကို အကဲခတ်မိပြီး ဘေးနားတွင်ရှိနေကြသည့် မိန်းမလှလေးကို မျက်စပစ်ပြလိုက်၏။အလုပ်လုပ်သည့်မိန်းမလှလေးတိုင်း ပါးနပ်ပြီးအရိပ်အခြေကိုနားလည်ကြကာ ယခုအချိန်၌ ငှက်ကုလားအုပ်လိုဝပ်နေပြီး မည်သူတစ်ဦးတစ်ယောက်ကမှ ရှေ့မတိုးရဲကြပေ။
လင်းလော့ချွမ်၏ဒေါသကို ဤနယ်ပယ်တွင်ကျဥ်လည်နေသည့်သူတိုင်း မသိသူမရှိ။ ဒေါသထွက်အလွယ်ဆုံးဖြစ်ပြီး ရက်စက်ပြီးမညှာမတာတတ်သည့်စရိုက်မျိုး။ ကျားရိုင်းတစ်ဝက် လူတစ်ဝက်စိတ်နေသဘောထားရှိသည့်သူက ပျော်ရွှင်နေသည့်အချိန်မျိုးဆိုလျှင်အကြောင်းမဟုတ် တစ်ချက်ကလေး စိတ်မကြည်အောင် အပြစ်ပြုမိသည်နှင့် သေလို့သေလိုက်ရမှန်းမသိအောင် မိနစ်ဝက်အတွင်း အသေသတ်ပစ်မည့်သူမျိုးဖြစ်၏။
ဝိုင်ခွက်ကိုချပြီး မျက်ဝန်းတစ်စုံကိုမှိတ်ကာ အနားယူလိုက်၏။ နားစည်အတွင်း 'တကျွီကျွီ'မြည်နေသည့် တီးလုံးသံများက ခါတိုင်းကြားနေကြ အရေးမပါသည့်အသံများနှင့်အတူတူသာဖြစ်သည်။မြင်နေရကြားနေရသည်များက ပါးစပ်ကလည်းအရသာမတွေ့သလို နှလုံးသားကလည်း စိတ်ဝင်စားစရာမကောင်းလောက်သည်အထိ ပျင်းရိနေ၏။နားစည်အတွင်းဝင်လာသည့် ထိုသံစဥ်များက ချစ်ခြင်းများပြုလုပ်နေသည့်အခါမျိုး၌ နှိုးကြွစေဖို့သက်သက် ထင်ယောင်ထင်မှားဖြစ်အောင်ပံ့ပိုးနေကြခြင်းသာ။မျက်ဝန်းတစ်စုံဖွင့်လိုက်သည်နှင့် ယောက်ျားမိန်းမများပြည့်နေသည့် အခန်းတစ်ခုကိုသာ မြင်နေမည်ဖြစ်ပြီး ဘယ်ယောက်ျားက ဘယ်သူ့ဟာ..ဘယ်မိန်းမက ဘယ်သူ့ဟာ ဆိုပြီးခွဲခြားနေမည်မဟုတ် အားလုံးရှုပ်ယှက်ခတ်နေမည်ဖြစ်၏။
" 'စားခွက်တစ်ခုတည်း မစားသင့်တဲ့မြင်းနှစ်ကောင်'..နင်တို့နှစ်ယောက်စလုံးက အထက်တန်းလွှာရဲ့မျက်နှာဖုံးတွေပါ..တစ်ယောက်မျက်နှာ တစ်ယောက် ထောက်သင့်ပါတယ် "
ရုတ်တရက် ဝေ့ရှီရေးပြသည့်စာရွက်ပေါ်မှ စကားလုံးများကိုသတိရမိသွား၏။လင်းလော့ချွမ်က မျက်လုံးရှေ့တွင်မြင်နေရသည့်အရာများကိုကြည့်ရင်း ထိုစကားလုံးများကို ပို၍လှောင်ရယ်ပစ်ချင်လာမိသည်။
ဤခေါတ်ကာလဆိုသည်မှာကား ခြေတစ်စုံလက်တစ်စုံကို လွယ်လွယ်နှင့်ဖွင့်ဟနိုင်သည့်ခေါတ်။ယောက်ျားတစ်ယောက် ပိုက်ဆံသာရှိလျှင် မိမိကိုယ်ကို လူသုံးကုန်ပစ္စည်းလိုသဘောထားထားသည့် မိန်းမတစ်ယောက်ကို ကစားစရာတစ်ခုလို သတ်မှတ်လို့ရသည့်ခေတ်။
ဘယ်သူက ဘယ်သူ့ကိုကစားပြီး ၊ ဘယ်သူက ဘယ်သူရဲ့ကစားခံအဖြစ်နေပြီး ၊ ဘယ်သူ့ကို ဘယ်သူကဝယ်ပြီး ၊ ဘယ်သူက ဘယ်သူ့ကိုရောင်းလိုက်ဆိုတာမျိုး ဘယ်သူကမှ ရှင်းရှင်းလင်းလင်းပြောပြနေမည်လည်းမဟုတ်။ 'မင်းက ကြောင်ကို စနောက်နေရင် ကြောင်ကလည်း မင်းကိုပြန်စမှာပဲ...မင်းကိုယ်တိုင်က ကြောင်မဟုတ်တဲ့အတွက် အဲ့ကြောင်လေးပျော်မပျော် မင်း ဘယ်လိုမှသိမှာမဟုတ်ဘူး..'
လင်းလော့ချွမ်က နဂိုကတည်းကမှ မကြည်မလင်ဖြစ်နေရာ ဤအကြောင်းများတွေးမိပြီးနောက် ပို၍စိတ်ရှုပ်လာရသည့်အခိုက် သေးသေးသွယ်သွယ်လက်ချောင်းလေးတစ်စုံက သေမလားရှင်မလားမသိနိုင်သည့်ဤအချိန်မျိုး၌ မိုက်ရူးရဲဆန်စွာတိုးဝင်လာခဲ့လေ၏။နှလုံးသားထဲလောင်နေသည့်မီးတောက်က အုန်းခနဲထကြွကာ ချက်ချင်းဆိုသလိုဘေးဘက်သို့လှည့်ကြည့်လိုက်၏။သို့သော် တွေ့လိုက်ရသည်က အနည်းငယ်ရင်းနှီးနေမယောင်ရှိသည့် အရည်ဝေ့ပြီးကြည်လဲ့နေသောအနက်ရောင်မျက်ဝန်းတစ်စုံဖြစ်ကာ တစ်နေရာရာတွင်မြင်ဖူးခဲ့သည့်အရာတစ်ခုနှင့်ဆင်တူလွန်းလှသည်။
ကောင်မလေး၏ပုံစံက အသက်နှစ်ဆယ်ကျော်လေးသာရှိဦးမည်ဖြစ်ပြီး မိုးမခကိုင်းခက်များနှင့်တူသည့်မျက်ခုံးတစ်စုံနှင့် မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများက အတော်လေးကိုလှသည့်အထဲတွင်ပါသည်။မည်သည့်ဆေးမျိုး ခတ်ခံလိုက်ရမှန်းမသိ ရယ်ရခက်င်ုရခက်ခံစားချက်ကြီးဖြင့် သူ၏ရင်ခွင်ထဲသို့ ဆွဲထည့်ပစ်လိုက်၏။
လင်းလော့ချွမ်က သူမအား ငုံ့ကြည့်လိုက်လျှင် ထိုမျက်ခုံးက တစ်စုံတစ်ယောက်နှင့်ဆင်တူလွန်းကြောင်း ရုတ်တရက်သတိထားမိလိုက်ကာ အလိုလိုစိတ်လှုပ်ရှားမိလာ၏။အရက်ရှိန်က အတော်လေးမြင့်နေပြီးဖြစ်ကာ ယခုအခိုက်အတန့်ကြောင့် ရာနှုန်းပြည့်နီးပါး ရေချိန်ပြည့်သွားရသလိုပင်။
ခန္ဓာကိုယ်ကိုဆုတ်ကိုင်ကာ ဆိုဖာနှင့်တစ်သားတည်းဖြစ်သွားအောင် ဖိချုပ်ထားပြီး နှုတ်ခမ်းမှအော်ဟစ်လာလေ၏။
"ကိုယ်က သုံးလေးခွန်းလောက်လေးပဲပြောလိုက်တာကို မင်းက စာလုံးတွေ တသီတတန်းကြီးရေးပြီး ကိုယ့်ကိုပြန်ဖိနှိပ်တယ်...ကိုယ် အရင်က မင်းအပေါ် တောင်းပန်စရာကောင်းတဲ့ကိစ္စမျိုးတွေလုပ်ခဲ့မိရင်တောင်မှ အခုရက်တွေမှာ ပြန်လုပ်ပေးတာတွေက မလောက်နိုင်သေးလို့လား...နေ့တိုင်း မင်းအတွက်ကြောင့်နဲ့ နှလုံးသားကနာကျင်နေရတာ...ဘာကိုမှ ကျေးဇူးမတင်ချင်နေ..ကိုယ့်အနားရှိနေရတိုင်း သူခိုးကိုကြောက်နေသလိုမျိုး ကြောက်ပြနေစရာလိုလို့လား..မင်း စဥ်းစားကြည့်...ကိုယ်သာ အတင်းအကြပ်လုပ်ချင်လာရင် ဒီနေ့ဒီချိန်ထိရောက်အောင် စောင့်နေပါဦးမလား.."
သနားစရာကောင်းသည့်ကောင်မလေးတစ်ယောက် လင်းလော့ချွမ်၏အတင်းအကြပ် မေးသလိုပြုသလိုလုပ်နေသည့် မေးခွန်းများကို နားထောင်နေရကာ ဤမုန်တိုင်း၏အရင်းခံက မည်သည့်အတွက်မှန်းပင်မသိ။ကြောက်လန့်လွန်း၍ ခေါင်းတစ်ခုလုံး ဘယ်ညာယိမ်းကာ ရင်ဆိုင်နေရသည့်သူက တဖန်ရှင်သန်လာသည့်မိစ္ဆာဘုရင်ဖြစ်ကြောင်းလက်ခံကာ အကြောက်တရားကြားမှ နှုတ်ဆိတ်နေမိသည်။
နှလုံးသားထဲမှကို လှိုက်ပြီး ဒေါသထွက်နေသည့်သခင်လေးက ယိမ်းခါနေသည့်တဖက်လူ၏မေးဖျားကို ဆွဲဆုတ်ထားလိုက်ပြီး စကားလုံးတိုင်းကိုအံကျိတ်သံများဖြင့် မှုတ်ထုတ်လာ၏။
"ကိုယ်သိတယ်...မင်း ကိုယ့်ကို မြင်အောင်မကြည့်နေမှန်း သိတယ်..အဲ့ဒီလက်ဝှေ့ထိုးနေတဲ့ကောင်က ဘယ်နေရာများကောင်းနေလို့လဲ?..တစ်မိုးအောက်ထဲမှာ အတူတူနေနေတာကို ထားလိုက်..နေ့ဘက်တွေမှာပါ ကြည်ကြည်နူးနူးနဲ့ပူးကပ်နေကြတာ...ကိုယ် ဘယ်လောက်ထိစိတ်ပူနေရလဲဆိုတာ မင်းမသိဘူးမလား..ကိုယ့်ကို မျက်စိစပါးမွှေးစူးအောင် သက်သက်လုပ်ပြနေပြီး ကိုယ့်ကိုအေးအေးချမ်းချမ်းအိပ်မပျော်အောင်လုပ်ချင်တာမလား...မင်းသိလား!...ကိုယ့်စကားတစ်ခွန်းထဲနဲ့တင် အဲ့ကောင်ကို အသေသတ်ပစ်လိုက်ရတယ်!...အနှေးအမြန် ကိုယ် အဲ့ကောင်ကိုသတ်ပစ်မှာ...ပြီးရင် ကြိုးတစ်ချောင်းထပ်ရှာပြီး မင်းကိုပါ အသေသတ်လိုက်မှာ...ကိုယ်တို့ကြားက ကိစ္စတွေအားလုံး အပြတ်ရှင်းကြတာပေါ့!.."
ပြောနေရင်း ကောင်မလေး၏နှုတ်ခမ်းကို အကြမ်းပတမ်းကိုက်ခဲလိုက်ရာ စတင်ပြီးငိုကြွေးလာသည့်သူ၏အသံက ဝိုးတိုးဝါးတားဖြင့်။
ငိုကြွေးသံက မီးတောက်ထဲ လောင်စာပစ်ထည့်လိုက်သဖြင့် ထိုသခင်လေးအား ပို၍ဒေါသပုန်ထစေကာ ဆုတ်ကိုင်ထားသည့်မေးဖျားဆီမှလက်ချောင်းတို့ကို အားပိုထည့်လိုက်ပြီး
"မငိုနဲ့!..ကိုယ့်ကို သနားစရာကောင်းသလိုလာလုပ်ပြမနေနဲ့!...ဘယ်နားလေးက သနားစရာကောင်းနေလို့လဲ?...အခွင့်အရေးလေးတစ်ခုရလိုက်တာနဲ့ ကိုယ်တို့ကို သတ်ပစ်မယ်ဆိုတဲ့အကြံမျိုးရှိတာ ကိုယ် မသိဘူးများထင်နေလား!."
သူ၏ အံကျိတ်နေသည့်အသံများကြောင့် တစ်ဖက်လူခဗျာ စကားပင်မပြောရဲ၊ သူ၏အောက်တွင် ကွေးကွေးလေးကုတ်ကတ်နေပြီး တဆတ်ဆတ်တုန်နေကာ ငိုနေပါသည့်တိုင် အသံလုံးဝမထွက်လာပေ။
လင်းလော့ချွမ်က သူမ၏ပုံစံကြောင့် ပြာပြာသလဲဖြစ်သွာကာ ဒေါသများက ခြေရာလက်ရာမကျန်အောင် ပျောက်သွားခဲ့လေသည်။မျက်ရည်စများကို တရှုံ့ရှုံ့နမ်းရှိုက်နေရင်း ကလေးလေးတစ်ယောက်လို ချော့မော့လာ၏။
"မငိုနဲ့နော်...မငိုနဲ့နော်...မင်းငိုရင် ကိုယ့်ရဲ့ ဒီနေရာက နာတယ်.."
သူ၏ နှလုံးသားနေရာဆီသို့ လက်ကိုထောက်ပြကာ ကောင်မလေး၏လက်ကို ရင်ဘတ်ပေါ်တင်လိုက်၍
"မယုံရင်..စမ်းကြည့်..."
ကောင်မလေး၏မျက်ရည်များ ရပ်တန့်သွားကာ သူ့အား မှင်သေပြီးကြည့်နေမိသည်။
နှင်းရည်စက်လေးများဝေ့နေသည့်မျက်ဝန်း မက်မွန်သီးလေးနှင့်တူသည့်မျက်နှာ မိုးမခကိုင်းခက်များနှင့်တူသည့်မျက်ခုံး လုံးဝကိုအသက်ဝင်နေသည့် ဤပုံရိပ်လေးက ထိုနတ်ဘုရားမလေးနှင့် တစ်ထေရာထဲပင်။
ရင်ခွင်ထဲရှိ 'အခြားသူအပြစ်များကို တစ်ကိုယ်တည်းခံယူနေရသည့် အသုံးချခံရသူလေး' ကိုပွေ့ဖက်ကာ အတိုးဖျဆုံးရေရွတ်လိုက်ပါ၏။ဤအသံများထဲတွင် ဖော်ပြ၍မရနိုင်သည့်ဝမ်းနည်းခြင်းများ အတိ ပါဝင်နေခဲ့ပါသေး၏။
"ကိုယ်က ကောင်းကင်ကြီးလည်းမဟုတ်သလို နတ်ဘုရားလည်းမဟုတ်ဘူး...ကောင်းကင်ကြီးဖြစ်နေခဲ့ရင်တောင်မှ ,နတ်ဘုရားဖြစ်နေခဲ့ရင်တောင်မှ ဖြစ်ပြီးသွားတဲ့ကိစ္စတွေကို ပြန်လည်ပြင်ဆင်ပေးနိုင်မှာမဟုတ်ဘူး...ဒါပေမယ့်လေ...ဝေ့ရှီ...မင်းသိရဲ့လား...တကယ်လို့ အချိန်တွေနောက်ပြန်ဆုတ်ပေးလို့ရမယ်ဆိုရင် ပြန်ပေးရမယ့်အဖိုးအခက ကိုယ့်အသက် ဖြစ်နေခဲ့ရင်တောင် လိုလိုလားလားလက်ခံပေးဖို့အတွက်...ကိုယ်ဆန္ဒရှိပါတယ်..."
>>>>>
မနက်ခင်းအလင်းရောင်များစတင်ဖြန့်ကျက်စပြုတော့မည်အချိန်တွင်မှ လင်းလော့ချွမ် နိုးလာခဲ့သည်။ခန္ဓာကိုယ်အောက်ရှိ ပိန်ပိန်ပါးပါးကောင်မလေးကိုတစ်ချက်ကြည့်ရင်း အဝတ်အစားများကိုလှမ်းယူကာ အလျင်းသင့်သလိုလွှားခြုံပေးလိုက်၏။ကောင်မလေးက တစ်ဖက်သို့လှည့်သွားသည့်လှုပ်ရှားမှုတစ်ခုမှလွဲ နဂိုအတိုင်းအိပ်ပျော်နေဆဲဖြစ်၏။
သူ၏အဝတ်အစားများကို အကျအနဖြစ်အောင်ပြင်ရင်း ပတ်ပတ်လည်ကိုတစ်ချက်ဝေ့ကြည့်လိုက်ရာ ကော်ဇော် ဆိုဖာ စားပွဲ Dancing Floor နေရာတိုင်းတွင် ယောက်ျားမိန်းမအစုံစုံပွေ့ဖက်ပြီး အိပ်ပျော်နေကြလေသည်။ပုံမှန်သားသားနားနားဝတ်စားထားသည့်ဤလူများက မီးရောင်မှိန်မှိန်အောက်တွင်တော့ အပေါ်ယံများကိုခွာချထားကြသည့်သူများသာ ဖြစ်၏။
အဝတ်အစားကိုပြင်ပြီးသည်နှင့် ပိုက်ဆံအိတ်ကိုထုတ်ကာ ထိုအကန့်နှစ်ခုပါရှိသည့်အိတ်အတွင်းမှ ရှိသမျှငွေစက္ကူအားလုံးကိုထုတ်၍ ကောင်မလေးဘေးတွင် ပစ်ပေးခဲ့ပြီး အပြင်သို့လျှောက်ထွက်လာခဲ့သည်။
အပြင်သို့ရောက်လာပြီး စီးကရက်တစ်လိပ်ကိုမီးညှိကာ ကားbody ကိုမှီရင်း ဖြည်းဖြည်းချင်းရှိုက်လိုက်၏။
နွေရာသီ၏နေ့ရက်များက ညတာတိုပြီး နေ့တာရှည်သည်ဖြစ်၍ မနက် သုံး လေးနာရီသာ ရှိသေးပြီး အရှေ့အရပ်ကမည်သည့်အရပ်မှန်းမခွဲနိုင်သေးသော်ငြား အဘက်ဘက်မှထိုးဖောက်လာသည့် အလင်းရောင်စလေးများကို မြင်နေရပြီဖြစ်သည်။ငါးကြေးခွံသဏ္ဍာန်တိမ်တိုက်များကြားမှ အနီရောင်အလင်းတန်းလေးက အနက်ရောင်ကောင်းကင်ကြီးကို ဆုတ်ဖြဲပြီး ထိုးဖောက်ဝင်ရောက်လာနေလေ၏။
စီးကရက်တစ်လိပ်မကုန်မချင်း ထိုမြင်ကွင်းကို ငေးမောကြည့်နေခဲ့ရာ အဆုံးတွင်မှ စီးကရက်မီးကိုငြိမ်းသက်ပြီး တစ်ဖက်သို့လှည့်၍ ကားသော့ကိုထုတ်လိုက်၏။
"လက်တွေ ဒီလောက်ထိတုန်နေတာ...ကားမောင်းနိုင်သေးလို့လား"
အရိပ်အတွင်းမှ လူတစ်ယောက် လမ်းလျှောက်လာခဲ့၏။
လင်းလော့ချွမ်က လှည့်ကြည့်ရာ တစ်ဖက်လူက ရွမ်ရှောက်နန်ဖြစ်သဖြင့် တအံ့တသြဖြစ်သွားပြီး
"မင်း ဘယ်ချိန်ထဲက ရောက်နေတာလဲ"
"မင်းထက် နည်းနည်း စောတယ်...ဒုတိယထပ်က Single Room ထဲမှာရှိနေတာ...အတူတူ ပြန်ရအောင်.."
ရွမ်ရှောက်နန်က ကားမောင်းပြီး လင်းလော့ချွမ်က ဘေးခုံတွင်ထိုင်ကာ လက်ကောက်ဝတ်ရှိနာရီကို တကြည့်ကြည့်လုပ်နေလေ၏။
ရွမ်ရှောက်နန်က သူ့အားတစ်ချက်လှမ်းကြည့်ပြီး အသံထွက်အောင်ရယ်လိုက်၍
"အခုတလော အရမ်းကိုပျင်းနေတာလား?...ဟိုကောင်မလေးက တော်တော်လေးလှတဲ့အထဲပါပါတယ်...ဒါပေမယ့်လည်း ဒီလိုနေရာမျိုးမှာ ရှိတဲ့သူကိုတော့ ဒီလောက် အလေးအနက်ထားပေးစရာမလိုပါဘူး...ငါက မင်းစားပစ်တော့မယ်လို့တောင် ထင်ထားတာ.."
လင်းလော့ချွမ်က တစ်ချက်သန်းဝေပြီး ဖြေးဖြေးချင်းသာတုန့်ပြန်လာ၏။
"အင်း..အရမ်းကိုပျင်းနေတာ..မင်းလည်း အတူတူပဲမလား?..ဘာလဲ အိမ်ကဇနီးလောင်းက စိတ်ကျေနပ်အောင်မလုပ်ပေးနိုင်လို့လား...ဒီနေရာမျိုးထိ ရောက်လာတယ်ဆိုတာမျိုးက မင်းစတိုင်လ်မဟုတ်ဘူးလေ.."
"ငါ မင်းကိုအပြစ်ပြုမိသွားတာများလား...ဒီလောက်ထိကို သေနတ်တွေကျည်ဆံတွေနဲ့ ပြန်ထုတ်ပစ်နေတော့တာဟ...အားလုံးက ယောက်ျားတွေပဲဟာ ငါမပြောလည်း မင်းနားလည်ပါတယ်.."
လင်းလော့ချွမ်ကိုယ်တိုင်လည်း သူ့ကိုယ်သူ အခြားသူ၏ကိစ္စကိုဝင်စွက်ဖက်သည့်စကားမျိုး ပြောနေမိမှန်း သတိထားမိပါသည်။သို့သော် မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ အခုတလော ရွမ်ရှောက်နန်ကိုတွေ့လိုက်တိုင်း စိတ်မသက်မသာဖြစ်သလိုခံစားလာမိကာ ထိုခံစားချက်ကြီးကလည်း စကားလုံး သုံးလေးလုံးလောက်နှင့် ရှင်းပြ၍ရမည်မဟုတ်ပေ။
ရွမ်ရှောက်နန်ဆိုသည်မှာ စကားလုံးနှင့်အရိပ်အခြေများကို အကဲခတ်သည့်နေရာမျိုးတွင် အတော်လေးကျွမ်းကျင်သည့်သူ ထို့အပြင် လင်းလော့ချွမ်ထက် ပိုပြီးအတွေးများသည့်သူလည်းဖြစ်ရာ တစ်ဖက်လူက အဘယ်ကြောင့် မသက်မသာဖြစ်ရခြင်းကို ရိပ်မိပါ၏။
ရွမ်ရှောက်နန်၏ စည်းမျဥ်းတစ်ခုသည်ကား ; ကိုယ့်ထက် အင်အားကြီးသည့်သူနှင့် ဘယ်သောအခါမှ ရန်သူမဖြစ်စေခြင်း ထို့အစား သူတို့နှင့်ပူးပေါင်းပြီး ကိုယ့်အတွက် အကျိုးရှိအောင် ပြုလုပ်ခြင်း။
ဤနေရာသည်ကား သူအကျွမ်းကျင်အပါးနပ်ဆုံးနေရာ။
လင်းလော့ချွမ်က သူ့ထက် အင်အားကြီးလား? ယခုအချိန်ထိတော့ ထောက်ပြစရာနေရာမျိုးမရှိသေး။ သို့သော် ငြင်းမရသည့်အရာများက မိသားစုနောက်ခံအင်အားကြီးမားသည့် သခင်လေးဂုဏ်ပုဒ် ၊ လောကကြီးကို ကစားနေသလိုသာ သဘောထားတတ်သည့်အပြုအမူ ၊ မိသားစုနောက်ခံအင်အားကိုမမှီခိုဘဲ တစ်ကိုယ်တည်းရပ်တည်နေသည့်တိုင် သူနှင့်ယှဥ်လို့ရသည့် နေရာမျိုးကို လက်ဝယ်ဆုတ်ကိုင်ထားနိုင်သည့်သူ။ ဤအချက်များက ရွမ်ရှောက်နန်ကို ထိုသခင်လေးအား သတိထားပြီးယှဥ်ပြိုင်ချင်စိတ်ပေါက်အောင် လုပ်နေခဲ့သည့်အရာများပင်။
"လော့ချွမ်...ငါ့မှာ ညီအစ်ကိုမောင်နှမတွေမရှိဘူး..ဆွေမျိုးရင်းချာဆိုတာလည်းမရှိဘူး...ငါတို့ရင်းနှီးခဲ့တာလည်း ကြာလှပြီ တစ်ချိန်လုံးလည်း ငါ မင်းကို ညီလေးတစ်ယောက်လိုပဲ သတ်မှတ်ထားခဲ့တာ...မင်း စိတ်ထဲ ငါ့ကို မကျေမနပ်ဖြစ်နေမျိုးရှိရင် မြိုသိပ်မနေဘဲ ထုတ်ပြောလိုက်ပါ..ငါ မှားနေခဲ့ရင် ငါ မင်းကိုတောင်းပန်မှာပါ..အပြင်လူတစ်ယောက်က အခွင့်အရေးယူပြီး ငါတို့နှစ်ယောက်ကြား သွေးခွဲမှာကို မလိုချင်ဘူး.."
ရွမ်ရှောက်နန်က ယခုလိုပြောလာသည့်တိုင် လင်းလော့ချွမ်အဖို့ ပြောစရာစကားမဲ့နေဆဲဖြစ်သည်။စဥ်းစားကြည့်ရလျှင် မည်သည့်ကိစ္စကိုမကျေနပ်ကြောင်း ပြောရမည်နည်း။ လုမိသားစုကိစ္စလား အစီအစဥ်အားလုံးလား အစမှအဆုံးထိလား။ အရာအားလုံးကို သူလည်း ကြည့်နေခဲ့တာပဲ မဟုတ်လို့လား..ဝေ့ရှီကို သတ်ပစ်တော့မယ့်အချိန်အထိလေ...
ဝေ့ရှီပြောခဲ့တဲ့အတိုင်း မျက်လုံးရှေ့တည့်တည့်ဖြစ်နေတဲ့ သွေးချောင်းစီးနေတဲ့ကိစ္စတွေအားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်းကိုကြည့်နေခဲ့တာ...လူသတ်ဖို့အတွက် လှည့်ဖျားတာတွေ သွေးအေးတဲ့နည်းလမ်းတွေ သွေးချောင်းစီးပြီးရလာတဲ့အဆုံးသတ်တွေအားလုံးကို သူ'ကြည့်နေနိုင်ခဲ့တာ'...ဒီအချိန်ရောက်မှ 'မနေနိုင်တော့လို့' ဆိုတော့...သေချာပေါက် ရယ်ချင်စရာကောင်းနေမှာ..
ထပ်စဥ်းစားမိတာက ရွမ်ရှောက်နန်နဲ့သူ့ကြားက နှစ်အတော်ကြာခင်ခဲ့တဲ့ ညီအစ်ကိုသံယောဇဥ်..ပြီးတော့ စီးပွားရေးတွဲလုပ်နေတဲ့ပါတနာတွေ...ဒီကိစ္စထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေမှ မကုန်နိုင်မခမ်းနိုင်...သူကိုယ်တိုင်လည်း ဥာဏ်ကောင်းတဲ့သူတစ်ယောက်..စီးပွားရေးသမားပီပီ ရလာမယ့်အကျိုးအမြတ်နဲ့ အရှုံးကို သေချာတွက်နိုင်တဲ့သူ..
ထပ်ပြောရရင် သူကိုယ်တိုင်က လက်တွေ့သမား အကျိုးအမြတ်အများဆုံးရတဲ့ဘက်ကိုပဲရွေးမှာ..မိန်းမတစ်ယောက်အတွက်နဲ့ မယှဥ်သင့်တဲ့သူမျိုးကို မယှဥ်ဘူး..လုပ်ဖို့လည်းမလိုသလို တန်လည်းမတန်ဘူး..
ပြီးတော့ ရွမ်ရှောက်နန်က ဒီလောက်ဥာဏ်ပြေးတဲ့လူ..သူ မသက်မသာဖြစ်နေတဲ့ကိစ္စကိုလည်း တော်တော်လေးခန့်မှန်းနေပြီးလောက်ပြီ..အခြားသူထင်ချင်သလိုထင်နေတာထက်စာရင် သူထုတ်ပြောလိုက်မှ ပိုရှင်းရှင်းလင်းလင်းဖြစ်မှာ..
အသံထွက်အောင် တစ်ချက်ရယ်လိုက်၍
"မင်းတွေးတာများနေပြီ...ငါက တချို့ကိစ္စလေးတွေနားမလည်ဖြစ်နေရုံပါ...မင်းကို မေးကြည့်ရအောင်လည်း ဘယ်ကနေ စပြောရမှန်းမသိဖြစ်နေလို့.."
ရွမ်ရှောက်နန်က အနည်းငယ်သိချင်စိတ်ပြင်းပြလာပြီး
"မင်း ဘာမေးချင်တာလဲ"
လင်းလော့ချွမ်၏အမူအရာများအားလုံး သိသိသာသာရပ်တန့်သွားကာ အနည်းငယ်ဝမ်းနည်းသွားဟန်ပေါက်သည့်အသံတို့ဖြင့်
"မင်း အဲ့အချိန်တုန်းက.....ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ"
"ဘာ.." ရွမ်ရှောက်နန်က နားမလည်လိုက်သလို ထပ်၍မေးလာ၏။
လင်းလော့ချွမ်က နာရီကို ထပ်၍ငုံ့ကြည့်လိုက်ကာ
" ၆ရက် ၁၈နာရီ ၃၂မိနစ်.."
ရွမ်ရှောက်နန်က လုံးလုံးလျားလျားကိုနားမလည်နိုင်တော့၏။
" ငါ သူ့ကိုမတွေ့ရတာ ၆ရက် ၁၈နာရီ ၃၂မိနစ် တိတိရှိသွားပြီ...မသိရင် ဆေးစွဲနေသလိုပဲ နေ့တိုင်းနေ့တိုင်း နာရီကိုကြည့်နေမိတာ..ငါတကယ်ကို နားမလည်နိုင်တာက မင်းဘယ်လိုများ နေနိုင်ခဲ့တာလဲ.."
ရွမ်ရှောက်နန်က တစ်ချက်ရယ်လိုက်ပြီး
"လက်စသတ်တော့ ဒီလိုကိစ္စမျိုးကိုး...မင်းလိုလူမျိုးဆီမှာလည်း ဒီလိုစိတ်ရှုပ်ထွေးနေတဲ့အချိန်မျိုးလည်းရှိသေးတာလား..ထူးထူးဆန်းဆန်း...သူ့ကို သတိရတယ်ဆိုရင် သူ့ဆီသွားရှာလိုက်လေ..သူ့လို မိန်းကလေးမျိုးကို မင်းဘဲ လွှမ်းမိုးချင်တာ မဟုတ်ဘူးလား.."
လင်းလော့ချွမ်က လက်ကောက်ဝတ်ရှိနာရီကိုချွတ်ကာ ပြတင်းပေါက်အပြင်ဘက်သို့လွှင့်ပစ်လိုက်၏။
"သူ့ရဲ့ဒေါသကို အခြားသူတွေမသိရင်တောင် မင်းကတော့သိမှာပါ..ပုံမှန်ဆို မျက်ခုံးတွေတောင် သိပ်မတွန့်တဲ့သူက ဒေါသထွက်လာတာနဲ့ အသက်ကိုနှုတ်ယူပစ်တော့မယ့်သခင်မလေးအတိုင်းပဲလေ...ဒါမှမဟုတ် ကောင်မလေးသေးသေးလေးကို ကုတင်ပေါ်အတင်းခေါ်လာပြီး သွေးသံရဲရဲဖြစ်အောင်လုပ်ပစ်ရမှာလား..ရတယ်ပဲထားဦး ဘာအဓိပ္ပါယ်ရှိမှာမလို့လဲ...အိမ်ကို ဆီလီကွန်အရုပ်ဝယ်လာလိုက်တာကမှ အင်အားချွေတာရာရောက်ဦးမယ်.."
ရွမ်ရှောက်နန်က ခေါင်းရမ်းရင်း
"ဘယ်လိုဖြစ်လို့ သွေးသံရဲရဲဖြစ်တဲ့ကိစ္စတွေပါ ရောက်ကုန်တာလဲ"
လင်းလော့ချွမ်က အသံထွက်အောင်ရယ်၍
"မင်းလို သွေးတစ်စက်မှ မမြင်လိုက်အောင် လူသတ်နိုင်တဲ့သူကတော့ သွေးသံရဲရဲဖြစ်တဲ့ကိစ္စကို ဘယ်စိတ်ဝင်စားမှာလဲ"
ရွမ်ရှောက်နန်၏အကြည့်များက လမ်းမပေါ်တွင်သာ အာရုံစိုက်ထားပြီး တစ်ဖက်ရှိ လင်းလော့ချွမ်အား ခပ်ပြုံးပြုံးဖြင့်သာမေးလိုက်၏။
"အနက်ရောင်စျေးကွက်ရဲ့ လက်ဝှေ့ပွဲတွေ ကြည့်ဖူးလား"
လင်းလော့ချွမ်က ရုတ်ချည်းဆိုသလို ချီမော့ အကြောင်းကိုစဥ်းစားမိလိုက်၏။သို့သော် မျက်နှာထက်တွင်ပြောင်းလဲသွားသည့်အမူအရာမျိုးမရှိဘဲ
"စကားလမ်းကြောင်းက ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ"
"ရုတ်တရက်သတိရမိသွားလို့ပါ...ငါ ကမ္ဘောဒီးယား အနက်ရောင်စျေးကွက်ရဲ့လက်ဝှေ့ပွဲကိုကြည့်ဖူးတယ်...ရွံ့အိုင်ကြီးတစ်ခုကို ပတ်ပတ်လည်မီတာတော်တော်မြင့်တဲ့သံစူးကြိုးတွေနဲ့ကာပြီး တံခါးကိုသော့ခတ်ထားတာ..ကြိုးတွေကိုလည်း လျှပ်စစ်နဲ့ချိတ်ထားသေးတယ်...ထိမိတာနဲ့ စက္ကန့်ပိုင်းအတွင်း မဲပြာသွားမှာ..ကွင်းထဲကိုဝင်လာတဲ့သူတွေအားလုံးက မိဘတွေရောင်းစားပစ်ထားခဲ့တဲ့ကလေးတွေ အငယ်ဆုံးဆို ၁၂နှစ် ၁၃နှစ်လောက်..အကြီးဆုံးမှ ၁၅နှစ် ၁၆နှစ်လောက်ရှိမှာ...အားလုံး ပိန်ပိန်လေးတွေ ဒါပေမယ့် ပွဲစပြီဆိုတာနဲ့ စကားနဲ့တောင်ပြောပြလို့မရတဲ့ 'စိတ်ရိုင်း'တွေဝင်ပြီး ချကြတာ...သူ့တို့ရဲ့ လက်စတွေကို မင်းတောင်ခန့်မှန်းနိုင်မှာမဟုတ်ဘူး..ကိုယ့်ကိုကိုယ် လူလို့လည်းမသတ်မှတ်တော့သလို အခြားသူတွေကိုလည်း လူလို့မထင်တော့ဘူး 'အသက်ရှင်ရမယ့်ဘဝ'ဆိုတာကြီးက သူတို့မျက်လုံးထဲမှာ ဆန်ပြုတ်တစ်ခွက် ပေါင်မုန့်တစ်ချပ်လောက်တောင်အရေးမပါတော့ဘူး..."
လင်းလော့ချွမ်က ငြိမ်သက်၍နားထောင်နေခဲ့ပြီး နောက်ပိုင်းဆက်ပြောလာမည့်စကားတို့ကိုလည်း နားလည်နှင့်နေပြီဖြစ်သည်။
ထင်ထားသည့်အတိုင်း ရွမ်ရှောက်နန်က ဆက်၍
"အသက်ရှင်ဖို့အတွက် သူတို့မှာ ရွေးချယ်စရာမရှိဘူး..အဲ့အတိုင်းပဲ အရိပ်အယောင်မချန်ဘဲလူသတ်တဲ့ကွင်းပြင်မှာရှိနေတဲ့ ငါတို့အတွက်လည်း ရွေးချယ်စရာမရှိဘူး..အဲ့ဒါကြောင့်မလို့ ငါက အသုံးအဝင်ဆုံးနည်းလမ်းကိုသုံးပြီး အကောင်းဆုံးရလဒ်ကို ရအောင်ယူတယ်...သူ(မ)က ဘယ်သူပဲဖြစ်နေပါစေ သူ့ဆီမှာ ငါလိုချင်တာရှိနေရင် လိုချင်ကြောင်းတည့်ပြောမှာပဲ...'ရလာမယ့်ရလဒ်ကိုပဲကြည့်တယ် နောက်ဖြစ်မယ့်အကျိုးဆက်တွေကိုဂရုမစိုက်ဘူး'..ဒါက ငါ ကျင့်သုံးတဲ့စည်းမျဥ်းပဲ.."
လင်းလော့ချွမ်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး
"ကောင်းလိုက်တဲ့ 'လိုချင်တာရှိရင်တည့်တောင်းမယ်ဆိုတဲ့' စကား..ငါ သိချင်တာကလေ တကယ်လို့များ တဖက်လူက မင်းလိုချင်တာကို မပေးချင်ရင် မင်း ဘယ်လိုလုပ်မလဲ"
ရွမ်ရှောက်နန်က ရယ်လိုက်ပြီး အဓိပ္ပါယ်ရှိရှိဆိုလာလေသည်။
"အနက်ရောင်စျေးကွက်ဆိုတာ ဘယ်သူကမှအုပ်စိုးလို့မရမယ့်နေရာတစ်ခုထက် ပိုတယ် ..ငါပြောချင်တာကို မင်းနားလည်ပါတယ်.."
(T/N အနက်ရောင်စျေးကွက် က "စမ်းပုကွမ် " အဓိပ္ပါယ်က ရဲမကြောက် ကင်းမကြောက်တဲ့သူတွေ အလုပ်တွေလုပ်ကြပြီး ကြောက်စရာတွေချည်းပြည့်နေတဲ့ အုပ်ချုပ်သူမဲ့နေတဲ့နေရာ)
လင်းလော့ချွမ်က ရွမ်ရှောက်နန်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ လက်စသတ်တော့ သူက အရာအားလုံးကိုသိနှင့်နေပြီးသား။ပါးစပ်ကသာ ဂရုမစိုက်ကြောင်း စိတ်မဝင်စားကြောင်းကိုပြောနေသည့်တိုင် ဒီနေ့ဒီချိန်အထိ သူမ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို အာရုံစိုက်ထားဆဲ။ဒါကရော ဘာအဓိပ္ပါယ်လဲ?
ရွမ်ရှောက်နန်က ဆက်၍
"ဒီလောကကြီးမှာ ပိုက်ဆံသာရှိရင် သရဲကိုတောင် တစ္ဆေဖြစ်အောင် ပြောင်းလို့ရတယ်...မင်းစဥ်းစားကြည့် အဲ့စျေးကွက်ထဲက လူတွေက အမြဲပိုက်ဆံပြတ်နေတဲ့သူတွေ သူ့ကိုလာရှာပြီး အလုပ်အပ် ပိုက်ဆံပေးမယ့်သူကိုစောင့်နေမှာပဲ..အဲ့လိုလူကို လက်ဝှေ့ပွဲတစ်ခုမှာ ဟန်ဆောင်ပန်ဆောင်ထိုးခိုင်းမယ်..အဲ့အတွက်လည်း စျေးကလည်း ခါတိုင်းထက် ဆယ်ဆလောက်ကိုပေးမယ်ဆိုရင်..မင်းပြောကြည့် သူ့လက်ခံမခံ?...နောက် ကြိုးဝိုင်းထဲကိုထည့်ပြီး တစ်ဖက်လူကို အသေသတ်ပေးရမလား အရှင်ထားလိုက်ရမလား ဆိုတာကို မင်းစကားတစ်ခွန်းထဲနဲ့ ဆုံးဖြတ်လို့ရမယ့် အခြေအနေမျိုးမှာ...ဒီဘက်ကနေ မင်းကြည့်စေချင်တဲ့သူကို တိုက်ရိုက်ကြည့်ခိုင်းထားလိုက်မယ်ဆိုရင် ပြီးပြီလေ...ကြိုးဝိုင်းထဲမှာ သွေးအလိမ်းလိမ်းထနေတဲ့သူကို မြင်လိုက်ရရင် မင်းလိုချင်တာကို သူ(မ) မပေးဘဲနေမလား?..."
လင်းလော့ချွမ်က ခေါင်းရမ်းရာ ရယ်လိုက်ပြီး
"ဒါက မသေချာဘူးလေ..လူတစ်ယောက်ရဲ့နှလုံးသားက တဇွတ်ထိုးဆန်ပြီးခေါင်းမာလာလို့ရှိရင်..မင်း သေရင်သေ ရှင်ရင်ရှင်...သူအဖော်လိုက်ပေးမယ်ဆိုပြီး ရွေးချယ်လိုက်ရင်ရော?...နောက်ဆုံးကျမှ လိုတာမရ ရတာမလိုဖြစ်နေပါဦးမယ်"
ရွမ်ရှောက်နန်က သက်ပြင်းရေးရေးချပြီး
"အဲ့လိုသာဖြစ်ခဲ့ရင်တော့ လက်လွှတ်ပေးလိုက်ဖို့ပဲရှိတော့တယ်..သူ(မ)ကိုပါ သေခိုင်းလိုက်တော့ပေါ့...မနေချင်တဲ့မိန်းမတစ်ယောက်ကို မင်းလည်း ဆက်တွေးပေးနေစရာမှမလိုတာ...အဝေးဆုံးကိုပို့ပစ်လိုက်တာက မင်းအတွက်လည်း စိတ်သက်သာရာအရဆုံးပဲ"
လင်းလော့ချွမ်က တစ်ဖက်သို့လှည့်ကာ ဖျော့တော့တော့နေရောင်အောက်တွင်မြင်နေရသည့် မျက်ခုံးအတွန့်အကွေးလေးတောင် မပြောင်းမလဲ စကားပြောနေနိုင်သည့်ရွမ်ရှောက်နန်၏မျက်နှာကို စိုက်ကြည့်နေလိုက်၏။မျက်ဝန်းတစ်စုံအရှေ့တွင် မြင်နေရသည့်သူက 'အမှန်တိုင်းပြောနေခြင်းလား ဟာသသဘောပြောနေခြင်းလား' အပေါ်တွင်တော့ သူကိုယ်တိုင်လည်း မသိပေ။
ဟာသအဖြစ်ပြောနေခဲ့လျှင်တောင် ထိုစကားလုံးတို့က ချမ်းစိမ့်စိမ့်ဖြစ်သွားအောင်အထိ တုန်လှုပ်နိုင်ပြီဖြစ်သည်။အကယ်၍သာ အမှန်အတိုင်းပြောနေခြင်းဆိုလျှင် သူ့စိတ်ထဲရှိလျှို့ဝှက်ချက်များက မြို့တော်၏အနက်ဆုံးအပိုင်းလို သမုဒ္ဒရာ၏အတွင်းအကျဆုံးနေရာလို အောက်ဆုံးအဆင့် ရက်စက်ကြမ်းကြုတ်သည့်နေရာသို့ ရောက်နေပြီဖြစ်၏။
လင်းလော့ချွမ်က သက်ပြင်းချရင်း
"မင်း ရက်စက်လွန်းတယ်...ချစ်ခွင့်ပေးဖို့တောင်းဆိုတာလေ လက်စားချေနေသလို မဖြစ်မနေ လုပ်ရမှာလား...သူများက နူးနူးညံ့ညံ့နဲ့ပျော့တိပျော့ဖတ်ကောင်မလေးလေ...အသက်သေဖို့လောက်ထိခြိမ်းခြောက်ဖို့ မလိုပါဘူး.."
ရွမ်ရှောက်နန်က အသံထွက်အောင်ရယ်လိုက်၍
"ဘယ်သူက သူ့ကို သွားချစ်ခိုင်းလို့လဲ...ငါက မင်းနဲ့ ကိုယ်လိုချင်တဲ့မိန်းကလေးကို သွေးသံတရဲရဲမဖြစ်ဘဲ ဘယ်လိုရအောင်ယူရမယ့်အကြောင်းကို ဆွေးနွေးနေတာလေ..မင်းကသာ သူ့ကို ပျော့တိပျော့ဖတ်လို့မြင်တာ ငါ့အမြင်က မင်းနဲ့ဆန့်ကျင်ဘက်မှာ...'ရိထျန်း'အပေါ်ဆုံးလွှာမှာ ဖြစ်သွားတဲ့ကိစ္စကိုမှတ်မိသေးလား..လူက ငါ့အောက်မှာရောက်နေပြီး သွေးတွေက နေရာအနှံ့ဖြစ်နေတာတောင် လည်ပင်းကြောကိုတင်းပြီးပါးစပ်ကိုအသေပိတ်ထားရဲသေးတာ...နောက်ပိုင်း မင်းသာ ငါ့ကိုသတိမပေးခဲ့ရင် အဲ့ကိစ္စက သူ့ရဲ့လှည့်ကွက်တစ်ခုလိုတောင်ဖြစ်သွားပြီး ငါ့ကိုတောင် ပြန်အနိုင်ယူလိုက်နိုင်တယ်...သူ့ပုံစံလေးက သနားစရာကောင်းတဲ့ပုံပေါက်နေပေမယ့် အခွင့်အရေးသာရကြည့် အခြားသူတွေထက်ကိုကြောက်စရာကောင်းအောင်ပြန်လုပ်ပြလိမ့်မယ်..."
စကားပြောနေကြသည့်အချိန်အတွင်း ကောင်းကင်ကြီးတစ်ခုလုံး အလင်းရောင်ဖြန့်ကျက်ပြီးဖြစ်သည်။အထပ်မြင့်အဆောက်အဦးကြီးများကြားတွင်လည်း ကြက်သွေးနီရောင်အလင်းတန်းနှင့်အပြာရောင်ကောင်းကင်ကြီး က တဖန်နေရာယူနေကြလေပြီ။
လင်းလော့ချွမ်တွင် ထပ်ပြောစရာစကားဟူ၍မရှိ။အဝေးတစ်နေရာသို့သာ ငြိမ်သက်ပြီးကြည့်နေလေ၏။အရှေ့တွင်ရှိနေသည်က ရှုပ်ထွေးလွန်းသောမြို့ပြကြီး ခပ်ကျဥ်းကျဥ်းကောင်းကင်နှင့် မတူမညီကျသောလူများသာ....ထို့ကြောင့် တွေးကြည့်မိလိုက်သည်က အကယ်၍ကောင်းကင်ကြီး၌သာ မျက်လုံးတစ်စုံရှိနေခဲ့လျှင် ဤမြို့ပြကြီးကို ဘောင်တစ်ခုထဲရှိနေသည့်ပန်းချီတစ်ချပ်လိုသာ မြင်နေလိမ့်မည်။နှစ်တွေကြာသွားသည့်တိုင်အောင် မပြောင်းလဲသည့်လူအုပ် မပြောင်းလဲသည့်အကြံစည် မပြောင်းလဲသည့်ရှုပ်ထွေးခြင်း မပြောင်းလဲသည့်အတ္တတွေကိုသာ မြင်နေရလေ၏။
တကယ်ကိုမှ ပင်ပန်းနေပြီဖြစ်ကာ ရွမ်ရှောက်နန်စကားလုံးများ၏ အဓိကရည်ရွယ်ချက်ကိုလည်း ဝေဖန်ပိုင်းခြားမနေချင်တော့ပါ။သို့သော် ငြင်းပယ်လို့မရတော့သည်က အမာရွတ်တစ်ခု၊ အချိန်အကြာကြီး သူကိုယ်တိုင် ရင်မဆိုင်ချင်ခဲ့သည့် အနာဟောင်းတစ်ခုကို ပြန်လည်တူးဆွလိုက်မိပြီဖြစ်၏။
သူနှင့် ရွမ်ရှောက်နန် အတူတူပင်။ဝေ့ရှီ၏စိတ်ထဲတွင် ဟိုးအရင်ကတည်းက သူတို့နှစ်ယောက်အား တူညီသည့်အမျိုးအစား ၊ သွေးအေးသည့်တစ်ကိုယ်ကောင်းသမား ၊ 'ရွံ့စရာသတ္တဝါ' အဖြစ် အမှတ်အသားပြုခဲ့ပြီးဖြစ်ကာ ရွမ်ရှောက်နန်ကို မုန်းသည့်အတိုင်း သူ့ကိုလည်း ထပ်တူထပ်မျှမုန်းနေမည်သာ။
ထို့ကြောင့် သူမနှင့်ပတ်သက်ပြီး သူ့ဆီတွင်ရွေးချယ်လို့ရသည့်အရာက 'လက်လွှတ်ပေးလိုက်ခြင်း' မဟုတ်လျှင် 'ဖျက်ဆီးပစ်လိုက်ခြင်း' သာရှိ၍ တိုက်ခတ်လာသည့်လေညှင်းနှင့်လမင်းကြီးရှုစားရင်း အတူနေနိုင်သွားဖို့ရာ လမ်းမရှိ၏။
တည့်တည့်သွားနေရမည့်လောကကြီးကိုသာကြည့်နေရပြီး နောက်ပြန်လှည့်ဖို့ဆိုရာ မဖြစ်နိုင်တော့၏။
"တစ်နေ့နေ့ကျရင်...ငါတို့ သိချင်သိလာရမှာ..."
လင်းလော့ချွမ်က အနောက်သို့မှီလိုက်ကာ ခပ်နွေးနွေးတိုက်ခတ်လာသည့်လေညှင်းအောက်တွင် မျက်ဝန်းတစ်စုံကိုမှိတ်ချပြီး ဖြေးဖြေးချင်းဆိုလာခဲ့၏။
"ငါတို့ အရယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရအောင်ယူနိုင်ခဲ့တဲ့အရာအားလုံးက လုံးဝကို အရေးမပါတာတွေဖြစ်နေပြီး ငါတို့ အလိုချင်ဆုံးအရာက တစ်သက်လုံးမရနိုင်တော့တာမျိုးလေ..."
ကားစတီယာရင်ကိုကိုင်ထားသည့် ရွမ်ရှောက်နန်၏လက်ချောင်းများက မသိလိုက်ပါဘဲနှင့် တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်မိသွား၏။တစ်ဖက်သို့လှည့်ပြီး အိပ်ပျော်သွားခဲ့သည့် လင်းလော့ချွမ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ရုတ်တရက်သတိရမိသွားခဲ့သည့်က လွန်ခဲ့သည့်နှစ်တစ်ဝက် ကြယ်ရောင်မှိန်မှိန်နှင့်ဆောင်းဦးရွက်ကြွေများကြား ယခုလိုကားထဲတွင် သံသယကင်းကင်း အိပ်ပျော်နေခဲ့သည့် သူတစ်ယောက်၏ပုံရိပ်ကိုဖြစ်၏။ ငြိမ်သက်၍ကြည့်နေခဲ့မိသည်က သူမက အခြားလောကတစ်ခုမှရောက်လာခဲ့သည့် အခြားသောသက်ရှိတစ်ယောက်လို အခြားသော...သူ့အနေဖြင့် ဘာဆိုဘာမှမသိတော့ဘဲ ဒီအတိုင်းငေးမောကြည့်နေမိသည့် သက်ရှိတစ်ပါးလို။
ထိုအချိန်က သူ့နှလုံးသားထဲပြေးလွှားနေသည့်ခံစားချက်များက အမုန်းတရားများမဟုတ်နေခဲ့ပဲ စိတ်လှုပ်ရှားခြင်းများသာဖြစ်၏။တစ်ကြိမ်တစ်ခါမှ မဖြစ်ခဲ့ဖူးသော စကားနှင့်ဖော်ပြလို့မရနိုင်လောက်သည့် သစ်လွင်ပြီးထူးဆန်းသည့်ခံစားချက်များ ဖြစ်ပါ၏။
မျက်နှာကိုလှည့်ပြီး လင်းလော့ချွမ်အား နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ရာ တွေးမိလိုက်သည်က ထိုလူနှစ်ယောက်က တကယ်ကို တူညီသည့်အရာများ ရှိနေကြသည်ပင်။
ရွမ်ရှောက်နန်က နောက်ကြည့်မှန်ကိုကြည့်ရင်း တစ်ချက်ပြုံးလိုက်မိ၏။ဤအခိုက်အတန့်၌ ထိုလူနှစ်ယောက်အား အနည်းငယ်အားကျမိသယောင်ယောင် ဖြစ်သွားခဲ့၏။အရွယ်ရောက်လာသည့်အချိန်မှစပြီး သူ့အနေဖြင့် အခြားသူများရှေ့တွင် စိတ်ချလက်ချအိပ်မပျော်ခဲ့ဖူးပါ။
ကိုယ့်အသက်ကို အခြားသူလက်ထဲအပ်လိုက်ရသည့်အလုပ်မျိုး ဘယ်တော့အခါမှလုပ်မည်မဟုတ် ; ဒါကလည်း သူ့စည်းမျဥ်းများထဲက တစ်ခု။
ဒီနေ့ပြောလိုက်သည့်စကားများကလည်း ဤသူငယ်ချင်းကောင်း၏စိတ်ထဲ စွဲစွဲမြဲမြဲကိုအခြေတည်သွားမှန်း သိလိုက်ရခြင်းက ထိုနေ့ညက ခေါ်ဆိုလိုက်သည့်ဖုန်းကလည်း တစ်ယောက်သောသူကို မလွဲမသွေ သေစေနိုင်လောက်သည်အထိ ပေါက်ကွဲသွားစေလိမ့်မည်မှန်း သိထားခဲ့သလိုပင်။
သူ့ကိုယ်၌ကလည်း သူကိုယ့်သူ မှားနေခဲ့သည်ဟု မထင်။ သူ့အနေဖြင့် ငါးစာချရုံသာဖြစ်ပြီး ငါးမျှားချိတ်ကိုဟပ်မဟပ်ဆိုသည့်အရာက သူတို့နှစ်ယောက်ပေါ်၌သာ မူတည်၏။သူကိုယ်၌က လင်းလော့ချွမ်မဟုတ်၍ နောင်တတွေ စိတ်မသိုးမသန့်ဖြစ်တာတွေ ဆုံးရှုံးရတာတွေ ဝမ်းနည်းတာတွေကို ဒီလောက်ထိစဥ်းစားနေမည်မဟုတ်။ သူက လုံးဝကိုတစ်ကိုယ်ကောင်းဆန်ဆန်နေတတ်သည့်ဖြစ်ပြီး သူ၏ကမ္ဘာကြီးကိုလည်း ပြတ်ပြတ်သားသားနှစ်ခြမ်းခွဲထားပြီးသားပင် ; လိုချင်သည့်အရာနှင့် သူ မလိုအပ်သည့်အရာ ဟူ၍။
ရွမ်ရှောက်နန်က တဖြည်းဖြည်းတောက်ပလာသည့်နေရောင်များကြား ခပ်ရေးရေးလေးပြုံးလိုက်မိ၏။
ဤအပြုံးက ဝေ့ရှီအကြောက်ဆုံးအရာလည်းဖြစ်ကာ သားရဲတစ်ကောင်က သူ၏သားကောင်ကို အလစ်မပေးဘဲလိုက်ကြည့်နေတတ်သည့်ဟန်မျိုးဖြင့် လိုက်ကြည့်နေခဲ့ပြီး တဖြည်းဖြည်းချဥ်းကပ်ကာ ထိုအပြုံးဖြင့် သူမ၏ ဘဝကိုအဆုံးသတ်ပစ်လိုက်လေသည်။
*********************
~~Zawgyi~~
ေသြးတစ္စက္ ေျမမခေစဘဲ အေသသတ္ျခင္း
ေတာင္တန္းႏွင့္ပင္လယ္ ဝန္းရံျခင္းခံထားရေသာ ဤဆိတ္ၿငိမ္ရာအရပ္တြင္ရွိေနသည့္ ဗီလာတစ္ခုအား ပိုင္ရွင္ျဖစ္သူက သီးသန့္ဆန္သည့္ကလပ္တစ္ခုအျဖစ္ ေျပာင္းလဲဖြင့္လွစ္ထားသည္။ဤကလပ္ရွိဝန္ေဆာင္မႈမ်ားက Member ဝင္မ်ားအတြက္သာျဖစ္ၿပီး အျပင္လူမ်ား စိတ္လြတ္ကိုယ္လြတ္ဝင္လာခြင့္မရွိသည့္ေနရာလည္း ျဖစ္သည္။ဤေနရာသို႔ လာၾကသည့္သူအမ်ားစုက မ်က္ႏွာႀကီးအသိုင္းအဝိုင္းမွလူမ်ားႏွင့္ အျပစ္ျပဳ၍မရေလာက္ေအာင္ အင္အားႀကီးမားသည့္သူမ်ားသာ ျဖစ္ကာ သီးသန့္ကလပ္ဆိုသည့္အတိုင္း အျပင္လူမ်ားမရနိုင္သည့္ စိတ္ဝင္စားစရာအေကာင္းဆုံးဝန္ေဆာင္မႈမ်ားရွိေနမည္မွာလည္း အေသအခ်ာ။
ဤေနရာရွိ အသံကာလာအေနအထားမ်ားက အျခားေနရာမ်ားႏွင့္မတူေၾကာင္း ယခင္ကတည္းက လင္းေလာ့ခြၽမ္ၾကားထားၿပီးျဖစ္ေသာ္လည္း ယခုခ်ိန္မွသာ ပထမဆုံးအႀကိမ္အျဖစ္ အေပ်ာ္ရွာရန္ေရာက္လာခဲ့ျခင္းျဖစ္သည္။အေၾကာင္းျပခ်က္မွာကား 'ေရပန္းစား'လာသည့္အရာမ်ားအေပၚ ခ်က္ခ်င္းဆိုသလိုလိုက္လုပ္တတ္ျခင္းမရွိ၊ အျခားသူမ်ား ေကာင္းသည္ဆိုတိုင္း သူစိတ္မဝင္စားတတ္ျခင္းေၾကာင့္။
သို႔ေသာ္ ယေန႕တြင္ေတာ့ အေတာ္ေလးကိုပ်င္းရိေနျခင္းေၾကာင့္ျဖစ္၏။
ဆိုဖာေပၚတြင္ ေျခပစ္လက္ပစ္ထိုင္ေနၿပီး ဖန္ခြက္အတြင္းမွ အနီေရာင္ဝိုင္မ်ားကိုလႈပ္ရမ္းေနကာ Dancing Floor ေပၚ လႈပ္ရမ္းေနသည့္ ေယာက္်ားမိန္းမတို႔ကို စိတ္မရွည္လက္မရွည္ထိုင္ၾကည့္ေန၏။
ဧည့္သည္မ်ားကိုေဖ်ာ္ေျဖဧည့္ခံေနသည့္သူက ဤသခင္ေလး စိတ္မၾကည္မလင္ျဖစ္ေနသည့္မ်က္ႏွာကို အကဲခတ္မိၿပီး ေဘးနားတြင္ရွိေနၾကသည့္ မိန္းမလွေလးကို မ်က္စပစ္ျပလိုက္၏။အလုပ္လုပ္သည့္မိန္းမလွေလးတိုင္း ပါးနပ္ၿပီးအရိပ္အေျခကိုနားလည္ၾကကာ ယခုအခ်ိန္၌ ငွက္ကုလားအုပ္လိုဝပ္ေနၿပီး မည္သူတစ္ဦးတစ္ေယာက္ကမွ ေရွ႕မတိုးရဲၾကေပ။
လင္းေလာ့ခြၽမ္၏ေဒါသကို ဤနယ္ပယ္တြင္က်ဥ္လည္ေနသည့္သူတိုင္း မသိသူမရွိ။ ေဒါသထြက္အလြယ္ဆုံးျဖစ္ၿပီး ရက္စက္ၿပီးမညွာမတာတတ္သည့္စရိုက္မ်ိဳး။ က်ားရိုင္းတစ္ဝက္ လူတစ္ဝက္စိတ္ေနသေဘာထားရွိသည့္သူက ေပ်ာ္႐ႊင္ေနသည့္အခ်ိန္မ်ိဳးဆိုလွ်င္အေၾကာင္းမဟုတ္ တစ္ခ်က္ကေလး စိတ္မၾကည္ေအာင္ အျပစ္ျပဳမိသည္ႏွင့္ ေသလို႔ေသလိုက္ရမွန္းမသိေအာင္ မိနစ္ဝက္အတြင္း အေသသတ္ပစ္မည့္သူမ်ိဳးျဖစ္၏။
ဝိုင္ခြက္ကိုခ်ၿပီး မ်က္ဝန္းတစ္စုံကိုမွိတ္ကာ အနားယူလိုက္၏။ နားစည္အတြင္း 'တကြၽီကြၽီ'ျမည္ေနသည့္ တီးလုံးသံမ်ားက ခါတိုင္းၾကားေနၾက အေရးမပါသည့္အသံမ်ားႏွင့္အတူတူသာျဖစ္သည္။ျမင္ေနရၾကားေနရသည္မ်ားက ပါးစပ္ကလည္းအရသာမေတြ႕သလို ႏွလုံးသားကလည္း စိတ္ဝင္စားစရာမေကာင္းေလာက္သည္အထိ ပ်င္းရိေန၏။နားစည္အတြင္းဝင္လာသည့္ ထိုသံစဥ္မ်ားက ခ်စ္ျခင္းမ်ားျပဳလုပ္ေနသည့္အခါမ်ိဳး၌ ႏွိုးႂကြေစဖို႔သက္သက္ ထင္ေယာင္ထင္မွားျဖစ္ေအာင္ပံ့ပိုးေနၾကျခင္းသာ။မ်က္ဝန္းတစ္စုံဖြင့္လိုက္သည္ႏွင့္ ေယာက္်ားမိန္းမမ်ားျပည့္ေနသည့္ အခန္းတစ္ခုကိုသာ ျမင္ေနမည္ျဖစ္ၿပီး ဘယ္ေယာက္်ားက ဘယ္သူ႕ဟာ..ဘယ္မိန္းမက ဘယ္သူ႕ဟာ ဆိုၿပီးခြဲျခားေနမည္မဟုတ္ အားလုံးရႈပ္ယွက္ခတ္ေနမည္ျဖစ္၏။
" 'စားခြက္တစ္ခုတည္း မစားသင့္တဲ့ျမင္းႏွစ္ေကာင္'..နင္တို႔ႏွစ္ေယာက္စလုံးက အထက္တန္းလႊာရဲ႕မ်က္ႏွာဖုံးေတြပါ..တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ေထာက္သင့္ပါတယ္ "
႐ုတ္တရက္ ေဝ့ရွီေရးျပသည့္စာ႐ြက္ေပၚမွ စကားလုံးမ်ားကိုသတိရမိသြား၏။လင္းေလာ့ခြၽမ္က မ်က္လုံးေရွ႕တြင္ျမင္ေနရသည့္အရာမ်ားကိုၾကည့္ရင္း ထိုစကားလုံးမ်ားကို ပို၍ေလွာင္ရယ္ပစ္ခ်င္လာမိသည္။
ဤေခါတ္ကာလဆိုသည္မွာကား ေျခတစ္စုံလက္တစ္စုံကို လြယ္လြယ္ႏွင့္ဖြင့္ဟနိုင္သည့္ေခါတ္။ေယာက္်ားတစ္ေယာက္ ပိုက္ဆံသာရွိလွ်င္ မိမိကိုယ္ကို လူသုံးကုန္ပစၥည္းလိုသေဘာထားထားသည့္ မိန္းမတစ္ေယာက္ကို ကစားစရာတစ္ခုလို သတ္မွတ္လို႔ရသည့္ေခတ္။
ဘယ္သူက ဘယ္သူ႕ကိုကစားၿပီး ၊ ဘယ္သူက ဘယ္သူရဲ႕ကစားခံအျဖစ္ေနၿပီး ၊ ဘယ္သူ႕ကို ဘယ္သူကဝယ္ၿပီး ၊ ဘယ္သူက ဘယ္သူ႕ကိုေရာင္းလိုက္ဆိုတာမ်ိဳး ဘယ္သူကမွ ရွင္းရွင္းလင္းလင္းေျပာျပေနမည္လည္းမဟုတ္။ 'မင္းက ေၾကာင္ကို စေနာက္ေနရင္ ေၾကာင္ကလည္း မင္းကိုျပန္စမွာပဲ...မင္းကိုယ္တိုင္က ေၾကာင္မဟုတ္တဲ့အတြက္ အဲ့ေၾကာင္ေလးေပ်ာ္မေပ်ာ္ မင္း ဘယ္လိုမွသိမွာမဟုတ္ဘူး..'
လင္းေလာ့ခြၽမ္က နဂိုကတည္းကမွ မၾကည္မလင္ျဖစ္ေနရာ ဤအေၾကာင္းမ်ားေတြးမိၿပီးေနာက္ ပို၍စိတ္ရႈပ္လာရသည့္အခိုက္ ေသးေသးသြယ္သြယ္လက္ေခ်ာင္းေလးတစ္စုံက ေသမလားရွင္မလားမသိနိုင္သည့္ဤအခ်ိန္မ်ိဳး၌ မိုက္႐ူးရဲဆန္စြာတိုးဝင္လာခဲ့ေလ၏။ႏွလုံးသားထဲေလာင္ေနသည့္မီးေတာက္က အုန္းခနဲထႂကြကာ ခ်က္ခ်င္းဆိုသလိုေဘးဘက္သို႔လွည့္ၾကည့္လိုက္၏။သို႔ေသာ္ ေတြ႕လိုက္ရသည္က အနည္းငယ္ရင္းႏွီးေနမေယာင္ရွိသည့္ အရည္ေဝ့ၿပီးၾကည္လဲ့ေနေသာအနက္ေရာင္မ်က္ဝန္းတစ္စုံျဖစ္ကာ တစ္ေနရာရာတြင္ျမင္ဖူးခဲ့သည့္အရာတစ္ခုႏွင့္ဆင္တူလြန္းလွသည္။
ေကာင္မေလး၏ပုံစံက အသက္ႏွစ္ဆယ္ေက်ာ္ေလးသာရွိဦးမည္ျဖစ္ၿပီး မိုးမခကိုင္းခက္မ်ားႏွင့္တူသည့္မ်က္ခုံးတစ္စုံႏွင့္ မက္မြန္ပြင့္သ႑ာန္မ်က္လုံးမ်ားက အေတာ္ေလးကိုလွသည့္အထဲတြင္ပါသည္။မည္သည့္ေဆးမ်ိဳး ခတ္ခံလိုက္ရမွန္းမသိ ရယ်ရခက်င်ုရခက်ခံစားချက်ကြီးဖြင့် သူ၏ရင္ခြင္ထဲသို႔ ဆြဲထည့္ပစ္လိုက္၏။
လင္းေလာ့ခြၽမ္က သူမအား ငုံ႕ၾကည့္လိုက္လွ်င္ ထိုမ်က္ခုံးက တစ္စုံတစ္ေယာက္ႏွင့္ဆင္တူလြန္းေၾကာင္း ႐ုတ္တရက္သတိထားမိလိုက္ကာ အလိုလိုစိတ္လႈပ္ရွားမိလာ၏။အရက္ရွိန္က အေတာ္ေလးျမင့္ေနၿပီးျဖစ္ကာ ယခုအခိုက္အတန့္ေၾကာင့္ ရာႏႈန္းျပည့္နီးပါး ေရခ်ိန္ျပည့္သြားရသလိုပင္။
ခႏၶာကိုယ္ကိုဆုတ္ကိုင္ကာ ဆိုဖာႏွင့္တစ္သားတည္းျဖစ္သြားေအာင္ ဖိခ်ဳပ္ထားၿပီး ႏႈတ္ခမ္းမွေအာ္ဟစ္လာေလ၏။
"ကိုယ္က သုံးေလးခြန္းေလာက္ေလးပဲေျပာလိုက္တာကို မင္းက စာလုံးေတြ တသီတတန္းႀကီးေရးၿပီး ကိုယ့္ကိုျပန္ဖိႏွိပ္တယ္...ကိုယ္ အရင္က မင္းအေပၚ ေတာင္းပန္စရာေကာင္းတဲ့ကိစၥမ်ိဳးေတြလုပ္ခဲ့မိရင္ေတာင္မွ အခုရက္ေတြမွာ ျပန္လုပ္ေပးတာေတြက မေလာက္နိုင္ေသးလို႔လား...ေန႕တိုင္း မင္းအတြက္ေၾကာင့္နဲ႕ ႏွလုံးသားကနာက်င္ေနရတာ...ဘာကိုမွ ေက်းဇူးမတင္ခ်င္ေန..ကိုယ့္အနားရွိေနရတိုင္း သူခိုးကိုေၾကာက္ေနသလိုမ်ိဳး ေၾကာက္ျပေနစရာလိုလို႔လား..မင္း စဥ္းစားၾကည့္...ကိုယ္သာ အတင္းအၾကပ္လုပ္ခ်င္လာရင္ ဒီေန႕ဒီခ်ိန္ထိေရာက္ေအာင္ ေစာင့္ေနပါဦးမလား.."
သနားစရာေကာင္းသည့္ေကာင္မေလးတစ္ေယာက္ လင္းေလာ့ခြၽမ္၏အတင္းအၾကပ္ ေမးသလိုျပဳသလိုလုပ္ေနသည့္ ေမးခြန္းမ်ားကို နားေထာင္ေနရကာ ဤမုန္တိုင္း၏အရင္းခံက မည္သည့္အတြက္မွန္းပင္မသိ။ေၾကာက္လန့္လြန္း၍ ေခါင္းတစ္ခုလုံး ဘယ္ညာယိမ္းကာ ရင္ဆိုင္ေနရသည့္သူက တဖန္ရွင္သန္လာသည့္မိစ္ဆာဘုရင္ျဖစ္ေၾကာင္းလက္ခံကာ အေၾကာက္တရားၾကားမွ ႏႈတ္ဆိတ္ေနမိသည္။
ႏွလုံးသားထဲမွကို လွိုက္ၿပီး ေဒါသထြက္ေနသည့္သခင္ေလးက ယိမ္းခါေနသည့္တဖက္လူ၏ေမးဖ်ားကို ဆြဲဆုတ္ထားလိုက္ၿပီး စကားလုံးတိုင္းကိုအံက်ိတ္သံမ်ားျဖင့္ မႈတ္ထုတ္လာ၏။
"ကိုယ္သိတယ္...မင္း ကိုယ့္ကို ျမင္ေအာင္မၾကည့္ေနမွန္း သိတယ္..အဲ့ဒီလက္ေဝွ႕ထိုးေနတဲ့ေကာင္က ဘယ္ေနရာမ်ားေကာင္းေနလို႔လဲ?..တစ္မိုးေအာက္ထဲမွာ အတူတူေနေနတာကို ထားလိုက္..ေန႕ဘက္ေတြမွာပါ ၾကည္ၾကည္ႏူးႏူးနဲ႕ပူးကပ္ေနၾကတာ...ကိုယ္ ဘယ္ေလာက္ထိစိတ္ပူေနရလဲဆိုတာ မင္းမသိဘူးမလား..ကိုယ့္ကို မ်က္စိစပါးေမႊးစူးေအာင္ သက္သက္လုပ္ျပေနၿပီး ကိုယ့္ကိုေအးေအးခ်မ္းခ်မ္းအိပ္မေပ်ာ္ေအာင္လုပ္ခ်င္တာမလား...မင္းသိလား!...ကိုယ့္စကားတစ္ခြန္းထဲနဲ႕တင္ အဲ့ေကာင္ကို အေသသတ္ပစ္လိုက္ရတယ္!...အႏွေးအျမန္ ကိုယ္ အဲ့ေကာင္ကိုသတ္ပစ္မွာ...ၿပီးရင္ ႀကိဳးတစ္ေခ်ာင္းထပ္ရွာၿပီး မင္းကိုပါ အေသသတ္လိုက္မွာ...ကိုယ္တို႔ၾကားက ကိစၥေတြအားလုံး အျပတ္ရွင္းၾကတာေပါ့!.."
ေျပာေနရင္း ေကာင္မေလး၏ႏႈတ္ခမ္းကို အၾကမ္းပတမ္းကိုက္ခဲလိုက္ရာ စတင္ၿပီးငိုေႂကြးလာသည့္သူ၏အသံက ဝိုးတိုးဝါးတားျဖင့္။
ငိုေႂကြးသံက မီးေတာက္ထဲ ေလာင္စာပစ္ထည့္လိုက္သျဖင့္ ထိုသခင္ေလးအား ပို၍ေဒါသပုန္ထေစကာ ဆုတ္ကိုင္ထားသည့္ေမးဖ်ားဆီမွလက္ေခ်ာင္းတို႔ကို အားပိုထည့္လိုက္ၿပီး
"မငိုနဲ႕!..ကိုယ့္ကို သနားစရာေကာင္းသလိုလာလုပ္ျပမေနနဲ႕!...ဘယ္နားေလးက သနားစရာေကာင္းေနလို႔လဲ?...အခြင့္အေရးေလးတစ္ခုရလိုက္တာနဲ႕ ကိုယ္တို႔ကို သတ္ပစ္မယ္ဆိုတဲ့အႀကံမ်ိဳးရွိတာ ကိုယ္ မသိဘူးမ်ားထင္ေနလား!."
သူ၏ အံက်ိတ္ေနသည့္အသံမ်ားေၾကာင့္ တစ္ဖက္လူခဗ်ာ စကားပင္မေျပာရဲ၊ သူ၏ေအာက္တြင္ ေကြးေကြးေလးကုတ္ကတ္ေနၿပီး တဆတ္ဆတ္တုန္ေနကာ ငိုေနပါသည့္တိုင္ အသံလုံးဝမထြက္လာေပ။
လင္းေလာ့ခြၽမ္က သူမ၏ပုံစံေၾကာင့္ ျပာျပာသလဲျဖစ္သြာကာ ေဒါသမ်ားက ေျခရာလက္ရာမက်န္ေအာင္ ေပ်ာက္သြားခဲ့ေလသည္။မ်က္ရည္စမ်ားကို တရႈံ႕ရႈံ႕နမ္းရွိုက္ေနရင္း ကေလးေလးတစ္ေယာက္လို ေခ်ာ့ေမာ့လာ၏။
"မငိုနဲ႕ေနာ္...မငိုနဲ႕ေနာ္...မင္းငိုရင္ ကိုယ့္ရဲ႕ ဒီေနရာက နာတယ္.."
သူ၏ ႏွလုံးသားေနရာဆီသို႔ လက္ကိုေထာက္ျပကာ ေကာင္မေလး၏လက္ကို ရင္ဘတ္ေပၚတင္လိုက္၍
"မယုံရင္..စမ္းၾကည့္..."
ေကာင္မေလး၏မ်က္ရည္မ်ား ရပ္တန့္သြားကာ သူ႕အား မွင္ေသၿပီးၾကည့္ေနမိသည္။
ႏွင္းရည္စက္ေလးမ်ားေဝ့ေနသည့္မ်က္ဝန္း မက္မြန္သီးေလးႏွင့္တူသည့္မ်က္ႏွာ မိုးမခကိုင္းခက္မ်ားႏွင့္တူသည့္မ်က္ခုံး လုံးဝကိုအသက္ဝင္ေနသည့္ ဤပုံရိပ္ေလးက ထိုနတ္ဘုရားမေလးႏွင့္ တစ္ေထရာထဲပင္။
ရင္ခြင္ထဲရွိ 'အျခားသူအျပစ္မ်ားကို တစ္ကိုယ္တည္းခံယူေနရသည့္ အသုံးခ်ခံရသူေလး' ကိုေပြ႕ဖက္ကာ အတိုးဖ်ဆဳံးေရ႐ြတ္လိုက္ပါ၏။ဤအသံမ်ားထဲတြင္ ေဖာ္ျပ၍မရနိုင္သည့္ဝမ္းနည္းျခင္းမ်ား အတိ ပါဝင္ေနခဲ့ပါေသး၏။
"ကိုယ္က ေကာင္းကင္ႀကီးလည္းမဟုတ္သလို နတ္ဘုရားလည္းမဟုတ္ဘူး...ေကာင္းကင္ႀကီးျဖစ္ေနခဲ့ရင္ေတာင္မွ ,နတ္ဘုရားျဖစ္ေနခဲ့ရင္ေတာင္မွ ျဖစ္ၿပီးသြားတဲ့ကိစၥေတြကို ျပန္လည္ျပင္ဆင္ေပးနိုင္မွာမဟုတ္ဘူး...ဒါေပမယ့္ေလ...ေဝ့ရွီ...မင္းသိရဲ႕လား...တကယ္လို႔ အခ်ိန္ေတြေနာက္ျပန္ဆုတ္ေပးလို႔ရမယ္ဆိုရင္ ျပန္ေပးရမယ့္အဖိုးအခက ကိုယ့္အသက္ ျဖစ္ေနခဲ့ရင္ေတာင္ လိုလိုလားလားလက္ခံေပးဖို႔အတြက္...ကိုယ္ဆႏၵရွိပါတယ္..."
>>>>>
မနက္ခင္းအလင္းေရာင္မ်ားစတင္ျဖန့္က်က္စျပဳေတာ့မည္အခ်ိန္တြင္မွ လင္းေလာ့ခြၽမ္ နိုးလာခဲ့သည္။ခႏၶာကိုယ္ေအာက္ရွိ ပိန္ပိန္ပါးပါးေကာင္မေလးကိုတစ္ခ်က္ၾကည့္ရင္း အဝတ္အစားမ်ားကိုလွမ္းယူကာ အလ်င္းသင့္သလိုလႊားၿခဳံေပးလိုက္၏။ေကာင္မေလးက တစ္ဖက္သို႔လွည့္သြားသည့္လႈပ္ရွားမႈတစ္ခုမွလြဲ နဂိုအတိုင္းအိပ္ေပ်ာ္ေနဆဲျဖစ္၏။
သူ၏အဝတ္အစားမ်ားကို အက်အနျဖစ္ေအာင္ျပင္ရင္း ပတ္ပတ္လည္ကိုတစ္ခ်က္ေဝ့ၾကည့္လိုက္ရာ ေကာ္ေဇာ္ ဆိုဖာ စားပြဲ Dancing Floor ေနရာတိုင္းတြင္ ေယာက္်ားမိန္းမအစုံစုံေပြ႕ဖက္ၿပီး အိပ္ေပ်ာ္ေနၾကေလသည္။ပုံမွန္သားသားနားနားဝတ္စားထားသည့္ဤလူမ်ားက မီးေရာင္မွိန္မွိန္ေအာက္တြင္ေတာ့ အေပၚယံမ်ားကိုခြာခ်ထားၾကသည့္သူမ်ားသာ ျဖစ္၏။
အဝတ္အစားကိုျပင္ၿပီးသည္ႏွင့္ ပိုက္ဆံအိတ္ကိုထုတ္ကာ ထိုအကန့္ႏွစ္ခုပါရွိသည့္အိတ္အတြင္းမွ ရွိသမွ်ေငြစကၠဴအားလုံးကိုထုတ္၍ ေကာင္မေလးေဘးတြင္ ပစ္ေပးခဲ့ၿပီး အျပင္သို႔ေလွ်ာက္ထြက္လာခဲ့သည္။
အျပင္သို႔ေရာက္လာၿပီး စီးကရက္တစ္လိပ္ကိုမီးညွိကာ ကားbody ကိုမွီရင္း ျဖည္းျဖည္းခ်င္းရွိုက္လိုက္၏။
ႏြေရာသီ၏ေန႕ရက္မ်ားက ညတာတိုၿပီး ေန႕တာရွည္သည္ျဖစ္၍ မနက္ သုံး ေလးနာရီသာ ရွိေသးၿပီး အေရွ႕အရပ္ကမည္သည့္အရပ္မွန္းမခြဲနိုင္ေသးေသာ္ျငား အဘက္ဘက္မွထိုးေဖာက္လာသည့္ အလင္းေရာင္စေလးမ်ားကို ျမင္ေနရၿပီျဖစ္သည္။ငါးေၾကးခြံသ႑ာန္တိမ္တိုက္မ်ားၾကားမွ အနီေရာင္အလင္းတန္းေလးက အနက္ေရာင္ေကာင္းကင္ႀကီးကို ဆုတ္ၿဖဲၿပီး ထိုးေဖာက္ဝင္ေရာက္လာေနေလ၏။
စီးကရက္တစ္လိပ္မကုန္မခ်င္း ထိုျမင္ကြင္းကို ေငးေမာၾကည့္ေနခဲ့ရာ အဆုံးတြင္မွ စီးကရက္မီးကိုၿငိမ္းသက္ၿပီး တစ္ဖက္သို႔လွည့္၍ ကားေသာ့ကိုထုတ္လိုက္၏။
"လက္ေတြ ဒီေလာက္ထိတုန္ေနတာ...ကားေမာင္းနိုင္ေသးလို႔လား"
အရိပ္အတြင္းမွ လူတစ္ေယာက္ လမ္းေလွ်ာက္လာခဲ့၏။
လင္းေလာ့ခြၽမ္က လွည့္ၾကည့္ရာ တစ္ဖက္လူက ႐ြမ္ေရွာက္နန္ျဖစ္သျဖင့္ တအံ့တၾသျဖစ္သြားၿပီး
"မင္း ဘယ္ခ်ိန္ထဲက ေရာက္ေနတာလဲ"
"မင္းထက္ နည္းနည္း ေစာတယ္...ဒုတိယထပ္က Single Room ထဲမွာရွိေနတာ...အတူတူ ျပန္ရေအာင္.."
႐ြမ္ေရွာက္နန္က ကားေမာင္းၿပီး လင္းေလာ့ခြၽမ္က ေဘးခုံတြင္ထိုင္ကာ လက္ေကာက္ဝတ္ရွိနာရီကို တၾကည့္ၾကည့္လုပ္ေနေလ၏။
႐ြမ္ေရွာက္နန္က သူ႕အားတစ္ခ်က္လွမ္းၾကည့္ၿပီး အသံထြက္ေအာင္ရယ္လိုက္၍
"အခုတေလာ အရမ္းကိုပ်င္းေနတာလား?...ဟိုေကာင္မေလးက ေတာ္ေတာ္ေလးလွတဲ့အထဲပါပါတယ္...ဒါေပမယ့္လည္း ဒီလိုေနရာမ်ိဳးမွာ ရွိတဲ့သူကိုေတာ့ ဒီေလာက္ အေလးအနက္ထားေပးစရာမလိုပါဘူး...ငါက မင္းစားပစ္ေတာ့မယ္လို႔ေတာင္ ထင္ထားတာ.."
လင္းေလာ့ခြၽမ္က တစ္ခ်က္သန္းေဝၿပီး ေျဖးေျဖးခ်င္းသာတုန့္ျပန္လာ၏။
"အင္း..အရမ္းကိုပ်င္းေနတာ..မင္းလည္း အတူတူပဲမလား?..ဘာလဲ အိမ္ကဇနီးေလာင္းက စိတ္ေက်နပ္ေအာင္မလုပ္ေပးနိုင္လို႔လား...ဒီေနရာမ်ိဳးထိ ေရာက္လာတယ္ဆိုတာမ်ိဳးက မင္းစတိုင္လ္မဟုတ္ဘူးေလ.."
"ငါ မင္းကိုအျပစ္ျပဳမိသြားတာမ်ားလား...ဒီေလာက္ထိကို ေသနတ္ေတြက်ည္ဆံေတြနဲ႕ ျပန္ထုတ္ပစ္ေနေတာ့တာဟ...အားလုံးက ေယာက္်ားေတြပဲဟာ ငါမေျပာလည္း မင္းနားလည္ပါတယ္.."
လင္းေလာ့ခြၽမ္ကိုယ္တိုင္လည္း သူ႕ကိုယ္သူ အျခားသူ၏ကိစၥကိုဝင္စြက္ဖက္သည့္စကားမ်ိဳး ေျပာေနမိမွန္း သတိထားမိပါသည္။သို႔ေသာ္ မည္သည့္အေၾကာင္းအရင္းေၾကာင့္မွန္းမသိ အခုတေလာ ႐ြမ္ေရွာက္နန္ကိုေတြ႕လိုက္တိုင္း စိတ္မသက္မသာျဖစ္သလိုခံစားလာမိကာ ထိုခံစားခ်က္ႀကီးကလည္း စကားလုံး သုံးေလးလုံးေလာက္ႏွင့္ ရွင္းျပ၍ရမည္မဟုတ္ေပ။
႐ြမ္ေရွာက္နန္ဆိုသည္မွာ စကားလုံးႏွင့္အရိပ္အေျခမ်ားကို အကဲခတ္သည့္ေနရာမ်ိဳးတြင္ အေတာ္ေလးကြၽမ္းက်င္သည့္သူ ထို႔အျပင္ လင္းေလာ့ခြၽမ္ထက္ ပိုၿပီးအေတြးမ်ားသည့္သူလည္းျဖစ္ရာ တစ္ဖက္လူက အဘယ္ေၾကာင့္ မသက္မသာျဖစ္ရျခင္းကို ရိပ္မိပါ၏။
႐ြမ္ေရွာက္နန္၏ စည္းမ်ဥ္းတစ္ခုသည္ကား ; ကိုယ့္ထက္ အင္အားႀကီးသည့္သူႏွင့္ ဘယ္ေသာအခါမွ ရန္သူမျဖစ္ေစျခင္း ထို႔အစား သူတို႔ႏွင့္ပူးေပါင္းၿပီး ကိုယ့္အတြက္ အက်ိဳးရွိေအာင္ ျပဳလုပ္ျခင္း။
ဤေနရာသည္ကား သူအကြၽမ္းက်င္အပါးနပ္ဆုံးေနရာ။
လင္းေလာ့ခြၽမ္က သူ႕ထက္ အင္အားႀကီးလား? ယခုအခ်ိန္ထိေတာ့ ေထာက္ျပစရာေနရာမ်ိဳးမရွိေသး။ သို႔ေသာ္ ျငင္းမရသည့္အရာမ်ားက မိသားစုေနာက္ခံအင္အားႀကီးမားသည့္ သခင္ေလးဂုဏ္ပုဒ္ ၊ ေလာကႀကီးကို ကစားေနသလိုသာ သေဘာထားတတ္သည့္အျပဳအမူ ၊ မိသားစုေနာက္ခံအင္အားကိုမမွီခိုဘဲ တစ္ကိုယ္တည္းရပ္တည္ေနသည့္တိုင္ သူႏွင့္ယွဥ္လို႔ရသည့္ ေနရာမ်ိဳးကို လက္ဝယ္ဆုတ္ကိုင္ထားနိုင္သည့္သူ။ ဤအခ်က္မ်ားက ႐ြမ္ေရွာက္နန္ကို ထိုသခင္ေလးအား သတိထားၿပီးယွဥ္ၿပိဳင္ခ်င္စိတ္ေပါက္ေအာင္ လုပ္ေနခဲ့သည့္အရာမ်ားပင္။
"ေလာ့ခြၽမ္...ငါ့မွာ ညီအစ္ကိုေမာင္ႏွမေတြမရွိဘူး..ေဆြမ်ိဳးရင္းခ်ာဆိုတာလည္းမရွိဘူး...ငါတို႔ရင္းႏွီးခဲ့တာလည္း ၾကာလွၿပီ တစ္ခ်ိန္လုံးလည္း ငါ မင္းကို ညီေလးတစ္ေယာက္လိုပဲ သတ္မွတ္ထားခဲ့တာ...မင္း စိတ္ထဲ ငါ့ကို မေက်မနပ္ျဖစ္ေနမ်ိဳးရွိရင္ ၿမိဳသိပ္မေနဘဲ ထုတ္ေျပာလိုက္ပါ..ငါ မွားေနခဲ့ရင္ ငါ မင္းကိုေတာင္းပန္မွာပါ..အျပင္လူတစ္ေယာက္က အခြင့္အေရးယူၿပီး ငါတို႔ႏွစ္ေယာက္ၾကား ေသြးခြဲမွာကို မလိုခ်င္ဘူး.."
႐ြမ္ေရွာက္နန္က ယခုလိုေျပာလာသည့္တိုင္ လင္းေလာ့ခြၽမ္အဖို႔ ေျပာစရာစကားမဲ့ေနဆဲျဖစ္သည္။စဥ္းစားၾကည့္ရလွ်င္ မည္သည့္ကိစၥကိုမေက်နပ္ေၾကာင္း ေျပာရမည္နည္း။ လုမိသားစုကိစၥလား အစီအစဥ္အားလုံးလား အစမွအဆုံးထိလား။ အရာအားလုံးကို သူလည္း ၾကည့္ေနခဲ့တာပဲ မဟုတ္လို႔လား..ေဝ့ရွီကို သတ္ပစ္ေတာ့မယ့္အခ်ိန္အထိေလ...
ေဝ့ရွီေျပာခဲ့တဲ့အတိုင္း မ်က္လုံးေရွ႕တည့္တည့္ျဖစ္ေနတဲ့ ေသြးေခ်ာင္းစီးေနတဲ့ကိစၥေတြအားလုံးကို ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္းကိုၾကည့္ေနခဲ့တာ...လူသတ္ဖို႔အတြက္ လွည့္ဖ်ားတာေတြ ေသြးေအးတဲ့နည္းလမ္းေတြ ေသြးေခ်ာင္းစီးၿပီးရလာတဲ့အဆုံးသတ္ေတြအားလုံးကို သူ'ၾကည့္ေနနိုင္ခဲ့တာ'...ဒီအခ်ိန္ေရာက္မွ 'မေနနိုင္ေတာ့လို႔' ဆိုေတာ့...ေသခ်ာေပါက္ ရယ္ခ်င္စရာေကာင္းေနမွာ..
ထပ္စဥ္းစားမိတာက ႐ြမ္ေရွာက္နန္နဲ႕သူ႕ၾကားက ႏွစ္အေတာ္ၾကာခင္ခဲ့တဲ့ ညီအစ္ကိုသံေယာဇဥ္..ၿပီးေတာ့ စီးပြားေရးတြဲလုပ္ေနတဲ့ပါတနာေတြ...ဒီကိစၥထဲမွာ စိတ္ဝင္စားစရာေကာင္းတဲ့အရာေတြမွ မကုန္နိုင္မခမ္းနိုင္...သူကိုယ္တိုင္လည္း ဥာဏ္ေကာင္းတဲ့သူတစ္ေယာက္..စီးပြားေရးသမားပီပီ ရလာမယ့္အက်ိဳးအျမတ္နဲ႕ အရႈံးကို ေသခ်ာတြက္နိုင္တဲ့သူ..
ထပ္ေျပာရရင္ သူကိုယ္တိုင္က လက္ေတြ႕သမား အက်ိဳးအျမတ္အမ်ားဆုံးရတဲ့ဘက္ကိုပဲေ႐ြးမွာ..မိန္းမတစ္ေယာက္အတြက္နဲ႕ မယွဥ္သင့္တဲ့သူမ်ိဳးကို မယွဥ္ဘူး..လုပ္ဖို႔လည္းမလိုသလို တန္လည္းမတန္ဘူး..
ၿပီးေတာ့ ႐ြမ္ေရွာက္နန္က ဒီေလာက္ဥာဏ္ေျပးတဲ့လူ..သူ မသက္မသာျဖစ္ေနတဲ့ကိစၥကိုလည္း ေတာ္ေတာ္ေလးခန့္မွန္းေနၿပီးေလာက္ၿပီ..အျခားသူထင္ခ်င္သလိုထင္ေနတာထက္စာရင္ သူထုတ္ေျပာလိုက္မွ ပိုရွင္းရွင္းလင္းလင္းျဖစ္မွာ..
အသံထြက္ေအာင္ တစ္ခ်က္ရယ္လိုက္၍
"မင္းေတြးတာမ်ားေနၿပီ...ငါက တခ်ိဳ႕ကိစၥေလးေတြနားမလည္ျဖစ္ေန႐ုံပါ...မင္းကို ေမးၾကည့္ရေအာင္လည္း ဘယ္ကေန စေျပာရမွန္းမသိျဖစ္ေနလို႔.."
႐ြမ္ေရွာက္နန္က အနည္းငယ္သိခ်င္စိတ္ျပင္းျပလာၿပီး
"မင္း ဘာေမးခ်င္တာလဲ"
လင္းေလာ့ခြၽမ္၏အမူအရာမ်ားအားလုံး သိသိသာသာရပ္တန့္သြားကာ အနည္းငယ္ဝမ္းနည္းသြားဟန္ေပါက္သည့္အသံတို႔ျဖင့္
"မင္း အဲ့အခ်ိန္တုန္းက.....ဘယ္လိုမ်ား လုပ္နိုင္ခဲ့တာလဲ"
"ဘာ.." ႐ြမ္ေရွာက္နန္က နားမလည္လိုက္သလို ထပ္၍ေမးလာ၏။
လင္းေလာ့ခြၽမ္က နာရီကို ထပ္၍ငုံ႕ၾကည့္လိုက္ကာ
" ၆ရက္ ၁၈နာရီ ၃၂မိနစ္.."
႐ြမ္ေရွာက္နန္က လုံးလုံးလ်ားလ်ားကိုနားမလည္နိုင္ေတာ့၏။
" ငါ သူ႕ကိုမေတြ႕ရတာ ၆ရက္ ၁၈နာရီ ၃၂မိနစ္ တိတိရွိသြားၿပီ...မသိရင္ ေဆးစြဲေနသလိုပဲ ေန႕တိုင္းေန႕တိုင္း နာရီကိုၾကည့္ေနမိတာ..ငါတကယ္ကို နားမလည္နိုင္တာက မင္းဘယ္လိုမ်ား ေနနိုင္ခဲ့တာလဲ.."
႐ြမ္ေရွာက္နန္က တစ္ခ်က္ရယ္လိုက္ၿပီး
"လက္စသတ္ေတာ့ ဒီလိုကိစၥမ်ိဳးကိုး...မင္းလိုလူမ်ိဳးဆီမွာလည္း ဒီလိုစိတ္ရႈပ္ေထြးေနတဲ့အခ်ိန္မ်ိဳးလည္းရွိေသးတာလား..ထူးထူးဆန္းဆန္း...သူ႕ကို သတိရတယ္ဆိုရင္ သူ႕ဆီသြားရွာလိုက္ေလ..သူ႕လို မိန္းကေလးမ်ိဳးကို မင္းဘဲ လႊမ္းမိုးခ်င္တာ မဟုတ္ဘူးလား.."
လင္းေလာ့ခြၽမ္က လက္ေကာက္ဝတ္ရွိနာရီကိုခြၽတ္ကာ ျပတင္းေပါက္အျပင္ဘက္သို႔လႊင့္ပစ္လိုက္၏။
"သူ႕ရဲ႕ေဒါသကို အျခားသူေတြမသိရင္ေတာင္ မင္းကေတာ့သိမွာပါ..ပုံမွန္ဆို မ်က္ခုံးေတြေတာင္ သိပ္မတြန့္တဲ့သူက ေဒါသထြက္လာတာနဲ႕ အသက္ကိုႏႈတ္ယူပစ္ေတာ့မယ့္သခင္မေလးအတိုင္းပဲေလ...ဒါမွမဟုတ္ ေကာင္မေလးေသးေသးေလးကို ကုတင္ေပၚအတင္းေခၚလာၿပီး ေသြးသံရဲရဲျဖစ္ေအာင္လုပ္ပစ္ရမွာလား..ရတယ္ပဲထားဦး ဘာအဓိပ္ပါယ်ရှိမှာမလို့လဲ...အိမ္ကို ဆီလီကြန္အ႐ုပ္ဝယ္လာလိုက္တာကမွ အင္အားေခြၽတာရာေရာက္ဦးမယ္.."
႐ြမ္ေရွာက္နန္က ေခါင္းရမ္းရင္း
"ဘယ္လိုျဖစ္လို႔ ေသြးသံရဲရဲျဖစ္တဲ့ကိစၥေတြပါ ေရာက္ကုန္တာလဲ"
လင္းေလာ့ခြၽမ္က အသံထြက္ေအာင္ရယ္၍
"မင္းလို ေသြးတစ္စက္မွ မျမင္လိုက္ေအာင္ လူသတ္နိုင္တဲ့သူကေတာ့ ေသြးသံရဲရဲျဖစ္တဲ့ကိစၥကို ဘယ္စိတ္ဝင္စားမွာလဲ"
႐ြမ္ေရွာက္နန္၏အၾကည့္မ်ားက လမ္းမေပၚတြင္သာ အာ႐ုံစိုက္ထားၿပီး တစ္ဖက္ရွိ လင္းေလာ့ခြၽမ္အား ခပ္ၿပဳံးၿပဳံးျဖင့္သာေမးလိုက္၏။
"အနက္ေရာင္ေစ်းကြက္ရဲ႕ လက္ေဝွ႕ပြဲေတြ ၾကည့္ဖူးလား"
လင္းေလာ့ခြၽမ္က ႐ုတ္ခ်ည္းဆိုသလို ခ်ီေမာ့ အေၾကာင္းကိုစဥ္းစားမိလိုက္၏။သို႔ေသာ္ မ်က္ႏွာထက္တြင္ေျပာင္းလဲသြားသည့္အမူအရာမ်ိဳးမရွိဘဲ
"စကားလမ္းေၾကာင္းက ဘယ္လိုျဖစ္လို႔ ဒီေရာက္လာတာလဲ"
"႐ုတ္တရက္သတိရမိသြားလို႔ပါ...ငါ ကေမၻာဒီးယား အနက္ေရာင္ေစ်းကြက္ရဲ႕လက္ေဝွ႕ပြဲကိုၾကည့္ဖူးတယ္...႐ြံ႕အိုင္ႀကီးတစ္ခုကို ပတ္ပတ္လည္မီတာေတာ္ေတာ္ျမင့္တဲ့သံစူးႀကိဳးေတြနဲ႕ကာၿပီး တံခါးကိုေသာ့ခတ္ထားတာ..ႀကိဳးေတြကိုလည္း လွ်ပ္စစ္နဲ႕ခ်ိတ္ထားေသးတယ္...ထိမိတာနဲ႕ စကၠန့္ပိုင္းအတြင္း မဲျပာသြားမွာ..ကြင္းထဲကိုဝင္လာတဲ့သူေတြအားလုံးက မိဘေတြေရာင္းစားပစ္ထားခဲ့တဲ့ကေလးေတြ အငယ္ဆုံးဆို ၁၂ႏွစ္ ၁၃ႏွစ္ေလာက္..အႀကီးဆုံးမွ ၁၅ႏွစ္ ၁၆ႏွစ္ေလာက္ရွိမွာ...အားလုံး ပိန္ပိန္ေလးေတြ ဒါေပမယ့္ ပြဲစၿပီဆိုတာနဲ႕ စကားနဲ႕ေတာင္ေျပာျပလို႔မရတဲ့ 'စိတ္ရိုင္း'ေတြဝင္ၿပီး ခ်ၾကတာ...သူ႕တို႔ရဲ႕ လက္စေတြကို မင္းေတာင္ခန့္မွန္းနိုင္မွာမဟုတ္ဘူး..ကိုယ့္ကိုကိုယ္ လူလို႔လည္းမသတ္မွတ္ေတာ့သလို အျခားသူေတြကိုလည္း လူလို႔မထင္ေတာ့ဘူး 'အသက္ရွင္ရမယ့္ဘဝ'ဆိုတာႀကီးက သူတို႔မ်က္လုံးထဲမွာ ဆန္ျပဳတ္တစ္ခြက္ ေပါင္မုန့္တစ္ခ်ပ္ေလာက္ေတာင္အေရးမပါေတာ့ဘူး..."
လင္းေလာ့ခြၽမ္က ၿငိမ္သက္၍နားေထာင္ေနခဲ့ၿပီး ေနာက္ပိုင္းဆက္ေျပာလာမည့္စကားတို႔ကိုလည္း နားလည္ႏွင့္ေနၿပီျဖစ္သည္။
ထင္ထားသည့္အတိုင္း ႐ြမ္ေရွာက္နန္က ဆက္၍
"အသက္ရွင္ဖို႔အတြက္ သူတို႔မွာ ေ႐ြးခ်ယ္စရာမရွိဘူး..အဲ့အတိုင္းပဲ အရိပ္အေယာင္မခ်န္ဘဲလူသတ္တဲ့ကြင္းျပင္မွာရွိေနတဲ့ ငါတို႔အတြက္လည္း ေ႐ြးခ်ယ္စရာမရွိဘူး..အဲ့ဒါေၾကာင့္မလို႔ ငါက အသုံးအဝင္ဆုံးနည္းလမ္းကိုသုံးၿပီး အေကာင္းဆုံးရလဒ္ကို ရေအာင္ယူတယ္...သူ(မ)က ဘယ္သူပဲျဖစ္ေနပါေစ သူ႕ဆီမွာ ငါလိုခ်င္တာရွိေနရင္ လိုခ်င္ေၾကာင္းတည့္ေျပာမွာပဲ...'ရလာမယ့္ရလဒ္ကိုပဲၾကည့္တယ္ ေနာက္ျဖစ္မယ့္အက်ိဳးဆက္ေတြကိုဂ႐ုမစိုက္ဘူး'..ဒါက ငါ က်င့္သုံးတဲ့စည္းမ်ဥ္းပဲ.."
လင္းေလာ့ခြၽမ္က ခနဲ႕တဲ့တဲ့ရယ္လိုက္ၿပီး
"ေကာင္းလိုက္တဲ့ 'လိုခ်င္တာရွိရင္တည့္ေတာင္းမယ္ဆိုတဲ့' စကား..ငါ သိခ်င္တာကေလ တကယ္လို႔မ်ား တဖက္လူက မင္းလိုခ်င္တာကို မေပးခ်င္ရင္ မင္း ဘယ္လိုလုပ္မလဲ"
႐ြမ္ေရွာက္နန္က ရယ္လိုက္ၿပီး အဓိပ္ပါယ်ရှိရှိဆိုလာေလသည္။
"အနက္ေရာင္ေစ်းကြက္ဆိုတာ ဘယ္သူကမွအုပ္စိုးလို႔မရမယ့္ေနရာတစ္ခုထက္ ပိုတယ္ ..ငါေျပာခ်င္တာကို မင္းနားလည္ပါတယ္.."
(T/N အနက္ေရာင္ေစ်းကြက္ က "စမ္းပုကြမ္ " အဓိပ္ပါယ်က ရဲမေၾကာက္ ကင္းမေၾကာက္တဲ့သူေတြ အလုပ္ေတြလုပ္ၾကၿပီး ေၾကာက္စရာေတြခ်ည္းျပည့္ေနတဲ့ အုပ္ခ်ဳပ္သူမဲ့ေနတဲ့ေနရာ)
လင္းေလာ့ခြၽမ္က ႐ြမ္ေရွာက္နန္ကို တစ္ခ်က္လွမ္းၾကည့္လိုက္၏။ လက္စသတ္ေတာ့ သူက အရာအားလုံးကိုသိႏွင့္ေနၿပီးသား။ပါးစပ္ကသာ ဂ႐ုမစိုက္ေၾကာင္း စိတ္မဝင္စားေၾကာင္းကိုေျပာေနသည့္တိုင္ ဒီေန႕ဒီခ်ိန္အထိ သူမ၏ လႈပ္ရွားမႈတစ္ခုခ်င္းစီတိုင္းကို အာ႐ုံစိုက္ထားဆဲ။ဒါကေရာ ဘာအဓိပ္ပါယ်လဲ?
႐ြမ္ေရွာက္နန္က ဆက္၍
"ဒီေလာကႀကီးမွာ ပိုက္ဆံသာရွိရင္ သရဲကိုေတာင္ တစ္ေဆျဖစ္ေအာင္ ေျပာင္းလို႔ရတယ္...မင္းစဥ္းစားၾကည့္ အဲ့ေစ်းကြက္ထဲက လူေတြက အၿမဲပိုက္ဆံျပတ္ေနတဲ့သူေတြ သူ႕ကိုလာရွာၿပီး အလုပ္အပ္ ပိုက္ဆံေပးမယ့္သူကိုေစာင့္ေနမွာပဲ..အဲ့လိုလူကို လက္ေဝွ႕ပြဲတစ္ခုမွာ ဟန္ေဆာင္ပန္ေဆာင္ထိုးခိုင္းမယ္..အဲ့အတြက္လည္း ေစ်းကလည္း ခါတိုင္းထက္ ဆယ္ဆေလာက္ကိုေပးမယ္ဆိုရင္..မင္းေျပာၾကည့္ သူ႕လက္ခံမခံ?...ေနာက္ ႀကိဳးဝိုင္းထဲကိုထည့္ၿပီး တစ္ဖက္လူကို အေသသတ္ေပးရမလား အရွင္ထားလိုက္ရမလား ဆိုတာကို မင္းစကားတစ္ခြန္းထဲနဲ႕ ဆုံးျဖတ္လို႔ရမယ့္ အေျခအေနမ်ိဳးမွာ...ဒီဘက္ကေန မင္းၾကည့္ေစခ်င္တဲ့သူကို တိုက္ရိုက္ၾကည့္ခိုင္းထားလိုက္မယ္ဆိုရင္ ၿပီးၿပီေလ...ႀကိဳးဝိုင္းထဲမွာ ေသြးအလိမ္းလိမ္းထေနတဲ့သူကို ျမင္လိုက္ရရင္ မင္းလိုခ်င္တာကို သူ(မ) မေပးဘဲေနမလား?..."
လင္းေလာ့ခြၽမ္က ေခါင္းရမ္းရာ ရယ္လိုက္ၿပီး
"ဒါက မေသခ်ာဘူးေလ..လူတစ္ေယာက္ရဲ႕ႏွလုံးသားက တဇြတ္ထိုးဆန္ၿပီးေခါင္းမာလာလို႔ရွိရင္..မင္း ေသရင္ေသ ရွင္ရင္ရွင္...သူအေဖာ္လိုက္ေပးမယ္ဆိုၿပီး ေ႐ြးခ်ယ္လိုက္ရင္ေရာ?...ေနာက္ဆုံးက်မွ လိုတာမရ ရတာမလိုျဖစ္ေနပါဦးမယ္"
႐ြမ္ေရွာက္နန္က သက္ျပင္းေရးေရးခ်ၿပီး
"အဲ့လိုသာျဖစ္ခဲ့ရင္ေတာ့ လက္လႊတ္ေပးလိုက္ဖို႔ပဲရွိေတာ့တယ္..သူ(မ)ကိုပါ ေသခိုင္းလိုက္ေတာ့ေပါ့...မေနခ်င္တဲ့မိန္းမတစ္ေယာက္ကို မင္းလည္း ဆက္ေတြးေပးေနစရာမွမလိုတာ...အေဝးဆုံးကိုပို႔ပစ္လိုက္တာက မင္းအတြက္လည္း စိတ္သက္သာရာအရဆုံးပဲ"
လင္းေလာ့ခြၽမ္က တစ္ဖက္သို႔လွည့္ကာ ေဖ်ာ့ေတာ့ေတာ့ေနေရာင္ေအာက္တြင္ျမင္ေနရသည့္ မ်က္ခုံးအတြန့္အေကြးေလးေတာင္ မေျပာင္းမလဲ စကားေျပာေနနိုင္သည့္႐ြမ္ေရွာက္နန္၏မ်က္ႏွာကို စိုက္ၾကည့္ေနလိုက္၏။မ်က္ဝန္းတစ္စုံအေရွ႕တြင္ ျမင္ေနရသည့္သူက 'အမွန္တိုင္းေျပာေနျခင္းလား ဟာသသေဘာေျပာေနျခင္းလား' အေပၚတြင္ေတာ့ သူကိုယ္တိုင္လည္း မသိေပ။
ဟာသအျဖစ္ေျပာေနခဲ့လွ်င္ေတာင္ ထိုစကားလုံးတို႔က ခ်မ္းစိမ့္စိမ့္ျဖစ္သြားေအာင္အထိ တုန္လႈပ္နိုင္ၿပီျဖစ္သည္။အကယ္၍သာ အမွန္အတိုင္းေျပာေနျခင္းဆိုလွ်င္ သူ႕စိတ္ထဲရွိလွ်ို႔ဝွက္ခ်က္မ်ားက ၿမိဳ႕ေတာ္၏အနက္ဆုံးအပိုင္းလို သမုဒၵရာ၏အတြင္းအက်ဆဳံးေနရာလို ေအာက္ဆုံးအဆင့္ ရက္စက္ၾကမ္းၾကဳတ္သည့္ေနရာသို႔ ေရာက္ေနၿပီျဖစ္၏။
လင္းေလာ့ခြၽမ္က သက္ျပင္းခ်ရင္း
"မင္း ရက္စက္လြန္းတယ္...ခ်စ္ခြင့္ေပးဖို႔ေတာင္းဆိုတာေလ လက္စားေခ်ေနသလို မျဖစ္မေန လုပ္ရမွာလား...သူမ်ားက ႏူးႏူးညံ့ညံ့နဲ႕ေပ်ာ့တိေပ်ာ့ဖတ္ေကာင္မေလးေလ...အသက္ေသဖို႔ေလာက္ထိၿခိမ္းေျခာက္ဖို႔ မလိုပါဘူး.."
႐ြမ္ေရွာက္နန္က အသံထြက္ေအာင္ရယ္လိုက္၍
"ဘယ္သူက သူ႕ကို သြားခ်စ္ခိုင္းလို႔လဲ...ငါက မင္းနဲ႕ ကိုယ္လိုခ်င္တဲ့မိန္းကေလးကို ေသြးသံတရဲရဲမျဖစ္ဘဲ ဘယ္လိုရေအာင္ယူရမယ့္အေၾကာင္းကို ေဆြးႏြေးေနတာေလ..မင္းကသာ သူ႕ကို ေပ်ာ့တိေပ်ာ့ဖတ္လို႔ျမင္တာ ငါ့အျမင္က မင္းနဲ႕ဆန့္က်င္ဘက္မွာ...'ရိထ်န္း'အေပၚဆုံးလႊာမွာ ျဖစ္သြားတဲ့ကိစၥကိုမွတ္မိေသးလား..လူက ငါ့ေအာက္မွာေရာက္ေနၿပီး ေသြးေတြက ေနရာအႏွံ႕ျဖစ္ေနတာေတာင္ လည္ပင္းေၾကာကိုတင္းၿပီးပါးစပ္ကိုအေသပိတ္ထားရဲေသးတာ...ေနာက္ပိုင္း မင္းသာ ငါ့ကိုသတိမေပးခဲ့ရင္ အဲ့ကိစၥက သူ႕ရဲ႕လွည့္ကြက္တစ္ခုလိုေတာင္ျဖစ္သြားၿပီး ငါ့ကိုေတာင္ ျပန္အနိုင္ယူလိုက္နိုင္တယ္...သူ႕ပုံစံေလးက သနားစရာေကာင္းတဲ့ပုံေပါက္ေနေပမယ့္ အခြင့္အေရးသာရၾကည့္ အျခားသူေတြထက္ကိုေၾကာက္စရာေကာင္းေအာင္ျပန္လုပ္ျပလိမ့္မယ္..."
စကားေျပာေနၾကသည့္အခ်ိန္အတြင္း ေကာင္းကင္ႀကီးတစ္ခုလုံး အလင္းေရာင္ျဖန့္က်က္ၿပီးျဖစ္သည္။အထပ္ျမင့္အေဆာက္အဦးႀကီးမ်ားၾကားတြင္လည္း ၾကက္ေသြးနီေရာင္အလင္းတန္းႏွင့္အျပာေရာင္ေကာင္းကင္ႀကီး က တဖန္ေနရာယူေနၾကေလၿပီ။
လင္းေလာ့ခြၽမ္တြင္ ထပ္ေျပာစရာစကားဟူ၍မရွိ။အေဝးတစ္ေနရာသို႔သာ ၿငိမ္သက္ၿပီးၾကည့္ေနေလ၏။အေရွ႕တြင္ရွိေနသည္က ရႈပ္ေထြးလြန္းေသာၿမိဳ႕ျပႀကီး ခပ္က်ဥ္းက်ဥ္းေကာင္းကင္ႏွင့္ မတူမညီက်ေသာလူမ်ားသာ....ထို႔ေၾကာင့္ ေတြးၾကည့္မိလိုက္သည္က အကယ္၍ေကာင္းကင္ႀကီး၌သာ မ်က္လုံးတစ္စုံရွိေနခဲ့လွ်င္ ဤၿမိဳ႕ျပႀကီးကို ေဘာင္တစ္ခုထဲရွိေနသည့္ပန္းခ်ီတစ္ခ်ပ္လိုသာ ျမင္ေနလိမ့္မည္။ႏွစ္ေတြၾကာသြားသည့္တိုင္ေအာင္ မေျပာင္းလဲသည့္လူအုပ္ မေျပာင္းလဲသည့္အႀကံစည္ မေျပာင္းလဲသည့္ရႈပ္ေထြးျခင္း မေျပာင္းလဲသည့္အတၱေတြကိုသာ ျမင္ေနရေလ၏။
တကယ္ကိုမွ ပင္ပန္းေနၿပီျဖစ္ကာ ႐ြမ္ေရွာက္နန္စကားလုံးမ်ား၏ အဓိကရည္႐ြယ္ခ်က္ကိုလည္း ေဝဖန္ပိုင္းျခားမေနခ်င္ေတာ့ပါ။သို႔ေသာ္ ျငင္းပယ္လို႔မရေတာ့သည္က အမာ႐ြတ္တစ္ခု၊ အခ်ိန္အၾကာႀကီး သူကိုယ္တိုင္ ရင္မဆိုင္ခ်င္ခဲ့သည့္ အနာေဟာင္းတစ္ခုကို ျပန္လည္တူးဆြလိုက္မိၿပီျဖစ္၏။
သူႏွင့္ ႐ြမ္ေရွာက္နန္ အတူတူပင္။ေဝ့ရွီ၏စိတ္ထဲတြင္ ဟိုးအရင္ကတည္းက သူတို႔ႏွစ္ေယာက္အား တူညီသည့္အမ်ိဳးအစား ၊ ေသြးေအးသည့္တစ္ကိုယ္ေကာင္းသမား ၊ '႐ြံ႕စရာသတၱဝါ' အျဖစ္ အမွတ္အသားျပဳခဲ့ၿပီးျဖစ္ကာ ႐ြမ္ေရွာက္နန္ကို မုန္းသည့္အတိုင္း သူ႕ကိုလည္း ထပ္တူထပ္မွ်မုန္းေနမည္သာ။
ထို႔ေၾကာင့္ သူမႏွင့္ပတ္သက္ၿပီး သူ႕ဆီတြင္ေ႐ြးခ်ယ္လို႔ရသည့္အရာက 'လက္လႊတ္ေပးလိုက္ျခင္း' မဟုတ္လွ်င္ 'ဖ်က္ဆီးပစ္လိုက္ျခင္း' သာရွိ၍ တိုက္ခတ္လာသည့္ေလညွင္းႏွင့္လမင္းႀကီးရႈစားရင္း အတူေနနိုင္သြားဖို႔ရာ လမ္းမရွိ၏။
တည့္တည့္သြားေနရမည့္ေလာကႀကီးကိုသာၾကည့္ေနရၿပီး ေနာက္ျပန္လွည့္ဖို႔ဆိုရာ မျဖစ္နိုင္ေတာ့၏။
"တစ္ေန႕ေန႕က်ရင္...ငါတို႔ သိခ်င္သိလာရမွာ..."
လင္းေလာ့ခြၽမ္က အေနာက္သို႔မွီလိုက္ကာ ခပ္ႏြေးႏြေးတိုက္ခတ္လာသည့္ေလညွင္းေအာက္တြင္ မ်က္ဝန္းတစ္စုံကိုမွိတ္ခ်ၿပီး ေျဖးေျဖးခ်င္းဆိုလာခဲ့၏။
"ငါတို႔ အရယူမယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႕ ရေအာင္ယူနိုင္ခဲ့တဲ့အရာအားလုံးက လုံးဝကို အေရးမပါတာေတြျဖစ္ေနၿပီး ငါတို႔ အလိုခ်င္ဆုံးအရာက တစ္သက္လုံးမရနိုင္ေတာ့တာမ်ိဳးေလ..."
ကားစတီယာရင္ကိုကိုင္ထားသည့္ ႐ြမ္ေရွာက္နန္၏လက္ေခ်ာင္းမ်ားက မသိလိုက္ပါဘဲႏွင့္ တင္းတင္းၾကပ္ၾကပ္ဆုတ္ကိုင္မိသြား၏။တစ္ဖက္သို႔လွည့္ၿပီး အိပ္ေပ်ာ္သြားခဲ့သည့္ လင္းေလာ့ခြၽမ္ကို တစ္ခ်က္လွမ္းၾကည့္လိုက္၏။
႐ုတ္တရက္သတိရမိသြားခဲ့သည့္က လြန္ခဲ့သည့္ႏွစ္တစ္ဝက္ ၾကယ္ေရာင္မွိန္မွိန္ႏွင့္ေဆာင္းဦး႐ြက္ေႂကြမ်ားၾကား ယခုလိုကားထဲတြင္ သံသယကင္းကင္း အိပ္ေပ်ာ္ေနခဲ့သည့္ သူတစ္ေယာက္၏ပုံရိပ္ကိုျဖစ္၏။ ၿငိမ္သက္၍ၾကည့္ေနခဲ့မိသည္က သူမက အျခားေလာကတစ္ခုမွေရာက္လာခဲ့သည့္ အျခားေသာသက္ရွိတစ္ေယာက္လို အျခားေသာ...သူ႕အေနျဖင့္ ဘာဆိုဘာမွမသိေတာ့ဘဲ ဒီအတိုင္းေငးေမာၾကည့္ေနမိသည့္ သက္ရွိတစ္ပါးလို။
ထိုအခ်ိန္က သူ႕ႏွလုံးသားထဲေျပးလႊားေနသည့္ခံစားခ်က္မ်ားက အမုန္းတရားမ်ားမဟုတ္ေနခဲ့ပဲ စိတ္လႈပ္ရွားျခင္းမ်ားသာျဖစ္၏။တစ္ႀကိမ္တစ္ခါမွ မျဖစ္ခဲ့ဖူးေသာ စကားႏွင့္ေဖာ္ျပလို႔မရနိုင္ေလာက္သည့္ သစ္လြင္ၿပီးထူးဆန္းသည့္ခံစားခ်က္မ်ား ျဖစ္ပါ၏။
မ်က္ႏွာကိုလွည့္ၿပီး လင္းေလာ့ခြၽမ္အား ေနာက္တစ္ႀကိမ္ထပ္ၾကည့္လိုက္ရာ ေတြးမိလိုက္သည္က ထိုလူႏွစ္ေယာက္က တကယ္ကို တူညီသည့္အရာမ်ား ရွိေနၾကသည္ပင္။
႐ြမ္ေရွာက္နန္က ေနာက္ၾကည့္မွန္ကိုၾကည့္ရင္း တစ္ခ်က္ၿပဳံးလိုက္မိ၏။ဤအခိုက္အတန့္၌ ထိုလူႏွစ္ေယာက္အား အနည္းငယ္အားက်မိသေယာင္ေယာင္ ျဖစ္သြားခဲ့၏။အ႐ြယ္ေရာက္လာသည့္အခ်ိန္မွစၿပီး သူ႕အေနျဖင့္ အျခားသူမ်ားေရွ႕တြင္ စိတ္ခ်လက္ခ်အိပ္မေပ်ာ္ခဲ့ဖူးပါ။
ကိုယ့္အသက္ကို အျခားသူလက္ထဲအပ္လိုက္ရသည့္အလုပ္မ်ိဳး ဘယ္ေတာ့အခါမွလုပ္မည္မဟုတ္ ; ဒါကလည္း သူ႕စည္းမ်ဥ္းမ်ားထဲက တစ္ခု။
ဒီေန႕ေျပာလိုက္သည့္စကားမ်ားကလည္း ဤသူငယ္ခ်င္းေကာင္း၏စိတ္ထဲ စြဲစြဲၿမဲၿမဲကိုအေျခတည္သြားမွန္း သိလိုက္ရျခင္းက ထိုေန႕ညက ေခၚဆိုလိုက္သည့္ဖုန္းကလည္း တစ္ေယာက္ေသာသူကို မလြဲမေသြ ေသေစနိုင္ေလာက္သည္အထိ ေပါက္ကြဲသြားေစလိမ့္မည္မွန္း သိထားခဲ့သလိုပင္။
သူ႕ကိုယ္၌ကလည္း သူကိုယ့္သူ မွားေနခဲ့သည္ဟု မထင္။ သူ႕အေနျဖင့္ ငါးစာခ်႐ုံသာျဖစ္ၿပီး ငါးမွ်ားခ်ိတ္ကိုဟပ္မဟပ္ဆိုသည့္အရာက သူတို႔ႏွစ္ေယာက္ေပၚ၌သာ မူတည္၏။သူကိုယ္၌က လင္းေလာ့ခြၽမ္မဟုတ္၍ ေနာင္တေတြ စိတ္မသိုးမသန့္ျဖစ္တာေတြ ဆုံးရႈံးရတာေတြ ဝမ္းနည္းတာေတြကို ဒီေလာက္ထိစဥ္းစားေနမည္မဟုတ္။ သူက လုံးဝကိုတစ္ကိုယ္ေကာင္းဆန္ဆန္ေနတတ္သည့္ျဖစ္ၿပီး သူ၏ကမၻာႀကီးကိုလည္း ျပတ္ျပတ္သားသားႏွစ္ျခမ္းခြဲထားၿပီးသားပင္ ; လိုခ်င္သည့္အရာႏွင့္ သူ မလိုအပ္သည့္အရာ ဟူ၍။
႐ြမ္ေရွာက္နန္က တျဖည္းျဖည္းေတာက္ပလာသည့္ေနေရာင္မ်ားၾကား ခပ္ေရးေရးေလးၿပဳံးလိုက္မိ၏။
ဤအၿပဳံးက ေဝ့ရွီအေၾကာက္ဆုံးအရာလည္းျဖစ္ကာ သားရဲတစ္ေကာင္က သူ၏သားေကာင္ကို အလစ္မေပးဘဲလိုက္ၾကည့္ေနတတ္သည့္ဟန္မ်ိဳးျဖင့္ လိုက္ၾကည့္ေနခဲ့ၿပီး တျဖည္းျဖည္းခ်ဥ္းကပ္ကာ ထိုအၿပဳံးျဖင့္ သူမ၏ ဘဝကိုအဆုံးသတ္ပစ္လိုက္ေလသည္။
*********************