- ဆက်၍ ရှောင်ပုန်းဖို့ရာမလွယ်
နေ့လည်ခင်းအချိန်တစ်ခုတွင် ရွမ်ရှောက်နန်က မျက်နှာကျက်မှကြမ်းပြင်အထိမှန်ပြတင်းများသာတပ်ဆင်ထားသည့်နား စားသောက်ဆိုင်၏ထောင့်ဆုံးဝိုင်းတွင်ထိုင်ကာ တစ်ကိုယ်တည်း ကော်ဖီသောက်နေ၏။နေ့လည်ခင်းမွန်းတည့်ချိန်ဖြစ်သော်လည်း အပြင်ဘက်ရှိမီးမြှိုက်ထားသလိုပူလောင်နေသည့်ရာသီဥတုကြောင့်လည်းဖြစ်နိုင်ကာ စားသောက်ဆိုင်ထဲတွင် လူခြေအတော်လေး နည်းနေ၏။
လက်ကောက်ဝတ်ရှိနာရီကို တစ်ချက်ငုံ့ကြည့်လိုက်၏။ ဤတစ်ကြိမ်က ကူယုံးလင် ပထမဆုံးနောက်ကျဖူးသည့်အကြိမ်လည်းဖြစ်၏။သူမက အချိန်အမြဲတိကျတတ်သူဖြစ်ပြီး အချို့သောမိန်းကလေးများကဲ့သို့ အချိန်နောက်ကျခြင်းကို သူတို့၏မူပိုင်ခွင့်လုပ်ရပ်တစ်ခုလို အသုံးချတတ်ခြင်းမရှိ။
အရေးကြီးကိစ္စတစ်ခုခု ပေါ်လာခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။
စဥ်းစားနေတုန်းရှိသေး လူက ရောက်လာခဲ့၏။ Prada ထုတ် နွေရာသီအတွက်သင့်လျော်သည့်ဂါဝန်ကိုဝတ်ထားသည့် ကူယုံးလင်က စည်းချက်ညီညီခြေလှမ်းများဖြင့် လျှောက်လာခဲ့၏။ခန့်နားလှသည့် အနောက်တိုင်းပုံစံစားသောက်ဆိုင်က သူမ၏ထွက်ပေါ်လာမှုကြောင့် ပို၍တောက်ပလာသယောင်ယောင်။
ဘေးနားတွင်ရှိနေသည့် စားပွဲထိုးက သူမအတွက် ထိုင်ခုံကိုဆွဲယူပေးလိုက်၏။ကူယုံးလင်က ထိုင်ခုံပေါ်တွင် နေရာယူပြီးသည်နှင့်
"တောင်းပန်ပါတယ်...ကုမ္ပဏီမှာ ဖြေရှင်းစရာကျန်နေလို့ နောက်ကျနေပါတယ်ဆိုမှ ကားလမ်းကလည်း ထပ်ပိတ်နေလို့.."
ရွမ်ရှောက်နန်က ခေါင်းအသာအယာငြိမ့်ပြရုံကလွဲ၍ အခြားစကားမဆို၏။ကူယုံးလင်ကလည်း နောက်ထပ်စကားမဆို မီနူးစာရွက်ကိုသာကြည့်နေလိုက်၏။
စားသောက်နေကြရင်း ရွမ်ရှောက်နန်က ရုတ်တရက်ဆိုလာ၏။
"မင်းအုပ်ချုပ်နေတဲ့ ကုမ္ပဏီခွဲက အခုတလော ရှယ်ယာပြဿနာတွေကြုံနေရတယ်လို့ကြားတယ်...ကိုယ့်ဆီက အကူအညီလိုသေးလား"
ကူယုံးလင်က ပုံမှန်အတိုင်းသာပြုံးပြလိုက်ပြီး
"မလိုပါဘူး..ငါ့ဘာသာငါ ဖြေရှင်းနိုင်ပါတယ်"
ရွမ်ရှောက်နန်က ခေါင်းငြိမ့်ပြရင်း မျက်ဝန်းထက်တို့တွင် လေးစားအသိအမှတ်ပြုခြင်းတို့ကို အတိုင်းသားလှစ်ဟပြလိုက်၏။သူသဘောကျရသည့်အချက်မှာလည်း ကူယုံးလင်၏ တည်ငြိမ်လွန်းသောပုံစံမျိုးကိုဖြစ်ကာ ရှေ့တိုးသင့်သည့်အချိန်မျိုးတွင်ရှေ့တိုးပြီး နောက်ဆုတ်သင့်သည့်အခါမျိုးတွင်နောက်ဆုတ်သွားတတ်သည်အထိ ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားနိုင်လွန်းသည်။အခြားသော လူကုံထံအသိုင်းအဝိုင်းမှသခင်မလေးများကဲ့သို့ စိတ်လိုက်မာန်ပါနှင့် ကိုယ့်ကိုကိုယ်မှန်နေသည်ဟု အမြဲယူဆပြီး ဘာဆိုဘာမှနားမလည်သည့်သူများနှင့်မတူပေ။
ထက်မြက်သောအမျိုးသားများက တုံးတုံးအအ အမျိုးသမီးများကို သဘောကျတတ်ကြသည်ဟုပြောကြသော်လည်း အမှန်တွင်ကား ထိုအမျိုးသမီးများ ကိုယ့်ကိုကိုယ်လှည့်စားနေသည့်စကားတစ်ခုသာဖြစ်သည်။
အမျိုးသားတစ်ယောက်က ထက်မြက်လေ သူ့ထက်ပို၍ထက်မြက်သည့်အမျိုးသမီးကို သဘောကျလေဖြစ်သည်။အချစ်ဆိုသည့်အရာမှာ စစ်တုရင်ကစားခြင်းနှင့်အတူတူပင်ဖြစ်သည်။လက်ရည်တူသည့်လူနှစ်ယောက်ကစားမှသာ စစ်တုရင်ခုံမှပေးနိုင်သည့်ခံစားချက်အစစ်အမှန်ကို ခံစားရမည်ဖြစ်သည်။
နေ့လည်စာစားပြီးနောက် အချိုတည်းနေရင်း စားသောက်ဆိုင်မှဖွင့်ထားသည့်သီချင်းသံကလည်း နူးနူးညံ့ညံ့လေးဖြစ်ရာ လေအေးပေးစက်အရှိန်ဖြင့် နှစ်ယောက်သား သက်သောင့်သက်သာဖြစ်အောင်ထိုင်ကြပြီး အတွေးကမ္ဘာကို နယ်ချဲ့နေကြ၏။
ရွမ်ရှောက်နန်က အစားသိပ်မစားဖြစ်၊ အခုတလော ခေါင်းခဏခဏကိုက်နေခြင်းလည်းဖြစ်၍ ကော်ဖီကိုသာ ပိုပိုသာသာသောက်နေလိုက်၏။တစ်ဖက်က ကူယုံးလင်နှင့်စကားပြောရင်း တစ်ဖက်က အပြင်ဘက်ရှိပုံရိပ်များကိုလှမ်းကြည့်နေ၏။
စားသောက်ဆိုင်၏မျက်နှာချင်းဆိုင်တွင်ရှိနေသည်က ပန်းခြံရင်ပြင်တစ်ခုဖြစ်ကာ နေ့လည်နှစ်နာရီတိတိ နေ့တစ်နေ့၏ အဆိပ်အပြင်းဆုံးအချိန်ဖြစ်သဖြင့် မျက်စိတစ်ဆုံးမြင်နေရသည်က မျက်စိစူးစူးလင်းထိန်နေသည့်နေရောင်ခြည်များသာဖြစ်၏။သို့သော် လူတစ်ယောက်..နေရောင်ပြင်းပြင်းအောက်တွင်ရပ်နေပြီး တစ်ယောက်ယောက်ကိုစောင့်နေဟန်ပေါက်သည့်လူတစ်ယောက်။ပုခုံးနားလောက်ထိသာရှည်သောဆံပင် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုက ဤပန်းခြံရင်ပြင်ထဲတွင် သိသိသာသာကိုထင်ဟပ်နေလေ၏။
ရွမ်ရှောက်နန်က ကော်ဖီသောက်ရင်း တစ်ချက်ကလေးမှ အကြည့်မလွဲဘဲစိုက်ကြည့်နေ၏။သိပ်မကြာလိုက်ပါဘဲ ကောင်လေးတစ်ယောက်က အနားသို့ရောက်လာခဲ့ကာ ထိုအေးစက်ပြီးခန့်ညားမှုများအပြည့်နှင့်မျက်နှာကိုတော့ သူ မေ့သွားမည်မဟုတ်။တစ်ကြိမ်က ဆေးရုံတွင် မျက်နှာချင်းဆိုင်တွေ့ဖူးပြီး နောက်တစ်ကြိမ်က ဓါတ်ပုံထဲတွင်ဖြစ်သည်။
ရွမ်ရှောက်နန်က မလှုပ်မယှက်ကြည့်နေမိ၏။ထမင်းဘူးကိုကိုင်ပြီး နေရောင်အောက်တွင် အချိန်အကြာကြီးရပ်နေသည့်သူက ငှက်ကလေးတစ်ကောင်လို အခြားယောက်ျားတစ်ယောက်၏ရင်ခွင်ထဲကို ပြေးလွှားသွားသည့်ပုံရိပ် ၊ နေရောင်ကြောင့်ပန်းရောင်သန်းနေသည့် မျက်နှာသေးသေးလေး ၊ ထိုယောက်ျားက သူမ၏မေးဖျားလေးကို ကြည်ကြည်နူးနူးဖြစ်ညှစ်လိုက်သည့်ပုံရိပ်။
ထို့နောက် နှစ်ယောက်သား သစ်ပင်ရိပ်အောက်ရှိခုံတန်းလေးဆီသို့ ပြေးလွှားပြီး ပူးပူးကပ်ကပ်ထိုင်လိုက်ကြ၏။တစ်ကိုယ်လုံးချွေးများရွဲနေပါသည့်တိုင်အောင် အပြုံးမပျက်၊ သတင်းစာတစ်ရွက်ကိုထုတ်ခင်းပြီး ထမင်းဘူးကိုတစ်ဆင့်ချင်းစီ ချလိုက်၏။ အနက်ရောင်က ဆူရှီဖြစ်ပြီး အနီရောင်က ကြက်တောင်ပံကင်ဖြစ်ကာ အရောင်ကကြည့်ရဆိုးသော်လည်း ချက်ထားသည့်ပုံစံက ချစ်စရာကောင်းပါ၏။
ရွမ်ရှောက်နန် ထိုအစားအသောက်၏အရသာများကို မှတ်မိပါသေးသည်။ထိုအရာများက သူညသန်းခေါင်ထိအချိန်ပိုအလုပ်လုပ်တိုင်း စားနေကျဖြစ်သည့်ညလယ်စာများ၊ သူမက သူ့အတွက် အထူးတလည်သင်ထားပြီး ပြုလုပ်ပေးတတ်သည့်အစားအသောက်များ။ ဝေ့ရှီက အခေါက်တိုင်း ထိုဘူးလေးများကိုသာသုံးတတ်ပြီး မစားခင် microwave ထဲထည့်နွေးတတ်ကာ ထမင်းဖြူ ၊ ရေညှိ နှင့် ကြက်တောင်ပံရနံ့တို့က တစ်ခန်းလုံးမွှေးနေတတ်သေးသည်။
ယခုအချိန်တွင် သူ့အား ညလယ်စာလုပ်ပေးတတ်သည့်ကောင်မလေးက ဆူရှီတစ်စိတ်ကို တူနှင့်ညှပ်ပြီး အခြားယောက်ျားတစ်ယောက်၏ပါးစပ်ထဲ ခွံ့ကျွေးနေလေ၏။
အပြာရောင်ကောင်းကင် အဖြူရောင်တိမ်တိုက် တဖြူးဖြူးတိုက်နေသည့်လေအပြင် နေရောင်ခြည်အောက်ရှိ ခုံတန်းဖြူဖြူလေးအပြင် စုံတွဲတစ်တွဲ...နွေးထွေးပြီး ကြည်နူးစရာကောင်းသည့်ပန်းချီကားတစ်ချပ်ဖြစ်နေလိမ့်မည်ဖြစ်ကာ လမ်းသွားလမ်းလာများက လှည့်လှည့်ကြည့်သွားကြခြင်းအပေါ် မထူးဆန်းလိုတော့၏။
"ရှောက်နန်...အချိန်လည်း လင့်နေပြီ...နေ့လည်ခင်းကျ ကုမ္ပဏီမှာအစည်းအဝေးတစ်ခုရှိသေးလို့..."
ကူယုံးလင်က နာရီကိုတစ်ချက်ကြည့်ကာ မျက်နှာချင်းဆိုင်ရှိသူအား သတိပေးလာ၏။ရွမ်ရှောက်နန်က သူ၏အကြည့်များကိုရုတ်သိမ်းလိုက်ပြီး
"လိုက်ပို့ပေးမယ်.."
မတ်တပ်ထရပ်လိုက်သည့်အချိန်တွင်မှ ရွမ်ရှောက်နန်က ဗိုက်မပြည့်သေးကြောင်းကိုသိလိုက်ရ၏။ရင်ပြင်ထက်ကို နောက်တစ်ကြိမ်လှမ်းကြည့်လိုက်ရာ ဝေ့ရှီက အဖြူရောင်လက်ကိုင်ပုဝါဖြင့် ချီမော့၏ပါးစပ်ကို သုတ်ပေးနေ၏။
"ညနေကျရင် လုပ်စရာတွေရှိသေးလား"
ရွမ်ရှောက်နန်က ကားထဲသို့ဝင်ပြီးနောက် သတို့သမီးလောင်းဖြစ်သူအားမေးလိုက်၏။
"ဘာမှမရှိဘူး.."
ကားအင်ဂျင်ကို စက်နှိုးလိုက်ပြီး
"ဒါဆို ကိုယ့်အိမ်ကိုသွားမယ်.."
ညနေ ၅နာရီအချိန်သည်ကား အလုပ်များရုံးများ ဆင်းသည့်အချိန်လည်းဖြစ်ကာ အပူချိန်လျော့ကျသွားသည့်အချိန်လည်းဖြစ်သည်။သို့သော် နေရောင်ခြည်က တလက်လက်တောက်ပနေဆဲဖြစ်သဖြင့် ညနေခင်းဆည်းဆာအောက်တွင် အပူအပင်ကင်းကင်း သွားသွားလာလာလုပ်နေနိုင်ပါသေးသည်။
'အရင်နှစ်ရဲ့ညအချိန်ဝယ်..ပန်းပွင့်မီးပုံးလေးကို နေ့အလင်းရောင်အတိုင်းဖြစ်အောင်ထွန်းကာရယ်..လရောင်အောက်ကမိုးမခပင်ထက်တင်ကာ..လူ့လောကအတွက်အလင်းပေးချင်ပါရဲ့'
ဝေ့ရှီက ပန်းချီစာရွက်၏အနောက်ဘက်တွင် ကဗျာတိုလေးတစ်ပုဒ်ကိုရေးလိုက်ကာ ဆွဲပြီးသွားသည့်ပန်းချီကားတစ်ချပ်ကို အသက်ကြီးစုံတွဲတစ်တွဲဆီသို့ ကမ်းပေးလိုက်၏။
အသက်ကြီးသူနှစ်ယောက်က ကမ်းယူကာကြည့်ပြီး ပန်းချီကားကို ကြည့်ကာ ကျေနပ်သည့်အလားခေါင်းတငြိမ့်ငြိမ့်ဖြစ်နေလေ၏။
အမျိုးသားကြီးက အနောက်ဘက်တွင်ရေးထားသည့်ကဗျာကိုပါဖတ်ကာ လက်မထောင်ပြလာပြီး
"ကလေးမလေး...စကားလုံးစီထားတာလှတယ်"
ဝေ့ရှီက ပြုံးလိုက်ကာ သုံးနေကျမှတ်စုစာအုပ်ပေါ်တွင်ရေးလိုက်၏။
"ဘိုးဘိုးတို့ စိတ်တိုင်းကျတယ်ဆိုရင်ပဲ ရပါပြီ"
အမျိုးသားကြီးက မှုတ်ဆိတ်မွှေးကိုပွတ်သပ်ကာ သဘောတကျရယ်လိုက်ပြီး
" 'အိုးရန်ရှို့'ရဲ့ နာမည်ကြီးစာသားတွေထဲမှာမှ အဘိုးက ဒီတစ်ခုကိုအကြိုက်ဆုံး...သူ့ရဲ့နောက်ပိုင်းအဆက်ကိုရော ကလေးမလေးသိလား.."
ဝေ့ရှီက စဥ်းစားနေသလို တစ်ခဏရပ်တန့်သွားပြီးမှ မှတ်စုစာအုပ်ပေါ်တွင်ချရေးလိုက်၏။
'ဒီနှစ်ရဲ့ညအချိန်ဝယ်..လရောင်ရော မီးပုံးလေးကိုပါ အဖော်ပြုထားပါရဲ့...အရင်နှစ်ကလူ ရောက်မလာလေတော့.. မျက်ရည်တွေကို ညလေအေးကသာ သယ်ဆောင်သွားပါလေရော့လား'
ဆက်ပြီး
' 'လီချင်းကျောက်' ရေးထားတဲ့ထဲမှာလည်း ဒါဟာနဲ့ အဓိပ္ပါယ်ဆင်သလိုလေးရှိသေးတယ် ; တိုက်ခတ်လာတဲ့လေညှင်းကြောင့် ပန်းကလေးတွေလှုပ်ရှားသွားသလို နေ့နေ့ညညခေါင်းဖြီးပြီးစောင့်နေရသူအဖို့ မျှော်နေသူပေါ်မလာခဲ့လျှင် မျက်ရည်ကသာအရင်ဆုံးကျလာခဲ့တာပါ '
အမျိုးသားကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်ကြည့်နေပြီး
"ဒီတစ်ခုလည်း တယ်မိုက်ပါသရောလား..ကလေးမလေး..ရေးထားတာလှတယ်"
ဝေ့ရှီက ပြုံး၍သာ ဆက်ပြီးရေးလိုက်၏။
"ကျွန်မက အနောက်တိုင်းဆီဆေးပန်းချီကို အထူးပြုယူထားတဲ့သူပါ..တရုတ်ရှေးကဗျာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်မသိပါဘူး...သတိရတာလေးတွေ ချရေးလိုက်မလို့ ဘိုးဘိုးကိုရယ်စရာတွေဖြစ်အောင်လုပ်မိသွားပါပြီ"
အမျိုးသားကြီးက တလေးတစားကိုကြည့်နေပြီး
"ဒီလောက်လှတဲ့ကလေးမလေး..ဒီလိုမျိုး အရည်အချင်းရှိတဲ့ကလေးလေးက...နှမြောစရာကောင်းလိုက်တာ..."
အချိန်လည်းစေ့ပြီဖြစ်၍ ဝေ့ရှီက ယနေ့အတွက်လုပ်အားခကို လက်ခံယူလိုက်၏။ထို့နောက် ပိုက်ဆံကိုအကျီအိတ်ကပ်အတွင်းသေချာထည့်ပြီးမှ ပန်းချီပစ္စည်းများကို စတင်သိမ်းဆည်းလိုက်၏။ထိုအခိုက်တွင် မဝေးသောနေရာတစ်ခုဆီမှပျံ့လွှင့်လာသည့် သာယာလွန်းသည့်သီချင်းသံကိုကြားလိုက်ရ၏။
လှည့်ကြည့်လိုက်ရာ ကောင်မလေးတစ်ယောက်က ဂီတာကိုကိုင်ပြီး သီချင်းဆိုနေခြင်းဖြစ်သည်။ဤကောင်မလေး နေ့တိုင်းလိုလိုရောက်လာတတ်ပြီး ဖြတ်သွားဖြတ်လာလုပ်သည့်သူများကို သီချင်းချိုချိုလေးများဖြင့် ဖျော်ဖြေပေးနေကြလည်းဖြစ်သည်။
ယနေ့ဆိုသည့်အသံလေးက ခါတိုင်းနေ့များထက် ပို၍နားထောင်လို့ကောင်းနေခဲ့ကာ ဖြတ်သွားဖြတ်လာလုပ်နေသည့်သူများကိုပင် ခြေလှမ်းများရပ်တန့်ပြီးငေးမောလာသည်အထိ ဆွဲဆောင်ထားနိုင်ကာ အချို့က အကြွေစေ့များကို ကောင်မလေး၏ဂစ်တာအိတ်အတွင်းသို့ ထည့်ပေးနေကြ၏။
ကြားဖူးသည့်စကားစုလေးတစ်ခုကို သတိရမိသွား၏; လူတိုင်းလူတိုင်းအတွက် အသွားချင်ဆုံးနေရာဟူသည်မှာ အဝေးရှိနေရာတစ်ခုဖြစ်နေခဲ့ပြီး ပြန်၍မသွားခဲ့တဲ့နေရာဟူသည်မှာ ဇာတိရပ်ရွာ ဟူ၍ပင်။ ဤမြို့ပြကြီးထဲ လူဘယ်နှယောက်လောက်ထိများ မသေချာမရေရာတဲ့မနက်ဖြန်တွေကိုရှေ့ဆက်ဖို့ ပျော်ရွှင်ဖို့ကောင်းတဲ့နေ့တွေ အေးချမ်းတဲ့ညတွေကို မျက်ကွယ်ပြုခဲ့ရလောက်မလဲ?
ညင်ညင်သာသာလေး ဆိုနေသည့်သီချင်းက :
မင်း ဒီမှာရှိနေဦးမယ်ဆိုတယ် ယုံကြည်တယ်
ဘယ်တုန်းကမှ ထွက်မသွားခဲ့သလိုပေါ့
ငါ့ရဲ့အချစ်တွေနဲ့ မင်းကို ကောင်းကင်တမန်တော်တစ်ယောက်အသွင် ကာကွယ်ပေးထားမှာမလို့
ဒီနေရာမှာပဲ သက်ဆုံးတိုင် နားခိုလှည့်ပါ
တကယ်လို့ ငါမရှိတော့ရင်လည်း
ကောင်းကန်တမန်တော်ကိုသွားရှာပြီး ငါ့အစား မင်းကို ဆက်ချစ်ခိုင်းသွားပါ့မယ်...
အဘယ်ကြောင့်မှန်းသေချာမသိသော်လည်း ဤသီချင်းသံကိုနားထောင်ရင်း မျက်ရည်များဝဲတက်လာမိသည်။
ကွယ်ပျောက်တော့မည့်နေရောင်အောက်တွင် ပင်ပန်းထားသည့်ငှက်ကလေးများလည်း အသိုက်ဆီသို့ပြန်နေကြလေ၏။ကြွယ်ဝလှသော မြို့ပြကြီး၏အတွင်းကျဆုံးတွင်ရပ်နေရခြင်းက ကျယ်ပြောလှသည့်အရိုင်းအစိုင်းဒေသကြီးတစ်ခုတွင် ရပ်နေရခြင်းနှင့်ဆင်တူလွန်းလှကာ အနာဂတ်ဆိုသည်မှာ ဘယ်ဆီဘယ်ဝယ်ပျောက်ရှသွားရလေ၏။
ညနေဆည်းဆာလေးကို နှုတ်ဆက်ရင်း မျက်ဝန်းတစ်စုံကိုမှိတ်ချလိုက်၏။
ထို့နောက် ဝေ့ရှီဦးနှောက်ထဲတွင် တနေ့ကဆွဲထားသည့်အစိမ်းရောင်ဆီဆေးပန်းချီကို မြင်ယောင်လာမိ၏။ပြောင်သလင်းခါနေသည့်ကမ္ဘာမြေကြီးထက်တွင် သည်းထန်စွာတိုက်ခတ်နေသည့်လေကြမ်းများကြား အတောင်ပံကျိုးကျနေပါသည့်တိုင် လေကိုဆန်ပြီးပျံသန်းဖို့ရာရုန်းကန်နေသည့်ငှက်ကလေးတစ်ကောင်...စိတ်ထဲတွင်ပေါ်လာသည့်အရာတစ်ခုချင်းစီတိုင်းကို အဆုံးမရှိတောင်ပေါက်ကွဲထွက်လာခွင့်ပေးသည့်အနေဖြင့် စာရွက်ပေါ်တွင်စုတ်ချက်များဖြင့်ခြယ်သထားလိုက်၏။
ပန်းချီကား၏အမည်ကို "လေဆန်ကို ဆန်တက်၍" ဟုပေးလိုက်ပြီး ဘေးနားတွင်ရေးသားလိုက်သည်မှာ;
'အနာဂတ်က ဘယ်လောက်မှောင်မိုက်ကြမ်းတမ်းနေပါစေ..အတောင်ပံတွေကျိုးသည်အထိအောင် ဆက်ပျံသန်းနေဦးမှာ..'
အနောက်ဘက်ဆီမှ "ထောက်! ထောက်!" ဖြင့်ချဥ်းကပ်လာသည့်ခြေသံတစ်စုံကိုကြားလိုက်ရကာ စိတ်ထဲ ငှက်အကောင်တစ်သောင်းထပျံသွားသလို လန့်ဖြန့်သွားရ၏။ဝေ့ရှီက ပန်းချီပစ္စည်းများကိုသိမ်းဆည်းနေရင်း အနောက်သို့လှည့်ကြည့်လိုက်ရာ ရွှေရောင်သန်းနေသည့်ညနေခင်းဆည်းဆာနှင့်အတူ ခိုငှက်ကလေးများပျံသန်းနေသည့်မြင်ကွင်းကြားမှ သီးခြားတည်ရှိနေသည့်လှပလွန်းသောမျက်ဝန်းတစ်စုံနှင့် မျက်ဝန်းချင်းဆုံသွားခဲ့၏။
နှစ်တော်တော်ကြာသွားပြီးသည်အထိ ယနေ့၏မြင်ကွင်းပုံရိပ်ကို လင်းလော့ချွမ် နေ့တိုင်းသတိရမိနေတော့မည်ဖြစ်သည်။ဖြတ်ခနဲမြင်လိုက်ရသည့် မြို့ပြ၏ညနေခင်း ၊ အဖြူရောင်ခိုကလေးများက ရွှေရောင်သန်းနေသည့်ကောင်းကင်ယံထက်သို့ တစ်အုပ်ကြီးပျံသွားခဲ့ကာ ထိုအရာများကြားမှ ဝမ်းနည်းမှုများကိုလှစ်ဟဖော်ပြထားသည့်နတ်ဘုရားမလေး၏မျက်ဝန်းတစ်စုံ။ အိပ်မက်တစ်ခုလို ထင်ယောင်ထင်မှားဖြစ်လာရစေသည်အထိ လှပလွန်း၏။
ဟုတ်ပါ၏ ဤမြင်ကွင်းပုံရိပ်လေးက ပျားပန်းခတ်ခတ် ယောက်ယက်ခတ်ခတ်လှုပ်ရှားနေသည့် ဒီလောကကမ္ဘာကြီးနှင့်မထိုက်တန် ၊ အိပ်မက်ဆိုသည့် နူးညံ့လွန်းသောနေရာနှင့်သာ သက်ဆိုင်နေသင့်၏။
သို့သော်လည်း အရာအားလုံးက ကံကြမ္မာ၏အလိုကျစီစဥ်ပြီးဖြစ်သည်။ဥပမာ မရေမတွက်နိုင်သော လမ်းကြောင်းများရှိသလို၊ မရေမတွက်နိုင်သောရွေးချယ်စရာများရှိနေသလို၊ သူ့ဘဝထဲဝင်ရောက်လာချင်သူများ မရေမတွက်နိုင်အောင်ရှိနေခဲ့သည့်တိုင် ထိုအရာများကိုကျော်လွန်ပြီး ဤနောက်ဆုတ်ပြီးထွက်ပြေးချင်နေသည့်သူမကသာ ဤနတ်ဘုရားမလေးကသာ သူ့အား လှုပ်ခတ်သွားအောင် လွမ်းဆွတ်နေရအောင် အမိန့်ပေးစေခိုင်းလိုက်နိုင်ပါ၏။
ထို့အပြင် ဤတစ်ခါလှုပ်ခတ်ခြင်းက တစ်သက်လုံးစာလည်း ရည်ရွယ်လိုက်ပါရဲ့...
ခလွမ်း!
ဝေ့ရှီက အလန့်တကြားနောက်ဆုတ်လိုက်သဖြင့် ပန်းချီကားထောက်တိုင်နှင့်တိုက်မိကာ ခြေထောက်နှစ်ဖက်က ဟန်ချက်ပျက်ပြီး ယိုင်ခနဲဖြစ်သွား၏။တိုက်ခိုက်ရေးရာကျွမ်းကျင်သည့် လင်းလော့ချွမ်က လေ့ကျင့်ခံရသည့်အတိုင်း မျက်တောင်တစ်မှိတ်အတွင်း အမြန်ဖမ်းဆွဲလိုက်ရာ သူ၏ရင်ခွင်ထဲသို့ အလိုက်သင့်လေးပါသွားခဲ့၏။
"ဒါကို ရင်ခွင်ထဲထည့်ဖက်တယ်လို့ တွက်လို့ရလား"
ဒီလူ စိတ်အခြေအနေအတော်လေးကောင်းနေပုံရကာ သူ၏ဗိုက်ကို တံတောင်ဆစ်ဖြင့်ထိုးလိုက်မိသည့်တိုင် ရယ်မောနေနိုင်သေး၏။
ဝေ့ရှီကတော့ စိတ်အခြေအနေမကောင်းပေးနိုင်။သူ့လက်ထဲမှ သုံးလေးခေါက်လောက် ရုန်းနေသော်လည်း မလွှတ်နိုင်ဖြစ်နေ၏။
လင်းလော့ချွမ်က သူမအား ခေါင်းငုံ့ကြည့်လာပြီး ခပ်ဖွဖွလေးပြုံး၍
"မင်း အားတွေကို အလဟဿဖြုန်းမနေနဲ့တော့...မင်းသာ ကိုယ့်လက်ထဲက လွတ်အောင်ရုန်းပြလိုက်ရင် ကိုယ် စစ်သင်တန်းမှာသင်လာရတာတွေက အလကားဖြစ်ကုန်တော့မှာပေါ့.."
ပြောရင်း လက်မောင်းတစ်ဖက်ကိုဆုတ်ကိုင်ကာ ကားအတွင်းသို့ထည့်လိုက်ပြီး
"သွားစို့..ကိုယ်တို့ ထမင်းသွားစားရအောင်...မနေ့က ကတိပေးတယ်လေ...ပန်းချီဆွဲပြီးတဲ့နောက်ပိုင်းအချိန်ကို ကိုယ့်ကိုပေးမယ်လို့.."
ဝေ့ရှီက ယာဥ်မောင်းခုံ၏ဘေးနေရာတွင် သူနေရာချလိုက်သည့်အတိုင်းထိုင်နေရကာ လှုပ်ပင်မလှုပ်ရသေးခင် လင်းလော့ချွမ်က ထပ်ပြီး
"ငြိမ်ငြိမ်လေးထိုင်နေ...ကိုယ် ပစ္စည်းတွေသိမ်းနေတဲ့အချိန် ထွက်ပြေးမယ်လို့ မစဥ်းစားလိုက်နဲ့..မဟုတ်ရင်...."
ဝေ့ရှီ၏မေးဖျားကို လက်ချောင်းလေးဖြင့်ဖြစ်ညှစ်လိုက်ပြီး
"ဖြစ်လာမယ့်အကျိုးဆက်ကို မင်းသိပါတယ်.."
ဝေ့ရှီ၏ ပန်းချီကားထောက်တိုင်နှင့် အခြားပစ္စည်းများကို မြေပြင်ပေါ်မှကောက်ယူပြီး အနောက်ဖုံးအတွင်းသို့ စိတ်မရှည်လက်မရှည်ပစ်ထည့်လိုက်သည်ကို ဝေ့ရှီ မြင်လိုက်ရ၏။
"ဘာစားချင်လဲ.."
လင်းလော့ချွမ်က ယာဥ်မောင်းသူနေရာတွင်ဝင်ထိုင်ရင်း မေးလာခဲ့၏။
ဝေ့ရှီက မုဆိုးလက်ထဲဖမ်းခံထားရသည့် သမင်ကလေးတစ်ကောင်လို မျက်လုံးအဝိုင်းသား အလန့်တကြားဖြစ်နေသည့်မျက်နှာလေးဖြင့် လိုက်ကြည့်နေလေ၏။လင်းလော့ချွမ်က သူမဘက်သို့လှည့်လာကာ သဘောတကျရယ်လိုက်ရင်း
"ကိုယ့်ကို မေ့သွားပြန်တာလား..ဒါမှမဟုတ် မမှတ်မိချင်ယောင်ဆောင်ဖို့ ပြင်နေတာလား...သနားစရာကောင်းအောင်လုပ်ပြမယ်လို့စဥ်းစားထားရင် အဲ့အကွက်က ကိုယ့်အပေါ် မသက်ရောက်နိုင်ဘူးလို့ ကြိုပြောထားမယ်နော်...မင်းလည်း သိပါတယ်..ကိုယ် ဘယ်တုန်းကများ 'မိန်းကလေးတွေကို ကြင်နာပေးပါ' စကားကို ကျင့်သုံးနားလည်ခဲ့ဖူးလို့လဲ"
ဝေ့ရှီက မှတ်စုစာအုပ်ကိုထုတ်ပြီး ချရေးလိုက်၏။
"ငါက ပြတ်တောင်းပြတ်တောင်းပဲမေ့တတ်တဲ့ရောဂါ(intermittent amnesia)ပဲရှိတာ..တစ်သက်လုံးမေ့နေတာမျိုးမဟုတ်ဘူး...နင့်ကို ကတိပေးထားတဲ့ကိစ္စလည်း မှတ်မိသလို နင်နဲ့သူနဲ့ကြားက ဆက်ဆံရေးကိုလည်း မှတ်မိတယ်...နင် ဘာလုပ်ချင်နေမှန်း ငါမသိဘူး..ဒါပေမယ့် နင်တို့နှစ်ယောက်စလုံးက အထက်တန်းလွှာရဲ့မျက်နှာဖုံးတွေ...'စားခွက်တစ်ခုတည်း မစားတဲ့မြင်းနှစ်ကောင်'..အချင်းချင်းမျက်နှာသာပေးတာ အကောင်းဆုံးပါ..မနေ့ညက ကတိပေးထားတဲ့အတိုင်း ထမင်းတစ်နပ်စားပေးပြီးသွားရင် ငါတို့ ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင်.."
လင်းလော့ချွမ်က ထိုစာရွက်အပိုင်းအစကို လုံးချေပစ်လိုက်ပြီး
"အရိုင်းအစိုင်းစကားတွေမသုံးဘဲ လူကိုဆဲနေတာပေါ့...မင်းရဲ့ အဲ့ဒီသွားထက်ထက်လေးတွေကိုတောင် လွမ်းလာပြီ..ဘာလို့များ ဒီလောက်ထိပါးပါးနပ်နပ်တွေတွေးပြီး လိုက်ပိတ်နေရပြန်တာလဲ...ကိုယ့်ကို ဆဲလိုက်ရမှ သက်သောင့်သက်သာရှိသွားတာလား..ဒါမှမဟုတ် ကိုယ့်ကို ဒီလိုပြောလိုက်ရင် ကိုယ့်လက်ထဲကနေ လွတ်မယ်လို့ ထင်လိုက်တာလား..တကယ်လို့သာ ကိုယ်ပြောလိုက်ရရင်..."
သိသိသာသာကို စကားစရပ်လိုက်ကာ သူ၏ထိုလှပလွန်းသောမျက်ဝန်းထောင့်များမှ သူမကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး
"သူ့ဘက်က 'စားခွက်တစ်ခုတည်း မြင်းနှစ်ကောင်စား' လည်း ဂရုမစိုက်တော့တဲ့အပြင် ကိုယ့်သဘော ကိုယ့်စိတ်ကြိုက်လုပ်ဖို့အထိ ရက်ရောပြီးသား...ဒီလိုပြောလိုက်ရင်ရော မင်းဘက်က လက်ခံပေးမှာလား.."
ဝေ့ရှီက အသက်ရှူဖို့ပင်မေ့သွားခဲ့ကာ မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေမိ၏။
လင်းလော့ချွမ်က မျက်ရည်များဝေ့တက်လာသည့်ဝေ့ရှီကိုကြည့်ကာ စုတ်တစ်ချက်သပ်လိုက်၏။ဘယ်လိုပင် နှလုံးသားက မာကျောနေခဲ့ပါစေ မည်မျှပင် သန်မာနေခဲ့ပါစေ မသိသောအတွင်းစိတ်မှနေ၍
"လျှောက်ပြောနေတာ..စိတ်ထဲမထားနဲ့ ...ပြီးတော့ ကိုယ်တို့သုံးယောက်ကြားက ဆက်ဆံရေးကို တစ်ချိန်လုံးသတိပေးနေစရာမလိုဘူး.."
ဝေ့ရှီအားလှမ်းကြည့်ကာ ခပ်ရေးရေးရယ်လိုက်ပြီး
"ကိုယ်သာတကယ်လိုချင်ရင်..ကောင်းကင်ပေါ်ကနတ်မင်းတွေတောင် မင်းကို မကယ်ပေးနိုင်ဘူး.."
**********************
~~Zawgyi~~
- ဆက္၍ ေရွာင္ပုန္းဖို႔ရာမလြယ္
ေန႕လည္ခင္းအခ်ိန္တစ္ခုတြင္ ႐ြမ္ေရွာက္နန္က မ်က္ႏွာက်က္မွၾကမ္းျပင္အထိမွန္ျပတင္းမ်ားသာတပ္ဆင္ထားသည့္နား စားေသာက္ဆိုင္၏ေထာင့္ဆုံးဝိုင္းတြင္ထိုင္ကာ တစ္ကိုယ္တည္း ေကာ္ဖီေသာက္ေန၏။ေန႕လည္ခင္းမြန္းတည့္ခ်ိန္ျဖစ္ေသာ္လည္း အျပင္ဘက္ရွိမီးျမႇိုက္ထားသလိုပူေလာင္ေနသည့္ရာသီဥတုေၾကာင့္လည္းျဖစ္နိုင္ကာ စားေသာက္ဆိုင္ထဲတြင္ လူေျခအေတာ္ေလး နည္းေန၏။
လက္ေကာက္ဝတ္ရွိနာရီကို တစ္ခ်က္ငုံ႕ၾကည့္လိုက္၏။ ဤတစ္ႀကိမ္က ကူယုံးလင္ ပထမဆုံးေနာက္က်ဖဴးသည့္အႀကိမ္လည္းျဖစ္၏။သူမက အခ်ိန္အၿမဲတိက်တတ္သူျဖစ္ၿပီး အခ်ိဳ႕ေသာမိန္းကေလးမ်ားကဲ့သို႔ အခ်ိန္ေနာက္က်ျခင္းကို သူတို႔၏မူပိုင္ခြင့္လုပ္ရပ္တစ္ခုလို အသုံးခ်တတ္ျခင္းမရွိ။
အေရးႀကီးကိစၥတစ္ခုခု ေပၚလာျခင္းေၾကာင့္လည္း ျဖစ္ပါလိမ့္မည္။
စဥ္းစားေနတုန္းရွိေသး လူက ေရာက္လာခဲ့၏။ Prada ထုတ္ ႏြေရာသီအတြက္သင့္ေလ်ာ္သည့္ဂါဝန္ကိုဝတ္ထားသည့္ ကူယုံးလင္က စည္းခ်က္ညီညီေျခလွမ္းမ်ားျဖင့္ ေလွ်ာက္လာခဲ့၏။ခန့္နားလွသည့္ အေနာက္တိုင္းပုံစံစားေသာက္ဆိုင္က သူမ၏ထြက္ေပၚလာမႈေၾကာင့္ ပို၍ေတာက္ပလာသေယာင္ေယာင္။
ေဘးနားတြင္ရွိေနသည့္ စားပြဲထိုးက သူမအတြက္ ထိုင္ခုံကိုဆြဲယူေပးလိုက္၏။ကူယုံးလင္က ထိုင္ခုံေပၚတြင္ ေနရာယူၿပီးသည္ႏွင့္
"ေတာင္းပန္ပါတယ္...ကုမၸဏီမွာ ေျဖရွင္းစရာက်န္ေနလို႔ ေနာက္က်ေနပါတယ္ဆိုမွ ကားလမ္းကလည္း ထပ္ပိတ္ေနလို႔.."
႐ြမ္ေရွာက္နန္က ေခါင္းအသာအယာၿငိမ့္ျပ႐ုံကလြဲ၍ အျခားစကားမဆို၏။ကူယုံးလင္ကလည္း ေနာက္ထပ္စကားမဆို မီႏူးစာ႐ြက္ကိုသာၾကည့္ေနလိုက္၏။
စားေသာက္ေနၾကရင္း ႐ြမ္ေရွာက္နန္က ႐ုတ္တရက္ဆိုလာ၏။
"မင္းအုပ္ခ်ဳပ္ေနတဲ့ ကုမၸဏီခြဲက အခုတေလာ ရွယ္ယာျပႆနာေတြႀကဳံေနရတယ္လို႔ၾကားတယ္...ကိုယ့္ဆီက အကူအညီလိုေသးလား"
ကူယုံးလင္က ပုံမွန္အတိုင္းသာၿပဳံးျပလိုက္ၿပီး
"မလိုပါဘူး..ငါ့ဘာသာငါ ေျဖရွင္းနိုင္ပါတယ္"
႐ြမ္ေရွာက္နန္က ေခါင္းၿငိမ့္ျပရင္း မ်က္ဝန္းထက္တို႔တြင္ ေလးစားအသိအမွတ္ျပဳျခင္းတို႔ကို အတိုင္းသားလွစ္ဟျပလိုက္၏။သူသေဘာက်ရသည့္အခ်က္မွာလည္း ကူယုံးလင္၏ တည္ၿငိမ္လြန္းေသာပုံစံမ်ိဳးကိုျဖစ္ကာ ေရွ႕တိုးသင့္သည့္အခ်ိန္မ်ိဳးတြင္ေရွ႕တိုးၿပီး ေနာက္ဆုတ္သင့္သည့္အခါမ်ိဳးတြင္ေနာက္ဆုတ္သြားတတ္သည္အထိ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ထားနိုင္လြန္းသည္။အျခားေသာ လူကုံထံအသိုင္းအဝိုင္းမွသခင္မေလးမ်ားကဲ့သို႔ စိတ္လိုက္မာန္ပါႏွင့္ ကိုယ့္ကိုကိုယ္မွန္ေနသည္ဟု အၿမဲယူဆၿပီး ဘာဆိုဘာမွနားမလည္သည့္သူမ်ားႏွင့္မတူေပ။
ထက္ျမက္ေသာအမ်ိဳးသားမ်ားက တုံးတုံးအအ အမ်ိဳးသမီးမ်ားကို သေဘာက်တတ္ၾကသည္ဟုေျပာၾကေသာ္လည္း အမွန္တြင္ကား ထိုအမ်ိဳးသမီးမ်ား ကိုယ့္ကိုကိုယ္လွည့္စားေနသည့္စကားတစ္ခုသာျဖစ္သည္။
အမ်ိဳးသားတစ္ေယာက္က ထက္ျမက္ေလ သူ႕ထက္ပို၍ထက္ျမက္သည့္အမ်ိဳးသမီးကို သေဘာက်ေလျဖစ္သည္။အခ်စ္ဆိုသည့္အရာမွာ စစ္တုရင္ကစားျခင္းႏွင့္အတူတူပင္ျဖစ္သည္။လက္ရည္တူသည့္လူႏွစ္ေယာက္ကစားမွသာ စစ္တုရင္ခုံမွေပးနိုင္သည့္ခံစားခ်က္အစစ္အမွန္ကို ခံစားရမည္ျဖစ္သည္။
ေန႕လည္စာစားၿပီးေနာက္ အခ်ိဳတည္းေနရင္း စားေသာက္ဆိုင္မွဖြင့္ထားသည့္သီခ်င္းသံကလည္း ႏူးႏူးညံ့ညံ့ေလးျဖစ္ရာ ေလေအးေပးစက္အရွိန္ျဖင့္ ႏွစ္ေယာက္သား သက္ေသာင့္သက္သာျဖစ္ေအာင္ထိုင္ၾကၿပီး အေတြးကမၻာကို နယ္ခ်ဲ့ေနၾက၏။
႐ြမ္ေရွာက္နန္က အစားသိပ္မစားျဖစ္၊ အခုတေလာ ေခါင္းခဏခဏကိုက္ေနျခင္းလည္းျဖစ္၍ ေကာ္ဖီကိုသာ ပိုပိုသာသာေသာက္ေနလိုက္၏။တစ္ဖက္က ကူယုံးလင္ႏွင့္စကားေျပာရင္း တစ္ဖက္က အျပင္ဘက္ရွိပုံရိပ္မ်ားကိုလွမ္းၾကည့္ေန၏။
စားေသာက္ဆိုင္၏မ်က္ႏွာခ်င္းဆိုင္တြင္ရွိေနသည္က ပန္းၿခံရင္ျပင္တစ္ခုျဖစ္ကာ ေန႕လည္ႏွစ္နာရီတိတိ ေန႕တစ္ေန႕၏ အဆိပ္အျပင္းဆုံးအခ်ိန္ျဖစ္သျဖင့္ မ်က္စိတစ္ဆုံးျမင္ေနရသည္က မ်က္စိစူးစူးလင္းထိန္ေနသည့္ေနေရာင္ျခည္မ်ားသာျဖစ္၏။သို႔ေသာ္ လူတစ္ေယာက္..ေနေရာင္ျပင္းျပင္းေအာက္တြင္ရပ္ေနၿပီး တစ္ေယာက္ေယာက္ကိုေစာင့္ေနဟန္ေပါက္သည့္လူတစ္ေယာက္။ပုခုံးနားေလာက္ထိသာရွည္ေသာဆံပင္ ပိန္ပိန္ပါးပါးပုံရိပ္တစ္ခုက ဤပန္းၿခံရင္ျပင္ထဲတြင္ သိသိသာသာကိုထင္ဟပ္ေနေလ၏။
႐ြမ္ေရွာက္နန္က ေကာ္ဖီေသာက္ရင္း တစ္ခ်က္ကေလးမွ အၾကည့္မလြဲဘဲစိုက္ၾကည့္ေန၏။သိပ္မၾကာလိုက္ပါဘဲ ေကာင္ေလးတစ္ေယာက္က အနားသို႔ေရာက္လာခဲ့ကာ ထိုေအးစက္ၿပီးခန့္ညားမႈမ်ားအျပည့္ႏွင့္မ်က္ႏွာကိုေတာ့ သူ ေမ့သြားမည္မဟုတ္။တစ္ႀကိမ္က ေဆး႐ုံတြင္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဖူးၿပီး ေနာက္တစ္ႀကိမ္က ဓါတ္ပုံထဲတြင္ျဖစ္သည္။
႐ြမ္ေရွာက္နန္က မလႈပ္မယွက္ၾကည့္ေနမိ၏။ထမင္းဘူးကိုကိုင္ၿပီး ေနေရာင္ေအာက္တြင္ အခ်ိန္အၾကာႀကီးရပ္ေနသည့္သူက ငွက္ကေလးတစ္ေကာင္လို အျခားေယာက္်ားတစ္ေယာက္၏ရင္ခြင္ထဲကို ေျပးလႊားသြားသည့္ပုံရိပ္ ၊ ေနေရာင္ေၾကာင့္ပန္းေရာင္သန္းေနသည့္ မ်က္ႏွာေသးေသးေလး ၊ ထိုေယာက္်ားက သူမ၏ေမးဖ်ားေလးကို ၾကည္ၾကည္ႏူးႏူးျဖစ္ညွစ္လိုက္သည့္ပုံရိပ္။
ထို႔ေနာက္ ႏွစ္ေယာက္သား သစ္ပင္ရိပ္ေအာက္ရွိခုံတန္းေလးဆီသို႔ ေျပးလႊားၿပီး ပူးပူးကပ္ကပ္ထိုင္လိုက္ၾက၏။တစ္ကိုယ္လုံးေခြၽးမ်ား႐ြဲေနပါသည့္တိုင္ေအာင္ အၿပဳံးမပ်က္၊ သတင္းစာတစ္႐ြက္ကိုထုတ္ခင္းၿပီး ထမင္းဘူးကိုတစ္ဆင့္ခ်င္းစီ ခ်လိဳက္၏။ အနက္ေရာင္က ဆူရွီျဖစ္ၿပီး အနီေရာင္က ၾကက္ေတာင္ပံကင္ျဖစ္ကာ အေရာင္ကၾကည့္ရဆိုးေသာ္လည္း ခ်က္ထားသည့္ပုံစံက ခ်စ္စရာေကာင္းပါ၏။
႐ြမ္ေရွာက္နန္ ထိုအစားအေသာက္၏အရသာမ်ားကို မွတ္မိပါေသးသည္။ထိုအရာမ်ားက သူညသန္းေခါင္ထိအခ်ိန္ပိုအလုပ္လုပ္တိုင္း စားေနက်ျဖစ္သည့္ညလယ္စာမ်ား၊ သူမက သူ႕အတြက္ အထူးတလည္သင္ထားၿပီး ျပဳလုပ္ေပးတတ္သည့္အစားအေသာက္မ်ား။ ေဝ့ရွီက အေခါက္တိုင္း ထိုဘူးေလးမ်ားကိုသာသုံးတတ္ၿပီး မစားခင္ microwave ထဲထည့္ႏြေးတတ္ကာ ထမင္းျဖဴ ၊ ေရညွိ ႏွင့္ ၾကက္ေတာင္ပံရနံ႕တို႔က တစ္ခန္းလုံးေမႊးေနတတ္ေသးသည္။
ယခုအခ်ိန္တြင္ သူ႕အား ညလယ္စာလုပ္ေပးတတ္သည့္ေကာင္မေလးက ဆူရွီတစ္စိတ္ကို တူႏွင့္ညွပ္ၿပီး အျခားေယာက္်ားတစ္ေယာက္၏ပါးစပ္ထဲ ခြံ႕ေကြၽးေနေလ၏။
အျပာေရာင္ေကာင္းကင္ အျဖဴေရာင္တိမ္တိုက္ တျဖဴးျဖဴးတိုက္ေနသည့္ေလအျပင္ ေနေရာင္ျခည္ေအာက္ရွိ ခုံတန္းျဖဴျဖဴေလးအျပင္ စုံတြဲတစ္တြဲ...ႏြေးေထြးၿပီး ၾကည္ႏူးစရာေကာင္းသည့္ပန္းခ်ီကားတစ္ခ်ပ္ျဖစ္ေနလိမ့္မည္ျဖစ္ကာ လမ္းသြားလမ္းလာမ်ားက လွည့္လွည့္ၾကည့္သြားၾကျခင္းအေပၚ မထူးဆန္းလိုေတာ့၏။
"ေရွာက္နန္...အခ်ိန္လည္း လင့္ေနၿပီ...ေန႕လည္ခင္းက် ကုမၸဏီမွာအစည္းအေဝးတစ္ခုရွိေသးလို႔..."
ကူယုံးလင္က နာရီကိုတစ္ခ်က္ၾကည့္ကာ မ်က္ႏွာခ်င္းဆိုင္ရွိသူအား သတိေပးလာ၏။႐ြမ္ေရွာက္နန္က သူ၏အၾကည့္မ်ားကို႐ုတ္သိမ္းလိုက္ၿပီး
"လိုက္ပို႔ေပးမယ္.."
မတ္တပ္ထရပ္လိုက္သည့္အခ်ိန္တြင္မွ ႐ြမ္ေရွာက္နန္က ဗိုက္မျပည့္ေသးေၾကာင္းကိုသိလိုက္ရ၏။ရင္ျပင္ထက္ကို ေနာက္တစ္ႀကိမ္လွမ္းၾကည့္လိုက္ရာ ေဝ့ရွီက အျဖဴေရာင္လက္ကိုင္ပုဝါျဖင့္ ခ်ီေမာ့၏ပါးစပ္ကို သုတ္ေပးေန၏။
"ညေနက်ရင္ လုပ္စရာေတြရွိေသးလား"
႐ြမ္ေရွာက္နန္က ကားထဲသို႔ဝင္ၿပီးေနာက္ သတို႔သမီးေလာင္းျဖစ္သူအားေမးလိုက္၏။
"ဘာမွမရွိဘူး.."
ကားအင္ဂ်င္ကို စက္ႏွိုးလိုက္ၿပီး
"ဒါဆို ကိုယ့္အိမ္ကိုသြားမယ္.."
ညေန ၅နာရီအခ်ိန္သည္ကား အလုပ္မ်ား႐ုံးမ်ား ဆင္းသည့္အခ်ိန္လည္းျဖစ္ကာ အပူခ်ိန္ေလ်ာ့က်သြားသည့္အခ်ိန္လည္းျဖစ္သည္။သို႔ေသာ္ ေနေရာင္ျခည္က တလက္လက္ေတာက္ပေနဆဲျဖစ္သျဖင့္ ညေနခင္းဆည္းဆာေအာက္တြင္ အပူအပင္ကင္းကင္း သြားသြားလာလာလုပ္ေနနိုင္ပါေသးသည္။
'အရင္ႏွစ္ရဲ႕ညအခ်ိန္ဝယ္..ပန္းပြင့္မီးပုံးေလးကို ေန႕အလင္းေရာင္အတိုင္းျဖစ္ေအာင္ထြန္းကာရယ္..လေရာင္ေအာက္ကမိုးမခပင္ထက္တင္ကာ..လူ႕ေလာကအတြက္အလင္းေပးခ်င္ပါရဲ႕'
ေဝ့ရွီက ပန္းခ်ီစာ႐ြက္၏အေနာက္ဘက္တြင္ ကဗ်ာတိုေလးတစ္ပုဒ္ကိုေရးလိုက္ကာ ဆြဲၿပီးသြားသည့္ပန္းခ်ီကားတစ္ခ်ပ္ကို အသက္ႀကီးစုံတြဲတစ္တြဲဆီသို႔ ကမ္းေပးလိုက္၏။
အသက္ႀကီးသူႏွစ္ေယာက္က ကမ္းယူကာၾကည့္ၿပီး ပန္းခ်ီကားကို ၾကည့္ကာ ေက်နပ္သည့္အလားေခါင္းတၿငိမ့္ၿငိမ့္ျဖစ္ေနေလ၏။
အမ်ိဳးသားႀကီးက အေနာက္ဘက္တြင္ေရးထားသည့္ကဗ်ာကိုပါဖတ္ကာ လက္မေထာင္ျပလာၿပီး
"ကေလးမေလး...စကားလုံးစီထားတာလွတယ္"
ေဝ့ရွီက ၿပဳံးလိုက္ကာ သုံးေနက်မွတ္စုစာအုပ္ေပၚတြင္ေရးလိုက္၏။
"ဘိုးဘိုးတို႔ စိတ္တိုင္းက်တယ္ဆိုရင္ပဲ ရပါၿပီ"
အမ်ိဳးသားႀကီးက မႈတ္ဆိတ္ေမႊးကိုပြတ္သပ္ကာ သေဘာတက်ရယ္လိုက္ၿပီး
" 'အိုးရန္ရွို႔'ရဲ႕ နာမည္ႀကီးစာသားေတြထဲမွာမွ အဘိုးက ဒီတစ္ခုကိုအႀကိဳက္ဆုံး...သူ႕ရဲ႕ေနာက္ပိုင္းအဆက္ကိုေရာ ကေလးမေလးသိလား.."
ေဝ့ရွီက စဥ္းစားေနသလို တစ္ခဏရပ္တန့္သြားၿပီးမွ မွတ္စုစာအုပ္ေပၚတြင္ခ်ေရးလိုက္၏။
'ဒီႏွစ္ရဲ႕ညအခ်ိန္ဝယ္..လေရာင္ေရာ မီးပုံးေလးကိုပါ အေဖာ္ျပဳထားပါရဲ႕...အရင္ႏွစ္ကလူ ေရာက္မလာေလေတာ့.. မ်က္ရည္ေတြကို ညေလေအးကသာ သယ္ေဆာင္သြားပါေလေရာ့လား'
ဆက္ၿပီး
' 'လီခ်င္းေက်ာက္' ေရးထားတဲ့ထဲမွာလည္း ဒါဟာနဲ႕ အဓိပ္ပါယ်ဆင်သလိုေလးရွိေသးတယ္ ; တိုက္ခတ္လာတဲ့ေလညွင္းေၾကာင့္ ပန္းကေလးေတြလႈပ္ရွားသြားသလို ေန႕ေန႕ညညေခါင္းၿဖီးၿပီးေစာင့္ေနရသူအဖို႔ ေမွ်ာ္ေနသူေပၚမလာခဲ့လွ်င္ မ်က္ရည္ကသာအရင္ဆုံးက်လာခဲ့တာပါ '
အမ်ိဳးသားႀကီးက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ၾကည့္ေနၿပီး
"ဒီတစ္ခုလည္း တယ္မိုက္ပါသေရာလား..ကေလးမေလး..ေရးထားတာလွတယ္"
ေဝ့ရွီက ၿပဳံး၍သာ ဆက္ၿပီးေရးလိုက္၏။
"ကြၽန္မက အေနာက္တိုင္းဆီေဆးပန္းခ်ီကို အထူးျပဳယူထားတဲ့သူပါ..တ႐ုတ္ေရွးကဗ်ာေတြနဲ႕ပတ္သတ္ၿပီး အေသးစိတ္မသိပါဘူး...သတိရတာေလးေတြ ခ်ေရးလိုက္မလို႔ ဘိုးဘိုးကိုရယ္စရာေတြျဖစ္ေအာင္လုပ္မိသြားပါၿပီ"
အမ်ိဳးသားႀကီးက တေလးတစားကိုၾကည့္ေနၿပီး
"ဒီေလာက္လွတဲ့ကေလးမေလး..ဒီလိုမ်ိဳး အရည္အခ်င္းရွိတဲ့ကေလးေလးက...ႏွေျမာစရာေကာင္းလိုက္တာ..."
အခ်ိန္လည္းေစ့ၿပီျဖစ္၍ ေဝ့ရွီက ယေန႕အတြက္လုပ္အားခကို လက္ခံယူလိုက္၏။ထို႔ေနာက္ ပိုက္ဆံကိုအက်ီအိတ္ကပ္အတြင္းေသခ်ာထည့္ၿပီးမွ ပန္းခ်ီပစၥည္းမ်ားကို စတင္သိမ္းဆည္းလိုက္၏။ထိုအခိုက္တြင္ မေဝးေသာေနရာတစ္ခုဆီမွပ်ံ့လႊင့္လာသည့္ သာယာလြန္းသည့္သီခ်င္းသံကိုၾကားလိုက္ရ၏။
လွည့္ၾကည့္လိုက္ရာ ေကာင္မေလးတစ္ေယာက္က ဂီတာကိုကိုင္ၿပီး သီခ်င္းဆိုေနျခင္းျဖစ္သည္။ဤေကာင္မေလး ေန႕တိုင္းလိုလိုေရာက္လာတတ္ၿပီး ျဖတ္သြားျဖတ္လာလုပ္သည့္သူမ်ားကို သီခ်င္းခ်ိဳခ်ိဳေလးမ်ားျဖင့္ ေဖ်ာ္ေျဖေပးေနၾကလည္းျဖစ္သည္။
ယေန႕ဆိုသည့္အသံေလးက ခါတိုင္းေန႕မ်ားထက္ ပို၍နားေထာင္လို႔ေကာင္းေနခဲ့ကာ ျဖတ္သြားျဖတ္လာလုပ္ေနသည့္သူမ်ားကိုပင္ ေျခလွမ္းမ်ားရပ္တန့္ၿပီးေငးေမာလာသည္အထိ ဆြဲေဆာင္ထားနိုင္ကာ အခ်ိဳ႕က အေႂကြေစ့မ်ားကို ေကာင္မေလး၏ဂစ္တာအိတ္အတြင္းသို႔ ထည့္ေပးေနၾက၏။
ၾကားဖူးသည့္စကားစုေလးတစ္ခုကို သတိရမိသြား၏; လူတိုင္းလူတိုင္းအတြက္ အသြားခ်င္ဆုံးေနရာဟူသည္မွာ အေဝးရွိေနရာတစ္ခုျဖစ္ေနခဲ့ၿပီး ျပန္၍မသြားခဲ့တဲ့ေနရာဟူသည္မွာ ဇာတိရပ္႐ြာ ဟူ၍ပင္။ ဤၿမိဳ႕ျပႀကီးထဲ လူဘယ္ႏွေယာက္ေလာက္ထိမ်ား မေသခ်ာမေရရာတဲ့မနက္ျဖန္ေတြကိုေရွ႕ဆက္ဖို႔ ေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့ေန႕ေတြ ေအးခ်မ္းတဲ့ညေတြကို မ်က္ကြယ္ျပဳခဲ့ရေလာက္မလဲ?
ညင္ညင္သာသာေလး ဆိုေနသည့္သီခ်င္းက :
မင္း ဒီမွာရွိေနဦးမယ္ဆိုတယ္ ယုံၾကည္တယ္
ဘယ္တုန္းကမွ ထြက္မသြားခဲ့သလိုေပါ့
ငါ့ရဲ႕အခ်စ္ေတြနဲ႕ မင္းကို ေကာင္းကင္တမန္ေတာ္တစ္ေယာက္အသြင္ ကာကြယ္ေပးထားမွာမလို႔
ဒီေနရာမွာပဲ သက္ဆုံးတိုင္ နားခိုလွည့္ပါ
တကယ္လို႔ ငါမရွိေတာ့ရင္လည္း
ေကာင္းကန္တမန္ေတာ္ကိုသြားရွာၿပီး ငါ့အစား မင္းကို ဆက္ခ်စ္ခိုင္းသြားပါ့မယ္...
အဘယ္ေၾကာင့္မွန္းေသခ်ာမသိေသာ္လည္း ဤသီခ်င္းသံကိုနားေထာင္ရင္း မ်က္ရည္မ်ားဝဲတက္လာမိသည္။
ကြယ္ေပ်ာက္ေတာ့မည့္ေနေရာင္ေအာက္တြင္ ပင္ပန္းထားသည့္ငွက္ကေလးမ်ားလည္း အသိုက္ဆီသို႔ျပန္ေနၾကေလ၏။ႂကြယ္ဝလွေသာ ၿမိဳ႕ျပႀကီး၏အတြင္းက်ဆဳံးတြင္ရပ္ေနရျခင္းက က်ယ္ေျပာလွသည့္အရိုင္းအစိုင္းေဒသႀကီးတစ္ခုတြင္ ရပ္ေနရျခင္းႏွင့္ဆင္တူလြန္းလွကာ အနာဂတ္ဆိုသည္မွာ ဘယ္ဆီဘယ္ဝယ္ေပ်ာက္ရွသြားရေလ၏။
ညေနဆည္းဆာေလးကို ႏႈတ္ဆက္ရင္း မ်က္ဝန္းတစ္စုံကိုမွိတ္ခ်လိဳက္၏။
ထို႔ေနာက္ ေဝ့ရွီဦးႏွောက္ထဲတြင္ တေန႕ကဆြဲထားသည့္အစိမ္းေရာင္ဆီေဆးပန္းခ်ီကို ျမင္ေယာင္လာမိ၏။ေျပာင္သလင္းခါေနသည့္ကမၻာေျမႀကီးထက္တြင္ သည္းထန္စြာတိုက္ခတ္ေနသည့္ေလၾကမ္းမ်ားၾကား အေတာင္ပံက်ိဳးက်ေနပါသည့္တိုင္ ေလကိုဆန္ၿပီးပ်ံသန္းဖို႔ရာ႐ုန္းကန္ေနသည့္ငွက္ကေလးတစ္ေကာင္...စိတ္ထဲတြင္ေပၚလာသည့္အရာတစ္ခုခ်င္းစီတိုင္းကို အဆုံးမရွိေတာင္ေပါက္ကြဲထြက္လာခြင့္ေပးသည့္အေနျဖင့္ စာ႐ြက္ေပၚတြင္စုတ္ခ်က္မ်ားျဖင့္ျခယ္သထားလိုက္၏။
ပန္းခ်ီကား၏အမည္ကို "ေလဆန္ကို ဆန္တက္၍" ဟုေပးလိုက္ၿပီး ေဘးနားတြင္ေရးသားလိုက္သည္မွာ;
'အနာဂတ္က ဘယ္ေလာက္ေမွာင္မိုက္ၾကမ္းတမ္းေနပါေစ..အေတာင္ပံေတြက်ိဳးသည္အထိေအာင္ ဆက္ပ်ံသန္းေနဦးမွာ..'
အေနာက္ဘက္ဆီမွ "ေထာက္! ေထာက္!" ျဖင့္ခ်ဥ္းကပ္လာသည့္ေျခသံတစ္စုံကိုၾကားလိုက္ရကာ စိတ္ထဲ ငွက္အေကာင္တစ္ေသာင္းထပ်ံသြားသလို လန့္ျဖန့္သြားရ၏။ေဝ့ရွီက ပန္းခ်ီပစၥည္းမ်ားကိုသိမ္းဆည္းေနရင္း အေနာက္သို႔လွည့္ၾကည့္လိုက္ရာ ေ႐ႊေရာင္သန္းေနသည့္ညေနခင္းဆည္းဆာႏွင့္အတူ ခိုငွက္ကေလးမ်ားပ်ံသန္းေနသည့္ျမင္ကြင္းၾကားမွ သီးျခားတည္ရွိေနသည့္လွပလြန္းေသာမ်က္ဝန္းတစ္စုံႏွင့္ မ်က္ဝန္းခ်င္းဆုံသြားခဲ့၏။
ႏွစ္ေတာ္ေတာ္ၾကာသြားၿပီးသည္အထိ ယေန႕၏ျမင္ကြင္းပုံရိပ္ကို လင္းေလာ့ခြၽမ္ ေန႕တိုင္းသတိရမိေနေတာ့မည္ျဖစ္သည္။ျဖတ္ခနဲျမင္လိုက္ရသည့္ ၿမိဳ႕ျပ၏ညေနခင္း ၊ အျဖဴေရာင္ခိုကေလးမ်ားက ေ႐ႊေရာင္သန္းေနသည့္ေကာင္းကင္ယံထက္သို႔ တစ္အုပ္ႀကီးပ်ံသြားခဲ့ကာ ထိုအရာမ်ားၾကားမွ ဝမ္းနည္းမႈမ်ားကိုလွစ္ဟေဖာ္ျပထားသည့္နတ္ဘုရားမေလး၏မ်က္ဝန္းတစ္စုံ။ အိပ္မက္တစ္ခုလို ထင္ေယာင္ထင္မွားျဖစ္လာရေစသည္အထိ လွပလြန္း၏။
ဟုတ္ပါ၏ ဤျမင္ကြင္းပုံရိပ္ေလးက ပ်ားပန္းခတ္ခတ္ ေယာက္ယက္ခတ္ခတ္လႈပ္ရွားေနသည့္ ဒီေလာကကမၻာႀကီးႏွင့္မထိုက္တန္ ၊ အိပ္မက္ဆိုသည့္ ႏူးညံ့လြန္းေသာေနရာႏွင့္သာ သက္ဆိုင္ေနသင့္၏။
သို႔ေသာ္လည္း အရာအားလုံးက ကံၾကမၼာ၏အလိုက်စီစဥ္ၿပီးျဖစ္သည္။ဥပမာ မေရမတြက္နိုင္ေသာ လမ္းေၾကာင္းမ်ားရွိသလို၊ မေရမတြက္နိုင္ေသာေ႐ြးခ်ယ္စရာမ်ားရွိေနသလို၊ သူ႕ဘဝထဲဝင္ေရာက္လာခ်င္သူမ်ား မေရမတြက္နိုင္ေအာင္ရွိေနခဲ့သည့္တိုင္ ထိုအရာမ်ားကိုေက်ာ္လြန္ၿပီး ဤေနာက္ဆုတ္ၿပီးထြက္ေျပးခ်င္ေနသည့္သူမကသာ ဤနတ္ဘုရားမေလးကသာ သူ႕အား လႈပ္ခတ္သြားေအာင္ လြမ္းဆြတ္ေနရေအာင္ အမိန့္ေပးေစခိုင္းလိုက္နိုင္ပါ၏။
ထို႔အျပင္ ဤတစ္ခါလႈပ္ခတ္ျခင္းက တစ္သက္လုံးစာလည္း ရည္႐ြယ္လိုက္ပါရဲ႕...
ခလြမ္း!
ေဝ့ရွီက အလန့္တၾကားေနာက္ဆုတ္လိုက္သျဖင့္ ပန္းခ်ီကားေထာက္တိုင္ႏွင့္တိုက္မိကာ ေျခေထာက္ႏွစ္ဖက္က ဟန္ခ်က္ပ်က္ၿပီး ယိုင္ခနဲျဖစ္သြား၏။တိုက္ခိုက္ေရးရာကြၽမ္းက်င္သည့္ လင္းေလာ့ခြၽမ္က ေလ့က်င့္ခံရသည့္အတိုင္း မ်က္ေတာင္တစ္မွိတ္အတြင္း အျမန္ဖမ္းဆြဲလိုက္ရာ သူ၏ရင္ခြင္ထဲသို႔ အလိုက္သင့္ေလးပါသြားခဲ့၏။
"ဒါကို ရင္ခြင္ထဲထည့္ဖက္တယ္လို႔ တြက္လို႔ရလား"
ဒီလူ စိတ္အေျခအေနအေတာ္ေလးေကာင္းေနပုံရကာ သူ၏ဗိုက္ကို တံေတာင္ဆစ္ျဖင့္ထိုးလိုက္မိသည့္တိုင္ ရယ္ေမာေနနိုင္ေသး၏။
ေဝ့ရွီကေတာ့ စိတ္အေျခအေနမေကာင္းေပးနိုင္။သူ႕လက္ထဲမွ သုံးေလးေခါက္ေလာက္ ႐ုန္းေနေသာ္လည္း မလႊတ္နိုင္ျဖစ္ေန၏။
လင္းေလာ့ခြၽမ္က သူမအား ေခါင္းငုံ႕ၾကည့္လာၿပီး ခပ္ဖြဖြေလးၿပဳံး၍
"မင္း အားေတြကို အလဟႆျဖဳန္းမေနနဲ႕ေတာ့...မင္းသာ ကိုယ့္လက္ထဲက လြတ္ေအာင္႐ုန္းျပလိုက္ရင္ ကိုယ္ စစ္သင္တန္းမွာသင္လာရတာေတြက အလကားျဖစ္ကုန္ေတာ့မွာေပါ့.."
ေျပာရင္း လက္ေမာင္းတစ္ဖက္ကိုဆုတ္ကိုင္ကာ ကားအတြင္းသို႔ထည့္လိုက္ၿပီး
"သြားစို႔..ကိုယ္တို႔ ထမင္းသြားစားရေအာင္...မေန႕က ကတိေပးတယ္ေလ...ပန္းခ်ီဆြဲၿပီးတဲ့ေနာက္ပိုင္းအခ်ိန္ကို ကိုယ့္ကိုေပးမယ္လို႔.."
ေဝ့ရွီက ယာဥ္ေမာင္းခုံ၏ေဘးေနရာတြင္ သူေနရာခ်လိဳက္သည့္အတိုင္းထိုင္ေနရကာ လႈပ္ပင္မလႈပ္ရေသးခင္ လင္းေလာ့ခြၽမ္က ထပ္ၿပီး
"ၿငိမ္ၿငိမ္ေလးထိုင္ေန...ကိုယ္ ပစၥည္းေတြသိမ္းေနတဲ့အခ်ိန္ ထြက္ေျပးမယ္လို႔ မစဥ္းစားလိုက္နဲ႕..မဟုတ္ရင္...."
ေဝ့ရွီ၏ေမးဖ်ားကို လက္ေခ်ာင္းေလးျဖင့္ျဖစ္ညွစ္လိုက္ၿပီး
"ျဖစ္လာမယ့္အက်ိဳးဆက္ကို မင္းသိပါတယ္.."
ေဝ့ရွီ၏ ပန္းခ်ီကားေထာက္တိုင္ႏွင့္ အျခားပစၥည္းမ်ားကို ေျမျပင္ေပၚမွေကာက္ယူၿပီး အေနာက္ဖုံးအတြင္းသို႔ စိတ္မရွည္လက္မရွည္ပစ္ထည့္လိုက္သည္ကို ေဝ့ရွီ ျမင္လိုက္ရ၏။
"ဘာစားခ်င္လဲ.."
လင္းေလာ့ခြၽမ္က ယာဥ္ေမာင္းသူေနရာတြင္ဝင္ထိုင္ရင္း ေမးလာခဲ့၏။
ေဝ့ရွီက မုဆိုးလက္ထဲဖမ္းခံထားရသည့္ သမင္ကေလးတစ္ေကာင္လို မ်က္လုံးအဝိုင္းသား အလန့္တၾကားျဖစ္ေနသည့္မ်က္ႏွာေလးျဖင့္ လိုက္ၾကည့္ေနေလ၏။လင္းေလာ့ခြၽမ္က သူမဘက္သို႔လွည့္လာကာ သေဘာတက်ရယ္လိုက္ရင္း
"ကိုယ့္ကို ေမ့သြားျပန္တာလား..ဒါမွမဟုတ္ မမွတ္မိခ်င္ေယာင္ေဆာင္ဖို႔ ျပင္ေနတာလား...သနားစရာေကာင္းေအာင္လုပ္ျပမယ္လို႔စဥ္းစားထားရင္ အဲ့အကြက္က ကိုယ့္အေပၚ မသက္ေရာက္နိုင္ဘူးလို႔ ႀကိဳေျပာထားမယ္ေနာ္...မင္းလည္း သိပါတယ္..ကိုယ္ ဘယ္တုန္းကမ်ား 'မိန္းကေလးေတြကို ၾကင္နာေပးပါ' စကားကို က်င့္သုံးနားလည္ခဲ့ဖူးလို႔လဲ"
ေဝ့ရွီက မွတ္စုစာအုပ္ကိုထုတ္ၿပီး ခ်ေရးလိုက္၏။
"ငါက ျပတ္ေတာင္းျပတ္ေတာင္းပဲေမ့တတ္တဲ့ေရာဂါ(intermittent amnesia)ပဲရွိတာ..တစ္သက္လုံးေမ့ေနတာမ်ိဳးမဟုတ္ဘူး...နင့္ကို ကတိေပးထားတဲ့ကိစၥလည္း မွတ္မိသလို နင္နဲ႕သူနဲ႕ၾကားက ဆက္ဆံေရးကိုလည္း မွတ္မိတယ္...နင္ ဘာလုပ္ခ်င္ေနမွန္း ငါမသိဘူး..ဒါေပမယ့္ နင္တို႔ႏွစ္ေယာက္စလုံးက အထက္တန္းလႊာရဲ႕မ်က္ႏွာဖုံးေတြ...'စားခြက္တစ္ခုတည္း မစားတဲ့ျမင္းႏွစ္ေကာင္'..အခ်င္းခ်င္းမ်က္ႏွာသာေပးတာ အေကာင္းဆုံးပါ..မေန႕ညက ကတိေပးထားတဲ့အတိုင္း ထမင္းတစ္နပ္စားေပးၿပီးသြားရင္ ငါတို႔ ကိုယ့္လမ္းကိုယ္ေလွ်ာက္ၾကရေအာင္.."
လင္းေလာ့ခြၽမ္က ထိုစာ႐ြက္အပိုင္းအစကို လုံးေခ်ပစ္လိုက္ၿပီး
"အရိုင္းအစိုင္းစကားေတြမသုံးဘဲ လူကိုဆဲေနတာေပါ့...မင္းရဲ႕ အဲ့ဒီသြားထက္ထက္ေလးေတြကိုေတာင္ လြမ္းလာၿပီ..ဘာလို႔မ်ား ဒီေလာက္ထိပါးပါးနပ္နပ္ေတြေတြးၿပီး လိုက္ပိတ္ေနရျပန္တာလဲ...ကိုယ့္ကို ဆဲလိုက္ရမွ သက္ေသာင့္သက္သာရွိသြားတာလား..ဒါမွမဟုတ္ ကိုယ့္ကို ဒီလိုေျပာလိုက္ရင္ ကိုယ့္လက္ထဲကေန လြတ္မယ္လို႔ ထင္လိုက္တာလား..တကယ္လို႔သာ ကိုယ္ေျပာလိုက္ရရင္..."
သိသိသာသာကို စကားစရပ္လိုက္ကာ သူ၏ထိုလွပလြန္းေသာမ်က္ဝန္းေထာင့္မ်ားမွ သူမကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး
"သူ႕ဘက္က 'စားခြက္တစ္ခုတည္း ျမင္းႏွစ္ေကာင္စား' လည္း ဂ႐ုမစိုက္ေတာ့တဲ့အျပင္ ကိုယ့္သေဘာ ကိုယ့္စိတ္ႀကိဳက္လုပ္ဖို႔အထိ ရက္ေရာၿပီးသား...ဒီလိုေျပာလိုက္ရင္ေရာ မင္းဘက္က လက္ခံေပးမွာလား.."
ေဝ့ရွီက အသက္ရႉဖို႔ပင္ေမ့သြားခဲ့ကာ မ်က္လုံးအဝိုင္းသားျဖင့္ စိုက္ၾကည့္ေနမိ၏။
လင္းေလာ့ခြၽမ္က မ်က္ရည္မ်ားေဝ့တက္လာသည့္ေဝ့ရွီကိုၾကည့္ကာ စုတ္တစ္ခ်က္သပ္လိုက္၏။ဘယ္လိုပင္ ႏွလုံးသားက မာေက်ာေနခဲ့ပါေစ မည္မွ်ပင္ သန္မာေနခဲ့ပါေစ မသိေသာအတြင္းစိတ္မွေန၍
"ေလွ်ာက္ေျပာေနတာ..စိတ္ထဲမထားနဲ႕ ...ၿပီးေတာ့ ကိုယ္တို႔သုံးေယာက္ၾကားက ဆက္ဆံေရးကို တစ္ခ်ိန္လုံးသတိေပးေနစရာမလိုဘူး.."
ေဝ့ရွီအားလွမ္းၾကည့္ကာ ခပ္ေရးေရးရယ္လိုက္ၿပီး
"ကိုယ္သာတကယ္လိုခ်င္ရင္..ေကာင္းကင္ေပၚကနတ္မင္းေတြေတာင္ မင္းကို မကယ္ေပးနိုင္ဘူး.."
**********************