မင်းနဲ့တန်တယ်လို့ ထင်နေတာလား
"နင် လုပ်တာမလား"
ရွမ်ရှောက်နန်က ထိုင်ခုံထက်သို့ပြန်ထိုင်လိုက်ကာ လက်ချောင်းသွယ်သွယ်များကိုတစ်ဖက်နှင့်တစ်ဖက် ခေါက်ထားလိုက်ရင်း ဝေ့ရှီကိုကြည့်၍
"ကိုယ့်ကို ဟုတ်တယ်လို့ဖြေစေချင်တာလား..မဟုတ်ဘူးလို့ဖြေစေချင်တာလား"
"ငါ အမှန်တရားကိုပဲ နားထောင်ချင်တာ!.."
ရွမ်ရှောက်နန်က ပြုံးလိုက်ပြီး
"သေချာပေါက် မဟုတ်ဘူးပေါ့...မင်းဘယ်လိုများ ဒီလောက်ထိတွေးပစ်လိုက်ရတာလဲ...ကိုယ်ပြောပြဖူးတာမှတ်မိသေးလား အထက်တန်းလွှာမှာစည်းမျဥ်းတစ်ခုရှိတယ်လို့လေ..အဲ့ဒါက ကိုယ့်လက်ကို ဘယ်တော့မှသွေးမစွန်းစေနဲ့တဲ့..ဒါပေါ့ ဒါမျိုးကိစ္စတွေက ကိုယ် ကိုယ်တိုင်လုပ်စရာမလိုဘူး...သင့်တော်တဲ့သူကို ရှာလိုက်ရုံပဲ...သတင်းကိုသာ လွှင့်လိုက်ရင် ပိုက်ဆံအတွက် ဒုက္ခခံပေးမယ့်သူတွေရှိပြီးသား...နောက်ပိုင်းကိစ္စကို ထိုင်ကြည့်နေရုံပဲလေ...ကိုယ်တိုင်လုပ်နေစရာကိုမလိုတာ.."
ဝေ့ရှီ၏နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေကာ
"ဒီလောက်ကိစ္စကြီးဖြစ်နေတာကို လုမိသားစုကလူတွေ ဘာလို့ငါ့ကို လာမရှာတာလဲ"
"ရှာရင်လည်း ရှာမှာပေါ့...ဒါပေမယ့် အဲ့အချိန်တုန်းက ကိုယ်တို့က 'လီကျန်း'မှာလေ..ကိုယ်က သူတို့မင်းကို နှောက်ယှက်မှာစိုးပြီး လုအိမ်ကလူတွေရဲ့ဖုန်းနံပါတ်တွေအားလုံး မင်းလက်ခံဖြေလို့မရအောင် လုပ်ထားလိုက်တာ...မင်း ကိုယ့်ကို အပြစ်မတင်လောက်ဘူးမလား.."
ဝေ့ရှီ၏မျက်ဝန်းများ မှောင်မိုက်သွားရကာ အချိန်ကြာအောင်တိတ်ဆိတ်နေမိပြီးမှ
"ဘာလို့လဲ...နင် ငါ့ကိုကတိပေးထားတယ်လေ..."
ရွမ်ရှောက်နန်က သဘောတကျအော်ရယ်လိုက်ကာ သူမအားလှောင်ပြောင်သလို စိုက်ကြည့်လာပြီး
"မင်းကိုမင်း ဘယ်သူလို့များထင်နေတာလဲ"
"ဘာ?..."
"မင်း တကယ်ကြီးကို ကိုယ်က မင်းအတွက်နဲ့လက်စားချေတာတွေ လက်လျော့ပစ်လိုက်မယ်လို့ ထင်နေတာလား...မင်းတို့ လုအိမ်ကလူတွေကိုလွှတ်ပေးပြီး လုဇစ်ရွှိရဲ့ဆက်ခံသူတွေကို နိုင်ငံခြားမှာပညာသင်ဖို့ လွှတ်ပေးလိုက်ရမှာလား... ဟား..ဟား...မင်းကိုယ်မင်း 'ဝမ်ကျောက်ကျွင်း' လို့ထင်နေတာလား...တကယ်ကြီး အစကနေအဆုံး ကိုယ်မင်းကို အသုံးချနေတာကို မသိခဲ့ဘူးလို့ လာမပြောနဲ့နော်.."
စားပွဲပေါ်မှ ဓါတ်ပုံများကိုတစ်ချက်ကြည့်၍ နောက်တစ်ကြိမ်ပြုံးကာ
"ကြည့်ရတာ မင်းတကယ်ကို မသိခဲ့တာထင်တယ်...ဒီဓါတ်ပုံတွေ ယူလာပြီးတော့တောင် ကိုယ့်ကိုပြေးလာပြီး မေးခွန်းတွေ မေးဦးမှာဆိုတော့လေ"
ထိုဓါတ်ပုံများထဲမှ တစ်ပုံကိုကောက်ယူလိုက်ပြီး
"သူက ကိုယ့် ဇနီးလောင်း...စေ့စပ်ထားတာ ၂နှစ်လောက်ရှိပြီ...ဒါပေမယ့် မင်း စိတ်ညစ်သွားစရာမလိုပါဘူး...မင်းက တတိယလူမှမဟုတ်ခဲ့တာ..ဘာလို့လဲဆို....ကိုယ် ဘယ်တုန်းကမှ မင်းကိုမချစ်ခဲ့ဘူး..."
သူ့အား မှင်သေ၍စိုက်ကြည့်နေမိပြီး
"ဘာပြောလိုက်တာ..."
ရွမ်ရှောက်နန်က ထိုင်နေရာမှ မတ်တပ်ထရပ်ကာ ဝေ့ရှီ၏ပါးပေါ် ကျနေသည့်ဆံနွယ်စကို သပ်တင်ပေးရင်း တစ်ခွန်းချင်းဆီ ရှင်းရှင်းလင်းလင်းဆိုလာ၏။
"ကိုယ်ပြောတာက....ကိုယ် ဘယ်တုန်းကမှ မင်းကို မချစ်ခဲ့ဘူး လို့"
နောက်တစ်ကြိမ် ထွက်ကျလာသည့်စကားလုံးတို့က နားစည်အတွင်းပဲ့တင်ထပ်ကာ ခေါင်းတစ်ချက်အလိုလိုရမ်းမိသွားရင်းက သူ၏စကားလုံးတို့နောက် သံယောင်လိုက်မိ၍
"နင်ပြောတာက....နင် ဘယ်တုန်းကမှ ငါ့ကို မချစ်ခဲ့ဘူး..."
"မင်း သေချာတွေးကြည့်...ဒီအတောအတွင်း 'ကိုယ် မင်းကိုချစ်ပါတယ်'လို့ တစ်ခါတောင် ပြောခဲ့ဖူးလား..မင်းဘက်ကနေသာ ကိုယ်မင်းကို ချစ်တယ်လို့ထင်နေတာလေ...တကယ်ကို ကလေးမလေး...ယောက်ျားတစ်ယောက်က ဂရုစိုက်ပြတာနဲ့ အရာအားလုံးကို အလေးအနက်မှတ်ယူပစ်လိုက်တာ...မင်း မတုံးဘူး...နည်းနည်းလေးပဲ 'အ'သွားတာ...ကိုယ်က စီးပွားရေးသမားတစ်ယောက်ဆိုတာကို မင်းမေ့သွားခဲ့တာ...လိုချင်တဲ့အရာကိုရဖို့အတွက် မရရအောင်လိုက်ရမှာပဲလေ...မင်းအပေါ်မှာ ကိုယ့်အချိန်တွေရော အင်အားတွေရော အများကြီးကိုအကုန်ခံထားတာက ဘာကိုလိုချင်လို့ဆိုတာကို အခုထိမသိသေးဘူးလား"
ဝေ့ရှီအား ခေါင်းအစ ခြေအဆုံး ပစ္စည်းတစ်ခုလို တစ်ချက်ကြည့်လိုက်၍
"မင်းရဲ့ခန္ဓာကိုယ် ဒါမှမဟုတ် ခံစားချက်တွေလို့ထင်နေတာလား...မင်းနဲ့တန်တယ်လို့များ ထင်နေတာလား?...တကယ်ကို ကလေးဘဝတုန်းက ကိုယ်ပြောခဲ့တဲ့စကားတွေကို အတည်မှတ်ယူနေခဲ့တာလား?...ကိုယ်မင်းကို လာရှာတယ်တဲ့အကြောင်းအရင်းက တစ်ခုပဲရှိတယ်"
"ငါ့မျိုးရိုးနာမည်က 'လု' မလို့..."
တုန်ယင်နေသည့်ကြားက အဓိပ္ပါယ်အရှိဆုံးသောအဖြေတစ်ခုကို ကိုယ့်ကိုကိုယ်သိရှိသွားအောင် ရွတ်ဆိုမိလိုက်၏။
"Alluring မှာစတွေ့တဲ့အချိန်ကစပြီး ဒီနေ့ဒီချိန်ထိ အရာအားလုံးက နင်ကြိုပြင်ဆင်ထားတဲ့ ကစားကွက်တွေ...လူတွေအမြင်မှာ နင်က ငါ့ကိုအရမ်းချစ်နေတဲ့ပုံစံမျိုးတွေနဲ့ အမြင်မှားအောင်လုပ်ပြပြီး လုမိသားစုကလူတွေ ငါ့ကို လာရှာအောင်လုပ်ထားမယ်...ငါ့ကိုအသုံးချပြီး လုမိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံး နင့်လက်ထဲရောက်အောင်လိမ်တာ..ဟိုနေ့က ငါလက်မှတ်ထိုးပေးလိုက်တဲ့အချက်အလက်စာချုပ်ကလည်း ပိုင်ဆိုင်မှုလွှဲပြောင်းပေးတဲ့စာချုပ်ဖြစ်နေလောက်မှာ...လုမိသားစုရဲ့လက်ကျန်ပိုင်ဆိုင်မှုအားလုံးကို နင့်လက်ထဲလွှဲပေးပြီးလောက်ရောပေါ့...လူကြီးမင်းရွမ်...ပြောတာ မှန်ရဲ့လား.."
ရွမ်ရှောက်နန်က ရယ်မောရင်း
"လုမိသားစုမှာ ကြီးပြင်းလာတယ်လို့ မပြောရဘူး တကယ်ကိုဘာမှဖုံးထားလို့မရပါလား...တကယ်တော့ ကိုယ်အဲ့နေ့က မင်းကိုသတိပေးပါသေးတယ်..'သေချာဂရုစိုက်ဖတ် ကိုယ့်ကိုကိုယ်မရောင်းစားမိစေနဲ့လို့'...မင်းမှ နားမထောင်တာ..."
ဟုတ်ပါ၏။ထိုနေ့က သူ သတိပေးခဲ့ပါ၏။သူမကသာ အယုံကြည်လွန်နေခဲ့ပြီး ဦးနှောက်တစ်ခုလုံးကိုတူးထုတ်ပြီး အကန့်တစ်ခုချင်းစီဖောက်ကြည့်လျှင်တောင်မှ စိတ်ဝိဥာဥ်ကိုခွဲခြမ်းပြီး အပိုင်းအစတစ်ခုစီမွှေနှောက်တောင်မှ အဆုံး၌ နှလုံးသားကို အောက်ခြေထိမြေလှန်ပစ်လိုက်လျှင်တောင်မှ သူက သူမအား ယခုလိုအသုံးချပြီးလိမ်လည်နေမည်ဟူသော သံသယအတွေးကို ဘယ်တော့မှ ရှာတွေ့လိမ့်မည်မဟုတ်ပါ။
သူမက လုံးဝကိုအရူးလုပ်ခံနေရခြင်း။ တစ်ကြိမ်ပြီးတစ်ကြိမ် သူ၏ကစားကွက်ထဲ ကစားခံနေရခြင်း။ တကယ်ကို လုံးဝအောင်မြင်သွားတဲ့ နည်းဗျူဟာ! တကယ်ကို လိမ်ညာထားနိုင်တဲ့ စိတ်! တကယ်ကို ရက်စက်လိုက်တဲ့ နှလုံးသား!
တကယ်ကို တကယ်ကိုမှ သိချင်လွန်းပါ၏ ဒီလူက သူမ ငယ်ငယ်တုန်းကရင်းနှီးခဲ့ဖူးသည့် ရွမ်ရှောက်နန်နှင့် တစ်ယောက်တည်းပင် ဟုတ်ရဲ့လားကို သိချင်လွန်းပါ၏။ သူမအား ထိခိုက်နာကျင်အောင်မလုပ်မည့်အကြောင်းကို ကတိပေးခဲ့ဖူးပါ၏။ ကတိစကားလေးတစ်ခုတောင်မှ မှားယွင်းနေခဲ့လျှင် သူ၏မည်သည့်အရာကများ အမှန်ဖြစ်နေခဲ့မည်နည်း။
တစ်စက်ပြီးတစ်စက်ကျလာသည့် မျက်ရည်များက ကိုက်ခဲထားသည့်နှုတ်ခမ်းပါးပေါ်မှတဆင့် အောက်သို့ စီးကျလာ၏။ကိုယ့်က်ုကိုယ်ပြောနေမိသည်က
မငိုနဲ့!.. မငိုနဲ့!.. ငိုတော့ရော ဘာထူးသွားမှာလဲ!..
သို့သော် မျက်ရည်စက်များက ထိန်းမရသည့်အပြင် တစ်စက်ချင်းစီခုန်ပေါက်ထွက်ကျလာလေ၏။
လက်ချောင်းများဖြင့် မျက်ရည်ကိုသုတ်လိုက်ပြီး
"နင် နိုင်နေပြီပဲဟာ..အဲ့ပိုက်ဆံပမာဏလေးက နင့်အတွက်ဆိုရင် ဘာဆိုဘာမှတောင်မဟုတ်ဘူးလေ...ငါ မရှိဘူးဆိုရင်တောင်မှ နင် နိုင်မှာပဲကို...ဘာလို့များ....ဘာလို့များ ငါ့ကို အသုံးချချင်သေးတာလဲ"
ဝေ့ရှီ၏မေးဖျားကို ဆွဲယူကာ အသံထွက်အောင်ရယ်လိုက်ပြီး
"ဘာလို့လဲဆို ကိုယ်က မကောင်းတဲ့သူလေ...အခြားသူတွေ မျှော်လင့်ချက်တွေအပြည့်ပိုက်ထားပြီး ရုတ်တရက်မျှော်လင့်ချက်မဲ့သွားခဲ့တဲ့ပုံစံကို ကြည့်နေရတာ သဘောကျလို့...မင်း ကိုယ့်ကို ဒီလိုကြည့်မနေနဲ့...အပြစ်တင်ချင်ရင် မင်းအဖေကိုသွားပြီး အပြစ်တင်...သူအရင်တုန်းက သူ့ရဲ့သမိုင်းတွင်တဲ့အောင်နိုင်မှုကြီးအကြောင်း မင်းတို့ကိုပြောပြတယ်မလား.."
ဝေ့ရှီက ထိန်းမထားနိုင်လောက်အောင် တုန်လှုပ်သွားခဲ့၏။
တဖြည်းဖြည်းကွေးသထက် ကွေးလာသည့်နှုတ်ခမ်းပါးနှင့် တရိပ်ရိပ်ထိုးနှက်နေသည့်မျက်ဝန်းတို့ပိုင်ရှင်က
"သူပြောပြတယ်မလား!...မင်းက ကိုယ့်အရှေ့မှာဆို အရမ်းသတိထားပြီး အဲ့အကြောင်းတွေတစ်ခွန်းမှမဟပေမယ့် အဲ့နှစ်ကဖြစ်သွားတဲ့ကိစ္စတွေကို မင်း ရှင်းရှင်းလင်းလင်းသိနေမှန်း ကိုယ်သိတယ်...သူနဲ့ ကိုယ့်အဖေက စီးပွားဖက်တွေဖြစ်လာပြီးတော့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးပုံအောပြီးလုပ် အကြွေးတွေဗန်းပြပြီး ကိုယ့်အဖေဆီက ငွေတိုးနဲ့ချေး...ကိုယ့်အဖေဘက်က အရေးကြီးလို့ ပြန်ပေးဖို့အကူအညီတောင်းတဲ့အချိန်ကျတော့ ကုမ္ပဏီအဆင်မပြေကြောင်းတွေလျှောက်ပြော...ကိုယ့်အဖေကသာ သူ့သူငယ်ချင်းက သူ့ရဲ့အခက်အခဲတွေကို ကူညီမှာပါဆိုတဲ့မျှော်လင့်ချက်ကြီးကိုပိုက်ထားပေမယ့် အဆုံးကျတော့ အဆောက်အဦးပေါ်နေ ခုန်ချသွားအောင်ဖိအားပေးခံလိုက်ရတယ်လေ..မင်း ကြည့်ကြည့်စမ်း...ဒီနေ့ လုမိသားစုမှာဖြစ်နေတာတွေနဲ့ မတူဘူးလား.."
ရွမ်ရှောက်နန်က ဝေ့ရှီ၏ပုခုံးနှစ်ဖက်ကို ဆုတ်ကိုင်ပြီး အနီးကပ်ဆုံးဖြစ်သည်အထိ မျက်နှာချင်းဆိုင်လိုက်ကာ
"ဟုတ်တယ်!...ကိုယ် မင်းအဖေဆီကနေ အတုယူထားတာ...သူကလေ တကယ်ကိုအသင်ကောင်းတဲ့ဆရာ...သူ့တပည့်တွေထဲ ကိုယ်ကမှ အရည်အချင်းအမှီဆုံးလောက်ဖြစ်မှာ...မင်းတို့လုအိမ်ကလူတွေထက် ကိုယ်က ပိုတောင်သင်ယူပြနိုင်သေးတယ်...အဲ့နှစ်က ကိုယ်နဲ့ကိုယ့်အမေ ရင်ခွဲရုံထဲမှာတစ်စစီပြတ်ထွက်နေတဲ့အလောင်းကို မြင်လိုက်တဲ့အချိန်တုန်းက ကိုယ့်ပုံစံက ဘယ်လိုဖြစ်နေလဲဆိုတာမသိချင်ဘူးလား...စားထားတဲ့မနက်စာတွေအားလုံးတောင် အန်ထုတ်မိခဲ့တာ....အဲ့ဒါက ကိုယ့်အဖေ!..."
တစ်ကျွတ်ကျွတ်မြည်နေသည့်အံကျိတ်သံက နားစည်အတွင်းအထင်းသား။သူမအား စိုက်ကြည့်နေသည့်မျက်ဝန်းက အလွန်မုန်းတီးနေသည့်ရန်သူတစ်ယောက်ကို ကြည့်နေသည့်အလား
"လုဇစ်ရွှိက အိုပြီလေ..ဒီအချိန်မှာ သူ့ကိုအနိုင်ယူပစ်ရမှာက အရမ်းကိုလွယ်လွန်းတယ်...ပြီးတော့ ကိုယ်လိုချင်တာကလည်း အဲ့လိုမျိုးမဟုတ်ဘူး!...ကိုယ်တို့မိသားစု ခံစားခဲ့ရသလိုမျိုး လိမ်ညာခံရသလိုမျိုး ပြန်ခံစားစေချင်တာ...သူအချစ်ဆုံးသူတွေ တစ်ယောက်ပြီးတစ်ယောက် ဝမ်းနည်းပက်လက်ဖြစ်နေတာတွေ တစ်ယောက်ပြီးတစ်ယောက် မျှော်လင့်ချက်မဲ့ပြီးသေသွားရတာတွေကို ကြည့်နေရပြီး ရလာတဲ့မျှော်လင့်ချက်ချက်လေးတစ်ခုကို ဆုတ်ကိုင်ပြီးစောင့်နေတဲ့အချိန်မှာမှ သူ့သမီးလက်ချက်နဲ့အားလုံး ပျက်ဆီးသွားတာကို မြင်လိုက်မယ်ဆိုရင် သေရင်တောင် ငြိမ်းချမ်းမှာမဟုတ်ဘူး!.."
ဝေ့ရှီက သူ၏ဖမ်းဆုတ်မှုများကြောင့် နာကျင်လာရသည့်အပြင် မျက်ရည်ပါကျနေပြီး
"ဒီလိုဖြစ်စေချင်တာနဲ့ပဲ ငါ့ကိုလိမ်ပြီး ငါ့ကိုအသုံးချတာလား?...ပြီးတော့ ဟိုကလေးနှစ်ယောက် ငယ်ငယ်လေးပဲရှိသေးတာလေ...နင် ဘာလို့များ ဒီလောက်ထိ ကြောက်ဖို့ကောင်းပြီး သွေးအေးလွန်းရတာလဲ"
"ဘယ်သူကရော မင်းကို အသုံးမချဘဲနေလို့လဲ?...ကိုယ် ဘယ်လိုလူမျိုးလဲဆိုတာကို လုဇစ်ရွှိလို အကြံများတဲ့သူက မသိဘူးများထင်နေလား? သိသိရက်နဲ့ ပိုက်ဆံ၊ဘဝ၊အေးချမ်းမှုတွေနဲ့လဲဖို့ မင်းကို ကိုယ့်လက်ထဲကို ထိုးပေးခဲ့တာ...မင်းကို သူ့သမီးလို့သတ်မှတ်တယ်များထင်နေလား?...မင်းတို့ လုမိသားစုက တကယ်ကိုတမူထူးခြားနေတာ..သားသမီးချင်းတူတူကို အမျိုးအစားခွဲခြားထားသေးတယ်...ဘယ်သူ့ကိုကျ ကာကွယ်ဂရုစိုက်ပေးပြီး ဘယ်သူ့ကိုကျ ထုတ်ရောင်းဖို့ဆိုတာမျိုးလေ"
ဝေ့ရှီက ခပ်ရွဲ့ရွဲ့တစ်ချက်ပြုံးလိုက်ပြီးနောက် နှုတ်ခမ်းပါးကို သွေးစိမ့်လာသည်အထိကိုက်ခဲကာ အကြည့်များကိုတစ်ဖက်သို့လွှဲလိုက်၏။
ရွမ်ရှောက်နန်က သူမ၏ဆံပင်ကိုအနောက်ဘက်မှ ဆုတ်ကိုင်ကာ သွားကြားမှထွက်လာသည့်လေတရှဲရှဲဖြင့်အံကျိတ်ပြီး
"မင်းကိုယ်မင်း သနားစရာကောင်းတယ်လို့ထင်နေလား...မင်းပုံစံက သနားစရာကောင်းတဲ့ အခြေအနေမျိုးထိမရောက်သေးဘူး..မင်းကို ခေါ်သွားပြီး ကိုယ့်အမေရဲ့ပုံစံကိုပြချင်လိုက်တာ...သနားစရာကောင်းတယ်ဆိုတဲ့အခြေအနေက ဘယ်လိုဆိုတာကို သိစေချင်လွန်းလို့!...ရူးနေတယ်ဆိုတာက ဘယ်လိုမျိုးလဲဆိုတာ မြင်စေချင်လွန်းလို့!...ဒါပေမယ့် မြင်သွားပြီးရင် ကြောက်မသွားနဲ့နော်..သူက လက်ရှိ မြို့အနောက်ဘက်က စိတ္တဇဆေးရုံမှာ...တစ်နေ့ကို ရေဆယ်ခါလောက်ချိုးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဆပ်ပြာနဲ့တိုက်လို့မပြီးနိုင်တဲ့အပြင် ညဆိုရင် တစ္ဆေတစ်ကောင်လိုပါ အော်ဟစ်နေရတာ...."
ဝေ့ရှီက ဤလူကြောင့် လုံးလုံးလျားလျားပင် ရူးသွားရတော့မည့်အခြေအနေသို့ ရောက်လာခဲ့၏။သူ၏လက်ထဲမှ အားကုနန်ရုန်းထွက်ပစ်ရင်း
"နင် ငါ့ကိုလွှတ်!...လွှတ်!..."
ရွမ်ရှောက်နန်က ဝေ့ရှီအား ထိုင်ခုံပေါ်သို့ ဆောင့်ချပစ်လိုက်၏။မျက်လုံးနှစ်လုံးရှေ့တွင်မြင်နေရသည့် အစားအသောက်နှင့်ဝိုင်ခွက်များကို မှင်သေ၍စိုက်ကြည့်နေပြီး ဝိုးတိုးဝါးတားအသံတို့ဖြင့်
"ဒါဆိုအခု လုမိသားစုမှာ လက်စားချေစရာဆိုလို့ ငါတစ်ယောက်တည်းပဲကျန်တော့တာမလား...နင် ဘယ်လိုလုပ်ချင်တာလဲ..."
ရွမ်ရှောက်နန်က အသံထွက်အောင်အော်ရယ်လိုက်ကာ
"ကိုယ်ဘာလုပ်မယ်လို့ မင်းထင်လဲ...ကိုယ် မင်းကိုမချစ်သလို မုန်းလည်းမမုန်းဘူး...သေချာစဥ်းစားကြည့်ရင် မင်းက အရမ်းသနားစရာကောင်းနေပါပြီ...လုမိသားစုက မမြင်ချင်တဲ့သူကို ကိုယ်လည်း ထပ်မြင်နေစရာအကြောင်းမရှိတော့ဘူး...မင်းဆိုတာလည်း ကိုယ့်အတွက်တော့ တစ်ခါသုံးခွက်လိုပဲ...သုံးပြီးသွားရင် ဆက်သုံးလို့မကောင်းတော့ဘူး...ပြီးတော့ ကိုယ်ကလည်း အသုံးမဝင်တော့တဲ့ပစ္စည်းအပေါ်မှာ အချိန်တွေထပ်ဖြုန်းနေမှာ မဟုတ်ဘူး..."
လက်ကောက်ဝတ်ရှိနာရီကို တစ်ချက်လှမ်းကြည့်ပြီး ဆက်၍
"ဒီနေရာက ကိုယ်တို့ ပထမဆုံးတွေ့တဲ့နေရာ..ဟင်းတွေကလည်း ပထမဆုံးတွေ့တဲ့အကြိမ်ကအတိုင်း မင်းကြိုက်တာတွေရွေးမှာပေးထားတယ်...အချိန်အားလို့ရှိရင် ဗီလာက မင်းပစ္စည်းတွေကိုပြန်လာသိမ်းသွားလိုက်တော့...ကိုယ် အဲ့နေရာကိုရောင်းလိုက်ပြီ...သုံးလေးရက်နေရင် အခြားသူလာနေလိမ့်မယ်"
ရွမ်ရှောက်နန်က တံခါးဝဆီသို့လျှောက်သွားပြီး တစ်ခုခုပြောရန်ကျန်သေးသည့်အတိုင်း ရုတ်တရက် ရပ်တန့်သွားကာ
"ဒါနဲ့...မင်း ညီမလေး လုယို့ရှီ...လွန်ခဲ့တဲ့ရက်ပဲ သေသွားပြီ...ဆေးရုံကပြောတာတော့ သူနာပြုက အောက်ဆီဂျင်ပိုက်ကို သေချာမတပ်ထားမိလိုက်လို့တဲ့...တကယ်သနားစရာ..ဒီလောကကြီးမှာ တစ်ယောက်တည်းကျန်တော့တဲ့ဆွေမျိုးလည်း မရှိရှာတော့ဘူး.."
>>>>>
အပြင်ဘက်ကောင်းကင်ကြီးက မှောင်ရိပ်သန်းနေပြီဖြစ်ကာ ဝေ့ရှီက သီးသန့်အခန်းထဲမှ အယိုင်ယိုင်ဖြင့်ထွက်လာခဲ့၏။အောက်ထပ်သို့ဆင်းမည့်သစ်သားလှေကားက အနည်းမတ်ပြီးကျဥ်းမြောင်းကာ လှေကားထစ် တစ်ထစ်ကျော်နင်းမိလိုက်ခြင်းကြောင့် လေးထစ်ကျော်ကျော်လောက်အထိ လိမ့်ကျသွားခဲ့၏။
တာဝန်ခံကောင်လေးက အမြန်ပြေးလာပြီး သူမအား ဆွဲထူပေးရာ တံတောင်ဆစ်နှင့်ဒူးခေါင်းများ ပွန်းပဲ့၍သွေးထွက်နေသည်ကိုမြင်လိုက်ပြီး
"မိန်းကလေး...ဒဏ်ရာတွေက တော်တော်လေးပြင်းတယ်...ကျွန်တော် ဆေးရုံကိုလိုက်ပို့ပေးရမလား"
ဝေ့ရှီက အနားကပ်လာသည့်သူအားလုံးကိုတွန်းထုတ်ကာ ခြေထောက်ကိုမတ်မတ်ရပ်ပြီး မျက်ဝန်းတစ်စုံကိုဖွင့်၍ သရဲတစ်ကောင်လိုလျှောက်ထွက်လာ၏။
စားသောက်ဆိုင်က တောင်ကုန််းလေးပေါ်တွင်ဖွင့်ထားခြင်းဖြစ်ရာ ဤနေရာသို့လာသည့်သူတိုင်းက ကားကိုယ်စီနှင့်ပင်။ညမှောင်ရီပျိုးချိန်လည်းဖြစ်သဖြင့် တောင်ကုန်းလမ်းပေါ်တွင်လမ်းသွားလမ်းလာဟူ၍မရှိ၊ သူမတစ်ယောက်တည်းကသာ ဝိဥာဥ်လွင့်နေသည့်သူတစ်ယောက်လို တစ်လှမ်းချင်း လျှောက်နေခဲ့၏။
"သူက ကိုယ့် ဇနီးလောင်း...စေ့စပ်ထားတာ ၂နှစ်လောက်ရှိပြီ...ဒါပေမယ့် မင်း စိတ်ညစ်သွားစရာမလိုပါဘူး...မင်းက တတိယလူမှမဟုတ်ခဲ့တာ..ဘာလို့လဲဆို....ကိုယ် ဘယ်တုန်းကမှ မင်းကိုမချစ်ခဲ့ဘူး..."
"'ကိုယ် မင်းကိုချစ်ပါတယ်'လို့ တစ်ခါတောင် ပြောခဲ့ဖူးလား..မင်းဘက်ကနေသာ ကိုယ်မင်းကို ချစ်တယ်လို့ထင်နေတာလေ...တကယ်ကို ကလေးမလေး...ယောက်ျားတစ်ယောက်က ဂရုစိုက်ပြတာနဲ့ အရာအားလုံးကို အလေးအနက်မှတ်ယူပစ်လိုက်တာ..."
"မင်းအပေါ်မှာ ကိုယ့်အချိန်တွေရော အင်အားတွေရော အများကြီးကိုအကုန်ခံထားတာက ဘာကိုလိုချင်လို့ဆိုတာကို အခုထိမသိသေးဘူးလား...မင်းရဲ့ခန္ဓာကိုယ် ဒါမှမဟုတ် ခံစားချက်တွေလို့ထင်နေတာလား...မင်းနဲ့တန်တယ်လို့များ ထင်နေတာလား?.."
ကိုယ့်နားနှစ်ဖက်ကို လက်ဖြင့်အုပ်ပိတ်ထားလိုက်ပြီး လမ်းမဘေးရှိမြေကြီးအထက်တွင် ထိုင်ချပြီး ကိုယ့်ကိုကိုယ်လှောင်ရယ်နေမိသည်။
"ဘာမှမဖြစ်ဘူး...တကယ် ဘာမှမဖြစ်ဘူး..."
ကျလာသည့်မျက်ရည်များကြား ကိုယ့်ကိုကိုယ်သတိပေးနေသည့်စကားလုံးများက
"နိုးလာလို့ရှိရင် ဘာမှမဖြစ်တော့ဘူး...မနက်မိုးလင်းသွားရင် ဘာမှဖြစ်တော့မှာ မဟုတ်ဘူး...ညတာရှည်ကြီးက ကုန်ဆုံးသွားမှာ...မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ နောက်တစ်နေ့ကိုစမှာ..ရူဖေး..ရူဖေး ငါ့ကိုစောင့်နေသေးတယ်...ငါတို့ လုပ်စရာတွေအများကြီးရှိသေးတယ်...ပန်းချီတွေလည်းဆွဲရဦးမှာ...လဲကျလို့ မဖြစ်သေးဘူး...ငါ လဲကျလို့မဖြစ်သေးဘူး..."
ဝေ့ရှီက မြေကြီးပေါ်မှကုန်းထလိုက်သည့်အချိန်တွင်မှ ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များရှိနေကြောင်း သတိထားမိသွား၏။ရူဖေးကို ဖုန်းခေါ်ရန်စဥ်းစားလိုက်သည့်အခိုက် ဖုန်းက စားသောက်ဆိုင်ထဲမှ ယူမလာခဲ့မိကြောင်းကို သိလိုက်ရပြန်၏။
ဖြတ်သွားသည့်ယောက်ျားတစ်ယောက်က သူမ၏အခြေအနေကိုကြည့်ပြီး အနားသို့လျှောက်လာကာ
"မိန်းကလေး..အကူအညီလိုသေးလား?.."
"လူကြီးမင်း..ကျွန်မကို လက်ကိုင်ဖုန်းလေး ခဏလောက်ငှားလို့ရမလား"
ထိုလူက နေကာမျက်မှန်ကိုဝတ်ထားပြီး ဘေ့စ်ဘောဦးထုတ်ကိုဆောင်းထားကာ Mask ပါတပ်ထားပြီး မျက်နှာတစ်ခုလုံးဖုံးထား၏။သူ၏အိတ်ကပ်အတွင်းမှ ဖုန်းထုတ်လာပြီး
"ဘယ်သူ့ကို ဆက်မလို့လဲ"
"ကျွန်မသူငယ်ချင်းပါ...လာကြိုခိုင်းမလို့.."
ဝေ့ရှီက ထိုလူအား တစ်နေရာရာတွင်မြင်ဖူးသယောင်ယောင် ခံစားမိလာရ၏။
"ဆက်မနေပါနဲ့တော့...ဘာလို့လဲဆို..."
နေကာမျက်မှန်ကိုချွတ်လိုက်၍
"ပြန်လို့ရတော့မှာမဟုတ်လို့..."
*********************
~~Zawgyi~~
မင္းနဲ႕တန္တယ္လို႔ ထင္ေနတာလား
"နင္ လုပ္တာမလား"
႐ြမ္ေရွာက္နန္က ထိုင္ခုံထက္သို႔ျပန္ထိုင္လိုက္ကာ လက္ေခ်ာင္းသြယ္သြယ္မ်ားကိုတစ္ဖက္ႏွင့္တစ္ဖက္ ေခါက္ထားလိုက္ရင္း ေဝ့ရွီကိုၾကည့္၍
"ကိုယ့္ကို ဟုတ္တယ္လို႔ေျဖေစခ်င္တာလား..မဟုတ္ဘူးလို႔ေျဖေစခ်င္တာလား"
"ငါ အမွန္တရားကိုပဲ နားေထာင္ခ်င္တာ!.."
႐ြမ္ေရွာက္နန္က ၿပဳံးလိုက္ၿပီး
"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့...မင္းဘယ္လိုမ်ား ဒီေလာက္ထိေတြးပစ္လိုက္ရတာလဲ...ကိုယ္ေျပာျပဖူးတာမွတ္မိေသးလား အထက္တန္းလႊာမွာစည္းမ်ဥ္းတစ္ခုရွိတယ္လို႔ေလ..အဲ့ဒါက ကိုယ့္လက္ကို ဘယ္ေတာ့မွေသြးမစြန္းေစနဲ႕တဲ့..ဒါေပါ့ ဒါမ်ိဳးကိစၥေတြက ကိုယ္ ကိုယ္တိုင္လုပ္စရာမလိုဘူး...သင့္ေတာ္တဲ့သူကို ရွာလိုက္႐ုံပဲ...သတင္းကိုသာ လႊင့္လိုက္ရင္ ပိုက္ဆံအတြက္ ဒုကၡခံေပးမယ့္သူေတြရွိၿပီးသား...ေနာက္ပိုင္းကိစၥကို ထိုင္ၾကည့္ေန႐ုံပဲေလ...ကိုယ္တိုင္လုပ္ေနစရာကိုမလိုတာ.."
ေဝ့ရွီ၏ႏႈတ္ခမ္းမ်ားက တဆတ္ဆတ္တုန္ေနကာ
"ဒီေလာက္ကိစၥႀကီးျဖစ္ေနတာကို လုမိသားစုကလူေတြ ဘာလို႔ငါ့ကို လာမရွာတာလဲ"
"ရွာရင္လည္း ရွာမွာေပါ့...ဒါေပမယ့္ အဲ့အခ်ိန္တုန္းက ကိုယ္တို႔က 'လီက်န္း'မွာေလ..ကိုယ္က သူတို႔မင္းကို ႏွောက္ယွက္မွာစိုးၿပီး လုအိမ္ကလူေတြရဲ႕ဖုန္းနံပါတ္ေတြအားလုံး မင္းလက္ခံေျဖလို႔မရေအာင္ လုပ္ထားလိုက္တာ...မင္း ကိုယ့္ကို အျပစ္မတင္ေလာက္ဘူးမလား.."
ေဝ့ရွီ၏မ်က္ဝန္းမ်ား ေမွာင္မိုက္သြားရကာ အခ်ိန္ၾကာေအာင္တိတ္ဆိတ္ေနမိၿပီးမွ
"ဘာလို႔လဲ...နင္ ငါ့ကိုကတိေပးထားတယ္ေလ..."
႐ြမ္ေရွာက္နန္က သေဘာတက်ေအာ္ရယ္လိုက္ကာ သူမအားေလွာင္ေျပာင္သလို စိုက္ၾကည့္လာၿပီး
"မင္းကိုမင္း ဘယ္သူလို႔မ်ားထင္ေနတာလဲ"
"ဘာ?..."
"မင္း တကယ္ႀကီးကို ကိုယ္က မင္းအတြက္နဲ႕လက္စားေခ်တာေတြ လက္ေလ်ာ့ပစ္လိုက္မယ္လို႔ ထင္ေနတာလား...မင္းတို႔ လုအိမ္ကလူေတြကိုလႊတ္ေပးၿပီး လုဇစ္႐ႊိရဲ႕ဆက္ခံသူေတြကို နိုင္ငံျခားမွာပညာသင္ဖို႔ လႊတ္ေပးလိုက္ရမွာလား... ဟား..ဟား...မင္းကိုယ္မင္း 'ဝမ္ေက်ာက္ကြၽင္း' လို႔ထင္ေနတာလား...တကယ္ႀကီး အစကေနအဆုံး ကိုယ္မင္းကို အသုံးခ်ေနတာကို မသိခဲ့ဘူးလို႔ လာမေျပာနဲ႕ေနာ္.."
စားပြဲေပၚမွ ဓါတ္ပုံမ်ားကိုတစ္ခ်က္ၾကည့္၍ ေနာက္တစ္ႀကိမ္ၿပဳံးကာ
"ၾကည့္ရတာ မင္းတကယ္ကို မသိခဲ့တာထင္တယ္...ဒီဓါတ္ပုံေတြ ယူလာၿပီးေတာ့ေတာင္ ကိုယ့္ကိုေျပးလာၿပီး ေမးခြန္းေတြ ေမးဦးမွာဆိုေတာ့ေလ"
ထိုဓါတ္ပုံမ်ားထဲမွ တစ္ပုံကိုေကာက္ယူလိုက္ၿပီး
"သူက ကိုယ့္ ဇနီးေလာင္း...ေစ့စပ္ထားတာ ၂ႏွစ္ေလာက္ရွိၿပီ...ဒါေပမယ့္ မင္း စိတ္ညစ္သြားစရာမလိုပါဘူး...မင္းက တတိယလူမွမဟုတ္ခဲ့တာ..ဘာလို႔လဲဆို....ကိုယ္ ဘယ္တုန္းကမွ မင္းကိုမခ်စ္ခဲ့ဘူး..."
သူ႕အား မွင္ေသ၍စိုက္ၾကည့္ေနမိၿပီး
"ဘာေျပာလိုက္တာ..."
႐ြမ္ေရွာက္နန္က ထိုင္ေနရာမွ မတ္တပ္ထရပ္ကာ ေဝ့ရွီ၏ပါးေပၚ က်ေနသည့္ဆံႏြယ္စကို သပ္တင္ေပးရင္း တစ္ခြန္းခ်င္းဆီ ရွင္းရွင္းလင္းလင္းဆိုလာ၏။
"ကိုယ္ေျပာတာက....ကိုယ္ ဘယ္တုန္းကမွ မင္းကို မခ်စ္ခဲ့ဘူး လို႔"
ေနာက္တစ္ႀကိမ္ ထြက္က်လာသည့္စကားလုံးတို႔က နားစည္အတြင္းပဲ့တင္ထပ္ကာ ေခါင္းတစ္ခ်က္အလိုလိုရမ္းမိသြားရင္းက သူ၏စကားလုံးတို႔ေနာက္ သံေယာင္လိုက္မိ၍
"နင္ေျပာတာက....နင္ ဘယ္တုန္းကမွ ငါ့ကို မခ်စ္ခဲ့ဘူး..."
"မင္း ေသခ်ာေတြးၾကည့္...ဒီအေတာအတြင္း 'ကိုယ္ မင္းကိုခ်စ္ပါတယ္'လို႔ တစ္ခါေတာင္ ေျပာခဲ့ဖူးလား..မင္းဘက္ကေနသာ ကိုယ္မင္းကို ခ်စ္တယ္လို႔ထင္ေနတာေလ...တကယ္ကို ကေလးမေလး...ေယာက္်ားတစ္ေယာက္က ဂ႐ုစိုက္ျပတာနဲ႕ အရာအားလုံးကို အေလးအနက္မွတ္ယူပစ္လိုက္တာ...မင္း မတုံးဘူး...နည္းနည္းေလးပဲ 'အ'သြားတာ...ကိုယ္က စီးပြားေရးသမားတစ္ေယာက္ဆိုတာကို မင္းေမ့သြားခဲ့တာ...လိုခ်င္တဲ့အရာကိုရဖို႔အတြက္ မရရေအာင္လိုက္ရမွာပဲေလ...မင္းအေပၚမွာ ကိုယ့္အခ်ိန္ေတြေရာ အင္အားေတြေရာ အမ်ားႀကီးကိုအကုန္ခံထားတာက ဘာကိုလိုခ်င္လို႔ဆိုတာကို အခုထိမသိေသးဘူးလား"
ေဝ့ရွီအား ေခါင္းအစ ေျခအဆုံး ပစၥည္းတစ္ခုလို တစ္ခ်က္ၾကည့္လိုက္၍
"မင္းရဲ႕ခႏၶာကိုယ္ ဒါမွမဟုတ္ ခံစားခ်က္ေတြလို႔ထင္ေနတာလား...မင္းနဲ႕တန္တယ္လို႔မ်ား ထင္ေနတာလား?...တကယ္ကို ကေလးဘဝတုန္းက ကိုယ္ေျပာခဲ့တဲ့စကားေတြကို အတည္မွတ္ယူေနခဲ့တာလား?...ကိုယ္မင္းကို လာရွာတယ္တဲ့အေၾကာင္းအရင္းက တစ္ခုပဲရွိတယ္"
"ငါ့မ်ိဳးရိုးနာမည္က 'လု' မလို႔..."
တုန္ယင္ေနသည့္ၾကားက အဓိပ္ပါယ်အရှိဆုံးေသာအေျဖတစ္ခုကို ကိုယ့္ကိုကိုယ္သိရွိသြားေအာင္ ႐ြတ္ဆိုမိလိုက္၏။
"Alluring မွာစေတြ႕တဲ့အခ်ိန္ကစၿပီး ဒီေန႕ဒီခ်ိန္ထိ အရာအားလုံးက နင္ႀကိဳျပင္ဆင္ထားတဲ့ ကစားကြက္ေတြ...လူေတြအျမင္မွာ နင္က ငါ့ကိုအရမ္းခ်စ္ေနတဲ့ပုံစံမ်ိဳးေတြနဲ႕ အျမင္မွားေအာင္လုပ္ျပၿပီး လုမိသားစုကလူေတြ ငါ့ကို လာရွာေအာင္လုပ္ထားမယ္...ငါ့ကိုအသုံးခ်ၿပီး လုမိသားစုရဲ႕ပိုင္ဆိုင္မႈေတြအားလုံး နင့္လက္ထဲေရာက္ေအာင္လိမ္တာ..ဟိုေန႕က ငါလက္မွတ္ထိုးေပးလိုက္တဲ့အခ်က္အလက္စာခ်ဳပ္ကလည္း ပိုင္ဆိုင္မႈလႊဲေျပာင္းေပးတဲ့စာခ်ဳပ္ျဖစ္ေနေလာက္မွာ...လုမိသားစုရဲ႕လက္က်န္ပိုင္ဆိုင္မႈအားလုံးကို နင့္လက္ထဲလႊဲေပးၿပီးေလာက္ေရာေပါ့...လူႀကီးမင္း႐ြမ္...ေျပာတာ မွန္ရဲ႕လား.."
႐ြမ္ေရွာက္နန္က ရယ္ေမာရင္း
"လုမိသားစုမွာ ႀကီးျပင္းလာတယ္လို႔ မေျပာရဘူး တကယ္ကိုဘာမွဖုံးထားလို႔မရပါလား...တကယ္ေတာ့ ကိုယ္အဲ့ေန႕က မင္းကိုသတိေပးပါေသးတယ္..'ေသခ်ာဂ႐ုစိုက္ဖတ္ ကိုယ့္ကိုကိုယ္မေရာင္းစားမိေစနဲ႕လို႔'...မင္းမွ နားမေထာင္တာ..."
ဟုတ္ပါ၏။ထိုေန႕က သူ သတိေပးခဲ့ပါ၏။သူမကသာ အယုံၾကည္လြန္ေနခဲ့ၿပီး ဦးႏွောက္တစ္ခုလုံးကိုတူးထုတ္ၿပီး အကန့္တစ္ခုခ်င္းစီေဖာက္ၾကည့္လွ်င္ေတာင္မွ စိတ္ဝိဥာဥ္ကိုခြဲျခမ္းၿပီး အပိုင္းအစတစ္ခုစီေမႊႏွောက္ေတာင္မွ အဆုံး၌ ႏွလုံးသားကို ေအာက္ေျခထိေျမလွန္ပစ္လိုက္လွ်င္ေတာင္မွ သူက သူမအား ယခုလိုအသုံးခ်ၿပီးလိမ္လည္ေနမည္ဟူေသာ သံသယအေတြးကို ဘယ္ေတာ့မွ ရွာေတြ႕လိမ့္မည္မဟုတ္ပါ။
သူမက လုံးဝကိုအ႐ူးလုပ္ခံေနရျခင္း။ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ သူ၏ကစားကြက္ထဲ ကစားခံေနရျခင္း။ တကယ္ကို လုံးဝေအာင္ျမင္သြားတဲ့ နည္းဗ်ဴဟာ! တကယ္ကို လိမ္ညာထားနိုင္တဲ့ စိတ္! တကယ္ကို ရက္စက္လိုက္တဲ့ ႏွလုံးသား!
တကယ္ကို တကယ္ကိုမွ သိခ်င္လြန္းပါ၏ ဒီလူက သူမ ငယ္ငယ္တုန္းကရင္းႏွီးခဲ့ဖူးသည့္ ႐ြမ္ေရွာက္နန္ႏွင့္ တစ္ေယာက္တည္းပင္ ဟုတ္ရဲ႕လားကို သိခ်င္လြန္းပါ၏။ သူမအား ထိခိုက္နာက်င္ေအာင္မလုပ္မည့္အေၾကာင္းကို ကတိေပးခဲ့ဖူးပါ၏။ ကတိစကားေလးတစ္ခုေတာင္မွ မွားယြင္းေနခဲ့လွ်င္ သူ၏မည္သည့္အရာကမ်ား အမွန္ျဖစ္ေနခဲ့မည္နည္း။
တစ္စက္ၿပီးတစ္စက္က်လာသည့္ မ်က္ရည္မ်ားက ကိုက္ခဲထားသည့္ႏႈတ္ခမ္းပါးေပၚမွတဆင့္ ေအာက္သို႔ စီးကျလာ၏။ကိုယ့်က်ုကိုယ်ေျပာေနမိသည္က
မငိုနဲ႕!.. မငိုနဲ႕!.. ငိုေတာ့ေရာ ဘာထူးသြားမွာလဲ!..
သို႔ေသာ္ မ်က္ရည္စက္မ်ားက ထိန္းမရသည့္အျပင္ တစ္စက္ခ်င္းစီခုန္ေပါက္ထြက္က်လာေလ၏။
လက္ေခ်ာင္းမ်ားျဖင့္ မ်က္ရည္ကိုသုတ္လိုက္ၿပီး
"နင္ နိုင္ေနၿပီပဲဟာ..အဲ့ပိုက္ဆံပမာဏေလးက နင့္အတြက္ဆိုရင္ ဘာဆိုဘာမွေတာင္မဟုတ္ဘူးေလ...ငါ မရွိဘူးဆိုရင္ေတာင္မွ နင္ နိုင္မွာပဲကို...ဘာလို႔မ်ား....ဘာလို႔မ်ား ငါ့ကို အသုံးခ်ခ်င္ေသးတာလဲ"
ေဝ့ရွီ၏ေမးဖ်ားကို ဆြဲယူကာ အသံထြက္ေအာင္ရယ္လိုက္ၿပီး
"ဘာလို႔လဲဆို ကိုယ္က မေကာင္းတဲ့သူေလ...အျခားသူေတြ ေမွ်ာ္လင့္ခ်က္ေတြအျပည့္ပိုက္ထားၿပီး ႐ုတ္တရက္ေမွ်ာ္လင့္ခ်က္မဲ့သြားခဲ့တဲ့ပုံစံကို ၾကည့္ေနရတာ သေဘာက်လိဳ႕...မင္း ကိုယ့္ကို ဒီလိုၾကည့္မေနနဲ႕...အျပစ္တင္ခ်င္ရင္ မင္းအေဖကိုသြားၿပီး အျပစ္တင္...သူအရင္တုန္းက သူ႕ရဲ႕သမိုင္းတြင္တဲ့ေအာင္နိုင္မႈႀကီးအေၾကာင္း မင္းတို႔ကိုေျပာျပတယ္မလား.."
ေဝ့ရွီက ထိန္းမထားနိုင္ေလာက္ေအာင္ တုန္လႈပ္သြားခဲ့၏။
တျဖည္းျဖည္းေကြးသထက္ ေကြးလာသည့္ႏႈတ္ခမ္းပါးႏွင့္ တရိပ္ရိပ္ထိုးႏွက္ေနသည့္မ်က္ဝန္းတို႔ပိုင္ရွင္က
"သူေျပာျပတယ္မလား!...မင္းက ကိုယ့္အေရွ႕မွာဆို အရမ္းသတိထားၿပီး အဲ့အေၾကာင္းေတြတစ္ခြန္းမွမဟေပမယ့္ အဲ့ႏွစ္ကျဖစ္သြားတဲ့ကိစၥေတြကို မင္း ရွင္းရွင္းလင္းလင္းသိေနမွန္း ကိုယ္သိတယ္...သူနဲ႕ ကိုယ့္အေဖက စီးပြားဖက္ေတြျဖစ္လာၿပီးေတာ့ သူ႕ရဲ႕ ပိုင္ဆိုင္မႈေတြ အားလုံးပုံေအာၿပီးလုပ္ အေႂကြးေတြဗန္းျပၿပီး ကိုယ့္အေဖဆီက ေငြတိုးနဲ႕ေခ်း...ကိုယ့္အေဖဘက္က အေရးႀကီးလို႔ ျပန္ေပးဖို႔အကူအညီေတာင္းတဲ့အခ်ိန္က်ေတာ့ ကုမၸဏီအဆင္မေျပေၾကာင္းေတြေလွ်ာက္ေျပာ...ကိုယ့္အေဖကသာ သူ႕သူငယ္ခ်င္းက သူ႕ရဲ႕အခက္အခဲေတြကို ကူညီမွာပါဆိုတဲ့ေမွ်ာ္လင့္ခ်က္ႀကီးကိုပိုက္ထားေပမယ့္ အဆုံးက်ေတာ့ အေဆာက္အဦးေပၚေန ခုန္ခ်သြားေအာင္ဖိအားေပးခံလိုက္ရတယ္ေလ..မင္း ၾကည့္ၾကည့္စမ္း...ဒီေန႕ လုမိသားစုမွာျဖစ္ေနတာေတြနဲ႕ မတူဘူးလား.."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏ပုခုံးႏွစ္ဖက္ကို ဆုတ္ကိုင္ၿပီး အနီးကပ္ဆုံးျဖစ္သည္အထိ မ်က္ႏွာခ်င္းဆိုင္လိုက္ကာ
"ဟုတ္တယ္!...ကိုယ္ မင္းအေဖဆီကေန အတုယူထားတာ...သူကေလ တကယ္ကိုအသင္ေကာင္းတဲ့ဆရာ...သူ႕တပည့္ေတြထဲ ကိုယ္ကမွ အရည္အခ်င္းအမွီဆုံးေလာက္ျဖစ္မွာ...မင္းတို႔လုအိမ္ကလူေတြထက္ ကိုယ္က ပိုေတာင္သင္ယူျပနိုင္ေသးတယ္...အဲ့ႏွစ္က ကိုယ္နဲ႕ကိုယ့္အေမ ရင္ခြဲ႐ုံထဲမွာတစ္စစီျပတ္ထြက္ေနတဲ့အေလာင္းကို ျမင္လိုက္တဲ့အခ်ိန္တုန္းက ကိုယ့္ပုံစံက ဘယ္လိုျဖစ္ေနလဲဆိုတာမသိခ်င္ဘူးလား...စားထားတဲ့မနက္စာေတြအားလုံးေတာင္ အန္ထုတ္မိခဲ့တာ....အဲ့ဒါက ကိုယ့္အေဖ!..."
တစ္ကြၽတ္ကြၽတ္ျမည္ေနသည့္အံက်ိတ္သံက နားစည္အတြင္းအထင္းသား။သူမအား စိုက္ၾကည့္ေနသည့္မ်က္ဝန္းက အလြန္မုန္းတီးေနသည့္ရန္သူတစ္ေယာက္ကို ၾကည့္ေနသည့္အလား
"လုဇစ္႐ႊိက အိုၿပီေလ..ဒီအခ်ိန္မွာ သူ႕ကိုအနိုင္ယူပစ္ရမွာက အရမ္းကိုလြယ္လြန္းတယ္...ၿပီးေတာ့ ကိုယ္လိုခ်င္တာကလည္း အဲ့လိုမ်ိဳးမဟုတ္ဘူး!...ကိုယ္တို႔မိသားစု ခံစားခဲ့ရသလိုမ်ိဳး လိမ္ညာခံရသလိုမ်ိဳး ျပန္ခံစားေစခ်င္တာ...သူအခ်စ္ဆုံးသူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ဝမ္းနည္းပက္လက္ျဖစ္ေနတာေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေမွ်ာ္လင့္ခ်က္မဲ့ၿပီးေသသြားရတာေတြကို ၾကည့္ေနရၿပီး ရလာတဲ့ေမွ်ာ္လင့္ခ်က္ခ်က္ေလးတစ္ခုကို ဆုတ္ကိုင္ၿပီးေစာင့္ေနတဲ့အခ်ိန္မွာမွ သူ႕သမီးလက္ခ်က္နဲ႕အားလုံး ပ်က္ဆီးသြားတာကို ျမင္လိုက္မယ္ဆိုရင္ ေသရင္ေတာင္ ၿငိမ္းခ်မ္းမွာမဟုတ္ဘူး!.."
ေဝ့ရွီက သူ၏ဖမ္းဆုတ္မႈမ်ားေၾကာင့္ နာက်င္လာရသည့္အျပင္ မ်က္ရည္ပါက်ေနၿပီး
"ဒီလိုျဖစ္ေစခ်င္တာနဲ႕ပဲ ငါ့ကိုလိမ္ၿပီး ငါ့ကိုအသုံးခ်တာလား?...ၿပီးေတာ့ ဟိုကေလးႏွစ္ေယာက္ ငယ္ငယ္ေလးပဲရွိေသးတာေလ...နင္ ဘာလို႔မ်ား ဒီေလာက္ထိ ေၾကာက္ဖို႔ေကာင္းၿပီး ေသြးေအးလြန္းရတာလဲ"
"ဘယ္သူကေရာ မင္းကို အသုံးမခ်ဘဲေနလို႔လဲ?...ကိုယ္ ဘယ္လိုလူမ်ိဳးလဲဆိုတာကို လုဇစ္႐ႊိလို အႀကံမ်ားတဲ့သူက မသိဘူးမ်ားထင္ေနလား? သိသိရက္နဲ႕ ပိုက္ဆံ၊ဘဝ၊ေအးခ်မ္းမႈေတြနဲ႕လဲဖို႔ မင္းကို ကိုယ့္လက္ထဲကို ထိုးေပးခဲ့တာ...မင္းကို သူ႕သမီးလို႔သတ္မွတ္တယ္မ်ားထင္ေနလား?...မင္းတို႔ လုမိသားစုက တကယ္ကိုတမူထူးျခားေနတာ..သားသမီးခ်င္းတူတူကို အမ်ိဳးအစားခြဲျခားထားေသးတယ္...ဘယ္သူ႕ကိုက် ကာကြယ္ဂ႐ုစိုက္ေပးၿပီး ဘယ္သူ႕ကိုက် ထုတ္ေရာင္းဖို႔ဆိုတာမ်ိဳးေလ"
ေဝ့ရွီက ခပ္႐ြဲ႕႐ြဲ႕တစ္ခ်က္ၿပဳံးလိုက္ၿပီးေနာက္ ႏႈတ္ခမ္းပါးကို ေသြးစိမ့္လာသည္အထိကိုက္ခဲကာ အၾကည့္မ်ားကိုတစ္ဖက္သို႔လႊဲလိုက္၏။
႐ြမ္ေရွာက္နန္က သူမ၏ဆံပင္ကိုအေနာက္ဘက္မွ ဆုတ္ကိုင္ကာ သြားၾကားမွထြက္လာသည့္ေလတရွဲရွဲျဖင့္အံက်ိတ္ၿပီး
"မင္းကိုယ္မင္း သနားစရာေကာင္းတယ္လို႔ထင္ေနလား...မင္းပုံစံက သနားစရာေကာင္းတဲ့ အေျခအေနမ်ိဳးထိမေရာက္ေသးဘူး..မင္းကို ေခၚသြားၿပီး ကိုယ့္အေမရဲ႕ပုံစံကိုျပခ်င္လိုက္တာ...သနားစရာေကာင္းတယ္ဆိုတဲ့အေျခအေနက ဘယ္လိုဆိုတာကို သိေစခ်င္လြန္းလို႔!...႐ူးေနတယ္ဆိုတာက ဘယ္လိုမ်ိဳးလဲဆိုတာ ျမင္ေစခ်င္လြန္းလို႔!...ဒါေပမယ့္ ျမင္သြားၿပီးရင္ ေၾကာက္မသြားနဲ႕ေနာ္..သူက လက္ရွိ ၿမိဳ႕အေနာက္ဘက္က စိတၱဇေဆး႐ုံမွာ...တစ္ေန႕ကို ေရဆယ္ခါေလာက္ခ်ိဳးၿပီး ခႏၶာကိုယ္တစ္ခုလုံးကို ဆပ္ျပာနဲ႕တိုက္လို႔မၿပီးနိုင္တဲ့အျပင္ ညဆိုရင္ တစ္ေဆတစ္ေကာင္လိုပါ ေအာ္ဟစ္ေနရတာ...."
ေဝ့ရွီက ဤလူေၾကာင့္ လုံးလုံးလ်ားလ်ားပင္ ႐ူးသြားရေတာ့မည့္အေျခအေနသို႔ ေရာက္လာခဲ့၏။သူ၏လက္ထဲမွ အားကုနန္႐ုန္းထြက္ပစ္ရင္း
"နင္ ငါ့ကိုလႊတ္!...လႊတ္!..."
႐ြမ္ေရွာက္နန္က ေဝ့ရွီအား ထိုင္ခုံေပၚသို႔ ေဆာင့္ခ်ပစ္လိုက္၏။မ်က္လုံးႏွစ္လုံးေရွ႕တြင္ျမင္ေနရသည့္ အစားအေသာက္ႏွင့္ဝိုင္ခြက္မ်ားကို မွင္ေသ၍စိုက္ၾကည့္ေနၿပီး ဝိုးတိုးဝါးတားအသံတို႔ျဖင့္
"ဒါဆိုအခု လုမိသားစုမွာ လက္စားေခ်စရာဆိုလို႔ ငါတစ္ေယာက္တည္းပဲက်န္ေတာ့တာမလား...နင္ ဘယ္လိုလုပ္ခ်င္တာလဲ..."
႐ြမ္ေရွာက္နန္က အသံထြက္ေအာင္ေအာ္ရယ္လိုက္ကာ
"ကိုယ္ဘာလုပ္မယ္လို႔ မင္းထင္လဲ...ကိုယ္ မင္းကိုမခ်စ္သလို မုန္းလည္းမမုန္းဘူး...ေသခ်ာစဥ္းစားၾကည့္ရင္ မင္းက အရမ္းသနားစရာေကာင္းေနပါၿပီ...လုမိသားစုက မျမင္ခ်င္တဲ့သူကို ကိုယ္လည္း ထပ္ျမင္ေနစရာအေၾကာင္းမရွိေတာ့ဘူး...မင္းဆိုတာလည္း ကိုယ့္အတြက္ေတာ့ တစ္ခါသုံးခြက္လိုပဲ...သုံးၿပီးသြားရင္ ဆက္သုံးလို႔မေကာင္းေတာ့ဘူး...ၿပီးေတာ့ ကိုယ္ကလည္း အသုံးမဝင္ေတာ့တဲ့ပစၥည္းအေပၚမွာ အခ်ိန္ေတြထပ္ျဖဳန္းေနမွာ မဟုတ္ဘူး..."
လက္ေကာက္ဝတ္ရွိနာရီကို တစ္ခ်က္လွမ္းၾကည့္ၿပီး ဆက္၍
"ဒီေနရာက ကိုယ္တို႔ ပထမဆုံးေတြ႕တဲ့ေနရာ..ဟင္းေတြကလည္း ပထမဆုံးေတြ႕တဲ့အႀကိမ္ကအတိုင္း မင္းႀကိဳက္တာေတြေ႐ြးမွာေပးထားတယ္...အခ်ိန္အားလို႔ရွိရင္ ဗီလာက မင္းပစၥည္းေတြကိုျပန္လာသိမ္းသြားလိုက္ေတာ့...ကိုယ္ အဲ့ေနရာကိုေရာင္းလိုက္ၿပီ...သုံးေလးရက္ေနရင္ အျခားသူလာေနလိမ့္မယ္"
႐ြမ္ေရွာက္နန္က တံခါးဝဆီသို႔ေလွ်ာက္သြားၿပီး တစ္ခုခုေျပာရန္က်န္ေသးသည့္အတိုင္း ႐ုတ္တရက္ ရပ္တန့္သြားကာ
"ဒါနဲ႕...မင္း ညီမေလး လုယို႔ရွီ...လြန္ခဲ့တဲ့ရက္ပဲ ေသသြားၿပီ...ေဆး႐ုံကေျပာတာေတာ့ သူနာျပဳက ေအာက္ဆီဂ်င္ပိုက္ကို ေသခ်ာမတပ္ထားမိလိုက္လို႔တဲ့...တကယ္သနားစရာ..ဒီေလာကႀကီးမွာ တစ္ေယာက္တည္းက်န္ေတာ့တဲ့ေဆြမ်ိဳးလည္း မရွိရွာေတာ့ဘူး.."
>>>>>
အျပင္ဘက္ေကာင္းကင္ႀကီးက ေမွာင္ရိပ္သန္းေနၿပီျဖစ္ကာ ေဝ့ရွီက သီးသန့္အခန္းထဲမွ အယိုင္ယိုင္ျဖင့္ထြက္လာခဲ့၏။ေအာက္ထပ္သို႔ဆင္းမည့္သစ္သားေလွကားက အနည္းမတ္ၿပီးက်ဥ္းေျမာင္းကာ ေလွကားထစ္ တစ္ထစ္ေက်ာ္နင္းမိလိုက္ျခင္းေၾကာင့္ ေလးထစ္ေက်ာ္ေက်ာ္ေလာက္အထိ လိမ့္က်သြားခဲ့၏။
တာဝန္ခံေကာင္ေလးက အျမန္ေျပးလာၿပီး သူမအား ဆြဲထူေပးရာ တံေတာင္ဆစ္ႏွင့္ဒူးေခါင္းမ်ား ပြန္းပဲ့၍ေသြးထြက္ေနသည္ကိုျမင္လိုက္ၿပီး
"မိန္းကေလး...ဒဏ္ရာေတြက ေတာ္ေတာ္ေလးျပင္းတယ္...ကြၽန္ေတာ္ ေဆး႐ုံကိုလိုက္ပို႔ေပးရမလား"
ေဝ့ရွီက အနားကပ္လာသည့္သူအားလုံးကိုတြန္းထုတ္ကာ ေျခေထာက္ကိုမတ္မတ္ရပ္ၿပီး မ်က္ဝန္းတစ္စုံကိုဖြင့္၍ သရဲတစ္ေကာင္လိုေလွ်ာက္ထြက္လာ၏။
စားေသာက္ဆိုင္က ေတာင္ကုန္္းေလးေပၚတြင္ဖြင့္ထားျခင္းျဖစ္ရာ ဤေနရာသို႔လာသည့္သူတိုင္းက ကားကိုယ္စီႏွင့္ပင္။ညေမွာင္ရီပ်ိဳးခ်ိန္လည္းျဖစ္သျဖင့္ ေတာင္ကုန္းလမ္းေပၚတြင္လမ္းသြားလမ္းလာဟူ၍မရွိ၊ သူမတစ္ေယာက္တည္းကသာ ဝိဥာဥ္လြင့္ေနသည့္သူတစ္ေယာက္လို တစ္လွမ္းခ်င္း ေလွ်ာက္ေနခဲ့၏။
"သူက ကိုယ့္ ဇနီးေလာင္း...ေစ့စပ္ထားတာ ၂ႏွစ္ေလာက္ရွိၿပီ...ဒါေပမယ့္ မင္း စိတ္ညစ္သြားစရာမလိုပါဘူး...မင္းက တတိယလူမွမဟုတ္ခဲ့တာ..ဘာလို႔လဲဆို....ကိုယ္ ဘယ္တုန္းကမွ မင္းကိုမခ်စ္ခဲ့ဘူး..."
"'ကိုယ္ မင္းကိုခ်စ္ပါတယ္'လို႔ တစ္ခါေတာင္ ေျပာခဲ့ဖူးလား..မင္းဘက္ကေနသာ ကိုယ္မင္းကို ခ်စ္တယ္လို႔ထင္ေနတာေလ...တကယ္ကို ကေလးမေလး...ေယာက္်ားတစ္ေယာက္က ဂ႐ုစိုက္ျပတာနဲ႕ အရာအားလုံးကို အေလးအနက္မွတ္ယူပစ္လိုက္တာ..."
"မင္းအေပၚမွာ ကိုယ့္အခ်ိန္ေတြေရာ အင္အားေတြေရာ အမ်ားႀကီးကိုအကုန္ခံထားတာက ဘာကိုလိုခ်င္လို႔ဆိုတာကို အခုထိမသိေသးဘူးလား...မင္းရဲ႕ခႏၶာကိုယ္ ဒါမွမဟုတ္ ခံစားခ်က္ေတြလို႔ထင္ေနတာလား...မင္းနဲ႕တန္တယ္လို႔မ်ား ထင္ေနတာလား?.."
ကိုယ့္နားႏွစ္ဖက္ကို လက္ျဖင့္အုပ္ပိတ္ထားလိုက္ၿပီး လမ္းမေဘးရွိေျမႀကီးအထက္တြင္ ထိုင္ခ်ၿပီး ကိုယ့္ကိုကိုယ္ေလွာင္ရယ္ေနမိသည္။
"ဘာမွမျဖစ္ဘူး...တကယ္ ဘာမွမျဖစ္ဘူး..."
က်လာသည့္မ်က္ရည္မ်ားၾကား ကိုယ့္ကိုကိုယ္သတိေပးေနသည့္စကားလုံးမ်ားက
"နိုးလာလို႔ရွိရင္ ဘာမွမျဖစ္ေတာ့ဘူး...မနက္မိုးလင္းသြားရင္ ဘာမွျဖစ္ေတာ့မွာ မဟုတ္ဘူး...ညတာရွည္ႀကီးက ကုန္ဆုံးသြားမွာ...မ်က္လုံးႏွစ္လုံးဖြင့္လိုက္တာနဲ႕ ေနာက္တစ္ေန႕ကိုစမွာ..႐ူေဖး..႐ူေဖး ငါ့ကိုေစာင့္ေနေသးတယ္...ငါတို႔ လုပ္စရာေတြအမ်ားႀကီးရွိေသးတယ္...ပန္းခ်ီေတြလည္းဆြဲရဦးမွာ...လဲက်လိဳ႕ မျဖစ္ေသးဘူး...ငါ လဲက်လိဳ႕မျဖစ္ေသးဘူး..."
ေဝ့ရွီက ေျမႀကီးေပၚမွကုန္းထလိုက္သည့္အခ်ိန္တြင္မွ ကိုယ္ေပၚတြင္ ဒဏ္ရာဒဏ္ခ်က္မ်ားရွိေနေၾကာင္း သတိထားမိသြား၏။႐ူေဖးကို ဖုန္းေခၚရန္စဥ္းစားလိုက္သည့္အခိုက္ ဖုန္းက စားေသာက္ဆိုင္ထဲမွ ယူမလာခဲ့မိေၾကာင္းကို သိလိုက္ရျပန္၏။
ျဖတ္သြားသည့္ေယာက္်ားတစ္ေယာက္က သူမ၏အေျခအေနကိုၾကည့္ၿပီး အနားသို႔ေလွ်ာက္လာကာ
"မိန္းကေလး..အကူအညီလိုေသးလား?.."
"လူႀကီးမင္း..ကြၽန္မကို လက္ကိုင္ဖုန္းေလး ခဏေလာက္ငွားလို႔ရမလား"
ထိုလူက ေနကာမ်က္မွန္ကိုဝတ္ထားၿပီး ေဘ့စ္ေဘာဦးထုတ္ကိုေဆာင္းထားကာ Mask ပါတပ္ထားၿပီး မ်က္ႏွာတစ္ခုလုံးဖုံးထား၏။သူ၏အိတ္ကပ္အတြင္းမွ ဖုန္းထုတ္လာၿပီး
"ဘယ္သူ႕ကို ဆက္မလို႔လဲ"
"ကြၽန္မသူငယ္ခ်င္းပါ...လာႀကိဳခိုင္းမလို႔.."
ေဝ့ရွီက ထိုလူအား တစ္ေနရာရာတြင္ျမင္ဖူးသေယာင္ေယာင္ ခံစားမိလာရ၏။
"ဆက္မေနပါနဲ႕ေတာ့...ဘာလို႔လဲဆို..."
ေနကာမ်က္မွန္ကိုခြၽတ္လိုက္၍
"ျပန္လို႔ရေတာ့မွာမဟုတ္လို႔..."
*********************