အသက်ကို နုတ်ယူသွားစေနိုင်လောက်သော မုသားစကား (Part )
ရွမ်ရှောက်နန် ထွက်သွားခဲ့သည်နှင့် တပြိုင်နက် ဝေ့ရှီ၏စိတ်ထဲ ကပြောင်းကပြန်ခံစားချက်များ ပေါ်လာခဲ့၏။တစ်ဝက်က သူ့အတွက် စိုးရိမ်ပေးနေခြင်းဟုဆိုလျှင် အခြားတစ်ဝက်သည်ကား မည်သည့်အတွက် အလိုမကျဖြစ်နေရမှန်း ကိုယ့်ကိုကိုယ် မသဲကွဲမဖော်ပြနိုင်ဖြစ်နေ၏။
ရုတ်တရက်အခြေအနေကြောင့် မည်သည့်နေရာသို့ဆက်သွားရမည်ကိုပင် မစဥ်းစားမိတော့ကာ အလျင်းသင့်ရာ ရောက်ရှိနေသည့်လမ်းမကြီးဘေး၌သာ ဟိုငေးဒီငေး လမ်းလျှောက်နေလေ၏။ယနေ့၏ ကောင်းကင်က အပြာနုရောင်သမ်းကာ အဖြူရောင်တိမ်တိုက်ပါးပါးလေးလည်း ရှိနေသေး၏။
မြင့်မားသောကောင်းကင်ထက်ရှိ တိမ်တိုက်များက နေရောင်ကြောင့် မသိမသာလေး တောက်ပနေကာ တောင်ပိုင်းမှတိုက်ခတ်လာသည့်ဆောင်းရာသီလေညှင်းထဲတွင် နေရောင်၏နွေးထွေးမှုလေးရောပါနေသဖြင့် ယခုရာသီက လည်ပတ်၍အကောင်းဆုံးအချိန်ဟု ဆိုရမည်။
ဝေ့ရှီက ရောက်တတ်ရာရာလမ်းအချိုးတိုင်းသာ ဦးတည်ရာမဲ့လျှောက်နေခဲ့ရင်း ရုတ်တရက် အဝေးမှပြေးလာသည့် အင်ဂျင်သံတစ်ခုကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရ၏။ထို့နောက် မော်တော်ဆိုင်ကယ်က အရှိန်ဖြင့်ပြေးဝင်ကာ ရှဲခနဲမြည်သည့် ဘရိတ်ဆောင့်နင်းလိုက်သံနှင့်အတူ ဝေ့ရှီ၏ခြေချောင်းလေးများနှင့် ဘယ်လောက်မှမလိုတော့သောစင်တီမီတာအကွာအဝေးတစ်ခုတွင် ထိုးရပ်သွားလေ၏။ဖြစ်စဥ်တစ်ခုလုံးက လေးငါးစက္ကန့်မျှသာကြာလိုက်သဖြင့် ဝေ့ရှီတစ်ယောက် ကြောင်အမ်းပြီးရပ်နေရုံသာ တတ်နိုင်ခဲ့၏။
ဆိုင်ကယ်ပေါ်မှသူက helmet ကိုချွတ်ပြီး ခန့်ညားသောမျက်နှာသွင်ပြင်ကို နေရောင်အောက်သို့ လှစ်ဟာပြလာ၏။
ဝေ့ရှီက သံသယဝင်နေသည့်အလား စောင်းကြည့်ပြီး
"ငါ ဘာလို့ လမ်းပေါ်မှာ ရောက်တတ်ရာရာလျှောက်သွားတဲ့အချိန်တိုင်း နင်နဲ့ပဲ လာတွေ့နေရတာပါလိမ့်."
"မင်း မသိလို့..ငါဆိုတဲ့လူဆီမှာ ဝါသနာတစ်မျိုးရှိတယ်...လျှောက်သွားနေတတ်တဲ့ ခွေးပေါက်လေးတွေ ကြောင်ပေါက်လေးတွေကို သဘောကျရင်ကျသလို ကောက်ယူသွားတတ်တာလေ"
ချီမော့က သွားဖြူဖြူလေးများပေါ်အောင် ပြုံးပြ၏။နေရောင်အောက် မော်တော်ဆိုင်ကယ်ပေါ်တွင်ထိုင်ပြီး ဂျုံလိုဖြူဖွေးနေသည့်အသားအရေနှင့်ခန့်ညားသည့်မျက်နှာတို့ပါ ပေါင်းလိုက်လျှင် ကြေငြာဆိုင်းဘုတ်များပေါ်က မော်ဒယ်အလားပင် ထင်ရလောက်မည်။
"တိရိစ္ဆာန်တွေကို ချစ်လည်းမချစ်တတ်ဘဲနဲ့ ကောက်သွားပြီး ဘာလုပ်တာလဲ"
"ကောက်သွားပြီး ချက်စားတာလေ..အရသာရှိမှရှိ.."
ဝေ့ရှီက အောင့်သက်သက် ရယ်ပြလိုက်ရလေ၏။
"ဘာလုပ်နေတာလဲ.." ချီမော့ကမေး၏။
ဝေ့ရှီက ပုခုံးနှစ်ဖက်ကို တစ်ချက်ပင့်လိုက်ပြီး
"ဘယ်မှသွားစရာမရှိလို့ ဒီအတိုင်း လျှောက်သွားနေတာ.."
ချီမော့က helmet နောက်တစ်လုံးထုတ်ကာ ဝေ့ရှီဆီသို့ပစ်ပေးလိုက်၍
"ဒါဆိုအတော်ပဲ..သွားစို့..ငါ မင်းကို လေညှင်းခံဖို့ ခေါ်သွားပေးမယ်.."
>>>>>>>
ချီမော့က နေရောင်ထိုးနေသည့်ပင်လယ်ကမ်းစပ်နားတွင် ဆိုင်ကယ်ကိုရပ်လိုက်၏။ဤနေရာက ပင်လယ်ကမ်းစပ်မြို့တစ်ခုလုံးရှိ အလှဆုံးသောနေရာဆိုလည်း မမှား။
နှင်းပွင့်များနှင့်ဆင်တူလွန်းလှသည့် အဖြူဖျော့ဖျော့သဲသောင်ပြင်၊ မြစိမ်းရောင် ပင်လယ်နှင့်ကုန်းမြေထိစပ်ရာအနားသတ်များ၊ နေရောင်ကြောင့် တလက်လက်ထနေသော ပင်လယ်လှိုင်းလုံးတို့က မဂ္ဂဇင်းဓါတ်ပုံများအတွင်းမှ ခုန်ထွက်ဘာသည့်အတိုင်းပင်။
နှစ်ဦးသား ရွှေဝါရောင်ကမ်းခြေစပ်တွင်ထိုင်လျက် ပုခုံးသားချင်းထိစပ်ကာ ကိုယ်စီ အမှီသဟဲပြုရင်း မဝေးသောနေရာမှ ပင်လယ်ကြီး၏တေးသီသံကို နားထောင်နေကြ၏။
ယခုလိုပတ်ဝန်းကျင် ယခုလိုရှုခင်း ယခုလိုနေရောင်နွေးနွေးအောက်တွင် ရှိနေရသည်က မည်သည့်စကားကိုမှမဆို ငြိမ်သက်၍ထိုင်နေရုံလေးနှင့်ပင် ပန်းချီကားတစ်ချပ်လို ကဗျာတစ်ပုဒ်လို အရာအားလုံး ပြီးပြည့်စုံပြီးဖြစ်ပါ၏။
လှိုင်းလုံးများက ကမ်းစပ်ကို ရိုက်ခတ်လာသည့် ကျီစယ်သံများကြားတွင် ရုတ်တရက် ချီမော့က ဘေးနားတွင်ထိုင်နေသည့်သူအား စိုက်ကြည့်လာခဲ့ကာ
"ဝေ့ရှီ..မင်းပျော်လား.."
ဝေ့ရှီက ခပ်ရေးရေးပြုံးလိုက်ရင်း
"ငါ အရမ်းကိုပျော်နေတာ..ဒါပေမယ့်..ငါ ကြောက်လည်းကြောက်နေတယ်.."
ချီမော့ ထူးဆန်းသွားသလို မျက်ခုံးပင့်လိုက်ပြီး
"ဘာကို ကြောက်တာလဲ"
"မသိဘူး...အရမ်းပျော်နေရလို့များလား..တကယ်ဟုတ်နေတာရော ဟုတ်ရဲ့လားဆိုပြီး မယုံကြည်ရဲဘူး...အရှေ့မှာရှိနေတဲ့ ပျော်ရွှင်ခြင်းတွေအားလုံးက အရိပ်အယောင်သက်သက်လို့ပဲ ထင်နေမိတယ်.."
ချီမော့က တစ်ချက်ရယ်လိုက်ပြီး
"မင်း ကြောက်တယ်ဆိုတာက အရမ်းကိုတန်ဖိုးထားပြီးဂရုစိုက်နေလွန်းလို့ပါ...မင်း သူ့ကို တန်ဖိုးထားရင် သူက မင်းမျက်လုံးထဲမှာ အရမ်းကိုတောက်ပနေမှာ..မင်းသာ တန်ဖိုးမထားတော့ရင် ဘာဆိုဘာမှမဟုတ်တော့ဘူး.."
ဝေ့ရှီက ခပ်ရေးရေးလေးပြုံး၍ သူ၏စကားကို အဓိပ္ပါယ်ရှိကြောင်း ထောက်ခံပြလိုက်၏။အကယ်၍ ရွမ်ရှောက်နန်သာ ဤအကြောင်းကိုသိလျှင် အကျိုးအကြောင်းမရှိသောစကားများကိုနားထောင်ပြီးယုံလွယ်လွန်းကြောင်း ဆူငေါက်မည်မှာ အသေအချာပင်ဖြစ်သည်။
နာရီစက္ကန့်များ၏ ရွေ့လျားမှုကို မရေတွက်မိ မသိလိုက်သည့်အချိန်အတွင်း နေရောင်ကတဖြည်းဖြည်းကွယ်ပျောက်ကာ ရေးတေးတေးအမှောင်ထုစိုးမိုးလာခဲ့၏။နှစ်ဦးသား ကျောချင်းကပ်အနေအထားဖြင့် နေဝင်ဆည်းဆာကို ခံစားကာ စကားစတို့က တောင်ရောက်လိုက် မြောက်ရောက်လိုက်ဖြင့်။
"ချီမော့...ငါတို့ ရင်းနှီးကြတာ ဘယ်လောက်ကြာသွားပြီလဲဆိုတာ မှတ်မိသေးလား.."
"နှစ်နှစ် သုံးနှစ်လောက် ရှိရောပေါ့.."
"ငါတို့ ပထမဆုံးတွေ့တဲ့အချိန်ကိုရော မှတ်မိသေးလား"
"မှတ်မိတာပေါ့...မင်းနဲ့ရူဖေးက အဲ့အချိန်တုန်းက အရက်ဘားမှာ အရက်ရောင်းနေတုန်း လူမိုက်သုံးလေးယောက်လောက် ပြဿနာရှာတာခံနေရတာလေ...အရက်ယူပြီး ပိုက်ဆံမပေးချင်လို့ လက်ပါလား ခြေပါလား လုပ်နေကြတာမလား..ငါနဲ့ တွေ့လိုက်လို့တော်သေးတာ...အဲ့ကောင်တွေကို နည်းနည်းဆုံးမပေးလိုက်တယ်လေ...ဒါနဲ့ မင်းဆိုတဲ့ကောင်မလေးက 'ကျေးဇူး'ဆိုတဲ့စကားလေးတောင် မပြောသွားဘူး..."
ချီမော့က မကျေမနပ်သည့်ဟန်ဖြင့် ဆိုလာ၏။
ဝေ့ရှီက သန်းဝေနေသည့်ကြားမှ ရယ်မိသွားကာ
"ငါ အဲ့အချိန်တုန်းက လန့်နေခဲ့တာလေ...ပြောရရင် အဲ့တုန်းက နင် အဲ့ကောင်တွေကို ရိုက်လိုက်တဲ့ပုံစံက အရမ်းမိုက်တာ..ရုပ်ရှင်ကြည့်နေရသလိုမျိုးလေ.."
ချီမော့က ဂုဏ်ယူဝင့်ကြွားဟန်ပြုံးလိုက်ပြီး
"အခုမှ သိတာလားကွာ...ဒါဆို မင်း ငါ့ကို အခုချိန်ထိ တစ်ခါမှ မကြွေဖူးဘူးပေါ့.."
"နင့်ကို ကြွေတဲ့မိန်းကလေးတွေမှ များလွန်းလို့...Alluring ရဲ့ ရှေ့ပေါက်ကနေ တန်းစီခိုင်းရင် နောက်ပေါက်ထိတောင် ရောက်လောက်တာကို မကျေနပ်နိုင်သေးဘူးလား..သတိထား..မိုးနတ်မင်းက နင့်ကို ပညာပေးပစ်လိမ့်မယ်.."
ချီမော့က တစ်ဖက်သို့လှည့်ကာ ဝေ့ရှီ၏ပါးစပ်အား ဆွဲဖြဲပစ်မည့်အမူအရာမျိုးလုပ်ပြလာသဖြင့် ဝေ့ရှီက ရှောင်တိမ်းရင်းသဘောတကျအော်ရယ်ပစ်လိုက်၏။
"အခုစဥ်းစားကြည့်မှပဲ...ငါ နင့်ကို တကယ်ကောင်းကောင်းကြီးကို ကျေးဇူးတင်သင့်တာ.."
ဝေ့ရှီက မှိန်ပျပျသာကျန်တော့သည့် အလင်းရောင်ကို လက်ချောင်းများဖြင့်ကွယ်ကာ လှမ်းကြည့်ရင်း
"အဲ့အချိန်တုန်းက ငါတို့ မိဘမဲ့ကျောင်းကနေ ထွက်လာခါစလေးပဲ..ဘာဆိုဘာမှလည်းနားမလည်သေးတော့ နေ့တိုင်း အနိုင်ကျင့်ခံနေရတာ..နင်က ငါတို့ကို ကူညီပေးတဲ့ပထမဆုံးသောသူပဲ...ရူဖေးက ငါ့ကိုပစ်ချသွားပြီး နင့်နောက်လိုက်သွားအောင် လုပ်နိုင်တဲ့သူဆိုလည်း မမှားဘူး...သူ့ဘက်က အမြဲတမ်း နင်နဲ့အပျော်သက်သက်တွဲတာပါလို့ ပြောနေပေမယ့်လည်း တကယ်တမ်းကျ သူနင့်ကို အရမ်းသဘောကျနေမှန်း ငါခံစားမိပါတယ်.."
ချီမော့က တဖက်သို့ နောက်တစ်ကြိမ်လှည့်ကာ ကျောပေါ်တွင်မှီထားဆဲဖြစ်သည့် လူကောင်သေးသေးလေးအား စောင်းငဲ့ကြည့်လိုက်၏။
တစ်ခါတလေ ယခုလို သူမအားငေးကြည့်နေရင်း အချစ်ဆိုသည့်အရာက မည်သို့သောအရာမျိုး ဖြစ်ကြောင်းကို စဥ်းစားကြည့်မိ၏။မျက်ဝန်းချင်း ဆုံစည်းသည့်အခိုက် မြင်မြင်ချင်း ခံစားချက်များပေါ်လာခြင်းက အချစ်လား။ ဒါမှမဟုတ် စဥ်းစားလေ တွေးတောလေ နေ့ရက်များကြာရှည်လေ ညတာများပိုများလေ ခံစားချက်များ ပိုတိုးလာခြင်းကို အချစ်ဟု ခေါ်သလား။
လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် အဘယ်ကြောင့် ချစ်မိသွားရသနည်း။ ပင်လယ်ကြီးလောက်များပြားသည့်လူများကြားထဲမှ အပြုံးလေးတစ်ခုကို မြင်လိုက်ရခြင်းကြောင့်လား။ အိပ်ပျော်နေသည့်အချိန်မျိုးတွင် အကောင်ပေါက်စလေးလို သနားစရာကောင်းနေသောကြောင့်လား။
နှလုံးသားထဲ စူးကနဲ နာကျင်သွားရကာ လိပ်ပြာတောင်ပံလေးများနှင့်တူသည့်မျက်တောင်မွှေးများကို ခိုးကြည့်နေရင်းမှ ရုတ်တရက်စကားဆိုလိုက်၏။
"ဝေ့ရှီ...ငါ ထွက်သွားတော့မယ်.."
ဝေ့ရှီက ချက်ချင်းဆိုသလို ခန္ဓာကိုယ်ကိုမတ်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး
"ဘယ်သွားမလို့လဲ.."
"မသိသေးဘူး..ဒီနေရာမှာ ဆက်ပြီး မနေချင်တော့လို့...'တုန်းပေ'(အရှေ့မြောက်)ဘက်ကို သွားရင်သွားဖြစ်မှာ..ငါ့မိဘတွေက အဲ့ဘက်ကလေ.."
ဝေ့ရှီက ဤမျှဝေးကွာလှနေသောနေရာသို့လည်း မသွားဖူးကာ ကြားဖူးနားဝရှိသည့်စကားလုံးများအရ မြောက်ပိုင်းဒေသသည်ကား အချိန်ပြည့်နှင်းဖုံးလွှမ်းနေသောအရပ်ဖြစ်၏။ချီမော့က 'မီးနီဒေသ'တွင် အကျင့်ဖြစ်နေသူဖြစ်ရာ ထိုကဲ့သို့အေးချမ်းသောဒေသမျိုးနှင့် ကျင့်သားရနိုင်လိမ့်မည်မဟုတ်။
"အဲ့ဘက်မှာ ဘာရှိလို့လဲ...နင် ဘာလုပ်ကိုင်စားသောက်ပြီး နေမှာလဲ"
" 'တောင်ဖြူရေနက် ပြောင်းပဲသီးနှံ'..ခြေလက်တွေရှိနေသ၍တော့ ငတ်ပြီးမသေပါဘူး.."
(တောင်ဖြူရေနက် ပြောင်းပဲသီးနှံ က စကားပုံပါ..ရေရှိမြေရှိရင် အပင်စိုက်လို့တယ်လို့ ဆိုလိုတာပါ)
"မဖြစ်မနေ သွားရမှာလား.."
ချီမော့က ရှုပ်ထွေးနေသည့်စိတ်အခြေအနေကိုထိန်းကာ ဝေ့ရှီ၏ပုခုံးပေါ် လက်တင်လိုက်ပြီး
"ဘာလဲ...မခွဲနိုင်ဘူးလား.."
ဝေ့ရှီက မျက်နှာကိုပင့်ကာ မကျေမနပ်ဖြစ်နေသည့်အလား
"ငါက မခွဲနိုင်ရုံလေးပဲ ဖြစ်မှာ..နင်က အဲ့ဘက်ပိုင်းမှာ သူငယ်ချင်းမရှိ ဘာမရှိ တစ်ယောက်ထဲနေရမှာနော်..ဒီနေရာမှာ နေရတာအဆင်မပြေပေမယ့်လည်း အနည်းဆုံးတော့ ငါတို့ အချင်းချင်းကူညီစောင့်ရှောက်ပေးလို့ရသေးတယ်လေ..နင် မသွားပါနဲ့..ဒီမှာပဲနေတော့လေနော်..မကောင်းလို့လား.."
ချီမော့၏ နှလုံးသားတစ်ချက်ခုန်သွားခဲ့၏။မျက်စိရှေ့တွင်မြင်နေရသည့် တလိမ့်ပြီးတလိမ့်တက်လာသောလှိုင်းလုံးများက လွန်ခဲ့သည့်သုံးနှစ်ကမြင်ခဲ့ရသော မျက်ဝန်းအတိုင်း ကြည်လင်နေကာ သစ်ရွက်စိမ်းပေါ်မှ နှင်းစက်ရည်လေးများက တစ်စက်ချင်းကျနေသည့်နှယ်။ချီမော့က စိတ်မထိန်းနိုင်တော့ဘဲ တိုးတိုးဖျဖျဆိုလာမိ၏။
"ဝေ့ရှီ...မင်းကို ဖက်ထားလို့ရမလား.."
ဝေ့ရှီက တစ်ခဏမျှကြောင်အမ်းသွားကာ ဘာကိုမှ မတုန့်ပြန်လိုက်ခင် ချီမော့က လက်ကိုဆန့်ထုတ်လာပြီး တင်းကြပ်နေအောင်ပွေ့ဖက်လာ၏။
ဝေ့ရှီက သူ၏ရင်ခွင်ထဲသို့ ရောက်နေသည်ဆိုသည့်အသိကြောင့် ချီမော့၏ အသက်ရှူသံများ မြန်ဆန်လာခဲ့၏။ဆံပင်နွယ်စတို့ဆီမှသင်းပျံလာသည့်ရနံ့က ရူဖေးဆီမှရသည့် ရနံ့နှင့် တထေရာထဲဖြစ်သည်။သူမ၏ နှုတ်ခမ်းပါးလေးက ပန်းရောင်ဖျော့ဖျော့အရောင်မျိုးလေးမှန်း သတိထားမိကာ ကလေးဘဝတုန်းကမြင်ဖူးသည့် ချယ်ရီပန်းအရောင်လေးအလား လေတစ်ချက်တိုက်ရုံလေးဖြင့် သစ်ကိုင်းခက်မှတဆင့် မြေပြင်ပေါ်မကျမှီ လရောင်လွှမ်းထားသည့်လေဟာပြင်အတွင်း ပျံဝဲနေကြသည့်နှင့် ဆင်တူလွန်းလှပါသည်။
တရိပ်ရိပ်တက်လာသော နှလုံးခုန်သံများကြား နောက်ဆုံးသောအချိန်ကလေးတွင် သူ့အား တစ်ကြိမ်တစ်ခါလေးသာ အခွင့်အရေးယူခွင့်ပေးပါရန် တောင်းဆိုချင်မိပါ၏။ တစ်ကြိမ်တစ်ခါတည်းသာ တောင်းဆိုနေခြင်းဖြစ်ပါ၏။ ဤတစ်ခါလမ်းခွဲပြီးလျှင် ပြန်မဆုံနိုင်တော့သည်မှာ သေချာသလောက်နီးပါးရှိနေပြီမဟုတ်လား။
"ချီမော့...နင် ဘာလုပ်နေတာလဲ.."
သူ၏ရည်ရွယ်ချက်ကို သတိထားမိသွားသည့်ဝေ့ရှီက ပိုးစုန်းကြူးတစ်ကောင်၏အလျင်မျိုးဖြင့်အလျင်အမြန် တွန်းထုတ်ကာ
"ချီမော့..လွှတ်...."
စွဲလမ်းဖွယ်ကောင်းအောင်လှသောလှိုင်းလုံးများက ကမ်းခြေကိုရိုက်ခတ်ကာ ပွင့်ချပ်လေးများက လေဟာပြင်ထဲ တလွင့်လွင့်။ချီမော့၏လက်ချောင်းများက သူမ၏မေးဖျားကို ဆုတ်ကိုင်ထားကာ စိတ်မရှည်သလို အလောကြီးသလိုဖြစ်နေသည့်အလား နှုတ်ခမ်းပါးကိုပါ ကိုက်ခဲလာ၏။နှုတ်ခမ်းပါးနှစ်ခုစလုံး ပိတ်ဆို့ခြင်းခံထားရသည့်တိုင် လက်နှစ်ဖက်ဖြင့် သူ၏ကျောပြင်ကို ရိုက်ထုပြီး အံ့သြတကြီးစိုက်ကြည့်နေသည့်မျက်ဝန်းများထဲတွင် ကြောက်လန့်စိတ်များပါ ရောနှောနေ၏။
အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိ နောက်ဆုံးမှ ချီမော့က လွှတ်ပေးလာ၏။ဝေ့ရှီက ချက်ချင်းအနောက်ကိုတိုးဆုတ်လိုက်ကာ ဝေ့နေသည့်မျက်ရည်စများက ကျလုနီးနီး။သူမအနေဖြင့် သူ့အား ဒီလောက်အထိယုံကြည်ထားရာ အဘယ်ကြောင့် လူကိုအနိုင်ကျင့်ရက်ပါသနည်း။
ချီမော့က စကားမဆိုလာတော့ဘဲ အဝေးတစ်နေရာဆီသို့သာ ငေးကြည့်နေလေ၏။နောက်ထပ် အနားသို့မကပ်ရဲ မထိတွေ့ရဲ။နောက်ဆုံးနှုတ်ဆက်ရတော့မည့်အချိန်ကလေးမှာမှ ရှေ့တစ်လှမ်းတိုးမိကာ မလုပ်သင့်သည့်အရာတစ်ခုကို လုပ်မိသွားခဲ့ခြင်း။
ဝေ့ရှီက မြို့ထဲသို့ ကိုယ်တိုင်ပြန်နိုင်ကြောင်းဆိုသော်လည်း ချီမော့က လက်မခံ။ဤနေရာ မြို့ထဲနှင့် အတော်လေးလှမ်းသည့်နေရာလည်းဖြစ်သည့်အပြင် မှောင်လည်းမှောင်နေပြီဖြစ်သည်။အဘယ်သို့များ တစ်ယောက်တည်းပြန်လွှတ်လိုက်ရန် စိတ်ချနိုင်ပါ့မည်နည်း။
မြို့အဝင်ထိ ရောက်ပြီးမှ ဝေ့ရှီအား ဆိုင်ကယ်ရပ်ပေးကာ ထိုမှတဆင့် တက္ကစီဖြင့် ပြန်လာခဲ့၏။ချီမော့က နေရာတွင်ရပ်ပြီး တက္ကစီကား၏ အနောက်မီး အနီရောင်နှစ်ခုက အမှောင်ရိပ်ထဲ တဖြည်းဖြည်းဝေးကွာသွားခဲ့ကာ ကားပင်လယ်ကြီးထဲမျောပါသွားသည်အထိ ရပ်ကြည့်နေခဲ့၏။
ဆိုင်ကယ် helmetကို ဆောင်းပြီးနောက် လမ်းမကြီး၏တစ်နေရာရှိ ရုပ်ရှင်ရုံထံမှ ကပ်ထားသည့်ပိုစတာတစ်ချပ်ဆီအကြည့်ရောက်သွားခဲ့၏။ရေးထားသည်က : မဖြေနိုင်သည့် အဆိပ်ဟူ၍မရှိ မဖြေနိုင်သည့် ချစ်ခြင်းသာရှိ၏။
မဖြေနိုင်သည့် အဆိပ်ဟူ၍မရှိ မဖြေနိုင်သည့် ချစ်ခြင်းသာရှိ၏...
နေရာတွင်သာရပ်နေရင်း အထက်ကောင်းကင်နတ်မင်းများဆီ တစ်ခဏကြာသည်အထိ ငေးမောကြည့်နေလိုက်ပါ၏။အချိန်တစ်ခုအတွင်း ထောင်ချီသောင်းချီအောင်တွေးနေမိသည်က နာကျင်နေသောနှလုံးသားကို မည်သို့မည်ပုံနှစ်သိမ့်ပေးရမည့်အကြောင်းပင် ဖြစ်၏။
>>>>>>>
ဝေ့ရှီ မြစ်ကမ်းဘေးဗီလာသို့ပြန်ရောက်သည့်အချိန်တွင် စာကြည့်ခန်းမှမီးလင်းနေသဖြင့် ရွမ်ရှောက်နန်ပြန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်၏။
ရှုပ်ထွေးသွားသည့်စိတ်ခံစားချက်နှင့်အမူအရာအားလုံးကိုထိန်းပြီး အိမ်ထဲဝင်လာသည်နှင့် အိမ်တော်ထိန်းက နှုတ်ဆက်လာခဲ့၏။
"မိန်းကလေးလု..ပြန်လာပြီလား.."
ဝေ့ရှီက သူ၏လက်ထဲတွင်ကိုင်ထားသည့်ပန်းကန်ပြားချပ်များကိုကြည့်ပြီး
"လူကြီးမင်းရွမ်က ညစာမစားဘူးလား"
"ဟုတ်တယ်ဗျာ..ပြန်ရောက်ကတည်းက စာကြည့်ခန်းထဲဝင်သွားတာ..ကျွန်တော်တို့လည်း ဝင်မခေါ်ရဲဘူး.."
ဝေ့ရှီခံစားမိလိုက်ပါ၏ ကောင်းသည့်ကိစ္စမဟုတ်မည်မှာသေချာသလောက်။သို့သော်လည်း ဘယ်လိုပင်အလုပ်များနေပါစေ ထမင်းတော့ စားရဦးမည်မဟုတ်လား။
"ဒီလိုလုပ်...မီးဖိုချောင်ထဲသွားပြီး ဆန်ပြုတ်တစ်ပွဲယူလာပေးပါလား..ကျွန်မသွားပြီး ပို့ပေးကြည့်မယ်လေ.."
စာကြည့်ခန်းတံခါးက ပိတ်မထားသော်လည်း ဝေ့ရှီက တံခါးဝတွင်သာရပ်ရင်း နှစ်ချက်ခေါက်လိုက်၏။
"လူကြီးမင်းရွမ်...ဆန်ပြုတ် အဆင်သင့်ဖြစ်ပါပြီ..အခု စားတော့မလားရှင့်.."
စာရွက်စာတမ်းတွေကိုသာ အာရုံစိုက်ထားသည့်သူက ခေါင်းမမော့လာဘဲ မျက်မှောင်ကျုံ့၍
"အဲ့နေရာမှာထားခဲ့ပြီး ထွက်သွားတော့.."
ဝေ့ရှီက အသံထွက်အောင်ရယ်လိုက်ပြီး တိုက်ရိုက်ဝင်လာခဲ့၏။
ရွမ်ရှောက်နန်က ခေါင်းမော့လာပြီး ဝေ့ရှီမှန်းသိသည်နှင့် ပြုံးလိုက်ကာ
"မင်းပါလား.."
"ငါ့အသံကိုတောင် မမှတ်မိနိုင်လောက်တဲ့အထိ အလုပ်များနေတာလား.."
ဝေ့ရှီက ပန်းကန်လုံးကို စားပွဲပေါ်သို့ တင်လိုက်ပြီး
"ဘယ်လောက်ပဲအလုပ်များများ နည်းနည်းတော့စားသင့်တယ်လေ.."
ရွမ်ရှောက်နန်က ထိုင်ခုံအနောက်သို့မှီလိုက်ပြီးနောက် နဖူးကိုလက်ချောင်းဖြင့် ပွတ်ချေကာ
"သူ လွတ်သွားတယ်.."
"ဘယ်သူလဲ?..'"
"လုရိန့်ရှီ"
ကြားလျှင်ကြားလိုက်ရခြင်း ဝေ့ရှီတစ်ကိုယ်လုံး တင်းခနဲဖြစ်သွားခဲ့၏။အချိန်တွေ အရမ်းကိုကြာခဲ့ပါသည့်တိုင် အနိုင်ကျင့်ခံရပြီး အကူအညီမဲ့နေသည့်ကောင်မလေး မဟုတ်တော့ပါသည့်တိုင် ထိုနာမည်ကို ရုတ်တရက်ကြားလိုက်ရသည့်အခိုက် အရသာခံသည့်လျှာဖျားထိပ် အထိအတွေ့ကိုခံစားသည့်လက်ချောင်းထိပ် စသည့်စသည့် ခံစားမှုတို့ကို သိရှိနိုင်သောနေရာတို့မှသည် နှလုံးသားအတွင်းဆုံးအထိ အမြစ်တွယ်နေခဲ့သော အကြောက်တရားများက ရုတ်ချည်းထကြွလာခဲ့၏။
"ငါ့ အစ်ကိုနှစ်?..သူ ဘာဖြစ်လို့လဲ.."
"သူ့နာမည်လက်အောက်ခံ ဆောက်လုပ်ရေးကုမ္ပဏီခွဲတစ်ခုရဲ့ အထက်မြင့်အဆောက်အဦးစီမံကိန်းအတွင်းမှာ လူသေသွားတာ...အဲ့ဒါကို အကောင့်အတုလုပ်ပြီး အစိုးရဘက်ကလူတွေကို လာဘ်ထိုးလိုက်တာ...အဲ့ကိစ္စကိုသက်သေအထောက်အထားတွေအားလုံး စုပြီး သေချာသလောက်ရှိတဲ့အချိန်ကြီးမှ ဟိုလူကသတင်းကြားပြီးထွက်ပြေးသွားတာ.."
ဝေ့ရှီ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှ မရှိ။ခေါင်းအသာအယာငြိမ့်ပြရင်း စားပွဲပေါ်တင်လိုက်သည့် ပန်းကန်လုံးကိုယူကာ ရွမ်ရှောက်နန်ရှေ့သို့ ကမ်းပေးလာ၏။
"သူက ဥာဏ်အရမ်းကောင်းလွန်းလို့ 'လုဇစ်ရွှိ' ရဲ့ဆက်ဆံသူစစ်စစ်လို့တောင် သတ်မှတ်လို့ရတယ်...ဒီတစ်ကြိမ် လွတ်သွားတယ်ဆိုပေမယ့်လည်း ပြဿနာကြီးက ပြေလည်တာမှမဟုတ်တာ..သူ့ရဲ့ လက်ရှိအခြေအနေက ခြေတစ်လှမ်းနောက်ဆုတ်ပြီး အရာရာကိုသတိထားနေရတဲ့သူဖြစ်သွားပြီလေ..နင်နဲ့ 'ရိထျန်း'ကိုလည်း ဘယ်လိုမှ ခြိမ်းခြောက်နိုင်တဲ့အနေအထားမှမဟုတ်တော့တာ ဘာတွေကို စိုးရိမ်နေသေးတာလဲ"
"ကိုယ်က သူ့ကို ထောင်ထဲအရောက်ပို့ချင်တာ!.."
ရွမ်ရှောက်နန်က ဆန်ပြုတ်တစ်ငုံသောက်လိုက်ပြီး ပန်းကန်လုံးကို ဘေးသို့ချထားလိုက်၏။
ဝေ့ရှီက သက်ပြင်းရေးရေးချပြီး
"ငါကလေ ငါ့အတွက်ကြောင့်နဲ့ နင့်ကို အခုလိုမျိုး ခွင့်မလွှတ်နိုင် လက်မလျော့နိုင်ဖြစ်မနေစေချင်ဘူး...ပြောရရင် ငါလည်း အဲ့ကိစ္စတွေကို မေ့ထားခဲ့ပြီးပြီ..အဲ့နေ့က နင့်ကို ဒေါသထွက်အောင်လုပ်ဖို့ တမင်သက်သက်ထုတ်ပြောလိုက်ရုံပါ..နင်အခုလိုမျိုးဖြစ်နေတာကိုကြည့်ပြီး တကယ်စိတ်မအေးနိုင်ဘူး.."
ရွမ်ရှောက်နန်က သူမအားဆွဲခေါ်ကာ ပေါင်ပေါ်တွင်ထိုင်စေလိုက်၍
"ဒါပေမယ့် ကိုယ်ကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး မနေပေးနိုင်ဘူး..မင်းကို ထိခိုက်အောင်လုပ်ထားတဲ့လူတွေကိုလည်း ဒီအတိုင်း ဘာအပြစ်မှမခံစားသလို လွှတ်မထားပေးနိုင်ဘူး...အရင်က မင်းဘယ်လိုဖြတ်သန်းလာခဲ့ရတာကို ကိုယ်မသိသေးတဲ့အချိန်တုန်းကတော့ ဒီအတိုင်းထားပေးရင် ထားပေးလိုက်နိုင်လိမ့်မယ်..အခု ကိုယ် အားလုံးကိုရှင်းရှင်းလင်းလင်းနေတဲ့အချိန်မျိုးမှာတော့ ဘာမှပြန်မလုပ်ပေးနိုင်ရင် မင်းအတွက်တရားပါ့မလား.."
ဝေ့ရှီက သက်ပြင်းချချင်သည့်စိတ်ကိုထိန်းရင်း သူ၏လည်တိုင်တစ်ဝိုက်ပွေ့ဖက်လိုက်ကာ
"ငါက နင့်ကိုယ်နင်ပြန်ပြီး ထိခိုက်အောင်လုပ်မိမှာကို ကြောက်လို့ပါ...နင့်ရဲ့ လက်စားချေမယ့်နည်းလမ်းတွေကြားမှာ နှစ်မွှန်းပြီး ကိုယ့်ကိုကိုယ်ပါ ဆွဲချသွားသလိုမျိုး ဖြစ်မှာစိုးရိမ်လို့ပါ...နင်တို့ရဲ့ အသိုင်းအဝန်းထဲမှာ ပြိုင်ဖက်ကိုအလဲထိုးမယ်ဆိုရင် နည်းလမ်းကောင်းတွေ အစီအစဥ်ကောင်းတွေ မဖြစ်မနေလိုအပ်ပြီးပြင်ဆင်ထားရမယ်မှန်း ငါနားလည်ပါတယ်...ဒါပေမယ့် လုမိသားစုကိုကြည့်ပြီး သင်ခန်းစာယူကြည့်လို့ရတယ်လေ..ဖြတ်လမ်းနည်းတွေနဲ့ ဘယ်လိုပဲ အရာအားလုံးကိုဆုတ်ကိုင်ဖို့ကြိုးစားပါစေ လက်ဝယ်ပိုင်ဆိုင်ထားပါစေ...အဲ့အရာတွေက ကြာကြာခံတာမှမဟုတ်တာ...ရိုးရိုးသားသားလုပ်တာကမှ အခြေခိုင်တာလေ.."
ရွမ်ရှောက်နန်၏ အနည်းငယ်ပြေလျော့သွားသည့်အမူအရာကိုမြင်လိုက်သဖြင့် ဝေ့ရှီက ဆန်ပြုတ်ပန်းကန်ကိုကောက်ယူကာ ဇွန်းတစ်ခပ်စာကို သူ၏နှုတ်ခမ်းပါးဆီသို့ ကပ်ပေး၍
"ရှယ်ယာစျေးကွက်ထဲ ပြောနေကျဆိုရိုးတစ်ခုက အခြေအနေနဲ့ဆိုရင် အတော်လေးလိုက်ဖက်သလားလို့.."
ရွမ်ရှောက်နန်က ပါးစပ်ဟကာ လိမ်မာလွန်းသည့်ကလေးတစ်ယောက်လို ဆန်ပြုတ်တစ်ငုံသောက်လိုက်ပြီး
"ဘာဆိုရိုးလဲ.."
ဝေ့ရှီက ရယ်မောလိုက်ကာ ရွမ်ရှောက်နန်၏နှာခေါင်းထိပ်ကို ခပ်ဖွဖွထိလိုက်ပြီး
"အတင်းလုယူထားတဲ့အရာတွေအားလုံး အဆုံးကျရင် ပြန်ပေးရမှာတဲ့.."
ရယ်မောသံနှင့်အတူ မျက်ခုံးနှစ်ခုကြားရှိ အတွန့်အကွေးများကလည်း တစ်ခဏအတွင်းပျောက်ကွယ်သွားလေ၏။သူမ၏လက်မောင်းတဝိုက်ကို ပွေ့ဖက်လိုက်ပြီး
"တအားတွေ စကားတတ်နေတာပေါ့...ဒီနှုတ်ခမ်းလေးနှစ်ခုက မသိရင် စီးပွားရေးအကြံပေးဆရာမကြီးလိုပဲ..နောက်ဆိုရင် ကိုယ်မဖြေရှင်းနိုင်တော့တဲ့ ဆွေးနွေးစရာကိစ္စတွေရှိတိုင်း မင်းကိုခေါ်သွားမှထင်တယ်..ကိုယ်က မင်းလောက်မပြောတတ်ဘူးလေ.."
ဝေ့ရှီက သဘောတကျပြုံးလိုက်ပြီး
"ဒီအဓိပ္ပါယ်က ငါပြောတဲ့စကားက မှန်တယ်လို့ ထောက်ခံလိုက်တာမလား..ဒါဆို လူကြီးမင်းရွမ်က အလုပ်တွေခဏချထားပြီး ဆန်ပြုတ်အရင်သောက်လို့ ရပြီမလား.."
ရွမ်ရှောက်နန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး
"ကိုယ်က ဒီကိစ္စတစ်ခုတည်းကြောင့် စိတ်ဆိုးနေတာမဟုတ်ဘူး..'ရိထျန်း' ဘဏ်လုပ်ငန်းရဲ့ ကုမ္ပဏီနှစ်ခုစပ်တူပေါင်းလုပ်တဲ့ပရောဂျက်တစ်ခုမှာပြဿနာဖြစ်နေတာ..ဝမ်တုန်းရန် ကိုယ်တိုင်ကသတိမထားမိဘဲ အချက်အလက်တစ်ချို့ပျောက်ပြီးသတင်းပေါက်ကြားသွားခဲ့တာကွာ..အခု စပ်တူကုမ္ပဏီဘက်က 'ရိထျန်း'ကို တရားစွဲဖို့ပြင်ဆင်နေပြီ...ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို စဥ်းစားနေတာ.."
"ဒီလောက်ထိ အရေးပေါ်ဖြစ်သွားတာလား..ဘယ်လိုဆက်လုပ်မှာလဲ"
"တရားရုံးက ဆင့်ခေါ်လာရင် မီဒီယာတွေဆီလည်း ပြန့်သွားမှာ..အဲ့လိုဆို ကုမ္ပဏီရဲ့နာမည်ကို တော်တော်ကြီးထိခိုက်လာနိုင်မှာလေ...ကိုယ်က သိုသိုသိပ်သိပ်နှစ်ဦးကြားညှိပြီး ပိုက်ဆံအဆုံးခံလိုက်တော့မလားလို့"
"ဘယ်လောက်တောင် လျော်ပေးရမှာလဲ"
"အရမ်း အများကြီးမဟုတ်ပါဘူး.. 3 , 4 millions လောက်ပေါ့.."
ဝေ့ရှီက 'အွန်' ဆိုသည့်သံရှည်တစ်ချက်ကိုသာ ပြုလိုက်၏။ပိုက်ဆံ အရှုံးခံရမည့်ကိစ္စက အရေးမဟုတ် 'ရိထျန်း'လုပ်ငန်းစုနာမည်မပျက်ရန်သာ ပိုအရေးကြီး၏။
"ဒါဆို ဝမ်တုန်းရန်ကိုရော..ဘယ်လို ကိုင်တွယ်မှာလဲ.."
"ကိုယ် စစ်ဆေးကြည့်ပြီးသွားပြီ...ရည်ရွယ်ချက်ရှိရှိနဲ့ 'ရိထျန်း'ကို ပြဿနာတက်အောင်လုပ်တာမျိုးမဟုတ်ပေမယ့် ဒီလောက်ကြီးကြီးမားမားကိစ္စမျိုးကိုတောင် ဂရုမစိုက်နိုင်တဲ့လူမျိုးကို ကိုယ့်နားမှာ စိတ်ချလက်ချဆက်မထားနိုင်ဘူး...သေချာပေါက် အလုပ်ထုတ်ပစ်ရမှာ.."
ရွမ်ရှောက်နန်က ဝေ့ရှီ၏အတွေးများနေသည့်မျက်နှာကို လှမ်းကြည့်ပြီး
"ဘာဖြစ်လို့လဲ..ကိုယ် ဒီလိုဆုံးဖြတ်တာကို သဘောမကျလို့လား"
"သူ့ပုံစံက ဒီလိုမျိုးဂရုမစိုက်အလေးမထားတတ်တဲ့သူမျိုး မဟုတ်လောက်ပါဘူး..ဒီကြားထဲ သူ့မှာပြသာနာတစ်ခုခုရှိနေတာမျိုးမလို့ နေမှာပါ..နင်ကသာ သူ့ကို အလုပ်ဖြုတ်လိုက်မယ်ဆိုရင် ဒီသတင်းကလည်း ကုမ္ပဏီတွေကြားထဲ ချက်ချင်းပျံ့သွားမှာလေ..အဲ့လိုဆို သူ့ကို ဘယ်ကုမ္ပဏီကမှ အလုပ်ခန့်မှာမဟုတ်တော့ဘူး...ဖြစ်နိုင်ရင် သူ့ကို အခွင့်အရေးတစ်ခေါက်လောက်ထပ်ပေးလိုက်ပါလား..သူလည်း နင့်ကို ကျေးဇူးတွေအများကြီးတင်နေမှာပါ.."
ရွမ်ရှောက်နန်က ခပ်ရေးရေးပြုံးလိုက်ပြီး
"မင်းရဲ့စိတ်က အရမ်းကိုနူးညံ့လွန်းတယ်...ကိုယ်က အချို့သောအမှားတွေက မမှားသင့်တဲ့အရာတွေမှန်း သူ့ကို သိသွားစေချင်တာ.."
"နင် အပြစ်တစ်ခုခုပေးလိုက်ရင်ကို ရပါပြီ..သူ့လိုမျိုး အလိုက်သိပြီးဥာဏ်ကောင်းတဲ့သူက အမှားတွေကို ထပ်ခါထပ်ခါ လုပ်မှာမဟုတ်ဘူးလေ..ပြီးတော့ သူက နင့်ရဲ့ လက်အောက်ငယ်သားဆိုလည်းဟုတ်တယ် နင့်ဘက်ကလူဆိုလည်းဟုတ်တယ်...ရန်သူတွေမှမဟုတ်တာ..ရန်သူမလို့ ပြိုင်ဖက်မလို့ သက်ညှာမပေးတာကကိစ္စမရှိပေမယ့် ကိုယ့်လက်အောက်ငယ်သားက ကိုယ့်အတွက် တိုက်ပွဲဝင်နေတဲ့သူမလို့ ကိုယ့်ဘက်ကပိုပြီး သက်ညှာပေးသင့်တာပေါ့...သူတို့ဘက်ကတောင် နင့်ကိုနားလည်ပေးလို့ ကျေးဇူးတင်ကြပြီး နောက်ဆို ပိုတောင် တော်လာကြဦးမှာ...လူတွေရဲ့စိတ်နှလုံးသားက မှော်ဆန်တဲ့အရာလိုမျိုးပဲ ပိုက်ဆံတွေရွှေငွေရတနာတွေတောင် ယှဥ်လို့မရနိုင်တာမျိုးပေါ့...နင့်ဘက်ကကြည့်ရင် ဒီပြဿနာက အကောင်းထဲကအဆိုးတစ်ခုလိုပဲ သူ့ဘက်ကနေကြည့်ရင်တော့ တစ်သက်လုံးအတွက် ကံကောင်းမှုတစ်ခုတောင် ဖြစ်ချင်ဖြစ်နေမှာ..ကုမ္ပဏီကြီးရှိနေမှတော့ ပိုက်ဆံရှုံးတာတွေက ရှိနေမှာပဲ..အခုနေ အင်တာနက်ဖွင့်ပြီး လက်ချောင်းကလေး ခဏလောက်ကစားလိုက်ရင် နောက်ကျ ပိုက်ဆံတွေ ပိုပြီးတောင်ဝင်ရင် ဝင်လာမှာလေ..မဟုတ်ဘူးလား.."
ရွမ်ရှောက်နန်က ဝေ့ရှီအား ခေါင်းအစခြေအဆုံး အပြန်ပြန်အလှန်လှန်ကြည့်နေကာ တစ်ဖက်လူနေရခက်လာသည့်အချိန်မှ
"ဝေ့ရှီ...ကိုယ်စဥ်းစားကြည့်နေတာ..တကယ်လို့ မင်းသာ လုအိမ်တော်ကနေ မထွက်လာခဲ့ရင် အခုချိန်မှာ မင်းက ကိုယ်အကြောက်ရဆုံးပြိုင်ဖက် ဖြစ်နေလောက်တယ်.."
ဝေ့ရှီက သူ၏စကားလုံးတို့ကို ရယ်စရာတစ်ခုအဖြစ်သတ်မှတ်ပြီး
"နင့်ရဲ့ရန်သူလား?..ဒါဆို ငါက သေစရာမြေနေရာတောင်မရှိဘဲ သေရမှာပေါ့?..ငါ နင့်ရဲ့ရန်သူမဖြစ်ချင်ပါဘူးနော်.."
ပြောနေရင်း မတ်တပ်ထရပ်လိုက်သဖြင့် ရွမ်ရှောက်နန်က ပြန်ဆွဲခေါ်လိုက်ကာ
"တကယ်လို့ မင်းက ကိုယ့်ရဲ့ရန်သူဖြစ်နေခဲ့ရင်လည်း ကိုယ်ကတော့ မင်းကို မသေခိုင်းရက်ပါဘူး.."
"ဒါဆို နင်က ဘယ်လိုဖြစ်စေချင်တာလဲ"
ဝေ့ရှီက သူ၏ရင်ခွင်ထဲခေါင်းမှီထားကာ ခေါင်းမော့ကြည့်ရင်းမေးလာ၏။
"ကိုယ်...."
သူမ၏နားရွက်ဖျားဆီသို့ အသက်ရှူငွေ့အေးအေးများကို မှုတ်ထုတ်ပြီး အသံကိုသိသိသာသာစိတ်ဝင်စားအောင် ပြောင်းလဲလိုက်ကာ ပြောမည့်အရေးကို အချိန်ဆွဲပြီးမှ
"မင်းကို အသက်ရှင်ခွင့်ပေးဖို့တောင်းဆိုနေလည်း ကောင်းကောင်းအသက်မရှင်နေရအောင်..သေချင်ပါတယ်လို့ တောင်းဆိုနေလည်း သေခွင့်မရှိအောင် လုပ်ထားမှာ.."
ရုတ်တရက် သူမ၏ခါးကို ထိတွေ့ပြီး ပြင်းပြင်းပျပျကိုကလိထိုးလာ၍
"ကြောက်ပြီလား...ကြောက်ပြီလား..ဟမ်.."
"ဟား...ကြောက်တယ်...ကြောက်တယ်လို့.."
ရွမ်ရှောက်နန်က ရုတ်တရက်ကလိထိုးလာလိမ့်မည်ဟု မထင်ထားခဲ့ခြင်းလည်းဖြစ်ရာ မပြင်မဆင်ထားသည့်အခြေအနေတွင် အသံထွက်အောင် တဝါးဝါးအော်ရယ်ပစ်ကာ မျက်ရည်များပါစို့လာတော့၏။
နှစ်ဦးသား ကျီစားရယ်မောနေကြသည်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလုနီးနီးဖြစ်သွားသည့်အတွက် ဝေ့ရှီက သူ၏လည်တိုင်ကို သိုင်းဖက်လိုက်၏။နီရဲနေသည့်ပါးနှစ်ဖက် ရယ်မောလွန်းသောမျက်ရည်များစို့နေသည့် အနက်ရောင်မျက်ဝန်းများက ရေကန်ငယ်ထဲတွင် ထင်ဟပ်နေသည့်လရိပ်လေးနှယ် တိမ်တိုက်နှင့်လမင်းကြီး၏အရိပ်တို့ ရောင်ပြန်ဟပ်နေပြီး လေတစ်ချက်အဝှေ့တွင် ကန်ငယ်လေးထဲရှိ လုံးဝန်းသောလရောင်ရိပ်လေး မသိမသာလေးတုန်ယင်သွားသည်က လူတစ်ယောက်၏ နှလုံးသားကိုအလှပဆုံးဖြစ်အောင် ပြုစားလိုက်သလိုမျိုး။
ရွမ်ရှောက်နန်က သူမအား မနေနိုင်အောင်နမ်းရှိုက်လာမိရာ စက္ကန့်ကိုင်းအတွင်း၌ပင် အနမ်းများရပ်တန့်သွားခဲ့၏။
"ဘာဖြစ်လို့လဲ.."
ဝေ့ရှီက သူ့အား အထူးအဆန်းဖြစ်သလိုမေးလာခဲ့၏။
သူ၏လက်မက ဝေ့ရှီ၏နှုတ်ခမ်းပါးပေါ်ပွတ်သပ်လေရာ သေးငယ်လှသောကိုက်ရာတစ်ခုကို ခံစားမိလိုက်၏။ထိုကိုက်ခဲရာတစ်ခုက သေးငယ်လွန်းကာ အနီးကပ်ကြည့်နေပါသည့်တိုင် သတိမထားမိနိုင်သည်အထိ။အချိန်တစ်ခုကြာသည်အထိ ဝေ့ရှီအား အသေးစိတ်ကြည့်နေပြီး
"ဒီနေ့ နေ့လည် ဘယ်သွားနေတာလဲ"
နှလုံးသားစည်းချက်က လွဲချော်သွားသည့်အတိုင်း ဝေ့ရှီတစ်ယောက် တင်းခနဲဖြစ်သွားကာ တုန့်ပြန်ရန် အချိန်စက္ကန့်ပိုင်းမျှယူလိုက်ရ၏။
"နေ့လည်ကလား...ရူဖေးဆီသွားတာလေ..ဘာဖြစ်လို့လဲ.."
"ဟုတ်..လား.."
ခပ်ရေးရေးသာကျန်တော့သည့်အပြုံးက တဖြည်းဖြည်းမှိန်ကျလာကာ ထောင့်စွန်းတွင်သာ ကွေးမယောင်လေး ကျန်နေခဲ့၏။ထိုစကားလုံးနှစ်ခုကို သိသိသာသာပင် အသံရှည်ဆွဲပြောပြီးမှ
"သူရော အခုတလော ဘယ်လိုလဲ.."
"ဒီလိုပါပဲ..." ဝေ့ရှီ၏အသံက ငြိမ်ကျသွားခဲ့၏။
သူ၏မျက်နှာပေါ်ရှိ ဖမ်းဆုတ်ယူဆလိုက်ရန်ခက်ခဲလှသောအမူအရာများကြောင့် ဝေ့ရှီအဖို့ ပိုပြီးရင်တုန်ပန်းတုန်ဖြစ်လာရ၏။သူမ၏ဘဝပေးကုသိုလ်ကံက လိမ်ညာဖို့ရာမွေးဖွားပေးလာခြင်းမဟုတ်သည့်အလား ဤနေရာမျိုးတွင် မကျွမ်းကျင် ထို့အပြင် သူ၏အရှေ့တွင်ဖြစ်နေခဲ့ရာ ပို၍ပင်လိမ်ညာဖို့ရန် ခက်ခဲနေလေ၏။သူ၏မျက်ဝန်းများအောက်တွင် နှလုံးခုန်သံက မြန်ဆန်လာလေ အကြည့်များကို မရှောင်ဖယ်ရဲလေဖြစ်ကာ မျက်နှာက ပို၍ပူလာသည့်ခံစားချက်ကြီးနှင့်အတူ ပေါက်ကွဲထွက်လာမတတ်ပင်။
"ဒါဆိုလည်း ပြီးတာပါပဲ.."
အရာအားလုံးပုံမှန်ပြန်ဖြစ်သွားသလို သူ၏အမူအရာအားလုံးကလည်း လေးနက်ပြီးတည်ငြိမ်သည့်အနေအထားသို့ ပြန်ရောက်သွား၏။
"ဆန်ပြုတ်က အေးနေပြီ...ပြန်သွားပြီး နွှေးလာပေးမယ်နော်.."
ဝေ့ရှီက မတ်တပ်ရပ်လိုက်ပြီးနောက် ပန်းကန်လုံးကို ကောက်ယူလိုက်၏။ခံစားမိလိုက်သည်က ထိုပန်းကန်လုံးကို ကိုင်ထားသည့်လက်ချောင်းတို့က အတုန်တုန်အယင်ယင်။
"မလိုတော့ဘူး..ကိုယ် စားချင်စိတ်လည်းမရှိလို့...ဒီနေ့ ညနက်တဲ့အထိအလုပ်လုပ်ရလောက်တယ်..ကိုယ့်ကိုမစောင့်ဘဲ အိပ်နှင့်တော့နော်.."
စကားပြောပြီးသည်နှင့် သူ၏စာရင်းဇယားများဆီသို့ အာရုံပြန်ရောက်သွားကာ ပုံစံက မိုင်ပေါင်းသောင်းချီဝေးကွာနေသည့် လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသည့်အလား။
ဝေ့ရှီက တံခါးဝဆီသို့ရောက်သည့်အချိန်တွင် တစ်ချက်ပြန်လှည့်ကြည့်လိုက်၏။သူ၏ မျက်နှာက စာကြည့်မီးရောင်၏အရိပ်အောက်တွင် နစ်ဝင်နေသည့်တိုင် မေးရိုးအကျအနများက သိသိသာသာထင်းနေပါသေးသည်။အနောက်ခံမြင်ကွင်းကြောင့်လည်းဖြစ်နိုင်ကာ မျက်ခုံးများက ခါတိုင်းနေ့များထက် ပိုတွန့်နေသယောင်ယောင်။
စာကြည့်ခန်းမှ တိတ်တိတ်ဆိတ်ဆိတ်ထွက်လာခဲ့ပြီး အိပ်ခန်းဆီသို့ ပြန်လာခဲ့၏။ခန္ဓာကိုယ်တစ်ခုလုံးကို ရွမ်ရှောက်နန်၏မွေ့ရာထက်သို့ ပစ်လှဲချပစ်လိုက်ပြီး မျက်နှာကျက်ကိုကြည့်နေရင်းက ဖော်ပြရနက်နဲသောသူ၏နှလုံးသားအတွင်းမှအစိုင်အခဲများကို မြင်ယောင်လာမိ၏။
ယခုလေးတွင်ဖြစ်သွားသည့်ကိစ္စကို တွေးကြည့်ရင်း ဝေ့ရှီက နှုတ်ခမ်းပါးကို လက်ဖြင့်ထိတွေ့ကြည့်လိုက်၏။ရွမ်ရှောက်နန်က တစ်ခုခုကိုသတိထားမိသွားမှန်း ရပ်မိပါ၏။ထို့အပြင် ယခုလို မပြောမဆိုနှင့် လူကိုကြောက်လန့်တကြားဖြစ်နေရအောင် တည်ငြိမ်သွားပြန်၏။ပြောခဲ့ဖူးသည်မဟုတ်လား ထိုလူက အခြားသူများ သူ့အပေါ် လိမ်ညာနေခြင်းကို အမုန်းဆုံးဟူ၍။ သူမက သူအမုန်းဆုံးကိစ္စကိုလုပ်ခဲ့ခြင်းဖြစ်သဖြင့် ရွမ်ရှောက်နန် ဒေါသထွက်နေမည်မှာ အဆန်းမဟုတ်တော့ပေ။
သို့သော်လည်း သူမအနေဖြင့် ဘယ်လိုနည်းဖြင့် ပါးစပ်မှ ပြောထွက်လာနိုင်ပါ့မည်နည်း။သူ၏ ထစ်ခနဲရှိစိတ်တိုပြီးသည်းမခံပေးနိုင်သည့်အကျင့်ကို သူမ မသိတာလည်းမဟုတ်သဖြင့် မပြောပြရဲ။သို့သော် သူမ၏တွေဝေပြီး သိုသိုဝှက်ဝှက်လုပ်နေသည့်ပုံစံက သစ္စာဖောက်နေသည့်သူနှင့် တူကောင်းတူပါလိမ့်မည်။
ဝေ့ရှီက သက်ပြင်းချကာ စောင်ခြုံလိုက်ပြီး နောက်ထပ်မစဥ်းစားချင်တော့သဖြင့် မျက်ဝန်းကိုပိတ်ချလိုက်၏။မထင်မှတ်ထားစွာဖြင့် ရွှေရောင်တောက်နေသည့်အလင်းရောင်များကြားမှ မျက်နှာတစ်ခုကို ရုတ်ချည်းသတိရလာခဲ့၏။
ညနေခင်းတွင်ဖြစ်သွားသည့်အကြောင်းကိုပြန်တွေးမိလာ၏။
ချီမော့၏ပွေ့ဖက်မှုများထဲတွင် ဆယ်ကျော်သက်အရွယ်၌ရွမ်ရှောက်နန်ဆီမှ ရရှိခဲ့သော ဖြူစင်ခြင်းအငွေ့အသက်များနှင့်ထပ်တူညီခြင်းများကို ခံစားမိလိုက်ပါ၏။ငြိမ်သက်နေသောနွေးထွေးမှု ပြတ်သားလွန်းသည့်နှလုံးခုန်သံ တင်းကြပ်နေအောင်ပွေ့ဖက်ထားမှုတို့က အချိန်တို့နောက်ပြန်ရစ်သွားခဲ့လို အတိတ်မှခံစားချက်များဆီသို့ သယ်ဆောင်ပေးသွားခဲ့ကာ ထိုရင်ဖိုစေခဲ့သည့်အနမ်းတစ်ခုတည်းကသာ သူမအား ကြောက်လန့်သွားစေခဲ့ခြင်းဖြစ်ပါ၏။
ရင်းနှီးခဲ့သောနှစ်များအတွင်း ချီမော့က ဘယ်သောအခါကမှ ယခုလိုမဆက်ဆံခဲ့ဖူးပေ။တစ်ခါတလေ စနောက်တတ်သော်လည်း အမြဲတမ်း အခြေအနေတစ်ခုတွင် ရပ်သွားစမြဲ။သူမကို ကောက်းကောင်းမွန်မွန်ဆက်ဆံပေးခြင်းကလည်း ရုဖေး၏မျက်နှာကြောင့်ဟုသာ ယူဆထားခဲ့ခြင်းဖြစ်ပြီး မဟုတ်လျှင်လည်း အားနည်းသူတစ်ယောက်ကို ကူညီပေးနေရုံသက်သက်ဟူ၍။
မဟုတ်မှလွဲ သူမ တွေးထားတာက မှားနေခဲ့လို့လား။
******************
~~Zawgyi~~
အသက္ကို ႏုတ္ယူသြားေစနိုင္ေလာက္ေသာ မုသားစကား (Part )
႐ြမ္ေရွာက္နန္ ထြက္သြားခဲ့သည္ႏွင့္ တၿပိဳင္နက္ ေဝ့ရွီ၏စိတ္ထဲ ကေျပာင္းကျပန္ခံစားခ်က္မ်ား ေပၚလာခဲ့၏။တစ္ဝက္က သူ႕အတြက္ စိုးရိမ္ေပးေနျခင္းဟုဆိုလွ်င္ အျခားတစ္ဝက္သည္ကား မည္သည့္အတြက္ အလိုမက်ျဖစ္ေနရမွန္း ကိုယ့္ကိုကိုယ္ မသဲကြဲမေဖာ္ျပနိုင္ျဖစ္ေန၏။
႐ုတ္တရက္အေျခအေနေၾကာင့္ မည္သည့္ေနရာသို႔ဆက္သြားရမည္ကိုပင္ မစဥ္းစားမိေတာ့ကာ အလ်င္းသင့္ရာ ေရာက္ရွိေနသည့္လမ္းမႀကီးေဘး၌သာ ဟိုေငးဒီေငး လမ္းေလွ်ာက္ေနေလ၏။ယေန႕၏ ေကာင္းကင္က အျပာႏုေရာင္သမ္းကာ အျဖဴေရာင္တိမ္တိုက္ပါးပါးေလးလည္း ရွိေနေသး၏။
ျမင့္မားေသာေကာင္းကင္ထက္ရွိ တိမ္တိုက္မ်ားက ေနေရာင္ေၾကာင့္ မသိမသာေလး ေတာက္ပေနကာ ေတာင္ပိုင္းမွတိုက္ခတ္လာသည့္ေဆာင္းရာသီေလညွင္းထဲတြင္ ေနေရာင္၏ႏြေးေထြးမႈေလးေရာပါေနသျဖင့္ ယခုရာသီက လည္ပတ္၍အေကာင္းဆုံးအခ်ိန္ဟု ဆိုရမည္။
ေဝ့ရွီက ေရာက္တတ္ရာရာလမ္းအခ်ိဳးတိုင္းသာ ဦးတည္ရာမဲ့ေလွ်ာက္ေနခဲ့ရင္း ႐ုတ္တရက္ အေဝးမွေျပးလာသည့္ အင္ဂ်င္သံတစ္ခုကို က်ယ္က်ယ္ေလာင္ေလာင္ၾကားလိုက္ရ၏။ထို႔ေနာက္ ေမာ္ေတာ္ဆိုင္ကယ္က အရွိန္ျဖင့္ေျပးဝင္ကာ ရွဲခနဲျမည္သည့္ ဘရိတ္ေဆာင့္နင္းလိုက္သံႏွင့္အတူ ေဝ့ရွီ၏ေျခေခ်ာင္းေလးမ်ားႏွင့္ ဘယ္ေလာက္မွမလိုေတာ့ေသာစင္တီမီတာအကြာအေဝးတစ္ခုတြင္ ထိုးရပ္သြားေလ၏။ျဖစ္စဥ္တစ္ခုလုံးက ေလးငါးစကၠန့္မွ်သာၾကာလိုက္သျဖင့္ ေဝ့ရွီတစ္ေယာက္ ေၾကာင္အမ္းၿပီးရပ္ေန႐ုံသာ တတ္နိုင္ခဲ့၏။
ဆိုင္ကယ္ေပၚမွသူက helmet ကိုခြၽတ္ၿပီး ခန့္ညားေသာမ်က္ႏွာသြင္ျပင္ကို ေနေရာင္ေအာက္သို႔ လွစ္ဟာျပလာ၏။
ေဝ့ရွီက သံသယဝင္ေနသည့္အလား ေစာင္းၾကည့္ၿပီး
"ငါ ဘာလို႔ လမ္းေပၚမွာ ေရာက္တတ္ရာရာေလွ်ာက္သြားတဲ့အခ်ိန္တိုင္း နင္နဲ႕ပဲ လာေတြ႕ေနရတာပါလိမ့္."
"မင္း မသိလို႔..ငါဆိုတဲ့လူဆီမွာ ဝါသနာတစ္မ်ိဳးရွိတယ္...ေလွ်ာက္သြားေနတတ္တဲ့ ေခြးေပါက္ေလးေတြ ေၾကာင္ေပါက္ေလးေတြကို သေဘာက်ရင္က်သလို ေကာက္ယူသြားတတ္တာေလ"
ခ်ီေမာ့က သြားျဖဴျဖဴေလးမ်ားေပၚေအာင္ ၿပဳံးျပ၏။ေနေရာင္ေအာက္ ေမာ္ေတာ္ဆိုင္ကယ္ေပၚတြင္ထိုင္ၿပီး ဂ်ဳံလိုျဖဴေဖြးေနသည့္အသားအေရႏွင့္ခန့္ညားသည့္မ်က္ႏွာတို႔ပါ ေပါင္းလိုက္လွ်င္ ေၾကျငာဆိုင္းဘုတ္မ်ားေပၚက ေမာ္ဒယ္အလားပင္ ထင္ရေလာက္မည္။
"တိရိစ္ဆာန္ေတြကို ခ်စ္လည္းမခ်စ္တတ္ဘဲနဲ႕ ေကာက္သြားၿပီး ဘာလုပ္တာလဲ"
"ေကာက္သြားၿပီး ခ်က္စားတာေလ..အရသာရွိမွရွိ.."
ေဝ့ရွီက ေအာင့္သက္သက္ ရယ္ျပလိုက္ရေလ၏။
"ဘာလုပ္ေနတာလဲ.." ခ်ီေမာ့ကေမး၏။
ေဝ့ရွီက ပုခုံးႏွစ္ဖက္ကို တစ္ခ်က္ပင့္လိုက္ၿပီး
"ဘယ္မွသြားစရာမရွိလို႔ ဒီအတိုင္း ေလွ်ာက္သြားေနတာ.."
ခ်ီေမာ့က helmet ေနာက္တစ္လုံးထုတ္ကာ ေဝ့ရွီဆီသို႔ပစ္ေပးလိုက္၍
"ဒါဆိုအေတာ္ပဲ..သြားစို႔..ငါ မင္းကို ေလညွင္းခံဖို႔ ေခၚသြားေပးမယ္.."
>>>>>>>
ခ်ီေမာ့က ေနေရာင္ထိုးေနသည့္ပင္လယ္ကမ္းစပ္နားတြင္ ဆိုင္ကယ္ကိုရပ္လိုက္၏။ဤေနရာက ပင္လယ္ကမ္းစပ္ၿမိဳ႕တစ္ခုလုံးရွိ အလွဆုံးေသာေနရာဆိုလည္း မမွား။
ႏွင္းပြင့္မ်ားႏွင့္ဆင္တူလြန္းလွသည့္ အျဖဴေဖ်ာ့ေဖ်ာ့သဲေသာင္ျပင္၊ ျမစိမ္းေရာင္ ပင္လယ္ႏွင့္ကုန္းေျမထိစပ္ရာအနားသတ္မ်ား၊ ေနေရာင္ေၾကာင့္ တလက္လက္ထေနေသာ ပင္လယ္လွိုင္းလုံးတို႔က မဂၢဇင္းဓါတ္ပုံမ်ားအတြင္းမွ ခုန္ထြက္ဘာသည့္အတိုင္းပင္။
ႏွစ္ဦးသား ေ႐ႊဝါေရာင္ကမ္းေျခစပ္တြင္ထိုင္လ်က္ ပုခုံးသားခ်င္းထိစပ္ကာ ကိုယ္စီ အမွီသဟဲျပဳရင္း မေဝးေသာေနရာမွ ပင္လယ္ႀကီး၏ေတးသီသံကို နားေထာင္ေနၾက၏။
ယခုလိုပတ္ဝန္းက်င္ ယခုလိုရႈခင္း ယခုလိုေနေရာင္ႏြေးႏြေးေအာက္တြင္ ရွိေနရသည္က မည္သည့္စကားကိုမွမဆို ၿငိမ္သက္၍ထိုင္ေန႐ုံေလးႏွင့္ပင္ ပန္းခ်ီကားတစ္ခ်ပ္လို ကဗ်ာတစ္ပုဒ္လို အရာအားလုံး ၿပီးျပည့္စုံၿပီးျဖစ္ပါ၏။
လွိုင္းလုံးမ်ားက ကမ္းစပ္ကို ရိုက္ခတ္လာသည့္ က်ီစယ္သံမ်ားၾကားတြင္ ႐ုတ္တရက္ ခ်ီေမာ့က ေဘးနားတြင္ထိုင္ေနသည့္သူအား စိုက္ၾကည့္လာခဲ့ကာ
"ေဝ့ရွီ..မင္းေပ်ာ္လား.."
ေဝ့ရွီက ခပ္ေရးေရးၿပဳံးလိုက္ရင္း
"ငါ အရမ္းကိုေပ်ာ္ေနတာ..ဒါေပမယ့္..ငါ ေၾကာက္လည္းေၾကာက္ေနတယ္.."
ခ်ီေမာ့ ထူးဆန္းသြားသလို မ်က္ခုံးပင့္လိုက္ၿပီး
"ဘာကို ေၾကာက္တာလဲ"
"မသိဘူး...အရမ္းေပ်ာ္ေနရလို႔မ်ားလား..တကယ္ဟုတ္ေနတာေရာ ဟုတ္ရဲ႕လားဆိုၿပီး မယုံၾကည္ရဲဘူး...အေရွ႕မွာရွိေနတဲ့ ေပ်ာ္႐ႊင္ျခင္းေတြအားလုံးက အရိပ္အေယာင္သက္သက္လို႔ပဲ ထင္ေနမိတယ္.."
ခ်ီေမာ့က တစ္ခ်က္ရယ္လိုက္ၿပီး
"မင္း ေၾကာက္တယ္ဆိုတာက အရမ္းကိုတန္ဖိုးထားၿပီးဂ႐ုစိုက္ေနလြန္းလို႔ပါ...မင္း သူ႕ကို တန္ဖိုးထားရင္ သူက မင္းမ်က္လုံးထဲမွာ အရမ္းကိုေတာက္ပေနမွာ..မင္းသာ တန္ဖိုးမထားေတာ့ရင္ ဘာဆိုဘာမွမဟုတ္ေတာ့ဘူး.."
ေဝ့ရွီက ခပ္ေရးေရးေလးၿပဳံး၍ သူ၏စကားကို အဓိပ္ပါယ်ရှိေၾကာင္း ေထာက္ခံျပလိုက္၏။အကယ္၍ ႐ြမ္ေရွာက္နန္သာ ဤအေၾကာင္းကိုသိလွ်င္ အက်ိဳးအေၾကာင္းမရွိေသာစကားမ်ားကိုနားေထာင္ၿပီးယုံလြယ္လြန္းေၾကာင္း ဆူေငါက္မည္မွာ အေသအခ်ာပင္ျဖစ္သည္။
နာရီစကၠန့္မ်ား၏ ေ႐ြ႕လ်ားမႈကို မေရတြက္မိ မသိလိုက္သည့္အခ်ိန္အတြင္း ေနေရာင္ကတျဖည္းျဖည္းကြယ္ေပ်ာက္ကာ ေရးေတးေတးအေမွာင္ထုစိုးမိုးလာခဲ့၏။ႏွစ္ဦးသား ေက်ာခ်င္းကပ္အေနအထားျဖင့္ ေနဝင္ဆည္းဆာကို ခံစားကာ စကားစတို႔က ေတာင္ေရာက္လိုက္ ေျမာက္ေရာက္လိုက္ျဖင့္။
"ခ်ီေမာ့...ငါတို႔ ရင္းႏွီးၾကတာ ဘယ္ေလာက္ၾကာသြားၿပီလဲဆိုတာ မွတ္မိေသးလား.."
"ႏွစ္ႏွစ္ သုံးႏွစ္ေလာက္ ရွိေရာေပါ့.."
"ငါတို႔ ပထမဆုံးေတြ႕တဲ့အခ်ိန္ကိုေရာ မွတ္မိေသးလား"
"မွတ္မိတာေပါ့...မင္းနဲ႕႐ူေဖးက အဲ့အခ်ိန္တုန္းက အရက္ဘားမွာ အရက္ေရာင္းေနတုန္း လူမိုက္သုံးေလးေယာက္ေလာက္ ျပႆနာရွာတာခံေနရတာေလ...အရက္ယူၿပီး ပိုက္ဆံမေပးခ်င္လို႔ လက္ပါလား ေျခပါလား လုပ္ေနၾကတာမလား..ငါနဲ႕ ေတြ႕လိုက္လို႔ေတာ္ေသးတာ...အဲ့ေကာင္ေတြကို နည္းနည္းဆုံးမေပးလိုက္တယ္ေလ...ဒါနဲ႕ မင္းဆိုတဲ့ေကာင္မေလးက 'ေက်းဇူး'ဆိုတဲ့စကားေလးေတာင္ မေျပာသြားဘူး..."
ခ်ီေမာ့က မေက်မနပ္သည့္ဟန္ျဖင့္ ဆိုလာ၏။
ေဝ့ရွီက သန္းေဝေနသည့္ၾကားမွ ရယ္မိသြားကာ
"ငါ အဲ့အခ်ိန္တုန္းက လန့္ေနခဲ့တာေလ...ေျပာရရင္ အဲ့တုန္းက နင္ အဲ့ေကာင္ေတြကို ရိုက္လိုက္တဲ့ပုံစံက အရမ္းမိုက္တာ..႐ုပ္ရွင္ၾကည့္ေနရသလိုမ်ိဳးေလ.."
ခ်ီေမာ့က ဂုဏ္ယူဝင့္ႂကြားဟန္ၿပဳံးလိုက္ၿပီး
"အခုမွ သိတာလားကြာ...ဒါဆို မင္း ငါ့ကို အခုခ်ိန္ထိ တစ္ခါမွ မေႂကြဖူးဘူးေပါ့.."
"နင့္ကို ေႂကြတဲ့မိန္းကေလးေတြမွ မ်ားလြန္းလို႔...Alluring ရဲ႕ ေရွ႕ေပါက္ကေန တန္းစီခိုင္းရင္ ေနာက္ေပါက္ထိေတာင္ ေရာက္ေလာက္တာကို မေက်နပ္နိုင္ေသးဘူးလား..သတိထား..မိုးနတ္မင္းက နင့္ကို ပညာေပးပစ္လိမ့္မယ္.."
ခ်ီေမာ့က တစ္ဖက္သို႔လွည့္ကာ ေဝ့ရွီ၏ပါးစပ္အား ဆြဲၿဖဲပစ္မည့္အမူအရာမ်ိဳးလုပ္ျပလာသျဖင့္ ေဝ့ရွီက ေရွာင္တိမ္းရင္းသေဘာတက်ေအာ္ရယ္ပစ္လိုက္၏။
"အခုစဥ္းစားၾကည့္မွပဲ...ငါ နင့္ကို တကယ္ေကာင္းေကာင္းႀကီးကို ေက်းဇူးတင္သင့္တာ.."
ေဝ့ရွီက မွိန္ပ်ပ်သာက်န္ေတာ့သည့္ အလင္းေရာင္ကို လက္ေခ်ာင္းမ်ားျဖင့္ကြယ္ကာ လွမ္းၾကည့္ရင္း
"အဲ့အခ်ိန္တုန္းက ငါတို႔ မိဘမဲ့ေက်ာင္းကေန ထြက္လာခါစေလးပဲ..ဘာဆိုဘာမွလည္းနားမလည္ေသးေတာ့ ေန႕တိုင္း အနိုင္က်င့္ခံေနရတာ..နင္က ငါတို႔ကို ကူညီေပးတဲ့ပထမဆုံးေသာသူပဲ...႐ူေဖးက ငါ့ကိုပစ္ခ်သြားၿပီး နင့္ေနာက္လိုက္သြားေအာင္ လုပ္နိုင္တဲ့သူဆိုလည္း မမွားဘူး...သူ႕ဘက္က အၿမဲတမ္း နင္နဲ႕အေပ်ာ္သက္သက္တြဲတာပါလို႔ ေျပာေနေပမယ့္လည္း တကယ္တမ္းက် သူနင့္ကို အရမ္းသေဘာက်ေနမွန္း ငါခံစားမိပါတယ္.."
ခ်ီေမာ့က တဖက္သို႔ ေနာက္တစ္ႀကိမ္လွည့္ကာ ေက်ာေပၚတြင္မွီထားဆဲျဖစ္သည့္ လူေကာင္ေသးေသးေလးအား ေစာင္းငဲ့ၾကည့္လိုက္၏။
တစ္ခါတေလ ယခုလို သူမအားေငးၾကည့္ေနရင္း အခ်စ္ဆိုသည့္အရာက မည္သို႔ေသာအရာမ်ိဳး ျဖစ္ေၾကာင္းကို စဥ္းစားၾကည့္မိ၏။မ်က္ဝန္းခ်င္း ဆုံစည္းသည့္အခိုက္ ျမင္ျမင္ခ်င္း ခံစားခ်က္မ်ားေပၚလာျခင္းက အခ်စ္လား။ ဒါမွမဟုတ္ စဥ္းစားေလ ေတြးေတာေလ ေန႕ရက္မ်ားၾကာရွည္ေလ ညတာမ်ားပိုမ်ားေလ ခံစားခ်က္မ်ား ပိုတိုးလာျခင္းကို အခ်စ္ဟု ေခၚသလား။
လူတစ္ေယာက္က အျခားလူတစ္ေယာက္အေပၚ အဘယ္ေၾကာင့္ ခ်စ္မိသြားရသနည္း။ ပင္လယ္ႀကီးေလာက္မ်ားျပားသည့္လူမ်ားၾကားထဲမွ အၿပဳံးေလးတစ္ခုကို ျမင္လိုက္ရျခင္းေၾကာင့္လား။ အိပ္ေပ်ာ္ေနသည့္အခ်ိန္မ်ိဳးတြင္ အေကာင္ေပါက္စေလးလို သနားစရာေကာင္းေနေသာေၾကာင့္လား။
ႏွလုံးသားထဲ စူးကနဲ နာက်င္သြားရကာ လိပ္ျပာေတာင္ပံေလးမ်ားႏွင့္တူသည့္မ်က္ေတာင္ေမႊးမ်ားကို ခိုးၾကည့္ေနရင္းမွ ႐ုတ္တရက္စကားဆိုလိုက္၏။
"ေဝ့ရွီ...ငါ ထြက္သြားေတာ့မယ္.."
ေဝ့ရွီက ခ်က္ခ်င္းဆိုသလို ခႏၶာကိုယ္ကိုမတ္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး
"ဘယ္သြားမလို႔လဲ.."
"မသိေသးဘူး..ဒီေနရာမွာ ဆက္ၿပီး မေနခ်င္ေတာ့လို႔...'တုန္းေပ'(အေရွ႕ေျမာက္)ဘက္ကို သြားရင္သြားျဖစ္မွာ..ငါ့မိဘေတြက အဲ့ဘက္ကေလ.."
ေဝ့ရွီက ဤမွ်ေဝးကြာလွေနေသာေနရာသို႔လည္း မသြားဖူးကာ ၾကားဖူးနားဝရွိသည့္စကားလုံးမ်ားအရ ေျမာက္ပိုင္းေဒသသည္ကား အခ်ိန္ျပည့္ႏွင္းဖုံးလႊမ္းေနေသာအရပ္ျဖစ္၏။ခ်ီေမာ့က 'မီးနီေဒသ'တြင္ အက်င့္ျဖစ္ေနသူျဖစ္ရာ ထိုကဲ့သို႔ေအးခ်မ္းေသာေဒသမ်ိဳးႏွင့္ က်င့္သားရနိုင္လိမ့္မည္မဟုတ္။
"အဲ့ဘက္မွာ ဘာရွိလို႔လဲ...နင္ ဘာလုပ္ကိုင္စားေသာက္ၿပီး ေနမွာလဲ"
" 'ေတာင္ျဖဴေရနက္ ေျပာင္းပဲသီးႏွံ'..ေျခလက္ေတြရွိေနသ၍ေတာ့ ငတ္ၿပီးမေသပါဘူး.."
(ေတာင္ျဖဴေရနက္ ေျပာင္းပဲသီးႏွံ က စကားပုံပါ..ေရရွိေျမရွိရင္ အပင္စိုက္လို႔တယ္လို႔ ဆိုလိုတာပါ)
"မျဖစ္မေန သြားရမွာလား.."
ခ်ီေမာ့က ရႈပ္ေထြးေနသည့္စိတ္အေျခအေနကိုထိန္းကာ ေဝ့ရွီ၏ပုခုံးေပၚ လက္တင္လိုက္ၿပီး
"ဘာလဲ...မခြဲနိုင္ဘူးလား.."
ေဝ့ရွီက မ်က္ႏွာကိုပင့္ကာ မေက်မနပ္ျဖစ္ေနသည့္အလား
"ငါက မခြဲနိုင္႐ုံေလးပဲ ျဖစ္မွာ..နင္က အဲ့ဘက္ပိုင္းမွာ သူငယ္ခ်င္းမရွိ ဘာမရွိ တစ္ေယာက္ထဲေနရမွာေနာ္..ဒီေနရာမွာ ေနရတာအဆင္မေျပေပမယ့္လည္း အနည္းဆုံးေတာ့ ငါတို႔ အခ်င္းခ်င္းကူညီေစာင့္ေရွာက္ေပးလို႔ရေသးတယ္ေလ..နင္ မသြားပါနဲ႕..ဒီမွာပဲေနေတာ့ေလေနာ္..မေကာင္းလို႔လား.."
ခ်ီေမာ့၏ ႏွလုံးသားတစ္ခ်က္ခုန္သြားခဲ့၏။မ်က္စိေရွ႕တြင္ျမင္ေနရသည့္ တလိမ့္ၿပီးတလိမ့္တက္လာေသာလွိုင္းလုံးမ်ားက လြန္ခဲ့သည့္သုံးႏွစ္ကျမင္ခဲ့ရေသာ မ်က္ဝန္းအတိုင္း ၾကည္လင္ေနကာ သစ္႐ြက္စိမ္းေပၚမွ ႏွင္းစက္ရည္ေလးမ်ားက တစ္စက္ခ်င္းက်ေနသည့္ႏွယ္။ခ်ီေမာ့က စိတ္မထိန္းနိုင္ေတာ့ဘဲ တိုးတိုးဖ်ဖ်ဆိုလာမိ၏။
"ေဝ့ရွီ...မင္းကို ဖက္ထားလို႔ရမလား.."
ေဝ့ရွီက တစ္ခဏမွ်ေၾကာင္အမ္းသြားကာ ဘာကိုမွ မတုန့္ျပန္လိုက္ခင္ ခ်ီေမာ့က လက္ကိုဆန့္ထုတ္လာၿပီး တင္းၾကပ္ေနေအာင္ေပြ႕ဖက္လာ၏။
ေဝ့ရွီက သူ၏ရင္ခြင္ထဲသို႔ ေရာက္ေနသည္ဆိုသည့္အသိေၾကာင့္ ခ်ီေမာ့၏ အသက္ရႉသံမ်ား ျမန္ဆန္လာခဲ့၏။ဆံပင္ႏြယ္စတို႔ဆီမွသင္းပ်ံလာသည့္ရနံ႕က ႐ူေဖးဆီမွရသည့္ ရနံ႕ႏွင့္ တေထရာထဲျဖစ္သည္။သူမ၏ ႏႈတ္ခမ္းပါးေလးက ပန္းေရာင္ေဖ်ာ့ေဖ်ာ့အေရာင္မ်ိဳးေလးမွန္း သတိထားမိကာ ကေလးဘဝတုန္းကျမင္ဖူးသည့္ ခ်ယ္ရီပန္းအေရာင္ေလးအလား ေလတစ္ခ်က္တိုက္႐ုံေလးျဖင့္ သစ္ကိုင္းခက္မွတဆင့္ ေျမျပင္ေပၚမက်မွီ လေရာင္လႊမ္းထားသည့္ေလဟာျပင္အတြင္း ပ်ံဝဲေနၾကသည့္ႏွင့္ ဆင္တူလြန္းလွပါသည္။
တရိပ္ရိပ္တက္လာေသာ ႏွလုံးခုန္သံမ်ားၾကား ေနာက္ဆုံးေသာအခ်ိန္ကေလးတြင္ သူ႕အား တစ္ႀကိမ္တစ္ခါေလးသာ အခြင့္အေရးယူခြင့္ေပးပါရန္ ေတာင္းဆိုခ်င္မိပါ၏။ တစ္ႀကိမ္တစ္ခါတည္းသာ ေတာင္းဆိုေနျခင္းျဖစ္ပါ၏။ ဤတစ္ခါလမ္းခြဲၿပီးလွ်င္ ျပန္မဆုံနိုင္ေတာ့သည္မွာ ေသခ်ာသေလာက္နီးပါးရွိေနၿပီမဟုတ္လား။
"ခ်ီေမာ့...နင္ ဘာလုပ္ေနတာလဲ.."
သူ၏ရည္႐ြယ္ခ်က္ကို သတိထားမိသြားသည့္ေဝ့ရွီက ပိုးစုန္းၾကဴးတစ္ေကာင္၏အလ်င္မ်ိဳးျဖင့္အလ်င္အျမန္ တြန္းထုတ္ကာ
"ခ်ီေမာ့..လႊတ္...."
စြဲလမ္းဖြယ္ေကာင္းေအာင္လွေသာလွိုင္းလုံးမ်ားက ကမ္းေျခကိုရိုက္ခတ္ကာ ပြင့္ခ်ပ္ေလးမ်ားက ေလဟာျပင္ထဲ တလြင့္လြင့္။ခ်ီေမာ့၏လက္ေခ်ာင္းမ်ားက သူမ၏ေမးဖ်ားကို ဆုတ္ကိုင္ထားကာ စိတ္မရွည္သလို အေလာႀကီးသလိုျဖစ္ေနသည့္အလား ႏႈတ္ခမ္းပါးကိုပါ ကိုက္ခဲလာ၏။ႏႈတ္ခမ္းပါးႏွစ္ခုစလုံး ပိတ္ဆို႔ျခင္းခံထားရသည့္တိုင္ လက္ႏွစ္ဖက္ျဖင့္ သူ၏ေက်ာျပင္ကို ရိုက္ထုၿပီး အံ့ၾသတႀကီးစိုက္ၾကည့္ေနသည့္မ်က္ဝန္းမ်ားထဲတြင္ ေၾကာက္လန့္စိတ္မ်ားပါ ေရာႏွောေန၏။
အခ်ိန္မည္မွ်ပင္ၾကာသြားခဲ့မွန္းမသိ ေနာက္ဆုံးမွ ခ်ီေမာ့က လႊတ္ေပးလာ၏။ေဝ့ရွီက ခ်က္ခ်င္းအေနာက္ကိုတိုးဆုတ္လိုက္ကာ ေဝ့ေနသည့္မ်က္ရည္စမ်ားက က်လဳနီးနီး။သူမအေနျဖင့္ သူ႕အား ဒီေလာက္အထိယုံၾကည္ထားရာ အဘယ္ေၾကာင့္ လူကိုအနိုင္က်င့္ရက္ပါသနည္း။
ခ်ီေမာ့က စကားမဆိုလာေတာ့ဘဲ အေဝးတစ္ေနရာဆီသို႔သာ ေငးၾကည့္ေနေလ၏။ေနာက္ထပ္ အနားသို႔မကပ္ရဲ မထိေတြ႕ရဲ။ေနာက္ဆုံးႏႈတ္ဆက္ရေတာ့မည့္အခ်ိန္ကေလးမွာမွ ေရွ႕တစ္လွမ္းတိုးမိကာ မလုပ္သင့္သည့္အရာတစ္ခုကို လုပ္မိသြားခဲ့ျခင္း။
ေဝ့ရွီက ၿမိဳ႕ထဲသို႔ ကိုယ္တိုင္ျပန္နိုင္ေၾကာင္းဆိုေသာ္လည္း ခ်ီေမာ့က လက္မခံ။ဤေနရာ ၿမိဳ႕ထဲႏွင့္ အေတာ္ေလးလွမ္းသည့္ေနရာလည္းျဖစ္သည့္အျပင္ ေမွာင္လည္းေမွာင္ေနၿပီျဖစ္သည္။အဘယ္သို႔မ်ား တစ္ေယာက္တည္းျပန္လႊတ္လိုက္ရန္ စိတ္ခ်နိဳင္ပါ့မည္နည္း။
ၿမိဳ႕အဝင္ထိ ေရာက္ၿပီးမွ ေဝ့ရွီအား ဆိုင္ကယ္ရပ္ေပးကာ ထိုမွတဆင့္ တကၠစီျဖင့္ ျပန္လာခဲ့၏။ခ်ီေမာ့က ေနရာတြင္ရပ္ၿပီး တကၠစီကား၏ အေနာက္မီး အနီေရာင္ႏွစ္ခုက အေမွာင္ရိပ္ထဲ တျဖည္းျဖည္းေဝးကြာသြားခဲ့ကာ ကားပင္လယ္ႀကီးထဲေမ်ာပါသြားသည္အထိ ရပ္ၾကည့္ေနခဲ့၏။
ဆိုင္ကယ္ helmetကို ေဆာင္းၿပီးေနာက္ လမ္းမႀကီး၏တစ္ေနရာရွိ ႐ုပ္ရွင္႐ုံထံမွ ကပ္ထားသည့္ပိုစတာတစ္ခ်ပ္ဆီအၾကည့္ေရာက္သြားခဲ့၏။ေရးထားသည္က : မေျဖနိုင္သည့္ အဆိပ္ဟူ၍မရွိ မေျဖနိုင္သည့္ ခ်စ္ျခင္းသာရွိ၏။
မေျဖနိုင္သည့္ အဆိပ္ဟူ၍မရွိ မေျဖနိုင္သည့္ ခ်စ္ျခင္းသာရွိ၏...
ေနရာတြင္သာရပ္ေနရင္း အထက္ေကာင္းကင္နတ္မင္းမ်ားဆီ တစ္ခဏၾကာသည္အထိ ေငးေမာၾကည့္ေနလိုက္ပါ၏။အခ်ိန္တစ္ခုအတြင္း ေထာင္ခ်ီေသာင္းခ်ီေအာင္ေတြးေနမိသည္က နာက်င္ေနေသာႏွလုံးသားကို မည္သို႔မည္ပုံႏွစ္သိမ့္ေပးရမည့္အေၾကာင္းပင္ ျဖစ္၏။
>>>>>>>
ေဝ့ရွီ ျမစ္ကမ္းေဘးဗီလာသို႔ျပန္ေရာက္သည့္အခ်ိန္တြင္ စာၾကည့္ခန္းမွမီးလင္းေနသျဖင့္ ႐ြမ္ေရွာက္နန္ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း သိလိုက္၏။
ရႈပ္ေထြးသြားသည့္စိတ္ခံစားခ်က္ႏွင့္အမူအရာအားလုံးကိုထိန္းၿပီး အိမ္ထဲဝင္လာသည္ႏွင့္ အိမ္ေတာ္ထိန္းက ႏႈတ္ဆက္လာခဲ့၏။
"မိန္းကေလးလု..ျပန္လာၿပီလား.."
ေဝ့ရွီက သူ၏လက္ထဲတြင္ကိုင္ထားသည့္ပန္းကန္ျပားခ်ပ္မ်ားကိုၾကည့္ၿပီး
"လူႀကီးမင္း႐ြမ္က ညစာမစားဘူးလား"
"ဟုတ္တယ္ဗ်ာ..ျပန္ေရာက္ကတည္းက စာၾကည့္ခန္းထဲဝင္သြားတာ..ကြၽန္ေတာ္တို႔လည္း ဝင္မေခၚရဲဘူး.."
ေဝ့ရွီခံစားမိလိုက္ပါ၏ ေကာင္းသည့္ကိစၥမဟုတ္မည္မွာေသခ်ာသေလာက္။သို႔ေသာ္လည္း ဘယ္လိုပင္အလုပ္မ်ားေနပါေစ ထမင္းေတာ့ စားရဦးမည္မဟုတ္လား။
"ဒီလိုလုပ္...မီးဖိုေခ်ာင္ထဲသြားၿပီး ဆန္ျပဳတ္တစ္ပြဲယူလာေပးပါလား..ကြၽန္မသြားၿပီး ပို႔ေပးၾကည့္မယ္ေလ.."
စာၾကည့္ခန္းတံခါးက ပိတ္မထားေသာ္လည္း ေဝ့ရွီက တံခါးဝတြင္သာရပ္ရင္း ႏွစ္ခ်က္ေခါက္လိုက္၏။
"လူႀကီးမင္း႐ြမ္...ဆန္ျပဳတ္ အဆင္သင့္ျဖစ္ပါၿပီ..အခု စားေတာ့မလားရွင့္.."
စာ႐ြက္စာတမ္းေတြကိုသာ အာ႐ုံစိုက္ထားသည့္သူက ေခါင္းမေမာ့လာဘဲ မ်က္ေမွာင္က်ဳံ႕၍
"အဲ့ေနရာမွာထားခဲ့ၿပီး ထြက္သြားေတာ့.."
ေဝ့ရွီက အသံထြက္ေအာင္ရယ္လိုက္ၿပီး တိုက္ရိုက္ဝင္လာခဲ့၏။
႐ြမ္ေရွာက္နန္က ေခါင္းေမာ့လာၿပီး ေဝ့ရွီမွန္းသိသည္ႏွင့္ ၿပဳံးလိုက္ကာ
"မင္းပါလား.."
"ငါ့အသံကိုေတာင္ မမွတ္မိနိုင္ေလာက္တဲ့အထိ အလုပ္မ်ားေနတာလား.."
ေဝ့ရွီက ပန္းကန္လုံးကို စားပြဲေပၚသို႔ တင္လိုက္ၿပီး
"ဘယ္ေလာက္ပဲအလုပ္မ်ားမ်ား နည္းနည္းေတာ့စားသင့္တယ္ေလ.."
႐ြမ္ေရွာက္နန္က ထိုင္ခုံအေနာက္သို႔မွီလိုက္ၿပီးေနာက္ နဖူးကိုလက္ေခ်ာင္းျဖင့္ ပြတ္ေခ်ကာ
"သူ လြတ္သြားတယ္.."
"ဘယ္သူလဲ?..'"
"လုရိန့္ရွီ"
ၾကားလွ်င္ၾကားလိုက္ရျခင္း ေဝ့ရွီတစ္ကိုယ္လုံး တင္းခနဲျဖစ္သြားခဲ့၏။အခ်ိန္ေတြ အရမ္းကိုၾကာခဲ့ပါသည့္တိုင္ အနိုင္က်င့္ခံရၿပီး အကူအညီမဲ့ေနသည့္ေကာင္မေလး မဟုတ္ေတာ့ပါသည့္တိုင္ ထိုနာမည္ကို ႐ုတ္တရက္ၾကားလိုက္ရသည့္အခိုက္ အရသာခံသည့္လွ်ာဖ်ားထိပ္ အထိအေတြ႕ကိုခံစားသည့္လက္ေခ်ာင္းထိပ္ စသည့္စသည့္ ခံစားမႈတို႔ကို သိရွိနိုင္ေသာေနရာတို႔မွသည္ ႏွလုံးသားအတြင္းဆုံးအထိ အျမစ္တြယ္ေနခဲ့ေသာ အေၾကာက္တရားမ်ားက ႐ုတ္ခ်ည္းထႂကြလာခဲ့၏။
"ငါ့ အစ္ကိုႏွစ္?..သူ ဘာျဖစ္လို႔လဲ.."
"သူ႕နာမည္လက္ေအာက္ခံ ေဆာက္လုပ္ေရးကုမၸဏီခြဲတစ္ခုရဲ႕ အထက္ျမင့္အေဆာက္အဦးစီမံကိန္းအတြင္းမွာ လူေသသြားတာ...အဲ့ဒါကို အေကာင့္အတုလုပ္ၿပီး အစိုးရဘက္ကလူေတြကို လာဘ္ထိုးလိုက္တာ...အဲ့ကိစၥကိုသက္ေသအေထာက္အထားေတြအားလုံး စုၿပီး ေသခ်ာသေလာက္ရွိတဲ့အခ်ိန္ႀကီးမွ ဟိုလူကသတင္းၾကားၿပီးထြက္ေျပးသြားတာ.."
ေဝ့ရွီ၏မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွ မရွိ။ေခါင္းအသာအယာၿငိမ့္ျပရင္း စားပြဲေပၚတင္လိုက္သည့္ ပန္းကန္လုံးကိုယူကာ ႐ြမ္ေရွာက္နန္ေရွ႕သို႔ ကမ္းေပးလာ၏။
"သူက ဥာဏ္အရမ္းေကာင္းလြန္းလို႔ 'လုဇစ္႐ႊိ' ရဲ႕ဆက္ဆံသူစစ္စစ္လို႔ေတာင္ သတ္မွတ္လို႔ရတယ္...ဒီတစ္ႀကိမ္ လြတ္သြားတယ္ဆိုေပမယ့္လည္း ျပႆနာႀကီးက ေျပလည္တာမွမဟုတ္တာ..သူ႕ရဲ႕ လက္ရွိအေျခအေနက ေျခတစ္လွမ္းေနာက္ဆုတ္ၿပီး အရာရာကိုသတိထားေနရတဲ့သူျဖစ္သြားၿပီေလ..နင္နဲ႕ 'ရိထ်န္း'ကိုလည္း ဘယ္လိုမွ ၿခိမ္းေျခာက္နိုင္တဲ့အေနအထားမွမဟုတ္ေတာ့တာ ဘာေတြကို စိုးရိမ္ေနေသးတာလဲ"
"ကိုယ္က သူ႕ကို ေထာင္ထဲအေရာက္ပို႔ခ်င္တာ!.."
႐ြမ္ေရွာက္နန္က ဆန္ျပဳတ္တစ္ငုံေသာက္လိုက္ၿပီး ပန္းကန္လုံးကို ေဘးသို႔ခ်ထားလိုက္၏။
ေဝ့ရွီက သက္ျပင္းေရးေရးခ်ၿပီး
"ငါကေလ ငါ့အတြက္ေၾကာင့္နဲ႕ နင့္ကို အခုလိုမ်ိဳး ခြင့္မလႊတ္နိုင္ လက္မေလ်ာ့နိုင္ျဖစ္မေနေစခ်င္ဘူး...ေျပာရရင္ ငါလည္း အဲ့ကိစၥေတြကို ေမ့ထားခဲ့ၿပီးၿပီ..အဲ့ေန႕က နင့္ကို ေဒါသထြက္ေအာင္လုပ္ဖို႔ တမင္သက္သက္ထုတ္ေျပာလိုက္႐ုံပါ..နင္အခုလိုမ်ိဳးျဖစ္ေနတာကိုၾကည့္ၿပီး တကယ္စိတ္မေအးနိုင္ဘူး.."
႐ြမ္ေရွာက္နန္က သူမအားဆြဲေခၚကာ ေပါင္ေပၚတြင္ထိုင္ေစလိုက္၍
"ဒါေပမယ့္ ကိုယ္ကေတာ့ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး မေနေပးနိုင္ဘူး..မင္းကို ထိခိုက္ေအာင္လုပ္ထားတဲ့လူေတြကိုလည္း ဒီအတိုင္း ဘာအျပစ္မွမခံစားသလို လႊတ္မထားေပးနိုင္ဘူး...အရင္က မင္းဘယ္လိုျဖတ္သန္းလာခဲ့ရတာကို ကိုယ္မသိေသးတဲ့အခ်ိန္တုန္းကေတာ့ ဒီအတိုင္းထားေပးရင္ ထားေပးလိုက္နိုင္လိမ့္မယ္..အခု ကိုယ္ အားလုံးကိုရွင္းရွင္းလင္းလင္းေနတဲ့အခ်ိန္မ်ိဳးမွာေတာ့ ဘာမွျပန္မလုပ္ေပးနိုင္ရင္ မင္းအတြက္တရားပါ့မလား.."
ေဝ့ရွီက သက္ျပင္းခ်ခ်င္သည့္စိတ္ကိုထိန္းရင္း သူ၏လည္တိုင္တစ္ဝိုက္ေပြ႕ဖက္လိုက္ကာ
"ငါက နင့္ကိုယ္နင္ျပန္ၿပီး ထိခိုက္ေအာင္လုပ္မိမွာကို ေၾကာက္လို႔ပါ...နင့္ရဲ႕ လက္စားေခ်မယ့္နည္းလမ္းေတြၾကားမွာ ႏွစ္မႊန္းၿပီး ကိုယ့္ကိုကိုယ္ပါ ဆြဲခ်သြားသလိုမ်ိဳး ျဖစ္မွာစိုးရိမ္လို႔ပါ...နင္တို႔ရဲ႕ အသိုင္းအဝန္းထဲမွာ ၿပိဳင္ဖက္ကိုအလဲထိုးမယ္ဆိုရင္ နည္းလမ္းေကာင္းေတြ အစီအစဥ္ေကာင္းေတြ မျဖစ္မေနလိုအပ္ၿပီးျပင္ဆင္ထားရမယ္မွန္း ငါနားလည္ပါတယ္...ဒါေပမယ့္ လုမိသားစုကိုၾကည့္ၿပီး သင္ခန္းစာယူၾကည့္လို႔ရတယ္ေလ..ျဖတ္လမ္းနည္းေတြနဲ႕ ဘယ္လိုပဲ အရာအားလုံးကိုဆုတ္ကိုင္ဖို႔ႀကိဳးစားပါေစ လက္ဝယ္ပိုင္ဆိုင္ထားပါေစ...အဲ့အရာေတြက ၾကာၾကာခံတာမွမဟုတ္တာ...ရိုးရိုးသားသားလုပ္တာကမွ အေျခခိုင္တာေလ.."
႐ြမ္ေရွာက္နန္၏ အနည္းငယ္ေျပေလ်ာ့သြားသည့္အမူအရာကိုျမင္လိုက္သျဖင့္ ေဝ့ရွီက ဆန္ျပဳတ္ပန္းကန္ကိုေကာက္ယူကာ ဇြန္းတစ္ခပ္စာကို သူ၏ႏႈတ္ခမ္းပါးဆီသို႔ ကပ္ေပး၍
"ရွယ္ယာေစ်းကြက္ထဲ ေျပာေနက်ဆိဳရိုးတစ္ခုက အေျခအေနနဲ႕ဆိုရင္ အေတာ္ေလးလိုက္ဖက္သလားလို႔.."
႐ြမ္ေရွာက္နန္က ပါးစပ္ဟကာ လိမ္မာလြန္းသည့္ကေလးတစ္ေယာက္လို ဆန္ျပဳတ္တစ္ငုံေသာက္လိုက္ၿပီး
"ဘာဆိုရိုးလဲ.."
ေဝ့ရွီက ရယ္ေမာလိုက္ကာ ႐ြမ္ေရွာက္နန္၏ႏွာေခါင္းထိပ္ကို ခပ္ဖြဖြထိလိုက္ၿပီး
"အတင္းလုယူထားတဲ့အရာေတြအားလုံး အဆုံးက်ရင္ ျပန္ေပးရမွာတဲ့.."
ရယ္ေမာသံႏွင့္အတူ မ်က္ခုံးႏွစ္ခုၾကားရွိ အတြန့္အေကြးမ်ားကလည္း တစ္ခဏအတြင္းေပ်ာက္ကြယ္သြားေလ၏။သူမ၏လက္ေမာင္းတဝိုက္ကို ေပြ႕ဖက္လိုက္ၿပီး
"တအားေတြ စကားတတ္ေနတာေပါ့...ဒီႏႈတ္ခမ္းေလးႏွစ္ခုက မသိရင္ စီးပြားေရးအႀကံေပးဆရာမႀကီးလိုပဲ..ေနာက္ဆိုရင္ ကိုယ္မေျဖရွင္းနိုင္ေတာ့တဲ့ ေဆြးႏြေးစရာကိစၥေတြရွိတိုင္း မင္းကိုေခၚသြားမွထင္တယ္..ကိုယ္က မင္းေလာက္မေျပာတတ္ဘူးေလ.."
ေဝ့ရွီက သေဘာတက်ၿပဳံးလိုက္ၿပီး
"ဒီအဓိပ္ပါယ်က ငါေျပာတဲ့စကားက မွန္တယ္လို႔ ေထာက္ခံလိုက္တာမလား..ဒါဆို လူႀကီးမင္း႐ြမ္က အလုပ္ေတြခဏခ်ထားၿပီး ဆန္ျပဳတ္အရင္ေသာက္လို႔ ရၿပီမလား.."
႐ြမ္ေရွာက္နန္က သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး
"ကိုယ္က ဒီကိစၥတစ္ခုတည္းေၾကာင့္ စိတ္ဆိုးေနတာမဟုတ္ဘူး..'ရိထ်န္း' ဘဏ္လုပ္ငန္းရဲ႕ ကုမၸဏီႏွစ္ခုစပ္တူေပါင္းလုပ္တဲ့ပေရာဂ်က္တစ္ခုမွာျပႆနာျဖစ္ေနတာ..ဝမ္တုန္းရန္ ကိုယ္တိုင္ကသတိမထားမိဘဲ အခ်က္အလက္တစ္ခ်ိဳ႕ေပ်ာက္ၿပီးသတင္းေပါက္ၾကားသြားခဲ့တာကြာ..အခု စပ္တူကုမၸဏီဘက္က 'ရိထ်န္း'ကို တရားစြဲဖို႔ျပင္ဆင္ေနၿပီ...ဒီကိစၥကို ဘယ္လိုေျဖရွင္းရမလဲဆိုတာကို စဥ္းစားေနတာ.."
"ဒီေလာက္ထိ အေရးေပၚျဖစ္သြားတာလား..ဘယ္လိုဆက္လုပ္မွာလဲ"
"တရား႐ုံးက ဆင့္ေခၚလာရင္ မီဒီယာေတြဆီလည္း ျပန့္သြားမွာ..အဲ့လိုဆို ကုမၸဏီရဲ႕နာမည္ကို ေတာ္ေတာ္ႀကီးထိခိုက္လာနိုင္မွာေလ...ကိုယ္က သိုသိုသိပ္သိပ္ႏွစ္ဦးၾကားညွိၿပီး ပိုက္ဆံအဆုံးခံလိုက္ေတာ့မလားလို႔"
"ဘယ္ေလာက္ေတာင္ ေလ်ာ္ေပးရမွာလဲ"
"အရမ္း အမ်ားႀကီးမဟုတ္ပါဘူး.. 3 , 4 millions ေလာက္ေပါ့.."
ေဝ့ရွီက 'အြန္' ဆိုသည့္သံရွည္တစ္ခ်က္ကိုသာ ျပဳလိုက္၏။ပိုက္ဆံ အရႈံးခံရမည့္ကိစၥက အေရးမဟုတ္ 'ရိထ်န္း'လုပ္ငန္းစုနာမည္မပ်က္ရန္သာ ပိုအေရးႀကီး၏။
"ဒါဆို ဝမ္တုန္းရန္ကိုေရာ..ဘယ္လို ကိုင္တြယ္မွာလဲ.."
"ကိုယ္ စစ္ေဆးၾကည့္ၿပီးသြားၿပီ...ရည္႐ြယ္ခ်က္ရွိရွိနဲ႕ 'ရိထ်န္း'ကို ျပႆနာတက္ေအာင္လုပ္တာမ်ိဳးမဟုတ္ေပမယ့္ ဒီေလာက္ႀကီးႀကီးမားမားကိစၥမ်ိဳးကိုေတာင္ ဂ႐ုမစိုက္နိုင္တဲ့လူမ်ိဳးကို ကိုယ့္နားမွာ စိတ္ခ်လက္ခ်ဆက္မထားနိုင္ဘူး...ေသခ်ာေပါက္ အလုပ္ထုတ္ပစ္ရမွာ.."
႐ြမ္ေရွာက္နန္က ေဝ့ရွီ၏အေတြးမ်ားေနသည့္မ်က္ႏွာကို လွမ္းၾကည့္ၿပီး
"ဘာျဖစ္လို႔လဲ..ကိုယ္ ဒီလိုဆုံးျဖတ္တာကို သေဘာမက်လိဳ႕လား"
"သူ႕ပုံစံက ဒီလိုမ်ိဳးဂ႐ုမစိုက္အေလးမထားတတ္တဲ့သူမ်ိဳး မဟုတ္ေလာက္ပါဘူး..ဒီၾကားထဲ သူ႕မွာျပသာနာတစ္ခုခုရွိေနတာမ်ိဳးမလို႔ ေနမွာပါ..နင္ကသာ သူ႕ကို အလုပ္ျဖဳတ္လိုက္မယ္ဆိုရင္ ဒီသတင္းကလည္း ကုမၸဏီေတြၾကားထဲ ခ်က္ခ်င္းပ်ံ့သြားမွာေလ..အဲ့လိုဆို သူ႕ကို ဘယ္ကုမၸဏီကမွ အလုပ္ခန့္မွာမဟုတ္ေတာ့ဘူး...ျဖစ္နိုင္ရင္ သူ႕ကို အခြင့္အေရးတစ္ေခါက္ေလာက္ထပ္ေပးလိုက္ပါလား..သူလည္း နင့္ကို ေက်းဇူးေတြအမ်ားႀကီးတင္ေနမွာပါ.."
႐ြမ္ေရွာက္နန္က ခပ္ေရးေရးၿပဳံးလိုက္ၿပီး
"မင္းရဲ႕စိတ္က အရမ္းကိုႏူးညံ့လြန္းတယ္...ကိုယ္က အခ်ိဳ႕ေသာအမွားေတြက မမွားသင့္တဲ့အရာေတြမွန္း သူ႕ကို သိသြားေစခ်င္တာ.."
"နင္ အျပစ္တစ္ခုခုေပးလိုက္ရင္ကို ရပါၿပီ..သူ႕လိုမ်ိဳး အလိုက္သိၿပီးဥာဏ္ေကာင္းတဲ့သူက အမွားေတြကို ထပ္ခါထပ္ခါ လုပ္မွာမဟုတ္ဘူးေလ..ၿပီးေတာ့ သူက နင့္ရဲ႕ လက္ေအာက္ငယ္သားဆိုလည္းဟုတ္တယ္ နင့္ဘက္ကလူဆိုလည္းဟုတ္တယ္...ရန္သူေတြမွမဟုတ္တာ..ရန္သူမလို႔ ၿပိဳင္ဖက္မလို႔ သက္ညွာမေပးတာကကိစၥမရွိေပမယ့္ ကိုယ့္လက္ေအာက္ငယ္သားက ကိုယ့္အတြက္ တိုက္ပြဲဝင္ေနတဲ့သူမလို႔ ကိုယ့္ဘက္ကပိုၿပီး သက္ညွာေပးသင့္တာေပါ့...သူတို႔ဘက္ကေတာင္ နင့္ကိုနားလည္ေပးလို႔ ေက်းဇူးတင္ၾကၿပီး ေနာက္ဆို ပိုေတာင္ ေတာ္လာၾကဦးမွာ...လူေတြရဲ႕စိတ္ႏွလုံးသားက ေမွာ္ဆန္တဲ့အရာလိုမ်ိဳးပဲ ပိုက္ဆံေတြေ႐ႊေငြရတနာေတြေတာင္ ယွဥ္လို႔မရနိုင္တာမ်ိဳးေပါ့...နင့္ဘက္ကၾကည့္ရင္ ဒီျပႆနာက အေကာင္းထဲကအဆိုးတစ္ခုလိုပဲ သူ႕ဘက္ကေနၾကည့္ရင္ေတာ့ တစ္သက္လုံးအတြက္ ကံေကာင္းမႈတစ္ခုေတာင္ ျဖစ္ခ်င္ျဖစ္ေနမွာ..ကုမၸဏီႀကီးရွိေနမွေတာ့ ပိုက္ဆံရႈံးတာေတြက ရွိေနမွာပဲ..အခုေန အင္တာနက္ဖြင့္ၿပီး လက္ေခ်ာင္းကေလး ခဏေလာက္ကစားလိုက္ရင္ ေနာက္က် ပိုက္ဆံေတြ ပိုၿပီးေတာင္ဝင္ရင္ ဝင္လာမွာေလ..မဟုတ္ဘူးလား.."
႐ြမ္ေရွာက္နန္က ေဝ့ရွီအား ေခါင္းအစေျခအဆုံး အျပန္ျပန္အလွန္လွန္ၾကည့္ေနကာ တစ္ဖက္လူေနရခက္လာသည့္အခ်ိန္မွ
"ေဝ့ရွီ...ကိုယ္စဥ္းစားၾကည့္ေနတာ..တကယ္လို႔ မင္းသာ လုအိမ္ေတာ္ကေန မထြက္လာခဲ့ရင္ အခုခ်ိန္မွာ မင္းက ကိုယ္အေၾကာက္ရဆုံးၿပိဳင္ဖက္ ျဖစ္ေနေလာက္တယ္.."
ေဝ့ရွီက သူ၏စကားလုံးတို႔ကို ရယ္စရာတစ္ခုအျဖစ္သတ္မွတ္ၿပီး
"နင့္ရဲ႕ရန္သူလား?..ဒါဆို ငါက ေသစရာေျမေနရာေတာင္မရွိဘဲ ေသရမွာေပါ့?..ငါ နင့္ရဲ႕ရန္သူမျဖစ္ခ်င္ပါဘူးေနာ္.."
ေျပာေနရင္း မတ္တပ္ထရပ္လိုက္သျဖင့္ ႐ြမ္ေရွာက္နန္က ျပန္ဆြဲေခၚလိုက္ကာ
"တကယ္လို႔ မင္းက ကိုယ့္ရဲ႕ရန္သူျဖစ္ေနခဲ့ရင္လည္း ကိုယ္ကေတာ့ မင္းကို မေသခိုင္းရက္ပါဘူး.."
"ဒါဆို နင္က ဘယ္လိုျဖစ္ေစခ်င္တာလဲ"
ေဝ့ရွီက သူ၏ရင္ခြင္ထဲေခါင္းမွီထားကာ ေခါင္းေမာ့ၾကည့္ရင္းေမးလာ၏။
"ကိုယ္...."
သူမ၏နား႐ြက္ဖ်ားဆီသို႔ အသက္ရႉေငြ႕ေအးေအးမ်ားကို မႈတ္ထုတ္ၿပီး အသံကိုသိသိသာသာစိတ္ဝင္စားေအာင္ ေျပာင္းလဲလိုက္ကာ ေျပာမည့္အေရးကို အခ်ိန္ဆြဲၿပီးမွ
"မင္းကို အသက္ရွင္ခြင့္ေပးဖို႔ေတာင္းဆိုေနလည္း ေကာင္းေကာင္းအသက္မရွင္ေနရေအာင္..ေသခ်င္ပါတယ္လို႔ ေတာင္းဆိုေနလည္း ေသခြင့္မရွိေအာင္ လုပ္ထားမွာ.."
႐ုတ္တရက္ သူမ၏ခါးကို ထိေတြ႕ၿပီး ျပင္းျပင္းပ်ပ်ကိဳကလိထိုးလာ၍
"ေၾကာက္ၿပီလား...ေၾကာက္ၿပီလား..ဟမ္.."
"ဟား...ေၾကာက္တယ္...ေၾကာက္တယ္လို႔.."
႐ြမ္ေရွာက္နန္က ႐ုတ္တရက္ကလိထိုးလာလိမ့္မည္ဟု မထင္ထားခဲ့ျခင္းလည္းျဖစ္ရာ မျပင္မဆင္ထားသည့္အေျခအေနတြင္ အသံထြက္ေအာင္ တဝါးဝါးေအာ္ရယ္ပစ္ကာ မ်က္ရည္မ်ားပါစို႔လာေတာ့၏။
ႏွစ္ဦးသား က်ီစားရယ္ေမာေနၾကသည္က ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်လဳနီးနီးျဖစ္သြားသည့္အတြက္ ေဝ့ရွီက သူ၏လည္တိုင္ကို သိုင္းဖက္လိုက္၏။နီရဲေနသည့္ပါးႏွစ္ဖက္ ရယ္ေမာလြန္းေသာမ်က္ရည္မ်ားစို႔ေနသည့္ အနက္ေရာင္မ်က္ဝန္းမ်ားက ေရကန္ငယ္ထဲတြင္ ထင္ဟပ္ေနသည့္လရိပ္ေလးႏွယ္ တိမ္တိုက္ႏွင့္လမင္းႀကီး၏အရိပ္တို႔ ေရာင္ျပန္ဟပ္ေနၿပီး ေလတစ္ခ်က္အေဝွ႕တြင္ ကန္ငယ္ေလးထဲရွိ လုံးဝန္းေသာလေရာင္ရိပ္ေလး မသိမသာေလးတုန္ယင္သြားသည္က လူတစ္ေယာက္၏ ႏွလုံးသားကိုအလွပဆုံးျဖစ္ေအာင္ ျပဳစားလိုက္သလိုမ်ိဳး။
႐ြမ္ေရွာက္နန္က သူမအား မေနနိုင္ေအာင္နမ္းရွိုက္လာမိရာ စကၠန့္ကိုင္းအတြင္း၌ပင္ အနမ္းမ်ားရပ္တန့္သြားခဲ့၏။
"ဘာျဖစ္လို႔လဲ.."
ေဝ့ရွီက သူ႕အား အထူးအဆန္းျဖစ္သလိုေမးလာခဲ့၏။
သူ၏လက္မက ေဝ့ရွီ၏ႏႈတ္ခမ္းပါးေပၚပြတ္သပ္ေလရာ ေသးငယ္လွေသာကိုက္ရာတစ္ခုကို ခံစားမိလိုက္၏။ထိုကိုက္ခဲရာတစ္ခုက ေသးငယ္လြန္းကာ အနီးကပ္ၾကည့္ေနပါသည့္တိုင္ သတိမထားမိနိုင္သည္အထိ။အခ်ိန္တစ္ခုၾကာသည္အထိ ေဝ့ရွီအား အေသးစိတ္ၾကည့္ေနၿပီး
"ဒီေန႕ ေန႕လည္ ဘယ္သြားေနတာလဲ"
ႏွလုံးသားစည္းခ်က္က လြဲေခ်ာ္သြားသည့္အတိုင္း ေဝ့ရွီတစ္ေယာက္ တင္းခနဲျဖစ္သြားကာ တုန့္ျပန္ရန္ အခ်ိန္စကၠန့္ပိုင္းမွ်ယူလိုက္ရ၏။
"ေန႕လည္ကလား...႐ူေဖးဆီသြားတာေလ..ဘာျဖစ္လို႔လဲ.."
"ဟုတ္..လား.."
ခပ္ေရးေရးသာက်န္ေတာ့သည့္အၿပဳံးက တျဖည္းျဖည္းမွိန္က်လာကာ ေထာင့္စြန္းတြင္သာ ေကြးမေယာင္ေလး က်န္ေနခဲ့၏။ထိုစကားလုံးႏွစ္ခုကို သိသိသာသာပင္ အသံရွည္ဆြဲေျပာၿပီးမွ
"သူေရာ အခုတေလာ ဘယ္လိုလဲ.."
"ဒီလိုပါပဲ..." ေဝ့ရွီ၏အသံက ၿငိမ္က်သြားခဲ့၏။
သူ၏မ်က္ႏွာေပၚရွိ ဖမ္းဆုတ္ယူဆလိုက္ရန္ခက္ခဲလွေသာအမူအရာမ်ားေၾကာင့္ ေဝ့ရွီအဖို႔ ပိုၿပီးရင္တုန္ပန္းတုန္ျဖစ္လာရ၏။သူမ၏ဘဝေပးကုသိုလ္ကံက လိမ္ညာဖို႔ရာေမြးဖြားေပးလာျခင္းမဟုတ္သည့္အလား ဤေနရာမ်ိဳးတြင္ မကြၽမ္းက်င္ ထို႔အျပင္ သူ၏အေရွ႕တြင္ျဖစ္ေနခဲ့ရာ ပို၍ပင္လိမ္ညာဖို႔ရန္ ခက္ခဲေနေလ၏။သူ၏မ်က္ဝန္းမ်ားေအာက္တြင္ ႏွလုံးခုန္သံက ျမန္ဆန္လာေလ အၾကည့္မ်ားကို မေရွာင္ဖယ္ရဲေလျဖစ္ကာ မ်က္ႏွာက ပို၍ပူလာသည့္ခံစားခ်က္ႀကီးႏွင့္အတူ ေပါက္ကြဲထြက္လာမတတ္ပင္။
"ဒါဆိုလည္း ၿပီးတာပါပဲ.."
အရာအားလုံးပုံမွန္ျပန္ျဖစ္သြားသလို သူ၏အမူအရာအားလုံးကလည္း ေလးနက္ၿပီးတည္ၿငိမ္သည့္အေနအထားသို႔ ျပန္ေရာက္သြား၏။
"ဆန္ျပဳတ္က ေအးေနၿပီ...ျပန္သြားၿပီး ႏႊေးလာေပးမယ္ေနာ္.."
ေဝ့ရွီက မတ္တပ္ရပ္လိုက္ၿပီးေနာက္ ပန္းကန္လုံးကို ေကာက္ယူလိုက္၏။ခံစားမိလိုက္သည္က ထိုပန္းကန္လုံးကို ကိုင္ထားသည့္လက္ေခ်ာင္းတို႔က အတုန္တုန္အယင္ယင္။
"မလိုေတာ့ဘူး..ကိုယ္ စားခ်င္စိတ္လည္းမရွိလို႔...ဒီေန႕ ညနက္တဲ့အထိအလုပ္လုပ္ရေလာက္တယ္..ကိုယ့္ကိုမေစာင့္ဘဲ အိပ္ႏွင့္ေတာ့ေနာ္.."
စကားေျပာၿပီးသည္ႏွင့္ သူ၏စာရင္းဇယားမ်ားဆီသို႔ အာ႐ုံျပန္ေရာက္သြားကာ ပုံစံက မိုင္ေပါင္းေသာင္းခ်ီေဝးကြာေနသည့္ လူတစ္ေယာက္အျဖစ္ေျပာင္းလဲသြားသည့္အလား။
ေဝ့ရွီက တံခါးဝဆီသို႔ေရာက္သည့္အခ်ိန္တြင္ တစ္ခ်က္ျပန္လွည့္ၾကည့္လိုက္၏။သူ၏ မ်က္ႏွာက စာၾကည့္မီးေရာင္၏အရိပ္ေအာက္တြင္ နစ္ဝင္ေနသည့္တိုင္ ေမးရိုးအက်အနမ်ားက သိသိသာသာထင္းေနပါေသးသည္။အေနာက္ခံျမင္ကြင္းေၾကာင့္လည္းျဖစ္နိုင္ကာ မ်က္ခုံးမ်ားက ခါတိုင္းေန႕မ်ားထက္ ပိုတြန့္ေနသေယာင္ေယာင္။
စာၾကည့္ခန္းမွ တိတ္တိတ္ဆိတ္ဆိတ္ထြက္လာခဲ့ၿပီး အိပ္ခန္းဆီသို႔ ျပန္လာခဲ့၏။ခႏၶာကိုယ္တစ္ခုလုံးကို ႐ြမ္ေရွာက္နန္၏ေမြ႕ရာထက္သို႔ ပစ္လွဲခ်ပစ္လိုက္ၿပီး မ်က္ႏွာက်က္ကိုၾကည့္ေနရင္းက ေဖာ္ျပရနက္နဲေသာသူ၏ႏွလုံးသားအတြင္းမွအစိုင္အခဲမ်ားကို ျမင္ေယာင္လာမိ၏။
ယခုေလးတြင္ျဖစ္သြားသည့္ကိစၥကို ေတြးၾကည့္ရင္း ေဝ့ရွီက ႏႈတ္ခမ္းပါးကို လက္ျဖင့္ထိေတြ႕ၾကည့္လိုက္၏။႐ြမ္ေရွာက္နန္က တစ္ခုခုကိုသတိထားမိသြားမွန္း ရပ္မိပါ၏။ထို႔အျပင္ ယခုလို မေျပာမဆိုႏွင့္ လူကိုေၾကာက္လန့္တၾကားျဖစ္ေနရေအာင္ တည္ၿငိမ္သြားျပန္၏။ေျပာခဲ့ဖူးသည္မဟုတ္လား ထိုလူက အျခားသူမ်ား သူ႕အေပၚ လိမ္ညာေနျခင္းကို အမုန္းဆုံးဟူ၍။ သူမက သူအမုန္းဆုံးကိစၥကိုလုပ္ခဲ့ျခင္းျဖစ္သျဖင့္ ႐ြမ္ေရွာက္နန္ ေဒါသထြက္ေနမည္မွာ အဆန္းမဟုတ္ေတာ့ေပ။
သို႔ေသာ္လည္း သူမအေနျဖင့္ ဘယ္လိုနည္းျဖင့္ ပါးစပ္မွ ေျပာထြက္လာနိုင္ပါ့မည္နည္း။သူ၏ ထစ္ခနဲရွိစိတ္တိုၿပီးသည္းမခံေပးနိုင္သည့္အက်င့္ကို သူမ မသိတာလည္းမဟုတ္သျဖင့္ မေျပာျပရဲ။သို႔ေသာ္ သူမ၏ေတြေဝၿပီး သိုသိုဝွက္ဝွက္လုပ္ေနသည့္ပုံစံက သစၥာေဖာက္ေနသည့္သူႏွင့္ တူေကာင္းတူပါလိမ့္မည္။
ေဝ့ရွီက သက္ျပင္းခ်ကာ ေစာင္ၿခဳံလိုက္ၿပီး ေနာက္ထပ္မစဥ္းစားခ်င္ေတာ့သျဖင့္ မ်က္ဝန္းကိုပိတ္ခ်လိဳက္၏။မထင္မွတ္ထားစြာျဖင့္ ေ႐ႊေရာင္ေတာက္ေနသည့္အလင္းေရာင္မ်ားၾကားမွ မ်က္ႏွာတစ္ခုကို ႐ုတ္ခ်ည္းသတိရလာခဲ့၏။
ညေနခင္းတြင္ျဖစ္သြားသည့္အေၾကာင္းကိုျပန္ေတြးမိလာ၏။
ခ်ီေမာ့၏ေပြ႕ဖက္မႈမ်ားထဲတြင္ ဆယ္ေက်ာ္သက္အ႐ြယ္၌႐ြမ္ေရွာက္နန္ဆီမွ ရရွိခဲ့ေသာ ျဖဴစင္ျခင္းအေငြ႕အသက္မ်ားႏွင့္ထပ္တူညီျခင္းမ်ားကို ခံစားမိလိုက္ပါ၏။ၿငိမ္သက္ေနေသာႏြေးေထြးမႈ ျပတ္သားလြန္းသည့္ႏွလုံးခုန္သံ တင္းၾကပ္ေနေအာင္ေပြ႕ဖက္ထားမႈတို႔က အခ်ိန္တို႔ေနာက္ျပန္ရစ္သြားခဲ့လို အတိတ္မွခံစားခ်က္မ်ားဆီသို႔ သယ္ေဆာင္ေပးသြားခဲ့ကာ ထိုရင္ဖိုေစခဲ့သည့္အနမ္းတစ္ခုတည္းကသာ သူမအား ေၾကာက္လန့္သြားေစခဲ့ျခင္းျဖစ္ပါ၏။
ရင္းႏွီးခဲ့ေသာႏွစ္မ်ားအတြင္း ခ်ီေမာ့က ဘယ္ေသာအခါကမွ ယခုလိုမဆက္ဆံခဲ့ဖူးေပ။တစ္ခါတေလ စေနာက္တတ္ေသာ္လည္း အၿမဲတမ္း အေျခအေနတစ္ခုတြင္ ရပ္သြားစၿမဲ။သူမကို ေကာက္းေကာင္းမြန္မြန္ဆက္ဆံေပးျခင္းကလည္း ႐ုေဖး၏မ်က္ႏွာေၾကာင့္ဟုသာ ယူဆထားခဲ့ျခင္းျဖစ္ၿပီး မဟုတ္လွ်င္လည္း အားနည္းသူတစ္ေယာက္ကို ကူညီေပးေန႐ုံသက္သက္ဟူ၍။
မဟုတ္မွလြဲ သူမ ေတြးထားတာက မွားေနခဲ့လို႔လား။
******************