Alluring [ ဘာသာပြန် ]

By xiaochong17

18.9K 1.2K 69

绝色倾城 ဆိုတဲ့စကားလုံးက အရိုးရှင်းဆုံးဆိုရလျှင် 'မိန်း​မောသွား​လောက်တဲ့ထိစွဲလမ်းခြင်း' လို့အဓိပ္ပါယ်ရပါတယ်။လူတစ်... More

Description
Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59.1
Chapter 59.2
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64 ( Ending )
Translator'notes

Chapter 20

205 16 0
By xiaochong17

ပျော်ရွှင်ခြင်းအား အဓိပ္ပါယ်ဖွင့်ဆိုရလျှင်

ရွမ်​ရှောက်နန်၏ ​ပျော်ရွှင်​နေသည့်အချိန်များက သိပ်မကြာလိုက်ပါ။​ဆေးရုံမှဆင်းသည်နှင့် ​ဖြေရှင်းရန် စောင့်ကြို​နေသည့်အလုပ်ကိစ္စများက တစ်ပုံတစ်ပင်ကြီးဖြစ်သည်။

​ဝေ့ရှီက ​ကျောင်းပိတ်ရက်များအတွင်းသို့ ​ရောက်​​နေပြီဖြစ်ကာ ရွမ်​ရှောက်နန်က သူ၏ ဗီလာတွင် လာ​ရောက်​ပြောင်း​နေပါရန် အကြိမ်ကြိမ်​တောင်းဆိုသည့်တိုင် မ​ပြောင်း​ရွေ့။ ရွမ်​ရှောက်နန်၏မျက်နှာကို ​ထောက်ပြီး Alluring တွင်လည်း ဆက်ပြီးအလုပ်မလုပ်ဖြစ်​တော့​ပေ။

သို့​သော် ထို​နေရာမှရ​နေသည့်ဝင်​ငွေများမရှိ​တော့လျှင် သူမ၏ ကျူရှင်လခနှင့်​နေစရိတ်များအပြင် ​စျေးကြီးလွန်းလှသည့် ပန်းချီဆိုင်ရာသုံးကိရိယာများအတွက်ပါ ​ငွေ​ရေး​ကြေး​ရေးပြဿနာရှိလာနိုင်မည်ဖြစ်သည်။

ရွမ်​ရှောက်နန်က သူမကို လိုရမယ်ရသုံးရန် ဘဏ်ကဒ်တစ်ခု​ပေးလိုက်သော်လည်း သူ၏ဗီလာထဲရှိ အံဆွဲထဲ၌သာ ပြန်ထည့်ထား​ပေးခဲ့သည်။သူ၏​စေတနာကို နားလည်ပါသည့်တိုင် သူမကိုယ်၌ကိုယ်က 'လိုရမယ်ရ' ဆိုသည့်စကားလုံးနှင့် အသားမတည့်ခြင်း​ကြောင့် ယူမသုံးရခြင်းလည်းဖြစ်ပါလိမ့်မည်။ဤအရာက မာနကြီးကာစိတ်ကြီးဝင်ခြင်းမျိုးမဟုတ် နှစ်ရှည်လများစွာကျင့်သုံး​ခဲ့​သော အကျင့်​ကြောင့်ဟုသာ​ဆိုရမည်။အခြားတစ်ခုအ​နေဖြင့် ​ပြောရလျှင် မိမိကိုယ့်ကိုယုံကြည်အားကိုးခြင်းမျိုးဖြစ်ကာ သူနှင့်သူမ ကြားရှိ ကွာခြားချက်များကို ပို၍​တွေး​တောမိ​လေ သူမအဖို့ ကိုယ့်ကိုကိုယ် ပို၍အားကိုးရန် ကြိုးစားမိ​လေဖြစ်၏။

​နောက်ပိုင်း ရူ​​ဖေးကို သူမ​တွေးထားသည့်အရာများကို​ပြောပြတိုင်း ရူ​ဖေးက အ​ရေးတယူလုပ်ပြီးပင် နားမ​ထောင်​ပေး​တော့​ပေ။

"နင်က သူ့အတွက်နဲ့ နိုင်ငံခြားကို​တောင်ပညာသင်ဖို့မသွားခဲ့တာ​လေ... နင့်ကို ​စောင့်​ရှောက်​ပေးရမှာက သူ့ရဲ့တာဝန်ပဲဟာ..ပြီး​တော့ သူ မတတ်နိုင်တာလည်း မဟုတ်ဘူး​လေ..ဘာလို့များ ကိုယ့်ကိုကိုယ်ခက်ခဲ​အောင်လုပ်​နေတာလဲ ​ဝေ့ရှီ.."

"သူများဟာကိုစား သူများဟာကိုယူသုံး...ဘာမဆို သူ့ကိုမှီခို​နေရင်...​နောက်ကျ သူငါ့ကိုမလိုချင်​တော့ရင်​ရော ဘယ်လိုလုပ်မလဲ...ငါ အငတ်ခံပြီး​သေရမှာလား.."

ရူ​ဖေးက တစ်ခဏမျှစဥ်းစားပြီး​နောက်

"နင့်ဘက်ကကြည့်ရလည်း မမှားဘူး..ဒါ​ပေမယ့် ရွမ်​ရှောက်နန်က တစ်ချက်ကြည့်လိုက်တာနဲ့ လူမျိုးကြီးဝါဒီကျင့်သုံး​နေတဲ့သူလိုလို အရမ်းအားကိုးခံချင်တဲ့သူမျိုးမှန်း သိသာတယ်ကွာ..နင်က ဒီလိုလုပ်​နေရင်...သူ့ဘက်က ထုတ်မ​ပြောလာရင်​တောင်မှ စိတ်ထဲမှာ ​ဒေါသ​တော့ထွက်​နေမှာပဲ.."

"သူ..နားလည်​လောက်မှာပါ.."

​ဝေ့ရှီ ဤစကားကို​ပြောလိုက်သည့်အချိန်တွင် အနည်းငယ်တွန့်ဆုတ်သွားခဲ့ရ၏။အမှန်တွင် သူမကိုယ်တိုင်လည်း ​သေချာမသိ​​​သော​ကြောင့်ဖြစ်၏။

ဒီရက်များအတွင်း ​ဝေ့ရှီက ​တောက်​လျှောက်​ပြေးလွှားပြီး အလုပ်ရှာ​နေခဲ့သည်။သို့​သော် စီးပွား​ရေးအကျပ်အတည်းကာလလည်းဖြစ်သဖြင့် အလုပ်တစ်ခုရှာ​တွေ့ရန် မလွယ်ကာ ရက်​တော်​တော်​ကြာ​အောင် ​ပြေးလွှားသွား​နေခဲ့သဖြင့် ​ခြေကုန်လက်ပန်းကျ​နေပြီဖြစ်သည်။

ရွမ်​ရှောက်နန်က ​လေးငါးရက်​လောက် မ​ပြောဘဲလွှတ်ထား​​သေး​သော်လည်း ​နောက်ဆုံးတွင်​တော့ မ​နေနိုင်မထိုင်နိုင် ဝင်​ပြောလာ​​တော့၏။

"ကိုယ့်ပိုက်ဆံ​တွေ ယူသုံးလိုက်ဖို့ မင်းအတွက် အဲ့​​လောက်ထိ ခက်ခဲ​နေတာလား...မင်းရဲ့ အရင်အလုပ်ကို ကိုယ့်​ကြောင့်စွန့်လွှတ်လိုက်တာ​လေ...ကိုယ်က မင်းကို ပြန်​လျော်​ပေးတယ်လို့ သ​​ဘော​ထားပေးလို့မရဘူးလား.."

​ဝေ့ရှီက အပြင်မှ ပြန်​ရောက်ခါစဖြစ်ကာ ​ရေ​သောက်ရင်း​ခေါင်းရမ်းပြလာ၏။

"မရဘူး!...ငါ့ဘာသာငါ အလုပ်ထွက်လိုက်တာကို...ဘာလို့ နင်နဲ့ဆိုင်ရမှာလဲ..."

"ဒါဆိုလည်း ကိုယ့်ဆီက​နေ ပိုက်ဆံ​​ချေးတယ်လို့ သ​ဘောထားလိုက်..​.ဒီအတိုင်း ​ချေးလိုက်တဲ့ပုံစံမဟုတ်ဘဲ ​ကျောင်းပြီးသွားမှ အလုပ်ရှာပြီး ​ဘဏ်အတိုးအတိုင်းတွက်ပြီးဖြေး​ဖြေးချင်းပြန်ဆပ်​ပေါ့.."

​ဝေ့ရှီက မျက်​မှောင်ကျုံ့ရင်းငြိမ်သက်သွားကာ တဖန်​ခေါင်းရမ်းပြပြီး

"ဒါလည်း အဆင်မ​ပြေ​သေးဘူး..​ကျူရှင်လခ​တွေအတွက်​တော့ နင့်ဆီက ​ချေးလို့ရ​ပေမယ့် ​နေထိုင်မှုစရိတ်အတွက်ကို​တော့ ယူသုံးလို့မဖြစ်ဘူး...ငါ့ဘာသာငါ ရှာတာက ပိုအဆင်​ပြေမှာပါ.."

ရွမ်​ရှောက်နန်က ​ပြောစရာစကားကုန်ဆုံးသွားသည့်အလား မျက်ခုံးများကို ပင့်​မြှောက်၍သာကြည့်​နေလိုက်၏။အချိန်တစ်ခု ကြာသွားပြီးမှ

"ဒီလို စိတ်ကြီးတတ်တာ​တွေက ဘယ်သူနဲ့တူ​​နေလို့လဲ.."

​ဝေ့ရှီက ပြုံးလိုက်ရင်း

"နင် မသိ​သေးဘူးလား..ကမ္ဘာ​ပေါ်က အ​ကောင်းဆုံးပန်းချီဆရာ​တွေအားလုံး ဆင်းရဲတဲ့သူ​တွေချည်းပဲ​လေ...အရမ်းဆာ​လောင်မွတ်​နေတဲ့အခိုက်အတန့်မျိုးမှာမှ စိတ်နှလုံးဝိဥာဥ်ကို ထိ​တွေ့မိပြီး အနုပညာအစစ်ဆိုတာ ဖြစ်လာတာ...Paul Gauguin ကို ကြားဖူးလား...သူဆို ​ရေအငတ်ခံပြီးမှကို ပန်းချီဆွဲတာ​လေ..ပြီး​တော့ Van Gogh ..သူဆို ဗိုက်ဆာလွန်းလို့ တာပင်တိုင်(turpentine)ဆီ​တွေကို စားပြီး..."

ရွမ်​ရှောက်နန်က နား​ထောင်​လေ ပို၍မသက်မသာဖြစ်လာ​လေဖြစ်ရာ စကားကိုအမြန်ဖြတ်​ပြောလိုက်ပြီး

"ရပါပြီ...ကိုယ်ကလည်း မင်းကို အဲ့လိုဟာ​​တွေ သွားမစားခိုင်းပါဘူးကွာ...ဒါမှမဟုတ် ဒီလိုလုပ်မလား..ကိုယ့် သူငယ်ချင်း​တွေထဲမှာ ပန်းချီကား​တွေကိုစုရတာ ဝါသနာပါတဲ့သူ​တွေရှိတယ်...သူတို့​တွေကို ကူညီ​ပြီး ပန်းချီဆွဲ​ပေးမလား..Alluring မှာထက်​​တော့ ဝင်​ငွေ​ကောင်းမှာပါ...အလုပ်ချိန်လည်း သိပ်မများ​တော့ အဆင်​ပြေမယ်ထင်တယ်.."

​ဝေ့ရှီက ​ခေါင်းငြိမ့်ပြလာ၏။

"တကယ်​ကောင်းတဲ့ အလုပ်ပဲ...ဒါ​ပေမယ့်...အဲ့လိုပန်းချီ​တွေကို ပြန်ပြင်ဖို့ ပြန်ဆွဲဖို့ဆိုရင် များ​သောအားဖြင့် နာမည်ကြီးပန်းချီဆရာ​တွေကိုပဲ​ခေါ်ကြတာ..သူတို့က ငါ့ကို ယုံကြည်ပါ့မလား.."

ရွမ်​ရှောက်နန်က အလုပ်ကိစ္စများဖြင့်အလုပ်ရှုပ်​နေကာ ​ခေါင်းမ​ဖော်နိုင်​အောင် အာရုံစိုက်ထားရင်း

"အဲ့ဒါက​တော့ မင်းအရည်အချင်းနဲ့ဆိုင်သွားပြီ​​လေ..ကိုယ်က မိတ်ပဲမိတ်ဆက်​ပေးမှာ..ကျန်တာ​တွေက မင်းအ​ပေါ်ပဲမူတည်တယ်...​ပြော​တော့ ကိုယ့်အားကိုကိုးမှာ​ဆို ဒီ​လောက်​လေး​တောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဘူးလား.."

​ဝေ့ရှီက ကိုယ့်ကိုကိုယ် အား​ပေးလိုက်၏။ဒီ​လောက်​လေးမှ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိလျှင် နှစ်​တော်​တော်ကြာ​အောင်​လေ့လာဆည်းပူးထားသည့် ပန်းချီပညာများက အလဟသဟုပင် သမုတ်ပစ်ရလိမ့်မည်ဖြစ်၏။ရွမ်​ရှောက်နန် မိတ်ဆက်​ပေးသည့်အလုပ်ဖြစ်​သော်လည်း သူမ၏အရည်အချင်း​ပေါ်မူတည်၍သာ ရရှိလာမည့်ဝင်​ငွေဖြစ်သဖြင့် အနည်းငယ်​လေး စိတ်သက်သာရာရသွား၏။

ရွမ်​ရှောက်နန်က တကယ်ကို မျက်နှာသာ​ပေးခံရသည့်လူတစ်​ယောက် ဖြစ်မှန်း ယခုအချိန်မှာမှ ပို​သေချာသိသွားခဲ့၏။သူ၏စာကြည့်ခန်းအတွင်း၌ ထည့်ထားသည့်ပန်းချီကားချပ်များကိုကြည့်ပြီး ​ဝေ့ရှီအဖို့ အိပ်မက်တစ်ခုလိုပင် ခံစားမိသွား၏။ ရွမ်​ရှောက်နန်၏ မည်သို့​သော သူငယ်ချင်းမျိုးက နာမည်ကြီးလွန်း​သောပန်းချီကားများကိုသာ ​ရွေးပြီးစု​ဆောင်းထားနိုင်မှန်း တကယ်သိချင်လာမိသည်။ထိုပန်းချီကားချပ်များကို ကိုင်လိုက်သည့်အချိန်၌ပင် တစ်ခုခုလွဲ​ချော်သွားမည်ကို စိုးရိမ်ကာ လက်​ချောင်းများတုန်ယင်လာရသည်အထိ။

ရွမ်​ရှောက်နန်က သူမ၏ကိုင်ထားရန်လည်းမဖြစ် ​အောက်ချလိုက်ရန်လည်းမဖြစ် ချိတုံချတုံဖြစ်​နေသည့်ပုံစံကိုကြည့်ပြီး​နောက်

"ပန်းချီကား သုံး​လေးချပ်ပါပဲ...မင်းလုပ်လို့ ပျက်ဆီးသွားတယ်ဆိုရင်​တောင်မှ ကိုယ် ​လျော်နိုင်ပါ​သေးတယ်.."

​ဝေ့ရှီက သက်ပြင်းချခါရှိ​သေး ရွမ်​ရှောက်နန်က ထပ်ပြီးဆိုလာပြန်၏။

"ဒါ​ပေမယ့် ကိုယ့်ရဲ့ပိုက်ဆံ​တွေကို​တော့ အလကား​ပေးမှာမဟု​တ်ဘူး​နော်...ပြီး​တော့ မင်းကလည်း ပန်းချီ​ကောင်း​ကောင်းဆွဲတတ်တာကလွဲလို့ ဘာမှလည်း မလုပ်တတ်ဘူးဆို​တော့...တကယ်လို့များ အ​ကြွေးတင်သွားရင်လည်း ကိုယ့်ကို ​​ဖြေးဖြေးချင်းပြန်ဆပ်လို့ရပါတယ်.."

ဤလူက အဘယ်​ကြောင့် စကားကို နား​ထောင်ရခက်​အောင်​ပြော​​နေရပါသနည်း။သူ၏အ​ထောက်အပံ့ကို လက်မခံရုံဖြင့် ယခုလို ပြဿနာရှာ​နေ​တော့မည်​လော။ဤရက်ပိုင်းများအတွင်း ထိုလူက သက်ပြင်းတစ်ချချဖြစ်​နေပြီး ယခုလို​ပေါက်ကွဲထွက်​နိုင်မည့်အ​ခြေအ​နေတစ်ခုကို ​စောင့်​နေမှန်း သတိထားမိပါ၏။ ဟန်​ဆောင်​ကောင်းပြီး ကပ်သီးကပ်သပ်ဖြင့် စိတ်လက်တစ်ဆစ်သာရှိသည့် ​ယောက်ျား!..

သို့​သော်လည်း သူ၏စကားလုံးများ​ကြောင့် ပို၍ပင် ရဲရဲဝံ့ဝံ့လုပ်ကိုင်လိုစိတ်များ ​ဖြစ်လာခဲ့၏။

အမှန်တကယ်လုပ်ကြည့်သည့်အချိန်တွင် ​​​ဝေ့ရှီအဖို့ ထင်ထားသလို မခက်ခဲမှန်း နားလည်သွား၏။အချိန် အ​တော်ယူပြီး လုပ်​ပေးရသည့်ပြဿနာ​လေးသာရှိသည်။ ဆီ​ဆေးပန်းချီကားများက ​ရေရှည်ခံသည့်​ဆေးများဖြစ်ကာ ပန်းချီကား​ပေါ်တွင် မသိသာလှ​သော အက်​ကြောင်း​လေးများသာရှိပြီး ထိုအက်​ကြောင်း​လေးများကို မူလအရည်​အ​သွေးလည်းမ​ပျောက်ပျက်သွားရန်နှင့် ပြင်ဆင်ထားခြင်းမှန်းလည်း မသိသာ​စေရန် စိတ်ရှည်လက်ရှည် ပြုပြင်​ပေးရခြင်းမျိုးဖြစ်၏။

​ရွမ်​ရှောက်နန်က 'ရိထျန်း'လုပ်ငန်းစု၏ အ​ပေါ်ဆုံးလွှာရှိ စာကြည့်ခန်း၏​နေရာတစ်ဝက်တိတိအား ​ဝေ့ရှီ ပန်းချီဆွဲရန်အတွက် ​ပေးထား၏။​​သူမက တစ်ဖက်ခြမ်းတွင် ​နေတိုင်းနီးပါး ပန်းချီဆွဲပြီး ထိုလူက အခြားတစ်ဖက်တွင် အလုပ်လုပ်​နေခဲ့၏။ယခုလိုစီစဥ်ထားရခြင်း၏ ရည်ရွယ်ချက်သည်ကား : ခေါင်း​မော့ကြည့်လိုက်သည်နှင့် သတိရ​နေ​သောသူတစ်​ယောက်ကို ချက်ချင်း မြင်​တွေ့​ရလိုခြင်း​ကြောင့်ဖြစ်၏။ ဘယ်သူက သူ့ကို ဒီ​လောက်ထိ အလုပ်လုပ်ခိုင်း​နေလို့လဲ?..ချစ်သူရည်းစားအတွက် ​ပေးစရာအချိန်က သနားစရာ​ကောင်း​လောက်​အောင် နည်း​နေခြင်း မဟုတ်လား။

'ရိထျန်း' နှင့် 'ထိုက်ဟွမ်' လုပ်ငန်းစုကြားရှိ ​ရှယ်ယာတိုက်ပွဲက စက္ကန့်နှင့်အမျှ​ပြောင်းလဲ​နေခြင်းဖြစ်ကာ အချိန်ပြည့်ဂရုစိုက်​နေရသဖြင့် အပန်း​ဖြေခရီးထွက်မည့်အစီအစဥ်ကိုလည်း ​နောက်သို့​ရွေ့ထားလိုက်ရ၏။

ရွမ်​ရှောက်နန်က အားနာ၍​တောင်းပန်​သော်လည်း ​ဝေ့ရှီအ​နေဖြင့် ထိုအရာများကို ဂရုမစိုက်။ချစ်ရ​သောသူနှင့် အတူရှိ​နေရပါလျှင် မည်သည့်ကိစ္စ မည်သည့်​​နေရာ မည့်သည်အလုပ်မျိုးကို လုပ်​နေခဲ့ပါ​စေ ​ပျော်ရွှင်ခြင်း၏အရသာကို ခံစား​ရ​နေပြီးဖြစ်၏။သူတို့နှစ်ဦး၏ လက်ရှိအ​ခြေအ​နေ​လေးကိုပဲ ကြည့်...သူကလည်း အချိန်တိုင်းနီးပါး အလုပ်များ​နေခဲ့သလို သူမကလည်း အ​နှောက်မယှက်မပြု...သို့​သော် မျက်ဝန်း​လေး တစ်ချက်ပင့်လိုက်ရုံ​လေးဖြင့် တစ်ဖက်လူ၏လှုပ်ရှားမှုအားလုံးကို ခံစားမိ​နိုင်​နေခြင်းပင် မဟုတ်လား။

​ဝေ့ရှီက ဒီရက်ပိုင်းများအတွင်း အ​လေးအနက်ကို စဥ်းစားကြည့်မိခဲ့ဖူးပါ၏။ ​ပျော်ရွှင်ခြင်း ဆိုသည်မှာ အဘယ်နည်း။ တချို့က ​ပြောကြပါ၏ ​ပျော်ရွှင်ခြင်းဆိုသည်မှာ အသက်ရှည်ကျန်းမာ​နေခြင်းလည်းမဟုတ် ချမ်းသာကြွယ်ဝ​နေခြင်းလည်းမဟုတ် စားချင်သည့်အချိန်တွင် စားချင်သည့်အရာကို စားနိုင်ပြီး ချစ်ရ​သောသူနှင့် ချစ်​နေခွင့်ရခြင်းသာဖြစ်၏။

အကယ်၍ ဤ​ရှု​ထောင့်မှ ကြည့်ပြီး​ဆုံးဖြတ်ရမည်ဆိုလျှင် ဝေ့ရှီက လက်ရှိတွင် တကယ်ကို အရမ်း​ပျော်ရွှင်​နေသည့်သူ​လေး ဖြစ်၏။

ရွမ်​ရှောက်နန်က အမှန်တွင်​​တော့ ခံစားချက်နှင့်ပတ်သတ်သည့်ကိစ္စများတွင်စိတ်ဝင်တစားရှိလှသည့်သူမျိုးမဟုတ်။အချိန်တော်​တော်များများကို ခပ်တည်တည်အ​နေအထားဖြင့်သာ ​နေတတ်ပြီး မရယ်မပြုံးဖြစ်​နေသည့်အခါမျိုးတွင် အနားမကပ်ရဲ​တော့သည်အထိ ​ကြောက်လန့်​စေနိုင်ပါ​သေးသည်။သူ၏ လက်​အောက်ငယ်သားများအားလုံး သူ့အား အရမ်း​ကြောက်​နေကြသည့်ပုံစံမျိုးကို မြင်ဖူးပါ၏။​ဝေ့ရှီကိုယ်တိုင်လည်း သူ​ဒေါသထွက်​နေသည့်အချိန်မျိုးတွင် ​ကြောက်လန့်မိ၏။သို့​သော်လည်း ရွမ်​ရှောက်နန်က သူမအ​ပေါ် အ​တော်​လေးကို ​ကောင်း​ကောင်းမွန်မွန်ဆက်ဆံ​ပေးပါ၏။သူမ ထွက်​ပြေးသွားမည်ကို စိုးရိမ်​နေပုံလည်းရကာ ​ဒေါသထွက်ချင်​နေလျှင်​တောင်မှ များ​သောအားဖြင့် သူ့စိတ်ကိုသူ ပြန်ထိန်းသွားခဲ့သည်ပင်။

အကျင့်ဖြစ်​သော​ကြောင့်ဟုလည်း ထင်ရကာ ရွမ်​ရှောက်နန်က သူမအား ​ချော့​မော့ရာ၌ဖြစ်​စေ ဆူ​ငေါက်ရာ၌ဖြစ်​စေ က​လေးတစ်​ယောက်ကို စကား​ပြော​နေရသလိုသာ ဆက်ဆံပြန်၏။

ဥပမာဆိုရလျှင် : ဆံပင်ကို ​ရေ​ပြောင်​အောင်မသုတ်ဘဲ မအိပ်နဲ့..​ ခြေဗလာနဲ့ ​လျှောက်မသွားနဲ့..မနက်စာ မစားဘဲ အပြင်မသွားနဲ့...ခဲတံ​တွေကို မကိုက်နဲ့.. ​ကြောင်​ပေါက်စ​လေးလိုမျိုး ပန်းချီ​ဆေး​တွေကို မျက်နှာ​ပေါ်မှာ ​ပေပွ​အောင် မလုပ်ထားနဲ့..

​​အပင်ရိုင်းတစ်ပင်လိုသာ နှစ်များစွာကြီးပြင်းလာခဲ့သည့် ​ဝေ့ရှီအဖို့ သူမကိုယ်သူမ အဆင်​ပြေ​ပြေ​နေထိုင်​တတ်ပြီဟုသာ ​ယူဆထားခဲ့သည်။သူချမှတ်ထားသည့်စည်းကမ်းချက်များက သိပ်ကိုမြင့်လွန်းကာ ရုတ်တရက်​ပြောင်းလဲပစ်ရန်အတွက် မလွယ်ကူလွန်းလှ။သူ၏အ​ရှေ့​တွင် ​နေ​နေရသည်က နံရံကို ခဏခဏဝင်တိုက်မိသလိုသာဖြစ်​နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်သည့်စိတ်များကိုပင် လုံးလုံးလျားလျား ​​ပျောက်သွား​စေနိုင်၏။သို့​သော်လည်း ရွမ်​ရှောက်နန်က သူမအား ပြန်ပြီးဖျက်ဆီးအလိုလိုက်ပြန်ပါ၏။သူမ ကြိုက်တတ်သည့် ကြိုက်တတ်သည့်အရာများကို တိတ်တိတ်​လေးမှတ်ထားတတ်ပြီး ဂရုတစိုက်ရှိ​နေခြင်းမျိုး။

နှစ်သစ်ကူးရက်သို့ နီးလာပြီဖြစ်၍ ရွမ်​ရှောက်နန်တွင်လည်း ရှားရှားပါးပါး အားလပ်ရက်များရှိလာ​​လေရာ ​တော်​တော်​လေး​နေမြင့်ပြီးမှ အိပ်ရာထလာ၏။​ဝေ့ရှီက သူမ၏အိမ်နှင့်ဤ​နေရာ နှစ်ခုစလုံးကို ​​ခေါက်တုန့်​ခေါက်ပြန်လုပ်​နေဆဲဖြစ်ပြီး မ​နေ့ညက အလွန်ညနက်သည်အထိ အလုပ်လုပ်မိသွား၍သာ ဤ​နေရာတွင်​ တစ်ညကုန်ဆုံးသွားခဲ့ခြင်းဖြစ်၏။

အမြဲတမ်း ​စော​​စောထတတ်သည့်အကျင့်ရှိ​နေပြီဖြစ်ကာ ရွမ်​ရှောက်နန် နိုးလာသည့်အချိန်တွင် ​ဝေ့ရှီက ပန်းချီဆွဲ​ခန်းထဲသို့ ​ရောက်နေပြီဖြစ်သည်။ရွမ်​​ရှောက်နန်က သူမအား အ​နောက်ဘက်မှ ​ပွေ့ဖက်လိုက်ရင်း ခပ်​ဖွဖွ​လေး နမ်းရှိုက်လိုက်၏။

​ဝေ့ရှီက တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခိုက် မြင်လိုက်ရသည့်အ​​နေအထား​ကြောင့် ရယ်ချင်သလိုလို ဖြစ်သွားခဲ့၏။အိပ်ရာထခါစသူက ဆံပင်များရှုတ်ပွခတ်​နေပြီး မျက်လုံးများလည်း ရီ​ဝေကာ ကြည့်ရသည်က တစ်မျိုးဖြစ်​နေ၏။ပုံမှန်အားဖြင့် အချိန်တိုင်း ပြီးပြည့်စုံပြီးအ​သေးစိတ်လွန်းလှသည့်သူတစ်​ယောက်အ​တွက် ယခုလို အ​နေအထား​လေးက အဆန်းတကြယ်ဖြစ်​နေ၏။သို့​သော် ​ဖော်ပြ၍မရနိုင်သည့် ချစ်စရာ​ကောင်းသည့်အမူအရာ​​လေး​တွေကို ​တွေ့လိုက်သည်မဟုတ်လား။

"ကိုယ် ဒီ​နေ့ အားတယ်...အပြင်ထွက်ပြီး ​လျှောက်လည်မလား.."

​ဝေ့ရှီက ရယ်​နေရင်းဖြင့် သူ့အား​ရှောင်ဖယ်လိုက်ကာ

"ခဏ​လေး​စောင့်..ဒီပန်းချီကားပြင်ဖို့ နည်းနည်းကျန်​သေးတယ်.."

လက်ထဲမှ ပန်းချီစုတ်တံကိုဆွဲလုယူပြီး

"အလုပ်​တွေက တစ်သက်လုံးလုပ်​နေလည်း ကုန်သွားမှာမဟုတ်ဘူး...မလုပ်နဲ့​တော့.."

နှစ်သစ်ကူးခါနီးလည်းဖြစ်သဖြင့် လမ်းမကြီး​ပေါ်တွင် ကျိတ်ကျိတ်တိုးစည်ကား​နေလျက်ရှိကာ ပတ်ဝန်းကျင်တစ်ခုလုံးက ယခင်ကထက်ကိုပို၍ အသက်ဝင်​နေ၏။ရွမ်​ရှောက်နန်က အဝတ်အစားဆိုင်တစ်ခု​ရှေ့တွင် ကားထိုးရပ်လိုက်ကာ ဝေ့ရှီက ရင်းနှီးသလိုကြည့်​နေမိပြီးမှ ရုတ်တရက်အမှတ်ရသွားခဲ့၏။ အရင်တစ်​ခေါက်က ​ခေါ်လာသည့် အကျီဆိုင် မဟုတ်လား?

"နှစ်သစ်ကူး​တော့မှာဆို​တော့..အကျီအသစ်​တွေလို​တော့မှာ​လေ..ဒီဆိုင်ရဲ့ဒီဇိုင်း​တွေက ​ကောင်မ​လေးငယ်ငယ်​လေး​တွေအတွက် အဆင်​ပြေတယ်...ကိုယ်တို့ ဝင်ပြီး ကြည့်ကြည့်ရ​အောင်"

ရွမ်​ရှောက်နန်က သူမ၏ခါးကို ဖက်ရင်း ဆိုလာခဲ့၏။

အ​ရောင်းစာ​ရေးမ​လေး၏ ​နွေး​​ထွေးစွာကြိုဆိုမှုနှင့်အတူ ရွမ်​ရှောက်နန်က ဆိုဖာ​ပေါ်တွင်ထိုင်လိုက်ရင်း အလျင်းသင့်သည့်မဂ္ဂဇင်းတစ်အုပ်ကို ​ကောက်ယူဖတ်​နေ​လေ၏။​ဝေ့ရှီက အဝတ်လဲခန်းထဲ ​ရောက်သွားသည်နှင့် ရင်းနှီးနှင့်ပြီး​သောမှတ်ဥာဏ်များက တဖန်ပြန်လည်​ပေါ်ထွက်လာခဲ့၏။ဤ​မီး​ရောင်များ​တောက်ပ​နေသည့် ​နေရာတွင် ​နောက်တစ်ကြိမ်ရပ်​နေရန် အ​ကြောင်းဖန်လာသည့်အခိုက် ထို​နေ့က ဤတစ်​နေရာထဲ၌ပင် မည်သို့မည်ပုံစိတ်ရှုပ်​ထွေးစွာရပ်​နေခဲ့ရ​ကြောင်းကို ပြန်သတိရလာ၏။ဟုတ်ပါ၏..သိမ်ငယ်​နေရတဲ့ခံစားချက်​တွေ​ကိုရော​ပေါ့..

"အရမ်းလှတယ်.."

ရွမ်​ရှောက်နန်က အ​နောက်ဘက်မှ သိုင်းဖက်လာပြီး နားရွက်ဖျားဆီသို့တစ်ချက်နမ်းရှိုက်ကာ စိတ်လိုလက်ရကိုချီးမွှန်းလာ၏။

အ​ရောင်းစာ​ရေးမ​လေးကပါ ပြုံးလာပြီး

"လူကြီးမင်းရွမ်က တကယ်ကြည့်တတ်တာပဲ​နော်...ဒီသိုး​မွှေးအကျီက Valentino ရဲ့​နောက်ဆုံးထုတ် ဒီဇိုင်းထဲက​လေ..ဝတ်စုံ​​လေးက မိန်းက​လေးနဲ့ အရမ်းလိုက်တာပဲ.."

ရွမ်​ရှောက်နန်က ​ဝေ့ရှီကိုမှီထားရာမှ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး

"မိန်းက​လေးလုရဲ့ ကိုယ်တိုင်း​တွေကိုမှတ်ထား...​သူက အခုလို​တွေသွားလာ​နေရတာကို သ​ဘောမကျတတ်ဘူး...နောက်ဆို ဒီဇိုင်းအသစ်ထွက်တိုင်း ပုံ​တွေကိုတိုက်ရိုက်ပို့လာ​ပေး..သူ​ကြိုက်တာရွေးလိမ့်မယ်.."

"ကျွန်မတို့ အကျီ​တွေကိုပါ စမ်းဝတ်ကြည့်လို့ရ​အောင် ပို့​ပေးပါ့မယ်...မိန်းက​လေးလုဘက်က စိတ်တိုင်းမကျ​သေးရင် ဥ​ရောပက တာဝန်ရှိတဲ့သူဆီ အ​ကြောင်းကြားပြီး မိန်းက​လေးလု ကိုယ်တိုင်း အတိုင်း ချုပ်​ပေးလို့ရပါတယ်.."

ရွမ်​ရှောက်နန်က စိတ်​ကျေနပ်သွားသလို ပြုံးလိုက်ရင်း

"ဒီလိုဆိုရင်​​တော့ အ​ကောင်းဆုံးပဲ..."

ထို့​နောက် ရင်ခွင်ထဲကသူကို ငုံ့ကြည့်ပြီး

"မင်းကို အပြင်​​လေး တစ်ခါထွက်ဖို့ ​ခေါ်ရတာက မိုးနတ်မင်းကို ပင့်ရတာထက်​တောင် ခက်​သေးတယ်...ကိုယ်ကလည်း မင်းကို အချိန်တိုင်း အ​ဖော်မလုပ်​ပေးနိုင်မှာကို စိုးရိမ်လို့​လေ..ဒီနည်းလမ်းက ပိုအဆင်​ပြေမလားလို့.."

​ဝေ့ရှီက အကူအညီမဲ့​နေသည့်အလား ​မော့ကြည့်လာပြီး

"လူကြီးမင်းရွမ်..ကျွန်မက ​ကျောင်းသူ​လေးပဲရှိ​သေးတာ​နော်...​နေ့တိုင်း ​နေ့တိုင်း ​ကျောင်းကို နာမည်ကြီးတံဆိပ်​တွေ ဝတ်ဝတ်သွားမယ်ဆိုရင် အရမ်းကြွားဝါနေသလိုဖြစ်​နေမယ်လို့ မထင်မိဘူးလား.."

ရွမ်​ရှောက်နန်က သူက အဖြူ​ရောင်သိုး​မွှေးကုတ်အကျီကို လှမ်းယူလိုက်ပြီး သူမ၏ ခန္ဓာကိုယ်​ပေါ်သို့ ကပ်လာ၍

"အင်တာနက်​ပေါ်က အတု​တွေ ဝယ်ဝတ်တာလို့ ​ဖြေလိုက်​ရင်ရပြီ​လေ.."

​ဝေ့ရှီ တကယ်ကိုရယ်ချင်လာမိ၏။ဤအ​ကြောင်းပြချက်ကို သူ ဘယ်လိုများ စဥ်းစားလိုက်ပါလိမ့်။

ရွမ်​ရှောက်နန်၏ပုံစံက အရမ်းကိုစိတ်ဝင်စား​နေသည့်ဟန်​ပေါက်သဖြင့် အ​ရောင်းဝန်ထမ်း​လေးကပါ ပြာပြာသလဲရှင်းပြ​နေ​၏။​ဝေ့ရှီ၏ပုံစံက ပလပ်စတစ်အရုပ်မတစ်ခုလိုဖြစ်​နေပြီး ဟိုလှည့်ဒီလှည့် ဟိုတိုင်း ဒီတိုင်းဖြင့် ပတ်ချာလည်​နေရ၏။ရွမ်​ရှောက်နန်က အကဲဖြတ်ကြည့်​နေရသည်ကို မ​မော​သော်လည်း တစ်ထည်ပြီးတစ်ထည် ကိုယ်တိုင်း​​နေရသူအဖို့ ​မောပန်းလာပြီဖြစ်သည်။မျက်​မှောင်ကျုံ့မိထား​သော်လည်း နှုတ်ခမ်းကထုတ်မ​ပြောရဲ။​ပြောလိုက်လျှင် ရွမ်​ရှောက်နန်က သူမကို စိတ်ဝင်တစားဖြစ်မ​နေခြင်း​ကြောင့် ဆူ​ငေါက်ဦးမည် မဟုတ်လား။

အ​ရောင်းဝန်ထမ်း​လေး၏ ပါးနပ်လှ​သော အရိပ်အကဲသိမှုကိုသာ ​ကျေးဇူးတင်ရ​တော့မည်ဖြစ်သည်။

"မိန်းက​လေးလု ပင်ပန်း​နေ​​လောက်​ရော​ပေါ့...မိန်းက​​လေးနဲ့လူကြီးမင်းရွမ်တို့ ဆိုဖာမှာ ထိုင်ပြီး လက်ဖက်ရည်​သောက်ရင်း နားပါဦးလား..ကျွန်မ အ​ရှေ့ဘက်က​နေ မိန်းက​လေးလုနဲ့ လိုက်​လောက်မယ့် လည်စည်းပုဝါ​လေး​​တွေ သွားယူလာပြီး ပြ​ပေးမယ်​လေ.."

​ဝေ့ရှီက ဆိုဖာ​ပေါ်ထိုင်ရင်း ​​ရောက်တတ်ရာရာ​ဝေ့ဝဲကြည့်လိုက်၏။ရုတ်တရက် ဒီဇိုင်းတစ်မျိုးဖြင့်လှ​နေသည့် အနက်​ရောင်လည်သာစကတ်တစ်ထည်ကို ​တွေ့သွားကာ ရူ​ဖေးနှင့်တွဲပြီး မျက်လုံးထဲ ထင်းခနဲ​ပေါ်လာ၏။ရူ​ဖေး၏ ပုံစံနှင့်ဆိုလျှင် ဤစကတ်မျိုးက အ​တော်​လေး လိုက်ဖက်မည်မှာ​သေချာ၏။

​ထိုလည်သာစကတ်များကို စိုက်ကြည့်​နေသည့် ​ဝေ့ရှီအား သတိထားမိသွားသည့် ရွမ်​ရှောက်နန်က ချက်ချင်းဆိုလာ၏။

"ဒါနဲ့...ရူ​ဖေးအတွက်​ရော ​ရွေးသွားပါလား..သူနဲ့ အတူတူဝတ်​​တော့..မင်းလည်း နည်းနည်းပါးပါးစိတ်သက်သာရာရတာ​ပေါ့.."

"ဟင်..."

​​ဝေ့ရှီက ​တွေ​ဝေသွားသလို လှမ်းကြည့်လာပြီး

"မ​ကောင်း​လောက်ဘူးထင်တယ်..."

"အရူးမ​​လေး..ကိုယ့်ကို ဘာ​တွေများ အားနာ​နေတာလဲ...ကိုယ် မတတ်နိုင်တာ​တွေ ​ပေး​နေတာမှ မဟုတ်တာ.."

နားရွက်ဖျားဆီသို့ တိုးကပ်လာကာ နှစ်ဦးတည်းသာ ကြားနိုင်​လောက်သည့်အထိ အသံကိုတိုးလိုက်၏။

"မင်းဘက်က ကိုယ့်ကို ခန္ဓာကိုယ်တစ်ခုလုံး​ပေးထားတာ​လေ...ကိုယ့်ဘက်က အဝတ်အစား​လေးဝယ်​ပေးတာကို ထည့်​ပြော​နေစရာလို​သေးလို့လား..တကယ်ပဲယူလိုက်ရလို့ အားနာ​နေတယ်ဆိုရင် ညကျမှ ကိုယ့်ကို တစ်ခုခုပြန်​လုပ်ပေး​ပေါ့.."

​ဝေ့ရှီမျက်နှာက ချက်ချင်းကို နီမြန်းသွား​လေ၏။​ဝေးကွာ​နေရာမှ ပြန်လည်နီးစပ်သွားပြီးသည့်တိုင် ရွမ်​ရှောက်နန်က ယခုလို စကားမျိုး ဘယ်တုန်းကမှမဆိုခဲ့ဘူးကာ ​ပြောလာသည့်အချိန်ကလည်း ယခုလို လူမြင်ကွင်းမျိုးတွင် ဖြစ်​နေ​လေ၏။

​နီရဲတက်လာပြီး ရှက်​နေသည့်​ဝေ့ရှီ​ကိုကြည့်ပြီး ရွမ်​ရှောက်နန်က သ​ဘောတကျရယ်လိုက်ကာ

"ကိုယ်​ပြောချင်တာက ထမင်းချက်​ကျွေးဖို့ပါ..ဘာ​တွေ ​တွေး​နေတာလဲ.."

​ဝေ့ရှီက ​ဒေါသတကြီးဖြင့် မျက်​စောင်းထိုးလိုက်၏။

"မျက်​စောင်းထိုးမ​နေနဲ့...​ခွေး​ပေါက်​လေးလိုပဲ..​ကြောက်စရာနည်းနည်း​လေးမှ မ​ကောင်းဘူး.."

​ဝေ့ရှီ၏ မျက်လုံးကိုဖွဖွ​လေးနမ်းရှိုက်လိုက်၏။

ထို့​နောက်တွင်​တော့ ​စျေးဝယ်ခြင်းကိစ္စဆီသို့ ခရီးဆက်ရပြန်၏။ရွမ်​ရှောက်နန်က အ​ရောင်းဝန်ထမ်း​လေးအား ​ဝေ့ရှီနှင့်လိုက်မည့် ဖိနပ်နှင့်အိတ်များကို ထည့်​ပေးရန် ​ပြော​နေ၏။ တကယ်ကို လွန်လွန်ကြူးကြူး ဖြုန်းတီး​နေခြင်း!။ ​ဝေ့ရှီက ထိုပစ္စည်းများ​ပေါ်တွင်ကပ်ထားသည့် သုညများကို​ရေတွက်ရင်း ​ခေါင်းပင် မူးလာရသည်။ရွမ်​ရှောက်နန်၏ အကျီလက်အနားစကို ဆွဲပြန်လျှင်လည်း အသုံးမဝင်​တော့​ပေ။

အပြန်လမ်းတွင် ​ဝေ့ရှီက အ​နောက်ခန်းအတွင်းအပြည့်ပါလာသည့် အထုတ်ကြီး အထုတ်ငယ်ကို ကြည့်ပြီး

"ဒါကြီးက ဖြုန်းတီးလွန်းရာ မ​​ရောက်ဘူးလား...ငါသာ ဒီအကျီ​တွေ​အားလုံးကို ဝတ်ပြီးသွားရင် အိမ်ပြင်​တောင် ထွက်ရဲ​တော့မှာမဟုတ်ဘူး.."

"ဘာ မလုပ်ရဲစရာရှိလို့လဲ..ကိုယ် ရွမ်​ရှောက်နန်ရဲ့ အမျိုးသမီး​လေးက ​သေချာ​ပေါက် အ​ကောင်းဆုံး​​တွေကိုပဲ သုံးရမှာ​.."

တခါတ​လေတွင်လည်း ထိုလူက ဤသို့ကြီးကျယ်ခမ်းနား​တွေကို သ​ဘောကျသည့်သူဖြစ်သွားပြန်ပါ၏။

​ဝေ့ရှီက ဆက်ပြီး

"ဒီလိုစကား​တွေကို မိန်းက​လေးဘယ်နှ​ယောက်​လောက်များ ​ပြောပြီးသွားပြီလဲ"

ရွမ်​ရှောက်နန်က ခပ်​ရေး​ရေးပြုံးလိုက်ပြီး

"သဝန်တို​နေတာလား...မင်းကလွဲရင် ဘယ်သူ့ကိုမှ ဒီလိုမျိုးဆက်ဆံ​ပေးခဲ့တာမဟုတ်ဘူး.."

​ဝေ့ရှီက 'ဟွန့်' ဆိုသည့်အသံတစ်ချက်ပြုလိုက်ပြီး

"နင် လိမ်​ပြော​နေလည်း ငါမှ မသိနိုင်တာ.."

ရွမ်​ရှောက်နန်က အ​ရှေ့ရှိ လမ်းကိုသာ အာရုံစိုက်ထားပြီး

"စကားချိုချို​လေး​တွေက​တော့ ​ပြောဖူးတာ​ပေါ့ကွာ...ဒါ​ပေမယ့် အဲ့ဒါ​တွေက အိပ်ရာ​ပေါ်မှာမလို့..လိုအပ်လို့​ပြောရတဲ့သ​ဘောမျိုး​​လေ..ကိုယ်က ကိုယ့်ကိုလိမ်​ပြောတာမျိုးကို အမုန်းဆုံးပဲ..ဒါကို အဲ့မိန်းမ​တွေလည်း သ​ဘော​ပေါက်တာမလို့ ကိုယ်နဲ့ရှိ​နေတဲ့အချိန်မျိုးဆို အပို​​တွေလုပ်မ​နေဘဲ ဒီအတိုင်းရိုးရိုးရှင်းရှင်းပြီးသွားကြတာ..ကိုယ့်နားကပ်တဲ့ မိန်းမလှ​လေး​တွေတိုင်းက သူတို့ရဲ့အလှအပ​ပစ္စည်းတွေ ​စျေးကြီးတဲ့ပစ္စည်း​တွေကို မက်တဲ့သူ​တွေချည်းမလို့ ပိုက်ဆံရဖို့အတွက်ဆိုရင် ဘာပဲလုပ်​ပေးရ လုပ်​ပေးရ​လေ...ကိုယ်လိုချင်တာကလည်း သာယာတဲ့ခံစားချက်ပဲ မဟုတ်လား...ပြီးပြီ​လေ...ဒီလိုစက်ဝန်းထဲက ​ယောက်ျားမိန်းမ​တွေအားလုံး အ​ပေါ်ယံပဲလုပ်ပြ​နေကြတာ...အ​ရေခွံခွာလိုက်ရင် ​အောက်မှာ အနီ​ရောင်​ငွေစက္ကူ​တွေနဲ့ အရာအားလုံးကို​ဖြေရှင်းကြတာချည်းပဲ.."

"မိန်းက​လေးအားလုံးက အဲ့လိုမျိုးမဟုတ်ပါဘူး..နင် ​ခေါ်လာတဲ့မိန်းက​လေး​​တွေထဲမှာ နင့်ကို တကယ်ချစ်​နေတဲ့သူမျိုးလည်း ရှိနိုင်တာပဲ​လေ...နင်ရဲ့ တည်​နေတဲ့မျက်နှာကြီးကိုကြည့်ပြီး မ​ပြောရဲကြတာ​နေမှာ​ပေါ့..ကိုယ့်အသဲကိုခွဲသလို ဖြစ်မှာဆိုးလို့​လေ.."

ရွမ်​ရှောက်နန်က သ​ဘောတကျရယ်လိုက်ပြီး

"မင်းက သူတို့ဘက်​က​နေ ငြင်းပေး​နေတာလား...အရူးမ​လေး..သူတို့ကိုယ်​တိုင်​တောင်မှ ဒါ​​တွေဂရုစိုက်​နေမယ် ထင်လို့လား?...အဲ့ထဲက တစ်​ယောက်နှစ်​ယောက်​လောက်ကပဲ တကယ်ခံစားချက်​တွေရှိတယ်ပဲထား တစ်ဖက်လှည့်လိုက်တာနဲ့ ချက်ချင်း​မေ့သွားမှာ..ဒီလိုခံစားချက်​တွေက တကယ်အ​ပေါစားဆန်လွန်းတယ်...လမ်း​ပေါ်က သူ​​တောင်းစားကို ​ပေးလိုက်ဖို့​တောင် မတန်ဘူး.."

တစ်ခါတစ်​လေတွင် ထိုလူက ယခုလို​ တယူသန်လွန်းပြန်၏။လူတစ်​ယောက်၏အားနည်းချက်ဆိုသည့်အရာက တိုက်ခိုက်လို့ မ​ကောင်းသည့်အရာတစ်ခု မဟုတ်လား။ သူ့အား ​နေရာတိုင်းတွင် မှား​နေသည်ဟု အပြစ်မဆိုလို​သော်လည်း ထိုလူက အရမ်းလက်​​တွေ့ဆန်ဆန် ​တွေးလွန်း​​နေသည်ဟုသာ သတ်မှတ်လိုက်၏။

​ဝေ့ရှီက စကားမဆို​တော့ဘဲ ကားပြတင်းမှန်၏ အပြင်ဘက်သို့သာ ​ငေးကြည့်လိုက်၏။

မီးပွိုင့်တွင် ကားရပ်ရသည့်အခိုက် ရွမ်​ရှောက်နန်၏ဖုန်းက မြည်လာခဲ့ကာ ဖုန်း​​ဖြေဆိုပြီး​နောက် သူ၏အမူအရာ​ပြောင်းလဲသွားသည်ကို ချက်ချင်းရိပ်မိလိုက်၏။

"​ဝေ့ရှီ...ကိုယ် အ​ရေး​ပေါ်ကိစ္စတစ်ခု​ကြောင့် ကုမ္ပဏီကိုချက်ချင်းပြန်သွားရမှာ..ကိုယ့်ဘာသာကိုယ် အိမ်ပြန်လိုက်လို့ ရတယ်မလား"

သူ၏အရိပ်အ​ခြေကိုကြည့်​နေရုံဖြင့် အ​ခြေအ​နေက အ​တော်​လေး​အ​ရေးကြီး​နေမှန်း သတိထားမိကာ ​ဝေ့ရှီက ​ခေါင်းအမြန်ငြိမ့်ပြပြီး

"အ​ရှေ့နားမှာ ချ​ပေးခဲ့လိုက်...ကိုယ့်ဘာသာကိုယ် ကားငှားပြီး ပြန်လိုက်လို့ရတယ်.."

********************

~~Zawgyi~~

ေပ်ာ္႐ႊင္ျခင္းအား အဓိပ္ပါယ်ဖွင့်ဆိုရလျှင်

႐ြမ္ေရွာက္နန္၏ ေပ်ာ္႐ႊင္ေနသည့္အခ်ိန္မ်ားက သိပ္မၾကာလိုက္ပါ။ေဆး႐ုံမွဆင္းသည္ႏွင့္ ေျဖရွင္းရန္ ေစာင့္ႀကိဳေနသည့္အလုပ္ကိစၥမ်ားက တစ္ပုံတစ္ပင္ႀကီးျဖစ္သည္။

ေဝ့ရွီက ေက်ာင္းပိတ္ရက္မ်ားအတြင္းသို႔ ေရာက္ေနၿပီျဖစ္ကာ ႐ြမ္ေရွာက္နန္က သူ၏ ဗီလာတြင္ လာေရာက္ေျပာင္းေနပါရန္ အႀကိမ္ႀကိမ္ေတာင္းဆိုသည့္တိုင္ မေျပာင္းေ႐ြ႕။ ႐ြမ္ေရွာက္နန္၏မ်က္ႏွာကို ေထာက္ၿပီး Alluring တြင္လည္း ဆက္ၿပီးအလုပ္မလုပ္ျဖစ္ေတာ့ေပ။

သို႔ေသာ္ ထိုေနရာမွရေနသည့္ဝင္ေငြမ်ားမရွိေတာ့လွ်င္ သူမ၏ က်ဴရွင္လခႏွင့္ေနစရိတ္မ်ားအျပင္ ေစ်းႀကီးလြန္းလွသည့္ ပန္းခ်ီဆိုင္ရာသုံးကိရိယာမ်ားအတြက္ပါ ေငြေရးေၾကးေရးျပႆနာရွိလာနိုင္မည္ျဖစ္သည္။

႐ြမ္ေရွာက္နန္က သူမကို လိုရမယ္ရသုံးရန္ ဘဏ္ကဒ္တစ္ခုေပးလိုက္ေသာ္လည္း သူ၏ဗီလာထဲရွိ အံဆြဲထဲ၌သာ ျပန္ထည့္ထားေပးခဲ့သည္။သူ၏ေစတနာကို နားလည္ပါသည့္တိုင္ သူမကိုယ္၌ကိုယ္က 'လိုရမယ္ရ' ဆိုသည့္စကားလုံးႏွင့္ အသားမတည့္ျခင္းေၾကာင့္ ယူမသုံးရျခင္းလည္းျဖစ္ပါလိမ့္မည္။ဤအရာက မာနႀကီးကာစိတ္ႀကီးဝင္ျခင္းမ်ိဳးမဟုတ္ ႏွစ္ရွည္လမ်ားစြာက်င့္သုံးခဲ့ေသာ အက်င့္ေၾကာင့္ဟုသာဆိုရမည္။အျခားတစ္ခုအေနျဖင့္ ေျပာရလွ်င္ မိမိကိုယ့္ကိုယုံၾကည္အားကိုးျခင္းမ်ိဳးျဖစ္ကာ သူႏွင့္သူမ ၾကားရွိ ကြာျခားခ်က္မ်ားကို ပို၍ေတြးေတာမိေလ သူမအဖို႔ ကိုယ့္ကိုကိုယ္ ပို၍အားကိုးရန္ ႀကိဳးစားမိေလျဖစ္၏။

ေနာက္ပိုင္း ႐ူေဖးကို သူမေတြးထားသည့္အရာမ်ားကိုေျပာျပတိုင္း ႐ူေဖးက အေရးတယူလုပ္ၿပီးပင္ နားမေထာင္ေပးေတာ့ေပ။

"နင္က သူ႕အတြက္နဲ႕ နိုင္ငံျခားကိုေတာင္ပညာသင္ဖို႔မသြားခဲ့တာေလ... နင့္ကို ေစာင့္ေရွာက္ေပးရမွာက သူ႕ရဲ႕တာဝန္ပဲဟာ..ၿပီးေတာ့ သူ မတတ္နိုင္တာလည္း မဟုတ္ဘူးေလ..ဘာလို႔မ်ား ကိုယ့္ကိုကိုယ္ခက္ခဲေအာင္လုပ္ေနတာလဲ ေဝ့ရွီ.."

"သူမ်ားဟာကိုစား သူမ်ားဟာကိုယူသုံး...ဘာမဆို သူ႕ကိုမွီခိုေနရင္...ေနာက္က် သူငါ့ကိုမလိုခ်င္ေတာ့ရင္ေရာ ဘယ္လိုလုပ္မလဲ...ငါ အငတ္ခံၿပီးေသရမွာလား.."

႐ူေဖးက တစ္ခဏမွ်စဥ္းစားၿပီးေနာက္

"နင့္ဘက္ကၾကည့္ရလည္း မမွားဘူး..ဒါေပမယ့္ ႐ြမ္ေရွာက္နန္က တစ္ခ်က္ၾကည့္လိုက္တာနဲ႕ လူမ်ိဳးႀကီးဝါဒီက်င့္သုံးေနတဲ့သူလိုလို အရမ္းအားကိုးခံခ်င္တဲ့သူမ်ိဳးမွန္း သိသာတယ္ကြာ..နင္က ဒီလိုလုပ္ေနရင္...သူ႕ဘက္က ထုတ္မေျပာလာရင္ေတာင္မွ စိတ္ထဲမွာ ေဒါသေတာ့ထြက္ေနမွာပဲ.."

"သူ..နားလည္ေလာက္မွာပါ.."

ေဝ့ရွီ ဤစကားကိုေျပာလိုက္သည့္အခ်ိန္တြင္ အနည္းငယ္တြန့္ဆုတ္သြားခဲ့ရ၏။အမွန္တြင္ သူမကိုယ္တိုင္လည္း ေသခ်ာမသိေသာေၾကာင့္ျဖစ္၏။

ဒီရက္မ်ားအတြင္း ေဝ့ရွီက ေတာက္ေလွ်ာက္ေျပးလႊားၿပီး အလုပ္ရွာေနခဲ့သည္။သို႔ေသာ္ စီးပြားေရးအက်ပ္အတည္းကာလလည္းျဖစ္သျဖင့္ အလုပ္တစ္ခုရွာေတြ႕ရန္ မလြယ္ကာ ရက္ေတာ္ေတာ္ၾကာေအာင္ ေျပးလႊားသြားေနခဲ့သျဖင့္ ေျခကုန္လက္ပန္းက်ေနၿပီျဖစ္သည္။

႐ြမ္ေရွာက္နန္က ေလးငါးရက္ေလာက္ မေျပာဘဲလႊတ္ထားေသးေသာ္လည္း ေနာက္ဆုံးတြင္ေတာ့ မေနနိုင္မထိုင္နိုင္ ဝင္ေျပာလာေတာ့၏။

"ကိုယ့္ပိုက္ဆံေတြ ယူသုံးလိုက္ဖို႔ မင္းအတြက္ အဲ့ေလာက္ထိ ခက္ခဲေနတာလား...မင္းရဲ႕ အရင္အလုပ္ကို ကိုယ့္ေၾကာင့္စြန့္လႊတ္လိုက္တာေလ...ကိုယ္က မင္းကို ျပန္ေလ်ာ္ေပးတယ္လို႔ သေဘာထားေပးလို႔မရဘူးလား.."

ေဝ့ရွီက အျပင္မွ ျပန္ေရာက္ခါစျဖစ္ကာ ေရေသာက္ရင္းေခါင္းရမ္းျပလာ၏။

"မရဘူး!...ငါ့ဘာသာငါ အလုပ္ထြက္လိုက္တာကို...ဘာလို႔ နင္နဲ႕ဆိုင္ရမွာလဲ..."

"ဒါဆိုလည္း ကိုယ့္ဆီကေန ပိုက္ဆံေခ်းတယ္လို႔ သေဘာထားလိုက္...ဒီအတိုင္း ေခ်းလိုက္တဲ့ပုံစံမဟုတ္ဘဲ ေက်ာင္းၿပီးသြားမွ အလုပ္ရွာၿပီး ဘဏ္အတိုးအတိုင္းတြက္ၿပီးေျဖးေျဖးခ်င္းျပန္ဆပ္ေပါ့.."

ေဝ့ရွီက မ်က္ေမွာင္က်ဳံ႕ရင္းၿငိမ္သက္သြားကာ တဖန္ေခါင္းရမ္းျပၿပီး

"ဒါလည္း အဆင္မေျပေသးဘူး..က်ဴရွင္လခေတြအတြက္ေတာ့ နင့္ဆီက ေခ်းလို႔ရေပမယ့္ ေနထိုင္မႈစရိတ္အတြက္ကိုေတာ့ ယူသုံးလို႔မျဖစ္ဘူး...ငါ့ဘာသာငါ ရွာတာက ပိုအဆင္ေျပမွာပါ.."

႐ြမ္ေရွာက္နန္က ေျပာစရာစကားကုန္ဆုံးသြားသည့္အလား မ်က္ခုံးမ်ားကို ပင့္ျမႇောက္၍သာၾကည့္ေနလိုက္၏။အခ်ိန္တစ္ခု ၾကာသြားၿပီးမွ

"ဒီလို စိတ္ႀကီးတတ္တာေတြက ဘယ္သူနဲ႕တူေနလို႔လဲ.."

ေဝ့ရွီက ၿပဳံးလိုက္ရင္း

"နင္ မသိေသးဘူးလား..ကမၻာေပၚက အေကာင္းဆုံးပန္းခ်ီဆရာေတြအားလုံး ဆင္းရဲတဲ့သူေတြခ်ည္းပဲေလ...အရမ္းဆာေလာင္မြတ္ေနတဲ့အခိုက္အတန့္မ်ိဳးမွာမွ စိတ္ႏွလုံးဝိဥာဥ္ကို ထိေတြ႕မိၿပီး အႏုပညာအစစ္ဆိုတာ ျဖစ္လာတာ...Paul Gauguin ကို ၾကားဖူးလား...သူဆို ေရအငတ္ခံၿပီးမွကို ပန္းခ်ီဆြဲတာေလ..ၿပီးေတာ့ Van Gogh ..သူဆို ဗိုက္ဆာလြန္းလို႔ တာပင္တိုင္(turpentine)ဆီေတြကို စားၿပီး..."

႐ြမ္ေရွာက္နန္က နားေထာင္ေလ ပို၍မသက္မသာျဖစ္လာေလျဖစ္ရာ စကားကိုအျမန္ျဖတ္ေျပာလိုက္ၿပီး

"ရပါၿပီ...ကိုယ္ကလည္း မင္းကို အဲ့လိုဟာေတြ သြားမစားခိုင္းပါဘူးကြာ...ဒါမွမဟုတ္ ဒီလိုလုပ္မလား..ကိုယ့္ သူငယ္ခ်င္းေတြထဲမွာ ပန္းခ်ီကားေတြကိုစုရတာ ဝါသနာပါတဲ့သူေတြရွိတယ္...သူတို႔ေတြကို ကူညီၿပီး ပန္းခ်ီဆြဲေပးမလား..Alluring မွာထက္ေတာ့ ဝင္ေငြေကာင္းမွာပါ...အလုပ္ခ်ိန္လည္း သိပ္မမ်ားေတာ့ အဆင္ေျပမယ္ထင္တယ္.."

ေဝ့ရွီက ေခါင္းၿငိမ့္ျပလာ၏။

"တကယ္ေကာင္းတဲ့ အလုပ္ပဲ...ဒါေပမယ့္...အဲ့လိုပန္းခ်ီေတြကို ျပန္ျပင္ဖို႔ ျပန္ဆြဲဖို႔ဆိုရင္ မ်ားေသာအားျဖင့္ နာမည္ႀကီးပန္းခ်ီဆရာေတြကိုပဲေခၚၾကတာ..သူတို႔က ငါ့ကို ယုံၾကည္ပါ့မလား.."

႐ြမ္ေရွာက္နန္က အလုပ္ကိစၥမ်ားျဖင့္အလုပ္ရႈပ္ေနကာ ေခါင္းမေဖာ္နိုင္ေအာင္ အာ႐ုံစိုက္ထားရင္း

"အဲ့ဒါကေတာ့ မင္းအရည္အခ်င္းနဲ႕ဆိုင္သြားၿပီေလ..ကိုယ္က မိတ္ပဲမိတ္ဆက္ေပးမွာ..က်န္တာေတြက မင္းအေပၚပဲမူတည္တယ္...ေျပာေတာ့ ကိုယ့္အားကိုကိုးမွာဆို ဒီေလာက္ေလးေတာင္ ကိုယ့္ကိုကိုယ္ယုံၾကည္မႈမရွိဘူးလား.."

ေဝ့ရွီက ကိုယ့္ကိုကိုယ္ အားေပးလိုက္၏။ဒီေလာက္ေလးမွ ကိုယ့္ကိုကိုယ္ယုံၾကည္မႈမရွိလွ်င္ ႏွစ္ေတာ္ေတာ္ၾကာေအာင္ေလ့လာဆည္းပူးထားသည့္ ပန္းခ်ီပညာမ်ားက အလဟသဟုပင္ သမုတ္ပစ္ရလိမ့္မည္ျဖစ္၏။႐ြမ္ေရွာက္နန္ မိတ္ဆက္ေပးသည့္အလုပ္ျဖစ္ေသာ္လည္း သူမ၏အရည္အခ်င္းေပၚမူတည္၍သာ ရရွိလာမည့္ဝင္ေငြျဖစ္သျဖင့္ အနည္းငယ္ေလး စိတ္သက္သာရာရသြား၏။

႐ြမ္ေရွာက္နန္က တကယ္ကို မ်က္ႏွာသာေပးခံရသည့္လူတစ္ေယာက္ ျဖစ္မွန္း ယခုအခ်ိန္မွာမွ ပိုေသခ်ာသိသြားခဲ့၏။သူ၏စာၾကည့္ခန္းအတြင္း၌ ထည့္ထားသည့္ပန္းခ်ီကားခ်ပ္မ်ားကိုၾကည့္ၿပီး ေဝ့ရွီအဖို႔ အိပ္မက္တစ္ခုလိုပင္ ခံစားမိသြား၏။ ႐ြမ္ေရွာက္နန္၏ မည္သို႔ေသာ သူငယ္ခ်င္းမ်ိဳးက နာမည္ႀကီးလြန္းေသာပန္းခ်ီကားမ်ားကိုသာ ေ႐ြးၿပီးစုေဆာင္းထားနိုင္မွန္း တကယ္သိခ်င္လာမိသည္။ထိုပန္းခ်ီကားခ်ပ္မ်ားကို ကိုင္လိုက္သည့္အခ်ိန္၌ပင္ တစ္ခုခုလြဲေခ်ာ္သြားမည္ကို စိုးရိမ္ကာ လက္ေခ်ာင္းမ်ားတုန္ယင္လာရသည္အထိ။

႐ြမ္ေရွာက္နန္က သူမ၏ကိုင္ထားရန္လည္းမျဖစ္ ေအာက္ခ်လိဳက္ရန္လည္းမျဖစ္ ခ်ိတုံခ်တဳံျဖစ္ေနသည့္ပုံစံကိုၾကည့္ၿပီးေနာက္

"ပန္းခ်ီကား သုံးေလးခ်ပ္ပါပဲ...မင္းလုပ္လို႔ ပ်က္ဆီးသြားတယ္ဆိုရင္ေတာင္မွ ကိုယ္ ေလ်ာ္နိုင္ပါေသးတယ္.."

ေဝ့ရွီက သက္ျပင္းခ်ခါရွိေသး ႐ြမ္ေရွာက္နန္က ထပ္ၿပီးဆိုလာျပန္၏။

"ဒါေပမယ့္ ကိုယ့္ရဲ႕ပိုက္ဆံေတြကိုေတာ့ အလကားေပးမွာမဟုတ္ဘူးေနာ္...ၿပီးေတာ့ မင္းကလည္း ပန္းခ်ီေကာင္းေကာင္းဆြဲတတ္တာကလြဲလို႔ ဘာမွလည္း မလုပ္တတ္ဘူးဆိုေတာ့...တကယ္လို႔မ်ား အေႂကြးတင္သြားရင္လည္း ကိုယ့္ကို ေျဖးေျဖးခ်င္းျပန္ဆပ္လို႔ရပါတယ္.."

ဤလူက အဘယ္ေၾကာင့္ စကားကို နားေထာင္ရခက္ေအာင္ေျပာေနရပါသနည္း။သူ၏အေထာက္အပံ့ကို လက္မခံ႐ုံျဖင့္ ယခုလို ျပႆနာရွာေနေတာ့မည္ေလာ။ဤရက္ပိုင္းမ်ားအတြင္း ထိုလူက သက္ျပင္းတစ္ခ်ခ်ျဖစ္ေနၿပီး ယခုလိုေပါက္ကြဲထြက္နိုင္မည့္အေျခအေနတစ္ခုကို ေစာင့္ေနမွန္း သတိထားမိပါ၏။ ဟန္ေဆာင္ေကာင္းၿပီး ကပ္သီးကပ္သပ္ျဖင့္ စိတ္လက္တစ္ဆစ္သာရွိသည့္ ေယာက္်ား!..

သို႔ေသာ္လည္း သူ၏စကားလုံးမ်ားေၾကာင့္ ပို၍ပင္ ရဲရဲဝံ့ဝံ့လုပ္ကိုင္လိုစိတ္မ်ား ျဖစ္လာခဲ့၏။

အမွန္တကယ္လုပ္ၾကည့္သည့္အခ်ိန္တြင္ ေဝ့ရွီအဖို႔ ထင္ထားသလို မခက္ခဲမွန္း နားလည္သြား၏။အခ်ိန္ အေတာ္ယူၿပီး လုပ္ေပးရသည့္ျပႆနာေလးသာရွိသည္။ ဆီေဆးပန္းခ်ီကားမ်ားက ေရရွည္ခံသည့္ေဆးမ်ားျဖစ္ကာ ပန္းခ်ီကားေပၚတြင္ မသိသာလွေသာ အက္ေၾကာင္းေလးမ်ားသာရွိၿပီး ထိုအက္ေၾကာင္းေလးမ်ားကို မူလအရည္အေသြးလည္းမေပ်ာက္ပ်က္သြားရန္ႏွင့္ ျပင္ဆင္ထားျခင္းမွန္းလည္း မသိသာေစရန္ စိတ္ရွည္လက္ရွည္ ျပဳျပင္ေပးရျခင္းမ်ိဳးျဖစ္၏။

႐ြမ္ေရွာက္နန္က 'ရိထ်န္း'လုပ္ငန္းစု၏ အေပၚဆုံးလႊာရွိ စာၾကည့္ခန္း၏ေနရာတစ္ဝက္တိတိအား ေဝ့ရွီ ပန္းခ်ီဆြဲရန္အတြက္ ေပးထား၏။သူမက တစ္ဖက္ျခမ္းတြင္ ေနတိုင္းနီးပါး ပန္းခ်ီဆြဲၿပီး ထိုလူက အျခားတစ္ဖက္တြင္ အလုပ္လုပ္ေနခဲ့၏။ယခုလိုစီစဥ္ထားရျခင္း၏ ရည္႐ြယ္ခ်က္သည္ကား : ေခါင္းေမာ့ၾကည့္လိုက္သည္ႏွင့္ သတိရေနေသာသူတစ္ေယာက္ကို ခ်က္ခ်င္း ျမင္ေတြ႕ရလိုျခင္းေၾကာင့္ျဖစ္၏။ ဘယ္သူက သူ႕ကို ဒီေလာက္ထိ အလုပ္လုပ္ခိုင္းေနလို႔လဲ?..ခ်စ္သူရည္းစားအတြက္ ေပးစရာအခ်ိန္က သနားစရာေကာင္းေလာက္ေအာင္ နည္းေနျခင္း မဟုတ္လား။

'ရိထ်န္း' ႏွင့္ 'ထိုက္ဟြမ္' လုပ္ငန္းစုၾကားရွိ ရွယ္ယာတိုက္ပြဲက စကၠန့္ႏွင့္အမွ်ေျပာင္းလဲေနျခင္းျဖစ္ကာ အခ်ိန္ျပည့္ဂ႐ုစိုက္ေနရသျဖင့္ အပန္းေျဖခရီးထြက္မည့္အစီအစဥ္ကိုလည္း ေနာက္သို႔ေ႐ြ႕ထားလိုက္ရ၏။

႐ြမ္ေရွာက္နန္က အားနာ၍ေတာင္းပန္ေသာ္လည္း ေဝ့ရွီအေနျဖင့္ ထိုအရာမ်ားကို ဂ႐ုမစိုက္။ခ်စ္ရေသာသူႏွင့္ အတူရွိေနရပါလွ်င္ မည္သည့္ကိစၥ မည္သည့္ေနရာ မည့္သည္အလုပ္မ်ိဳးကို လုပ္ေနခဲ့ပါေစ ေပ်ာ္႐ႊင္ျခင္း၏အရသာကို ခံစားရေနၿပီးျဖစ္၏။သူတို႔ႏွစ္ဦး၏ လက္ရွိအေျခအေနေလးကိုပဲ ၾကည့္...သူကလည္း အခ်ိန္တိုင္းနီးပါး အလုပ္မ်ားေနခဲ့သလို သူမကလည္း အႏွောက္မယွက္မျပဳ...သို႔ေသာ္ မ်က္ဝန္းေလး တစ္ခ်က္ပင့္လိုက္႐ုံေလးျဖင့္ တစ္ဖက္လူ၏လႈပ္ရွားမႈအားလုံးကို ခံစားမိနိုင္ေနျခင္းပင္ မဟုတ္လား။

ေဝ့ရွီက ဒီရက္ပိုင္းမ်ားအတြင္း အေလးအနက္ကို စဥ္းစားၾကည့္မိခဲ့ဖူးပါ၏။ ေပ်ာ္႐ႊင္ျခင္း ဆိုသည္မွာ အဘယ္နည္း။ တခ်ိဳ႕က ေျပာၾကပါ၏ ေပ်ာ္႐ႊင္ျခင္းဆိုသည္မွာ အသက္ရွည္က်န္းမာေနျခင္းလည္းမဟုတ္ ခ်မ္းသာႂကြယ္ဝေနျခင္းလည္းမဟုတ္ စားခ်င္သည့္အခ်ိန္တြင္ စားခ်င္သည့္အရာကို စားနိုင္ၿပီး ခ်စ္ရေသာသူႏွင့္ ခ်စ္ေနခြင့္ရျခင္းသာျဖစ္၏။

အကယ္၍ ဤရႈေထာင့္မွ ၾကည့္ၿပီးဆုံးျဖတ္ရမည္ဆိုလွ်င္ ေဝ့ရွီက လက္ရွိတြင္ တကယ္ကို အရမ္းေပ်ာ္႐ႊင္ေနသည့္သူေလး ျဖစ္၏။

႐ြမ္ေရွာက္နန္က အမွန္တြင္ေတာ့ ခံစားခ်က္ႏွင့္ပတ္သတ္သည့္ကိစၥမ်ားတြင္စိတ္ဝင္တစားရွိလွသည့္သူမ်ိဳးမဟုတ္။အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ခပ္တည္တည္အေနအထားျဖင့္သာ ေနတတ္ၿပီး မရယ္မၿပဳံးျဖစ္ေနသည့္အခါမ်ိဳးတြင္ အနားမကပ္ရဲေတာ့သည္အထိ ေၾကာက္လန့္ေစနိုင္ပါေသးသည္။သူ၏ လက္ေအာက္ငယ္သားမ်ားအားလုံး သူ႕အား အရမ္းေၾကာက္ေနၾကသည့္ပုံစံမ်ိဳးကို ျမင္ဖူးပါ၏။ေဝ့ရွီကိုယ္တိုင္လည္း သူေဒါသထြက္ေနသည့္အခ်ိန္မ်ိဳးတြင္ ေၾကာက္လန့္မိ၏။သို႔ေသာ္လည္း ႐ြမ္ေရွာက္နန္က သူမအေပၚ အေတာ္ေလးကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးပါ၏။သူမ ထြက္ေျပးသြားမည္ကို စိုးရိမ္ေနပုံလည္းရကာ ေဒါသထြက္ခ်င္ေနလွ်င္ေတာင္မွ မ်ားေသာအားျဖင့္ သူ႕စိတ္ကိုသူ ျပန္ထိန္းသြားခဲ့သည္ပင္။

အက်င့္ျဖစ္ေသာေၾကာင့္ဟုလည္း ထင္ရကာ ႐ြမ္ေရွာက္နန္က သူမအား ေခ်ာ့ေမာ့ရာ၌ျဖစ္ေစ ဆူေငါက္ရာ၌ျဖစ္ေစ ကေလးတစ္ေယာက္ကို စကားေျပာေနရသလိုသာ ဆက္ဆံျပန္၏။

ဥပမာဆိုရလွ်င္ : ဆံပင္ကို ေရေျပာင္ေအာင္မသုတ္ဘဲ မအိပ္နဲ႕.. ေျခဗလာနဲ႕ ေလွ်ာက္မသြားနဲ႕..မနက္စာ မစားဘဲ အျပင္မသြားနဲ႕...ခဲတံေတြကို မကိုက္နဲ႕.. ေၾကာင္ေပါက္စေလးလိုမ်ိဳး ပန္းခ်ီေဆးေတြကို မ်က္ႏွာေပၚမွာ ေပပြေအာင္ မလုပ္ထားနဲ႕..

အပင္ရိုင္းတစ္ပင္လိုသာ ႏွစ္မ်ားစြာႀကီးျပင္းလာခဲ့သည့္ ေဝ့ရွီအဖို႔ သူမကိုယ္သူမ အဆင္ေျပေျပေနထိုင္တတ္ၿပီဟုသာ ယူဆထားခဲ့သည္။သူခ်မွတ္ထားသည့္စည္းကမ္းခ်က္မ်ားက သိပ္ကိုျမင့္လြန္းကာ ႐ုတ္တရက္ေျပာင္းလဲပစ္ရန္အတြက္ မလြယ္ကူလြန္းလွ။သူ၏အေရွ႕တြင္ ေနေနရသည္က နံရံကို ခဏခဏဝင္တိုက္မိသလိုသာျဖစ္ေနၿပီး ကိုယ့္ကိုကိုယ္ ယုံၾကည္သည့္စိတ္မ်ားကိုပင္ လုံးလုံးလ်ားလ်ား ေပ်ာက္သြားေစနိုင္၏။သို႔ေသာ္လည္း ႐ြမ္ေရွာက္နန္က သူမအား ျပန္ၿပီးဖ်က္ဆီးအလိုလိုက္ျပန္ပါ၏။သူမ ႀကိဳက္တတ္သည့္ ႀကိဳက္တတ္သည့္အရာမ်ားကို တိတ္တိတ္ေလးမွတ္ထားတတ္ၿပီး ဂ႐ုတစိုက္ရွိေနျခင္းမ်ိဳး။

ႏွစ္သစ္ကူးရက္သို႔ နီးလာၿပီျဖစ္၍ ႐ြမ္ေရွာက္နန္တြင္လည္း ရွားရွားပါးပါး အားလပ္ရက္မ်ားရွိလာေလရာ ေတာ္ေတာ္ေလးေနျမင့္ၿပီးမွ အိပ္ရာထလာ၏။ေဝ့ရွီက သူမ၏အိမ္ႏွင့္ဤေနရာ ႏွစ္ခုစလုံးကို ေခါက္တုန့္ေခါက္ျပန္လုပ္ေနဆဲျဖစ္ၿပီး မေန႕ညက အလြန္ညနက္သည္အထိ အလုပ္လုပ္မိသြား၍သာ ဤေနရာတြင္ တစ္ညကုန္ဆုံးသြားခဲ့ျခင္းျဖစ္၏။

အၿမဲတမ္း ေစာေစာထတတ္သည့္အက်င့္ရွိေနၿပီျဖစ္ကာ ႐ြမ္ေရွာက္နန္ နိုးလာသည့္အခ်ိန္တြင္ ေဝ့ရွီက ပန္းခ်ီဆြဲခန္းထဲသို႔ ေရာက္ေနၿပီျဖစ္သည္။႐ြမ္ေရွာက္နန္က သူမအား အေနာက္ဘက္မွ ေပြ႕ဖက္လိုက္ရင္း ခပ္ဖြဖြေလး နမ္းရွိုက္လိုက္၏။

ေဝ့ရွီက တစ္ဖက္သို႔လွည့္ၾကည့္လိုက္သည့္အခိုက္ ျမင္လိုက္ရသည့္အေနအထားေၾကာင့္ ရယ္ခ်င္သလိုလို ျဖစ္သြားခဲ့၏။အိပ္ရာထခါစသူက ဆံပင္မ်ားရႈတ္ပြခတ္ေနၿပီး မ်က္လုံးမ်ားလည္း ရီေဝကာ ၾကည့္ရသည္က တစ္မ်ိဳးျဖစ္ေန၏။ပုံမွန္အားျဖင့္ အခ်ိန္တိုင္း ၿပီးျပည့္စုံၿပီးအေသးစိတ္လြန္းလွသည့္သူတစ္ေယာက္အတြက္ ယခုလို အေနအထားေလးက အဆန္းတၾကယ္ျဖစ္ေန၏။သို႔ေသာ္ ေဖာ္ျပ၍မရနိုင္သည့္ ခ်စ္စရာေကာင္းသည့္အမူအရာေလးေတြကို ေတြ႕လိုက္သည္မဟုတ္လား။

"ကိုယ္ ဒီေန႕ အားတယ္...အျပင္ထြက္ၿပီး ေလွ်ာက္လည္မလား.."

ေဝ့ရွီက ရယ္ေနရင္းျဖင့္ သူ႕အားေရွာင္ဖယ္လိုက္ကာ

"ခဏေလးေစာင့္..ဒီပန္းခ်ီကားျပင္ဖို႔ နည္းနည္းက်န္ေသးတယ္.."

လက္ထဲမွ ပန္းခ်ီစုတ္တံကိုဆြဲလုယူၿပီး

"အလုပ္ေတြက တစ္သက္လုံးလုပ္ေနလည္း ကုန္သြားမွာမဟုတ္ဘူး...မလုပ္နဲ႕ေတာ့.."

ႏွစ္သစ္ကူးခါနီးလည္းျဖစ္သျဖင့္ လမ္းမႀကီးေပၚတြင္ က်ိတ္က်ိတ္တိုးစည္ကားေနလ်က္ရွိကာ ပတ္ဝန္းက်င္တစ္ခုလုံးက ယခင္ကထက္ကိုပို၍ အသက္ဝင္ေန၏။႐ြမ္ေရွာက္နန္က အဝတ္အစားဆိုင္တစ္ခုေရွ႕တြင္ ကားထိုးရပ္လိုက္ကာ ေဝ့ရွီက ရင္းႏွီးသလိုၾကည့္ေနမိၿပီးမွ ႐ုတ္တရက္အမွတ္ရသြားခဲ့၏။ အရင္တစ္ေခါက္က ေခၚလာသည့္ အက်ီဆိုင္ မဟုတ္လား?

"ႏွစ္သစ္ကူးေတာ့မွာဆိုေတာ့..အက်ီအသစ္ေတြလိုေတာ့မွာေလ..ဒီဆိုင္ရဲ႕ဒီဇိုင္းေတြက ေကာင္မေလးငယ္ငယ္ေလးေတြအတြက္ အဆင္ေျပတယ္...ကိုယ္တို႔ ဝင္ၿပီး ၾကည့္ၾကည့္ရေအာင္"

႐ြမ္ေရွာက္နန္က သူမ၏ခါးကို ဖက္ရင္း ဆိုလာခဲ့၏။

အေရာင္းစာေရးမေလး၏ ႏြေးေထြးစြာႀကိဳဆိုမႈႏွင့္အတူ ႐ြမ္ေရွာက္နန္က ဆိုဖာေပၚတြင္ထိုင္လိုက္ရင္း အလ်င္းသင့္သည့္မဂၢဇင္းတစ္အုပ္ကို ေကာက္ယူဖတ္ေနေလ၏။ေဝ့ရွီက အဝတ္လဲခန္းထဲ ေရာက္သြားသည္ႏွင့္ ရင္းႏွီးႏွင့္ၿပီးေသာမွတ္ဥာဏ္မ်ားက တဖန္ျပန္လည္ေပၚထြက္လာခဲ့၏။ဤမီးေရာင္မ်ားေတာက္ပေနသည့္ ေနရာတြင္ ေနာက္တစ္ႀကိမ္ရပ္ေနရန္ အေၾကာင္းဖန္လာသည့္အခိုက္ ထိုေန႕က ဤတစ္ေနရာထဲ၌ပင္ မည္သို႔မည္ပုံစိတ္ရႈပ္ေထြးစြာရပ္ေနခဲ့ရေၾကာင္းကို ျပန္သတိရလာ၏။ဟုတ္ပါ၏..သိမ္ငယ္ေနရတဲ့ခံစားခ်က္ေတြကိုေရာေပါ့..

"အရမ္းလွတယ္.."

႐ြမ္ေရွာက္နန္က အေနာက္ဘက္မွ သိုင္းဖက္လာၿပီး နား႐ြက္ဖ်ားဆီသို႔တစ္ခ်က္နမ္းရွိုက္ကာ စိတ္လိုလက္ရကိုခ်ီးမႊန္းလာ၏။

အေရာင္းစာေရးမေလးကပါ ၿပဳံးလာၿပီး

"လူႀကီးမင္း႐ြမ္က တကယ္ၾကည့္တတ္တာပဲေနာ္...ဒီသိုးေမႊးအက်ီက Valentino ရဲ႕ေနာက္ဆုံးထုတ္ ဒီဇိုင္းထဲကေလ..ဝတ္စုံေလးက မိန္းကေလးနဲ႕ အရမ္းလိုက္တာပဲ.."

႐ြမ္ေရွာက္နန္က ေဝ့ရွီကိုမွီထားရာမွ ခႏၶာကိုယ္ကို မတ္လိုက္ၿပီး

"မိန္းကေလးလုရဲ႕ ကိုယ္တိုင္းေတြကိုမွတ္ထား...သူက အခုလိုေတြသြားလာေနရတာကို သေဘာမက်တတ္ဘူး...ေနာက္ဆို ဒီဇိုင္းအသစ္ထြက္တိုင္း ပုံေတြကိုတိုက္ရိုက္ပို႔လာေပး..သူႀကိဳက္တာေ႐ြးလိမ့္မယ္.."

"ကြၽန္မတို႔ အက်ီေတြကိုပါ စမ္းဝတ္ၾကည့္လို႔ရေအာင္ ပို႔ေပးပါ့မယ္...မိန္းကေလးလုဘက္က စိတ္တိုင္းမက်ေသးရင္ ဥေရာပက တာဝန္ရွိတဲ့သူဆီ အေၾကာင္းၾကားၿပီး မိန္းကေလးလု ကိုယ္တိုင္း အတိုင္း ခ်ဳပ္ေပးလို႔ရပါတယ္.."

႐ြမ္ေရွာက္နန္က စိတ္ေက်နပ္သြားသလို ၿပဳံးလိုက္ရင္း

"ဒီလိုဆိုရင္ေတာ့ အေကာင္းဆုံးပဲ..."

ထို႔ေနာက္ ရင္ခြင္ထဲကသူကို ငုံ႕ၾကည့္ၿပီး

"မင္းကို အျပင္ေလး တစ္ခါထြက္ဖို႔ ေခၚရတာက မိုးနတ္မင္းကို ပင့္ရတာထက္ေတာင္ ခက္ေသးတယ္...ကိုယ္ကလည္း မင္းကို အခ်ိန္တိုင္း အေဖာ္မလုပ္ေပးနိုင္မွာကို စိုးရိမ္လို႔ေလ..ဒီနည္းလမ္းက ပိုအဆင္ေျပမလားလို႔.."

ေဝ့ရွီက အကူအညီမဲ့ေနသည့္အလား ေမာ့ၾကည့္လာၿပီး

"လူႀကီးမင္း႐ြမ္..ကြၽန္မက ေက်ာင္းသူေလးပဲရွိေသးတာေနာ္...ေန႕တိုင္း ေန႕တိုင္း ေက်ာင္းကို နာမည္ႀကီးတံဆိပ္ေတြ ဝတ္ဝတ္သြားမယ္ဆိုရင္ အရမ္းႂကြားဝါေနသလိုျဖစ္ေနမယ္လို႔ မထင္မိဘူးလား.."

႐ြမ္ေရွာက္နန္က သူက အျဖဴေရာင္သိုးေမႊးကုတ္အက်ီကို လွမ္းယူလိုက္ၿပီး သူမ၏ ခႏၶာကိုယ္ေပၚသို႔ ကပ္လာ၍

"အင္တာနက္ေပၚက အတုေတြ ဝယ္ဝတ္တာလို႔ ေျဖလိုက္ရင္ရၿပီေလ.."

ေဝ့ရွီ တကယ္ကိုရယ္ခ်င္လာမိ၏။ဤအေၾကာင္းျပခ်က္ကို သူ ဘယ္လိုမ်ား စဥ္းစားလိုက္ပါလိမ့္။

႐ြမ္ေရွာက္နန္၏ပုံစံက အရမ္းကိုစိတ္ဝင္စားေနသည့္ဟန္ေပါက္သျဖင့္ အေရာင္းဝန္ထမ္းေလးကပါ ျပာျပာသလဲရွင္းျပေန၏။ေဝ့ရွီ၏ပုံစံက ပလပ္စတစ္အ႐ုပ္မတစ္ခုလိုျဖစ္ေနၿပီး ဟိုလွည့္ဒီလွည့္ ဟိုတိုင္း ဒီတိုင္းျဖင့္ ပတ္ခ်ာလည္ေနရ၏။႐ြမ္ေရွာက္နန္က အကဲျဖတ္ၾကည့္ေနရသည္ကို မေမာေသာ္လည္း တစ္ထည္ၿပီးတစ္ထည္ ကိုယ္တိုင္းေနရသူအဖို႔ ေမာပန္းလာၿပီျဖစ္သည္။မ်က္ေမွာင္က်ဳံ႕မိထားေသာ္လည္း ႏႈတ္ခမ္းကထုတ္မေျပာရဲ။ေျပာလိုက္လွ်င္ ႐ြမ္ေရွာက္နန္က သူမကို စိတ္ဝင္တစားျဖစ္မေနျခင္းေၾကာင့္ ဆူေငါက္ဦးမည္ မဟုတ္လား။

အေရာင္းဝန္ထမ္းေလး၏ ပါးနပ္လွေသာ အရိပ္အကဲသိမႈကိုသာ ေက်းဇူးတင္ရေတာ့မည္ျဖစ္သည္။

"မိန္းကေလးလု ပင္ပန္းေနေလာက္ေရာေပါ့...မိန္းကေလးနဲ႕လူႀကီးမင္း႐ြမ္တို႔ ဆိုဖာမွာ ထိုင္ၿပီး လက္ဖက္ရည္ေသာက္ရင္း နားပါဦးလား..ကြၽန္မ အေရွ႕ဘက္ကေန မိန္းကေလးလုနဲ႕ လိုက္ေလာက္မယ့္ လည္စည္းပုဝါေလးေတြ သြားယူလာၿပီး ျပေပးမယ္ေလ.."

ေဝ့ရွီက ဆိုဖာေပၚထိုင္ရင္း ေရာက္တတ္ရာရာေဝ့ဝဲၾကည့္လိုက္၏။႐ုတ္တရက္ ဒီဇိုင္းတစ္မ်ိဳးျဖင့္လွေနသည့္ အနက္ေရာင္လည္သာစကတ္တစ္ထည္ကို ေတြ႕သြားကာ ႐ူေဖးႏွင့္တြဲၿပီး မ်က္လုံးထဲ ထင္းခနဲေပၚလာ၏။႐ူေဖး၏ ပုံစံႏွင့္ဆိုလွ်င္ ဤစကတ္မ်ိဳးက အေတာ္ေလး လိုက္ဖက္မည္မွာေသခ်ာ၏။

ထိုလည္သာစကတ္မ်ားကို စိုက္ၾကည့္ေနသည့္ ေဝ့ရွီအား သတိထားမိသြားသည့္ ႐ြမ္ေရွာက္နန္က ခ်က္ခ်င္းဆိုလာ၏။

"ဒါနဲ႕...႐ူေဖးအတြက္ေရာ ေ႐ြးသြားပါလား..သူနဲ႕ အတူတူဝတ္ေတာ့..မင္းလည္း နည္းနည္းပါးပါးစိတ္သက္သာရာရတာေပါ့.."

"ဟင္..."

ေဝ့ရွီက ေတြေဝသြားသလို လွမ္းၾကည့္လာၿပီး

"မေကာင္းေလာက္ဘူးထင္တယ္..."

"အ႐ူးမေလး..ကိုယ့္ကို ဘာေတြမ်ား အားနာေနတာလဲ...ကိုယ္ မတတ္နိုင္တာေတြ ေပးေနတာမွ မဟုတ္တာ.."

နား႐ြက္ဖ်ားဆီသို႔ တိုးကပ္လာကာ ႏွစ္ဦးတည္းသာ ၾကားနိုင္ေလာက္သည့္အထိ အသံကိုတိုးလိုက္၏။

"မင္းဘက္က ကိုယ့္ကို ခႏၶာကိုယ္တစ္ခုလုံးေပးထားတာေလ...ကိုယ့္ဘက္က အဝတ္အစားေလးဝယ္ေပးတာကို ထည့္ေျပာေနစရာလိုေသးလို႔လား..တကယ္ပဲယူလိုက္ရလို႔ အားနာေနတယ္ဆိုရင္ ညက်မွ ကိုယ့္ကို တစ္ခုခုျပန္လုပ္ေပးေပါ့.."

ေဝ့ရွီမ်က္ႏွာက ခ်က္ခ်င္းကို နီျမန္းသြားေလ၏။ေဝးကြာေနရာမွ ျပန္လည္နီးစပ္သြားၿပီးသည့္တိုင္ ႐ြမ္ေရွာက္နန္က ယခုလို စကားမ်ိဳး ဘယ္တုန္းကမွမဆိုခဲ့ဘူးကာ ေျပာလာသည့္အခ်ိန္ကလည္း ယခုလို လူျမင္ကြင္းမ်ိဳးတြင္ ျဖစ္ေနေလ၏။

နီရဲတက္လာၿပီး ရွက္ေနသည့္ေဝ့ရွီကိုၾကည့္ၿပီး ႐ြမ္ေရွာက္နန္က သေဘာတက်ရယ္လိုက္ကာ

"ကိုယ္ေျပာခ်င္တာက ထမင္းခ်က္ေကြၽးဖို႔ပါ..ဘာေတြ ေတြးေနတာလဲ.."

ေဝ့ရွီက ေဒါသတႀကီးျဖင့္ မ်က္ေစာင္းထိုးလိုက္၏။

"မ်က္ေစာင္းထိုးမေနနဲ႕...ေခြးေပါက္ေလးလိုပဲ..ေၾကာက္စရာနည္းနည္းေလးမွ မေကာင္းဘူး.."

ေဝ့ရွီ၏ မ်က္လုံးကိုဖြဖြေလးနမ္းရွိုက္လိုက္၏။

ထို႔ေနာက္တြင္ေတာ့ ေစ်းဝယ္ျခင္းကိစၥဆီသို႔ ခရီးဆက္ရျပန္၏။႐ြမ္ေရွာက္နန္က အေရာင္းဝန္ထမ္းေလးအား ေဝ့ရွီႏွင့္လိုက္မည့္ ဖိနပ္ႏွင့္အိတ္မ်ားကို ထည့္ေပးရန္ ေျပာေန၏။ တကယ္ကို လြန္လြန္ၾကဴးၾကဴး ျဖဳန္းတီးေနျခင္း!။ ေဝ့ရွီက ထိုပစၥည္းမ်ားေပၚတြင္ကပ္ထားသည့္ သုညမ်ားကိုေရတြက္ရင္း ေခါင္းပင္ မူးလာရသည္။႐ြမ္ေရွာက္နန္၏ အက်ီလက္အနားစကို ဆြဲျပန္လွ်င္လည္း အသုံးမဝင္ေတာ့ေပ။

အျပန္လမ္းတြင္ ေဝ့ရွီက အေနာက္ခန္းအတြင္းအျပည့္ပါလာသည့္ အထုတ္ႀကီး အထုတ္ငယ္ကို ၾကည့္ၿပီး

"ဒါႀကီးက ျဖဳန္းတီးလြန္းရာ မေရာက္ဘူးလား...ငါသာ ဒီအက်ီေတြအားလုံးကို ဝတ္ၿပီးသြားရင္ အိမ္ျပင္ေတာင္ ထြက္ရဲေတာ့မွာမဟုတ္ဘူး.."

"ဘာ မလုပ္ရဲစရာရွိလို႔လဲ..ကိုယ္ ႐ြမ္ေရွာက္နန္ရဲ႕ အမ်ိဳးသမီးေလးက ေသခ်ာေပါက္ အေကာင္းဆုံးေတြကိုပဲ သုံးရမွာ.."

တခါတေလတြင္လည္း ထိုလူက ဤသို႔ႀကီးက်ယ္ခမ္းနားေတြကို သေဘာက်သည့္သူျဖစ္သြားျပန္ပါ၏။

ေဝ့ရွီက ဆက္ၿပီး

"ဒီလိုစကားေတြကို မိန္းကေလးဘယ္ႏွေယာက္ေလာက္မ်ား ေျပာၿပီးသြားၿပီလဲ"

႐ြမ္ေရွာက္နန္က ခပ္ေရးေရးၿပဳံးလိုက္ၿပီး

"သဝန္တိုေနတာလား...မင္းကလြဲရင္ ဘယ္သူ႕ကိုမွ ဒီလိုမ်ိဳးဆက္ဆံေပးခဲ့တာမဟုတ္ဘူး.."

ေဝ့ရွီက 'ဟြန့္' ဆိုသည့္အသံတစ္ခ်က္ျပဳလိုက္ၿပီး

"နင္ လိမ္ေျပာေနလည္း ငါမွ မသိနိုင္တာ.."

႐ြမ္ေရွာက္နန္က အေရွ႕ရွိ လမ္းကိုသာ အာ႐ုံစိုက္ထားၿပီး

"စကားခ်ိဳခ်ိဳေလးေတြကေတာ့ ေျပာဖူးတာေပါ့ကြာ...ဒါေပမယ့္ အဲ့ဒါေတြက အိပ္ရာေပၚမွာမလို႔..လိုအပ္လို႔ေျပာရတဲ့သေဘာမ်ိဳးေလ..ကိုယ္က ကိုယ့္ကိုလိမ္ေျပာတာမ်ိဳးကို အမုန္းဆုံးပဲ..ဒါကို အဲ့မိန္းမေတြလည္း သေဘာေပါက္တာမလို႔ ကိုယ္နဲ႕ရွိေနတဲ့အခ်ိန္မ်ိဳးဆို အပိုေတြလုပ္မေနဘဲ ဒီအတိုင္းရိုးရိုးရွင္းရွင္းၿပီးသြားၾကတာ..ကိုယ့္နားကပ္တဲ့ မိန္းမလွေလးေတြတိုင္းက သူတို႔ရဲ႕အလွအပပစၥည္းေတြ ေစ်းႀကီးတဲ့ပစၥည္းေတြကို မက္တဲ့သူေတြခ်ည္းမလို႔ ပိုက္ဆံရဖို႔အတြက္ဆိုရင္ ဘာပဲလုပ္ေပးရ လုပ္ေပးရေလ...ကိုယ္လိုခ်င္တာကလည္း သာယာတဲ့ခံစားခ်က္ပဲ မဟုတ္လား...ၿပီးၿပီေလ...ဒီလိုစက္ဝန္းထဲက ေယာက္်ားမိန္းမေတြအားလုံး အေပၚယံပဲလုပ္ျပေနၾကတာ...အေရခြံခြာလိုက္ရင္ ေအာက္မွာ အနီေရာင္ေငြစကၠဴေတြနဲ႕ အရာအားလုံးကိုေျဖရွင္းၾကတာခ်ည္းပဲ.."

"မိန္းကေလးအားလုံးက အဲ့လိုမ်ိဳးမဟုတ္ပါဘူး..နင္ ေခၚလာတဲ့မိန္းကေလးေတြထဲမွာ နင့္ကို တကယ္ခ်စ္ေနတဲ့သူမ်ိဳးလည္း ရွိနိုင္တာပဲေလ...နင္ရဲ႕ တည္ေနတဲ့မ်က္ႏွာႀကီးကိုၾကည့္ၿပီး မေျပာရဲၾကတာေနမွာေပါ့..ကိုယ့္အသဲကိုခြဲသလို ျဖစ္မွာဆိုးလို႔ေလ.."

႐ြမ္ေရွာက္နန္က သေဘာတက်ရယ္လိုက္ၿပီး

"မင္းက သူတို႔ဘက္ကေန ျငင္းေပးေနတာလား...အ႐ူးမေလး..သူတို႔ကိုယ္တိုင္ေတာင္မွ ဒါေတြဂ႐ုစိုက္ေနမယ္ ထင္လို႔လား?...အဲ့ထဲက တစ္ေယာက္ႏွစ္ေယာက္ေလာက္ကပဲ တကယ္ခံစားခ်က္ေတြရွိတယ္ပဲထား တစ္ဖက္လွည့္လိုက္တာနဲ႕ ခ်က္ခ်င္းေမ့သြားမွာ..ဒီလိုခံစားခ်က္ေတြက တကယ္အေပါစားဆန္လြန္းတယ္...လမ္းေပၚက သူေတာင္းစားကို ေပးလိုက္ဖို႔ေတာင္ မတန္ဘူး.."

တစ္ခါတစ္ေလတြင္ ထိုလူက ယခုလို တယူသန္လြန္းျပန္၏။လူတစ္ေယာက္၏အားနည္းခ်က္ဆိုသည့္အရာက တိုက္ခိုက္လို႔ မေကာင္းသည့္အရာတစ္ခု မဟုတ္လား။ သူ႕အား ေနရာတိုင္းတြင္ မွားေနသည္ဟု အျပစ္မဆိုလိုေသာ္လည္း ထိုလူက အရမ္းလက္ေတြ႕ဆန္ဆန္ ေတြးလြန္းေနသည္ဟုသာ သတ္မွတ္လိုက္၏။

ေဝ့ရွီက စကားမဆိုေတာ့ဘဲ ကားျပတင္းမွန္၏ အျပင္ဘက္သို႔သာ ေငးၾကည့္လိုက္၏။

မီးပြိုင့္တြင္ ကားရပ္ရသည့္အခိုက္ ႐ြမ္ေရွာက္နန္၏ဖုန္းက ျမည္လာခဲ့ကာ ဖုန္းေျဖဆိုၿပီးေနာက္ သူ၏အမူအရာေျပာင္းလဲသြားသည္ကို ခ်က္ခ်င္းရိပ္မိလိုက္၏။

"ေဝ့ရွီ...ကိုယ္ အေရးေပၚကိစၥတစ္ခုေၾကာင့္ ကုမၸဏီကိုခ်က္ခ်င္းျပန္သြားရမွာ..ကိုယ့္ဘာသာကိုယ္ အိမ္ျပန္လိုက္လို႔ ရတယ္မလား"

သူ၏အရိပ္အေျခကိုၾကည့္ေန႐ုံျဖင့္ အေျခအေနက အေတာ္ေလးအေရးႀကီးေနမွန္း သတိထားမိကာ ေဝ့ရွီက ေခါင္းအျမန္ၿငိမ့္ျပၿပီး

"အေရွ႕နားမွာ ခ်ေပးခဲ့လိုက္...ကိုယ့္ဘာသာကိုယ္ ကားငွားၿပီး ျပန္လိုက္လို႔ရတယ္.."

********************

Continue Reading

You'll Also Like

7.1K 509 41
Name - Hello, Mr. Zhou (Love and Marriage Anecdotes) Type - Web Novel (CN) Genre - Drama Mature Romance Slice of Life Tags - Absent Parents Acting Be...
4M 166K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.5M 145K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.1M 60.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...