အသက်ကိုပေး၍ ယဇ်ပူဇော်ခံကာ စွန့်လွှတ်လိုပါ၏
လမ်းတစ်ခု၌ ချီမော့က ဝေ့ရှီကို အမှတ်မထင်တွေ့လိုက်ရသည့်အချိန်တွင် ဝေ့ရှီ၏ပုံစံက ဝိဥာဥ်ပျောက်လွင့်သွားခဲ့သောသူတစ်ယောက်လို ရောက်တတ်ရာရာလျှောက်ပြေးနေခဲ့၏။မြငမြင်လိုက်ချင်း လူမှားသည်ဟုပင် ထင်လိုက်၏။ယခုအချိန်တွင် ဝေ့ရှီက စာမေးပွဲခန်းအတွင်း ရောက်နေရမည်မဟုတ်လား။
ဝေ့ရှီက မှတ်တိုင်တစ်ခုတွင်ရပ်ပြီး လမ်းညွှန်ဆိုင်းဘုတ်ကိုကြည့်လိုက်သည့်အခါတွင်မှ ဝေ့ရှီဖြစ်နေမှန်း ချီမော့အတွက်သေချာသွားခဲ့၏။
ချီမော့က မော်တော်ဆိုင်ကယ်ကို လမ်းဘေးတွင်ကပ်ရပ်လိုက်ကာ ဆိုင်ကယ်ပေါ်မှဆင်းပြီးသည်နှင့်တပြိုင်နက် ဝေ့ရှီကို လှမ်းဆွဲခေါ်လိုက်၏။
"ဝေ့ရှီ...မင်း စာမေးပွဲရှိတယ်မဟုတ်ဘူးလား...ဒီနေရာမှာ ဘာရပ်လုပ်နေတာလဲ"
ဝေ့ရှီက ချီမော့အားမှင်သေ၍ကြည့်နေမိကာ မည်သူမည်ဝါဖြစ်မှန်းကိုပင် အချိန်အတော်ကြာအောင် စဥ်းစားနေခဲ့ပြီးမှ မျက်ရည်များရွဲနေသည့်မျက်နှာ၊ အထစ်ထစ် အငေါ့ငေါ့စကားလုံးဖြင့်
"နင် ငါ့ကို 'ရှီရှန်း'(အနောက်ဘက်တောင်ကုန်း)ကို လိုက်ပို့ပေးလို့ရမလား...ငါ..ငါ အဲ့နေရာကိုသွားမယ့် ဘတ်ကားလိုင်းကိုရှာမတွေ့ဘူး...တက္ကစီခက စျေးကြီးလွန်းတာမလို့... ပိုက်ဆံလည်း အများကြီးမပါလာခဲ့ဘူး.."
ရှီရှန်း(အနောက်ဘက်တောင်ကုန်း) 'စစ်ဖန်း' ဘုရားကျောင်း၊ အလေးအမြတ်ထားသည့်နေရာတစ်ခုအပြင် မြို့တော်၏ အအေးချမ်းဆုံးနေရာတစ်ခု၊ တရားဓမ္မသံ ခပ်ရေးရေးတို့နှင့် ဆိတ်ငြိမ်ရာ အရပ်။
သမိုင်းရေးရာဇဝင်များအရ ဤဘုရားကျောင်းတော်ကြီးတွင် အောက်ခြေမှ အထက်ထိပ်ဆုံးအထိ စုစုပေါင်း ကိုးရာ ကိုးဆယ့် ကိုးခု သော လှေကားထစ်တို့ရှိလေ၏။
မှတ်သားထားသောဒဏ္ဍာရီများအရ အတူတကွလာရောက်သော အမျိုးသားနှင့်အမျိုးသမီး စုံတွဲတို့သည် တစ်ထစ်သော လှေကားထစ်ကို တက်၍ဦးညွှတ်ပြီး တစ်ခုသောဆုတောင်းစကားကိုဆိုလျှင် ကိုးရာကိုးဆယ့်ကိုးခုသောလှေကားထစ်အားလုံးကို ဖြတ်ကျော်လာပြီးချိန်၌ ဆုတောင်းစကား ပြည့်ဝလိမ့်မည်ဖြစ်၏။
ဝေ့ရှီက ရေညှိများဖုံးလွှမ်းနှင့်နေသော လှေကားထစ်များရှေ့တွင်ရပ်ကာ အမြင့်ဆုံးတွင်ရှိနေသော ဘုရားကျောင်းတော်ကြီးကို မျှော်ကြည့်နေခဲ့၏။
သရဲတစ္ဆေ မကောင်းဆိုးဝါး နတ်ကောင်းနတ်မြတ်များကို ဘယ်သောအခါကမှ တထစ်ချယုံကြည်ခဲ့ဖူးခြင်း မရှိပါသည့်တိုင် ယခုအချိန်တွင် သူ့အတွက်ဖြင့် ရှိရှိသမျှသော နတ်ဘုရားများ အားလုံးထံသို့ လိုလိုလျားလျား ဒူးထောက်ပေးနိုင်ပါ၏။ဘယ်သောအခါကမှလည်း ဆုတောင်းစာလေးတစ်ခုတောင် မပြုခဲ့ဖူးပါသည့်တိုင် ယခုအချိန်တွင် သူ့အတွက်ဖြင့် လှေကားတစ်ထစ်ချင်းဆီတိုင်းတွင် တစ်ခါဦးချညွှတ်တွား ဆုတောင်းပေးနိုင်ပါ၏....
ရူဖေးက ဂျင်းပြုတ်ရည်တစ်ခွက်ကျိုပြီးနောက် ချီမော့ထံသို့ ပန်းကန်လုံးဖြင့် ယူလာခဲ့၏။ထို့နောက် ဝေ့ရှီ၏ နဖူးထက်သို့ လက်တင်ကြည့်လိုက်၏။ဝေ့ရှီက ပူကျစ်နေကာ အိပ်ရာထက်တွင် ပန်းသီးတစ်လုံးလိုနီရဲနေသည့်မျက်နှာဖြင့် လှဲအိပ်နေခဲ့၏။
"သူ မစဥ်းစားဘဲလျှောက်လုပ်တာကို နင်က ဒီအတိုင်းလွှတ်ထားလိုက်တယ်ပေါ့..လှေကားထစ်က ကိုးရာ ကိုးဆယ့် ကိုးထစ် ပြီးတော့ နှင်းတွေကလည်းကျနေသေးတယ်...သူ့ခန္ဓာကိုယ်က အစတည်းကမှ ကျန်းမာရေးမကောင်းပါဘူးဆိုမှ...အဲ့လှေကားထစ်တွေပေါ်မှာ သေသွားနိုင်တာကို နင် မစဥ်းစားမိဘူးလား.."
ရူဖေးက ဘေးနားတွင်ထိုင်နေသည့် ချီမော့အား အပြစ်တင်နေ၏။
ချီမော့က လက်ထဲတွင်ကိုင်ထားသည့် ဂျင်းပြုတ်ရည်ပန်းကန်ကိုငုံ့ကြည့်ကာ ဖြေးဖြေးချင်းဆိုလာ၏။
"သူ ခေါင်းမာတတ်တာကို သိရဲ့သားနဲ့...ခံစားနေရတဲ့ နာကျင်မှုတွေကို ဖောက်ထုတ်လိုက်ဖို့အတွက် လမ်းတစ်ခုလိုတယ်လေ...သူ့ကို ဇွတ်ထားနေလို့ တခြားကိစ္စတစ်မျိုးမျိုး ထလုပ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ..."
"သူ့ စာမေးပွဲကရော?.."
ချီမော့က ခေါင်းရမ်းပြရင်း
"ဝင်မဖြေဘူးထင်တယ်.."
ရူဖေးအတွက် ပြောစရာစကားပင်မဲ့သွားခဲ့ရ၏။ဝေ့ရှီက ဤစာမေးပွဲဖြေရန်အတွက် မည်သည့်အတိုင်းအတာထိ ကြိုးစားပြင်ဆင်ခဲ့ကြောင်းကို သူမသာ အသိဆုံးဖြစ်ပါလိမ့်မည်။ဤစာမေးပွဲဖြေနိုင်ပြီးသည်နှင့် နိုင်ငံခြားပညာသင်ခွင့်က လက်ချောင်းထိပ်ဖျားသို့ ရောက်လုနီးနီးအထိ ဖြစ်လာလိမ့်မည်လည်းဖြစ်၏။ကြည့်ရသည်က ဒီတစ်ကြိမ်တွင် ကောင်းကင်နတ်မင်းကြီးက ဝေ့ရှီအား လျစ်လျူရှူသွားခဲ့ပုံရပါ၏။
ရူဖေးက ဝေ့ရှီ၏ နဖူးကိုနောက်တစ်ကြိမ်ထပ်စမ်းလိုက်၏။
"ငါ အဖျားကျဆေး သွားဝယ်လိုက်ဦးမယ်...နင် သူ့ကို ကြည့်ထားပေး.."
ရူဖေးက စကားပြောပြီးသည်နှင့် အပေါ်ဝတ်ကုတ်ကိုထပ်ကာ ချီမော့နှင့် အိပ်ပျော်နေသည့်ဝေ့ရှီ ကိုထားပြီး တစ်ကိုယ်တည်းထွက်သွားခဲ့၏။
ဝေ့ရှီက လုံးလုံးလျားလျားကို အိပ်မောကျနေသည်ဖြစ်ရာ တကယ်ကို ပင်ပန်းသွားခဲ့ပုံရ၏။အခန်းတစ်ခုလုံးတိတ်ဆိတ်သွားကာ ဝေ့ရှီ၏ အသက်ရှူသံ ဖျော့ဖျော့ကိုပင် ကြားနေရ၏။
ညနက်လွန်းသည့် အချိန်လည်းဖြစ်ကာ အပြင်ဘက်ရှိအရာအားလုံးကလည်း ငြိမ်သက်တိတ်ဆိတ်ချိန်သို့ရောက်နေခဲ့၏။ချီမော့က အိပ်ရာထက်ရှိ ဝေ့ရှီကိုကြည့်ရင်း နားမလည်နိုင်လောက်သောပုစ္ဆာတစ်ပုဒ်ကိုတွေးကြည့်နေမိ၏ ရူဖေးက အဘယ်ကြောင့် အချိန်တိုင်းနီးပါး ယခုလို သူ့လက်ထဲသို့ ဝေ့ရှီအား စိတ်ချလက်ချထည့်ပေးနိုင်ပါသနည်း။ ယခုလိုအခြေအနေမျိုးတွင် သူစိတ်တိုင်းကျလုပ်ပစ်လိုက်နိုင်သည်ကို ရူဖေး မသိ၍လော။
အိပ်ရာဘေးတွင် ဝင်ထိုင်လိုက်ပြီး ဝေ့ရှီ၏မျက်နှာကို အသာအယာထိတွေ့လိုက်၏။ထို့နောက်တွင်တော့ နေ့လည်ခင်းတွင်မြင်တွေ့ခဲ့ရသည့်ပုံရိပ်များက မျက်လုံးအရှေ့တွင်ဖြတ်ပြေးပြနေသလို တရိပ်ရိပ်ပြန်တက်လာခဲ့၏။ လှေကားထစ်တစ်ထစ်ချင်းစီတိုင်းတွင် တစ်ခါဒူးထောက်ကာ..တစ်ခါဒူးထောက်လိုက်တိုင်း နဖူးက လှေကားထစ်များနှင့်ထိတွေ့သည်အထိ.. ကိုးရာကျော်သောလှေကားထစ်တို့ထက်တွင်...
ထိုအချိန်က နှင်းကျပြီးခါစ အချိန်လည်းဖြစ်ကာ တောင်ပေါ်တွင် တိုက်ခတ်နေသည့်လေက ခါတိုင်းထက်အအေးပိုနေခဲ့ပြီး တဆတ်ဆတ်ရိုက်ခတ်နေသည့်နှုတ်ခမ်းပါးတို့ကို မြင်နေရ၏။ လက်ဖဝါးတွင်စည်းထားသည့်ပတ်တီးစတို့မှ သွေးတစိမ့်စိမ့်၊ ဒူးထောက်ပြီး လှေကားထစ်နှင့် ထိတွေ့နေသောနဖူးထက်တို့တွင် ရွှံ့စများ ပေကပ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် နှင်းစများရွဲရွဲစိုနေခဲ့၏။လူတစ်ကိုယ်လုံးက ကြောက်စရာကောင်းလှသည်အထိကြည့်ရဆိုးနေပါသည့်တိုင် ဆက်လျှောက်နေသောခြေလှမ်းတို့က အနည်းငယ်လေးပင် တွေဝေခြင်းမရှိ ပြတ်သားလှသောမျက်ဝန်းအိမ်တို့ထဲတွင် နောက်ဆုတ်မည့်အရိပ်အယောင်ဟူ၍မရှိ။
"တကယ် သူ့ကို အဲ့လောက်တောင်မှ ချစ်တာလား"
ချီမော့က သက်ပြင်းရေးရေးချလိုက်ပြီး
"အဲ့လောက်ထိတောင်ချစ်တာမလို့ ကိုယ့်အသက်ကိုတောင် မလိုချင်တော့တာလား"
တောင်အောက်သို့ပြန်ဆင်းလာသည့်အချိန်တွင် ဝေ့ရှီက ခြေလှမ်းတစ်လှမ်းစာကိုပင် ထပ်၍မလှမ်းနိုင်တော့အောင် ငြိမ်သက်သွားခဲ့၏။ချီမော့က စကားတစ်ခွန်းမှ ဝင်မပြောဘဲ ဝေ့ရှီအား ကျောပိုး၍ သယ်လာပေးခဲ့၏။
နှင်းစိုနေသော လှေကားထစ်များက အနည်းငယ်ချော်နေမည်ဖြစ်ကာ သူမ ဒူးထောက်ရာလှေကားထစ်တစ်ခုချင်းစီတိုင်းကို အဖော်ပြုပြီး လိုက်လာပေးခဲ့ဖြစ်၍ သူကိုယ်တိုင်လည်း ပင်ပန်းနှင့်နေပြီဖြစ်သည်။ဟုတ်ပါ၏ သူကိုယ်သူ လဲကျသွားခွင့်မပေးသေးဘဲ ဝေ့ရှီကို အိမ်အရောက်ပြန်ပို့ပေးချင်ခဲ့ပါ၏။
တောင်ပေါ်ရှိလေက အေးစက်နေခဲ့သည့်အပြင် နှစ်ဦးသား၏အကျီတို့ကလည်း စိုစွတ်နှင့်နေပြီဖြစ်ကာ လေတစ်ချက်တိုက်ခတ်တိုင်း အရိုးထိစိမ့်အောင် အေးစက်သွားရ၏။သို့သော် နှစ်ဦးသားထိတွေ့နေခဲ့သည့်နေရာလေးတစ်ခုက အလွန်ကိုမှ နွေးထွေးနေခဲ့၏။
ဝေ့ရှီက သူ၏ကျောပေါ်တွင်မှီထားပြီး သူ၏ပုခုံးထက်တွင် ခေါင်းကိုအပ်၍ ဆိုလာခဲ့၏။
"ချီမော့...တကယ်လို့ တစ်နေ့နေ့မှာများ ငါမရှိတော့ရင်...ကျေးဇူးပြုပြီး ရူဖေးကို စောင့်ရှောက်ပေးပါ.."
အတင်းထိုးထွက်လာသောမှတ်ဥာဏ်များက ဤနေရာတွင် ရုတ်ချည်းရပ်တန့်သွားခဲ့၏။ချီမော့က အိပ်ရာထက်တွင်လှဲလျောင်းနေသည့်သူအား ငေးကြည့်နေမိကာ သူမ၏နားရွက်ဖျားဆီသို့ တိုးကပ်ပြီး တောင်ပေါ်တွင်ပြောခဲ့သည့်စကားလုံးတို့ကို နောက်တစ်ကြိမ်ထပ်၍ ဆိုလာခဲ့၏။
"သူ့ကို ငါ့ဆီလာပြီး ထိုးမပေးနဲ့...ငါ့မှာ သူ့ကိုစောင့်ရှောက်ပေးရမယ်ဆိုတဲ့တာဝန်မျိုးလည်းမရှိဘူး...တကယ်လို့သာ မင်းမရှိတော့ရင် ဘယ်သူကပဲ သူ့အနားမှာနေပေးနေပါစေ သူ ကောင်းကောင်းအသက်ရှင်ချင်နေမှာမဟုတ်ဘူး...ဝေ့ရှီ မင်း ကောင်းကောင်းအသက်ရှင်နေမှ ငါတို့လည်း ကောင်ကောင်းအသက်ရှင်ချင်ကြမှာ...မှတ်ထားပါ...ငါတို့လို လူတွေအတွက် ကိုယ့်ကိုကိုယ်အသက်ရှင်နေအောင် ကြိုးစားနေနိုင်တာကလည်း...အောင်မြင်ခြင်းတစ်မျိုးပဲ..."
မိုးလင်းခါနီးအချိန်လောက်မှ ဝေ့ရှီတစ်ယောက် နိုးလာခဲ့၏။အပူချိန်ကျသွားပြီဖြစ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ရိုက်ချခံထားရသလို နာကျင်နေသေး၏။ရူဖေးက သူမ၏အိပ်ရာဘေးတွင် အိပ်ပျော်နေဆဲဖြစ်ကာ စီးကရက်ငွေ့သဲ့သဲ့ကို ရှူရှိုက်မိ၏။သို့သော် ရူဖေးသောက်နေကျ စီးကရက်ငွေ့မျိုးမဟုတ်။
စီးကရက်ပြာခွက်အတွင်းမှ Marlboro စီးကရက်အစအနများကိုတွေ့လိုက်ရ၏။ချီမော့ပင် ဖြစ်မည်။
ချီမော့အကြောင်းကိုတွေးလိုက်မိသည့်အခိုက် စိတ်ထဲတွင်လည်း အားနာစိတ်တို့ ပေါ်လာရပြန်၏။သန်သန်မာမာယောက်ျားကို ခေါ်ကာ သူမနှင့်အတူ တောင်ထိပ်သို့ရောက်သည်အထိ အဖော်ပြုစေမိပြီး ရှည်လျားသည့်အိမ်ပြန်လမ်းတစ်လျှောက်လုံးအတွက်လည်း သူမကို ကျောပိုးသယ်ဆောင်ခိုင်းစေခဲ့မိသည် မဟုတ်လား။
ဘယ်သောအခါမှ ဝန်ခံခြင်းမရှိခဲ့သော်လည်း ချီမော့က ယုံကြည်ရသည့်သူတစ်ယောက်ဖြစ်မှန်း ဝေ့ရှီသိပါ၏။အမြဲလိုလို ကြမ်းကြမ်းတမ်းတမ်း အေးအေးစက်စက်ပြောတတ်သော်လည်း Mark ထက် ပွင့်လင်းပြီးယုံကြည်လို့လည်းရပါ၏။
နောက်တစ်ကြိမ်တွေ့မည်အခါ၌ သေချာပေါက် 'ကျေးဇူးတင်ပါတယ်' ဆိုစည့်စကားကို ပြောရမည်ဖြစ်သည်။သို့သော်ယခုတွင် အခြားပိုအရေးကြီးသည့်အရာတစ်ခုရှိနေ၏။
ရွမ်ရှောက်နန် တက်နေသည့်ဆေးရုံက လူစည်ကားသည့် မြို့တွင်းနှင့် မဝေးသော်လည်း ပတ်ဝန်းကျင်က အခြားနေရာများထက် ဆိတ်ငြိမ်မှုရှိလှသည်။လူနာတစ်ယောက်ကို သွားကြည့်ရန် မည်သည့်အရာမျိုးကိုဝယ်သွားသင့်မှန်း မသိသဖြင့် ဘာကိုမှမဝယ်ဘဲ ရောက်လာခဲ့၏။မတည်မငြိမ်ဖြစ်နေသည့်နှလုံးသားတစ်ခုကိုသာ ယူဆောင်လာခဲ့ပြီး ဆေးရုံအခန်း၏တံခါးဝတွင် တစ်ခဏကြာအောင် ရပ်နေမိ၏။
ထင်မှတ်ထားသည်က ဤနေရာတွင် သူ့အားလာရောက်ကြည့်ရှူပေးသူများနှင့် ပြည့်နှက်နေလိမ့်မည်ဟူ၍။သို့သော် ထင်ထားသည်နှင့်တလွဲဖြစ်ကာ လုံးဝကို ငြိမ်သက်တိတ်ဆိတ်နေလေ၏။
တံခါးခေါက်လိုက်ပါသည့်တိုင် စက္ကန့်ပိုင်းမျှကြာသွားပြီးသည်အထိ ပြန်လည်ဖြေဆိုလာမည့်သူမရှိ။တံခါးကလည်း အနည်းငယ်ဟထားသဖြင့် အသာအယာဖွင့်ကာ အထဲသို့ဝင်လာခဲ့လိုက်၏။
ရွမ်ရှောက်နန်က ယခုလိုမျိုး တစ်ယောက်တည်း အိပ်ပျော်နေလိမ့်မည်ဟု မထင်ထားခဲ့ရိုး အမှန်ပါ။နေရောင်ခြည်နွေးနွေးက ပြတင်းပေါက်တွင်ကာထားသည့်လိုက်ကာစများကို ဖြတ်ကျော်ပြီး သူ၏မျက်နှာအား ခပ်ပါးပါးလေးထိတွေ့နေလေ၏။
အခန်းတစ်ခုလုံး သစ်သီးခြင်းများ ပန်းများနှင့်ပြည့်နေသည်ဖြစ်ရာ နှာခေါင်းထိပ်ဆီသို့ မွှေးရနံ့တို့က စူးခနဲဝင်ရောက်လာခဲ့၏။အိပ်ရာဆီသို့ လျှောက်အသွားတွင်...
"ကျေးဇူးပြု၍...ဘယ်သူလဲမသိဘူး.."
ဤအခန်းထဲတွင် နောက်တစ်ယောက်ရှိနေလိမ့်မည်ဟု မထင်ထားခြင်းလည်းဖြစ်ကာ ရုတ်တရက်လန့်သွားပြီး အသံလာရာ အနောက်ဘက်ဆီသို့ လှည့်ကြည့်လိုက်၏။ကျိုးရှောင်ဖန်၏ မဂ္ဂဇင်းသတင်း အလာပ သလာပစကားများကို ကျေးဇူးတင်ရမည်ဖြစ်သည် အခြားတစ်ဖက်ရှိမေးမြန်းနေသူအားချက်ချင်း မှတ်မိလိုက်ပါ၏။
'ကူယုံးလင်' ၊ 'ဖုဟွမ်'လုပ်ငန်းစု၏ အကြီးဆုံးမမလေး။ တောက်ပပြီးဝိုင်းစက်နေသောမျက်ဝန်းများ ဖြူဖွေးနေသောသွားများအပြင် ဂုဏ်ရှိန်ဂုဏ်ဝါများ ပါဝင်နေသောအလှများက ဓါတ်ပုံထဲမှာထက် အပြင်မှာ ပိုကြောင်း ဝန်ခံရပါလိမ့်မည်။
"ကျွန်မက ကူယုံးလင်ပါ..မိန်းကလေးက ရှောက်နန်ရဲ့သူငယ်ချင်းလား.."
မိန်းမလှလေးက သူမ စကားမပြောလာသည်ကိုမြင်ပြီး ဦးအောင်နှုတ်ဆက်၍ ချိုချိုသာသာပြုံးပြလာလေ၏။
"ကျွန်မ..."
ဝေ့ရှီက ရုတ်တရက် သူမကိုယ်သူမ မည်သို့နှုတ်ဆက်ပေးရမည်ကိုပင် နားမလည်နိုင်ဖြစ်သွားခဲ့၏။
ဝေ့ရှီ စကားမဆုံးခင် အိပ်ရာထက်မှ လှုပ်ရှားသံများကို ကြားလိုက်ရ၏။ကူယုံးလင်က တောင်းပန်လိုသည့်အလားပြုံးပြရင်း သူမ၏လက်ထဲတွင်ကိုင်ထားသည့်ပန်းအိုးကိုချကာ ပြတင်းပေါက်လိုက်ကာများကို ဖယ်ပြီး နေရောင်ခြည်ကို အစွမ်းကုန်ဝင်ရောက်ခွင့်ပြုလိုက်၏။
"ယုံးလင်.."
ရွမ်ရှောက်နန်က အိပ်ရာထက်မှနေ၍ ညင်ညင်သာသာခေါ်လိုက်၏။
ကူယုံးလင်က သူ့အား ထူမပေးရင်း
"ဒီနေ့ နေရထိုင်ရတာ ဘယ်လိုလဲ.. သက်သာလာပြီလား..ဆရာဝန်က မှာထားတယ် ဆီများတာတွေစားလို့မရဘူးတဲ့..ဆန်ပြုတ် ပြုတ်လာခဲ့တယ်..အခု နည်းနည်းလောက် စားတော့မလား"
ရွမ်ရှောက်နန်က ခေါင်းရမ်းပြရင်း
"ခဏနေမှပဲ စားတော့မယ်"
ထို့နောက် မျက်နှာကိုလှည့်လာရင်း ထောင့်တစ်နေရာတွင် ရပ်နေသည့် ဝေ့ရှီကို မြင်သွားခဲ့၏။သူ၏မျက်နှာက ချက်ချင်းဆိုသလို တင်းမာသွား၍ မျက်ဝန်းများကိုမှေးစင်းကာ ဝေ့ရှီဟုတ်မဟုတ်ကို သေချာအောင်ကြည့်နေလေ၏။
"မင်းပါလား.."
ရွမ်ရှောက်နန်၏ မိုင် ထောင်ပေါင်းများစွာဝေးကွာနေသယောင် ဆက်ဆံလာမှုတို့အပြင် ကူယုံးလင်၏ မေးခွန်းပေါင်းသောင်းခြောက်ထောင်ပါဝင်နေသော အကြည့်တို့ကြောင့် ဝေ့ရှီအဖို့ ရှက်ရွံသွားရကာ ထောင့်တစ်နေရာတွင်သာ ကွေး၍ပုန်းနေချင်မိ၏။လက်တစ်ဖက်က အလိုလို စကတ်စကို ဖိချေမိပြီး ဤရှက်စရာကောင်းသည့်အခြေအနေကို ရင်ဆိုင်ရန် ကြိုးစားလိုက်၏။
ယနေ့တွင် ဖြစ်ပျက်လာနိုင်မည့်အရာအားလုံးသည် သူမ၏တာဝန်သာဖြစ်ပြီး အခြားသူများအပေါ် လုံးဝလုံးဝအပြစ်တင်မည်မဟုတ်။သူမကိုယ်တိုင်ကပဲ သူတို့နှစ်ဦးကြားဆက်ဆံရေးကို ရက်ရက်စက်စက်ဖြတ်ပစ်ခဲ့သူ ဖြစ်ပါ၏။ သူ့အား ထိုနေရာတွင်သာရပ်ပြီး သူမကိုစောင့်နေပေးပါရန် မမျှော်လင့်ရဲ။
ဝေ့ရှီက တစ်ခုခုပြောတော့မည့်အခိုက် ကူယုံးလင်က ဦးစွာဆိုလာခဲ့၏။
"ရှောက်နန်..ဒီမိန်းကလေးက နင့်ရဲ့သူငယ်ချင်းလား"
ရွမ်ရှောက်နန်က သူမဆီမှ အကြည့်တို့ကိုလွဲကာ ကူယုံးလင်ကိုပြုံးပြ၍
"ကိုယ်တို့က သူငယ်ချင်းတွေမဟုတ်ဘူး..ကိုယ်က သူ့ရဲ့ ပထမဆုံးယောက်ျားဖြစ်ခဲ့ပေမယ့် ချစ်ခြင်းတွေပါတဲ့စုံတွဲလည်း မဟုတ်ပြန်ဘူး...သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးကို ဘယ်လိုပြောပြသင့်လဲ"
မျက်ဝန်းတစ်ချက်က ဝေ့ရှီဆီသို့ရောက်လာပြီး လှောင်ရယ်သလိုပြုံးလိုက်၍
"မိန်းကလေးလု...မင်းရဲ့အခြေအနေကိုကြည့်ပြီးပြောရမယ်ဆိုရင်...မင်းက ငါ့အတွက် တစ်ခဏတာ အပျင်းပြေဖို့အတွက် သုံးခဲ့တဲ့ကစားစရာလို့ ပြောရမလား.."
စကားလုံးများက ဝေ့ရှီ၏ခေါင်းတစ်ခုလုံးရိုက်ချလိုက်သလို မြဲမြဲမရပ်နိုင်တော့အောင်အထိ တုန်လှုပ်သွားခဲ့ရ၏။အခြားသောမိန်းမတစ်ယောက်ရှေ့တွင် ရွမ်ရှောက်နန်က ဤသို့ဆိုးဆိုးဝါးဝါးပြောဆိုလာလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။
ရွမ်ရှောက်နန်က ပို၍ အလောတလျင် စိတ်လိုလက်ရဖြစ်လာခဲ့ပြီး
"မဟုတ်ဘူးလား..မိန်းကလေးလု..ဒါဆို မင်းဆီမှာ ဒီထက်ပိုကောင်းတဲ့ ရှင်းပြချက်မျိုးရှိနေတာလား"
ဝေ့ရှီက မျက်ဝန်းများ မမှိတ်သွားစေရန် အားတင်းနေမိသည်။အဘယ်ကြောင့်ဆိုသော် မျက်တောင်တစ်ချက်အခတ် အပြီးတွင် ဝေ့ဝဲနေသောမျက်ရည်စများကျလာမည်မှာ သေချာနေသောကြောင့်ဖြစ်၏။သူမတွင် ပြောပြစရာစကားလုံးများစွာ ရှိနေပါသေးသည်။မည်သို့ပင် အရှက်ရနေပါစေ ဒီအတိုင်း ရှောင်ပြေးမထွက်သွားချင်တော့ပါ။
ရွမ်ရှောက်နန်က ပို၍ စိတ်မရှည်ဖြစ်လာပြီး
"မိန်းကလေးလု...မင်း ဒီလိုမတ်တပ်ရပ်နေဖို့ လာခဲ့တာတော့ မဟုတ်ဘူးမလား...ဘာမှပြောစရာမရှိဘူးဆိုရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ...ငါတို့ အေးအေးဆေးဆေးနေပါရစေ.."
စကားအဆုံးတွင် ဝေ့ရှီက ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး နေရောင်ခြည်အောက်မှ အမှုန်လေးများကြား တောက်ပလျက်ရှိနေသည့် သူမ ချစ်ရပါသောအမျိုးသားကို စိုက်ကြည့်လိုက်၏။
နောက်ဆုံးတွင် ပြောထွက်လာဖို့ရာ သတ္တိများ ရှိနေခဲ့ပါ၏..
"ဒီနေ့ရောက်လာရတာက ငါ နင့်ကိုပြောစရာရှိလို့ပါ..တောင်းပန်ပါတယ်...အဲ့နေ့ညက ငါနင့်ကို လိမ်ပြောခဲ့တာပါ..တကယ်တော့..."
အသက်ပြင်းပြင်းရှူလိုက်ပြီး
"ငါ နင့်ကိုချစ်တယ်...ကုန်ဆုံးသွားခဲ့တဲ့ ၇နှစ်လုံးလုံး ငါ နင့်ကို တစ်ချိန်လုံး ချစ်နေခဲ့တယ်.."
ရွမ်ရှောက်နန် မှင်သေသွားခဲ့သလို ကူယုံးလင်လည်း ကြောင်အသွားခဲ့၏။
အခန်းတွင်အခြေအနေက ပို၍တင်းမာလာပုံရကာ ရွမ်ရှောက်နန်က လှောင်ပြောင်သလိုဆိုလာ၏။
"လုဝေ့ရှီ..လုဝေ့ရှီ...မင်းကိုယ်မင်း ဘာလုပ်နေမှန်းရော သိရဲ့လား...မင်းက အခု ဒီနေရာအထိပြေးလာပြီး ငါတို့ရှေ့မှာ ဒီစကားတွေလာပြောနေတာက ကိုယ့်ကိုကိုယ် ရယ်စရာကောင်းအောင်လုပ်နေတယ်လို့ မခံစားမိဘူးလား.."
ဝေ့ရှီက လှောင်ပြောင်နေသည့်သူအား စိုက်ကြည့်နေကာ ခပ်ဖွဖွလေးပြုံး၍
"မခံစားရဘူး..ဒါက နည်းနည်းလေးမှလည်း ရယ်စရာကောင်းမနေခဲ့ဘူး...တကယ်လို့သာ ကုန်ဆုံးသွားခဲ့တဲ့ ၇နှစ်လုံးလုံး ငါ ဘယ်လိုမျိုးနှလုံးသားတစ်ခုကို ထွေးပိုက်ပြီး နင့်ကိုချစ်လာခဲ့တယ်ဆိုတာကို နင်နားလည်နေခဲ့မယ်ဆိုရင် နင်လည်း ရယ်စရာကောင်းတယ်လို့ ခံစားမိမှာမဟုတ်ဘူး..."
ဝေ့ရှီ၏အကြည့်များက အဝေးတစ်နေရာဆီသို့ ရှောင်ထွက်ပစ်လိုက်ကာ ပြန်မရရှိနိုင်တော့သောအတိတ်များဆီသို့ မျှော်ကိုးလိုက်ပါ၏။
မျှော်လင့်ချက်ဆိုလို့ ရေးရေးလေးတောင် မထင်သည့် ၇နှစ်လုံးလုံး သူ့အား စောင့်နေခဲ့ကြောင်း ပြောပြချင်မိပါသည်။ရှိရှိသမျှအချစ်တွေအားလုံး ပေးထားပါကြောင်းကိုလည်း ပြောပြလိုပါ၏။သူမ၏ အသံတို့က တိုးဖျရာမှ တဖြည်းဖြည်း မြူမှုန်စလေးတစ်ခုလို သေးသိမ်သွားခဲ့ရ၏။အသံစလေး တစ်ခုပင် ထွက်မလာနိုင်တော့သည်အထိ အင်အားများဆုတ်ယုတ်သွားသယောင်ယောင်။သူ၏ မေးခွန်းများနှင့်လှောင်ရယ်နေသည့် အရာများကြောင့် တင်းကြပ်နေအောင်ဆုတ်ထားမိသည့် လက်ချောင်းများမှလွဲ၍ အသံထွက်လာရန် မဖြစ်နိုင်တော့သည့်အလား။
ထိုလူက ရက်စက်တတ်ပါသောသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ သူမ၏ခံစားချက်များအပေါ် ထောက်ထားနေပါတော့မည်လား။ဘေးနားတွင်လည်း ထင်ပေါ်နေသောအမျိုးသမီးလေးတစ်ယောက် ရှိနေခဲ့ပြီဖြစ်ရာ သူမဆိုသည်မှာကား အလိုမရှိတော့သည့်အကျီတစ်ထည်လို ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။
ဒါဆို ယခုအချိန်မှ ထိုစကားများကိုပြောပြနေတော့ရော ဘာအဓိပ္ပါယ်ရှိပါဦးမည်နည်း။
ထိုအရာများကိုတွေးကြည့်ပြီးနောက် ဝေ့ရှီ၏မျက်ရည်စများ ကျလုနီးပါးဖြစ်လာရ၏။သို့သော်လည်း ငိုနေမည့်အစား ပြုံးရမည်ကိုသာ ရွေးချယ်လိုက်ပါ၏။သေချာပေါက် ငိုနေခြင်းထက် ကြည့်ရဆိုးနေမည်မှာ အမှန်ပင်။
"ငါသိပါတယ်..အခုချိန်မှ ဒါတွေပြောပြနေလည်း အလကားသက်သက်ပဲဆိုတာ သိပါတယ်..ဒါပေမယ့် ကျေးဇူးပြုပြီး ယုံပေးပါ..."
ဝေ့ရှီက မျက်ဝန်းများကိုပင့်ကာ သူ၏နှလုံးသားဆီသို့ တည့်တည့်ကြည့်နေသည့်အလား ငြိမ်သက်၍
"ငါ နင့်ကိုချစ်တယ်..နင့်ဘေးနားမှာရှိနေတဲ့ မိန်းကလေးတွေအားလုံးကို လိုက်ကြည့်မယ်ဆိုရင်တောင်မှ ငါနင့်ကိုချစ်သလိုမျိုး ချစ်ပေးမယ့်သူ ရှိနိုင်မှာမဟုတ်ဘူး..အရင်တုန်းကလည်း ဒီအတိုင်းပဲ..အခုလည်းဒီအတိုင်းပဲ..နောင်လာမယ့် နေ့ရက်တစ်ရက်ချင်းစီတိုင်းမှာလည်း ဒီအတိုင်းပဲရှိနေမှာ.."
နောက်ဆုံးတွင်တော့ ပြောချင်သည့်စကားလုံးများ ကုန်ဆုံးသွားပြီဖြစ်သည်။တစ်ဖက်လူ၏တုန့်ပြန်ချက်များကို မစောင့်တော့ဘဲ ခေါင်းညွှတ်၍အရိုအသေပြုကာ နေရာမှထွက်လာခဲ့၏။စကားလုံးနည်းနည်းပင်ဖြစ်နေပါသည့်တိုင် ခန္ဓာကိုယ်ပေါ်ရှိအင်အား အကုန်သုံး၍ပြောလိုက်ရသည့်အတိုင်း မောပန်းနေခဲ့၏။နေရာတိုင်းက အတုန်တုန်အယင်ယင်ဖြင့် သူမကိုယ်သူမ မတ်မတ်ရပ်ထားနိုင်ရန်ပင် မလွယ်ကူတော့၏။
သို့သော် ခြေလှမ်းများက ထင်ထားသည်ထက်ကို မြန်လွန်းနေ၏။ဟုတ်ပါ၏။ သူမ ကြောက်လန့်နေကြောင်းကို ဝန်ခံပါ၏။ တန်ဖိုးထားရသောအရာအားလုံးကို ဖွင့်ဟလိုက်ခြင်းက ထိုလူထံမှ လှောင်ပြောင်စရာတစ်ခုလိုပြုမူနေမည့်အမူအရာများသာ ပြန်လည်ရရှိလာမည်ကို ကြောက်လန့်နေခဲ့ပါ၏။သို့သော်လည်း လူ့ဘဝဆိုသည်မှာ ဤကဲ့သို့ပင် မဟုတ်ပါလား။နောင်တရနှင့်နေပါသည့်တိုင်အောင် နောင်တရနေသည့်ခံစားချက်ကို မလိုချင်ချင်ခြင်းမဟုတ်လား။
အထူးခန်းများရှိသည့် ဆေးရုံ၏ကော်ရစ်တာက အခြားနေရာများထက် ပို၍ရှည်လျားနေ၏။ဝေ့ရှီက လေတိုက်လျှင်တောင် ပါသွားနိုင်သည့်ခန္ဓာကိုယ်ဖြင့် လျှောက်လာခဲ့ရာ အပြင်ဘက်သို့ထွက်ခါနီး၌ ရုတ်တရက် လက်ဝါးကြီးတစ်ခုဖြင့် ဖမ်းဆုတ်ခြင်းကိုခံလိုက်ရ၏။
လန့်ဖြန့်သွားပြီး အနောက်သို့လှည့်ကြည့်လိုက်ရာ မီးစများပေါက်ကွဲထွက်လာမတတ် ဒေါသတကြီးဖြစ်နေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်ရ၏။
"လုဝေ့ရှီ...မင်း တော်တော်တတ်နိုင်တာပဲ...သူများရဲ့နှလုံးသားကို ရှုပ်ပွခတ်အောင်လုပ်သွားပြီး ဒီအတိုင်းလေး ထွက်သွားချင်တယ်ပေါ့"
ဝေ့ရှီက သူဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားမလည်သလို ထိုလူကလည်း နားလည်ပေးဖို့ရာ မလိုသည့်အတိုင်း အခန်းဆီသို့ တဇွတ်ထိုးဆွဲခေါ်သွားလေ၏။ကူယုံးလင်က မည်သည့်အချိန်ကတည်းကထွက်သွားခဲ့မှန်းမသိ အခန်းထဲသို့ပြန်ရောက်လာသည့်အချိန်တွင် ရှိမနေတော့ပေ။ရွမ်ရှောက်နန်က အခန်းအတွင်းသို့ဝင်လာပြီးသည်နှင့် လော့ချလိုက်၏။
ထို့နောက် ဝေ့ရှီကို အိပ်ရာထက်ဆီသို့ ဆွဲခေါ်သွားလေ၏။ရုတ်ချည်း ဆွဲခေါ်ခံလာရခြင်းကြောင့် ခေါင်းအနည်းငယ်မူးနေသည့်အပြင် အကြောင်းအရာအချို့ကိုပါ စဥ်းစားချင်နေသေးသည်။ဥပမာ ကူယုံးလင်က အဘယ်ကြောင့် ဒီအတိုင်းထွက်သွားခဲ့သနည်း။ ဥပမာ သူတို့နှစ်ဦးကြား ပြေပင်မပြေလည်သေးဘဲ အဘယ်ကြောင့် ဤမျှအထိ နီးကပ်သွားရသနည်း။ ဥပမာ ဖျားနေသောလူတစ်ယောက်က အဘယ်ကြောင့် ဤမျှအထိ သန်မာနေသေးသနည်း။
စတုတ္ထမြောက်မေးခွန်းကို မစဥ်းစားမိသေးခင် ခန္ဓာကိုယ်ပေါ်ရှိ ထိုလူက နောက်ထပ် အချိန်ထပ်မပေးချင်တော့သည့်အတိုင်း သူမ၏အကျီစများကို ဆွဲဆုတ်လာလေ၏။အနမ်းများက ခန္ဓာကိုယ်အနှံ့ရောက်လာခဲ့ပြီး လက်ချောင်းများက ခန္ဓာကိုယ်ပေါ်ရှိ အတားအဆီးဟု ယူဆရသည့်အရာအားလုံးကို ဖယ်ရှားပစ်နေ၏။
သူမ၏နာမည်ကို တိုးဖျဖျရွတ်ဆိုနေသောသူက ဝင်ရောက်လာသည့်အချိန်တိုင်း ခွန်အားများသုံးကာ ငြင်သာပေးလိုခြင်းအလျင်းမရှိ။သူမ၏ခြေထောက်နှစ်ဖက်ကို ခါးတဝိုက်တွင် ဖက်တွယ်စေပြီးနောက် မွှေးရနံ့များကြား သူ၏စည်းချက်တို့နောက် လိုက်ပါစီးမျောစေ၏။
ရုန်းကန်ခွင့်မရှိလေသောခံစားချက်များက ပို၍လှပနေခြင်းကြောင့်လောမသိ အသွေးအသားဆန္ဒတို့က ပို၍ပြင်းထန်လာခဲ့၏။မည်သည့်အချိန်က မျက်ရည်ကျမိသွားမှန်းမသိသော်လည်း သူမ၏မျက်ရည်များကိုမြင်တွေ့သွားသောသူက သူမအားတင်းကြပ်အောင်ပွေ့ဖက်ပေးလာခဲ့၏။ပူနွေးနေသောမျက်ရည်များ အိပ်ရာထက်ပင် နူးညံ့နေသည့်ခန္ဓာကိုယ်တို့က အဆုံးမရှိသော သနားညှာတာခြင်းတို့ကို ပေးအပ်ချင်ပါသည့်တိုင် ရပ်တန့်ပစ်လိုခြင်းမရှိ မရန့်တန့်ပစ်နိုင်လောက်အောင်သာ စွဲလမ်းလာစေခဲ့၏။
မျက်ရည်စများကို နမ်းရှိုက်ကာ သူမ၏နားရွက်ဖျားဆီသို့ တိုးဖျစွာ ညည်းတွားလာရင်း ချော့မော့လာခဲ့၏။ပြောနေသည့်စကားလုံးများကို ရှင်းရှင်းလင်းလင်းမကြားရသည့်အပြင် နှလုံးသားထဲတွင် ပျော်ရွှင်စရာခံစားချက်များအစား မှောင်မိုက်နေသည့်ဝမ်းနည်းခြင်းများဖြင့်သာ ပြည့်နှက်နေခဲ့၏။ကျလာသည့်မျက်ရည်စများက မရပ်တန့်သွားသည့်အပြင် မျက်ဝန်းထောင့်စွန်းဆီမှတဆင့် အဖြူရောင်ခေါင်းအုံးမှသည် နှလုံးသားအတွင်းဆုံးဆီသို့...
အဘယ်ကြောင့်များ လူသားအားလုံးက နောက်ကျလွန်းသည့်အချိန်မှသာ အသိတရားဝင်တတ်ကြပါသနည်း။
ဝေ့ရှီက သူ့အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ကာ ဤအခိုက်အတန့်လေးတွင် မျက်လုံးချင်း ဆုံစေလိုက်၏။အသေအချာကြည့်လိုက်မှ ထိုလူက ပိန်သွားကြောင်း သိလိုက်ရပါ၏။မျက်ရည်က နောက်တစ်ကြိမ်ထပ်ကျလာပါသော်လည်း ဤတစ်ခေါက်တွင် မည်သည့်နေရာဆီသို့ စီးကျရမည်မှန်း မသိနိုင်တော့ပေ။
ဘယ်လိုများလုပ်ပေးမှ ချစ်ခြင်းများဖလှယ်နေသည့်အချိန် ယခုလိုမျိုး အဆုံးမရှိဝမ်းနည်းနေသည့်ခံစားချက်ကြီးကို မခံစားစေမှာလဲ။
မနက်ခင်း၏လှပလွန်းသော အလင်းရောင်က လောကတစ်ခွင်ဖြန့်ကျက်ထားခဲ့၏။နေရောင်အောက်တွင် လူအများက သွားလိုရာသွား လာလိုရာလာနိုင်ကြဖို့ရန် အကြောင်းပြချက်ပေးစရာမလို။ထို့အပြင် လွတ်လပ်နေဖို့ရာလည်း အရက်သေစာသောက်စားပြီး စိတ်ကိုလွှတ်ထားပေးစရာလည်း မလိုခဲ့၏။
ဤအခြင်းအရာကို ပရမ်းပတာအခြေအနေ မမျှမတသောအခြေအနေဟု ဆိုရမည်ဆိုလျှင် အပြစ်တင်ရမည့်သူက
လောကအလှဆုံးသော အမည်ပိုင်ရှင် : စုမင်(ကံကြမ္မာ) ကိုသာဖြစ်၏။
********************
~~Zawgyi~~
အသက္ကိုေပး၍ ယဇ္ပူေဇာ္ခံကာ စြန့္လႊတ္လိုပါ၏
လမ္းတစ္ခု၌ ခ်ီေမာ့က ေဝ့ရွီကို အမွတ္မထင္ေတြ႕လိုက္ရသည့္အခ်ိန္တြင္ ေဝ့ရွီ၏ပုံစံက ဝိဥာဥ္ေပ်ာက္လြင့္သြားခဲ့ေသာသူတစ္ေယာက္လို ေရာက္တတ္ရာရာေလွ်ာက္ေျပးေနခဲ့၏။ျမငျမင္လိုက္ခ်င္း လူမွားသည္ဟုပင္ ထင္လိုက္၏။ယခုအခ်ိန္တြင္ ေဝ့ရွီက စာေမးပြဲခန္းအတြင္း ေရာက္ေနရမည္မဟုတ္လား။
ေဝ့ရွီက မွတ္တိုင္တစ္ခုတြင္ရပ္ၿပီး လမ္းၫႊန္ဆိုင္းဘုတ္ကိုၾကည့္လိုက္သည့္အခါတြင္မွ ေဝ့ရွီျဖစ္ေနမွန္း ခ်ီေမာ့အတြက္ေသခ်ာသြားခဲ့၏။
ခ်ီေမာ့က ေမာ္ေတာ္ဆိုင္ကယ္ကို လမ္းေဘးတြင္ကပ္ရပ္လိုက္ကာ ဆိုင္ကယ္ေပၚမွဆင္းၿပီးသည္ႏွင့္တၿပိဳင္နက္ ေဝ့ရွီကို လွမ္းဆြဲေခၚလိုက္၏။
"ေဝ့ရွီ...မင္း စာေမးပြဲရွိတယ္မဟုတ္ဘူးလား...ဒီေနရာမွာ ဘာရပ္လုပ္ေနတာလဲ"
ေဝ့ရွီက ခ်ီေမာ့အားမွင္ေသ၍ၾကည့္ေနမိကာ မည္သူမည္ဝါျဖစ္မွန္းကိုပင္ အခ်ိန္အေတာ္ၾကာေအာင္ စဥ္းစားေနခဲ့ၿပီးမွ မ်က္ရည္မ်ား႐ြဲေနသည့္မ်က္ႏွာ၊ အထစ္ထစ္ အေငါ့ေငါ့စကားလုံးျဖင့္
"နင္ ငါ့ကို 'ရွီရွန္း'(အေနာက္ဘက္ေတာင္ကုန္း)ကို လိုက္ပို႔ေပးလို႔ရမလား...ငါ..ငါ အဲ့ေနရာကိုသြားမယ့္ ဘတ္ကားလိုင္းကိုရွာမေတြ႕ဘူး...တကၠစီခက ေစ်းႀကီးလြန္းတာမလို႔... ပိုက္ဆံလည္း အမ်ားႀကီးမပါလာခဲ့ဘူး.."
ရွီရွန္း(အေနာက္ဘက္ေတာင္ကုန္း) 'စစ္ဖန္း' ဘုရားေက်ာင္း၊ အေလးအျမတ္ထားသည့္ေနရာတစ္ခုအျပင္ ၿမိဳ႕ေတာ္၏ အေအးခ်မ္းဆုံးေနရာတစ္ခု၊ တရားဓမၼသံ ခပ္ေရးေရးတို႔ႏွင့္ ဆိတ္ၿငိမ္ရာ အရပ္။
သမိုင္းေရးရာဇဝင္မ်ားအရ ဤဘုရားေက်ာင္းေတာ္ႀကီးတြင္ ေအာက္ေျခမွ အထက္ထိပ္ဆုံးအထိ စုစုေပါင္း ကိုးရာ ကိုးဆယ့္ ကိုးခု ေသာ ေလွကားထစ္တို႔ရွိေလ၏။
မွတ္သားထားေသာဒ႑ာရီမ်ားအရ အတူတကြလာေရာက္ေသာ အမ်ိဳးသားႏွင့္အမ်ိဳးသမီး စုံတြဲတို႔သည္ တစ္ထစ္ေသာ ေလွကားထစ္ကို တက္၍ဦးၫႊတ္ၿပီး တစ္ခုေသာဆုေတာင္းစကားကိုဆိုလွ်င္ ကိုးရာကိုးဆယ့္ကိုးခုေသာေလွကားထစ္အားလုံးကို ျဖတ္ေက်ာ္လာၿပီးခ်ိန္၌ ဆုေတာင္းစကား ျပည့္ဝလိမ့္မည္ျဖစ္၏။
ေဝ့ရွီက ေရညွိမ်ားဖုံးလႊမ္းႏွင့္ေနေသာ ေလွကားထစ္မ်ားေရွ႕တြင္ရပ္ကာ အျမင့္ဆုံးတြင္ရွိေနေသာ ဘုရားေက်ာင္းေတာ္ႀကီးကို ေမွ်ာ္ၾကည့္ေနခဲ့၏။
သရဲတစ္ေဆ မေကာင္းဆိုးဝါး နတ္ေကာင္းနတ္ျမတ္မ်ားကို ဘယ္ေသာအခါကမွ တထစ္ခ်ယဳံၾကည္ခဲ့ဖူးျခင္း မရွိပါသည့္တိုင္ ယခုအခ်ိန္တြင္ သူ႕အတြက္ျဖင့္ ရွိရွိသမွ်ေသာ နတ္ဘုရားမ်ား အားလုံးထံသို႔ လိုလိုလ်ားလ်ား ဒူးေထာက္ေပးနိုင္ပါ၏။ဘယ္ေသာအခါကမွလည္း ဆုေတာင္းစာေလးတစ္ခုေတာင္ မျပဳခဲ့ဖူးပါသည့္တိုင္ ယခုအခ်ိန္တြင္ သူ႕အတြက္ျဖင့္ ေလွကားတစ္ထစ္ခ်င္းဆီတိုင္းတြင္ တစ္ခါဦးခ်ၫႊတ္တြား ဆုေတာင္းေပးနိုင္ပါ၏....
႐ူေဖးက ဂ်င္းျပဳတ္ရည္တစ္ခြက္က်ိဳၿပီးေနာက္ ခ်ီေမာ့ထံသို႔ ပန္းကန္လုံးျဖင့္ ယူလာခဲ့၏။ထို႔ေနာက္ ေဝ့ရွီ၏ နဖူးထက္သို႔ လက္တင္ၾကည့္လိုက္၏။ေဝ့ရွီက ပူက်စ္ေနကာ အိပ္ရာထက္တြင္ ပန္းသီးတစ္လုံးလိုနီရဲေနသည့္မ်က္ႏွာျဖင့္ လွဲအိပ္ေနခဲ့၏။
"သူ မစဥ္းစားဘဲေလွ်ာက္လုပ္တာကို နင္က ဒီအတိုင္းလႊတ္ထားလိုက္တယ္ေပါ့..ေလွကားထစ္က ကိုးရာ ကိုးဆယ့္ ကိုးထစ္ ၿပီးေတာ့ ႏွင္းေတြကလည္းက်ေနေသးတယ္...သူ႕ခႏၶာကိုယ္က အစတည္းကမွ က်န္းမာေရးမေကာင္းပါဘူးဆိုမွ...အဲ့ေလွကားထစ္ေတြေပၚမွာ ေသသြားနိုင္တာကို နင္ မစဥ္းစားမိဘူးလား.."
႐ူေဖးက ေဘးနားတြင္ထိုင္ေနသည့္ ခ်ီေမာ့အား အျပစ္တင္ေန၏။
ခ်ီေမာ့က လက္ထဲတြင္ကိုင္ထားသည့္ ဂ်င္းျပဳတ္ရည္ပန္းကန္ကိုငုံ႕ၾကည့္ကာ ေျဖးေျဖးခ်င္းဆိုလာ၏။
"သူ ေခါင္းမာတတ္တာကို သိရဲ႕သားနဲ႕...ခံစားေနရတဲ့ နာက်င္မႈေတြကို ေဖာက္ထုတ္လိုက္ဖို႔အတြက္ လမ္းတစ္ခုလိုတယ္ေလ...သူ႕ကို ဇြတ္ထားေနလို႔ တျခားကိစၥတစ္မ်ိဳးမ်ိဳး ထလုပ္ပစ္လိုက္ရင္ ဘယ္လိုလုပ္မလဲ..."
"သူ႕ စာေမးပြဲကေရာ?.."
ခ်ီေမာ့က ေခါင္းရမ္းျပရင္း
"ဝင္မေျဖဘူးထင္တယ္.."
႐ူေဖးအတြက္ ေျပာစရာစကားပင္မဲ့သြားခဲ့ရ၏။ေဝ့ရွီက ဤစာေမးပြဲေျဖရန္အတြက္ မည္သည့္အတိုင္းအတာထိ ႀကိဳးစားျပင္ဆင္ခဲ့ေၾကာင္းကို သူမသာ အသိဆုံးျဖစ္ပါလိမ့္မည္။ဤစာေမးပြဲေျဖနိုင္ၿပီးသည္ႏွင့္ နိုင္ငံျခားပညာသင္ခြင့္က လက္ေခ်ာင္းထိပ္ဖ်ားသို႔ ေရာက္လုနီးနီးအထိ ျဖစ္လာလိမ့္မည္လည္းျဖစ္၏။ၾကည့္ရသည္က ဒီတစ္ႀကိမ္တြင္ ေကာင္းကင္နတ္မင္းႀကီးက ေဝ့ရွီအား လ်စ္လ်ဴရႉသြားခဲ့ပုံရပါ၏။
႐ူေဖးက ေဝ့ရွီ၏ နဖူးကိုေနာက္တစ္ႀကိမ္ထပ္စမ္းလိုက္၏။
"ငါ အဖ်ားက်ေဆး သြားဝယ္လိုက္ဦးမယ္...နင္ သူ႕ကို ၾကည့္ထားေပး.."
႐ူေဖးက စကားေျပာၿပီးသည္ႏွင့္ အေပၚဝတ္ကုတ္ကိုထပ္ကာ ခ်ီေမာ့ႏွင့္ အိပ္ေပ်ာ္ေနသည့္ေဝ့ရွီ ကိုထားၿပီး တစ္ကိုယ္တည္းထြက္သြားခဲ့၏။
ေဝ့ရွီက လုံးလုံးလ်ားလ်ားကို အိပ္ေမာက်ေနသည္ျဖစ္ရာ တကယ္ကို ပင္ပန္းသြားခဲ့ပုံရ၏။အခန္းတစ္ခုလုံးတိတ္ဆိတ္သြားကာ ေဝ့ရွီ၏ အသက္ရႉသံ ေဖ်ာ့ေဖ်ာ့ကိုပင္ ၾကားေနရ၏။
ညနက္လြန္းသည့္ အခ်ိန္လည္းျဖစ္ကာ အျပင္ဘက္ရွိအရာအားလုံးကလည္း ၿငိမ္သက္တိတ္ဆိတ္ခ်ိန္သို႔ေရာက္ေနခဲ့၏။ခ်ီေမာ့က အိပ္ရာထက္ရွိ ေဝ့ရွီကိုၾကည့္ရင္း နားမလည္နိုင္ေလာက္ေသာပုစ္ဆာတစ္ပုဒ္ကိုေတြးၾကည့္ေနမိ၏ ႐ူေဖးက အဘယ္ေၾကာင့္ အခ်ိန္တိုင္းနီးပါး ယခုလို သူ႕လက္ထဲသို႔ ေဝ့ရွီအား စိတ္ခ်လက္ခ်ထည့္ေပးနိုင္ပါသနည္း။ ယခုလိုအေျခအေနမ်ိဳးတြင္ သူစိတ္တိုင္းက်လဳပ္ပစ္လိုက္နိုင္သည္ကို ႐ူေဖး မသိ၍ေလာ။
အိပ္ရာေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ေဝ့ရွီ၏မ်က္ႏွာကို အသာအယာထိေတြ႕လိုက္၏။ထို႔ေနာက္တြင္ေတာ့ ေန႕လည္ခင္းတြင္ျမင္ေတြ႕ခဲ့ရသည့္ပုံရိပ္မ်ားက မ်က္လုံးအေရွ႕တြင္ျဖတ္ေျပးျပေနသလို တရိပ္ရိပ္ျပန္တက္လာခဲ့၏။ ေလွကားထစ္တစ္ထစ္ခ်င္းစီတိုင္းတြင္ တစ္ခါဒူးေထာက္ကာ..တစ္ခါဒူးေထာက္လိုက္တိုင္း နဖူးက ေလွကားထစ္မ်ားႏွင့္ထိေတြ႕သည္အထိ.. ကိုးရာေက်ာ္ေသာေလွကားထစ္တို႔ထက္တြင္...
ထိုအခ်ိန္က ႏွင္းက်ၿပီးခါစ အခ်ိန္လည္းျဖစ္ကာ ေတာင္ေပၚတြင္ တိုက္ခတ္ေနသည့္ေလက ခါတိုင္းထက္အေအးပိုေနခဲ့ၿပီး တဆတ္ဆတ္ရိုက္ခတ္ေနသည့္ႏႈတ္ခမ္းပါးတို႔ကို ျမင္ေနရ၏။ လက္ဖဝါးတြင္စည္းထားသည့္ပတ္တီးစတို႔မွ ေသြးတစိမ့္စိမ့္၊ ဒူးေထာက္ၿပီး ေလွကားထစ္ႏွင့္ ထိေတြ႕ေနေသာနဖူးထက္တို႔တြင္ ႐ႊံ႕စမ်ား ေပကပ္ေနကာ ခႏၶာကိုယ္တစ္ခုလုံးတြင္ ႏွင္းစမ်ား႐ြဲ႐ြဲစိုေနခဲ့၏။လူတစ္ကိုယ္လုံးက ေၾကာက္စရာေကာင္းလွသည္အထိၾကည့္ရဆိုးေနပါသည့္တိုင္ ဆက္ေလွ်ာက္ေနေသာေျခလွမ္းတို႔က အနည္းငယ္ေလးပင္ ေတြေဝျခင္းမရွိ ျပတ္သားလွေသာမ်က္ဝန္းအိမ္တို႔ထဲတြင္ ေနာက္ဆုတ္မည့္အရိပ္အေယာင္ဟူ၍မရွိ။
"တကယ္ သူ႕ကို အဲ့ေလာက္ေတာင္မွ ခ်စ္တာလား"
ခ်ီေမာ့က သက္ျပင္းေရးေရးခ်လိဳက္ၿပီး
"အဲ့ေလာက္ထိေတာင္ခ်စ္တာမလို႔ ကိုယ့္အသက္ကိုေတာင္ မလိုခ်င္ေတာ့တာလား"
ေတာင္ေအာက္သို႔ျပန္ဆင္းလာသည့္အခ်ိန္တြင္ ေဝ့ရွီက ေျခလွမ္းတစ္လွမ္းစာကိုပင္ ထပ္၍မလွမ္းနိုင္ေတာ့ေအာင္ ၿငိမ္သက္သြားခဲ့၏။ခ်ီေမာ့က စကားတစ္ခြန္းမွ ဝင္မေျပာဘဲ ေဝ့ရွီအား ေက်ာပိုး၍ သယ္လာေပးခဲ့၏။
ႏွင္းစိုေနေသာ ေလွကားထစ္မ်ားက အနည္းငယ္ေခ်ာ္ေနမည္ျဖစ္ကာ သူမ ဒူးေထာက္ရာေလွကားထစ္တစ္ခုခ်င္းစီတိုင္းကို အေဖာ္ျပဳၿပီး လိုက္လာေပးခဲ့ျဖစ္၍ သူကိုယ္တိုင္လည္း ပင္ပန္းႏွင့္ေနၿပီျဖစ္သည္။ဟုတ္ပါ၏ သူကိုယ္သူ လဲက်သြားခြင့္မေပးေသးဘဲ ေဝ့ရွီကို အိမ္အေရာက္ျပန္ပို႔ေပးခ်င္ခဲ့ပါ၏။
ေတာင္ေပၚရွိေလက ေအးစက္ေနခဲ့သည့္အျပင္ ႏွစ္ဦးသား၏အက်ီတို႔ကလည္း စိုစြတ္ႏွင့္ေနၿပီျဖစ္ကာ ေလတစ္ခ်က္တိုက္ခတ္တိုင္း အရိုးထိစိမ့္ေအာင္ ေအးစက္သြားရ၏။သို႔ေသာ္ ႏွစ္ဦးသားထိေတြ႕ေနခဲ့သည့္ေနရာေလးတစ္ခုက အလြန္ကိုမွ ႏြေးေထြးေနခဲ့၏။
ေဝ့ရွီက သူ၏ေက်ာေပၚတြင္မွီထားၿပီး သူ၏ပုခုံးထက္တြင္ ေခါင္းကိုအပ္၍ ဆိုလာခဲ့၏။
"ခ်ီေမာ့...တကယ္လို႔ တစ္ေန႕ေန႕မွာမ်ား ငါမရွိေတာ့ရင္...ေက်းဇူးျပဳၿပီး ႐ူေဖးကို ေစာင့္ေရွာက္ေပးပါ.."
အတင္းထိုးထြက္လာေသာမွတ္ဥာဏ္မ်ားက ဤေနရာတြင္ ႐ုတ္ခ်ည္းရပ္တန့္သြားခဲ့၏။ခ်ီေမာ့က အိပ္ရာထက္တြင္လွဲေလ်ာင္းေနသည့္သူအား ေငးၾကည့္ေနမိကာ သူမ၏နား႐ြက္ဖ်ားဆီသို႔ တိုးကပ္ၿပီး ေတာင္ေပၚတြင္ေျပာခဲ့သည့္စကားလုံးတို႔ကို ေနာက္တစ္ႀကိမ္ထပ္၍ ဆိုလာခဲ့၏။
"သူ႕ကို ငါ့ဆီလာၿပီး ထိုးမေပးနဲ႕...ငါ့မွာ သူ႕ကိုေစာင့္ေရွာက္ေပးရမယ္ဆိုတဲ့တာဝန္မ်ိဳးလည္းမရွိဘူး...တကယ္လို႔သာ မင္းမရွိေတာ့ရင္ ဘယ္သူကပဲ သူ႕အနားမွာေနေပးေနပါေစ သူ ေကာင္းေကာင္းအသက္ရွင္ခ်င္ေနမွာမဟုတ္ဘူး...ေဝ့ရွီ မင္း ေကာင္းေကာင္းအသက္ရွင္ေနမွ ငါတို႔လည္း ေကာင္ေကာင္းအသက္ရွင္ခ်င္ၾကမွာ...မွတ္ထားပါ...ငါတို႔လို လူေတြအတြက္ ကိုယ့္ကိုကိုယ္အသက္ရွင္ေနေအာင္ ႀကိဳးစားေနနိုင္တာကလည္း...ေအာင္ျမင္ျခင္းတစ္မ်ိဳးပဲ..."
မိုးလင္းခါနီးအခ်ိန္ေလာက္မွ ေဝ့ရွီတစ္ေယာက္ နိုးလာခဲ့၏။အပူခ်ိန္က်သြားၿပီျဖစ္ေသာ္လည္း ခႏၶာကိုယ္တစ္ခုလုံးက အရိုးမ်ား ရိုက္ခ်ခံထားရသလို နာက်င္ေနေသး၏။႐ူေဖးက သူမ၏အိပ္ရာေဘးတြင္ အိပ္ေပ်ာ္ေနဆဲျဖစ္ကာ စီးကရက္ေငြ႕သဲ့သဲ့ကို ရႉရွိုက္မိ၏။သို႔ေသာ္ ႐ူေဖးေသာက္ေနက် စီးကရက္ေငြ႕မ်ိဳးမဟုတ္။
စီးကရက္ျပာခြက္အတြင္းမွ Marlboro စီးကရက္အစအနမ်ားကိုေတြ႕လိုက္ရ၏။ခ်ီေမာ့ပင္ ျဖစ္မည္။
ခ်ီေမာ့အေၾကာင္းကိုေတြးလိုက္မိသည့္အခိုက္ စိတ္ထဲတြင္လည္း အားနာစိတ္တို႔ ေပၚလာရျပန္၏။သန္သန္မာမာေယာက္်ားကို ေခၚကာ သူမႏွင့္အတူ ေတာင္ထိပ္သို႔ေရာက္သည္အထိ အေဖာ္ျပဳေစမိၿပီး ရွည္လ်ားသည့္အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးအတြက္လည္း သူမကို ေက်ာပိုးသယ္ေဆာင္ခိုင္းေစခဲ့မိသည္ မဟုတ္လား။
ဘယ္ေသာအခါမွ ဝန္ခံျခင္းမရွိခဲ့ေသာ္လည္း ခ်ီေမာ့က ယုံၾကည္ရသည့္သူတစ္ေယာက္ျဖစ္မွန္း ေဝ့ရွီသိပါ၏။အၿမဲလိုလို ၾကမ္းၾကမ္းတမ္းတမ္း ေအးေအးစက္စက္ေျပာတတ္ေသာ္လည္း Mark ထက္ ပြင့္လင္းၿပီးယုံၾကည္လို႔လည္းရပါ၏။
ေနာက္တစ္ႀကိမ္ေတြ႕မည္အခါ၌ ေသခ်ာေပါက္ 'ေက်းဇူးတင္ပါတယ္' ဆိုစည့္စကားကို ေျပာရမည္ျဖစ္သည္။သို႔ေသာ္ယခုတြင္ အျခားပိုအေရးႀကီးသည့္အရာတစ္ခုရွိေန၏။
႐ြမ္ေရွာက္နန္ တက္ေနသည့္ေဆး႐ုံက လူစည္ကားသည့္ ၿမိဳ႕တြင္းႏွင့္ မေဝးေသာ္လည္း ပတ္ဝန္းက်င္က အျခားေနရာမ်ားထက္ ဆိတ္ၿငိမ္မႈရွိလွသည္။လူနာတစ္ေယာက္ကို သြားၾကည့္ရန္ မည္သည့္အရာမ်ိဳးကိုဝယ္သြားသင့္မွန္း မသိသျဖင့္ ဘာကိုမွမဝယ္ဘဲ ေရာက္လာခဲ့၏။မတည္မၿငိမ္ျဖစ္ေနသည့္ႏွလုံးသားတစ္ခုကိုသာ ယူေဆာင္လာခဲ့ၿပီး ေဆး႐ုံအခန္း၏တံခါးဝတြင္ တစ္ခဏၾကာေအာင္ ရပ္ေနမိ၏။
ထင္မွတ္ထားသည္က ဤေနရာတြင္ သူ႕အားလာေရာက္ၾကည့္ရႉေပးသူမ်ားႏွင့္ ျပည့္ႏွက္ေနလိမ့္မည္ဟူ၍။သို႔ေသာ္ ထင္ထားသည္ႏွင့္တလြဲျဖစ္ကာ လုံးဝကို ၿငိမ္သက္တိတ္ဆိတ္ေနေလ၏။
တံခါးေခါက္လိုက္ပါသည့္တိုင္ စကၠန့္ပိုင္းမွ်ၾကာသြားၿပီးသည္အထိ ျပန္လည္ေျဖဆိုလာမည့္သူမရွိ။တံခါးကလည္း အနည္းငယ္ဟထားသျဖင့္ အသာအယာဖြင့္ကာ အထဲသို႔ဝင္လာခဲ့လိုက္၏။
႐ြမ္ေရွာက္နန္က ယခုလိုမ်ိဳး တစ္ေယာက္တည္း အိပ္ေပ်ာ္ေနလိမ့္မည္ဟု မထင္ထားခဲ့ရိုး အမွန္ပါ။ေနေရာင္ျခည္ႏြေးႏြေးက ျပတင္းေပါက္တြင္ကာထားသည့္လိုက္ကာစမ်ားကို ျဖတ္ေက်ာ္ၿပီး သူ၏မ်က္ႏွာအား ခပ္ပါးပါးေလးထိေတြ႕ေနေလ၏။
အခန္းတစ္ခုလုံး သစ္သီးျခင္းမ်ား ပန္းမ်ားႏွင့္ျပည့္ေနသည္ျဖစ္ရာ ႏွာေခါင္းထိပ္ဆီသို႔ ေမႊးရနံ႕တို႔က စူးခနဲဝင္ေရာက္လာခဲ့၏။အိပ္ရာဆီသို႔ ေလွ်ာက္အသြားတြင္...
"ေက်းဇူးျပဳ၍...ဘယ္သူလဲမသိဘူး.."
ဤအခန္းထဲတြင္ ေနာက္တစ္ေယာက္ရွိေနလိမ့္မည္ဟု မထင္ထားျခင္းလည္းျဖစ္ကာ ႐ုတ္တရက္လန့္သြားၿပီး အသံလာရာ အေနာက္ဘက္ဆီသို႔ လွည့္ၾကည့္လိုက္၏။က်ိဳးေရွာင္ဖန္၏ မဂၢဇင္းသတင္း အလာပ သလာပစကားမ်ားကို ေက်းဇူးတင္ရမည္ျဖစ္သည္ အျခားတစ္ဖက္ရွိေမးျမန္းေနသူအားခ်က္ခ်င္း မွတ္မိလိုက္ပါ၏။
'ကူယုံးလင္' ၊ 'ဖုဟြမ္'လုပ္ငန္းစု၏ အႀကီးဆုံးမမေလး။ ေတာက္ပၿပီးဝိုင္းစက္ေနေသာမ်က္ဝန္းမ်ား ျဖဴေဖြးေနေသာသြားမ်ားအျပင္ ဂုဏ္ရွိန္ဂုဏ္ဝါမ်ား ပါဝင္ေနေသာအလွမ်ားက ဓါတ္ပုံထဲမွာထက္ အျပင္မွာ ပိုေၾကာင္း ဝန္ခံရပါလိမ့္မည္။
"ကြၽန္မက ကူယုံးလင္ပါ..မိန္းကေလးက ေရွာက္နန္ရဲ႕သူငယ္ခ်င္းလား.."
မိန္းမလွေလးက သူမ စကားမေျပာလာသည္ကိုျမင္ၿပီး ဦးေအာင္ႏႈတ္ဆက္၍ ခ်ိဳခ်ိဳသာသာၿပဳံးျပလာေလ၏။
"ကြၽန္မ..."
ေဝ့ရွီက ႐ုတ္တရက္ သူမကိုယ္သူမ မည္သို႔ႏႈတ္ဆက္ေပးရမည္ကိုပင္ နားမလည္နိုင္ျဖစ္သြားခဲ့၏။
ေဝ့ရွီ စကားမဆုံးခင္ အိပ္ရာထက္မွ လႈပ္ရွားသံမ်ားကို ၾကားလိုက္ရ၏။ကူယုံးလင္က ေတာင္းပန္လိုသည့္အလားၿပဳံးျပရင္း သူမ၏လက္ထဲတြင္ကိုင္ထားသည့္ပန္းအိုးကိုခ်ကာ ျပတင္းေပါက္လိုက္ကာမ်ားကို ဖယ္ၿပီး ေနေရာင္ျခည္ကို အစြမ္းကုန္ဝင္ေရာက္ခြင့္ျပဳလိုက္၏။
"ယုံးလင္.."
႐ြမ္ေရွာက္နန္က အိပ္ရာထက္မွေန၍ ညင္ညင္သာသာေခၚလိုက္၏။
ကူယုံးလင္က သူ႕အား ထူမေပးရင္း
"ဒီေန႕ ေနရထိုင္ရတာ ဘယ္လိုလဲ.. သက္သာလာၿပီလား..ဆရာဝန္က မွာထားတယ္ ဆီမ်ားတာေတြစားလို႔မရဘူးတဲ့..ဆန္ျပဳတ္ ျပဳတ္လာခဲ့တယ္..အခု နည္းနည္းေလာက္ စားေတာ့မလား"
႐ြမ္ေရွာက္နန္က ေခါင္းရမ္းျပရင္း
"ခဏေနမွပဲ စားေတာ့မယ္"
ထို႔ေနာက္ မ်က္ႏွာကိုလွည့္လာရင္း ေထာင့္တစ္ေနရာတြင္ ရပ္ေနသည့္ ေဝ့ရွီကို ျမင္သြားခဲ့၏။သူ၏မ်က္ႏွာက ခ်က္ခ်င္းဆိုသလို တင္းမာသြား၍ မ်က္ဝန္းမ်ားကိုေမွးစင္းကာ ေဝ့ရွီဟုတ္မဟုတ္ကို ေသခ်ာေအာင္ၾကည့္ေနေလ၏။
"မင္းပါလား.."
႐ြမ္ေရွာက္နန္၏ မိုင္ ေထာင္ေပါင္းမ်ားစြာေဝးကြာေနသေယာင္ ဆက္ဆံလာမႈတို႔အျပင္ ကူယုံးလင္၏ ေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္ပါဝင္ေနေသာ အၾကည့္တို႔ေၾကာင့္ ေဝ့ရွီအဖို႔ ရွက္႐ြံသြားရကာ ေထာင့္တစ္ေနရာတြင္သာ ေကြး၍ပုန္းေနခ်င္မိ၏။လက္တစ္ဖက္က အလိုလို စကတ္စကို ဖိေခ်မိၿပီး ဤရွက္စရာေကာင္းသည့္အေျခအေနကို ရင္ဆိုင္ရန္ ႀကိဳးစားလိုက္၏။
ယေန႕တြင္ ျဖစ္ပ်က္လာနိုင္မည့္အရာအားလုံးသည္ သူမ၏တာဝန္သာျဖစ္ၿပီး အျခားသူမ်ားအေပၚ လုံးဝလုံးဝအျပစ္တင္မည္မဟုတ္။သူမကိုယ္တိုင္ကပဲ သူတို႔ႏွစ္ဦးၾကားဆက္ဆံေရးကို ရက္ရက္စက္စက္ျဖတ္ပစ္ခဲ့သူ ျဖစ္ပါ၏။ သူ႕အား ထိုေနရာတြင္သာရပ္ၿပီး သူမကိုေစာင့္ေနေပးပါရန္ မေမွ်ာ္လင့္ရဲ။
ေဝ့ရွီက တစ္ခုခုေျပာေတာ့မည့္အခိုက္ ကူယုံးလင္က ဦးစြာဆိုလာခဲ့၏။
"ေရွာက္နန္..ဒီမိန္းကေလးက နင့္ရဲ႕သူငယ္ခ်င္းလား"
႐ြမ္ေရွာက္နန္က သူမဆီမွ အၾကည့္တို႔ကိုလြဲကာ ကူယုံးလင္ကိုၿပဳံးျပ၍
"ကိုယ္တို႔က သူငယ္ခ်င္းေတြမဟုတ္ဘူး..ကိုယ္က သူ႕ရဲ႕ ပထမဆုံးေယာက္်ားျဖစ္ခဲ့ေပမယ့္ ခ်စ္ျခင္းေတြပါတဲ့စုံတြဲလည္း မဟုတ္ျပန္ဘူး...သူနဲ႕ကိုယ့္ၾကားက ဆက္ဆံေရးကို ဘယ္လိုေျပာျပသင့္လဲ"
မ်က္ဝန္းတစ္ခ်က္က ေဝ့ရွီဆီသို႔ေရာက္လာၿပီး ေလွာင္ရယ္သလိုၿပဳံးလိုက္၍
"မိန္းကေလးလု...မင္းရဲ႕အေျခအေနကိုၾကည့္ၿပီးေျပာရမယ္ဆိုရင္...မင္းက ငါ့အတြက္ တစ္ခဏတာ အပ်င္းေျပဖို႔အတြက္ သုံးခဲ့တဲ့ကစားစရာလို႔ ေျပာရမလား.."
စကားလုံးမ်ားက ေဝ့ရွီ၏ေခါင္းတစ္ခုလုံးရိုက္ခ်လိဳက္သလို ၿမဲၿမဲမရပ္နိုင္ေတာ့ေအာင္အထိ တုန္လႈပ္သြားခဲ့ရ၏။အျခားေသာမိန္းမတစ္ေယာက္ေရွ႕တြင္ ႐ြမ္ေရွာက္နန္က ဤသို႔ဆိုးဆိုးဝါးဝါးေျပာဆိုလာလိမ့္မည္ဟုလည္း မထင္ထားခဲ့ေပ။
႐ြမ္ေရွာက္နန္က ပို၍ အေလာတလ်င္ စိတ္လိုလက္ရျဖစ္လာခဲ့ၿပီး
"မဟုတ္ဘူးလား..မိန္းကေလးလု..ဒါဆို မင္းဆီမွာ ဒီထက္ပိုေကာင္းတဲ့ ရွင္းျပခ်က္မ်ိဳးရွိေနတာလား"
ေဝ့ရွီက မ်က္ဝန္းမ်ား မမွိတ္သြားေစရန္ အားတင္းေနမိသည္။အဘယ္ေၾကာင့္ဆိုေသာ္ မ်က္ေတာင္တစ္ခ်က္အခတ္ အၿပီးတြင္ ေဝ့ဝဲေနေသာမ်က္ရည္စမ်ားက်လာမည္မွာ ေသခ်ာေနေသာေၾကာင့္ျဖစ္၏။သူမတြင္ ေျပာျပစရာစကားလုံးမ်ားစြာ ရွိေနပါေသးသည္။မည္သို႔ပင္ အရွက္ရေနပါေစ ဒီအတိုင္း ေရွာင္ေျပးမထြက္သြားခ်င္ေတာ့ပါ။
႐ြမ္ေရွာက္နန္က ပို၍ စိတ္မရွည္ျဖစ္လာၿပီး
"မိန္းကေလးလု...မင္း ဒီလိုမတ္တပ္ရပ္ေနဖို႔ လာခဲ့တာေတာ့ မဟုတ္ဘူးမလား...ဘာမွေျပာစရာမရွိဘူးဆိုရင္ ေက်းဇူးျပဳၿပီး ထြက္သြားေပးပါ...ငါတို႔ ေအးေအးေဆးေဆးေနပါရေစ.."
စကားအဆုံးတြင္ ေဝ့ရွီက ခႏၶာကိုယ္ကို မတ္မတ္ရပ္လိုက္ၿပီး ေနေရာင္ျခည္ေအာက္မွ အမႈန္ေလးမ်ားၾကား ေတာက္ပလ်က္ရွိေနသည့္ သူမ ခ်စ္ရပါေသာအမ်ိဳးသားကို စိုက္ၾကည့္လိုက္၏။
ေနာက္ဆုံးတြင္ ေျပာထြက္လာဖို႔ရာ သတၱိမ်ား ရွိေနခဲ့ပါ၏..
"ဒီေန႕ေရာက္လာရတာက ငါ နင့္ကိုေျပာစရာရွိလို႔ပါ..ေတာင္းပန္ပါတယ္...အဲ့ေန႕ညက ငါနင့္ကို လိမ္ေျပာခဲ့တာပါ..တကယ္ေတာ့..."
အသက္ျပင္းျပင္းရႉလိုက္ၿပီး
"ငါ နင့္ကိုခ်စ္တယ္...ကုန္ဆုံးသြားခဲ့တဲ့ ၇နှစ်လုံးလုံး ငါ နင့္ကို တစ္ခ်ိန္လုံး ခ်စ္ေနခဲ့တယ္.."
႐ြမ္ေရွာက္နန္ မွင္ေသသြားခဲ့သလို ကူယုံးလင္လည္း ေၾကာင္အသြားခဲ့၏။
အခန္းတြင္အေျခအေနက ပို၍တင္းမာလာပုံရကာ ႐ြမ္ေရွာက္နန္က ေလွာင္ေျပာင္သလိုဆိုလာ၏။
"လုေဝ့ရွီ..လုေဝ့ရွီ...မင္းကိုယ္မင္း ဘာလုပ္ေနမွန္းေရာ သိရဲ႕လား...မင္းက အခု ဒီေနရာအထိေျပးလာၿပီး ငါတို႔ေရွ႕မွာ ဒီစကားေတြလာေျပာေနတာက ကိုယ့္ကိုကိုယ္ ရယ္စရာေကာင္းေအာင္လုပ္ေနတယ္လို႔ မခံစားမိဘူးလား.."
ေဝ့ရွီက ေလွာင္ေျပာင္ေနသည့္သူအား စိုက္ၾကည့္ေနကာ ခပ္ဖြဖြေလးၿပဳံး၍
"မခံစားရဘူး..ဒါက နည္းနည္းေလးမွလည္း ရယ္စရာေကာင္းမေနခဲ့ဘူး...တကယ္လို႔သာ ကုန္ဆုံးသြားခဲ့တဲ့ ၇နှစ်လုံးလုံး ငါ ဘယ္လိုမ်ိဳးႏွလုံးသားတစ္ခုကို ေထြးပိုက္ၿပီး နင့္ကိုခ်စ္လာခဲ့တယ္ဆိုတာကို နင္နားလည္ေနခဲ့မယ္ဆိုရင္ နင္လည္း ရယ္စရာေကာင္းတယ္လို႔ ခံစားမိမွာမဟုတ္ဘူး..."
ေဝ့ရွီ၏အၾကည့္မ်ားက အေဝးတစ္ေနရာဆီသို႔ ေရွာင္ထြက္ပစ္လိုက္ကာ ျပန္မရရွိနိုင္ေတာ့ေသာအတိတ္မ်ားဆီသို႔ ေမွ်ာ္ကိုးလိုက္ပါ၏။
ေမွ်ာ္လင့္ခ်က္ဆိုလို႔ ေရးေရးေလးေတာင္ မထင္သည့္ ၇နှစ်လုံးလုံး သူ႕အား ေစာင့္ေနခဲ့ေၾကာင္း ေျပာျပခ်င္မိပါသည္။ရွိရွိသမွ်အခ်စ္ေတြအားလုံး ေပးထားပါေၾကာင္းကိုလည္း ေျပာျပလိုပါ၏။သူမ၏ အသံတို႔က တိုးဖ်ရာမွ တျဖည္းျဖည္း ျမဴမႈန္စေလးတစ္ခုလို ေသးသိမ္သြားခဲ့ရ၏။အသံစေလး တစ္ခုပင္ ထြက္မလာနိုင္ေတာ့သည္အထိ အင္အားမ်ားဆုတ္ယုတ္သြားသေယာင္ေယာင္။သူ၏ ေမးခြန္းမ်ားႏွင့္ေလွာင္ရယ္ေနသည့္ အရာမ်ားေၾကာင့္ တင္းၾကပ္ေနေအာင္ဆုတ္ထားမိသည့္ လက္ေခ်ာင္းမ်ားမွလြဲ၍ အသံထြက္လာရန္ မျဖစ္နိုင္ေတာ့သည့္အလား။
ထိုလူက ရက္စက္တတ္ပါေသာသူတစ္ေယာက္အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီျဖစ္ရာ သူမ၏ခံစားခ်က္မ်ားအေပၚ ေထာက္ထားေနပါေတာ့မည္လား။ေဘးနားတြင္လည္း ထင္ေပၚေနေသာအမ်ိဳးသမီးေလးတစ္ေယာက္ ရွိေနခဲ့ၿပီျဖစ္ရာ သူမဆိုသည္မွာကား အလိုမရွိေတာ့သည့္အက်ီတစ္ထည္လို ျဖစ္သြားခဲ့ၿပီ မဟုတ္ပါလား။
ဒါဆို ယခုအခ်ိန္မွ ထိုစကားမ်ားကိုေျပာျပေနေတာ့ေရာ ဘာအဓိပ္ပါယ်ရှိပါဦးမည်နည်း။
ထိုအရာမ်ားကိုေတြးၾကည့္ၿပီးေနာက္ ေဝ့ရွီ၏မ်က္ရည္စမ်ား က်လဳနီးပါးျဖစ္လာရ၏။သို႔ေသာ္လည္း ငိုေနမည့္အစား ၿပဳံးရမည္ကိုသာ ေ႐ြးခ်ယ္လိုက္ပါ၏။ေသခ်ာေပါက္ ငိုေနျခင္းထက္ ၾကည့္ရဆိုးေနမည္မွာ အမွန္ပင္။
"ငါသိပါတယ္..အခုခ်ိန္မွ ဒါေတြေျပာျပေနလည္း အလကားသက္သက္ပဲဆိုတာ သိပါတယ္..ဒါေပမယ့္ ေက်းဇူးျပဳၿပီး ယုံေပးပါ..."
ေဝ့ရွီက မ်က္ဝန္းမ်ားကိုပင့္ကာ သူ၏ႏွလုံးသားဆီသို႔ တည့္တည့္ၾကည့္ေနသည့္အလား ၿငိမ္သက္၍
"ငါ နင့္ကိုခ်စ္တယ္..နင့္ေဘးနားမွာရွိေနတဲ့ မိန္းကေလးေတြအားလုံးကို လိုက္ၾကည့္မယ္ဆိုရင္ေတာင္မွ ငါနင့္ကိုခ်စ္သလိုမ်ိဳး ခ်စ္ေပးမယ့္သူ ရွိနိုင္မွာမဟုတ္ဘူး..အရင္တုန္းကလည္း ဒီအတိုင္းပဲ..အခုလည္းဒီအတိုင္းပဲ..ေနာင္လာမယ့္ ေန႕ရက္တစ္ရက္ခ်င္းစီတိုင္းမွာလည္း ဒီအတိုင္းပဲရွိေနမွာ.."
ေနာက္ဆုံးတြင္ေတာ့ ေျပာခ်င္သည့္စကားလုံးမ်ား ကုန္ဆုံးသြားၿပီျဖစ္သည္။တစ္ဖက္လူ၏တုန့္ျပန္ခ်က္မ်ားကို မေစာင့္ေတာ့ဘဲ ေခါင္းၫႊတ္၍အရိုအေသျပဳကာ ေနရာမွထြက္လာခဲ့၏။စကားလုံးနည္းနည္းပင္ျဖစ္ေနပါသည့္တိုင္ ခႏၶာကိုယ္ေပၚရွိအင္အား အကုန္သုံး၍ေျပာလိုက္ရသည့္အတိုင္း ေမာပန္းေနခဲ့၏။ေနရာတိုင္းက အတုန္တုန္အယင္ယင္ျဖင့္ သူမကိုယ္သူမ မတ္မတ္ရပ္ထားနိုင္ရန္ပင္ မလြယ္ကူေတာ့၏။
သို႔ေသာ္ ေျခလွမ္းမ်ားက ထင္ထားသည္ထက္ကို ျမန္လြန္းေန၏။ဟုတ္ပါ၏။ သူမ ေၾကာက္လန့္ေနေၾကာင္းကို ဝန္ခံပါ၏။ တန္ဖိုးထားရေသာအရာအားလုံးကို ဖြင့္ဟလိုက္ျခင္းက ထိုလူထံမွ ေလွာင္ေျပာင္စရာတစ္ခုလိုျပဳမူေနမည့္အမူအရာမ်ားသာ ျပန္လည္ရရွိလာမည္ကို ေၾကာက္လန့္ေနခဲ့ပါ၏။သို႔ေသာ္လည္း လူ႕ဘဝဆိုသည္မွာ ဤကဲ့သို႔ပင္ မဟုတ္ပါလား။ေနာင္တရႏွင့္ေနပါသည့္တိုင္ေအာင္ ေနာင္တရေနသည့္ခံစားခ်က္ကို မလိုခ်င္ခ်င္ျခင္းမဟုတ္လား။
အထူးခန္းမ်ားရွိသည့္ ေဆး႐ုံ၏ေကာ္ရစ္တာက အျခားေနရာမ်ားထက္ ပို၍ရွည္လ်ားေန၏။ေဝ့ရွီက ေလတိုက္လွ်င္ေတာင္ ပါသြားနိုင္သည့္ခႏၶာကိုယ္ျဖင့္ ေလွ်ာက္လာခဲ့ရာ အျပင္ဘက္သို႔ထြက္ခါနီး၌ ႐ုတ္တရက္ လက္ဝါးႀကီးတစ္ခုျဖင့္ ဖမ္းဆုတ္ျခင္းကိုခံလိုက္ရ၏။
လန့္ျဖန့္သြားၿပီး အေနာက္သို႔လွည့္ၾကည့္လိုက္ရာ မီးစမ်ားေပါက္ကြဲထြက္လာမတတ္ ေဒါသတႀကီးျဖစ္ေနသည့္ မ်က္ဝန္းတစ္စုံႏွင့္ ရင္ဆိုင္လိုက္ရ၏။
"လုေဝ့ရွီ...မင္း ေတာ္ေတာ္တတ္နိုင္တာပဲ...သူမ်ားရဲ႕ႏွလုံးသားကို ရႈပ္ပြခတ္ေအာင္လုပ္သြားၿပီး ဒီအတိုင္းေလး ထြက္သြားခ်င္တယ္ေပါ့"
ေဝ့ရွီက သူဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားမလည္သလို ထိုလူကလည္း နားလည္ေပးဖို႔ရာ မလိုသည့္အတိုင္း အခန္းဆီသို႔ တဇြတ္ထိုးဆြဲေခၚသြားေလ၏။ကူယုံးလင္က မည္သည့္အခ်ိန္ကတည္းကထြက္သြားခဲ့မွန္းမသိ အခန္းထဲသို႔ျပန္ေရာက္လာသည့္အခ်ိန္တြင္ ရွိမေနေတာ့ေပ။႐ြမ္ေရွာက္နန္က အခန္းအတြင္းသို႔ဝင္လာၿပီးသည္ႏွင့္ ေလာ့ခ်လိဳက္၏။
ထို႔ေနာက္ ေဝ့ရွီကို အိပ္ရာထက္ဆီသို႔ ဆြဲေခၚသြားေလ၏။႐ုတ္ခ်ည္း ဆြဲေခၚခံလာရျခင္းေၾကာင့္ ေခါင္းအနည္းငယ္မူးေနသည့္အျပင္ အေၾကာင္းအရာအခ်ိဳ႕ကိုပါ စဥ္းစားခ်င္ေနေသးသည္။ဥပမာ ကူယုံးလင္က အဘယ္ေၾကာင့္ ဒီအတိုင္းထြက္သြားခဲ့သနည္း။ ဥပမာ သူတို႔ႏွစ္ဦးၾကား ေျပပင္မေျပလည္ေသးဘဲ အဘယ္ေၾကာင့္ ဤမွ်အထိ နီးကပ္သြားရသနည္း။ ဥပမာ ဖ်ားေနေသာလူတစ္ေယာက္က အဘယ္ေၾကာင့္ ဤမွ်အထိ သန္မာေနေသးသနည္း။
စတုတၳေျမာက္ေမးခြန္းကို မစဥ္းစားမိေသးခင္ ခႏၶာကိုယ္ေပၚရွိ ထိုလူက ေနာက္ထပ္ အခ်ိန္ထပ္မေပးခ်င္ေတာ့သည့္အတိုင္း သူမ၏အက်ီစမ်ားကို ဆြဲဆုတ္လာေလ၏။အနမ္းမ်ားက ခႏၶာကိုယ္အႏွံ႕ေရာက္လာခဲ့ၿပီး လက္ေခ်ာင္းမ်ားက ခႏၶာကိုယ္ေပၚရွိ အတားအဆီးဟု ယူဆရသည့္အရာအားလုံးကို ဖယ္ရွားပစ္ေန၏။
သူမ၏နာမည္ကို တိုးဖ်ဖ်႐ြတ္ဆိုေနေသာသူက ဝင္ေရာက္လာသည့္အခ်ိန္တိုင္း ခြန္အားမ်ားသုံးကာ ျငင္သာေပးလိုျခင္းအလ်င္းမရွိ။သူမ၏ေျခေထာက္ႏွစ္ဖက္ကို ခါးတဝိုက္တြင္ ဖက္တြယ္ေစၿပီးေနာက္ ေမႊးရနံ႕မ်ားၾကား သူ၏စည္းခ်က္တို႔ေနာက္ လိုက္ပါစီးေမ်ာေစ၏။
႐ုန္းကန္ခြင့္မရွိေလေသာခံစားခ်က္မ်ားက ပို၍လွပေနျခင္းေၾကာင့္ေလာမသိ အေသြးအသားဆႏၵတို႔က ပို၍ျပင္းထန္လာခဲ့၏။မည္သည့္အခ်ိန္က မ်က္ရည္က်မိသြားမွန္းမသိေသာ္လည္း သူမ၏မ်က္ရည္မ်ားကိုျမင္ေတြ႕သြားေသာသူက သူမအားတင္းၾကပ္ေအာင္ေပြ႕ဖက္ေပးလာခဲ့၏။ပူႏြေးေနေသာမ်က္ရည္မ်ား အိပ္ရာထက္ပင္ ႏူးညံ့ေနသည့္ခႏၶာကိုယ္တို႔က အဆုံးမရွိေသာ သနားညွာတာျခင္းတို႔ကို ေပးအပ္ခ်င္ပါသည့္တိုင္ ရပ္တန့္ပစ္လိုျခင္းမရွိ မရန့္တန့္ပစ္နိုင္ေလာက္ေအာင္သာ စြဲလမ္းလာေစခဲ့၏။
မ်က္ရည္စမ်ားကို နမ္းရွိုက္ကာ သူမ၏နား႐ြက္ဖ်ားဆီသို႔ တိုးဖ်စြာ ညည္းတြားလာရင္း ေခ်ာ့ေမာ့လာခဲ့၏။ေျပာေနသည့္စကားလုံးမ်ားကို ရွင္းရွင္းလင္းလင္းမၾကားရသည့္အျပင္ ႏွလုံးသားထဲတြင္ ေပ်ာ္႐ႊင္စရာခံစားခ်က္မ်ားအစား ေမွာင္မိုက္ေနသည့္ဝမ္းနည္းျခင္းမ်ားျဖင့္သာ ျပည့္ႏွက္ေနခဲ့၏။က်လာသည့္မ်က္ရည္စမ်ားက မရပ္တန့္သြားသည့္အျပင္ မ်က္ဝန္းေထာင့္စြန္းဆီမွတဆင့္ အျဖဴေရာင္ေခါင္းအုံးမွသည္ ႏွလုံးသားအတြင္းဆုံးဆီသို႔...
အဘယ္ေၾကာင့္မ်ား လူသားအားလုံးက ေနာက္က်လြန္းသည့္အခ်ိန္မွသာ အသိတရားဝင္တတ္ၾကပါသနည္း။
ေဝ့ရွီက သူ႕အား တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လိုက္ကာ ဤအခိုက္အတန့္ေလးတြင္ မ်က္လုံးခ်င္း ဆုံေစလိုက္၏။အေသအခ်ာၾကည့္လိုက္မွ ထိုလူက ပိန္သြားေၾကာင္း သိလိုက္ရပါ၏။မ်က္ရည္က ေနာက္တစ္ႀကိမ္ထပ္က်လာပါေသာ္လည္း ဤတစ္ေခါက္တြင္ မည္သည့္ေနရာဆီသို႔ စီးက်ရမည္မွန္း မသိနိုင္ေတာ့ေပ။
ဘယ္လိုမ်ားလုပ္ေပးမွ ခ်စ္ျခင္းမ်ားဖလွယ္ေနသည့္အခ်ိန္ ယခုလိုမ်ိဳး အဆုံးမရွိဝမ္းနည္းေနသည့္ခံစားခ်က္ႀကီးကို မခံစားေစမွာလဲ။
မနက္ခင္း၏လွပလြန္းေသာ အလင္းေရာင္က ေလာကတစ္ခြင္ျဖန့္က်က္ထားခဲ့၏။ေနေရာင္ေအာက္တြင္ လူအမ်ားက သြားလိုရာသြား လာလိုရာလာနိုင္ၾကဖို႔ရန္ အေၾကာင္းျပခ်က္ေပးစရာမလို။ထို႔အျပင္ လြတ္လပ္ေနဖို႔ရာလည္း အရက္ေသစာေသာက္စားၿပီး စိတ္ကိုလႊတ္ထားေပးစရာလည္း မလိုခဲ့၏။
ဤအျခင္းအရာကို ပရမ္းပတာအေျခအေန မမွ်မတေသာအေျခအေနဟု ဆိုရမည္ဆိုလွ်င္ အျပစ္တင္ရမည့္သူက
ေလာကအလွဆုံးေသာ အမည္ပိုင္ရွင္ : စုမင္(ကံၾကမၼာ) ကိုသာျဖစ္၏။
********************