မြင်နေကျ သူစိမ်း ( Part 1)
ထိုနေ့ညက ဝမ်တုန်းရန် အပြေးရောက်လာခဲ့ပြီး လူနှစ်ယောက်အား ဆေးရုံသို့ပို့ပေးခဲ့ရ၏။ရွမ်ရှောက်နန်၏လက်က ဒဏ်ရာရသွားခဲ့သဖြင့် ကိုယ်တိုင်ကားမမောင်းနိုင်ကာ သွေးတတောက်တောက်ကျနေသည့်အခြေအနေကို ထိန်းထားရမည်လည်းဖြစ်၍ ဝမ်တုန်းရန်ကိုသာ လှမ်းခေါ်လိုက်ရ၏။
ဝေ့ရှီ၏ ဘယ်ဘက် လက်ဖဝါးတစ်ခုလုံးက ပုလင်းကွဲစများစိုက်သွားခဲ့သည်ဖြစ်ရာ ကံကောင်းစွာဖြင့် သွေးကြောမထိဘဲ အပေါ်ယံသာ ရှသွားခဲ့ခြင်း ဖြစ်၏။ဆရာဝန်က ဝေ့ရှီအား အခြေအနေစောင့်ကြည့်ရန်အတွက် ဆေးရုံတစ်ရက်တက်ခိုင်းပြီး နောက်တစ်နေ့တွင်မှဆင်းခွင့်ပြု၏။ဒဏ်ရာကိုပတ်တီးလဲရန်အတွက် ရက်ချိန်းအတိုင်းပြန်လာရန်ညွှန်ကြားပြီးနောက် ဒဏ်ရာကိုရေမထိရန် အနာကျက်နေနိုင်သည့်အစားများကိုရွေးစားရန်နှင့် မဟုတ်လျှင် အမာရွတ်ကျန်နိုင်ကြောင်းများ ရှင်းပြ၏။
ဝေ့ရှီက ဆေးရုံထဲမှ လှမ်းကြည့်လိုက်သည့်အချိန်တွင် အပြင်ဘက် ရာသီဥတုက နှင်းပွင့်ချပ်များမရှိတော့ဘဲ ထိန်လင်းသည့်နေရောင်ခြည်က အစားထိုးဝင်လာနှင့်နေပြီဖြစ်၏။
ရူဖေးက ဆေးရုံဆင်းရာတွင်ပြုလုပ်ရသည့်လုပ်ငန်းစဥ်များအတွက် အလုပ်ရှုပ်နေဆဲဖြစ်ကာ ဝေ့ရှီက လူသွားလူလာဟောခန်းမကြီးထဲ၌ ရပ်စောင့်နေ၏။တိုက်ဆိုင်စွာဖြင့် မနီးမဝေးနေရာတစ်ခုတွင် ရှေ့ဆင့်နောက်ဆင့်ရပ်ပြီး စကားပြောနေသည့် ရွမ်ရှောက်နန်နှင့် ဝမ်တုန်းရန်ကိုတွေ့လိုက်ရ၏။
ဝေ့ရှီက ရုတ်ချည်းမှင်သေသွားခဲ့၏။ရွမ်ရှောက်နန်၏ဒဏ်ရာက သူမထက်အခြေအနေဆိုးသည်ဖြစ်ကာ ထင်ထားသည်ကလည်း သူမထက် ဆေးရုံတွင်ပိုနေရမည်ဟူ၍..ယခုလို ခပ်မြန်မြန်ပြန်တွေ့ရလိမ့်မည်ဟုလည်းမထင်ထားခဲ့ပေ။
ရွမ်ရှောက်နန်ကလည်း သူမကိုအေးစက်စက်ကြည့်နေခဲ့၏။မျက်နှာထက်ရှိ အမူအရာက ဗလာကျင်းနေပြီး သူမ၏မှင်သေနေသောအကြည့်များထံမှလည်း ပုန်းကွယ်သွားလိုခြင်း အလျင်းမရှိ။အလွန်ဝေးကွာလွန်းသော တစ်ခါမှ မရင်းနှီးခဲ့ဖူးသော သူစိမ်းတစ်ယောက်လို ကြည့်နေခဲ့ခြင်း။
ထိုစဥ် ရွမ်ရှောက်နန်၏ တဖြည်းဖြည်းလျှောက်လာသည့် ခြေလှမ်းများက ပို၍နီးကပ်လာ၏။ဆူညံနေသည့်ပတ်ဝန်းကျင်တစ်ခုလုံးက ဝေ့ရှီအဖို့ ယခုအခိုက်အတန့်လေးတွင် ပုံရိပ်ယောင်များသာကျန်နေခဲ့ပြီး အပ်ကျသံမကျန်အောင် တိတ်ဆိတ်သွားခဲ့ကာ ဟောခန်းမကြီးတစ်ခုလုံးတွင် သူ၏ခြေသံများကသာ ပဲ့တင်ထပ်နေလေ၏။ပိုမြန်လာသည့် နှလုံးခုန်သံက ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်ထားပြီး နေရာတွင် မလှုပ်မယှက်ရပ်နေမိကာ ရှိရှိသမျှသောခံစားချက်များအားလုံး ပျောက်ကွယ်သွားခဲ့၏။
နောက်တွင် ရွမ်ရှောက်နန်က သူမ၏ဘေးမှဖြတ်လျှောက်သွားခဲ့သည်နှင့်အတူ ကမ္ဘာကြီးတစ်ခုလုံးပါ ရပ်တန့်သွားတော့၏။
ဒီလိုခံစားချက်မျိုးကို ဘယ်လိုပြောပြရပါ့မလဲ။အသက်တစ်ချောင်းက နောက်တစ်ကြိမ် ပြန်မွေးဖွားလာသလို၊ ကျောက်ခဲနှစ်ခုပွတ်တိုက်ရာမှ ထွက်လာသည့်မီးစတစ်ခုလို ဘဝ၏ချိုမြိန်ခြင်း ခါးသက်ခြင်းတို့ကရောထွေးသွားပြီး လူတစ်ယောက်ကို မခံစားနိုင်တော့အောင် ဝမ်းနည်းစေခြင်းမျိုး။
သူမတစ်ယောက်တည်းကသာ ဤလူသွားလူလာများဖြင့်ရှုပ်ယှက်ခတ်နေသောဆေးရုံကြီး၏ဟောခန်းမထဲတွင် ရပ်တန့်နေခဲ့၏။ရှုပ်ထွေးထွေပြားနေသည့်လူအုပ်ကြီးက ရွှေငါးများထည့်ထားသည့် ငါးကန်တစ်ခုဟုဆိုရမည်ဆိုလျှင် သူမ၏အဖြစ်က အပြင်ထုတ်ခံထားရသည့်ငါးတစ်ကောင်နှင့်တူနေပြီး တစ်ကိုယ်တည်းသီးခြားကွဲထွက်နေကာ ဤရောင်စုံလှသည့်ကမ္ဘာကြီးကိုငေးကြည့်နေရ၏။
သူက ထွက်သွားခဲ့ပြီဖြစ်သော်လည်း သူမက ဤနေရာတွင်သာ ရပ်နေဆဲ။
ထို့နေ့ပြီးသွားသည့်နောက်တွင် ရူဖေးက သူမအား မေးမြန်းလာခဲ့ပါ၏။
"ဒီလိုမျိုး သူစိမ်းတစ်ယောက်လို ဘေးကဖြတ်သွားတာမျိုးက နင်လိုချင်တဲ့ အဆုံးသတ်လား.."
နှစ်ဦးသား လသာဆောင်ပေါ်ရှိကျောက်ခုံတန်းပေါ်ထိုင်ပြီး နေဝင်သည့်ဆည်းဆာအား စစ်တုရင်ကစားခုံလို အကွက်လိုက်ဝန်းရံခံထားသည့်အဆောက်အဦးများအလယ်မှ ကြည့်နေ၏။ထိုနေဝင်ဆည်းဆာဟု တင်စားနေသည့်အရာက တကယ်တမ်းတွင် အဆောက်အဦးများကြားထဲ ဝင်သွားသည့် တောက်ပနေသည့်အလုံးကြီးသာ ဖြစ်၏။
ဝေ့ရှီက ပရော်ဖက်ဆာပေးလိုက်သည့်ပန်းချီအိမ်စာကို ဆွဲနေခြင်းဖြစ်ရာ ရူဖေး၏စကားကိုကြားပြီးနောက် ဆွဲလက်စ စုတ်ချက်တစ်ခုက ချော်ထွက်သွားခဲ့၏။အရောင်စပ်ပြီးပြင်လိုက်လျှင် လိုချင်သည့်ရလဒ်မျိုးမရတော့မည်ဖြစ်၍ လက်လျော့ပြီးသက်ပြင်းတစ်ချက်ချလိုက်၏။
"ပြဿနာက ဒီလိုပဲ အဆုံးသတ်လိုက်ပြီးပြီလေ...ငါ့ဆီက အဖြေကိုကြားတော့ရော ဘာထူးသွားမှာမလို့လဲ"
ထို့နောက် ပုံဆွဲစက္ကူကို လုံးချေ၍လွှင့်ပစ်လိုက်ပြီး နောက်တစ်ရွက်ပြင်လိုက်၏။
ရူဖေးက စီးကရက်မီးညှိလိုက်ကာ စကားမဆိုဘဲ တစ်ခဏတိတ်ဆိတ်နေလိုက်၏။
အရေးပေါ်ဌာန၏အခန်းထဲသို့ ပြေးဝင်သွားသည့်အခိုက် မျက်လုံးတစ်စုံရှေ့တွင်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်အား ပြန်လည်တွေးကြည့်လိုက်၏။ဟုတ်ပါ၏။ သို့သော် သူမအား ထိတ်လန့်သွားစေခဲ့သည်က ဝေ့ရှီမဟုတ်ဘဲ ရွမ်ရှောက်နန်ကြောင့်ဖြစ်၏။
သူ၏ လက်ကောက်ဝတ်တစ်ခုလုံး ပြတ်ထွက်လုနီးပါးဖြစ်နေသည့်ဒဏ်ရာကြီးကို အပ်ဖြင့် ချုပ်နေလေခြင်း။ဘေးနားတွင်ချထားသည့် ကြွေထည်အပြားတစ်ချပ်ပေါ်တွင် ဒဏ်ရာအတွင်းမှဆွဲထုတ်လာသည့် မှန်ကွဲစကြီးတစ်ချပ်ရှိနေ၏။မှန်ကွဲစအစွန်းတွင် သွေးများက တစ်စက်စက်ကျနေပြီး ဆက်ကြည့်ဖို့ရာပင် မရဲသည်အထိ။ဆရာဝန်က တစ်ဖက်ကဒဏ်ရာကိုချုပ်နေရင်း တစ်ဖက်က ဆိုလာ၏။
"သွေးကြောတွေမဖြတ်မိသွားလို့ တော်သေးတယ်..မဟုတ်ရင် ဒီဘက်လက်က သုံးလို့ရတော့မှာမဟုတ်ဘူး.."
ဆရာဝန်၏စကားကိုကြားလိုက်ရသော်လည်း ထိုလူက အထူးတလည် အမူအရာပြောင်းလဲသွားခြင်းမရှိ။အမြဲလိုလို အပြစ်ဆိုစရာမရှိသည့်လူတစ်ယောက်က ဤကဲ့သို့ဖြစ်သွားသည့်အခြေအနေအပေါ် ရှက်ရွံနေဟန်လေးသာရှိ၏။ခန္ဓာကိုယ်ပေါ်တွင် ညအိပ်ဝတ်စုံကိုသာ ဝတ်ထားဆဲဖြစ်သည့်သူက လက်အနားသတ်များတစ်လျှောက်လုံး သွေးများ ပေကျံနေခဲ့၏။
ဝမ်တုန်းရန်က သူ၏အနားသို့ကပ်ပြီး တစ်ခုခုပြောလာသည့်အခိုက်တွင် သူ၏အကြည့်များက တစ်ဖက်သို့လှည့်လာပြီး ရူဖေးဆီသို့။အေးစက်နေသည့်မျက်ဝန်းတစ်စုံက ကြောက်လန့်စရာကောင်းလွန်းကာ သူမကို လူတစ်ယောက်လိုကြည့်နေခြင်းမျိုးမဟုတ် ထူးဆန်းသည့်ပစ္စည်းတစ်ခုကို ကြည့်နေခြင်းမျိုး။
ရူဖေး၏ ကျောပြင်တစ်ခုလုံး လေအေးဖြင့်မှုတ်ခံလိုက်သလို တင်းခနဲဖြစ်သွား၏။ယခုလို မျက်ဝန်းမျိုးက ဆွေစဥ်မျိုးဆက် ခြောက်ဆက်စာလောက် မုန်းတီးနေခြင်းမျိုးဖြစ်၏။
ဒါဆို ဝေ့ရှီကိုရော?...
နောက်ထပ် ထပ်၍ မစဥ်းစားရဲတော့ပေ။
သို့သော် ထိုနေ့က နှစ်ယောက်သား သူစိမ်းတွေလိုဖြတ်လျှောက်သွားကြသည့်မြင်ကွင်းကိုမြင်လိုက်ရပြီးနောက် ဝေ့ရှီအတွက် ဝမ်းနည်းသွားရပြန်၏။အမှန်တွင် ရူဖေး၏ နှလုံးသားအတွင်းဆုံးနေရာမှ ယုံကြည်မိထားသည်က ရွမ်ရှောက်နန်က ဝေ့ရှီကို ချစ်နေကြောင်းပင်ဖြစ်၏။
"နင် စဥ်းစားကြည့်ဖူးလား..သူသာ နင့်ကိုမချစ်ခဲ့ဘူးဆိုရင် ကိစ္စတွေအားလုံးက ဒီအတိုင်းပြီးရင်ပြီးသွားတယ်လို့ ထားလိုက်လို့ရတယ်...တကယ်လို့သာ သူနင့်ကို တကယ်ချစ်နေခဲ့ရင်... နင် သူ့ကို အခုလိုမျိုးဆက်ဆံနေတဲ့ပုံက သူ့ရဲ့အသက်ကိုနုတ်ယူနေတဲ့အတိုင်းဖြစ်နေမှာ...အဲ့နေ့က ဆေးရုံမှာတွေ့လိုက်ရတဲ့ သူ့ရဲ့မျက်ဝန်းတွေကို နင်မခံစားမိဘူးလား...တစ်လောကလုံးကို ဆုံးရှုံးလိုက်ရသလိုမျိုး မျှော်လင့်ချက်တွေမဲ့နေခဲ့တာလေ...နင့်ဘက်က အခုလိုမျိုး အားလုံးကိုအဆုံးသတ်ပစ်လိုက်ပြီးတော့ သူ့ကိုလည်း အခွင့်အရေးလေးတစ်ခုတောင်မပေးထားခဲ့ဘူး ကိုယ့်ကိုကိုယ်လည်းမပေးပြန်ဘူး...နင် တကယ်ပဲ ဘာတွေစဥ်းစားနေတာလဲဟာ..."
ဝေ့ရှီ၏ စုတ်ချက်ကနောက်တစ်ကြိမ်လွဲသွားသဖြင့် အမှားတစ်ခုထပ်ဖြစ်သွားပြန်၏။ကြည့်ရသည်က ယနေ့အတွက် ပုံဆွဲဖို့ရာ မဖြစ်နိုင်တော့ပေ။ပန်းချီခံဆွဲသည့်ဘုတ်ပြားကို ဘေးသို့ချလိုက်ပြီး အဆောက်အဦးများအလွန်မှ တလက်လက်တောက်နေသည့်အရာများကို လှမ်းကြည့်လိုက်၏။
"ဒါဆို ငါ ဘယ်လိုစဥ်းစားသင့်လဲ...ငါ ဘယ်လောက်ချစ်ကြောင်းတွေ သူ့ကိုပြောပြရမှာလား...ပြီးရင် ငါဆိုတဲ့ သူ့ရန်သူရဲ့သမီးကို အနားကိုခေါ်ထားခိုင်းရမှာလား...နေ့နေ့ညည မျက်နှာချင်းဆိုင်နေရမှာလား...သူ့ကို ငါ့က ဘယ်သူလဲ ငါ့ကိုယ်ထဲမှ စီးဆင်းနေတဲ့သွေးတွေက ဘယ်သူ့သွေးတွေလဲဆိုတာကို မေ့မရအောင်လုပ်ထားရမှာလား...ဒီအရာကြီးက ငါဘယ်လိုအပြစ်ကင်းနေတာပဲဖြစ်ဖြစ် လုအိမ်ကလူတွေနဲ့ ငါနဲ့ ဘယ်လိုဆက်ဆံရေးမျိုးမှာပဲရှိရှိ ဖျောက်ဖျက်လိုက်လို့မရတဲ့အရာကြီး..ပြီးတော့ ငါ့ကို မြင်နေရတိုင်း သူ့ရဲ့ အဲ့ဒီလက်မခံနိုင်တဲ့အတိတ်တွေကိုပဲ သတိရနေမှာ...သူ သည်းမခံထားနိုင်ဘူး...သူ စိတ်မထိန်းထားနိုင်ဘူးဟ...ငါ တစ်ခါထက်မကအောင် စမ်းကြည့်ပြီးပြီ..."
ဝေ့ရှီက ခေါင်းငုံ့လိုက်ပြီး ပတ်တီးစည်းထားသည့် ဘယ်ဘက်လက်အား ကြည့်ကာ ဝမ်းနည်းကြေကွဲစွာပြုံးလိုက်၏။
"သူ့အနေနဲ့ပြောရရင် ငါ့ကို ချစ်တာကပိုတာလား..မုန်းတာက ပိုတာလားဆိုတာ သူ့ကိုယ်သူတောင် ရှင်းရှင်းလင်းလင်းမသိဘူးထင်ပါတယ်..."
ရူဖေးက သက်ပြင်းချကာ စီးကရက်ကိုင်ထားသည့်လက်ဖြင့် နဖူးကိုပွတ်သပ်လိုက်ပြီး
"ဒါဆို နင်တို့က ဒီအတိုင်းပဲနေကြတော့မှာလား"
"ဒီလိုမနေတော့ရော..ဘာတတ်နိုင်သေးလို့လဲ..."
ဝေ့ရှီက ခြေထောက်ကို ထိုင်ခုံပေါ်ကာ ဒူးကိုဖက်ထားရင်း ခန္ဓာကိုယ်ကို ကွေးထားလိုက်၏။
"ငါလုပ်တာတွေ မှားနေပြီလို့ နင်ထင်နေမှန်း သိပါတယ်...နင်ငါ့ကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောချင်ပြောလို့ရပါတယ်...စိတ်ကြီးဝင်တယ်..မာနကြီးတယ်...ကိုယ့်အတွက်ပဲကိုယ်ကြည့်တယ်ဆိုပြီး ပြောချင်သလိုပြောပါ ငါစိတ်ထဲမထားပါဘူး...ဘာလို့လဲဆို ငါကိုယ်တိုင်လည်း ငါ့ကိုယ်ငါ အဲ့လိုပဲ မြင်နေတာမလို့လေ...ဒါပေမယ့် ရူဖေး... နင် စဥ်းစားကြည့်...ငါတို့လို လူမျိုးတွေအတွက်...ဒီလောကကြီးထဲမှာ ငါတို့နားမှာ ငါတို့ကလွဲလို့ ဘယ်သူကများရှိနေသေးလို့လဲ...ငါ တကယ်ကို မတတ်နိုင်တော့တာ တကယ်ကိုရှေ့မဆက်နိုင်တော့တာ..သူ ခြိမ်းခြောက်တာတွေကို တစ်ကြိမ်ပြီး တစ်ကြိမ်သည်းခံပေးဖို့...တစ်ခါထက်တစ်ခါ လိုက်လျောပေးဖို့ဆိုတာကြီးကို တကယ်မတတ်နိုင်တော့တာ...ကိုယ်ချစ်တဲ့သူရဲ့ ဒီလိုစိတ်ထင်သလိုလုပ်နေမယ့်ဟာကို ကြည့်နေရမယ့်အစား မျက်နှာကို အရိုက်ခံလိုက်ရတာကမှ နေသာဦးမယ်..."
ဝေ့ရှီက မျက်နှာကို ဒူးနှင့်အပ်ထားလိုက်ပြီး ရူဖေးက တိတ်ဆိတ်၍ စီးကရက်ကိုရှိုက်နေခဲ့၏။တစ်ခဏကြာသွားပြီးမှ ရူဖေးက သက်ပြင်းချလိုက်ပြီး
"ဝေ့ရှီ...ငါ နင့်လောက် စာအုပ်တွေလည်းမဖတ်ဖူးဘူး..နင်ရော သူရောက တွေးခေါ်တတ်ကြတဲ့သူတွေပါ...ငါက နင်တို့လို ဗဟုသုတလည်းမများသလို နင်တို့လိုမျိုး များများလည်းမတွေးတတ်ဘူး ခပ်ဝေးဝေးထိလည်း မကြည့်တတ်ပါဘူး...ဒါပေမယ့် ငါ ခံစားမိတာကတော့ အချစ်ဆိုတာ ပေါင်းနုတ်မြှောက်စားတွေမှမဟုတ်တာ ဘာလို့ အရမ်းတွက်ချက်နေမှာလဲ...သူလည်း နင့်ကိုသဘောကျတယ်...နင်လည်း သူ့ကိုချစ်တယ်...ဒါအချက်က နင်တို့နှစ်ယောက်ကို အတူတူရှိနေစေဖို့ မလုံလောက်သေးလို့လား...ထပ်ပြောရရင်..."
ရူဖေးက တစ်ခဏမျှ ရပ်လိုက်ပြီး
"သူ နင့်ကိုပေးနိုင်တာတွေက အခြားသူတွေပေးနိုင်ထက်ကိုပိုပါတယ်...နင်တကယ်ကို ဘာမှကို မလိုချင်ဘူးလား.."
ဝေ့ရှီက ခေါင်းကိုမော့လိုက်ရင်း နေဝင်လုခါနီးရောင်ဝါအောက်မှ တလက်လက်တောက်ပနေသည့် မြို့တော်ကြီးကိုလှမ်းကြည့်လိုက်၏။
"ဒီမြို့တော်ကြီးက တကယ်လှလွန်းတယ်...လူတစ်စုက လူအုပ်ကြီးရဲ့ထိပ်ဆုံးမှာရပ်နေနိုင်ပြီး လူအုပ်ကြီးရဲ့လေးစားတာတွေကိုခံနေရမယ် လိုချင်သမျှအရာအားလုံးက သူတို့ရဲ့ လက်ချောင်းထိပ်ကလေးမှာပဲ...လူတစ်စုကတော့ မြို့တော်ကြီးထဲပတ်သွားနေတဲ့ ပုရွက်ဆိတ်လေးတွေလိုပေါ့...အသက်ရှင်ဖို့ အစာစားဖို့ အဝတ်ဝတ်ဖို့ နေစရာနေရာလေးတစ်ခုရှိဖို့ အတွက် ရုန်းကန်နေကြရတာ...ဟုတ်တယ်...အာဏာ...ပိုက်ဆံ...ရာထူး ဂုဏ်ပုဒ်တွေ...ဘယ်သူကများ အဲ့လို ကိုယ်ရောင်ကိုယ်ဝါတွေရှိနေတဲ့ဘဝမျိုးမှာ မနေချင်ကြလို့လဲ...ငါလည်း လိုချင်တာပဲလေ...သူက ငါ့အတွက် လက်စားချေပေးတာမျိုးများဖြစ်မလားလို့တွေးမိတဲ့အချိန်တုန်းကဆို ငါတကယ် ကျေနပ်သွားခဲ့တာ...ဒါပေမယ့်လေ ရူဖေး...ဒီမြို့တော်ကြီးက ငါတို့ပိုင်ဆိုင်ထားတဲ့အရာတော်တော်များများကိုယူသွားခဲ့ပြီးပြီ...သေချာကြည့်လိုက်မယ်ဆိုရင် သိက္ခာလေးတွေကိုတောင်မှ မချန်ဘဲယူသွားခဲ့တာ...အသက်ရှင်နေဖို့အတွက် နေ့တိုင်း လူကြီးလူကောင်းလို့နာမည်တပ်ထားကြတဲ့လူတွေကို ပြုံးပြရတယ် နှုတ်ဆက်ရတယ် ဝန်ဆောင်မှုတွေပေးရတယ်...အနိုင်ကျင့်ခံနေရရင်တောင်မှ အသံထွက်အောင် မငိုရဲခဲ့ဘူးလေ...ဒီမြို့တော်ကြီးထဲမှာ ဆင်းရဲတဲ့သူတွေက ဘယ်လိုညှင်းပန်းခံရတယ် နှိပ်စက်ခံရတယ်ဆိုတာကို ဘယ်သူကမှ ငါတို့လောက် ရှင်းရှင်းလင်းလင်းနားလည်မှာမဟုတ်ဘူး...ဒါပေမယ့်..."
ဝေ့ရှီက ရုတ်တရက်တစ်ချက်ရယ်လိုက်ပြီး ဆက်၍
"ဒီအဓိပ္ပါယ်က ငါ ယောက်ျားတစ်ယောက်အောက်ကိုသွားပြီး ရွံစရာကောင်းတဲ့နာမည်တစ်ခုနဲ့ရှက်စရာကောင်းတဲ့ဂုဏ်ပုဒ်တွေကိုလက်ခံပြီး နေ့တိုင်း သူများရဲ့အရိပ်အခြေ မျက်နှာထားကိုကြည့်ပြီး နေလိုက်တော့မယ်လို့ ဆိုလိုတာမဟုတ်ဘူး..ငါ သူ့ကို ချစ်တဲ့အတွက်ကြောင့်မလို့ ဒီလို ပိုပြီးမလုပ်နိုင်ဘူး...ဒီအရာကြီးက ငါ့အနောက်မှာ အရိပ်တစ်ခုလို လိုက်နေမှာကို မလိုချင်ဘူး...ငါ့အကြောင်းကို ငါ ပြန်တွေးကြည့်လိုက်တိုင်း အမြဲတမ်းကိုယ့်ကိုကိုယ် သတိရစေနေချင်တာက ငါ အရိုးသားဆုံးချစ်ခဲ့တယ်ဆိုတာကိုပဲ...ဘာ နာကျင်စရာတွေ သံသယဝင်စရာတွေမှ မပါစေချင်ဘူး...အဲ့ဒါကြောင့်မလို့...အခု လက်လွှတ်လိုက်ရတဲ့ဆုံးဖြတ်ချက်က ငါ့ကိုယ်ငါအတွက် နောက်ဆုံးအနေနဲ့ သိက္ခာလေးတစ်ခု ကျန်နေစေချင်ခဲ့လို့..."
ရူဖေးက ဝေ့ရှီ၏ နီရဲနေသည့်မျက်ဝန်းများကိုကြည့်လိုက်ရင်း ဝေ့ရှီ ငိုချတော့မည်ဟု တွေးမိလိုက်၏။သို့သော် မြင်လိုက်ရသည်က ကြိုးစားပြီးတင်းထားသည့် တည်ငြိမ်နေသည့်မျက်နှာတစ်ခုဖြစ်၏။ဝေ့ရှီက ယခုလိုလုပ်လေ သူမအတွက် ပို၍ဝမ်းနည်းစေလေဖြစ်၏။
ရုတ်တရက်တိုက်ခတ်လာသည့်လေကြောင့် ရူဖေး၏ စီးကရက်ပြာများက ဝေ့ရှီ၏ ပုခုံးနားအထိ ရောက်သွား၏။
"သူက အခု နင့်ကို လမ်းမှာတွေ့လိုက်တဲ့သူစိမ်းတစ်ယောက်လိုမျိုးသတ်မှတ်လိုက်ပြီလေ..နင် စိတ်ကျေနပ်လောက်ရောပေါ့..."
ဝေ့ရှီက ခပ်ဖွဖွလေးရယ်လိုက်ပြီး
"ရူဖေး..ငါပြောပြရင် နင်ယုံမှာလား...ကုန်ဆုံးခဲ့တဲ့ ၇နှစ်လုံးလုံး...မနက်မိုးလင်းလို့မျက်လုံး နှစ်လုံးဖွင့်လိုက်တာနဲ့ ပထမဆုံးငါ့ကိုယ်ငါ ပြောတဲ့စကားက ငါ သူ့ကိုလျော့ပြီးသဘောကျရမယ်...ဒီလိုမှပဲ ငါ့အတွက် နည်းနည်းလေးဖြစ်ဖြစ် အသက်ရှူချောင်သွားမယ် ဆိုတာပဲ...ငါ့ကိုယ်ငါ တစ်ချိန်လုံး ဒီလိုမျိုးသတိပေးနေခဲ့ပေမယ့် အဲ့နေ့က သူ့ကို ဆေးရုံမှာမြင်လိုက်ရတဲ့အချိန်မှာ ငါ မထိန်းထားနိုင်တော့ဘူး...ငါ့ဘေးနားကနေ ဖြတ်လျှောက်သွားခဲ့တဲ့စက္ကန့်ပိုင်းစာလေးမှာ လုံးဝနားလည်လိုက်တဲ့တစ်ခုက နှလုံးသားကိုဓါးနဲ့မွှန်းခံရတဲ့ခံစားချက်က ဒါမျိုးပါလား ဆိုပြီးတော့ပေါ့...ပြီးတော့ ဒီလောကကြီးမှာ ဘာမဆိုရနိုင်ပေမယ့် နောင်တမရတဲ့ဆေး ဆိုပြီး မရှိတာကိုရောပေါ့...ငါ စိတ်ကျေနပ်သွားခဲ့တာမဟုတ်ဘူး...ငါ့မှာ...ငါ့မှာ တခြားနည်းလမ်းဆိုတာမျိုးမရှိခဲ့တာ..."
နောက်ဆုံးသောနေရောင်ခြည်လေးနှင့်အတူ ဝေ့ရှီ၏မျက်ရည်များလည်း ကျလာခဲ့၏။ဒူးကိုပွေ့ဖက်ထားကာ ပထမဆုံးအကြိမ်အဖြစ် သည်းခံဖိနှိပ်ထားခြင်းတို့မရှိဘဲ တိတ်ဆိတ်၍ ငိုကြွေးမိခြင်းလည်းဖြစ်ပါ၏။
ရူဖေးက သူမအားပွေ့ဖက်ထားပေးပြီး နှစ်သိမ့်ပေးလိုသောစကားလုံးတို့က ထောင်ချီသောင်းချီရှိနေပါသည့်တိုင် စပြောရမည့်စကားလုံးတို့က ဘယ်ဆီဘယ်ဝယ်။
မည်သူ၏အမြင်က ဘယ်လိုမျိုးဖြစ်နေပါစေ အရာအားလုံးက အဆုံးသတ်သွားခဲ့ပြီဖြစ်၏။
ရွမ်ရှောက်နန်ကလည်း ဝေ့ရှီကို ထပ်၍ 'တစ်ခါလေးတောင်မှ' လာမရှာတော့ပေ။
သို့သော် သူတို့ကြားထဲတွင် ဖြေရှင်းရန်ကျန်နေသေးသည့် အသေးစားပြဿနာလေးများကျန်နေသေး၏။ဥပမာ ဆေးရုံစရိတ်ကို သူ၏လက်ထောက် ဝမ်တုန်းရန်က ကျသင့်ငွေရှင်းပေးသွားခြင်း ထို့အပြင် ဝယ်ပေးထားသည့် တန်ဖိုးကြီးဖုန်းအသစ်။
ဝေ့ရှီက သူ၏ကုမ္ပဏီအကောင့်ထဲသို့ ဆေးရုံစရိတ်ကိုပြန်လွှဲပေးခဲ့ပြီး မြို့တွင်းအချောပို့စနစ်ဖြင့် လက်ကိုင်ဖုန်းကို ပြန်ပို့ပေးခဲ့၏။သူ့အပေါ်တွင် မည်သည့်အရာမျိုးမှ တင်ကျန်မနေချင်ခဲ့သလို ဤသို့လုပ်နေရခြင်းက သူ့အနားကပ်ချင်နေသည့် အကြောင်းပြချက်တစ်ခုဟုလည်း အထင်မခံချင်၍ ဝမ်တုန်းရန်၏နာမည်ဖြင့်သာ ပေးပို့ခဲ့၏။သိပ်မကြာလိုက်ပါဘဲနှင့် ပါဆယ်ပစ္စည်းပြန်လည်လက်ခံရရှိကာ ထိုအရာသည်ကား မေမေ၏အရိုးပြာ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဝေ့ရှီက မည်သည့်အကြောင်းအရာကိုမှ မတွေးနေတော့ဘဲ အရာအားလုံးကို ဗလာကျင်းထားပစ်လိုက်၏။ဤအကျင့်ကလည်း ရွမ်ရှောက်နန်နှင့် ပြန်လည်တွေ့ဆုံပြီးမှ လုပ်ရဲလာသည့်သတ္တိတစ်ခုဆိုလည်းမမှား။တစ်ခုခုကို သည်းမခံနိုင်တော့မည်ဟု အာရုံရလိုက်တိုင်း ယခုလိုသာ လုပ်ပစ်မိသွား၏။
သူမကလည်း အရာအားလုံးကိုပြန်ပေးခဲ့သလို သူကလည်း အရာအားလုံးကို ပြန်ပေးခဲ့ပါ၏။သူမ ဆန္ဒရှိသည့်အတိုင်း ရွမ်ရှောက်နန်က သဘောတူခဲ့ပြီး ယခုအချိန်မှစ၍ မြစ်ချောင်းနှင့်တောင်တန်းများ ကွာခြားသလို ပင်လယ်နှင့်ရေကန် ခွဲထားသလို အားလုံး ခွဲခွာလိုက်ပြီးဖြစ်ပါ၏။
သူ၏ အပြုအမူအားလုံးက ထိုသဘောကိုဆောင်မှန်း သိစေခဲ့ခြင်းဖြစ်၏။
******************
~~Zawgyi~~
ျမင္ေနက် သူစိမ္း ( Part 1)
ထိုေန႕ညက ဝမ္တုန္းရန္ အေျပးေရာက္လာခဲ့ၿပီး လူႏွစ္ေယာက္အား ေဆး႐ုံသို႔ပို႔ေပးခဲ့ရ၏။႐ြမ္ေရွာက္နန္၏လက္က ဒဏ္ရာရသြားခဲ့သျဖင့္ ကိုယ္တိုင္ကားမေမာင္းနိုင္ကာ ေသြးတေတာက္ေတာက္က်ေနသည့္အေျခအေနကို ထိန္းထားရမည္လည္းျဖစ္၍ ဝမ္တုန္းရန္ကိုသာ လွမ္းေခၚလိုက္ရ၏။
ေဝ့ရွီ၏ ဘယ္ဘက္ လက္ဖဝါးတစ္ခုလုံးက ပုလင္းကြဲစမ်ားစိုက္သြားခဲ့သည္ျဖစ္ရာ ကံေကာင္းစြာျဖင့္ ေသြးေၾကာမထိဘဲ အေပၚယံသာ ရွသြားခဲ့ျခင္း ျဖစ္၏။ဆရာဝန္က ေဝ့ရွီအား အေျခအေနေစာင့္ၾကည့္ရန္အတြက္ ေဆး႐ုံတစ္ရက္တက္ခိုင္းၿပီး ေနာက္တစ္ေန႕တြင္မွဆင္းခြင့္ျပဳ၏။ဒဏ္ရာကိုပတ္တီးလဲရန္အတြက္ ရက္ခ်ိန္းအတိုင္းျပန္လာရန္ၫႊန္ၾကားၿပီးေနာက္ ဒဏ္ရာကိုေရမထိရန္ အနာက်က္ေနနိုင္သည့္အစားမ်ားကိုေ႐ြးစားရန္ႏွင့္ မဟုတ္လွ်င္ အမာ႐ြတ္က်န္နိုင္ေၾကာင္းမ်ား ရွင္းျပ၏။
ေဝ့ရွီက ေဆး႐ုံထဲမွ လွမ္းၾကည့္လိုက္သည့္အခ်ိန္တြင္ အျပင္ဘက္ ရာသီဥတုက ႏွင္းပြင့္ခ်ပ္မ်ားမရွိေတာ့ဘဲ ထိန္လင္းသည့္ေနေရာင္ျခည္က အစားထိုးဝင္လာႏွင့္ေနၿပီျဖစ္၏။
႐ူေဖးက ေဆး႐ုံဆင္းရာတြင္ျပဳလုပ္ရသည့္လုပ္ငန္းစဥ္မ်ားအတြက္ အလုပ္ရႈပ္ေနဆဲျဖစ္ကာ ေဝ့ရွီက လူသြားလူလာေဟာခန္းမႀကီးထဲ၌ ရပ္ေစာင့္ေန၏။တိုက္ဆိုင္စြာျဖင့္ မနီးမေဝးေနရာတစ္ခုတြင္ ေရွ႕ဆင့္ေနာက္ဆင့္ရပ္ၿပီး စကားေျပာေနသည့္ ႐ြမ္ေရွာက္နန္ႏွင့္ ဝမ္တုန္းရန္ကိုေတြ႕လိုက္ရ၏။
ေဝ့ရွီက ႐ုတ္ခ်ည္းမွင္ေသသြားခဲ့၏။႐ြမ္ေရွာက္နန္၏ဒဏ္ရာက သူမထက္အေျခအေနဆိုးသည္ျဖစ္ကာ ထင္ထားသည္ကလည္း သူမထက္ ေဆး႐ုံတြင္ပိုေနရမည္ဟူ၍..ယခုလို ခပ္ျမန္ျမန္ျပန္ေတြ႕ရလိမ့္မည္ဟုလည္းမထင္ထားခဲ့ေပ။
႐ြမ္ေရွာက္နန္ကလည္း သူမကိုေအးစက္စက္ၾကည့္ေနခဲ့၏။မ်က္ႏွာထက္ရွိ အမူအရာက ဗလာက်င္းေနၿပီး သူမ၏မွင္ေသေနေသာအၾကည့္မ်ားထံမွလည္း ပုန္းကြယ္သြားလိုျခင္း အလ်င္းမရွိ။အလြန္ေဝးကြာလြန္းေသာ တစ္ခါမွ မရင္းႏွီးခဲ့ဖူးေသာ သူစိမ္းတစ္ေယာက္လို ၾကည့္ေနခဲ့ျခင္း။
ထိုစဥ္ ႐ြမ္ေရွာက္နန္၏ တျဖည္းျဖည္းေလွ်ာက္လာသည့္ ေျခလွမ္းမ်ားက ပို၍နီးကပ္လာ၏။ဆူညံေနသည့္ပတ္ဝန္းက်င္တစ္ခုလုံးက ေဝ့ရွီအဖို႔ ယခုအခိုက္အတန့္ေလးတြင္ ပုံရိပ္ေယာင္မ်ားသာက်န္ေနခဲ့ၿပီး အပ္က်သံမက်န္ေအာင္ တိတ္ဆိတ္သြားခဲ့ကာ ေဟာခန္းမႀကီးတစ္ခုလုံးတြင္ သူ၏ေျခသံမ်ားကသာ ပဲ့တင္ထပ္ေနေလ၏။ပိုျမန္လာသည့္ ႏွလုံးခုန္သံက ခႏၶာကိုယ္တစ္ခုလုံးကိုထိန္းခ်ဳပ္ထားၿပီး ေနရာတြင္ မလႈပ္မယွက္ရပ္ေနမိကာ ရွိရွိသမွ်ေသာခံစားခ်က္မ်ားအားလုံး ေပ်ာက္ကြယ္သြားခဲ့၏။
ေနာက္တြင္ ႐ြမ္ေရွာက္နန္က သူမ၏ေဘးမွျဖတ္ေလွ်ာက္သြားခဲ့သည္ႏွင့္အတူ ကမၻာႀကီးတစ္ခုလုံးပါ ရပ္တန့္သြားေတာ့၏။
ဒီလိုခံစားခ်က္မ်ိဳးကို ဘယ္လိုေျပာျပရပါ့မလဲ။အသက္တစ္ေခ်ာင္းက ေနာက္တစ္ႀကိမ္ ျပန္ေမြးဖြားလာသလို၊ ေက်ာက္ခဲႏွစ္ခုပြတ္တိုက္ရာမွ ထြက္လာသည့္မီးစတစ္ခုလို ဘဝ၏ခ်ိဳၿမိန္ျခင္း ခါးသက္ျခင္းတို႔ကေရာေထြးသြားၿပီး လူတစ္ေယာက္ကို မခံစားနိုင္ေတာ့ေအာင္ ဝမ္းနည္းေစျခင္းမ်ိဳး။
သူမတစ္ေယာက္တည္းကသာ ဤလူသြားလူလာမ်ားျဖင့္ရႈပ္ယွက္ခတ္ေနေသာေဆး႐ုံႀကီး၏ေဟာခန္းမထဲတြင္ ရပ္တန့္ေနခဲ့၏။ရႈပ္ေထြးေထြျပားေနသည့္လူအုပ္ႀကီးက ေ႐ႊငါးမ်ားထည့္ထားသည့္ ငါးကန္တစ္ခုဟုဆိုရမည္ဆိုလွ်င္ သူမ၏အျဖစ္က အျပင္ထုတ္ခံထားရသည့္ငါးတစ္ေကာင္ႏွင့္တူေနၿပီး တစ္ကိုယ္တည္းသီးျခားကြဲထြက္ေနကာ ဤေရာင္စုံလွသည့္ကမၻာႀကီးကိုေငးၾကည့္ေနရ၏။
သူက ထြက္သြားခဲ့ၿပီျဖစ္ေသာ္လည္း သူမက ဤေနရာတြင္သာ ရပ္ေနဆဲ။
ထို႔ေန႕ၿပီးသြားသည့္ေနာက္တြင္ ႐ူေဖးက သူမအား ေမးျမန္းလာခဲ့ပါ၏။
"ဒီလိုမ်ိဳး သူစိမ္းတစ္ေယာက္လို ေဘးကျဖတ္သြားတာမ်ိဳးက နင္လိုခ်င္တဲ့ အဆုံးသတ္လား.."
ႏွစ္ဦးသား လသာေဆာင္ေပၚရွိေက်ာက္ခုံတန္းေပၚထိုင္ၿပီး ေနဝင္သည့္ဆည္းဆာအား စစ္တုရင္ကစားခုံလို အကြက္လိုက္ဝန္းရံခံထားသည့္အေဆာက္အဦးမ်ားအလယ္မွ ၾကည့္ေန၏။ထိုေနဝင္ဆည္းဆာဟု တင္စားေနသည့္အရာက တကယ္တမ္းတြင္ အေဆာက္အဦးမ်ားၾကားထဲ ဝင္သြားသည့္ ေတာက္ပေနသည့္အလုံးႀကီးသာ ျဖစ္၏။
ေဝ့ရွီက ပေရာ္ဖက္ဆာေပးလိုက္သည့္ပန္းခ်ီအိမ္စာကို ဆြဲေနျခင္းျဖစ္ရာ ႐ူေဖး၏စကားကိုၾကားၿပီးေနာက္ ဆြဲလက္စ စုတ္ခ်က္တစ္ခုက ေခ်ာ္ထြက္သြားခဲ့၏။အေရာင္စပ္ၿပီးျပင္လိုက္လွ်င္ လိုခ်င္သည့္ရလဒ္မ်ိဳးမရေတာ့မည္ျဖစ္၍ လက္ေလ်ာ့ၿပီးသက္ျပင္းတစ္ခ်က္ခ်လိဳက္၏။
"ျပႆနာက ဒီလိုပဲ အဆုံးသတ္လိုက္ၿပီးၿပီေလ...ငါ့ဆီက အေျဖကိုၾကားေတာ့ေရာ ဘာထူးသြားမွာမလို႔လဲ"
ထို႔ေနာက္ ပုံဆြဲစကၠဴကို လုံးေခ်၍လႊင့္ပစ္လိုက္ၿပီး ေနာက္တစ္႐ြက္ျပင္လိုက္၏။
႐ူေဖးက စီးကရက္မီးညွိလိုက္ကာ စကားမဆိုဘဲ တစ္ခဏတိတ္ဆိတ္ေနလိုက္၏။
အေရးေပၚဌာန၏အခန္းထဲသို႔ ေျပးဝင္သြားသည့္အခိုက္ မ်က္လုံးတစ္စုံေရွ႕တြင္ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ထိတ္လန့္သြားရသည္အား ျပန္လည္ေတြးၾကည့္လိုက္၏။ဟုတ္ပါ၏။ သို႔ေသာ္ သူမအား ထိတ္လန့္သြားေစခဲ့သည္က ေဝ့ရွီမဟုတ္ဘဲ ႐ြမ္ေရွာက္နန္ေၾကာင့္ျဖစ္၏။
သူ၏ လက္ေကာက္ဝတ္တစ္ခုလုံး ျပတ္ထြက္လုနီးပါးျဖစ္ေနသည့္ဒဏ္ရာႀကီးကို အပ္ျဖင့္ ခ်ဳပ္ေနေလျခင္း။ေဘးနားတြင္ခ်ထားသည့္ ေႂကြထည္အျပားတစ္ခ်ပ္ေပၚတြင္ ဒဏ္ရာအတြင္းမွဆြဲထုတ္လာသည့္ မွန္ကြဲစႀကီးတစ္ခ်ပ္ရွိေန၏။မွန္ကြဲစအစြန္းတြင္ ေသြးမ်ားက တစ္စက္စက္က်ေနၿပီး ဆက္ၾကည့္ဖို႔ရာပင္ မရဲသည္အထိ။ဆရာဝန္က တစ္ဖက္ကဒဏ္ရာကိုခ်ဳပ္ေနရင္း တစ္ဖက္က ဆိုလာ၏။
"ေသြးေၾကာေတြမျဖတ္မိသြားလို႔ ေတာ္ေသးတယ္..မဟုတ္ရင္ ဒီဘက္လက္က သုံးလို႔ရေတာ့မွာမဟုတ္ဘူး.."
ဆရာဝန္၏စကားကိုၾကားလိုက္ရေသာ္လည္း ထိုလူက အထူးတလည္ အမူအရာေျပာင္းလဲသြားျခင္းမရွိ။အၿမဲလိုလို အျပစ္ဆိုစရာမရွိသည့္လူတစ္ေယာက္က ဤကဲ့သို႔ျဖစ္သြားသည့္အေျခအေနအေပၚ ရွက္႐ြံေနဟန္ေလးသာရွိ၏။ခႏၶာကိုယ္ေပၚတြင္ ညအိပ္ဝတ္စုံကိုသာ ဝတ္ထားဆဲျဖစ္သည့္သူက လက္အနားသတ္မ်ားတစ္ေလွ်ာက္လုံး ေသြးမ်ား ေပက်ံေနခဲ့၏။
ဝမ္တုန္းရန္က သူ၏အနားသို႔ကပ္ၿပီး တစ္ခုခုေျပာလာသည့္အခိုက္တြင္ သူ၏အၾကည့္မ်ားက တစ္ဖက္သို႔လွည့္လာၿပီး ႐ူေဖးဆီသို႔။ေအးစက္ေနသည့္မ်က္ဝန္းတစ္စုံက ေၾကာက္လန့္စရာေကာင္းလြန္းကာ သူမကို လူတစ္ေယာက္လိုၾကည့္ေနျခင္းမ်ိဳးမဟုတ္ ထူးဆန္းသည့္ပစၥည္းတစ္ခုကို ၾကည့္ေနျခင္းမ်ိဳး။
႐ူေဖး၏ ေက်ာျပင္တစ္ခုလုံး ေလေအးျဖင့္မႈတ္ခံလိုက္သလို တင္းခနဲျဖစ္သြား၏။ယခုလို မ်က္ဝန္းမ်ိဳးက ေဆြစဥ္မ်ိဳးဆက္ ေျခာက္ဆက္စာေလာက္ မုန္းတီးေနျခင္းမ်ိဳးျဖစ္၏။
ဒါဆို ေဝ့ရွီကိုေရာ?...
ေနာက္ထပ္ ထပ္၍ မစဥ္းစားရဲေတာ့ေပ။
သို႔ေသာ္ ထိုေန႕က ႏွစ္ေယာက္သား သူစိမ္းေတြလိုျဖတ္ေလွ်ာက္သြားၾကသည့္ျမင္ကြင္းကိုျမင္လိုက္ရၿပီးေနာက္ ေဝ့ရွီအတြက္ ဝမ္းနည္းသြားရျပန္၏။အမွန္တြင္ ႐ူေဖး၏ ႏွလုံးသားအတြင္းဆုံးေနရာမွ ယုံၾကည္မိထားသည္က ႐ြမ္ေရွာက္နန္က ေဝ့ရွီကို ခ်စ္ေနေၾကာင္းပင္ျဖစ္၏။
"နင္ စဥ္းစားၾကည့္ဖူးလား..သူသာ နင့္ကိုမခ်စ္ခဲ့ဘူးဆိုရင္ ကိစၥေတြအားလုံးက ဒီအတိုင္းၿပီးရင္ၿပီးသြားတယ္လို႔ ထားလိုက္လို႔ရတယ္...တကယ္လို႔သာ သူနင့္ကို တကယ္ခ်စ္ေနခဲ့ရင္... နင္ သူ႕ကို အခုလိုမ်ိဳးဆက္ဆံေနတဲ့ပုံက သူ႕ရဲ႕အသက္ကိုႏုတ္ယူေနတဲ့အတိုင္းျဖစ္ေနမွာ...အဲ့ေန႕က ေဆး႐ုံမွာေတြ႕လိုက္ရတဲ့ သူ႕ရဲ႕မ်က္ဝန္းေတြကို နင္မခံစားမိဘူးလား...တစ္ေလာကလုံးကို ဆုံးရႈံးလိုက္ရသလိုမ်ိဳး ေမွ်ာ္လင့္ခ်က္ေတြမဲ့ေနခဲ့တာေလ...နင့္ဘက္က အခုလိုမ်ိဳး အားလုံးကိုအဆုံးသတ္ပစ္လိုက္ၿပီးေတာ့ သူ႕ကိုလည္း အခြင့္အေရးေလးတစ္ခုေတာင္မေပးထားခဲ့ဘူး ကိုယ့္ကိုကိုယ္လည္းမေပးျပန္ဘူး...နင္ တကယ္ပဲ ဘာေတြစဥ္းစားေနတာလဲဟာ..."
ေဝ့ရွီ၏ စုတ္ခ်က္ကေနာက္တစ္ႀကိမ္လြဲသြားသျဖင့္ အမွားတစ္ခုထပ္ျဖစ္သြားျပန္၏။ၾကည့္ရသည္က ယေန႕အတြက္ ပုံဆြဲဖို႔ရာ မျဖစ္နိုင္ေတာ့ေပ။ပန္းခ်ီခံဆြဲသည့္ဘုတ္ျပားကို ေဘးသို႔ခ်လိဳက္ၿပီး အေဆာက္အဦးမ်ားအလြန္မွ တလက္လက္ေတာက္ေနသည့္အရာမ်ားကို လွမ္းၾကည့္လိုက္၏။
"ဒါဆို ငါ ဘယ္လိုစဥ္းစားသင့္လဲ...ငါ ဘယ္ေလာက္ခ်စ္ေၾကာင္းေတြ သူ႕ကိုေျပာျပရမွာလား...ၿပီးရင္ ငါဆိုတဲ့ သူ႕ရန္သူရဲ႕သမီးကို အနားကိုေခၚထားခိုင္းရမွာလား...ေန႕ေန႕ညည မ်က္ႏွာခ်င္းဆိုင္ေနရမွာလား...သူ႕ကို ငါ့က ဘယ္သူလဲ ငါ့ကိုယ္ထဲမွ စီးဆင္းေနတဲ့ေသြးေတြက ဘယ္သူ႕ေသြးေတြလဲဆိုတာကို ေမ့မရေအာင္လုပ္ထားရမွာလား...ဒီအရာႀကီးက ငါဘယ္လိုအျပစ္ကင္းေနတာပဲျဖစ္ျဖစ္ လုအိမ္ကလူေတြနဲ႕ ငါနဲ႕ ဘယ္လိုဆက္ဆံေရးမ်ိဳးမွာပဲရွိရွိ ေဖ်ာက္ဖ်က္လိုက္လို႔မရတဲ့အရာႀကီး..ၿပီးေတာ့ ငါ့ကို ျမင္ေနရတိုင္း သူ႕ရဲ႕ အဲ့ဒီလက္မခံနိုင္တဲ့အတိတ္ေတြကိုပဲ သတိရေနမွာ...သူ သည္းမခံထားနိုင္ဘူး...သူ စိတ္မထိန္းထားနိုင္ဘူးဟ...ငါ တစ္ခါထက္မကေအာင္ စမ္းၾကည့္ၿပီးၿပီ..."
ေဝ့ရွီက ေခါင္းငုံ႕လိုက္ၿပီး ပတ္တီးစည္းထားသည့္ ဘယ္ဘက္လက္အား ၾကည့္ကာ ဝမ္းနည္းေၾကကြဲစြာၿပဳံးလိုက္၏။
"သူ႕အေနနဲ႕ေျပာရရင္ ငါ့ကို ခ်စ္တာကပိုတာလား..မုန္းတာက ပိုတာလားဆိုတာ သူ႕ကိုယ္သူေတာင္ ရွင္းရွင္းလင္းလင္းမသိဘူးထင္ပါတယ္..."
႐ူေဖးက သက္ျပင္းခ်ကာ စီးကရက္ကိုင္ထားသည့္လက္ျဖင့္ နဖူးကိုပြတ္သပ္လိုက္ၿပီး
"ဒါဆို နင္တို႔က ဒီအတိုင္းပဲေနၾကေတာ့မွာလား"
"ဒီလိုမေနေတာ့ေရာ..ဘာတတ္နိုင္ေသးလို႔လဲ..."
ေဝ့ရွီက ေျခေထာက္ကို ထိုင္ခုံေပၚကာ ဒူးကိုဖက္ထားရင္း ခႏၶာကိုယ္ကို ေကြးထားလိုက္၏။
"ငါလုပ္တာေတြ မွားေနၿပီလို႔ နင္ထင္ေနမွန္း သိပါတယ္...နင္ငါ့ကို တစ္ကိုယ္ေကာင္းဆန္တယ္လို႔ ေျပာခ်င္ေျပာလို႔ရပါတယ္...စိတ္ႀကီးဝင္တယ္..မာနႀကီးတယ္...ကိုယ့္အတြက္ပဲကိုယ္ၾကည့္တယ္ဆိုၿပီး ေျပာခ်င္သလိုေျပာပါ ငါစိတ္ထဲမထားပါဘူး...ဘာလို႔လဲဆို ငါကိုယ္တိုင္လည္း ငါ့ကိုယ္ငါ အဲ့လိုပဲ ျမင္ေနတာမလို႔ေလ...ဒါေပမယ့္ ႐ူေဖး... နင္ စဥ္းစားၾကည့္...ငါတို႔လို လူမ်ိဳးေတြအတြက္...ဒီေလာကႀကီးထဲမွာ ငါတို႔နားမွာ ငါတို႔ကလြဲလို႔ ဘယ္သူကမ်ားရွိေနေသးလို႔လဲ...ငါ တကယ္ကို မတတ္နိုင္ေတာ့တာ တကယ္ကိုေရွ႕မဆက္နိုင္ေတာ့တာ..သူ ၿခိမ္းေျခာက္တာေတြကို တစ္ႀကိမ္ၿပီး တစ္ႀကိမ္သည္းခံေပးဖို႔...တစ္ခါထက္တစ္ခါ လိုက္ေလ်ာေပးဖို႔ဆိုတာႀကီးကို တကယ္မတတ္နိုင္ေတာ့တာ...ကိုယ္ခ်စ္တဲ့သူရဲ႕ ဒီလိုစိတ္ထင္သလိုလုပ္ေနမယ့္ဟာကို ၾကည့္ေနရမယ့္အစား မ်က္ႏွာကို အရိုက္ခံလိုက္ရတာကမွ ေနသာဦးမယ္..."
ေဝ့ရွီက မ်က္ႏွာကို ဒူးႏွင့္အပ္ထားလိုက္ၿပီး ႐ူေဖးက တိတ္ဆိတ္၍ စီးကရက္ကိုရွိုက္ေနခဲ့၏။တစ္ခဏၾကာသြားၿပီးမွ ႐ူေဖးက သက္ျပင္းခ်လိဳက္ၿပီး
"ေဝ့ရွီ...ငါ နင့္ေလာက္ စာအုပ္ေတြလည္းမဖတ္ဖူးဘူး..နင္ေရာ သူေရာက ေတြးေခၚတတ္ၾကတဲ့သူေတြပါ...ငါက နင္တို႔လို ဗဟုသုတလည္းမမ်ားသလို နင္တို႔လိုမ်ိဳး မ်ားမ်ားလည္းမေတြးတတ္ဘူး ခပ္ေဝးေဝးထိလည္း မၾကည့္တတ္ပါဘူး...ဒါေပမယ့္ ငါ ခံစားမိတာကေတာ့ အခ်စ္ဆိုတာ ေပါင္းႏုတ္ျမႇောက္စားေတြမွမဟုတ္တာ ဘာလို႔ အရမ္းတြက္ခ်က္ေနမွာလဲ...သူလည္း နင့္ကိုသေဘာက်တယ္...နင္လည္း သူ႕ကိုခ်စ္တယ္...ဒါအခ်က္က နင္တို႔ႏွစ္ေယာက္ကို အတူတူရွိေနေစဖို႔ မလုံေလာက္ေသးလို႔လား...ထပ္ေျပာရရင္..."
႐ူေဖးက တစ္ခဏမွ် ရပ္လိုက္ၿပီး
"သူ နင့္ကိုေပးနိုင္တာေတြက အျခားသူေတြေပးနိုင္ထက္ကိုပိုပါတယ္...နင္တကယ္ကို ဘာမွကို မလိုခ်င္ဘူးလား.."
ေဝ့ရွီက ေခါင္းကိုေမာ့လိုက္ရင္း ေနဝင္လုခါနီးေရာင္ဝါေအာက္မွ တလက္လက္ေတာက္ပေနသည့္ ၿမိဳ႕ေတာ္ႀကီးကိုလွမ္းၾကည့္လိုက္၏။
"ဒီၿမိဳ႕ေတာ္ႀကီးက တကယ္လွလြန္းတယ္...လူတစ္စုက လူအုပ္ႀကီးရဲ႕ထိပ္ဆုံးမွာရပ္ေနနိုင္ၿပီး လူအုပ္ႀကီးရဲ႕ေလးစားတာေတြကိုခံေနရမယ္ လိုခ်င္သမွ်အရာအားလုံးက သူတို႔ရဲ႕ လက္ေခ်ာင္းထိပ္ကေလးမွာပဲ...လူတစ္စုကေတာ့ ၿမိဳ႕ေတာ္ႀကီးထဲပတ္သြားေနတဲ့ ပု႐ြက္ဆိတ္ေလးေတြလိုေပါ့...အသက္ရွင္ဖို႔ အစာစားဖို႔ အဝတ္ဝတ္ဖို႔ ေနစရာေနရာေလးတစ္ခုရွိဖို႔ အတြက္ ႐ုန္းကန္ေနၾကရတာ...ဟုတ္တယ္...အာဏာ...ပိုက္ဆံ...ရာထူး ဂုဏ္ပုဒ္ေတြ...ဘယ္သူကမ်ား အဲ့လို ကိုယ္ေရာင္ကိုယ္ဝါေတြရွိေနတဲ့ဘဝမ်ိဳးမွာ မေနခ်င္ၾကလို႔လဲ...ငါလည္း လိုခ်င္တာပဲေလ...သူက ငါ့အတြက္ လက္စားေခ်ေပးတာမ်ိဳးမ်ားျဖစ္မလားလို႔ေတြးမိတဲ့အခ်ိန္တုန္းကဆို ငါတကယ္ ေက်နပ္သြားခဲ့တာ...ဒါေပမယ့္ေလ ႐ူေဖး...ဒီၿမိဳ႕ေတာ္ႀကီးက ငါတို႔ပိုင္ဆိုင္ထားတဲ့အရာေတာ္ေတာ္မ်ားမ်ားကိုယူသြားခဲ့ၿပီးၿပီ...ေသခ်ာၾကည့္လိုက္မယ္ဆိုရင္ သိကၡာေလးေတြကိုေတာင္မွ မခ်န္ဘဲယူသြားခဲ့တာ...အသက္ရွင္ေနဖို႔အတြက္ ေန႕တိုင္း လူႀကီးလူေကာင္းလို႔နာမည္တပ္ထားၾကတဲ့လူေတြကို ၿပဳံးျပရတယ္ ႏႈတ္ဆက္ရတယ္ ဝန္ေဆာင္မႈေတြေပးရတယ္...အနိုင္က်င့္ခံေနရရင္ေတာင္မွ အသံထြက္ေအာင္ မငိုရဲခဲ့ဘူးေလ...ဒီၿမိဳ႕ေတာ္ႀကီးထဲမွာ ဆင္းရဲတဲ့သူေတြက ဘယ္လိုညွင္းပန္းခံရတယ္ ႏွိပ္စက္ခံရတယ္ဆိုတာကို ဘယ္သူကမွ ငါတို႔ေလာက္ ရွင္းရွင္းလင္းလင္းနားလည္မွာမဟုတ္ဘူး...ဒါေပမယ့္..."
ေဝ့ရွီက ႐ုတ္တရက္တစ္ခ်က္ရယ္လိုက္ၿပီး ဆက္၍
"ဒီအဓိပ္ပါယ်က ငါ ေယာက္်ားတစ္ေယာက္ေအာက္ကိုသြားၿပီး ႐ြံစရာေကာင္းတဲ့နာမည္တစ္ခုနဲ႕ရွက္စရာေကာင္းတဲ့ဂုဏ္ပုဒ္ေတြကိုလက္ခံၿပီး ေန႕တိုင္း သူမ်ားရဲ႕အရိပ္အေျခ မ်က္ႏွာထားကိုၾကည့္ၿပီး ေနလိုက္ေတာ့မယ္လို႔ ဆိုလိုတာမဟုတ္ဘူး..ငါ သူ႕ကို ခ်စ္တဲ့အတြက္ေၾကာင့္မလို႔ ဒီလို ပိုၿပီးမလုပ္နိုင္ဘူး...ဒီအရာႀကီးက ငါ့အေနာက္မွာ အရိပ္တစ္ခုလို လိုက္ေနမွာကို မလိုခ်င္ဘူး...ငါ့အေၾကာင္းကို ငါ ျပန္ေတြးၾကည့္လိုက္တိုင္း အၿမဲတမ္းကိုယ့္ကိုကိုယ္ သတိရေစေနခ်င္တာက ငါ အရိုးသားဆုံးခ်စ္ခဲ့တယ္ဆိုတာကိုပဲ...ဘာ နာက်င္စရာေတြ သံသယဝင္စရာေတြမွ မပါေစခ်င္ဘူး...အဲ့ဒါေၾကာင့္မလို႔...အခု လက္လႊတ္လိုက္ရတဲ့ဆုံးျဖတ္ခ်က္က ငါ့ကိုယ္ငါအတြက္ ေနာက္ဆုံးအေနနဲ႕ သိကၡာေလးတစ္ခု က်န္ေနေစခ်င္ခဲ့လို႔..."
႐ူေဖးက ေဝ့ရွီ၏ နီရဲေနသည့္မ်က္ဝန္းမ်ားကိုၾကည့္လိုက္ရင္း ေဝ့ရွီ ငိုခ်ေတာ့မည္ဟု ေတြးမိလိုက္၏။သို႔ေသာ္ ျမင္လိုက္ရသည္က ႀကိဳးစားၿပီးတင္းထားသည့္ တည္ၿငိမ္ေနသည့္မ်က္ႏွာတစ္ခုျဖစ္၏။ေဝ့ရွီက ယခုလိုလုပ္ေလ သူမအတြက္ ပို၍ဝမ္းနည္းေစေလျဖစ္၏။
႐ုတ္တရက္တိုက္ခတ္လာသည့္ေလေၾကာင့္ ႐ူေဖး၏ စီးကရက္ျပာမ်ားက ေဝ့ရွီ၏ ပုခုံးနားအထိ ေရာက္သြား၏။
"သူက အခု နင့္ကို လမ္းမွာေတြ႕လိုက္တဲ့သူစိမ္းတစ္ေယာက္လိုမ်ိဳးသတ္မွတ္လိုက္ၿပီေလ..နင္ စိတ္ေက်နပ္ေလာက္ေရာေပါ့..."
ေဝ့ရွီက ခပ္ဖြဖြေလးရယ္လိုက္ၿပီး
"႐ူေဖး..ငါေျပာျပရင္ နင္ယုံမွာလား...ကုန္ဆုံးခဲ့တဲ့ ၇နှစ်လုံးလုံး...မနက္မိုးလင္းလို႔မ်က္လုံး ႏွစ္လုံးဖြင့္လိုက္တာနဲ႕ ပထမဆုံးငါ့ကိုယ္ငါ ေျပာတဲ့စကားက ငါ သူ႕ကိုေလ်ာ့ၿပီးသေဘာက်ရမယ္...ဒီလိုမွပဲ ငါ့အတြက္ နည္းနည္းေလးျဖစ္ျဖစ္ အသက္ရႉေခ်ာင္သြားမယ္ ဆိုတာပဲ...ငါ့ကိုယ္ငါ တစ္ခ်ိန္လုံး ဒီလိုမ်ိဳးသတိေပးေနခဲ့ေပမယ့္ အဲ့ေန႕က သူ႕ကို ေဆး႐ုံမွာျမင္လိုက္ရတဲ့အခ်ိန္မွာ ငါ မထိန္းထားနိုင္ေတာ့ဘူး...ငါ့ေဘးနားကေန ျဖတ္ေလွ်ာက္သြားခဲ့တဲ့စကၠန့္ပိုင္းစာေလးမွာ လုံးဝနားလည္လိုက္တဲ့တစ္ခုက ႏွလုံးသားကိုဓါးနဲ႕မႊန္းခံရတဲ့ခံစားခ်က္က ဒါမ်ိဳးပါလား ဆိုၿပီးေတာ့ေပါ့...ၿပီးေတာ့ ဒီေလာကႀကီးမွာ ဘာမဆိုရနိုင္ေပမယ့္ ေနာင္တမရတဲ့ေဆး ဆိုၿပီး မရွိတာကိုေရာေပါ့...ငါ စိတ္ေက်နပ္သြားခဲ့တာမဟုတ္ဘူး...ငါ့မွာ...ငါ့မွာ တျခားနည္းလမ္းဆိုတာမ်ိဳးမရွိခဲ့တာ..."
ေနာက္ဆုံးေသာေနေရာင္ျခည္ေလးႏွင့္အတူ ေဝ့ရွီ၏မ်က္ရည္မ်ားလည္း က်လာခဲ့၏။ဒူးကိုေပြ႕ဖက္ထားကာ ပထမဆုံးအႀကိမ္အျဖစ္ သည္းခံဖိႏွိပ္ထားျခင္းတို႔မရွိဘဲ တိတ္ဆိတ္၍ ငိုေႂကြးမိျခင္းလည္းျဖစ္ပါ၏။
႐ူေဖးက သူမအားေပြ႕ဖက္ထားေပးၿပီး ႏွစ္သိမ့္ေပးလိုေသာစကားလုံးတို႔က ေထာင္ခ်ီေသာင္းခ်ီရွိေနပါသည့္တိုင္ စေျပာရမည့္စကားလုံးတို႔က ဘယ္ဆီဘယ္ဝယ္။
မည္သူ၏အျမင္က ဘယ္လိုမ်ိဳးျဖစ္ေနပါေစ အရာအားလုံးက အဆုံးသတ္သြားခဲ့ၿပီျဖစ္၏။
႐ြမ္ေရွာက္နန္ကလည္း ေဝ့ရွီကို ထပ္၍ 'တစ္ခါေလးေတာင္မွ' လာမရွာေတာ့ေပ။
သို႔ေသာ္ သူတို႔ၾကားထဲတြင္ ေျဖရွင္းရန္က်န္ေနေသးသည့္ အေသးစားျပႆနာေလးမ်ားက်န္ေနေသး၏။ဥပမာ ေဆး႐ုံစရိတ္ကို သူ၏လက္ေထာက္ ဝမ္တုန္းရန္က က်သင့္ေငြရွင္းေပးသြားျခင္း ထို႔အျပင္ ဝယ္ေပးထားသည့္ တန္ဖိုးႀကီးဖုန္းအသစ္။
ေဝ့ရွီက သူ၏ကုမၸဏီအေကာင့္ထဲသို႔ ေဆး႐ုံစရိတ္ကိုျပန္လႊဲေပးခဲ့ၿပီး ၿမိဳ႕တြင္းအေခ်ာပို႔စနစ္ျဖင့္ လက္ကိုင္ဖုန္းကို ျပန္ပို႔ေပးခဲ့၏။သူ႕အေပၚတြင္ မည္သည့္အရာမ်ိဳးမွ တင္က်န္မေနခ်င္ခဲ့သလို ဤသို႔လုပ္ေနရျခင္းက သူ႕အနားကပ္ခ်င္ေနသည့္ အေၾကာင္းျပခ်က္တစ္ခုဟုလည္း အထင္မခံခ်င္၍ ဝမ္တုန္းရန္၏နာမည္ျဖင့္သာ ေပးပို႔ခဲ့၏။သိပ္မၾကာလိုက္ပါဘဲႏွင့္ ပါဆယ္ပစၥည္းျပန္လည္လက္ခံရရွိကာ ထိုအရာသည္ကား ေမေမ၏အရိုးျပာ ျဖစ္၏။
ထိုအခိုက္အတန့္တြင္ ေဝ့ရွီက မည္သည့္အေၾကာင္းအရာကိုမွ မေတြးေနေတာ့ဘဲ အရာအားလုံးကို ဗလာက်င္းထားပစ္လိုက္၏။ဤအက်င့္ကလည္း ႐ြမ္ေရွာက္နန္ႏွင့္ ျပန္လည္ေတြ႕ဆုံၿပီးမွ လုပ္ရဲလာသည့္သတၱိတစ္ခုဆိုလည္းမမွား။တစ္ခုခုကို သည္းမခံနိုင္ေတာ့မည္ဟု အာ႐ုံရလိုက္တိုင္း ယခုလိုသာ လုပ္ပစ္မိသြား၏။
သူမကလည္း အရာအားလုံးကိုျပန္ေပးခဲ့သလို သူကလည္း အရာအားလုံးကို ျပန္ေပးခဲ့ပါ၏။သူမ ဆႏၵရွိသည့္အတိုင္း ႐ြမ္ေရွာက္နန္က သေဘာတူခဲ့ၿပီး ယခုအခ်ိန္မွစ၍ ျမစ္ေခ်ာင္းႏွင့္ေတာင္တန္းမ်ား ကြာျခားသလို ပင္လယ္ႏွင့္ေရကန္ ခြဲထားသလို အားလုံး ခြဲခြာလိုက္ၿပီးျဖစ္ပါ၏။
သူ၏ အျပဳအမူအားလုံးက ထိုသေဘာကိုေဆာင္မွန္း သိေစခဲ့ျခင္းျဖစ္၏။
******************