သည်းခံနိုင်စွမ်းထက်ကျော်လွန်းပြီး ထပ်၍သည်းမခံနိုင်ခြင်း
ပင်လယ်ကမ်းစပ်မြို့ဖြစ်သဖြင့် နှင်းပွင့်များက လမ်းမထက်တွင်ကြာကြာရှိမနေနိုင်ပါ။အရည်ပျော်လုနီးနီးဖြစ်သည့် နှင်းစက်ရည်များက ကားဘီးရာများဖြစ်သွားခဲ့ရ၏။
Alluring ၏မီးလင်းဆိုင်းဘုတ်ထက်တွင် အနည်းငယ်တင်ကျန်ရစ်နေခဲ့သည့် နှင်းစက်ရည်များရှိနေသေးသဖြင့် ဝေ့ရှီက ခပ်သေးသေးတံမြက်စည်းတစ်ချောင်းကိုယူပြီး သန့်ရှင်းနေလေ၏။
ညဘက်တွင်တိုက်လာသည့်လေညှင်းက ချမ်းစိမ့်စိမ့်ဖြစ်ကာ ဝေ့ရှီက ယူနီဖောင်းကော်လံကိုဆွဲတင်ပြီး နီရဲအေးစက်နေသည့်လက်ချောင်းများကို အနည်းငယ်နွေးထွေးလာစေလိုငြား ပါးစပ်နားကပ်၍ အာငွေ့ပေးလိုက်၏။
သတ်မှတ်ထားသည့် အလုပ်စခါနီးအချိန်လည်း ရောက်ပြီဖြစ်သဖြင့် ဤနေရာတွင် အလုပ်လုပ်ကြသည့်ကောင်မလေးက ရှေ့ဆင့်နောက်ဆင့်အသီးသီးရောက်လာကြ၏။အရောင်အသွေးစုံလှသည့်ရေသူမလေးများ ဖြတ်သွားတိုင်း မတူညီသည့်မွှေးရနံ့များနှင့် ကွဲပြားသည့်ပြင်ဆင်ပုံအလှများကို ခံစားကြည့်လိုက်ရ၏။
လူတော်တော်များများပြောကြသည့်စကားတစ်ခွန်းက Alluring တွင်အလုပ်လုပ်သည့်ကောင်မလေးတော်တော်များများက Mercedes-Benz , BMW တို့ဖြင့် အလုပ်လာသည့်အကြောင်းဖြစ်သည်။စစချင်းကြားဖူးသည့်အခါက ဝေ့ရှီအနေဖြင့် မြှောက်စားပြောဆိုနေသည်ဟုသာ ထင်ခဲ့ဖူးသည်။ဤနေရာတွင် အလုပ်လုပ်ချိန်ကြာမြင့်လာပြီးနောက်မှ အပြင်ဘက်တွင်ပြောနေကြသည့်အတင်းအဖျင်းများက မှန်ကန်နေကြောင်းကို ယုံကြည်သွားခဲ့၏။အချို့က နာမည်ကြီးကားများပေါ်မှ ဆင်းလာကြပြီး အချို့က ကိုယ်တိုင်မောင်းလာကြသည်အထိ။
ဒီနေရာရှိကောင်မလေး၏ ဝင်ငွေက ပမာဏများလွန်းသည့်အထဲတွင်လည်းပါသလို သုံးဖြုန်းသည့်နေရာတွင်လည်း အတူတူဖြစ်၏။တော်တော်များများက နာမည်ကြီးတံဆိပ်များသုံးစွဲရသည်ကို အရူးအမူးစွဲလမ်းကြသည်ဟုဆိုရမည်။Cartier နာရီ၊ LV အိတ်၊ Chanel ရေမွှေး၊ Lancome တံဆိပ်မိတ်ကပ် စသည့်စသည့်တို့ဖြင့် အပြိုင်အဆိုင်။ခေါင်းအစခြေအဆုံးဝတ်ထားသည့်ဝတ်စုံများကလည်း နာမည်ကြီးတံဆိပ်များသာဖြစ်ရာ မည်သို့နည်းလမ်းနှင့်များ ကားဝယ်ရန်အတွက် အပိုငွေကျန်နေပါသေးသနည်း။
နာမည်ကြီးဇိမ်ခံတံဆိပ်များကိုဝယ်မသုံးပါဘဲနှင့် အခြားနည်းလမ်းဖြင့် ပိုက်ဆံကို ရေလိုသုံးသည့်သူများက သပ်သပ်ရှိပါသေးသည်။မည်သည့်နေရာတွင် အသုံးပြုလိုက်ကြသနည်း? တဖြည်းဖြည်းပိန်သွားသောခန္ဓာကိုယ်နှင့် ကြာလေ မောပန်းလေပေါက်နေသည့်မျက်နှာကိုကြည့်ခြင်းဖြင့် မေးခွန်းမေးစရာမလိုတော့လောက်ပေ။
အမှန်တွင် ဤလမ်းမကိုရွေးချယ်လိုက်ကတည်းက ဘယ်ဆီဘယ်ဝယ်သို့မသိဘဲ အရှေ့တည့်တည့်ကိုသာလျှောက်နေရမည်ဖြစ်ပြီး နောက်ပြန်လှည့်စရာဟူ၍ဗလာနတ္ထိ။
နှင်းစက်ရည်များကို လှည်းကျင်းပြီးဖြစ်သဖြင့် ဝေ့ရှီက ပစ္စည်းများကိုသိမ်းပြီး အထဲသို့ဝင်ရန်ပြင်လိုက်၏။ရုတ်တရက် အနက်ရောင် Rolls-Royce ကားတစ်စင်းက Alluring ရှေ့တည့်တည့်တွင်ထိုးရပ်သွား၏။
ဒီအရာက အထူးအဆန်းမဟုတ်။Alluring ၏ ကားပါကင်နေရာက အကောင်းဆုံးနေရာတစ်ခုဟုပြောရမည့်အပြင် ကားရပ်ပေးသည့်ဝန်ဆောင်မှုလည်းရှိ၏။ထူးဆန်းသွားသည့်အရာက ကားပေါ်မှဆင်းလာသည့်သူကြောင့်ဖြစ်၏။
"Coco.." ဝေ့ရှီက အော်ခေါ်လိုက်၏။
ဝေ့ရှီ၏ခေါ်သံကြောင့် လှည့်ကြည့်လာသည့် Coco ၏မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှမရှိ။ဘေးတွင်ပါလာသည့်ယောက်ျား၏လက်က သူမ၏ပုခုံးပေါ်တင်ထားပြီး မျက်နှာကိုတစ်ချက်နမ်းရှိုက်လိုက်ပြီးမှ လွှတ်ပေးလာ၏။
Coco က တစ်ဖက်သို့လှည့်ပြီး ထိုယောက်ျားအား လက်ရမ်းပြနေကာ ဝေ့ရှီကိုကျောပေးသလိုဖြစ်သဖြင့် Coco ၏မျက်နှာကို မမြင်ရတော့ပေ။
သို့သော် ပြန်လှည့်ပြီးလျှောက်လာခဲ့သည့် Coco ၏မျက်နှာထက်တွင် ဝေ့ရှီအား နှုတ်ဆက်လိုခြင်းအလျင်းမရှိ။ဝေ့ရှီက တစ်ခုခုပြောချင်နေပါသည့် လည်သာဖိနပ်အရှည်ကိုစီးထားသည့်ဖိနပ်လှလှလေးပိုင်ရှင်က နှင်းစက်ရည်များနှင့်ရောနေသည့်ရွှံ့များကိုနင်းပြီး မသိချင်ယောင်ဆောင်၍ဖြတ်သွားခဲ့၏။
အရင်ရက်တွေတုန်းကတောင် အကောင်းကြီးရှိပါသေးတယ်။ဒီနေ့မှ ဘာဖြစ်သွားတာလဲ။
ဝေ့ရှီက အထူးအတန်းဖြင့်သာ လိုက်ကြည့်နေမိ၏။ဝိုင်ပုလင်းများကိုသွားယူသည့် bar ဘက်သို့ရောက်သည့်အခိုက် အားဖန်ကိုတွေ့ကာ မမေးဘဲမနေနိုင်တော့သဖြင့်
"Coco က ဘာဖြစ်နေတာလဲ"
အားဖန်က Cocoတီးနေသည့် Dj စတိတ်ဘက်ကိုလှမ်းကြည့်လိုက်ပြီး
"ဘာမှမဟုတ်ပါဘူး..အခုတလောတီးနေတဲ့ သီချင်းတွေကရိုးနေပြီလေ...အခြားပုံစံပြောင်းဖို့ ငါအရင်ကတည်းကပြောနေတာ...နောက်ပိုင်းဧည့်သည်တွေက ရိုးကုန်လိမ့်မယ်လို့ပြောတာကို နားမထောင်ဘူးလေ.."
"ငါမေးနေတာက အဲ့ဒါမဟုတ်ဘူး..ငါ ဒီနေ့ သူ့ကို 'သခင်လေးချန်' လိုက်ပို့တာတွေ့လိုက်လို့...အဲ့ဒါက ဘယ်လိုဖြစ်ကြတာလဲ.."
"အော်..."
အားဖန်က နှုတ်ခမ်းကိုတွန့်ကွေးပြီး
"ဒါကိုတော့ သူ့ကိုပဲ သွားမေးလိုက်ပါလား...ဒါပေမယ့်ငါကြားတာကလေ...ဒီနေ့ပြီးရင် သူ အလုပ်ဆက်မလုပ်တော့ဘူးတဲ့"
ဝေ့ရှီက ပို၍ အံ့သြသွားရ၏။
Coco ၏ မကြည်မလင်ဖြစ်နေသည့်မျက်နှာအမူအရာကြောင့် တစ်နေ့လုံးနီးပါးစိတ်ထဲတွင် မအီမသာဖြစ်နေရသည့်အပြင် အားဖန်၏မချိုမချဥ်လုပ်ပြသွားသည့်ပုံစံကြောင့်ပါ ဤကိစ္စအား ပို၍အာရုံစိုက်နေမိ၏။
အမှိုက်ထုတ်ကို မီးပြင်းဖိုထဲထည့်ပြီးမီးရှို့ရန်ပြင်လိုက်သည့်အခိုက် လက်ထဲတွင် ကိုင်ထားသည့်မီးခြစ်ကပင် အချိုးမပြေသည့်အလား မီးညှိ၍မရနိုင်ဖြစ်နေ၏။ထို့ကြောင့် မီးခြစ်နောက်တစ်လုံးသွားရှာရန် အနောက်ဘက်သို့လှည့်လိုက်ချိန်တွင် သူမအား တံခါးဝတွင်ရပ်ပြီး မမှိန်မတွေ စိုက်ကြည့်နေသည့် Coco နှင့်ဆုံလေ၏။
နှစ်ယောက်သား စွန့်ပစ်ထားသော ဘတ်စကတ်ဘောကွင်းဟောင်းဘက်သို့လျှောက်သွားခဲ့ပြီး အရှေ့တွင်ရှိသည့်တရားရုံးဟောင်းတစ်ခုကိုငေးကြည့်နေ၏။ဤနေရာက မှောင်မိုက်သည့်အပြင် သီးသန့်ဖြစ်လွန်းသည့်နေရာတစ်ခုဆိုလည်းမမှား။
"နင် မသောက်တော့ဘူးလား"
Coco က လက်ထဲတွင်ကိုင်ထားသည့် ဘီယာဘူးကိုလှုပ်ပြ၏။
"တော်ပြီ...ငါ ရေပဲသောက်တော့မယ်...ဆေးရုံဆင်းလာတာမကြာသေးတော့ ခပ်ပြင်းပြင်းတွေ မသောက်ရဲသေးဘူး.."
Cocoက ဝေ့ရှီဘက်သို့ စောင်းကြည့်လာပြီး ခပ်ရေးရေးလေးပြုံး၍
"ဝေ့ရှီ...တစ်ခါတစ်လေကျရင်လေ...ငါနင့်ကို အရမ်းအားကျမိတယ်...နင်ပုံစံက တစ်ချိန်လုံး ဘာဆိုဘာမှ မမက်မောနေသလိုပဲ...ဒီလိုနေရာမျိုးမှာ ဒီလိုလူမျိုးတွေကြားမှာ ဘယ်လိုများ နေနိုင်တတ်လိုက်တာလဲ..."
ဝေ့ရှီက ရေတစ်ငုံသောက်လိုက်ပြီး
"လူတိုင်းမှာ မက်မောပြီးမျှော်လင့်နေတဲ့အရာမျိုးရှိပါတယ်ဟာ...ငါ မျှော်လင့်နေတဲ့အရာက နင်တို့နဲ့မတူရုံလေးပါ.."
"ဘယ်နားလေးက မတူတာလဲ"
"နင်တို့ မျှော်လင့်နေတဲ့အရာမျိုးက မြင်နေရတဲ့ ဖြေရှင်းလိုက်လို့ရတဲ့ အရာမျိုးဖြစ်ချင်ဖြစ်နေမှာ...ငါ့မက်မောမျှော်လင့်နေတဲ့အရာကတော့ မြင်လည်းမမြင်နိုင်ဘူး...ထိတွေ့လို့လည်းမရဘူး...ငါ့ရဲ့နှလုံးသားထဲမှာပဲ တိတ်တိတ်လေးရှိနေတဲ့အရာမျိုးလေး..."
Cocoက ဟားတိုက်သလိုရယ်လိုက်ပြီး
"ဝေ့ရှီ...ငါ့ကို မေးစရာမရှိဘူးလား.."
ဝေ့ရှီက မျက်ဝန်းအရှေ့ရှိ လှပသည့်မျက်နှာလေးကိုကြည့်လိုက်၏။ဟုတ်ပါ၏။ဝေ့ရှီတွင် မေးစရာမေးခွန်းများ တကယ်ကိုရှိနေခဲ့သည်ဖြစ်ရာ
"Coco...နင်သိလောက်မှာပါ..အဲ့ဒီယောက်ျားက ဘယ်လိုလူမျိုးလဲဆိုတာလေ...ဒီနေရာမှာရှိတဲ့ကောင်မလေး ဘယ်နှယောက်လောက်တောင်မှ သူ ဖျက်ဆီးတာကို ခံရပြီးပြီလဲ...အရင်တစ်ခေါက်က အနုပညာကောလိပ်ကကျောင်းသူလေး...နောက်ဆုံးဘယ်လိုဖြစ်သွားလဲဆိုတာ နင်မသိလိုက်လို့လား..."
"ငါသိတယ်...အဲ့ဒီ သခင်လေးချန်အကြောင်းကို...သူ့ရဲ့ အကွက်တွေကိုမသိတဲ့သူ ဘယ်သူရှိသေးလို့လဲ...အရင်ဆုံး လက်ဝတ်ရတနာတွေဝယ်ပေးပြီး ကောင်းကင်ပေါ်ရောက်အောင်ထိ ပစားပြမယ်..စျေးကြီးတဲ့အစားအသောက်တွေ အဝတ်အစားတွေဝယ်ပေးမယ်...တစ်ဖက်လူက အဲ့ဒါတွေအပေါ်အသားကျပြီး ရစ်မူးတဲ့အချိန် သူလည်း ကစားလို့ဝလောက်ရော..လမ်းခွဲတဲ့အခါက ဘာကိုမှ မယူသွားခိုင်းဘဲ နှင်လွှတ်မှာလေ..မတော်တဆများတစ်ခုခုကို စိတ်တိုင်းမကျရင် ဘော်ဒီဂတ်တွေကိုရိုက်ခိုင်းဦးမှာ...အဲ့ကောင်မလေးတောင် သူ့ကြောင့် နှာရိုးကျိုးသွားတာမလား..အရင်ရက်တွေကတောင် ငါသတင်းကြားလိုက်သေးတယ်...အဲ့ကောင်မလေးကို တစ်လမ်းကျော်က အနှိပ်ခန်းမှာတွေ့လိုက်သေးတယ်တဲ့.."
ဝေ့ရှီက စိတ်မသက်မသာဖြစ်သွားသည့်ဟန်ဖြင့် ကြည့်လာပြီး
"နင်သိရဲ့သားနဲ့.. ဘာလို့...."
Coco က ဝေ့ရှီ၏စကားကိုဖြတ်ပြောလိုက်၍
"ငါလုပ်ချင်တယ်လို့များ ထင်နေတာလား.."
Coco ကခေါင်းငုံ့သွားသဖြင့် ရှည်လျားသည့်မျက်တောင်များက မျက်ဝန်းအိမ်ကို မသိမသာလေးဖုံးထားပေး၏။
"ဝေ့ချိန်ပေါက်ရဲ့စကားကြောင့်...တကယ်လို့ ငါလက်မခံရင် တစ်ချိန်လုံး မျက်နှာမဖော်နိုင်အောင်လုပ်မှာတဲ့...ဝေ့ရှီ..ငါက နင့်လိုမဟုတ်ဘူးလေ...ငါ တက္ကသိုလ်လည်းမတက်နိုင်သလို ပန်းချီတွေလည်းမဆွဲတတ်ဘူး...အထူးသဖြင့် ငါ့အနားမှာသေအတူရှင်မကွာရှိနေပေးမယ့် ရူဖေးလိုသူငယ်ချင်းမျိုးလည်း မရှိဘူးလေ...Dj တီးတတ်တာက လွဲလို့ တခြားဘာမှမလုပ်တတ်ဘူး..ငါ့လိုမိန်းကလေးတစ်ယောက်ထဲ နောက်ခံအင်အားလည်းမရှိ မှီခိုလို့ရမယ့်သူလည်းမရှိ သူငယ်ချင်းလည်းမရှိဘဲနဲ့ တခြားဘာများ လုပ်နိုင်ဦးမှာမလို့လဲ..."
ဝေ့ရှီက ငြိမ်သက်၍နားထောင်ပေးနေခဲ့ပြီးမှ ဖြေးဖြေးချင်းမေးလာခဲ့၏။
"Mark ကရော ဒီကိစ္စကို ဘာမှဝင်မပြောဘူးလား.."
"ဟား.."
Coco က တစ်ချက်ရယ်မောလိုက်ပြီး
"သူလား?...ဝေ့ချိန်ပေါက်က သုံးလေးခွန်းခြောက်လိုက်ရုံနဲ့ ချက်ချင်း ငါ့ကို လူယုတ်မာလက်ထဲထည့်ပေးလိုက်တာလေ...အရင်တုန်းကအကြောင်းကိုပြန်စဥ်းစားကြည့်ရင်လေ..ငါ့မှာ သူ့ကို လျှပ်စစ်ဂီတာဝယ်ပေးဖို့အတွက် မစားရက်မသောက်ရက်ချွေတာလိုက်ရတာ အခုမှ ကိုယ့်ဟာကိုယ် အရမ်းတုံးလွန်းနေတယ်လို့ ခံစားမိသွားပြီ...ငါ အခုမှပဲနားလည်သွားခဲ့တာ ယောက်ျားတွေဆိုတာကလေ..ကောင်းစားနေချိန်တော့ သာယာနေတာပဲ...ပြုတ်ကျလာတဲ့အချိန်ကျမှ စိတ်ရင်းတွေမြင်ရတာ..အလကား.."
ဝေ့ရှီက သက်ပြင်းတစ်ချက်ချလိုက်၏။
"ယောက်ျားတိုင်းက အဲ့လိုမျိုးမဟုတ်ပါဘူး...တကယ်စစ်မှန်တဲ့သူမျိုး မတွေ့သေးလို့ပါ.."
Coco က လှောင်ရယ်လိုက်ပြီး
"ဝေ့ရှီ.. ရှောင်ဝိန်ပြောဖူးတာကို နင်မှတ်မိသေးတာ..တစ်ခေါက်က ဝေ့ချိန်ပေါက်က သူ့ကို နောက်ခံအင်အားကောင်းတဲ့ယောက်ျားတစ်ယောက်ကို အဖော်လုပ်ပေးဖို့ ဟိုတယ်ကိုသွားခိုင်းတဲ့ကိစ္စလေ.."
ဝေ့ရှီက ခေါင်းငြိိမ့်ပြပြီး
"မှတ်မိတယ်..အဲ့တုန်းက အခန်းထဲဝင်သွားတဲ့အချိန် ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ အဲ့ယောက်ျားရဲ့အမျိုးသမီးနဲ့ကလေးကို တွေ့လိုက်တာမလား...သူက ထွက်သွားချင်ပေမယ့် အဲ့လူက ရေချိုးခန်းထဲဆွဲခေါ်သွားတာလေ...ရေချိုးခန်းမှာ ဟိုကိစ္စနဲ့လုပ်နေတဲ့တစ်လျှောက်လုံး သူ့ခမျာ အသံလုံးဝမထွက်ရဲလို့ တစ်မိနစ်က တစ်သက်စာနီးပါးကိုကြာနေခဲ့တာလေ.."
"နင်စဥ်းစားကြည့်...ငါဆိုကြားကြာားချင်းတုန်းက တကယ်အသွားတာ..ယောက်ျားတစ်ယောက်ကကွာ မိန်းမနဲ့ကလေးကို အပြင်မှာသိပ်ပြီး နံရံတစ်ချပ်စာလေးပဲခြားတဲ့နေရာမျိုးမှာ ကောင်မလေးခေါ်ပြီး sex လုပ်တာလေ...ဒါကို ဘာလို့ လူတိုင်းက မိန်းကလေးရဲ့အပြစ်လို့ပဲမြင်ကြတာလဲ?.."
ဝေ့ရှီက သူမ၏မေးခွန်းကြောင့် ပြောစရာစကားမဲ့ကာတိတ်ဆိတ်သွားခဲ့၏။နှင်းပွင့်များ နောက်တစ်ကြိမ်ကျလာပြီဖြစ်ကာ လေညှင်းနှင့်အတူပျံဝဲနေသည့် နှင်းချပ်လွှာလေးများက နွေရာသီတွင်ပွင့်သည့် ကြောင်မြီးသစ်ခွပန်းလေးများအလား။
အချိန်တစ်ခုအတွင်း Coco ရော ဝေ့ရှီပါ ပြောစရာစကားများရှိနေပါသည့်တိုင် ပြောမထွက်နိုင်အောင် တိတ်ဆိတ်နေခဲ့၏။
သို့သော်လည်း သိပ်မကြာလိုက်ပါဘဲနှင့် Coco က ဒူးနှစ်ဖက်ကို လက်ဖြင့်ပွေ့ပိုက်လိုက်ရင်း ကလေးတစ်ယောက်လို တိုးတိုးဖျဖျဆိုလာခဲ့၏။
"ဝေ့ရှီ...နင် ငါ့အတွက်ဝမ်းနည်းပေးနေဖို့မလိုပါဘူးဟာ..တကယ်တမ်း တွေးကြည့်လိုက်တော့လည်း အဆင်မပြေဖြစ်နေမျိုးမဟုတ်ပါဘူး...ငါ အခု သူ့ဗီလာမှာနေခွင့်ရတယ်လေ ဒီလောက်ကြီးတဲ့အိမ်ကြီး ငါတစ်ခါမှ မတွေးကြည့်ဖူးတဲ့အခန်းကျယ်ကြီးတွေထဲမှာပေါ့...ဝေ့ချိန်ပေါက် ပြောလိုက်တဲ့စကားတစ်ခွန်းက မှန်သား...အမျိုးသမီးတွေက အမျိုးသားတွေအတွက်မွေးလာတာတဲ့...Mark နဲ့ပဲဖြစ်ဖြစ် အခြားယောက်ျားတစ်ယောက်နဲ့ပဲဖြစ်ဖြစ် ဘာများ ကွာသွားမှာမလို့လဲ...Mark ကတောင် အဲ့လူတွေထက်ပိုဆိုးနေသလားလို့...ငါ ဒီလောက် သူ့အပေါ်ကိုကောင်းပေးခဲ့တာတောင်မှ ငါ့ကို ဒီလိုထားပစ်ခဲ့သေးတာလေ...ယောက်ျားတွေ အားလုံးက တစ်ပုံစံတည်းပါပဲလေ....သည်းခံ...သည်းခံပြီးရင် ပြီးသွားမှာပါ...ဘာမှ ခက်ခဲနေတာမှမဟုတ်ဘဲ..."
Coco က ပြောနေရင်းဖြင့် လက်ချောင်းထိပ်ကို သွေးထွက်လာသည်အထိ ကိုက်ဖောက်ပစ်လိုက်၏။
ဝေ့ရှီက သူမအား ဗလာသက်သက်ငေးကြည့်နေမိကာ ရုတ်တရက် ကြောက်စရာကောင်းပြီးဆိုးရွားလွန်းသည့် ထိုညဆီသို့ ပြန်ရောက်သွားခဲ့မိ၏။ရွမ်ရှောက်နန်၏အိပ်ရာထက်တွင် အကူအညီမဲ့စွာ လှဲလျောင်းနေရပြီး ငိုကြွေးကာ သွေးအလိမ်းလိမ်းဖြစ်နေပါသည့်တိုင် ယခုလိုအတိုင်း နိမ့်ချပြီးသည်းခံနေခဲ့ရ၏။
အချိန်နှင့်တည်နေရာများက မြင်ကွင်းပုံရိပ်အတွင်း တဖျက်ဖျက်ပြောင်းလဲသွားကာ အတိတ်ရှိမှတ်ဥာဏ်များက တဖန်ပြန်လည်မြင်လာမိ၏။မတူညီသောမြင်ကွင်း မတူညီသောအသံများထဲတွင် အမြဲတစေ မပြောင်းမလဲတည်ရှိနေသည့်ပုံရိပ်ယောင်တစ်ခုသည်က ကြောက်လန့်နှင့်နေပြီးသောမျက်ဝန်းတစ်စုံပင်ဖြစ်၏။
ဝေ့ရှီ..သေချာပေါက် စကားနားထောင်ရမယ်နော်...စကားနားထောင်မှ ထမင်းစားဖို့ရှိမှာ..နေဖို့ နေရာရှိမှာ..ကိုကို မမတွေက သဘောမကောင်းဘူးဆိုပေမယ့် အပြင်ကလူတွေကရော သူတို့ထက်မဆိုးလို့လား...အပြင်ကလူတွေဆို ဆဲရုံ ရိုက်ရုံနဲ့မကဘူး နင့်ကိုပါ အနိုင်ကျင့်သွားမှာ...ဝေ့ရှီ...မြဲမြဲမှတ်ထား...ငါတို့က မိန်းမသားတွေ...အစွမ်းအစမရှိတဲ့မိန်းမသားတိုင်းက ယောက်ျားတွေအနိုင်ကျင့်တာခံနေရမှာပဲ...ငါတို့သာ စကားနားထောင်နေရင် သူတို့ကို ကလန်ကဆန်မလုပ်ရင်...အငတ်မနေရဘူး အရိုက်မခံရဘူး...နေ့ရက်တွေကို ကောင်းကောင်းဖြတ်သန်းနေရမှာ...သည်းခံ...သည်းခံနေသ၍ အဆင်ပြေနေမှာ...
မျက်ဝန်းရှေ့တွင် စကားပြောနေသည့်သူက မည်သူနည်း။အဲ့နှစ်တွေတုန်းက သူမကိုပွေ့ဖက်ပြီး ဒီစကားများကို ပြောခဲ့သည့်သူက မည်သူများနည်း။
အဲ့နှစ်တွေတုန်းက သူမ တကယ်ကို စကားနားထောင်ပေးခဲ့ပါသည်။မေမေပြောထားသည့် သည်းခံဆိုသည့်စကားအတိုင်း သည်းခံပေးခဲ့ပါသည်။မေမေပြောခဲ့သည့် ဘယ်လို သည်းခံပါဆိုသည့်အတိုင်း ဘယ်လိုဖြစ်အောင်ထိ သည်းခံပေးခဲ့ပါသည်။သို့သော် အဆုံးတွင် သူမအား သည်းခံထားရန်ပြောခဲ့သည်သူက သည်းမခံနိုင်တော့ခြင်း မဟုတ်ပါလား။ဤမျှ အင်အားနည်းပြီးကြောက်တတ်လွန်းသည့်သူက ခင်ပွန်းဖြစ်သူ၏အိပ်ရာထက်တွင် ခဲတံချွန်သည့်ဓါးဖြင့် သွေးကြောကိုဖြတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ပစ်ခဲ့သည် မဟုတ်ပါလား။
ဝေ့ရှီက ဒဏ်ရာကိုတွေ့လိုက်သည့်အချိန်တွင် အရေပြားများပွင့်ထွက်နေပြီး အသားစများက ကွဲထွက်နေပြီဖြစ်သည်။ခဲတံချွန်သည့်ဓါးက အလွန်ကိုမှသေးသေးလေးဖြစ်ရာ တစ်နေရာတည်းကို အကြိမ်ရေများစွာ လှီးဖြတ်ပစ်မှ ဤသို့အောင်မြင်သွားမည်ဖြစ်သည်။ဝေ့ရှီအတွက် တကယ်ကိုမတွေးနိုင်တော့ခြင်းဖြစ်၏။အမြဲတမ်းကြောက်လန့်နေတတ်ပြီး လုအိမ်တော်မှလူများအားလုံးရှေ့တွင် မျက်နှာမမော့ရဲလောက်အောင်ကို နေခဲ့သည့် အမေဖြစ်သူ၏လုပ်ရပ်အား တကယ်နားမလည်နိုင်တော့ပေ။အဘယ်သို့သော် စိတ်ဝေဒနာများက ဘဝကိုအဆုံးသတ်ပစ်လိုက်အောင်အထိ လှုံ့ဆော်ပေးလိုက်ကြောင်းကိုလည်း တကယ်မသိခဲ့ရိုးပါ။
'သည်းခံနိုင်စွမ်းထက် ကျော်လွန်ပြီး ထပ်၍ညည်းမခံနိုင်တော့သောကြောင့်' နောက်ဆုံးသောလမ်းတစ်ခုကို လျှောက်သွားခြင်းလော။
ဟုတ်ပါ၏။ သူမ၏ သနားစရာကောင်းသည့်မေမေက ထပ်၍သည်းခံပေးစရာမလိုတော့ဘဲ လွှတ်မြှောက်သွားခဲ့ပြီဖြစ်၏။ဤအရမ်းကိုပျော်စရာကောင်းသည့်လောကကြီးနှင့် ရင်ဆိုင်ရန် သူမတစ်ယောက်တည်းသာ ချန်ထားရစ်ခဲ့လေ၏။
ဝေ့ရှီက ခေါင်းမော့လိုက်ပြီး မှိန်ပျပျမီးရောင်အောက်မှ မြင်ရသည့် ထောင်ပေါင်းများစွာသောအိမ်ခြေတို့ကို လှမ်း၍ကြည့်လိုက်၏။ဤတောက်ပနေသည့်လောကကြီး၏ အလွန်တွင်ရှိနေသော သီးခြားဖြစ်နေလောက်မည့်နေရာတစ်ခုဆီသို့ ငေးကြည့်ရင်း
"သည်းခံ?...မေမေကရော ဘယ်နေရာမှာသည်းခံခဲ့လို့လဲ?...ကံရောအသက်ကိုရော သူများလက်ထဲထည့်ပေးထားနေရတာကို ဘယ်လိုမျိုးသည်းခံရမှာလဲ?...ကိုယ့်အနာဂတ်ကိုတောင် ရွေးချယ်ခွင့်မရှိတဲ့ဘဝမျိုးမှာ ဘယ်နေရာသွားပြီး သည်းခံရမှာလဲ?...သိရဲ့လား...သည်းခံတဲ့နေရာမှာလည်း ဇွဲရှိဖို့ လိုသေးတယ်ဆိုတာ သိရဲ့လား...အဲ့ဒီ လူလေးစားခံပြီးနောက်လိုက်တွေများတဲ့လူတစ်သိုက်ကာ မိုးပေါ်တက်မလား မြေကြီးထဲဝင်မလားတောင် ပျော်ပျော်ရွှင်ရွှင်ဆုံးဖြတ်နေကြတာကို ဘယ်လိုများသည်းခံပေးနေရမှာလဲ..."
ကိုယ့်ဘာသာကိုယ်လှည့်စားနေတယ်လို့ပဲ သဘောထားလိုက်ပါလေ...
Cocoက အံ့သြသွားသလိုကြည့်လာပြီးနောက် ဝေ့ရှီ၏ပုခုံးထက်တွင် ခေါင်းကိုအပ်လိုက်ပြီး ခါးခါးသီးသီးငိုကြွေးလာခဲ့၏။သို့သော်လည်း အသံအကျယ်ကြီးထွက်အောင် ငိုနေခြင်းမျိုးမဟုတ်ဘဲ ကလေးတစ်ယောက်က ရှိုက်ရှိုက်ပြီးငိုကြွေးနေသလိုသာဖြစ်၏။
"ဝေ့ရှီ...တကယ်လို့များတစ်နေ့ကျ ငါသေသွားခဲ့ရင်...နင် ငါ့ရဲ့အလောင်းကို လာကောက်ပေးနိုင်မလား...ရှောင်ဝိန်ကို ကူညီပေးခဲ့သလိုမျိုးလေ...ငါ..ငါ နာမည်မရှိဘဲသေသွားခဲ့ရင် သရဲတစ္ဆေဖြစ်သွားမှာ..ငါ မဖြစ်ချင်ဘူး..."
ဝေ့ရှီက သူမအားပွေ့ဖက်လိုက်ပြီး ခပ်ဖွဖွလေးပြုံး၍
"တကယ်လို့ ငါ အသက်ရှင်နေသေးရင်...သေချာပေါက် ကူညီပေးမှာပါ..တကယ်လို့ ငါ သေသွားခဲ့ရင် ရူဖေးက ကူညီပေးမှာပေါ့...တကယ်လို့သာ ငါတို့အားလုံးသေသွားမယ်ဆိုရင်တော့ အားလုံးက သရဲတစ္ဆေလေးတွေဖြစ်သွားကြပြီး နင်တစ်ယောက်တည်းကြောက်နေစရာမလိုတော့ဘူးလေ...ငရဲရောက်သွားတယ်ဆိုရင်တောင်မှ...ငါတို့အားလုံး နင့်ကို အဖော်လုပ်ပေးနေမှာ..."
Coco က မသိမသာလေးတုန်ယင်နေကာ မျက်ရည်များဝေ့ဝဲနေသည့် မျက်ဝန်းများဖြင့်မော့ကြည့်လာပြီး
"ဝေ့ရှီ...နင်ပြောကြည့်...ငရဲဆိုတာ တကယ်ရှိလား.."
"ငရဲ?.."
ဝေ့ရှီက အဝေးတစ်နေရာဆီသို့လှမ်းကြည့်လိုက်ပြီး မျက်ဝန်းရှေ့တွင်ပိတ်ကာရပ်နေသည့် အမှောင်ထုကြီးကို ကျော်လွန်သွားပြီး တကယ့်လောကကြီးတစ်ခုကို ရှာဖွေတွေ့မြင်ချင်သည့်အလား ငေးမောလိုက်၏။
"ငါလည်းမသိဘူး...ဒီနေရာက ဘယ်လိုနေရာလဲ?...ငရဲဆိုတာကရော ဘယ်လိုနေရာလဲ?...ငါတို့ကရော ဘယ်နေရာမှာရှိနေတာလဲ?..ငါလည်း သေသေချာချာမသိဘူး..."
*********************
~~Zawgyi~~
သည္းခံနိုင္စြမ္းထက္ေက်ာ္လြန္းၿပီး ထပ္၍သည္းမခံနိုင္ျခင္း
ပင္လယ္ကမ္းစပ္ၿမိဳ႕ျဖစ္သျဖင့္ ႏွင္းပြင့္မ်ားက လမ္းမထက္တြင္ၾကာၾကာရွိမေနနိုင္ပါ။အရည္ေပ်ာ္လုနီးနီးျဖစ္သည့္ ႏွင္းစက္ရည္မ်ားက ကားဘီးရာမ်ားျဖစ္သြားခဲ့ရ၏။
Alluring ၏မီးလင္းဆိုင္းဘုတ္ထက္တြင္ အနည္းငယ္တင္က်န္ရစ္ေနခဲ့သည့္ ႏွင္းစက္ရည္မ်ားရွိေနေသးသျဖင့္ ေဝ့ရွီက ခပ္ေသးေသးတံျမက္စည္းတစ္ေခ်ာင္းကိုယူၿပီး သန့္ရွင္းေနေလ၏။
ညဘက္တြင္တိုက္လာသည့္ေလညွင္းက ခ်မ္းစိမ့္စိမ့္ျဖစ္ကာ ေဝ့ရွီက ယူနီေဖာင္းေကာ္လံကိုဆြဲတင္ၿပီး နီရဲေအးစက္ေနသည့္လက္ေခ်ာင္းမ်ားကို အနည္းငယ္ႏြေးေထြးလာေစလိုျငား ပါးစပ္နားကပ္၍ အာေငြ႕ေပးလိုက္၏။
သတ္မွတ္ထားသည့္ အလုပ္စခါနီးအခ်ိန္လည္း ေရာက္ၿပီျဖစ္သျဖင့္ ဤေနရာတြင္ အလုပ္လုပ္ၾကသည့္ေကာင္မေလးက ေရွ႕ဆင့္ေနာက္ဆင့္အသီးသီးေရာက္လာၾက၏။အေရာင္အေသြးစုံလွသည့္ေရသူမေလးမ်ား ျဖတ္သြားတိုင္း မတူညီသည့္ေမႊးရနံ႕မ်ားႏွင့္ ကြဲျပားသည့္ျပင္ဆင္ပုံအလွမ်ားကို ခံစားၾကည့္လိုက္ရ၏။
လူေတာ္ေတာ္မ်ားမ်ားေျပာၾကသည့္စကားတစ္ခြန္းက Alluring တြင္အလုပ္လုပ္သည့္ေကာင္မေလးေတာ္ေတာ္မ်ားမ်ားက Mercedes-Benz , BMW တို႔ျဖင့္ အလုပ္လာသည့္အေၾကာင္းျဖစ္သည္။စစခ်င္းၾကားဖူးသည့္အခါက ေဝ့ရွီအေနျဖင့္ ျမႇောက္စားေျပာဆိုေနသည္ဟုသာ ထင္ခဲ့ဖူးသည္။ဤေနရာတြင္ အလုပ္လုပ္ခ်ိန္ၾကာျမင့္လာၿပီးေနာက္မွ အျပင္ဘက္တြင္ေျပာေနၾကသည့္အတင္းအဖ်င္းမ်ားက မွန္ကန္ေနေၾကာင္းကို ယုံၾကည္သြားခဲ့၏။အခ်ိဳ႕က နာမည္ႀကီးကားမ်ားေပၚမွ ဆင္းလာၾကၿပီး အခ်ိဳ႕က ကိုယ္တိုင္ေမာင္းလာၾကသည္အထိ။
ဒီေနရာရွိေကာင္မေလး၏ ဝင္ေငြက ပမာဏမ်ားလြန္းသည့္အထဲတြင္လည္းပါသလို သုံးျဖဳန္းသည့္ေနရာတြင္လည္း အတူတူျဖစ္၏။ေတာ္ေတာ္မ်ားမ်ားက နာမည္ႀကီးတံဆိပ္မ်ားသုံးစြဲရသည္ကို အ႐ူးအမူးစြဲလမ္းၾကသည္ဟုဆိုရမည္။Cartier နာရီ၊ LV အိတ္၊ Chanel ေရေမႊး၊ Lancome တံဆိပ္မိတ္ကပ္ စသည့္စသည့္တို႔ျဖင့္ အၿပိဳင္အဆိုင္။ေခါင္းအစေျခအဆုံးဝတ္ထားသည့္ဝတ္စုံမ်ားကလည္း နာမည္ႀကီးတံဆိပ္မ်ားသာျဖစ္ရာ မည္သို႔နည္းလမ္းႏွင့္မ်ား ကားဝယ္ရန္အတြက္ အပိုေငြက်န္ေနပါေသးသနည္း။
နာမည္ႀကီးဇိမ္ခံတံဆိပ္မ်ားကိုဝယ္မသုံးပါဘဲႏွင့္ အျခားနည္းလမ္းျဖင့္ ပိုက္ဆံကို ေရလိုသုံးသည့္သူမ်ားက သပ္သပ္ရွိပါေသးသည္။မည္သည့္ေနရာတြင္ အသုံးျပဳလိုက္ၾကသနည္း? တျဖည္းျဖည္းပိန္သြားေသာခႏၶာကိုယ္ႏွင့္ ၾကာေလ ေမာပန္းေလေပါက္ေနသည့္မ်က္ႏွာကိုၾကည့္ျခင္းျဖင့္ ေမးခြန္းေမးစရာမလိုေတာ့ေလာက္ေပ။
အမွန္တြင္ ဤလမ္းမကိုေ႐ြးခ်ယ္လိုက္ကတည္းက ဘယ္ဆီဘယ္ဝယ္သို႔မသိဘဲ အေရွ႕တည့္တည့္ကိုသာေလွ်ာက္ေနရမည္ျဖစ္ၿပီး ေနာက္ျပန္လွည့္စရာဟူ၍ဗလာနတၳိ။
ႏွင္းစက္ရည္မ်ားကို လွည္းက်င္းၿပီးျဖစ္သျဖင့္ ေဝ့ရွီက ပစၥည္းမ်ားကိုသိမ္းၿပီး အထဲသို႔ဝင္ရန္ျပင္လိုက္၏။႐ုတ္တရက္ အနက္ေရာင္ Rolls-Royce ကားတစ္စင္းက Alluring ေရွ႕တည့္တည့္တြင္ထိုးရပ္သြား၏။
ဒီအရာက အထူးအဆန္းမဟုတ္။Alluring ၏ ကားပါကင္ေနရာက အေကာင္းဆုံးေနရာတစ္ခုဟုေျပာရမည့္အျပင္ ကားရပ္ေပးသည့္ဝန္ေဆာင္မႈလည္းရွိ၏။ထူးဆန္းသြားသည့္အရာက ကားေပၚမွဆင္းလာသည့္သူေၾကာင့္ျဖစ္၏။
"Coco.." ေဝ့ရွီက ေအာ္ေခၚလိုက္၏။
ေဝ့ရွီ၏ေခၚသံေၾကာင့္ လွည့္ၾကည့္လာသည့္ Coco ၏မ်က္ႏွာထက္တြင္ မည္သည့္အမူအရာမ်ိဳးမွမရွိ။ေဘးတြင္ပါလာသည့္ေယာက္်ား၏လက္က သူမ၏ပုခုံးေပၚတင္ထားၿပီး မ်က္ႏွာကိုတစ္ခ်က္နမ္းရွိုက္လိုက္ၿပီးမွ လႊတ္ေပးလာ၏။
Coco က တစ္ဖက္သို႔လွည့္ၿပီး ထိုေယာက္်ားအား လက္ရမ္းျပေနကာ ေဝ့ရွီကိုေက်ာေပးသလိုျဖစ္သျဖင့္ Coco ၏မ်က္ႏွာကို မျမင္ရေတာ့ေပ။
သို႔ေသာ္ ျပန္လွည့္ၿပီးေလွ်ာက္လာခဲ့သည့္ Coco ၏မ်က္ႏွာထက္တြင္ ေဝ့ရွီအား ႏႈတ္ဆက္လိုျခင္းအလ်င္းမရွိ။ေဝ့ရွီက တစ္ခုခုေျပာခ်င္ေနပါသည့္ လည္သာဖိနပ္အရွည္ကိုစီးထားသည့္ဖိနပ္လွလွေလးပိုင္ရွင္က ႏွင္းစက္ရည္မ်ားႏွင့္ေရာေနသည့္႐ႊံ႕မ်ားကိုနင္းၿပီး မသိခ်င္ေယာင္ေဆာင္၍ျဖတ္သြားခဲ့၏။
အရင္ရက္ေတြတုန္းကေတာင္ အေကာင္းႀကီးရွိပါေသးတယ္။ဒီေန႕မွ ဘာျဖစ္သြားတာလဲ။
ေဝ့ရွီက အထူးအတန္းျဖင့္သာ လိုက္ၾကည့္ေနမိ၏။ဝိုင္ပုလင္းမ်ားကိုသြားယူသည့္ bar ဘက္သို႔ေရာက္သည့္အခိုက္ အားဖန္ကိုေတြ႕ကာ မေမးဘဲမေနနိုင္ေတာ့သျဖင့္
"Coco က ဘာျဖစ္ေနတာလဲ"
အားဖန္က Cocoတီးေနသည့္ Dj စတိတ္ဘက္ကိုလွမ္းၾကည့္လိုက္ၿပီး
"ဘာမွမဟုတ္ပါဘူး..အခုတေလာတီးေနတဲ့ သီခ်င္းေတြကရိုးေနၿပီေလ...အျခားပုံစံေျပာင္းဖို႔ ငါအရင္ကတည္းကေျပာေနတာ...ေနာက္ပိုင္းဧည့္သည္ေတြက ရိုးကုန္လိမ့္မယ္လို႔ေျပာတာကို နားမေထာင္ဘူးေလ.."
"ငါေမးေနတာက အဲ့ဒါမဟုတ္ဘူး..ငါ ဒီေန႕ သူ႕ကို 'သခင္ေလးခ်န္' လိုက္ပို႔တာေတြ႕လိုက္လို႔...အဲ့ဒါက ဘယ္လိုျဖစ္ၾကတာလဲ.."
"ေအာ္..."
အားဖန္က ႏႈတ္ခမ္းကိုတြန့္ေကြးၿပီး
"ဒါကိုေတာ့ သူ႕ကိုပဲ သြားေမးလိုက္ပါလား...ဒါေပမယ့္ငါၾကားတာကေလ...ဒီေန႕ၿပီးရင္ သူ အလုပ္ဆက္မလုပ္ေတာ့ဘူးတဲ့"
ေဝ့ရွီက ပို၍ အံ့ၾသသြားရ၏။
Coco ၏ မၾကည္မလင္ျဖစ္ေနသည့္မ်က္ႏွာအမူအရာေၾကာင့္ တစ္ေန႕လုံးနီးပါးစိတ္ထဲတြင္ မအီမသာျဖစ္ေနရသည့္အျပင္ အားဖန္၏မခ်ိဳမခ်ဥ္လုပ္ျပသြားသည့္ပုံစံေၾကာင့္ပါ ဤကိစၥအား ပို၍အာ႐ုံစိုက္ေနမိ၏။
အမွိုက္ထုတ္ကို မီးျပင္းဖိုထဲထည့္ၿပီးမီးရွို႔ရန္ျပင္လိုက္သည့္အခိုက္ လက္ထဲတြင္ ကိုင္ထားသည့္မီးျခစ္ကပင္ အခ်ိဳးမေျပသည့္အလား မီးညွိ၍မရနိုင္ျဖစ္ေန၏။ထို႔ေၾကာင့္ မီးျခစ္ေနာက္တစ္လုံးသြားရွာရန္ အေနာက္ဘက္သို႔လွည့္လိုက္ခ်ိန္တြင္ သူမအား တံခါးဝတြင္ရပ္ၿပီး မမွိန္မေတြ စိုက္ၾကည့္ေနသည့္ Coco ႏွင့္ဆုံေလ၏။
ႏွစ္ေယာက္သား စြန့္ပစ္ထားေသာ ဘတ္စကတ္ေဘာကြင္းေဟာင္းဘက္သို႔ေလွ်ာက္သြားခဲ့ၿပီး အေရွ႕တြင္ရွိသည့္တရား႐ုံးေဟာင္းတစ္ခုကိုေငးၾကည့္ေန၏။ဤေနရာက ေမွာင္မိုက္သည့္အျပင္ သီးသန့္ျဖစ္လြန္းသည့္ေနရာတစ္ခုဆိုလည္းမမွား။
"နင္ မေသာက္ေတာ့ဘူးလား"
Coco က လက္ထဲတြင္ကိုင္ထားသည့္ ဘီယာဘူးကိုလႈပ္ျပ၏။
"ေတာ္ၿပီ...ငါ ေရပဲေသာက္ေတာ့မယ္...ေဆး႐ုံဆင္းလာတာမၾကာေသးေတာ့ ခပ္ျပင္းျပင္းေတြ မေသာက္ရဲေသးဘူး.."
Cocoက ေဝ့ရွီဘက္သို႔ ေစာင္းၾကည့္လာၿပီး ခပ္ေရးေရးေလးၿပဳံး၍
"ေဝ့ရွီ...တစ္ခါတစ္ေလက်ရင္ေလ...ငါနင့္ကို အရမ္းအားက်မိတယ္...နင္ပုံစံက တစ္ခ်ိန္လုံး ဘာဆိုဘာမွ မမက္ေမာေနသလိုပဲ...ဒီလိုေနရာမ်ိဳးမွာ ဒီလိုလူမ်ိဳးေတြၾကားမွာ ဘယ္လိုမ်ား ေနနိုင္တတ္လိုက္တာလဲ..."
ေဝ့ရွီက ေရတစ္ငုံေသာက္လိုက္ၿပီး
"လူတိုင္းမွာ မက္ေမာၿပီးေမွ်ာ္လင့္ေနတဲ့အရာမ်ိဳးရွိပါတယ္ဟာ...ငါ ေမွ်ာ္လင့္ေနတဲ့အရာက နင္တို႔နဲ႕မတူ႐ုံေလးပါ.."
"ဘယ္နားေလးက မတူတာလဲ"
"နင္တို႔ ေမွ်ာ္လင့္ေနတဲ့အရာမ်ိဳးက ျမင္ေနရတဲ့ ေျဖရွင္းလိုက္လို႔ရတဲ့ အရာမ်ိဳးျဖစ္ခ်င္ျဖစ္ေနမွာ...ငါ့မက္ေမာေမွ်ာ္လင့္ေနတဲ့အရာကေတာ့ ျမင္လည္းမျမင္နိုင္ဘူး...ထိေတြ႕လို႔လည္းမရဘူး...ငါ့ရဲ႕ႏွလုံးသားထဲမွာပဲ တိတ္တိတ္ေလးရွိေနတဲ့အရာမ်ိဳးေလး..."
Cocoက ဟားတိုက္သလိုရယ္လိုက္ၿပီး
"ေဝ့ရွီ...ငါ့ကို ေမးစရာမရွိဘူးလား.."
ေဝ့ရွီက မ်က္ဝန္းအေရွ႕ရွိ လွပသည့္မ်က္ႏွာေလးကိုၾကည့္လိုက္၏။ဟုတ္ပါ၏။ေဝ့ရွီတြင္ ေမးစရာေမးခြန္းမ်ား တကယ္ကိုရွိေနခဲ့သည္ျဖစ္ရာ
"Coco...နင္သိေလာက္မွာပါ..အဲ့ဒီေယာက္်ားက ဘယ္လိုလူမ်ိဳးလဲဆိုတာေလ...ဒီေနရာမွာရွိတဲ့ေကာင္မေလး ဘယ္ႏွေယာက္ေလာက္ေတာင္မွ သူ ဖ်က္ဆီးတာကို ခံရၿပီးၿပီလဲ...အရင္တစ္ေခါက္က အႏုပညာေကာလိပ္ကေက်ာင္းသူေလး...ေနာက္ဆုံးဘယ္လိုျဖစ္သြားလဲဆိုတာ နင္မသိလိုက္လို႔လား..."
"ငါသိတယ္...အဲ့ဒီ သခင္ေလးခ်န္အေၾကာင္းကို...သူ႕ရဲ႕ အကြက္ေတြကိုမသိတဲ့သူ ဘယ္သူရွိေသးလို႔လဲ...အရင္ဆုံး လက္ဝတ္ရတနာေတြဝယ္ေပးၿပီး ေကာင္းကင္ေပၚေရာက္ေအာင္ထိ ပစားျပမယ္..ေစ်းႀကီးတဲ့အစားအေသာက္ေတြ အဝတ္အစားေတြဝယ္ေပးမယ္...တစ္ဖက္လူက အဲ့ဒါေတြအေပၚအသားက်ၿပီး ရစ္မူးတဲ့အခ်ိန္ သူလည္း ကစားလို႔ဝေလာက္ေရာ..လမ္းခြဲတဲ့အခါက ဘာကိုမွ မယူသြားခိုင္းဘဲ ႏွင္လႊတ္မွာေလ..မေတာ္တဆမ်ားတစ္ခုခုကို စိတ္တိုင္းမက်ရင္ ေဘာ္ဒီဂတ္ေတြကိုရိုက္ခိုင္းဦးမွာ...အဲ့ေကာင္မေလးေတာင္ သူ႕ေၾကာင့္ ႏွာရိုးက်ိဳးသြားတာမလား..အရင္ရက္ေတြကေတာင္ ငါသတင္းၾကားလိုက္ေသးတယ္...အဲ့ေကာင္မေလးကို တစ္လမ္းေက်ာ္က အႏွိပ္ခန္းမွာေတြ႕လိုက္ေသးတယ္တဲ့.."
ေဝ့ရွီက စိတ္မသက္မသာျဖစ္သြားသည့္ဟန္ျဖင့္ ၾကည့္လာၿပီး
"နင္သိရဲ႕သားနဲ႕.. ဘာလို႔...."
Coco က ေဝ့ရွီ၏စကားကိုျဖတ္ေျပာလိုက္၍
"ငါလုပ္ခ်င္တယ္လို႔မ်ား ထင္ေနတာလား.."
Coco ကေခါင္းငုံ႕သြားသျဖင့္ ရွည္လ်ားသည့္မ်က္ေတာင္မ်ားက မ်က္ဝန္းအိမ္ကို မသိမသာေလးဖုံးထားေပး၏။
"ေဝ့ခ်ိန္ေပါက္ရဲ႕စကားေၾကာင့္...တကယ္လို႔ ငါလက္မခံရင္ တစ္ခ်ိန္လုံး မ်က္ႏွာမေဖာ္နိုင္ေအာင္လုပ္မွာတဲ့...ေဝ့ရွီ..ငါက နင့္လိုမဟုတ္ဘူးေလ...ငါ တကၠသိုလ္လည္းမတက္နိုင္သလို ပန္းခ်ီေတြလည္းမဆြဲတတ္ဘူး...အထူးသျဖင့္ ငါ့အနားမွာေသအတူရွင္မကြာရွိေနေပးမယ့္ ႐ူေဖးလိုသူငယ္ခ်င္းမ်ိဳးလည္း မရွိဘူးေလ...Dj တီးတတ္တာက လြဲလို႔ တျခားဘာမွမလုပ္တတ္ဘူး..ငါ့လိုမိန္းကေလးတစ္ေယာက္ထဲ ေနာက္ခံအင္အားလည္းမရွိ မွီခိုလို႔ရမယ့္သူလည္းမရွိ သူငယ္ခ်င္းလည္းမရွိဘဲနဲ႕ တျခားဘာမ်ား လုပ္နိုင္ဦးမွာမလို႔လဲ..."
ေဝ့ရွီက ၿငိမ္သက္၍နားေထာင္ေပးေနခဲ့ၿပီးမွ ေျဖးေျဖးခ်င္းေမးလာခဲ့၏။
"Mark ကေရာ ဒီကိစၥကို ဘာမွဝင္မေျပာဘူးလား.."
"ဟား.."
Coco က တစ္ခ်က္ရယ္ေမာလိုက္ၿပီး
"သူလား?...ေဝ့ခ်ိန္ေပါက္က သုံးေလးခြန္းေျခာက္လိုက္႐ုံနဲ႕ ခ်က္ခ်င္း ငါ့ကို လူယုတ္မာလက္ထဲထည့္ေပးလိုက္တာေလ...အရင္တုန္းကအေၾကာင္းကိုျပန္စဥ္းစားၾကည့္ရင္ေလ..ငါ့မွာ သူ႕ကို လွ်ပ္စစ္ဂီတာဝယ္ေပးဖို႔အတြက္ မစားရက္မေသာက္ရက္ေခြၽတာလိုက္ရတာ အခုမွ ကိုယ့္ဟာကိုယ္ အရမ္းတုံးလြန္းေနတယ္လို႔ ခံစားမိသြားၿပီ...ငါ အခုမွပဲနားလည္သြားခဲ့တာ ေယာက္်ားေတြဆိုတာကေလ..ေကာင္းစားေနခ်ိန္ေတာ့ သာယာေနတာပဲ...ျပဳတ္က်လာတဲ့အခ်ိန္က်မွ စိတ္ရင္းေတြျမင္ရတာ..အလကား.."
ေဝ့ရွီက သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။
"ေယာက္်ားတိုင္းက အဲ့လိုမ်ိဳးမဟုတ္ပါဘူး...တကယ္စစ္မွန္တဲ့သူမ်ိဳး မေတြ႕ေသးလို႔ပါ.."
Coco က ေလွာင္ရယ္လိုက္ၿပီး
"ေဝ့ရွီ.. ေရွာင္ဝိန္ေျပာဖူးတာကို နင္မွတ္မိေသးတာ..တစ္ေခါက္က ေဝ့ခ်ိန္ေပါက္က သူ႕ကို ေနာက္ခံအင္အားေကာင္းတဲ့ေယာက္်ားတစ္ေယာက္ကို အေဖာ္လုပ္ေပးဖို႔ ဟိုတယ္ကိုသြားခိုင္းတဲ့ကိစၥေလ.."
ေဝ့ရွီက ေခါင္းၿငိိမ့္ျပၿပီး
"မွတ္မိတယ္..အဲ့တုန္းက အခန္းထဲဝင္သြားတဲ့အခ်ိန္ ကုတင္ေပၚမွာအိပ္ေပ်ာ္ေနတဲ့ အဲ့ေယာက္်ားရဲ႕အမ်ိဳးသမီးနဲ႕ကေလးကို ေတြ႕လိုက္တာမလား...သူက ထြက္သြားခ်င္ေပမယ့္ အဲ့လူက ေရခ်ိဳးခန္းထဲဆြဲေခၚသြားတာေလ...ေရခ်ိဳးခန္းမွာ ဟိုကိစၥနဲ႕လုပ္ေနတဲ့တစ္ေလွ်ာက္လုံး သူ႕ခမ်ာ အသံလုံးဝမထြက္ရဲလို႔ တစ္မိနစ္က တစ္သက္စာနီးပါးကိုၾကာေနခဲ့တာေလ.."
"နင္စဥ္းစားၾကည့္...ငါဆိုကြားကြာားချင်းတုန်းက တကယ္အသြားတာ..ေယာက္်ားတစ္ေယာက္ကကြာ မိန္းမနဲ႕ကေလးကို အျပင္မွာသိပ္ၿပီး နံရံတစ္ခ်ပ္စာေလးပဲျခားတဲ့ေနရာမ်ိဳးမွာ ေကာင္မေလးေခၚၿပီး sex လုပ္တာေလ...ဒါကို ဘာလို႔ လူတိုင္းက မိန္းကေလးရဲ႕အျပစ္လို႔ပဲျမင္ၾကတာလဲ?.."
ေဝ့ရွီက သူမ၏ေမးခြန္းေၾကာင့္ ေျပာစရာစကားမဲ့ကာတိတ္ဆိတ္သြားခဲ့၏။ႏွင္းပြင့္မ်ား ေနာက္တစ္ႀကိမ္က်လာၿပီျဖစ္ကာ ေလညွင္းႏွင့္အတူပ်ံဝဲေနသည့္ ႏွင္းခ်ပ္လႊာေလးမ်ားက ႏြေရာသီတြင္ပြင့္သည့္ ေၾကာင္ၿမီးသစ္ခြပန္းေလးမ်ားအလား။
အခ်ိန္တစ္ခုအတြင္း Coco ေရာ ေဝ့ရွီပါ ေျပာစရာစကားမ်ားရွိေနပါသည့္တိုင္ ေျပာမထြက္နိုင္ေအာင္ တိတ္ဆိတ္ေနခဲ့၏။
သို႔ေသာ္လည္း သိပ္မၾကာလိုက္ပါဘဲႏွင့္ Coco က ဒူးႏွစ္ဖက္ကို လက္ျဖင့္ေပြ႕ပိုက္လိုက္ရင္း ကေလးတစ္ေယာက္လို တိုးတိုးဖ်ဖ်ဆိဳလာခဲ့၏။
"ေဝ့ရွီ...နင္ ငါ့အတြက္ဝမ္းနည္းေပးေနဖို႔မလိုပါဘူးဟာ..တကယ္တမ္း ေတြးၾကည့္လိုက္ေတာ့လည္း အဆင္မေျပျဖစ္ေနမ်ိဳးမဟုတ္ပါဘူး...ငါ အခု သူ႕ဗီလာမွာေနခြင့္ရတယ္ေလ ဒီေလာက္ႀကီးတဲ့အိမ္ႀကီး ငါတစ္ခါမွ မေတြးၾကည့္ဖူးတဲ့အခန္းက်ယ္ႀကီးေတြထဲမွာေပါ့...ေဝ့ခ်ိန္ေပါက္ ေျပာလိုက္တဲ့စကားတစ္ခြန္းက မွန္သား...အမ်ိဳးသမီးေတြက အမ်ိဳးသားေတြအတြက္ေမြးလာတာတဲ့...Mark နဲ႕ပဲျဖစ္ျဖစ္ အျခားေယာက္်ားတစ္ေယာက္နဲ႕ပဲျဖစ္ျဖစ္ ဘာမ်ား ကြာသြားမွာမလို႔လဲ...Mark ကေတာင္ အဲ့လူေတြထက္ပိုဆိုးေနသလားလို႔...ငါ ဒီေလာက္ သူ႕အေပၚကိုေကာင္းေပးခဲ့တာေတာင္မွ ငါ့ကို ဒီလိုထားပစ္ခဲ့ေသးတာေလ...ေယာက္်ားေတြ အားလုံးက တစ္ပုံစံတည္းပါပဲေလ....သည္းခံ...သည္းခံၿပီးရင္ ၿပီးသြားမွာပါ...ဘာမွ ခက္ခဲေနတာမွမဟုတ္ဘဲ..."
Coco က ေျပာေနရင္းျဖင့္ လက္ေခ်ာင္းထိပ္ကို ေသြးထြက္လာသည္အထိ ကိုက္ေဖာက္ပစ္လိုက္၏။
ေဝ့ရွီက သူမအား ဗလာသက္သက္ေငးၾကည့္ေနမိကာ ႐ုတ္တရက္ ေၾကာက္စရာေကာင္းၿပီးဆိုး႐ြားလြန္းသည့္ ထိုညဆီသို႔ ျပန္ေရာက္သြားခဲ့မိ၏။႐ြမ္ေရွာက္နန္၏အိပ္ရာထက္တြင္ အကူအညီမဲ့စြာ လွဲေလ်ာင္းေနရၿပီး ငိုေႂကြးကာ ေသြးအလိမ္းလိမ္းျဖစ္ေနပါသည့္တိုင္ ယခုလိုအတိုင္း နိမ့္ခ်ၿပီးသည္းခံေနခဲ့ရ၏။
အခ်ိန္ႏွင့္တည္ေနရာမ်ားက ျမင္ကြင္းပုံရိပ္အတြင္း တဖ်က္ဖ်က္ေျပာင္းလဲသြားကာ အတိတ္ရွိမွတ္ဥာဏ္မ်ားက တဖန္ျပန္လည္ျမင္လာမိ၏။မတူညီေသာျမင္ကြင္း မတူညီေသာအသံမ်ားထဲတြင္ အၿမဲတေစ မေျပာင္းမလဲတည္ရွိေနသည့္ပုံရိပ္ေယာင္တစ္ခုသည္က ေၾကာက္လန့္ႏွင့္ေနၿပီးေသာမ်က္ဝန္းတစ္စုံပင္ျဖစ္၏။
ေဝ့ရွီ..ေသခ်ာေပါက္ စကားနားေထာင္ရမယ္ေနာ္...စကားနားေထာင္မွ ထမင္းစားဖို႔ရွိမွာ..ေနဖို႔ ေနရာရွိမွာ..ကိုကို မမေတြက သေဘာမေကာင္းဘူးဆိုေပမယ့္ အျပင္ကလူေတြကေရာ သူတို႔ထက္မဆိုးလို႔လား...အျပင္ကလူေတြဆို ဆဲ႐ုံ ရိုက္႐ုံနဲ႕မကဘူး နင့္ကိုပါ အနိုင္က်င့္သြားမွာ...ေဝ့ရွီ...ၿမဲၿမဲမွတ္ထား...ငါတို႔က မိန္းမသားေတြ...အစြမ္းအစမရွိတဲ့မိန္းမသားတိုင္းက ေယာက္်ားေတြအနိုင္က်င့္တာခံေနရမွာပဲ...ငါတို႔သာ စကားနားေထာင္ေနရင္ သူတို႔ကို ကလန္ကဆန္မလုပ္ရင္...အငတ္မေနရဘူး အရိုက္မခံရဘူး...ေန႕ရက္ေတြကို ေကာင္းေကာင္းျဖတ္သန္းေနရမွာ...သည္းခံ...သည္းခံေနသ၍ အဆင္ေျပေနမွာ...
မ်က္ဝန္းေရွ႕တြင္ စကားေျပာေနသည့္သူက မည္သူနည္း။အဲ့ႏွစ္ေတြတုန္းက သူမကိုေပြ႕ဖက္ၿပီး ဒီစကားမ်ားကို ေျပာခဲ့သည့္သူက မည္သူမ်ားနည္း။
အဲ့ႏွစ္ေတြတုန္းက သူမ တကယ္ကို စကားနားေထာင္ေပးခဲ့ပါသည္။ေမေမေျပာထားသည့္ သည္းခံဆိုသည့္စကားအတိုင္း သည္းခံေပးခဲ့ပါသည္။ေမေမေျပာခဲ့သည့္ ဘယ္လို သည္းခံပါဆိုသည့္အတိုင္း ဘယ္လိုျဖစ္ေအာင္ထိ သည္းခံေပးခဲ့ပါသည္။သို႔ေသာ္ အဆုံးတြင္ သူမအား သည္းခံထားရန္ေျပာခဲ့သည္သူက သည္းမခံနိုင္ေတာ့ျခင္း မဟုတ္ပါလား။ဤမွ် အင္အားနည္းၿပီးေၾကာက္တတ္လြန္းသည့္သူက ခင္ပြန္းျဖစ္သူ၏အိပ္ရာထက္တြင္ ခဲတံခြၽန္သည့္ဓါးျဖင့္ ေသြးေၾကာကိုျဖတ္ၿပီး ကိုယ့္ကိုကိုယ္ အဆုံးစီရင္ပစ္ခဲ့သည္ မဟုတ္ပါလား။
ေဝ့ရွီက ဒဏ္ရာကိုေတြ႕လိုက္သည့္အခ်ိန္တြင္ အေရျပားမ်ားပြင့္ထြက္ေနၿပီး အသားစမ်ားက ကြဲထြက္ေနၿပီျဖစ္သည္။ခဲတံခြၽန္သည့္ဓါးက အလြန္ကိုမွေသးေသးေလးျဖစ္ရာ တစ္ေနရာတည္းကို အႀကိမ္ေရမ်ားစြာ လွီးျဖတ္ပစ္မွ ဤသို႔ေအာင္ျမင္သြားမည္ျဖစ္သည္။ေဝ့ရွီအတြက္ တကယ္ကိုမေတြးနိုင္ေတာ့ျခင္းျဖစ္၏။အၿမဲတမ္းေၾကာက္လန့္ေနတတ္ၿပီး လုအိမ္ေတာ္မွလူမ်ားအားလုံးေရွ႕တြင္ မ်က္ႏွာမေမာ့ရဲေလာက္ေအာင္ကို ေနခဲ့သည့္ အေမျဖစ္သူ၏လုပ္ရပ္အား တကယ္နားမလည္နိုင္ေတာ့ေပ။အဘယ္သို႔ေသာ္ စိတ္ေဝဒနာမ်ားက ဘဝကိုအဆုံးသတ္ပစ္လိုက္ေအာင္အထိ လႈံ႕ေဆာ္ေပးလိုက္ေၾကာင္းကိုလည္း တကယ္မသိခဲ့ရိုးပါ။
'သည္းခံနိုင္စြမ္းထက္ ေက်ာ္လြန္ၿပီး ထပ္၍ညည္းမခံနိုင္ေတာ့ေသာေၾကာင့္' ေနာက္ဆုံးေသာလမ္းတစ္ခုကို ေလွ်ာက္သြားျခင္းေလာ။
ဟုတ္ပါ၏။ သူမ၏ သနားစရာေကာင္းသည့္ေမေမက ထပ္၍သည္းခံေပးစရာမလိုေတာ့ဘဲ လႊတ္ျမႇောက္သြားခဲ့ၿပီျဖစ္၏။ဤအရမ္းကိုေပ်ာ္စရာေကာင္းသည့္ေလာကႀကီးႏွင့္ ရင္ဆိုင္ရန္ သူမတစ္ေယာက္တည္းသာ ခ်န္ထားရစ္ခဲ့ေလ၏။
ေဝ့ရွီက ေခါင္းေမာ့လိုက္ၿပီး မွိန္ပ်ပ်မီးေရာင္ေအာက္မွ ျမင္ရသည့္ ေထာင္ေပါင္းမ်ားစြာေသာအိမ္ေျခတို႔ကို လွမ္း၍ၾကည့္လိုက္၏။ဤေတာက္ပေနသည့္ေလာကႀကီး၏ အလြန္တြင္ရွိေနေသာ သီးျခားျဖစ္ေနေလာက္မည့္ေနရာတစ္ခုဆီသို႔ ေငးၾကည့္ရင္း
"သည္းခံ?...ေမေမကေရာ ဘယ္ေနရာမွာသည္းခံခဲ့လို႔လဲ?...ကံေရာအသက္ကိုေရာ သူမ်ားလက္ထဲထည့္ေပးထားေနရတာကို ဘယ္လိုမ်ိဳးသည္းခံရမွာလဲ?...ကိုယ့္အနာဂတ္ကိုေတာင္ ေ႐ြးခ်ယ္ခြင့္မရွိတဲ့ဘဝမ်ိဳးမွာ ဘယ္ေနရာသြားၿပီး သည္းခံရမွာလဲ?...သိရဲ႕လား...သည္းခံတဲ့ေနရာမွာလည္း ဇြဲရွိဖို႔ လိုေသးတယ္ဆိုတာ သိရဲ႕လား...အဲ့ဒီ လူေလးစားခံၿပီးေနာက္လိုက္ေတြမ်ားတဲ့လူတစ္သိုက္ကာ မိုးေပၚတက္မလား ေျမႀကီးထဲဝင္မလားေတာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဆုံးျဖတ္ေနၾကတာကို ဘယ္လိုမ်ားသည္းခံေပးေနရမွာလဲ..."
ကိုယ့္ဘာသာကိုယ္လွည့္စားေနတယ္လို႔ပဲ သေဘာထားလိုက္ပါေလ...
Cocoက အံ့ၾသသြားသလိုၾကည့္လာၿပီးေနာက္ ေဝ့ရွီ၏ပုခုံးထက္တြင္ ေခါင္းကိုအပ္လိုက္ၿပီး ခါးခါးသီးသီးငိုေႂကြးလာခဲ့၏။သို႔ေသာ္လည္း အသံအက်ယ္ႀကီးထြက္ေအာင္ ငိုေနျခင္းမ်ိဳးမဟုတ္ဘဲ ကေလးတစ္ေယာက္က ရွိုက္ရွိုက္ၿပီးငိုေႂကြးေနသလိုသာျဖစ္၏။
"ေဝ့ရွီ...တကယ္လို႔မ်ားတစ္ေန႕က် ငါေသသြားခဲ့ရင္...နင္ ငါ့ရဲ႕အေလာင္းကို လာေကာက္ေပးနိုင္မလား...ေရွာင္ဝိန္ကို ကူညီေပးခဲ့သလိုမ်ိဳးေလ...ငါ..ငါ နာမည္မရွိဘဲေသသြားခဲ့ရင္ သရဲတစ္ေဆျဖစ္သြားမွာ..ငါ မျဖစ္ခ်င္ဘူး..."
ေဝ့ရွီက သူမအားေပြ႕ဖက္လိုက္ၿပီး ခပ္ဖြဖြေလးၿပဳံး၍
"တကယ္လို႔ ငါ အသက္ရွင္ေနေသးရင္...ေသခ်ာေပါက္ ကူညီေပးမွာပါ..တကယ္လို႔ ငါ ေသသြားခဲ့ရင္ ႐ူေဖးက ကူညီေပးမွာေပါ့...တကယ္လို႔သာ ငါတို႔အားလုံးေသသြားမယ္ဆိုရင္ေတာ့ အားလုံးက သရဲတစ္ေဆေလးေတြျဖစ္သြားၾကၿပီး နင္တစ္ေယာက္တည္းေၾကာက္ေနစရာမလိုေတာ့ဘူးေလ...ငရဲေရာက္သြားတယ္ဆိုရင္ေတာင္မွ...ငါတို႔အားလုံး နင့္ကို အေဖာ္လုပ္ေပးေနမွာ..."
Coco က မသိမသာေလးတုန္ယင္ေနကာ မ်က္ရည္မ်ားေဝ့ဝဲေနသည့္ မ်က္ဝန္းမ်ားျဖင့္ေမာ့ၾကည့္လာၿပီး
"ေဝ့ရွီ...နင္ေျပာၾကည့္...ငရဲဆိုတာ တကယ္ရွိလား.."
"ငရဲ?.."
ေဝ့ရွီက အေဝးတစ္ေနရာဆီသို႔လွမ္းၾကည့္လိုက္ၿပီး မ်က္ဝန္းေရွ႕တြင္ပိတ္ကာရပ္ေနသည့္ အေမွာင္ထုႀကီးကို ေက်ာ္လြန္သြားၿပီး တကယ့္ေလာကႀကီးတစ္ခုကို ရွာေဖြေတြ႕ျမင္ခ်င္သည့္အလား ေငးေမာလိုက္၏။
"ငါလည္းမသိဘူး...ဒီေနရာက ဘယ္လိုေနရာလဲ?...ငရဲဆိုတာကေရာ ဘယ္လိုေနရာလဲ?...ငါတို႔ကေရာ ဘယ္ေနရာမွာရွိေနတာလဲ?..ငါလည္း ေသေသခ်ာခ်ာမသိဘူး..."
*********************