အချစ်ဟုထင်ရသော
ချီမော့က အကြောင်းအရင်းမရှိပါဘဲနှင့် စိတ်လေးလံနေမိ၏။
မျက်နှာကိုမော့လိုက်ကာ ဦးခေါင်းအထက်ရှိ မြင်ကွင်းထဲတွင် ကျဥ်းမြောင်း၍သာမြင်နေရသည့်ကောင်းကင်ကြီးအား မျှော်ကြည့်လိုက်၏။အနောက်ရောင်တိမ်တိုက်များ ဖုံးကွယ်ထားသောကြောင့် လမင်းကြီးကိုအရောင်အဝါများကို မတွေ့ရ။အနောက်ဘက်ရှိနံရံကို မှီလိုက်ပြီး စီးကရက်ကိုမီးညှိကာ တစ်ရှိုက်ချင်းစီဖွာလိုက်၏။
မြေကြီးပေါ်တွင် ဒူးထောက်နေသည့်လူတစ်ကိုယ်လုံးတွင် သွေးအလိမ်းလိမ်း၊ နှုတ်ခမ်းမှအန်ထုတ်လာသည့်သွေးများကလည်း မည်းနက်နေ၏။မျက်နှာတစ်ခုလုံးတွင် သွေးများရွှဲနေပြီး မျက်လုံးများထဲမှကို သွေးစီးကျနေသလို။ ခေါင်းက မြေကြီးနှင့်ထိလုမတတ် ဖိနှိပ်ထားခံရပြီး ပါးစပ်မှလည်း တတွတ်တွတ်ပြောနေပြန်၏။ထိုလူပြောနေသည့်စကားများကို သဲသဲကွဲကွဲမကြားရ။သက်ညှာပေးဖို့ တောင်းပန်နေခြင်းသာ ဖြစ်လိမ့်မည်။
ဘေ့စ်ဘောရိုက်တံကို ကိုင်ထားသည့်သူက ချီမော့ကိုကြည့်လာသဖြင့် ခေါင်းငြိမ့်ပြီးအချက်ပြလိုက်၏။
ဘုန်း!...
အသံတစ်ချက်ထွက်သွားပြီးသည့်နောက်တွင် အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏။
ချီမော့က သူ၏စီးကရက်ကို နင်းခြေလိုက်၍ အခြားသူများဆီသို့ကြည့်ကာ
"ရပြီ...သွားမယ်.."
တစ်စုံတစ်ယောက်က မြေကြီးပေါ်လဲကျနေသည့်သူအား တံတွေးထွေးလိုက်ပြီး
"ငါ-ူး...လူပါးဝနေတဲ့ကောင်..."
ချီမော့က တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ထိုလူအား ခပ်ပြင်းပြင်းတစ်ချက်ကန်ကျောက်လိုက်၏။သတိမပေးဘဲတိုက်ခိုက်ခံလိုက်ရခြင်းကြောင့် မြေကြီးပေါ်ဒူးထောက်လျက် ကျသွားခဲ့၏။
"သူ့လုပ်ရပ်ကြောင့် သူပြန်ပေးရတာ..မင်း ဝင်ပြောနေစရာ ဘာအကြောင်းမှမရှိဘူး..."
ကန်ကျောက်ခံလိုက်ရသည့်သူက နာကျင်လွန်း၍မျက်နှာအရောင်ပင် ပြောင်းနေပြီဖြစ်ကာ အံကိုကျိတ်လိုက်ပြီး
"ကျွန်တော်မှားသွားပါတယ်...အစ်ကိုမော့.."
ချီမော့က ရုတ်တရက်ဆိုသလို ဤသွေးအလိမ်းလိမ်းနှင့်အရာများကိုစိတ်ကုန်သွားသည့်အလား မျက်ကွယ်ပြုလိုက်ရင်း ဝေ့ချိန်ပေါက်ဆီသို့ ဆက်သွယ်၍အကျိုးအကြောင်းတင်ပြနေလိုက်၏။ထို့နောက် လူစုခွဲကျရင်း အချို့က အရက်သောက်ပြီးသီချင်းသွားဆိုရန် အကြံပေးနေ၏။ချီမော့က စိတ်မပါတော့သဖြင့် တစ်ကိုယ်တည်းသာထွက်လာခဲ့၏။
လမ်းကြားလေးထဲ တောက်လျှောက် လျှောက်လာခဲ့သည်က Alluring ၏အနောက်ဘက်လမ်းကြားလေးဆီသို့ ရောက်လာခဲ့၏။ရင်းနှီးနေသည့်နေရာတစ်ခုဆီသို့ ရောက်လာပြီးမှ အနည်းငယ်စိတ်သက်သာရာရသွားကာ နံရံကိုမှီလိုက်ရင်း စီးကရက်တစ်လိပ်ကိုထပ်၍ မီးညှိလိုက်၏။
Alluring ၏အနောက်တံခါးပွင့်လာကာ ပိန်ပိန်ပါးပါးပုံရိပ်လေးတစ်ခုက လက်ထဲတွင်အိတ်များကိုသယ်ပြီး ထွက်လာခဲ့၏။ချီမော့က ခန္ဓာကိုယ်ကို နံရံဆီမှခွာ၍ အလိုလိုမတ်မတ်ရပ်လိုက်ရာ ရောက်လာသည့်သူအား သဲသဲကွဲကွဲမြင်လိုက်ရပြီးနောက်တွင် အနည်းငယ်စိတ်ပျက်သွားခဲ့၏။
"နင် ဒီနေရာမှာ ဘာလုပ်နေတာလဲ"
ရူဖေးက မီးပြင်းဖိုထဲသို့ အမှိုက်အိတ်များကိုထည့်ပြီး မီးညှိရင်းမေးလာ၏။
"အလုပ်တွေပြီးလို့ အခုလေးတင်ပဲ လေကောင်းလေသန့်ရှူဖို့ရောက်လာတာ..."
ချီမော့က နောက်တစ်ကြိမ် နံရံကိုပျင်းတိပျင်းရွဲမှီလိုက်ပြီး တောက်လောင်လာသည့်မီးစများကို လှမ်းကြည့်နေလိုက်၏။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစများအနည်းငယ်တွေ့နေရသော်လည်း ရူဖေးအနေဖြင့် မည်သည့်မေးခွန်းမျိုးကိုမှမမေးဖြစ်။မီးနီလောကတွင် အလုပ်လုပ်သည့်သူအနေဖြင့် မသိချင်ယောင်ဆောင်ရမည် မမြင်ချင်ယောင်ဆောင်ရမည် စသည့်စသည့်စည်းကမ်းချက်ကိုတော့ သဘောပေါက်သေးသည်။သိချင်စိတ်များသည့်ကြောင်ပေါက်လေးက အသတ်ခံရမည်မဟုတ်ပါလား။
ရူဖေးက ခန္ဓာပေါ်ကျလာသည့် ပြာများကိုခါထုတ်ကာ ချီမော့နှုတ်ခမ်းဖျားမှ စီးကရက်ကိုလှမ်းယူလိုက်ပြီး တစ်ချက်ရှိုက်လိုက်၏။နံရံဆီသို့ မှီလိုက်ကာ ဘေးနားတွင်ရှိနေသည့်သူအား
"ဒီနေ့ ဝေ့ရှီမလာဘူး..."
"ဟုတ်လား...သူ ဘာဖြစ်လို့လဲ.."
ချီမော့က စီးကရက်နောက်တစ်လိပ် ထပ်၍မီးညှိရင်း အလျင်းသင့်သလိုသာမေး၏။
ရူဖေးက နှုတ်ခမ်းထက်မှ စီးကရက်ကိုဖယ်လိုက်ပြီး
"ငါ ဖုန်းဆက်တုန်းကတော့ သူစက်ပိတ်ထားတာ...နေလို့သိပ်မကောင်းလို့နေမှာ...မနက်တုန်းကလည်း မျက်နှာက မသက်မသာဖြစ်နေလို့မေးကြည့်လိုက်သေးတယ်..."
"အော်.."
ချီမော့က ခေါင်းငြိမ့်ပြရင်း စီးကရက်ငွေ့များကို လေထဲသို့ မှုတ်ထုတ်လိုက်၍
"ဒီနေ့....ငါ့နေရာကို သွားမလား..."
"မသွားတော့ဘူး...နင် အရင်တစ်ခေါက်ကပေးတဲ့ပိုက်ဆံတွေတောင် သုံးလို့မကုန်သေးဘူး..."
ချီမော့က စကားထပ်၍မဆိုလာတော့၏။သူက ယောက်ျားကောင်းတစ်ယောက်မဟုတ်ကြောင်း ကိုယ့်ကိုကိုယ်ဝန်ခံပါ၏။အခြားသူ အပေါ်၌လည်း မှီခိုလိုစိတ်မရှိသလို အခြားသူက သူ့အပေါ်ကို မှီခိုလာမည်ကိုလည်း မလိုလား။သူသည်ကား အမှောင်ထုထဲတွင် လေလွင့်ရာလျှောက်သွားနေခဲ့သည့်ခရီးသွားဧည့်သည်တစ်ဦးဖြစ်ကာ တည်မြဲအောင်ဆောက်တည်ချင်ကြသည့်ခံစားချက်များကြားတွင် ရှင်သန်ရမည့်သူမျိုးမဟုတ်ခဲ့။
သူနှင့်ရူဖေးအကြောင်းဆိုရလျှင် ဝေ့ရှီအပါအဝင်ရှိရှိသမျှသူများ ထင်နေကြသည်က အချစ်များပြည့်နှက်နေသည့်စုံတွဲတစ်တွဲဟုပင်။သို့သော် အကြိမ်တိုင်းကို အနီရောင်ငွေစက္ကူများဖြင့်သာ အဆုံးသတ်လိုက်သည့်အမှန်တရားကိုတော့ သူတို့နှစ်ဦးတည်းကသာ သိပါလိမ့်မည်။
ရူဖေးက ထိုကဲ့သို့မိန်းကလေးတစ်ယောက်မဟုတ်မှန်းသိနေပါသည့်တိုင် သူအနေဖြင့် ဤအရာကလွဲ၍ ပေးစရာအခြားတလေဟူ၍မရှိ။ဤအရာများမပါ ပါဘဲနှင့် နှစ်ယောက်ကြားဆက်ဆံရေးကိုဘယ်လိုထိန်းသိမ်းထားရမည့်အကြောင်းအား တကယ်မသိခဲ့ရိုးပါ။
ဤအရာကိုပေး၍ ဖြေရှင်းခြင်းက ယောက်ျားတစ်ယောက်အတွက် ခံစားချက်မဲ့သည့်လုပ်ရပ်ဟု သတ်မှတ်ကောင်းသတ်မှတ်နိုင်ပါလိမ့်မည်။သို့သော်လည်း ချစ်ခြင်းနှင့်သံယောဇဥ်များကို လမ်းခွဲနှုတ်ဆက်ကြသည့်အခါ၌ အနည်းဆုံးတော့ ပြတ်ပြတ်သားသားလမ်းခွဲနိုင်ပါသေး၏။
ဟုတ်ပါ၏။သူက တစ်ကိုယ်ကောင်းဆန်သည့်ယောက်ျားတစ်ယောက်။တင်နေသည့်ငွေစက္ကူအကြွေးများကို ပြန်ဆပ်နိုင်ပါသော်လည်း ချစ်ခြင်းမေတ္တာခံစားချက်ကိုတော့ ပြန်လည်းမဆပ်ချင်ခဲ့သလို ပြန်ဆပ်ဖို့ရာလည်း မတတ်နိုင်ခဲ့ပေ။
"ဒါဆိုလည်း ထားလိုက်ပါတော့..."
ချီမော့က စီးကရက်ကို နင်းချေလိုက်ပြီးနောက် ထွက်ခွာသွားရန်ပြင်လိုက်၏။ထို့နောက်
"ရူဖေး...တကယ်လို့ မင်း ထပ်ပြီးရှေ့ဆက်မသွားချင်တော့တဲ့နေ့မျိုးရောက်လာခဲ့ရင် သေချာပေါက် ငါ့ကို လာပြောလိုက်ပါ.."
ရူဖေးက ခေါင်းကိုသဲ့သဲ့လေးစောင်းကာ ချီမော့အား ပြုံးပြလိုက်ပြီး
"ငါက နင့်ကိုလက်မလွှတ်နိုင်လောက်အောင်တွယ်ကပ်နေမယ့် ဟိုကောင်မလေးတွေနဲ့မတူဘူး...နင်ငါ့ကို ခဏခဏ သတိပေးနေစရာမလိုပါဘူးဟာ...နင်သာ သတိထား...ငါ သတင်းတစ်ခုရထားတယ်...ဟိုနေ့က မီးသတိပေးခလုတ်ကိုနှိပ်သွားတာက နင်မှန်း ဝေ့ချိန်ပေါက် သိပြီးပြီတဲ့..."
ချီမော့ အနည်းငယ်အံ့သြသွားသလိုမျိုးဖြင့် ခပ်ဖွဖွရယ်လိုက်ကာ
"တကယ်ကို ဘာကိစ္စမှကို ဖုံးထားလို့မရပါလား"
ရူဖေးက သူ့အား စိုက်ကြည့်လိုက်ပြီး
"ဒီကိစ္စက ကြီးချင်လည်းကြီးသွားနိုင်တယ် သေးချင်လည်းသေးသွားနိုင်တယ်...ဘာပဲဖြစ်ဖြစ် နင့်ကိုယ်နင် ဂရုစိုက်ပါ...ပြီးတော့ ဝေ့ရှီကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ပြောနေရင်းဖြင့် ရယ်မောလိုက်ပြီး
"ဒါပေမယ့်ဒီစကားက...မပြောလည်း ရမှန်းသိပါတယ်..."
ရူဖေး၏ဖုန်းက ရုတ်တရက်မြည်လာခဲ့သဖြင့် ထုတ်ကြည့်လိုက်ရာ မရင်းနှီးသည့်နံပါတ်တစ်ခုဖြစ်နေ၏။သေချာကြည့်ပြန်တော့ ရင်းနှီးသလိုလိုရှိလာကာ ရွမ်ရှောက်နန်၏ဖုန်းနံပါတ်ဖြစ်မှန်း သတိရသွား၏။
ဖုန်းဖြေပြီးသွားသည့် ရူဖေး၏မျက်နှာက ရုတ်ချည်းဆိုသလို မှောင်မှိုင်းသွားသဖြင့် ဘေးတွင်ရပ်နေသည့်ချီမော့ကမေးလာ၏။
"ဘာဖြစ်လို့လဲ..."
"ဝေ့ရှီ ဆေးရုံရောက်နေတယ်...ငါ အခုလိုက်သွားမှဖြစ်မှာ.."
ချီမော့က ဆိုင်ကယ်သော့ကိုထုတ်လိုက်ပြီး
"ဒီအချိန်ဆို တက္ကစီရှာရခက်မှာ..ငါ မင်းကိုလိုက်ပို့ပေးမယ်.."
ဆေးရုံသို့ အပြေးရောက်လာသည့်အချိန်တွင် ဝေ့ရှီကသတိမရသေး။ရွမ်ရှောက်နန်က ကုတင်ဘေးတွင်ထိုင်နေပြီး ဝေ့ရှီ၏လက်ကို ဆုတ်ကိုင်ထား၏။
ရွမ်ရှောက်နန်ကို မြင်လိုက်သည်နှင့် ချီမော့၏ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။ဤယောက်ျားက မည်သူမှန်း ကောင်းကောင်းသိနေပါသဖြင့် အသံမထွက်နိုင်အောင်အံ့သြသွားရ၏။အထဲလည်းမဝင်ချင်တော့သလို ထားခဲ့ရန်လည်းစိတ်မချသဖြင့် တံခါးပေါက်ဝတွင်သာရပ်နေလိုက်၏။
ရူဖေးက ပြေးဝင်သွားပြီး စကားတစ်ခွန်းမျှပင်မဆိုရသေးဘဲ ရွမ်ရှောက်နန်ဆုတ်ကိုင်ထားသည့် ဝေ့ရှီ၏လက်ကိုဆွဲယူကာ စောင်အောက်ထဲသို့ ထည့်လိုက်၏။ရွမ်ရှောက်နန်ကလည်း စကားမဆိုပါဘဲနှင့် ဘေးတွင်သာတိတ်ဆိတ်နေခဲ့၏။ယခုအချိန်တွင် သူ၏ပုံစံက ကောင်းကင်မင်းကြီး၏မာနကြီးလွန်းလှသည့်သားတော်လေးက အပြစ်လုပ်ထားမိ၍ ကျောင်းသားလေးတစ်ယောက်လို ငိုမဲ့မဲ့ဖြစ်နေပုံနှင့် ဆင်တူ၏။
ဝေ့ရှီ၏ မျက်နှာက အဖြူရောင်အိပ်ရာခင်းစထက် ပို၍ဖျော့တော့နေကာ ရူဖေးက သူမ၏မျက်နှာကို ခပ်ဖွဖွလေးပွတ်သပ်၍ ရွမ်ရှောက်နန်အား စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး
"လူကြီးမင်းရွမ်...ကျွန်မကို တစ်ခုခုရှင်းပြသင့်တယ်လို့ မထင်ဘူးလား"
"သူနဲ့ကမ်းခြေကိုရောက်နေတုန်း ရုတ်တရက်ဖြစ်သွားတာ...အရေးပေါ်ဆေးကိုရှူလိုက်ပေမယ့် မသက်သာလာတာနဲ့ဆေးရုံကို ခေါ်လာလိုက်တာ...ဆရာဝန်ပြောတာတော့ asthma ကြောင့်မဟုတ်ဘူး...အသက်ရှူမြန်လွန်းတာကြောင့်မလို့တဲ့..."
"အသက်ရှူမြန်လွန်းတာ?.."
"ခပ်ပြင်းပြင်းအသက်ရှူလိုက်လို့ အသက်ရှူလမ်းကြောင်းမှာရှိတဲ့သွေးကြောတွေကို ပြောင်းပြန်ဖြစ်သွားသလိုလုပ်လိုက်မိတာ...အဲ့လို အသက်ပြင်းပြင်းရှူလေ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်က ကျလေဖြစ်ပြီး ဒီရောဂါကတစ်ဆက်တည်း ပါလာခဲ့တာ..လက္ခဏာတွေက asthma နဲ့ ဆင်တယ်...ဒါပေမယ့်...အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး..."
ရွမ်ရှောက်နန်က ဆရာဝန်ပြောသွားသည့်စကားလုံးများကို ကြက်တူရွေးနှုတ်တိုက်သလို တစ်ခွန်းမကျန်ပြန်ပြောပြလိုက်၏။
ရူဖေး၏ အမူအရာက အတော်လေးကိုမသက်မသာဖြစ်နေပြီး ကုတင်ပေါ်တွင် လှဲလျောင်းနေသည့်ဝေ့ရှီကို လှမ်းကြည့်လိုက်၏။ထို့နောက် ခေါင်းမော့ပြီး
"လူကြီးမင်းရွမ်...ကျွန်မတို့ နှစ်ယောက်တည်းစကားပြောလို့ ရမလား.."
ရွမ်ရှောက်နန်က တွေဝေသလိုချိတုံချတုံဖြစ်နေသဖြင့် ရူဖေးက တံခါးဝတွင်ရပ်နေသည့်ချီမော့အား လှမ်းကြည့်၍
"ဝေ့ရှီကို ခဏလောက်စောင့်ရှောက်ထားပေးပါဦး..."
ထို့နောက် ရွမ်ရှောက်နန်ဘက်သို့ ပြန်လှည့်ပြီး
"ရှင် လုအိမ်ကလူတွေကို လက်စားချေဖို့ဘဲ အာရုံရောက်နေတဲ့အချိန်တုန်းက...လင်းလော့ချွမ်က ဝေ့ရှီကိုတကူးတကအနိုင်လာကျင့်သေးတယ်..အဲ့အချိန်တုန်းက ဝေ့ရှီကို ကယ်ပေးခဲ့တဲ့လူက သူပဲ...သူက ကျွန်မတို့ရဲ့မိတ်ဆွေလည်း ဟုတ်သလို ဝေ့ရှီကိုလည်း အရမ်းဂရုစိုက်ပေးတယ်..ဝေ့ရှီကလည်း သူ့ကိုဆို ယုံတယ်...အခု ကျွန်မက ဝေ့ရှီကို ခဏလေးစောင့်ရှောက်ပေးဖို့ပဲ အကူအညီတောင်းတာမလို့ ဒီအချိန်အတွင်း ဝေ့ရှီရဲ့ဆံမျှင်တစ်ချောင်းလျော့သွားမှာကအစ ကျွန်မတာဝန်ယူတယ်...ဒါပေမယ့်လည်းရတယ်...ဝေ့ရှီ နိုးသွားလည်းကိစ္စမရှိဘူးဆိုပြီး ဒီနေရာမှာပဲ စကားပြောချင်နေလည်း အဆင်ပြေတယ်..."
"အဲ့လောက်ထိ ပြောစရာမလိုပါဘူးဗျာ.."
ရွမ်ရှောက်နန်က ချီမော့ကို တလေးတစားခေါင်းငြိမ့်ပြလိုက်ပြီး
"ဝေ့ရှီကို တစ်ချိန်လုံးစောင့်ရှောက်ထားပေးလို့ ကျေးဇူးတင်ပါတယ်."
ရွမ်ရှောက်နန်က ရူဖေးနှင့်အတူ အပြင်ထွက်သွားခဲ့ပြီး ချီမော့က ကုတင်ဘေးတွင်ထိုင်လိုက်ကာ အိပ်ရာထက်တွင်လှဲနေသည့်သူအား လှမ်းကြည့်လိုက်၏။
အိပ်ပျော်နေသည့်သူက မျက်ခုံးများကိုတွန့်ကွေးထားပြီး အိပ်မက်ဆိုးမက်နေပုံရသည်။သူမ၏နှာခေါင်းထိပ်လေးက နီရဲနေသဖြင့် ငိုထားလောက်မည်ဟုလည်း ခန့်မှန်းကြည့်မိသေးသည်။ရုတ်တရက် သူမ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့၏။ထိုတုန်ယင်မှုက နောက်မှဆက်၍လိုက်လာခဲ့ပြီး ကြောက်စရာကောင်းသည့်တစ်စုံတစ်ရာက သူမ၏အနောက်သို့လိုက်နေသည့်အလား ခန္ဓာကိုယ်တစ်ခုလုံးက သေးနိုင်သမျှသေးအောင် ကွေးလာကာ ဖြူဖျော့နေသည့်မျက်နှာထက်တွင် မျက်ရည်ဟူ၍မရှိ တဆတ်ဆတ်တုန်ယင်နေသည့်မျက်တောင်မွှေးလေးများသာ ရှိ၏။
ချီမော့က သူ့အရှေ့တွင်မြင်နေရသည့်သူအား အထိတ်တလန့်ကြည့်နေမိ၏။အဘယ်သို့သော အကြောက်တရားမျိုးက လူတစ်ယောက်ကို ဒီလောက်အထိ ခြောက်လန့်စေနိုင်မှန်း မမှန်းဆကြည့်နိုင်တော့ပေ။အဘယ်သို့သော အတွေ့အကြုံမျိုးများက လူတစ်ယောက်အား အိပ်မက်ထဲတွင်ပင် အသံထွက်မငိုရဲအောင် ပြုလုပ်နိုင်ထားပါသနည်း။
သူမက နူးနူးညံ့ညံ့လေးသာရှိသည့် အမျိုးသမီးလေးတစ်ယောက်ဖြစ်သော်ငြား အခက်ခဲဆုံးအချိန်မျိုးများ၌ပင် ယုတ်လျော့သွားခြင်းမရှိအောင်သန်မာနေခဲ့သည်အား မြင်တွေ့ခဲ့ဖူးပါသည်။ယခုလို ထိမိရုံလေးဖြင့် အချိန်မရွေးကြွေမွသွားနိုင်မည့်အခြေအနေမျိုးအား မမြင်ခဲ့ဖူးပေ။
ညလေအေးက တိုက်ခတ်လာသည့်အတွက် ဖွင့်ထားသည့်ပြတင်းပေါက်ဆီမှ လိုက်ကာစများက လေထဲတွင်ဝဲပျံနေကာ ညအမှောင်ကိုအန်တုနေသည့်ငှက်ကလေးများအလား။
ချီမော့က အင်အားကုန်ခန်းနေသည့် ညှိုးကျခါနီးပန်းတစ်ပွင့်လိုဖြစ်နေသည့်သူအနားတွင် ခပ်တိုးတိုးလေး ညည်းလိုက်၏။
"ရွမ်ရှောက်နန်...လင်းလော့ချွမ်....မင်း ဘယ်လိုလူမျိုးတွေ လက်ထဲရောက်နေမှန်း သိရောသိရဲ့လား..."
ရူဖေး အခန်းအတွင်းသို့ပြန်ရောက်လာသည့်အချိန်တွင် ချီမော့က ပြတင်းပေါက်တံခါးကိုပိတ်နေ၏။လက်ထဲတွင်ကိုင်လာသည့် မုန့်ထုပ်များကို စားပွဲပေါ်တင်လိုက်ပြီး နိုးထလာဖို့ အစီအစဥ်မရှိသည့်ကုတင်ပေါ်မှသူအား ပင်ပန်းစွာလှမ်းကြည့်လိုက်၏။
"သူ သွားပြီလား.." ချီမော့ကမေး၏။
ရူဖေးက ခေါင်းငြိမ့်ပြရင်း ကုတင်ဘေးရှိ ခုံအလွတ်ပေါ်သို့ သက်သောင့်သက်သာထိုင်ချလိုက်၏။
ချီမော့က သူမကိုလိုက်ကြည့်နေပြီး
" မင်း ငါ့ကို ပြောစရာဘာမှမရှိတော့ဘူးလား"
ရူဖေးက ခေါင်းမော့လာပြီး
"ငါ ဗိုက်ဆာနေပြီ...စားရင်းနဲ့ပြောရအောင်..."
နှစ်ယောက်သား ဆေးရုံဌာန၏ အပြင်ဘက်ဝရန်တာတွင်ထိုင်လိုက်ပြီး ကြက်တောင်ပံကြော်နှင့် ဘီယာ သောက်နေ၏။တစ်မြို့လုံးက တိတ်ဆိတ်နေခဲ့ပြီး အမှောင်ထုထဲမှ ထွက်ပေါ်လာသည့်ငှက်အော်သံများပင်ကြားနေရ၏။ညနက်လွန်းပြီး မီးရောင်လေးများက နေရာကွက်ကြားတွင်သာရှိနေပြီး ရှုပ်ထွေးပြီးယောက်ယတ်ခတ်နေသည့်လောကကြီး၏အခြားတစ်နေရာသို့ ရောက်သွားသလိုခံစားမိ၏။
"နင် ဘာသိချင်တာလဲ"
ရူဖေးက ကြက်တောင်ပံကိုကိုက်ရင်း ပလုတ်ပလောင်းဖြင့်မေးလာ၏။
"သိချင်တယ်ဆိုတာထက် တစ်ခုခုကိုပိုသေချာအောင် အတည်ပြုချင်တယ်လို့ ပြောရမလား...အရင်တစ်ခေါက် alluringမှာ မင်းတို့အပြစ်ပြုမိတဲ့ဧည့်သည်တွေထဲ ရွမ်ရှောက်နန် ပါမှန်း ငါသိပြီးပြီ...အဲ့အချိန်မှာ သူက ဝေ့ရှီကိုသဘောကျသွားပြီး..နောက်တော့ ဝေ့ရှီက သူ့ရဲ့...."
ချီမော့က ရုတ်တရက် ဆက်မပြောနိုင်တော့သည့်အလား သက်ပြင်းတစ်ချက်ချလိုက်၏။သို့သော် ခုဏကအခြေအနေတွင် ထိုယောက်ျားက ဝေ့ရှီအနားကပ်လွန်းပြီး တစ်မျိုးမျိုးတွေးဆသွားအောင်လုပ်နေသလိုလို။
ရူဖေးက ခံစားချက်မဲ့သည့်အသံမျိုးဖြင့်ရယ်မောလိုက်ကာ
"တကယ်လို့သာ ကိစ္စတွေက အဲ့လိုမျိုးဖြစ်နေရင် ရိုးရိုးရှင်းရှင်းလေးနဲ့အကောင်းဆုံးပဲပေါ့...သူတို့ကြားထဲကကိစ္စက နင်ထင်ထားသလိုမျိုးမဟုတ်ဘူး.."
နားမလည်သလိုကြည့်နေသည့် ချီမော့၏မျက်ဝန်းများကြောင့် ရူဖေးက သက်ပြင်းချလိုက်ပြီး
"ဒီကိစ္စတွေအားလုံးကို မိဘမဲ့ဂေဟာမှာကတည်းက ဝေ့ရှီပြောပြဖူးတာ...ပုံပြင်ကနည်းနည်းလေးတော့ရှည်တယ်...ငါ ဝေ့ရှီရဲ့ဘဝအကြောင်းကနေ စပြီးပြောပြရမယ်နဲ့တူပါတယ်..."
ချီမော့က ဘီယာကိုတိတ်ဆိတ်၍သာသောက်နေပြီး ဖြစ်ညှစ်လှုပ်ခတ်နေသည့်နှလုံးသားကို အသေအချာထိန်းချုပ်နေခဲ့ပါ၏။အရမ်းအံ့သြတကြားဖြစ်သွားသည့်ဟန်မျိုးမပေါက်အောင် ထိန်းထားကာ ထိုအမူအရာက ပုံပြင်ပြောပြသူကို သက်ရောက်သွားမည်ကိုလည်း မလိုလားသောကြောင့်ဖြစ်၏။
" လုဇစ်ရွှိ မှာမိန်းမတွေတစ်ယောက်မကရှိပြီး ဝေ့ရှီရဲ့အမေက အဲ့မိန်းမတွေထဲက အချစ်ခံရဆုံးတစ်ယောက်လေ...သူ့အမေက အရမ်းလှတာ..နင် ဝေ့ရှီကိုကြည့်တာနဲ့သိလောက်မှာပါ..အဲ့ဒါကြောင့်မလို့ တရားဝင်ယူထားတဲ့မယားကြီးသေသွားတာနဲ့ ဝေ့ရှီရဲ့အမေကို တရားဝင်ထပ်ယူလိုက်ပြီး သူ့အမေရယ် ဝေ့ရှီရယ်ကို လုအိမ်တော်ပေါ် တက်ခွင့်ပေးလိုက်တာ...ဒါပေမယ့် ဝေ့ရှီအတွက်ကတော့ အိပ်မက်ဆိုးတွေ စတင်သွားတဲ့နေ့ဖြစ်သွားတာပေါ့...လုဇစ်ရွှိဆိုတဲ့ဘိုးတော်က ဘာအမျိုးသမီးတွေကိုလေးစား အမျိုးသားတွေကိုတန်းတူဆက်ဆံတတ်တဲ့လူမျိုးမှ မဟုတ်ဘူး..သူမွေးထားတဲ့ သားတွေသမီးတွေကိုတောင် ချမ်းသာအောင်လုပ်ဖို့ဆိုရင် ဘာမဆိုလုပ်ရမယ့်အတတ်တွေပဲသင်ပေးတော့ ကလေးတွေက မကောင်းဆိုးဝါးပေါက်စလေးတွေလေ...ဝေ့ရှီရဲ့အထက်မှာ အစ်ကိုကြီးနှစ်ယောက်ရယ် အစ်မကြီးတစ်ယောက်ရယ်ရှိတယ်..ဝေ့ရှီအမေက ကြောက်တတ်ပြီးအာမခံရဲတော့ ဝေ့ရှီက သူတို့ရဲ့ အနိုင်ကျင့်ခံဘက်ကစားစရာလေးဖြစ်လာတာပေါ့...ကလေးပေါက်စတွေဆိုပေမယ့် အရမ်းရက်စက်တဲ့နည်းတွေနဲ့အနိုင်ကျင့်တာ..နင်စဥ်းစားကြည့်...ဝေ့ရှီငယ်ငယ်တုန်းက ဘယ်လိုနေခဲ့ရမလဲဆိုတာ...အသက်၁၄နှစ်ပြည့်တဲ့အဲ့နှစ်မှာမှ ရွမ်ရှောက်နန်နဲ့စပြီးတွေ့ခဲ့တာ..."
ရူဖေးက ဘီယာတစ်ငုံမော့လိုက်ပြီးမှ ကောင်းကင်ထက်ရှိ လမင်းကြီးကိုမော့ကြည့်လိုက်၏။
"ဘာကြောင့်မှန်းမသိပေမယ့် ရွမ်ရှောက်နန်က ဝေ့ရှီကို မြင်မြင်ချင်းကတည်းက အရမ်းသဘောကျခဲ့တာ.. 'ရွမ်' နဲ့ 'လု' အိမ်တော်တွေက အစကတော့ မိတ်ဆွေတွေပေါ့...ရွမ်ရှောက်နန်က အမြဲတမ်း ဝေ့ရှီဆီ လာတယ်..ဂရုစိုက်တယ်..စိတ်ပူပေးတယ်..ဝေ့ရှီပြောတဲ့ စကားလေးတစ်ခွန်းကအစ အကုန်ဖြစ်အောင်ဖြည့်ဆည်းပေးတယ်...ရွမ်ရှောက်နန်ကာကွယ်ပေးနေတာကြောင့် လုအိမ်မှာနေနေရတဲ့ ဝေ့ရှီရဲ့ဘဝက နည်းနည်းပိုအဆင်ပြေလာခဲ့တာပေါ့...အဲ့ဒါတွေက သူ့ရဲ့ဆယ်ကျော်သက်ဘဝတစ်ခုစာလုံးအတွက် အကောင်းဆုံးအမှတ်တရတွေဖြစ်ချင်ဖြစ်ခဲ့လောက်မှာ...ဒါပေယ့် ကောင်းတဲ့အရာတွေက ကြာကြာမရှိလိုက်ရပါဘူး..."
ချီမော့က နောက်ပိုင်းတွင်ကြားရမယ့်စကားများကိုကြိုသိနေသည့်အလား မျက်မှောင်ကျုံ့လိုက်၏။
သူထင်တာတွေအားလုံး မှန်သွားခဲ့ပါ၏။ရူဖေးက သက်ပြင်းချလိုက်ပြီး
"စီးပွားရေးလောကရဲ့ စျေးကွက်ပြဿနာတွေကြောင့် ရွမ်ရှောက်နန်ရဲ့အဖေက လုဇစ်ရွှိပေးတဲ့ဖိအားကြောင့် အထပ်သုံးဆယ်မြင့်တဲ့တိုက်ပေါ်ကနေ ခုန်ချသွားခဲ့တာ...ရွမ်ရှောက်နန်နဲ့သူ့အမေကတော့ အသက်ရှင်ဖို့အရေးအတွက် အမေရိကကိုထွက်ပြေးသွားခဲ့တယ်...အဲ့အချိန်ကစပြီး သူ့သတင်းကို ဘာဆိုဘာမှမကြားရတော့ဘူး...သိပ်မကြာလိုက်ပါဘူး..ဝေ့ရှီအမေက မတော်တဆဖြစ်ပြန်ရော...လုမိသားစုထဲမှာ စကားတောင်ကျယ်ကျယ်မပြောရဲတဲ့သူက အိပ်ရာထဲမှာ ကိုယ့်လက်ကောက်ဝတ်ကိုကိုယ်ဓါးနဲ့လှီးပြီး သတ်သေသွားခဲ့တာ...လုဇစ်ရွှိသိတဲ့အချိန်မှာ အိပ်ရာတစ်ခုလုံးသွေးတွေနှစ်ရွှဲနေပြီး အသက်မရှိတော့ဘူး..သူ့အမေရဲ့စျာပနအခမ်းအနားပြီးတာနဲ့ ဝေ့ရှီလည်းအိမ်ပေါ်ကဆင်းလာခဲ့တာ...ဝေ့ရှီက အစကတည်းက လုအိမ်မှာ အရေးကြီးတဲ့သူတစ်ယောက်မှ မဟုတ်ဘဲ သေသေရှင်ရှင် ဘယ်သူမှ ဂရုစိုက်နေမှာမဟုတ်ဘူးလေ...တစ်ပတ်တိတိ လမ်းပေါ်မှာ လျှောက်သွားနေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးကို လူမှုဖူလုံရေးအသင်းက ရှာတွေ့သွားပြီး မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တာပေါ့.."
ရူဖေးက ဘေးနားတွင်တိတ်ဆိတ်ပြီးနားထောင်နေသည့်သူအား လှည့်ကြည့်လိုက်၏။
"ဒါကြောင့်...နင် ရှင်းရှင်းလင်းလင်းသိသင့်ပြီ...ဝေ့ရှီက အသက် ၁၄နှစ်အရွယ်ကတည်းက ရွမ်ရှောက်နန်ကို ချစ်ခဲ့တာ..၇နှစ်တိတိချစ်လာခဲ့တာ...ငါတို့ မိဘမဲ့ဂေဟာမှာရှိနေတုန်းက ငါဆို ရွမ်ရှောက်နန်ရဲ့နာမည်ကိုတောင်သိခဲ့တာမဟုတ်ဘူး...သူတို့နှစ်ယောက်ပြန်တွေ့ကြတဲ့အချိန်ကမှ ငါ့ကိုပြောပြခဲ့တာ...အဲ့အချိန်မှာ သိလိုက်ရတာက ဝေ့ရှီရဲ့နှလုံးသားထဲမှာ တစ်ချိန်လုံးလူတစ်ယောက်ရှိနေခဲ့ပြီး အဲ့လူကိုရယ်ပြနေခဲ့မယ် စကားတွေပြောနေခဲ့မယ်...အချိန်တွေအကြာကြီး ဝေ့ရှီက အတိတ်ကနေ့ရက်တွေထဲမှာပဲ အသက်ရှင်နေခဲ့ပြီး အဲ့ထဲကနေထွက်မလာခဲ့ဘူး...ရွမ်ရှောက်နန်နဲ့အတူရှိခဲ့ဖူးတဲ့နှစ်တစ်နှစ်စာလေးကို သူ့ဆယ်ကျော်သက်ဘဝတစ်ခုစာလုံးလို့ မှတ်ယူထားခဲ့တာ...တစ်ခါတလေဆို ငါတောင် သံသယဝင်မိသေးတယ်..ဝေ့ရှီက သူ့ဆယ်ကျော်သက်တစ်ခုလုံးကို အဲ့ဒီ ရွမ်ရှောက်နန်နဲ့အမှတ်တရတွေရှိနေတဲ့နေရာတစ်ခုထဲကိုပဲတွေးပြီး အသက်ရှင်နေတာလားလို့လေ...ရွမ်ရှောက်နန်မရှိတော့မှန်းသိနေရက်နဲ့...ထပ်ပြီးတွေ့ရပါ့မလားဆိုတာတောင်မသေချာတော့ဘဲနဲ့...သူတို့ကြားမှာ မေ့သွားလို့မရမယ့် အမုန်းတရားတွေပဲရှိနေတော့မှန်းသိသိရက်နဲ့...လက်မလွှတ်ဘဲ ရပ်စောင့်နေခဲ့တာ...အဲ့နေရာမှာ နေရစ်နေခဲ့တာ..."
ချီမော့က ရုတ်တရက်ထိုးအောင့်သွားသည့်နှလုံးသားကို ဖိနှိပ်လိုက်၏။မေးခွန်းတစ်ခု။အရမ်းကိုမှသိချင်နေသည့်မေးခွန်းတစ်ခုအား မမေးဘဲမနေနိုင်တော့၏။
"ရွမ်ရှောက်နန်ကရော?...သူကရော ဝေ့ရှီကို အဲ့အတိုင်းချစ်လို့လား"
ရူဖေးက ခပ်ဖွဖွလေးရယ်လိုက်ပြီး
"ကာယကံရှင်ဖြစ်တဲ့ ဝေ့ရှီတောင်မှမသိဘူး...သူ့လောက်ဥာဏ်ကောင်းတဲ့သူတောင် ရွမ်ရှောက််နန်ကို နားမလည်တာ..ငါက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ.."
ရူဖေး၏အကြည့်များက ကောင်းကင်ပေါ်ရှိ ကြယ်ကလေးဆီသို့ရောက်သွားခဲ့ပြီး
"နင် စဥ်းစားကြည့်ခဲ့ဖူးလား...တကယ်လို့သာ ဒီလောကကြီးထဲမှာ နင်အချစ်ဆုံးလူက...ဒီလောကကြီးထဲက နင့်ကိုအမုန်းဆုံးလူတစ်ယောက်ဖြစ်နေမယ်ဆိုရင်...နင်ဘယ်လိုလုပ်မလဲ..."
ချီမော့ တစ်ခဏကြာအောင် တွေးကြည့်လိုက်၏။ထို့နောက်
"အဲ့နှစ်မှာဖြစ်သွားတဲ့ကိစ္စတွေအားလုံးက ဝေ့ရှီနဲ့ ဘာမှမှမဆိုင်တာ...အဲ့ကိစ္စကနေ အကျိုးရှိသွားတာဆိုလို့လည်း ဘာဆိုဘာမှမရှိဘူးလေ...သူ ဝေ့ရှီကို မုန်းစရာအကြောင်းမှမရှိဘဲ..."
"ငါလည်း ဝေ့ရှီကို ဒီအတိုင်းပြောပြဖူးတယ်...အဲ့တော့ ဝေ့ရှီပြောတယ်လေ ငါက ဒီလောကကြီးပေါ်က ကြောက်စရာအကောင်းအရာတစ်ခုကိုမေ့နေခဲ့တာတဲ့...ဘာလဲသိလား..'ဒေါသ'တဲ့လေ...လုအိမ်ကြောင့် မိသားစုပျက်ဆီးသွားရတဲ့ ရွမ်ရှောက်နန်ဘက်ကနေကြည့်ရင် သူ့မျိုးရိုးနာမည်က 'လု' ဖြစ်နေရုံနဲ့တင်ကို အကြောင်းပြချက်ခိုင်လုံသွားပါပြီတဲ့..."
လူတစ်ယောက်၏ခံစားချက် အထူးသဖြင့် လက်စားချေလိုစိတ်ပြင်းနေသည့်လူတစ်ယောက်၏ခံစားချက်များက တစ်ခါတစ်လေ နှလုံးသား၏ထိန်းချုပ်မှုကို လက်မခံတတ်ကြသည်မဟုတ်လား။
"ဒါဆို ခုဏ သူ့ကို ဘာပြောလိုက်တာလဲ...ဝေ့ရှီက သူ့ကိုအရမ်းချစ်တဲ့အကြောင်းတွေလား"
ရူဖေးက နှုတ်ခမ်းကိုကွေးနေအောင်ပြုံးလိုက်ပြီး
"ငါကရူးနေတာမို့လို့လား...ငါ ပြောလိုက်တာက တကယ်လို့ ဝေ့ရှီကိုထိခိုက်အောင်လုပ်ရင် သရဲဖြစ်သွားရင်တောင် သူ့ကိုအလွတ်မပေးဘူးလို့လေ..."
"သူက ဘာပြန်ပြောလဲ?.."
ရူဖေးက ဘယ်ဆီဘယ်ဝယ်ဆီသို့လှမ်းကြည့်လိုက်မှန်းမသိ အမူအရာအားလုံးက ငြိမ်ကျပြီးလေးနက်သွားခဲ့၏။
"သူပြောတာက...တစ်လောကလုံးကလူတွေအားလုံး သရဲတစ္ဆေတွေဖြစ်သွားခဲ့ရင်တောင်မှ ဝေ့ရှီကို နည်းနည်းလေးမှထိခိုက်ခွင့်ပေးမှာမဟုတ်ဘူးတဲ့..."
ချီမော့က တိတ်ဆိတ်သွားခဲ့၏။တစ်ခဏကြာသွားပြီးမှ ရယ်သံသဲ့သဲ့ထွက်လာပြီး
"ဘာအဓိပ္ပါယ်ကြီးလဲ..."
"ငါထင်တာတော့..."
ရူဖေးက ဘီယာတစ်ငုံထပ်သောက်လိုက်ပြီး
"အခြားနည်းလမ်းကိုသုံးပြီး သူ့အချစ်တွေကို ဖော်ပြသွားတာ..."
ချီမော့က ရုတ်တရက်တစ်ခုခုကိုနားလည်သလို ရယ်မောလိုက်ပြီး
"မင်း ဒီနေ့ ဒီနေရာကို ငါ့ကိုတမင်သက်သက်ခေါ်လာတာမလား..."
ရူဖေးက အလျင်အမြန်တုန့်ပြန်လိုက်ပြီး
"နင့်ဘာသာနင်လိုက်လာတာပါ...ငါက ရေစီးအလိုက် ရွက်လွှင့်လိုက်တာပဲရှိတာ.."
"မင်း အရင်ကတည်းကသိနေတာမလား.."
"ဟုတ်တယ်..ငါသိနေခဲ့တာ!..နင်နဲ့အတူရှိတဲ့ပထမဆုံးရက်ကတည်းက ငါသိနေခဲ့တာ.."
ရူဖေးက ဤခန့်ညားသည့်ယောက်ျားအား လှည့်ကြည့်လာသည်က အကြည့်များထံမှ လွှတ်ထွက်မသွားအောင်ဆွဲယူလိုက်သလိုမျိုးအထိ။
"သိရဲ့သားနဲ့ ငါ့အိပ်ရာပေါ်ထိလိုက်လာသေးတယ်...မော့ရူးဖေး...မင်း ဘာတွေစဥ်းစားနေတာလဲ.."
ချီမော့က ရူဖေး၏လက်မောင်းကိုဆွဲယူပြီး အရိုးများကျိုးမတတ်ဖြစ်ညှစ်ထား၏။
ရူဖေးက အကြည့်များကိုမလွဲဘဲ မျက်လုံးချင်းဆုံစေလိုက်၏။အနည်းငယ်လေးတောင် လှုပ်ခတ်သွားခြင်းမရှိသည့်မျက်ဝန်းအိမ်ထဲတွင် စကားလုံးများဖြင့်ဖော်ပြ၍မရသော အငွေ့အသက်များရှိနေခဲ့၏။
"ဘာဖြစ်လို့လဲဆိုတော့ ငါလည်း နင်နဲ့အတူတူပဲမလို့လေ...ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ချစ်တဲ့သူကို တစ်သက်လုံးမရနိုင်မှန်း သိနေခဲ့လို့လေ...သူ့ရဲ့အငွေ့အသက်လေးကိုရရင်ပဲဖြစ်ဖြစ် သူ့ရဲ့အထိအတွေ့လေးကိုရရင်ပဲဖြစ်ဖြစ် အနီးကပ်ဆုံးပွေ့ဖက်ထားနိုင်ခဲ့ရင်ကို ကျေနပ်နေခဲ့ပြီမလို့လေ...ခဏတစ်ဖြုတ်ပဲရခဲ့ရင်တောင်မှ ကောက်ရိုးမီးလိုပဲဖြစ်နေခဲ့ရင်တောင်မှ...ဆန္ဒရှိနေခဲ့တာမလို့လေ"
ရူဖေး၏လက်ချောင်းများက သူ၏မျက်နှာထက်သို့ ထိတွေ့လာပြီး နူးညံ့သည့်နှုတ်ခမ်းပါးလေးထက်မှ အသက်ရှူထုတ်လာသည့်လေများကို ထိတွေ့ကြည့်လိုက်၏။အနည်းငယ်ရစ်မူးနေသည့်ဘီယာဒဏ်ကြောင့်လည်းပါသလို မသိမသာလေးပါရောနှောနေသည့်ဝမ်းနည်းခြင်းများလည်းပါကာ အနားသို့တိုးကပ်ရင်း
"ငါသိတယ်...ငါ့ခန္ဓာကိုယ်ပေါ်ကနေ ဘယ်ဥစ္စာကိုပဲ နင်စွဲလမ်းမှန်း သိတယ်..ကိစ္စမရှိပါဘူး..နင် ငါ့ကိုအမြဲတမ်းအသုံးချလို့ရပါတယ်..နင့်ရဲ့နာကျင်မှုတွေ..အထီးကျန်မှုတွေ..နင့်နှလုံးသားထဲမှာ ဘာမှမရှိတာတွေအားလုံးကို ငါသိပါတယ်..အဲ့ဒါကြောင့်မလို့ အဲ့ဒီနာကျင်စရာတွေ ဝမ်းနည်းစရာတွေအားလုံးကို နင်နဲ့အတူ ခံစားပေးပါ့မယ်.."
ချီမော့က ရူဖေး၏ဆံပင်ကို အနောက်ဘက်မှဆွဲလိုက်ပြီး မည်းနက်ချွန်ထက်လှသည့်မျက်ဝန်းများက သူမ၏မျက်နှာထက်တွင် ထိုးစိုက်လုနီးနီးစိုက်ကြည့်လာခဲ့ကာ
"ငါ အဲ့လောက်လူကြီးလူကောင်းဆန်နေတဲ့ကောင်မဟုတ်ဘူး...မင်း ထိခိုက်တာတွေမထိခိုက်တာတွေ ငါဂရုလိုက်စိုက်နေမှာမဟုတ်ဘူး..သေချာလား..စိတ်ထဲ ဘာမှမဖြစ်ဘူးဆိုတာ.."
ရူဖေးက သူ၏လည်တိုင်ကို လက်နှစ်ဖက်စလုံးဖြင့်ပွေ့ဖက်လိုက်ပြီး တိုးတိုးလေးဆိုလိုက်၏။
"ဟုတ်တယ်...ထိခိုက်အောင်လုပ်မယ့်သူက နင်ဖြစ်နေသ၍ ငါ ဘာကိုမှ စိတ်ခုနေမှာမဟုတ်ဘူး.."
ချီမော့က ရယ်လိုက်ရင်း ရင်ခွင်ထဲရှိသူအားပွေ့ဖက်လိုက်ကာ နာနာကျင်ကျင်ဆိုလာခဲ့၏။
"ဒါပေမယ့်...ငါ..ဖြစ်တယ်!..."
***********************
~~Zawgyi~~
အခ်စ္ဟုထင္ရေသာ
ခ်ီေမာ့က အေၾကာင္းအရင္းမရွိပါဘဲႏွင့္ စိတ္ေလးလံေနမိ၏။
မ်က္ႏွာကိုေမာ့လိုက္ကာ ဦးေခါင္းအထက္ရွိ ျမင္ကြင္းထဲတြင္ က်ဥ္းေျမာင္း၍သာျမင္ေနရသည့္ေကာင္းကင္ႀကီးအား ေမွ်ာ္ၾကည့္လိုက္၏။အေနာက္ေရာင္တိမ္တိုက္မ်ား ဖုံးကြယ္ထားေသာေၾကာင့္ လမင္းႀကီးကိုအေရာင္အဝါမ်ားကို မေတြ႕ရ။အေနာက္ဘက္ရွိနံရံကို မွီလိုက္ၿပီး စီးကရက္ကိုမီးညွိကာ တစ္ရွိုက္ခ်င္းစီဖြာလိုက္၏။
ေျမႀကီးေပၚတြင္ ဒူးေထာက္ေနသည့္လူတစ္ကိုယ္လုံးတြင္ ေသြးအလိမ္းလိမ္း၊ ႏႈတ္ခမ္းမွအန္ထုတ္လာသည့္ေသြးမ်ားကလည္း မည္းနက္ေန၏။မ်က္ႏွာတစ္ခုလုံးတြင္ ေသြးမ်ား႐ႊဲေနၿပီး မ်က္လုံးမ်ားထဲမွကို ေသြးစီးက်ေနသလို။ ေခါင္းက ေျမႀကီးႏွင့္ထိလုမတတ္ ဖိႏွိပ္ထားခံရၿပီး ပါးစပ္မွလည္း တတြတ္တြတ္ေျပာေနျပန္၏။ထိုလူေျပာေနသည့္စကားမ်ားကို သဲသဲကြဲကြဲမၾကားရ။သက္ညွာေပးဖို႔ ေတာင္းပန္ေနျခင္းသာ ျဖစ္လိမ့္မည္။
ေဘ့စ္ေဘာရိုက္တံကို ကိုင္ထားသည့္သူက ခ်ီေမာ့ကိုၾကည့္လာသျဖင့္ ေခါင္းၿငိမ့္ၿပီးအခ်က္ျပလိုက္၏။
ဘုန္း!...
အသံတစ္ခ်က္ထြက္သြားၿပီးသည့္ေနာက္တြင္ အရာအားလုံးက တိတ္ဆိတ္သြားခဲ့၏။
ခ်ီေမာ့က သူ၏စီးကရက္ကို နင္းေျခလိုက္၍ အျခားသူမ်ားဆီသို႔ၾကည့္ကာ
"ရၿပီ...သြားမယ္.."
တစ္စုံတစ္ေယာက္က ေျမႀကီးေပၚလဲက်ေနသည့္သူအား တံေတြးေထြးလိုက္ၿပီး
"ငါ-ူး...လူပါးဝေနတဲ့ေကာင္..."
ခ်ီေမာ့က တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ ထိုလူအား ခပ္ျပင္းျပင္းတစ္ခ်က္ကန္ေက်ာက္လိုက္၏။သတိမေပးဘဲတိုက္ခိုက္ခံလိုက္ရျခင္းေၾကာင့္ ေျမႀကီးေပၚဒူးေထာက္လ်က္ က်သြားခဲ့၏။
"သူ႕လုပ္ရပ္ေၾကာင့္ သူျပန္ေပးရတာ..မင္း ဝင္ေျပာေနစရာ ဘာအေၾကာင္းမွမရွိဘူး..."
ကန္ေက်ာက္ခံလိုက္ရသည့္သူက နာက်င္လြန္း၍မ်က္ႏွာအေရာင္ပင္ ေျပာင္းေနၿပီျဖစ္ကာ အံကိုက်ိတ္လိုက္ၿပီး
"ကြၽန္ေတာ္မွားသြားပါတယ္...အစ္ကိုေမာ့.."
ခ်ီေမာ့က ႐ုတ္တရက္ဆိုသလို ဤေသြးအလိမ္းလိမ္းႏွင့္အရာမ်ားကိုစိတ္ကုန္သြားသည့္အလား မ်က္ကြယ္ျပဳလိုက္ရင္း ေဝ့ခ်ိန္ေပါက္ဆီသို႔ ဆက္သြယ္၍အက်ိဳးအေၾကာင္းတင္ျပေနလိုက္၏။ထို႔ေနာက္ လူစုခြဲက်ရင္း အခ်ိဳ႕က အရက္ေသာက္ၿပီးသီခ်င္းသြားဆိုရန္ အႀကံေပးေန၏။ခ်ီေမာ့က စိတ္မပါေတာ့သျဖင့္ တစ္ကိုယ္တည္းသာထြက္လာခဲ့၏။
လမ္းၾကားေလးထဲ ေတာက္ေလွ်ာက္ ေလွ်ာက္လာခဲ့သည္က Alluring ၏အေနာက္ဘက္လမ္းၾကားေလးဆီသို႔ ေရာက္လာခဲ့၏။ရင္းႏွီးေနသည့္ေနရာတစ္ခုဆီသို႔ ေရာက္လာၿပီးမွ အနည္းငယ္စိတ္သက္သာရာရသြားကာ နံရံကိုမွီလိုက္ရင္း စီးကရက္တစ္လိပ္ကိုထပ္၍ မီးညွိလိုက္၏။
Alluring ၏အေနာက္တံခါးပြင့္လာကာ ပိန္ပိန္ပါးပါးပုံရိပ္ေလးတစ္ခုက လက္ထဲတြင္အိတ္မ်ားကိုသယ္ၿပီး ထြက္လာခဲ့၏။ခ်ီေမာ့က ခႏၶာကိုယ္ကို နံရံဆီမွခြာ၍ အလိုလိုမတ္မတ္ရပ္လိုက္ရာ ေရာက္လာသည့္သူအား သဲသဲကြဲကြဲျမင္လိုက္ရၿပီးေနာက္တြင္ အနည္းငယ္စိတ္ပ်က္သြားခဲ့၏။
"နင္ ဒီေနရာမွာ ဘာလုပ္ေနတာလဲ"
႐ူေဖးက မီးျပင္းဖိုထဲသို႔ အမွိုက္အိတ္မ်ားကိုထည့္ၿပီး မီးညွိရင္းေမးလာ၏။
"အလုပ္ေတြၿပီးလို႔ အခုေလးတင္ပဲ ေလေကာင္းေလသန့္ရႉဖို႔ေရာက္လာတာ..."
ခ်ီေမာ့က ေနာက္တစ္ႀကိမ္ နံရံကိုပ်င္းတိပ်င္း႐ြဲမွီလိုက္ၿပီး ေတာက္ေလာင္လာသည့္မီးစမ်ားကို လွမ္းၾကည့္ေနလိုက္၏။
သူ၏ ခႏၶာကိုယ္ေပၚတြင္ ေသြးစမ်ားအနည္းငယ္ေတြ႕ေနရေသာ္လည္း ႐ူေဖးအေနျဖင့္ မည္သည့္ေမးခြန္းမ်ိဳးကိုမွမေမးျဖစ္။မီးနီေလာကတြင္ အလုပ္လုပ္သည့္သူအေနျဖင့္ မသိခ်င္ေယာင္ေဆာင္ရမည္ မျမင္ခ်င္ေယာင္ေဆာင္ရမည္ စသည့္စသည့္စည္းကမ္းခ်က္ကိုေတာ့ သေဘာေပါက္ေသးသည္။သိခ်င္စိတ္မ်ားသည့္ေၾကာင္ေပါက္ေလးက အသတ္ခံရမည္မဟုတ္ပါလား။
႐ူေဖးက ခႏၶာေပၚက်လာသည့္ ျပာမ်ားကိုခါထုတ္ကာ ခ်ီေမာ့ႏႈတ္ခမ္းဖ်ားမွ စီးကရက္ကိုလွမ္းယူလိုက္ၿပီး တစ္ခ်က္ရွိုက္လိုက္၏။နံရံဆီသို႔ မွီလိုက္ကာ ေဘးနားတြင္ရွိေနသည့္သူအား
"ဒီေန႕ ေဝ့ရွီမလာဘူး..."
"ဟုတ္လား...သူ ဘာျဖစ္လို႔လဲ.."
ခ်ီေမာ့က စီးကရက္ေနာက္တစ္လိပ္ ထပ္၍မီးညွိရင္း အလ်င္းသင့္သလိုသာေမး၏။
႐ူေဖးက ႏႈတ္ခမ္းထက္မွ စီးကရက္ကိုဖယ္လိုက္ၿပီး
"ငါ ဖုန္းဆက္တုန္းကေတာ့ သူစက္ပိတ္ထားတာ...ေနလို႔သိပ္မေကာင္းလို႔ေနမွာ...မနက္တုန္းကလည္း မ်က္ႏွာက မသက္မသာျဖစ္ေနလို႔ေမးၾကည့္လိုက္ေသးတယ္..."
"ေအာ္.."
ခ်ီေမာ့က ေခါင္းၿငိမ့္ျပရင္း စီးကရက္ေငြ႕မ်ားကို ေလထဲသို႔ မႈတ္ထုတ္လိုက္၍
"ဒီေန႕....ငါ့ေနရာကို သြားမလား..."
"မသြားေတာ့ဘူး...နင္ အရင္တစ္ေခါက္ကေပးတဲ့ပိုက္ဆံေတြေတာင္ သုံးလို႔မကုန္ေသးဘူး..."
ခ်ီေမာ့က စကားထပ္၍မဆိုလာေတာ့၏။သူက ေယာက္်ားေကာင္းတစ္ေယာက္မဟုတ္ေၾကာင္း ကိုယ့္ကိုကိုယ္ဝန္ခံပါ၏။အျခားသူ အေပၚ၌လည္း မွီခိုလိုစိတ္မရွိသလို အျခားသူက သူ႕အေပၚကို မွီခိုလာမည္ကိုလည္း မလိုလား။သူသည္ကား အေမွာင္ထုထဲတြင္ ေလလြင့္ရာေလွ်ာက္သြားေနခဲ့သည့္ခရီးသြားဧည့္သည္တစ္ဦးျဖစ္ကာ တည္ၿမဲေအာင္ေဆာက္တည္ခ်င္ၾကသည့္ခံစားခ်က္မ်ားၾကားတြင္ ရွင္သန္ရမည့္သူမ်ိဳးမဟုတ္ခဲ့။
သူႏွင့္႐ူေဖးအေၾကာင္းဆိုရလွ်င္ ေဝ့ရွီအပါအဝင္ရွိရွိသမွ်သူမ်ား ထင္ေနၾကသည္က အခ်စ္မ်ားျပည့္ႏွက္ေနသည့္စုံတြဲတစ္တြဲဟုပင္။သို႔ေသာ္ အႀကိမ္တိုင္းကို အနီေရာင္ေငြစကၠဴမ်ားျဖင့္သာ အဆုံးသတ္လိုက္သည့္အမွန္တရားကိုေတာ့ သူတို႔ႏွစ္ဦးတည္းကသာ သိပါလိမ့္မည္။
႐ူေဖးက ထိုကဲ့သို႔မိန္းကေလးတစ္ေယာက္မဟုတ္မွန္းသိေနပါသည့္တိုင္ သူအေနျဖင့္ ဤအရာကလြဲ၍ ေပးစရာအျခားတေလဟူ၍မရွိ။ဤအရာမ်ားမပါ ပါဘဲႏွင့္ ႏွစ္ေယာက္ၾကားဆက္ဆံေရးကိုဘယ္လိုထိန္းသိမ္းထားရမည့္အေၾကာင္းအား တကယ္မသိခဲ့ရိုးပါ။
ဤအရာကိုေပး၍ ေျဖရွင္းျခင္းက ေယာက္်ားတစ္ေယာက္အတြက္ ခံစားခ်က္မဲ့သည့္လုပ္ရပ္ဟု သတ္မွတ္ေကာင္းသတ္မွတ္နိုင္ပါလိမ့္မည္။သို႔ေသာ္လည္း ခ်စ္ျခင္းႏွင့္သံေယာဇဥ္မ်ားကို လမ္းခြဲႏႈတ္ဆက္ၾကသည့္အခါ၌ အနည္းဆုံးေတာ့ ျပတ္ျပတ္သားသားလမ္းခြဲနိုင္ပါေသး၏။
ဟုတ္ပါ၏။သူက တစ္ကိုယ္ေကာင္းဆန္သည့္ေယာက္်ားတစ္ေယာက္။တင္ေနသည့္ေငြစကၠဴအေႂကြးမ်ားကို ျပန္ဆပ္နိုင္ပါေသာ္လည္း ခ်စ္ျခင္းေမတၱာခံစားခ်က္ကိုေတာ့ ျပန္လည္းမဆပ္ခ်င္ခဲ့သလို ျပန္ဆပ္ဖို႔ရာလည္း မတတ္နိုင္ခဲ့ေပ။
"ဒါဆိုလည္း ထားလိုက္ပါေတာ့..."
ခ်ီေမာ့က စီးကရက္ကို နင္းေခ်လိဳက္ၿပီးေနာက္ ထြက္ခြာသြားရန္ျပင္လိုက္၏။ထို႔ေနာက္
"႐ူေဖး...တကယ္လို႔ မင္း ထပ္ၿပီးေရွ႕ဆက္မသြားခ်င္ေတာ့တဲ့ေန႕မ်ိဳးေရာက္လာခဲ့ရင္ ေသခ်ာေပါက္ ငါ့ကို လာေျပာလိုက္ပါ.."
႐ူေဖးက ေခါင္းကိုသဲ့သဲ့ေလးေစာင္းကာ ခ်ီေမာ့အား ၿပဳံးျပလိုက္ၿပီး
"ငါက နင့္ကိုလက္မလႊတ္နိုင္ေလာက္ေအာင္တြယ္ကပ္ေနမယ့္ ဟိုေကာင္မေလးေတြနဲ႕မတူဘူး...နင္ငါ့ကို ခဏခဏ သတိေပးေနစရာမလိုပါဘူးဟာ...နင္သာ သတိထား...ငါ သတင္းတစ္ခုရထားတယ္...ဟိုေန႕က မီးသတိေပးခလုတ္ကိုႏွိပ္သြားတာက နင္မွန္း ေဝ့ခ်ိန္ေပါက္ သိၿပီးၿပီတဲ့..."
ခ်ီေမာ့ အနည္းငယ္အံ့ၾသသြားသလိုမ်ိဳးျဖင့္ ခပ္ဖြဖြရယ္လိုက္ကာ
"တကယ္ကို ဘာကိစၥမွကို ဖုံးထားလို႔မရပါလား"
႐ူေဖးက သူ႕အား စိုက္ၾကည့္လိုက္ၿပီး
"ဒီကိစၥက ႀကီးခ်င္လည္းႀကီးသြားနိုင္တယ္ ေသးခ်င္လည္းေသးသြားနိုင္တယ္...ဘာပဲျဖစ္ျဖစ္ နင့္ကိုယ္နင္ ဂ႐ုစိုက္ပါ...ၿပီးေတာ့ ေဝ့ရွီကိုကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္..."
ေျပာေနရင္းျဖင့္ ရယ္ေမာလိုက္ၿပီး
"ဒါေပမယ့္ဒီစကားက...မေျပာလည္း ရမွန္းသိပါတယ္..."
႐ူေဖး၏ဖုန္းက ႐ုတ္တရက္ျမည္လာခဲ့သျဖင့္ ထုတ္ၾကည့္လိုက္ရာ မရင္းႏွီးသည့္နံပါတ္တစ္ခုျဖစ္ေန၏။ေသခ်ာၾကည့္ျပန္ေတာ့ ရင္းႏွီးသလိုလိုရွိလာကာ ႐ြမ္ေရွာက္နန္၏ဖုန္းနံပါတ္ျဖစ္မွန္း သတိရသြား၏။
ဖုန္းေျဖၿပီးသြားသည့္ ႐ူေဖး၏မ်က္ႏွာက ႐ုတ္ခ်ည္းဆိုသလို ေမွာင္မွိုင္းသြားသျဖင့္ ေဘးတြင္ရပ္ေနသည့္ခ်ီေမာ့ကေမးလာ၏။
"ဘာျဖစ္လို႔လဲ..."
"ေဝ့ရွီ ေဆး႐ုံေရာက္ေနတယ္...ငါ အခုလိုက္သြားမွျဖစ္မွာ.."
ခ်ီေမာ့က ဆိုင္ကယ္ေသာ့ကိုထုတ္လိုက္ၿပီး
"ဒီအခ်ိန္ဆို တကၠစီရွာရခက္မွာ..ငါ မင္းကိုလိုက္ပို႔ေပးမယ္.."
ေဆး႐ုံသို႔ အေျပးေရာက္လာသည့္အခ်ိန္တြင္ ေဝ့ရွီကသတိမရေသး။႐ြမ္ေရွာက္နန္က ကုတင္ေဘးတြင္ထိုင္ေနၿပီး ေဝ့ရွီ၏လက္ကို ဆုတ္ကိုင္ထား၏။
႐ြမ္ေရွာက္နန္ကို ျမင္လိုက္သည္ႏွင့္ ခ်ီေမာ့၏ေျခလွမ္းမ်ား ရပ္တန့္သြားခဲ့၏။ဤေယာက္်ားက မည္သူမွန္း ေကာင္းေကာင္းသိေနပါသျဖင့္ အသံမထြက္နိုင္ေအာင္အံ့ၾသသြားရ၏။အထဲလည္းမဝင္ခ်င္ေတာ့သလို ထားခဲ့ရန္လည္းစိတ္မခ်သျဖင့္ တံခါးေပါက္ဝတြင္သာရပ္ေနလိုက္၏။
႐ူေဖးက ေျပးဝင္သြားၿပီး စကားတစ္ခြန္းမွ်ပင္မဆိုရေသးဘဲ ႐ြမ္ေရွာက္နန္ဆုတ္ကိုင္ထားသည့္ ေဝ့ရွီ၏လက္ကိုဆြဲယူကာ ေစာင္ေအာက္ထဲသို႔ ထည့္လိုက္၏။႐ြမ္ေရွာက္နန္ကလည္း စကားမဆိုပါဘဲႏွင့္ ေဘးတြင္သာတိတ္ဆိတ္ေနခဲ့၏။ယခုအခ်ိန္တြင္ သူ၏ပုံစံက ေကာင္းကင္မင္းႀကီး၏မာနႀကီးလြန္းလွသည့္သားေတာ္ေလးက အျပစ္လုပ္ထားမိ၍ ေက်ာင္းသားေလးတစ္ေယာက္လို ငိုမဲ့မဲ့ျဖစ္ေနပုံႏွင့္ ဆင္တူ၏။
ေဝ့ရွီ၏ မ်က္ႏွာက အျဖဴေရာင္အိပ္ရာခင္းစထက္ ပို၍ေဖ်ာ့ေတာ့ေနကာ ႐ူေဖးက သူမ၏မ်က္ႏွာကို ခပ္ဖြဖြေလးပြတ္သပ္၍ ႐ြမ္ေရွာက္နန္အား စူးစူးရဲရဲစိုက္ၾကည့္လိုက္ၿပီး
"လူႀကီးမင္း႐ြမ္...ကြၽန္မကို တစ္ခုခုရွင္းျပသင့္တယ္လို႔ မထင္ဘူးလား"
"သူနဲ႕ကမ္းေျခကိုေရာက္ေနတုန္း ႐ုတ္တရက္ျဖစ္သြားတာ...အေရးေပၚေဆးကိုရႉလိုက္ေပမယ့္ မသက္သာလာတာနဲ႕ေဆး႐ုံကို ေခၚလာလိုက္တာ...ဆရာဝန္ေျပာတာေတာ့ asthma ေၾကာင့္မဟုတ္ဘူး...အသက္ရႉျမန္လြန္းတာေၾကာင့္မလို႔တဲ့..."
"အသက္ရႉျမန္လြန္းတာ?.."
"ခပ္ျပင္းျပင္းအသက္ရႉလိုက္လို႔ အသက္ရႉလမ္းေၾကာင္းမွာရွိတဲ့ေသြးေၾကာေတြကို ေျပာင္းျပန္ျဖစ္သြားသလိုလုပ္လိုက္မိတာ...အဲ့လို အသက္ျပင္းျပင္းရႉေလ ေသြးထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္က က်ေလျဖစ္ၿပီး ဒီေရာဂါကတစ္ဆက္တည္း ပါလာခဲ့တာ..လကၡဏာေတြက asthma နဲ႕ ဆင္တယ္...ဒါေပမယ့္...အသက္အႏၱရာယ္ေတာ့ မစိုးရိမ္ရပါဘူး..."
႐ြမ္ေရွာက္နန္က ဆရာဝန္ေျပာသြားသည့္စကားလုံးမ်ားကို ၾကက္တူေ႐ြးႏႈတ္တိုက္သလို တစ္ခြန္းမက်န္ျပန္ေျပာျပလိုက္၏။
႐ူေဖး၏ အမူအရာက အေတာ္ေလးကိုမသက္မသာျဖစ္ေနၿပီး ကုတင္ေပၚတြင္ လွဲေလ်ာင္းေနသည့္ေဝ့ရွီကို လွမ္းၾကည့္လိုက္၏။ထို႔ေနာက္ ေခါင္းေမာ့ၿပီး
"လူႀကီးမင္း႐ြမ္...ကြၽန္မတို႔ ႏွစ္ေယာက္တည္းစကားေျပာလို႔ ရမလား.."
႐ြမ္ေရွာက္နန္က ေတြေဝသလိုခ်ိတုံခ်တဳံျဖစ္ေနသျဖင့္ ႐ူေဖးက တံခါးဝတြင္ရပ္ေနသည့္ခ်ီေမာ့အား လွမ္းၾကည့္၍
"ေဝ့ရွီကို ခဏေလာက္ေစာင့္ေရွာက္ထားေပးပါဦး..."
ထို႔ေနာက္ ႐ြမ္ေရွာက္နန္ဘက္သို႔ ျပန္လွည့္ၿပီး
"ရွင္ လုအိမ္ကလူေတြကို လက္စားေခ်ဖိဳ႕ဘဲ အာ႐ုံေရာက္ေနတဲ့အခ်ိန္တုန္းက...လင္းေလာ့ခြၽမ္က ေဝ့ရွီကိုတကူးတကအနိုင္လာက်င့္ေသးတယ္..အဲ့အခ်ိန္တုန္းက ေဝ့ရွီကို ကယ္ေပးခဲ့တဲ့လူက သူပဲ...သူက ကြၽန္မတို႔ရဲ႕မိတ္ေဆြလည္း ဟုတ္သလို ေဝ့ရွီကိုလည္း အရမ္းဂ႐ုစိုက္ေပးတယ္..ေဝ့ရွီကလည္း သူ႕ကိုဆို ယုံတယ္...အခု ကြၽန္မက ေဝ့ရွီကို ခဏေလးေစာင့္ေရွာက္ေပးဖို႔ပဲ အကူအညီေတာင္းတာမလို႔ ဒီအခ်ိန္အတြင္း ေဝ့ရွီရဲ႕ဆံမွ်င္တစ္ေခ်ာင္းေလ်ာ့သြားမွာကအစ ကြၽန္မတာဝန္ယူတယ္...ဒါေပမယ့္လည္းရတယ္...ေဝ့ရွီ နိုးသြားလည္းကိစၥမရွိဘူးဆိုၿပီး ဒီေနရာမွာပဲ စကားေျပာခ်င္ေနလည္း အဆင္ေျပတယ္..."
"အဲ့ေလာက္ထိ ေျပာစရာမလိုပါဘူးဗ်ာ.."
႐ြမ္ေရွာက္နန္က ခ်ီေမာ့ကို တေလးတစားေခါင္းၿငိမ့္ျပလိုက္ၿပီး
"ေဝ့ရွီကို တစ္ခ်ိန္လုံးေစာင့္ေရွာက္ထားေပးလို႔ ေက်းဇူးတင္ပါတယ္."
႐ြမ္ေရွာက္နန္က ႐ူေဖးႏွင့္အတူ အျပင္ထြက္သြားခဲ့ၿပီး ခ်ီေမာ့က ကုတင္ေဘးတြင္ထိုင္လိုက္ကာ အိပ္ရာထက္တြင္လွဲေနသည့္သူအား လွမ္းၾကည့္လိုက္၏။
အိပ္ေပ်ာ္ေနသည့္သူက မ်က္ခုံးမ်ားကိုတြန့္ေကြးထားၿပီး အိပ္မက္ဆိုးမက္ေနပုံရသည္။သူမ၏ႏွာေခါင္းထိပ္ေလးက နီရဲေနသျဖင့္ ငိုထားေလာက္မည္ဟုလည္း ခန့္မွန္းၾကည့္မိေသးသည္။႐ုတ္တရက္ သူမ၏ ခႏၶာကိုယ္က တုန္ယင္သြားခဲ့၏။ထိုတုန္ယင္မႈက ေနာက္မွဆက္၍လိုက္လာခဲ့ၿပီး ေၾကာက္စရာေကာင္းသည့္တစ္စုံတစ္ရာက သူမ၏အေနာက္သို႔လိုက္ေနသည့္အလား ခႏၶာကိုယ္တစ္ခုလုံးက ေသးနိုင္သမွ်ေသးေအာင္ ေကြးလာကာ ျဖဴေဖ်ာ့ေနသည့္မ်က္ႏွာထက္တြင္ မ်က္ရည္ဟူ၍မရွိ တဆတ္ဆတ္တုန္ယင္ေနသည့္မ်က္ေတာင္ေမႊးေလးမ်ားသာ ရွိ၏။
ခ်ီေမာ့က သူ႕အေရွ႕တြင္ျမင္ေနရသည့္သူအား အထိတ္တလန့္ၾကည့္ေနမိ၏။အဘယ္သို႔ေသာ အေၾကာက္တရားမ်ိဳးက လူတစ္ေယာက္ကို ဒီေလာက္အထိ ေျခာက္လန့္ေစနိုင္မွန္း မမွန္းဆၾကည့္နိုင္ေတာ့ေပ။အဘယ္သို႔ေသာ အေတြ႕အႀကဳံမ်ိဳးမ်ားက လူတစ္ေယာက္အား အိပ္မက္ထဲတြင္ပင္ အသံထြက္မငိုရဲေအာင္ ျပဳလုပ္နိုင္ထားပါသနည္း။
သူမက ႏူးႏူးညံ့ညံ့ေလးသာရွိသည့္ အမ်ိဳးသမီးေလးတစ္ေယာက္ျဖစ္ေသာ္ျငား အခက္ခဲဆုံးအခ်ိန္မ်ိဳးမ်ား၌ပင္ ယုတ္ေလ်ာ့သြားျခင္းမရွိေအာင္သန္မာေနခဲ့သည္အား ျမင္ေတြ႕ခဲ့ဖူးပါသည္။ယခုလို ထိမိ႐ုံေလးျဖင့္ အခ်ိန္မေ႐ြးေႂကြမြသြားနိုင္မည့္အေျခအေနမ်ိဳးအား မျမင္ခဲ့ဖူးေပ။
ညေလေအးက တိုက္ခတ္လာသည့္အတြက္ ဖြင့္ထားသည့္ျပတင္းေပါက္ဆီမွ လိုက္ကာစမ်ားက ေလထဲတြင္ဝဲပ်ံေနကာ ညအေမွာင္ကိုအန္တုေနသည့္ငွက္ကေလးမ်ားအလား။
ခ်ီေမာ့က အင္အားကုန္ခန္းေနသည့္ ညွိုးက်ခါနီးပန္းတစ္ပြင့္လိုျဖစ္ေနသည့္သူအနားတြင္ ခပ္တိုးတိုးေလး ညည္းလိုက္၏။
"႐ြမ္ေရွာက္နန္...လင္းေလာ့ခြၽမ္....မင္း ဘယ္လိုလူမ်ိဳးေတြ လက္ထဲေရာက္ေနမွန္း သိေရာသိရဲ႕လား..."
႐ူေဖး အခန္းအတြင္းသို႔ျပန္ေရာက္လာသည့္အခ်ိန္တြင္ ခ်ီေမာ့က ျပတင္းေပါက္တံခါးကိုပိတ္ေန၏။လက္ထဲတြင္ကိုင္လာသည့္ မုန့္ထုပ္မ်ားကို စားပြဲေပၚတင္လိုက္ၿပီး နိုးထလာဖို႔ အစီအစဥ္မရွိသည့္ကုတင္ေပၚမွသူအား ပင္ပန္းစြာလွမ္းၾကည့္လိုက္၏။
"သူ သြားၿပီလား.." ခ်ီေမာ့ကေမး၏။
႐ူေဖးက ေခါင္းၿငိမ့္ျပရင္း ကုတင္ေဘးရွိ ခုံအလြတ္ေပၚသို႔ သက္ေသာင့္သက္သာထိုင္ခ်လိဳက္၏။
ခ်ီေမာ့က သူမကိုလိုက္ၾကည့္ေနၿပီး
" မင္း ငါ့ကို ေျပာစရာဘာမွမရွိေတာ့ဘူးလား"
႐ူေဖးက ေခါင္းေမာ့လာၿပီး
"ငါ ဗိုက္ဆာေနၿပီ...စားရင္းနဲ႕ေျပာရေအာင္..."
ႏွစ္ေယာက္သား ေဆး႐ုံဌာန၏ အျပင္ဘက္ဝရန္တာတြင္ထိုင္လိုက္ၿပီး ၾကက္ေတာင္ပံေၾကာ္ႏွင့္ ဘီယာ ေသာက္ေန၏။တစ္ၿမိဳ႕လုံးက တိတ္ဆိတ္ေနခဲ့ၿပီး အေမွာင္ထုထဲမွ ထြက္ေပၚလာသည့္ငွက္ေအာ္သံမ်ားပင္ၾကားေနရ၏။ညနက္လြန္းၿပီး မီးေရာင္ေလးမ်ားက ေနရာကြက္ၾကားတြင္သာရွိေနၿပီး ရႈပ္ေထြးၿပီးေယာက္ယတ္ခတ္ေနသည့္ေလာကႀကီး၏အျခားတစ္ေနရာသို႔ ေရာက္သြားသလိုခံစားမိ၏။
"နင္ ဘာသိခ်င္တာလဲ"
႐ူေဖးက ၾကက္ေတာင္ပံကိုကိုက္ရင္း ပလုတ္ပေလာင္းျဖင့္ေမးလာ၏။
"သိခ်င္တယ္ဆိုတာထက္ တစ္ခုခုကိုပိုေသခ်ာေအာင္ အတည္ျပဳခ်င္တယ္လို႔ ေျပာရမလား...အရင္တစ္ေခါက္ alluringမွာ မင္းတို႔အျပစ္ျပဳမိတဲ့ဧည့္သည္ေတြထဲ ႐ြမ္ေရွာက္နန္ ပါမွန္း ငါသိၿပီးၿပီ...အဲ့အခ်ိန္မွာ သူက ေဝ့ရွီကိုသေဘာက်သြားၿပီး..ေနာက္ေတာ့ ေဝ့ရွီက သူ႕ရဲ႕...."
ခ်ီေမာ့က ႐ုတ္တရက္ ဆက္မေျပာနိုင္ေတာ့သည့္အလား သက္ျပင္းတစ္ခ်က္ခ်လိဳက္၏။သို႔ေသာ္ ခုဏကအေျခအေနတြင္ ထိုေယာက္်ားက ေဝ့ရွီအနားကပ္လြန္းၿပီး တစ္မ်ိဳးမ်ိဳးေတြးဆသြားေအာင္လုပ္ေနသလိုလို။
႐ူေဖးက ခံစားခ်က္မဲ့သည့္အသံမ်ိဳးျဖင့္ရယ္ေမာလိုက္ကာ
"တကယ္လို႔သာ ကိစၥေတြက အဲ့လိုမ်ိဳးျဖစ္ေနရင္ ရိုးရိုးရွင္းရွင္းေလးနဲ႕အေကာင္းဆုံးပဲေပါ့...သူတို႔ၾကားထဲကကိစၥက နင္ထင္ထားသလိုမ်ိဳးမဟုတ္ဘူး.."
နားမလည္သလိုၾကည့္ေနသည့္ ခ်ီေမာ့၏မ်က္ဝန္းမ်ားေၾကာင့္ ႐ူေဖးက သက္ျပင္းခ်လိဳက္ၿပီး
"ဒီကိစၥေတြအားလုံးကို မိဘမဲ့ေဂဟာမွာကတည္းက ေဝ့ရွီေျပာျပဖူးတာ...ပုံျပင္ကနည္းနည္းေလးေတာ့ရွည္တယ္...ငါ ေဝ့ရွီရဲ႕ဘဝအေၾကာင္းကေန စၿပီးေျပာျပရမယ္နဲ႕တူပါတယ္..."
ခ်ီေမာ့က ဘီယာကိုတိတ္ဆိတ္၍သာေသာက္ေနၿပီး ျဖစ္ညွစ္လႈပ္ခတ္ေနသည့္ႏွလုံးသားကို အေသအခ်ာထိန္းခ်ဳပ္ေနခဲ့ပါ၏။အရမ္းအံ့ၾသတၾကားျဖစ္သြားသည့္ဟန္မ်ိဳးမေပါက္ေအာင္ ထိန္းထားကာ ထိုအမူအရာက ပုံျပင္ေျပာျပသူကို သက္ေရာက္သြားမည္ကိုလည္း မလိုလားေသာေၾကာင့္ျဖစ္၏။
" လုဇစ္႐ႊိ မွာမိန္းမေတြတစ္ေယာက္မကရွိၿပီး ေဝ့ရွီရဲ႕အေမက အဲ့မိန္းမေတြထဲက အခ်စ္ခံရဆုံးတစ္ေယာက္ေလ...သူ႕အေမက အရမ္းလွတာ..နင္ ေဝ့ရွီကိုၾကည့္တာနဲ႕သိေလာက္မွာပါ..အဲ့ဒါေၾကာင့္မလို႔ တရားဝင္ယူထားတဲ့မယားႀကီးေသသြားတာနဲ႕ ေဝ့ရွီရဲ႕အေမကို တရားဝင္ထပ္ယူလိုက္ၿပီး သူ႕အေမရယ္ ေဝ့ရွီရယ္ကို လုအိမ္ေတာ္ေပၚ တက္ခြင့္ေပးလိုက္တာ...ဒါေပမယ့္ ေဝ့ရွီအတြက္ကေတာ့ အိပ္မက္ဆိုးေတြ စတင္သြားတဲ့ေန႕ျဖစ္သြားတာေပါ့...လုဇစ္႐ႊိဆိုတဲ့ဘိုးေတာ္က ဘာအမ်ိဳးသမီးေတြကိုေလးစား အမ်ိဳးသားေတြကိုတန္းတူဆက္ဆံတတ္တဲ့လူမ်ိဳးမွ မဟုတ္ဘူး..သူေမြးထားတဲ့ သားေတြသမီးေတြကိုေတာင္ ခ်မ္းသာေအာင္လုပ္ဖို႔ဆိုရင္ ဘာမဆိုလုပ္ရမယ့္အတတ္ေတြပဲသင္ေပးေတာ့ ကေလးေတြက မေကာင္းဆိုးဝါးေပါက္စေလးေတြေလ...ေဝ့ရွီရဲ႕အထက္မွာ အစ္ကိုႀကီးႏွစ္ေယာက္ရယ္ အစ္မႀကီးတစ္ေယာက္ရယ္ရွိတယ္..ေဝ့ရွီအေမက ေၾကာက္တတ္ၿပီးအာမခံရဲေတာ့ ေဝ့ရွီက သူတို႔ရဲ႕ အနိုင္က်င့္ခံဘက္ကစားစရာေလးျဖစ္လာတာေပါ့...ကေလးေပါက္စေတြဆိုေပမယ့္ အရမ္းရက္စက္တဲ့နည္းေတြနဲ႕အနိုင္က်င့္တာ..နင္စဥ္းစားၾကည့္...ေဝ့ရွီငယ္ငယ္တုန္းက ဘယ္လိုေနခဲ့ရမလဲဆိုတာ...အသက္၁၄ႏွစ္ျပည့္တဲ့အဲ့ႏွစ္မွာမွ ႐ြမ္ေရွာက္နန္နဲ႕စၿပီးေတြ႕ခဲ့တာ..."
႐ူေဖးက ဘီယာတစ္ငုံေမာ့လိုက္ၿပီးမွ ေကာင္းကင္ထက္ရွိ လမင္းႀကီးကိုေမာ့ၾကည့္လိုက္၏။
"ဘာေၾကာင့္မွန္းမသိေပမယ့္ ႐ြမ္ေရွာက္နန္က ေဝ့ရွီကို ျမင္ျမင္ခ်င္းကတည္းက အရမ္းသေဘာက်ခဲ့တာ.. '႐ြမ္' နဲ႕ 'လု' အိမ္ေတာ္ေတြက အစကေတာ့ မိတ္ေဆြေတြေပါ့...႐ြမ္ေရွာက္နန္က အၿမဲတမ္း ေဝ့ရွီဆီ လာတယ္..ဂ႐ုစိုက္တယ္..စိတ္ပူေပးတယ္..ေဝ့ရွီေျပာတဲ့ စကားေလးတစ္ခြန္းကအစ အကုန္ျဖစ္ေအာင္ျဖည့္ဆည္းေပးတယ္...႐ြမ္ေရွာက္နန္ကာကြယ္ေပးေနတာေၾကာင့္ လုအိမ္မွာေနေနရတဲ့ ေဝ့ရွီရဲ႕ဘဝက နည္းနည္းပိုအဆင္ေျပလာခဲ့တာေပါ့...အဲ့ဒါေတြက သူ႕ရဲ႕ဆယ္ေက်ာ္သက္ဘဝတစ္ခုစာလုံးအတြက္ အေကာင္းဆုံးအမွတ္တရေတြျဖစ္ခ်င္ျဖစ္ခဲ့ေလာက္မွာ...ဒါေပယ့္ ေကာင္းတဲ့အရာေတြက ၾကာၾကာမရွိလိုက္ရပါဘူး..."
ခ်ီေမာ့က ေနာက္ပိုင္းတြင္ၾကားရမယ့္စကားမ်ားကိုႀကိဳသိေနသည့္အလား မ်က္ေမွာင္က်ဳံ႕လိုက္၏။
သူထင္တာေတြအားလုံး မွန္သြားခဲ့ပါ၏။႐ူေဖးက သက္ျပင္းခ်လိဳက္ၿပီး
"စီးပြားေရးေလာကရဲ႕ ေစ်းကြက္ျပႆနာေတြေၾကာင့္ ႐ြမ္ေရွာက္နန္ရဲ႕အေဖက လုဇစ္႐ႊိေပးတဲ့ဖိအားေၾကာင့္ အထပ္သုံးဆယ္ျမင့္တဲ့တိုက္ေပၚကေန ခုန္ခ်သြားခဲ့တာ...႐ြမ္ေရွာက္နန္နဲ႕သူ႕အေမကေတာ့ အသက္ရွင္ဖို႔အေရးအတြက္ အေမရိကကိုထြက္ေျပးသြားခဲ့တယ္...အဲ့အခ်ိန္ကစၿပီး သူ႕သတင္းကို ဘာဆိုဘာမွမၾကားရေတာ့ဘူး...သိပ္မၾကာလိုက္ပါဘူး..ေဝ့ရွီအေမက မေတာ္တဆျဖစ္ျပန္ေရာ...လုမိသားစုထဲမွာ စကားေတာင္က်ယ္က်ယ္မေျပာရဲတဲ့သူက အိပ္ရာထဲမွာ ကိုယ့္လက္ေကာက္ဝတ္ကိုကိုယ္ဓါးနဲ႕လွီးၿပီး သတ္ေသသြားခဲ့တာ...လုဇစ္႐ႊိသိတဲ့အခ်ိန္မွာ အိပ္ရာတစ္ခုလုံးေသြးေတြႏွစ္႐ႊဲေနၿပီး အသက္မရွိေတာ့ဘူး..သူ႕အေမရဲ႕စ်ာပနအခမ္းအနားၿပီးတာနဲ႕ ေဝ့ရွီလည္းအိမ္ေပၚကဆင္းလာခဲ့တာ...ေဝ့ရွီက အစကတည္းက လုအိမ္မွာ အေရးႀကီးတဲ့သူတစ္ေယာက္မွ မဟုတ္ဘဲ ေသေသရွင္ရွင္ ဘယ္သူမွ ဂ႐ုစိုက္ေနမွာမဟုတ္ဘူးေလ...တစ္ပတ္တိတိ လမ္းေပၚမွာ ေလွ်ာက္သြားေနတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္မေလးကို လူမႈဖူလုံေရးအသင္းက ရွာေတြ႕သြားၿပီး မိဘမဲ့ေဂဟာကို ပို႔ေပးခဲ့တာေပါ့.."
႐ူေဖးက ေဘးနားတြင္တိတ္ဆိတ္ၿပီးနားေထာင္ေနသည့္သူအား လွည့္ၾကည့္လိုက္၏။
"ဒါေၾကာင့္...နင္ ရွင္းရွင္းလင္းလင္းသိသင့္ၿပီ...ေဝ့ရွီက အသက္ ၁၄ႏွစ္အ႐ြယ္ကတည္းက ႐ြမ္ေရွာက္နန္ကို ခ်စ္ခဲ့တာ..၇နှစ်တိတိချစ်လာခဲ့တာ...ငါတို႔ မိဘမဲ့ေဂဟာမွာရွိေနတုန္းက ငါဆို ႐ြမ္ေရွာက္နန္ရဲ႕နာမည္ကိုေတာင္သိခဲ့တာမဟုတ္ဘူး...သူတို႔ႏွစ္ေယာက္ျပန္ေတြ႕ၾကတဲ့အခ်ိန္ကမွ ငါ့ကိုေျပာျပခဲ့တာ...အဲ့အခ်ိန္မွာ သိလိုက္ရတာက ေဝ့ရွီရဲ႕ႏွလုံးသားထဲမွာ တစ္ခ်ိန္လုံးလူတစ္ေယာက္ရွိေနခဲ့ၿပီး အဲ့လူကိုရယ္ျပေနခဲ့မယ္ စကားေတြေျပာေနခဲ့မယ္...အခ်ိန္ေတြအၾကာႀကီး ေဝ့ရွီက အတိတ္ကေန႕ရက္ေတြထဲမွာပဲ အသက္ရွင္ေနခဲ့ၿပီး အဲ့ထဲကေနထြက္မလာခဲ့ဘူး...႐ြမ္ေရွာက္နန္နဲ႕အတူရွိခဲ့ဖူးတဲ့ႏွစ္တစ္ႏွစ္စာေလးကို သူ႕ဆယ္ေက်ာ္သက္ဘဝတစ္ခုစာလုံးလို႔ မွတ္ယူထားခဲ့တာ...တစ္ခါတေလဆို ငါေတာင္ သံသယဝင္မိေသးတယ္..ေဝ့ရွီက သူ႕ဆယ္ေက်ာ္သက္တစ္ခုလုံးကို အဲ့ဒီ ႐ြမ္ေရွာက္နန္နဲ႕အမွတ္တရေတြရွိေနတဲ့ေနရာတစ္ခုထဲကိုပဲေတြးၿပီး အသက္ရွင္ေနတာလားလို႔ေလ...႐ြမ္ေရွာက္နန္မရွိေတာ့မွန္းသိေနရက္နဲ႕...ထပ္ၿပီးေတြ႕ရပါ့မလားဆိုတာေတာင္မေသခ်ာေတာ့ဘဲနဲ႕...သူတို႔ၾကားမွာ ေမ့သြားလို႔မရမယ့္ အမုန္းတရားေတြပဲရွိေနေတာ့မွန္းသိသိရက္နဲ႕...လက္မလႊတ္ဘဲ ရပ္ေစာင့္ေနခဲ့တာ...အဲ့ေနရာမွာ ေနရစ္ေနခဲ့တာ..."
ခ်ီေမာ့က ႐ုတ္တရက္ထိုးေအာင့္သြားသည့္ႏွလုံးသားကို ဖိႏွိပ္လိုက္၏။ေမးခြန္းတစ္ခု။အရမ္းကိုမွသိခ်င္ေနသည့္ေမးခြန္းတစ္ခုအား မေမးဘဲမေနနိုင္ေတာ့၏။
"႐ြမ္ေရွာက္နန္ကေရာ?...သူကေရာ ေဝ့ရွီကို အဲ့အတိုင္းခ်စ္လို႔လား"
႐ူေဖးက ခပ္ဖြဖြေလးရယ္လိုက္ၿပီး
"ကာယကံရွင္ျဖစ္တဲ့ ေဝ့ရွီေတာင္မွမသိဘူး...သူ႕ေလာက္ဥာဏ္ေကာင္းတဲ့သူေတာင္ ႐ြမ္ေရွာက္္နန္ကို နားမလည္တာ..ငါက ဘယ္လိုလုပ္ၿပီးသိနိုင္မွာလဲ.."
႐ူေဖး၏အၾကည့္မ်ားက ေကာင္းကင္ေပၚရွိ ၾကယ္ကေလးဆီသို႔ေရာက္သြားခဲ့ၿပီး
"နင္ စဥ္းစားၾကည့္ခဲ့ဖူးလား...တကယ္လို႔သာ ဒီေလာကႀကီးထဲမွာ နင္အခ်စ္ဆုံးလူက...ဒီေလာကႀကီးထဲက နင့္ကိုအမုန္းဆုံးလူတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္...နင္ဘယ္လိုလုပ္မလဲ..."
ခ်ီေမာ့ တစ္ခဏၾကာေအာင္ ေတြးၾကည့္လိုက္၏။ထို႔ေနာက္
"အဲ့ႏွစ္မွာျဖစ္သြားတဲ့ကိစၥေတြအားလုံးက ေဝ့ရွီနဲ႕ ဘာမွမွမဆိုင္တာ...အဲ့ကိစၥကေန အက်ိဳးရွိသြားတာဆိုလို႔လည္း ဘာဆိုဘာမွမရွိဘူးေလ...သူ ေဝ့ရွီကို မုန္းစရာအေၾကာင္းမွမရွိဘဲ..."
"ငါလည္း ေဝ့ရွီကို ဒီအတိုင္းေျပာျပဖူးတယ္...အဲ့ေတာ့ ေဝ့ရွီေျပာတယ္ေလ ငါက ဒီေလာကႀကီးေပၚက ေၾကာက္စရာအေကာင္းအရာတစ္ခုကိုေမ့ေနခဲ့တာတဲ့...ဘာလဲသိလား..'ေဒါသ'တဲ့ေလ...လုအိမ္ေၾကာင့္ မိသားစုပ်က္ဆီးသြားရတဲ့ ႐ြမ္ေရွာက္နန္ဘက္ကေနၾကည့္ရင္ သူ႕မ်ိဳးရိုးနာမည္က 'လု' ျဖစ္ေန႐ုံနဲ႕တင္ကို အေၾကာင္းျပခ်က္ခိုင္လုံသြားပါၿပီတဲ့..."
လူတစ္ေယာက္၏ခံစားခ်က္ အထူးသျဖင့္ လက္စားေခ်လိဳစိတ္ျပင္းေနသည့္လူတစ္ေယာက္၏ခံစားခ်က္မ်ားက တစ္ခါတစ္ေလ ႏွလုံးသား၏ထိန္းခ်ဳပ္မႈကို လက္မခံတတ္ၾကသည္မဟုတ္လား။
"ဒါဆို ခုဏ သူ႕ကို ဘာေျပာလိုက္တာလဲ...ေဝ့ရွီက သူ႕ကိုအရမ္းခ်စ္တဲ့အေၾကာင္းေတြလား"
႐ူေဖးက ႏႈတ္ခမ္းကိုေကြးေနေအာင္ၿပဳံးလိုက္ၿပီး
"ငါက႐ူးေနတာမို႔လို႔လား...ငါ ေျပာလိုက္တာက တကယ္လို႔ ေဝ့ရွီကိုထိခိုက္ေအာင္လုပ္ရင္ သရဲျဖစ္သြားရင္ေတာင္ သူ႕ကိုအလြတ္မေပးဘူးလို႔ေလ..."
"သူက ဘာျပန္ေျပာလဲ?.."
႐ူေဖးက ဘယ္ဆီဘယ္ဝယ္ဆီသို႔လွမ္းၾကည့္လိုက္မွန္းမသိ အမူအရာအားလုံးက ၿငိမ္က်ၿပီးေလးနက္သြားခဲ့၏။
"သူေျပာတာက...တစ္ေလာကလုံးကလူေတြအားလုံး သရဲတစ္ေဆေတြျဖစ္သြားခဲ့ရင္ေတာင္မွ ေဝ့ရွီကို နည္းနည္းေလးမွထိခိုက္ခြင့္ေပးမွာမဟုတ္ဘူးတဲ့..."
ခ်ီေမာ့က တိတ္ဆိတ္သြားခဲ့၏။တစ္ခဏၾကာသြားၿပီးမွ ရယ္သံသဲ့သဲ့ထြက္လာၿပီး
"ဘာအဓိပ္ပါယ်ကြီးလဲ..."
"ငါထင္တာေတာ့..."
႐ူေဖးက ဘီယာတစ္ငုံထပ္ေသာက္လိုက္ၿပီး
"အျခားနည္းလမ္းကိုသုံးၿပီး သူ႕အခ်စ္ေတြကို ေဖာ္ျပသြားတာ..."
ခ်ီေမာ့က ႐ုတ္တရက္တစ္ခုခုကိုနားလည္သလို ရယ္ေမာလိုက္ၿပီး
"မင္း ဒီေန႕ ဒီေနရာကို ငါ့ကိုတမင္သက္သက္ေခၚလာတာမလား..."
႐ူေဖးက အလ်င္အျမန္တုန့္ျပန္လိုက္ၿပီး
"နင့္ဘာသာနင္လိုက္လာတာပါ...ငါက ေရစီးအလိုက္ ႐ြက္လႊင့္လိုက္တာပဲရွိတာ.."
"မင္း အရင္ကတည္းကသိေနတာမလား.."
"ဟုတ္တယ္..ငါသိေနခဲ့တာ!..နင္နဲ႕အတူရွိတဲ့ပထမဆုံးရက္ကတည္းက ငါသိေနခဲ့တာ.."
႐ူေဖးက ဤခန့္ညားသည့္ေယာက္်ားအား လွည့္ၾကည့္လာသည္က အၾကည့္မ်ားထံမွ လႊတ္ထြက္မသြားေအာင္ဆြဲယူလိုက္သလိုမ်ိဳးအထိ။
"သိရဲ႕သားနဲ႕ ငါ့အိပ္ရာေပၚထိလိုက္လာေသးတယ္...ေမာ့႐ူးေဖး...မင္း ဘာေတြစဥ္းစားေနတာလဲ.."
ခ်ီေမာ့က ႐ူေဖး၏လက္ေမာင္းကိုဆြဲယူၿပီး အရိုးမ်ားက်ိဳးမတတ္ျဖစ္ညွစ္ထား၏။
႐ူေဖးက အၾကည့္မ်ားကိုမလြဲဘဲ မ်က္လုံးခ်င္းဆုံေစလိုက္၏။အနည္းငယ္ေလးေတာင္ လႈပ္ခတ္သြားျခင္းမရွိသည့္မ်က္ဝန္းအိမ္ထဲတြင္ စကားလုံးမ်ားျဖင့္ေဖာ္ျပ၍မရေသာ အေငြ႕အသက္မ်ားရွိေနခဲ့၏။
"ဘာျဖစ္လို႔လဲဆိုေတာ့ ငါလည္း နင္နဲ႕အတူတူပဲမလို႔ေလ...ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ခ်စ္တဲ့သူကို တစ္သက္လုံးမရနိုင္မွန္း သိေနခဲ့လို႔ေလ...သူ႕ရဲ႕အေငြ႕အသက္ေလးကိုရရင္ပဲျဖစ္ျဖစ္ သူ႕ရဲ႕အထိအေတြ႕ေလးကိုရရင္ပဲျဖစ္ျဖစ္ အနီးကပ္ဆုံးေပြ႕ဖက္ထားနိုင္ခဲ့ရင္ကို ေက်နပ္ေနခဲ့ၿပီမလို႔ေလ...ခဏတစ္ျဖဳတ္ပဲရခဲ့ရင္ေတာင္မွ ေကာက္ရိုးမီးလိုပဲျဖစ္ေနခဲ့ရင္ေတာင္မွ...ဆႏၵရွိေနခဲ့တာမလို႔ေလ"
႐ူေဖး၏လက္ေခ်ာင္းမ်ားက သူ၏မ်က္ႏွာထက္သို႔ ထိေတြ႕လာၿပီး ႏူးညံ့သည့္ႏႈတ္ခမ္းပါးေလးထက္မွ အသက္ရႉထုတ္လာသည့္ေလမ်ားကို ထိေတြ႕ၾကည့္လိုက္၏။အနည္းငယ္ရစ္မူးေနသည့္ဘီယာဒဏ္ေၾကာင့္လည္းပါသလို မသိမသာေလးပါေရာႏွောေနသည့္ဝမ္းနည္းျခင္းမ်ားလည္းပါကာ အနားသို႔တိုးကပ္ရင္း
"ငါသိတယ္...ငါ့ခႏၶာကိုယ္ေပၚကေန ဘယ္ဥစၥာကိုပဲ နင္စြဲလမ္းမွန္း သိတယ္..ကိစၥမရွိပါဘူး..နင္ ငါ့ကိုအၿမဲတမ္းအသုံးခ်လိဳ႕ရပါတယ္..နင့္ရဲ႕နာက်င္မႈေတြ..အထီးက်န္မႈေတြ..နင့္ႏွလုံးသားထဲမွာ ဘာမွမရွိတာေတြအားလုံးကို ငါသိပါတယ္..အဲ့ဒါေၾကာင့္မလို႔ အဲ့ဒီနာက်င္စရာေတြ ဝမ္းနည္းစရာေတြအားလုံးကို နင္နဲ႕အတူ ခံစားေပးပါ့မယ္.."
ခ်ီေမာ့က ႐ူေဖး၏ဆံပင္ကို အေနာက္ဘက္မွဆြဲလိုက္ၿပီး မည္းနက္ခြၽန္ထက္လွသည့္မ်က္ဝန္းမ်ားက သူမ၏မ်က္ႏွာထက္တြင္ ထိုးစိုက္လုနီးနီးစိုက္ၾကည့္လာခဲ့ကာ
"ငါ အဲ့ေလာက္လူႀကီးလူေကာင္းဆန္ေနတဲ့ေကာင္မဟုတ္ဘူး...မင္း ထိခိုက္တာေတြမထိခိုက္တာေတြ ငါဂ႐ုလိုက္စိုက္ေနမွာမဟုတ္ဘူး..ေသခ်ာလား..စိတ္ထဲ ဘာမွမျဖစ္ဘူးဆိုတာ.."
႐ူေဖးက သူ၏လည္တိုင္ကို လက္ႏွစ္ဖက္စလုံးျဖင့္ေပြ႕ဖက္လိုက္ၿပီး တိုးတိုးေလးဆိုလိုက္၏။
"ဟုတ္တယ္...ထိခိုက္ေအာင္လုပ္မယ့္သူက နင္ျဖစ္ေနသ၍ ငါ ဘာကိုမွ စိတ္ခုေနမွာမဟုတ္ဘူး.."
ခ်ီေမာ့က ရယ္လိုက္ရင္း ရင္ခြင္ထဲရွိသူအားေပြ႕ဖက္လိုက္ကာ နာနာက်င္က်င္ဆိုလာခဲ့၏။
"ဒါေပမယ့္...ငါ..ျဖစ္တယ္!..."
***********************