သခင်လေးလင်း ဒီနေရာကို ရှင်းလင်းပေးဖို့လိုသေးလား
Alluring ဆိုတဲ့ကလပ်ဟာ အာရှမှာဆိုရင် "ရွှေရောင်လိုဏ်ဂူ" လို့နာမည်ကြီးတဲ့နေရာတစ်ခု။အထက်တန်းစားဆန်တဲ့အပြင်အဆင်တွေ အဆင့်အတန်းမြင့်တဲ့အရည်အသွေးတွေကြောင့် ပြည်ပတွေအထိပါ "ပန်းရောင်လေးများစုဝေးရာစစ်တပ်" လို့ လှလှပပ ခေါ်ဝေါ်ပြီး အဆင့်သတ်မှတ်ထားပါသေး၏။
ဤနေရာတွင် တည်ရှိနေသည့်အပြုအမူကိစ္စရပ်အားလုံးက ဤနေရာတွင်သာ လျှို့ဝှက်ချက်တစ်ခုအနေဖြင့်သာရှိနေမည်ဖြစ်သည်။အခြားသော အဆင့်အတန်းမြင့်သည့်ကလပ်များကဲ့သို့ လိုက်နာရမည့်စည်းကမ်းချက်များလည်း ရှိနေမည်ဖြစ်ကာ အတွင်းထဲတွင် မည်သို့ ခြစားပြီးပျက်စီးနေပါစေ အပေါ်ယံမျက်နှာပြင်တွင် တည်ငြိမ်အောင် ဟန်ဆောင်ထားပေးမည်ဖြစ်သည်။အပြင်ဘက်ကမ္ဘာကြီးအား မည်သည့်အပြစ်အဆာမျိုးကိုမှ ရှာဖွေတွေ့ရှိခွင့်ပေးလိုက်မည်မဟုတ်။
အခြားပုံစံဖြင့်ဆိုရလျှင် သူဌေးဝေ့ချိန်ပေါက်၏အုပ်ချုပ်မှုအောက်တွင်ရှိနေသော Alluring က ဤနယ်ပယ်တွင်ရှိသည့်အခြားသောနေရာများ၏ အထက် ပထမဦးဆုံးနေရာတွင်ရှိနေသည်ဟု သံသယကင်းကင်းယုံကြည်ရလိမ့်မည်။
ဤနေရာမျိုးတွင် ဖြစ်ပျက်သွားသောဇာတ်လမ်းဆိုသည်မှာ မနည်း။သို့သော် ဇာတ်လမ်းများအားလုံးကို လျှို့ဝှက်ပေးထားပြီး ရှိရှိသမျှသောပါးစပ်ပေါက်တိုင်းက ချုပ်ခံထားရသည့်အလား ပိတ်ထားပြီးဖြစ်သည်။လိုက်ကာ၏နောက်ကွယ်က ဇာတ်လမ်းများ ကြမ်းပြင်ပေါ်တွင်ဖြစ်သွားသည့် အညစ်ပတ်ဆုံးသောကိစ္စများ အရှက်မဲ့ဆုံးသော စက်ဆုပ်စရာအကောင်းဆုံးသော ရက်စက်ဆုံးသော မကျေနပ်ချက်ဇာတ်လမ်းများက အပျော်အပျက်သဘောမျိုးဖြင့်သာ လေထဲတွင်ဝိုးတိုးဝါးတားပျောက်ကွယ်သွားရစမြဲ။
အဲ့ဒီနေ့ညသည် မော့ရူဖေး လုဝေ့ရှီ ဆိုသည့်ပိုးကောင်လေးနှစ်ကောင်၏ ဤစည်းကမ်းချက်များအောက်ကျရောက်သွားသည့်နေ့ဖြစ်ပြီး သွေးရောင်လွှမ်းသည့်ညနက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ဝေ့ရှီက အပြေးအလွှားဖြင့် Box No.7 ထဲသို့အတင်းအကြပ်ဝင်ရောက်လာသည့်အချိန်တွင် ရူဖေး၏နှုတ်လမ်းပေါ်တွင် သွေးစများပေနှင့်နေပြီဖြစ်သည်။တစ်စက်စက်ကျနေသည့်သွေးက ကြက်သွေးရောင်ကော်ဇော်ပေါ်သို့ဖြစ်ကာ ပါးစပ်ပေါ်ရှိသွေးစက်များပင်မကုန်စင်သေးခင် ထိုယောက်ျား၏လက်ဝါးက အားဖြင့်နောက်တစ်ချက်လွှဲရိုက်လာပြီဖြစ်၍ ရှောင်ဖယ်လိုက်ရန်ပင်အချိန်မရှိလိုက်ဘဲ အသံကျယ်ကြီးတစ်ချက်မြည်သွားခဲ့၏။
ထိုယောက်ျား၏လက်ဝါးနောက်တစ်ချက် လွှဲရိုက်လာတော့မည်ကိုမြင်လိုက်သည်နှင့် ဝေ့ရှီက မည်သည်ကိုမျှမစဥ်းစားနိုင်တော့ဘဲ ရူဖေး၏အရှေ့တွင် ဝင်ရပ်လိုက်ကာ စာကလေးငှက်ငယ်လေးကို မိခင်ငှက်မကြီးက ကာကွယ်ပေးချင်သည့်အလား။ကံမကောင်းစွာဖြင့် သူမရင်ဆိုင်နေရသည်က လေးခွနှင့်ပစ်နေသည့်ကလေးတစ်ယောက်ကိုမဟုတ် မကောင်းဆိုးဝါးဝံပုလွေအုပ်ကြီးဖြစ်၏။
ဘောဒီဂတ်နှင့်တူသည့် ထိုယောက်ျားက အနည်းငယ်အံ့သြသွားပြီးနောက် အနောက်တွင်ထိုင်နေသည့် သူ၏သူဌေးအား လှမ်းကြည့်ကာ မည်သို့ဆက်လုပ်ရမည့်အကြောင်းကို အမူအရာဖြင့်မေးမြန်းလိုက်၏။
အရပ်မြင့်သည့် ဘော်ဒီဂတ်လူထွားကြီးက ကာထားသဖြင့် အနောက်တွင်ရှိသည့်သူအား ဝေ့ရှီ ကောင်းကောင်းမမြင်ရကာ ပျင်းတိပျင်းရွဲဖြင့်ဆိုနေသည့်အသံကိုသာ ကြားလာရ၏။
"ငါပြောပါဦး လောင်ဝေ့...မင်းရဲ့ဒီနေရာမှာရှိတဲ့ မိန်းကလေးတွေက တော်တော်သတ္တိရှိကြပါလား!..တစ်ယောက်က ငါဖိတ်လာတဲ့ဧည့်သည်ကို အရက်နဲ့ပက်တယ်...တစ်ယောက်က အလွယ်ဆုံးစည်းကမ်းမျိုးကိုတောင် နားမလည်ဘဲ VIP Box ကို ဝင်ချင်သလို ဝင်ရဲတယ်...မင်းသေသေချာချာ မသွန်သင်ဘဲ အလျော့ပေးထားလို့များ သူတို့ ဒီလိုမျိုး စည်းမရှိကမ်းမရှိဖြစ်နေကြတာလား..."
အသံတစ်ခုက နောက်မှ အမြန်ဆုံးလိုက်လာပြီး
"ကျွန်တော် သင်ပြတာညံ့ဖျင်းလို့..သခင်လေးလင်းကို အပြစ်လုပ်မိသလိုဖြစ်သွားရပါပြီ..."
သို့သော် ထိုယောက်ျားက ပျင်းရိနေသည့်အလားသန်းဝေလိုက်ပြီး ပျော်စရာကောင်းသည့်ကစားပွဲတစ်ခုလိုသာသတ်မှတ်ထားပုံရ၏။
"ဟားဟား..ကိစ္စမရှိပါဘူး..ဒါမျိုးကလည်း စိတ်ဝင်စားစရာကောင်းပါသေးတယ်...မင်းစိတ်ညစ်နေစရာမလိုဘူး.."
ထိုစကားကိုပြောလိုက်ပြီးသည်နှင့် ကျောက်ရုပ်လိုရပ်နေခဲ့သည့် ဘော်ဒီဂတ်က ချက်ချင်းလှုပ်ရှားကာ သူ၏သံလက်ဝါးက ဝေ့ရှီ၏မျက်နှာပေါ်သို့ လွှဲရိုက်လာကာ သူမ၏ဘယ်ဘက်ပါးပြင်က လေဆာဖြင့်ဖြတ်ထုတ်သွားသည့်အတိုင်းထူပူသွားခဲ့၏။မျက်နှာက ထူပူသွားသည်သာမက နှုတ်ခမ်းစွန်းကနေပါ သွေးများစီးကျလာကာ နာကျင်လွန်းသောကြောင့် မျက်ရည်က ကျလုနီးနီး။
အထက်ကောင်းကင်နတ်မင်းက ပြောပါလိမ့်မည်။မိမိ၏ဘယ်ဘက်ပါးပြင် ရိုက်ခံရလျှင် သူ၏ညာဘက်ပါးကို ပြန်ရိုက်သင့်ကြောင်း။သို့သော် အထက်ကောင်းကင်နတ်မင်းက ပါးရိုက်ခံလိုက်ရသည့်ခံစားချက်ကိုတော့ နားလည်လိမ့်မည်မဟုတ်ပေ။
(Author က အထက်ကောင်းကင်နတ်မင်းနဲ့ ရန်ငြိုးရှိပုံရတယ်..😁)
ဝေ့ရှီအတွက် ပထမဆုံးအကြိမ် ရိုက်ခံရခြင်းမျိုးမဟုတ်သော်လည်း သန်သန်မာမာယောက်ျားတစ်ယောက်၏ အားပြင်းလွန်းသည့်ရိုက်ချက်ကိုခံရသည်က ပထမဆုံးအကြိမ်ဖြစ်၏။ဒုတိယတစ်ချက် ညာဘက်ပါးပြင်ကိုလာရောက်နှုတ်ဆက်သည့်အချိန်၌ သူမ၏နားစည်များပင်ကွဲထက်သွားလောက်ပြီဟု ယူဆမိသွားရ၏။နားစည်အတွင်း အူနေသည့်အသံများကအဆက်မပြတ် မရေမတွက်နိုင်သောပျားကောင်များ ပျံဝဲနေသည့်အတိုင်းပင်။နှုတ်ခမ်းထောင့်စွန်းက ကွဲသွားပြီး ခံတွင်းတစ်ခုလုံး ချိုမြိန်သည့်သွေးအရသာများက အပြည့်ဖြစ်လာ၏။
ဘဝက သင်ပေးပါလိမ့်မည်။ယခုလိုမျိုး ပြန်မတိုက်ခိုက်နိုင်သည့်အခြေအနေမျိုးသို့ရောက်လာခဲ့လျှင် ရွေးစရာလမ်းက နှစ်မျိုးသာရှိပါလိမ့်မည်။အောင့်အည်းသည်းခံ မဟုတ်လျှင် အခြေအနေပေါ်အလိုက်သင့်လေးနေထိုင်လိုက်ရန်သာ ရှိသည်။
သေချာသလောက်နီးပါးက ရူဖေးက ထိုလမ်းနှစ်မျိုးကိုမရွေးဘဲ သည်းမခံနိုင်လောက်အောင်ထင်ရာစိုင်းပစ်ကာ ထိုသူဌေးဆိုသည့်တစ်ယောက်အား အရက်နှင့်ပက်လိုက်ခြင်းဖြစ်၏။ပုံမှန်ဆိုလျှင် ထိုလူအား အပြစ်ပြုမိသည်က အနည်းငယ်အပြစ်လျော့ပေါ့ပေးကောင်း ပေးနိုင်လိမ့်မည်။သို့သော် ကံမကောင်းစွာဖြင့် ထိုလူက လင်းလော့ချွမ် ဖိတ်လာခဲ့သည့် ဧည့်သည်မဟုတ်ပါလား။ပျားအုံကို တုတ်နှင့်သွားထိုးလိုက်သလိုပင်။
ဤနေရာတွင် အလုပ်လုပ်သည့် မိန်းကလေးများအားလုံးက သိပါလိမ့်မည်။ လင်းလော့ချွမ်ကို အပြစ်ပြုမည့်အစား သူဌေးဝေ့ချိန်ပေါက်ကိုသာ အာခံလိုက်မည်ဖြစ်သည်။ထိုယောက်ျားက ချမ်းသာ၏။မျက်နှာကြီးအသိုင်းအဝိုင်းဖြစ်ပြီး နောက်ခံအင်အားလည်းကောင်း၏။လက်ရဲဇက်ရဲလည်းဖြစ်ကာ မလုပ်ရဲသည့်ကိစ္စဟူ၍ မရှိသလောက်။ပိုင်ဆိုင်မှုက မရေမတွက်နိုင်သည့်အပြင် စိတ်ညစ်စရာကောင်းလောက်အောင်လည်း ချောမောနေပြန်၏။နောက်ဆုံးအရေးကြီးဆုံးတစ်ခုက တရားဥပဒေမဲ့အောင် ရက်စက်လွန်းနေခြင်းဖြစ်၏။
ရူဖေးကိုသာ နောက်ဆုတ်စရာလမ်းမရှိအောင် ဖိအားမပေးခဲ့လျှင် ယခုလိုမျိုး ပြင်းထန်သည့်အခြေအနေမျိုးသို့ရောက်မည်မဟုတ်။ရူဖေးက အခြေအနေကိုအလိုက်မသိဘဲ တဇွတ်ဆန်တတ်သူမဟုတ်မှန်း ဝေ့ရှီနားလည်သည်။သူမဘက်မှ လိုက်လျောမပေးနိုင်လောက်သည့် အခြေအနေမျိုးသို့ရောက်သွားခဲ့ခြင်းကြောင့်သာ ဖြစ်လိမ့်မည်။
လွန်ခဲ့သည့်နှစ်နှစ် Alluringသို့စတင်ဝင်ရောက်လာသည့်အချိန်ကတည်းက သူမကိုယ်တိုင်သတ်မှတ်ထားသည့် နောက်ဆုံးသည်းခံပေးနိုင်မည့်အတိုင်းအတာစည်းမျဥ်းကို ချမှတ်ခဲ့ပြီးဖြစ်သည်။ဝေ့ရှီကို ပြောခဲ့သည်က
"တကယ်လို့များတနေ့နေ့ ငါ ဒီဟာတွေအားလုံးကို သည်းမခံထားနိုင်တော့ရင်...နင်ငါ့ကို သေလူလိုသာ သတ်မှတ်လိုက်တော့..."
သို့သော် လေကိုဆင့်ခေါ်မိုးကိုမမှုသည့် ဤလူချမ်းသာတစ်စုက သူမကဲ့သို့လူတစ်ယောက်၏ သေခြင်းရှင်ခြင်းအား လုံးဝဂရုစိုက်နေမည်မဟုတ်။အားကောင်းမောင်းသန်ဘော်ဒီဂတ်၏ နောက်ထပ်လက်ဝါးတစ်ချက်ကျလာသည့်အချိန်၌ ရူဖေးက ကြောင်နက်တစ်ကောင်လိုပြေးဝင်လာပြီး
"နင် ဘာကိစ္စနဲ့ဝင်လာတာလဲ!..ပွဲစည်တာမမြင်ဖူးလို့လား!..အထူးတလည်ကိုပြေးလာကြည့်ချင်နေတာလား!...ထွက်သွား!.."
မည်သည့်နေရာမှရလာသည့်အင်အားရှိလာမှန်းမသိ သူမအားချုပ်ထားသော သန်သန်မာမာယောက်ျားကြီးထံမှရုန်းထွက်ကာ ဝေ့ရှီအား တံခါးပေါက်ဝဆီသို့တွန်းထုတ်၏။ဝေ့ရှီက နဂိုကတည်းကပိန်ပိန်သေးသေးလေးဖြစ်သဖြင့် တစ်ချက်တွန်းရုံမျှဖြင့် ခြေလှမ်းပျက်ကာ လှဲကျမတတ်။
အပြင်သို့ရောက်ခါနီး တကယ်ကိုခြေတစ်လှမ်းစာလေးသာ လိုတော့သည့်အခိုက် မျက်စိလျင်ပြီးလက်သွက်သည့်သူတစ်ယောက်က ပိုက်ကွန်ထဲမှ ငါးကို လွတ်ထွက်မသွားအောင် တားမြစ်လိုက်၏။
"ယို့...ငါပြောမယ် လောင်ဝေ့...မင်း ဘယ်နေရာကနေများ ဒီလောက်လှတဲ့လူတွေရှာလာခဲ့တာလဲ...တစ်ယောက်ပြီးတစ်ယောက်ကို ပိုလှနေတော့တာပဲ..."
လင်းလော့ချွမ်၏လက်တစ်ဖက်က ဝေ့ရှီ၏ခါးကိုဆွဲဖက်ထားပြီး လက်တစ်ဖက်က မေးဖျားကိုဆွဲညစ်ထားကာ လက်ထဲတွင်ရောက်နေသည့်မိန်းမလှလေးအား မိန်ပျပျမီးရောင်အောက်တွင် အသေအချာကိုငေးကြည့်နေလေ၏။
ဝေ့ရှီမှတ်မိပါသေး၏။ထိုလူ၏ မျက်ဝန်းနှစ်ခုက အတော်လေးကိုလှသည့်အထဲတွင်ပါကာ မျက်တောင်များရှည်စင်းပြီးကော့ညွှတ်နေ၏။ဘေးဘက်မှလှမ်းကြည့်လျှင် ပို၍ပင် လှပနေပါလိမ့်မည်။သို့သော် ထိုမျက်ဝန်းတစ်စုံထဲတွင် ခံစားချက်ဟူ၍မရှိ လင်းယုန်ငှက်တစ်ကောင်က လေပေါ်တွင်ပျံဝဲပြီး သားကောင်ကိုစောင့်ကြည့်နေကာ အချိန်မရွေး လက်သည်းတစ်စုံကိုထုတ်လာနိုင်သည့်အတိုင်းပင်။
ဝေ့ချိန်ပေါက်က သူ၏တဝက်ပြောင်နေသည့်ကတုံးကို အားနားပါးနာပွတ်သပ်ပြီး
"သူက ဝိတ်တာမလို့ပါ..ဝိုင်တို့ စီးကရက်တို့ ပို့ပေးတာကိုတာဝန်ယူထားမလို့ ဒီနေရာမှာထိုင်ပေးနိုင်မှာမဟုတ်လောက်ဘူး.."
လင်းလော့ချွမ်က အသံထွက်အောင်ရယ်လိုက်ပြီး
"ဝိတ်တာလား..နှမြောစရာကောင်းလိုက်တာ..."
လက်မဖြင့် ဝေ့ရှီ၏မေးဖျားကို ပွတ်သပ်ပြီး မည်းနက်နေသည့်မျက်ဝန်းတစ်စုံက ဝေ့ချိန်ပေါက်ကိုလှမ်းကြည့်ကာ
"ဒီနေရာကလူဖြစ်နေရင် ပြီးတာပဲလေ..ဘယ်နေရာမှာတာဝန်ယူတယ်တွေက ထည့်ပြောစရာလိုနေသေးလို့လား..မင်းရဲ့ဒီ မဖြစ်စလောက်လေးတွေကို ငါ မတတ်နိုင်မှာစိုးရိမ်နေတာလား.."
အခန်းတွင်းရှိ ယောက်ျားများ၏ရယ်သံများဆူညံလာကာ တက်ကြွပြီးအားပေးအားမြှောက်လုပ်ကုန်ကြ၏။ဤ box ကြီးထဲတွင် ယောက်ျား ငါးယောက် ခြောက်ယောက်ခန့်ထိုင်နေကြပြီး အားလုံးက ကျကျနနဝတ်စားထားသည့် ရွှေပေါ်မြတင်လူကုန်ထုံအသိုင်းအဝိုင်းမှဖြစ်သည်။
ထို့နောက်တွင်ဘာဖြစ်သွားခဲ့သနည်း?။ဝေ့ရှီ ပြန်ပြီးမတွေးချင်တော့ပါ။လူ၏မှတ်ဥာဏ်က အတော်လေးကိုထူးဆန်းသည်ဟုဆိုရမည်။ပျော်ရွှင်စရာအမှတ်တရများက လေထဲတွင်လွင့်ပါသွားသည့်အတိုင်း အလွယ်တကူပျောက်ကွယ်သွားတတ်ပြီး နာကျင်ရမည့်အရိပ်များက အမြဲတစေ အနောက်မှလိုက်ပါလာခဲ့၏။
ထိုယောက်ျားက သူမ၏လက်ကောက်ဝတ်ကိုဆွဲကာ ဆိုဖာထက်တွင် သူမ၏ခန္ဓာကိုယ်ကိုဖိကပ်ထား၏။သူ၏လက်ချောင်းများက အေးစက်နေပြီး ထိုအထိအတွေ့မှရလာသည့်အေးစက်မှုက နှလုံးသားဆီသို့ တိုက်ရိုက်ဖောက်ဝင်လာနိုင်၏။နီးကပ်လာသည့် သူ၏မျက်နှာထက်မှ အရက်နံ့များကို အလိုလိုခံစားမိလာကာ ဤလက္ခဏာက ကောင်းသည့်အခြေအနေတော့မဟုတ်။
သူမ စတင်ပြီးရုန်းကန်လိုက်သည်နှင့် ရူဖေး၏အသံပျော့ပျော့ကိုကြားလာရ၏။
"သခင်လေးလင်း...ကျွန်မ မှားသွားပါတယ်...ကျွန်မကိုလုပ်ခိုင်းတာမှန်သမျှ လုပ်ပေးပါ့မယ်...ဒါကြောင့်မလို့ ကျွန်မရဲ့ဒီသူငယ်ချင်းလေးကိုတော့ လွှတ်ပေးလိုက်ပါ..တောင်းပန်ပါတယ်..သူအခုမှ ကျောင်းသူလေးပဲရှိသေးတာ..."
ရူဖေးက ပါးစပ်တွင်ပေနေသည့်သွေးစများကိုသုတ်ရင်း တောင်းပန်နေသည့်အလားပြုံးပြကာ နေရာတွင်မလှုပ်မယှက်ဖြင့်ရပ်နေလေ၏။သူမ ကြောက်နေခဲ့ပါသည်။ဒီတစ်ကြိမ်တွင်တော့ တကယ်ကို ကြောက်လန့်နေခဲ့ပါ၏။
သို့သော် ထိုယောက်ျားက ဘာကိုမှမကြားလိုက်သည့်အလား သူ၏အာရုံအလုံးစုံက ဝေ့ရှီပေါ်တွင်သာရောက်နေခဲ့သည်။ဝေ့ရှီ၏မေးဖျားကို ဆွဲကိုင်ထားရင်း ဘယ်ပြန်ညာပြန်ကြည့်ကာ သူမ၏ကြွေလိုဖြူဖွေးနေသည့်အသားအရည်ကို ကိုယ်တွယ်နေသည်က လှပသည့်ကုန်ပစ္စည်းတစ်ခုကိုစိတ်ကျေနပ်နေသည့်ဟန်မျိုးဖြစ်၏။
ဝေ့ချိန်ပေါက်က အခြေအနေကိုနားလည်သူပီပီ ချက်ချင်းမေးမြန်းလာ၏။
"သခင်လေးလင်း...ကျွန်တော် ဒီနေရာကိုရှင်းလင်းပေးရမလား.."
ထိုစကားများထွက်လာသည်နှင့် ရူဖေးက အလျင်အမြန်ကိုဒူးထောက်ချလိုက်ပြီး မျက်ရည်စီးကျကာ ငိုကြွေး၍တောင်းပန်၏။
"သခင်လေးလင်း..သူတကယ်ကို ကျောင်းသူလေးပဲရှိသေးတာပါ...ကျေးဇူးပြုပြီး သခင်လေးက သက်ညှာပေးပါ..တောင်းပန်ပါတယ်..သူ့ကိုလွှတ်ပေးပါ..ကျွန်မတောင်းပန်ပါတယ်..သူ့ကိုလွှတ်ပေးလိုက်ပါ...ကျွန်မကိုဘာပဲလုပ်ခိုင်းလုပ်ခိုင်း အကုန်လုပ်ပေးပါ့မယ်..."
အခန်းကျယ်အတွင်း လှောင်ရယ်သံများပြည့်သွားခဲ့၏။
"မင်းက တကယ်ကို ပေါင်ပေ့လေးလို လုပ်ပြနေတာပဲ...ကလေးမ...သတိထားစမ်းပါဦး..သခင်လေးလင်း သဘောကျတာကိုခံရတာက အဲ့လူရဲ့ကောင်းချီးမဂ်လာတစ်မျိုးပဲကွ...ဘာကိစ္စ လာပြီးတောင်းပန်နေတာလဲ.."
လင်းလော့ချွမ်က ပို၍ပင်သဘောတကျပြုံးလိုက်ပြီး ဝေ့ရှီ၏နှုတ်ခမ်းထောင့်စွန်းက သွေးစကိုလက်ဖြင့်သုတ်ပေးရင်း
"မင်းရဲ့ သူငယ်ချင်းကောင်းလေးက မင်းကိုကယ်ဖို့အတွက် ဘာမဆိုလုပ်တော့မှာ..မင်းရော?.."
ဝေ့ရှီက သွေးပေနေပြီးဖြစ်သည့်နှုတ်ခမ်းကိုကိုက်ထားကာ ပါးနှစ်ဖက်စလုံးနီရဲနေသည့်ရူဖေးအား တစ်ချက်လှမ်းကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူရှိုက်လိုက်၍
"သခင်လေးလင်း..သူ့ကိုလွှတ်ပေးလိုက်ဖို့တောင်းပန်ပါတယ်...ကျွန်မနေခဲ့ပြီး အဖော်လုပ်ပေးရင်ရပြီမလား.."
လင်းလော့ချွမ်က ရယ်မောရင်းခေါင်းငြိမ့်ပြလိုက်သည်နှင့်တပြိုင်နက် ရူဖေး၏လက်နှစ်ဖက်ကိုချုပ်ထားသည့် ဘော်ဒီဂတ်ကလည်း ချက်ချင်းလွှတ်ပေးလိုက်၏။ရူဖေးက ထပ်ပြီးပြောဆိုချင်သေးသော်လည်း ဝေ့ရှီက မျက်လုံးမျက်တောင်အစုံမှိတ်ပြနေသဖြင့် ရူဖေးကချက်ချင်းဆိုသလိုနားလည်သွားရ၏။
သို့သော် တံခါးလက်ကိုင်ကို ကိုင်ပြီး အပြင်ထွက်သွားခါနီး၌ လင်းလော့ချွမ်၏အေးစက်စက်စကားသံကိုကြားလာ၏။
"လောင်ဝေ့...မင်းရဲ့နေရာကို ရဲတွေလာနိုင်လောက်လား..မတော်တဆများ တယောက်ယောက်က ရဲကိုအကြောင်းကြားလိုက်လို့ရောက်လာခဲ့ရင် ငါတို့ ဘယ်လိုရှင်းပြရမလဲ.."
ဝေ့ချိန်ပေါက်က ချက်ချင်းနားလည်လိုက်ပြီး
"စိတ်မပူပါနဲ့...သခင်လေးလင်း...အဲ့ဘက်ကလူတွေနဲ့အဆင်ပြေအောင်လုပ်ထားပြီးပါပြီ...ထပ်ပြောရရင် ကောင်းကင်မင်းကြီးဆင်းလာရင်တောင်မှ သခင်လေးလင်းရဲ့ Box ထဲ ဘယ်သူမှဝင်လာရဲမှာမဟုတ်ပါဘူး..သခင်လေး စိတ်ချလက်ချနေလို့ရပါတယ်.."
လင်းလော့ချွမ်က လှောင်ရယ်သလိုပြုံးနေပြီး ရူဖေး၏ဖြူဖတ်ဖြူရော်ဖြစ်သွားသည့်မျက်နှာအားလှမ်းကြည့်ကာ မေးငေါ့ပြလိုက်၍
"ဆက်သွားလေ..."
ရူဖေးက တံခါးဝတွင်သာရပ်နေဆဲဖြစ်သဖြင့် ဝေ့ရှီက သူမအားတစ်ချက်လှမ်းကြည့်ကာ မျက်ရည်က စီးကျလာတော့၏။
တစ်ချိန်တည်းမှာပင် လင်းလော့ချွမ်၏အသံက
"ဘာလဲ..မသွားချင်တော့ဘူးလား..ဒါဆိုလည်းမသွားနဲ့တော့.."
"သခင်လေးလင်း...ကတိပေးထား...."
ဝေ့ရှီ၏စကားပင်မဆုံးလိုက်ခင် လင်းလော့ချွမ်က သူမ၏လည်တိုင်ကိုညစ်ထားပြီး ဆိုဖာပေါ်သို့ပြန်ဖိချလိုက်၏။ထို့နောက် နားရွက်နားသို့ကပ်လာပြီး
"ငါနဲ့ကစားချင်တာပေါ့ဟုတ်လား...မင်းမှာ အဲ့အရည်အချင်းမျိုးမရှိသေးဘူး.."
>>>>>>>
"မိန်းကလေးလု...ဒီဖိနပ်တွေစမ်းကြည့်ပါလား...မိန်းကလေးရဲ့ ဂါဝန်အနီနဲ့ဆို ဒါလေးတွေကပိုလိုက်တယ်..."
အမျိုးသမီးဝန်ထမ်း၏ ချိုချိုသာသာအသံလေးက ဝေ့ရှီအား မှောင်မိုက်နေသည့်မှတ်ဥာဏ်များဆီမှ အပြင်ဘက်လောကကြီးဆီသို့ ပြန်လည်ဆွဲထုတ်ပေးနိုင်ခဲ့၏။ကြောင်အမ်းနေပြီး မှန်ထဲရှိသူမ၏ပုံရိပ်အား ငေးကြည့်နေမိကာ မှန်ထဲတွင်ရှိနေသည့်ကောင်မလေးကလည်း သူမကိုပြန်ကြည့်နေခဲ့၏။မှင်သေနေသည့် အကြည့်များထဲတွင် မြင်နေရသည်က လှပနေသည့်ကိုယ်ထည်တစ်ခုသာဖြစ်ပြီး သူမကိုယ်သူမ မြင်နေရခြင်းဟုပင်မခံစားမိတော့ပေ။
ရွမ်ရှောက်နန်က လက်ကြားထဲတွင် စီးကရက်ကိုညှပ်ထားပြီး မတ်ရပ်နေကာ အရောင်းဝန်ထမ်းလေးအား ပုလဲဆွဲကြိုးတစ်ကုံးယူလာပေးရန် အချက်ပြလေ၏။ဖြူဖွေးပြီး လုံးဝန်းနေသည့်ပုလဲလုံးများက ဤဂါဝန်အနီရောင်နှင့် အလိုက်ဖက်ဆုံးဖြစ်နေကာ ဝေ့ရှီ၏မည်သည့်အရာမှမကွယ်ထားအောင်လစ်လပ်နေသည့်လည်ပင်း၌ သူကိုယ်တိုင် ဆွဲပေးလာခဲ့၏။သူမအား စိုက်ကြည့်နေသည်က အလှဖန်တီးရှင်များကသူ၏အလှပဆုံးပုံဖော်ထားသည့်လက်ရာကို အကဲဖြတ်နေသည်အလား။ထို့နောက် ကျေနပ်သည့်ဟန်ဖြင့်ခေါင်းငြိမ့်ပြပြီး
"အရမ်းလှတယ်.."
သေချာပေါက်လှပါလိမ့်မည်။ဂဏာန်းခြောက်လုံးအထက်သုံးထားသည့်ပမာဏကြောင့် အဘယ်သို့မလှဘဲ နေပါတော့မည်နည်း။ပိုင်ဆိုင်မှုအများကြီးရှိသည့် ယောက်ျားတစ်ယောက်မဟုတ်ပါလား ပိုက်ဆံကိုရေလိုသုံးနိုင်သည့်အပြင် သူမအားပြင်ဆင်ပေးရသည်က သူတောင်းစားကိုအကြွေစေ့စွန့်ကျဲသလောက်သာ ရှိပါလိမ့်မည်။
သူမ၏အနောက်ဘက်တွင်ရပ်နေပြီး လက်နှစ်ဖက်က သူမ၏လည်တိုင်ပေါ်ရှိစိမ်းနေသည့်သွေးကြောများထိတွေ့ကာ သွေးခုန်နှုန်းကိုစမ်းကြည့်နေသည့်အလား။သူ၏လက်ချောင်းများက အေးစက်နေပြီး အမူအရာထဲတွင် ကြင်နာသည့်အရိပ်အယောင်မျိုးကလုံးဝမရှိနေကာ လုဝေ့ရှီက ရွမ်ရှောက်နန်ကဲ့သို့အေးစက်နေသည့်လက်ချောင်းများကိုပိုင်ဆိုင်ထားသည့် အခြားတစ်ယောက်အား မစဥ်းစားဘဲမနေနိုင်တော့ပေ။
လင်းလော့ချွမ် 'မိုးဖွဲလေးများရွာသွန်းလာခြင်း'ကို ကောက်နုတ်ထားသည့်အလွန်လှပသည့်နာမည်လေးက ကြားလိုက်ရရုံဖြင့် လူတစ်ယောက်ကိုအေးချမ်းသွားစေသည့်ခံစားချက်မျိုးပေးနိုင်လောက်သည်။သို့သော် ဝေ့ရှီလုံးဝယုံကြည်လိုက်သည်က ဤလူသည် 'လူတစ်ယောက်၏အကျင့်သည် သူ၏နာမည်နှင့်ဆင်တူသည်' ဆိုသည့်ဆိုရိုးအား ဇောက်ထိုးဖြစ်အောင်လုပ်နိုင်သည့်သူပင်ဖြစ်သည်။ချောမောလွန်းသည့်မျက်နှာလေးက လွဲ၍ အခြားအရာများအားလုံးနာမည်နှင့်တခြားစီ။
ဝေ့ရှီ သိလည်းမသိနိုင်ခဲ့သလို ယူဆလို့ရမရလည်းမသတ်မှတ်ခဲ့။ထိုနေ့ညသည် သူမတို့ဘဝထဲတွင် အမှောင်မိုက်ဆုံးညတစ်ညဖြစ်နေခဲ့သည်ကိုတော့ ဝန်ခံရပါလိမ့်မည်။
<<<<<<
ထိုနေ့ညက လင်းလော့ချွမ်၏လက်ချောင်းများက သူမ၏လည်တိုင်ကို အညှာအတာကင်းစွာညှစ်ထားခဲ့သည်။အားကုန်သုံးထားခြင်းမျိုးမဟုတ် အသက်ရှူရက်အောင်သာညှစ်ထားခဲ့ပြီး အသေမသတ်ချင်သည့်သဘောမျိုး။
ရေထဲတွင်နှစ်ခံထားရသည့်အလား ရုန်းကန်ရန်အင်အားလည်းမရှိတော့။အခန်းတွင်းလေထုတစ်ခုလုံးက စီးကရက်ငွေ့များ အရက်နံ့များနှင့် ယောက်ျားသားတို့၏ချွေးနံ့ရေမွှေးနံ့များဖြင့် ရောထွေးနေကာ သူမအား ပို၍အသက်ရှူရခက်အောင် ပြုလုပ်နေခဲ့သည်။
ရူဖေး၏ တောင်းပန်နေသည့်အသံကို အဆက်မပြတ်ကြားနေရပြီး
"သခင်လေးလင်း...ကျွန်မတို့ မှားမှန်းသိပါပြီ...တကယ်ကို မှားမှန်းသိပါတယ်...ကျွန်မ သခင်လေးတို့နဲ့လိုက်ခဲ့ပေးပါ့မယ်...တောင်းပန်ပါတယ်..."
လင်းလော့ချွမ်က ရူဖေးအား ခေါင်းအစခြေအဆုံးနစ်ချက်ကြည့်ကာ နှုတ်ခမ်းပါးကလှောင်ရယ်နေပြီး
"မင်းက?...ဆောရီး...ငါ့အကြိုက်မဟုတ်ဘူး...သူတို့တွေပဲ ပိုပြီးစိတ်ဝင်စားလိမ့်မယ်...ဒီတစ်ယောက်အတွက်တော့စိတ်ပူမနေနဲ့...ငါက အကျင့်မကောင်းတဲ့ကောင်မျိုးမဟုတ်ဘူး...ပေးသင့်သလောက်ပိုက်ဆံကို ပေးမှာ.."
ရူဖေး၏သည်းခံနိုင်စိတ်က ကုန်ဆုံးသွားပုံရကာ အံကိုကျိတ်လိုက်ပြီး
"လင်းမျိုးရိုးကောင်...မျိုးမစစ်ကောင် လူယုတ်မာ..အသေဆိုးနဲ့သေပါစေ!.."
ဆဲရေးလိုက်သည့်ပါးစပ်ပေါက်၏အဆုံးသတ်က အားပြင်းသည့်လက်ဝါးတစ်ချက်ဖြစ်ကာ ဘော်ဒီဂတ်က ရူဖေး၏ဆံပင်ကိုဆောင့်ဆွဲပြီး မျက်နှာအား စားပွဲခုံနှင့်အပ်ထားလိုက်၏။
မည်သူတစ်ဦးတစ်ယောက်ကမှ အသံမထွက်ရဲ။ဝေ့ရှီကိုယ်တိုင်လည်း မလှုမမယှက်အသံမထွက်နိုင်ဘဲ မျက်လုံးဖြင့်သာစွေကြည့်နိုင်ခဲ့သည်။သူမ၏လက်နှစ်ဖက်အား အားကောင်းသည့်ဘော်ဒီဂတ်တစ်ယောက်ကချုပ်ထားပြီး ပါးစပ်ကိုလည်း လက်ဖြင့်ပိတ်ထားသည်ဖြစ်ရာ မသဲကွဲသောအော်သည်းသံများသာထွက်လာခဲ့၏။လင်းလော့ချွမ်က သူမအား စိတ်ဝင်တစားကိုကြည့်နေပြီး သေခါနီးသတ္တဝါတစ်ကောင်က ရုန်းကန်နေသည့်ကိုသဘောကျနေသည့်အလား။
မှိန်ပျပျမီးရောင်အောက်တွင် သူ၏ပျေပျစ်သောလက်ချောင်းများက သူမ၏လည်တိုင်ပေါ်သို့ရောက်လာပြီး ယူနီဖောင်း၏ကော်လံကိုဆွဲကိုင်ကာ စိတ်ရှည်လက်ရှည်ဖြင့် ကြယ်သီးတစ်လုံးချင်းဖြုတ်နေ၏။တစ်လုံးချင်း တစ်လုံးချင်းဖြုတ်နေသည်က အနက်ရောင်bra လိုင်းနှင့်အဖြူရောင်အတွင်းသားများပေါ်လာသည်အထိ။ဝေ့ရှီ၏ အလောတကြီးအသက်ရှူသံများကြောင့် အတွင်းသားများက လိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည်ဖြင့် လုံးဝကိုဆွဲဆောင်နေခဲ့၏။
လင်းလော့ချွမ်က အခန်းအတွင်းရှိလူများဆီသို့တစ်ချက်လှမ်းကြည့်လိုက်ပြီး
"မင်းတို့ ဘေးခန်းက Box ထဲသွားနေနေ...ငါ့ကိစ္စပြီးသွားမှ အခြားတစ်နေရာကို ဆက်သွားကြတာပေါ့.."
"လင်းလော့ချွမ်...နင်လူမဟုတ်ဘူးလား!.."ရူဖေး၏ဆဲရေးသံများက အခန်းတစ်ခုလုံးဆူညံသွားခဲ့၏။
ဝေ့ရှီက ခေါင်းကိုလှည့်ကြည့်လိုက်၏။ထိုလူများက ရူဖေးအား ခွေးတစ်ကောင်ကိုဆွဲထုတ်နေသည့်တိုင် ရူဖေးက အခန်းတံခါး၏လက်ကိုင်ကို သွေးရောင်လိုနီမြန်းနေသောမျက်ဝန်းများဖြင့်ကြည့်ကာ မလွတ်တမ်းဆွဲကိုင်ထားလေ၏။
ဝေ့ရှီက တစ်ခုခုပြောချင်နေပါသည့်တိုင် ပြောမထွက်နိုင်။ထိုယောက်ျားက သူမ၏braကိုဆွဲချပြီး အေးစက်နေသည့်နှုတ်ခမ်းက သူမ၏နှုတ်ခမ်းကိုနမ်းရှိုက်လာကာ ဖြောင့်စင်းနေသောလည်တိုင်မှတဆင့် အပန်းရောင်သန်းနေသောထိပ်ဖျားလေးဆီအထိ။သူ၏လှုပ်ရှားလွယ်သောလက်ချောင်းများက သူမ၏ကျောပြင်တစ်လျှောက်ပြေးလွှားနေပြီး bra၏ချိတ်ကို အလွယ်တကူပင်ဖြုတ်လိုက်ကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို စိတ်ကြိုက်ကစားနေ၏။
သူမ၏ခန္ဓာကိုယ်တစ်ပိုင်းက မှိန်ပျပျမီးရောင်အောက်တွင် လုံးဝလစ်ဟပြနေခဲ့သည်။မည်သည့်အရာကိုဆုံးရှုံးလိုက်ရတော့မည်မှန်း တပ်အပ်သည့်နေသည့်အပြင် သည်းမခံနိုင်လောက်သော အဆိုးရွားဆုံးပုံစံမျိုးဖြင့်ပင် ဆုံးရှုံးခံရတော့မည်ဖြစ်သည်။
တစ်ဖက်လှည့်ကြည့်နေစဥ်အတွင်း စားပွဲပေါ်တွင်တင်ထားသည့် ဝိုင်ပုလင်းနှင့်ခွက်များကို တွေ့များကိုတွေ့လိုက်ရ၏။ထိုအရာကို ရအောင်လှမ်းယူနိုင်လျှင် ဤယောက်ျားအားရပ်တန့်အောင်မလုပ်ပစ်နိုင်လျှင်တောင်မှ သူမကိုယ်သူမ သတ်သေလို့တော့ ရပါသေးသည်။သို့သော်ခန္ဓာကိုယ်တစ်ခုလုံးကို ထိုယောက်ျားကဖိချုပ်ထားသဖြင့် မလှုပ်ရှားနိုင်။သူ၏လက်မောင်းများကြားတွင် ပိတ်ညှပ်နေပြီး လက်ချောင်းများက မရွေ့သွားအောင်ထိန်းထားကာ သူမ၏မျက်နှာတစ်ခုလုံးကိုနမ်းရှိုက်နေ၏။
သူ၏အသက်ရှူသံများက မျက်နှာတဝိုက်ကို လာရောက်ထိနေသည်က ဝေ့ရှီ၏ခန္ဓာကိုယ်တစ်ခုလုံးကိုအေးစိမ့်သွားစေသည့်အလား။နှစ်ဖက်က အတွင်းသားများကို ကျွမ်းကျင်စွာဆုတ်ကိုင်ထားကာ နှုတ်ခမ်းပါးမထိတထိဖွကိုက်ရင်း သူမ၏မသိသာလွန်းလှသည့်မျက်ရည်စက်များကိုပါ ထိတွေ့လာ၏။လက်ချောင်းများက လုံးဝန်းသည့်အရာမှတဆင့် သေးသွယ်သောခါးတစ်လျှောက်မှ အောက်ဘက်အထိဆင်းသွားပြန်၏။ပူနွေးနေသည့်အသက်ရှူသံများဖြင့် သူမ၏နားဖျားဆီသို့ ကပ်ကာ တစ်ခုခုပြောလိုက်သည်ထင်ပါရဲ့။သို့သော် အခန်းတွင်းရှိသီချင်းသံက ဆူညံလွန်းနေသဖြင့် စကားလုံးများကို သဲသဲကွဲကွဲမကြားလိုက်။မှုန်ဝါးနေသည့် မြင်ကွင်းထဲတွင် သူ၏မျက်နှာတစ်ခုတည်းကိုသာ မြင်နေရ၏။
ဤစက်ဆုတ်စရာမြင်ကွင်းအား လူဘယ်နှလောက်ကများ ရပ်ကြည့်နေဦးမည်ကိုမသိ။မည်သူကမှလည်း ရှေ့ထွက်ပြီးမတားသလို မည်သူကမှလည်း ဝင်မပြောခဲ့ကြ။စကားတစ်ခွန်းလေးပင် ဝင်မပြောပေးကြ။
မျက်ဝန်းထောင့်စွန်းနားတွင် မျက်ရည်များ မကျန်တော့ဘဲ နာကျင်မှုနှင့်ပျက်ဆီးသွားသောမျှော်လင့်ချက်များသာ ရှိနေတော့၏။
တစ်ယောက်ယောက်၏ရယ်သံကို ကြားလိုက်ရကာ မှင်သေနေသည့်မျက်ဝန်းများက အမှောင်ထုထဲရှိအသံလာရာကိုရှာဖွေကြည့်မိ၏။မည်သည့်နေရာကများ ရယ်စရာကောင်းနေခဲ့သည်ကို အမှန်တကယ်နားမလည်နိုင်တော့ပါ။တွေ့လိုက်ရသည့်ထိုလူက ပျော်ပျော်ရွှင်ရွှင်ကို ရယ်မောနေခဲ့ခြင်းဖြစ်၏။တစ်စုံတစ်ယောက်လောက်ကများ သားကောင်အား ပါးစပ်ထဲသို့မထည့်ခင် ပြုံးလိုက်သည့်ဝံပုလွေကို မြင်ဖူးကြလား?။ယနေ့ သူမကိုယ်တိုင်မြင်တွေ့လိုက်ရပါသည်။ထိုအရာက အသက်ရှင်နေလျက်ဖြင့် အသေသတ်နိုင်သည့်နည်းလမ်းတစ်မျိုးဖြစ်၏။
သူမ၏ အသိစိတ်က ပို၍ဝေဝါးလာပြီး ပတ်ပတ်လည်မြင်နေရသည့်အရာအားလုံးက ပတ်ချာလည်နေခဲ့သည်။အချို့အသံများက အလွန်ဝေးသည့်နေရာမှလာသလိုဖြစ်နေပြီး အချို့အသံများက နားရွက်နားကို ကပ်ပြောနေသည့်အလား။တစ်ကိုယ်လုံးကို ရေထဲနှစ်မြှုပ်ထားသလိုခံစားချက်နေရပြီး သူမ၏လည်တိုင်ကိုအသက်ရှူမရအောင် ပိတ်ဆို့နေသည့်အတိုင်း။
အသက်ရှူခွင့်ပေးရန် အကူအညီတောင်းလိုသော်လည်း အသံပင်မထွက်နိုင်။ရရာတစ်ခုခုကို လှမ်းကိုင်ရန်ကြိုးစားချင်သော်လည်း အချည်းအနှီး။ခန္ဓာကိုယ်ရှိ အင်အားအလုံးစုံက အသက်ကို မရမက လုရှူနေရသလိုထိမျိုးရုန်းကန်နေမိကာ သူမ၏ချွေးစက်များက အကျီတစ်ခုလုံးနှစ်ရွဲသွားစေနိုင်လောက်မည်။ခန္ဓာကိုယ်တစ်ခုလုံးက ဘောလုံးတစ်လုံးကိုကွေးမိကာ အသည်းကျောက်ကပ်များက ကွဲကြေသွားတော့မည့်အတိုင်း ရှိရှိသမျှနေရာတိုင်းက တစိတ်စိတ်ဖြင့်နာကျင်လာရသည်။သို့သော် အသက်မရှူနိုင်သေး။ဘယ်ဘိုပင်ရုန်းကန်နေပါစေ ယခုအချိန်ထိအသက်မရှူမနိုင်သေး။
မည်သည်ကိုမှမသဲကွဲတော့သည့်အချိန်၌ ရူဖေး၏အလန့်တကြားအော်ဟစ်သံကိုကြားလာရ၏။
"သူ့မှာ မွေးရာပါ asthma ရှိတယ်...ဒီလိုဆက်လုပ်နေရင် တစ်ခုခုဖြစ်သွားလိမ့်မယ်...နင် သူ့ကိုမြန်မြန်လွှတ်လိုက်!.."
ထို့နောက်တွင်တော့ မည်သူက ပြန်ဖြေလိုက်မှန်းပင်မသိတော့ချေ။
"Asthma ပဲမလား..မသေနိုင်ပါဘူး.."
မသေနိုင်သည်ကတော့ သေချာပေါက်။ဘယ်လောက်ပင်နာကျင်နေပါစေ သေသွားမည်တော့မဟုတ် မသေမရှင်သာဖြစ်နေလိမ့်မည်။ထိုအရာကိုခံစားဖူးသည့်သူတိုင်း သေချာပေါက်နားလည်နေလိမ့်မည် အသက်ရှင်နေပါသည့်တိုင် လည်ချောင်းတစ်ခုလုံးကို အသက်ရှူ၍မရအောင် တစိတ်စိတ်နှင့်နာကျင်အောင်ထိုးဆွနေသည်က အသက်ရှင်ပြီးငရဲကျနေသည့်အတိုင်းပင်။
**********************
~~Zawgyi~~
သခင္ေလးလင္း ဒီေနရာကို ရွင္းလင္းေပးဖို႔လိုေသးလား
Alluring ဆိုတဲ့ကလပ္ဟာ အာရွမွာဆိုရင္ "ေ႐ႊေရာင္လိုဏ္ဂူ" လို႔နာမည္ႀကီးတဲ့ေနရာတစ္ခု။အထက္တန္းစားဆန္တဲ့အျပင္အဆင္ေတြ အဆင့္အတန္းျမင့္တဲ့အရည္အေသြးေတြေၾကာင့္ ျပည္ပေတြအထိပါ "ပန္းေရာင္ေလးမ်ားစုေဝးရာစစ္တပ္" လို႔ လွလွပပ ေခၚေဝၚၿပီး အဆင့္သတ္မွတ္ထားပါေသး၏။
ဤေနရာတြင္ တည္ရွိေနသည့္အျပဳအမူကိစၥရပ္အားလုံးက ဤေနရာတြင္သာ လွ်ို႔ဝွက္ခ်က္တစ္ခုအေနျဖင့္သာရွိေနမည္ျဖစ္သည္။အျခားေသာ အဆင့္အတန္းျမင့္သည့္ကလပ္မ်ားကဲ့သို႔ လိုက္နာရမည့္စည္းကမ္းခ်က္မ်ားလည္း ရွိေနမည္ျဖစ္ကာ အတြင္းထဲတြင္ မည္သို႔ ျခစားၿပီးပ်က္စီးေနပါေစ အေပၚယံမ်က္ႏွာျပင္တြင္ တည္ၿငိမ္ေအာင္ ဟန္ေဆာင္ထားေပးမည္ျဖစ္သည္။အျပင္ဘက္ကမၻာႀကီးအား မည္သည့္အျပစ္အဆာမ်ိဳးကိုမွ ရွာေဖြေတြ႕ရွိခြင့္ေပးလိုက္မည္မဟုတ္။
အျခားပုံစံျဖင့္ဆိုရလွ်င္ သူေဌးေဝ့ခ်ိန္ေပါက္၏အုပ္ခ်ဳပ္မႈေအာက္တြင္ရွိေနေသာ Alluring က ဤနယ္ပယ္တြင္ရွိသည့္အျခားေသာေနရာမ်ား၏ အထက္ ပထမဦးဆုံးေနရာတြင္ရွိေနသည္ဟု သံသယကင္းကင္းယုံၾကည္ရလိမ့္မည္။
ဤေနရာမ်ိဳးတြင္ ျဖစ္ပ်က္သြားေသာဇာတ္လမ္းဆိုသည္မွာ မနည္း။သို႔ေသာ္ ဇာတ္လမ္းမ်ားအားလုံးကို လွ်ို႔ဝွက္ေပးထားၿပီး ရွိရွိသမွ်ေသာပါးစပ္ေပါက္တိုင္းက ခ်ဳပ္ခံထားရသည့္အလား ပိတ္ထားၿပီးျဖစ္သည္။လိုက္ကာ၏ေနာက္ကြယ္က ဇာတ္လမ္းမ်ား ၾကမ္းျပင္ေပၚတြင္ျဖစ္သြားသည့္ အညစ္ပတ္ဆုံးေသာကိစၥမ်ား အရွက္မဲ့ဆုံးေသာ စက္ဆုပ္စရာအေကာင္းဆုံးေသာ ရက္စက္ဆုံးေသာ မေက်နပ္ခ်က္ဇာတ္လမ္းမ်ားက အေပ်ာ္အပ်က္သေဘာမ်ိဳးျဖင့္သာ ေလထဲတြင္ဝိုးတိုးဝါးတားေပ်ာက္ကြယ္သြားရစၿမဲ။
အဲ့ဒီေန႕ညသည္ ေမာ့႐ူေဖး လုေဝ့ရွီ ဆိုသည့္ပိုးေကာင္ေလးႏွစ္ေကာင္၏ ဤစည္းကမ္းခ်က္မ်ားေအာက္က်ေရာက္သြားသည့္ေန႕ျဖစ္ၿပီး ေသြးေရာင္လႊမ္းသည့္ညနက္ထဲသို႔ ဝင္ေရာက္သြားခဲ့ၿပီျဖစ္သည္။
ေဝ့ရွီက အေျပးအလႊားျဖင့္ Box No.7 ထဲသို႔အတင္းအၾကပ္ဝင္ေရာက္လာသည့္အခ်ိန္တြင္ ႐ူေဖး၏ႏႈတ္လမ္းေပၚတြင္ ေသြးစမ်ားေပႏွင့္ေနၿပီျဖစ္သည္။တစ္စက္စက္က်ေနသည့္ေသြးက ၾကက္ေသြးေရာင္ေကာ္ေဇာ္ေပၚသို႔ျဖစ္ကာ ပါးစပ္ေပၚရွိေသြးစက္မ်ားပင္မကုန္စင္ေသးခင္ ထိုေယာက္်ား၏လက္ဝါးက အားျဖင့္ေနာက္တစ္ခ်က္လႊဲရိုက္လာၿပီျဖစ္၍ ေရွာင္ဖယ္လိုက္ရန္ပင္အခ်ိန္မရွိလိုက္ဘဲ အသံက်ယ္ႀကီးတစ္ခ်က္ျမည္သြားခဲ့၏။
ထိုေယာက္်ား၏လက္ဝါးေနာက္တစ္ခ်က္ လႊဲရိုက္လာေတာ့မည္ကိုျမင္လိုက္သည္ႏွင့္ ေဝ့ရွီက မည္သည္ကိုမွ်မစဥ္းစားနိုင္ေတာ့ဘဲ ႐ူေဖး၏အေရွ႕တြင္ ဝင္ရပ္လိုက္ကာ စာကေလးငွက္ငယ္ေလးကို မိခင္ငွက္မႀကီးက ကာကြယ္ေပးခ်င္သည့္အလား။ကံမေကာင္းစြာျဖင့္ သူမရင္ဆိုင္ေနရသည္က ေလးခြႏွင့္ပစ္ေနသည့္ကေလးတစ္ေယာက္ကိုမဟုတ္ မေကာင္းဆိုးဝါးဝံပုေလြအုပ္ႀကီးျဖစ္၏။
ေဘာဒီဂတ္ႏွင့္တူသည့္ ထိုေယာက္်ားက အနည္းငယ္အံ့ၾသသြားၿပီးေနာက္ အေနာက္တြင္ထိုင္ေနသည့္ သူ၏သူေဌးအား လွမ္းၾကည့္ကာ မည္သို႔ဆက္လုပ္ရမည့္အေၾကာင္းကို အမူအရာျဖင့္ေမးျမန္းလိုက္၏။
အရပ္ျမင့္သည့္ ေဘာ္ဒီဂတ္လူထြားႀကီးက ကာထားသျဖင့္ အေနာက္တြင္ရွိသည့္သူအား ေဝ့ရွီ ေကာင္းေကာင္းမျမင္ရကာ ပ်င္းတိပ်င္း႐ြဲျဖင့္ဆိုေနသည့္အသံကိုသာ ၾကားလာရ၏။
"ငါေျပာပါဦး ေလာင္ေဝ့...မင္းရဲ႕ဒီေနရာမွာရွိတဲ့ မိန္းကေလးေတြက ေတာ္ေတာ္သတၱိရွိၾကပါလား!..တစ္ေယာက္က ငါဖိတ္လာတဲ့ဧည့္သည္ကို အရက္နဲ႕ပက္တယ္...တစ္ေယာက္က အလြယ္ဆုံးစည္းကမ္းမ်ိဳးကိုေတာင္ နားမလည္ဘဲ VIP Box ကို ဝင္ခ်င္သလို ဝင္ရဲတယ္...မင္းေသေသခ်ာခ်ာ မသြန္သင္ဘဲ အေလ်ာ့ေပးထားလို႔မ်ား သူတို႔ ဒီလိုမ်ိဳး စည္းမရွိကမ္းမရွိျဖစ္ေနၾကတာလား..."
အသံတစ္ခုက ေနာက္မွ အျမန္ဆုံးလိုက္လာၿပီး
"ကြၽန္ေတာ္ သင္ျပတာညံ့ဖ်င္းလို႔..သခင္ေလးလင္းကို အျပစ္လုပ္မိသလိုျဖစ္သြားရပါၿပီ..."
သို႔ေသာ္ ထိုေယာက္်ားက ပ်င္းရိေနသည့္အလားသန္းေဝလိုက္ၿပီး ေပ်ာ္စရာေကာင္းသည့္ကစားပြဲတစ္ခုလိုသာသတ္မွတ္ထားပုံရ၏။
"ဟားဟား..ကိစၥမရွိပါဘူး..ဒါမ်ိဳးကလည္း စိတ္ဝင္စားစရာေကာင္းပါေသးတယ္...မင္းစိတ္ညစ္ေနစရာမလိုဘူး.."
ထိုစကားကိုေျပာလိုက္ၿပီးသည္ႏွင့္ ေက်ာက္႐ုပ္လိုရပ္ေနခဲ့သည့္ ေဘာ္ဒီဂတ္က ခ်က္ခ်င္းလႈပ္ရွားကာ သူ၏သံလက္ဝါးက ေဝ့ရွီ၏မ်က္ႏွာေပၚသို႔ လႊဲရိုက္လာကာ သူမ၏ဘယ္ဘက္ပါးျပင္က ေလဆာျဖင့္ျဖတ္ထုတ္သြားသည့္အတိုင္းထူပူသြားခဲ့၏။မ်က္ႏွာက ထူပူသြားသည္သာမက ႏႈတ္ခမ္းစြန္းကေနပါ ေသြးမ်ားစီးက်လာကာ နာက်င္လြန္းေသာေၾကာင့္ မ်က္ရည္က က်လဳနီးနီး။
အထက္ေကာင္းကင္နတ္မင္းက ေျပာပါလိမ့္မည္။မိမိ၏ဘယ္ဘက္ပါးျပင္ ရိုက္ခံရလွ်င္ သူ၏ညာဘက္ပါးကို ျပန္ရိုက္သင့္ေၾကာင္း။သို႔ေသာ္ အထက္ေကာင္းကင္နတ္မင္းက ပါးရိုက္ခံလိုက္ရသည့္ခံစားခ်က္ကိုေတာ့ နားလည္လိမ့္မည္မဟုတ္ေပ။
(Author က အထက္ေကာင္းကင္နတ္မင္းနဲ႕ ရန္ၿငိဳးရွိပုံရတယ္..😁)
ေဝ့ရွီအတြက္ ပထမဆုံးအႀကိမ္ ရိုက္ခံရျခင္းမ်ိဳးမဟုတ္ေသာ္လည္း သန္သန္မာမာေယာက္်ားတစ္ေယာက္၏ အားျပင္းလြန္းသည့္ရိုက္ခ်က္ကိုခံရသည္က ပထမဆုံးအႀကိမ္ျဖစ္၏။ဒုတိယတစ္ခ်က္ ညာဘက္ပါးျပင္ကိုလာေရာက္ႏႈတ္ဆက္သည့္အခ်ိန္၌ သူမ၏နားစည္မ်ားပင္ကြဲထက္သြားေလာက္ၿပီဟု ယူဆမိသြားရ၏။နားစည္အတြင္း အူေနသည့္အသံမ်ားကအဆက္မျပတ္ မေရမတြက္နိုင္ေသာပ်ားေကာင္မ်ား ပ်ံဝဲေနသည့္အတိုင္းပင္။ႏႈတ္ခမ္းေထာင့္စြန္းက ကြဲသြားၿပီး ခံတြင္းတစ္ခုလုံး ခ်ိဳၿမိန္သည့္ေသြးအရသာမ်ားက အျပည့္ျဖစ္လာ၏။
ဘဝက သင္ေပးပါလိမ့္မည္။ယခုလိုမ်ိဳး ျပန္မတိုက္ခိုက္နိုင္သည့္အေျခအေနမ်ိဳးသို႔ေရာက္လာခဲ့လွ်င္ ေ႐ြးစရာလမ္းက ႏွစ္မ်ိဳးသာရွိပါလိမ့္မည္။ေအာင့္အည္းသည္းခံ မဟုတ္လွ်င္ အေျခအေနေပၚအလိုက္သင့္ေလးေနထိုင္လိုက္ရန္သာ ရွိသည္။
ေသခ်ာသေလာက္နီးပါးက ႐ူေဖးက ထိုလမ္းႏွစ္မ်ိဳးကိုမေ႐ြးဘဲ သည္းမခံနိုင္ေလာက္ေအာင္ထင္ရာစိုင္းပစ္ကာ ထိုသူေဌးဆိုသည့္တစ္ေယာက္အား အရက္ႏွင့္ပက္လိုက္ျခင္းျဖစ္၏။ပုံမွန္ဆိုလွ်င္ ထိုလူအား အျပစ္ျပဳမိသည္က အနည္းငယ္အျပစ္ေလ်ာ့ေပါ့ေပးေကာင္း ေပးနိုင္လိမ့္မည္။သို႔ေသာ္ ကံမေကာင္းစြာျဖင့္ ထိုလူက လင္းေလာ့ခြၽမ္ ဖိတ္လာခဲ့သည့္ ဧည့္သည္မဟုတ္ပါလား။ပ်ားအုံကို တုတ္ႏွင့္သြားထိုးလိုက္သလိုပင္။
ဤေနရာတြင္ အလုပ္လုပ္သည့္ မိန္းကေလးမ်ားအားလုံးက သိပါလိမ့္မည္။ လင္းေလာ့ခြၽမ္ကို အျပစ္ျပဳမည့္အစား သူေဌးေဝ့ခ်ိန္ေပါက္ကိုသာ အာခံလိုက္မည္ျဖစ္သည္။ထိုေယာက္်ားက ခ်မ္းသာ၏။မ်က္ႏွာႀကီးအသိုင္းအဝိုင္းျဖစ္ၿပီး ေနာက္ခံအင္အားလည္းေကာင္း၏။လက္ရဲဇက္ရဲလည္းျဖစ္ကာ မလုပ္ရဲသည့္ကိစၥဟူ၍ မရွိသေလာက္။ပိုင္ဆိုင္မႈက မေရမတြက္နိုင္သည့္အျပင္ စိတ္ညစ္စရာေကာင္းေလာက္ေအာင္လည္း ေခ်ာေမာေနျပန္၏။ေနာက္ဆုံးအေရးႀကီးဆုံးတစ္ခုက တရားဥပေဒမဲ့ေအာင္ ရက္စက္လြန္းေနျခင္းျဖစ္၏။
႐ူေဖးကိုသာ ေနာက္ဆုတ္စရာလမ္းမရွိေအာင္ ဖိအားမေပးခဲ့လွ်င္ ယခုလိုမ်ိဳး ျပင္းထန္သည့္အေျခအေနမ်ိဳးသို႔ေရာက္မည္မဟုတ္။႐ူေဖးက အေျခအေနကိုအလိုက္မသိဘဲ တဇြတ္ဆန္တတ္သူမဟုတ္မွန္း ေဝ့ရွီနားလည္သည္။သူမဘက္မွ လိုက္ေလ်ာမေပးနိုင္ေလာက္သည့္ အေျခအေနမ်ိဳးသို႔ေရာက္သြားခဲ့ျခင္းေၾကာင့္သာ ျဖစ္လိမ့္မည္။
လြန္ခဲ့သည့္ႏွစ္ႏွစ္ Alluringသို႔စတင္ဝင္ေရာက္လာသည့္အခ်ိန္ကတည္းက သူမကိုယ္တိုင္သတ္မွတ္ထားသည့္ ေနာက္ဆုံးသည္းခံေပးနိုင္မည့္အတိုင္းအတာစည္းမ်ဥ္းကို ခ်မွတ္ခဲ့ၿပီးျဖစ္သည္။ေဝ့ရွီကို ေျပာခဲ့သည္က
"တကယ္လို႔မ်ားတေန႕ေန႕ ငါ ဒီဟာေတြအားလုံးကို သည္းမခံထားနိုင္ေတာ့ရင္...နင္ငါ့ကို ေသလူလိုသာ သတ္မွတ္လိုက္ေတာ့..."
သို႔ေသာ္ ေလကိုဆင့္ေခၚမိုးကိုမမႈသည့္ ဤလူခ်မ္းသာတစ္စုက သူမကဲ့သို႔လူတစ္ေယာက္၏ ေသျခင္းရွင္ျခင္းအား လုံးဝဂ႐ုစိုက္ေနမည္မဟုတ္။အားေကာင္းေမာင္းသန္ေဘာ္ဒီဂတ္၏ ေနာက္ထပ္လက္ဝါးတစ္ခ်က္က်လာသည့္အခ်ိန္၌ ႐ူေဖးက ေၾကာင္နက္တစ္ေကာင္လိုေျပးဝင္လာၿပီး
"နင္ ဘာကိစၥနဲ႕ဝင္လာတာလဲ!..ပြဲစည္တာမျမင္ဖူးလို႔လား!..အထူးတလည္ကိုေျပးလာၾကည့္ခ်င္ေနတာလား!...ထြက္သြား!.."
မည္သည့္ေနရာမွရလာသည့္အင္အားရွိလာမွန္းမသိ သူမအားခ်ဳပ္ထားေသာ သန္သန္မာမာေယာက္်ားႀကီးထံမွ႐ုန္းထြက္ကာ ေဝ့ရွီအား တံခါးေပါက္ဝဆီသို႔တြန္းထုတ္၏။ေဝ့ရွီက နဂိုကတည္းကပိန္ပိန္ေသးေသးေလးျဖစ္သျဖင့္ တစ္ခ်က္တြန္း႐ုံမွ်ျဖင့္ ေျခလွမ္းပ်က္ကာ လွဲက်မတတ္။
အျပင္သို႔ေရာက္ခါနီး တကယ္ကိုေျခတစ္လွမ္းစာေလးသာ လိုေတာ့သည့္အခိုက္ မ်က္စိလ်င္ၿပီးလက္သြက္သည့္သူတစ္ေယာက္က ပိုက္ကြန္ထဲမွ ငါးကို လြတ္ထြက္မသြားေအာင္ တားျမစ္လိုက္၏။
"ယို႔...ငါေျပာမယ္ ေလာင္ေဝ့...မင္း ဘယ္ေနရာကေနမ်ား ဒီေလာက္လွတဲ့လူေတြရွာလာခဲ့တာလဲ...တစ္ေယာက္ၿပီးတစ္ေယာက္ကို ပိုလွေနေတာ့တာပဲ..."
လင္းေလာ့ခြၽမ္၏လက္တစ္ဖက္က ေဝ့ရွီ၏ခါးကိုဆြဲဖက္ထားၿပီး လက္တစ္ဖက္က ေမးဖ်ားကိုဆြဲညစ္ထားကာ လက္ထဲတြင္ေရာက္ေနသည့္မိန္းမလွေလးအား မိန္ပ်ပ်မီးေရာင္ေအာက္တြင္ အေသအခ်ာကိုေငးၾကည့္ေနေလ၏။
ေဝ့ရွီမွတ္မိပါေသး၏။ထိုလူ၏ မ်က္ဝန္းႏွစ္ခုက အေတာ္ေလးကိုလွသည့္အထဲတြင္ပါကာ မ်က္ေတာင္မ်ားရွည္စင္းၿပီးေကာ့ၫႊတ္ေန၏။ေဘးဘက္မွလွမ္းၾကည့္လွ်င္ ပို၍ပင္ လွပေနပါလိမ့္မည္။သို႔ေသာ္ ထိုမ်က္ဝန္းတစ္စုံထဲတြင္ ခံစားခ်က္ဟူ၍မရွိ လင္းယုန္ငွက္တစ္ေကာင္က ေလေပၚတြင္ပ်ံဝဲၿပီး သားေကာင္ကိုေစာင့္ၾကည့္ေနကာ အခ်ိန္မေ႐ြး လက္သည္းတစ္စုံကိုထုတ္လာနိုင္သည့္အတိုင္းပင္။
ေဝ့ခ်ိန္ေပါက္က သူ၏တဝက္ေျပာင္ေနသည့္ကတုံးကို အားနားပါးနာပြတ္သပ္ၿပီး
"သူက ဝိတ္တာမလို႔ပါ..ဝိုင္တို႔ စီးကရက္တို႔ ပို႔ေပးတာကိုတာဝန္ယူထားမလို႔ ဒီေနရာမွာထိုင္ေပးနိုင္မွာမဟုတ္ေလာက္ဘူး.."
လင္းေလာ့ခြၽမ္က အသံထြက္ေအာင္ရယ္လိုက္ၿပီး
"ဝိတ္တာလား..ႏွေျမာစရာေကာင္းလိုက္တာ..."
လက္မျဖင့္ ေဝ့ရွီ၏ေမးဖ်ားကို ပြတ္သပ္ၿပီး မည္းနက္ေနသည့္မ်က္ဝန္းတစ္စုံက ေဝ့ခ်ိန္ေပါက္ကိုလွမ္းၾကည့္ကာ
"ဒီေနရာကလူျဖစ္ေနရင္ ၿပီးတာပဲေလ..ဘယ္ေနရာမွာတာဝန္ယူတယ္ေတြက ထည့္ေျပာစရာလိုေနေသးလို႔လား..မင္းရဲ႕ဒီ မျဖစ္စေလာက္ေလးေတြကို ငါ မတတ္နိုင္မွာစိုးရိမ္ေနတာလား.."
အခန္းတြင္းရွိ ေယာက္်ားမ်ား၏ရယ္သံမ်ားဆူညံလာကာ တက္ႂကြၿပီးအားေပးအားျမႇောက္လုပ္ကုန္ၾက၏။ဤ box ႀကီးထဲတြင္ ေယာက္်ား ငါးေယာက္ ေျခာက္ေယာက္ခန့္ထိုင္ေနၾကၿပီး အားလုံးက က်က်နနဝတ္စားထားသည့္ ေ႐ႊေပၚျမတင္လူကုန္ထုံအသိုင္းအဝိုင္းမွျဖစ္သည္။
ထို႔ေနာက္တြင္ဘာျဖစ္သြားခဲ့သနည္း?။ေဝ့ရွီ ျပန္ၿပီးမေတြးခ်င္ေတာ့ပါ။လူ၏မွတ္ဥာဏ္က အေတာ္ေလးကိုထူးဆန္းသည္ဟုဆိုရမည္။ေပ်ာ္႐ႊင္စရာအမွတ္တရမ်ားက ေလထဲတြင္လြင့္ပါသြားသည့္အတိုင္း အလြယ္တကူေပ်ာက္ကြယ္သြားတတ္ၿပီး နာက်င္ရမည့္အရိပ္မ်ားက အၿမဲတေစ အေနာက္မွလိုက္ပါလာခဲ့၏။
ထိုေယာက္်ားက သူမ၏လက္ေကာက္ဝတ္ကိုဆြဲကာ ဆိုဖာထက္တြင္ သူမ၏ခႏၶာကိုယ္ကိုဖိကပ္ထား၏။သူ၏လက္ေခ်ာင္းမ်ားက ေအးစက္ေနၿပီး ထိုအထိအေတြ႕မွရလာသည့္ေအးစက္မႈက ႏွလုံးသားဆီသို႔ တိုက္ရိုက္ေဖာက္ဝင္လာနိုင္၏။နီးကပ္လာသည့္ သူ၏မ်က္ႏွာထက္မွ အရက္နံ႕မ်ားကို အလိုလိုခံစားမိလာကာ ဤလကၡဏာက ေကာင္းသည့္အေျခအေနေတာ့မဟုတ္။
သူမ စတင္ၿပီး႐ုန္းကန္လိုက္သည္ႏွင့္ ႐ူေဖး၏အသံေပ်ာ့ေပ်ာ့ကိုၾကားလာရ၏။
"သခင္ေလးလင္း...ကြၽန္မ မွားသြားပါတယ္...ကြၽန္မကိုလုပ္ခိုင္းတာမွန္သမွ် လုပ္ေပးပါ့မယ္...ဒါေၾကာင့္မလို႔ ကြၽန္မရဲ႕ဒီသူငယ္ခ်င္းေလးကိုေတာ့ လႊတ္ေပးလိုက္ပါ..ေတာင္းပန္ပါတယ္..သူအခုမွ ေက်ာင္းသူေလးပဲရွိေသးတာ..."
႐ူေဖးက ပါးစပ္တြင္ေပေနသည့္ေသြးစမ်ားကိုသုတ္ရင္း ေတာင္းပန္ေနသည့္အလားၿပဳံးျပကာ ေနရာတြင္မလႈပ္မယွက္ျဖင့္ရပ္ေနေလ၏။သူမ ေၾကာက္ေနခဲ့ပါသည္။ဒီတစ္ႀကိမ္တြင္ေတာ့ တကယ္ကို ေၾကာက္လန့္ေနခဲ့ပါ၏။
သို႔ေသာ္ ထိုေယာက္်ားက ဘာကိုမွမၾကားလိုက္သည့္အလား သူ၏အာ႐ုံအလုံးစုံက ေဝ့ရွီေပၚတြင္သာေရာက္ေနခဲ့သည္။ေဝ့ရွီ၏ေမးဖ်ားကို ဆြဲကိုင္ထားရင္း ဘယ္ျပန္ညာျပန္ၾကည့္ကာ သူမ၏ေႂကြလိုျဖဴေဖြးေနသည့္အသားအရည္ကို ကိုယ္တြယ္ေနသည္က လွပသည့္ကုန္ပစၥည္းတစ္ခုကိုစိတ္ေက်နပ္ေနသည့္ဟန္မ်ိဳးျဖစ္၏။
ေဝ့ခ်ိန္ေပါက္က အေျခအေနကိုနားလည္သူပီပီ ခ်က္ခ်င္းေမးျမန္းလာ၏။
"သခင္ေလးလင္း...ကြၽန္ေတာ္ ဒီေနရာကိုရွင္းလင္းေပးရမလား.."
ထိုစကားမ်ားထြက္လာသည္ႏွင့္ ႐ူေဖးက အလ်င္အျမန္ကိုဒူးေထာက္ခ်လိဳက္ၿပီး မ်က္ရည္စီးက်ကာ ငိုေႂကြး၍ေတာင္းပန္၏။
"သခင္ေလးလင္း..သူတကယ္ကို ေက်ာင္းသူေလးပဲရွိေသးတာပါ...ေက်းဇူးျပဳၿပီး သခင္ေလးက သက္ညွာေပးပါ..ေတာင္းပန္ပါတယ္..သူ႕ကိုလႊတ္ေပးပါ..ကြၽန္မေတာင္းပန္ပါတယ္..သူ႕ကိုလႊတ္ေပးလိုက္ပါ...ကြၽန္မကိုဘာပဲလုပ္ခိုင္းလုပ္ခိုင္း အကုန္လုပ္ေပးပါ့မယ္..."
အခန္းက်ယ္အတြင္း ေလွာင္ရယ္သံမ်ားျပည့္သြားခဲ့၏။
"မင္းက တကယ္ကို ေပါင္ေပ့ေလးလို လုပ္ျပေနတာပဲ...ကေလးမ...သတိထားစမ္းပါဦး..သခင္ေလးလင္း သေဘာက်တာကိုခံရတာက အဲ့လူရဲ႕ေကာင္းခ်ီးမဂ္လာတစ္မ်ိဳးပဲကြ...ဘာကိစၥ လာၿပီးေတာင္းပန္ေနတာလဲ.."
လင္းေလာ့ခြၽမ္က ပို၍ပင္သေဘာတက်ၿပဳံးလိုက္ၿပီး ေဝ့ရွီ၏ႏႈတ္ခမ္းေထာင့္စြန္းက ေသြးစကိုလက္ျဖင့္သုတ္ေပးရင္း
"မင္းရဲ႕ သူငယ္ခ်င္းေကာင္းေလးက မင္းကိုကယ္ဖို႔အတြက္ ဘာမဆိုလုပ္ေတာ့မွာ..မင္းေရာ?.."
ေဝ့ရွီက ေသြးေပေနၿပီးျဖစ္သည့္ႏႈတ္ခမ္းကိုကိုက္ထားကာ ပါးႏွစ္ဖက္စလုံးနီရဲေနသည့္႐ူေဖးအား တစ္ခ်က္လွမ္းၾကည့္ၿပီးေနာက္ အသက္ျပင္းျပင္းရႉရွိုက္လိုက္၍
"သခင္ေလးလင္း..သူ႕ကိုလႊတ္ေပးလိုက္ဖို႔ေတာင္းပန္ပါတယ္...ကြၽန္မေနခဲ့ၿပီး အေဖာ္လုပ္ေပးရင္ရၿပီမလား.."
လင္းေလာ့ခြၽမ္က ရယ္ေမာရင္းေခါင္းၿငိမ့္ျပလိုက္သည္ႏွင့္တၿပိဳင္နက္ ႐ူေဖး၏လက္ႏွစ္ဖက္ကိုခ်ဳပ္ထားသည့္ ေဘာ္ဒီဂတ္ကလည္း ခ်က္ခ်င္းလႊတ္ေပးလိုက္၏။႐ူေဖးက ထပ္ၿပီးေျပာဆိုခ်င္ေသးေသာ္လည္း ေဝ့ရွီက မ်က္လုံးမ်က္ေတာင္အစုံမွိတ္ျပေနသျဖင့္ ႐ူေဖးကခ်က္ခ်င္းဆိုသလိုနားလည္သြားရ၏။
သို႔ေသာ္ တံခါးလက္ကိုင္ကို ကိုင္ၿပီး အျပင္ထြက္သြားခါနီး၌ လင္းေလာ့ခြၽမ္၏ေအးစက္စက္စကားသံကိုၾကားလာ၏။
"ေလာင္ေဝ့...မင္းရဲ႕ေနရာကို ရဲေတြလာနိုင္ေလာက္လား..မေတာ္တဆမ်ား တေယာက္ေယာက္က ရဲကိုအေၾကာင္းၾကားလိုက္လို႔ေရာက္လာခဲ့ရင္ ငါတို႔ ဘယ္လိုရွင္းျပရမလဲ.."
ေဝ့ခ်ိန္ေပါက္က ခ်က္ခ်င္းနားလည္လိုက္ၿပီး
"စိတ္မပူပါနဲ႕...သခင္ေလးလင္း...အဲ့ဘက္ကလူေတြနဲ႕အဆင္ေျပေအာင္လုပ္ထားၿပီးပါၿပီ...ထပ္ေျပာရရင္ ေကာင္းကင္မင္းႀကီးဆင္းလာရင္ေတာင္မွ သခင္ေလးလင္းရဲ႕ Box ထဲ ဘယ္သူမွဝင္လာရဲမွာမဟုတ္ပါဘူး..သခင္ေလး စိတ္ခ်လက္ခ်ေနလို႔ရပါတယ္.."
လင္းေလာ့ခြၽမ္က ေလွာင္ရယ္သလိုၿပဳံးေနၿပီး ႐ူေဖး၏ျဖဴဖတ္ျဖဴေရာ္ျဖစ္သြားသည့္မ်က္ႏွာအားလွမ္းၾကည့္ကာ ေမးေငါ့ျပလိုက္၍
"ဆက္သြားေလ..."
႐ူေဖးက တံခါးဝတြင္သာရပ္ေနဆဲျဖစ္သျဖင့္ ေဝ့ရွီက သူမအားတစ္ခ်က္လွမ္းၾကည့္ကာ မ်က္ရည္က စီးက်လာေတာ့၏။
တစ္ခ်ိန္တည္းမွာပင္ လင္းေလာ့ခြၽမ္၏အသံက
"ဘာလဲ..မသြားခ်င္ေတာ့ဘူးလား..ဒါဆိုလည္းမသြားနဲ႕ေတာ့.."
"သခင္ေလးလင္း...ကတိေပးထား...."
ေဝ့ရွီ၏စကားပင္မဆုံးလိုက္ခင္ လင္းေလာ့ခြၽမ္က သူမ၏လည္တိုင္ကိုညစ္ထားၿပီး ဆိုဖာေပၚသို႔ျပန္ဖိခ်လိဳက္၏။ထို႔ေနာက္ နား႐ြက္နားသို႔ကပ္လာၿပီး
"ငါနဲ႕ကစားခ်င္တာေပါ့ဟုတ္လား...မင္းမွာ အဲ့အရည္အခ်င္းမ်ိဳးမရွိေသးဘူး.."
>>>>>>>
"မိန္းကေလးလု...ဒီဖိနပ္ေတြစမ္းၾကည့္ပါလား...မိန္းကေလးရဲ႕ ဂါဝန္အနီနဲ႕ဆို ဒါေလးေတြကပိုလိုက္တယ္..."
အမ်ိဳးသမီးဝန္ထမ္း၏ ခ်ိဳခ်ိဳသာသာအသံေလးက ေဝ့ရွီအား ေမွာင္မိုက္ေနသည့္မွတ္ဥာဏ္မ်ားဆီမွ အျပင္ဘက္ေလာကႀကီးဆီသို႔ ျပန္လည္ဆြဲထုတ္ေပးနိုင္ခဲ့၏။ေၾကာင္အမ္းေနၿပီး မွန္ထဲရွိသူမ၏ပုံရိပ္အား ေငးၾကည့္ေနမိကာ မွန္ထဲတြင္ရွိေနသည့္ေကာင္မေလးကလည္း သူမကိုျပန္ၾကည့္ေနခဲ့၏။မွင္ေသေနသည့္ အၾကည့္မ်ားထဲတြင္ ျမင္ေနရသည္က လွပေနသည့္ကိုယ္ထည္တစ္ခုသာျဖစ္ၿပီး သူမကိုယ္သူမ ျမင္ေနရျခင္းဟုပင္မခံစားမိေတာ့ေပ။
႐ြမ္ေရွာက္နန္က လက္ၾကားထဲတြင္ စီးကရက္ကိုညွပ္ထားၿပီး မတ္ရပ္ေနကာ အေရာင္းဝန္ထမ္းေလးအား ပုလဲဆြဲႀကိဳးတစ္ကုံးယူလာေပးရန္ အခ်က္ျပေလ၏။ျဖဴေဖြးၿပီး လုံးဝန္းေနသည့္ပုလဲလုံးမ်ားက ဤဂါဝန္အနီေရာင္ႏွင့္ အလိုက္ဖက္ဆုံးျဖစ္ေနကာ ေဝ့ရွီ၏မည္သည့္အရာမွမကြယ္ထားေအာင္လစ္လပ္ေနသည့္လည္ပင္း၌ သူကိုယ္တိုင္ ဆြဲေပးလာခဲ့၏။သူမအား စိုက္ၾကည့္ေနသည္က အလွဖန္တီးရွင္မ်ားကသူ၏အလွပဆုံးပုံေဖာ္ထားသည့္လက္ရာကို အကဲျဖတ္ေနသည္အလား။ထို႔ေနာက္ ေက်နပ္သည့္ဟန္ျဖင့္ေခါင္းၿငိမ့္ျပၿပီး
"အရမ္းလွတယ္.."
ေသခ်ာေပါက္လွပါလိမ့္မည္။ဂဏာန္းေျခာက္လုံးအထက္သုံးထားသည့္ပမာဏေၾကာင့္ အဘယ္သို႔မလွဘဲ ေနပါေတာ့မည္နည္း။ပိုင္ဆိုင္မႈအမ်ားႀကီးရွိသည့္ ေယာက္်ားတစ္ေယာက္မဟုတ္ပါလား ပိုက္ဆံကိုေရလိုသုံးနိုင္သည့္အျပင္ သူမအားျပင္ဆင္ေပးရသည္က သူေတာင္းစားကိုအေႂကြေစ့စြန့္က်ဲသေလာက္သာ ရွိပါလိမ့္မည္။
သူမ၏အေနာက္ဘက္တြင္ရပ္ေနၿပီး လက္ႏွစ္ဖက္က သူမ၏လည္တိုင္ေပၚရွိစိမ္းေနသည့္ေသြးေၾကာမ်ားထိေတြ႕ကာ ေသြးခုန္ႏႈန္းကိုစမ္းၾကည့္ေနသည့္အလား။သူ၏လက္ေခ်ာင္းမ်ားက ေအးစက္ေနၿပီး အမူအရာထဲတြင္ ၾကင္နာသည့္အရိပ္အေယာင္မ်ိဳးကလုံးဝမရွိေနကာ လုေဝ့ရွီက ႐ြမ္ေရွာက္နန္ကဲ့သို႔ေအးစက္ေနသည့္လက္ေခ်ာင္းမ်ားကိုပိုင္ဆိုင္ထားသည့္ အျခားတစ္ေယာက္အား မစဥ္းစားဘဲမေနနိုင္ေတာ့ေပ။
လင္းေလာ့ခြၽမ္ 'မိုးဖြဲေလးမ်ား႐ြာသြန္းလာျခင္း'ကို ေကာက္ႏုတ္ထားသည့္အလြန္လွပသည့္နာမည္ေလးက ၾကားလိုက္ရ႐ုံျဖင့္ လူတစ္ေယာက္ကိုေအးခ်မ္းသြားေစသည့္ခံစားခ်က္မ်ိဳးေပးနိုင္ေလာက္သည္။သို႔ေသာ္ ေဝ့ရွီလုံးဝယုံၾကည္လိုက္သည္က ဤလူသည္ 'လူတစ္ေယာက္၏အက်င့္သည္ သူ၏နာမည္ႏွင့္ဆင္တူသည္' ဆိုသည့္ဆိုရိုးအား ေဇာက္ထိုးျဖစ္ေအာင္လုပ္နိုင္သည့္သူပင္ျဖစ္သည္။ေခ်ာေမာလြန္းသည့္မ်က္ႏွာေလးက လြဲ၍ အျခားအရာမ်ားအားလုံးနာမည္ႏွင့္တျခားစီ။
ေဝ့ရွီ သိလည္းမသိနိုင္ခဲ့သလို ယူဆလို႔ရမရလည္းမသတ္မွတ္ခဲ့။ထိုေန႕ညသည္ သူမတို႔ဘဝထဲတြင္ အေမွာင္မိုက္ဆုံးညတစ္ညျဖစ္ေနခဲ့သည္ကိုေတာ့ ဝန္ခံရပါလိမ့္မည္။
<<<<<<
ထိုေန႕ညက လင္းေလာ့ခြၽမ္၏လက္ေခ်ာင္းမ်ားက သူမ၏လည္တိုင္ကို အညွာအတာကင္းစြာညွစ္ထားခဲ့သည္။အားကုန္သုံးထားျခင္းမ်ိဳးမဟုတ္ အသက္ရႉရက္ေအာင္သာညွစ္ထားခဲ့ၿပီး အေသမသတ္ခ်င္သည့္သေဘာမ်ိဳး။
ေရထဲတြင္ႏွစ္ခံထားရသည့္အလား ႐ုန္းကန္ရန္အင္အားလည္းမရွိေတာ့။အခန္းတြင္းေလထုတစ္ခုလုံးက စီးကရက္ေငြ႕မ်ား အရက္နံ႕မ်ားႏွင့္ ေယာက္်ားသားတို႔၏ေခြၽးနံ႕ေရေမႊးနံ႕မ်ားျဖင့္ ေရာေထြးေနကာ သူမအား ပို၍အသက္ရႉရခက္ေအာင္ ျပဳလုပ္ေနခဲ့သည္။
႐ူေဖး၏ ေတာင္းပန္ေနသည့္အသံကို အဆက္မျပတ္ၾကားေနရၿပီး
"သခင္ေလးလင္း...ကြၽန္မတို႔ မွားမွန္းသိပါၿပီ...တကယ္ကို မွားမွန္းသိပါတယ္...ကြၽန္မ သခင္ေလးတို႔နဲ႕လိုက္ခဲ့ေပးပါ့မယ္...ေတာင္းပန္ပါတယ္..."
လင္းေလာ့ခြၽမ္က ႐ူေဖးအား ေခါင္းအစေျခအဆုံးနစ္ခ်က္ၾကည့္ကာ ႏႈတ္ခမ္းပါးကေလွာင္ရယ္ေနၿပီး
"မင္းက?...ေဆာရီး...ငါ့အႀကိဳက္မဟုတ္ဘူး...သူတို႔ေတြပဲ ပိုၿပီးစိတ္ဝင္စားလိမ့္မယ္...ဒီတစ္ေယာက္အတြက္ေတာ့စိတ္ပူမေနနဲ႕...ငါက အက်င့္မေကာင္းတဲ့ေကာင္မ်ိဳးမဟုတ္ဘူး...ေပးသင့္သေလာက္ပိုက္ဆံကို ေပးမွာ.."
႐ူေဖး၏သည္းခံနိုင္စိတ္က ကုန္ဆုံးသြားပုံရကာ အံကိုက်ိတ္လိုက္ၿပီး
"လင္းမ်ိဳးရိုးေကာင္...မ်ိဳးမစစ္ေကာင္ လူယုတ္မာ..အေသဆိုးနဲ႕ေသပါေစ!.."
ဆဲေရးလိုက္သည့္ပါးစပ္ေပါက္၏အဆုံးသတ္က အားျပင္းသည့္လက္ဝါးတစ္ခ်က္ျဖစ္ကာ ေဘာ္ဒီဂတ္က ႐ူေဖး၏ဆံပင္ကိုေဆာင့္ဆြဲၿပီး မ်က္ႏွာအား စားပြဲခုံႏွင့္အပ္ထားလိုက္၏။
မည္သူတစ္ဦးတစ္ေယာက္ကမွ အသံမထြက္ရဲ။ေဝ့ရွီကိုယ္တိုင္လည္း မလႈမမယွက္အသံမထြက္နိုင္ဘဲ မ်က္လုံးျဖင့္သာေစြၾကည့္နိုင္ခဲ့သည္။သူမ၏လက္ႏွစ္ဖက္အား အားေကာင္းသည့္ေဘာ္ဒီဂတ္တစ္ေယာက္ကခ်ဳပ္ထားၿပီး ပါးစပ္ကိုလည္း လက္ျဖင့္ပိတ္ထားသည္ျဖစ္ရာ မသဲကြဲေသာေအာ္သည္းသံမ်ားသာထြက္လာခဲ့၏။လင္းေလာ့ခြၽမ္က သူမအား စိတ္ဝင္တစားကိုၾကည့္ေနၿပီး ေသခါနီးသတၱဝါတစ္ေကာင္က ႐ုန္းကန္ေနသည့္ကိုသေဘာက်ေနသည့္အလား။
မွိန္ပ်ပ်မီးေရာင္ေအာက္တြင္ သူ၏ေပ်ပ်စ္ေသာလက္ေခ်ာင္းမ်ားက သူမ၏လည္တိုင္ေပၚသို႔ေရာက္လာၿပီး ယူနီေဖာင္း၏ေကာ္လံကိုဆြဲကိုင္ကာ စိတ္ရွည္လက္ရွည္ျဖင့္ ၾကယ္သီးတစ္လုံးခ်င္းျဖဳတ္ေန၏။တစ္လုံးခ်င္း တစ္လုံးခ်င္းျဖဳတ္ေနသည္က အနက္ေရာင္bra လိုင္းႏွင့္အျဖဴေရာင္အတြင္းသားမ်ားေပၚလာသည္အထိ။ေဝ့ရွီ၏ အေလာတႀကီးအသက္ရႉသံမ်ားေၾကာင့္ အတြင္းသားမ်ားက လိုင္းလုံးမ်ားသဖြယ္ နိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ လုံးဝကိုဆြဲေဆာင္ေနခဲ့၏။
လင္းေလာ့ခြၽမ္က အခန္းအတြင္းရွိလူမ်ားဆီသို႔တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး
"မင္းတို႔ ေဘးခန္းက Box ထဲသြားေနေန...ငါ့ကိစၥၿပီးသြားမွ အျခားတစ္ေနရာကို ဆက္သြားၾကတာေပါ့.."
"လင္းေလာ့ခြၽမ္...နင္လူမဟုတ္ဘူးလား!.."႐ူေဖး၏ဆဲေရးသံမ်ားက အခန္းတစ္ခုလုံးဆူညံသြားခဲ့၏။
ေဝ့ရွီက ေခါင္းကိုလွည့္ၾကည့္လိုက္၏။ထိုလူမ်ားက ႐ူေဖးအား ေခြးတစ္ေကာင္ကိုဆြဲထုတ္ေနသည့္တိုင္ ႐ူေဖးက အခန္းတံခါး၏လက္ကိုင္ကို ေသြးေရာင္လိုနီျမန္းေနေသာမ်က္ဝန္းမ်ားျဖင့္ၾကည့္ကာ မလြတ္တမ္းဆြဲကိုင္ထားေလ၏။
ေဝ့ရွီက တစ္ခုခုေျပာခ်င္ေနပါသည့္တိုင္ ေျပာမထြက္နိုင္။ထိုေယာက္်ားက သူမ၏braကိုဆြဲခ်ၿပီး ေအးစက္ေနသည့္ႏႈတ္ခမ္းက သူမ၏ႏႈတ္ခမ္းကိုနမ္းရွိုက္လာကာ ေျဖာင့္စင္းေနေသာလည္တိုင္မွတဆင့္ အပန္းေရာင္သန္းေနေသာထိပ္ဖ်ားေလးဆီအထိ။သူ၏လႈပ္ရွားလြယ္ေသာလက္ေခ်ာင္းမ်ားက သူမ၏ေက်ာျပင္တစ္ေလွ်ာက္ေျပးလႊားေနၿပီး bra၏ခ်ိတ္ကို အလြယ္တကူပင္ျဖဳတ္လိုက္ကာ သူမ၏ခႏၶာကိုယ္တစ္ခုလုံးကို စိတ္ႀကိဳက္ကစားေန၏။
သူမ၏ခႏၶာကိုယ္တစ္ပိုင္းက မွိန္ပ်ပ်မီးေရာင္ေအာက္တြင္ လုံးဝလစ္ဟျပေနခဲ့သည္။မည္သည့္အရာကိုဆုံးရႈံးလိုက္ရေတာ့မည္မွန္း တပ္အပ္သည့္ေနသည့္အျပင္ သည္းမခံနိုင္ေလာက္ေသာ အဆိုး႐ြားဆုံးပုံစံမ်ိဳးျဖင့္ပင္ ဆုံးရႈံးခံရေတာ့မည္ျဖစ္သည္။
တစ္ဖက္လွည့္ၾကည့္ေနစဥ္အတြင္း စားပြဲေပၚတြင္တင္ထားသည့္ ဝိုင္ပုလင္းႏွင့္ခြက္မ်ားကို ေတြ႕မ်ားကိုေတြ႕လိုက္ရ၏။ထိုအရာကို ရေအာင္လွမ္းယူနိုင္လွ်င္ ဤေယာက္်ားအားရပ္တန့္ေအာင္မလုပ္ပစ္နိုင္လွ်င္ေတာင္မွ သူမကိုယ္သူမ သတ္ေသလို႔ေတာ့ ရပါေသးသည္။သို႔ေသာ္ခႏၶာကိုယ္တစ္ခုလုံးကို ထိုေယာက္်ားကဖိခ်ဳပ္ထားသျဖင့္ မလႈပ္ရွားနိုင္။သူ၏လက္ေမာင္းမ်ားၾကားတြင္ ပိတ္ညွပ္ေနၿပီး လက္ေခ်ာင္းမ်ားက မေ႐ြ႕သြားေအာင္ထိန္းထားကာ သူမ၏မ်က္ႏွာတစ္ခုလုံးကိုနမ္းရွိုက္ေန၏။
သူ၏အသက္ရႉသံမ်ားက မ်က္ႏွာတဝိုက္ကို လာေရာက္ထိေနသည္က ေဝ့ရွီ၏ခႏၶာကိုယ္တစ္ခုလုံးကိုေအးစိမ့္သြားေစသည့္အလား။ႏွစ္ဖက္က အတြင္းသားမ်ားကို ကြၽမ္းက်င္စြာဆုတ္ကိုင္ထားကာ ႏႈတ္ခမ္းပါးမထိတထိဖြကိုက္ရင္း သူမ၏မသိသာလြန္းလွသည့္မ်က္ရည္စက္မ်ားကိုပါ ထိေတြ႕လာ၏။လက္ေခ်ာင္းမ်ားက လုံးဝန္းသည့္အရာမွတဆင့္ ေသးသြယ္ေသာခါးတစ္ေလွ်ာက္မွ ေအာက္ဘက္အထိဆင္းသြားျပန္၏။ပူႏြေးေနသည့္အသက္ရႉသံမ်ားျဖင့္ သူမ၏နားဖ်ားဆီသို႔ ကပ္ကာ တစ္ခုခုေျပာလိုက္သည္ထင္ပါရဲ႕။သို႔ေသာ္ အခန္းတြင္းရွိသီခ်င္းသံက ဆူညံလြန္းေနသျဖင့္ စကားလုံးမ်ားကို သဲသဲကြဲကြဲမၾကားလိုက္။မႈန္ဝါးေနသည့္ ျမင္ကြင္းထဲတြင္ သူ၏မ်က္ႏွာတစ္ခုတည္းကိုသာ ျမင္ေနရ၏။
ဤစက္ဆုတ္စရာျမင္ကြင္းအား လူဘယ္ႏွေလာက္ကမ်ား ရပ္ၾကည့္ေနဦးမည္ကိုမသိ။မည္သူကမွလည္း ေရွ႕ထြက္ၿပီးမတားသလို မည္သူကမွလည္း ဝင္မေျပာခဲ့ၾက။စကားတစ္ခြန္းေလးပင္ ဝင္မေျပာေပးၾက။
မ်က္ဝန္းေထာင့္စြန္းနားတြင္ မ်က္ရည္မ်ား မက်န္ေတာ့ဘဲ နာက်င္မႈႏွင့္ပ်က္ဆီးသြားေသာေမွ်ာ္လင့္ခ်က္မ်ားသာ ရွိေနေတာ့၏။
တစ္ေယာက္ေယာက္၏ရယ္သံကို ၾကားလိုက္ရကာ မွင္ေသေနသည့္မ်က္ဝန္းမ်ားက အေမွာင္ထုထဲရွိအသံလာရာကိုရွာေဖြၾကည့္မိ၏။မည္သည့္ေနရာကမ်ား ရယ္စရာေကာင္းေနခဲ့သည္ကို အမွန္တကယ္နားမလည္နိုင္ေတာ့ပါ။ေတြ႕လိုက္ရသည့္ထိုလူက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ကို ရယ္ေမာေနခဲ့ျခင္းျဖစ္၏။တစ္စုံတစ္ေယာက္ေလာက္ကမ်ား သားေကာင္အား ပါးစပ္ထဲသို႔မထည့္ခင္ ၿပဳံးလိုက္သည့္ဝံပုေလြကို ျမင္ဖူးၾကလား?။ယေန႕ သူမကိုယ္တိုင္ျမင္ေတြ႕လိုက္ရပါသည္။ထိုအရာက အသက္ရွင္ေနလ်က္ျဖင့္ အေသသတ္နိုင္သည့္နည္းလမ္းတစ္မ်ိဳးျဖစ္၏။
သူမ၏ အသိစိတ္က ပို၍ေဝဝါးလာၿပီး ပတ္ပတ္လည္ျမင္ေနရသည့္အရာအားလုံးက ပတ္ခ်ာလည္ေနခဲ့သည္။အခ်ိဳ႕အသံမ်ားက အလြန္ေဝးသည့္ေနရာမွလာသလိုျဖစ္ေနၿပီး အခ်ိဳ႕အသံမ်ားက နား႐ြက္နားကို ကပ္ေျပာေနသည့္အလား။တစ္ကိုယ္လုံးကို ေရထဲႏွစ္ျမႇုပ္ထားသလိုခံစားခ်က္ေနရၿပီး သူမ၏လည္တိုင္ကိုအသက္ရႉမရေအာင္ ပိတ္ဆို႔ေနသည့္အတိုင္း။
အသက္ရႉခြင့္ေပးရန္ အကူအညီေတာင္းလိုေသာ္လည္း အသံပင္မထြက္နိုင္။ရရာတစ္ခုခုကို လွမ္းကိုင္ရန္ႀကိဳးစားခ်င္ေသာ္လည္း အခ်ည္းအႏွီး။ခႏၶာကိုယ္ရွိ အင္အားအလုံးစုံက အသက္ကို မရမက လုရႉေနရသလိုထိမ်ိဳး႐ုန္းကန္ေနမိကာ သူမ၏ေခြၽးစက္မ်ားက အက်ီတစ္ခုလုံးႏွစ္႐ြဲသြားေစနိုင္ေလာက္မည္။ခႏၶာကိုယ္တစ္ခုလုံးက ေဘာလုံးတစ္လုံးကိုေကြးမိကာ အသည္းေက်ာက္ကပ္မ်ားက ကြဲေၾကသြားေတာ့မည့္အတိုင္း ရွိရွိသမွ်ေနရာတိုင္းက တစိတ္စိတ္ျဖင့္နာက်င္လာရသည္။သို႔ေသာ္ အသက္မရႉနိုင္ေသး။ဘယ္ဘိုပင္႐ုန္းကန္ေနပါေစ ယခုအခ်ိန္ထိအသက္မရႉမနိုင္ေသး။
မည္သည္ကိုမွမသဲကြဲေတာ့သည့္အခ်ိန္၌ ႐ူေဖး၏အလန့္တၾကားေအာ္ဟစ္သံကိုၾကားလာရ၏။
"သူ႕မွာ ေမြးရာပါ asthma ရွိတယ္...ဒီလိုဆက္လုပ္ေနရင္ တစ္ခုခုျဖစ္သြားလိမ့္မယ္...နင္ သူ႕ကိုျမန္ျမန္လႊတ္လိုက္!.."
ထို႔ေနာက္တြင္ေတာ့ မည္သူက ျပန္ေျဖလိုက္မွန္းပင္မသိေတာ့ေခ်။
"Asthma ပဲမလား..မေသနိုင္ပါဘူး.."
မေသနိုင္သည္ကေတာ့ ေသခ်ာေပါက္။ဘယ္ေလာက္ပင္နာက်င္ေနပါေစ ေသသြားမည္ေတာ့မဟုတ္ မေသမရွင္သာျဖစ္ေနလိမ့္မည္။ထိုအရာကိုခံစားဖူးသည့္သူတိုင္း ေသခ်ာေပါက္နားလည္ေနလိမ့္မည္ အသက္ရွင္ေနပါသည့္တိုင္ လည္ေခ်ာင္းတစ္ခုလုံးကို အသက္ရႉ၍မရေအာင္ တစိတ္စိတ္ႏွင့္နာက်င္ေအာင္ထိုးဆြေနသည္က အသက္ရွင္ၿပီးငရဲက်ေနသည့္အတိုင္းပင္။
**********************