ချစ်သက်ဝေ

By MAYNINE_04

32.4K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... More

A/N
ဤသို့အစပြု၍
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

အပိုင်း (၂၄)

609 72 8
By MAYNINE_04

- စိန်ခြူးကြာညောင် လရောင်လင်းသော် -

" သမီးရေ မေမေတို့ အသိအိမ်က ဘုရားကိုးဆူဖိတ်ထားတယ် သွားရအောင်နော် "

" ညနေစောင်းနေပြီ မေမေရယ် ဝေ မလိုက်ချင်ဘူး။ ဝေ ဘုရားကန်တော့ရဦးမယ် "

ဘုရားပန်းများ ရေလဲနေရင်း သက်ဝေ မေမေ့ကို စကားပြန်လိုက်သည်။ မေရီနှင့်ကိစ္စကို မေမေက မရှိခဲ့သလို သဘောထားနေသဖြင့် မေမေနှင့် သက်ဝေ၏ ဆက်ဆံရေးမှာ ပုံမှန်လိုပင် ရှိနေခဲ့သည်။ သက်ဝေကတော့ မေရီမရှိသည့် နေ့ရက်များတွင် ဘုရားတရားကိစ္စများကို ပိုမိုအားစိုက်၍ မေရီ့ဘဝ ကြည်လင်ပါစေကြောင်း အမြဲမေတ္တာပို့သည်။ သိပ်လွမ်းလာလျှင် ဓာတ်ပြားဖွင့်၍ မေရီ့အသံချိုချိုကို နားထောင်ကာ မေရီ ပို့သော စာများကို အထပ်ထပ်ပြန်ဖတ်ခြင်းဖြင့် အလွမ်းဖြေရသည်။

" ဘုရားကိုးဆူကလည်း ကုသိုလ်‌တစ်မျိုးပါပဲ သမီးရယ် လိုက်ခဲ့စမ်းပါ "

" ဟုတ်ပြီ မေမေ အဲတာဆို ဝေ ဘုရားပန်းကပ်လိုက်ဦးမယ်။ ပြီးမှ အဝတ်အစားလဲပြီး ဆင်းခဲ့မယ် "

" အေးအေး ဟုတ်ပြီ "

ဘာမှသိပ်မပြင်ဆင်ထားဘဲ ရင်ဖုံးထဘီဝမ်းဆတ်နှင့် သနပ်ခါးပါးပါးလိမ်းထားရုံဖြင့်ပင် သက်ဝေ၏အလှက တစိမ့်စိမ့်ကြည့်ချင်စရာကောင်းလှသည်။ ထူးခြားစွဲမက်စရာအလှမျိုးမဟုတ်သော်လည်း ကြည့်လေ ကြည့်လေ ရင်အေးစေသော လှပခြင်းမျိုးကို ပိုင်ဆိုင်ထားသဖြင့် လမ်းမှာတွေ့သည့် ပုရိသများ လည်ပြန်ပင်လှည့်ကြည့်ရလေသည်။

သက်ဝေတို့စီးလာသည့် မြင်းလှည်းက ခြံဝင်းတစ်ခုရှေ့တွင်ရပ်လိုက်သည်။ ကျယ်ဝန်းလှသော ခြံထဲမှ နှစ်ထပ်တိုက်အိမ်ကြီးကတော့ ထိုမိသားစု၏ ကြွယ်ဝမှုကို အထင်းသားဖော်ပြနေသည်။ မေမေတို့က ဘုရားကိုးဆူရှိသဖြင့်လာသည်ဟုပြောသော်လည်း ထိုအိမ်ထဲတွင်တော့ လူများရှိနေဟန်မတူပါ။ ခြံဝင်းတံခါးကို အလုပ်သမားတစ်ဦးမှဖွင့်ပေး၍ သက်ဝေတို့ကို တိုက်ကြီးထဲသို့ခေါ်သွားသည်။

" ဆရာ ဧည့်သည်တွေရောက်ပါပြီ "

ထိုအလုပ်သမားက ခေါ်လိုက်သောအခါ ပုဆိုးနှင့်တိုက်ပုံအဖြူဝတ်ထားသော အမျိုးသားကြီးတစ်ဦးနှင့် သက်ဝေနှင့် မတိမ်းမယိမ်း လူရွယ်တစ်ယောက် ပါလာလေသည်။

" ဪ ကိုဘရင်တို့ ရောက်လာကြပြီကိုး ဝင်ပါဗျာ ဝင်ပါ "

ဧည့်ခန်းသို့ ထိုမိသားစုက ဦးဆောင်၍ခေါ်သွားသည့်တိုင် သက်ဝေမှာ အခြေအနေကိုမရိပ်စားမိသေး။ မိခင်ဖြစ်သူကို လှမ်းကြည့်၍ မေးရန်ပြင်သော်လည်း အမေက သက်ဝေကို မျက်ကွယ်ပြုထားလေသည်။

" နေကောင်းရဲ့လား ကိုလှဖေ ကျုပ်တို့လည်း လာမယ် လာမယ်နဲ့ ခုမှပဲလာဖြစ်တော့တယ်ဗျာ "

ကိုလှဖေ...။ သည်နာမည်ကို သက်ဝေ တစ်နေရာတွင်ကြားဖူးနေသည်။ သို့သော် ရုတ်တရက်မို့ ဦးနှောက်က မစဉ်းစားမိ။

" သမီးလေးက အချောလေးပဲဗျ။ ကျုပ်တော့ ခုကတည်းက ချွေးမတော်လိုက်ချင်ပြီ ကိုဘရင်ရယ် "

ဘုရား ဘုရား...။ ဒါဟာ သက်ဝေနှင့် စေ့စပ်ကြောင်းလမ်းပေးမည်ဟု တစ်ခါက ပြောဖူးသော ဝတ်လုံတော်ရ ကိုမြင့်မောင်ဆိုသူရဲ့အိမ်ပါ့လား။ မေမေတို့သည် သက်ဝေအပေါ် တစ်ဖက်လှည့်အကြံဖြင့် လုပ်ရက်ကြသည်။ ထိုင်ပြီးခါမှတော့ ချက်ချင်းထပြန်၍ မကောင်းသဖြင့် သက်ဝေ သည်းခံ၍နေလိုက်ရသည်။

" မောင်မြင့်မောင်ကလည်း လူချောပါပဲ ကိုလှဖေရယ် အကျင့်စာရိတ္တလည်း ဘာဆိုဘာမှ ပြောစရာမရှိဘူး။ ကျွန်မတို့ဘက်က စိတ်ချပါတယ် "

" ဒါဖြင့် ဟန်ကျတာပေါ့ဗျာ သားကိုယ်၌ကလည်း သမီးသက်ဝေကို မေတ္တာရှိနေတာ "

" ဟာဗျာ ဖေဖေကလည်း "

ကိုမြင့်မောင်ဆိုသည့် လူရွယ်က ရှက်သွားဟန်ဖြင့် စကားကိုဟန့်သည်။ ထိုလူသည် မည်မျှပင် အကျင့်ကောင်းသည်ဖြစ်စေ၊ ဥပဓိရုပ်ကောင်းသည်ဖြစ်စေ သက်ဝေအဖို့တော့ မေရီနေရာတွင် အစားမထိုးနိုင်ပါပေ။

" အောင်မာဗျာ မင်းကပဲ ရှက်ရသေး "

" ထမင်းပွဲပြင်ပြီးပါပြီ ဆရာ "

အလုပ်သမား အမျိုးသမီးတစ်ဦးက လာပြောသဖြင့် သက်ဝေတို့အားလုံး ထမင်းစားရန်ပြင်ရသည်။ တကယ်‌ဆိုလျှင် သက်ဝေ စားချင်စိတ် နည်းနည်းလေးမျှပင်မရှိပါ။ ထို့ကြောင့် ထမင်းကို တို့ကနန်း ဆိတ်ကနန်းဖြင့် စားနေမိသည်။ ဤသည်ကို သတိထားမိသော ကိုမြင့်မောင်က

" မသက်ဝေ ဟင်းတွေအဆင်မပြေလို့လားဗျ "

" ရှင် မဟုတ်ပါဘူး ကျွန်မ ဗိုက်သိပ်မဆာလို့ပါ "

" ဒါလေးစားကြည့်ပါ့လားဗျ ဒေါ်လုံးက ဆိတ်ကလီစာချက်တဲ့နေရာမှာတော့ ရှယ်ဘဲ "

ထိုလူက စေတနာဗရပွဖြင့် ခပ်ထည့်ပေးသော်လည်း ထိုစေတနာသည် နည်းနည်းမျှ အသုံးမဝင်ပဲ အပိုသာဖြစ်ရသည်။

" ကျွန်မ ဆိတ်သားမစားဘူး ကိုမြင့်မောင် "

" ဟာ ဟုတ်လား တောင်းပန်ပါတယ်ဗျာ ကျွန်တော်မသိလိုက်လို့ ထမင်းပန်းကန် အသစ်လဲပေးမယ်လေ "

" ရပါတယ် ကိစ္စမရှိပါဘူး ကျွန်မ တော်ပါပြီ "

" ကိုလှဖေရေ ကျုပ်သားကတော့ ခုကတည်းက ခင်ဗျားသမီးကို ကြောက်နေရပြီ။ ပြာပြာသလဲဖြစ်နေတာကြည့်ဦး "

သက်ဝေမှာ ရှိသမျှသော ဒေါသတို့ကို ဘေးနားတွင်ရှိသည့် ရေဖြင့် မျှောချလိုက်ရသည်။ ထိုထမင်းစားဝိုင်းကနေ ထွက်ပြေးပြီး မေရီ့ရင်ခွင်ထဲသို့ ပြေးဝင်ချင်သည့် စိတ်များလည်း လှိုက်ခနဲတက်လာသည်။

" တို့ကို လာခေါ်ထုတ်သွားပါ့လား ရီရယ် "

ထမင်းစားပြီးသောအခါ ဖေဖေတို့က အာလာပသလ္လာပ ပြောနေကြသေးသည်။ သက်ဝေ သိပ်ကိုစိတ်ကျဉ်းကြပ်နေသဖြင့် ခြံထဲသို့ထွက်ခွင့်တောင်းလိုက်သည်။

" သားရေ သမီးလေးကို ခြံထဲလိုက်ပို့ပေးလိုက်ပါဦး သူ့ခမျာ ပျင်းရှာရော့မယ် "

တစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်၍ ခြံထဲဆင်းမှ ပို၍ဆိုးနေသည်လား မပြောတတ်ပေ။

" မသက်ဝေ အဆင်ပြေရဲ့လား "

" ကျွန်မ အမှန်အတိုင်းပြောရမလား ကိုမြင့်မောင် "

" မသက်ဝေဆီက အမှန်တရားကို ကျွန်တော်မကြားရဲတာတော့ အမှန်ပဲဗျ "

" ဒါဖြင့် ဘာလို့မေးနေသေးလဲ "

" အင်း အားနာနာနဲ့များ မုသားဆိုမလားလို့ပါ "

" ကျွန်မ ဟန်ဆောင်ရတာမကြိုက်ဘူးရှင့် "

" တကယ်တော့ ဖေဖေပြောတာ အမှန်ပါ မသက်ဝေ။ မသက်ဝေကို လူချင်းမတွေ့ခင် ပုံတွေ ရုပ်ရှင်တွေမှာမြင်ရတည်းက ဘုရားစူးရစေ့ ကျွန်တော် မေတ္တာသက်ဝင်ခဲ့တာပါ။ အဲတာ ဖေဖေနဲ့ မသက်ဝေအဖေ ခင်မင်ကြတာ သိတော့ ဖေဖေ့ကို အပူကပ်ပြီး တောင်းဆိုထားတာ။ မသက်ဝေ မငြင်းခင် ကျွန်တော့်ရဲ့စိတ်ကို အမှန်အတိုင်းသိစေချင်တာပါဗျာ "

လမ်းလျှောက်ရင်း ကိုမြင့်မောင်ပြောသမျှ နားထောင်နေရာက စံပယ်ပန်းရုံရှေ့တွင် သက်ဝေ ရပ်လိုက်သည်။ စံပယ်ပန်း၏ လန်းဆန်းမွှေးပျံ့သောရနံ့က ညစ်ညူးနေသောစိတ်ကို အနည်းငယ်ကြည်လင်စေသည်။

" ကျွန်မ ငြင်းမယ်ဆိုတာ ရှင်သိထားတယ်မလား "

" ကျွန်တော်က ဝတ်လုံတစ်ယောက်ပါ မသက်ဝေ အခြေအနေကို အကဲခတ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ငြင်းမယ်ဆိုရင်တောင် ဒီပန်းလေးကိုတော့ မသက်ဝေ မငြင်းဘူးလို့ မျှော်လင့်ပါတယ် "

ကိုမြင့်မောင်၏ ရုတ်တရက်ဆန်သော အပြုအမူကို သက်ဝေ တားချိန်မရလိုက်ပါ။ ကိုမြင့်မောင်သည် စံပယ်သုံးပွင့်ပါသည့် တစ်ခက်ကိုချိုး၍ သက်ဝေဆံထုံး၌ ထိုးစိုက်လိုက်ခြင်းပင်။

" အို ရှင်ဒါဘာလုပ်တာလဲ "

" တောင်းပန်ပါတယ် မသက်ဝေ မပိုင်ဆိုင်ရရင်တောင် သည်ပန်းကလေးတော့ မသက်ဝေကို ပန်ပေးချင်စိတ်လေးရှိနေလို့ပါ ကျွန်တော် တောင်းပန်ပါတယ် "

" ကျွန်မ သိပ်စိတ်ဆိုးတယ် ကိုမြင့်မောင် ကျွန်မရဲ့အခွင့်မရှိဘဲ သူကလွဲပြီး ဘယ်သူမှ ကျွန်မကို ပန်းပန်ပေးခွင့်မရှိဘူး "

" ဪ ..သူ ရှိနေတာလား "

သက်ဝေ၏ ခပ်ဆတ်ဆတ်တုန့်ပြန်စကားကြောင့် ကိုမြင့်မောင် မျက်နှာပျက်သွားသည်။

" ရှိတယ် ကျွန်မမှာ ချစ်ရတဲ့လူရှိတယ် ကိုမြင့်မောင် သည်ကိုလိုက်လာခဲ့တာ မေမေတို့က ဘုရားကိုးဆူလို့ ပြောပြီးခေါ်လို့လိုက်ခဲ့တာ မဟုတ်ရင် ကျွန်မ ရှင့်အိမ်ထဲရောက်လာစရာအကြောင်းတောင်မရှိဘူး။ ခုနက အကုန်သည်းခံနေခဲ့တာလည်း ဖေဖေတို့ မျက်နှာပျက်ရမှာစိုးလို့ပဲ။ ကျွန်မကို နားလည်ပေးပါ ကိုမြင့်မောင် "

" အင်းပါလေ ရှိပါစေတော့ ကျွန်တော် နောက်ကျခဲ့တယ်လို့ပဲ မှတ်ရမှာပဲ အားလုံးအတွက် တောင်းပန်ပါတယ် မသက်ဝေ "

ခြံဝန်း၏အပြင်ဘက်တွင် သက်ဝေတို့ လှုပ်ရှားမှုများကို မှတ်တမ်းတင်နေသည့် လူတစ်ယောက်ရှိသည်ဆိုတာကို နှစ်ယောက်လုံးသတိမထားမိခဲ့ပါချေ...။

" ရီ ကိုယ်တို့ အပြင်သွားရအောင်ကွာ "

" ရီ မအားဘူး ဒေစီရယ် ဒီကနေ့ ဓာတ်ပြားသွင်းဖို့ရှိသေးတယ် "

" ဟုတ်လား ဘာသီချင်းလဲဟင် ဒေစီရော နားထောင်ချင်တယ် "

" ဒါက အသံလွှင့်ဖို့အတွက်မဟုတ်ပါဘူးကွာ ရီ့ချစ်သူအတွက် ပို့ပေးဖို့ပါ။ သူ ရီ့ကိုလွမ်းရင် နားထောင်လို့ရအောင်လေ "

" ကြည့်စမ်း ရီရီ သူသိပ်ကဲတာပဲ တို့ကိုကိုတော့ သနားစရာ သူ့ခမျာ ရီ့ကို မေတ္တာရှိနေရှာတာလေ "

မေရီ ဘာမှမပြောဘဲ နှုတ်ဆိတ်၍သာနေလိုက်သည်။ မေရီနှင့် မမဝေ၏ ချစ်ခြင်းအပေါ် ဒေစီက အံ့ဩတကြီးမေးမြန်းစပ်စုခြင်းလည်းမရှိဘဲ အလွယ်တကူ လက်ခံပေးထားသည်။ ကိုရန်နောင်ကတော့ တွေ့တိုင်း မေရီ့ကို ရိသဲ့သဲ့လုပ်မြဲ။ ဒေစီအတူရှိနေသဖြင့် အမြဲလိုလို သည်းညည်းခံနေရသဖြင့် ပို၍ ရောင့်တက်လာသည်ဟုလည်း ထင်မိလေသည်။

" ဒေစီ သီချင်း နားထောင်ချင်တယ်ဆို ရီနဲ့အတူတူ လိုက်ခဲ့လေ "

" ဟုတ်ပြီ လိုက်ခဲ့မယ် "

ဓာတ်ပြားအသံသွင်းသည့်နေရာသို့ ရောက်သောအခါ မေရီက ပိုင်ရှင်ဦးလေးကို နှုတ်ဆက်လိုက်သည်။

" ဦး မေရီ ရောက်ပြီနော် "

" လာ လာ ညည်းကိုစောင့်နေတာ ဘာလဲ ဒီနေ့က ချစ်သူအတွက်လား "

မေရီက မမဝေဆီစာပို့တိုင်း မမဝေအတွက် သီးသန့် ဓာတ်ပြားတစ်ချပ်ထည့်ပေးနေကျဖြစ်သဖြင့် အသံသွင်းရုံက ဦးလေးက သိနေပြီဖြစ်သည်။ ဦးလေးသည် မေရီ့ချစ်သူဟာ မိန်းကလေးမှန်းတော့ မသိသော်လည်း ဤဓာတ်ပြားများသည့် ချစ်သူကိုရည်စူးသည်ဆိုတာကိုတော့ သိလေသည်။

" သည်တစ်ခါ ဘာသီချင်းများပါလိမ့် "

" တက္ကသိုလ်စိုးရေးပြီး မရှင်ဆိုတဲ့ မယ်ခုမျှော်ပါ ဦး "

" အောင်မယ်‌ဗျာ သီချင်းနဲ့တောင် တကူးတက ဘာတွေများ လှမ်းလွမ်းဦးမှာလဲ မသိ "

ဦးလေးစကား၌ မေရီက ပြုံး၍သာ နေလိုက်သည်။ မေရီဆီကို ရောက်လာမည့် မမဝေအား မျှော်နေရမည့်အဖြစ်ကို သည်သီချင်းနှင့် ဖော်ပြချင်သည်။

" မေရီ မမဝေကို သိပ်လွမ်းတာပဲ "

" (မှန်ရွှေပြူ ပြတင်းငယ်နော် ရော်ကာရမ်းလို့သာတွေးမျှော်
အရုဏ်ဆော်ကြူးလို့လင်းသော် ပျိုမေစောင့်လို့သာနော်)၂
(သန်းခေါင်ယံတည်းကနော် ပေါ်လာမယ်စောင့်လို့မျှော်
တွန်ချိန်တန်ရောက်လို့ ပျိုဆွမ်းချက်ချိန်ရောက်ခဲ့သော်
ကြက်ဖတွန်ကြူးကျော်)၂
(စိန်ခြူးကြာညောင် လရောင်လင်းသော်
မှန်ရွှေပြူ ပြတင်းကနော် သန်းခေါင်ဦး မယ်ခုမျှော်)၂
သုံးချက်စည်တော် စည်တော်
ရိုက်ဆော်ညှင်းသော် လင်းအောင် မယ်ခုမျှော်

(စိမ်းကားလွန်းပါသော် ဖိုးရွှေလကို ပြောလိုက်ပါသနော်
ချစ်မိတဲ့သူအပေါ်ဘယ်ဆီမှာပျော်)၂
ခေါ်ပေးပါလားလို့နော် တွေ့ရမှရွှင်ပျော် စိတ်သက်သာမနော်
(စိန်ခြူးကြာညောင် လရောင်လင်းသော်
မှန်ရွှေပြူ ပြတင်းကနော် သန်းခေါင်ဦး မယ်ခုမျှော်)၂
သုံးချက်စည်တော် စည်တော်
ရိုက်ဆော်ညှင်းသော် လင်းအောင် မယ်ခုမျှော်

ပျိုမေချစ်တဲ့ ဝေ့ရူပါ ရေးရေးသာ အမြဲနော်
ရစ်ကာသာဝဲလို့ပေါ် ချစ်တာသာပဲ ပဓာနလို့ထင်သော်
ဆယ်ဘဝမို့ ကြင်မယ်နော်
(လွမ်းလှပါပေါ့နော် တမ်းတရည်လို့မျှော်
တွေးလို့သာရမ်းရော်၂ သနားလှသင့်ပေါ့နော်)၂
(စိန်ခြူးကြာညောင် လရောင်လင်းသော်
မှန်ရွှေပြူ ပြတင်းကနော် သန်းခေါင်ဦး မယ်ခုမျှော်)၂
သုံးချက်စည်တော် စည်တော်
ရိုက်ဆော်ညှင်းသော် လင်းအောင် မယ်ခုမျှော် "

ဓာတ်ပြားသွင်းပြီးသောအခါ ဦးလေးက မေရီ တမင်လုပ်လိုက်သော အမှားတစ်ခုအားထောက်ပြလေသည်။

" ဟ မေရီ ညည်းသီချင်းက ပျိုမေချစ်တဲ့ မောင့်ရူပါ ရေးရေးသာ အမြဲနော် ဖြစ်ရမှာလေ ဘယ့်နှယ့် ဝေ့ရူပါတုန်း "

ပြုံးချင်သည့်စိတ်ကို မနည်းချိုးနှိမ်ကာ မေရီ မျက်နှာသေလေးဖြင့်

" အို ရီမှားသွားတာပဲ ဒါပေမယ့် ရပါတယ် ဦးရယ် နားထောင်တဲ့သူကတစ်ယောက်ပဲရှိမှာဆိုတော့ သူက ‌မေတ္တာစိတ်နဲ့နားလည်ပေးမှာပါ "

တမင်တကာ ထိုနေရာတွင် မမဝေ၏ အမည်ကို ထည့်သွင်းသီဆိုလိုက်သည့်အကြောင်းကိုတော့ မေရီ မပြောဖြစ်တော့ပေ။ ဓာတ်ပြားကို နားထောင်သည့်အခါ မမဝေတစ်ယောက် မေရီ့အမှားလေးကို ‌သတိထားမိပါစေဟုသာ ဆုတောင်းနေမိသည်။

" ‌ဟိတ် ရီ မင်း ဒါ တမင်တကာ မှားဆိုလိုက်တာမလား "

အကြောင်းသိသည့်ဒေစီက မျက်နှာပိုးမသတ်‌နိုင်ဘဲ ပြုံးစိစိဖြစ်နေသည်။

" ဒါပေါ့ တို့ မှားစရာလား မေရီဆိုတာ သီချင်းစာသားကို ထမင်းစားရေသောက် ကျက်လာခဲ့တဲ့သူပါကွာ ဘယ်မှားလိမ့်မလဲ တမင်ဆိုတာပေါ့ "

" ဟိုဦးလေးတော့ မင်းအိုက်တင်မှာ အညာမိသွားပြီ "

နှစ်ယောက်သား အသံမထွက်အောင် ကြိတ်၍ရယ်ကာ အိမ်သို့ပြန်လာကြသည်။ ဒေစီကတော့ လမ်းတွင်ဆင်း၍ နေခဲ့ပြီး မေရီကတော့ ဓာတ်ပြားနှင့်အတူ မမဝေထံသို့ပေးပို့ရန် စာတစ်စောင် ရေးရသည်။

" Rangoon
14.12.1952

မြတ်နိုးရတဲ့ မမဝေ

နောက်သုံးရက်နေရင် ‌ရီ့မွေးနေ့ရောက်တော့မယ်နော် မမဝေကို ရီ့အနားရှိစေချင်လိုက်တာ။ မမဝေကို တွေ့ချင်လွန်းလို့ မျှော်ရတာလည်း လှိုင်ထိပ်ခေါင်တင်က သူ့ရဲ့မောင်တော် ကနောင်မင်းသားကို စောင့်မျှော်ရသလိုဖြစ်နေပါပြီ။ လှိုင်ထိပ်ခေါင်တင်က ကနောင်မင်းသားကိုမျှော်ရင်း " စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊ မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်၊ သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး၊ လင်းပြန်လုနော်။ " ဆိုတဲ့ ဘောလယ်ကို ရေးခဲ့သတဲ့။ အစအဆုံးကို မမဝေ သိမှာပါလေ။ အဲသည် စိန်ခြူးကြာညောင် ဘောလယ်ကို အိမ်ရှေ့မင်း နားဆင်ရတဲ့အခါ လှိုင်ထိပ်ခေါင်တင်ရှိရာ အဆောင်တော်ကို တစ်ဖန်ပြန်လည် ကြွလာတယ်တဲ့။ ခုလည်း ရီ ဆိုတဲ့ မယ်ခုမျှော် သီချင်းကို နားထောင်ပြီး မမဝေလည်း ရီ့အနားကို အမြန်ပြန်လာနိုင်ရင် ကောင်းမှာပဲလို့ ရီ တွေးမိတယ် သိလား။ သိပ်လွမ်းတာပဲ မမဝေရယ် သိပ်ကို လွမ်းမိတာပဲ။ မမဝေလည်း ရီ့ကို လွမ်းနေမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ရီ့ကို သတိရတိုင်း ရီပို့ပေးတဲ့ ဓာတ်ပြားတွေကိုနားထောင်နေနော်။ ချစ်တယ် မမဝေ။ ကိုယ် စိတ် နှလုံး အစဉ် ရွှင်လန်းကျန်းမာစေဖို့ ဆုတောင်းလျက်...

ချစ်တဲ့
ရီ "

စာအိတ်ထဲသို့ စာခေါက်လေးနှင့်အတူ မမဝေကို လွမ်းသည့် အလွမ်းနှင့် ချစ်ခြင်းမေတ္တာများကိုပါ တစ်ပါတည်းထည့်ကာ ပိတ်လိုက်သည်။ ထို့နောက် ဓာတ်ပြားနှင့်အတူ တွဲ၍ မမဝေကို လိပ်မူကာ စာတိုက်မှ တစ်ဆင့်ပေးပို့လိုက်သည်။

၁၉၅၂ ဒီဇင်ဘာလ ၁၇ ရက်...။ အချိန်များ တစ်ရက်ပြီးတစ်ရက်လွန်မြောက်သွားကာ မေရီ့မွေးနေ့သို့ပင် ရောက်ရှိလာလေသည်။ မေရီ ပေးပို့လိုက်သည့် စာနှင့်ဓာတ်ပြားကို ထိုနေ့တွင် ‌သက်ဝေ လက်ခံရရှိသကဲ့သို့ပင် မေရီလည်း လက်ဆောင်တစ်ခုကို ရရှိခဲ့သည်။ သို့သော် မေရီရရှိသည့် လက်ဆောင်သည် မမဝေထံမှတော့ မဟုတ်ခဲ့ပေ။

" ရှင် ဘာလာလုပ်တာလဲ ကိုရန်နောင် "

မနက်စောစောစီးစီး ကျက်သရေမရှိစွာ အိမ်ရှေ့သို့ရောက်နေသော ရန်နောင့်မျက်နှာကို မေရီ မမြင်ချင်ဘဲ မြင်လိုက်ရသည်။ သို့သော် ရန်နောင်ကတော့ ကောက်ကျစ်သည့်ဟန်ဖြင့် ခပ်ထေ့ထေ့ပင် ပြုံးကာ

" အိုး မွေးနေ့ရှင်ကလည်း သိပ်စွာပါ့လား နေစမ်းပါဦးကွာ ကိုယ်က မင်းကို လက်ဆောင်ပေးချင်လို့လာတာပါ "

" မလိုချင်ဘူး ရှင့်ဆီကဆို ကျွန်မ ဘာမှမလိုချင်ဘူး "

" အဟက် လက်ဆောင်ထဲမှာ မင်းရဲ့မမဝေနဲ့ပက်သတ်တာပါနေတယ်ဆိုရင်ရော မင်း မလိုချင်‌ဘူးလား "

" ဘာ ရှင် ဘာပြောတာလဲ "

" ရော့ မွေးနေ့မှာပျော်ရွှင်ပါစေ မေရီ "

ရန်နောင်ကမ်းပေးသော စက္ကူအိတ်ကို ဆတ်ကနဲဆွဲယူလိုက်သည်။ သည်လူ ဘာတွေကြံစည်နေလဲဆိုတာ ဘယ်သူမှ ဘာမှ မသိနိုင်ပါပေ။ စက္ကူအိတ်ကို ထိပ်ပိုင်းမှ ဖြဲလိုက်တော့ ထွက်လာသည်က ဓာတ်ပုံတွေ..။ တိတိကျကျပြောရလျှင် မမဝေနှင့် အမျိုးသားတစ်ဦး၏ ဓာတ်ပုံတွေ...။

" ဟင် .. ရှင်.. ရှင် ဒါဘယ်ကရလာတာလဲ "

" ဘယ်ကရလာတာလဲထက် သက်ဝေ ဘယ်သူနဲ့ရှိတယ်ဆိုတာက ပိုအရေးကြီးတာမဟုတ်ဘူးလား "

" ရှင့်လို လူယုတ်မာက ကျွန်မတို့ချင်း အဆင်မပြေအောင် နည်းမျိုးစုံလုပ်နိုင်တာပဲလေ ဒီပုံလောက်လေးနဲ့ ကျွန်မနဲ့ မမဝေက လမ်းခွဲရမယ်တဲ့လား ဝေးပါသေး "

" ပုံတွေကို ဆက်ကြည့်ပါဦးလေ။ အဲတာ နှစ်ဖက်မိဘချင်းဆုံကြတယ်လို့ပြောနေတာပဲ။ အဲ့အမျိုးသားရဲ့ ပတ်ဝန်းကျင်ကိုမေးမြန်းကြည့်တာ မကြာခင် စေ့စပ်ကြတော့မယ်တဲ့။ မမြင်ဘူးလား အဲ့လူက မင်းမမကို ပန်းတွေဘာတွေတောင် ပန်ပေးလို့ "

" ရှင် ပြန်တော့ ကျွန်မတို့ကိစ္စ ကျွန်မတို့ဘာသာ ရှင်းမယ်။ တစ်ခုပဲ မှတ်ထား မေရီဆိုတဲ့ မိန်းမက ဒီလောက်နဲ့ သွေးပျက်မသွားဘူး။ မမဝေနှုတ်ကနေ ကိုယ်တိုင် သူ အဲဒီအမျိုးသားကို လက်ထပ်ပါ့မယ် မဆိုသရွေ့တော့ ကျွန်မ ဘာမှဂရုမစိုက်ဘူး ကိုရန်နောင်။ တကူးတက အပင်ပန်းခံပေးတဲ့အတွက်တော့ ကျေးဇူးပါပဲ "

မေရီက ထိုသို့ပြောပြီး ရန်နောင့်ကို အပြင်သို့ထုတ်ကာ တံခါးကို ဝုန်းခနဲပိတ်လိုက်သဖြင့် ရန်နောင် ဒေါသထွက်သွားသည်။ သူ၏ အစီအစဉ်သည် မျှော်လင့်ထားသလို မဖြစ်လာ၍လည်း မကျေနပ်ပေ။ ရန်နောင် အိမ်ရှေ့မှာ ရှိနေစဉ် စာပို့သမားက မေရီ့အိမ်ရှေ့စာတိုက်ပုံးလေးထဲတွင် စာလာထည့်သွားသဖြင့် ရန်နောင် သွားကြည့်လိုက်ရာ သက်ဝေထံမှ စာဖြစ်နေသည်။ ထို့ကြောင့် ထိုစာနှင့်အတူ ပစ္စည်းတစ်ခုအား မေရီ မသိခင်တွင် ယူသွားလိုက်လေသည်။

ရန်နောင့်၏ ယုတ်မာလှသောလုပ်ရပ်များကို မသိရှာသော မေရီတစ်ယောက် သူပြောသမျှကို တွေးမိနေကာ ဧည့်ခန်းထဲတွင် တစ်ယောက်တည်းကြိတ်၍ မျက်ရည်ကျနေရရှာသည်။

" မမဝေ ရီ့ကို မဟုတ်ဘူးလို့ပြောပါ မမဝေကို သူစိမ်းယောင်္ကျားတစ်ယောက်က ပန်းပန်ပေးတယ်ဆိုတဲ့ မြင်ကွင်းနဲ့တင် ‌ရီ့ရင်တွေ ကွဲကြေနေရပါပြီ။ ရီ့မွေးနေ့လေးမှာ မမဝေဆီက စာမရတဲ့အပြင် သည်လို ဓာတ်ပုံတွေ မြင်ရတာ ရီ သိပ်ဝမ်းနည်းတာပဲ မမဝေရယ်။ ကို‌ရန်နောင် ပြောသွားသမျှ ရီ့ကို မဟုတ်ပါဘူးလို့ ပြောလှည့်ပါဦး "

မေရီ့အခြေအနေကို ဘာမျှ မသိရှာသူ သက်ဝေအဖို့မှာတော့ မေရီ့မွေးနေ့အတွက် ရည်ရွယ်၍ ဘုရားပန်း‌၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး အစုံအလင်ပူဇော်ကာ မွေးနေ့ရှင် မေရီလေး ဘေးမသီ ရန်မခစေဖို့ မေတ္တာပို့နေမိသည်။

ထို့နောက် အိမ်အလုပ်ကိစ္စများပြီးစီးသောအခါ မေရီပေးပို့လိုက်သော ဓာတ်ပြားကို နားထောင်၍ မေရီ့စာကိုဖတ်ရသည်။ လှိုင်ထိပ်ခေါင်တင်နှင့် တင်စား၍ လွမ်းပြနေသော ချစ်ရသူ၏စိတ်ကို သိရသည့်အခါ သက်ဝေကိုယ်၌လည်း လွမ်းစိတ်များ တရိပ်ရိပ်တက်လာသဖြင့် အိပ်ရာထက်တွင် ခပ်တိုးတိုး ငိုရှိုက်ရသည်။

" တို့လည်း ရီ့ကို ထပ်တူထပ်မျှ လွမ်းနေပါတယ်ကွယ် "

အမှန်တကယ်တော့ သက်ဝေသည် မေရီ့အားပို့လိုက်သည့်စာထဲတွင် ကိုမြင့်မောင်နှင့်အကြောင်းများကို အလုံးစုံရှင်းပြထားသည်။ ထို့နောက် မေရီ့အတွက် ကိုယ်တိုင် ချုပ်ပေးထားသည့် ရင်ဖုံးထဘီလေးကိုပါ မွေးနေ့လက်ဆောင်အဖြစ် ထည့်ပေးလိုက်လေသည်။ သို့သော်ငြား ကြားလူတစ်ယောက်၏ နှောင့်ယှက်မှုကြောင့် ထိုရှင်းပြချက်နှင့် ထိုလက်ဆောင်ကို မေရီ သိခွင့်၊ လက်ခံခွင့် မရရှိခဲ့ပါချေ...။

မေနိုင်း
၁၁.၁၂.၂၀၂၃

အားလုံးကို အကြာကြီးစောင့်ခိုင်းရတာ အားနာတဲ့အတွက် ဒီတစ်ပိုင်းမှာ အရင်အပိုင်းတွေထက် နည်းနည်းပိစိလေးပိုရှည်‌ပေးထားပါတယ်နော်။ 🤎

- စိန္ျခဴးၾကာေညာင္ လေရာင္င္းေသာ္ -

" သမီးေရ ေမေမတို႔ အသိအိမ္က ဘုရားကိုးဆူဖိတ္ထားတယ္ သြားရေအာင္ေနာ္ "

" ညေနေစာင္းေနၿပီ ေမေမရယ္ ေဝ မလိုက္ခ်င္ဘူး။ ေဝ ဘုရားကန္ေတာ့ရဦးမယ္ "

ဘုရားပန္းမ်ား ေရလဲေနရင္း သက္ေဝ ေမေမ့ကို စကားျပန္လိုက္သည္။ ေမရီႏွင့္ကိစၥကို ေမေမက မရွိခဲ့သလို သေဘာထားေနသျဖင့္ ေမေမႏွင့္ သက္ေဝ၏ ဆက္ဆံေရးမွာ ပုံမွန္လိုပင္ ရွိေနခဲ့သည္။ သက္ေဝကေတာ့ ေမရီမရွိသည့္ ေန႔ရက္မ်ားတြင္ ဘုရားတရားကိစၥမ်ားကို ပိုမိုအားစိုက္၍ ေမရီ႕ဘဝ ၾကည္လင္ပါေစေၾကာင္း အၿမဲေမတၱာပို႔သည္။ သိပ္လြမ္းလာလွ်င္ ဓာတ္ျပားဖြင့္၍ ေမရီ႕အသံခ်ိဳခ်ိဳကို နားေထာင္ကာ ေမရီ ပို႔ေသာ စာမ်ားကို အထပ္ထပ္ျပန္ဖတ္ျခင္းျဖင့္ အလြမ္းေျဖရသည္။

" ဘုရားကိုးဆူကလည္း ကုသိုလ္‌တစ္မ်ိဳးပါပဲ သမီးရယ္ လိုက္ခဲ့စမ္းပါ "

" ဟုတ္ၿပီ ေမေမ အဲတာဆို ေဝ ဘုရားပန္းကပ္လိုက္ဦးမယ္။ ၿပီးမွ အဝတ္အစားလဲၿပီး ဆင္းခဲ့မယ္ "

" ေအးေအး ဟုတ္ၿပီ "

ဘာမွသိပ္မျပင္ဆင္ထားဘဲ ရင္ဖုံးထဘီဝမ္းဆတ္ႏွင့္ သနပ္ခါးပါးပါးလိမ္းထား႐ုံျဖင့္ပင္ သက္ေဝ၏အလွက တစိမ့္စိမ့္ၾကည့္ခ်င္စရာေကာင္းလွသည္။ ထူးျခားစြဲမက္စရာအလွမ်ိဳးမဟုတ္ေသာ္လည္း ၾကည့္ေလ ၾကည့္ေလ ရင္ေအးေစေသာ လွပျခင္းမ်ိဳးကို ပိုင္ဆိုင္ထားသျဖင့္ လမ္းမွာေတြ႕သည့္ ပုရိသမ်ား လည္ျပန္ပင္လွည့္ၾကည့္ရေလသည္။

သက္ေဝတို႔စီးလာသည့္ ျမင္းလွည္းက ၿခံဝင္းတစ္ခုေရွ႕တြင္ရပ္လိုက္သည္။ က်ယ္ဝန္းလွေသာ ၿခံထဲမွ ႏွစ္ထပ္တိုက္အိမ္ႀကီးကေတာ့ ထိုမိသားစု၏ ႂကြယ္ဝမႈကို အထင္းသားေဖာ္ျပေနသည္။ ေမေမတို႔က ဘုရားကိုးဆူရွိသျဖင့္လာသည္ဟုေျပာေသာ္လည္း ထိုအိမ္ထဲတြင္ေတာ့ လူမ်ားရွိေနဟန္မတူပါ။ ၿခံဝင္းတံခါးကို အလုပ္သမားတစ္ဦးမွဖြင့္ေပး၍ သက္ေဝတို႔ကို တိုက္ႀကီးထဲသို႔ေခၚသြားသည္။

" ဆရာ ဧည့္သည္ေတြေရာက္ပါၿပီ "

ထိုအလုပ္သမားက ေခၚလိုက္ေသာအခါ ပုဆိုးႏွင့္တိုက္ပုံအျဖဴဝတ္ထားေသာ အမ်ိဳးသားႀကီးတစ္ဦးႏွင့္ သက္ေဝႏွင့္ မတိမ္းမယိမ္း လူ႐ြယ္တစ္ေယာက္ ပါလာေလသည္။

" ဪ ကိုဘရင္တို႔ ေရာက္လာၾကၿပီကိုး ဝင္ပါဗ်ာ ဝင္ပါ "

ဧည့္ခန္းသို႔ ထိုမိသားစုက ဦးေဆာင္၍ေခၚသြားသည့္တိုင္ သက္ေဝမွာ အေျခအေနကိုမရိပ္စားမိေသး။ မိခင္ျဖစ္သူကို လွမ္းၾကည့္၍ ေမးရန္ျပင္ေသာ္လည္း အေမက သက္ေဝကို မ်က္ကြယ္ျပဳထားေလသည္။

" ေနေကာင္းရဲ႕လား ကိုလွေဖ က်ဳပ္တို႔လည္း လာမယ္ လာမယ္နဲ႔ ခုမွပဲလာျဖစ္ေတာ့တယ္ဗ်ာ "

ကိုလွေဖ...။ သည္နာမည္ကို သက္ေဝ တစ္ေနရာတြင္ၾကားဖူးေနသည္။ သို႔ေသာ္ ႐ုတ္တရက္မို႔ ဦးေႏွာက္က မစဥ္းစားမိ။

" သမီးေလးက အေခ်ာေလးပဲဗ်။ က်ဳပ္ေတာ့ ခုကတည္းက ေခြၽးမေတာ္လိုက္ခ်င္ၿပီ ကိုဘရင္ရယ္ "

ဘုရား ဘုရား...။ ဒါဟာ သက္ေဝႏွင့္ ေစ့စပ္ေၾကာင္းလမ္းေပးမည္ဟု တစ္ခါက ေျပာဖူးေသာ ဝတ္လုံေတာ္ရ ကိုျမင့္ေမာင္ဆိုသူရဲ႕အိမ္ပါ့လား။ ေမေမတို႔သည္ သက္ေဝအေပၚ တစ္ဖက္လွည့္အႀကံျဖင့္ လုပ္ရက္ၾကသည္။ ထိုင္ၿပီးခါမွေတာ့ ခ်က္ခ်င္းထျပန္၍ မေကာင္းသျဖင့္ သက္ေဝ သည္းခံ၍ေနလိုက္ရသည္။

" ေမာင္ျမင့္ေမာင္ကလည္း လူေခ်ာပါပဲ ကိုလွေဖရယ္ အက်င့္စာရိတၱလည္း ဘာဆိုဘာမွ ေျပာစရာမရွိဘူး။ ကြၽန္မတို႔ဘက္က စိတ္ခ်ပါတယ္ "

" ဒါျဖင့္ ဟန္က်တာေပါ့ဗ်ာ သားကိုယ္၌ကလည္း သမီးသက္ေဝကို ေမတၱာရွိေနတာ "

" ဟာဗ်ာ ေဖေဖကလည္း "

ကိုျမင့္ေမာင္ဆိုသည့္ လူ႐ြယ္က ရွက္သြားဟန္ျဖင့္ စကားကိုဟန႔္သည္။ ထိုလူသည္ မည္မွ်ပင္ အက်င့္ေကာင္းသည္ျဖစ္ေစ၊ ဥပဓိ႐ုပ္ေကာင္းသည္ျဖစ္ေစ သက္ေဝအဖို႔ေတာ့ ေမရီေနရာတြင္ အစားမထိုးႏိုင္ပါေပ။

" ေအာင္မာဗ်ာ မင္းကပဲ ရွက္ရေသး "

" ထမင္းပြဲျပင္ၿပီးပါၿပီ ဆရာ "

အလုပ္သမား အမ်ိဳးသမီးတစ္ဦးက လာေျပာသျဖင့္ သက္ေဝတို႔အားလုံး ထမင္းစားရန္ျပင္ရသည္။ တကယ္‌ဆိုလွ်င္ သက္ေဝ စားခ်င္စိတ္ နည္းနည္းေလးမွ်ပင္မရွိပါ။ ထို႔ေၾကာင့္ ထမင္းကို တို႔ကနန္း ဆိတ္ကနန္းျဖင့္ စားေနမိသည္။ ဤသည္ကို သတိထားမိေသာ ကိုျမင့္ေမာင္က

" မသက္ေဝ ဟင္းေတြအဆင္မေျပလို႔လားဗ် "

" ရွင္ မဟုတ္ပါဘူး ကြၽန္မ ဗိုက္သိပ္မဆာလို႔ပါ "

" ဒါေလးစားၾကည့္ပါ့လားဗ် ေဒၚလုံးက ဆိတ္ကလီစာခ်က္တဲ့ေနရာမွာေတာ့ ရွယ္ဘဲ "

ထိုလူက ေစတနာဗရပြျဖင့္ ခပ္ထည့္ေပးေသာ္လည္း ထိုေစတနာသည္ နည္းနည္းမွ် အသုံးမဝင္ပဲ အပိုသာျဖစ္ရသည္။

" ကြၽန္မ ဆိတ္သားမစားဘူး ကိုျမင့္ေမာင္ "

" ဟာ ဟုတ္လား ေတာင္းပန္ပါတယ္ဗ်ာ ကြၽန္ေတာ္မသိလိုက္လို႔ ထမင္းပန္းကန္ အသစ္လဲေပးမယ္ေလ "

" ရပါတယ္ ကိစၥမရွိပါဘူး ကြၽန္မ ေတာ္ပါၿပီ "

" ကိုလွေဖေရ က်ဳပ္သားကေတာ့ ခုကတည္းက ခင္ဗ်ားသမီးကို ေၾကာက္ေနရၿပီ။ ျပာျပာသလဲျဖစ္ေနတာၾကည့္ဦး "

သက္ေဝမွာ ရွိသမွ်ေသာ ေဒါသတို႔ကို ေဘးနားတြင္ရွိသည့္ ေရျဖင့္ ေမွ်ာခ်လိုက္ရသည္။ ထိုထမင္းစားဝိုင္းကေန ထြက္ေျပးၿပီး ေမရီ႕ရင္ခြင္ထဲသို႔ ေျပးဝင္ခ်င္သည့္ စိတ္မ်ားလည္း လႈိက္ခနဲတက္လာသည္။

" တို႔ကို လာေခၚထုတ္သြားပါ့လား ရီယ္ "

ထမင္းစားၿပီးေသာအခါ ေဖေဖတို႔က အာလာပသလႅာပ ေျပာေနၾကေသးသည္။ သက္ေဝ သိပ္ကိုစိတ္က်ဥ္းၾကပ္ေနသျဖင့္ ၿခံထဲသို႔ထြက္ခြင့္ေတာင္းလိုက္သည္။

" သားေရ သမီးေလးကို ၿခံထဲလိုက္ပို႔ေပးလိုက္ပါဦး သူ႔ခမ်ာ ပ်င္းရွာေရာ့မယ္ "

တစ္ေယာက္ထဲ ေအးေအးေဆးေဆးေနခ်င္၍ ၿခံထဲဆင္းမွ ပို၍ဆိုးေနသည္လား မေျပာတတ္ေပ။

" မသက္ေဝ အဆင္ေျပရဲ႕လား "

" ကြၽန္မ အမွန္အတိုင္းေျပာရမလား ကိုျမင့္ေမာင္ "

" မသက္ေဝဆီက အမွန္တရားကို ကြၽန္ေတာ္မၾကားရဲတာေတာ့ အမွန္ပဲဗ် "

" ဒါျဖင့္ ဘာလို႔ေမးေနေသးလဲ "

" အင္း အားနာနာနဲ႔မ်ား မုသားဆိုမလားလို႔ပါ "

" ကြၽန္မ ဟန္ေဆာင္ရတာမႀကိဳက္ဘူးရွင့္ "

" တကယ္ေတာ့ ေဖေဖေျပာတာ အမွန္ပါ မသက္ေဝ။ မသက္ေဝကို လူခ်င္းမေတြ႕ခင္ ပုံေတြ ႐ုပ္ရွင္ေတြမွာျမင္ရတည္းက ဘုရားစူးရေစ့ ကြၽန္ေတာ္ ေမတၱာသက္ဝင္ခဲ့တာပါ။ အဲတာ ေဖေဖနဲ႔ မသက္ေဝအေဖ ခင္မင္ၾကတာ သိေတာ့ ေဖေဖ့ကို အပူကပ္ၿပီး ေတာင္းဆိုထားတာ။ မသက္ေဝ မျငင္းခင္ ကြၽန္ေတာ့္ရဲ႕စိတ္ကို အမွန္အတိုင္းသိေစခ်င္တာပါဗ်ာ "

လမ္းေလွ်ာက္ရင္း ကိုျမင့္ေမာင္ေျပာသမွ် နားေထာင္ေနရာက စံပယ္ပန္း႐ုံေရွ႕တြင္ သက္ေဝ ရပ္လိုက္သည္။ စံပယ္ပန္း၏ လန္းဆန္းေမႊးပ်ံ႕ေသာရနံ႔က ညစ္ညဴးေနေသာစိတ္ကို အနည္းငယ္ၾကည္လင္ေစသည္။

" ကြၽန္မ ျငင္းမယ္ဆိုတာ ရွင္သိထားတယ္မလား "

" ကြၽန္ေတာ္က ဝတ္လုံတစ္ေယာက္ပါ မသက္ေဝ အေျခအေနကို အကဲခတ္တတ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ကို ျငင္းမယ္ဆိုရင္ေတာင္ ဒီပန္းေလးကိုေတာ့ မသက္ေဝ မျငင္းဘူးလို႔ ေမွ်ာ္လင့္ပါတယ္ "

ကိုျမင့္ေမာင္၏ ႐ုတ္တရက္ဆန္ေသာ အျပဳအမူကို သက္ေဝ တားခ်ိန္မရလိုက္ပါ။ ကိုျမင့္ေမာင္သည္ စံပယ္သုံးပြင့္ပါသည့္ တစ္ခက္ကိုခ်ိဳး၍ သက္ေဝဆံထုံး၌ ထိုးစိုက္လိုက္ျခင္းပင္။

" အို ရွင္ဒါဘာလုပ္တာလဲ "

" ေတာင္းပန္ပါတယ္ မသက္ေဝ မပိုင္ဆိုင္ရရင္ေတာင္ သည္ပန္းကေလးေတာ့ မသက္ေဝကို ပန္ေပးခ်င္စိတ္ေလးရွိေနလို႔ပါ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ "

" ကြၽန္မ သိပ္စိတ္ဆိုးတယ္ ကိုျမင့္ေမာင္ ကြၽန္မရဲ႕အခြင့္မရွိဘဲ သူကလြဲၿပီး ဘယ္သူမွ ကြၽန္မကို ပန္းပန္ေပးခြင့္မရွိဘူး "

" ဪ ..သူ ရွိေနတာလား "

သက္ေဝ၏ ခပ္ဆတ္ဆတ္တုန႔္ျပန္စကားေၾကာင့္ ကိုျမင့္ေမာင္ မ်က္ႏွာပ်က္သြားသည္။

" ရွိတယ္ ကြၽန္မမွာ ခ်စ္ရတဲ့လူရွိတယ္ ကိုျမင့္ေမာင္ သည္ကိုလိုက္လာခဲ့တာ ေမေမတို႔က ဘုရားကိုးဆူလို႔ ေျပာၿပီးေခၚလို႔လိုက္ခဲ့တာ မဟုတ္ရင္ ကြၽန္မ ရွင့္အိမ္ထဲေရာက္လာစရာအေၾကာင္းေတာင္မရွိဘူး။ ခုနက အကုန္သည္းခံေနခဲ့တာလည္း ေဖေဖတို႔ မ်က္ႏွာပ်က္ရမွာစိုးလို႔ပဲ။ ကြၽန္မကို နားလည္ေပးပါ ကိုျမင့္ေမာင္ "

" အင္းပါေလ ရွိပါေစေတာ့ ကြၽန္ေတာ္ ေနာက္က်ခဲ့တယ္လို႔ပဲ မွတ္ရမွာပဲ အားလုံးအတြက္ ေတာင္းပန္ပါတယ္ မသက္ေဝ "

ၿခံဝန္း၏အျပင္ဘက္တြင္ သက္ေဝတို႔ လႈပ္ရွားမႈမ်ားကို မွတ္တမ္းတင္ေနသည့္ လူတစ္ေယာက္ရွိသည္ဆိုတာကို ႏွစ္ေယာက္လုံးသတိမထားမိခဲ့ပါေခ်...။

" ရီ ကိုယ္တို႔ အျပင္သြားရေအာင္ကြာ "

" ရီ မအားဘူး ေဒစီရယ္ ဒီကေန႔ ဓာတ္ျပားသြင္းဖို႔ရွိေသးတယ္ "

" ဟုတ္လား ဘာသီခ်င္းလဲဟင္ ေဒစီေရာ နားေထာင္ခ်င္တယ္ "

" ဒါက အသံလႊင့္ဖို႔အတြက္မဟုတ္ပါဘူးကြာ ရီ႕ခ်စ္သူအတြက္ ပို႔ေပးဖို႔ပါ။ သူ ရီ႕ကိုလြမ္းရင္ နားေထာင္လို႔ရေအာင္ေလ "

" ၾကည့္စမ္း ရီရီ သူသိပ္ကဲတာပဲ တို႔ကိုကိုေတာ့ သနားစရာ သူ႔ခမ်ာ ရီ႕ကို ေမတၱာရွိေနရွာတာေလ "

ေမရီ ဘာမွမေျပာဘဲ ႏႈတ္ဆိတ္၍သာေနလိုက္သည္။ ေမရီႏွင့္ မမေဝ၏ ခ်စ္ျခင္းအေပၚ ေဒစီက အံ့ဩတႀကီးေမးျမန္းစပ္စုျခင္းလည္းမရွိဘဲ အလြယ္တကူ လက္ခံေပးထားသည္။ ကိုရန္ေနာင္ကေတာ့ ေတြ႕တိုင္း ေမရီ႕ကို ရိသဲ့သဲ့လုပ္ၿမဲ။ ေဒစီအတူရွိေနသျဖင့္ အၿမဲလိုလို သည္းညည္းခံေနရသျဖင့္ ပို၍ ေရာင့္တက္လာသည္ဟုလည္း ထင္မိေလသည္။

" ေဒစီ သီခ်င္း နားေထာင္ခ်င္တယ္ဆို ရီနဲ႔အတူတူ လိုက္ခဲ့ေလ "

" ဟုတ္ၿပီ လိုက္ခဲ့မယ္ "

ဓာတ္ျပားအသံသြင္းသည့္ေနရာသို႔ ေရာက္ေသာအခါ ေမရီက ပိုင္ရွင္ဦးေလးကို ႏႈတ္ဆက္လိုက္သည္။

" ဦး ေမရီ ေရာက္ၿပီေနာ္ "

" လာ လာ ညည္းကိုေစာင့္ေနတာ ဘာလဲ ဒီေန႔က ခ်စ္သူအတြက္လား "

ေမရီက မမေဝဆီစာပို႔တိုင္း မမေဝအတြက္ သီးသန႔္ ဓာတ္ျပားတစ္ခ်ပ္ထည့္ေပးေနက်ျဖစ္သျဖင့္ အသံသြင္း႐ုံက ဦးေလးက သိေနၿပီျဖစ္သည္။ ဦးေလးသည္ ေမရီ႕ခ်စ္သူဟာ မိန္းကေလးမွန္းေတာ့ မသိေသာ္လည္း ဤဓာတ္ျပားမ်ားသည့္ ခ်စ္သူကိုရည္စူးသည္ဆိုတာကိုေတာ့ သိေလသည္။

" သည္တစ္ခါ ဘာသီခ်င္းမ်ားပါလိမ့္ "

" တကၠသိုလ္စိုးေရးၿပီး မရွင္ဆိုတဲ့ မယ္ခုေမွ်ာ္ပါ ဦး "

" ေအာင္မယ္‌ဗ်ာ သီခ်င္းနဲ႔ေတာင္ တကူးတက ဘာေတြမ်ား လွမ္းလြမ္းဦးမွာလဲ မသိ "

ဦးေလးစကား၌ ေမရီက ၿပဳံး၍သာ ေနလိုက္သည္။ ေမရီဆီကို ေရာက္လာမည့္ မမေဝအား ေမွ်ာ္ေနရမည့္အျဖစ္ကို သည္သီခ်င္းႏွင့္ ေဖာ္ျပခ်င္သည္။

" ေမရီ မမေဝကို သိပ္လြမ္းတာပဲ "

" (မွန္ေ႐ႊျပဴ ျပတင္းယ္ေနာ္ရာ္ကာမ္းလို႔သာေတြးေမွ်ာ္
အ႐ုဏ္ေဆာ္ၾကဴးလို႔လင္းေသာ္ ပ်ိဳေမေစာင့္လို႔သာေနာ္)၂
(သန္းေခါင္ယံည္းကေနာ္ပၚလာယ္ေစာင့္လို႔ေမွ်ာ္
တြန္ခ်ိန္န္ေရာက္လို႔ ပ်ိဳဆြမ္းခ်က္ခ်ိန္ေရာက္ခဲ့ေသာ္
ၾကက္တြန္ၾကဴးေက်ာ္)၂
(စိန္ျခဴးၾကာေညာင္ လေရာင္င္းေသာ္
မွန္ေ႐ႊျပဴ ျပတင္းကေနာ္န္းေခါင္ဦးယ္ခုေမွ်ာ္)၂
သုံးခ်က္ည္ေတာ္ည္ေတာ္
႐ိုက္ေဆာ္ညႇင္းေသာ္င္းေအာင္ယ္ခုေမွ်ာ္

(စိမ္းကားလြန္းပါေသာ္ ဖိုးေ႐ႊလကို ေျပာလိုက္ပါသေနာ္
ခ်စ္မိတဲ့သူအေပၚယ္ဆီမွာေပ်ာ္)၂
ခၚေပးပါလားလို႔ေနာ္တြ႕ရမွ႐ႊင္ေပ်ာ္ စိတ္က္သာမေနာ္
(စိန္ျခဴးၾကာေညာင္ လေရာင္င္းေသာ္
မွန္ေ႐ႊျပဴ ျပတင္းကေနာ္န္းေခါင္ဦးယ္ခုေမွ်ာ္)၂
သုံးခ်က္ည္ေတာ္ည္ေတာ္
႐ိုက္ေဆာ္ညႇင္းေသာ္င္းေအာင္ယ္ခုေမွ်ာ္

ပ်ိဳေခ်စ္တဲ့ဝ့႐ူပါရးေရးသာ အၿမဲေနာ္
စ္ကာသာဝဲလို႔ေပၚ ခ်စ္တာသာပဲ ပဓာနလို႔ထင္ေသာ္
ယ္ဘဝမို႔ ၾကင္ယ္ေနာ္
(လြမ္းလွပါေပါ့ေနာ္မ္းတရည္လို႔ေမွ်ာ္
တြးလို႔သာမ္းေရာ္၂ သနားလွင့္ေပါ့ေနာ္)၂
(စိန္ျခဴးၾကာေညာင္ လေရာင္င္းေသာ္
မွန္ေ႐ႊျပဴ ျပတင္းကေနာ္န္းေခါင္ဦးယ္ခုေမွ်ာ္)၂
သုံးခ်က္ည္ေတာ္ည္ေတာ္
႐ိုက္ေဆာ္ညႇင္းေသာ္င္းေအာင္ယ္ခုေမွ်ာ္ "

ဓာတ္ျပားသြင္းၿပီးေသာအခါ ဦးေလးက ေမရီ တမင္လုပ္လိုက္ေသာ အမွားတစ္ခုအားေထာက္ျပေလသည္။

" ဟ ေမရီ ညည္းသီခ်င္းက ပ်ိဳေမခ်စ္တဲ့ ေမာင့္႐ူပါ ေရးေရးသာ အၿမဲေနာ္ ျဖစ္ရမွာေလ ဘယ့္ႏွယ့္ ေဝ့႐ူပါတုန္း "

ၿပဳံးခ်င္သည့္စိတ္ကို မနည္းခ်ိဳးႏွိမ္ကာ ေမရီ မ်က္ႏွာေသေလးျဖင့္

" အို ရီမွားသြားတာပဲ ဒါေပမယ့္ ရပါတယ္ ဦးရယ္ နားေထာင္တဲ့သူကတစ္ေယာက္ပဲရွိမွာဆိုေတာ့ သူက ‌ေမတၱာစိတ္နဲ႔နားလည္ေပးမွာပါ "

တမင္တကာ ထိုေနရာတြင္ မမေဝ၏ အမည္ကို ထည့္သြင္းသီဆိုလိုက္သည့္အေၾကာင္းကိုေတာ့ ေမရီ မေျပာျဖစ္ေတာ့ေပ။ ဓာတ္ျပားကို နားေထာင္သည့္အခါ မမေဝတစ္ေယာက္ ေမရီ႕အမွားေလးကို ‌သတိထားမိပါေစဟုသာ ဆုေတာင္းေနမိသည္။

" ‌ဟိတ္ ရီ မင္း ဒါ တမင္တကာ မွားဆိုလိုက္တာမလား "

အေၾကာင္းသိသည့္ေဒစီက မ်က္ႏွာပိုးမသတ္‌ႏိုင္ဘဲ ၿပဳံးစိစိျဖစ္ေနသည္။

" ဒါေပါ့ တို႔ မွားစရာလား ေမရီဆိုတာ သီခ်င္းစာသားကို ထမင္းစားေရေသာက္ က်က္လာခဲ့တဲ့သူပါကြာ ဘယ္မွားလိမ့္မလဲ တမင္ဆိုတာေပါ့ "

" ဟိုဦးေလးေတာ့ မင္းအိုက္တင္မွာ အညာမိသြားၿပီ "

ႏွစ္ေယာက္သား အသံမထြက္ေအာင္ ႀကိတ္၍ရယ္ကာ အိမ္သို႔ျပန္လာၾကသည္။ ေဒစီကေတာ့ လမ္းတြင္ဆင္း၍ ေနခဲ့ၿပီး ေမရီကေတာ့ ဓာတ္ျပားႏွင့္အတူ မမေဝထံသို႔ေပးပို႔ရန္ စာတစ္ေစာင္ ေရးရသည္။

" Rangoon
14.12.1952

ျမတ္ႏိုးတဲ့မေ

နာက္သုံးရက္ေနရင္ရီ႕ေမြးေန႔ေရာက္ေတာ့ယ္ေနာ္မေဝကို ရီ႕အနားရွိေခ်င္လိုက္တာ။ မမေဝကို ေတြ႕ခ်င္လြန္းလို႔မွ်ာ္တာည္း လႈိင္ထိပ္ေခါင္င္က သူ႔ရဲ႕ေမာင္ေတာ္ ကေနာင္င္းသားကို ေစာင့္ေမွ်ာ္ရသလိုျစ္ေပါၿပီလႈိင္ထိပ္ေခါင္င္က ကေနာင္င္းသားကိုေမွ်ာ္င္း " စိန္ျခဴးၾကာေညာင္လေရာင္င္းပါလို႔မွန္ေ႐ႊျပဴ ျပတင္းယ္က မယ္ခုေမွ်ာ္၊ သုံးခ်က္ည္ေတာ္ ႐ိုက္ေဆာ္ညႇင္းယ္ေလး၊ လင္းျန္လုေနာ္။ " ဆိုတဲ့ဘာယ္ကို ေရးခဲ့သတဲ့အစအဆုံးကို မမေသိမွာပါေလ။ အဲည္ စိန္ျခဴးၾကာေညာင္ဘာယ္ကို အိမ္ေရွ႕မင္း နားဆင္တဲ့အခါ လႈိင္ထိပ္ေခါင္င္ရွိရာ အေဆာင္ေတာ္ကို တစ္န္ျန္ည္ကြလာယ္တဲ့ခုည္း ရီ ဆိုတဲ့ယ္ခုေမွ်ာ္ သီခ်င္းကို နားေထာင္ၿပီးမေဝလည္း ရီ႕အနားကို အျန္ျန္လာႏိုင္င္ကာင္းမွာပဲလို႔ ရီတြးမိယ္ သိလားသိပ္လြမ္းတာပဲမေဝရယ္ သိပ္ကို လြမ္းမိတာပဲ။ မမေဝလည္း ရီ႕ကို လြမ္းေနမယ္လို႔င္ပါယ္ဒါေၾကာင့္ ရီ႕ကို သတိရတိုင္း ရီပို႔ေပးတဲ့ ဓာတ္ျပားေတြကိုနားေထာင္ေနေနာ္ခ်စ္ယ္မေဝ။ ကိုယ္ စိတ္ ႏွလုံး အစဥ္ ႐ႊင္န္းက်န္းမာေဖို႔ ဆုေတာင္းလ်က္...

ခ်စ္တဲ့
ရီ "

စာအိတ္ထဲသို႔ စာေခါက္ေလးႏွင့္အတူ မမေဝကို လြမ္းသည့္ အလြမ္းႏွင့္ ခ်စ္ျခင္းေမတၱာမ်ားကိုပါ တစ္ပါတည္းထည့္ကာ ပိတ္လိုက္သည္။ ထို႔ေနာက္ ဓာတ္ျပားႏွင့္အတူ တြဲ၍ မမေဝကို လိပ္မူကာ စာတိုက္မွ တစ္ဆင့္ေပးပို႔လိုက္သည္။

၁၉၅၂ ဒီဇင္ဘာလ ၁၇ ရက္...။ အခ်ိန္မ်ား တစ္ရက္ၿပီးတစ္ရက္လြန္ေျမာက္သြားကာ ေမရီ႕ေမြးေန႔သို႔ပင္ ေရာက္ရွိလာေလသည္။ ေမရီ ေပးပို႔လိုက္သည့္ စာႏွင့္ဓာတ္ျပားကို ထိုေန႔တြင္ ‌သက္ေဝ လက္ခံရရွိသကဲ့သို႔ပင္ ေမရီလည္း လက္ေဆာင္တစ္ခုကို ရရွိခဲ့သည္။ သို႔ေသာ္ ေမရီရရွိသည့္ လက္ေဆာင္သည္ မမေဝထံမွေတာ့ မဟုတ္ခဲ့ေပ။

" ရွင္ ဘာလာလုပ္တာလဲ ကိုရန္ေနာင္ "

မနက္ေစာေစာစီးစီး က်က္သေရမရွိစြာ အိမ္ေရွ႕သို႔ေရာက္ေနေသာ ရန္ေနာင့္မ်က္ႏွာကို ေမရီ မျမင္ခ်င္ဘဲ ျမင္လိုက္ရသည္။ သို႔ေသာ္ ရန္ေနာင္ကေတာ့ ေကာက္က်စ္သည့္ဟန္ျဖင့္ ခပ္ေထ့ေထ့ပင္ ၿပဳံးကာ

" အိုး ေမြးေန႔ရွင္ကလည္း သိပ္စြာပါ့လား ေနစမ္းပါဦးကြာ ကိုယ္က မင္းကို လက္ေဆာင္ေပးခ်င္လို႔လာတာပါ "

" မလိုခ်င္ဘူး ရွင့္ဆီကဆို ကြၽန္မ ဘာမွမလိုခ်င္ဘူး "

" အဟက္ လက္ေဆာင္ထဲမွာ မင္းရဲ႕မမေဝနဲ႔ပက္သတ္တာပါေနတယ္ဆိုရင္ေရာ မင္း မလိုခ်င္‌ဘူးလား "

" ဘာ ရွင္ ဘာေျပာတာလဲ "

" ေရာ့ ေမြးေန႔မွာေပ်ာ္႐ႊင္ပါေစ ေမရီ "

ရန္ေနာင္ကမ္းေပးေသာ စကၠဴအိတ္ကို ဆတ္ကနဲဆြဲယူလိုက္သည္။ သည္လူ ဘာေတြႀကံစည္ေနလဲဆိုတာ ဘယ္သူမွ ဘာမွ မသိႏိုင္ပါေပ။ စကၠဴအိတ္ကို ထိပ္ပိုင္းမွ ၿဖဲလိုက္ေတာ့ ထြက္လာသည္က ဓာတ္ပုံေတြ..။ တိတိက်က်ေျပာရလွ်င္ မမေဝႏွင့္ အမ်ိဳးသားတစ္ဦး၏ ဓာတ္ပုံေတြ...။

" ဟင္ .. ရွင္.. ရွင္ ဒါဘယ္ကရလာတာလဲ "

" ဘယ္ကရလာတာလဲထက္ သက္ေဝ ဘယ္သူနဲ႔ရွိတယ္ဆိုတာက ပိုအေရးႀကီးတာမဟုတ္ဘူးလား "

" ရွင့္လို လူယုတ္မာက ကြၽန္မတို႔ခ်င္း အဆင္မေျပေအာင္ နည္းမ်ိဳးစုံလုပ္ႏိုင္တာပဲေလ ဒီပုံေလာက္ေလးနဲ႔ ကြၽန္မနဲ႔ မမေဝက လမ္းခြဲရမယ္တဲ့လား ေဝးပါေသး "

" ပုံေတြကို ဆက္ၾကည့္ပါဦးေလ။ အဲတာ ႏွစ္ဖက္မိဘခ်င္းဆုံၾကတယ္လို႔ေျပာေနတာပဲ။ အဲ့အမ်ိဳးသားရဲ႕ ပတ္ဝန္းက်င္ကိုေမးျမန္းၾကည့္တာ မၾကာခင္ ေစ့စပ္ၾကေတာ့မယ္တဲ့။ မျမင္ဘူးလား အဲ့လူက မင္းမမကို ပန္းေတြဘာေတြေတာင္ ပန္ေပးလို႔ "

" ရွင္ ျပန္ေတာ့ ကြၽန္မတို႔ကိစၥ ကြၽန္မတို႔ဘာသာ ရွင္းမယ္။ တစ္ခုပဲ မွတ္ထား ေမရီဆိုတဲ့ မိန္းမက ဒီေလာက္နဲ႔ ေသြးပ်က္မသြားဘူး။ မမေဝႏႈတ္ကေန ကိုယ္တိုင္ သူ အဲဒီအမ်ိဳးသားကို လက္ထပ္ပါ့မယ္ မဆိုသေ႐ြ႕ေတာ့ ကြၽန္မ ဘာမွဂ႐ုမစိုက္ဘူး ကိုရန္ေနာင္။ တကူးတက အပင္ပန္းခံေပးတဲ့အတြက္ေတာ့ ေက်းဇူးပါပဲ "

ေမရီက ထိုသို႔ေျပာၿပီး ရန္ေနာင့္ကို အျပင္သို႔ထုတ္ကာ တံခါးကို ဝုန္းခနဲပိတ္လိုက္သျဖင့္ ရန္ေနာင္ ေဒါသထြက္သြားသည္။ သူ၏ အစီအစဥ္သည္ ေမွ်ာ္လင့္ထားသလို မျဖစ္လာ၍လည္း မေက်နပ္ေပ။ ရန္ေနာင္ အိမ္ေရွ႕မွာ ရွိေနစဥ္ စာပို႔သမားက ေမရီ႕အိမ္ေရွ႕စာတိုက္ပုံးေလးထဲတြင္ စာလာထည့္သြားသျဖင့္ ရန္ေနာင္ သြားၾကည့္လိုက္ရာ သက္ေဝထံမွ စာျဖစ္ေနသည္။ ထို႔ေၾကာင့္ ထိုစာႏွင့္အတူ ပစၥည္းတစ္ခုအား ေမရီ မသိခင္တြင္ ယူသြားလိုက္ေလသည္။

ရန္ေနာင့္၏ ယုတ္မာလွေသာလုပ္ရပ္မ်ားကို မသိရွာေသာ ေမရီတစ္ေယာက္ သူေျပာသမွ်ကို ေတြးမိေနကာ ဧည့္ခန္းထဲတြင္ တစ္ေယာက္တည္းႀကိတ္၍ မ်က္ရည္က်ေနရရွာသည္။

" မမေဝ ရီ႕ကို မဟုတ္ဘူးလို႔ေျပာပါ မမေဝကို သူစိမ္းေယာက်ၤားတစ္ေယာက္က ပန္းပန္ေပးတယ္ဆိုတဲ့ ျမင္ကြင္းနဲ႔တင္ ‌ရီ႕ရင္ေတြ ကြဲေၾကေနရပါၿပီ။ ရီ႕ေမြးေန႔ေလးမွာ မမေဝဆီက စာမရတဲ့အျပင္ သည္လို ဓာတ္ပုံေတြ ျမင္ရတာ ရီ သိပ္ဝမ္းနည္းတာပဲ မမေဝရယ္။ ကို‌ရန္ေနာင္ ေျပာသြားသမွ် ရီ႕ကို မဟုတ္ပါဘူးလို႔ ေျပာလွည့္ပါဦး "

ေမရီ႕အေျခအေနကို ဘာမွ် မသိရွာသူ သက္ေဝအဖို႔မွာေတာ့ ေမရီ႕ေမြးေန႔အတြက္ ရည္႐ြယ္၍ ဘုရားပန္း‌၊ ေရခ်မ္း၊ ဆြမ္း၊ ဆီမီး အစုံအလင္ပူေဇာ္ကာ ေမြးေန႔ရွင္ ေမရီေလး ေဘးမသီ ရန္မခေစဖို႔ ေမတၱာပို႔ေနမိသည္။

ထို႔ေနာက္ အိမ္အလုပ္ကိစၥမ်ားၿပီးစီးေသာအခါ ေမရီေပးပို႔လိုက္ေသာ ဓာတ္ျပားကို နားေထာင္၍ ေမရီ႕စာကိုဖတ္ရသည္။ လႈိင္ထိပ္ေခါင္တင္ႏွင့္ တင္စား၍ လြမ္းျပေနေသာ ခ်စ္ရသူ၏စိတ္ကို သိရသည့္အခါ သက္ေဝကိုယ္၌လည္း လြမ္းစိတ္မ်ား တရိပ္ရိပ္တက္လာသျဖင့္ အိပ္ရာထက္တြင္ ခပ္တိုးတိုး ငိုရႈိက္ရသည္။

" တို႔လည္း ရီ႕ကို ထပ္တူထပ္မွ် လြမ္းေနပါတယ္ကြယ္ "

အမွန္တကယ္ေတာ့ သက္ေဝသည္ ေမရီ႕အားပို႔လိုက္သည့္စာထဲတြင္ ကိုျမင့္ေမာင္ႏွင့္အေၾကာင္းမ်ားကို အလုံးစုံရွင္းျပထားသည္။ ထို႔ေနာက္ ေမရီ႕အတြက္ ကိုယ္တိုင္ ခ်ဳပ္ေပးထားသည့္ ရင္ဖုံးထဘီေလးကိုပါ ေမြးေန႔လက္ေဆာင္အျဖစ္ ထည့္ေပးလိုက္ေလသည္။ သို႔ေသာ္ျငား ၾကားလူတစ္ေယာက္၏ ေႏွာင့္ယွက္မႈေၾကာင့္ ထိုရွင္းျပခ်က္ႏွင့္ ထိုလက္ေဆာင္ကို ေမရီ သိခြင့္၊ လက္ခံခြင့္ မရရွိခဲ့ပါေခ်...။

ေမႏိုင္း
၁၁.၁၂.၂၀၂၃

အားလုံးကို အၾကာႀကီးေစာင့္ခိုင္းရတာ အားနာတဲ့အတြက္ ဒီတစ္ပိုင္းမွာ အရင္အပိုင္းေတြထက္ နည္းနည္းပိစိေလးပိုရွည္‌ေပးထားပါတယ္ေနာ္။ 🤎

Continue Reading

You'll Also Like

2.4M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
207K 31.4K 80
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
188K 18.9K 73
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)