မြေပြန့်သူလေး ( Complete )

By swemetshinn

302K 7.4K 413

တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့် More

Introduction
အပိုင်း ( ၁ )
အပိုင်း ( ၂ )
အပိုင်း ( ၃ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
အပိုင်း ( ၁၀ )
အပိုင်း ( ၁၁ )
အပိုင်း ( ၁၂ )
အပိုင်း ( ၁၃ )
အပိုင်း ( ၁၄ )
အပိုင်း ( ၁၅ )
အပိုင်း ( ၁၆ )
အပိုင်း ( ၁၇ )
အပိုင်း ( ၁၈ )
အပိုင်း ( ၁၉ )
အပိုင်း ( ၂၀ )
အပိုင်း ( ၂၁ )
အပိုင်း ( ၂၂ )
အပိုင်း ( ၂၃ )
အပိုင်း ( ၂၄ )
အပိုင်း ( ၂၅ )
ညှို့မျက်ဝန်းမေ
အပိုင်း ( ၂၆ )
အပိုင်း ( ၂၇ )
အပိုင်း ( ၂၈ )
အပိုင်း ( ၂၉ )
အပိုင်း ( ၃၀ )
အပိုင်း ( ၃၁ )
အပိုင်း ( ၃၂ )
အပိုင်း ( ၃၃ )
အပိုင်း ( ၃၄ )
အပိုင်း ( ၃၅ )
အပိုင်း ( ၃၆ )
အပိုင်း ( ၃၇ )
အပိုင်း ( ၃၈ )
အပိုင်း ( ၃၉ )
အပိုင်း ( ၄၀ )
အပိုင်း ( ၄၁ )
အပိုင်း ( ၄၂ )
အပိုင်း ( ၄၃ )
အပိုင်း ( ၄၄ )
အပိုင်း ( ၄၅ )
အပိုင်း ( ၄၆ )
အပိုင်း ( ၄၇ )
အပိုင်း ( ၄၉ )
အပိုင်း ( ၅၀ )
အပိုင်း ( ၅၁ )
အပိုင်း ( ၅၂ )
အပိုင်း ( ၅၃ )
အပိုင်း ( ၅၄ )
အပိုင်း ( ၅၅ )
အပိုင်း ( ၅၆ )
အပိုင်း ( ၅၇ )
အပိုင်း ( ၅၈ )
🍀Happy New Year🍀
အပိုင်း ( ၅၉ )
အပိုင်း ( ၆၀ )
အပိုင်း ( ၆၁ )
အပိုင်း ( ၆၂ )
အပိုင်း ( ၆၃ )
အပိုင်း ( ၆၄ )
Red Letter Day
အပိုင်း ( ၆၅ ) - ဇာတ်သိမ်းပိုင်း
Special Part - 1
Special Part - 2
Special Part - 3
Special Part - 4
Special Part - 5
Special Part - 6
Special Part - 7

အပိုင်း ( ၄၈ )

3.6K 100 2
By swemetshinn

မြေပြန့်သူလေး
~~~~~~~~~~~
Part - 48
~~~~~~~
ထို့နောက်ကိုကိုက ငွေရောင်လိုက်ကာဘလင်းဘလင်းလေးတွေနဲ့ကာထားတာကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့သြမှင်သက်သွားမိသည်

လိုက်ကာကိုဖွင့်လိုက်တယ်ဆိုရင်ပဲ " Nothing Gonna Change My Love For You " သီချင်းက ပျံ့နှံ့လာပြီး Screen အသေးစားထက်မှာလည်း ကိုကိုနဲ့သူမရဲ့ပုံများက စာလေးတွေနှင့်ပေါ်လာလေသည်

ပထမဆုံးထွက်လာတဲ့ပုံက မျက်ဝန်း ကိုကို့ရဲ့နေကြာခင်းကိုစရောက်တုန်းက ပုံလေး
၁၉နှစ်ပဲရှိသေးတော့ သူမက ကလေးလေးလိုပါပဲ
ကိုကိုရေးထားတဲ့စာလေးကြောင့်လည်း ရင်ခုန်မိပြန်သည်

" ဒီပုံလေးက ကလေးကိုကို့ဘဝထဲကို ပထမဆုံးစတင်ဝင်ရောက်လာပြီး ကိုကို့ရဲ့မြင်ကွင်းထဲကို ကလေးက တဖြေးဖြေးချင်းရောက်လာခဲ့တယ်
ဟင်း....အရာအားလုံးစတင်ခဲ့တာဒီအချိန်လေးမှာပေါ့ "

နောက်တစ်ပုံကတော့ မျက်ဝန်းနဲ့ကိုကိုနဲ့ Switzerland မှာ ရည်းစားစဖြစ်တုန်းက တောင်တန်းတွေကိုနောက်ခံရိုက်ထားတဲ့ပုံလေး
မျက်ဝန်းက ကိုကို့ပခုံးထက်မှာမှီနေပြီး ကိုကိုက မျက်ဝန်းခေါင်းလေးကို ဖွဖွလေးပုတ်ပေးနေတဲ့ပုံလေး

" ဒါကတော့ ကိုကိုတို့ချစ်သူဖြစ်တဲ့အချိန်လေးပေါ့ ကလေးလေးက ကိုကို့ကိုအဖြေပြန်ပေးတော့ ကမ္ဘာပေါ်မှာအပျော်ဆုံးလူက ကိုကိုပဲလို့ယုံကြည်ခဲ့တယ် ကလေးက ကိုကို့ရဲ့ပျော်ရွှင်မှုအရင်းအမြစ်တစ်ခုဖြစ်လာခဲ့တယ် "

နောက်တစ်ပုံကတော့ မျက်ဝန်းနေမကောင်းဖြစ်နေတုန်းက ကိုကိုကမျက်ဝန်းကိုဆန်ပြုတ်ခွံ့ကျွေးနေတဲ့ပုံကို အကိုစိုင်းရဝေက ဓာတ်ပုံရိုက်ပေးထားခြင်းပင်

" ကလေး နေကောင်းဖြစ်တုန်းက ကိုကို့ရဲ့စိုးရိမ်မှုတွေက ဆယ်ဆမကပဲ သူများတွေအမြင်မှာ ကိုကို့ရဲ့ပုံစံက အပိုလို့ဆိုနိုင်ပေယ့် ချစ်မိတဲ့သူတိုင်းကတော့နားလည်လိမ့်မယ်..... နေကောင်းဖြစ်လို့ နီနေတဲ့မျက်နှာလေးက ကိုကို့ကိုဝမ်းနည်းစေတယ် အဲ့အချိန်မှာ ကလေးရဲ့စကားသံချိုချိုလေးတွေက ပျောက်သွားပြီး တိတ်ဆိတ်ခြင်းတွေကသာစိုးမိုးနေခဲ့တယ်
အင်း......ကိုကိုဝမ်းအနည်းဆုံးအချိန်ပေါ့ ".....

မျက်ဝန်းမှာ စာတွေဖတ်ရင်းဖတ်ရင်းနှင့် ပျော်ရွှင်မှုကိုရော ဝမ်းနည်းမှုတွေကိုပါ တစ်ပြိုင်နက်တည်းခံစားနေရသည်

နောက်ထပ်ပုံတွေနဲ့စာတိုလေးတွေက မျက်ဝန်းကို ငိုအောင်စွမ်းဆောင်နိုင်သည် ပျော်လို့ကျရတဲ့မျက်ရည်တွေအ​ဖြစ်နဲ့ပေါ့

နောက်ဆုံးပုံလေးနဲ့စာသားကတော့ မျက်ဝန်းကို အပျော်ရွှင်ဆုံးနဲ့ ဝမ်းအနည်းဆုံးပါပဲ

မျက်ဝန်းရှမ်းပြည်မှာရှိနေတုန်းက ကိုကိုနဲ့ရိုက်ထားတဲ့ဓာတ်ပုံလေးပင် နောက်ဆုံးနမ့်စန်မှာရှိတုန်းက တာရာမင်းမြတ်ရိုက်ပေးထားခဲ့တဲ့ပုံလေး
ဒီပုံလေးက ကိုကိုက မျက်ဝန်းရဲ့ပါးလေးကိုနမ်းနေပြီး မျက်ဝန်းကရှက်လို့ မျက်လုံးမှိတ်ထားတဲ့ပုံလေးပင်

" နောက်ဆုံးအနေနဲ့ ကိုကိုပြောချင်တာက ကိုကိုကလေးရဲ့ဘဝထဲကိုဝင်လာဖို့အတွက် အဆင်င့်ဖြစ်နေပြီ
မနက်ခင်းအိပ်ယာနိုးတိုင်း ကလေးရဲ့မျက်နှာလေးကိုရင်ဆုံးမြင်ချင်တယ်
အိပ်ယာဝင်တိုင်းလည်း ကလေးရဲ့မျက်နှာလေးကိုပဲနောက်ဆုံးမြင်ချင်တယ်
ကလေးနေကောင်းဖြစ်တဲ့အခါ ကိုကိုပြုစုပေးချင်တယ်
အချိန်တိုင်းကလေးနဲ့အတူတူရှိခွင့်ဖို့ ကိုကို့ရဲဲ့ဒီစကားလေးကိုလက်ခံပေးပါလား "....

စာလည်းဆုံးသွားရော screen လည်းပိတ်သွားပြီး အရာအားလုံးမှောင်ကျသွားရာကနေ ငွေရောင်အလင်းတန်းက တဖြေးဖြေးချင်းဝင်ရောက်လာပြီး မျက်ဝန်းရှေ့မှာ ဒူးတစ်ဖက်ထောက်ထားပြီး လက်စွပ်ဘူးကိုင်ထားတဲ့ ကိုကို့ကိုမြင်လိုက်ရသည်

တဖြေးဖြေးနဲ့ လူတွေလည်းတစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည် မေကြီးနဲ့ဖေကြီးရော နှောင်းရော သားသားရော သူငယ်ချင်းတွေရော
အန်တီသီတာတို့တွေအပါအဝင် ကို့ကို့ဘက်ကမိသားစုဝင်တွေကိုပါ မြင်လိုက်ရသည်

Nothing Gonna Change My Love For You
တယောသံစဥ်ကလည်း ညင်သာစွာထွက်ပေါ်နေပြီး မျက်ဝန်းရဲ့စိတ်ခံစားချက်တွေကလည်း မြင့်တက်နေရသည်

မေကြီးနဲ့ဖေကြီးကိုကြည့်လိုက်တော့ မျက်ရည်တွေဝဲပြီး သူမကိုကြည့်ကာ ခေါင်းညိတ်ပြလေသည်

" တဘဝလုံးစာအတွက် ကိုကို့ဆီမှာ ကလေးရဲ့အချိန်တွေကိုပေးအပ်ချင်ပြီဆိုရင် ကိုကို့ကိုလက်ထပ်ခွင့်ပြုပါလား "

စကားလုံးတစ်လုံးစီတိုင်းက နက်နက်ရှိုင်းရှိုင်းနဲ့အဓိပ္ပါယ်ရှိနေတာမို့ သူမရဲ့နှလုံးသားကပါ အသိအမှတ်ပြုတဲ့အနေနဲ့ မျက်ရည်များကျလာရသည်

ဒီတစ်ခါမျက်ရည်ကျတာကတော့ ပျော်လို့ကျတဲ့မျက်ရည်တွေဆိုတာ ကိုကိုလည်းသိနိုင်တော့မှာပါ

ထို့နောက်မျက်ဝန်းလည်း အဆက်မပြတ်ခေါင်းညိတ်ပြလိုက်တော့သည်

" ဝေး.....ဟေး..... လက်ခံလိုက်ပြီကွ "

" ဖြောင်း ဖြောင်း ဖြောင်း "

လက်ခုပ်သံတွေ ဂုဏ်ပြုသံတွေကြားထဲကနေ မျက်ဝန်းတို့လည်း လက်စွပ်တွေလဲလှယ်လိုက်ကြတော့သည်

လက်စွပ်ဝတ်ပြီးတော့ မီးတွေလည်းထွန်းလင်းလာပြီး စုစုက သူမလက်ထဲကိုပန်းစည်းလေးထည့်ပေးလာသည်

အခုမှ မျက်ဝန်းလည်း စုစုအကျီဝတ်ခိုင်းတဲ့ရည်ရွယ်ချက်ကို သိလိုက်ရပြီဖြစ်သည်

ဒီညလေးကတော့ အကုန်လုံးအသိအမှတ်ပြုပေးတဲ့ သူတို့နှစ်ယောက်ရဲ့ထူးခြားတဲ့ညလေးတစ်ညပါပဲ

ဓာတ်ပုံတွေရိုက်ကြ ၊ ကိတ်ခွဲကြ ၊ စကြနောက်ကြနှင့် တကယ်ကိုပျော်စရာပါပဲ

_
_
_
_
" မေမေ အကုန်အဆင်သင့်ဖြစ်ပြီလား "

" ဖြစ်ပြီးသား သွားကြရအောင်လေ "

သူတို့တွေလည်း အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကားတွေနှင့် ဦးတည်ရာတစ်ခုဆီသို့သွားလိုက်ကြသည်

သူ့အတွက်ထူးခြားတဲ့နေ့လေးမို့လို့ ရှမ်းပြည်က အမျိုးတစ်ချို့ကလည်းရောက်နေကြသည်

အကုန်လုံးကလည်း ရှမ်းအကျီဝတ်ထားကြလေရဲ့

သူတို့တွေအကုန်လုံးလည်း ထိုနေရာကိုရောက်တယ်ဆိုရင်ပဲ ကားတွေကို လမ်းထိပ်မှာရပ်ထားခဲ့ပြီး အသီးသီးယူစရာရှိတာတွေယူပြီးတာနှင့် စီတန်းပြီး ညှို့မျက်ဝန်းမေ ကိုတင်တောင်းဖို့အတွက် လမ်းလျှောက်လာခဲ့ကြတော့သည်

" မျက်ဝန်းရေ အကိုခွန်းရောက်လာပြီနော် "

စုစုပြောလာသံကြောင့် သူမမှာခြေတွေလက်တွေပင်တုန်လာရသည်

ခဏနေတော့ စုစုနဲ့အတူတူ အာကာတို့ကပါဝင်လာကြသည်

" အကိုခွန်းက တကယ့်ကိုခန့်ချောကြီးကွာ "

" အေးဟ မျက်ပြူးမနဲ့တောင်မလိုက်ဘူး....ငါအကိုခွန်းကို နှမြောလိုက်တာ "

" ဟဲ့ ငါဒီမှာထိုင်နေတာလည်း သတိရကြဦး
အမလေးဟယ် နင်တို့ပြောပုံနဲ့ပဲ ငါသွေးတက်တော့မယ် "

အာကာနဲ့ကောင်းမြတ်ရဲ့ပြောမှုကြောင့် မျက်ဝန်းမှာ တကယ်ကိုလက်လန်သွားရသည်

" နင်တို့ကလည်း မျက်ဝန်းက ဒီနေ့ကျက်သရေရှိရှိလေးလှနေတာ "

" နင်ကမှ ငါ့သူငယ်ချင်းအစစ် "

ဝလ္လာ့မှာတော့ အကဲပိုနေတဲ့ ၂ယောက်ကို မျက်စောင်းသာထိုးလိုက်မိသည်

" မမကြီး ဆင်းလာခဲ့လို့ရပြီတဲ့ "

" ဟင် အေးအေး "

သားသားကလာပြောပြီးတာနဲ့ ချက်ချင်းပဲအောက်ကိုပြန်ဆင်းသွားသည်

" ဟူး.... "

မျက်ဝန်းမှာ ဝင်လေထွက်လေကိုအပြည့်ရှူရှိုက်ပြီးမှ အောက်ထပ်ကိုဆင်းလာလိုက်သည်

မျက်ဝန်းအနောက်မှာတော့ ချစ်စုရတီ ၊ ဝလ္လာမင်းမောင် ၊ အာကာဇော် ၊ ကောင်းမြတ်သူတို့က တန်းစီပြီးလိုက်ပါလာသည်

ခွန်းမှာတော့ မြင်လိုက်ရတဲ့မျက်နှာလေးကြောင့် အသက်ရှူရပ်မတန့်ပင်ဖြစ်သွားရသည်

မေမေပို့ပေးထားတဲ့ ရှမ်းဝတ်စုံလေးက သူမလေးနှင့် ပနံသင့်လွန်းနေသည်

ရွှေရောင်လေးဝတ်ထားတာမို့ သူမလေးရဲ့အသားအရောင်နှင့် များစွာလိုက်ဖက်လွန်းလှသည်
မျက်နှာကိုလည်း ပါးပါးလေးပဲချယ်သထားပြီး ဆံပင်တွေကိုလည်း စည်းထားပြီး ပန်းပန်ထားတာမို့ ကျက်သရေရှိရှိလှနေသည်

" အဟင်း သားကတော့ မေ့မြောသွားပြီထင်ပါရဲ့"

" မေ့မြောရလောက်အောင်ကို သမီးမျက်ဝန်းက လှလွန်းနေတာကိုး "

" ဟုတ်ပါ့ ဟုတ်ပါ့ နှစ်ယောက်သားလိုက်ဖက်လိုက်တာ "

မျက်ဝန်းလည်းအောက်ထပ်ကိုရောက်တာနဲ့ ကိုကို့ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်

" ကလေး ကိုကိုရူးမတတ်ပဲ "

" အို ကိုကိုကလည်း "

လေသံတိုးတိုးလေးနဲ့ပြောတဲ့ကိုကို့အသံက သူမရင်ကို အဆမတန်ခုန်လာစေသည်

ကိုကိုလည်း တိုက်ပုံနဲ့သိပ်ကိုကြည့်ကောင်းလွန်းနေသည်

တော်ပါသေးရဲ့ ဒီလူသားကသူမကိုပဲရွေးချယ်ခဲ့လို့

" ကဲ ဒါဆိုစလိုက်ကြတာပေါ့ဗျာ "

လူကြီးတစ်ယောက်ကစလိုက်တာနဲ့ အကုန်လုံးလည်းလှုပ်လှုပ်ရှားရှားဖြစ်လာကြသည်

ထိုအချိန်ခွန်းကထိုင်ရာကနေ ထပြီး ပစ္စည်းတစ်ခုကိုလှမ်းယူလေသည်

" ဒါက ကျွန်တော်တို့ရိုးရာဓလေ့အရ ဒီမိန်းကလေးကိုမွေးပေးတဲ့အတွက် အန်တီနဲ့ဦးလေးကို ကန်တော့တာပါ "

ကြည့်လိုက်တော့ ငွေသားရော ပိုးထည်တွေရော မုန့်တွေရောစုံလို့ပါပဲ

" ဒါကတော့ ကျွန်မတို့ဘက်က သမီးလေးအတွက်တင်တောင်းတာပါ ရွှေတောင်ကြားလမ်းထဲက အိမ်နဲ့ကားတစ်စီးပါ "

" ဒါကတော့ ကျွန်တော့်ညီလေးရဲ့မိန်းကလေးအတွက် ကျွန်တော့်ဘက်ကတင်တောင်းပစ္စည်းပါ "

စဝ်မှိုင်းခဘက်ကလည်း ပစ္စည်းများကမ်းပေးလေသည်

အကုန်လုံးလည်းကြည့်လိုက်တော့ စိန်၊ရွှေ၊ရတနာများပင်

စဝ်ခွန်မှိုင်းခဘက်ကအမျိုးအနွယ်တွေကလည်း အသီးသီးတင်တောင်းပစ္စည်းရော ငွေသားတွေပါထုတ်ပေးကြတော့ မျက်ဝန်းမှာအားနာနေရသည်

တော်သေးသည်ပြောရမည် မေကြီးနဲ့ဖေကြီးကလည်း ပြင်ဆင်ထားပေလို့

" အဟင်း ဒါကတော့ ကျွန်မတို့ရဲ့ဘိုးဘွားအမွေအနှစ်ပေါ့ ပထမဆုံးသားကြီး သမီးကြီးတွေပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ အမွေပစ္စည်းလေးပါ
ဒါကတော့ ကလေးနှစ်ယောက်အတွက် ကျွန်မတို့ဘက်ကတင်တောင်းပစ္စည်းပါ "

ဒေါ်နွယ်နွယ်ညိုထုတ်ပြလာတဲ့ပစ္စည်းက တကယ့်ကိုအရည်အသွေးပြည့်မှီတဲ့ ပတ္တမြားလက်စွပ် ၂ကွင်းပင်

" မျက်ဝန်း နင် အကိုခွန်းကိုပြောမယ်ဆို "

" ဟုတ်တယ်လေ မျက်ဝန်း နင်ပြောတော့လေ "

" ပြောလေဟာ "

" အေးလေ မျက်ဝန်းပြောတော့ "

သူမသူငယ်ချင်း ၄ယောက်လုံးက အကျယ်ကြီး​ပြောနေတာမို့ အကုန်လုံးရဲ့အာရုံက မျက်ဝန်းဆီကိုရောက်လာသည့်အပြင် ကိုကိုကလည်းမျက်ဝန်းကိုကြည့်လာလေသည်

" ဘာများလဲ ကလေး "

" ဟို ဟိုဟာလေ ဟို "

" ကဲ ငါပဲပြောလိုက်တော့မယ် တကတည်းပြော
မယ့်အရေးကို.......ဒီလိုပါရှင့် မျက်ဝန်းက
အကိုစဝ်ခွန်မှိုင်းခကို သူ့အချစ်တွေနဲ့တင်တောင်းမှာပါတဲ့ အဲ့ဒါအကိုခွန်း လက်ခံပါရဲ့လားရှင့် "

" ဟုတ်လား ကလေးလေး ကိုကို့ကိုအချစ်တွေနဲ့တကယ်တင်တောင်းမှာပေါ့ "

" ဟုတ် ဟုတ် "

ခေါင်းလေးငုံ့ပြီးဖြေရှာတဲ့ကလေးလေးကြောင့် ချစ်စိတ်များကလည်းတိုးလာရသည်

တကယ်ကိုအသည်းယားစရာလေးကွာ

ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပြီးသွားလေသည်
_
_
_
_
" ကိုကိုအခုကဘယ်ကိုသွားနေတာလဲဟင် "

" ဒီဇိုင်နာအိမ်ကိုသွားနေတာကလေး.....ကိုကို့ကို မင်းညှို့သျှင် ညွှန်ပေးလိုက်တာ "

" ဟင် ဒီဇိုင်နာက Lotus ရုံးမှာထိုင်တာမဟုတ်ဘူးလား "

" သူကတော့ သူ့အိမ်ကနေပဲအဝတ်အစားတွေချုပ်ပြီး အကုန်ပြီးမှရုံးကိုသယ်လာတာ လက်ရာကတော့တော်တော်ကောင်းတယ် "

" ဟုတ် "

သူတို့နှစ်ယောက်က မင်္ဂလာဝတ်စုံအပ်ဖို့အတွက် မင်းညှို့သျှင်ညွှန်ပေးတဲ့ မေနှိုင်းဝတ်မှုံတို့အိမ်ကို သွားနေကြခြင်းပင်

အိမ်နားရောက်ခါနီးတော့ လမ်းပျောက်နေလို့ မင်းညှို့သျှင် ကိုဖုန်းဆက်ပြီးလှမ်းမေးရသေးသည်

" ဟုတ်တယ် အကို ညာဘက်ကိုချိုးခဲ့လိုက် "

" ........... "

" ဟုတ်တယ် ဟုတ်တယ်အကို ကျွန်တော်အိမ်ရှေ့မှာရပ်နေတယ် "

မင်းညှို့သျှင်ရဲ့လမ်းညွှန်မှုအပြီးမှာတော့ သူတို့နှစ်ယောက်လည်း အိမ်ရှာတွေ့သွားခဲ့သည်

" ပန်းရေ ဒီမှာအကိုခွန်းတို့ရောက်လာပြီ "

" ခဏလေး ညှို့ရေ အအေးလေးဖျော်နေလို့ "

မျက်ဝန်းတို့လည်းဆိုဖာမှာထိုင်ပြီး ခဏကြာတော့အအေးဗန်းလေးကိုင်ပြီး အမစွဲမက်သျှင်က ထွက်လာလေသည်

ဗိုက်ကတော့ တော်တော်လေးကိုဖောင်းနေလေသည်

" ပန်းကလည်းကွာ အိမ်ကကောင်မလေးတွေကိုသယ်လာခိုင်းတာမဟုတ်ဘူး "

" ရပါတယ်ညှို့ရဲ့ ဘာမှမဖြစ်ပါဘူး "

" ကဲ လာလာ ကိုယ့်အနားကို "

ခွန်းနဲ့မျက်ဝန်းမှာတော့ ထိုဇနီးမောင်နှံကိုပြုံးပြုံးလေးနဲ့သာကြည့်နေမိသည်

အကိုမင်းညှို့သျှင်တို့က သူတို့အိမ်ထဲဝင်ဖို့ဖိတ်လာတာမို့ မျက်ဝန်းနဲ့ကိုကိုလည်း အိမ်ထဲကိုရောက်လာခဲ့ခြင်းပင်

နံရံတွေမှာဓာတ်ပုံတွေချိတ်ထားတာမို့ ကြည့်လိုက်တော့ အသက် ၁နှစ်ကနေ ၂၈ထိရိုက်ထားတဲ့ စုံတွဲပုံလေးတွေ

ဓာတ်ပုံတစ်ပုံစီရဲ့အပေါ်မှာ 1, 2, 3,.......,28 အစဥ်လိုက်ရေးထားပြီး ပုံလေးတွေကလည်းတကယ့်ကိုအသက်ဝင်ပြီး မျက်ဝန်းပါပျော်လာသလိုခံစားလာရသည်

" အကိုနဲ့ညီမလေး သောက်ကြဦးနော် "

" ဟု​တ် မမ "

မျက်ဝန်းကစကားနဲ့ပြောပေမယ့် ကိုကိုကတော့ခေါင်းပဲညိတ်ပြလေသည်

စတော်ဘယ်ရီဖျော်ရည်အေးအေးလေးက တကယ်ကိုအရသာရှိလွန်းလှသည်

" ခဏနေရင် ဒီဇိုင်နာအိမ်ကိုလိုက်ပို့ပေးမယ်နော်"

" ဟုတ် မမ "

" ပွဲနီးရင် ဖိတ်စာဖိတ်လိုက်ဦးနော် အကိုခွန်း "

" အကိုတို့က ရှမ်းပြည်မှာပွဲလုပ်မှာ ညီလေး "

" ဟင် ဒါဆို စွဲမက်တို့သွားလို့မရတော့ဘူးပေါ့နော် ညှို့ "

" ဟို မမ.......မျက်ဝန်းတို့က ၂လပိုင်းလောက်မှပါ "

" ဟုတ်လား အဲ့အချိန်လောက်ဆိုရင်တော့ ကလေးမွေးပြီလောက်ပြီ ဒါဆိုသွားကြမယ်လေနော် ညှို့..... ရှမ်းပြည်ကိုမရောက်တာကြာလှပြီ "

" ပန်းရဲ့သဘော "

" ရန်ကုန်မှာကတော့ အကိုတို့ dinner တစ်ပွဲလုပ်မှာ အဲ့အခါကျရင်လည်းလာခဲ့ကြဦးပေါ့ နှစ်ယောက်လုံး "

" စိတ်ချပါဗျ ကျွန်တော်တို့လာခဲ့ပါ့မယ် "

မျက်ဝန်းတို့လည်းခဏလောက်စကားပြောပြီးတာနဲ့ ဒီဇိုင်နာအမထံသွားပြီး အဝတ်အစားချုပ်ဖို့သွားလေသည်

အဲ့ကနေပြန်တော့ ညနေပင်စောင်းနေလေပြီ
ကိုကိုကအလုပ်တွေပိနေတာမို့ မျက်ဝန်းမှာ ကိုကို့ကွန်ဒိုဆီလိုက်သွားပြီး အလုပ်တွေကူလုပ်ပေးရသေးသည်

ည ၇နာရီခွဲတော့ ကိုကိုက မျက်ဝန်းကိုအိမ်ပြန်ပို့ပေးသည် ညစာကိုတော့မိသားစုတွေနဲ့အတူတူ အန်တီခင်တို့ဆိုင်မှာ ကိုကိုရော အကိုဝဠာပါ ပါတာမို့ ညစာစားပွဲလေးက မထင်မှတ်ပဲ လူစုံခဲ့ပြီးပျော်ဖို့ကောင်းခဲ့သည်

တကယ်ကိုဒီရပ်ဝန်းလေးက နွေးထွေးမှုတွေနဲ့
ပြည့်နှက်နေတာ

___________________________________________

ေျမျပန့္သူေလး
~~~~~~~~~~~
Part - 48
~~~~~~~
ထို႔ေနာက္ကိုကိုက ေငြေရာင္လိုက္ကာဘလင္းဘလင္းေလးေတြနဲ႕ကာထားတာကိုဖြင့္လိုက္ေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ အံ့ၾသမွင္သက္သြားမိသည္

လိုက္ကာကိုဖြင့္လိုက္တယ္ဆိုရင္ပဲ " Nothing Gonna Chang My Love For You " သီခ်င္းက ပ်ံ့ႏွံ႕လာၿပီး Screen အေသးစားထက္မွာလည္း ကိုကိုနဲ႕သူမရဲ႕ပုံမ်ားက စာေလးေတြႏွင့္ေပၚလာေလသည္

ပထမဆုံးထြက္လာတဲ့ပုံက မ်က္ဝန္း ကိုကို႔ရဲ႕ေနၾကာခင္းကိုစေရာက္တုန္းက ပုံေလး
၁၉ႏွစ္ပဲရွိေသးေတာ့ သူမက ကေလးေလးလိုပါပဲ
ကိုကိုေရးထားတဲ့စာေလးေၾကာင့္လည္း ရင္ခုန္မိျပန္သည္

" ဒီပုံေလးက ကေလးကိုကို႔ဘဝထဲကို ပထမဆုံးစတင္ဝင္ေရာက္လာၿပီး ကိုကို႔ရဲ႕ျမင္ကြင္းထဲကို ကေလးက တေျဖးေျဖးခ်င္းေရာက္လာခဲ့တယ္
အဟင္း....အရာအားလုံးစတင္ခဲ့တာဒီအခ်ိန္ေလးမွာေပါ့ "

ေနာက္တစ္ပုံကေတာ့ မ်က္ဝန္းနဲ႕ကိုကိုနဲ႕ Switzerland မွာ ရည္းစားစျဖစ္တုန္းက ေတာင္တန္းေတြကိုေနာက္ခံရိုက္ထားတဲ့ပုံေလး
မ်က္ဝန္းက ကိုကို႔ပခုံးထက္မွာမွီေနၿပီး ကိုကိုက မ်က္ဝန္းေခါင္းေလးကို ဖြဖြေလးပုတ္ေပးေနတဲ့ပုံေလး

" ဒါကေတာ့ ကိုကိုတို႔ခ်စ္သူစျဖစ္တဲ့အခ်ိန္ေလးေပါ့ ကေလးေလးက ကိုကို႔ကိုအေျဖျပန္ေပးေတာ့ ကမၻာေပၚမွာအေပ်ာ္ဆုံးလူက ကိုကိုပဲလို႔ယုံၾကည္ခဲ့တယ္ ကေလးက ကိုကို႔ရဲ႕ေပ်ာ္႐ႊင္မႈအရင္းအျမစ္တစ္ခုျဖစ္လာခဲ့တယ္ "

ေနာက္တစ္ပုံကေတာ့ မ်က္ဝန္းေနမေကာင္းျဖစ္ေနတုန္းက ကိုကိုကမ်က္ဝန္းကိုဆန္ျပဳတ္ခြံ႕ေကြၽးေနတဲ့ပုံကို အကိုစိုင္းရေဝက ဓာတ္ပုံရိုက္ေပးထားျခင္းပင္

" ကေလး ေနမေကာင္းျဖစ္တုန္းက ကိုကို႔ရဲ႕စိုးရိမ္မႈေတြက ဆယ္ဆမကပဲ သူမ်ားေတြအျမင္မွာ ကိုကို႔ရဲ႕ပုံစံက အပိုလို႔ဆိုနိုင္ေပမယ့္ ခ်စ္မိတဲ့သူတိုင္းကေတာ့နားလည္လိမ့္မယ္..... ေနမေကာင္းျဖစ္လို႔ နီေနတဲ့မ်က္ႏွာေလးက ကိုကို႔ကိုဝမ္းနည္းေစတယ္ အဲ့အခ်ိန္မွာ ကေလးရဲ႕စကားသံခ်ိဳခ်ိဳေလးေတြက ေပ်ာက္သြားၿပီး တိတ္ဆိတ္ျခင္းေတြကသာစိုးမိုးေနခဲ့တယ္
အင္း......ကိုကိုဝမ္းအနည္းရဆုံးအခ်ိန္ေပါ့ ".....

မ်က္ဝန္းမွာ စာေတြဖတ္ရင္းဖတ္ရင္းႏွင့္ ေပ်ာ္႐ႊင္မႈကိုေရာ ဝမ္းနည္းမႈေတြကိုပါ တစ္ၿပိဳင္နက္တည္းခံစားေနရသည္

ေနာက္ထပ္ပုံေတြနဲ႕စာတိုေလးေတြက မ်က္ဝန္းကို ငိုေအာင္စြမ္းေဆာင္နိုင္သည္ ေပ်ာ္လို႔က်ရတဲ့မ်က္ရည္ေတြအျဖစ္နဲ႕ေပါ့

ေနာက္ဆုံးပုံေလးနဲ႕စာသားကေတာ့ မ်က္ဝန္းကို အေပ်ာ္႐ႊင္ဆုံးနဲ႕ ဝမ္းအနည္းဆုံးပါပဲ

မ်က္ဝန္းရွမ္းျပည္မွာရွိေနတုန္းက ကိုကိုနဲ႕ရိုက္ထားတဲ့ဓာတ္ပုံေလးပင္ ေနာက္ဆုံးနမ့္စန္မွာရွိတုန္းက တာရာမင္းျမတ္ရိုက္ေပးထားခဲ့တဲ့ပုံေလး
ဒီပုံေလးက ကိုကိုက မ်က္ဝန္းရဲ႕ပါးေလးကိုနမ္းေနၿပီး မ်က္ဝန္းကရွက္လို႔ မ်က္လုံးမွိတ္ထားတဲ့ပုံေလးပင္

" ေနာက္ဆုံးအေနနဲ႕ ကိုကိုေျပာခ်င္တာက ကိုကိုကေလးရဲ႕ဘဝထဲကိုဝင္လာဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီ
မနက္ခင္းအိပ္ယာနိုးတိုင္း ကေလးရဲ႕မ်က္ႏွာေလးကိုအရင္ဆုံးျမင္ခ်င္တယ္
ညအိပ္ယာဝင္တိုင္းလည္း ကေလးရဲ႕မ်က္ႏွာေလးကိုပဲေနာက္ဆုံးျမင္ခ်င္တယ္
ကေလးေနမေကာင္းျဖစ္တဲ့အခါ ကိုကိုျပဳစုေပးခ်င္တယ္
အခ်ိန္တိုင္းကေလးနဲ႕အတူတူရွိခြင့္ရဖို႔ ကိုကို႔ရဲဲ့ဒီစကားေလးကိုလက္ခံေပးပါလား "....

စာလည္းဆုံးသြားေရာ screen လည္းပိတ္သြားၿပီး အရာအားလုံးေမွာင္က်သြားရာကေန ေငြေရာင္အလင္းတန္းက တေျဖးေျဖးခ်င္းဝင္ေရာက္လာၿပီး မ်က္ဝန္းေရွ႕မွာ ဒူးတစ္ဖက္ေထာက္ထားၿပီး လက္စြပ္ဘူးကိုင္ထားတဲ့ ကိုကို႔ကိုျမင္လိုက္ရသည္

တေျဖးေျဖးနဲ႕ လူေတြလည္းတစ္ေယာက္ၿပီးတစ္ေယာက္ထြက္လာၾကသည္ ေမႀကီးနဲ႕ေဖႀကီးေရာ ႏွောင္းေရာ သားသားေရာ သူငယ္ခ်င္းေတြေရာ
အန္တီသီတာတို႔ေတြအပါအဝင္ ကို႔ကို႔ဘက္ကမိသားစုဝင္ေတြကိုပါ ျမင္လိုက္ရသည္

Nothing Gonna Change My Love For You
တေယာသံစဥ္ကလည္း ညင္သာစြာထြက္ေပၚေနၿပီး မ်က္ဝန္းရဲ႕စိတ္ခံစားခ်က္ေတြကလည္း ျမင့္တက္ေနရသည္

ေမႀကီးနဲ႕ေဖႀကီးကိုၾကည့္လိုက္ေတာ့ မ်က္ရည္ေတြဝဲၿပီး သူမကိုၾကည့္ကာ ေခါင္းညိတ္ျပေလသည္

" တဘဝလုံးစာအတြက္ ကိုကို႔ဆီမွာ ကေလးရဲ႕အခ်ိန္ေတြကိုေပးအပ္ခ်င္ၿပီဆိုရင္ ကိုကို႔ကိုလက္ထပ္ခြင့္ျပဳပါလား "

စကားလုံးတစ္လုံးစီတိုင္းက နက်နက်ရှိုင်းရှိုင်းနဲ့အဓိပ္ပါယ်ရှိနေတာမို့ သူမရဲ႕ႏွလုံးသားကပါ အသိအမွတ္ျပဳတဲ့အေနနဲ႕ မ်က္ရည္မ်ားက်လာရသည္

ဒီတစ္ခါမ်က္ရည္က်တာကေတာ့ ေပ်ာ္လို႔က်တဲ့မ်က္ရည္ေတြဆိုတာ ကိုကိုလည္းသိနိုင္ေတာ့မွာပါ

ထို႔ေနာက္မ်က္ဝန္းလည္း အဆက္မျပတ္ေခါင္းညိတ္ျပလိုက္ေတာ့သည္

" ေဝး.....ေဟး..... လက္ခံလိုက္ၿပီကြ "

" ေျဖာင္း ေျဖာင္း ေျဖာင္း "

လက္ခုပ္သံေတြ ဂုဏ္ျပဳသံေတြၾကားထဲကေန မ်က္ဝန္းတို႔လည္း လက္စြပ္ေတြလဲလွယ္လိုက္ၾကေတာ့သည္

လက္စြပ္ဝတ္ၿပီးေတာ့ မီးေတြလည္းထြန္းလင္းလာၿပီး စုစုက သူမလက္ထဲကိုပန္းစည္းေလးထည့္ေပးလာသည္

အခုမွ မ်က္ဝန္းလည္း စုစုအက်ီဝတ္ခိုင္းတဲ့ရည္႐ြယ္ခ်က္ကို သိလိုက္ရၿပီျဖစ္သည္

ဒီညေလးကေတာ့ အကုန္လုံးအသိအမွတ္ျပဳေပးတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ထူးျခားတဲ့ညေလးတစ္ညပါပဲ

ဓာတ္ပုံေတြရိုက္ၾက ၊ ကိတ္ခြဲၾက ၊ စၾကေနာက္ၾကႏွင့္ တကယ္ကိုေပ်ာ္စရာပါပဲ


_
_
_
_
" ေမေမ အကုန္အဆင္သင့္ျဖစ္ၿပီလား "

" ျဖစ္ၿပီးသား သြားၾကရေအာင္ေလ "

သူတို႔ေတြလည္း အဆင္သင့္ျဖစ္ၿပီဆိုတာနဲ႕ ကားေတြႏွင့္ ဦးတည္ရာတစ္ခုဆီသို႔သြားလိုက္ၾကသည္

သူ႕အတြက္ထူးျခားတဲ့ေန႕ေလးမို႔လို႔ ရွမ္းျပည္က အမ်ိဳးတစ္ခ်ိဳ႕ကလည္းေရာက္ေနၾကသည္

အကုန္လုံးကလည္း ရွမ္းအက်ီဝတ္ထားၾကေလရဲ႕

သူတို႔ေတြအကုန္လုံးလည္း ထိုေနရာကိုေရာက္တယ္ဆိုရင္ပဲ ကားေတြကို လမ္းထိပ္မွာရပ္ထားခဲ့ၿပီး အသီးသီးယူစရာရွိတာေတြယူၿပီးတာႏွင့္ စီတန္းၿပီး ညွို႔မ်က္ဝန္းေမ ကိုတင္ေတာင္းဖို႔အတြက္ လမ္းေလွ်ာက္လာခဲ့ၾကေတာ့သည္

" မ်က္ဝန္းေရ အကိုခြန္းေရာက္လာၿပီေနာ္ "

စုစုေျပာလာသံေၾကာင့္ သူမမွာေျခေတြလက္ေတြပင္တုန္လာရသည္

ခဏေနေတာ့ စုစုနဲ႕အတူတူ အာကာတို႔ကပါဝင္လာၾကသည္

" အကိုခြန္းက တကယ့္ကိုခန့္ေခ်ာႀကီးကြာ "

" ေအးဟ မ်က္ျပဴးမနဲ႕ေတာင္မလိုက္ဘူး....ငါအကိုခြန္းကို ႏွေျမာလိုက္တာ "

" ဟဲ့ ငါဒီမွာထိုင္ေနတာလည္း သတိရၾကဦး
အမေလးဟယ္ နင္တို႔ေျပာပုံနဲ႕ပဲ ငါေသြးတက္ေတာ့မယ္ "

အာကာနဲ႕ေကာင္းျမတ္ရဲ႕ေျပာမႈေၾကာင့္ မ်က္ဝန္းမွာ တကယ္ကိုလက္လန္သြားရသည္

" နင္တို႔ကလည္း မ်က္ဝန္းက ဒီေန႕က်က္သေရရွိရွိေလးလွေနတာ "

" နင္ကမွ ငါ့သူငယ္ခ်င္းအစစ္ "

ဝလႅာ့မွာေတာ့ အကဲပိုေနတဲ့ ၂ေယာက္ကို မ်က္ေစာင္းသာထိုးလိုက္မိသည္

" မမႀကီး ဆင္းလာခဲ့လို႔ရၿပီတဲ့ "

" ဟင္ ေအးေအး "

သားသားကလာေျပာၿပီးတာနဲ႕ ခ်က္ခ်င္းပဲေအာက္ကိုျပန္ဆင္းသြားသည္

" ဟူး.... "

မ်က္ဝန္းမွာ ဝင္ေလထြက္ေလကိုအျပည့္ရႉရွိုက္ၿပီးမွ ေအာက္ထပ္ကိုဆင္းလာလိုက္သည္

မ်က္ဝန္းအေနာက္မွာေတာ့ ခ်စ္စုရတီ ၊ ဝလႅာမင္းေမာင္ ၊ အာကာေဇာ္ ၊ ေကာင္းျမတ္သူတို႔က တန္းစီၿပီးလိုက္ပါလာသည္

ခြန္းမွာေတာ့ ျမင္လိုက္ရတဲ့မ်က္ႏွာေလးေၾကာင့္ အသက္ရႉရပ္မတန့္ပင္ျဖစ္သြားရသည္

ေမေမပို႔ေပးထားတဲ့ ရွမ္းဝတ္စုံေလးက သူမေလးႏွင့္ ပနံသင့္လြန္းေနသည္

ေ႐ႊေရာင္ေလးဝတ္ထားတာမို႔ သူမေလးရဲ႕အသားအေရာင္ႏွင့္ မ်ားစြာလိုက္ဖက္လြန္းလွသည္
မ်က္ႏွာကိုလည္း ပါးပါးေလးပဲခ်ယ္သထားၿပီး ဆံပင္ေတြကိုလည္း စည္းထားၿပီး ပန္းပန္ထားတာမို႔ က်က္သေရရွိရွိလွေနသည္

" အဟင္း သားကေတာ့ ေမ့ေျမာသြားၿပီထင္ပါရဲ႕"

" ေမ့ေျမာရေလာက္ေအာင္ကို သမီးမ်က္ဝန္းက လွလြန္းေနတာကိုး "

" ဟုတ္ပါ့ ဟုတ္ပါ့ ႏွစ္ေယာက္သားလိုက္ဖက္လိုက္တာ "

မ်က္ဝန္းလည္းေအာက္ထပ္ကိုေရာက္တာနဲ႕ ကိုကို႔ရဲ႕ေဘးမွာဝင္ထိုင္လိုက္သည္

" ကေလး ကိုကို႐ူးမတတ္ပဲ "

" အို ကိုကိုကလည္း "

ေလသံတိုးတိုးေလးနဲ႕ေျပာတဲ့ကိုကို႔အသံက သူမရင္ကို အဆမတန္ခုန္လာေစသည္

ကိုကိုလည္း တိုက္ပုံနဲ႕သိပ္ကိုၾကည့္ေကာင္းလြန္းေနသည္

ေတာ္ပါေသးရဲ႕ ဒီလူသားကသူမကိုပဲေ႐ြးခ်ယ္ခဲ့လို႔

" ကဲ ဒါဆိုစလိုက္ၾကတာေပါ့ဗ်ာ "

လူႀကီးတစ္ေယာက္ကစလိုက္တာနဲ႕ အကုန္လုံးလည္းလႈပ္လႈပ္ရွားရွားျဖစ္လာၾကသည္

ထိုအခ်ိန္ခြန္းကထိုင္ရာကေန ထၿပီး ပစၥည္းတစ္ခုကိုလွမ္းယူေလသည္

" ဒါက ကြၽန္ေတာ္တို႔ရိုးရာဓေလ့အရ ဒီမိန္းကေလးကိုေမြးေပးတဲ့အတြက္ အန္တီနဲ႕ဦးေလးကို ကန္ေတာ့တာပါ "

ၾကည့္လိုက္ေတာ့ ေငြသားေရာ ပိုးထည္ေတြေရာ မုန့္ေတြေရာစုံလို႔ပါပဲ

" ဒါကေတာ့ ကြၽန္မတို႔ဘက္က သမီးေလးအတြက္တင္ေတာင္းတာပါ ေ႐ႊေတာင္ၾကားလမ္းထဲက အိမ္နဲ႕ကားတစ္စီးပါ "

" ဒါကေတာ့ ကြၽန္ေတာ့္ညီေလးရဲ႕မိန္းကေလးအတြက္ ကြၽန္ေတာ့္ဘက္ကတင္ေတာင္းပစၥည္းပါ "

စဝ္မွိုင္းခဘက္ကလည္း ပစၥည္းမ်ားကမ္းေပးေလသည္

အကုန္လုံးလည္းၾကည့္လိုက္ေတာ့ စိန္၊ေ႐ႊ၊ရတနာမ်ားပင္

စဝ္ခြန္မွိုင္းခဘက္ကအမ်ိဳးအႏြယ္ေတြကလည္း အသီးသီးတင္ေတာင္းပစၥည္းေရာ ေငြသားေတြပါထုတ္ေပးၾကေတာ့ မ်က္ဝန္းမွာအားနာေနရသည္

ေတာ္ေသးသည္ေျပာရမည္ ေမႀကီးနဲ႕ေဖႀကီးကလည္း ျပင္ဆင္ထားေပလို႔

" အဟင္း ဒါကေတာ့ ကြၽန္မတို႔ရဲ႕ဘိုးဘြားအေမြအႏွစ္ေပါ့ ပထမဆုံးသားႀကီး သမီးႀကီးေတြပဲ ပိုင္ဆိုင္ခြင့္ရွိတဲ့ အေမြပစၥည္းေလးပါ
ဒါကေတာ့ ကေလးႏွစ္ေယာက္အတြက္ ကြၽန္မတို႔ဘက္ကတင္ေတာင္းပစၥည္းပါ "

ေဒၚႏြယ္ႏြယ္ညိုထုတ္ျပလာတဲ့ပစၥည္းက တကယ့္ကိုအရည္အေသြးျပည့္မွီတဲ့ ပတၱျမားလက္စြပ္ ၂ကြင္းပင္

" မ်က္ဝန္း နင္ အကိုခြန္းကိုေျပာမယ္ဆို "

" ဟုတ္တယ္ေလ မ်က္ဝန္း နင္ေျပာေတာ့ေလ "

" ေျပာေလဟာ "

" ေအးေလ မ်က္ဝန္းေျပာေတာ့ "

သူမသူငယ္ခ်င္း ၄ေယာက္လုံးက အက်ယ္ႀကီးေျပာေနတာမို႔ အကုန္လုံးရဲ႕အာ႐ုံက မ်က္ဝန္းဆီကိုေရာက္လာသည့္အျပင္ ကိုကိုကလည္းမ်က္ဝန္းကိုၾကည့္လာေလသည္

" ဘာမ်ားလဲ ကေလး "

" ဟို ဟိုဟာေလ ဟို "

" ကဲ ငါပဲေျပာလိုက္ေတာ့မယ္ တကတည္းေျပာ
မယ့္အေရးကို.......ဒီလိုပါရွင့္ မ်က္ဝန္းက
အကိုစဝ္ခြန္မွိုင္းခကို သူ႕အခ်စ္ေတြနဲ႕တင္ေတာင္းမွာပါတဲ့ အဲ့ဒါအကိုခြန္း လက္ခံပါရဲ႕လားရွင့္ "

" ဟုတ္လား ကေလးေလး ကိုကို႔ကိုအခ်စ္ေတြနဲ႕တကယ္တင္ေတာင္းမွာေပါ့ "

" ဟုတ္ ဟုတ္ "

ေခါင္းေလးငုံ႕ၿပီးေျဖရွာတဲ့ကေလးေလးေၾကာင့္ ခ်စ္စိတ္မ်ားကလည္းတိုးလာရသည္

တကယ္ကိုအသည္းယားစရာေလးကြာ

ဒီလိုနဲ႕ပဲသူတို႔ႏွစ္ေယာက္ရဲ႕ေစ့စပ္ပြဲေလးက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ပဲ ၿပီးသြားေလသည္
_
_
_
_
" ကိုကိုအခုကဘယ္ကိုသြားေနတာလဲဟင္ "

" ဒီဇိုင္နာအိမ္ကိုသြားေနတာကေလး.....ကိုကို႔ကို မင္းညွို႔သွ်င္ ၫႊန္ေပးလိုက္တာ "

" ဟင္ ဒီဇိုင္နာက Lotus ႐ုံးမွာထိုင္တာမဟုတ္ဘူးလား "

" သူကေတာ့ သူ႕အိမ္ကေနပဲအဝတ္အစားေတြခ်ဳပ္ၿပီး အကုန္ၿပီးမွ႐ုံးကိုသယ္လာတာ လက္ရာကေတာ့ေတာ္ေတာ္ေကာင္းတယ္ "

" ဟုတ္ "

သူတို႔ႏွစ္ေယာက္က မဂၤလာဝတ္စုံအပ္ဖို႔အတြက္ မင္းညွို႔သွ်င္ၫႊန္ေပးတဲ့ ေမႏွိုင္းဝတ္မႈံတို႔အိမ္ကို သြားေနၾကျခင္းပင္

အိမ္နားေရာက္ခါနီးေတာ့ လမ္းေပ်ာက္ေနလို႔ မင္းညွို႔သွ်င္ ကိုဖုန္းဆက္ၿပီးလွမ္းေမးရေသးသည္

" ဟုတ္တယ္ အကို ညာဘက္ကိုခ်ိဳးခဲ့လိုက္ "

" ........... "

" ဟုတ္တယ္ ဟုတ္တယ္အကို ကြၽန္ေတာ္အိမ္ေရွ႕မွာရပ္ေနတယ္ "

မင္းညွို႔သွ်င္ရဲ႕လမ္းၫႊန္မႈအၿပီးမွာေတာ့ သူတို႔ႏွစ္ေယာက္လည္း အိမ္ရွာေတြ႕သြားခဲ့သည္

" ပန္းေရ ဒီမွာအကိုခြန္းတို႔ေရာက္လာၿပီ "

" ခဏေလး ညွို႔ေရ အေအးေလးေဖ်ာ္ေနလို႔ "

မ်က္ဝန္းတို႔လည္းဆိုဖာမွာထိုင္ၿပီး ခဏၾကာေတာ့အေအးဗန္းေလးကိုင္ၿပီး အမစြဲမက္သွ်င္က ထြက္လာေလသည္

ဗိုက္ကေတာ့ ေတာ္ေတာ္ေလးကိုေဖာင္းေနေလသည္

" ပန္းကလည္းကြာ အိမ္ကေကာင္မေလးေတြကိုသယ္လာခိုင္းတာမဟုတ္ဘူး "

" ရပါတယ္ညွို႔ရဲ႕ ဘာမွမျဖစ္ပါဘူး "

" ကဲ လာလာ ကိုယ့္အနားကို "

ခြန္းနဲ႕မ်က္ဝန္းမွာေတာ့ ထိုဇနီးေမာင္ႏွံကိုၿပဳံးၿပဳံးေလးနဲ႕သာၾကည့္ေနမိသည္

အကိုမင္းညွို႔သွ်င္တို႔က သူတို႔အိမ္ထဲဝင္ဖို႔ဖိတ္လာတာမို႔ မ်က္ဝန္းနဲ႕ကိုကိုလည္း အိမ္ထဲကိုေရာက္လာခဲ့ျခင္းပင္

နံရံေတြမွာဓာတ္ပုံေတြခ်ိတ္ထားတာမို႔ ၾကည့္လိုက္ေတာ့ အသက္ ၁ႏွစ္ကေန ၂၈ထိရိုက္ထားတဲ့ စုံတြဲပုံေလးေတြ

ဓာတ္ပုံတစ္ပုံစီရဲ႕အေပၚမွာ 1, 2, 3,.......,28 အစဥ္လိုက္ေရးထားၿပီး ပုံေလးေတြကလည္းတကယ့္ကိုအသက္ဝင္ၿပီး မ်က္ဝန္းပါေပ်ာ္လာသလိုခံစားလာရသည္

" အကိုနဲ႕ညီမေလး ေသာက္ၾကဦးေနာ္ "

" ဟုတ္ မမ "

မ်က္ဝန္းကစကားနဲ႕ေျပာေပမယ့္ ကိုကိုကေတာ့ေခါင္းပဲညိတ္ျပေလသည္

စေတာ္ဘယ္ရီေဖ်ာ္ရည္ေအးေအးေလးက တကယ္ကိုအရသာရွိလြန္းလွသည္

" ခဏေနရင္ ဒီဇိုင္နာအိမ္ကိုလိုက္ပို႔ေပးမယ္ေနာ္"

" ဟုတ္ မမ "

" ပြဲနီးရင္ ဖိတ္စာဖိတ္လိုက္ဦးေနာ္ အကိုခြန္း "

" အကိုတို႔က ရွမ္းျပည္မွာပြဲလုပ္မွာ ညီေလး "

" ဟင္ ဒါဆို စြဲမက္တို႔သြားလို႔မရေတာ့ဘူးေပါ့ေနာ္ ညွို႔ "

" ဟို မမ.......မ်က္ဝန္းတို႔က ၂လပိုင္းေလာက္မွပါ "

" ဟုတ္လား အဲ့အခ်ိန္ေလာက္ဆိုရင္ေတာ့ ကေလးေမြးၿပီေလာက္ၿပီ ဒါဆိုသြားၾကမယ္ေလေနာ္ ညွို႔..... ရွမ္းျပည္ကိုမေရာက္တာၾကာလွၿပီ "

" ပန္းရဲ႕သေဘာ "

" ရန္ကုန္မွာကေတာ့ အကိုတို႔ dinner တစ္ပြဲလုပ္မွာ အဲ့အခါက်ရင္လည္းလာခဲ့ၾကဦးေပါ့ ႏွစ္ေယာက္လုံး "

" စိတ္ခ်ပါဗ် ကြၽန္ေတာ္တို႔လာခဲ့ပါ့မယ္ "

မ်က္ဝန္းတို႔လည္းခဏေလာက္စကားေျပာၿပီးတာနဲ႕ ဒီဇိုင္နာအမထံသြားၿပီး အဝတ္အစားခ်ဳပ္ဖို႔သြားေလသည္

အဲ့ကေနျပန္ေတာ့ ညေနပင္ေစာင္းေနေလၿပီ
ကိုကိုကအလုပ္ေတြပိေနတာမို႔ မ်က္ဝန္းမွာ ကိုကို႔ကြန္ဒိုဆီလိုက္သြားၿပီး အလုပ္ေတြကူလုပ္ေပးရေသးသည္

ည ၇နာရီခွဲတော့ ကိုကိုက မ်က္ဝန္းကိုအိမ္ျပန္ပို႔ေပးသည္ ညစာကိုေတာ့မိသားစုေတြနဲ႕အတူတူ အန္တီခင္တို႔ဆိုင္မွာ ကိုကိုေရာ အကိုဝဠာပါ ပါတာမို႔ ညစာစားပြဲေလးက မထင္မွတ္ပဲ လူစုံခဲ့ၿပီးေပ်ာ္ဖို႔ေကာင္းခဲ့သည္

တကယ္ကိုဒီရပ္ဝန္းေလးက ႏြေးေထြးမႈေတြနဲ႕
ျပည့္ႏွက္ေနတာ

___________________________________________

Continue Reading

You'll Also Like

385K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.1M 26K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
297K 10.7K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...