ချစ်သက်ဝေ

By MAYNINE_04

32.2K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... More

A/N
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

ဤသို့အစပြု၍

926 52 5
By MAYNINE_04

တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့သော မန္တလေးမြို့သို့ ချင်းနင်းဝင်ရောက်လာပြီဆိုကတည်းက ပတ်ဝန်းကျင်လေထုသည် ရန်ကုန်မြို့နှင့်မတူဘဲ ထူးခြားနေသည်ဟု သူဇာလွင် ထင်မိသည်။ ဖတ်လက်စ ဆရာမ ဂျူး၏ အမှတ်တရ ဆိုသော စာအုပ်လေးကို စာရွက်ပိုင်းလေးတစ်ခုဖြင့်ညှပ်၍ နေရာအမှတ်အသားလုပ်လိုက်ပြီး အိတ်ထဲသို့ သိမ်းလိုက်သည်။

အသက် ၂၈ နှစ်အတွင်း မန္တလေးမြို့သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်မို့ သည်အခွင့်အရေးကို လက်လွတ်မခံချင်ပါ။ ထို့ကြောင့် မြင်မြင်သမျှကို လွင် မှတ်စုစာအုပ်အသေးလေးထဲ ချရေးမှတ်လိုက်သည်။ မွေးနေ့တုန်းက ဖေဖေလက်ဆောင်ပေးထားသော ဖလင်ကင်မရာအဟောင်းလေးကို တယုတယထုတ်၍ မြင်ကွင်းများကိုလည်း အဆက်မပြတ် မှတ်တမ်းတင်လိုက်သည်။ မန္တလေးသူ၏အထုပ္ပတ္တိကို ရေးချင်လျှင် မန္တလေးကိုလည်း သေချာသိနေမှဖြစ်မည်ဟု လွင်ခံယူထားသည်။

လွင် မန္တလေးမရောက်ဖူးသော်လည်း စိတ်ပူစရာတော့သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် မန္တလေးတွင် မေမေ့အစ်မ အန်တီမူယာနှင့် မေမေ့ညီမ အန်တီစန္ဒာတို့ရှိသဖြင့် လွင့် နေရေးစားရေး အစစအရာရာ အဆင်ပြေသည်။ ယခုလည်း လွင်လာမည့်ရက်ကို ကားဂိတ်အထိ လာကြိုမည်ဟု လွင့်ကို စာထဲ၌ရေးပေးထားသည်။

လက်ကိုင်အိတ်တစ်လုံးနှင့် ခရီးဆောင်အိတ်တစ်လုံးသာပါသောကြောင့် လွင့်အတွက် သိပ်တော့ ဝန်မများပါ။ ကားပေါ်မှဆင်း၍ ဟိုဟိုသည်သည် မျက်လုံးကို ဝေ့၍ရှာလိုက်တော့ မလှမ်းမကမ်းတွင် ကားလေးတစ်စီးဖြင့် ရပ်ကာ စောင့်နေသည့် အန်တီစန္ဒာ့ကို တွေ့လိုက်ရသည်။ ပိုက်ဆံအတန်အသင့်ရှိပြီး ခေတ်ပညာတတ် အန်တီစန္ဒာက သူများကိုမှီခိုရတာမကြိုက်၍ ကားမောင်းခြင်းအတတ်ကို ကိုယ်တိုင်သင်ထားလေသည်။

" သူဇာ "

" အန်တီကတော့လုပ်ပြီ လွင် အဲ့နာမည်ကြီးမကြိုက်ပါဘူးဆို "

" အောင်မယ် ဒီလောက်လှတဲ့နာမည်ကို။ ညည်းက ညည်းအဖေချစ်ပါအေ ငါတို့ညီအစ်မတတွေနဲ့တူအောင်မှည့်ပေးထားတဲ့နာမည်ကျ မကြိုက်ဘူး။ ညည်းအဖေနာမည်ပဲ ကြိုက်တာ "

အန်တီစန္ဒာက လွင့်ကို စကားနာထိုးသည်။ မေမေတို့ ညီအစ်မ သုံးယောက်မှာ မူယာ၊ မာလာ၊ စန္ဒာဟူ၍အမည်တွင်ပြီး နောက်ဆုံးတွင် ဘွားဘွားကြီးနာမည် သိမ့်ဖြင့် အဆုံးသတ်ကြသည်။ သောကြာသမီး သူဇာ့ကိုလည်း မေမေက သူတို့ညီအစ်မများနှင့်ကာရန်ယူ၍ ဖေဖေ့နာမည် ဦးစံလွင်မှ လွင်ကိုယူကာ သူဇာလွင်ဟု ပေးခဲ့ခြင်းဖြစ်သည်။ လွင်ကတော့ သူဇာဆိုသည့်နာမည်ကို နည်းနည်းလေးမျှ မကြိုက်သဖြင့် လွင်ဟုသာ ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းလေ့ရှိသည်။

" ကဲပါ အန်တီစန္ဒာကတော့လုပ်ပြီ။ ကိုယ့်တူမလေး ခရီးရောက်မဆိုက်ကို စကားနာထိုးစရာလား။ မေမေနဲ့ကိုတိုင်ဦးမယ် "

" တိုင်ပေါ့ တော့်အမေ ဒေါ်မာလာကို စန္ဒာသိမ့်တို့က မကြောက်ပေါင် "

" ဒါဖြင့်လည်း ကြီးကြီးနဲ့တိုင်မယ် အန်တီစန္ဒာ ကြီးကြီးကို မကြောက်ဘူးတော့မပြောနဲ့ "

" မမမူကိုတော့ ကြောက်တာပေါ့။ မေမေ မရှိကတည်းက အိမ်မှာ သူ့ဩဇာတည်နေတာကို။ တစ်မျိုးလုံးကြောက်ရတဲ့သူက ငါက မကြောက်ဘဲရှိပါ့မလားအေ။ ပြီးတော့ ငါ့မှာ သူနဲ့အတူတူနေနေရတာ အပြောအဆိုကလည်း နေ့တိုင်းခံရတယ်တော်ရေ့ "

မေမေတို့ ညီအစ်မ သုံးယောက်တွင် အန်တီစန္ဒာက အငယ်ဆုံးဖြစ်ပြီး အသွက်ဆုံးလည်းဖြစ်သည်။ တူ၊ တူမ များနှင့်လည်း သူငယ်ချင်းပေါင်းပေါင်း၍ရသူပင်။ မေမေ့အစ်မဖြစ်သူ ကြီးကြီးမူယာကတော့ ဩဇာအာဏာကြီးမားကာ စည်းကမ်းတင်းကြပ်သူဖြစ်သည်။ သည်မိသားစုတွင် ကြီးကြီးကိုလွန်ဆန်ဝံ့သည့်သူတော့ မရှိပေ။ မေမေကတော့ ကြီးကြီးလောက်လည်း စည်းကမ်းမတင်း၊ အန်တီစန္ဒာ့လိုလည်း မသွက်ဘဲ ‌ခပ်အေးအေးသာနေတတ်သည့် အိမ်ထောင်ရှင်မသာဖြစ်လေသည်။

အိမ်သို့ရောက်သောအခါ ဧည့်ခန်းထဲတွင်ထိုင်၍ သတင်းစာဖတ်နေသော ကြီးကြီးမူယာကို လွင် နှုတ်ဆက်လိုက်သည်။

" လွင်ရောက်ပါပြီ ကြီးကြီး "

" ဪ အေး ရောက်ပြီလား သမီးသူဇာ ပင်ပန်းရောပေါ့ သွား သွား အထုပ်တွေချပြီး အဝတ်အစားပေါ့ပေါ့ပါးပါးလဲချည်ဦး။ ပြီးမှ ပြန်ဆင်းခဲ့ "

" ဟုတ်ကဲ့ ကြီးကြီး "

အန်တီစန္ဒာ့၏ သူဇာ ခေါ်သံကို နှုတ်ခမ်းဆူ၍ မကြိုက်ဘူးပြောရဲသော်လည်း ကြီးကြီး၏ သမီးသူဇာ ခေါ်သံကို မကြိုက်ပါဘူးဟု မျက်နှာထားလေးနှင့်ပင် မဖော်ပြရဲပါချေ။ အဲသလောက်အထိ ကြီးကြီးကို ကြောက်ရပါသည်။

" ကြည်ပြာရေ ညီမလေးရောက်နေပြီ။ အပေါ်ထပ် အခန်းထဲကိုနေရာချပေးလိုက်ဦး "

ကြီးကြီး အသံကြား၍ မီးဖိုချောင်ထဲ၌ စီမံနေသော ကြီးကြီး၏သမီး မမကြည်ပြာက အပြေးတစ်ပိုင်းထွက်လာသည်။ မမကြည်ပြာပင်လျှင် အပျိုကြီးတစ်ပိုင်းဖြစ်နေပြီကို တွေ့ရသည်။ ဟုတ်ပေမည် သူဇာတောင်မှ ယခု ၂၈ ထဲသို့ချင်းနင်းဝင်ရောက်နေပြီမဟုတ်လား။ မမကြည်ပြာက သူဇာ့ထက် ၅ နှစ်ပင်ကြီးသေးသည်။

မမကြည်ပြာက ဆံပင်ကိုနဖူးအပြောင်သိမ်းပြီး အမြဲလိုလိုဆံထုံးထုံးထားတတ်သဖြင့် မမ၏ မျက်နှာကရှင်းရှင်းလေးဖြစ်နေတတ်သည်။ ကြီးကြီးဆီမှ အမွေရထားသည့် နှုတ်ခမ်းဖူးဖူးကို အမြဲလိုလိုကော့ညွှတ်စွာပြုံးစေတတ်သဖြင့် မျက်နှာလည်းချိုသည်။ မမ၏ အောက်တွင် မိန်းကလေးအငယ်မရှိ၍ လွင့်ကို ညီမအရင်းတစ်ယောက်လိုချစ်ရှာသည်။ လွင် မကြိုက်သောနာမည်ကိုပင် မခေါ်ဘဲထားကာ လွင်ဟုခေါ်ရှာသည်။

" ရောက်ပြီလား မမ လွင်ကြိုက်တတ်တာလေးတွေ ချက်နေတာ။ ကဲလာ မမကို တစ်ခုပေး သယ်ခဲ့ပေးမယ် "

" အို မဟုတ်တာ လွင်သယ်ခဲ့မယ် ပေါ့ပေါ့လေးရယ် ရတယ် "

မမကြည်ပြာက ခရီးဆောင်အိတ်ကို အတင်းကူသယ်မည်လုပ်နေသဖြင့် လွင် မနည်းပြောရသည်။ နောက်ဆုံးတော့ ခေါင်းမာသည့်လွင့်ကို မနိုင်သဖြင့် မမကြည်ပြာ လက်လျှော့သွားသည်။ အခန်းထဲသို့ရောက်၍ ပစ္စည်းများနေရာချပြီးသောအခါ မမကြည်ပြာက

" လွင်ကတော့ ဘယ်ချိန်ကြည့်ကြည့် လှနေတော့တာပါပဲ "

" မမကတော့ မြှောက်ပြီ "

" တကယ်ပြောတာ လွင်ရဲ့ ကြီးလေလှလေပဲတော် "

မမ စကားကြောင့် လွင် ရှက်ပြုံးပြုံးလိုက်မိသည်။ နက်မှောင်သော မျက်ခုံးနှစ်ခုအောက်တွင်ရှိသည့် စူးရှသော မျက်ဝန်း၊ ဖြောင့်စင်းသည့် နှာတံနှင့် မျိုးရိုးမှဆင်းသက်လာသော နှုတ်ခမ်းဖူးဖူးတို့ကြောင့် ခြုံငုံကြည့်လိုက်လျှင် လွင့်ကို လှသည်ဟုဆိုနိုင်သည်။ သို့သော် တစ်ခါတည်းကြည့်ရုံနှင့် စွဲမက်သည့်အလှမျိုးမဟုတ်ဘဲ တစိမ့်စိမ့်ကြည့်ရင်း လှသည့်အလှမျိုးဖြစ်သည်။

" အယ် လွင်ရေ မမ ဟင်းအိုးတည်ခဲ့တာ တူးကုန်တော့မယ် ဆင်းနှင့်မယ်နော် အဝတ်အစားလဲပြီးမှ လာခဲ့ "

" ဟုတ် မမ "

မမကြည်ပြာဆင်းသွားမှ လွင် ရင်ဖုံးပွပွနှင့် လတ်လတ်လောလောထဘီတစ်ထည်ကို လဲလိုက်သည်။ ထို့နောက် ကြီးကြီးစောင့်နေမည်စိုးသဖြင့် အချိန်မဆွဲတော့ဘဲ အောက်ထပ်ကို ဆင်းသွားလိုက်သည်။ ကြီးကြီး နှင့် မလှမ်းမကမ်းက ခုံတွင် ဝင်ထိုင်လိုက်တော့ ကြီးကြီးကအရင် စကားစလာသည်။

" သမီးသူဇာ ဒီကိုလာတာ စာရေးဖို့ဆို မာလာ ဖုန်းဆက်တယ် "

" ဟုတ်ပါတယ် ကြီးကြီး သမီး အတ္ထုပ္ပတ္တိရေးမလို့ပါ "

" ဘယ်သူ့အတ္ထုပ္ပတ္တိများလဲ "

" မင်းသမီးကြီး ဒေါ်သက်ဝေရဲ့ အတ္ထုပ္ပတ္တိပါ ကြီးကြီး "

" ‌ဪ ..ဪ သူ့ဘက်ကိုရော ဆက်သွယ်ပြီးပြီလား "

" ဟုတ်ကဲ့ သူ့ဘက်က လာပြီး မေးမြန်းလို့ရပါတယ်ဆိုတဲ့ အကြောင်းပြန်စာရလို့ သမီးလိုက်လာခဲ့တာပါ "

" အေးကွယ် မသက်ဝေဆိုတာ သူ့ခေတ်သူ့အခါက အတော်နာမည်ကြီးခဲ့တဲ့သူပဲ။ ကောလဟာလတွေလည်း ရှိခဲ့တဲ့သူပေါ့။ ထားပါလေ သူများအကြောင်း ကွယ်ရာမှာ လက်လွတ်စပယ်ပြောတာမကောင်းပါဘူး။ သမီး သူ့ကို မေးကြည့်ရင်း သိလာမှာပါ။ ဒါပေမယ့် တစ်ခုတော့ သတိထားပါ။ သမီးသူ့အကြောင်းရေးမယ်ဆို သေချာမေးပါ စုံစမ်းပါ အချက်အလက်နဲ့တိတိကျကျ ဖော်ပြပါ။ တစ်ယောက်စကားတစ်ခွန်းနဲ့ပဲ ကိုယ်ရေးရမယ့် အချက်ကို အတည်မပြုပစ်နဲ့ ကြားလား။ လူတစ်ယောက်ရဲ့ဘဝအကြောင်းကိုရေးတဲ့နေရာမှာ မုသားတွေပါလာရင် စာဖတ်သူတွေကို စော်ကားရာရောက်တယ် "

" ဟုတ်ကဲ့ပါ ကြီးကြီး သမီး သေချာလုပ်ပါ့မယ် "

ထိုညက အိပ်ရာဝင်တော့ နေ့လယ်က ကြီးကြီးပြောသွားသည့် စကားကို အတွေးနယ်ချဲ့ရင်း အတ္ထုပ္ပတ္တိရေးမည့်ကိစ္စကို အတွေးပျံ့လွင့်နေမိသည်။ ရေးစရာမင်းသမီးပေါင်းများစွာ ရှိတဲ့အထဲမှာမှ လွင်ဟာ မင်းသမီးကြီး သက်ဝေကို ရွေးခဲ့မိသည်။ သူမက အခြားမင်းသမီးများနှင့်မတူ ခပ်အေးအေးနှင့် တစိမ့်စိမ့်ကြည့်ချင်လောက်စရာ မင်းသမီးဖြစ်ပြီး ပညာကိုလည်း အစွမ်းကုန် အသုံးချတတ်သူဖြစ်သည်။ လွင် အနှစ်သက်ရဆုံး မင်းသမီးဖြစ်သည်မို့ သူမ၏ဘဝဇာတ်ကြောင်းကိုလည်း နောင်လာနောက်သားများအထိ သိစေရန် ရည်ရွယ်ချင်သည်။ သိပ်တော်သည့် မင်းသမီးတစ်လက်၏ အတွေ့အကြုံများကို သည်အတိုင်း ပျောက်မပျက်မသွားစေချင်ပေ။ ထို့ကြောင့် သည်အတ္ထုပ္ပတ္တိကို လွင် သေချာ‌ကြိုးစား၍ ရေးရပေမည်။

မန္တလေးမြို့ ၈၃×၈၆ လမ်း၊ ၂၀×၂၁ လမ်းကြား ‌အိမ်အမှတ် ၂၅၇။

စာရွက်ပိုင်းလေးပေါ်မှ အိမ်နံပါတ်နှင့် လွင့် မျက်စိရှေ့က နှစ်ထပ်အိမ်လေး၏ အိမ်နံပါတ်နှင့် တိုက်ကြည့်တော့ တစ်ထပ်တည်းပင်။ အန်တီစန္ဒာက လွင့်ကိုလိုက်ပို့ပေးပြီး ပြန်သွားသည်။ လွင်တစ်ယောက် အိမ်ထဲသို့မဝင်ရဲသေးဘဲ အပြင်တွင် ခေတ္တမျှရပ်နေမိသည်။

" ဘာကိစ္စရှိလို့ပါလဲရှင် "

ပီသချိုမြသော အသံပိုင်ရှင်သည် လွင် ရပ်နေရာ ခြံဝန်းထဲမှ ထွက်ပေါ်လာသည်။ သေချာကြည့်မိတော့ တံခါးနောက်တွင် ရပ်နေသည့် အမျိုးသမီးတစ်ဦး။ လွင့်ထက်တော့ အနည်းငယ်ကြီးပုံရသည့် ထိုအမျိုးသမီးသည် ရင်ဖုံးလက်ရှည် ခရမ်းရောင်ကို ဝတ်ဆင်ထားကာ ပါးတွင် သနပ်ခါးပါးကွက်ကွက်ထားသည်။ ထူထဲနက်မှောင်သည့် ဆံပင်များကိုတော့ ကျစ်ဆံမြီးကျစ်၍ ပခုံးတစ်ဖက်သို့ချထားသည်။

" ကျွန်မ နာမည် သူဇာလွင်ပါရှင် ဒေါ်သက်ဝေနဲ့ တွေ့ဖို့ပြောထားတဲ့ စာရေးဆရာမပါ "

" ဪ စာရေးဆရာမ လွင် မဟုတ်လား ကျွန်တော်က စာရေးဆရာမဆိုတော့ အသက်ခပ်ကြီးကြီးထင်နေတာ ကျွန်တော့်ထက်တောင်ငယ်မယ်ထင်ရဲ့နော် "

မန္တလာသူများ၏ "ကျွန်တော်" ဟူသော ချစ်စရာ အသုံးအနှုန်းကြားလိုက်ရသဖြင့် လွင်ပြုံးမိသွားသည်။ ထို့နောက် သူမ၏ ဖိတ်ခေါ်မှုဖြင့် လွင် အိမ်ထဲသို့ရောက်သွားသည်။

" ဒီမှာ ခဏထိုင်ပါဦးနော် ကျွန်တော် ကြီးကြီးကိုသွားခေါ်လိုက်ပါဦးမယ် "

" ဟုတ်ကဲ့ရှင့် "

ဧည့်ခန်းတွင်ထိုင်ရင်း ဘေးဘီဝဲယာကို ကြည့်တော့ နံရံတွင် မိသားစုဓာတ်ပုံနှင့် ‌ဒေါ်သက်ဝေ၏ပုံများကိုတွေ့ရသည်။ ခုနကတွေ့ခဲ့သည့် အမျိုးသမီး၏ ပုံလည်း တစ်ပုံစ နှစ်ပုံစ ပါဝင်နေသည်။

" စောင့်ရတာ ကြာပြီလားကွယ် ဒေါ်ဒေါ်အားနာလိုက်တာ "

ပကတိအေးချမ်းသည့် အသံပိုင်ရှင်သည် လွင်နှစ်သက်ရသည့် မင်းသမီးမှန်း ချက်ချင်းသိလိုက်ပါသည်။ ဇရာကြောင့် ဖြစ်တည်လာသော ဆံပင်ဖြူများနှင့် အသားအရေတင်းရင်းမှုမရှိခြင်းကလွဲလို့ ဒေါ်သက်ဝေသည် ကျက်သရေရှိဆဲဖြစ်သည်။

" ရပါတယ်ရှင့် လွင် ခုလေးမှ ရောက်တာပါ "

အသက် ၇၁ နှစ်အရွယ် ဒေါ်သက်ဝေသည် မည်သူ့အကူအညီမှ မယူရပါဘဲ သူမ ဘာသာ သွားလာနိုင်သေးသည်။ အသံတုန်ရီခြင်း၊ ခါးကိုင်းခြင်းစသည်တို့ကိုလည်း မတွေ့ရ။ အရွယ်သုံးပါးစလုံး၌ လှသည့် မိန်းမမျိုးဆိုတာ ဒေါ်သက်ဝေကို ပြောခြင်းဖြစ်ရမည်။ ချည်ထည်ရင်ဖုံးအသားရောင်လေးနှင့် ‌ပတ်လည်ထဘီလေးကို ဝတ်ထားပြီး သနပ်ခါးပါးပါးလိမ်းထားသဖြင့် သနပ်ခါးနံ့သင်းသင်းလေးပါရနေသည်။ ‌‌ဒေါ်သက်ဝေကို မြင်ရရုံဖြင့်ပင် လွင် စိတ်နှလုံးအေးချမ်းခြင်းတို့ကို ခံစားလိုက်ရသည်။

" သမီးနာမည် လွင် နော် "

" ဟုတ်ကဲ့ သူဇာလွင်ပါ ဒေါ်ဒေါ်။ စာရေးရင်တော့ လွင်ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးပါတယ် "

" အေးကွယ် သမီးရဲ့ ရွက်ကြွေ ဆိုတဲ့စာအုပ်ကို ဒေါ်ဒေါ်ဖတ်ဖူးပါတယ်။ အဲဒီမှာတင် သမီးရဲ့ စာ‌အရေးအသားကို သဘောကျနေတာ။ ဇာတ်ကောင်ရဲ့ဘဝကိုလည်း ရုပ်လုံးကြွအောင်ပုံဖော်နိုင်တယ်လေ။ အဲဒီအချိန်မှာပဲ သမီးက ဒေါ်ဒေါ့်အကြောင်းကို ရေးချင်တယ်ပြောလာတော့ ရေကန်အသင့် ကြာအသင့်ပေါ့ကွယ် "

ဒေါ်သက်ဝေက မောသွားဟန်တူ၍ စကားကို ခဏနားလိုက်သည်။ လွင့်ကို တံခါးလာဖွင့်ပေးသော အမျိုးသမီးက ရေနွေးကြမ်းလင်ဗန်းနှင့်အတူ ကရေကရာ၊ မုန့်ဩဇာ စသည့် မုန့်များကို ဧည့်ခံရန်ယူလာသည်။

" မိတ်ဆက်ပေးရဦးမယ် ဒါ ဒေါ်ဒေါ့်ရဲ့ တူမ ခင်မြခက် တဲ့ "

" တွေ့ရတာ ဝမ်းသာပါတယ် အစ်မမြခက် သူဇာလွင်ပါ "

" တွေ့ရတာ ဝမ်းသာပါတယ် သူဇာ "

တစ်သက်လုံး ‌သူဇာ ဟုအခေါ်ခံရလျှင် မကြိုက်ခဲ့ပေမယ့် မခင်မြခက်၏ ကြည်လင်ချိုမြသော ခေါ်သံကိုတော့ လွင် မငြင်းပယ်ရက်ပါ။

" ရှေ့လျှောက် တွေ့နေရမှာဆိုတော့ ရင်းရင်းနှီးနှီးနေကြပေါ့ကွယ်။ သမီးမြခက် ဒီနေ့ သူဇာလေးကို ထမင်းကျွေးဖို့ပြင်လိုက်ဦးနော် "

" အို ရပါတယ် ဒေါ်ဒေါ်ရဲ့ အားနာစရာ "

" အားမနာရပါဘူး သူဇာ။ ကျွန်တော်က ဟင်းချက် သိပ်ကောင်းတယ်။ စားကြည့်ပါဦးလေ နောက်မှ အစ်မမြခက် လက်ရာ စားချင်လို့ပါ ဖြစ်နေမယ်နော် "

အရွှန်းဖောက်၍ ပြောလိုက်သော မခင်မြခက်ကြောင့် လွင်ရော ဒေါ်ဒေါ်ပါရယ်မိကြသည်။

" ဒါဖြင့်လည်း စားပါ့မယ် အစ်မ "

အချိန်တိုအတွင်းမှာပင် ဒီအိမ်လေး၏ နွေးထွေးမှုကို လွင်ရရှိခဲ့သည်။ ထို့နောက် အဓိက လာရသည့် ရည်ရွယ်ချက်အတွက် ပြင်ဆင်ရတော့သည်။ လွင် ပြောသမျှတို့ကို အသံသွင်းရန် အသံဖမ်းရီကော်ဒါလေးကို အိတ်ထဲမှ ထုတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် မှတ်စုစာအုပ်နှင့် ဖောင်တိန်ကိုပါ အသင့်ပြင်ထားလိုက်သည်။

" ဒေါ်ဒေါ် အဆင်သင့်ဖြစ်ရင် လွင်တို့ စကြရအောင်နော် "

" ကောင်းပါပြီကွယ် "

လွင် ရီကော်ဒါ၏ အသံဖမ်းခလုတ်လေးကို နှိပ်လိုက်သည်။ လက်မှလည်း ဖောင်တိန်ကိုကိုင်ကာ မှတ်စုစာအုပ်ထဲ၌ ချရေးလိုက်သည်။

၁၉၉၀ ခုနှစ်၊ မေလရက် ကြာသပတေးနေ့
မင်းသမီး သက်ဝေအတ္ထုပ္ပတ္တိစတင်ပြုစုသောနေ့

" ဒေါ်ဒေါ့်ကို မွေးတဲ့နေ့ကပဲ စပြောလိုက်မယ်နော် "

" ဟုတ်ကဲ့ပါ ဒေါ်ဒေါ် "

" လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀) တုန်းက ဟောသည် မန္တလေး အောင်တော်မူအိမ်ကြီးမှာပေါ့ကွယ် ..."

မေနိုင်း
၁၇.၁၁.၂၀၂၃

တစ္ခ်ိန္က မင္းေနျပည္ေတာ္ျဖစ္ခဲ့ေသာ မႏၲေလးၿမိဳ႕သို႔ ခ်င္းနင္းဝင္ေရာက္လာၿပီဆိုကတည္းက ပတ္ဝန္းက်င္ေလထုသည္ ရန္ကုန္ၿမိဳ႕ႏွင့္မတူဘဲ ထူးျခားေနသည္ဟု သူဇာလြင္ ထင္မိသည္။ ဖတ္လက္စ ဆရာမ ဂ်ဴး၏ အမွတ္တရ ဆိုေသာ စာအုပ္ေလးကို စာ႐ြက္ပိုင္းေလးတစ္ခုျဖင့္ညႇပ္၍ ေနရာအမွတ္အသားလုပ္လိုက္ၿပီး အိတ္ထဲသို႔ သိမ္းလိုက္သည္။

အသက္ ၂၈ ႏွစ္အတြင္း မႏၲေလးၿမိဳ႕သို႔ ပထမဆုံးအႀကိမ္ေရာက္ဖူးျခင္းျဖစ္သည္မို႔ သည္အခြင့္အေရးကို လက္လြတ္မခံခ်င္ပါ။ ထို႔ေၾကာင့္ ျမင္ျမင္သမွ်ကို လြင္ မွတ္စုစာအုပ္အေသးေလးထဲ ခ်ေရးမွတ္လိုက္သည္။ ေမြးေန႔တုန္းက ေဖေဖလက္ေဆာင္ေပးထားေသာ ဖလင္ကင္မရာအေဟာင္းေလးကို တယုတယထုတ္၍ ျမင္ကြင္းမ်ားကိုလည္း အဆက္မျပတ္ မွတ္တမ္းတင္လိုက္သည္။ မႏၲေလးသူ၏အထုပၸတၱိကို ေရးခ်င္လွ်င္ မႏၲေလးကိုလည္း ေသခ်ာသိေနမွျဖစ္မည္ဟု လြင္ခံယူထားသည္။

လြင္ မႏၲေလးမေရာက္ဖူးေသာ္လည္း စိတ္ပူစရာေတာ့သိပ္မရွိေပ။ အဘယ္ေၾကာင့္ဆိုေသာ္ မႏၲေလးတြင္ ေမေမ့အစ္မ အန္တီမူယာႏွင့္ ေမေမ့ညီမ အန္တီစႏၵာတို႔ရွိသျဖင့္ လြင့္ ေနေရးစားေရး အစစအရာရာ အဆင္ေျပသည္။ ယခုလည္း လြင္လာမည့္ရက္ကို ကားဂိတ္အထိ လာႀကိဳမည္ဟု လြင့္ကို စာထဲ၌ေရးေပးထားသည္။

လက္ကိုင္အိတ္တစ္လုံးႏွင့္ ခရီးေဆာင္အိတ္တစ္လုံးသာပါေသာေၾကာင့္ လြင့္အတြက္ သိပ္ေတာ့ ဝန္မမ်ားပါ။ ကားေပၚမွဆင္း၍ ဟိုဟိုသည္သည္ မ်က္လုံးကို ေဝ့၍ရွာလိုက္ေတာ့ မလွမ္းမကမ္းတြင္ ကားေလးတစ္စီးျဖင့္ ရပ္ကာ ေစာင့္ေနသည့္ အန္တီစႏၵာ့ကို ေတြ႕လိုက္ရသည္။ ပိုက္ဆံအတန္အသင့္ရွိၿပီး ေခတ္ပညာတတ္ အန္တီစႏၵာက သူမ်ားကိုမွီခိုရတာမႀကိဳက္၍ ကားေမာင္းျခင္းအတတ္ကို ကိုယ္တိုင္သင္ထားေလသည္။

" သူဇာ "

" အန္တီကေတာ့လုပ္ၿပီ လြင္ အဲ့နာမည္ႀကီးမႀကိဳက္ပါဘူးဆို "

" ေအာင္မယ္ ဒီေလာက္လွတဲ့နာမည္ကို။ ညည္းက ညည္းအေဖခ်စ္ပါေအ ငါတို႔ညီအစ္မတေတြနဲ႔တူေအာင္မွည့္ေပးထားတဲ့နာမည္က် မႀကိဳက္ဘူး။ ညည္းအေဖနာမည္ပဲ ႀကိဳက္တာ "

အန္တီစႏၵာက လြင့္ကို စကားနာထိုးသည္။ ေမေမတို႔ ညီအစ္မ သုံးေယာက္မွာ မူယာ၊ မာလာ၊ စႏၵာဟူ၍အမည္တြင္ၿပီး ေနာက္ဆုံးတြင္ ဘြားဘြားႀကီးနာမည္ သိမ့္ျဖင့္ အဆုံးသတ္ၾကသည္။ ေသာၾကာသမီး သူဇာ့ကိုလည္း ေမေမက သူတို႔ညီအစ္မမ်ားႏွင့္ကာရန္ယူ၍ ေဖေဖ့နာမည္ ဦးစံလြင္မွ လြင္ကိုယူကာ သူဇာလြင္ဟု ေပးခဲ့ျခင္းျဖစ္သည္။ လြင္ကေတာ့ သူဇာဆိုသည့္နာမည္ကို နည္းနည္းေလးမွ် မႀကိဳက္သျဖင့္ လြင္ဟုသာ ကိုယ့္ကိုယ္ကိုယ္ သုံးႏႈန္းေလ့ရွိသည္။

" ကဲပါ အန္တီစႏၵာကေတာ့လုပ္ၿပီ။ ကိုယ့္တူမေလး ခရီးေရာက္မဆိုက္ကို စကားနာထိုးစရာလား။ ေမေမနဲ႔ကိုတိုင္ဦးမယ္ "

" တိုင္ေပါ့ ေတာ့္အေမ ေဒၚမာလာကို စႏၵာသိမ့္တို႔က မေၾကာက္ေပါင္ "

" ဒါျဖင့္လည္း ႀကီးႀကီးနဲ႔တိုင္မယ္ အန္တီစႏၵာ ႀကီးႀကီးကို မေၾကာက္ဘူးေတာ့မေျပာနဲ႔ "

" မမမူကိုေတာ့ ေၾကာက္တာေပါ့။ ေမေမ မရွိကတည္းက အိမ္မွာ သူ႔ဩဇာတည္ေနတာကို။ တစ္မ်ိဳးလုံးေၾကာက္ရတဲ့သူက ငါက မေၾကာက္ဘဲရွိပါ့မလားေအ။ ၿပီးေတာ့ ငါ့မွာ သူနဲ႔အတူတူေနေနရတာ အေျပာအဆိုကလည္း ေန႔တိုင္းခံရတယ္ေတာ္ေရ႕ "

ေမေမတို႔ ညီအစ္မ သုံးေယာက္တြင္ အန္တီစႏၵာက အငယ္ဆုံးျဖစ္ၿပီး အသြက္ဆုံးလည္းျဖစ္သည္။ တူ၊ တူမ မ်ားႏွင့္လည္း သူငယ္ခ်င္းေပါင္းေပါင္း၍ရသူပင္။ ေမေမ့အစ္မျဖစ္သူ ႀကီးႀကီးမူယာကေတာ့ ဩဇာအာဏာႀကီးမားကာ စည္းကမ္းတင္းၾကပ္သူျဖစ္သည္။ သည္မိသားစုတြင္ ႀကီးႀကီးကိုလြန္ဆန္ဝံ့သည့္သူေတာ့ မရွိေပ။ ေမေမကေတာ့ ႀကီးႀကီးေလာက္လည္း စည္းကမ္းမတင္း၊ အန္တီစႏၵာ့လိုလည္း မသြက္ဘဲ ‌ခပ္ေအးေအးသာေနတတ္သည့္ အိမ္ေထာင္ရွင္မသာျဖစ္ေလသည္။

အိမ္သို႔ေရာက္ေသာအခါ ဧည့္ခန္းထဲတြင္ထိုင္၍ သတင္းစာဖတ္ေနေသာ ႀကီးႀကီးမူယာကို လြင္ ႏႈတ္ဆက္လိုက္သည္။

" လြင္ေရာက္ပါၿပီ ႀကီးႀကီး "

" ဪ ေအး ေရာက္ၿပီလား သမီးသူဇာ ပင္ပန္းေရာေပါ့ သြား သြား အထုပ္ေတြခ်ၿပီး အဝတ္အစားေပါ့ေပါ့ပါးပါးလဲခ်ည္ဦး။ ၿပီးမွ ျပန္ဆင္းခဲ့ "

" ဟုတ္ကဲ့ ႀကီးႀကီး "

အန္တီစႏၵာ့၏ သူဇာ ေခၚသံကို ႏႈတ္ခမ္းဆူ၍ မႀကိဳက္ဘူးေျပာရဲေသာ္လည္း ႀကီးႀကီး၏ သမီးသူဇာ ေခၚသံကို မႀကိဳက္ပါဘူးဟု မ်က္ႏွာထားေလးႏွင့္ပင္ မေဖာ္ျပရဲပါေခ်။ အဲသေလာက္အထိ ႀကီးႀကီးကို ေၾကာက္ရပါသည္။

" ၾကည္ျပာေရ ညီမေလးေရာက္ေနၿပီ။ အေပၚထပ္ အခန္းထဲကိုေနရာခ်ေပးလိုက္ဦး "

ႀကီးႀကီး အသံၾကား၍ မီးဖိုေခ်ာင္ထဲ၌ စီမံေနေသာ ႀကီးႀကီး၏သမီး မမၾကည္ျပာက အေျပးတစ္ပိုင္းထြက္လာသည္။ မမၾကည္ျပာပင္လွ်င္ အပ်ိဳႀကီးတစ္ပိုင္းျဖစ္ေနၿပီကို ေတြ႕ရသည္။ ဟုတ္ေပမည္ သူဇာေတာင္မွ ယခု ၂၈ ထဲသို႔ခ်င္းနင္းဝင္ေရာက္ေနၿပီမဟုတ္လား။ မမၾကည္ျပာက သူဇာ့ထက္ ၅ ႏွစ္ပင္ႀကီးေသးသည္။

မမၾကည္ျပာက ဆံပင္ကိုနဖူးအေျပာင္သိမ္းၿပီး အၿမဲလိုလိုဆံထုံးထုံးထားတတ္သျဖင့္ မမ၏ မ်က္ႏွာကရွင္းရွင္းေလးျဖစ္ေနတတ္သည္။ ႀကီးႀကီးဆီမွ အေမြရထားသည့္ ႏႈတ္ခမ္းဖူးဖူးကို အၿမဲလိုလိုေကာ့ၫႊတ္စြာၿပဳံးေစတတ္သျဖင့္ မ်က္ႏွာလည္းခ်ိဳသည္။ မမ၏ ေအာက္တြင္ မိန္းကေလးအငယ္မရွိ၍ လြင့္ကို ညီမအရင္းတစ္ေယာက္လိုခ်စ္ရွာသည္။ လြင္ မႀကိဳက္ေသာနာမည္ကိုပင္ မေခၚဘဲထားကာ လြင္ဟုေခၚရွာသည္။

" ေရာက္ၿပီလား မမ လြင္ႀကိဳက္တတ္တာေလးေတြ ခ်က္ေနတာ။ ကဲလာ မမကို တစ္ခုေပး သယ္ခဲ့ေပးမယ္ "

" အို မဟုတ္တာ လြင္သယ္ခဲ့မယ္ ေပါ့ေပါ့ေလးရယ္ ရတယ္ "

မမၾကည္ျပာက ခရီးေဆာင္အိတ္ကို အတင္းကူသယ္မည္လုပ္ေနသျဖင့္ လြင္ မနည္းေျပာရသည္။ ေနာက္ဆုံးေတာ့ ေခါင္းမာသည့္လြင့္ကို မႏိုင္သျဖင့္ မမၾကည္ျပာ လက္ေလွ်ာ့သြားသည္။ အခန္းထဲသို႔ေရာက္၍ ပစၥည္းမ်ားေနရာခ်ၿပီးေသာအခါ မမၾကည္ျပာက

" လြင္ကေတာ့ ဘယ္ခ်ိန္ၾကည့္ၾကည့္ လွေနေတာ့တာပါပဲ "

" မမကေတာ့ ေျမႇာက္ၿပီ "

" တကယ္ေျပာတာ လြင္ရဲ႕ ႀကီးေလလွေလပဲေတာ္ "

မမ စကားေၾကာင့္ လြင္ ရွက္ၿပဳံးၿပဳံးလိုက္မိသည္။ နက္ေမွာင္ေသာ မ်က္ခုံးႏွစ္ခုေအာက္တြင္ရွိသည့္ စူးရွေသာ မ်က္ဝန္း၊ ေျဖာင့္စင္းသည့္ ႏွာတံႏွင့္ မ်ိဳး႐ိုးမွဆင္းသက္လာေသာ ႏႈတ္ခမ္းဖူးဖူးတို႔ေၾကာင့္ ၿခဳံငုံၾကည့္လိုက္လွ်င္ လြင့္ကို လွသည္ဟုဆိုႏိုင္သည္။ သို႔ေသာ္ တစ္ခါတည္းၾကည့္႐ုံႏွင့္ စြဲမက္သည့္အလွမ်ိဳးမဟုတ္ဘဲ တစိမ့္စိမ့္ၾကည့္ရင္း လွသည့္အလွမ်ိဳးျဖစ္သည္။

" အယ္ လြင္ေရ မမ ဟင္းအိုးတည္ခဲ့တာ တူးကုန္ေတာ့မယ္ ဆင္းႏွင့္မယ္ေနာ္ အဝတ္အစားလဲၿပီးမွ လာခဲ့ "

" ဟုတ္ မမ "

မမၾကည္ျပာဆင္းသြားမွ လြင္ ရင္ဖုံးပြပြႏွင့္ လတ္လတ္ေလာေလာထဘီတစ္ထည္ကို လဲလိုက္သည္။ ထို႔ေနာက္ ႀကီးႀကီးေစာင့္ေနမည္စိုးသျဖင့္ အခ်ိန္မဆြဲေတာ့ဘဲ ေအာက္ထပ္ကို ဆင္းသြားလိုက္သည္။ ႀကီးႀကီး ႏွင့္ မလွမ္းမကမ္းက ခုံတြင္ ဝင္ထိုင္လိုက္ေတာ့ ႀကီးႀကီးကအရင္ စကားစလာသည္။

" သမီးသူဇာ ဒီကိုလာတာ စာေရးဖို႔ဆို မာလာ ဖုန္းဆက္တယ္ "

" ဟုတ္ပါတယ္ ႀကီးႀကီး သမီး အတၳဳပၸတၱိေရးမလို႔ပါ "

" ဘယ္သူ႔အတၳဳပၸတၱိမ်ားလဲ "

" မင္းသမီးႀကီး ေဒၚသက္ေဝရဲ႕ အတၳဳပၸတၱိပါ ႀကီးႀကီး "

" ‌ဪ ..ဪ သူ႔ဘက္ကိုေရာ ဆက္သြယ္ၿပီးၿပီလား "

" ဟုတ္ကဲ့ သူ႔ဘက္က လာၿပီး ေမးျမန္းလို႔ရပါတယ္ဆိုတဲ့ အေၾကာင္းျပန္စာရလို႔ သမီးလိုက္လာခဲ့တာပါ "

" ေအးကြယ္ မသက္ေဝဆိုတာ သူ႔ေခတ္သူ႔အခါက အေတာ္နာမည္ႀကီးခဲ့တဲ့သူပဲ။ ေကာလဟာလေတြလည္း ရွိခဲ့တဲ့သူေပါ့။ ထားပါေလ သူမ်ားအေၾကာင္း ကြယ္ရာမွာ လက္လြတ္စပယ္ေျပာတာမေကာင္းပါဘူး။ သမီး သူ႔ကို ေမးၾကည့္ရင္း သိလာမွာပါ။ ဒါေပမယ့္ တစ္ခုေတာ့ သတိထားပါ။ သမီးသူ႔အေၾကာင္းေရးမယ္ဆို ေသခ်ာေမးပါ စုံစမ္းပါ အခ်က္အလက္နဲ႔တိတိက်က် ေဖာ္ျပပါ။ တစ္ေယာက္စကားတစ္ခြန္းနဲ႔ပဲ ကိုယ္ေရးရမယ့္ အခ်က္ကို အတည္မျပဳပစ္နဲ႔ ၾကားလား။ လူတစ္ေယာက္ရဲ႕ဘဝအေၾကာင္းကိုေရးတဲ့ေနရာမွာ မုသားေတြပါလာရင္ စာဖတ္သူေတြကို ေစာ္ကားရာေရာက္တယ္ "

" ဟုတ္ကဲ့ပါ ႀကီးႀကီး သမီး ေသခ်ာလုပ္ပါ့မယ္ "

ထိုညက အိပ္ရာဝင္ေတာ့ ေန႔လယ္က ႀကီးႀကီးေျပာသြားသည့္ စကားကို အေတြးနယ္ခ်ဲ႕ရင္း အတၳဳပၸတၱိေရးမည့္ကိစၥကို အေတြးပ်ံ႕လြင့္ေနမိသည္။ ေရးစရာမင္းသမီးေပါင္းမ်ားစြာ ရွိတဲ့အထဲမွာမွ လြင္ဟာ မင္းသမီးႀကီး သက္ေဝကို ေ႐ြးခဲ့မိသည္။ သူမက အျခားမင္းသမီးမ်ားႏွင့္မတူ ခပ္ေအးေအးႏွင့္ တစိမ့္စိမ့္ၾကည့္ခ်င္ေလာက္စရာ မင္းသမီးျဖစ္ၿပီး ပညာကိုလည္း အစြမ္းကုန္ အသုံးခ်တတ္သူျဖစ္သည္။ လြင္ အႏွစ္သက္ရဆုံး မင္းသမီးျဖစ္သည္မို႔ သူမ၏ဘဝဇာတ္ေၾကာင္းကိုလည္း ေနာင္လာေနာက္သားမ်ားအထိ သိေစရန္ ရည္႐ြယ္ခ်င္သည္။ သိပ္ေတာ္သည့္ မင္းသမီးတစ္လက္၏ အေတြ႕အႀကဳံမ်ားကို သည္အတိုင္း ေပ်ာက္မပ်က္မသြားေစခ်င္ေပ။ ထို႔ေၾကာင့္ သည္အတၳဳပၸတၱိကို လြင္ ေသခ်ာ‌ႀကိဳးစား၍ ေရးရေပမည္။

မႏၲေလးၿမိဳ႕ ၈၃×၈၆ လမ္း၊ ၂၀×၂၁ လမ္းၾကား ‌အိမ္မွတ္ ၂၅၇။

စာ႐ြက္ပိုင္းေလးေပၚမွ အိမ္နံပါတ္ႏွင့္ လြင့္ မ်က္စိေရွ႕က ႏွစ္ထပ္အိမ္ေလး၏ အိမ္နံပါတ္ႏွင့္ တိုက္ၾကည့္ေတာ့ တစ္ထပ္တည္းပင္။ အန္တီစႏၵာက လြင့္ကိုလိုက္ပို႔ေပးၿပီး ျပန္သြားသည္။ လြင္တစ္ေယာက္ အိမ္ထဲသို႔မဝင္ရဲေသးဘဲ အျပင္တြင္ ေခတၱမွ်ရပ္ေနမိသည္။

" ဘာကိစၥရွိလို႔ပါလဲရွင္ "

ပီသခ်ိဳျမေသာ အသံပိုင္ရွင္သည္ လြင္ ရပ္ေနရာ ၿခံဝန္းထဲမွ ထြက္ေပၚလာသည္။ ေသခ်ာၾကည့္မိေတာ့ တံခါးေနာက္တြင္ ရပ္ေနသည့္ အမ်ိဳးသမီးတစ္ဦး။ လြင့္ထက္ေတာ့ အနည္းငယ္ႀကီးပုံရသည့္ ထိုအမ်ိဳးသမီးသည္ ရင္ဖုံးလက္ရွည္ ခရမ္းေရာင္ကို ဝတ္ဆင္ထားကာ ပါးတြင္ သနပ္ခါးပါးကြက္ကြက္ထားသည္။ ထူထဲနက္ေမွာင္သည့္ ဆံပင္မ်ားကိုေတာ့ က်စ္ဆံၿမီးက်စ္၍ ပခုံးတစ္ဖက္သို႔ခ်ထားသည္။

" ကြၽန္မ နာမည္ သူဇာလြင္ပါရွင္ ေဒၚသက္ေဝနဲ႔ ေတြ႕ဖို႔ေျပာထားတဲ့ စာေရးဆရာမပါ "

" ဪ စာေရးဆရာမ လြင္ မဟုတ္လား ကြၽန္ေတာ္က စာေရးဆရာမဆိုေတာ့ အသက္ခပ္ႀကီးႀကီးထင္ေနတာ ကြၽန္ေတာ့္ထက္ေတာင္ငယ္မယ္ထင္ရဲ႕ေနာ္ "

မႏၲလာသူမ်ား၏ "ကြၽန္ေတာ္" ဟူေသာ ခ်စ္စရာ အသုံးအႏႈန္းၾကားလိုက္ရသျဖင့္ လြင္ၿပဳံးမိသြားသည္။ ထို႔ေနာက္ သူမ၏ ဖိတ္ေခၚမႈျဖင့္ လြင္ အိမ္ထဲသို႔ေရာက္သြားသည္။

" ဒီမွာ ခဏထိုင္ပါဦးေနာ္ ကြၽန္ေတာ္ ႀကီးႀကီးကိုသြားေခၚလိုက္ပါဦးမယ္ "

" ဟုတ္ကဲ့ရွင့္ "

ဧည့္ခန္းတြင္ထိုင္ရင္း ေဘးဘီဝဲယာကို ၾကည့္ေတာ့ နံရံတြင္ မိသားစုဓာတ္ပုံႏွင့္ ‌ေဒၚသက္ေဝ၏ပုံမ်ားကိုေတြ႕ရသည္။ ခုနကေတြ႕ခဲ့သည့္ အမ်ိဳးသမီး၏ ပုံလည္း တစ္ပုံစ ႏွစ္ပုံစ ပါဝင္ေနသည္။

" ေစာင့္ရတာ ၾကာၿပီလားကြယ္ ေဒၚေဒၚအားနာလိုက္တာ "

ပကတိေအးခ်မ္းသည့္ အသံပိုင္ရွင္သည္ လြင္ႏွစ္သက္ရသည့္ မင္းသမီးမွန္း ခ်က္ခ်င္းသိလိုက္ပါသည္။ ဇရာေၾကာင့္ ျဖစ္တည္လာေသာ ဆံပင္ျဖဴမ်ားႏွင့္ အသားအေရတင္းရင္းမႈမရွိျခင္းကလြဲလို႔ ေဒၚသက္ေဝသည္ က်က္သေရရွိဆဲျဖစ္သည္။

" ရပါတယ္ရွင့္ လြင္ ခုေလးမွ ေရာက္တာပါ "

အသက္ ၇၁ ႏွစ္အ႐ြယ္ ေဒၚသက္ေဝသည္ မည္သူ႔အကူအညီမွ မယူရပါဘဲ သူမ ဘာသာ သြားလာႏိုင္ေသးသည္။ အသံတုန္ရီျခင္း၊ ခါးကိုင္းျခင္းစသည္တို႔ကိုလည္း မေတြ႕ရ။ အ႐ြယ္သုံးပါးစလုံး၌ လွသည့္ မိန္းမမ်ိဳးဆိုတာ ေဒၚသက္ေဝကို ေျပာျခင္းျဖစ္ရမည္။ ခ်ည္ထည္ရင္ဖုံးအသားေရာင္ေလးႏွင့္ ‌ပတ္လည္ထဘီေလးကို ဝတ္ထားၿပီး သနပ္ခါးပါးပါးလိမ္းထားသျဖင့္ သနပ္ခါးနံ႔သင္းသင္းေလးပါရေနသည္။ ‌‌ေဒၚသက္ေဝကို ျမင္ရ႐ုံျဖင့္ပင္ လြင္ စိတ္ႏွလုံးေအးခ်မ္းျခင္းတို႔ကို ခံစားလိုက္ရသည္။

" သမီးနာမည္ လြင္ ေနာ္ "

" ဟုတ္ကဲ့ သူဇာလြင္ပါ ေဒၚေဒၚ။ စာေရးရင္ေတာ့ လြင္ဆိုတဲ့ ကေလာင္နာမည္နဲ႔ ေရးပါတယ္ "

" ေအးကြယ္ သမီးရဲ႕ ႐ြက္ေႂကြ ဆိုတဲ့စာအုပ္ကို ေဒၚေဒၚဖတ္ဖူးပါတယ္။ အဲဒီမွာတင္ သမီးရဲ႕ စာ‌အေရးအသားကို သေဘာက်ေနတာ။ ဇာတ္ေကာင္ရဲ႕ဘဝကိုလည္း ႐ုပ္လုံးႂကြေအာင္ပုံေဖာ္ႏိုင္တယ္ေလ။ အဲဒီအခ်ိန္မွာပဲ သမီးက ေဒၚေဒါ့္အေၾကာင္းကို ေရးခ်င္တယ္ေျပာလာေတာ့ ေရကန္အသင့္ ၾကာအသင့္ေပါ့ကြယ္ "

ေဒၚသက္ေဝက ေမာသြားဟန္တူ၍ စကားကို ခဏနားလိုက္သည္။ လြင့္ကို တံခါးလာဖြင့္ေပးေသာ အမ်ိဳးသမီးက ေရေႏြးၾကမ္းလင္ဗန္းႏွင့္အတူ ကေရကရာ၊ မုန႔္ဩဇာ စသည့္ မုန႔္မ်ားကို ဧည့္ခံရန္ယူလာသည္။

" မိတ္ဆက္ေပးရဦးမယ္ ဒါ ေဒၚေဒၚ့ရဲ႕ တူမ ခင္ျမခက္ တဲ့ "

" ေတြ႕ရတာ ဝမ္းသာပါတယ္ အစ္မျမခက္ သူဇာလြင္ပါ "

" ေတြ႕ရတာ ဝမ္းသာပါတယ္ သူဇာ "

တစ္သက္လုံး ‌သူဇာ ဟုအေခၚခံရလွ်င္ မႀကိဳက္ခဲ့ေပမယ့္ မခင္ျမခက္၏ ၾကည္လင္ခ်ိဳျမေသာ ေခၚသံကိုေတာ့ လြင္ မျငင္းပယ္ရက္ပါ။

" ေရွ႕ေလွ်ာက္ ေတြ႕ေနရမွာဆိုေတာ့ ရင္းရင္းႏွီးႏွီးေနၾကေပါ့ကြယ္။ သမီးျမခက္ ဒီေန႔ သူဇာေလးကို ထမင္းေကြၽးဖို႔ျပင္လိုက္ဦးေနာ္ "

" အို ရပါတယ္ ေဒၚေဒၚရဲ႕ အားနာစရာ "

" အားမနာရပါဘူး သူဇာ။ ကြၽန္ေတာ္က ဟင္းခ်က္ သိပ္ေကာင္းတယ္။ စားၾကည့္ပါဦးေလ ေနာက္မွ အစ္မျမခက္ လက္ရာ စားခ်င္လို႔ပါ ျဖစ္ေနမယ္ေနာ္ "

အ႐ႊန္းေဖာက္၍ ေျပာလိုက္ေသာ မခင္ျမခက္ေၾကာင့္ လြင္ေရာ ေဒၚေဒၚပါရယ္မိၾကသည္။

" ဒါျဖင့္လည္း စားပါ့မယ္ အစ္မ "

အခ်ိန္တိုအတြင္းမွာပင္ ဒီအိမ္ေလး၏ ေႏြးေထြးမႈကို လြင္ရရွိခဲ့သည္။ ထို႔ေနာက္ အဓိက လာရသည့္ ရည္႐ြယ္ခ်က္အတြက္ ျပင္ဆင္ရေတာ့သည္။ လြင္ ေျပာသမွ်တို႔ကို အသံသြင္းရန္ အသံဖမ္းရီေကာ္ဒါေလးကို အိတ္ထဲမွ ထုတ္လိုက္ၿပီး တစ္ဆက္တည္းမွာပင္ မွတ္စုစာအုပ္ႏွင့္ ေဖာင္တိန္ကိုပါ အသင့္ျပင္ထားလိုက္သည္။

" ေဒၚေဒၚ အဆင္သင့္ျဖစ္ရင္ လြင္တို႔ စၾကရေအာင္ေနာ္ "

" ေကာင္းပါၿပီကြယ္ "

လြင္ ရီေကာ္ဒါ၏ အသံဖမ္းခလုတ္ေလးကို ႏွိပ္လိုက္သည္။ လက္မွလည္း ေဖာင္တိန္ကိုကိုင္ကာ မွတ္စုစာအုပ္ထဲ၌ ခ်ေရးလိုက္သည္။

၁၉၉၀ ခုႏွစ္၊ ေမလ ၃ ရက္ ၾကာသပေတးေန႔။
မင္းသမီး သက္ေဝ၏ အတၳဳပၸတၱိစတင္ျပဳစုေသာေန႔။

" ေဒၚေဒါ့္ကို ေမြးတဲ့ေန႔ကပဲ စေျပာလိုက္မယ္ေနာ္ "

" ဟုတ္ကဲ့ပါ ေဒၚေဒၚ "

" လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၇၀) တုန္းက ေဟာသည္ မႏၲေလး ေအာင္ေတာ္မူအိမ္ႀကီးမွာေပါ့ကြယ္ ..."

ေမႏိုင္း
၁၇.၁၁.၂၀၂၃

Continue Reading

You'll Also Like

211K 35.5K 96
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
273K 9.9K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.6M 70.9K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...