ချစ်သက်ဝေ

By MAYNINE_04

32.2K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... More

A/N
ဤသို့အစပြု၍
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

အပိုင်း (၂၂)

891 86 14
By MAYNINE_04

- ပြိုတော့မည့်မိုး -

နှစ်သစ်ကူးပြီး သိပ်မကြာခင်တွင် အေဝမ်းမှ လူကြုံပါးလိုက်သော စာများကို သက်ဝေတို့ လက်ခံရရှိခဲ့သည်။ မေရီ့အတွက်ကတော့ သီချင်းအသစ် ဓာတ်ပြားသွင်းရန်နှင့် သက်ဝေ၏ နောက်ထပ်ရိုက်မည့် ရုပ်ရှင်တွင် ဇာတ်ဝင်သီချင်းသီဆိုရန်ကိစ္စတို့ ပါဝင်သည်။ သက်ဝေအတွက်ကတော့ လာမည့်ရုပ်ရှင်အကြောင်းကို အကျဉ်းချုပ်ပြောပြထားပြီး လာမည့် ၃ လပိုင်းတွင် ကျင်းပမည့် ပထမဆုံးအကယ်ဒမီပေးပွဲအကြောင်းကို တစ်စွန်းတစ်စ ရေးသားထားသည်။ သို့သော် ထိုစာများနှင့်အတူ သက်ဝေ ဖေဖေ့ဆီမှ စာတစ်စောင်ပါ ပါလာသည်။

Mandalay
6.11.1952

သမီးကြီး သက်ဝေ

ထွေးထွေးတော့ ယောင်္ကျားနောက်လိုက်သွားပြီယောင်္ကျားလေးရှင်ဘက်က ထွေးထွေးကိုပြန်အပ်ပြီး ထုံးတမ်းစဉ်လာအတိုင်း လာရောက်တောင်းမ်းပါ့မယ်လို့ ပြောသွားတယ်တောင်းရမ်းပြီးကြာခင် မင်္ဂလာကိစ္စကိုလည်း စီစဉ်ကြမယ်လို့ တွေးထားတယ်။ သမီး အမြန်ပြန်လာနိုင်ရင် ကောင်းမယ်ထွေးထွေးကို ဖေဖေ သိပ်စိတ်ဆိုးတာပဲနင့်ညီမကို အစ်ကိုတွေကလည်း စိတ်ဆိုးနေကြတယ်။ ဖွင့်ပြောကြရင် နှစ်ဖက်မိဘက စီစဉ်ပေးမယ့်ဟာကို မိသားစုကို အရှက်ရအောင်လုပ်တယ်။ သမီးမေမေကတော့ မျက်ရည်လေး တစမ်းစမ်းနဲ့ပေါ့မင်္ဂလာကိစ္စကို နတ်တော်လဆန်း (၁၀) ရက်နေ့ လုပ်ကြမယ်။ သမီး ပြန်လာခဲ့ပါ

ဖေဖေ
ဦးရင်

စာကိုဖတ်ပြီး သက်ဝေ ရင်မောရသည်။ မျက်မှောင်ကျုံ့ကာ စာကို လက်ထဲမှချ၍ သက်ပြင်းတစ်ချက် ချလိုက်သည်။ ဘေးနားတွင် ထိုင်နေသော မေရီက သက်ဝေ၏အပြုအမူကို အကဲခတ်မိဟန်ဖြင့်

" မမဝေ အိမ်က ဘာတဲ့လဲဟင် "

" ရီ့ မမထွေးပေါ့။ ယောင်္ကျားနောက်လိုက်သွားသတဲ့လေ။ ဒီကလေးမနှယ် ဖေဖေတို့ကိုပြောရင် အသာတကြည်ပေးစားမယ့်ဟာကို ဘာလို့များ အဲလိုလုပ်ရတာလဲမသိဘူး။ အခုတော့ ဖေဖေရော ကိုကိုတို့ရော အကုန် စိတ်ဆိုးကုန်ကြရော ဟင်း ခက်တော့တာပါပဲနော် "

" ဒါဖြင့် မမဝေ မန်းလေးပြန်ရတော့မှာပေါ့နော် "

" ဟုတ်တယ် ရီ။ ရန်ကုန်ကို တန်းပြန်မလိုက်နိုင်တော့ဘူး။ မမဝေ မန်းလေးဆင်းမှဖြစ်မယ်။ ထွေးတို့ မင်္ဂလာကိစ္စက နတ်တော်လဆန်း ၁၀ ရက်တဲ့။ အခုပဲ လဆန်း ၄ ရက်ရှိနေပြီ။ မမဝေ အချိန်ဆွဲနေလို့မဖြစ်ဘူး။ ရီ ပြန်ရင် ဦးညီပုတို့ကို မမဝေ ကိစ္စ အကျိုးအကြောင်းပြောထားလိုက်ဦးနော်။ မမဝေလည်း မန်းလေးကနေတော့ စာလှမ်းရေးဦးမှာပါလေ "

" အို ရီလည်း လိုက်မှာပေါ့ မမဝေနဲ့မှ ရန်ကုန်တူတူပြန်မယ်လေ အဲလို မဖြစ်ဘူးလား "

သက်ဝေ အနည်းငယ် တွေဝေသွားသည်။ မေရီ့မှာက အလုပ်ကိစ္စတွေရှိသေးသည်။ သူမကြောင့်နှင့် မေရီ့အလုပ်ကိစ္စများ နှောင့်နှေးတာမျိုး မဖြစ်စေချင်ပေ။ ပြီးလျှင် သက်ဝေတို့ အိမ်မှာ အခြေအနေ ဘယ်လိုရှိသည်မသိ။ အခြေအနေမကောင်းလျှင် မေရီ့ကိုပါ အလကားစိတ်ညစ်စေရမှာစိုးရိမ်သည်။

" ရီ့ အလုပ်တွေရှိသေးတယ်မလား ရီရဲ့ "

" အလုပ်ကရပါတယ် မမရဲ့။ ဘာလဲ မမက ရီ့ကို‌မခေါ်ချင်ဘူးလား "

" အဲလိုမဟုတ်ပါဘူးကွယ် ရီ ပင်ပန်းမှာစိုးတာပါ "

" မမဝေရှိနေသားပဲ ရီ မပင်ပန်းပါဘူး "

" အင်းပါ ဒါဆိုလည်း အတူတူပြန်ကြတာပေါ့ "

စာရပြီး နောက်နေ့တွင် ဦးအိုက်ထွန်းကို နှုတ်ဆက်ကာ သက်ဝေတို့နှစ်ယောက် မန္တလေးသို့ဆင်းလာခဲ့သည်။ အိမ်ရောက်ရောက်ချင်း မေမေက သက်ဝေကိုဖက်၍ ငိုသည်။ ထွေးထွေးကတော့ သူ့အပြစ်နှင့်သူမို့ထင်သည်။ ခပ်လှမ်းလှမ်းကနေ၍ မေမေနှင့်သက်ဝေကို တွေတွေလေးရပ်ကြည့်နေရှာသည်။ ငိုရင်းပြောရင်းဖြင့် တော်တော်လေးကြာမှ မေရီပါလာမှန်းကို မေမေ သတိထားမိသွားပုံရသည်။

" ဪ မေရီ ပါလာတာပဲ ထိုင်ကွယ် ခရီးရောက်မဆိုက်‌ ဒေါ်ဒေါ်အားနာပါတယ် "

" ရပါတယ် ဒေါ်ဒေါ် "

" ထွေး မေရီ့ကို မမဝေအခန်းထဲပို့ပေးလိုက် သူနားချင်ဦးမှာပေါ့ "

" ဟုတ်ကဲ့ မမဝေ "

မေရီအခန်းထဲဝင်သွားကာမှ မိခင်ဖြစ်သူ ဒေါ်ညွန့်က ‌သက်ဝေ့အနားသို့ကပ်၍ ခပ်တိုးတိုးမေးသည်။

" သူက ဘယ်ကပါလာတာလဲ သမီး "

" ဝေ နဲ့တူတူ သီပေါသွားကြတာလေ မေမေရဲ့ အပြန်လည်း တူတူပြန်လာတာပေါ့ "

" အိမ်မှာ ကိစ္စတွေရှုပ်ပါတယ်ဆိုအေ သူစိမ်းကိုဘာလို့ခေါ်လာတာတုန်း ညည်းအဖေလည်း စာရေးပေးလိုက်ရဲ့နဲ့ "

" အို မေမေကလည်း မေရီက သူစိမ်းမဟုတ်ပါဘူး "

" သူစိမ်းမဟုတ်လို့ ဘာတုန်း ညည်းယောင်းမလား။ အဲဒီကလေးမက အနေအထိုင် အသွားအလာ ခပ်ရဲရဲထဲကပါအေ ကလက်တက်တက်နဲ့။ ငါမကြိုက်ပါဘူး။ ဟိုတစ်ခါက ကိုယ့်အိမ်အလည်လာတဲ့ ဧည့်သည်မို့ မပြောဘဲ‌ထားတာ ညမိုးချုပ်ထိ အပြင်ဘက် လမ်းသလားနေတာ ဘယ်လောက်ပဲ အမျိုးဝမ်းကွဲနဲ့ပဲဆိုဆိုအေ ညည်းကလေးမက အမျိုးကောင်းသမီးမှဟုတ်ရဲ့လား "

သက်ဝေ တော်တော် အံ့အားသင့်သွားရပါသည်။ မေမေ့ဘက်က မေရီ့အပေါ် ယခုလိုတွေးနေမည်ဟု သက်ဝေ မထင်ထားခဲ့ပေ။ ဤသို့ အပြောခံရခြင်းအပေါ် စိတ်မကောင်းလည်းဖြစ်မိသည်။

" အို မေမေကလည်း မေမေ့ သမီးထွေးထက်တောင် ငယ်တဲ့ကလေးပါ။ သူများ သားသမီးကို အဲလို လက်လွတ်စပယ်မပြောပါနဲ့ "

" အေးပါ ညည်းလည်း ကြပ်ကြပ်ပေါင်း ကြာရင် ညည်းပါ နာမည်ပျက်မယ် "

" အို မေမေကလည်း ဘာဆိုင်လို့တုန်း မေရီက အဲသလိုလူမျိုးမဟုတ်ပါဘူးလို့ ဝေ ပြောနေတာကို။ ဟင်း... ခက်တော့တာပါပဲ "

" ခက်တာက ကျုပ်မဟုတ်ဘူး ညည်း။ သူနဲ့ပက်သက်ပြီး ရင်လေးပါတယ်အေ ညည်းကသာ ခင်လို့မင်လို့ ကာကွယ်ပြောနေတာ ငါဖြင့် သူ့ကို သဘောမတွေ့ပေါင် "

" မေမေရယ် ပြောလေဆိုးလေပါ့လား ခမျာများ ကြားသွားရင်လည်း မကောင်းပါဘူး တော်ပါတော့ "

သက်ဝေ အတန်တန်တားမှ မိခင်ဖြစ်သူလည်း ရပ်သွားတော့သည်။ မေမေတို့ဘက်က မေရီ့ကို ဤသို့တွေးနေသည့်ပုံအတိုင်းဆိုလျှင် သက်ဝေတို့ရှေ့ရေးမှာ ထင်ထားသည်ထက်ပို၍ ရင်လေးစရာကောင်းနေသည်။

ထို့နောက် မေမေနှင့် ထွေရာလေးပါး စကားပြောပြီးသောအခါ ထွေးနှင့်စကားပြောရန် သက်ဝေ ထလာခဲ့သည်။ ထွေးအခန်းထဲကိုဝင်တော့ ထွေး ရှိမနေပေ။ ထို့ကြောင့် သက်ဝေ မိမိ အခန်းထဲသို့ သွားကြည့်လိုက်‌သည်။ သက်ဝေအခန်းထဲတွင် မေရီနှင့် ထွေးထွေးတို့ စကားလက်ဆုံကျနေသည်ကို တွေ့ရသည်။

" ထွေး ကို မမလိုက်ရှာနေတာ "

" မေရီပျင်းနေမှာစိုးလို့ ထွေး စကားပြောပေးနေတာ မမဝေ "

" ဘာလို့ အဲလိုလုပ်ရတာလဲ ထွေးရယ် နှစ်ဖက်မိဘ နားဖောက်ကြရင် အဆင်ပြေပြေပြီးသွားမယ့်ဟာကို "

" မမက အဲလိုထင်သလား ထွေးကို ကိုခင်မောင်တင့်နဲ့ မေမေတို့က သဘောမတူကြဘူး မမဝေရဲ့ "

" ဟင် ဘာဖြစ်လို့ "

" ဟို.. ကိုခင်မောင်တင့်က အရင် အိမ်ထောင်ရှိခဲ့ဖူးလို့လေ "

ထွေးထွေးက ပြောပြီးမှ ကြောက်ရွံ့ဟန်ဖြင့် ခေါင်းကိုငုံ့ထားလိုက်သည်။ သက်ဝေ ဘာပြောရမှန်းမသိတော့။ ထွေးထွေးလုပ်ရပ်ကို မှန်သည်ဟု မဆိုလိုချင်သော်လည်း သူချစ်ရသည့်သူအတွက် ရဲဝံ့သော လုပ်ရပ်နှင့် ပြတ်သားသောဆုံးဖြတ်ချက် ချနိုင်ခဲ့သည်ကိုတော့ သက်ဝေ လေးစားမိပါသည်။

" အင်း ခက်တာပါပဲ။ ထွေးလူက ကင်းကင်းရှင်းရှင်းတော့ဟုတ်တယ်မလား "

" ဟုတ်ပါတယ် မမဝေ အိမ်ထောင်က ကွဲခဲ့ပါပြီ။ အဲတာလည်း ကိုခင်မောင်တင့်က ထွေးနဲ့ မေတ္တာမမျှခင်ကတည်းက ပြောထားပါတယ် "

" ဘယ်ကတည်းကများ မေတ္တာရှိနေကြတာလဲ ထွေးရယ် "

" ဟိုတစ်ခါ မေမေ နေမကောင်းဖြစ်လို့ ပြန်လာတုန်းကပါ မမ "

" အေးလေ ဖြစ်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ။ အိမ်ထောင်တစ်ခုကို မပြိုကွဲအောင် သေချာတည်ဆောက်ပေါ့။ ငါ့ညီမလေး ပျော်နေဖို့ပဲ မမက ဆုတောင်းပါတယ် "

" မေရီလည်း ဆုတောင်းပေးပါတယ်နော် မမထွေး "

" ကျေးဇူးပါ မမ။ မေရီ့ကိုလည်း ကျေးဇူးပါနော် "

ဤသို့ဖြင့် နတ်တော်လဆန်း (၁၀) ရက်နေ့တွင် ဘုန်းကြီးကျောင်း၌ ထွေးတို့ မင်္ဂလာဦးဆွမ်းကပ်ကာ တရားနာခဲ့ကြသည်။ ထို့နောက် အပေါင်းအသင်း မိတ်ဆွေများကို ဖိတ်၍ ထမင်းနှင့်ဟင်း အလျှံအပယ် ကျွေးမွေးဧည့်ခံခဲ့ကြသည်။ ထွေး၏မျက်နှာသည် လိုအင်ဆန္ဒဟူသမျှ ပြည့်ဝနေသည့် ကလေးတစ်ယောက်နှယ် အတောက်ပဆုံးပြုံးနေခဲ့သည်။

ထွေး အမျိုးသား ကိုခင်မောင်တင့်ဆိုသူက ထွေးထက် ၅ နှစ်ကြီးသည်ဖြစ်၍ ဝေနှင့် မတိမ်းမယိမ်း အရွယ်ပင်။ အရပ်ရှည်ရှည် အသားညိုညိုနှင့် လူရည်မွန်တစ်ယောက်ဖြစ်ကြောင်း သက်ဝေ တဖြည်းဖြည်းနှင့်သိလာရသည်။

" ထွေးကိုအပ်ပါတယ် ကိုခင်မောင်တင့်ကပဲ သေချာစောင့်ရှောက်ပေးပါရှင် "

" စိတ်ချပါ မဝေ ထွေးကို ကျွန်တော် စိတ်ချမ်းသာအောင်ထားမှာပါ "

အိမ်မှာ ထွေးမရှိတော့ တိတ်ဆိတ်ခြောက်ကပ်သွားသလို ခံစားရသည်။ အစ်ကိုလေး တင့်ဆွေက သူ့အပေါင်းအသင်းများနှင့် အပြင်သွားလိုက် လက်ဖက်ရည်ဆိုင်ထိုင်လိုက်ဖြင့် အိမ်မကပ်ပေ။ သက်ဝေကလည်း ခပ်အေးအေးနေတတ်သည့်သူမို့ ယခင်က လက်ပံပင် ဆက်ရက်ကျသလိုဆူဆူညံညံရှိခဲ့သည့် အိမ်မှာ ယခုတော့ သုဿာန်တစပြင်ကဲ့သို့ဖြစ်ရသည်။

ကိုကိုကြီးနှင့် မမအေးတို့ လင်မယားကတော့ အားလျှင် အားသလို လသားအရွယ်သားကလေးနှင့် ရောက်လာတတ်သည်။ သားအချစ် မြေးအနှစ်ဆိုသလို မြေးဦး ယောင်္ကျားကလေးမို့ ဘိုးအေရော ဘွားအေကပါ သည်းသည်းလှုပ်ကြသည်။ ၆ လသားအရွယ် သက်ဝေ တူလေးသည် ဝဝတုတ်တုတ်နှင့် ချစ်စရာ‌လေးဖြစ်သည်။ နာမည်ကိုတော့ သက်ဝေ ဖေဖေကပင်‌ မောင်ထွန်းလင်း၏ ကင်ပွန်းတပ်ပေးခဲ့လေသည်။

ဧည့်ခန်းတွင် အစ်ကိုလေးနှင့်ဖေဖေမှလွဲ၍ လူစုံရှိနေကြသောကြောင့် သက်ဝေ အကုန်လုံးစားရန် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းကို လင်ဗန်းထဲထည့်၍ ယူလာခဲ့သည်။ လက်ဖက်မစားချင်လျှင် ရေနွေးကြမ်းနှင့် တွဲ၍စားနိုင်ရန် ထန်းလျက်ပုလင်းကိုလည်း မေရီက ကူသယ်လာပေးသည်။

" ကဲ လက်ဖက်စား အကြမ်းသောက်ကြဦး "

" ဝေ တို့ ဘယ်တော့ပြန်မယ်စိတ်ကူးလဲ "

မေးခွန်းကိုတော့ မမအေးတစ်ယောက်တည်းက မေးလိုက်သော်လည်း အဖြေကိုမူ အကုန်လုံးက စိတ်ဝင်စားကြဟန်တူသည်။

" ‌သိပ်မကြာခင်ပေါ့ ဝေ ဇာတ်ကားရိုက်စရာတွေရှိသေးတယ် အေဝမ်းက ဝေ့ကို ခေါ်လှပြီ "

" ဒါ့ထက် အမေ မေးဦးမယ် ငါ့သမီးလည်း မငယ်တော့ဘူးဆိုတော့ မေတ္တာရှိနေတဲ့သူတွေ ဘာတွေများ မရှိဘူးလား။ ရှိရင်လည်း လူကြီးချင်းစကားပြောရအောင်ကွယ် "

" အို မေမေကလည်း "

" မေမေကလည်း မနေနဲ့ ‌သမီးမှာ မေတ္တာရှိတဲ့သူမရှိရင်လည်း ‌ညည်း‌အဖေအသိ ဝတ်လုံတော်ရ ကိုလှဖေရဲ့သားနဲ့ ကြောင်းလမ်းပေးမလို့။ သူတို့ဘက်ကတော့ ခဏခဏစကားခေါ်နေတာပါ။ အမေက ညည်းကို မမေးရသေးလို့ ညည်းကိုမေးပြီးမှပြောပါရစေဆိုပြီး မယုတ်မလွန်ပြန်ပြော‌ထားတယ် "

မေရီ ထိုစကားဝိုင်းတွင် ထိုင်နေရသည်မှာ နေရထိုင်ရခက်ခဲ၍ အသက်ရှူကြပ်လာသည်။ မမဝေ၏ အဖြေစကားကိုလည်း မေရီ မျှော်လင့်မိသည်။ ကိုယ့်ရှေ့တွင် ကိုယ်ချစ်ရသည့်သူကို တခြားသူနှင့် ကြောင်းလမ်းပေးမည့်ကိစ္စကိုနားထောင်နေရပြီး ဘာတစ်ခွန်းမှ ဝင်မပြောနိုင်ရခြင်းက သိပ်ကိုဆိုးရွားလှပါသည်။

" ငြင်းလိုက်ပါ မေမေ ဝေ အိမ်ထောင်မပြုချင်ဘူးရယ် "

" ဟဲ့ ဘယ့်နှယ့် မပြုချင်ရတာတုန်း။ ကိုလှဖေသားလေးက မောင်မြင့်မောင်တဲ့။ မအေကတော့ ဆုံးရှာပြီ။ ဒါပေမယ့် သူက တကယ် လိမ္မာရေးခြားလည်းရှိတယ်။ တော်လည်းတော်တယ်။ အသောက်အစားလည်းကင်းသတဲ့။ ပြီးတော့ သူလည်း သူ့အဖေလို ဝတ်လုံတော်ရပဲ။ သမီးနဲ့အရွယ်ချင်းလည်း သိပ်မကွာဘူး "

" အို မေမေကလည်း ဘယ့်နှယ့် ဝေ့ကို ဇွတ်ပြောနေတာတုန်း ထွေး မင်္ဂလာဆောင်တာမှ မကြာသေးဘူး ဝေ့ကိုပါ အိမ်မှာ မမြင်ချင်တာလား "

" မဟုတ်ပါဘူး သမီးညီမတောင် အိမ်ထောင်ကျပြီလေ လူဆိုတာ သီးချိန်တန် သီး ပွင့်ချိန်တန် ပွင့်ဆိုတာရှိရတယ် သမီးက မင်းသမီးဆိုတော့ ငါ့သမီးကို ကြောရရုံကြံချင်တဲ့ လူယုတ်မာတွေနဲ့ တွေ့မှာစိုးလို့ပါ။ တစ်ခါလောက်တော့ မောင်မြင့်မောင်နဲ့ တွေ့ကြည့်ပါ့လား။ သူတို့သားအဖကို မေမေ ထမင်းစားဖိတ်လိုက်မယ်လေ "

" ဒေါ်ဒေါ်ကလည်း မမဝေမှ မကြိုက်ဘူးပြောနေတာကို ဘာလို့အတင်းစီစဉ်နေတာလဲ "

မေရီ နောက်ဆုံးတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ မမဝေအပါအဝင် အကုန်လုံးက မေရီ့စကားကြောင့် အံ့အားသင့်သွားသည်။ မမဝေကတော့ တားသည့်သဘောဖြင့် မေရီ့လက်ကို ခပ်တင်းတင်းတစ်ချက်ဆုပ်ကိုင်လိုက်သည်။

" သားအမိတွေပြောနေတဲ့ထဲ ဝင်မပါပါနဲ့လား ငါ့တူမရယ် "

" ကာယကံရှင်က မကြိုက်ပါဘူးပြောနေတာကို ဒေါ်ဒေါ်ကဆက်ပြောနေတာကိုး။ မမဝေ သူ့သဘောအတိုင်းပဲရှိပါစေလား။ ဘာဖြစ်လို့ အတင်း နေရာချပေးချင်တာလဲ "

" ရီ တော်တော့ကွယ် "

နဂိုကမှ အမြင်မကြည်သည့် ဒေါ်ညွန့်သည် မေရီ့စကားအပေါ် ထောင်းခနဲ ဒေါသထွက်သွားသည်။

" ကိုယ့်သမီးကိုယ်ပြောတာ ဘယ်သူ့ဆီက ခွင့်ပြုချက်ယူနေရဦးမှာလဲတော်။ အပေါင်းအသင်းမှားပြီး မတော်တရော်တွေနဲ့ဖြစ်သွားမှာစိုးလို့ ခုကတည်းက တားသင့်တာတားနေတာ။ မင်း ဝင်မပါပါနဲ့ "

အပေါင်းအသင်းမှားသည်ဆိုသော စကားသည် မေရီ့ကိုရည်ရွယ်၍ပြောမှန်းသိလိုက်သဖြင့် ရင်ထဲအတော်မကောင်းဖြစ်သွားမိသည်။

" မေမေ တော်တော့ ကိုယ့်အိမ်လာတဲ့သူကို အဲလိုမပြောပါနဲ့ "

" ဧည့်သည်က ဧည့်သည်လိုမှ မနေတာ ပြောစရာရှိတာပြောရမှာပဲ "

" ဒီမယ် ဒေါ်ဒေါ် ရီက ဧည့်သည်မဟုတ်ဘူး .."

" ‌ရီ ဆက်မပြောပါနဲ့ "

မေရီ့၏ဆက်လာမည့်စကားတို့ကို သက်ဝေ ရိပ်မိသဖြင့် တားသော်လည်း မမီလိုက်တော့ပေ။ စိတ်ထင်ရာအတိုင်းလုပ်ပြီး အခြေအနေတွေက ထင်ထားတာထက်ပိုမိုဆိုးရွားကုန်တော့မှာပါပဲ...။

" ဒေါ်ဒေ့ါ် သမီး မမဝေရဲ့ ချစ်သူပဲ .."

" ဟင် "

" ရီ! "

အကုန်လုံးဆီမှ အံ့ဩတကြီးကြည့်သည့် အကြည့်များ မေရီ့အပေါ်ကျရောက်လာပြီး အာမေဋိတ်သံများလည်း တစ်ညီတည်းထွက်လာကြသည်။ သက်ဝေ၏မိခင်မှာတော့ အလွန်အမင်းအံ့အားသင့်နေကာ ဘာမှပင်မပြောနိုင်တော့ပေ။

" ဟင် ...မင်း..မင်း.. "

" သက်ဝေ သူပြော‌တာ အမှန်တွေပဲလား "

မေမေ့အစား ကိုကိုကြီးမှ ဝင်၍မေးသည်။ ကိုကိုကြီး မျက်နှာသည် အရင်လို နူးညံ့ပျော့ပျောင်းမနေဘဲ အနည်းငယ်အရှက်ရနေဟန်ဖြင့် ခက်ထန်ထန်ဖြစ်နေသည်။ မမအေးကတော့ ဘာမှဝင်မပြောဘဲ ကလေးငိုသဖြင့် အခန်းထဲမှ အသာလေးထွက်သွားသည်။ ထွေးတစ်ယောက်သာ မေရီ့ကို သနားသည့် မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။

" သက်ဝေ ငါမေးနေတယ်လေ "

" ဟုတ်တယ် ကိုကို။ ရီဟာ ဝေ့ချစ်သူပါ "

ကျယ်လောင်လှသည့်အသံနှင့် ခပ်ပြင်းပြင်းလက်ဝါးတစ်ဖက်က သက်ဝေပါးပေါ်သို့ ကျရောက်လာသဖြင့် သက်ဝေ ကြမ်းပြင်ပေါ်၌ ပုံခနဲလဲကျသွားသည်။ မေရီက စိုးရိမ်တကြီးဖြင့် သက်ဝေနားသို့ သွားကာ လက်မောင်းကိုတွဲထူရင်း

" ရှင် ဒါဘာလုပ်တာလဲ "

" အသိတရားမရှိလို့ အသိတရားရှိအောင် လုပ်ပေးတာလေ "

" ရက်စက်လှချည်လား ကိုယ့်ညီမကိုယ်တောင် ရှင် ဘယ်လိုစိတ်နဲ့ ရိုက်ရက်တာလဲ "

" သက်ဝေ နင် အသိတရားရစမ်းပါဟာ ဘယ်သူ့ကြိုက်ကြိုက် အမေတို့က နင့်ကိုပေးစားမှာပါ။ ဘာကိစ္စ မိန်းမတစ်ယောက်နဲ့တုန်း။ ပတ်ဝန်းကျင်က လက်ညှိုးထိုးကဲ့ရဲ့ကြမှာ နင်မရှက်ဘူးလား "

ကိုကိုကြီးကပြောတော့ ခုနက အံ့အားသင့်၍ ငြိမ်နေသော သက်ဝေမိခင်ကပါ ဝင်ပြောတော့သည်။

" အဲတာကြောင့် ငါပြောတာပေါ့ မိသက်ဝေ။ ဒီကောင်မလေးနဲ့ သိပ်မရောပါနဲ့ဆိုတာ။ တံငါနားနီး တံငါး မုဆိုးနားနီး မုဆိုးဖြစ်ပြီး ညည်းပါ လူတကာကဲ့ရဲ့ခံရမှာစိုးလို့ပြောခဲ့တာ ညည်းမှ နား‌မထောင်ဘဲ။ ခုတော့ ကြည့်ပါဦး လူကြားလို့တောင် မသင့်တော်ဘူး ညည်းနှယ်အေ ကြိုက်စရာရှားလို့ "

" မေမေ ‌ရီ့ကို အဲလိုမပြောပါနဲ့လို့ ဝေ ခဏခဏပြောထားတယ်မလား။ ဒီကိစ္စက ရီ့ကြောင့်မဟုတ်ဘူး။ သမီးဘာသာ စဉ်းစားဆုံးဖြတ်ပြီးမှ သမီးကိုယ်တိုင် ရီ့အပေါ် မေတ္တာရှိလို့ လက်ခံခဲ့တာ ရီ့ပယောဂတစ်စက်ကလေးမှမပါဘူး "

" မအေကိုတောင် ပြန်ပြောနေပြီ ကြည့်စမ်း အတတ်ကောင်းတွေ တတ်နေလိုက်တာ ငါကတော့ ငါ့သမီးလေး အေးလှ တော်လှ နဲ့ ညည်းက ခုတော့ ဒီလိုပုံနဲ့ ငါတို့ကို ကျေးဇူးဆပ်လိုက်တာလား "

" မဟုတ်ဘူး မေမေ။ မေမေက ခု သူများသားသမီးကိုပဲ တစ်ဖက်သက် အပြစ်ပြောနေလို့ပြောရတာ။ ရီက ခေတ်ဆန်တာ မှန်တယ်။ ဒါပေမယ့် သူဘယ်တော့မှ အကျင့်မပျက်ခဲ့ဘူး မေမေ။ ဒါကို သမီးအသိဆုံးပဲ။ ပြီးတော့ အခု ကိစ္စကလည်း သမီးဘက်ကပါ ပါလို့ဖြစ်ရတဲ့ကိစ္စပါ မေမေသူ့ကိုချည်းပဲ အပြစ်မပြောပါနဲ့ "

" တော်တော့ သက်ဝေ ညည်းတို့ကိစ္စက ကြားရတာကို အဓိပ္ပါယ်မရှိဘူး ညည်းအဖေရော ပတ်ဝန်းကျင်ကရော မသိခင် ဒီကိစ္စ ဒီမှာရပ် "

" တောင်းပန်ပါတယ် မေမေတို့ရပ်ခိုင်းတိုင်း ရပ်ပစ်လိုက်ဖို့အတွက် ဝေ သူ့ကိုချစ်ခဲ့တာမှမဟုတ်တာ။ ဝေ့ဘဝတစ်လျှောက်လုံးကို သူ့ဘေးမှာနေသွားဖို့အတွက် ဝေ ချစ်ခဲ့တာ။ ပတ်ဝန်းကျင်လည်း ဝေ ဂရုမစိုက်ဘူး "

" ထွက်သွား မေရီ နင် ဒီအိမ်ကရော ငါ့သမီးဘဝထဲကရော ထွက်သွားပါ "

မေရီတစ်ခုခုပြန်မပြောနိုင်ခင်တွင် မမဝေက မေရီ့လက်ကိုကိုင်၍

" ရီ့ကို နှင်ထုတ်ရင် ဝေပါ ထွက်သွားမှာပါ မေမေ။ ခွင့်ပြုပါဦး "

တစ်စက်ကလေးမှ နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ သက်ဝေ မေရီ့လက်ကိုဆွဲ၍ ထိုနေရာမှ ထွက်လာခဲ့သည်။ နွေးနွေးထွေးထွေး ကြိုဆိုလက်ခံပေးရန် မမျှော်လင့်ခဲ့သော်လည်း ယခုလောက်ထိ ပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်မည်ဟုမထင်ခဲ့ပေ။

ရုတ်တရက် သွေးပူပူနှင့်သာ ထွက်လာရသော်လည်း ဘယ်ကိုသွားရမည်မှန်းမသိ၍ အနီးဆုံးဖြစ်သော ၆၃ လမ်း နှင့် ၂၉ လမ်းထောင့်ရှိ အောင်တော်မူဘုရားသို့လာခဲ့သည်။ နေ့ခင်း ၂ ချက်တီးလောက်မို့ထင်သည်။ ဘုရားပေါ်၌ လူရှင်းနေသည်။ ဘုရားပေါ်အရောက်တွင် သက်ဝေဘယ်လိုမှ မဟန်နိုင်တော့၍ တစ်နေရာတွင် ထိုင်ချလိုက်သည်။

" မမဝေ အဆင်ပြေရဲ့လား "

" ဟင့်အင်း မပြေဘူး ရီရယ် မမဝေ အဆင်မပြေဘူး "

ထိုသို့ပြော၍ မေရီပခုံးပေါ်တွင် မျက်နှာအပ်ကာ ကလေးတစ်ယောက်လို ငိုရှိုက်နေသော မမဝေကို ‌မေရီသနားမိသည်။ မမဝေငိုသည်ကို မြင်ရတာ မေရီ့ရင်ထဲ နှစ်ဆမက နာကျင်ရသည်။ ဆံပင်ကိုခပ်ဖွဖွပွတ်ပေးတော့ မမဝေ၏ ရှိုက်သံများ ပို၍ကျယ်လာပြီး ခန္ဓာကိုယ်လေးမှာလည်း ငိုရသည့် အရှိန်ကြောင့် သိမ့်ခနဲ တုန်သွားသည်။

" ရီ တောင်းပန်ပါတယ် မမဝေရယ် ရီကြောင့် သည်လိုတွေဖြစ်ရတာ "

" မဟုတ်တာ .. ရီ့အမှားမဟုတ်ပါဘူး မေမေကလည်း ရီ့ကိုအဲလိုမပြောသင့်ဘူး မေမေပြောသမျှ ရီ မေ့လိုက်နော် "

" မမဝေလည်း ရီ့ကြောင့်နဲ့ပင်ပန်းရပြီ။ ရှေ့လျှောက် ရီ မမကို မျက်ရည်မကျအောင်ထားပါ့မယ်။ မမဝေ မျက်နှာမှာ အပြုံးတွေပဲရှိအောင် ရီ ဖန်တီးပေးပါ့မယ် "

" ကျေးဇူးပဲ ရီရယ် မမဝေ ဘေးနားမှာ အမြဲရှိနေပေးလို့ "

" ရီ တစ်သက်လုံး မမဝေဘေးမှာပဲရှိနေမှာပါ "

ချစ်ခရီးလမ်းတို့သည် အမြဲတစေဖြောင့်ဖြူးမနေသည်ကို သိသော်ငြားလည်း ကိုယ်တိုင်လျှောက်လှမ်းရသည့်အခါ သိပ်ကိုနာကျင်စေတတ်ကြောင်းသိခဲ့ရသည်။ တစ်ဆက်တည်းမှာပင် နွေးထွေးစွာဆုပ်ကိုင်ထားနိုင်မည့် ချစ်သူ၏လက်ဖဝါးတစ်ဖက်သာရှိနေလျှင် မည်မျှပင်နာကျင်စေကာမူ ခွန်အားအပြည့်ဖြင့် ဆက်လက်‌လျှောက်လှမ်းနိုင်ကြောင်းကိုလည်း သက်ဝေ လက်တွေ့ကျကျ သိခဲ့ရပေသည်။

မေနိုင်း
၁၆.၁၁.၂၀၂၃
12:27 PM

- ၿပိဳေတာ့ည့္မိုး -

ႏွစ္သစ္ကူးၿပီး သိပ္မၾကာခင္တြင္ ေအဝမ္းမွ လူႀကဳံပါးလိုက္ေသာ စာမ်ားကို သက္ေဝတို႔ လက္ခံရရွိခဲ့သည္။ ေမရီ႕အတြက္ကေတာ့ သီခ်င္းအသစ္ ဓာတ္ျပားသြင္းရန္ႏွင့္ သက္ေဝ၏ ေနာက္ထပ္႐ိုက္မည့္ ႐ုပ္ရွင္တြင္ ဇာတ္ဝင္သီခ်င္းသီဆိုရန္ကိစၥတို႔ ပါဝင္သည္။ သက္ေဝအတြက္ကေတာ့ လာမည့္႐ုပ္ရွင္အေၾကာင္းကို အက်ဥ္းခ်ဳပ္ေျပာျပထားၿပီး လာမည့္ ၃ လပိုင္းတြင္ က်င္းပမည့္ ပထမဆုံးအကယ္ဒမီေပးပြဲအေၾကာင္းကို တစ္စြန္းတစ္စ ေရးသားထားသည္။ သို႔ေသာ္ ထိုစာမ်ားႏွင့္အတူ သက္ေဝ ေဖေဖ့ဆီမွ စာတစ္ေစာင္ပါ ပါလာသည္။

Mandalay
6.11.1952

သမီးႀကီးက္ေ

ထြးေထြးေတာ့ယာက်ၤားေနာက္လိုက္သြားၿပီ။ ေယာက်ၤားေလးရွင္က္က ေထြးေထြးကိုျန္ပ္ၿပီး ထုံးမ္းဥ္လာတိုင္း လာေရာက္ေတာင္းမ္းပါ့ယ္လို႔ ေျပာသြားယ္။ ေတာင္းမ္းၿပီး မၾကာင္ဂၤလာကိစၥကိုည္း စီဥ္ၾကမယ္လို႔တြးထားယ္။ သမီး အျန္ျန္လာႏိုင္င္ကာင္းယ္။ ေထြးေထြးကိုဖေသိပ္စိတ္ဆိုးတာပဲ။ နင့္ညီမကိုစ္ကိုေတြကလည္း စိတ္ဆိုးေနၾကတယ္ဖြင့္ေျပာၾကရင္ ႏွစ္က္မိဘက စီဥ္ေပးယ့္ဟာကို မိသားစုကိုရွက္ရေအာင္လုပ္ယ္။ သမီးေမေကေတာ့ မ်က္ည္ေလး တစမ္းမ္းနဲ႔ေပါ့။ မဂၤလာကိစၥကိုတ္ေတာ္လဆန္း (၁၀) ရက္ေန႔ လုပ္ၾကမယ္။ သမီး ျပန္လာခဲ့ပါ

ဖေ
ဦးဘရင္

စာကိုဖတ္ၿပီး သက္ေဝ ရင္ေမာရသည္။ မ်က္ေမွာင္က်ဳံ႕ကာ စာကို လက္ထဲမွခ်၍ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။ ေဘးနားတြင္ ထိုင္ေနေသာ ေမရီက သက္ေဝ၏အျပဳအမူကို အကဲခတ္မိဟန္ျဖင့္

" မမေဝ အိမ္က ဘာတဲ့လဲဟင္ "

" ရီ႕ မမေထြးေပါ့။ ေယာက်ၤားေနာက္လိုက္သြားသတဲ့ေလ။ ဒီကေလးမႏွယ္ ေဖေဖတို႔ကိုေျပာရင္ အသာတၾကည္ေပးစားမယ့္ဟာကို ဘာလို႔မ်ား အဲလိုလုပ္ရတာလဲမသိဘူး။ အခုေတာ့ ေဖေဖေရာ ကိုကိုတို႔ေရာ အကုန္ စိတ္ဆိုးကုန္ၾကေရာ ဟင္း ခက္ေတာ့တာပါပဲေနာ္ "

" ဒါျဖင့္ မမေဝ မန္းေလးျပန္ရေတာ့မွာေပါ့ေနာ္ "

" ဟုတ္တယ္ ရီ။ ရန္ကုန္ကို တန္းျပန္မလိုက္ႏိုင္ေတာ့ဘူး။ မမေဝ မန္းေလးဆင္းမွျဖစ္မယ္။ ေထြးတို႔ မဂၤလာကိစၥက နတ္ေတာ္လဆန္း ၁၀ ရက္တဲ့။ အခုပဲ လဆန္း ၄ ရက္ရွိေနၿပီ။ မမေဝ အခ်ိန္ဆြဲေနလို႔မျဖစ္ဘူး။ ရီ ျပန္ရင္ ဦးညီပုတို႔ကို မမေဝ ကိစၥ အက်ိဳးအေၾကာင္းေျပာထားလိုက္ဦးေနာ္။ မမေဝလည္း မန္းေလးကေနေတာ့ စာလွမ္းေရးဦးမွာပါေလ "

" အို ရီလည္း လိုက္မွာေပါ့ မမေဝနဲ႔မွ ရန္ကုန္တူတူျပန္မယ္ေလ အဲလို မျဖစ္ဘူးလား "

သက္ေဝ အနည္းငယ္ ေတြေဝသြားသည္။ ေမရီ႕မွာက အလုပ္ကိစၥေတြရွိေသးသည္။ သူမေၾကာင့္ႏွင့္ ေမရီ႕အလုပ္ကိစၥမ်ား ေႏွာင့္ေႏွးတာမ်ိဳး မျဖစ္ေစခ်င္ေပ။ ၿပီးလွ်င္ သက္ေဝတို႔ အိမ္မွာ အေျခအေန ဘယ္လိုရွိသည္မသိ။ အေျခအေနမေကာင္းလွ်င္ ေမရီ႕ကိုပါ အလကားစိတ္ညစ္ေစရမွာစိုးရိမ္သည္။

" ရီ႕ အလုပ္ေတြရွိေသးတယ္မလား ရီရဲ႕ "

" အလုပ္ကရပါတယ္ မမရဲ႕။ ဘာလဲ မမက ရီ႕ကို‌မေခၚခ်င္ဘူးလား "

" အဲလိုမဟုတ္ပါဘူးကြယ္ ရီ ပင္ပန္းမွာစိုးတာပါ "

" မမေဝရွိေနသားပဲ ရီ မပင္ပန္းပါဘူး "

" အင္းပါ ဒါဆိုလည္း အတူတူျပန္ၾကတာေပါ့ "

စာရၿပီး ေနာက္ေန႔တြင္ ဦးအိုက္ထြန္းကို ႏႈတ္ဆက္ကာ သက္ေဝတို႔ႏွစ္ေယာက္ မႏၲေလးသို႔ဆင္းလာခဲ့သည္။ အိမ္ေရာက္ေရာက္ခ်င္း ေမေမက သက္ေဝကိုဖက္၍ ငိုသည္။ ေထြးေထြးကေတာ့ သူ႔အျပစ္ႏွင့္သူမို႔ထင္သည္။ ခပ္လွမ္းလွမ္းကေန၍ ေမေမႏွင့္သက္ေဝကို ေတြေတြေလးရပ္ၾကည့္ေနရွာသည္။ ငိုရင္းေျပာရင္းျဖင့္ ေတာ္ေတာ္ေလးၾကာမွ ေမရီပါလာမွန္းကို ေမေမ သတိထားမိသြားပုံရသည္။

" ဪ ေမရီ ပါလာတာပဲ ထိုင္ကြယ္ ခရီးေရာက္မဆိုက္‌ ေဒၚေဒၚအားနာပါတယ္ "

" ရပါတယ္ ေဒၚေဒၚ "

" ေထြး ေမရီ႕ကို မမေဝအခန္းထဲပို႔ေပးလိုက္ သူနားခ်င္ဦးမွာေပါ့ "

" ဟုတ္ကဲ့ မမေဝ "

ေမရီအခန္းထဲဝင္သြားကာမွ မိခင္ျဖစ္သူ ေဒၚၫြန႔္က ‌သက္ေဝ့အနားသို႔ကပ္၍ ခပ္တိုးတိုးေမးသည္။

" သူက ဘယ္ကပါလာတာလဲ သမီး "

" ေဝ နဲ႔တူတူ သီေပါသြားၾကတာေလ ေမေမရဲ႕ အျပန္လည္း တူတူျပန္လာတာေပါ့ "

" အိမ္မွာ ကိစၥေတြရႈပ္ပါတယ္ဆိုေအ သူစိမ္းကိုဘာလို႔ေခၚလာတာတုန္း ညည္းအေဖလည္း စာေရးေပးလိုက္ရဲ႕နဲ႔ "

" အို ေမေမကလည္း ေမရီက သူစိမ္းမဟုတ္ပါဘူး "

" သူစိမ္းမဟုတ္လို႔ ဘာတုန္း ညည္းေယာင္းမလား။ အဲဒီကေလးမက အေနအထိုင္ အသြားအလာ ခပ္ရဲရဲထဲကပါေအ ကလက္တက္တက္နဲ႔။ ငါမႀကိဳက္ပါဘူး။ ဟိုတစ္ခါက ကိုယ့္အိမ္အလည္လာတဲ့ ဧည့္သည္မို႔ မေျပာဘဲ‌ထားတာ ညမိုးခ်ဳပ္ထိ အျပင္ဘက္ လမ္းသလားေနတာ ဘယ္ေလာက္ပဲ အမ်ိဳးဝမ္းကြဲနဲ႔ပဲဆိုဆိုေအ ညည္းကေလးမက အမ်ိဳးေကာင္းသမီးမွဟုတ္ရဲ႕လား "

သက္ေဝ ေတာ္ေတာ္ အံ့အားသင့္သြားရပါသည္။ ေမေမ့ဘက္က ေမရီ႕အေပၚ ယခုလိုေတြးေနမည္ဟု သက္ေဝ မထင္ထားခဲ့ေပ။ ဤသို႔ အေျပာခံရျခင္းအေပၚ စိတ္မေကာင္းလည္းျဖစ္မိသည္။

" အို ေမေမကလည္း ေမေမ့ သမီးေထြးထက္ေတာင္ ငယ္တဲ့ကေလးပါ။ သူမ်ား သားသမီးကို အဲလို လက္လြတ္စပယ္မေျပာပါနဲ႔ "

" ေအးပါ ညည္းလည္း ၾကပ္ၾကပ္ေပါင္း ၾကာရင္ ညည္းပါ နာမည္ပ်က္မယ္ "

" အို ေမေမကလည္း ဘာဆိုင္လို႔တုန္း ေမရီက အဲသလိုလူမ်ိဳးမဟုတ္ပါဘူးလို႔ ေဝ ေျပာေနတာကို။ ဟင္း... ခက္ေတာ့တာပါပဲ "

" ခက္တာက က်ဳပ္မဟုတ္ဘူး ညည္း။ သူနဲ႔ပက္သက္ၿပီး ရင္ေလးပါတယ္ေအ ညည္းကသာ ခင္လို႔မင္လို႔ ကာကြယ္ေျပာေနတာ ငါျဖင့္ သူ႔ကို သေဘာမေတြ႕ေပါင္ "

" ေမေမရယ္ ေျပာေလဆိုးေလပါ့လား ခမ်ာမ်ား ၾကားသြားရင္လည္း မေကာင္းပါဘူး ေတာ္ပါေတာ့ "

သက္ေဝ အတန္တန္တားမွ မိခင္ျဖစ္သူလည္း ရပ္သြားေတာ့သည္။ ေမေမတို႔ဘက္က ေမရီ႕ကို ဤသို႔ေတြးေနသည့္ပုံအတိုင္းဆိုလွ်င္ သက္ေဝတို႔ေရွ႕ေရးမွာ ထင္ထားသည္ထက္ပို၍ ရင္ေလးစရာေကာင္းေနသည္။

ထို႔ေနာက္ ေမေမႏွင့္ ေထြရာေလးပါး စကားေျပာၿပီးေသာအခါ ေထြးႏွင့္စကားေျပာရန္ သက္ေဝ ထလာခဲ့သည္။ ေထြးအခန္းထဲကိုဝင္ေတာ့ ေထြး ရွိမေနေပ။ ထို႔ေၾကာင့္ သက္ေဝ မိမိ အခန္းထဲသို႔ သြားၾကည့္လိုက္‌သည္။ သက္ေဝအခန္းထဲတြင္ ေမရီႏွင့္ ေထြးေထြးတို႔ စကားလက္ဆုံက်ေနသည္ကို ေတြ႕ရသည္။

" ေထြး ကို မမလိုက္ရွာေနတာ "

" ေမရီပ်င္းေနမွာစိုးလို႔ ေထြး စကားေျပာေပးေနတာ မမေဝ "

" ဘာလို႔ အဲလိုလုပ္ရတာလဲ ေထြးရယ္ ႏွစ္ဖက္မိဘ နားေဖာက္ၾကရင္ အဆင္ေျပေျပၿပီးသြားမယ့္ဟာကို "

" မမက အဲလိုထင္သလား ေထြးကို ကိုခင္ေမာင္တင့္နဲ႔ ေမေမတို႔က သေဘာမတူၾကဘူး မမေဝရဲ႕ "

" ဟင္ ဘာျဖစ္လို႔ "

" ဟို.. ကိုခင္ေမာင္တင့္က အရင္ အိမ္ေထာင္ရွိခဲ့ဖူးလို႔ေလ "

ေထြးေထြးက ေျပာၿပီးမွ ေၾကာက္႐ြံ႕ဟန္ျဖင့္ ေခါင္းကိုငုံ႔ထားလိုက္သည္။ သက္ေဝ ဘာေျပာရမွန္းမသိေတာ့။ ေထြးေထြးလုပ္ရပ္ကို မွန္သည္ဟု မဆိုလိုခ်င္ေသာ္လည္း သူခ်စ္ရသည့္သူအတြက္ ရဲဝံ့ေသာ လုပ္ရပ္ႏွင့္ ျပတ္သားေသာဆုံးျဖတ္ခ်က္ ခ်ႏိုင္ခဲ့သည္ကိုေတာ့ သက္ေဝ ေလးစားမိပါသည္။

" အင္း ခက္တာပါပဲ။ ေထြးလူက ကင္းကင္းရွင္းရွင္းေတာ့ဟုတ္တယ္မလား "

" ဟုတ္ပါတယ္ မမေဝ အိမ္ေထာင္က ကြဲခဲ့ပါၿပီ။ အဲတာလည္း ကိုခင္ေမာင္တင့္က ေထြးနဲ႔ ေမတၱာမမွ်ခင္ကတည္းက ေျပာထားပါတယ္ "

" ဘယ္ကတည္းကမ်ား ေမတၱာရွိေနၾကတာလဲ ေထြးရယ္ "

" ဟိုတစ္ခါ ေမေမ ေနမေကာင္းျဖစ္လို႔ ျပန္လာတုန္းကပါ မမ "

" ေအးေလ ျဖစ္ၿပီးမွေတာ့ ဘာတတ္ႏိုင္မွာလဲ။ အိမ္ေထာင္တစ္ခုကို မၿပိဳကြဲေအာင္ ေသခ်ာတည္ေဆာက္ေပါ့။ ငါ့ညီမေလး ေပ်ာ္ေနဖို႔ပဲ မမက ဆုေတာင္းပါတယ္ "

" ေမရီလည္း ဆုေတာင္းေပးပါတယ္ေနာ္ မမေထြး "

" ေက်းဇူးပါ မမ။ ေမရီ႕ကိုလည္း ေက်းဇူးပါေနာ္ "

ဤသို႔ျဖင့္ နတ္ေတာ္လဆန္း (၁၀) ရက္ေန႔တြင္ ဘုန္းႀကီးေက်ာင္း၌ ေထြးတို႔ မဂၤလာဦးဆြမ္းကပ္ကာ တရားနာခဲ့ၾကသည္။ ထို႔ေနာက္ အေပါင္းအသင္း မိတ္ေဆြမ်ားကို ဖိတ္၍ ထမင္းႏွင့္ဟင္း အလွ်ံအပယ္ ေကြၽးေမြးဧည့္ခံခဲ့ၾကသည္။ ေထြး၏မ်က္ႏွာသည္ လိုအင္ဆႏၵဟူသမွ် ျပည့္ဝေနသည့္ ကေလးတစ္ေယာက္ႏွယ္ အေတာက္ပဆုံးၿပဳံးေနခဲ့သည္။

ေထြး အမ်ိဳးသား ကိုခင္ေမာင္တင့္ဆိုသူက ေထြးထက္ ၅ ႏွစ္ႀကီးသည္ျဖစ္၍ ေဝႏွင့္ မတိမ္းမယိမ္း အ႐ြယ္ပင္။ အရပ္ရွည္ရွည္ အသားညိဳညိဳႏွင့္ လူရည္မြန္တစ္ေယာက္ျဖစ္ေၾကာင္း သက္ေဝ တျဖည္းျဖည္းႏွင့္သိလာရသည္။

" ေထြးကိုအပ္ပါတယ္ ကိုခင္ေမာင္တင့္ကပဲ ေသခ်ာေစာင့္ေရွာက္ေပးပါရွင္ "

" စိတ္ခ်ပါ မေဝ ေထြးကို ကြၽန္ေတာ္ စိတ္ခ်မ္းသာေအာင္ထားမွာပါ "

အိမ္မွာ ေထြးမရွိေတာ့ တိတ္ဆိတ္ေျခာက္ကပ္သြားသလို ခံစားရသည္။ အစ္ကိုေလး တင့္ေဆြက သူ႔အေပါင္းအသင္းမ်ားႏွင့္ အျပင္သြားလိုက္ လက္ဖက္ရည္ဆိုင္ထိုင္လိုက္ျဖင့္ အိမ္မကပ္ေပ။ သက္ေဝကလည္း ခပ္ေအးေအးေနတတ္သည့္သူမို႔ ယခင္က လက္ပံပင္ ဆက္ရက္က်သလိုဆူဆူညံညံရွိခဲ့သည့္ အိမ္မွာ ယခုေတာ့ သုႆာန္တစျပင္ကဲ့သို႔ျဖစ္ရသည္။

ကိုကိုႀကီးႏွင့္ မမေအးတို႔ လင္မယားကေတာ့ အားလွ်င္ အားသလို လသားအ႐ြယ္သားကေလးႏွင့္ ေရာက္လာတတ္သည္။ သားအခ်စ္ ေျမးအႏွစ္ဆိုသလို ေျမးဦး ေယာက်ၤားကေလးမို႔ ဘိုးေအေရာ ဘြားေအကပါ သည္းသည္းလႈပ္ၾကသည္။ ၆ လသားအ႐ြယ္ သက္ေဝ တူေလးသည္ ဝဝတုတ္တုတ္ႏွင့္ ခ်စ္စရာ‌ေလးျဖစ္သည္။ နာမည္ကိုေတာ့ သက္ေဝ ေဖေဖကပင္‌ ေမာင္ထြန္းလင္း၏ ကင္ပြန္းတပ္ေပးခဲ့ေလသည္။

ဧည့္ခန္းတြင္ အစ္ကိုေလးႏွင့္ေဖေဖမွလြဲ၍ လူစုံရွိေနၾကေသာေၾကာင့္ သက္ေဝ အကုန္လုံးစားရန္ လက္ဖက္သုပ္ႏွင့္ ေရေႏြးၾကမ္းကို လင္ဗန္းထဲထည့္၍ ယူလာခဲ့သည္။ လက္ဖက္မစားခ်င္လွ်င္ ေရေႏြးၾကမ္းႏွင့္ တြဲ၍စားႏိုင္ရန္ ထန္းလ်က္ပုလင္းကိုလည္း ေမရီက ကူသယ္လာေပးသည္။

" ကဲ လက္ဖက္စား အၾကမ္းေသာက္ၾကဦး "

" ေဝ တို႔ ဘယ္ေတာ့ျပန္မယ္စိတ္ကူးလဲ "

ေမးခြန္းကိုေတာ့ မမေအးတစ္ေယာက္တည္းက ေမးလိုက္ေသာ္လည္း အေျဖကိုမူ အကုန္လုံးက စိတ္ဝင္စားၾကဟန္တူသည္။

" ‌သိပ္မၾကာခင္ေပါ့ ေဝ ဇာတ္ကား႐ိုက္စရာေတြရွိေသးတယ္ ေအဝမ္းက ေဝ့ကို ေခၚလွၿပီ "

" ဒါ့ထက္ အေမ ေမးဦးမယ္ ငါ့သမီးလည္း မငယ္ေတာ့ဘူးဆိုေတာ့ ေမတၱာရွိေနတဲ့သူေတြ ဘာေတြမ်ား မရွိဘူးလား။ ရွိရင္လည္း လူႀကီးခ်င္းစကားေျပာရေအာင္ကြယ္ "

" အို ေမေမကလည္း "

" ေမေမကလည္း မေနနဲ႔ ‌သမီးမွာ ေမတၱာရွိတဲ့သူမရွိရင္လည္း ‌ညည္း‌အေဖအသိ ဝတ္လုံေတာ္ရ ကိုလွေဖရဲ႕သားနဲ႔ ေၾကာင္းလမ္းေပးမလို႔။ သူတို႔ဘက္ကေတာ့ ခဏခဏစကားေခၚေနတာပါ။ အေမက ညည္းကို မေမးရေသးလို႔ ညည္းကိုေမးၿပီးမွေျပာပါရေစဆိုၿပီး မယုတ္မလြန္ျပန္ေျပာ‌ထားတယ္ "

ေမရီ ထိုစကားဝိုင္းတြင္ ထိုင္ေနရသည္မွာ ေနရထိုင္ရခက္ခဲ၍ အသက္ရႉၾကပ္လာသည္။ မမေဝ၏ အေျဖစကားကိုလည္း ေမရီ ေမွ်ာ္လင့္မိသည္။ ကိုယ့္ေရွ႕တြင္ ကိုယ္ခ်စ္ရသည့္သူကို တျခားသူႏွင့္ ေၾကာင္းလမ္းေပးမည့္ကိစၥကိုနားေထာင္ေနရၿပီး ဘာတစ္ခြန္းမွ ဝင္မေျပာႏိုင္ရျခင္းက သိပ္ကိုဆိုး႐ြားလွပါသည္။

" ျငင္းလိုက္ပါ ေမေမ ေဝ အိမ္ေထာင္မျပဳခ်င္ဘူးရယ္ "

" ဟဲ့ ဘယ့္ႏွယ့္ မျပဳခ်င္ရတာတုန္း။ ကိုလွေဖသားေလးက ေမာင္ျမင့္ေမာင္တဲ့။ မေအကေတာ့ ဆုံးရွာၿပီ။ ဒါေပမယ့္ သူက တကယ္ လိမၼာေရးျခားလည္းရွိတယ္။ ေတာ္လည္းေတာ္တယ္။ အေသာက္အစားလည္းကင္းသတဲ့။ ၿပီးေတာ့ သူလည္း သူ႔အေဖလို ဝတ္လုံေတာ္ရပဲ။ သမီးနဲ႔အ႐ြယ္ခ်င္းလည္း သိပ္မကြာဘူး "

" အို ေမေမကလည္း ဘယ့္ႏွယ့္ ေဝ့ကို ဇြတ္ေျပာေနတာတုန္း ေထြး မဂၤလာေဆာင္တာမွ မၾကာေသးဘူး ေဝ့ကိုပါ အိမ္မွာ မျမင္ခ်င္တာလား "

" မဟုတ္ပါဘူး သမီးညီမေတာင္ အိမ္ေထာင္က်ၿပီေလ လူဆိုတာ သီးခ်ိန္တန္ သီး ပြင့္ခ်ိန္တန္ ပြင့္ဆိုတာရွိရတယ္ သမီးက မင္းသမီးဆိုေတာ့ ငါ့သမီးကို ေၾကာရ႐ုံႀကံခ်င္တဲ့ လူယုတ္မာေတြနဲ႔ ေတြ႕မွာစိုးလို႔ပါ။ တစ္ခါေလာက္ေတာ့ ေမာင္ျမင့္ေမာင္နဲ႔ ေတြ႕ၾကည့္ပါ့လား။ သူတို႔သားအဖကို ေမေမ ထမင္းစားဖိတ္လိုက္မယ္ေလ "

" ေဒၚေဒၚကလည္း မမေဝမွ မႀကိဳက္ဘူးေျပာေနတာကို ဘာလို႔အတင္းစီစဥ္ေနတာလဲ "

ေမရီ ေနာက္ဆုံးေတာ့ ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ဘဲ ဝင္ေျပာလိုက္သည္။ မမေဝအပါအဝင္ အကုန္လုံးက ေမရီ႕စကားေၾကာင့္ အံ့အားသင့္သြားသည္။ မမေဝကေတာ့ တားသည့္သေဘာျဖင့္ ေမရီ႕လက္ကို ခပ္တင္းတင္းတစ္ခ်က္ဆုပ္ကိုင္လိုက္သည္။

" သားအမိေတြေျပာေနတဲ့ထဲ ဝင္မပါပါနဲ႔လား ငါ့တူမရယ္ "

" ကာယကံရွင္က မႀကိဳက္ပါဘူးေျပာေနတာကို ေဒၚေဒၚကဆက္ေျပာေနတာကိုး။ မမေဝ သူ႔သေဘာအတိုင္းပဲရွိပါေစလား။ ဘာျဖစ္လို႔ အတင္း ေနရာခ်ေပးခ်င္တာလဲ "

" ရီ ေတာ္ေတာ့ကြယ္ "

နဂိုကမွ အျမင္မၾကည္သည့္ ေဒၚၫြန႔္သည္ ေမရီ႕စကားအေပၚ ေထာင္းခနဲ ေဒါသထြက္သြားသည္။

" ကိုယ့္သမီးကိုယ္ေျပာတာ ဘယ္သူ႔ဆီက ခြင့္ျပဳခ်က္ယူေနရဦးမွာလဲေတာ္။ အေပါင္းအသင္းမွားၿပီး မေတာ္တေရာ္ေတြနဲ႔ျဖစ္သြားမွာစိုးလို႔ ခုကတည္းက တားသင့္တာတားေနတာ။ မင္း ဝင္မပါပါနဲ႔ "

အေပါင္းအသင္းမွားသည္ဆိုေသာ စကားသည္ ေမရီ႕ကိုရည္႐ြယ္၍ေျပာမွန္းသိလိုက္သျဖင့္ ရင္ထဲအေတာ္မေကာင္းျဖစ္သြားမိသည္။

" ေမေမ ေတာ္ေတာ့ ကိုယ့္အိမ္လာတဲ့သူကို အဲလိုမေျပာပါနဲ႔ "

" ဧည့္သည္က ဧည့္သည္လိုမွ မေနတာ ေျပာစရာရွိတာေျပာရမွာပဲ "

" ဒီမယ္ ေဒၚေဒၚ ရီက ဧည့္သည္မဟုတ္ဘူး .."

" ‌ရီ ဆက္မေျပာပါနဲ႔ "

ေမရီ႕၏ဆက္လာမည့္စကားတို႔ကို သက္ေဝ ရိပ္မိသျဖင့္ တားေသာ္လည္း မမီလိုက္ေတာ့ေပ။ စိတ္ထင္ရာအတိုင္းလုပ္ၿပီး အေျခအေနေတြက ထင္ထားတာထက္ပိုမိုဆိုး႐ြားကုန္ေတာ့မွာပါပဲ...။

" ေဒၚေဒ့ၚ သမီး မမေဝရဲ႕ ခ်စ္သူပဲ .."

" ဟင္ "

" ရီ! "

အကုန္လုံးဆီမွ အံ့ဩတႀကီးၾကည့္သည့္ အၾကည့္မ်ား ေမရီ႕အေပၚက်ေရာက္လာၿပီး အာေမဋိတ္သံမ်ားလည္း တစ္ညီတည္းထြက္လာၾကသည္။ သက္ေဝ၏မိခင္မွာေတာ့ အလြန္အမင္းအံ့အားသင့္ေနကာ ဘာမွပင္မေျပာႏိုင္ေတာ့ေပ။

" ဟင္ ...မင္း..မင္း.. "

" သက္ေဝ သူေျပာ‌တာ အမွန္ေတြပဲလား "

ေမေမ့အစား ကိုကိုႀကီးမွ ဝင္၍ေမးသည္။ ကိုကိုႀကီး မ်က္ႏွာသည္ အရင္လို ႏူးညံ့ေပ်ာ့ေပ်ာင္းမေနဘဲ အနည္းငယ္အရွက္ရေနဟန္ျဖင့္ ခက္ထန္ထန္ျဖစ္ေနသည္။ မမေအးကေတာ့ ဘာမွဝင္မေျပာဘဲ ကေလးငိုသျဖင့္ အခန္းထဲမွ အသာေလးထြက္သြားသည္။ ေထြးတစ္ေယာက္သာ ေမရီ႕ကို သနားသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနခဲ့သည္။

" သက္ေဝ ငါေမးေနတယ္ေလ "

" ဟုတ္တယ္ ကိုကို။ ရီဟာ ေဝ့ခ်စ္သူပါ "

က်ယ္ေလာင္လွသည့္အသံႏွင့္ ခပ္ျပင္းျပင္းလက္ဝါးတစ္ဖက္က သက္ေဝပါးေပၚသို႔ က်ေရာက္လာသျဖင့္ သက္ေဝ ၾကမ္းျပင္ေပၚ၌ ပုံခနဲလဲက်သြားသည္။ ေမရီက စိုးရိမ္တႀကီးျဖင့္ သက္ေဝနားသို႔ သြားကာ လက္ေမာင္းကိုတြဲထူရင္း

" ရွင္ ဒါဘာလုပ္တာလဲ "

" အသိတရားမရွိလို႔ အသိတရားရွိေအာင္ လုပ္ေပးတာေလ "

" ရက္စက္လွခ်ည္လား ကိုယ့္ညီမကိုယ္ေတာင္ ရွင္ ဘယ္လိုစိတ္နဲ႔ ႐ိုက္ရက္တာလဲ "

" သက္ေဝ နင္ အသိတရားရစမ္းပါဟာ ဘယ္သူ႔ႀကိဳက္ႀကိဳက္ အေမတို႔က နင့္ကိုေပးစားမွာပါ။ ဘာကိစၥ မိန္းမတစ္ေယာက္နဲ႔တုန္း။ ပတ္ဝန္းက်င္က လက္ညႇိဳးထိုးကဲ့ရဲ႕ၾကမွာ နင္မရွက္ဘူးလား "

ကိုကိုႀကီးကေျပာေတာ့ ခုနက အံ့အားသင့္၍ ၿငိမ္ေနေသာ သက္ေဝမိခင္ကပါ ဝင္ေျပာေတာ့သည္။

" အဲတာေၾကာင့္ ငါေျပာတာေပါ့ မိသက္ေဝ။ ဒီေကာင္မေလးနဲ႔ သိပ္မေရာပါနဲ႔ဆိုတာ။ တံငါနားနီး တံငါး မုဆိုးနားနီး မုဆိုးျဖစ္ၿပီး ညည္းပါ လူတကာကဲ့ရဲ႕ခံရမွာစိုးလို႔ေျပာခဲ့တာ ညည္းမွ နား‌မေထာင္ဘဲ။ ခုေတာ့ ၾကည့္ပါဦး လူၾကားလို႔ေတာင္ မသင့္ေတာ္ဘူး ညည္းႏွယ္ေအ ႀကိဳက္စရာရွားလို႔ "

" ေမေမ ‌ရီ႕ကို အဲလိုမေျပာပါနဲ႔လို႔ ေဝ ခဏခဏေျပာထားတယ္မလား။ ဒီကိစၥက ရီ႕ေၾကာင့္မဟုတ္ဘူး။ သမီးဘာသာ စဥ္းစားဆုံးျဖတ္ၿပီးမွ သမီးကိုယ္တိုင္ ရီ႕အေပၚ ေမတၱာရွိလို႔ လက္ခံခဲ့တာ ရီ႕ပေယာဂတစ္စက္ကေလးမွမပါဘူး "

" မေအကိုေတာင္ ျပန္ေျပာေနၿပီ ၾကည့္စမ္း အတတ္ေကာင္းေတြ တတ္ေနလိုက္တာ ငါကေတာ့ ငါ့သမီးေလး ေအးလွ ေတာ္လွ နဲ႔ ညည္းက ခုေတာ့ ဒီလိုပုံနဲ႔ ငါတို႔ကို ေက်းဇူးဆပ္လိုက္တာလား "

" မဟုတ္ဘူး ေမေမ။ ေမေမက ခု သူမ်ားသားသမီးကိုပဲ တစ္ဖက္သက္ အျပစ္ေျပာေနလို႔ေျပာရတာ။ ရီက ေခတ္ဆန္တာ မွန္တယ္။ ဒါေပမယ့္ သူဘယ္ေတာ့မွ အက်င့္မပ်က္ခဲ့ဘူး ေမေမ။ ဒါကို သမီးအသိဆုံးပဲ။ ၿပီးေတာ့ အခု ကိစၥကလည္း သမီးဘက္ကပါ ပါလို႔ျဖစ္ရတဲ့ကိစၥပါ ေမေမသူ႔ကိုခ်ည္းပဲ အျပစ္မေျပာပါနဲ႔ "

" ေတာ္ေတာ့ သက္ေဝ ညည္းတို႔ကိစၥက ၾကားရတာကို အဓိပၸါယ္မရွိဘူး ညည္းအေဖေရာ ပတ္ဝန္းက်င္ကေရာ မသိခင္ ဒီကိစၥ ဒီမွာရပ္ "

" ေတာင္းပန္ပါတယ္ ေမေမတို႔ရပ္ခိုင္းတိုင္း ရပ္ပစ္လိုက္ဖို႔အတြက္ ေဝ သူ႔ကိုခ်စ္ခဲ့တာမွမဟုတ္တာ။ ေဝ့ဘဝတစ္ေလွ်ာက္လုံးကို သူ႔ေဘးမွာေနသြားဖို႔အတြက္ ေဝ ခ်စ္ခဲ့တာ။ ပတ္ဝန္းက်င္လည္း ေဝ ဂ႐ုမစိုက္ဘူး "

" ထြက္သြား ေမရီ နင္ ဒီအိမ္ကေရာ ငါ့သမီးဘဝထဲကေရာ ထြက္သြားပါ "

ေမရီတစ္ခုခုျပန္မေျပာႏိုင္ခင္တြင္ မမေဝက ေမရီ႕လက္ကိုကိုင္၍

" ရီ႕ကို ႏွင္ထုတ္ရင္ ေဝပါ ထြက္သြားမွာပါ ေမေမ။ ခြင့္ျပဳပါဦး "

တစ္စက္ကေလးမွ ေနာက္ျပန္လွည့္ၾကည့္ျခင္းမရွိဘဲ သက္ေဝ ေမရီ႕လက္ကိုဆြဲ၍ ထိုေနရာမွ ထြက္လာခဲ့သည္။ ေႏြးေႏြးေထြးေထြး ႀကိဳဆိုလက္ခံေပးရန္ မေမွ်ာ္လင့္ခဲ့ေသာ္လည္း ယခုေလာက္ထိ ျပင္းျပင္းထန္ထန္တုန႔္ျပန္လိမ့္မည္ဟုမထင္ခဲ့ေပ။

႐ုတ္တရက္ ေသြးပူပူႏွင့္သာ ထြက္လာရေသာ္လည္း ဘယ္ကိုသြားရမည္မွန္းမသိ၍ အနီးဆုံးျဖစ္ေသာ ၆၃ လမ္း ႏွင့္ ၂၉ လမ္းေထာင့္ရွိ ေအာင္ေတာ္မူဘုရားသို႔လာခဲ့သည္။ ေန႔ခင္း ၂ ခ်က္တီးေလာက္မို႔ထင္သည္။ ဘုရားေပၚ၌ လူရွင္းေနသည္။ ဘုရားေပၚအေရာက္တြင္ သက္ေဝဘယ္လိုမွ မဟန္ႏိုင္ေတာ့၍ တစ္ေနရာတြင္ ထိုင္ခ်လိုက္သည္။

" မမေဝ အဆင္ေျပရဲ႕လား "

" ဟင့္အင္း မေျပဘူး ရီရယ္ မမေဝ အဆင္မေျပဘူး "

ထိုသို႔ေျပာ၍ ေမရီပခုံးေပၚတြင္ မ်က္ႏွာအပ္ကာ ကေလးတစ္ေယာက္လို ငိုရႈိက္ေနေသာ မမေဝကို ‌ေမရီသနားမိသည္။ မမေဝငိုသည္ကို ျမင္ရတာ ေမရီ႕ရင္ထဲ ႏွစ္ဆမက နာက်င္ရသည္။ ဆံပင္ကိုခပ္ဖြဖြပြတ္ေပးေတာ့ မမေဝ၏ ရႈိက္သံမ်ား ပို၍က်ယ္လာၿပီး ခႏၶာကိုယ္ေလးမွာလည္း ငိုရသည့္ အရွိန္ေၾကာင့္ သိမ့္ခနဲ တုန္သြားသည္။

" ရီ ေတာင္းပန္ပါတယ္ မမေဝရယ္ ရီေၾကာင့္ သည္လိုေတြျဖစ္ရတာ "

" မဟုတ္တာ .. ရီ႕အမွားမဟုတ္ပါဘူး ေမေမကလည္း ရီ႕ကိုအဲလိုမေျပာသင့္ဘူး ေမေမေျပာသမွ် ရီ ေမ့လိုက္ေနာ္ "

" မမေဝလည္း ရီ႕ေၾကာင့္နဲ႔ပင္ပန္းရၿပီ။ ေရွ႕ေလွ်ာက္ ရီ မမကို မ်က္ရည္မက်ေအာင္ထားပါ့မယ္။ မမေဝ မ်က္ႏွာမွာ အၿပဳံးေတြပဲရွိေအာင္ ရီ ဖန္တီးေပးပါ့မယ္ "

" ေက်းဇူးပဲ ရီရယ္ မမေဝ ေဘးနားမွာ အၿမဲရွိေနေပးလို႔ "

" ရီ တစ္သက္လုံး မမေဝေဘးမွာပဲရွိေနမွာပါ "

ခ်စ္ခရီးလမ္းတို႔သည္ အၿမဲတေစေျဖာင့္ျဖဴးမေနသည္ကို သိေသာ္ျငားလည္း ကိုယ္တိုင္ေလွ်ာက္လွမ္းရသည့္အခါ သိပ္ကိုနာက်င္ေစတတ္ေၾကာင္းသိခဲ့ရသည္။ တစ္ဆက္တည္းမွာပင္ ေႏြးေထြးစြာဆုပ္ကိုင္ထားႏိုင္မည့္ ခ်စ္သူ၏လက္ဖဝါးတစ္ဖက္သာရွိေနလွ်င္ မည္မွ်ပင္နာက်င္ေစကာမူ ခြန္အားအျပည့္ျဖင့္ ဆက္လက္‌ေလွ်ာက္လွမ္းႏိုင္ေၾကာင္းကိုလည္း သက္ေဝ လက္ေတြ႕က်က် သိခဲ့ရေပသည္။

ေမႏိုင္း
၁၆.၁၁.၂၀၂၃
12:27 PM

Continue Reading

You'll Also Like

534K 44.1K 43
အချစ်ဆိုတာ တစ်သက်လုံးနေလာတဲ့ cool guy type ကြီးကနေ ခဏချင်း cute boy typeကိုပြောင်းသွားစေတာမျိုး
1.4M 47.9K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.6M 67K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...