ချစ်သက်ဝေ

By MAYNINE_04

32.4K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... More

A/N
ဤသို့အစပြု၍
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

အပိုင်း (၁၉)

803 99 14
By MAYNINE_04

- ချစ်တာ ချစ်တာပဓာန -

" ကုသိုလ်တရား တိုးပွားစေတဲ့ အာရုံကောင်းတွေဟာ စိတ်ရဲ့ အားဆေးတွေပါ။ ခန္ဓာကိုယ် အားရှိဖို့ အစားကောင်းတွေ နေ့တိုင်း စားပေးရသလို စိတ်ဓာတ်အားရှိဖို့အတွက်လည်း အာရုံကောင်းတွေ နေ့တိုင်း စားပေးဖို့ လိုအပ်ပါတယ်။ စိတ်ကို ရွှင်လန်းတက်ကြွ အားဖြစ်စေတဲ့ အာရုံကောင်းတွေထဲမှာ အကောင်းဆုံး အာရုံကောင်းကတော့ ဘုရားအာရုံပါပဲ။

အာရုံကောင်း ဖြစ်ရုံသက်သက်နဲ့ စိတ်က အလိုအလျောက် အားရှိသွားတာတော့ မဟုတ်ပါဘူး။ အာရုံကောင်းကို စိတ်ကောင်းနဲ့ ခံယူမှစိတ်က အားရှိသွားတာပါ။ စိတ်ကောင်းဆိုတာ ယုံကြည်လေးမြတ်မှု သဒ္ဓါနဲ့ နားလည်သိမြင်မှု ပညာကို ပြောတာပါ။ ဘယ်လောက်ကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် သဒ္ဓါပညာနဲ့ မခံယူရင်စိတ်ကို အားမရှိစေပါဘူး။ သဒ္ဓါပညာနဲ့ ခံယူမှ စိတ်ကို အားရှိစေပါတယ်။

အာရုံကောင်းကို သဒ္ဓါပညာ စိတ်ကောင်းနဲ့ ခံယူလိုက်လို့ စိတ်မှာ အားရှိသွားပြီဆိုရင် အားရှိသွားတဲ့စိတ်က အနာရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဘေးရန်အန္တရာယ်တွေကိုလည်း လွန်မြောက်စေနိုင်ပါတယ်။ ချမ်းသာကောင်းကျိုး အမျိုးမျိုးကိုလည်း အံ့သြဖွယ်ကောင်းလောက်အောင် ဆိုက်ရောက်လာစေနိုင်ပါတယ်။ "

တရားစာအုပ်ကို လက်ကချ၍ ဆရာတော်ဘုရားပြောသမျှကို သက်ဝေ အတွေးနယ်ချဲ့နေမိသည်။ သက်ဝေ အခုရက်ပိုင်း ဘုရားကိုသာ အာရုံပြုနေမိသည့် ရက်တွေက နေ့စဉ်လိုလိုပဲမဟုတ်လား။ ဒီလိုဆိုတော့ စိတ်က မပျံ့လွင့်ဘူးလား ဆိုပြန်ရင်လည်း ဖြေရခက်သည်။ စိတ်ဟူသည်မျိုးက ချုပ်တည်းရမလွယ်ကူပေ။ ယခုလောလောဆယ်တွင် စိတ်က နှာသီးဖျားသို့ရိုက်ခတ်နေသည့် ဝင်လေ ထွက်လေ မှတ်နေသော်လည်း နောက်မကြာခင် စက္ကန့်ပိုင်းအတွင်းတွင် ထိုစိတ်အစုံက လောကထဲသို့ လှည့်လည်ဖြန့်ကျက်ချင် ဖြန့်ကျက်နေတော့တာမဟုတ်လား။

ဘုန်းဘုန်းရေးထားသကဲ့သို့ အာရုံကောင်းကို ပြုရန်လည်း ခက်ခဲနေပါသည်။ သက်ဝေက သဒ္ဓါပညာဖြင့် နားလည်သိမြင်၍ ဘုရားအာရုံကို ခံယူနေခြင်းမဟုတ်ပေ။ ရှုပ်ထွေးနေသော စိတ်ကို သွေဖယ်ရာအနေဖြင့် တရားဓမ္မဘက်သို့ အာရုံပြုခြင်းသက်သက်ဖြစ်၍ သေချာအာရုံမဝင်စား‌နိုင်ပေ။

" မမ ထမင်းစားတော့မလား "

ထွေး စကားကြောင့် အတွေးလွန်နေသော သက်ဝေ လက်ရှိလောကနှင့် သတိပြန်ကပ်မိသည်။

" အင်း စားတာပေါ့ ထွေးရယ် "

" မမ ကြည့်ရတာ‌ ခုတလော တစ်မျိုးပဲ ထွေးပြောမယ် ပြောမယ်နဲ့ မပြောဖြစ်နေတာ။ မိုးလင်းက မိုးချုပ် ရိုက်ကွင်းမရှိဘူးဆို တရားစာအုပ်ဖတ်လိုက် တရားနာလိုက်နဲ့ပဲ။ အရင်ကထက် ဘုရားတရားတွေပိုလုပ်နေတယ်။ ဒါပေမယ့် တစ်ခါတလေကျ တရားသာဖွင့်ထားတာ မမရုပ်ကပဲ ဒီမှာရှိပြီး မမရဲ့နာမ်ကတော့ တခြားကို လွင့်နေသလိုပဲ။ ဘာတွေဖြစ်နေတာလဲဟင် "

ထွေးထွေးပါ သတိထားမိလောက်အောင်အထိ သက်ဝေ စိတ်နှင့်လူနှင့်မကပ်ဖြစ်ရသည်ကို ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မိသည်။ သို့သော်လည်း မတတ်နိုင် သက်ဝေဟာလည်း စိတ်အစုံကို အစိုးမရသေးတဲ့ ပုထုဇဉ်လူသားတစ်ယောက်ပင်မဟုတ်ပါလား။

" ဘာမှမဖြစ်ပါဘူး ထွေးရယ် ခုရက်ပိုင်း အလုပ်ကြောင့် စိတ်ပင်ပန်းရတာလေးရှိတော့ ဘုရားရိပ် တရားရိပ်နဲ့ စိတ်ဖြေတာပါ "

" မမဟာက မဟုတ်သေးပါဘူး။ ပြီးတော့ မေရီလည်း အိမ် မလာတာကြာပြီ။ ဘာလဲ မမ မေရီနဲ့ စကားများထားကြလို့ ခုလိုဖြစ်နေတာမဟုတ်လား "

" အို ပေါက်ပေါက်ရှာရှာ စကားများရန်ဖြစ်ရအောင် မမက ကလေးလား မဆိုင်တာပဲ ထွေးရယ် "

" ဒါဖြင့် ဟိုကောင်မလေးက မမကို ကောက်သွားတာလား။ တကယ်တော် နေနိုင်ချက် မေရီတို့များတော့ ပေါ်မလာတာ ၄၊၅ ရက် မကတော့ဘူး "

တကယ်လည်း ဟုတ်သည်။ ထိုနေ့က သက်ဝေ နှင်လိုက်ပြီးသည့်နောက်တွင် မေရီ့ကို သက်ဝေ ထပ်မတွေ့ရတော့ပါ။ မေရီက သူ့စကားသူတည်နေသလားမပြောတတ်ပေမယ့် သက်ဝေမှာတော့ ပေါ်မလာသူကို အောက်မေ့တသရှိရသည်။ ရိုက်ကွင်းသွားတော့လည်း ပေါ်လာမလားဟု ရှာရတာလည်း အမော။ သို့သော် အရှောင်ကောင်းသူက မလွှဲသာ၍ နောက်ခံသီချင်းတွင်ပါသည့် သူမ အသံကို ကြားခွင့်ပေးသည်မှလွဲ၍ အရိပ်ပင်မမြင်ရပါ။

မေရီ့ကြောင့် သက်ဝေ စိတ်ပင်ပန်းရသည်။ မေရီက ချစ်စကားတစ်ခွန်းကို လွယ်လွယ်ကူကူဖွင့်ဟသွားနိုင်ပေမယ့် သက်ဝေကတော့ အတွေးများရသည်။ မိန်းမသားပီပီ ကြုံရမည့် အဆိုးများကို တွေးလိုက်သည်နှင့်ပင် ရှေ့ဆက်ရမည့်ခရီးကို ကြောက်ရွံ့မိသည်။ သက်ဝေက အကြီးဖြစ်သောကြောင့်လည်း ပို၍စဉ်းစားဆင်ခြင်နေရသည်ဟုလည်း ကိုယ့်ကိုယ်ကိုယ်ထင်မိသည်။ မေရီ့အချစ်ကို လက်မခံနိုင်ခြင်းတွင်လည်း မေရီ့အပေါ်လည်း ဘာအထိအခိုက်မှ မရှိစေလိုသည့် စေတနာမေတ္တာကြောင့်လည်း ပါပါသည်။

သည်အခြေအနေလေးနှင့်သာဆိုလျှင် သက်ဝေသည် မေရီ့အပေါ် တစ်သက်မပြယ်သော ချစ်ခြင်းမေတ္တာများကို ပေးနိုင်စွမ်းသည်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ပြောစရာလည်းမဖြစ်တော့ပေ။ လက်ညိုးထိုး မေးငေါ့စရာလည်းမရှိပေ။ ဘယ်သူမေးမေး လိပ်ပြာသန့်စွာဖြင့် မေရီ့ကို ချစ်ကြောင်း ပြောဝံ့သည်။ အကယ်၍ ချစ်ခြင်းမေတ္တာက လိုတာထက်ပို၍ဆန်းကြယ်လာပြီဆိုလျှင်တော့ အစစအရာရာတွင် ခက်ခဲဒုက္ခတို့ကိုရင်ဆိုင်ရတော့မည်။ ပတ်ဝန်းကျင်ကိုမည်ကဲ့သို့ ပြောရမည်နည်း။ လူ့အသိုင်းအဝိုင်းက ဖယ်ကျဉ်ခံရလျှင် အဆင်ပြေမည်လား။ လူတကာ၏ စက်ဆုပ်ရွံ့ရှာသည့်အကြည့်များ ကဲ့ရဲ့ပြောဆိုသည့် စကားများအောက်တွင် မေရီ့ချစ်ခြင်းများ ပျောက်ကွယ်သွားမည်လား။ ထိုစကားတွေကြောင့် မေရီ ထိခိုက်နာကျင်ရမှာကို သက်ဝေ သေမလောက်ကြောက်ပါသည်။

သက်ဝေ ဘက်ကတော့ ရှင်းသည်။ မေရီ့အပေါ် တစ်သက်တာ မပြောင်းလဲသည့်အချစ်မျိုးဖြင့် ချစ်မြတ်နိုးသည်။ ညီမတစ်ယောက်လို စောင့်ရှောက်ကာကွယ်ပေးချင်သည်။ မေရီ့အတွက် မျက်ရည်မကျအောင် ထားနိုင်ပြီး၊ မျက်ရည်ကျလာလျှင်သော်မှ မျက်ရည်တို့ကို သုတ်ပေးကာ နာကျင်မှုကို သက်သာစေမည့်လူမျိုးဖြစ်ချင်သည်။ ဤ ချစ်ခြင်းမေတ္တာကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲ သက်ဝေမသိပါ။ ဒါကို မေရီ နားလည်ဖို့လည်း သက်ဝေ ဆုတောင်းမိသည်။

" တို့ဘက်က သဘောထားကို နားလည်စေချင်တယ် မေရီရယ် "

မတွေ့ရသည့်ရက် တစ်ရက်မှ တစ်ပတ်၊ တစ်ပတ်မှ တစ်လသို့ ပြောင်းသွားသောအခါတွင် သက်ဝေ မနေသာတော့။ လာနိုးနိုးဖြင့် မျှော်ရသည့် အခြေအနေကိုလည်း စိတ်မရှည်နိုင်တော့ပေ။ သက်ဝေ ဘဝအတွက် အရေးပါသည့် လူတစ်ယောက်ကို ယခုလို လွယ်လွယ်နှင့်လက်လွှတ်ဆုံးရှုံးမခံချင်ပေ။ သက်ဝေသဘောထားကို ရှင်းပြပြီးမှ သူ လက်မခံနိုင်လျှင်တော့ တစ်သက် ဝေးကြရုံဟု တွေးထားလိုက်သည်။ ယခု သူမ နေထိုင်ရာ အိမ်သို့ သက်ဝေ လိုက်သွားမှဖြစ်မည်။

" အိမ်ရှင်တို့ "

" ဟော ဝေဝေပါ့လား လာလေ မမြင်ရတာတောင်ကြာပေါ့ "

" ဟုတ်တယ် ကြီးစော ဝေ အလုပ်များနေတာနဲ့ပဲ မရောက်ဖြစ်တာ မေရီရောဟင် "

ကြီးစောက သက်ဝေကို အိမ်ထဲသို့ ခေါ်၍ ဧည့်ခန်းတွင်ထိုင်စေသည်။ ပြီးမှ စိတ်မကောင်းဟန်မျက်နှာထားဖြင့်

" ရီတော့ ဝေ့ကို စိတ်ကောက်နေသလားမသိပါဘူး။ ရုပ်ရှင်ခြံက ပြန်လာတဲ့နေ့က ငိုပြီး အခန်းထဲတန်းဝင်သွားတာ ထမင်းတောင် ထွက်မစားဘူးလေ။ မေးတာလည်း မဖြေပါဘူး။ အေဝမ်းဘက် သွားမလားမေးရင် ခါးခါးသီးသီးပဲ။ နောက်ရက်တွေအထိ ထမင်းမစားလို့ ကြီးစောတို့မှာ မနည်းချော့ချက် ကျွေးလိုက်ရသေးတယ်။ ‌အသံသွင်းစရာရှိလည်း မနက်စောစော ထွက်သွားပြီး ပြန်လာတာနဲ့ အခန်းအောင်းတော့တာပဲ။ ဝေဝေနဲ့ရန်ဖြစ်လာသလား မေးတော့လည်း မဖြေဘူး။ ရေငုံနှုတ်ပိတ်နဲ့ တစ်နေ့တစ်နေ့ အခန်းအောင်းပြီး နေနေတော့တာ။ ကလေးစိတ်နဲ့ တစ်ဇွတ်ထိုးဆန်နေတာပါ ဝေရယ် တကယ်လို့ စိတ်ဆိုးစရာရှိလည်း ခွင့်လွှတ်ပေးလိုက်ပါ "

" မဟုတ်တာ ကြီးစောရယ် ဝေက စိတ်ဆိုးစရာမရှိပါဘူး သူ့ဘာသာ ဝေ့ကို စိတ်ကောက်သွားတာနေမှာ ဝေလည်း သူလာမလား လာမလာနဲ့ စောင့်ရင်းက တစ်လကျော်ရှိပြီ စာမလာ သတင်းမကြားဆိုတော့ အလုပ်အားရက်လေး လိုက်လာခဲ့ရတာ "

" အေးကွယ် ဒီကလေးမ သိပ်ဆိုးတာပဲ အကုန်လုံးကို စိတ်ပူအောင်လုပ်နေတယ် "

" ခုရော သူရှိလား ကြီးစော "

" ရှိပါ့ မနက်ကတည်းက ဘာမှမစားချင်ဘူးဆိုပြီး အခန်းတံခါးပိတ်နေလေရဲ့ "

" သူ့အတွက် ထမင်းပန်းကန်ပြင်ပေး ကြီးစော ဝေ သွားလိုက်မယ် "

" အေးအေး ဟုတ်ပြီ "

သိပ်ဆိုး‌သည့် ကလေးမတစ်ယောက်ကို သက်ဝေ ချော့ရပေဦးမည်။ ကြီးစော ပြင်လာပေးသည့် ထမင်းဟင်း လင်ဗန်းကို သက်ဝေ ယူကာ အပေါ်ထပ်သို့တက်လာခဲ့သည်။ မေရီ့အခန်းတံခါးကို ခပ်ဖွဖွခေါက်တော့ အထဲမှ စူအောင့်အောင့် အသံလေးထွက်လာသည်။

" ကြီးစောကလည်း ‌ရီ မဆာပါဘူးဆို "

သက်ဝေ အသံမပေးဘဲ တံခါးကို နောက်နှစ်ချက်လောက် ထပ်ခေါက်လိုက်သည်။ ထိုအခါမှ အထဲက မရွှေချောကလေး၏ခြေသံကို ကြားရပြီး တံခါးလာဖွင့်ပေးတော့သည်။

" ကြီးစောရယ် ရီ တကယ်..."

ကြီးစောဟုထင်နေသည့် မေရီ့မှာ တံခါးဝတွင်ရပ်နေသည့် သက်ဝေကို တွေ့လိုက်ရတော့ အတော် အံ့အားသင့်သွားသည်။ သက်ဝေကို သူ့အခန်းဝမှာ တွေ့ရမည်ဟုလည်း မျှော်လင့်မထားသည့်ပုံ။

" တကတည်း တံခါးလေးလာဖွင့်ဖို့ကို စောင့်လိုက်ရတာ ဒီမှာ လင်ဗန်းက လေးနေပြီ မေရီရဲ့ ဖယ် "

ပြောပြောဆိုဆိုဖြင့် မမဝေက မေရီ့ခန္ဓာကိုယ်ကို အသာတွန်းဖယ်ကာ အခန်းထဲသို့ သူမသဘောရှိသလို ဝင်သွားလေသည်။ မေရီကတော့ အိပ်မက်လား လက်တွေ့လားဟု ခွဲခြားရင်း ဝေခွဲမရစွာဖြင့် အခန်းထဲသို့ပြန်ဝင်လာသည်။

" မမဝေ ဘာလာလုပ်တာလဲ "

" ကိုယ့်အိမ်လာတဲ့သူကို အဲသလိုပဲ ဆက်ဆံရသလား "

" မမဝေကျတော့ရော နှင်တောင်နှင်လိုက်သေးတယ်မဟုတ်လား "

မမဝေ မျက်လုံးများ ညှိုးလျော်သွားသော်လည်း ခပ်မြန်မြန်ပင် ဖုံးကွယ်ကာ ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေသည့် မေရီ့လက်များကို လာဆွဲ၍ သူမ ထိုင်‌ရာ ကုတင်ဘေးကို ထိုင်စေသည်။

" ထိုင်ပါဦး မမဝေမှာ မေရီ့ကိုရှင်းပြချင်တာတွေ အများကြီးပဲ "

" ဘာများလဲ မမဝေ မသင့်တော်ဘူးဆိုတဲ့အကြောင်းလား မမဝေ မေရီ့ကို မချစ်ဘူးဆိုတဲ့အကြောင်းလား "

" မမဝေကို အဲသလို မခနဲ့ နဲ့ကွယ်။ အဲသည်နေ့က မမဝေ လုပ်ခဲ့တာ မမှားဘူး။ နောင်တလည်း မရဘူး "

" ဒါနဲ့များ ဘာလို့ ဒီကိုလာနေသေးလဲ ဘာလဲ မေရီ့ကိုထပ်ပြီး နာကျင်အောင်လုပ်ဦးမလို့လား "

မေရီ ထိုင်ရာမှ ထကာ ကုတင်ဘေးက ပြတင်းဘောင်ကိုမီ၍ ပြောလိုက်သည်။ မမဝေက မေရီ့ကို ခပ်စူးစူးတစ်ချက်စိုက်ကြည့်ကာ

" ကဲ စကားကိုဆုံးအောင်နားထောင်စမ်းပါဦး ကလေးမရယ် ဖြတ်ဖြတ်ပြောတာကို မမဝေ မကြိုက်ပါဘူး "

ဘယ်လောက်ပင် စိတ်ထိခိုက်၍ အရွဲ့တိုက်ချင်နေသည်ဆိုဆို မေရီသည် မမဝေ တစ်ခွန်းဆို တစ်ခွန်းပင်။ စိတ်ကိုလျှော့ထား၍ မမဝေပြောမည့်စကားကို နားထောင်နေလိုက်သည်။

" မမဝေ ငြင်းရတဲ့အကြောင်းကို မေရီ ပြန်စဉ်းစားကြည့်ပါဦးကွယ်။ မမဝေသဘောကို မေရီ မသိတာလည်း မဟုတ်ဘဲနဲ့။ မမဝေက အကြီးဆိုတော့ အများကြီးစဉ်းစားရတယ် မေရီ။ မေရီ အခုပြောနေတဲ့ ချစ်ခြင်းက အမျိုးသမီးနှစ်ယောက်ကြားက ချစ်ခြင်းကိုပြောနေတာ။ ပတ်ဝန်းကျင်မှာ ဘယ်သူတွေများ အဲသလို ချစ်ကြတာ မေရီမြင်ဖူးလဲ။  ချစ်ကြလို့ရော ပတ်ဝန်းကျင် လက်ခံမယ်ထင်သလားဟင် "

" ချစ်ရမယ့်သူက မေရီနဲ့မမပါ ဘာလို့ ပတ်ဝန်းကျင်ကို ထည့်တွက်နေရဦးမှာလဲ "

မမဝေက မျက်မှောင်တစ်ချက်ကျုံ့၍ စိတ်မသက်သာဟန် ကြမ်းပြင်ကိုငေးသည်။

" မမဝေနဲ့မေရီကွာတာ အဲတာတွေပဲ။ မေရီက ကိုယ့်ခံစားချက်ကိုပဲကြည့်တယ် ကျန်တာကိုထည့်မတွေးဘူး။ မမဝေမှာကျ အကုန်တွေးရတယ် မေရီ။ ပတ်ဝန်းကျင်က သိသွားပါပြီတဲ့ ကဲ့ရဲ့မယ့်ဒဏ်တွေ၊ ဝိုင်းအပြစ်ပြောမယ့်အသံတွေ၊ မိသားစုအသိုင်းအဝိုင်းတွေက ဖျက်ကြမယ့်ကိစ္စတွေ၊ ပြီးတော့ ရုပ်ရှင်နယ်ထဲရော ပတ်ဝန်းကျင်မှာပါ ခေါင်းမဖော်ရဲလောက်အောင်အထိ အရှက်ခွဲခံကြရရင်ရော မေရီ အကုန်လုံးကို သည်းခံနိုင်မှာလား။ အဲလိုတွေဖြစ်သွားရင်တောင် မေရီ မမဝေကို ဆက်ချစ်နေနိုင်ဦးမှာလား။ ဒါကို သေချာတွေးပါ "

မေရီ ပြတင်းဘောင်ကိုမီနေရာမှ မမဝေဆီသို့ လျှောက်လာကာ မမဝေရှေ့ တည့်တည့်ရပ်၍ မမဝေ လက်မောင်းရင်းနှစ်ဖက်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည်။ မမဝေက မေရီ့ကို မော့မကြည့်။ ကြမ်းပြင်ကိုသာ အကြောင်းအရင်းမရှိ ငေးနေသည်။

" မမဝေ မေရီ့ကိုကြည့်ပါ "

မေရီပြောလိုက်မှ မမဝေ ခေါင်းမော့လာသည်။ ‌ထိုအခါမှ မမဝေ၏ မျက်ဝန်းညိုတို့ကို စိုက်ကြည့်ကာ

" မမဝေက မေရီ့ကို ဘာမှမစဉ်းစားဘဲ ပြောတယ်လို့ထင်ပေမယ့် မေရီ အများကြီး စဉ်းစားခဲ့တာပါ။ မမဝေကို စချစ်မိတော့လည်း အစ်မတစ်ယောက်ထက်ပိုပြီးချစ်တာဟုတ်ရဲ့လားဆိုတာကို စဉ်းစားခဲ့ရတယ်။ ချစ်မိတော့လည်း မမဝေလက်ခံပါ့မလားဆိုတာကို ကြောက်ခဲ့ရတယ်။ ပတ်ဝန်းကျင် လက်မခံလောက်တာကိုလည်း သိပါတယ် ဒါပေမယ့် မမဝေရယ် .. အဓိကက မေရီ မမဝေကို ချစ်နေဖို့ပဲလေ။ ပတ်ဝန်းကျင်ဘယ်လောက်ပြောပြော မေရီ့နား မမဝေရှိနေသရွေ့ မေရီ ရင်ဆိုင်နိုင်တယ်။ ဘာအခက်အခဲပဲလာလာ မေရီ မကြောက်ဘူး။ ပြီးတော့ မမဝေကို ချစ်တဲ့အချစ်ကလည်း ဘယ်လိုအကြောင်းကြောင်းနဲ့မှ ပျက်ပြယ်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ မေရီ့အချစ်ကို လက်ခံပေးပါနော် "

" ဟင်း ခက်တော့တာပဲကွယ် "

" ဖြေပါလို့ မမဝေ မေရီ့ကို ချစ်တယ် မဟုတ်လား "

" အင်း .."

အသနားခံသည့် မေရီ့ မျက်ဝန်းများကို သက်ဝေ လွန်ဆန်နိုင်စွမ်းမရှိပါပေ။ သက်ဝေ သူမဆန္ဒကို လိုက်လျောလိုက်ခြင်းက ဆုံးဖြတ်ချက်ကောင်းဟုတ်မဟုတ် သေချာမသိပါ။ မရေရာခြင်းများစွာထဲမှာ ရေရာသည့်တစ်ခုကတော့ သက်ဝေတို့ချစ်ခြင်းသာဖြစ်မည်။ လိုချင်သည့်အဖြေရ၍ ဝင်းပသွားသော မေရီ့ မျက်နှာကိုမြင်လိုက်ရရုံဖြင့် ကြုံရမည့် အခက်အခဲအားလုံး တန်သည်ဟု သက်ဝေ တွေးလိုက်သည်။

" မကြားလိုက်လို့ ထပ်ပြောပါဦး "

" အင်း...လို့ "

" ဟင် မကြားရသေးပြန်ဘူး မမဝေရဲ့ "

" အို သိပ်မျက်နှာရူးလိုက်တာ မပြောဘူး သွား သွား "

မမဝေက ရှက်ရှက်ဖြင့် မေရီ့လက်တို့ကိုဖြုတ်ချကာ မျက်စောင်းတစ်ချက်ထိုးတော့ မေရီက သဘောကျစွာ ရယ်သည်။ မေရီအဖို့ ဒီအမျိုးသမီးကို ဘဝတစ်သက်တာအတွက် ပိုင်ဆိုင်ရတော့မည်ဟူသောအသိက ရူးလောက်စေသည်။ ဤသက်ရှိလောကတွင် မေရီ့လောက်ပျော်‌သည့်လူလည်း ရှိမည်မဟုတ်ဟုပင် ထင်မိလေသည်။

" မမကလည်း ရီကြားချင်လို့ဟာကို "

သက်ဝေဘေးတွင်ဝင်ထိုင်ကာ သက်ဝေခါးကိုဖက်၍ ပခုံးပေါ် မေးတင်ပြီး ခွေးပေါက်လေးတစ်ကောင်လို့ အမူပိုပိုပြောနေသည့် ကလေးမကို မချစ်ဘူးဟုပြောလျှင် အကြီးမားဆုံး မုသာဝါဒဖြစ်လိမ့်မည်။ သိပ်ချစ်စရာကောင်းနေ၍ အူယားသဖြင့် နှာခေါင်းလုံးလုံးလေးကို ခပ်ဖွဖွဖျစ်လိုက်ရင်း

" ချစ်တယ် မေရီ တစ်သက်မပြောတော့ဘူးဆုံးဖြတ်ထားတဲ့စကားကို ထုတ်ပြောလိုက်ပြီးပြီမို့ မမဝေဘေးမှာ အမြဲရှိနေပေးသွားပါ "

" စိတ်ချပါ မမ‌ဝေ ရီက ဟောသည် မမနားကနေ တစ်ဖဝါးမှ ခွာမှာမဟုတ်တော့လို့လေ "

" သိပ် စကားတတ်နေ "

သက်ဝေတို့သည် မသင့်တော်သည့် ချစ်ခြင်းတစ်ခုကို စတင်ပြီးခဲ့ပြီဖြစ်၍ ပြန်လှည့်ရန်လမ်းမရှိတော့ပေ။ ဤချစ်ခြင်းဖြင့် ဘဝခရီးလမ်းကို သက်ဝေတို့နှစ်ယောက် ဆိုးအတူ ကောင်းအတူ ရင်ဆိုင်သွားကြရုံသာ..။

မေနိုင်း
၂.၁၁.၂၀၂၃
4:35 PM

ထိပ်ဆုံးမှာပါဝင်တဲ့တရားကို ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ လိုတရနှလုံးသား စာအုပ်မှထုတ်နုတ်ထားပါတယ်ရှင်။ ၁၉၅၀ ပတ်လည်က ဆရာတော်ကြီးများရဲ့ တရားစာအုပ်ကို မရှာဖြစ်တဲ့အတွက် ကျွန်မဖတ်ဖူးတဲ့ တရားစာအုပ်ထဲကပဲ ထုတ်နုတ်ဖော်ပြလိုက်ရတာကို နားလည်ပေးပါရှင်။

- ခ်စ္တာ ခ်စ္တာပဓာန -


" ကုသိုလ္တရား တိုးပြားေတဲ့ အာ႐ုံေကာင္းေတြဟာ စိတ္ရဲ႕ အားေဆးေတြပါခႏၶာကိုယ္ အားရွိဖို႔စားေကာင္းေတြန႔တိုင္း စားေပးရသလို စိတ္ဓာတ္အားရွိဖို႔အတြက္ည္း အာ႐ုံေကာင္းေတြန႔တိုင္း စားေပးဖို႔ လိုပ္ပါယ္စိတ္ကို ႐ႊင္န္းက္ႂကြ အားျစ္ေတဲ့ အာ႐ုံေကာင္းေတြထဲမွာ အေကာင္းဆုံး အာ႐ုံေကာင္းကေတာ့ ဘုရားအာ႐ုံပါပဲ

အာ႐ုံေကာင္း ျဖစ္႐ုံက္က္နဲ႔ စိတ္က အလိုအေလ်ာက္ အားရွိသြားတာေတာ့ဟုတ္ပါဘူးအာ႐ုံေကာင္းကို စိတ္ေကာင္းနဲ႔ ခံယူမွစိတ္က အားရွိသြားတာပါစိတ္ေကာင္းဆိုတာ ယုံၾကည္ေလးျတ္မႈဒၶါနဲ႔ နားလည္သိျင္မႈ ပညာကို ေျပာတာပါ။ ဘယ္ေလာက္ေကာင္းတဲ့ အာ႐ုံပဲျစ္ျစ္ဒၶါပညာနဲ႔ခံယူင္စိတ္ကို အားရွိေပါဘူး။ သဒၶါပညာနဲ႔ ခံယူမွ စိတ္ကို အားရွိေပါယ္

အာ႐ုံေကာင္းကိုဒၶါပညာ စိတ္ေကာင္းနဲ႔ ခံယူလိုက္လို႔ စိတ္မွာ အားရွိသြားၿပီဆိုင္ အားရွိသြားတဲ့စိတ္က အနာေရာဂါေတြကိုည္းပ်ာက္ကင္းေစႏိုင္ပါယ္။ ေဘးန္အႏၲရာယ္ေတြကိုည္း လြန္ေျမာက္ေစႏိုင္ပါယ္ခ်မ္းသာေကာင္းက်ိဳးမ်ိဳးမ်ိဳးကိုည္း အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ ဆိုက္ေရာက္လာေစႏိုင္ပါယ္။ "

တရားစာအုပ္ကို လက္ကခ်၍ ဆရာေတာ္ဘုရားေျပာသမွ်ကို သက္ေဝ အေတြးနယ္ခ်ဲ႕ေနမိသည္။ သက္ေဝ အခုရက္ပိုင္း ဘုရားကိုသာ အာ႐ုံျပဳေနမိသည့္ ရက္ေတြက ေန႔စဥ္လိုလိုပဲမဟုတ္လား။ ဒီလိုဆိုေတာ့ စိတ္က မပ်ံ႕လြင့္ဘူးလား ဆိုျပန္ရင္လည္း ေျဖရခက္သည္။ စိတ္ဟူသည္မ်ိဳးက ခ်ဳပ္တည္းရမလြယ္ကူေပ။ ယခုေလာေလာဆယ္တြင္ စိတ္က ႏွာသီးဖ်ားသို႔႐ိုက္ခတ္ေနသည့္ ဝင္ေလ ထြက္ေလ မွတ္ေနေသာ္လည္း ေနာက္မၾကာခင္ စကၠန႔္ပိုင္းအတြင္းတြင္ ထိုစိတ္အစုံက ေလာကထဲသို႔ လွည့္လည္ျဖန႔္က်က္ခ်င္ ျဖန႔္က်က္ေနေတာ့တာမဟုတ္လား။

ဘုန္းဘုန္းေရးထားသကဲ့သို႔ အာ႐ုံေကာင္းကို ျပဳရန္လည္း ခက္ခဲေနပါသည္။ သက္ေဝက သဒၶါပညာျဖင့္ နားလည္သိျမင္၍ ဘုရားအာ႐ုံကို ခံယူေနျခင္းမဟုတ္ေပ။ ရႈပ္ေထြးေနေသာ စိတ္ကို ေသြဖယ္ရာအေနျဖင့္ တရားဓမၼဘက္သို႔ အာ႐ုံျပဳျခင္းသက္သက္ျဖစ္၍ ေသခ်ာအာ႐ုံမဝင္စား‌ႏိုင္ေပ။

" မမ ထမင္းစားေတာ့မလား "

ေထြး စကားေၾကာင့္ အေတြးလြန္ေနေသာ သက္ေဝ လက္ရွိေလာကႏွင့္ သတိျပန္ကပ္မိသည္။

" အင္း စားတာေပါ့ ေထြးရယ္ "

" မမ ၾကည့္ရတာ‌ ခုတေလာ တစ္မ်ိဳးပဲ ေထြးေျပာမယ္ ေျပာမယ္နဲ႔ မေျပာျဖစ္ေနတာ။ မိုးလင္းက မိုးခ်ဳပ္ ႐ိုက္ကြင္းမရွိဘူးဆို တရားစာအုပ္ဖတ္လိုက္ တရားနာလိုက္နဲ႔ပဲ။ အရင္ကထက္ ဘုရားတရားေတြပိုလုပ္ေနတယ္။ ဒါေပမယ့္ တစ္ခါတေလက် တရားသာဖြင့္ထားတာ မမ႐ုပ္ကပဲ ဒီမွာရွိၿပီး မမရဲ႕နာမ္ကေတာ့ တျခားကို လြင့္ေနသလိုပဲ။ ဘာေတြျဖစ္ေနတာလဲဟင္ "

ေထြးေထြးပါ သတိထားမိေလာက္ေအာင္အထိ သက္ေဝ စိတ္ႏွင့္လူႏွင့္မကပ္ျဖစ္ရသည္ကို ကိုယ့္ကိုယ္ကိုယ္ အားမလိုအားမရျဖစ္မိသည္။ သို႔ေသာ္လည္း မတတ္ႏိုင္ သက္ေဝဟာလည္း စိတ္အစုံကို အစိုးမရေသးတဲ့ ပုထုဇဥ္လူသားတစ္ေယာက္ပင္မဟုတ္ပါလား။

" ဘာမွမျဖစ္ပါဘူး ေထြးရယ္ ခုရက္ပိုင္း အလုပ္ေၾကာင့္ စိတ္ပင္ပန္းရတာေလးရွိေတာ့ ဘုရားရိပ္ တရားရိပ္နဲ႔ စိတ္ေျဖတာပါ "

" မမဟာက မဟုတ္ေသးပါဘူး။ ၿပီးေတာ့ ေမရီလည္း အိမ္ မလာတာၾကာၿပီ။ ဘာလဲ မမ ေမရီနဲ႔ စကားမ်ားထားၾကလို႔ ခုလိုျဖစ္ေနတာမဟုတ္လား "

" အို ေပါက္ေပါက္ရွာရွာ စကားမ်ားရန္ျဖစ္ရေအာင္ မမက ကေလးလား မဆိုင္တာပဲ ေထြးရယ္ "

" ဒါျဖင့္ ဟိုေကာင္မေလးက မမကို ေကာက္သြားတာလား။ တကယ္ေတာ္ ေနႏိုင္ခ်က္ ေမရီတို႔မ်ားေတာ့ ေပၚမလာတာ ၄၊၅ ရက္ မကေတာ့ဘူး "

တကယ္လည္း ဟုတ္သည္။ ထိုေန႔က သက္ေဝ ႏွင္လိုက္ၿပီးသည့္ေနာက္တြင္ ေမရီ႕ကို သက္ေဝ ထပ္မေတြ႕ရေတာ့ပါ။ ေမရီက သူ႔စကားသူတည္ေနသလားမေျပာတတ္ေပမယ့္ သက္ေဝမွာေတာ့ ေပၚမလာသူကို ေအာက္ေမ့တသရွိရသည္။ ႐ိုက္ကြင္းသြားေတာ့လည္း ေပၚလာမလားဟု ရွာရတာလည္း အေမာ။ သို႔ေသာ္ အေရွာင္ေကာင္းသူက မလႊဲသာ၍ ေနာက္ခံသီခ်င္းတြင္ပါသည့္ သူမ အသံကို ၾကားခြင့္ေပးသည္မွလြဲ၍ အရိပ္ပင္မျမင္ရပါ။

ေမရီ႕ေၾကာင့္ သက္ေဝ စိတ္ပင္ပန္းရသည္။ ေမရီက ခ်စ္စကားတစ္ခြန္းကို လြယ္လြယ္ကူကူဖြင့္ဟသြားႏိုင္ေပမယ့္ သက္ေဝကေတာ့ အေတြးမ်ားရသည္။ မိန္းမသားပီပီ ႀကဳံရမည့္ အဆိုးမ်ားကို ေတြးလိုက္သည္ႏွင့္ပင္ ေရွ႕ဆက္ရမည့္ခရီးကို ေၾကာက္႐ြံ႕မိသည္။ သက္ေဝက အႀကီးျဖစ္ေသာေၾကာင့္လည္း ပို၍စဥ္းစားဆင္ျခင္ေနရသည္ဟုလည္း ကိုယ့္ကိုယ္ကိုယ္ထင္မိသည္။ ေမရီ႕အခ်စ္ကို လက္မခံႏိုင္ျခင္းတြင္လည္း ေမရီ႕အေပၚလည္း ဘာအထိအခိုက္မွ မရွိေစလိုသည့္ ေစတနာေမတၱာေၾကာင့္လည္း ပါပါသည္။

သည္အေျခအေနေလးႏွင့္သာဆိုလွ်င္ သက္ေဝသည္ ေမရီ႕အေပၚ တစ္သက္မျပယ္ေသာ ခ်စ္ျခင္းေမတၱာမ်ားကို ေပးႏိုင္စြမ္းသည္။ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းက ေျပာစရာလည္းမျဖစ္ေတာ့ေပ။ လက္ညိဳးထိုး ေမးေငါ့စရာလည္းမရွိေပ။ ဘယ္သူေမးေမး လိပ္ျပာသန႔္စြာျဖင့္ ေမရီ႕ကို ခ်စ္ေၾကာင္း ေျပာဝံ့သည္။ အကယ္၍ ခ်စ္ျခင္းေမတၱာက လိုတာထက္ပို၍ဆန္းၾကယ္လာၿပီဆိုလွ်င္ေတာ့ အစစအရာရာတြင္ ခက္ခဲဒုကၡတို႔ကိုရင္ဆိုင္ရေတာ့မည္။ ပတ္ဝန္းက်င္ကိုမည္ကဲ့သို႔ ေျပာရမည္နည္း။ လူ႔အသိုင္းအဝိုင္းက ဖယ္က်ဥ္ခံရလွ်င္ အဆင္ေျပမည္လား။ လူတကာ၏ စက္ဆုပ္႐ြံ႕ရွာသည့္အၾကည့္မ်ား ကဲ့ရဲ႕ေျပာဆိုသည့္ စကားမ်ားေအာက္တြင္ ေမရီ႕ခ်စ္ျခင္းမ်ား ေပ်ာက္ကြယ္သြားမည္လား။ ထိုစကားေတြေၾကာင့္ ေမရီ ထိခိုက္နာက်င္ရမွာကို သက္ေဝ ေသမေလာက္ေၾကာက္ပါသည္။

သက္ေဝ ဘက္ကေတာ့ ရွင္းသည္။ ေမရီ႕အေပၚ တစ္သက္တာ မေျပာင္းလဲသည့္အခ်စ္မ်ိဳးျဖင့္ ခ်စ္ျမတ္ႏိုးသည္။ ညီမတစ္ေယာက္လို ေစာင့္ေရွာက္ကာကြယ္ေပးခ်င္သည္။ ေမရီ႕အတြက္ မ်က္ရည္မက်ေအာင္ ထားႏိုင္ၿပီး၊ မ်က္ရည္က်လာလွ်င္ေသာ္မွ မ်က္ရည္တို႔ကို သုတ္ေပးကာ နာက်င္မႈကို သက္သာေစမည့္လူမ်ိဳးျဖစ္ခ်င္သည္။ ဤ ခ်စ္ျခင္းေမတၱာကို ဘယ္လိုေခါင္းစဥ္တပ္ရမလဲ သက္ေဝမသိပါ။ ဒါကို ေမရီ နားလည္ဖို႔လည္း သက္ေဝ ဆုေတာင္းမိသည္။

" တို႔ဘက္က သေဘာထားကို နားလည္ေစခ်င္တယ္ ေမရီရယ္ "

မေတြ႕ရသည့္ရက္ တစ္ရက္မွ တစ္ပတ္၊ တစ္ပတ္မွ တစ္လသို႔ ေျပာင္းသြားေသာအခါတြင္ သက္ေဝ မေနသာေတာ့။ လာႏိုးႏိုးျဖင့္ ေမွ်ာ္ရသည့္ အေျခအေနကိုလည္း စိတ္မရွည္ႏိုင္ေတာ့ေပ။ သက္ေဝ ဘဝအတြက္ အေရးပါသည့္ လူတစ္ေယာက္ကို ယခုလို လြယ္လြယ္ႏွင့္လက္လႊတ္ဆုံးရႈံးမခံခ်င္ေပ။ သက္ေဝသေဘာထားကို ရွင္းျပၿပီးမွ သူ လက္မခံႏိုင္လွ်င္ေတာ့ တစ္သက္ ေဝးၾက႐ုံဟု ေတြးထားလိုက္သည္။ ယခု သူမ ေနထိုင္ရာ အိမ္သို႔ သက္ေဝ လိုက္သြားမွျဖစ္မည္။

" အိမ္ရွင္တို႔ "

" ေဟာ ေဝေဝပါ့လား လာေလ မျမင္ရတာေတာင္ၾကာေပါ့ "

" ဟုတ္တယ္ ႀကီးေစာ ေဝ အလုပ္မ်ားေနတာနဲ႔ပဲ မေရာက္ျဖစ္တာ ေမရီေရာဟင္ "

ႀကီးေစာက သက္ေဝကို အိမ္ထဲသို႔ ေခၚ၍ ဧည့္ခန္းတြင္ထိုင္ေစသည္။ ၿပီးမွ စိတ္မေကာင္းဟန္မ်က္ႏွာထားျဖင့္

" ေမရီေတာ့ ေဝ့ကို စိတ္ေကာက္ေနသလားမသိပါဘူး။ ႐ုပ္ရွင္ၿခံက ျပန္လာတဲ့ေန႔က ငိုၿပီး အခန္းထဲတန္းဝင္သြားတာ ထမင္းေတာင္ ထြက္မစားဘူးေလ။ ေမးတာလည္း မေျဖပါဘူး။ ေအဝမ္းဘက္ သြားမလားေမးရင္ ခါးခါးသီးသီးပဲ။ ေနာက္ရက္ေတြအထိ ထမင္းမစားလို႔ ႀကီးေစာတို႔မွာ မနည္းေခ်ာ့ခ်က္ ေကြၽးလိုက္ရေသးတယ္။ ေဝေဝနဲ႔ရန္ျဖစ္လာသလား ေမးေတာ့လည္း မေျဖဘူး။ ေရငုံႏႈတ္ပိတ္နဲ႔ တစ္ေန႔တစ္ေန႔ အခန္းေအာင္းၿပီး ေနေနေတာ့တာ။ ကေလးစိတ္နဲ႔ တစ္ဇြတ္ထိုးဆန္ေနတာပါ ေဝရယ္ တကယ္လို႔ စိတ္ဆိုးစရာရွိလည္း ခြင့္လႊတ္ေပးလိုက္ပါ "

" မဟုတ္တာ ႀကီးေစာရယ္ ေဝက စိတ္ဆိုးစရာမရွိပါဘူး သူ႔ဘာသာ ေဝ့ကို ေကာက္သြားတာေနမွာ ေဝလည္း သူလာမလား လာမလာနဲ႔ ေစာင့္ရင္းက တစ္လေက်ာ္ရွိၿပီ စာမလာ သတင္းမၾကားဆိုေတာ့ အလုပ္အားရက္ေလး လိုက္လာခဲ့ရတာ "

" ေအးကြယ္ ဒီကေလးမ သိပ္ဆိုးတာပဲ အကုန္လုံးကို စိတ္ပူေအာင္လုပ္ေနတယ္ "

" ခုေရာ သူရွိလား ႀကီးေစာ "

" ရွိပါ့ မနက္ကတည္းက ဘာမွမစားခ်င္ဘူးဆိုၿပီး အခန္းတံခါးပိတ္ေနေလရဲ႕ "

" သူ႔အတြက္ ထမင္းပန္းကန္ျပင္ေပး ႀကီးေစာ ေဝ သြားလိုက္မယ္ "

" ေအးေအး ဟုတ္ၿပီ "

သိပ္ဆိုး‌သည့္ ကေလးမတစ္ေယာက္ကို သက္ေဝ ေခ်ာ့ရေပဦးမည္။ ႀကီးေစာ ျပင္လာေပးသည့္ ထမင္းဟင္း လင္ဗန္းကို သက္ေဝ ယူကာ အေပၚထပ္သို႔တက္လာခဲ့သည္။ ေမရီ႕အခန္းတံခါးကို ခပ္ဖြဖြေခါက္ေတာ့ အထဲမွ စူေအာင့္ေအာင့္ အသံေလးထြက္လာသည္။

" ႀကီးေစာကလည္း ‌ရီ မဆာပါဘူးဆို "

သက္ေဝ အသံမေပးဘဲ တံခါးကို ေနာက္ႏွစ္ခ်က္ေလာက္ ထပ္ေခါက္လိုက္သည္။ ထိုအခါမွ အထဲက မေ႐ႊေခ်ာကေလး၏ေျခသံကို ၾကားရၿပီး တံခါးလာဖြင့္ေပးေတာ့သည္။

" ႀကီးေစာရယ္ ရီ တကယ္..."

ႀကီးေစာဟုထင္ေနသည့္ ေမရီ႕မွာ တံခါးဝတြင္ရပ္ေနသည့္ သက္ေဝကို ေတြ႕လိုက္ရေတာ့ အေတာ္ အံ့အားသင့္သြားသည္။ သက္ေဝကို သူ႔အခန္းဝမွာ ေတြ႕ရမည္ဟုလည္း ေမွ်ာ္လင့္မထားသည့္ပုံ။

" တကတည္း တံခါးေလးလာဖြင့္ဖို႔ကို ေစာင့္လိုက္ရတာ ဒီမွာ လင္ဗန္းက ေလးေနၿပီ ေမရီရဲ႕ ဖယ္ "

ေျပာေျပာဆိုဆိုျဖင့္ မမေဝက ေမရီ႕ခႏၶာကိုယ္ကို အသာတြန္းဖယ္ကာ အခန္းထဲသို႔ သူမသေဘာရွိသလို ဝင္သြားေလသည္။ ေမရီကေတာ့ အိပ္မက္လား လက္ေတြ႕လားဟု ခြဲျခားရင္း ေဝခြဲမရစြာျဖင့္ အခန္းထဲသို႔ျပန္ဝင္လာသည္။

" မမေဝ ဘာလာလုပ္တာလဲ "

" ကိုယ့္အိမ္လာတဲ့သူကို အဲသလိုပဲ ဆက္ဆံရသလား "

" မမေဝက်ေတာ့ေရာ ႏွင္ေတာင္ႏွင္လိုက္ေသးတယ္မဟုတ္လား "

မမေဝ မ်က္လုံးမ်ား ညႇိဳးေလ်ာ္သြားေသာ္လည္း ခပ္ျမန္ျမန္ပင္ ဖုံးကြယ္ကာ ခပ္လွမ္းလွမ္းတြင္ မတ္တပ္ရပ္ေနသည့္ ေမရီ႕လက္မ်ားကို လာဆြဲ၍ သူမ ထိုင္‌ရာ ကုတင္ေဘးကို ထိုင္ေစသည္။

" ထိုင္ပါဦး မမေဝမွာ ေမရီ႕ကိုရွင္းျပခ်င္တာေတြ အမ်ားႀကီးပဲ "

" ဘာမ်ားလဲ မမေဝ မသင့္ေတာ္ဘူးဆိုတဲ့အေၾကာင္းလား မမေဝ ေမရီ႕ကို မခ်စ္ဘူးဆိုတဲ့အေၾကာင္းလား "

" မမေဝကို အဲသလို မခနဲ႔ နဲ႔ကြယ္။ အဲသည္ေန႔က မမေဝ လုပ္ခဲ့တာ မမွားဘူး။ ေနာင္တလည္း မရဘူး "

" ဒါနဲ႔မ်ား ဘာလို႔ ဒီကိုလာေနေသးလဲ ဘာလဲ ေမရီ႕ကိုထပ္ၿပီး နာက်င္ေအာင္လုပ္ဦးမလို႔လား "

ေမရီ ထိုင္ရာမွ ထကာ ကုတင္ေဘးက ျပတင္းေဘာင္ကိုမီ၍ ေျပာလိုက္သည္။ မမေဝက ေမရီ႕ကို ခပ္စူးစူးတစ္ခ်က္စိုက္ၾကည့္ကာ

" ကဲ စကားကိုဆုံးေအာင္နားေထာင္စမ္းပါဦး ကေလးမရယ္ ျဖတ္ျဖတ္ေျပာတာကို မမေဝ မႀကိဳက္ပါဘူး "

ဘယ္ေလာက္ပင္ စိတ္ထိခိုက္၍ အ႐ြဲ႕တိုက္ခ်င္ေနသည္ဆိုဆို ေမရီသည္ မမေဝ တစ္ခြန္းဆို တစ္ခြန္းပင္။ စိတ္ကိုေလွ်ာ့ထား၍ မမေဝေျပာမည့္စကားကို နားေထာင္ေနလိုက္သည္။

" မမေဝ ျငင္းရတဲ့အေၾကာင္းကို ေမရီ ျပန္စဥ္းစားၾကည့္ပါဦးကြယ္။ မမေဝသေဘာကို ေမရီ မသိတာလည္း မဟုတ္ဘဲနဲ႔။ မမေဝက အႀကီးဆိုေတာ့ အမ်ားႀကီးစဥ္းစားရတယ္ ေမရီ။ ေမရီ အခုေျပာေနတဲ့ ခ်စ္ျခင္းက အမ်ိဳးသမီးႏွစ္ေယာက္ၾကားက ခ်စ္ျခင္းကိုေျပာေနတာ။ ပတ္ဝန္းက်င္မွာ ဘယ္သူေတြမ်ား အဲသလို ခ်စ္ၾကတာ ေမရီျမင္ဖူးလဲ။  ခ်စ္ၾကလို႔ေရာ ပတ္ဝန္းက်င္ လက္ခံမယ္ထင္သလားဟင္ "

" ခ်စ္ရမယ့္သူက ေမရီနဲ႔မမပါ ဘာလို႔ ပတ္ဝန္းက်င္ကို ထည့္တြက္ေနရဦးမွာလဲ "

မမေဝက မ်က္ေမွာင္တစ္ခ်က္က်ဳံ႕၍ စိတ္မသက္သာဟန္ ၾကမ္းျပင္ကိုေငးသည္။

" မမေဝနဲ႔ေမရီကြာတာ အဲတာေတြပဲ။ ေမရီက ကိုယ့္ခံစားခ်က္ကိုပဲၾကည့္တယ္ က်န္တာကိုထည့္မေတြးဘူး။ မမေဝမွာက် အကုန္ေတြးရတယ္ ေမရီ။ ပတ္ဝန္းက်င္က သိသြားပါၿပီတဲ့ ကဲ့ရဲ႕မယ့္ဒဏ္ေတြ၊ ဝိုင္းအျပစ္ေျပာမယ့္အသံေတြ၊ မိသားစုအသိုင္းအဝိုင္းေတြက ဖ်က္ၾကမယ့္ကိစၥေတြ၊ ၿပီးေတာ့ ႐ုပ္ရွင္နယ္ထဲေရာ ပတ္ဝန္းက်င္မွာပါ ေခါင္းမေဖာ္ရဲေလာက္ေအာင္အထိ အရွက္ခြဲခံၾကရရင္ေရာ ေမရီ အကုန္လုံးကို သည္းခံႏိုင္မွာလား။ အဲလိုေတြျဖစ္သြားရင္ေတာင္ ေမရီ မမေဝကို ဆက္ခ်စ္ေနႏိုင္ဦးမွာလား။ ဒါကို ေသခ်ာေတြးပါ "

ေမရီ ျပတင္းေဘာင္ကိုမီေနရာမွ မမေဝဆီသို႔ ေလွ်ာက္လာကာ မမေဝေရွ႕ တည့္တည့္ရပ္၍ မမေဝ လက္ေမာင္းရင္းႏွစ္ဖက္ကို ညင္သာစြာဆုပ္ကိုင္လိုက္သည္။ မမေဝက ေမရီ႕ကို ေမာ့မၾကည့္။ ၾကမ္းျပင္ကိုသာ အေၾကာင္းအရင္းမရွိ ေငးေနသည္။

" မမေဝ ေမရီ႕ကိုၾကည့္ပါ "

ေမရီေျပာလိုက္မွ မမေဝ ေခါင္းေမာ့လာသည္။ ‌ထိုအခါမွ မမေဝ၏ မ်က္ဝန္းညိဳတို႔ကို စိုက္ၾကည့္ကာ

" မမေဝက ေမရီ႕ကို ဘာမွမစဥ္းစားဘဲ ေျပာတယ္လို႔ထင္ေပမယ့္ ေမရီ အမ်ားႀကီး စဥ္းစားခဲ့တာပါ။ မမေဝကို စခ်စ္မိေတာ့လည္း အစ္မတစ္ေယာက္ထက္ပိုၿပီးခ်စ္တာဟုတ္ရဲ႕လားဆိုတာကို စဥ္းစားခဲ့ရတယ္။ ခ်စ္မိေတာ့လည္း မမေဝလက္ခံပါ့မလားဆိုတာကို ေၾကာက္ခဲ့ရတယ္။ ပတ္ဝန္းက်င္ လက္မခံေလာက္တာကိုလည္း သိပါတယ္ ဒါေပမယ့္ မမေဝရယ္ .. အဓိကက ေမရီ မမေဝကို ခ်စ္ေနဖို႔ပဲေလ။ ပတ္ဝန္းက်င္ဘယ္ေလာက္ေျပာေျပာ ေမရီ႕နား မမေဝရွိေနသေ႐ြ႕ ေမရီ ရင္ဆိုင္ႏိုင္တယ္။ ဘာအခက္အခဲပဲလာလာ ေမရီ မေၾကာက္ဘူး။ ၿပီးေတာ့ မမေဝကို ခ်စ္တဲ့အခ်စ္ကလည္း ဘယ္လိုအေၾကာင္းေၾကာင္းနဲ႔မွ ပ်က္ျပယ္သြားမွာမဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ ေမရီ႕အခ်စ္ကို လက္ခံေပးပါေနာ္ "

" ဟင္း ခက္ေတာ့တာပဲကြယ္ "

" ေျဖပါလို႔ မမေဝ ေမရီ႕ကို ခ်စ္တယ္ မဟုတ္လား "

" အင္း .."

အသနားခံသည့္ ေမရီ႕ မ်က္ဝန္းမ်ားကို သက္ေဝ လြန္ဆန္ႏိုင္စြမ္းမရွိပါေပ။ သက္ေဝ သူမဆႏၵကို လိုက္ေလ်ာလိုက္ျခင္းက ဆုံးျဖတ္ခ်က္ေကာင္းဟုတ္မဟုတ္ ေသခ်ာမသိပါ။ မေရရာျခင္းမ်ားစြာထဲမွာ ေရရာသည့္တစ္ခုကေတာ့ သက္ေဝတို႔ခ်စ္ျခင္းသာျဖစ္မည္။ လိုခ်င္သည့္အေျဖရ၍ ဝင္းပသြားေသာ ေမရီ႕ မ်က္ႏွာကိုျမင္လိုက္ရ႐ုံျဖင့္ ႀကဳံရမည့္ အခက္အခဲအားလုံး တန္သည္ဟု သက္ေဝ ေတြးလိုက္သည္။

" မၾကားလိုက္လို႔ ထပ္ေျပာပါဦး "

" အင္း...လို႔ "

" ဟင္ မၾကားရေသးျပန္ဘူး မမေဝရဲ႕ "

" အို သိပ္မ်က္ႏွာ႐ူးလိုက္တာ မေျပာဘူး သြား သြား "

မမေဝက ရွက္ရွက္ျဖင့္ ေမရီ႕လက္တို႔ကိုျဖဳတ္ခ်ကာ မ်က္ေစာင္းတစ္ခ်က္ထိုးေတာ့ ေမရီက သေဘာက်စြာ ရယ္သည္။ ေမရီအဖို႔ ဒီအမ်ိဳးသမီးကို ဘဝတစ္သက္တာအတြက္ ပိုင္ဆိုင္ရေတာ့မည္ဟူေသာအသိက ႐ူးေလာက္ေစသည္။ ဤသက္ရွိေလာကတြင္ ေမရီ႕ေလာက္ေပ်ာ္‌သည့္လူလည္း ရွိမည္မဟုတ္ဟုပင္ ထင္မိေလသည္။

" မမကလည္း ရီၾကားခ်င္လို႔ဟာကို "

သက္ေဝေဘးတြင္ဝင္ထိုင္ကာ သက္ေဝခါးကိုဖက္၍ ပခုံးေပၚ ေမးတင္ၿပီး ေခြးေပါက္ေလးတစ္ေကာင္လို႔ အမူပိုပိုေျပာေနသည့္ ကေလးမကို မခ်စ္ဘူးဟုေျပာလွ်င္ အႀကီးမားဆုံး မုသာဝါဒျဖစ္လိမ့္မည္။ သိပ္ခ်စ္စရာေကာင္းေန၍ အူယားသျဖင့္ ႏွာေခါင္းလုံးလုံးေလးကို ခပ္ဖြဖြဖ်စ္လိုက္ရင္း

" ခ်စ္တယ္ ေမရီ တစ္သက္မေျပာေတာ့ဘူးဆုံးျဖတ္ထားတဲ့စကားကို ထုတ္ေျပာလိုက္ၿပီးၿပီမို႔ မမေဝေဘးမွာ အၿမဲရွိေနေပးသြားပါ "

" စိတ္ခ်ပါ မမ‌ေဝ ရီက ေဟာသည္ မမနားကေန တစ္ဖဝါးမွ ခြာမွာမဟုတ္ေတာ့လို႔ေလ "

" သိပ္ စကားတတ္ေန "

သက္ေဝတို႔သည္ မသင့္ေတာ္သည့္ ခ်စ္ျခင္းတစ္ခုကို စတင္ၿပီးခဲ့ၿပီျဖစ္၍ ျပန္လွည့္ရန္လမ္းမရွိေတာ့ေပ။ ဤခ်စ္ျခင္းျဖင့္ ဘဝခရီးလမ္းကို သက္ေဝတို႔ႏွစ္ေယာက္ ဆိုးအတူ ေကာင္းအတူ ရင္ဆိုင္သြားၾက႐ုံသာ..။

ေမႏိုင္း
၂.၁၁.၂၀၂၃
4:35 PM

ထိပ္ဆုံးမွာပါဝင္တဲ့တရားကို ဆရာေတာ္ အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ)ရဲ႕ လိုတရႏွလုံးသား စာအုပ္မွထုတ္ႏုတ္ထားပါတယ္ရွင္။ ၁၉၅၀ ပတ္လည္က ဆရာေတာ္ႀကီးမ်ားရဲ႕ တရားစာအုပ္ကို မရွာျဖစ္တဲ့အတြက္ ကြၽန္မဖတ္ဖူးတဲ့ တရားစာအုပ္ထဲကပဲ ထုတ္ႏုတ္ေဖာ္ျပလိုက္ရတာကို နားလည္ေပးပါရွင္။

Continue Reading

You'll Also Like

361K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.9M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
282K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...