ဒီအပြစ်သားက ရှင်သန်လို...(၂)...

Da Swae_Nyoe

114K 17.9K 475

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။ Altro

အခန်း ၁၁၁
အခန်း ၁၁၂
အခန်း ၁၁၃
အခန်း ၁၁၄
အခန်း ၁၁၆
အခန်း ၁၁၇
အခန်း ၁၁၈
အခန်း ၁၁၉
အခန်း ၁၂၀
အခန်း ၁၂၁
အခန်း ၁၂၂
အခန်း ၁၂၃
အခန်း ၁၂၄
အခန်း ၁၂၅
အခန်း ၁၂၆
အခန်း ၁၂၇
အခန်း ၁၂၈
အခန်း ၁၂၉
အခန်း ၁၃၀
အခန်း ၁၃၁
အခန်း ၁၃၂
အခန်း ၁၃၃
အခန်း ၁၃၄
အခန်း ၁၃၅
အခန်း ၁၃၆
အခန်း ၁၃၇
အခန်း ၁၃၈
အခန်း ၁၃၉
အခန်း ၁၄၀
အခန်း ၁၄၁
အခန်း ၁၄၂
အခန်း ၁၄၃
အခန်း ၁၄၄
အခန်း ၁၄၅
အခန်း ၁၄၆
အခန်း ၁၄၇
အခန်း ၁၄၈
အခန်း ၁၄၉
အခန်း ၁၅၀
အခန်း ၁၅၁
အခန်း ၁၅၂
အခန်း ၁၅၃
အခန်း ၁၅၄
အခန်း ၁၅၅
အခန်း ၁၅၆
အခန်း ၁၅၇
အခန်း ၁၅၈
အခန်း ၁၅၉
အခန်း ၁၆၀
အခန်း ၁၆၁
အခန်း ၁၆၂
အခန်း ၁၆၃
အခန်း ၁၆၄
အခန်း ၁၆၅
အခန်း ၁၆၆
အခန်း ၁၆၇
အခန်း ၁၆၈
အခန်း ၁၆၉
အခန်း (၁၇၀)
အခန်း (၁၇၁)
အခန်း (၁၇၂)
အခန်း (၁၇၃)
အခန်း ၁၇၄
အခန်း ၁၇၅
အခန်း ၁၇၆
အခန်း ၁၇၇
အခန်း ၁၇၈
အခန်း ၁၇၉
အခန်း ၁၈၀
အခန်း ၁၈၁
အခန်း ၁၈၂
အခန်း ၁၈၃
အခန်း ၁၈၄
အခန်း ၁၈၅
အခန်း ၁၈၆
အခန်း ၁၈၇
တယ်လီဂရုနောက်တစ်ခု စဆုံးပြီးဆုံးပါကြောင်း...
BL Completed Package Promotion
အခန်း ၁၈၈
အခန်း ၁၈၉
အခန်း ၁၉၀
အခန်း ၁၉၁
အခန်း ၁၉၂
အခန်း ၁၉၃
အခန်း ၁၉၄
အခန်း ၁၉၅
အခန်း ၁၉၆
အခန်း ၁၉၇
အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း (၂၀၁)
အခန်း ၂၀၂
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀၅
အခန်း ၂၀၆
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
အခန်း ၂၀၇
အခန်း ၂၀၈
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

အခန်း ၁၁၅

1.2K 165 1
Da Swae_Nyoe

အပိုင်း (၁၁၅) နေဝင်တရီရောအချိန် လေပွေနှိုးထလာစေ

"မင်္ဂလာပွဲက မင်္ဂလာပွဲပဲ"

ကျန်းလော်သည် သာမန်ကျကျပဲ တုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ မင်းဘာလို့ ငါ့ကို ဒီကိုဘာနေတဲ့လမ်းမှာ ဆေးခတ်တာလဲ"

ဆယ်ကျော်သက်အရွယ်ချီယုံသည် စက္ကန့်အနည်းငယ်မျှတည်ငြိမ်စွာ စိုက်ကြည့်နေပြီး တဖြည်းဖြည်း အနားကပ်လာကာ ရယ်မောလိုက်သည်။

"အား ဒါဆို မင်းမသိသေးဘူးပေါ့"

ကျန်းလော်သည် သူ့ကိုယ်သူ ပါးပြင်းထောင်ထားသော မြွေဟောက်တစ်ကောင်ကဲ့သို့ တွေးနေသော်လည်း ချီယုံသည် အပြုံးအကြီးကြီး ပြုံးလိုက်ကာ ကျန်းလော်ကို ချီမိသားစုအကြောင်း စိတ်အားထက်သန်စွာ ပြောပြတော့သည်။

"ချီမိသားစုက ဇနီးတိုင်းက စောစောသေကြတယ်လေ ကိုယ့်အဖေက အဲ့တာကြောင့် ဘယ်သူ့ကိုမှ လက်မထပ်ချင်ခဲ့ဘူး ဒါပေမဲ့ မျိုးနွယ်စုက ဖိအားပေးလို့ အမေ့ကို လက်ထပ်လိုက်ရတယ် ဒါကြောင့် အဖေက လက်ထပ်ခြင်း ကျိန်စာကို ဖျက်ဖို့အတွက် အသက်သုံးဆယ်ပြည့်ပြီးတဲ့ ချွေးမတစ်ယောက်ရှာချင်တယ် ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်တိုင်းရဲ့ အမျိုးသမီးတွေက ငယ်ငယ်ရွယ်ရွယ်ပဲဖြစ်ရမယ် ဒီလိုနဲ့ပဲ ကိုယ့်အမေလဲ စောစောသေသွားတယ် ပြီးတော့ အခုကိုယ့်အလှည့်ရောက်တော့ တစ်စုံတစ်ယောက်ကို ဆွဲမချချင်တော့ဘူး ဒွပေမဲ့ မျိုးနွယ်စုက ကိုယ့်ကို တစ်ချိန်လုံးဖိအားပေးနေတော့ ကိုယ့်မှာရွေးချယ်စရာမရှိတော့ဘူး အဲ့ဒါကြောင့် ကိုယ်က မျိုးနွယ်စုက အကြီးအကဲတွေကို အမျိုးသားဇနီးသည်တစ်ယောက်ရှာပေးဖို့ပဲ တောင်းဆိုလိုက်ရတော့တာပဲ"

သူသည် ရုတ်တရက်ကြီး ကျန်းလော်နားနောက်မှ ဆံပင်ကို သပ်တင်ပေးလိုက်ပြီး သူ့လက်ချောင်းအေးအေးများသည် ကျန်းလော်၏ နားရွက်ကို ပွတ်တိုက်သွားသည်။

"ဒါကြောင့် မင်းက ချီမိသားစုထဲကို လက်ထပ်ဝင်လာရပြီး ကိုယ်နဲ့ မင်္ဂလာဆောင်လိုက်ရတာပဲ စိတ်မပူပါနဲ့ မင်းက အမျိုးသမီးတစ်ယောက်မဟုတ်တော့ မျှော်လင့်ထားတာထက်ကို အသက်ပိုရှည်နိုင်လောက်ပါတယ် ဒါပြီးရင်တော့ မင်းက ကိုယ်နဲ့အတူတူ ချီမိသားစုကျိန်စာကို ချိုးဖျက်ပေးရမှာပေါ့ အားလုံးပြီးသွားရင် ချီမိသားစုက မင်းတို့ ကျန်းမိသားစုကို သုံးမကုန်နိုင်လောက်တဲ့ ငွေတွေ ပေးမှာပါ"

ချီယုံသည် အားနာဟန်ပြုံးပြလိုက်ပြီး စိတ်ဖိစီးဟန် မျက်မှောင်ကြုတ်သွားသည်။

"ကိုယ်တို့က သာမန် လင်မယားဆိုပေမဲ့ တကယ်တော့ ညီအစ်ကိုကောင်းတွေပဲလေ မင်းအိမ်မှာအတိုင်းပဲ နေသာသလိုနေပါ ရှစ်နှစ်လောက် ကိုယ့်ကို အဖော်ပြုပေးရမှာဆိုတော့ မင်းအတွက် ခက်ခဲနိုင်ပါတယ်"

သူ့အမူအယာသည် ပကတိရိုးသားနေပြီး သူ့အသံနှင့် ခံစားချက်တို့ကပင် ရိုးရှင်းနေရာ ဤကဲ့သို့ ခန့်ညား စိတ်ကောင်းရှိသောသူသည် သနားစရာကောင်းလောက်အောင် အခြေအနေဆိုးကြီး ကြုံတွေ့နေရသည်မှာ ချက်ချင်း ကယ်တင်ပေးလိုက်ချင်စိတ်ပေါက်လာစေသည်။ နှလုံးသားမာကျောသော နတ်ဘုရားသည်ပင် ဤလူငယ်လေးနှင့် တွေ့လျှင် ချက်ချင်းပျော့ပြောင်းသွားမည်ဟုပင် ထင်ရသည်။

'ဒီတော့ ဒီပုံစံက မင်းအသက်ရှင်တဲ့ အချိန်တုန်းက သူတော်ကောင်းယောင်ဆောင်ထားတဲ့ မျက်နှာဖုံးပေါ့လေ'

'စာအုပ်အပြင်မှာရော အထဲမှာရော လူတွေရဲ့ နှလုံးသားကို ဆွဲဆောင်ထားနိုင်တာ မထူးဆန်းပါဘူး ဒီလိုလှလှပကောင်လေးက မျက်မှောင်ကြုတ်နေတာကို လူတွေက သနားပဲသနားမှာပေါ့ ဘယ်သူကမှ မျက်နှာဖုံးတပ်ထားတယ် ထင်မှာမဟုတ်ဘူး'

ကျန်းလော်သည် အပြုံးတုတစ်ခုဖြင့် ရေလိုက်ငါးလိုက်ပြန်ပြောလိုက်သည်။

"မခက်ခဲပါဘူး လုံးဝမခက်ခဲပါဘူး"

စကားပြောကြည့်ပြီးနောက် ဤချီယုံသည် မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲမသွားသေးကြောင်း ကျန်းလော်အတွက် သေချာသွားသည်။ သို့သော် ယခုချီယုံသည် မကောင်းဆိုးဝါး ချီယုံ၏ ငယ်ဘဝဆယ်ကျော်သက်အရွယ်ဖြစ်သည်။

ထိုအချက်သည် ပို၍ ပျော်စရာကောင်းသည်ဟုထင်ကာ ကျန်းလော်သည် ချီယုံ့ကို အူမြူးစွာ ကြည့်လိုက်သည်။

ချီယုံသည် မတ်တပ်ရပ်ပြီး ရှပ်အင်္ကျီမှ ချည်ထုံးကို ဖြည်လိုက်ပြီး

"နားတော့လေ"

သူသည် ဆယ့်ရှစ်နှစ်သာရှိသေးသော်လည်း သူ့ပုံစံသည် ရှည်သွယ်သန်မာသော တည်ဆောက်ပုံရပြီးနေပြီဖြစ်သည်။ လှုပ်ရှားမှုတိုင်းသည် ကျက်သရေရှိနေပြီး အရှိန်အဝါတစ်ခုကိန်းအောင်းနေကာ အလွန်အကျွံဖျော့တော့နေသည်မှလွဲ၍ နှစ်ပေါင်းများစွာ နာမကျန်းထားသည့် အရိပ်အယောင် မရှိပေ။

"ဒါနဲ့ စကားမစပ်"

သူသည် ကျန်းလော်ဘက်သို့ ရုတ်တရက် လှည့်လာပြီး

"ရေချိုးချင်လား"

ကျန်းလော်သည် ခေါင်းကြည်လာရန် အခွင့်အရေးရှာနေသူ ဖြစ်သောကြောင့်နှင့် မှန်ဝင်္ကပါလောက ထဲသို့ ဝင်လာသည့် အခြားသူများကို ရှာချင်နေတာက တစ်ကြောင်းကြောင့် ခေါင်းညိတ်လိုက်သည်။ ချီယုံက ပြောသည်။

"အပြင်ထွက်ပြီး ညာဘက်ကိုသွားလိုက် ညာဘက်လမ်းအဆုံးမှာ ရေချိုးခန်းရှိတယ် သွားကြည့်လိုက်တော့နော်"

ကျန်းလော်သည် ပေါ့ပါးစွာပင် လဲရမည့်အဝတ်များကို ဗီဒိုထဲတွင် ရှာကြည့်လိုက်ပြီးနောက် တံခါးဖွင့်၍ ထွက်သွားတော့သည်။ သူ့နောက်တွင် အင်္ကျီကြယ်သီးဖြုတ်နေသော ချီယုံက လှမ်းပြောလိုက်သည်။

"ရေချိုးခန်း ကြမ်းပြင်က စိုပြီး နည်းနည်းချောနေတယ် သတိထားဦး"

အသံကြားသောကြောင့် နောက်လှည့်ကြည့်လိုက်ပြီး ကျေးဇူးတင်လိုက်သည်။

"သတိပေးလို့ ကျေးဇူး သတိထားလိုက်ပါ့မယ်"

အခန်းတံခါးကို ပြန်စေ့ထားခဲ့ပြီး ထွက်သွားသောကြောင့် အခန်းထဲတွင် ချီယုံတစ်ယောက်ထဲသာ ကျန်ခဲ့သည်။ သူသည် ယခုအချိန်ထိ အဝတ်ချွတ်နေတုန်းဖြစ်ပြီး အဝတ်အစားများ မပါသော ခန္ဓာကိုယ်သည် ခန့်ညားသော ပုံစံအပြည့်အဝပေါ်လွင်နေသည်။ ကြွက်သားလိုင်းများသည် သူ့နေရာနှင့်သူ ကြည့်ကောင်းနေသည်။

သူသည် အိပ်ရာပေါ်မှာ အနီရောင်ရင့်ရင့် လိုက်ကာကို မလိုက်ပြီး အိပ်ရာဘေးစားပွဲပေါ်မှာ စာအုပ်တစ်အုပ်ယူလိုက်ကာ လှဲပြီး ပျင်းရိစွာ စာအုပ်ဖတ်နေလိုက်သည်။ လူငယ်လေး၏ မျက်ခုံးအစုံသည် မကောင်းဆိုးဝါးကဲ့သို့ ဆိုးယုတ်ခြင်းများ ဖြာထွက်နေကာ စာအုပ်ထဲတွင် ထည့်ပိတ်ထားသော အေးစက်ခြင်း အရှိန်အဝါများ အခန်းထဲသို့ ပျံ့နှံ့နေသည်။

"ဒီတစ်ယောက်လဲ မသေခင် ဘယ်နှစ်ရက်လောက် ခံမလဲ မသိဘူး"

အခန်းထဲတွင် လင်းထိန်နေပြီး တိတ်ဆိတ်နေသော်လည်း အိပ်ရာပေါ်မှ လူငယ်လေးကတော့တစ်ခုခု ကြားနေရသလို နားစွင့်ထားသည်။

သူသည် စိတ်ဝင်စားမှု ကင်းမဲ့စွာ ရယ်လိုက်သည်။

"ဒီညကုန်တဲ့ထိ အသက်ရှင်နိုင်ရင်တော့ ငါ့ကို အံ့ဩသွားအောင် လုပ်နိုင်မှာပဲ"

ကျန်းလော်သည် ကော်ရစ်တာတွင် မတ်တပ်ရပ်နေပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။ မင်္ဂလာပွဲတိုင်းသည် အမြဲတမ်း ရာသီဥတုသာယာပြီး နေရောင်တလက်လက်လင်းနေသည့်အချိန်တွင် လုပ်လေ့ရှိသည်။ ယခုအချိန်တွင် နေရောင်မမြင်ရအောင် မဲမှောင်နေပြီး ကျန်းလော်သည် ယခုဘယ်အချိန်ရောက်နေမှန်းပင် မသိနိုင်ပေ။ ရာသီဥတုမကောင်းဘူးဟု မပြောနိုင်သော်လည်း သေချာသည်မှာ မင်္ဂလာပွဲကျင်းပရန် သင့်တော်သော ရာသီမဟုတ်ပေ။

ခြောက်ခြားဖွယ်လေထုသည် နတ်ဆိုးမိစ္ဆာများနှင့် ရင်ဆိုင်တွေ့ရသလို အေးစက်စက်နိုင်လှသည်။ ကျန်းလော်သည် ရေချိုးခန်းဆီသို့ လျှောက်သွားသည့် လမ်းတလျှောက်လုံးတွင် လျန်ရွှီနှင့် တခြားမည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။ ရေချိုးခန်းကို နှစ်ခန်းဖွဲ့ထားပြီး ဘယ်ဖက်ခန်းကို "သခင်လေးကျန်း" ဟူသော နာမည်ရေးထိုးထားသည်။

'ဒီတော့ တစ်ယောက်ထဲသုံးလို့ရမဲ့ သီးသန့်ရေချိုးခန်းပေါ့'

ဘယ်ဖက်ရေချိုးခန်းထဲသို့ ကျန်းလော်ဝင်လိုက်သောအခါ အခန်းကို နှစ်ပိုင်းပိုင်းထားကြောင်း တွေ့လိုက်ရသည်။ အတွင်းအပြင်အခန်းဖွဲ့ထားသကဲ့သို့ လိုက်ကာအဖြူရောင်လို အစမျိုးနှင့် ပိုင်းခြားထားခြင်းဖြစ်သည်။ အပြင်ဘက်ခြမ်းသည် အဝတ်လဲရန် ဖြစ်ပြီး နံရံကို အဖြူရောင်သုတ်ထားပြီး အဖြူရောင် စက္ကူအချို့လဲ ကပ်ထားသေးသည်။ ထိုအပေါ်တွင် ရေဆူလာသောအချိန်နှင့် သခင်လေးများ လာရောက်ဆေးကြောရန် အကော်းဆုံးအချိန်များကိုလည်း ရေးထားသည်။ ကျန်းလော်သည် လဲဝတ်ရန် အဝတ်များကို ကြိုးတန်းပေါ်တွင် တင်လိုက်ပြီး အဖြူရောင်လိုက်ကာကို ဖယ်လိုက်ရာ အတွင်းခြမ်းတွင် ကြွေရေချိုးဇလားကြီး တစ်ခုကို တွေ့လိုက်သည်။ ယနေ့ခေတ်တွင် ရေပန်းမရှိသေးဘဲ ရေချိုးကန်ထဲသာ စိမ်ချိုးရသည်။

ကျန်းလော်သည် ရေချိုးကန်ထဲမှ ရေအပူချိန်ကို စမ်းကြည့်လိုက်သည်။ သူ့အတွက် အညောင်းအညာပြေပြီး စိတ်သက်သာစေသည့်အပူချိန်ဖြစ်နေသောကြောင့် အဝတ်ချွတ်လိုက်ပြီး ရေထဲသို့ ကျေနပ်စွာ ဝင်စိမ်လိုက်သည်။

ရေချိုးကန်ထဲမှ ရေများသည် အပြင်ဘက်သို့ လျှံထွက်ကုန်ပြီး ကြမ်းပြင်ကို စိုရွှဲသွားစေသည်။ ကျန်းလော်သည် မျက်လုံးမှိတ်လိုက်ပြီး ခေါင်းလျှော်လိုက်သည်။ သို့သော် သူခေါင်းကိုင်လိုက်ရုံရှိသေးသည် သူ့ပုခုံးပေါ်မှ ဆံပင်ချည်များ လျောကျလာတော့သည်။

ကျန်းလော်သည် နှလုံးခုန်မြန်သွားပြီး နောက်လက်တစ်ဖက်ဖြင့် ခေါင်းနှင့် ပုခုံးစပ်ကြားကို ကိုင်ကြည့်လိုက်ပြန်သည်။ နောက်ထပ် ဆံပင်ချည်အုံလိုက်ကြီးသည် သူ့လက်ထဲသို့ အလုံးလိုက်ကြီးပါလာသည်။

'ဘာလဲ ငါကတုံးဖြစ်သွားတော့မှာလား မဟုတ်လောက်ပါဘူး'

ကျန်းလော်သည် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်ကို ကြည့်လိုက်သည်။ သူ့လက်ထဲတွင် အနက်ရောင်ဆံပင်ကျွတ်များ ထူထပ်စွာ အများကြီး ရှိနေပြီး ရေမှော်ပင်များနှင့်ပင် တူနေသေးသည်။ ကျန်းလော်သည် ထူးဆန်းသော မျက်နှာထားဖြင့် သူ့ပုခုံးပေါ်ကိုစောင်းကြည့်လိုက်သည်။ ထို့နောက် ပုခုံးကို ထပ်မံစမ်းကြည့်လိုက်ရာ ဆံပင်များကျွတ်ပါလာသေးသောကြောင့် ဆောင့်ဆွဲလိုက်သော်လည်း အနည်းငယ်မျှ နာကျင်မှုကို မခံစားရပေ။

".............."

ဆံပင်ကျွတ်များနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီးနောက် ကျန်းလော် နှလုံးသားလေးသည် အောက်သို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ထိုဆံပင်ကျွတ်များမှာ သူ့ဆံပင်များမဟုတ်သောကြောင့် လန့်သွားသည့်ကြားမှ ဝမ်းသာသွားရသေးသည်။

ကျန်းလော်သည် ခေါင်မိုးပေါ်သို့ မော့ကြည့်လိုက်ရာ ဇောက်ထိုးကြီး ကျလာနေသော ပုတ်သိုးနေပြီး ဆံပင်ချည်များ ဆက်တိုက်ပြတ်ကျနေသော လူခေါင်းတစ်လုံးကို တွေ့လိုက်ရသည်။ ထိုဇောက်ထိုးကြီး အောက်စိုက်လာသော ခေါင်းကြီးသည် အသားစများပါ ပဲ့ကျနေပြီး ပုတ်ပွနေကာ ဦးခေါင်းခွံပင် ကျွတ်ကျလာမတတ် ပျော့စိနေလေသည်။

ကျန်းလော်သည် ရုတ်တရက် နှလုံးခုန်ရပ်မတတ်လန့်သွားပြီး သူ့မျက်နှာသည် ပြာနှမ်းသွားတော့သည်။ သူသည် စိတ်တိုစွာဖြင့် ရေချိုးကန်ထဲမှ ထရပ်လိုက်ကာ ရေချိုးကန် အစွန်းသို့ လျှောက်သွားလိုက်ပြီး ကန်ဘောင်ပေါ်တွင် ရပ်၍ ဆံပင်သုံးထောင်လောက်လေးဖြင့် လာခြောက်နေသော ခေါင်းကို အကြင်နာကင်းမဲ့စွာ ဆွဲချလိုက်သည်။

အားအပြည့်ဖြင့် ဆွဲချလိုက်သောကြောင့် ဦးခေါင်းသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ သို့သော် အရှိန်ပြင်းပြင်းဖြင့် ကျလာသော ဦ်းခေါင်းအစိတ်အပိုင်းများသည် မြေပြင်ပေါ်အရောက်တွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ကျန်းလော်၏ မျက်နှာသည် မည်းမှောင်သွားပြီး ရေချိုးကန်ထဲသို့ ရေအသစ်လဲလိုက်ကာ သူ့ပုခုံးကို ကြမ်းတမ်းစွာ ပွတ်တိုက်နေတော့သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းလော်သည် တစ်စုံတစ်ယောက် အနားကပ်လာသလို ခံစားရပြီး နောက်လှည့်ကြည့်လိုက်ရာ အဖြူရောင်လိုက်ကာနောက်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

"ဘယ်သူလဲ"

ကျန်းလော်က မေးသည်။

ပုံရိပ်သည် ပြန်မဖြေသော်လည်း အနားကပ်သည်ထက် ကပ်လာသည်။ မှုန်ဝါးဝါးပုံရိပ်သည် လိုက်ကာနောက်တွင် ထင်ရှားလာနေပြီး အမျိုးသမီးတစ်ယောက်ပုံစံဖြစ်သွားသည်။ ကျန်းလော်သည် အသံကို ထိန်းချုပ်ပြီး ဘယ်ဖက်လက်ခလယ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး မေးလိုက်ပြန်သည်။

"ဘယ်သူလဲလို့ မေးနေတယ်လေ"

နောက်တစ်ခနတွင် ပုံရိပ်သည် လိုက်ကာဖြူနောက်မှ ထွက်ပေါ်လာပြီး ကျန်းလော်နှင့် မျက်နှာချင်းဆိုင်နားလောက်တွင် လာရပ်သည်။ အသားရောင်ခြယ်ထားပုံရသော မျက်နှာသည် အဖြူရောင်လိုက်ကာနောက်တွင် ပုန်းကွယ်နေဆဲဖြစ်ပြီး လည်ပင်းရိုးသည် ငေါထွက်နေကာ မျက်လုံးများနှင့် နှုတ်ခမ်းများသည် အရိပ်ထဲမှကြည့်သည်ကိုပင် သိသာစွာ ချိုင့်ဝင်နေလေသည်။

ထို့နောက် ခြောက်ခြားဖွယ်ကောင်းစွာပင် လိုက်ကာနောက်မှ ပုံရိပ်သည် အမျိုးသားတစ်ယောက် သဏ္ဍာန်ပြောင်းလဲသွားပြန်သည်။

ကျန်းလော်သည် လက်ခလယ်ကို တည်ငြိမ်စွာ ကိုက်လိုက်ပြီး ထိုမှ ထွက်လာသော သွေးစက်များကို လိုက်ကာထိပ်နားသို့ ပတ်ဖြန်းလိုက်သည်။

ဆာလဖြူရစ်အက်ဆစ်ဖြင့် ပတ်လိုက်သော အဝတ်စကဲ့သို့ပင် လိုက်ကာနောက်မှ အဖြူရောင်အရိပ်သည် မီးခိုးဖြူများအဖြင့် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင်တော့ လိုက်ကာအဖြူရောင်သည် လေမတိုက်ပဲ ယိမ်းသွားပြီး တဖန်ပြန်ပြီး တည်ငြိမ်သွားတော့သည်။

ကျန်းလော်သည် အနှောက်အယှက်များ ပျောက်သွားသည်နှင့် ရေချိုးခြင်းကို မြန်မြန်အဆုံးသတ်လိုက်ကာ အဝတ်လဲလိုက်သည်။

ချီယုံသည် စာအုပ်ပိတ်လိုက်ပြီး အခန်းထောင့်တွင် ချိတ်ထားသည်။ အနောက်တိုင်းနာရီကို ကြည့်လိုက်သည်။ တစ်နာရီကျော်ကြာသွားပြီဖြစ်သော်လည်း သူ့ဇနီးအသစ်လေးသည် ပြန်ရောက်မလာသေးပေ။

'အခုထဲက သေသွားပြီလားမသိဘူး'

ချီယုံသည် စာအုပ်နောက်တစ်အုပ်ကို ယူလိုက်ပြီး ငြီးငွေ့ဟန်ဖြင့် စာဆက်ဖက်နေလိုက်သည်။

ချီမိသားစုသည် ဗွက်အိုင်တစ်အိုင်ကဲ့သို့ ညစ်ထွေးနေပြီး ကမ္ဘာပေါ်မှာ အရှင်လတ်လတ် ငရဲတွင်းဖြစ်သည်။ ချီမိသားစုနှင့် လက်ထပ်လျှင် ငယ်ငယ်ရွယ်ရွယ်နှင့် သေရမည်ကို သိကြသော်လည်း ငွေအတွက်ကြောင့် ချီမိသားစုသို့ လက်ထပ်ပြီး ဝင်ရောက်လာကြသေးသည်။ ထိုသို့သောသူများ သေသွားသည်က သနားစရာတော့ မကောင်းလှပေ။ သူ၏လေးစားမှုပြလိုက်ရသော နေ့လေးသည် ထုံးစံအတိုင်း အလဟသတ်ဖြစ်သွားရပြန်ပြီ ဖြစ်သည်။

သူသည် ကုတင်ပေါ်မှဆင်းလိုက်ပြီး ခြင်ထောင်ချလိုက်သည်။ အနီရောင်လိုက်ကာ အကြီးကြီးသည် လုံခြုံစွာ စေ့ပိတ်သွားပြီး အိပ်ရာကို အပြင်ဘက်အခန်းနှင့် လုံးဝပိုင်းခြားပေးလိုက်သည်။

ချီယုံသည် သူအသစ်ယူလာသော စာအုပ် ပထမစာမျက်နှာကို လှန်နေကာရှိသေးသည် ရုတ်တရက်ကြီး အဖြူရောင်လက်တစ်စုံမှ လိုက်ကာကို ဆွဲတင်လာသည်ကို မြင်လိုက်ရသည်။ အနီရောင်ကန့်လန့်ကာထဲသို့ ဝင်လာသော လက်ချောင်းသည် ဖြူဖွေးသွယ်လျပြီး လက်ဆစ်တို့သည် လုံးဝန်းနေကာ လှပမှုအပေါင်း ခညောင်းနေလေသည်။

ထိုလက်မှ လတ်ဆတ်သော ရေချိုးပြီးစအနံ့မျိုးရနေပြီး ရုတ်တရက် လိုက်ကာ ဆွဲအမခံလိုက်ရကာ တစ်စုံတစ်ယောက်သည် ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။

ရေစိုနေသော ကျန်းလော်သည် ချီယုံ့၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့လေသည်။

ထိခိုက်ဒဏ်ရာတစ်ခုမှ မရှိပါဘဲ ပြန်ရောက်လာသော ကျန်းမာကာနီရဲနေသော ကျန်းလော်သည် သူ့မျက်လုံးထဲတွင် အထူးအဆန်းဖြစ်နေသည်။

ကျန်းလော်အနားတွင် ရေငွေ့များ ပျံ့နှံ့နေပြီး သူ့မျက်နှာသည် မပျော်ရွှင်ပုံပေါက်နေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။

ချီယုံ့သူငယ်အိမ်သည် သတိမထားမိလောက်အောင် ကြုံ့သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

"မင်းဘာလို့ တအားနောက်ကျနေတာလဲ"

ကျန်းလော်သည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး

"မတော်တဆမှုသေးသေးလေး တစ်ခုကြုံနေလို့"

သူသည် အခန်းကို ဝေ့ကြည့်လိုက်သည်။ ထို့နောက်

"ခေါင်းသုတ်ဖို့ သဘက်ရှိလား"

ချီယုံသည် အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး သူ့ကို ခြောက်သွေ့သော သဘက်တစ်ထည်ယူပေးလိုက်သည်။ ထို့နောက် ကျန်းလော်၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ကြည့်ကာ မယုံနိုင်ဖြစ်နေပြီး ကျန်းလော်ခေါင်းသုတ်နေသည်ကို တောင့်တောင့်ကြီး ငေးနေမိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စ၍ သုတ်နေသော သဘက်အထိ အသေးစိတ်လိုက်ကြည့်ပါသော်လည်း ဘာမှကို ထူးဆန်းမနေပေ။

လဲဝတ်ထားသော မင်္ဂလာဝတ်စုံသည် သစ်သားအဝတ်စင်ပေါ်တွင် ဒီအတိုင်းရှိနေပြီး စုတ်ပြဲနေဟန်မရှိပေ။ အခန်းသည် အနည်းငယ်မှောင်နေပြီဖြစ်သောကြောင့် ချီယုံသည် ဝတ်စုံမှ သွေးစက်အချို့ကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် အကြောင်းကြောင်းကြောင့် သူဝန်ခံရပေမည်။ သူ၏ ဇနီးအသစ်လေးသည် ပထမနေ့ထဲကပင် သူ့ကို အံ့အားသင့်အောင် လုပ်ဆောင်နိုင်လေသည်။ ဇနီးအသစ်လေးသည် သူ့ကို အေးစက်စွာမေးလာသည်။

"ဘာတွေ လိုက်ကြည့်နေတာတုန်း"

ညအိပ်ဝတ်စုံဝတ်ထားသော ဆယ်ကျော်သက်လေးသည် သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။

"ကိုယ်က မင်းဘယ်လို မတော်တဆမှုများ ကြုံခဲ့လဲ သိချင်နေလို့လေ"

"ပြောပြဖို့ မတန်ဘူး သိချင်မနေနဲ့"

ကျန်းလော်သည် ခေါင်းပေါ်သို့ သဘက်တင်လိုက်ပြီး ချီယုံ့ကို တောက်ပစွာပြုံး၍ ကြည့်လိုက်သည်။

"လူကောင်းလေး ဒီမှာလာထိုင်"

ချီယုံ့မျက်ခုံးသည် အနည်းငယ်တွန့်သွားပြီး နာခံစွာ လျှောက်သွားလိုက်သည်။

ကျန်းလော်သည် သူ့ဘေးမှ နေရာကိုပုတ်ပြလိုက်ပြီး ချီယုံသည် ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။ ကျန်းလော်သည် သူ့ကိုကြည့်ပြီး သိမ်မွေ့စွာ ပြောလိုက်သည်။

"ငါ့ကို သတိပေးခဲ့လို့ ကျေးဇူးပဲ မဟုတ်ရင် ရေချိုးခန်းထဲမှာ ချော်လဲတော့မလို့လေ"

ချီယုံက ပြန်ပြောသည်။

"ကိုယ် လုပ်သင့်တာပါ"

ကျန်းလော်သည် နူးညံ့ချိုသာစွာပြောလိုက်သည်။

"ငါတို့က ညီအစ်ကိုကောင်းတွေ ဖြစ်သွားပေမဲ့လည်း ဒီနေ့က ငါတို့ရဲ့ နေ့ကောင်းရက်မြတ်လေးဆိုတော့ ရိုးရာအတိုင်း လိုက်မလုပ်သင့်ဘူးလား"

ချီယုံ "ဟမ်..."

"ငါရေချိုးနေတုန်းက ဒီဆံပင်တွေကို မင်းရဲ့ဆံပင်တွေနဲ့ စုချည်ရအောင် ပြင်ဆင်လာခဲ့တာလေ ချီယုံ မင်းဆံချင်းဆက်နိုင်မလား"

ချီယုံသည် သူ့လက်ထဲရောက်လာသော လူတစ်ယောက်၏ ဆံပင်ခေါင်းတစ်ဝက်စာလောက်ရှိသည့် ဆံပင်ချည်ထူထူများကို တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

သူသည် အလွန်ရယ်မောနေပြီး မျက်ခုံးကို ခြစ်လိုက်သည်။

"စိတ်မကောင်းပါဘူး ကိုယ်က...အင်း....ဒီအတိုင်းမင်းမှာ ဒီလောက် ဆံပင်တွေ အများကြီး ရှိနေတာ အံ့ဩသွားလို့ ဟွန်း"

ကျန်းလော်သည် သဘောကောင်းဖော်ရွေစွာ ရယ်လိုက်ပြီး အခုချိန်ထိ ဆံပင်ဖြတ်ဖို့ ဆန္ဒရှိပုံမပေါ်သော ချီယုံကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးလှိမ့်လိုက်ပြီး ဆံရှည်သရဲခေါင်းမှ ရလာသော ဆံပင်ခြည်များကို ချီယုံ့လက်ထဲ အကုန်လွှဲပေးလိုက်ကာ

"မင်းဒီည မလုပ်ချင်သေးဘူးဆိုရင်လည်း ဆံပင်ဖြတ်ပြီး ထုံးဖို့ စဉ်းစားပြီးတဲ့အချိန်ထိ ဒီဆံပင်တွေကို မင်းပဲ သိမ်းထားလိုက်နော်"

ချီယုံသည် ကျန်းလော် အိပ်ရာပေါ်သို့ ဝင်လှဲလိုက်သည်ကို ကြည့်နေပြီး သိမ်မွေ့စွာပြောလိုက်သည်။

"အွန်း"

ထို့နောက် ပုံမှန်မဟုတ်စွာ တောက်ပနေသောမျက်လုံးများဖြင့် ဆံပင်များကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ မီးမှိတ်ပြီး အိပ်ရာဝင်လိုက်တော့သည်။

ကျန်းလော်သည် အရင်တုန်းကပင် လူများစွာနှင့် အိပ်ရာတစ်ခုထဲ အိပ်ခဲ့ဖူးသည်။ ယောက်ျားလေးအချင်းချင်းထဲတွင် သူငယ်ချင်းများ ညီအစ်ကိုများ အိပ်ရာတစ်ခုထဲတွင် တူတူအိပ်ခြင်းမှာထူးဆန်းသည့်အရာမဟုတ်သော်လည်း ဆယ်ကျော်သက်အရွယ် ချီယုံသည် မကောင်းဆိုးဝါး ချီယုံနှင့် သိပ်မတူသောကြောင့် သူ့အတွက် တင်းကျပ်စွာ ခုခံလိုစိတ်တို့ အနည်းငယ်လျော့ပါးလို့နေသည်။

သို့သော် ဆယ်ကျော်သက်အရွယ် ချီယုံသည် သူ့ကို စိတ်ပေါ့ပါးစေပြီး ခုခံမှုမရှိတော့တာမျိုးတော့ မဟုတ်ပေ။

ကျန်းလော်သည် တစ်ညလုံးနှစ်ခြိုက်စွာအိပ်မောကျသွားပြီး အိပ်မက်ထဲတွင် သူ့နောက်သို့ မြွေနက်ကြီးတစ်ကောင် လိုက်နေသည်ဟု မြင်မက်ခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်သည် အနည်းငယ် အေးစက်စက်နိုင်နေသည်။ ကျန်းလော်သည် အသက်ပြင်းပြင်းရှူပြီး နဖူးမှ ချွေးများ စီးကျလို့နေသည်။

လိုက်ကာသည် နောက်တစ်ကြိမ်အမခံလိုက်ရပြီး ချီယုံသည် အိပ်ရာဘေးတွင် မတ်တပ်ရပ်နေကာ ပြတင်းပေါက်မှ အလင်းရောင် အိပ်ရာပေါ်ကျအောင် လိုက်ကာကို မပေးထားသည်။ ကျန်းလော်သည် မျက်နှာထားမပြောင်းစွာ နိုးထလာပြီး စိတ်ကောင်းဝင်နေသလို အသံမျိုးဖြင့်

"မင်းက အရင်နိုးနေတာလား"

ကျန်းလော်သည် ကုတင်ပေါ်မှ ဖြေးဖြေးချင်းထထိုင်လိုက်သည်။ ချီယုံသည် နောက်ဆုတ်သွားပြီး အလင်းရောင်သည် သူ့မျက်နှာတစ်ဝက်ပေါ်သို့ ဖြာကျနေပြီး နောက်တစ်ခြမ်းသည် အရိပ်ထဲတွင် ပျောက်လုလုဖြစ်နေသည်။ ချီယုံ၏ နုနယ်သော ကလေးမျက်နှာသည် အမှောင်ထဲတွင် ရုတ်တရက် ထူးဆန်းစွာ တွန့်လိမ်သွားသည်။

သူ့နှုတ်ခမ်းသည် ကျေနပ်နေသလို ကော့တက်သွားပြီး ဂရုတစိုက်ရှိလှသော လူငယ်တစ်ယောက်၏ အပြုံးကို ဖော်ကျူးနေကာ

"မနက်စာစားဖို့ အချိန်ရောက်နေပြီ"

ကျန်းလော်သည် နိုးလာသည်နှင့် ရေချိုးခန်းထဲတွင် တွေ့ခဲ့သော တစ္ဆေနှစ်ကောင်အကြောင်းကို ပြန်စဉ်းစားမိပြီး ထိုတစ္ဆေများသည် ချီယုံလောက်တော့ ကြောက်စရာမကောင်းပေ။

မနက်စာစားပြီးနောက် ကျန်းလာ်သည် လျန်ရွှီနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရခဲ့သည်။ ထို့ကြောင့် မနက်စာစားပြီးသည်နှင့် လျန်ရွှီကို ချီအိမ်တော်တဝိုက်လိုက်ပြရန် အမိန့်ပေးလိုက်သည်။ သို့မှသာ နှစ်ယောက်တည်း စကားပြောနိုင်မည် ဖြစ်သည်။

လျန်ရွှီသည် တိုးတိုးလေးပြောသည်။

"ကျွန်မ လျန်ပင်းနဲ့ လျန်ချင်းတို့နဲ့ မနေ့က တွေ့တယ် သူတို့ကို အနောက်ဘက်ခြံဝန်းထဲက လူမမြင်နိုင်တဲ့ နေရာတစ်ခုရှိလို့ အဲ့မှာ စောင့်ခိုင်းထားတယ် အစ်ကိုကြီး ကျွန်မတို့ အနောက်ဘက်ခြံဝန်းကိုပဲ အရင်သွားလိုက်ရအောင်"

ခြံဝန်းထဲတွင် မမြင်ရသော ဂူတစ်လုံးရှိပြီး လျန်ရွှီ ကျန်းလော်ကို အထဲသို့ခေါ်သွားချိန်တွင် ဂူထဲတွင် လူအပြည့်ဖြစ်နေပြီ ဖြစ်သည်။ လျန်ချင်းနှင့် လျန်ပင်းသာမကပဲ ဓာတ်ပုံကလပ်မှ ကျောင်းသားလေးယောက်ပါရှိနေသည်။ သူတို့ရှစ်ယောက်လုံး မှန်လောကထဲသို့ ရောက်လာခြင်းဖြစ်သည်။ လျန်ချင်းသည် သူတို့ကို မနှုတ်ဆက်ခင် ကျန်းလော်ကို အရင်ကြည့်လိုက်သည်။ ထို့နောက် သိချင်စပ်စုစွာဖြင့် မေးလာသည်။

"အစ်ကိုကြီး ကျွန်တော်ကြားတာတော့ မနေ့က အိမ်တော်ထဲကို လက်ထပ်ပြီး ဝင်လာတာ အစ်ကိုကြီးဆို တကယ်ပဲလားဟင်"

ကျန်းလော် စိုက်ကြည့်လိုက်ရာ အူတူတူကောင် လျန်ချင်းသည် ဟိုကြည့်သည်ကြည့် ဖြင့်ရယ်မောလိုက်ပြီး အကြောင်းအရာပြောင်းပြောလိုက်သည်။

"အခု ကျွန်တော်တို့ ဘယ်သူဖြစ်နေလဲဆိုတာ အရင်ပြောလိုက်ရအောင်ဗျာ"

ရှစ်ယောက်လုံးထဲတွင် ကျန်းလော်ကသာ အကြီးဆုံးဖြစ်နေပြီး ချီမိသားစု တိုက်ရိုက်မျိုးဆက် သခင်ငယ်လေး၏ ဇနီးဖြစ်ကာ အာဏာအရှိဆုံးသူလည်း ဖြစ်နေပြန်သည်။ ချင်းယွင်သည် ဒုတိယနီးပါးလိုက်ပြီး သူမသည် ချီမိသားစု၏ အစေခံခေါင်းဆောင်ဖြစ်သည်။ တုကောနှင့် လျန်ချင်းသည် အရှေ့ဘက်ခြံဝန်းမှ အစေခံများဖြစ်နပြီး လျန်ပင်းနှင့် တွမ့်ကျီသည် မီးဖိုဆောင်အလုပ်သမားများဖြစ်ကာ လိရှန်သည် ချီမိသားစုမှ သခင်မလေးတစ်ယောက်၏ အစေခံဖြစ်နေသည်။

ကျန်းလော်သည် တိုးဖွဖွပြောလိုက်သည်။

"ကြည့်ရတာ ငါတို့အားလုံး မထင်မရှားဇာတ်ကောင်လေးတွေ နေရာရောက်နေကြတာပဲ"

"ရှင်က အတန်းရှင်းရှာချင်နေတာလား"

ချင်းယွင်က ပြောလိုက်သည်။

"ဘာတဲ့ မထင်မရှားဟုတ်လား ရှင်က သွေးရင်းသခင်လေးရဲ့ ဇနီးလေ အဲ့တာတောင် မထင်မရှားနေတုန်းလား"

"ဒီမိသားစုက ကျိန်စာသင့်နေတာ အဲ့တာကြောင့် ဇနီးတွေအကုန်လုံးက သက်ဆိုးမရှည်ကြဘူး ဒီတော့ မကြာခင်သေတော့မဲ့လူ ကျုပ်ကို ဘယ်သူမှ အာရုံမရှိဘူး အိုကေ"

ကျန်းလော်က ရှင်းပြလိုက်သည်။

အုပ်စုလိုက်ကြီး အတွေးနက်သွားပြီး လျန်ပင်းသည် လျန်ချင်းထက် ဆက်ဆံရေးကောင်းသူဖြစ်ကာ အဆက်အသွယ်နည်းနည်း လုပ်ထားနိုင်ခဲ့သောကြောင့် သူ့ထံမှ သတင်းတချို့ရလိုက်သည်။ လျန်ပင်းသည် လက်ထောင်လိုက်ပြီး ပြောသည်။

"မင်းတို့နိုးလာတုန်းက အသံတစ်ခုကြားကြသေးလား"

"ငါတို့ကို မကောင်းဆိုးဝါးကို သတ်ရမယ်လို့ပြောတဲ့ အသံလား"

တုကောသည် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

လျန်ပင်းသည် ခေါင်းညိတ်လိုက်ပြီး

"ငါလည်း အဲ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်တယ် 'မင်းသာ မကောင်းဆိုးဝါးကို သတ်နိုင်ရင် ဒီထဲက ထွက်နိုင်လိမ့်မယ်' တဲ့ ငါကအခုဆို မီးဖိုဆောင်ထဲမှာ အလုပ်ကြမ်းလုပ်နေရတာ အရမ်းခက်ခဲလွန်းတယ် ဒီအိမ်တော်က သခင်တွေကို လည်းမမြင်ဖူးသေးဘူး ဒါပေမဲ့ အပြင်ဘက်မှာတော့ လူတစ်ချို့နဲ့ အဆက်အသွယ်လုပ်ထားတယ် ဒီနေ့အတွက် မီးဖိုဆောင်လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်ဖို့ အပြင်ထွက်တဲ့အချိန်တုန်းက လမ်းဘေးက ဈေးသည်တွေ ပြောနေတာ ကြားခဲ့တာ မြို့ထဲမှာ လူသတ်သမားတစ်ယောက် ရောက်နေတယ်တဲ့"

"လူသတ်မှုလား"

လျန်ပင်းသည် ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ပြီး သစ်ကိုင်းတစ်ကိုင်းကို ယူကာ မြေပြင်ပေါ်တွင် သူမှတ်မိသလောက် ချရေးလိုက်သည်။

"သူတို့ပြောတာတော့ မြို့ထဲမှာ လူသေကြတာ ဆယ်ယောက်လောက်ရှိပြီတဲ့ ပြီးတော့ သူတို့သေပုံကလည်း ထူးဆန်းနေတာပဲတဲ့ သူတို့သေတာ နည်းမျိုးစုံနဲ့ပဲဆိုပြီး လူတိုင်းက တအားကြောက်လန့်နေကြတာ မြို့ကတော့ သေခြင်းချောက်ကမ်းပါးဘေးရောက်နေပြီဆိုပြီး လူတွေက မှောင်ရိပ်သန်းလာရင်ကို အပြင်မထွက်ကြတော့ဘူး သူတို့တွေ ပြောဆိုနေတာ နားထောင်ခဲ့တော့ စကားတစ်လုံးကြားခဲ့တယ် -"

သူသည် မြေပြင်ပေါ်တွင် စကားလုံးတစ်စုကို ချရေးလိုက်သည်။

"မကောင်းဆိုးဝါး ဝိဉာဉ်"

"မြို့သူမြို့သားတွေက ဒီလူသတ်သမားက ရက်စက်ကြမ်းကြုတ်တဲ့ သရဲတစ္ဆေတစ်ကောင်လို့ ယုံနေကြပြီ"

လျန်ရွှီသည် ငြိမ်ကျသွားသော်လည်း တုကောက ပြောလိုက်သည်။

"မကောင်းဆိုးဝါးတွေ အပြင်မှာ တကယ်ရှိမရှိမသိပေမဲ့လည်း ငါ့စိတ်ထဲမှာတော့ မကောင်းဆိုးဝါးက ချီမိသားစုနဲ့ ဆက်စပ်နေတယ်လို့ပဲ ထင်နေတယ် ငါတို့ရှစ်ယောက်လုံး ချီအိမ်တော်မှာ လာစုနေကြထဲက ငါတို့ထဲမှာ တူညီတဲ့ တစ်ခုခုရှိနေလို့ပဲ ဖြစ်ရမယ်"

"ဒါပေမဲ့ ချီမိသားစုက အရမ်းကြီးလွန်းတယ် ငါတို့ ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးကို ရှာနိုင်မှာလဲ ရှာနိုင်လို့ တွေ့တယ်ပဲ ထားဦး သူ့ကို ဘယ်လိုသတ်မှာလဲ"

အုပ်စုလိုက်ကြီးသည် တိတ်ဆိတ်သွားပြီး တွမ်ကျီသည် ရုတ်တရက် အောက်ထိုင်ချလိုက်ကာ ဒူးနှစ်ဖက်ထဲ မျက်နှာဝှက်၍ အားနာရှက်ရွံ့စွာ ပြောလိုက်သည်။

"ငါတောင်းပန်ပါတယ်ကွာ ဂိမ်းလေးတစ်ခုက ဒီလိုပြောင်းလဲသွားမယ်မှန်း သိရင် မဆော့ခဲ့ပါဘူး ဒါတွေအာလုံးငါ့အမှားတွေပဲ တကယ်လို့ ငါသာ ငါသာ အဲ့လိုအမိန့်မျိုး မပေးခဲ့ရင် ......"

လိရှောင်းသည် ကုန်းလိုက်ပြီး ဒူးတစ်ဖက်ထောက်ပြီး ထိုင်လိုက်ကာ တွမ့်ကျီ၏ မျက်ရည်များကို ဂရုတစိုက် သုတ်ပေးလိုက်သည်။

ချင်းယွင်မျက်နှာသည် အနည်းငယ်ရုပ်ဆိုးနေကာ သူမလက်သည်းများကို ဆိတ်ထားလိုက်သည်။

"ငိုမနေနဲ့ ငိုနေလို့ အခုမှ ဘာထူးတော့မှာလဲ ငါ ငါလည်း အရင်က ဒီကမ္ဘာမှာ သရဲတွေရှိတာ မယုံခဲ့ဘူး.....အား ကံဆိုးလိုက်တာ ငါတို့တွေ တောင်ပေါ်ကို မတက်ခဲ့သင့်တာပါဟာ"

လျန်ရွှီသည် သက်ပြင်းချလိုက်ပြီး သိမ်မွေ့စွာ အားပေးလိုက်သည်။

"စိတ်မပူပါနဲ့ ငါတို့နည်းလမ်းတစ်ခုတော့ရှာတွေ့မှာပါ မကောင်းဆိုးဝါးကို ရှင်းပစ်ဖို့ နည်းလမ်းက ရှိနိုင်ပါတယ်"

သူမသည် နှုတ်ခမ်းတင်းစေ့လိုက်ပြီး သိပ်စိတ်ပူပန်မှု မရှိစွာ ပြုံးလိုက်သည်။

"ကိစ္စတိုင်းအတွက် အနည်းဆုံး ဖြေရှင်းဖို့ နည်းလမ်းတစ်ခုစီတော့ ရှိတတ်ပါတယ်"

ချင်းယွင်က ရုတ်တရက် ထမေးလာပြန်သည်။

"ဖြေရှင်းဖို့ နည်းလမ်းက ဘာလဲ"

လျန်ရွှီသည် ကျန်းလော်ကိုကြည့်လိုက်ပြီး

"အစ်ကိုကြီး ကျွန်တော်က လူတွေကို ခြိမ်းခြောက်တဲ့ နေရာမှာ အရမ်းတော်တာပဲ ဒါပေမဲ့ ဒီလိုအခြေအနေကြီး ဖြစ်လာတော့ အစ်ကိုကြီးကိုပဲ အားကိုးရတော့မှာပဲ"

ကျန်းလော်မျက်နှာသည် ခုနကအတိုင်း မပြောင်းလဲသေးပေ။ မကောင်းဆိုးဝါးအကြောင်း တစ်ခွန်းမှဝင်မပြောဘဲ မေးလိုက်သည်။

"ဒီလောကထဲရောက်ပြီးတော့ တစ္ဆေသရဲတွေများ တွေ့သေးလား"

ကျန်သည့် ခုနှစ်ယောက်လုံးသည် တပြိုင်ထဲ ခေါင်းခါလိုက်ကြသည်။ ကျန်းလော်မျက်လုံးများသည် မျက်တောင်တဖြတ်ဖြတ်ခပ်နေပြီး ဖုန်းလီပြောသော သူ့ကို ဝိဉာဉ်များ ကြိုက်ကြသည်ဆိုသည့် စကားကို၎င်း သူ၏ မွေးရာပါ ကံမကောင်းသည်ကြောင့်များလားဟု တွေးမိသွားသော်လည်း စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်ကာ ဆက်ပြောသည်။

"မှန်တွေက ယင်ဓာတ်အများဆုံး စုပ်ယူပြီး ဆန်းကြယ်တဲ့ကိစ္စတွေ အများကြီး ဖြစ်ပေါ်စေတယ်၊ ငါတို့မှန်ထဲကို ညဆယ့်နှစ်ရာရီအချိန်ကြီး ဆွဲခေါ်ခံလိုက်ရတာ အဲ့ဒီအချိန်က သစ္ဆေအရှိန်အဝါအပြင်းထန်ဆုံးအချိန်ပဲ ဒါကြောင့် မှန်လောကထဲက ကောင်းကင်က မှိုင်းပြီး နက်ဆွေးနေတာပဲ ငါမှန်းတာသာ မှန်ခဲ့မယ်ဆိုရင် ဒီလောကထဲမှာ သရဲတွေ မရေတွက်နိုင်အောင် များနေလိမ့်မယ် မကောင်းဆိုးဝါးအတွက်ကတော့ မကောင်းဆိုးဝါးက ဘယ်လောက်တောင် ဆိုးယုတ်နေလဲ အရင်ကြည့်ရမှာပေါ့ ပြီးတော့ သူပြောသွားတဲ့ မကောင်းဆိုးဝါးက ဘယ်ဟာကို ပြောချင်တာလဲဆိုတာလဲ ငါတို့အရင် ရှာရမှာ အခုက ငါတို့မှာ ဘာမှကို မသိတဲ့ အခြေအနေရောက်နေတာ"

မကောင်းဆိုးဝါးဆိုသည့် စကားလုံးကို ကြားပြီးနောက် ကျန်းလော်ပထမဆုံးတွေးမိသူမှာ ချီယုံဖြစ်သည်။ သို့သော် ဤကမ္ဘာထဲရှိ ချီယုံမှာ မကောင်းဆိုးဝါးအဖြစ်သို့ မပြောင်းလဲသွားသေးပေ။ ထို့ကြောင့် ချီယုံ့ကိစ္စကို နောက်မှာထားခဲ့လို့ရနေသေးသည်။

အရေးအကြီးဆုံးမှာ ကန့်လန့်ကာနောက်မှ ကြိုးကိုင်နေသောလူသား၏ မကောင်းဆိုးဝါးကိုသတ်ပြီး အပြင်ပြန်ထွက်နိုင်သည်ဟု ပြောခဲ့သည်။ ထို့အပြင် ကိုယ်မသိသော တစ်စုံတစ်ယောက်မှ စောင့်ကြည့်နပြီး အမိန့်ပေးစေခိုင်းခြင်းခံနေရသည့် ခံစားချက်သည် လုံးဝမကောင်းနေပေ။

သူတို့ကျန်းလော်ပြောသမျှနားထောင်ပြီးချိန်တွင် လျန်ရွှီ၏ မျက်နှာထားသည် အစမှ အဆုံးထိ မပြောင်းလဲသွားပေ။

သာမန်ကျောင်းလေးတစ်ကျောင်းမှ ကျောင်းသားလေးယောက်လုံးသည် အေးခဲတောင့်တင်းသွားပြီး ချင်းယွင်သည် သူ့ကို ထူးဆန်းသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ရှင်က တွမ့်ကျီနှင့် မတူဘူး ရှင့်မှာလဲ ဒီလို ခြောက်ခြားစရာတွေကို စိတ်ဝင်စားတဲ့ ဝါသနာရှိနေတာလား ဟုတ်လား"

ကျန်းလော်သည် ပုံမှန်အတိုင်း ပြုံးလိုက်ပြီး ရုတ်တရက် လက်ဆန့်ထုတ်လိုက်ကာ လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်သဏ္ဍာန်တစ်ခု ဖော်ဆောင်ပြီး ခန္ဓာကိုယ်ရှေ့သို့ ရိုက်ထုတ်လိုက်သည့် ကိုယ်ဟန်ပြကာ

"နေဝင်တရီရောအချိန် လေပွေနှိုးထလာစေ"

လေပွေတစ်ခုသည် မြေပြင်ပေါ်သို့ ရုတ်တရက်ပေါ်ထွက်လာကာ လေချွန်သံကဲ့သို့ ကြားနေရပြီး လူတိုင်း၏အဝတ်အစားများသည် အကုန်အပေါ်ဘက်သို့ ဝဲလွှင့်နေတော့သည်။

ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များသည် လေပွေထဲတွင် ပျံ့လွင့်နေကြပြီး လေအားသည် ပို၍ အားကောင်းလာကာ ဂူအမိုးပေါ်ထိ ထိုးတက်သွားတော့သည်။ လူတိုင်းသည် လေပွေကြီးကို ကြောင်တောင်တောင် မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့မျက်လုံးထဲသို့ ဖုန်များဝင်၍ ဆံပင်များငှက်သိုက်လို ရှုပ်ပွသွားတာတောင်မှ မျက်တောင်မခတ်ဝံ့ကြပဲ အာရုံသုံးပါးလုံးသည် လေပွေမှ မခွာနိုင်တော့ပေ။

ကျန်းလော်က ပြောသည်။

"ပျောက်ကွယ်စေ"

လေပွေရိုင်းသည် ရုတ်တရက် ပုံမှန်လေထုထဲသို့ ပျောက်ကွယ်သွားတော့သည်။ ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များသည် ကောင်းကင်ထက်မှ ကျလာသလို နေရာအနှံ့ လွင့်နေပြီး လူတိုင်းကို ချောင်းဆိုးသွားစေသည်။

သူတို့သည် လက်ဖဝါးများဖြင့် ဖုန်ခါသလို ခါလိုက်ကြပြီး ကျန်းလော်ကို ရည်ရွယ်ချက်ရှိရှိစောင့်ကြည့်နေကြသည်။

ထိုအကွက်ကို လျန်အိမ်တော်တွင် ဘာမှလုပ်စရာမရှိသော ဆယ်ရက်တွင် ထပ်ကာထပ်ကာ လေ့ကျင့်ခဲ့သော ကျန်းလော်သည် အားလုံးကို နှစ်သိမ့်ပြုံးပြပြီး လက်ပိုက်လျက် ပြောသည်။

"အခုကစပြီး အားလုံးကို ငါ့အမိန့်အတိုင်းပဲ လှုပ်ရှားရမယ် မေးစရာရှိလား"

"မ မရှိပါဘူး လုံးဝ မေးစရာမရှိဘူး "

###############################

Zawgyi

အပိုင္း (၁၁၅) ေနဝင္တရီေရာအခ်ိန္ ေလေပြႏႈိးထလာေစ

"မဂၤလာပြဲက မဂၤလာပြဲပဲ"

က်န္းေလာ္သည္ သာမန္က်က်ပဲ တုံ႔ျပန္လိုက္သည္။

"ဒါေပမဲ့ မင္းဘာလို႔ ငါ့ကို ဒီကိုဘာေနတဲ့လမ္းမွာ ေဆးခတ္တာလဲ"

ဆယ္ေက်ာ္သက္အ႐ြယ္ခ်ီယုံသည္ စကၠန႔္အနည္းငယ္မွ်တည္ၿငိမ္စြာ စိုက္ၾကည့္ေနၿပီး တျဖည္းျဖည္း အနားကပ္လာကာ ရယ္ေမာလိုက္သည္။

"အား ဒါဆို မင္းမသိေသးဘူးေပါ့"

က်န္းေလာ္သည္ သူ႔ကိုယ္သူ ပါးျပင္းေထာင္ထားေသာ ေႁမြေဟာက္တစ္ေကာင္ကဲ့သို႔ ေတြးေနေသာ္လည္း ခ်ီယုံသည္ အၿပဳံးအႀကီးႀကီး ၿပဳံးလိုက္ကာ က်န္းေလာ္ကို ခ်ီမိသားစုအေၾကာင္း စိတ္အားထက္သန္စြာ ေျပာျပေတာ့သည္။

"ခ်ီမိသားစုက ဇနီးတိုင္းက ေစာေစာေသၾကတယ္ေလ ကိုယ့္အေဖက အဲ့တာေၾကာင့္ ဘယ္သူ႔ကိုမွ လက္မထပ္ခ်င္ခဲ့ဘူး ဒါေပမဲ့ မ်ိဳးႏြယ္စုက ဖိအားေပးလို႔ အေမ့ကို လက္ထပ္လိုက္ရတယ္ ဒါေၾကာင့္ အေဖက လက္ထပ္ျခင္း က်ိန္စာကို ဖ်က္ဖို႔အတြက္ အသက္သုံးဆယ္ျပည့္ၿပီးတဲ့ ေခြၽးမတစ္ေယာက္ရွာခ်င္တယ္ ဒါေပမဲ့ မ်ိဳးႏြယ္စုေခါင္းေဆာင္တိုင္းရဲ႕ အမ်ိဳးသမီးေတြက ငယ္ငယ္႐ြယ္႐ြယ္ပဲျဖစ္ရမယ္ ဒီလိုနဲ႔ပဲ ကိုယ့္အေမလဲ ေစာေစာေသသြားတယ္ ၿပီးေတာ့ အခုကိုယ့္အလွည့္ေရာက္ေတာ့ တစ္စုံတစ္ေယာက္ကို ဆြဲမခ်ခ်င္ေတာ့ဘူး ဒြေပမဲ့ မ်ိဳးႏြယ္စုက ကိုယ့္ကို တစ္ခ်ိန္လုံးဖိအားေပးေနေတာ့ ကိုယ့္မွာေ႐ြးခ်ယ္စရာမရွိေတာ့ဘူး အဲ့ဒါေၾကာင့္ ကိုယ္က မ်ိဳးႏြယ္စုက အႀကီးအကဲေတြကို အမ်ိဳးသားဇနီးသည္တစ္ေယာက္ရွာေပးဖို႔ပဲ ေတာင္းဆိုလိုက္ရေတာ့တာပဲ"

သူသည္ ႐ုတ္တရက္ႀကီး က်န္းေလာ္နားေနာက္မွ ဆံပင္ကို သပ္တင္ေပးလိုက္ၿပီး သူ႔လက္ေခ်ာင္းေအးေအးမ်ားသည္ က်န္းေလာ္၏ နား႐ြက္ကို ပြတ္တိုက္သြားသည္။

"ဒါေၾကာင့္ မင္းက ခ်ီမိသားစုထဲကို လက္ထပ္ဝင္လာရၿပီး ကိုယ္နဲ႔ မဂၤလာေဆာင္လိုက္ရတာပဲ စိတ္မပူပါနဲ႔ မင္းက အမ်ိဳးသမီးတစ္ေယာက္မဟုတ္ေတာ့ ေမွ်ာ္လင့္ထားတာထက္ကို အသက္ပိုရွည္ႏိုင္ေလာက္ပါတယ္ ဒါၿပီးရင္ေတာ့ မင္းက ကိုယ္နဲ႔အတူတူ ခ်ီမိသားစုက်ိန္စာကို ခ်ိဳးဖ်က္ေပးရမွာေပါ့ အားလုံးၿပီးသြားရင္ ခ်ီမိသားစုက မင္းတို႔ က်န္းမိသားစုကို သုံးမကုန္ႏိုင္ေလာက္တဲ့ ေငြေတြ ေပးမွာပါ"

ခ်ီယုံသည္ အားနာဟန္ၿပဳံးျပလိုက္ၿပီး စိတ္ဖိစီးဟန္ မ်က္ေမွာင္ၾကဳတ္သြားသည္။

"ကိုယ္တို႔က သာမန္ လင္မယားဆိုေပမဲ့ တကယ္ေတာ့ ညီအစ္ကိုေကာင္းေတြပဲေလ မင္းအိမ္မွာအတိုင္းပဲ ေနသာသလိုေနပါ ရွစ္ႏွစ္ေလာက္ ကိုယ့္ကို အေဖာ္ျပဳေပးရမွာဆိုေတာ့ မင္းအတြက္ ခက္ခဲႏိုင္ပါတယ္"

သူ႔အမူအယာသည္ ပကတိ႐ိုးသားေနၿပီး သူ႔အသံႏွင့္ ခံစားခ်က္တို႔ကပင္ ႐ိုးရွင္းေနရာ ဤကဲ့သို႔ ခန႔္ညား စိတ္ေကာင္းရွိေသာသူသည္ သနားစရာေကာင္းေလာက္ေအာင္ အေျခအေနဆိုးႀကီး ႀကဳံေတြ႕ေနရသည္မွာ ခ်က္ခ်င္း ကယ္တင္ေပးလိုက္ခ်င္စိတ္ေပါက္လာေစသည္။ ႏွလုံးသားမာေက်ာေသာ နတ္ဘုရားသည္ပင္ ဤလူငယ္ေလးႏွင့္ ေတြ႕လွ်င္ ခ်က္ခ်င္းေပ်ာ့ေျပာင္းသြားမည္ဟုပင္ ထင္ရသည္။

'ဒီေတာ့ ဒီပုံစံက မင္းအသက္ရွင္တဲ့ အခ်ိန္တုန္းက သူေတာ္ေကာင္းေယာင္ေဆာင္ထားတဲ့ မ်က္ႏွာဖုံးေပါ့ေလ'

'စာအုပ္အျပင္မွာေရာ အထဲမွာေရာ လူေတြရဲ႕ ႏွလုံးသားကို ဆြဲေဆာင္ထားႏိုင္တာ မထူးဆန္းပါဘူး ဒီလိုလွလွပေကာင္ေလးက မ်က္ေမွာင္ၾကဳတ္ေနတာကို လူေတြက သနားပဲသနားမွာေပါ့ ဘယ္သူကမွ မ်က္ႏွာဖုံးတပ္ထားတယ္ ထင္မွာမဟုတ္ဘူး'

က်န္းေလာ္သည္ အၿပဳံးတုတစ္ခုျဖင့္ ေရလိုက္ငါးလိုက္ျပန္ေျပာလိုက္သည္။

"မခက္ခဲပါဘူး လုံးဝမခက္ခဲပါဘူး"

စကားေျပာၾကည့္ၿပီးေနာက္ ဤခ်ီယုံသည္ မေကာင္းဆိုးဝါးအျဖစ္ေျပာင္းလဲမသြားေသးေၾကာင္း က်န္းေလာ္အတြက္ ေသခ်ာသြားသည္။ သို႔ေသာ္ ယခုခ်ီယုံသည္ မေကာင္းဆိုးဝါး ခ်ီယုံ၏ ငယ္ဘဝဆယ္ေက်ာ္သက္အ႐ြယ္ျဖစ္သည္။

ထိုအခ်က္သည္ ပို၍ ေပ်ာ္စရာေကာင္းသည္ဟုထင္ကာ က်န္းေလာ္သည္ ခ်ီယုံ႔ကို အူျမဴးစြာ ၾကည့္လိုက္သည္။

ခ်ီယုံသည္ မတ္တပ္ရပ္ၿပီး ရွပ္အက်ႌမွ ခ်ည္ထုံးကို ျဖည္လိုက္ၿပီး

"နားေတာ့ေလ"

သူသည္ ဆယ့္ရွစ္ႏွစ္သာရွိေသးေသာ္လည္း သူ႔ပုံစံသည္ ရွည္သြယ္သန္မာေသာ တည္ေဆာက္ပုံရၿပီးေနၿပီျဖစ္သည္။ လႈပ္ရွားမႈတိုင္းသည္ က်က္သေရရွိေနၿပီး အရွိန္အဝါတစ္ခုကိန္းေအာင္းေနကာ အလြန္အကြၽံေဖ်ာ့ေတာ့ေနသည္မွလြဲ၍ ႏွစ္ေပါင္းမ်ားစြာ နာမက်န္းထားသည့္ အရိပ္အေယာင္ မရွိေပ။

"ဒါနဲ႔ စကားမစပ္"

သူသည္ က်န္းေလာ္ဘက္သို႔ ႐ုတ္တရက္ လွည့္လာၿပီး

"ေရခ်ိဳးခ်င္လား"

က်န္းေလာ္သည္ ေခါင္းၾကည္လာရန္ အခြင့္အေရးရွာေနသူ ျဖစ္ေသာေၾကာင့္ႏွင့္ မွန္ဝကၤပါေလာက ထဲသို႔ ဝင္လာသည့္ အျခားသူမ်ားကို ရွာခ်င္ေနတာက တစ္ေၾကာင္းေၾကာင့္ ေခါင္းညိတ္လိုက္သည္။ ခ်ီယုံက ေျပာသည္။

"အျပင္ထြက္ၿပီး ညာဘက္ကိုသြားလိုက္ ညာဘက္လမ္းအဆုံးမွာ ေရခ်ိဳးခန္းရွိတယ္ သြားၾကည့္လိုက္ေတာ့ေနာ္"

က်န္းေလာ္သည္ ေပါ့ပါးစြာပင္ လဲရမည့္အဝတ္မ်ားကို ဗီဒိုထဲတြင္ ရွာၾကည့္လိုက္ၿပီးေနာက္ တံခါးဖြင့္၍ ထြက္သြားေတာ့သည္။ သူ႔ေနာက္တြင္ အက်ႌၾကယ္သီးျဖဳတ္ေနေသာ ခ်ီယုံက လွမ္းေျပာလိုက္သည္။

"ေရခ်ိဳးခန္း ၾကမ္းျပင္က စိုၿပီး နည္းနည္းေခ်ာေနတယ္ သတိထားဦး"

အသံၾကားေသာေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ၿပီး ေက်းဇူးတင္လိုက္သည္။

"သတိေပးလို႔ ေက်းဇူး သတိထားလိုက္ပါ့မယ္"

အခန္းတံခါးကို ျပန္ေစ့ထားခဲ့ၿပီး ထြက္သြားေသာေၾကာင့္ အခန္းထဲတြင္ ခ်ီယုံတစ္ေယာက္ထဲသာ က်န္ခဲ့သည္။ သူသည္ ယခုအခ်ိန္ထိ အဝတ္ခြၽတ္ေနတုန္းျဖစ္ၿပီး အဝတ္အစားမ်ား မပါေသာ ခႏၶာကိုယ္သည္ ခန႔္ညားေသာ ပုံစံအျပည့္အဝေပၚလြင္ေနသည္။ ႂကြက္သားလိုင္းမ်ားသည္ သူ႔ေနရာႏွင့္သူ ၾကည့္ေကာင္းေနသည္။

သူသည္ အိပ္ရာေပၚမွာ အနီေရာင္ရင့္ရင့္ လိုက္ကာကို မလိုက္ၿပီး အိပ္ရာေဘးစားပြဲေပၚမွာ စာအုပ္တစ္အုပ္ယူလိုက္ကာ လွဲၿပီး ပ်င္းရိစြာ စာအုပ္ဖတ္ေနလိုက္သည္။ လူငယ္ေလး၏ မ်က္ခုံးအစုံသည္ မေကာင္းဆိုးဝါးကဲ့သို႔ ဆိုးယုတ္ျခင္းမ်ား ျဖာထြက္ေနကာ စာအုပ္ထဲတြင္ ထည့္ပိတ္ထားေသာ ေအးစက္ျခင္း အရွိန္အဝါမ်ား အခန္းထဲသို႔ ပ်ံ႕ႏွံ႔ေနသည္။

"ဒီတစ္ေယာက္လဲ မေသခင္ ဘယ္ႏွစ္ရက္ေလာက္ ခံမလဲ မသိဘူး"

အခန္းထဲတြင္ လင္းထိန္ေနၿပီး တိတ္ဆိတ္ေနေသာ္လည္း အိပ္ရာေပၚမွ လူငယ္ေလးကေတာ့တစ္ခုခု ၾကားေနရသလို နားစြင့္ထားသည္။

သူသည္ စိတ္ဝင္စားမႈ ကင္းမဲ့စြာ ရယ္လိုက္သည္။

"ဒီညကုန္တဲ့ထိ အသက္ရွင္ႏိုင္ရင္ေတာ့ ငါ့ကို အံ့ဩသြားေအာင္ လုပ္ႏိုင္မွာပဲ"

က်န္းေလာ္သည္ ေကာ္ရစ္တာတြင္ မတ္တပ္ရပ္ေနၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ ထို႔ေနာက္ ေရခ်ိဳးခန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။ မဂၤလာပြဲတိုင္းသည္ အၿမဲတမ္း ရာသီဥတုသာယာၿပီး ေနေရာင္တလက္လက္လင္းေနသည့္အခ်ိန္တြင္ လုပ္ေလ့ရွိသည္။ ယခုအခ်ိန္တြင္ ေနေရာင္မျမင္ရေအာင္ မဲေမွာင္ေနၿပီး က်န္းေလာ္သည္ ယခုဘယ္အခ်ိန္ေရာက္ေနမွန္းပင္ မသိႏိုင္ေပ။ ရာသီဥတုမေကာင္းဘူးဟု မေျပာႏိုင္ေသာ္လည္း ေသခ်ာသည္မွာ မဂၤလာပြဲက်င္းပရန္ သင့္ေတာ္ေသာ ရာသီမဟုတ္ေပ။

ေျခာက္ျခားဖြယ္ေလထုသည္ နတ္ဆိုးမိစာၦမ်ားႏွင့္ ရင္ဆိုင္ေတြ႕ရသလို ေအးစက္စက္ႏိုင္လွသည္။ က်န္းေလာ္သည္ ေရခ်ိဳးခန္းဆီသို႔ ေလွ်ာက္သြားသည့္ လမ္းတေလွ်ာက္လုံးတြင္ လ်န္႐ႊီႏွင့္ တျခားမည္သူ႔ကိုမွ် မေတြ႕ခဲ့ရေပ။ ေရခ်ိဳးခန္းကို ႏွစ္ခန္းဖြဲ႕ထားၿပီး ဘယ္ဖက္ခန္းကို "သခင္ေလးက်န္း" ဟူေသာ နာမည္ေရးထိုးထားသည္။

'ဒီေတာ့ တစ္ေယာက္ထဲသုံးလို႔ရမဲ့ သီးသန႔္ေရခ်ိဳးခန္းေပါ့'

ဘယ္ဖက္ေရခ်ိဳးခန္းထဲသို႔ က်န္းေလာ္ဝင္လိုက္ေသာအခါ အခန္းကို ႏွစ္ပိုင္းပိုင္းထားေၾကာင္း ေတြ႕လိုက္ရသည္။ အတြင္းအျပင္အခန္းဖြဲ႕ထားသကဲ့သို႔ လိုက္ကာအျဖဴေရာင္လို အစမ်ိဳးႏွင့္ ပိုင္းျခားထားျခင္းျဖစ္သည္။ အျပင္ဘက္ျခမ္းသည္ အဝတ္လဲရန္ ျဖစ္ၿပီး နံရံကို အျဖဴေရာင္သုတ္ထားၿပီး အျဖဴေရာင္ စကၠဴအခ်ိဳ႕လဲ ကပ္ထားေသးသည္။ ထိုအေပၚတြင္ ေရဆူလာေသာအခ်ိန္ႏွင့္ သခင္ေလးမ်ား လာေရာက္ေဆးေၾကာရန္ အေကာ္းဆုံးအခ်ိန္မ်ားကိုလည္း ေရးထားသည္။ က်န္းေလာ္သည္ လဲဝတ္ရန္ အဝတ္မ်ားကို ႀကိဳးတန္းေပၚတြင္ တင္လိုက္ၿပီး အျဖဴေရာင္လိုက္ကာကို ဖယ္လိုက္ရာ အတြင္းျခမ္းတြင္ ေႂကြေရခ်ိဳးဇလားႀကီး တစ္ခုကို ေတြ႕လိုက္သည္။ ယေန႔ေခတ္တြင္ ေရပန္းမရွိေသးဘဲ ေရခ်ိဳးကန္ထဲသာ စိမ္ခ်ိဳးရသည္။

က်န္းေလာ္သည္ ေရခ်ိဳးကန္ထဲမွ ေရအပူခ်ိန္ကို စမ္းၾကည့္လိုက္သည္။ သူ႔အတြက္ အေညာင္းအညာေျပၿပီး စိတ္သက္သာေစသည့္အပူခ်ိန္ျဖစ္ေနေသာေၾကာင့္ အဝတ္ခြၽတ္လိုက္ၿပီး ေရထဲသို႔ ေက်နပ္စြာ ဝင္စိမ္လိုက္သည္။

ေရခ်ိဳးကန္ထဲမွ ေရမ်ားသည္ အျပင္ဘက္သို႔ လွ်ံထြက္ကုန္ၿပီး ၾကမ္းျပင္ကို စို႐ႊဲသြားေစသည္။ က်န္းေလာ္သည္ မ်က္လုံးမွိတ္လိုက္ၿပီး ေခါင္းေလွ်ာ္လိုက္သည္။ သို႔ေသာ္ သူေခါင္းကိုင္လိုက္႐ုံရွိေသးသည္ သူ႔ပုခုံးေပၚမွ ဆံပင္ခ်ည္မ်ား ေလ်ာက်လာေတာ့သည္။

က်န္းေလာ္သည္ ႏွလုံးခုန္ျမန္သြားၿပီး ေနာက္လက္တစ္ဖက္ျဖင့္ ေခါင္းႏွင့္ ပုခုံးစပ္ၾကားကို ကိုင္ၾကည့္လိုက္ျပန္သည္။ ေနာက္ထပ္ ဆံပင္ခ်ည္အုံလိုက္ႀကီးသည္ သူ႔လက္ထဲသို႔ အလုံးလိုက္ႀကီးပါလာသည္။

'ဘာလဲ ငါကတုံးျဖစ္သြားေတာ့မွာလား မဟုတ္ေလာက္ပါဘူး'

က်န္းေလာ္သည္ မ်က္လုံးဖြင့္လိုက္ၿပီး သူ႔လက္ကို ၾကည့္လိုက္သည္။ သူ႔လက္ထဲတြင္ အနက္ေရာင္ဆံပင္ကြၽတ္မ်ား ထူထပ္စြာ အမ်ားႀကီး ရွိေနၿပီး ေရေမွာ္ပင္မ်ားႏွင့္ပင္ တူေနေသးသည္။ က်န္းေလာ္သည္ ထူးဆန္းေသာ မ်က္ႏွာထားျဖင့္ သူ႔ပုခုံးေပၚကိုေစာင္းၾကည့္လိုက္သည္။ ထို႔ေနာက္ ပုခုံးကို ထပ္မံစမ္းၾကည့္လိုက္ရာ ဆံပင္မ်ားကြၽတ္ပါလာေသးေသာေၾကာင့္ ေဆာင့္ဆြဲလိုက္ေသာ္လည္း အနည္းငယ္မွ် နာက်င္မႈကို မခံစားရေပ။

".............."

ဆံပင္ကြၽတ္မ်ားႏွင့္ ပတ္သက္ၿပီး တစ္ခုခုမွားေနမွန္း သတိထားမိသြားၿပီးေနာက္ က်န္းေလာ္ ႏွလုံးသားေလးသည္ ေအာက္သို႔ ျပဳတ္က်သြားသလို ခံစားလိုက္ရသည္။ ထိုဆံပင္ကြၽတ္မ်ားမွာ သူ႔ဆံပင္မ်ားမဟုတ္ေသာေၾကာင့္ လန႔္သြားသည့္ၾကားမွ ဝမ္းသာသြားရေသးသည္။

က်န္းေလာ္သည္ ေခါင္မိုးေပၚသို႔ ေမာ့ၾကည့္လိုက္ရာ ေဇာက္ထိုးႀကီး က်လာေနေသာ ပုတ္သိုးေနၿပီး ဆံပင္ခ်ည္မ်ား ဆက္တိုက္ျပတ္က်ေနေသာ လူေခါင္းတစ္လုံးကို ေတြ႕လိုက္ရသည္။ ထိုေဇာက္ထိုးႀကီး ေအာက္စိုက္လာေသာ ေခါင္းႀကီးသည္ အသားစမ်ားပါ ပဲ့က်ေနၿပီး ပုတ္ပြေနကာ ဦးေခါင္းခြံပင္ ကြၽတ္က်လာမတတ္ ေပ်ာ့စိေနေလသည္။

က်န္းေလာ္သည္ ႐ုတ္တရက္ ႏွလုံးခုန္ရပ္မတတ္လန႔္သြားၿပီး သူ႔မ်က္ႏွာသည္ ျပာႏွမ္းသြားေတာ့သည္။ သူသည္ စိတ္တိုစြာျဖင့္ ေရခ်ိဳးကန္ထဲမွ ထရပ္လိုက္ကာ ေရခ်ိဳးကန္ အစြန္းသို႔ ေလွ်ာက္သြားလိုက္ၿပီး ကန္ေဘာင္ေပၚတြင္ ရပ္၍ ဆံပင္သုံးေထာင္ေလာက္ေလးျဖင့္ လာေျခာက္ေနေသာ ေခါင္းကို အၾကင္နာကင္းမဲ့စြာ ဆြဲခ်လိုက္သည္။

အားအျပည့္ျဖင့္ ဆြဲခ်လိုက္ေသာေၾကာင့္ ဦးေခါင္းသည္ အစိတ္စိတ္အမႊာမႊာ ကြဲထြက္သြားကာ ေျမျပင္ေပၚသို႔ က်ဆင္းလာသည္။ သို႔ေသာ္ အရွိန္ျပင္းျပင္းျဖင့္ က်လာေသာ ဦ္းေခါင္းအစိတ္အပိုင္းမ်ားသည္ ေျမျပင္ေပၚအေရာက္တြင္ လုံးဝ ေပ်ာက္ကြယ္သြားေတာ့သည္။

က်န္းေလာ္၏ မ်က္ႏွာသည္ မည္းေမွာင္သြားၿပီး ေရခ်ိဳးကန္ထဲသို႔ ေရအသစ္လဲလိုက္ကာ သူ႔ပုခုံးကို ၾကမ္းတမ္းစြာ ပြတ္တိုက္ေနေတာ့သည္။ မိနစ္အနည္းငယ္ၾကာၿပီးေနာက္ က်န္းေလာ္သည္ တစ္စုံတစ္ေယာက္ အနားကပ္လာသလို ခံစားရၿပီး ေနာက္လွည့္ၾကည့္လိုက္ရာ အျဖဴေရာင္လိုက္ကာေနာက္တြင္ မႈန္ဝါးဝါးပုံရိပ္တစ္ခုကို ျမင္လိုက္ရသည္။

"ဘယ္သူလဲ"

က်န္းေလာ္က ေမးသည္။

ပုံရိပ္သည္ ျပန္မေျဖေသာ္လည္း အနားကပ္သည္ထက္ ကပ္လာသည္။ မႈန္ဝါးဝါးပုံရိပ္သည္ လိုက္ကာေနာက္တြင္ ထင္ရွားလာေနၿပီး အမ်ိဳးသမီးတစ္ေယာက္ပုံစံျဖစ္သြားသည္။ က်န္းေလာ္သည္ အသံကို ထိန္းခ်ဳပ္ၿပီး ဘယ္ဖက္လက္ခလယ္ကို ပါးစပ္ထဲသို႔ ထည့္လိုက္ၿပီး ေမးလိုက္ျပန္သည္။

"ဘယ္သူလဲလို႔ ေမးေနတယ္ေလ"

ေနာက္တစ္ခနတြင္ ပုံရိပ္သည္ လိုက္ကာျဖဴေနာက္မွ ထြက္ေပၚလာၿပီး က်န္းေလာ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္နားေလာက္တြင္ လာရပ္သည္။ အသားေရာင္ျခယ္ထားပုံရေသာ မ်က္ႏွာသည္ အျဖဴေရာင္လိုက္ကာေနာက္တြင္ ပုန္းကြယ္ေနဆဲျဖစ္ၿပီး လည္ပင္း႐ိုးသည္ ေငါထြက္ေနကာ မ်က္လုံးမ်ားႏွင့္ ႏႈတ္ခမ္းမ်ားသည္ အရိပ္ထဲမွၾကည့္သည္ကိုပင္ သိသာစြာ ခ်ိဳင့္ဝင္ေနေလသည္။

ထို႔ေနာက္ ေျခာက္ျခားဖြယ္ေကာင္းစြာပင္ လိုက္ကာေနာက္မွ ပုံရိပ္သည္ အမ်ိဳးသားတစ္ေယာက္ သ႑ာန္ေျပာင္းလဲသြားျပန္သည္။

က်န္းေလာ္သည္ လက္ခလယ္ကို တည္ၿငိမ္စြာ ကိုက္လိုက္ၿပီး ထိုမွ ထြက္လာေသာ ေသြးစက္မ်ားကို လိုက္ကာထိပ္နားသို႔ ပတ္ျဖန္းလိုက္သည္။

ဆာလျဖဴရစ္အက္ဆစ္ျဖင့္ ပတ္လိုက္ေသာ အဝတ္စကဲ့သို႔ပင္ လိုက္ကာေနာက္မွ အျဖဴေရာင္အရိပ္သည္ မီးခိုးျဖဴမ်ားအျဖင့္ ေျပာင္းလဲသြားၿပီး ေပ်ာက္ကြယ္သြားေတာ့သည္။ ထို႔ေနာက္တြင္ေတာ့ လိုက္ကာအျဖဴေရာင္သည္ ေလမတိုက္ပဲ ယိမ္းသြားၿပီး တဖန္ျပန္ၿပီး တည္ၿငိမ္သြားေတာ့သည္။

က်န္းေလာ္သည္ အေႏွာက္အယွက္မ်ား ေပ်ာက္သြားသည္ႏွင့္ ေရခ်ိဳးျခင္းကို ျမန္ျမန္အဆုံးသတ္လိုက္ကာ အဝတ္လဲလိုက္သည္။

ခ်ီယုံသည္ စာအုပ္ပိတ္လိုက္ၿပီး အခန္းေထာင့္တြင္ ခ်ိတ္ထားသည္။ အေနာက္တိုင္းနာရီကို ၾကည့္လိုက္သည္။ တစ္နာရီေက်ာ္ၾကာသြားၿပီျဖစ္ေသာ္လည္း သူ႔ဇနီးအသစ္ေလးသည္ ျပန္ေရာက္မလာေသးေပ။

'အခုထဲက ေသသြားၿပီလားမသိဘူး'

ခ်ီယုံသည္ စာအုပ္ေနာက္တစ္အုပ္ကို ယူလိုက္ၿပီး ၿငီးေငြ႕ဟန္ျဖင့္ စာဆက္ဖက္ေနလိုက္သည္။

ခ်ီမိသားစုသည္ ဗြက္အိုင္တစ္အိုင္ကဲ့သို႔ ညစ္ေထြးေနၿပီး ကမာၻေပၚမွာ အရွင္လတ္လတ္ ငရဲတြင္းျဖစ္သည္။ ခ်ီမိသားစုႏွင့္ လက္ထပ္လွ်င္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ေသရမည္ကို သိၾကေသာ္လည္း ေငြအတြက္ေၾကာင့္ ခ်ီမိသားစုသို႔ လက္ထပ္ၿပီး ဝင္ေရာက္လာၾကေသးသည္။ ထိုသို႔ေသာသူမ်ား ေသသြားသည္က သနားစရာေတာ့ မေကာင္းလွေပ။ သူ၏ေလးစားမႈျပလိုက္ရေသာ ေန႔ေလးသည္ ထုံးစံအတိုင္း အလဟသတ္ျဖစ္သြားရျပန္ၿပီ ျဖစ္သည္။

သူသည္ ကုတင္ေပၚမွဆင္းလိုက္ၿပီး ျခင္ေထာင္ခ်လိုက္သည္။ အနီေရာင္လိုက္ကာ အႀကီးႀကီးသည္ လုံၿခဳံစြာ ေစ့ပိတ္သြားၿပီး အိပ္ရာကို အျပင္ဘက္အခန္းႏွင့္ လုံးဝပိုင္းျခားေပးလိုက္သည္။

ခ်ီယုံသည္ သူအသစ္ယူလာေသာ စာအုပ္ ပထမစာမ်က္ႏွာကို လွန္ေနကာရွိေသးသည္ ႐ုတ္တရက္ႀကီး အျဖဴေရာင္လက္တစ္စုံမွ လိုက္ကာကို ဆြဲတင္လာသည္ကို ျမင္လိုက္ရသည္။ အနီေရာင္ကန႔္လန႔္ကာထဲသို႔ ဝင္လာေသာ လက္ေခ်ာင္းသည္ ျဖဴေဖြးသြယ္လ်ၿပီး လက္ဆစ္တို႔သည္ လုံးဝန္းေနကာ လွပမႈအေပါင္း ခေညာင္းေနေလသည္။

ထိုလက္မွ လတ္ဆတ္ေသာ ေရခ်ိဳးၿပီးစအနံ႔မ်ိဳးရေနၿပီး ႐ုတ္တရက္ လိုက္ကာ ဆြဲအမခံလိုက္ရကာ တစ္စုံတစ္ေယာက္သည္ ကုတင္ေပၚသို႔ ဝင္ထိုင္လိုက္သည္။

ေရစိုေနေသာ က်န္းေလာ္သည္ ခ်ီယုံ႔၏ စိတ္ဝင္စားမႈကို ဖမ္းစားႏိုင္ခဲ့ေလသည္။

ထိခိုက္ဒဏ္ရာတစ္ခုမွ မရွိပါဘဲ ျပန္ေရာက္လာေသာ က်န္းမာကာနီရဲေနေသာ က်န္းေလာ္သည္ သူ႔မ်က္လုံးထဲတြင္ အထူးအဆန္းျဖစ္ေနသည္။

က်န္းေလာ္အနားတြင္ ေရေငြ႕မ်ား ပ်ံ႕ႏွံ႔ေနၿပီး သူ႔မ်က္ႏွာသည္ မေပ်ာ္႐ႊင္ပုံေပါက္ေနကာ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားသည္။

ခ်ီယုံ႔သူငယ္အိမ္သည္ သတိမထားမိေလာက္ေအာင္ ႀကဳံ႕သြားၿပီး ပုံမွန္အတိုင္းျပန္ျဖစ္သြားကာ စိုးရိမ္ဟန္ျဖင့္ ေမးလိုက္သည္။

"မင္းဘာလို႔ တအားေနာက္က်ေနတာလဲ"

က်န္းေလာ္သည္ ႏႈတ္ခမ္းကို ဖိကိုက္လိုက္ၿပီး

"မေတာ္တဆမႈေသးေသးေလး တစ္ခုႀကဳံေနလို႔"

သူသည္ အခန္းကို ေဝ့ၾကည့္လိုက္သည္။ ထို႔ေနာက္

"ေခါင္းသုတ္ဖို႔ သဘက္ရွိလား"

ခ်ီယုံသည္ အိပ္ရာေပၚမွ ဆင္းလိုက္ၿပီး သူ႔ကို ေျခာက္ေသြ႕ေသာ သဘက္တစ္ထည္ယူေပးလိုက္သည္။ ထို႔ေနာက္ က်န္းေလာ္၏ ခႏၶာကိုယ္ကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္ကာ မယုံႏိုင္ျဖစ္ေနၿပီး က်န္းေလာ္ေခါင္းသုတ္ေနသည္ကို ေတာင့္ေတာင့္ႀကီး ေငးေနမိသည္။ သူ႔ခႏၶာကိုယ္တစ္ခုလုံးမွ စ၍ သုတ္ေနေသာ သဘက္အထိ အေသးစိတ္လိုက္ၾကည့္ပါေသာ္လည္း ဘာမွကို ထူးဆန္းမေနေပ။

လဲဝတ္ထားေသာ မဂၤလာဝတ္စုံသည္ သစ္သားအဝတ္စင္ေပၚတြင္ ဒီအတိုင္းရွိေနၿပီး စုတ္ၿပဲေနဟန္မရွိေပ။ အခန္းသည္ အနည္းငယ္ေမွာင္ေနၿပီျဖစ္ေသာေၾကာင့္ ခ်ီယုံသည္ ဝတ္စုံမွ ေသြးစက္အခ်ိဳ႕ကို ျမင္ႏိုင္ရန္မွာ မျဖစ္ႏိုင္ေပ။

သို႔ေသာ္ အေၾကာင္းေၾကာင္းေၾကာင့္ သူဝန္ခံရေပမည္။ သူ၏ ဇနီးအသစ္ေလးသည္ ပထမေန႔ထဲကပင္ သူ႔ကို အံ့အားသင့္ေအာင္ လုပ္ေဆာင္ႏိုင္ေလသည္။ ဇနီးအသစ္ေလးသည္ သူ႔ကို ေအးစက္စြာေမးလာသည္။

"ဘာေတြ လိုက္ၾကည့္ေနတာတုန္း"

ညအိပ္ဝတ္စုံဝတ္ထားေသာ ဆယ္ေက်ာ္သက္ေလးသည္ သိမ္ေမြ႕စြာ ျပန္ေျဖလိုက္သည္။

"ကိုယ္က မင္းဘယ္လို မေတာ္တဆမႈမ်ား ႀကဳံခဲ့လဲ သိခ်င္ေနလို႔ေလ"

"ေျပာျပဖို႔ မတန္ဘူး သိခ်င္မေနနဲ႔"

က်န္းေလာ္သည္ ေခါင္းေပၚသို႔ သဘက္တင္လိုက္ၿပီး ခ်ီယုံ႔ကို ေတာက္ပစြာၿပဳံး၍ ၾကည့္လိုက္သည္။

"လူေကာင္းေလး ဒီမွာလာထိုင္"

ခ်ီယုံ႔မ်က္ခုံးသည္ အနည္းငယ္တြန႔္သြားၿပီး နာခံစြာ ေလွ်ာက္သြားလိုက္သည္။

က်န္းေလာ္သည္ သူ႔ေဘးမွ ေနရာကိုပုတ္ျပလိုက္ၿပီး ခ်ီယုံသည္ ထိုေနရာတြင္ ဝင္ထိုင္လိုက္သည္။ က်န္းေလာ္သည္ သူ႔ကိုၾကည့္ၿပီး သိမ္ေမြ႕စြာ ေျပာလိုက္သည္။

"ငါ့ကို သတိေပးခဲ့လို႔ ေက်းဇူးပဲ မဟုတ္ရင္ ေရခ်ိဳးခန္းထဲမွာ ေခ်ာ္လဲေတာ့မလို႔ေလ"

ခ်ီယုံက ျပန္ေျပာသည္။

"ကိုယ္ လုပ္သင့္တာပါ"

က်န္းေလာ္သည္ ႏူးညံ့ခ်ိဳသာစြာေျပာလိုက္သည္။

"ငါတို႔က ညီအစ္ကိုေကာင္းေတြ ျဖစ္သြားေပမဲ့လည္း ဒီေန႔က ငါတို႔ရဲ႕ ေန႔ေကာင္းရက္ျမတ္ေလးဆိုေတာ့ ႐ိုးရာအတိုင္း လိုက္မလုပ္သင့္ဘူးလား"

ခ်ီယုံ "ဟမ္..."

"ငါေရခ်ိဳးေနတုန္းက ဒီဆံပင္ေတြကို မင္းရဲ႕ဆံပင္ေတြနဲ႔ စုခ်ည္ရေအာင္ ျပင္ဆင္လာခဲ့တာေလ ခ်ီယုံ မင္းဆံခ်င္းဆက္ႏိုင္မလား"

ခ်ီယုံသည္ သူ႔လက္ထဲေရာက္လာေသာ လူတစ္ေယာက္၏ ဆံပင္ေခါင္းတစ္ဝက္စာေလာက္ရွိသည့္ ဆံပင္ခ်ည္ထူထူမ်ားကို တိတ္ဆိတ္စြာ ငုံ႔ၾကည့္လိုက္ၿပီး က်ယ္ေလာင္စြာ ေအာ္ရယ္လိုက္သည္။

သူသည္ အလြန္ရယ္ေမာေနၿပီး မ်က္ခုံးကို ျခစ္လိုက္သည္။

"စိတ္မေကာင္းပါဘူး ကိုယ္က...အင္း....ဒီအတိုင္းမင္းမွာ ဒီေလာက္ ဆံပင္ေတြ အမ်ားႀကီး ရွိေနတာ အံ့ဩသြားလို႔ ဟြန္း"

က်န္းေလာ္သည္ သေဘာေကာင္းေဖာ္ေ႐ြစြာ ရယ္လိုက္ၿပီး အခုခ်ိန္ထိ ဆံပင္ျဖတ္ဖို႔ ဆႏၵရွိပုံမေပၚေသာ ခ်ီယုံကို ၾကည့္လိုက္သည္။ ထို႔ေနာက္ မ်က္လုံးလွိမ့္လိုက္ၿပီး ဆံရွည္သရဲေခါင္းမွ ရလာေသာ ဆံပင္ျခည္မ်ားကို ခ်ီယုံ႔လက္ထဲ အကုန္လႊဲေပးလိုက္ကာ

"မင္းဒီည မလုပ္ခ်င္ေသးဘူးဆိုရင္လည္း ဆံပင္ျဖတ္ၿပီး ထုံးဖို႔ စဥ္းစားၿပီးတဲ့အခ်ိန္ထိ ဒီဆံပင္ေတြကို မင္းပဲ သိမ္းထားလိုက္ေနာ္"

ခ်ီယုံသည္ က်န္းေလာ္ အိပ္ရာေပၚသို႔ ဝင္လွဲလိုက္သည္ကို ၾကည့္ေနၿပီး သိမ္ေမြ႕စြာေျပာလိုက္သည္။

"အြန္း"

ထို႔ေနာက္ ပုံမွန္မဟုတ္စြာ ေတာက္ပေနေသာမ်က္လုံးမ်ားျဖင့္ ဆံပင္မ်ားကို ၾကည့္လိုက္ၿပီး ေခါင္းယမ္းလိုက္ကာ မီးမွိတ္ၿပီး အိပ္ရာဝင္လိုက္ေတာ့သည္။

က်န္းေလာ္သည္ အရင္တုန္းကပင္ လူမ်ားစြာႏွင့္ အိပ္ရာတစ္ခုထဲ အိပ္ခဲ့ဖူးသည္။ ေယာက္်ားေလးအခ်င္းခ်င္းထဲတြင္ သူငယ္ခ်င္းမ်ား ညီအစ္ကိုမ်ား အိပ္ရာတစ္ခုထဲတြင္ တူတူအိပ္ျခင္းမွာထူးဆန္းသည့္အရာမဟုတ္ေသာ္လည္း ဆယ္ေက်ာ္သက္အ႐ြယ္ ခ်ီယုံသည္ မေကာင္းဆိုးဝါး ခ်ီယုံႏွင့္ သိပ္မတူေသာေၾကာင့္ သူ႔အတြက္ တင္းက်ပ္စြာ ခုခံလိုစိတ္တို႔ အနည္းငယ္ေလ်ာ့ပါးလို႔ေနသည္။

သို႔ေသာ္ ဆယ္ေက်ာ္သက္အ႐ြယ္ ခ်ီယုံသည္ သူ႔ကို စိတ္ေပါ့ပါးေစၿပီး ခုခံမႈမရွိေတာ့တာမ်ိဳးေတာ့ မဟုတ္ေပ။

က်န္းေလာ္သည္ တစ္ညလုံးႏွစ္ၿခိဳက္စြာအိပ္ေမာက်သြားၿပီး အိပ္မက္ထဲတြင္ သူ႔ေနာက္သို႔ ေႁမြနက္ႀကီးတစ္ေကာင္ လိုက္ေနသည္ဟု ျမင္မက္ခဲ့သည္။

ျပတင္းေပါက္အျပင္ဘက္ရွိ ေကာင္းကင္သည္ အနည္းငယ္ ေအးစက္စက္ႏိုင္ေနသည္။ က်န္းေလာ္သည္ အသက္ျပင္းျပင္းရႉၿပီး နဖူးမွ ေခြၽးမ်ား စီးက်လို႔ေနသည္။

လိုက္ကာသည္ ေနာက္တစ္ႀကိမ္အမခံလိုက္ရၿပီး ခ်ီယုံသည္ အိပ္ရာေဘးတြင္ မတ္တပ္ရပ္ေနကာ ျပတင္းေပါက္မွ အလင္းေရာင္ အိပ္ရာေပၚက်ေအာင္ လိုက္ကာကို မေပးထားသည္။ က်န္းေလာ္သည္ မ်က္ႏွာထားမေျပာင္းစြာ ႏိုးထလာၿပီး စိတ္ေကာင္းဝင္ေနသလို အသံမ်ိဳးျဖင့္

"မင္းက အရင္ႏိုးေနတာလား"

က်န္းေလာ္သည္ ကုတင္ေပၚမွ ေျဖးေျဖးခ်င္းထထိုင္လိုက္သည္။ ခ်ီယုံသည္ ေနာက္ဆုတ္သြားၿပီး အလင္းေရာင္သည္ သူ႔မ်က္ႏွာတစ္ဝက္ေပၚသို႔ ျဖာက်ေနၿပီး ေနာက္တစ္ျခမ္းသည္ အရိပ္ထဲတြင္ ေပ်ာက္လုလုျဖစ္ေနသည္။ ခ်ီယုံ၏ ႏုနယ္ေသာ ကေလးမ်က္ႏွာသည္ အေမွာင္ထဲတြင္ ႐ုတ္တရက္ ထူးဆန္းစြာ တြန႔္လိမ္သြားသည္။



သူ႔ႏႈတ္ခမ္းသည္ ေက်နပ္ေနသလို ေကာ့တက္သြားၿပီး ဂ႐ုတစိုက္ရွိလွေသာ လူငယ္တစ္ေယာက္၏ အၿပဳံးကို ေဖာ္က်ဴးေနကာ

"မနက္စာစားဖို႔ အခ်ိန္ေရာက္ေနၿပီ"

က်န္းေလာ္သည္ ႏိုးလာသည္ႏွင့္ ေရခ်ိဳးခန္းထဲတြင္ ေတြ႕ခဲ့ေသာ တေစၦႏွစ္ေကာင္အေၾကာင္းကို ျပန္စဥ္းစားမိၿပီး ထိုတေစၦမ်ားသည္ ခ်ီယုံေလာက္ေတာ့ ေၾကာက္စရာမေကာင္းေပ။

မနက္စာစားၿပီးေနာက္ က်န္းလာ္သည္ လ်န္႐ႊီႏွင့္ ေနာက္တစ္ႀကိမ္ ျပန္ေတြ႕ခြင့္ရခဲ့သည္။ ထို႔ေၾကာင့္ မနက္စာစားၿပီးသည္ႏွင့္ လ်န္႐ႊီကို ခ်ီအိမ္ေတာ္တဝိုက္လိုက္ျပရန္ အမိန႔္ေပးလိုက္သည္။ သို႔မွသာ ႏွစ္ေယာက္တည္း စကားေျပာႏိုင္မည္ ျဖစ္သည္။

လ်န္႐ႊီသည္ တိုးတိုးေလးေျပာသည္။

"ကြၽန္မ လ်န္ပင္းနဲ႔ လ်န္ခ်င္းတို႔နဲ႔ မေန႔က ေတြ႕တယ္ သူတို႔ကို အေနာက္ဘက္ၿခံဝန္းထဲက လူမျမင္ႏိုင္တဲ့ ေနရာတစ္ခုရွိလို႔ အဲ့မွာ ေစာင့္ခိုင္းထားတယ္ အစ္ကိုႀကီး ကြၽန္မတို႔ အေနာက္ဘက္ၿခံဝန္းကိုပဲ အရင္သြားလိုက္ရေအာင္"

ၿခံဝန္းထဲတြင္ မျမင္ရေသာ ဂူတစ္လုံးရွိၿပီး လ်န္႐ႊီ က်န္းေလာ္ကို အထဲသို႔ေခၚသြားခ်ိန္တြင္ ဂူထဲတြင္ လူအျပည့္ျဖစ္ေနၿပီ ျဖစ္သည္။ လ်န္ခ်င္းႏွင့္ လ်န္ပင္းသာမကပဲ ဓာတ္ပုံကလပ္မွ ေက်ာင္းသားေလးေယာက္ပါရွိေနသည္။ သူတို႔ရွစ္ေယာက္လုံး မွန္ေလာကထဲသို႔ ေရာက္လာျခင္းျဖစ္သည္။ လ်န္ခ်င္းသည္ သူတို႔ကို မႏႈတ္ဆက္ခင္ က်န္းေလာ္ကို အရင္ၾကည့္လိုက္သည္။ ထို႔ေနာက္ သိခ်င္စပ္စုစြာျဖင့္ ေမးလာသည္။

"အစ္ကိုႀကီး ကြၽန္ေတာ္ၾကားတာေတာ့ မေန႔က အိမ္ေတာ္ထဲကို လက္ထပ္ၿပီး ဝင္လာတာ အစ္ကိုႀကီးဆို တကယ္ပဲလားဟင္"

က်န္းေလာ္ စိုက္ၾကည့္လိုက္ရာ အူတူတူေကာင္ လ်န္ခ်င္းသည္ ဟိုၾကည့္သည္ၾကည့္ ျဖင့္ရယ္ေမာလိုက္ၿပီး အေၾကာင္းအရာေျပာင္းေျပာလိုက္သည္။

"အခု ကြၽန္ေတာ္တို႔ ဘယ္သူျဖစ္ေနလဲဆိုတာ အရင္ေျပာလိုက္ရေအာင္ဗ်ာ"

ရွစ္ေယာက္လုံးထဲတြင္ က်န္းေလာ္ကသာ အႀကီးဆုံးျဖစ္ေနၿပီး ခ်ီမိသားစု တိုက္႐ိုက္မ်ိဳးဆက္ သခင္ငယ္ေလး၏ ဇနီးျဖစ္ကာ အာဏာအရွိဆုံးသူလည္း ျဖစ္ေနျပန္သည္။ ခ်င္းယြင္သည္ ဒုတိယနီးပါးလိုက္ၿပီး သူမသည္ ခ်ီမိသားစု၏ အေစခံေခါင္းေဆာင္ျဖစ္သည္။ တုေကာႏွင့္ လ်န္ခ်င္းသည္ အေရွ႕ဘက္ၿခံဝန္းမွ အေစခံမ်ားျဖစ္နၿပီး လ်န္ပင္းႏွင့္ တြမ့္က်ီသည္ မီးဖိုေဆာင္အလုပ္သမားမ်ားျဖစ္ကာ လိရွန္သည္ ခ်ီမိသားစုမွ သခင္မေလးတစ္ေယာက္၏ အေစခံျဖစ္ေနသည္။

က်န္းေလာ္သည္ တိုးဖြဖြေျပာလိုက္သည္။

"ၾကည့္ရတာ ငါတို႔အားလုံး မထင္မရွားဇာတ္ေကာင္ေလးေတြ ေနရာေရာက္ေနၾကတာပဲ"

"ရွင္က အတန္းရွင္းရွာခ်င္ေနတာလား"

ခ်င္းယြင္က ေျပာလိုက္သည္။

"ဘာတဲ့ မထင္မရွားဟုတ္လား ရွင္က ေသြးရင္းသခင္ေလးရဲ႕ ဇနီးေလ အဲ့တာေတာင္ မထင္မရွားေနတုန္းလား"

"ဒီမိသားစုက က်ိန္စာသင့္ေနတာ အဲ့တာေၾကာင့္ ဇနီးေတြအကုန္လုံးက သက္ဆိုးမရွည္ၾကဘူး ဒီေတာ့ မၾကာခင္ေသေတာ့မဲ့လူ က်ဳပ္ကို ဘယ္သူမွ အာ႐ုံမရွိဘူး အိုေက"

က်န္းေလာ္က ရွင္းျပလိုက္သည္။

အုပ္စုလိုက္ႀကီး အေတြးနက္သြားၿပီး လ်န္ပင္းသည္ လ်န္ခ်င္းထက္ ဆက္ဆံေရးေကာင္းသူျဖစ္ကာ အဆက္အသြယ္နည္းနည္း လုပ္ထားႏိုင္ခဲ့ေသာေၾကာင့္ သူ႔ထံမွ သတင္းတခ်ိဳ႕ရလိုက္သည္။ လ်န္ပင္းသည္ လက္ေထာင္လိုက္ၿပီး ေျပာသည္။

"မင္းတို႔ႏိုးလာတုန္းက အသံတစ္ခုၾကားၾကေသးလား"

"ငါတို႔ကို မေကာင္းဆိုးဝါးကို သတ္ရမယ္လို႔ေျပာတဲ့ အသံလား"

တုေကာသည္ မ်က္ေမွာင္ၾကဳတ္ၿပီးေျပာလိုက္သည္။

လ်န္ပင္းသည္ ေခါင္းညိတ္လိုက္ၿပီး

"ငါလည္း အဲ့အသံကို ရွင္းရွင္းလင္းလင္း ၾကားလိုက္တယ္ 'မင္းသာ မေကာင္းဆိုးဝါးကို သတ္ႏိုင္ရင္ ဒီထဲက ထြက္ႏိုင္လိမ့္မယ္' တဲ့ ငါကအခုဆို မီးဖိုေဆာင္ထဲမွာ အလုပ္ၾကမ္းလုပ္ေနရတာ အရမ္းခက္ခဲလြန္းတယ္ ဒီအိမ္ေတာ္က သခင္ေတြကို လည္းမျမင္ဖူးေသးဘူး ဒါေပမဲ့ အျပင္ဘက္မွာေတာ့ လူတစ္ခ်ိဳ႕နဲ႔ အဆက္အသြယ္လုပ္ထားတယ္ ဒီေန႔အတြက္ မီးဖိုေဆာင္လိုအပ္တဲ့ပစၥည္းေတြ သြားဝယ္ဖို႔ အျပင္ထြက္တဲ့အခ်ိန္တုန္းက လမ္းေဘးက ေဈးသည္ေတြ ေျပာေနတာ ၾကားခဲ့တာ ၿမိဳ႕ထဲမွာ လူသတ္သမားတစ္ေယာက္ ေရာက္ေနတယ္တဲ့"

"လူသတ္မႈလား"

လ်န္ပင္းသည္ ၾကမ္းျပင္ေပၚသို႔ထိုင္ခ်လိုက္ၿပီး သစ္ကိုင္းတစ္ကိုင္းကို ယူကာ ေျမျပင္ေပၚတြင္ သူမွတ္မိသေလာက္ ခ်ေရးလိုက္သည္။

"သူတို႔ေျပာတာေတာ့ ၿမိဳ႕ထဲမွာ လူေသၾကတာ ဆယ္ေယာက္ေလာက္ရွိၿပီတဲ့ ၿပီးေတာ့ သူတို႔ေသပုံကလည္း ထူးဆန္းေနတာပဲတဲ့ သူတို႔ေသတာ နည္းမ်ိဳးစုံနဲ႔ပဲဆိုၿပီး လူတိုင္းက တအားေၾကာက္လန႔္ေနၾကတာ ၿမိဳ႕ကေတာ့ ေသျခင္းေခ်ာက္ကမ္းပါးေဘးေရာက္ေနၿပီဆိုၿပီး လူေတြက ေမွာင္ရိပ္သန္းလာရင္ကို အျပင္မထြက္ၾကေတာ့ဘူး သူတို႔ေတြ ေျပာဆိုေနတာ နားေထာင္ခဲ့ေတာ့ စကားတစ္လုံးၾကားခဲ့တယ္ -"

သူသည္ ေျမျပင္ေပၚတြင္ စကားလုံးတစ္စုကို ခ်ေရးလိုက္သည္။

"မေကာင္းဆိုးဝါး ဝိဉာဥ္"

"ၿမိဳ႕သူၿမိဳ႕သားေတြက ဒီလူသတ္သမားက ရက္စက္ၾကမ္းၾကဳတ္တဲ့ သရဲတေစၦတစ္ေကာင္လို႔ ယုံေနၾကၿပီ"

လ်န္႐ႊီသည္ ၿငိမ္က်သြားေသာ္လည္း တုေကာက ေျပာလိုက္သည္။

"မေကာင္းဆိုးဝါးေတြ အျပင္မွာ တကယ္ရွိမရွိမသိေပမဲ့လည္း ငါ့စိတ္ထဲမွာေတာ့ မေကာင္းဆိုးဝါးက ခ်ီမိသားစုနဲ႔ ဆက္စပ္ေနတယ္လို႔ပဲ ထင္ေနတယ္ ငါတို႔ရွစ္ေယာက္လုံး ခ်ီအိမ္ေတာ္မွာ လာစုေနၾကထဲက ငါတို႔ထဲမွာ တူညီတဲ့ တစ္ခုခုရွိေနလို႔ပဲ ျဖစ္ရမယ္"

"ဒါေပမဲ့ ခ်ီမိသားစုက အရမ္းႀကီးလြန္းတယ္ ငါတို႔ ဘယ္လိုလုပ္ၿပီး မေကာင္းဆိုးဝါးကို ရွာႏိုင္မွာလဲ ရွာႏိုင္လို႔ ေတြ႕တယ္ပဲ ထားဦး သူ႔ကို ဘယ္လိုသတ္မွာလဲ"

အုပ္စုလိုက္ႀကီးသည္ တိတ္ဆိတ္သြားၿပီး တြမ္က်ီသည္ ႐ုတ္တရက္ ေအာက္ထိုင္ခ်လိုက္ကာ ဒူးႏွစ္ဖက္ထဲ မ်က္ႏွာဝွက္၍ အားနာရွက္႐ြံ႕စြာ ေျပာလိုက္သည္။

"ငါေတာင္းပန္ပါတယ္ကြာ ဂိမ္းေလးတစ္ခုက ဒီလိုေျပာင္းလဲသြားမယ္မွန္း သိရင္ မေဆာ့ခဲ့ပါဘူး ဒါေတြအာလုံးငါ့အမွားေတြပဲ တကယ္လို႔ ငါသာ ငါသာ အဲ့လိုအမိန႔္မ်ိဳး မေပးခဲ့ရင္ ......"

လိေရွာင္းသည္ ကုန္းလိုက္ၿပီး ဒူးတစ္ဖက္ေထာက္ၿပီး ထိုင္လိုက္ကာ တြမ့္က်ီ၏ မ်က္ရည္မ်ားကို ဂ႐ုတစိုက္ သုတ္ေပးလိုက္သည္။

ခ်င္းယြင္မ်က္ႏွာသည္ အနည္းငယ္႐ုပ္ဆိုးေနကာ သူမလက္သည္းမ်ားကို ဆိတ္ထားလိုက္သည္။

"ငိုမေနနဲ႔ ငိုေနလို႔ အခုမွ ဘာထူးေတာ့မွာလဲ ငါ ငါလည္း အရင္က ဒီကမာၻမွာ သရဲေတြရွိတာ မယုံခဲ့ဘူး.....အား ကံဆိုးလိုက္တာ ငါတို႔ေတြ ေတာင္ေပၚကို မတက္ခဲ့သင့္တာပါဟာ"

လ်န္႐ႊီသည္ သက္ျပင္းခ်လိုက္ၿပီး သိမ္ေမြ႕စြာ အားေပးလိုက္သည္။

"စိတ္မပူပါနဲ႔ ငါတို႔နည္းလမ္းတစ္ခုေတာ့ရွာေတြ႕မွာပါ မေကာင္းဆိုးဝါးကို ရွင္းပစ္ဖို႔ နည္းလမ္းက ရွိႏိုင္ပါတယ္"

သူမသည္ ႏႈတ္ခမ္းတင္းေစ့လိုက္ၿပီး သိပ္စိတ္ပူပန္မႈ မရွိစြာ ၿပဳံးလိုက္သည္။

"ကိစၥတိုင္းအတြက္ အနည္းဆုံး ေျဖရွင္းဖို႔ နည္းလမ္းတစ္ခုစီေတာ့ ရွိတတ္ပါတယ္"

ခ်င္းယြင္က ႐ုတ္တရက္ ထေမးလာျပန္သည္။

"ေျဖရွင္းဖို႔ နည္းလမ္းက ဘာလဲ"

လ်န္႐ႊီသည္ က်န္းေလာ္ကိုၾကည့္လိုက္ၿပီး

"အစ္ကိုႀကီး ကြၽန္ေတာ္က လူေတြကို ၿခိမ္းေျခာက္တဲ့ ေနရာမွာ အရမ္းေတာ္တာပဲ ဒါေပမဲ့ ဒီလိုအေျခအေနႀကီး ျဖစ္လာေတာ့ အစ္ကိုႀကီးကိုပဲ အားကိုးရေတာ့မွာပဲ"

က်န္းေလာ္မ်က္ႏွာသည္ ခုနကအတိုင္း မေျပာင္းလဲေသးေပ။ မေကာင္းဆိုးဝါးအေၾကာင္း တစ္ခြန္းမွဝင္မေျပာဘဲ ေမးလိုက္သည္။

"ဒီေလာကထဲေရာက္ၿပီးေတာ့ တေစၦသရဲေတြမ်ား ေတြ႕ေသးလား"

က်န္သည့္ ခုႏွစ္ေယာက္လုံးသည္ တၿပိဳင္ထဲ ေခါင္းခါလိုက္ၾကသည္။ က်န္းေလာ္မ်က္လုံးမ်ားသည္ မ်က္ေတာင္တျဖတ္ျဖတ္ခပ္ေနၿပီး ဖုန္းလီေျပာေသာ သူ႔ကို ဝိဉာဥ္မ်ား ႀကိဳက္ၾကသည္ဆိုသည့္ စကားကို၎ သူ၏ ေမြးရာပါ ကံမေကာင္းသည္ေၾကာင့္မ်ားလားဟု ေတြးမိသြားေသာ္လည္း စိတ္ကို တည္ၿငိမ္ေအာင္လုပ္လိုက္ကာ ဆက္ေျပာသည္။

"မွန္ေတြက ယင္ဓာတ္အမ်ားဆုံး စုပ္ယူၿပီး ဆန္းၾကယ္တဲ့ကိစၥေတြ အမ်ားႀကီး ျဖစ္ေပၚေစတယ္၊ ငါတို႔မွန္ထဲကို ညဆယ့္ႏွစ္ရာရီအခ်ိန္ႀကီး ဆြဲေခၚခံလိုက္ရတာ အဲ့ဒီအခ်ိန္က သေစၦအရွိန္အဝါအျပင္းထန္ဆုံးအခ်ိန္ပဲ ဒါေၾကာင့္ မွန္ေလာကထဲက ေကာင္းကင္က မႈိင္းၿပီး နက္ေဆြးေနတာပဲ ငါမွန္းတာသာ မွန္ခဲ့မယ္ဆိုရင္ ဒီေလာကထဲမွာ သရဲေတြ မေရတြက္ႏိုင္ေအာင္ မ်ားေနလိမ့္မယ္ မေကာင္းဆိုးဝါးအတြက္ကေတာ့ မေကာင္းဆိုးဝါးက ဘယ္ေလာက္ေတာင္ ဆိုးယုတ္ေနလဲ အရင္ၾကည့္ရမွာေပါ့ ၿပီးေတာ့ သူေျပာသြားတဲ့ မေကာင္းဆိုးဝါးက ဘယ္ဟာကို ေျပာခ်င္တာလဲဆိုတာလဲ ငါတို႔အရင္ ရွာရမွာ အခုက ငါတို႔မွာ ဘာမွကို မသိတဲ့ အေျခအေနေရာက္ေနတာ"

မေကာင္းဆိုးဝါးဆိုသည့္ စကားလုံးကို ၾကားၿပီးေနာက္ က်န္းေလာ္ပထမဆုံးေတြးမိသူမွာ ခ်ီယုံျဖစ္သည္။ သို႔ေသာ္ ဤကမာၻထဲရွိ ခ်ီယုံမွာ မေကာင္းဆိုးဝါးအျဖစ္သို႔ မေျပာင္းလဲသြားေသးေပ။ ထို႔ေၾကာင့္ ခ်ီယုံ႔ကိစၥကို ေနာက္မွာထားခဲ့လို႔ရေနေသးသည္။

အေရးအႀကီးဆုံးမွာ ကန႔္လန႔္ကာေနာက္မွ ႀကိဳးကိုင္ေနေသာလူသား၏ မေကာင္းဆိုးဝါးကိုသတ္ၿပီး အျပင္ျပန္ထြက္ႏိုင္သည္ဟု ေျပာခဲ့သည္။ ထို႔အျပင္ ကိုယ္မသိေသာ တစ္စုံတစ္ေယာက္မွ ေစာင့္ၾကည့္နၿပီး အမိန႔္ေပးေစခိုင္းျခင္းခံေနရသည့္ ခံစားခ်က္သည္ လုံးဝမေကာင္းေနေပ။

သူတို႔က်န္းေလာ္ေျပာသမွ်နားေထာင္ၿပီးခ်ိန္တြင္ လ်န္႐ႊီ၏ မ်က္ႏွာထားသည္ အစမွ အဆုံးထိ မေျပာင္းလဲသြားေပ။

သာမန္ေက်ာင္းေလးတစ္ေက်ာင္းမွ ေက်ာင္းသားေလးေယာက္လုံးသည္ ေအးခဲေတာင့္တင္းသြားၿပီး ခ်င္းယြင္သည္ သူ႔ကို ထူးဆန္းသည့္ မ်က္ႏွာထားျဖင့္ ၾကည့္လိုက္သည္။

"ရွင္က တြမ့္က်ီႏွင့္ မတူဘူး ရွင့္မွာလဲ ဒီလို ေျခာက္ျခားစရာေတြကို စိတ္ဝင္စားတဲ့ ဝါသနာရွိေနတာလား ဟုတ္လား"

က်န္းေလာ္သည္ ပုံမွန္အတိုင္း ၿပဳံးလိုက္ၿပီး ႐ုတ္တရက္ လက္ဆန႔္ထုတ္လိုက္ကာ လက္ႏွစ္ဖက္ျဖင့္ စည္းတံဆိပ္သ႑ာန္တစ္ခု ေဖာ္ေဆာင္ၿပီး ခႏၶာကိုယ္ေရွ႕သို႔ ႐ိုက္ထုတ္လိုက္သည့္ ကိုယ္ဟန္ျပကာ

"ေနဝင္တရီေရာအခ်ိန္ ေလေပြႏႈိးထလာေစ"

ေလေပြတစ္ခုသည္ ေျမျပင္ေပၚသို႔ ႐ုတ္တရက္ေပၚထြက္လာကာ ေလခြၽန္သံကဲ့သို႔ ၾကားေနရၿပီး လူတိုင္း၏အဝတ္အစားမ်ားသည္ အကုန္အေပၚဘက္သို႔ ဝဲလႊင့္ေနေတာ့သည္။

ဖုန္မႈန႔္မ်ားႏွင့္ သစ္႐ြက္ေျခာက္မ်ားသည္ ေလေပြထဲတြင္ ပ်ံ႕လြင့္ေနၾကၿပီး ေလအားသည္ ပို၍ အားေကာင္းလာကာ ဂူအမိုးေပၚထိ ထိုးတက္သြားေတာ့သည္။ လူတိုင္းသည္ ေလေပြႀကီးကို ေၾကာင္ေတာင္ေတာင္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္။

သူတို႔မ်က္လုံးထဲသို႔ ဖုန္မ်ားဝင္၍ ဆံပင္မ်ားငွက္သိုက္လို ရႈပ္ပြသြားတာေတာင္မွ မ်က္ေတာင္မခတ္ဝံ့ၾကပဲ အာ႐ုံသုံးပါးလုံးသည္ ေလေပြမွ မခြာႏိုင္ေတာ့ေပ။

က်န္းေလာ္က ေျပာသည္။

"ေပ်ာက္ကြယ္ေစ"

ေလေပြ႐ိုင္းသည္ ႐ုတ္တရက္ ပုံမွန္ေလထုထဲသို႔ ေပ်ာက္ကြယ္သြားေတာ့သည္။ ဖုန္မႈန႔္မ်ားႏွင့္ သစ္႐ြက္ေျခာက္မ်ားသည္ ေကာင္းကင္ထက္မွ က်လာသလို ေနရာအႏွံ႔ လြင့္ေနၿပီး လူတိုင္းကို ေခ်ာင္းဆိုးသြားေစသည္။

သူတို႔သည္ လက္ဖဝါးမ်ားျဖင့္ ဖုန္ခါသလို ခါလိုက္ၾကၿပီး က်န္းေလာ္ကို ရည္႐ြယ္ခ်က္ရွိရွိေစာင့္ၾကည့္ေနၾကသည္။

ထိုအကြက္ကို လ်န္အိမ္ေတာ္တြင္ ဘာမွလုပ္စရာမရွိေသာ ဆယ္ရက္တြင္ ထပ္ကာထပ္ကာ ေလ့က်င့္ခဲ့ေသာ က်န္းေလာ္သည္ အားလုံးကို ႏွစ္သိမ့္ၿပဳံးျပၿပီး လက္ပိုက္လ်က္ ေျပာသည္။

"အခုကစၿပီး အားလုံးကို ငါ့အမိန႔္အတိုင္းပဲ လႈပ္ရွားရမယ္ ေမးစရာရွိလား"

"မ မရွိပါဘူး လုံးဝ ေမးစရာမရွိဘူး "

###############################

Continua a leggere

Ti piacerà anche

20.9K 3K 34
Web Novel (CN) Name- How To Say I Love You Original Author: Feng Liu Shu Dai/ 风流书呆 Artists: N/A Year-2017 Status in COO- 136 Chapters +1 Extra [Comp...
126K 24.3K 67
ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းလိုသည့် လုချောင်ယဲ့ တစ်ယောက် အရာအားလုံးအား လွှတ်ချပြီး မိမိ စိတ်ကူးအား အကောင်အထည်ဖော်ရန် ပြင်စဉ်မှာပင် ယာဉ်မတော်တဆမှ...
15.4K 1.6K 15
The demon venerable's wishful desire Author - Mo Xi Ke 112 chapters+ 3 extras Start date- 27.2.2022 I don't own this novel.Just fun translation. Full...
60.8K 8.6K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status In COO -85 Chapters (On going) I got permissi...