အခန်း ၁၇၄

825 163 1
                                    

အပိုင်း (၁၇၄) နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းခြင်း (၂)

ဟွာပိကို ဟာသလုပ်ပြီးနောက် မေးသည်။

"သခင် ဘယ်မှာလဲ"

"အပေါ်ထပ်မှာ"

ကောဝူချန်က ဖြေသည်။

"ဒါပေမဲ့ သခင့်ကို မနှောင့်ယှက်တာကောင်းမယ် သခင်အခု အနားယူနေတယ်"

လျောင်စီသည် ပုခုံးတွန့်လိုက်ပြီး ကောဝူချန်‌ဘေးမှ ကွန်ပျူတာနေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။

"ငါလာတာ အချိန်အခါ မသင့်ဖြစ်သွားတာပဲ ငါက ပျင်းစရာကောင်းတဲ့ နှစ်သစ်ကူးပါတီကထွက်လာပြီး သခင့်ကိုလာတွေ့တာကို သခင်က ငါ့ကို ချီယယ်ခန္ဓာနဲ့ ခန္ဓာချင်းလဲပေးမှာ စောင့်နေတာ"

ဟွာပိက ပြောသည်။

"မင်းပြောတော့ ချီယယ့်ခန္ဓာကိုယ်က သခင့်အတွက် အသင့်တော်ဆုံးဆို အခု မင်းက သခင်နဲ့တန်းတူဖြစ်ချင်နေသလိုပဲ"

"သူ့ခန္ဓာကိုယ်က သခင်နဲ့ တကယ်ပဲ ကိုက်ညီတယ်"

လျောင်စီသည်လည်း ဂိမ်းထဲဝင်လိုက်ပြီး သူတို့နှင့် ဂိမ်းဆော့ရန်ပြင်လိုက်သည်။

"အရမ်းကို မယုံနိုင်စရာကောင်းလောက်အောင် ကိုက်ညီနေတာကွာ သူ့စိတ်ဝိညာဉ်ခန္ဓာက မသိရင် သခင့်အတွက် အထူးသီးသန့်ဖြစ်တည်နေသလိုမျိုးပဲ ငါကတော့ တကယ်ပြောရဲတယ် သခင်သာ ချီယယ့်ခန္ဓာကို သုံးမယ်ဆိုရင် အရမ်းကို လုံးဝ ပြီးပြည့်စုံသွားမှာ"

သူသည် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး

"ဒါပေမဲ့ သခင့်မှာ အခု ရုပ်ထုခန္ဓာရှိနေပြီမို့လို့ ချီယယ့်ခန္ဓာကို မလိုအပ်တော့ဘူးလေ ဒီတော့ ဒီခန္ဓာက ငါ့မြင်ကွင်းထဲ ရောက်လာတော့တာပဲ"

ကစားပွဲသည်ပြီးသွားပြီး အနိုင်ရသူ မရှိလိုက်ပေ။ ကောဝူချန်သည် "သန့်ရှင်းသော တာအိုလေပြေ"ကို ဝအောင်မသတ်လိုက်ရပေ။ ထို့ကြောင့် နောက်ထပ်ကစားပွဲတစ်ခု စတင်ကာ သူ့ကို ထပ်မံဖိတ်ခေါ်လိုက်ပြီး အမှတ်အသားပြု၍ တမင်တကာ ရန်စတော့သည်။

"ဒါပေမဲ့ ချီယယ်က ချီမ်ိသားစုဝင်လေ ပြီးတော့ မျိုးဆက်သစ်တွေရဲ့ ပါရမီရှင်လို့တောင် ရွှမ်ရွှီလောကမှာ နာမည်ကြီးနေတာ ချီမိသားစု ကျဆုံးသွားရင်တောင် သူ့ရဲ့ ဖြစ်တည်မှုနဲ့တင် မင်းကိုင်တွယ်နိုင်ဖို့ မသေချာဘူး ဟဲနန်အနောက်ပိုင်းက လျောင်မိသားစုဆီပြန်သွားရင်ရော မင်းရဲ့ အလောင်းထိန်းချုပ်ပညာကရော တိုးတက်လာရဲ့လား"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now