အခန်း ၁၉၄

684 112 4
                                    

အပိုင်း (၁၉၄) ပင့်ကူတစ်ကောင်၏ တတိတိကိုက်ဝါးခြင်း

ကောဝူချန်သည် ချွေးအေးများ ထွက်လာသည်။

ချီယုံသိလို့ မဖြစ်သည့် ကိစ္မများ အများကြီး ပါနေသည်ကို သူက မည်သို့များ ချီယုံ့ကို ကျန်းလော့ကို ပြောခဲ့သမျှ အကုန်ပြောပြလို့ ရပါမည်နည်း။

ကံကောင်းစွာပင် သူသည် အချိန်မှီ တည်ငြိမ်သွားပြီး အချိန်အကြာကြီး ပြင်ဆင်လာသော စကားများကို ဇွတ်အတင်းညှစ်ထုတ်လိုက်ပြီး ကျန်းလော့ပြောခဲ့သလို ပြောပြလိုက်သည်။

"သခင် သခင်ကျန်းက အခု စိတ်အခြေအနေ မကောင်းပါဘူး ကျွန်တော် သူ့ကို စကားနည်းနည်းပြောပြီး အကြံပေးပေမဲ့ သူက လှုပ်တောင် မလှုပ်လာပါဘူး..."

ကောဝူချန်သည် ကျန်းလော့နှင့် ချီယုံတို့နှစ်ယောက်၏ စကားများမှုကို ထူးဆန်းသည်ဟု မထင်ပါချေ။ ထို့ကြောင့် နှစ်ယောက်သား ကြားထဲမှ လေထုကို ဖြေလျော့ပေးရမလား ဒီစကားများနေတာကို ဒီအခြေအနေအတိုင်း ဆက်ထိန်းရမလားဆိုတာကို ဂရုတစိုက် ရွေးချယ်နေသည်။

ကောဝူချန်သည် ဤအခြေအနေကို ကောင်းသည်ဟု မြင်ပြီး ချီယုံသည် ကျန်းလော့နှင့် စစ်အေးတိုက်ပွဲဖြစ်နေစဉ်တွင် ကျန်းလော့ကို သူမည်မျှ တန်ဖိုးထား ဂရုစိုက်ကြောင်း ရှင်းရှင်းလင်းလင်း သိလာစေမည့် အခွင့်အရေးဖြစ်ပြီး ထိုဆိုရိုးစကားအတိုင်း မင်းတို့မပြတ်ရင် ပြတ်နိုင်မှာ မဟုတ်တော့ဘူး ဆိုတာမျိုး တစ်ခါလောက် ရန်ဖြစ်ခိုင်းကြည့်ထားလိုက်တာလည်း ကောင်းသည်ဟု တွေးမိသည်။

"သခင်ကျန်းက ပြောပါတယ်...."

ချီယုံ၏ ဒေါသကို ဖြေဖျောက်ပေးဖို့ထက် လောင်စာထပ်ထည့်ဖို့ ရွေးချယ်ခဲ့သည်။

................

တဝူတောင်သို့ မထွက်ခွာခင် ညတွင် ထန်ပိရောက်လာပြီး ကျန်းလော့ကို ခရီးဆောင်အိတ်တစ်လုံးပေး၍ သွားဖို့လာဖို့ ပြင်ဆင်ရန် ပြောခဲ့သည်။

ကျန်းလော့သည် ချီယုံ့ထံမှ အလွန်ကောင်းမွန်စွာ ဆက်ဆံခံရပြီး လိုတရဖြစ်နေအောင် သူလိုချင်တာ မှန်သမျှသည် နောက်တစ်ရက်ဆိုလျှင် ချက်ချင်း ရလာတတ်သည်။ သူဝတ်သမျှအားလုံး အထူးသဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်သမျှသည် သေချာတွေးတောထားသော အလွန်ကောင်းမွန်သည့် ပစ္စည်းများသာ ဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now