အခန်း ၁၂၂

1K 174 4
                                    

အပိုင်း (၁၂၂) ဆူးချွန်ပန်းခြုံပေါ်မှ နားဆွဲတစ်စုံ

သခင့်၏ မကြာခနထင်သလို စိတ်ပြောင်းနေမှုကြောင့် ကောဝူချန်သည် ရွေးချယ်စရာ မရှိတော့ဘဲ သခင့် အမိန့်ကိုသာ နာနာခံခံ လိုက်နာလိုက်ရတော့သည်။ သို့သော် သခင်ဖြစ်သူ မှန်လောကထဲသို့ ဝင်သွားသည်နှင့် ကန့်လန့်ကာနောက်ကွယ်မှ လူသည် အရိပ်ထဲတွင်သာ ပုန်းနေဦးမည်ဖြစ်သည်။ ကောဝူချန်သည် တခြားသော မထင်မှတ်ထားသည့် အနှောက်အယှက်များကို ရှောင်ရန် ဟွာပိပေးခဲ့သော အရိုးပုလွေကို သုံးရန် ဆုံးဖြတ်လိုက်သည်။

လူအရိုးကဲ့သို့ ဖြူဖွေးပြောင်လတ်နေသော လက်ဖဝါးအရွယ်သာရှိသော အရိုးပုလွေကို အနီရောင် ကြိုးဖြင့် ချည်၍ အလှဆင်ထားသည်။ ကောဝူချန်သည် ပြတင်းပေါက်ရှေ့တည့်တည့်တွင် ရပ်၍ သုံးကြိမ်တိတိ မရပ်မနား ပုလွေမှုတ်သည်။

ထိုပုလွေကို ဟွာပိ၏လက်ချောင်းအရိုးမှလုပ်ထားပြီး ပုလွေသံကို ဟွာပိမှလွဲ၍ မည်သူမျှ မကြားနိုင်ပေ။ အချိန်အနည်းငယ်ကြာပြီးနောက် အနီရောင်ဝတ်ဆင်ထားသော လူတစ်ယောက်သည် လေပြင်းတစ်ချက်နှင့်အတူ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲရောက်လာပြီး ဟွာပိသည် ခြေဗလာဖြင့် မတ်တပ်ရပ်နေကာ အေးစက်သော အသံဖြင့် မေးလိုက်သည်။

"မင်းငါ့ကို ဒီလိုတစ်ဝက်တစ်ပြတ်ခေါ်ရအောင် ဘာများဖြစ်နေလို့လဲ"

ကောဝူချန်က ပြောသည်။

"မင်းငါနဲ့အတူတူ သခင့်ကို စောင့်ကြည့်ပေးရမယ်"

ဟွာပိမျက်မှောင်ကြုံ့သွားသည်။

ကောဝူချန်သည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူသားများကို ကြည့်၍ ဟွာပိကို အိပ်ခန်းဆီသို့ ခေါ်သွားသည်။

"သခင့်ကို စောင့်ကြည့်ရင်း သခင် ချင်ခြင်းတက်နေတဲ့ လူသားကိုလည်း တစ်ခါထဲ စောင့်ကြည့်ပေးစမ်းပါကွာ"

ဟွာပိသည် ရုတ်တရက် ကျန်းလော့၏စက်ဆုပ်ဖွယ်မျက်နှာထားကို သတိရသွားပြီး သူ့အမူအယာသည် ယင်ကောင်တစ်ကောင် မျိုချလိုက်သလို ရှုံ့မဲ့သွားသည်။

ကောဝူချန်သည် သူ့ကို ကြည့်နေရင်း

"သခင်အတွက် ပထမဆုံးအကြိမ် မှန်လောကထဲကို ဝင်ပြီးပြန်ထွက်လာမှာမို့လို့ ငါမလိုက်သွားတာ ဒါပေမဲ့ နောက်တစ်ကြိမ် သခင်ပြန်ဝင်ရင် ငါလည်း သခင်နဲ့တူတူလိုက်သွားမှာ အဲ့အချိန်ကျရင် မင်းကပဲ ငါတို့ကို စောင့်ကြည့်ပေးရမှာ "

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now