အခန်း (၁၇၂)

1K 163 4
                                    

အပိုင်း (၁၇၂) အဖွဲ့အစည်းအသစ်

မကောင်းဆိုးဝါးသည် အံ့ဩစွာ မျက်လုံးပွင့်သွားပြီး ကျန်းလော့နားသို့ တိုးသွားလေသည်။ ဆံပင်အနက်နှင့်လူငယ်လေးသည် မျက်လွှာပင့်ကြည့်လိုက်ပြီး မကောင်းဆိုးဝါး၏ မျက်နှာဆီသို့ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်လေသည်။ မီးခိုးငွေ့များအောက်များ နောက်ဘက်တွင် ကြက်သွေးရောင် နှုတ်ခမ်းပါးတစ်စုံသည် လှပဝံ့ကြွားသော နှင်းဆီတစ်ပွင့်လို ဆွဲယူနမ်းရှိုက်လိုက်ချင်စဖွယ် ဖြစ်သည်။

ချီယုံ့တုတ်ကောက်သည် ကျန်းလော့ခြေဖမိုးပေါ်သို့ တင်လိုက်ပြီး နီကိုတင်းနံ့တို့သည် လူနှစ်ယောက်ကြားတွင် ပျံ့နှံ့နေသည်။ သို့သော် နီကိုတင်းနံ့စူးစူးကြားမှ ကျန်းလော့၏ ကိုယ်ပိုင်ရနံ့လေးတစ်ခုကိုလည်း ခပ်ဖျော့ဖျော့ ရနေသေးပြီး

"ထူးထူးဆန်းဆန်း ကိုယ့်ကို စောင့်လို့ပါလား"

ကျန်းလော့ကပြောသည်။

"မင်း မျက်လုံးထဲမှာ ပြဿနာတွေ ရှိမနေရင် မင်းကို မေးဖို့ ဘာမှစောင့်နေစရာ အကြောင်းမရှိဘူး"

ဗီလိန်၏ ကုတ်အင်္ကျီသည် ကော့ပြန့်နေပြီး ဖိနပ်တို့သည်လည်း သပ်ရပ်သန့်ရှင်းနေကာ သမ္မတနိုင်ငံခေတ်မှ လူချမ်းသာ ရှေးရိုးစွဲ အဘိုးကြီးတစ်ယောက်လိုပင်။ သို့သော် ဤလူကြီးလူကောင်းတွင် သွေးနံ့များ လှိုင်လှိုင်ထွက်နေပြီး ကျန်းလော့သည် ထိုသွေးနံ့မှာ ချီယွမ်၏ သွေးနံ့ဖြစ်ကြောင်း သိနေသည်။

သူ့မျက်လုံးများသည် နူးညံ့သွားပြီး ချီယုံ့တစ်ကိုယ်လုံးကို သေချာ စေ့စေ့ပေါက်ပေါက် လိုက်ကြည့်သည်။ သက္ကလပ် ဦးထုပ်မှာ ဖဲပြားလည်စည်း၊ ဖဲပြားလည်စည်းမှ အသစ်စက်စက် အဖြူရောင်ပိုးလက်အိတ်တို့ထိ သေချာ လိုက်ကြည့်သည်။ သူ့မျက်လုံးများသည် ခိုးဝှက်ထားသည်ကို ဖော်ထုတ်တော့မည့် အမှုစစ်တစ်ယောက်၏ မျက်လုံးမျိုး ဖြစ်ကာ အလွန်စိတ်ဝင်စားစရာကောင်းသော အရုပ်အသစ်ကို ဝမ်းသာအားရ လေ့လာနေသော ကလေးတစ်ယောက်နှင့် တူနေသေးသည်။

ချီယုံသည် မျက်နှာတစ်ချက် မပျက်ဘဲ လက်ဖဝါးဖြင့် တုတ်ကောက်ကို ပွတ်နေပြီး

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now