အခန်း ၁၁၄

1K 155 1
                                    

အပိုင်း (၁၁၄) မှန်ဝင်္ကပါလော

သတိလစ်နေတုန်းမှာပင် တစ်စုံတစ်ယောက်သည် ကျန်းလော်နားထဲသို့ တီးတိုးလာပြောနေသည်။

"ကောင်းတာနဲ့ ဆိုးတာကြားထဲက စည်းကို သိသလား"

'ဘာ ဘာကြီး...'

မယုံကြည်နိုင်စွာ သတိကပ်ထားမှုတွင် ထိုအသံသည် ခေတ္တရပ်တန့်သွားပြီး ပို၍ ပျော့ပျောင်းစွာ ပြောလာသည်။

"အပြစ်ကို သတ်ချင်လား"

'သတ်ရမယ် အပြစ်ကို ဘာလဲဟ'

ကျန်းလော်၏ တွေးခေါ်နိုင်မှုများသည် သူ့နဖူးကို ခပ်ဖွဖွပွတ်သပ်ပေးနေသည့် ရေခဲကဲ့သို့ အေးစက်ပြီး နှင်းကဲ့သို့ နူးညံ့နေသော အထိအတွေ့ကြောင့် တဖြည်းဖြည်းလျော့ကျလာသည်။

"မကောင်းဆိုးဝါးတစ်ကောင်က လူသားဆန်မှုကို ထိန်းသိမ်းထားနိုင်သေးရင်တောင်မှပဲ ဆိုးယုတ်မှုနဲ့မွေးဖွားလာတဲ့သူက သန်းချီနေတဲ့ မကောင်းမှုတွေနဲ့ လက်မှာသွေးစွန်းနေဦးမှာပဲ"

"သူသေသွားမှသာ အရာအားလုံး ငြိမ်းချမ်းသွားလိမ့်မယ်"

ထိုအသံသည် သူနှင့် အဝေးကြီးမှ လာနေသလို မသဲမကွဲဖြစ်နေပြီး

"မင်းသာ မကောင်းဆိုးဝါးကို သတ်လိုက်ရင် မင်းလည်း မကြာခင် ထွက်ခွင့်ရလိမ့်မယ်"

သူတို့တကယ်ပဲ မှန်ဝင်္ကပါလောကထဲ ရောက်လာတာလား။

ကျန်းလော်၏ အနံ့ခံအာရုံအလုပ်မလုပ်တော့ပေ။

'စကားပြောနေတာ ဘယ်သူလဲ'

'မကောင်းဆိုးဝါးဆိုတာ...............ချီယုံ့ကို ပြောတာလား'

"ထတော့"

ကျန်းလော်မျက်လုံးများပေါ်သို့ လက်တစ်ဖက်က လာရောက်ပွတ်သပ်သည်။

"ပြီးရင် အပြစ်တစ်ခုရဲ့ မွေးဖွားခြင်းအစက ဘာနဲ့တူသလဲ ကိုယ်တိုင်သွားကြည့်ချေ"

ကျန်းလော်သည် ဆူညံသံများကြောင့် နိုးလာသည်။

သူသည် ခက်ခဲစွာ မျက်လုံးဖွင့်လိုက်သည်။ သူ့ခေါင်းသည် အလွန်လေးလံနေသလို ခံစားရသည်။ ထို့ကြောင့် ကျန်းလော်အတွက် ပြည့်ပြည့်ဝဝမျက်လုံး ပွင့်နိုင်အောင် တစ်မိနစ် နှစ်မိနစ်လောက် အချိန်ယူလိုက်ရသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now