အခန်း ၁၁၆

997 151 1
                                    

အပိုင်း (၁၁၆) အကြီးအကဲများနှင့် ထမင်းစားခြင်း

"မိုက်တယ်ဟ...."

တစ်စုံတစ်ယောက်မှ လေကို ခိုင်းစေနေသည်ကို ကိုယ့်မျက်လုံးဖြင့် မြင်ရသည်မှာ တစ်ပါးသူထံမှ ကြားရခြင်းထက် ပို၍ အံ့ဩဖို့ကောင်းသည်။ တုကောတို့ လေးယောက်သည် ကျန်းလော်ကို ကြည့်ပြီး သတိမေ့သွားတော့မလိုဖြစ်နေပြီး သူတို့လက်များသည် လက်ဝါးအချင်းချင်း ပွတ်သပ်မှုကြောင့် နီရဲနေသည်။ သူတို့မြင်ခဲ့သောအချင်းအရာကို မယုံနိုင်ကြသေးဘဲ ကျန်းလော်ကို ဝမ်းသာစွာကြည့်နေသည်။

'ဒီတော့ ငါတို့ အားကိုးစရာ ဆရာသခင်တွေရှိတယ်ပေါ့'

ဒီနှင်းမုန်တိုင်းနဲ့ အန္တာရာယ်ရှိတဲ့ မှန်လောကထဲမှာ ဒီလိုစွမ်းအားကြီးတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဘက်တော်သားဖြစ်နေတာကို သိလိုက်ရချိန်တွင် အားလုံးသည် ရုတ်တရက် အေးချမ်းသွားသလို ခံစားလိုက်ရသည်။ လျန်ချင်းသည် ဝမ်းသာအားရ ကျန်းလော်နားသို့ ကပ်သွားပြီးပြုံးလိုက်ကာ

"စီနီယာအစ်ကိုကြီး ကတော့ အစ်ကိုကြီးပါပဲ ဒီလိုခက်ခဲတဲ့ ရှစ်မျိုးအက္ခရာအစီအရင်ကိုတောင် လွယ်လွယ်လေး သုံးနိုင်တယ် အစ်ကိုကြီးကတော့ ပြိုင်ပွဲမှာ ပထမနေရာနဲ့ အထိုက်တန်ဆုံးဖြစ်ပြီး ကျွန်တော်တို့ လူငယ်မျိုးဆက်ရဲ့ စံပြဖြစ်ထိုက်ပါတယ်ဗျာ"

"ကျွန်တော်ထင်ခဲ့တာက အစ်ကိုကြီးက တစ်သန်းမှာတစ်ယောက် ရှားပါးတဲ့ ဖူလုပါရမီရှင်လို့ပဲ ထင်ထားခဲ့တာ အခုတော့ အစ်ကိုကြီးက အားလုံးကို တော်နေတော့တာပါပဲလား"

လျန်ပင်းသည်လည်း ရှေ့တိုးလာပြိး ကျန်းလော်လက်ကို ဆွဲကာပြောလာသောကြောင့် ကျန်းလော်သည် ကြက်သီးများထလာသည်။

"အစ်ကိုကြီး ကျွန်တော်အခုက စပြီး အစ်ကိုကြီးနဲ့ သွေးသောက်ညီအစ်ကို ဖွဲ့ပါတော့မယ်ဗျာ အစ်ကိုကြီး ဘာပဲလိုချင်လိုချင် ချက်ချင်းလုပ်ပေးမယ်လို့ နော် အစ်ကိုကြီး အဲ့တာကြောင့်လေ ညီလေးကို သက်ကယ်အဆောင်လေးများ ဆွဲပေးလို့ရမလားဗျာ"

အဆောင်လိုချင်သော ရည်ရွယ်ချက်မှာ ဗူးပေါ်သလို ပေါ်လာပြီး ဖူလုသခင်တစ်ယောက်၏ သက်ကယ်အဆောင်သည် တန်ဖိုးမဖြတ်နိုင်သော အဆောင်တစ်ခုဖြစ်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now