အခန်း ၁၂၅

1K 167 0
                                    

အပိုင်း (၁၂၅) သခင်လေး

ချီယုံ၏ငြင်းဆိုမှုကို အကြီးအကဲသုံးယောက်က လုံးဝမကျေနပ်ပေ။

"ဟ ဒါက မင်းတို့ ပင်မသွေးစက်တွေ လုပ်ကို လုပ်ရမဲ့အရာပဲ ငါတို့မိသားစု ယင်စွမ်းအင်တွေနဲ့ ရင်ဆိုင်ရရင် နှိမ်နှင်းပေးရမှာ မင်းတို့ရဲ့ သမိုင်းပေးတာဝန်ကွ"

"မင်းက အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ တစ္ဆေဆေးမှင်ကြောင်တန်ပြန်ခံရမှာလောက်ကို ကြောက်ပြမနေနဲ့ အဲ့တာမင်းကို သေအောင်မလုပ်နိုင်သေးဘူး မြန်မြန် မျိုချလိုက်စမ်းပါ"

"မင်း အဲ့တာ ဘာအကြည့်တုန်း"

အကြီးအကဲအချို့သည် ကြောက်မက်ဖွယ်ကောင်းစွာ ပြောသည်။

ချီယုံသည် မျက်လွှာချလိုက်ပြီး အနီရောင်သရဲမရှေ့သို့ တဖြည်းဖြည်းချင်း ကပ်သွားသည်။ ချီယုံ သရဲမအပေါ် လက်တစ်ဖက် တင်လိုက်သည်ကို ကျန်းလော့မြင်လိုက်ရသည်။ တစ္ဆေသွေးကြောများသည် လည်ပင်းမှ လက်မောင်း လက်မောင်းမှ လက်ချောင်းထိပ်ထိ မြင်နိုင်သော အမြန်နှုန်းဖြင့် တောက်လျှောက် ပြန့်ကားလာသည်။

တစ္ဆေသွေးကြောများ သရဲအနားသို့ ရောက်ခါနီးလေ သရဲမ၏ အော်သံပို ကျယ်လာလေ ဖြစ်သည်။ အမည်းရောင် တစ္ဆေသွေးကြောများသည် အသိစိတ်ရှိနေသလို ချီယုံ့ကိုယ်ပေါ်မှ အမည်းရောင်ကတ္တရာစေးများကဲ့သို့ ပေါ်ထွက်လာပြီး အနီရောင်သရဲမကို ခေါင်းမှစ၍ ဝါးမျိုတော့သည်။

(marvel superhero venom ကိုမြင်ယောင်ကြည့်ကြပါ)

သရဲမသည် ကြောက်လန့်စွာ ဆွဲဆွဲငင်ငင် အော်ဟစ်နေပြီး သူမအော်သံကြောင့် ကျန်းလော့သည် သူ့နားစည်များ ကွဲထွက်သွားပြီလို့တောင် ထင်မှတ်မိသည်။

သူမတစ်ကိုယ်လုံးသည် ဒေါသတကြီးရုန်းကန်နေပြီး တစ္ဆေဆေးမှင်ကြောင်သည် သူမကို လေပေါ်သို့ မြှောက်၍ သူမခန္ဓာကိုယ်အပေါ်ပိုင်းမှ သူ့မဝမ်းဗိုက်နားထိ နည်းနည်းချင်းဝါးမျိုးလာသည်။

ချီမိသားစု အကြီးအကဲများသည် ထိုမြင်ကွင်းကို ကြည့်၍ သက်သာသွားသလို ကျေနပ်စွာ ခေါင်းညိတ်ပြောသည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now