အခန်း ၁၄၂

1.2K 245 9
                                    

အပိုင်း (၁၄၂) သူ့ကို စွန့်ပစ်လိုက်မယ်

ကျန်းလော့သည် ယဉ်ကျေးစွာပြုံးနေသော်လည်း သူ့အပြုံးတွင် 'ဒီလူက သူ့ကို ဘာကြောင့် လိုက်နှောက်ယှက်နေတာလဲ' ဆိုသည့် အဓိပ္ပာယ်သည် ပြည့်ပြည့်ဝဝပေါ်ထင်နေသည်။

"................."

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ကပြောသည်။

"ဒီမှာကြည့် ကျုပ်မင်းကို ဒီနားဆွဲတွေရဲ့ အစွမ်းသတ္တိကို ပြောပြမယ်၊ ဒီနားဆွဲတွေကို ''ဝိဉာဉ်ဆွဲပြား'လို့လဲ ခေါ်တယ် တကယ်လို့ မင်းက ဒီ'ဝိဉာဉ်ဆွဲပြား'ကို မဝတ်ထားဘဲ ဒီတိုင်းဆောင်ထားမယ်ဆိုရင်တောင် နားဆွဲက မင်းစိတ်ကို တည်ငြိမ်နေစေလိမ့်မယ် မင်းကို စိတ်ထဲရှင်းနေစေပြီး မင်းရဲ့ ကိုယ်ပိုင်အသိစိတ်ကို ဆက်ပြီးထိန်းသိမ်းထားပေးလိမ့်မယ် ကုန်ကုန်ပြောရရင် ဒီအချက်က ဝိဉာဉ်ဆွဲပြားရဲ့ မထင်မရှားလုပ်နိုင်တာလေးပဲရှိသေးတာ ဒီပစ္စည်းက သူ့ကိုဝတ်ဆင်တဲ့ ပိုင်ရှင်ကို တခြားသူတွေရဲ့ ဝိဉာဉ်နယ်မြေထဲကို ဝင်ရောက်နိုင်မဲ့ စွမ်းအားလည်းပေးနိုင်တယ် ဒါပေမဲ့ အဲ့ဒီအစွမ်းကို တစ်ရက်တစ်ကြိမ်ပဲ သုံးလို့ရမယ်"

"နာမည်ကိုက ဝိဉာဉ်စုပ်ဆွဲပြားဆိုတဲ့ အတိုင်း မင်းရဲ့ ဝိဉာဉ်ကို သူများ မညှို့ယူနိုင် ဆွဲထုတ်မသွားနိုင်အောင် ကာကွယ်ပေးမယ် မင်းကတော့ သူများရဲ့ ဝိဉာဉ်ကို ယူပစ်လိုက်လို့ရမယ်.............."

အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် နားဆွဲများအကြောင်း အလွန်အကျွံအမွှန်းတင်နေပြီး ကျန်းလော့သည် သူပြီးသည်အထိစောင့်၍ ဂရုမစိုက်စွာ ပြောလိုက်သည်။

"ခင်များက ဘာလို့ ကျွန်တော့်ကို ဒီဆွဲပြားတွေပေးရတာလဲ"

သူတို့စကားဝိုင်းလေးသည် အစကိုပြန်ရောက်သွားသောအခါ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် မြေကြီးပေါ်သို့ ပစ်လှဲချလိုက်ချင်သွားသည်။

"မင်း မင်း ဒီလောက်ကောင်းတဲ့ ပစ္စည်းကိုတောင် အထင်မကြီးသွားဘူးလား"

ကျန်းလော့သည် နားဆွဲကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ခေါင်းယမ်းလိုက်သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now