အခန်း ၁၅၅

1.3K 209 2
                                    

အပိုင်း (၁၅၅) ချီယုံအုပ်စိုးမည့် အနာဂတ်

ဖုန်းလီသည် ဘုန်းကြီး၏နောက်မှ ဂူတစ်ဂူထဲသို့ လိုက်သွားခဲ့သည်။ ရေကျသံတစ်စက်စက်ကြားနေရပြီး ထိုအသံကို နားထောင်ကြည့်ရာ ဤဂူထဲတွင် မြေအောက်မြစ်တစ်စင်း စီးဆင်းနေပုံရသည်။ ဖုန်းလီ၏မျက်နှာသည် ပေါ့ပါးနေပြီး မည်သူမှန်းမသိသော ရန်သူရှိရာသို့ လိုက်လာရသော်လည်း စိုးရိမ်ပူပန်မှု မရှိပေ။

ထျန်းရှိဖူ၏ အငယ်ဆုံး ကောင်းကင်သခင်တစ်ပါးအနေဖြင့် သူသည် လူအများ၏ လေးစားကြောက်ရွံ့ခြင်းကို ခံရသူတစ်ဦးဖြစ်ပြီး ကျားဂူထဲမှ အန္တာရာယ်ကင်းကင်း ပြန်ထွက်လာနိုင်မည်ဟု ယုံကြည်သည်။ ခနလောက် လမ်းလျှောက်ဝင်သွားကြပြီးနောက် ကောဝူချန်သည် ရုတ်တရက် ခြေလှမ်းရပ်လိုက်ကာ ဖုန်းလီဘက်သို့လှည့်၍ လေးစားစွာပြောလိုက်သည်။

"ကောင်းကင်သခင် ကျွန်တော်တို့သခင်က ရှေ့နားလေးမှာတင်ပါပဲ ကျေးဇူးပြုပြီး ဝင်သွားပေးပါ"

ဖုန်းလီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာ လျှောက်သွားသည်။ မကြာမီတွင် ဖုန်းလီသည် မြေအောက်မြစ်ဘေးတွင်ရပ်နေသော ရင်းနှီးနေသည့်အနက်ရောင်ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်သည်။

ကောင်းကင်သခင်၏ တည်ကြည်သော မျက်လုံးတို့သည် မှေးစင်းသွားကာ အဓိပ္ပာယ်ပါပါပြောလိုက်သည်။

"ချီယုံ..."

မကောင်းဆိုးဝါးသည် ခေါင်းစောင်းကြည့်လိုက်ပြီး ဖြူဖျော့နေသော်လည်း ခန့်ညားဆဲမျက်နှာတွင် ဇွတ်အတင်းလုပ်ယူထားရသော အပြုံးပြုံးပြကာ မြစ်ရေများအလင်းပြန်ရာမှဖြစ်လာသော ဆန်းကြယ်သည့် အလင်းစက်တို့သည် သူ့မျက်နှာကို ရိုက်ခတ်နေသည်။ သူသည် တမင်တကာကို နှေးကွေးစွာ ပြောသည်။

"ကောင်းကင်သခင်ဖုန်း မတွေ့ရတာ ကြာပြီနော်"

ဖုန်းလီသည် သူ့ကျောက်စိမ်းလက်စွပ်ကို လှည့်နေပြီး သူ၏ကြောက်မတ်ဖွယ်ကောင်းသော သတ်ဖြတ်ချင်သည့် အရှိန်အဝါသည် ရုတ်တရက် ဖိနှိပ်ထားရမှာ ထိုးထွက်လာတော့သည်။

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now