အခန်း ၁၂၆

1.2K 207 5
                                    

အပိုင်း (၁၂၆) တရားစီရင်ရေးကွင်းပြင်

ချီယုံသည် တချို့သော အကြောင်းပြချက်များကြောင့် သူ့ရှေ့မှ ယူနီဖောင်းဝတ်ထားသည် သခင်လေးကိုမြင်သည်နှင့် ထိုသူ့ဆီမှ အလွန်အမင်း ရန်လိုမှုနှင့် စက်ဆုပ်မှုကို ခံစားမိနေသည်။

ယူနီဖောင်းဝတ်ထားသော သခင်လေးသည် လက်မြောက်၍ ဦးထုပ်ကို တည့်လိုက်ရာ ထိုသူ၏ ဓားသွားသဏ္ဍာန်တည်ကြည်သော မျက်ခုံးအစုံပေါ်လာသည်။

သူသည် ချီယုံနှင့် အကြည့်ချင်းဆုံသွားသော်လည်း ချီယုံ့ကို ခနသာကြည့်၍ ကျန်းလော့ဘက်သို့ မျက်နှာလွှဲသွားသည်။ ဆန့်ကျင်ဘက်တွင် ထိုသခင်လေးနောက်မှ တပ်အရာရှိသည် ယခုမှ မြို့ထဲသို့အသစ်ရောက်လာသကဲ့သို့ ချီယုံ့ကို မမြင်ဖူးသလို စိုက်ကြည့်နေသည်။

"ချီမိသားစုဝင်တွေ ရောက်လာပြီဆိုတော့ ခင်များတို့ မိသားစုက သေသွားတဲ့သူအကြောင်း ပြောပြပါဦး"

ယူနီဖောင်းဝတ်ထားသော သခင်လေးသည် သတင်းစာကို လိပ်၍ ချီမိသားစုအိမ်တော်ထဲသို့ ဝင်သွားသည်။ သူ့ခြေလှမ်းတိုင်းတွင် အပေါ်မှ ခြုံထည်သည် ယိမ်းနွဲ့လှုပ်ရှားနေသည်။ ထိုသခင်လေးသည် ရုတ်တရက် ခြေလှမ်းရပ်သွားပြီး နောက်လှည့်ကာ ကျန်းလော့၏မေးစေ့ကို သတင်းစာဖြင့် ပင့်လိုက်ပြီး မထီတရီအပြုံးဖြင့် မေးလိုက်သည်။

"မင်းက ချီမိသားစုကဆိုတာ သေချာလို့လား မင်းပုံစံက ချီမိသားစုဝင်တွေနဲ့လဲ မတူဘူးပဲ"

ကျန်းလော့သည် ထိုသူ၏ မကြည့်ကြည့်အောင် ဖိအားပေးမှုကြောင့် မော့ကြည့်လိုက်ရာ ထိုယူနီဖောင်းနှင့်လူ၏ အရှိန်အဝါသည် သူ့အတွက် အလွန်ရင်းနှီးနေလေသည်။

ဖုန်းကွယ်ထားသော်လည်း နှာဘူးကျသော အကြည့်များသည် အလွန်ရင်းနှီးနေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းလော့သည် ထိန်းမနိုင်စွာ မျက်ခုံးပင့်မိသွားပြီး မရယ်မိအောင် မနည်းထိန်းနေရသည်။

'ချီယုံက ဒီထဲကို သူ့သဘောနဲ့သူဝင်လာတာလား တကယ်ကြီး'

'ဟဟ သူပါဝင်လာတာဆိုတော့ ချီယုံနှစ်ယောက်ဖြစ်သွားပြီ သူတို့အတူတူရှိနေတဲ့ မြင်ကွင်းကတော့ တကယ့်အထွပ်အထိပ်ရောက်ပြီပဲ'

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now