အခန်း ၁၃၇

1.3K 234 10
                                    

အပိုင်း (၁၃၇) မကောင်းဆိုးဝါးနှင့် နည်းလမ်းကောင်း

ဝမ်ယမ်လန်နှင့် အတန်းဖော်များသည် လျန်အိမ်တော်သို့ ရောက်နေသည်မှာ နှစ်ရက်ရှိသွားပြီဖြစ်သည်။ သုံးရက်ဆိုသော အချိန်နီးလာလေ သူတို့သည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ စိတ်သောကရောက်ကာ မီးတောက်နေပြီဖြစ်သည်။

မနက်စောစောတွင် လုယုံရိသည် ကျိုးကျုံးချိုးနှင့် ဝမ်ယမ်လန်တို့ လျန်မိသားစု၏ ဆရာသခင်များအိမ်မှာ ညီအစ်ကိုတပည့်များနှင့် သွားတွေ့ပြီး ပြန်လာမည့် အချိန်ကို စောင့်နေသည်။ သူတို့ပြန်လာသောအခါ သူကအရင် ဦးအောင်မေးခဲ့သည်။

"ကျန်းလော့တောင်အောက်ဆင်းလာတာကို စောင့်ဖို့ပဲ ပြောလိုက်တာမလား"

ကျိုးကျုံးချိုးသည် အမူအယာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

"ငါသူတို့ကို ခနခနသွားမေးတယ် ဒါပေမဲ့ အိမ်တော်မှာ လျန်အိမ်က ဂျူနီယာတပည့်တွေပဲ ရှိတာ အကြီးတွေအားလုံး လုံးဝမရှိသလို ပျောက်နေတယ် သူတို့ပြောတာတော့ နောက်နှစ်ရက်အတွင်း ကျန်းလော့ဆင်းလာမှာမို့လို့ အေးအေးဆေးဆေးစောင့်တဲ့ ဒါပေမဲ့ အခုတောင် နှစ်ရက်ကုန်သွားပြီ ကျန်းလော့ ဆင်းမလာသေးဘူး ဝမ်ယမ်နဲ့ငါ သူတို့ကို ဝေ့ဟယ်နေတဲ့ နေရာမေးတော့လဲ သူတို့ပြောတာ မရှင်းဘူး တောင်ပေါ်ကို လမ်းလျှောက်တက်သွားရင် အဲ့ဒီကို ရောက်မယ်တဲ့ ဒီက ဘယ်သူမှ ငါတို့ကို လိုက်ပို့ပေးချင်တဲ့ပုံမရဘူး "

လုယုံရိသည် စိတ်တိုလာကာ လမ်းထလျှောက်နေသည်။

"ဒါဆိုငါတို့ ဘယ်လိုလုပ်ကြမလဲ ငါတို့ဒီတိုင်းပဲ တက်သွားကြရအောင်ဟာ ငါဒီမှာဆက်စောင့်နေရရင် ရူးသွားတော့မယ်"

"ဟုတ်တယ် ဒီနည်းလမ်းပဲရှိတော့တယ်"

ဝမ်ယမ်လန်သည် နားဆွဲများထည့်ထားသော အိတ်ကပ်ရှိသော ရင်ဘက်ကို ပွတ်သပ်၍ လေးနက်စွာ ပြောလိုက်သည်။

"တောင်ပေါ်မှာ လူနေတဲ့ နေရာတွေ အများကြီးရှိတာ ဒါပေမဲ့ ငါတို့တစ်နေရာချင်းရှာရင် တာအိုဆရာတော်ဝေ့ဟယ် နေတဲ့ နေရာကို ရောက်သွားမှာပါ ကျန်းလော့ ဆင်းလာမှာကို စောင့်နေလို့ မဖြစ်တော့ဘူး ငါတို့ တောင်ပေါ်တက်သွားကြရအောင်"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Where stories live. Discover now