အခန်း ၂၀၅

377 78 1
                                    

အပိုင်း (၂၀၅) အချင်းချင်း ကစားကြခြင်း

ကျန်းလော့နှင့် လုယုံရိတို့သည် အလကား ရောက်တတ်ရာရာ ပြောနေကြပြီး သန်းခေါင်ကျော်မှသာ အိပ်ရာဝင်ခဲ့ကြပြီး နေဖင်ထိုးသည်အထိ မျက်လုံးမဖွင့်နိုင်ကြပေ။

လူနှစ်ယောက်သည် နောက်ကျမှ နိုးလာပြီး မြန်မြန်သွက်သွက် ဆေးကြော၍ ဧည့်ခန်းထဲသို့ လျှောက်လာကြရာ အားလုံးသည် နိုးနေကြပြီဖြစ်သည်။

စိုင်လောင်အာသည် ကြောင်တောင်တောင် ဖြစ်နေသော ပုံစံဖြင့် ဆိုဖာပေါ်တွင် ထိုင်နေကာ သူ့မျက်လုံးများသည် သောကမီးတောက်ပြီး ရူးသွပ်သွားသလို ကြောင်စီစီဖြစ်နေသည်။

ယယ်ရွှင်နှင့် ကျိုးကျုံးချိုးတို့သည် စုတ်သပ်လိုက် သက်ပြင်းချလိုက်နှင့် စိုင်လောင်အာကို ထိုင်ကြည့်နေကြကာ သူတို့လက်ထဲတွင် ဖုန်းကိုယ်စီဖြင့် စိုင်လောင်အာကို ရှုထောင့်ပေါင်းစုံမှ ဓာတ်ပုံရိုက်နေကြသည်။

ကျန်းလော့သည် စားပွဲပေါ်မှ ပေါင်မုန့်တစ်ချပ်ကို ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်ကာ စိတ်ဝင်တစားဖြင့် စိုင်လောင်အာဆီသို့ လျှောက်လာပြီး ကိုယ်ကိုကိုင်း၍ စိုင်လောင်အာရှေ့တွင် လက်ဝှေ့ယမ်းလိုက်သည်။ စိုင်လောင်အာသည် နည်းနည်းမှ တုံ့ပြန်မလာဘဲ သူ့မျက်လုံးသည် တုတ်တုတ်မှ လှုပ်ခတ်မသွားပေ။ ကျန်းလော့သည် အလွန်သိချင်လာပြီး

"စိုင်လောင်အာ ဘာဖြစ်သွားတာတုန်း"

ကျိုးကျုံးချိုးသည် ရယ်မော၍ ယယ်ရွှင်၏ နောက်ကျောကို ရိုက်ပြီး

"မနက်စောစော အိပ်ရာနိုးလာတော့ သူ့ကိုယ်သူ ပိုင်ဝူချန်ဆိုတာ သိသွားတာနဲ့ ဒီလို တောင့်တောင့်ကြီး ခဲသွားတော့တာပဲ ယယ်ရွှင်က အစက အရမ်းအိပ်မောကျသွားလို့ နိုးလာတော့ သူ့ကိုယ်သူ ပိုင်ဝူချန်ဆိုတာ ခနလောက်မေ့သွားတာ ထင်နေတာလေ အဲဒါနဲ့ သူက မနေ့က ဟေးဝူချန်ပြောသွားတာတွေ အားလုံးပြောပြလိုက်ပြီး သူသေပြီးရင်တောင် ငရဲမှာ နေရမယ်ဆိုတာကြီး သွားပြောတာဟေ့ "

ယယ်ရွှင်က အကူအညီမဲ့စွာ ပြောလိုက်သည်။

"ငါ အဲလိုကြီးဖြစ်သွားစေရအောင် မရည်ရွယ်ပါဘူးကွာ သူ့ကိုယ်သူ ပိုင်ဝူချန်ဆိုတာ မသိလောက်ဘူးလို့လဲ မထင်ဘူးလေ"

ဒီအပြစ်သားက ရှင်သန်လို...(၂) (DTS)Nơi câu chuyện tồn tại. Hãy khám phá bây giờ