ချစ်သက်ဝေ

By MAYNINE_04

32.3K 2.9K 270

"သက်ဝေ" ဆိုတာ အသက်တမျှ၊ အသက်နဲ့ထပ်တူ ချစ်မြတ်နိုးရတဲ့သူလို့ ဆိုလိုသတဲ့။ မေရီ့အတွက်တော့ "သက်ဝေ" ဆိုတဲ့ အမျိုးသ... More

A/N
ဤသို့အစပြု၍
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
A/N 0.2
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)

အပိုင်း (၁၃)

691 80 2
By MAYNINE_04

- လဲ့လဲ့ဝင်း -

၁၉၄၉ ခုနှစ် ဇန်နဝါရီလတွင် သက်ဝေ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သည့် ရုပ်ရှင်ဇာတ်ကားကို စတင် ရိုက်ကူးကြသည်။ ကျေးလက်အခြေတည်သည့် ဇာတ်ကားမို့ သက်ဝေတို့ ရိုက်ကူးရေးတစ်ဖွဲ့လုံး အညာသို့ဆင်းကြရသည်။ ထိုအထဲတွင် မေရီ လည်း ပါလာလေသည်။

ဆောင်းရာသီမပြယ်သေးသည်မို့ သက်ဝေတို့အားလုံး အနွေးထည်ကိုယ်စီ ခြုံပဝါကိုယ်စီဖြင့် ရှိကြလေသည်။ ခေါင်းဆောင်မင်းသား ထွန်းမြတ် ၊ သက်ဝေ ၊ ထွေးထွေး နှင့် မေရီတို့က ဂျစ်ကားဖြင့် လိုက်ပါရသည်။

" သက်ဝေ ရေယူဦးမလား "

" မယူတော့ပါဘူး ကိုထွန်းမြတ် ဝေ့မှာ ပါပါတယ် "

" တစ်ခုခုလိုရင် ပြောနော် အစ်ကို့မှာ အကုန်ပါလာတယ် "

" ဟုတ်ကဲ့ "

ခေါင်းဆောင်မင်းသားဖြစ်သည့် ထွန်းမြတ်သည် ‌မမဝေကို ပရောပရည် လုပ်ချင်နေသည်။ ဟိုဟာ လိုသလား ဒါလိုသလား နှင့် စကားတွေအတင်းလိုက်ရောနေသည်မှာ မြင်ပြင်းကတ်ချင်စရာပင်။ မေရီတော့ ထိုလူကို နည်းနည်းမျှ ကြည့်မရပါ။

" မမဝေ "

" ဟင် မေရီ "

" နောက်အားရင် မေရီနဲ့ သီပေါကိုအတူလိုက်ခဲ့ပါ့လား "

" အင်း အားရင်တော့ လိုက်တာပေါ့ကွယ် "

" ထွေးရော မလိုက်ရဘူးလား မေရီရဲ့ သူ့အစ်မကိုပဲ ခေါ်နေတာပဲ ထွေးကျမပါဘူး "

" အို မမထွေးလည်းပါတာပေါ့ လိုက်ခဲ့ပါ မေရီ့ဇာတိက သိပ်အေးချမ်းတာ မမထွေးတို့ လိုက်လည်ပြီးရင် မပြန်ချင်ဘဲတောင် ရှိလိမ့်မယ် "

" အဲတော့လည်း မပြန်ရုံပေါ့ မေရီ‌ရယ် ဟုတ်ဘူးလား "

ရန်ကုန်မှနေ၍ ၅ နာရီ‌နီးပါးလောက် ကားစီးပြီးသောအခါ သက်ဝေတို့ရုပ်ရှင်ရိုက်ကူးမည့် ရွာကလေးသို့ရောက်ရှိလာသည်။ ရွာက‌လေးမှာ အိမ်ခြေ ၂၀၀ လောက်ရှိသည့် ရွာဖြစ်၍ သိပ်တော့ မသေးငယ်လှပါ။ ရွာထဲမှလူများကတော့ သက်ဝေတို့ ရောက်လာမည်ကို ကြိုသိ၍လား ကားသံပဲကြား၍လားမသိ တစ်ပြုံတစ်မကြီး စောင့်လျှက်ရှိကြသည်။

နေ့ခင်း ၁ နာရီဝန်းကျင်ဖြစ်၍ မချမ်းတော့သောကြောင့် သက်ဝေ ဆွယ်တာလေးကိုချွတ်၍ ရင်ဖုံးလက်ရှည်ပေါ်တွင် ပဝါလေးသာထပ်လိုက်သည်။ ထို့နောက် နေကာမျက်မှန်ကိုချွတ်၍ အိတ်ထဲထည့်ကာ လက်ကိုင်အိတ်ကိုယူပြီး ကား‌ပေါ်မှဆင်းလာခဲ့သည် ။

" ဟယ် လှချက်ကတော့ ရက်စက်တယ် မိအေးရယ် ကြည့်ပါဦး မင်းသမီးများ နုနုဖတ်ဖတ်လေး "

" တို့ကြည့်တုန်းက ဆယ်ကျော်သက်‌ရှိသေးတာ ခုများတော့ မိန်းမပျိုလေးဖြစ်ပြီး ပိုကျက်သရေရှိလာတယ်တော် "

" မြို့သူမင်းသမီးလေးများ ချောချက်တော်ရေ "

" ဆံပင်ကလည်းကောင်းချက် တို့ရွာက မိလုံး ဆံပင်ကောင်းတယ် ကောင်းတယ်နဲ့ မင်းသမီးကို ဘယ်မီမလဲ အုံအထူကြီးနဲ့ ကောင်းချက်တော် "

ချီးကျူးစကားတွေ သက်ဝေနားနဲ့မဆံ့အောင်ကြားလိုက်ရသဖြင့် အနည်းငယ်ပင် ရှက်သွားရသည်။ ရုပ်ရှင်တာဝန်ခံ ဦးလူမော်က ရွာလူကြီးကို အရင်ခွင့်တောင်း၍ အဖွဲ့သားများ တည်းခိုရန်အတွက် စီစဉ်ပေးသည်။ သက်ဝေ၊ ထွေးနှင့် မေရီတို့ကို ရွာ၏သောင်သာသော မိသားစု၏ ကြည်ဖြူမှုဖြင့် သူတို့အိမ်တွင် တည်းရန် စီစဉ်သည်။ အိမ်ရှင် အဘိုး၊ အဘွားနှစ်ယောက်ရှိပြီး အိမ်မှာ သမီးအပျိုကြီးနှင့် သားအငယ်က မွေးသော မြေးမလေးတစ်ယောက်သာရှိသဖြင့် သက်ဝေတို့ လွတ်လွတ်လပ်လပ်ရှိပါသည်။

" မင်းသမီး အားမနာနဲ့နော် ကျုပ်တို့အိမ်က မဟုတ်လည်း ၄ ယောက်တည်းရှိတာ ယောင်္ကျားသားလည်းမရှိဘူးရယ် မောင်အငယ်က ‌တောထဲမှာ နေနေတာရယ် "

" ဟုတ်ကဲ့ပါရှင် ကျေးဇူးတင်ပါတယ် မ .. မ အဲ နာမည်ဘယ်သူလဲမသိဘူး "

" အေးကြည်ပါ မင်းသမီး "

" ကျေးဇူးတင်ပါတယ် မအေးကြည်ရယ် ဝေတို့ကိုလည်း ရောက်တုန်း အစ်မလို ညီမလိုသဘောထားပါ။ ပြီးတော့ ဝေ့ကိုလည်း သက်ဝေလို့ပဲခေါ်နိုင်ပါတယ်ရှင် "

" အို ဘယ်ဟုတ်မလဲ မရိုသေရာကျမှာပေါ့ မင်းသမီးနှယ် "

" အို ညီအစ်မတွေလိုနေပါ့မယ်ပြောနေတဲ့ဟာ မမကြည်ရယ် အဲတာတွေမလိုပါဘူး ရင်းရင်းနှီးနှီးခေါ်နိုင်ပါတယ်ရှင် နို့ ဝေကတော့ မမကြည်လို့ခေါ်နိုင်တယ်မဟုတ်လားရှင် "

" ခေါ်နိုင်ပါတယ် ခေါ်နိုင်ပါတယ် ကျုပ်လည်း ဒါဖြင့် မဝေ လို့တော့ခေါ်ပါ့မယ် ကျုပ်ထက်ငယ်တယ်ဆိုပေမယ့် နာမည်ချည်းပဲကျ ခေါ်ဖို့ကျမရဲဘူးတော့ "

" ဟုတ်ကဲ့ပါရှင် မမကြည် အဆင်ပြေသလိုခေါ်ပါ။‌ ဟောတာက ဝေ့ ညီမလေးတွေပါ သူက ထွေးထွေး၊ သူကတော့ မေရီပါ။ မေရီက သီချင်းဆိုတယ်လေ အဆိုတော်ပေါ့ မမကြည်ရယ် "

မအေးကြည်က ဝမ်းသာအားရပြုံးကာ နှုတ်ဆက်ရင်း

" ကဲ စိတ်လွတ်လက်လွတ်သာနေကြပေရော့နှော့ အားမနာနဲ့ လိုတာရှိရင် ကျုပ်လည်းခေါ်လို့ရတယ် မဟုတ်လည်း ကျုပ်တူမလေး သီသီ ကို‌ခိုင်းလို့ရတယ်နော် မဝေ။ ဟဲ့ အသီ နင် ဒီကအစ်မတွေလိုတာ လုပ်ပေးလိုက်နော် နားဝေတိမ်တောင်လုပ်မနေနဲ့ "

" ဟုတ်ကဲ့ပါ ‌အရီးရဲ့ "

ဝေ တို့လည်း အထုတ်အပိုးလေးတွေ သေချာစီချရင်း ခဏတဖြုတ် ကျောဆန့်ကာ အနားယူကြသည်။ ခရီးလမ်းက ဖြောင့်ဖြောင့်ဖြူးဖြူးမဟုတ်၍ လမ်းတစ်လျှောက်လုံး ကိုင်ပေါက်ခံထားရသလို နာကျင်နေသည်။

" မမ "

" ဘာတုန်း ထွေး "

" ထွေးအထင်တော့လေ ကိုထွန်းမြတ်က မမကို မေတ္တာရှိနေပုံရတယ် "

" အို သူ့ဘာသာ မေတ္တာရှိရှိ မရှိရှိ ထွေးရယ် ငါနဲ့ဘာဆိုင်တာမှတ်လို့ လျှာကိုရှည်တယ် ဒီကလေးမ "

" မမဝေကရော သူ့ကို မေတ္တာရှိသလား "

ထိုအမေးကိုတော့ ထွေးမဟုတ်ဘဲ မေရီကမေးလိုက်ခြင်းဖြစ်သည်။

" ဟင့်အင်းကွယ် မ‌မဝေ ပြောထားသားပဲ အဲသည် ကိစ္စတွေမစဉ်းစားချင်ဘူးလို့ မမဝေ ဝါသနာပါတာပဲ လုပ်ချင်ရဲ့ မေရီရယ် တခြားဟာတွေ ခေါင်းထဲမထည့်ချင်ဘူး "

" ကောင်းပါတယ် မေရီလည်း မမဝေလိုပဲ တစ်ယောက်တည်းပဲနေမယ် "

" အမယ် ဟုတ်ကဲ့လား အစားသာကုန်အောင်စားနော် စကားကုန်အောင်မပြောနဲ့ စကားကျွံရင် နှုတ်မရဘူး မေရီရဲ့ "

" အဟုတ်ပြောတာပါ မမဝေရယ် မယုံရင် စောင့်ကြည့်ပေါ့ "

ထိုစဉ် မမကြည်၏တူမလေး သီသီက ခြေလက်မျက်နှာဆေးရန်လာခေါ်သဖြင့် မေရီတို့စကားပြတ်သွားကြ‌သည်။ အညာဆောင်းက ညဘက်ဆို အချမ်းပိုသည်မို့ မေရီတို့ ရေမချိုးနိုင်ကြတော့ပေ။ ခြေလက်မျက်နှာသာဆေးလိုက်ကြသည်။ ညစာအဖို့ သိပ်ဖွယ်ဖွယ်ရာရာမပြင်လိုက်ရဘူးဟု မမကြည်ပြောသည့် ဟင်းတွေမှာ အမှန်တကယ်တော့ စားပွဲဝိုင်းပင်မဆံ့ပါ။ ဟိုအိမ်က ဟင်းတစ်ခွက် ဒီအိမ်က ဟင်းတစ်ခွက်ဖြင့် ကျေးလက်တောရွာများစ စေတနာကို အပြည့်အဝ ခံစားရပါသည်။

" မမကြည်ရယ် အဲသလောက်မလုပ်ပါနဲ့ဆိုတာ ကြည့်ဦး ညစာလေးကိုတောင် ဟင်းတွေအများကြီးပဲ "

" အို ဒါတောင် ကျုပ်က နည်းတယ်ထင်သေးတာတော့ စားစမ်းပါ မိန်းကလေးတို့ရယ် ကျုပ်တို့က ကျွေးချင်လွန်းလို့ "

မေတ္တာ စေတနာအပြည့်နှင့် ထမင်းတစ်နပ်က အတော်လေးစားဝင်ခဲ့ပါသည်။ သက်ဝေ မအိပ်ခင် ဘုရားရှိ‌ခိုးတော့ ရွာသူရွာသားများအတွက်ပါ မေတ္တာပို့ရင်း သက်ဝေတို့ဘက်ကလည်း မေတ္တာတစ်ဖန်ပြန်လည် သက်ရောက်ရပါသည်။

ဇာတ်ကားအတွက် ရိုက်ကွင်းပြင်တော့ မမြင်ဖူးသည် ရွာသူရွာသားများက စိတ်ဝင်တစားရှိလှသည်။ တစ်ပြုံတစ်မကြီး လာကြည့်နေသောကြောင့် သက်ဝေပင်လျှင် အနည်းငယ် ရှိုးတိုးရှန့်တန့် ဖြစ်ရသေးသည်။

ဇာတ်လမ်းကတော့ သိပ်မဆန်း။ မြို့မှာမွေးသည့် မြို့ကြီးသူ မိန်းကလေးက ကျေးရွာဘက်ကို ဆရာမအဖြစ်တာဝန်ကျပြီး အစပိုင်းတွင် စိတ်အလိုမကျရှိရာမှ နောက်တော့ ကျေးရွာ၏ စေတနာမေတ္တာကို နားလည်သွားသည့် ဇာတ်လမ်းပင်။ ခေါင်းဆောင်မင်းသား ထွန်းမြတ်က ရွာရှိ ခပ်ရိုးရိုးလူကြီးအဖြစ် သရုပ်ဆောင်ရင်း ကျောင်းဆရာမကို မေတ္တာသက်ဝင်မိသည့် ဇာတ်ကောင်ကို သရုပ်ဆောင်ရမည်ဖြစ်သည်။ နောက်ဆုံးတော့ မင်းသား မင်းသမီးပေါင်းဖက်၍ တောတွင်အခြေချကြသည်နှင့် ဇာတ်သိမ်းသည်။

ရိုက်ကွင်းကို ဝေ နှင့်အတူ မေရီလည်း လိုက်လာသည်။ အိမ်မှာပျင်းနေသည်ထက်စာရင် မမဝေကို မြင်နေရတာ ပိုကောင်းသည်ဟု ပြောကာ လိုက်ပါလာခြင်းဖြစ်သည်။ ထွေးလည်း ဝေ လိုသမျှ ပစ္စည်းတွေကို ကူသယ်ရင်း ပါလာသည်။ မမကြည်ကတော့ သူ့တူမကလေး သီသီကို ခိုင်းလို့ရတယ်ဟု ဇွတ်ပြောသော်လည်း ဝေ့ကြောင့် ဒုက္ခမပိုစေချင်ပါ။

" ကဲ သက်ဝေ အဆင်‌သင့်ဖြစ်ရင် စမယ်နော် "

" ဟုတ်ကဲ့ ဆရာ "

သက်ဝေတို့ခေတ်က ဒါရိုက်တာသည် ရိုက်ကွင်း၏ဘုရင်ဖြစ်သည်။ ပညာစားမချန် သင်စရာရှိ သင်ပေးသလို ငေါက်စရာရှိလည်း မင်းသမီးသော ဇာတ်ရံသော မခွဲခြား ငေါက်ပစ်သည်ပင်။ ထို့ကြောင့် ဝေ တို့ ရုပ်ရှင်တစ်ဖွဲ့လုံး ဒါရိုက်တာကို ဆရာ ဟုခေါ်၍ ချစ်ကြောက်ရိုသေရသည်။

" ဟို အဖွဲ့ လေ့ကျင့်တဲ့အတိုင်းနော်။ ဖလင်လိပ်က ရွှေထက်အဖိုးတန်တယ် ကြားလား။ မှားလို့ဆိုပြီး နှစ်ခါပြန်ရိုက်လို့မရဘူး "

မေရီ မမဝေ လှုပ်ရှားသမျှကို မျက်တောင်မခတ် ကြည့်နေသည်။ မမဝေဟာ သိပ်တော်တာပဲ ဟုလည်းစိတ်ထဲတွင် ခဏခဏရေရွတ်မိသည်။

ဘာလို့ရယ်မသိ အခုနောက်ပိုင်း မမဝေကိုမြင်လျှင် နှလုံးခုန်နှုန်းမြန်လာသည်။ ခဏခဏလည်း မမဝေကို တွေ့ချင်နေသည်။ ဒါကြောင့်လည်း ရွာအထိ မေရီ ပါလာခဲ့ခြင်းသာ။ ‌မမဝေနှင့်ဆိုလျှင် ဖြစ်ပေါ်လာတတ်သော ခံစားချက်များကို မေရီ သတိပြုမိသည်။ သို့သော်လည်း ဤအရာဟာ ဘာလဲဟု မေရီ ကွဲကွဲပြားပြားမသိပေ။

အချစ်လား..။ မေရီဟာ မမဝေကို ချစ်မိနေသလား။ ဒါဟာမဖြစ်နိုင်သည့်အရာပဲ မဟုတ်လား။ မေရီတို့ မိန်းကလေးချင်း ချစ်လို့ရောရသတဲ့လား။ အကယ်၍များ မေရီ တကယ်ချစ်နေတာပါဆိုရင်ရော မမဝေက လက်ခံနိုင်မည်လား။ မမဝေ မေရီ့အပေါ် ရွံရှာစက်ဆုပ်သွားမည်လား။ ဘုရားရေ 'လား' ပေါင်းများစွာသော မေးခွန်းများက မေရီ့ခေါင်းထဲ တိုးဝှေ့လာသည်။ သို့သော် အဖြေက တစ်ခုမှမရ။

မမဝေသည် ဇာတ်ဝင်ခန်းတစ်ဖြတ်နားတုန်း မေရီတို့နားသို့ ပြန်လျှောက်လာသည်။ မမဝေ၏ ချွေးလေးစို့နေသော မျက်နှာကို လက်ကိုင်ပဝါဖြင့် အသာအယာတို့နေပုံမှာ သိပ်ကိုလှရက်လွန်းသည်။

" မမဝေ ပင်ပန်းနေပြီလား "

" မပင်ပန်းပါဘူး မေရီရယ်။ မမဝေ သဘောကျတဲ့အလုပ်ကို။လုပ်နေရတာပဲကို "

" မမဝေက သိပ်လှတာပဲ "

မမဝေကို ရွှန်းရွှန်းစားစားကြည့်ရင်း မေရီ့နှုတ်မှ လွှတ်ခနဲထွက်သွားသည်။ မမဝေက ပြုံးပြုံးလေးပြန်ကြည့်ရင်းဖြင့် မေရီ့ကိုစကားပြန်သည်။

" မေရီကတော့ မြှောက်စရာမရှိ မြှောက်နေပြန်ပါပြီကွယ် "

" အတည်ပြောတာပါ မမရယ် "

" ကဲပါ ဟုတ်ပါပြီ "

" ဒါ့ထက် မမဝေတို့ ပြီးဖို့ ဘယ်လောက်လိုသေးလဲဟင် "

" သိပ်မကြာတော့ပါဘူး နှစ်ခန်းလောက်တင်ပါ "

" မေရီ ပြန်နှင့်လို့ရလားဟင် ခေါင်းထဲငြီးစီစီဖြစ်နေလို့ "

" အေးကွယ် ပြန်နှင့်လေ တစ်ယောက်တည်း ပြန်လို့ဖြစ်ရဲ့လား ထွေးကိုထည့်လိုက်ရမလား "

" ရတယ် မမဝေ မေရီ ပြန်တတ်ပါတယ် ဒါဖြင့် ပြန်နှင့်မယ်နော် "

" အေးအေး ဂရုစိုက်သွားနော် "

ဝေတို့ ရိုက်ကွင်းအပြီး ရွာထဲသို့ ပြန်သည့်လမ်းတွင် တစ်မျှော်တစ်ခေါ် လယ်ကွင်းများကိုဖြတ်ရသည်။ လယ်ကွင်းကိုဖြတ်၍ တိုက်လာသော လတ်ဆတ်လန်းဆန်းသည့် လေနုအေးကို တစ်ဝကြီးရှူရှိုက်ကာ တစ်နေ့တာအတွက် အမောများပြေရသည်။ လယ်ကွင်းဘေးတွင် အရိပ်အမိုးကြီးမားလှသော ကုက္ကိုပင်ကြီးရှိသည်။ ဝေ ထိုအပင်ဘေးကဖြတ်သွားစဉ် သီချင်းသံသဲ့သဲ့ ကြားလိုက်ရသဖြင့် ခြေလှမ်းတုံ့သွားမိသည်။

" လှတစ်မျက်နှာ မြင်စရာလည်းရှိပါဘူးကျွန်မထက်သာတာ ဒိပြင်ဟာလည်း ရှိကြပါရဲ့ရုပ်ရှိတာကမှ တကယ်အပိုခရာတယ်ဘယ်လိုဟာကိုမှ ချစ်ကြတာလည်း အံ့ဩရှင် .. "

အသံကို ကြားကတည်းက မေရီ မှန်း ဝေ တန်းသိလိုက်သည်။ ကလေးမ တစ်ယောက်တည်း ပြန်နှင့်မယ်ပြောပြီး မပြန်ဘဲ သည်နားလာ သီချင်းဆိုနေရသလားဟု တွေးပူသွားရပြန်သည်။ အင်းပေါ့လေ သူ့ခမျာလည်း ပျင်းရှာပေမပေါ့။ ရိုက်ကွင်းအထိသာ လိုက်သာလာရပေမယ့် မည်မည်ရရ လုပ်စရာ မရှိဘူးမဟုတ်လား။ ဝေ အသံမပေးဘဲ အကွယ်ကနေ သီချင်းဆုံးအောင် နားထောင်နေလိုက်သည်။ သည်လိုကျပြန်တော့လည်း မေရီက လေဘာတီမမြရင်ရဲ့ သီချင်းတွေကိုပါ အဆိုနိုင်သားပဲ။

" ထွေးပြန်နှင့်ကွယ် မမဝေ မေရီ့ကိုစောင့်ခေါ်ခဲ့မယ် "

" ဟုတ်ကဲ့ မမ "

ဝေလည်း ထွေးနှင့်အဖွဲ့သားများကိုပြန်ခိုင်းနှင့်ကာ မေရီ့အသံကိုနားစွင့်လိုက်သည်။ မေရီကတော့ ခပ်လှမ်းလှမ်းမှာရှိနေသည့် ဝေတို့အသံကိုကြားပုံမပေါ်။ သူ့သီချင်းကိုသာ သူအာရုံစိုက်နေပုံရသည်။

" စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးကမ်းစွယ်၊ သာစည်နယ်ဝင် တောကမြရင်ကြည့်စမ်းပါဦးမြို့ကြီးသားရယ်လိုချင်လိုချင် ကြိုက်တဲ့ဟန်ပြင်မေးဦးမယ်ရှင် မေးသင့်တယ်ထင်လေဘာတီ တောသူမြရင်မေးဝံ့ပေါင်ရှင်
ဘာဖြစ်လို့ချစ်တာတုန်းတော့ပေါ်ပေါ်ထင်ထင်ဘာပြုလို့ ကြိုက်တာတုန်းတော့ပေါ်ပေါ်ထင်ထင်လိုချင်လို့သာကြံတယ်လို့ထင် ရိပ်မိပြီရှင်တွေးမိပြီရှင်လေဘာတီ တောသူမြရင်ကြံကြံစည်စည် တောသူမြရင် မေးဝံ့ပေါင်ရှင်

သိနိုင်ပေါင်ရှင်ကာလသားတွေ ပြောကြတာက တောသူမမြရင် ချစ်ချင်တယ်ဆိုတော့ အံ့ဩပါရဲ့ဘယ်နားမှာလဲ အိမ်ကိုခေါ်သွားမရှင်

တောသူကိုပင် ချစ်မယ်လို့ထင်အဟုတ်တကယ်ဆိုရင်ဝမ်းသာရဲ့ရှင်၊ သာစည်သူကိုပင်ချစ်စရာရှိပါဘူးဒိပြင်ဟာ ကြည့်ပါဦးမေးပါတော့ စုံလင်ချစ်ကြမှာလားရှင်ကြိုက်ကြမှာလားရှင်တောသူမ မြရင် "

သီချင်းသံဆုံးသွားခါမှ ဝေလည်း မေရီရှိရာ ကုက္ကိုပင်ဘက်ခြမ်းကိုသွားလိုက်သည်။ မေရီက ဝေ ရောက်လာမည်ဟုမထင်၍ နာမည်ခေါ်သံကြားတော့ လန့်သွားရှာသည်။

" မေရီ "

" အမေ့! မမဝေရယ် လန့်လိုက်တာ အသံမပေး ဘာမပေးနဲ့ "

ဝေ လည်း ခပ်ဖွဖွရယ်ကာ မေရီ့ဘေးနားရှိ မြေပြင်ခပ်လျှောလျှောတွင် ဖိနပ်ကိုခု၍ ထိုင်လိုက်သည်။ ကွင်းလေတဖြူးဖြူးနှင့် အေးမြလှပါဘိ။

" အိမ်ပြန်နှင့်မယ်ဆိုပြီး မပြန်သေးပါဘဲလား မေရီ။ ရွာစိမ်းရပ်စိမ်းမှာ တစ်ယောက်တည်းနေဖို့တော့ မသင့်ဘူးကွယ် "

" ခဏရယ်ပါ မမဝေရယ် ပူတတ်ရန်ကော။ လေတဖြူးဖြူးနဲ့ဆိုတော့ ခဏအမောဖြေရင်း သီချင်းလေးညည်းနေမိတာ "

" မေရီက လေဘာတီမမြရင် သီချင်းတွေလည်းရသားပဲနော် "

" ဟုတ်တယ် မမဝေ မေရီ ဒီတစ်ခါ သင်ထားတာလေ။ ဘယ်မှာမှ ဆိုမရတော့ ဒီနားလာဆိုရတာပေါ့ မမရယ် "

" ဒါနဲ့ သီချင်းက ချစ်မှာလား ကြိုက်မှာလားဆိုတော့ ရည်းစားသနတွေများ ရှိနေပြီလား။ အေးလေ ငါ့ညီမက အချော အလှလေးဆိုတော့ ဝိုင်းဝိုင်းလည်နေမှာပါ "

သည်တစ်ခါမှာတော့ မေရီက ချက်ချင်းမဖြေ။ လယ်ကွင်းဘက်ကို ခပ်တွေတွေငေးပြီး ဝေ့ကို စိုက်ကြည့်လာသည်။ ဒီတစ်ခေါက် မေရီ့အကြည့်တွေက အဓိပ္ပါယ်များစွာပါဝင်နေသဖြင့် ဝေ ရှက်နွေးနွေးဖြစ်သွားသည်။ ထို့ကြောင့် ဝေကစ၍ အကြည့်လွှဲလိုက်ကာ အပေါ်ထပ်အင်္ကျီလေးကို ခပ်တင်းတင်းဆွဲစေ့လိုက်သည်။ ထိုအခါမှ မေရီ့ဆီက အသံထွက်လာသည်။

" မရှိသေးပါဘူး မမဝေ။ ‌မေရီ့ ရင်ထဲမှာ တစ်စုံတစ်ယောက်တော့ရှိပါရဲ့ ဒါပေမယ့် ချစ်တာဟုတ်ရဲ့လားဆိုတာ မသေချာသေးလို့ မေရီ စဉ်းစားနေတာပါ။ သေချာတဲ့တစ်နေ့ကျ မမဝေကို မေရီ ပြောမယ်လေ "

" အေးကွယ် ဟုတ်ပါပြီ "

" မေရီ့ကိုချည်းမေးနေတာ။ မမဝေရော မေတ္တာရှိရမယ့်သူ တွေ့နေပြီလား "

" ဟင့်အင်း မမဝေကတော့ အဲသည်ဟာတွေကို အပူရှာတယ်ပဲထင်တယ်။ ‌အဲလိုဆိုရင်‌လည်း ပြောကြမှာပေါ့ ဒါဟာ အချစ်ရဲ့အေးမြကြည်နူးစရာကို မတွေ့သေးလို့သာပါ ဆိုပြီး။ ဒါပေသိ မမဝေ စိတ်ထဲမယ်တော့ မေတ္တာရှိရမယ့်သူ မရှိပါဘူးကွယ်။ အလုပ်ရယ် မိသားစုရယ်ပဲ အာရုံရှိပါတယ်။ ဒီလိုနဲ့ အပျိုကြီးပဲ လုပ်ဖြစ်တော့မယ်ထင်ပါတယ် မေရီရယ် "

" အဲသည်တော့လည်း‌ ကောင်းတာပဲမဟုတ်ဘူးလား မမဝေရယ်။ မေရီ တို့ အသက်ကြီးသည်အထိ အတူတူနေကြတာပေါ့။ မေရီ သီချင်းတွေဆိုပြပါ့မယ် "

" အမလေးကွယ် ဟုတ်ပါပြီ ကဲ ပြန်ကြစို့ရဲ့ လေတိုက်ထဲမှာအကြာကြီးနေပြီး အအေးပတ်နေဦးမယ်။ ဆောင်းရာသီပဲရှိသေးတော့ ညနေစောင်းလေ အအေးဓာတ်ပိုလာလေ ဖြစ်တော့မှာ။ ပြီးတော့ သူများရပ်ရွာမှာ ညနေစောင်းအထိ အပြင်မှာရှိဖို့ မသင့်ဘူး ငါ့ညီမ "

" ဟုတ်ကဲ့ မမဝေ "

မေရီတို့ နှစ်ယောက် ရွာထဲသို့ပြန်ရောက်တော့ ထွေးနှင့် မမကြည်က ညစာစားဖို့ပင် ပြင်ပြီးနှင့်ကြလေပြီ။ မေရီတို့လည်း ခြေလက်မျက်နှာဆေး အဝတ်အစားလဲ၍ ထမင်းဝိုင်းသို့ ဝင်လိုက်ကြသည်။ အညာထမင်းဝိုင်းက စေတနာ မေတ္တာတွေနှင့်ပြည့်နှက်နေသည့်အပြင် စားလို့လည်း မြိန်ပါဘိ။

" စားနော် မိန်းကလေးတို့ အားမနာနဲ့။ ဒါက အရီးပုတို့အိမ်ကလာပေးတာ ဝက်သနီချက်။ ဒါလေးက ချဉ်ရည်ဟင်းတော် ဒါက မသိန်းတို့အိမ်က ပို့ပေးတဲ့ ပဲနှပ်တော်။ ဒါက .."

မမကြည်၏ အဆုံးမရှိသော ဟင်းပွဲများကို ရေရွတ်ရုံဖြင့်ပင် မေရီတို့ ဗိုက်ပြည့်လှပြီ။ ဟိုတစ်ခွက် သည်တစ်ခွက် လာပို့ပေးထားသည် ရွာသူရွာသားတို့ကိုလည်း မမြင်ဖူးပေသိ မေတ္တာရောက်ရပါသည်။

" အားနာစရာရှင် ဝေ တို့သိပ်မစားနိုင်လှပါဘူး။ အဲတာကြောင့် အပင်ပန်းမခံကြပါနဲ့လို့။ အခုများတော့ ဘုန်းကြီးပွဲထက်တောင် များသေး မမကြည်ရယ် ပင်ပန်းအောင်လို့ "

" အို မဟုတ်တာ မဝေ တို့ကိုချစ်ကြလို့ ပေးတာပါ။ တစ်ယောက်တစ်ခွက်ကလည်း မပင်ပန်းပါဘူး မဝေရယ်။ စားပါ အားမနာပါနဲ့ "

မေရီတို့ ထမင်းစားပြီးတော့ အိမ်အောက်ရှိ တန်းလျားတွင် ခဏထိုင်မိကြသည်။ လရောင်၏ အေးမြမှုကို ခံစားကာ ထန်းညက်လေးစား ရေနွေးပူပူလေးသောက်ရင်း အညာဆောင်းကို ဖြတ်သန်းရသည်။ အိမ်နီးနားချင်းတစ်ချို့က ထန်းပင်မြစ်ဖုတ်လာပေး ပြောင်းဖူးပြုတ်လာပေးနှင့် စားစရာကလည်း မပြတ်ရပါ။ သူတို့က ရောက်တုန်းရောက်ခိုက် မေရီတို့နားက ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ မေရီတို့နှင့်အတူ စကားလက်ဆုံကျနေကြသည်။

" ဒီက မိန်းကလေးက အဆိုတော်ဆို "

" ဟုတ်ပါတယ် အရီး "

" ကျုပ်တို့ကို သီချင်းကလေး မဆိုပြတော့ဘူးလားကွယ်။ ကျုပ်တို့မယ် သီချင်းတွေဘာတွေလည်း နားထောင်ရတာမဟုတ်။ လေဒီယိုက တစ်ရွာလုံးမှ တစ်လုံးရှိတာ "

" အဲ့တစ်လုံးတောင် ခပ်စုတ်စုတ်လေ မိန်းကလေးရဲ့ "

" ကျုပ်တို့လည်း ဂီတသံလေး ကြားချင်စမ်းရဲ့တော် "

" ဆိုပြပါ မိန်းကလေး "

" ဟုတ်သားပဲ မေရီ မမဝေတို့ကို ဆိုပြပါဦးလားကွယ် "

အကုန်လုံးက ပွဲတောင်းနေမှဖြင့် မေရီ ဆိုရပေဦးမည်။ ‌မေရီကိုယ်တိုင်လည်း သဘောကျရသည့် မင်းသမီးကြီးမေရှင်၏ 'လဲ့လဲ့ဝင်း' သီချင်းကို ဆိုပြရန် ရွေးချယ်လိုက်သည်။ အတီးမပါ အဆိုချည်းသက်သက်မို့ မေရီ ပညာကုန်ပြနိုင်သည့် အချိန်ပင်။

" မှိုင်းမှုန် ပြာဝေ ... တိမ်ညိုတိမ်ပန်း သန်းတဲ့အခြေနံ့သာ လှိုင်ဝေ ... စိမ့်ကြီးမြိုင်ကြီး လန်းဆန်းပေမှိုင်းမှုန် ပြာဝေ ... တိမ်ညိုတိမ်ပန်း သန်းတဲ့အခြေနံ့သာ လှိုင်ဝေ ... စိမ့်ကြီးမြိုင်ကြီး လန်းဆန်းပေစန်းငွေယုန် သာပုံဆန်းလှတဲ့ အခြေ

တိမ်ကြိုကြားမှာ သွားကာ ပျော်ရွှင်ပေ .. တိမ်ကြိုကြားမှာ သွားကာ မှိန်ခြည်လင်းနေ၊ ခင့်ကိုလေ တွေးခက်အောင် လှောင်လို့ ပြောင်လို့ နေပင်နေသလား ယုန်ငွေ .. ရေ၊ တိမ်ကြိုကြားမှာ သွားကာ ပျော်ရွှင်ပေတိမ်ကြိုကြားမှာ သွားကာ မှိန်ခြည်လင်းနေ၊ ခင့်ကိုလေ တွေးခက်အောင် လှောင်လို့ ပြောင်လို့ တမင်နေတာ များလားလေ ....။

ချစ်တဲ့သူ တွေ့ဖို့အခြေ ခင်လေ စိတ်ကူးနေ၊ တော်င်ညွန့်ဖူး ပျံ့မြူးခဲ့လို့ ညှာတံ ရွှေရည်ဝေလဲ့လဲ့ရယ် ဝင်းလို့နေ စန္ဒာ ယုန်မင်းရေ ဟိုကျွန်း သည်ကျွန်း သင်ယွန်းကာလေင့်ကိုယ်စား ရှာချေ .."

သီချင်းဆုံးသောအခါ ခုနကထက် ပိုများသော လူများထံမှ လက်ခုပ်သံများကိုကြားလိုက်ရသည်။ သီချင်းဆိုသံကြား၍ ထွက်လာကာ လာနားထောင်ကြခြင်းဖြစ်နိုင်သည်။

" ကောင်းလိုက်တဲ့အသံတော် "

" မိန်းကလေးရယ် ကျုပ်ဖြင့် ဒီတစ်သက် ဒီလောက်အသံကောင်းတဲ့ဟာ တစ်ခါမှ မကြားဖူးဘူး "

" တော်လိုက်တာ "

အကုန်လုံးက မေရီ့ကို ချီးကျူးပေးကြသဖြင့် မေရီ ပျော်ရပါသည်။ မမဝေကလည်း မေရီ့ကို ပြုံး၍ကြည့်နေကာ ချီးကျူးစကားဆိုသဖြင့် ပို၍ပင် ကြည်နူးရသည်။ ဤညမှာ သီချင်းထဲကကဲ့သို့ လဲ့လဲ့ဝင်းသော လရောင်အောက်တွင် သီချင်းဆိုကြ နားထောင်ကြရင်း မေရီအဖို့ မမေ့နိုင်စရာ အမှတ်တရညလေးဖြစ်ခဲ့ရတော့သည်...။

မေနိုင်း
၂၉.၇.၂၀၂၃

- လဲ့လဲ့ဝင္း -

၁၉၄၉ ခုႏွစ္ ဇန္နဝါရီလတြင္ သက္ေဝ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သည့္ ႐ုပ္ရွင္ဇာတ္ကားကို စတင္ ႐ိုက္ကူးၾကသည္။ ေက်းလက္အေျခတည္သည့္ ဇာတ္ကားမို႔ သက္ေဝတို႔ ႐ိုက္ကူးေရးတစ္ဖြဲ႕လုံး အညာသို႔ဆင္းၾကရသည္။ ထိုအထဲတြင္ ေမရီ လည္း ပါလာေလသည္။

ေဆာင္းရာသီမျပယ္ေသးသည္မို႔ သက္ေဝတို႔အားလုံး အေႏြးထည္ကိုယ္စီ ၿခဳံပဝါကိုယ္စီျဖင့္ ရွိၾကေလသည္။ ေခါင္းေဆာင္မင္းသား ထြန္းျမတ္ ၊ သက္ေဝ ၊ ေထြးေထြး ႏွင့္ ေမရီတို႔က ဂ်စ္ကားျဖင့္ လိုက္ပါရသည္။

" သက္ေဝ ေရယူဦးမလား "

" မယူေတာ့ပါဘူး ကိုထြန္းျမတ္ ေဝ့မွာ ပါပါတယ္ "

" တစ္ခုခုလိုရင္ ေျပာေနာ္ အစ္ကို႔မွာ အကုန္ပါလာတယ္ "

" ဟုတ္ကဲ့ "

ေခါင္းေဆာင္မင္းသားျဖစ္သည့္ ထြန္းျမတ္သည္ ‌မမေဝကို ပေရာပရည္ လုပ္ခ်င္ေနသည္။ ဟိုဟာ လိုသလား ဒါလိုသလား ႏွင့္ စကားေတြအတင္းလိုက္ေရာေနသည္မွာ ျမင္ျပင္းကတ္ခ်င္စရာပင္။ ေမရီေတာ့ ထိုလူကို နည္းနည္းမွ် ၾကည့္မရပါ။

" မမေဝ "

" ဟင္ ေမရီ "

" ေနာက္အားရင္ ေမရီနဲ႔ သီေပါကိုအတူလိုက္ခဲ့ပါ့လား "

" အင္း အားရင္ေတာ့ လိုက္တာေပါ့ကြယ္ "

" ေထြးေရာ မလိုက္ရဘူးလား ေမရီရဲ႕ သူ႔အစ္မကိုပဲ ေခၚေနတာပဲ ေထြးက်မပါဘူး "

" အို မမေထြးလည္းပါတာေပါ့ လိုက္ခဲ့ပါ ေမရီ႕ဇာတိက သိပ္ေအးခ်မ္းတာ မမေထြးတို႔ လိုက္လည္ၿပီးရင္ မျပန္ခ်င္ဘဲေတာင္ ရွိလိမ့္မယ္ "

" အဲေတာ့လည္း မျပန္႐ုံေပါ့ ေမရီ‌ရယ္ ဟုတ္ဘူးလား "

ရန္ကုန္မွေန၍ ၅ နာရီ‌နီးပါးေလာက္ ကားစီးၿပီးေသာအခါ သက္ေဝတို႔႐ုပ္ရွင္႐ိုက္ကူးမည့္ ႐ြာကေလးသို႔ေရာက္ရွိလာသည္။ ႐ြာက‌ေလးမွာ အိမ္ေျခ ၂၀၀ ေလာက္ရွိသည့္ ႐ြာျဖစ္၍ သိပ္ေတာ့ မေသးငယ္လွပါ။ ႐ြာထဲမွလူမ်ားကေတာ့ သက္ေဝတို႔ ေရာက္လာမည္ကို ႀကိဳသိ၍လား ကားသံပဲၾကား၍လားမသိ တစ္ၿပဳံတစ္မႀကီး ေစာင့္လွ်က္ရွိၾကသည္။

ေန႔ခင္း ၁ နာရီဝန္းက်င္ျဖစ္၍ မခ်မ္းေတာ့ေသာေၾကာင့္ သက္ေဝ ဆြယ္တာေလးကိုခြၽတ္၍ ရင္ဖုံးလက္ရွည္ေပၚတြင္ ပဝါေလးသာထပ္လိုက္သည္။ ထို႔ေနာက္ ေနကာမ်က္မွန္ကိုခြၽတ္၍ အိတ္ထဲထည့္ကာ လက္ကိုင္အိတ္ကိုယူၿပီး ကား‌ေပၚမွဆင္းလာခဲ့သည္ ။

" ဟယ္ လွခ်က္ကေတာ့ ရက္စက္တယ္ မိေအးရယ္ ၾကည့္ပါဦး မင္းသမီးမ်ား ႏုႏုဖတ္ဖတ္ေလး "

" တို႔ၾကည့္တုန္းက ဆယ္ေက်ာ္သက္‌ရွိေသးတာ ခုမ်ားေတာ့ မိန္းမပ်ိဳေလးျဖစ္ၿပီး ပိုက်က္သေရရွိလာတယ္ေတာ္ "

" ၿမိဳ႕သူမင္းသမီးေလးမ်ား ေခ်ာခ်က္ေတာ္ေရ "

" ဆံပင္ကလည္းေကာင္းခ်က္ တို႔႐ြာက မိလုံး ဆံပင္ေကာင္းတယ္ ေကာင္းတယ္နဲ႔ မင္းသမီးကို ဘယ္မီမလဲ အုံအထူႀကီးနဲ႔ ေကာင္းခ်က္ေတာ္ "

ခ်ီးက်ဴးစကားေတြ သက္ေဝနားနဲ႔မဆံ့ေအာင္ၾကားလိုက္ရသျဖင့္ အနည္းငယ္ပင္ ရွက္သြားရသည္။ ႐ုပ္ရွင္တာဝန္ခံ ဦးလူေမာ္က ႐ြာလူႀကီးကို အရင္ခြင့္ေတာင္း၍ အဖြဲ႕သားမ်ား တည္းခိုရန္အတြက္ စီစဥ္ေပးသည္။ သက္ေဝ၊ ေထြးႏွင့္ ေမရီတို႔ကို ႐ြာ၏ေသာင္သာေသာ မိသားစု၏ ၾကည္ျဖဴမႈျဖင့္ သူတို႔အိမ္တြင္ တည္းရန္ စီစဥ္သည္။ အိမ္ရွင္ အဘိုး၊ အဘြားႏွစ္ေယာက္ရွိၿပီး အိမ္မွာ သမီးအပ်ိဳႀကီးႏွင့္ သားအငယ္က ေမြးေသာ ေျမးမေလးတစ္ေယာက္သာရွိသျဖင့္ သက္ေဝတို႔ လြတ္လြတ္လပ္လပ္ရွိပါသည္။

" မင္းသမီး အားမနာနဲ႔ေနာ္ က်ဳပ္တို႔အိမ္က မဟုတ္လည္း ၄ ေယာက္တည္းရွိတာ ေယာက်ၤားသားလည္းမရွိဘူးရယ္ ေမာင္အငယ္က ‌ေတာထဲမွာ ေနေနတာရယ္ "

" ဟုတ္ကဲ့ပါရွင္ ေက်းဇူးတင္ပါတယ္ မ .. မ အဲ နာမည္ဘယ္သူလဲမသိဘူး "

" ေအးၾကည္ပါ မင္းသမီး "

" ေက်းဇူးတင္ပါတယ္ မေအးၾကည္ရယ္ ေဝတို႔ကိုလည္း ေရာက္တုန္း အစ္မလို ညီမလိုသေဘာထားပါ။ ၿပီးေတာ့ ေဝ့ကိုလည္း သက္ေဝလို႔ပဲေခၚႏိုင္ပါတယ္ရွင္ "

" အို ဘယ္ဟုတ္မလဲ မ႐ိုေသရာက်မွာေပါ့ မင္းသမီးႏွယ္ "

" အို ညီအစ္မေတြလိုေနပါ့မယ္ေျပာေနတဲ့ဟာ မမၾကည္ရယ္ အဲတာေတြမလိုပါဘူး ရင္းရင္းႏွီးႏွီးေခၚႏိုင္ပါတယ္ရွင္ ႏို႔ ေဝကေတာ့ မမၾကည္လို႔ေခၚႏိုင္တယ္မဟုတ္လားရွင္ "

" ေခၚႏိုင္ပါတယ္ ေခၚႏိုင္ပါတယ္ က်ဳပ္လည္း ဒါျဖင့္ မေဝ လို႔ေတာ့ေခၚပါ့မယ္ က်ဳပ္ထက္ငယ္တယ္ဆိုေပမယ့္ နာမည္ခ်ည္းပဲက် ေခၚဖို႔က်မရဲဘူးေတာ့ "

" ဟုတ္ကဲ့ပါရွင္ မမၾကည္ အဆင္ေျပသလိုေခၚပါ။‌ ေဟာတာက ေဝ့ ညီမေလးေတြပါ သူက ေထြးေထြး၊ သူကေတာ့ ေမရီပါ။ ေမရီက သီခ်င္းဆိုတယ္ေလ အဆိုေတာ္ေပါ့ မမၾကည္ရယ္ "

မေအးၾကည္က ဝမ္းသာအားရၿပဳံးကာ ႏႈတ္ဆက္ရင္း

" ကဲ စိတ္လြတ္လက္လြတ္သာေနၾကေပေရာ့ေႏွာ့ အားမနာနဲ႔ လိုတာရွိရင္ က်ဳပ္လည္းေခၚလို႔ရတယ္ မဟုတ္လည္း က်ဳပ္တူမေလး သီသီ ကို‌ခိုင္းလို႔ရတယ္ေနာ္ မေဝ။ ဟဲ့ အသီ နင္ ဒီကအစ္မေတြလိုတာ လုပ္ေပးလိုက္ေနာ္ နားေဝတိမ္ေတာင္လုပ္မေနနဲ႔ "

" ဟုတ္ကဲ့ပါ ‌အရီးရဲ႕ "

ေဝ တို႔လည္း အထုတ္အပိုးေလးေတြ ေသခ်ာစီခ်ရင္း ခဏတျဖဳတ္ ေက်ာဆန႔္ကာ အနားယူၾကသည္။ ခရီးလမ္းက ေျဖာင့္ေျဖာင့္ျဖဴးျဖဴးမဟုတ္၍ လမ္းတစ္ေလွ်ာက္လုံး ကိုင္ေပါက္ခံထားရသလို နာက်င္ေနသည္။

" မမ "

" ဘာတုန္း ေထြး "

" ေထြးအထင္ေတာ့ေလ ကိုထြန္းျမတ္က မမကို ေမတၱာရွိေနပုံရတယ္ "

" အို သူ႔ဘာသာ ေမတၱာရွိရွိ မရွိရွိ ေထြးရယ္ ငါနဲ႔ဘာဆိုင္တာမွတ္လို႔ လွ်ာကိုရွည္တယ္ ဒီကေလးမ "

" မမေဝကေရာ သူ႔ကို ေမတၱာရွိသလား "

ထိုအေမးကိုေတာ့ ေထြးမဟုတ္ဘဲ ေမရီကေမးလိုက္ျခင္းျဖစ္သည္။

" ဟင့္အင္းကြယ္ မ‌မေဝ ေျပာထားသားပဲ အဲသည္ ကိစၥေတြမစဥ္းစားခ်င္ဘူးလို႔ မမေဝ ဝါသနာပါတာပဲ လုပ္ခ်င္ရဲ႕ ေမရီရယ္ တျခားဟာေတြ ေခါင္းထဲမထည့္ခ်င္ဘူး "

" ေကာင္းပါတယ္ ေမရီလည္း မမေဝလိုပဲ တစ္ေယာက္တည္းပဲေနမယ္ "

" အမယ္ ဟုတ္ကဲ့လား အစားသာကုန္ေအာင္စားေနာ္ စကားကုန္ေအာင္မေျပာနဲ႔ စကားကြၽံရင္ ႏႈတ္မရဘူး ေမရီရဲ႕ "

" အဟုတ္ေျပာတာပါ မမေဝရယ္ မယုံရင္ ေစာင့္ၾကည့္ေပါ့ "

ထိုစဥ္ မမၾကည္၏တူမေလး သီသီက ေျခလက္မ်က္ႏွာေဆးရန္လာေခၚသျဖင့္ ေမရီတို႔စကားျပတ္သြားၾက‌သည္။ အညာေဆာင္းက ညဘက္ဆို အခ်မ္းပိုသည္မို႔ ေမရီတို႔ ေရမခ်ိဳးႏိုင္ၾကေတာ့ေပ။ ေျခလက္မ်က္ႏွာသာေဆးလိုက္ၾကသည္။ ညစာအဖို႔ သိပ္ဖြယ္ဖြယ္ရာရာမျပင္လိုက္ရဘူးဟု မမၾကည္ေျပာသည့္ ဟင္းေတြမွာ အမွန္တကယ္ေတာ့ စားပြဲဝိုင္းပင္မဆံ့ပါ။ ဟိုအိမ္က ဟင္းတစ္ခြက္ ဒီအိမ္က ဟင္းတစ္ခြက္ျဖင့္ ေက်းလက္ေတာ႐ြာမ်ားစ ေစတနာကို အျပည့္အဝ ခံစားရပါသည္။

" မမၾကည္ရယ္ အဲသေလာက္မလုပ္ပါနဲ႔ဆိုတာ ၾကည့္ဦး ညစာေလးကိုေတာင္ ဟင္းေတြအမ်ားႀကီးပဲ "

" အို ဒါေတာင္ က်ဳပ္က နည္းတယ္ထင္ေသးတာေတာ့ စားစမ္းပါ မိန္းကေလးတို႔ရယ္ က်ဳပ္တို႔က ေကြၽးခ်င္လြန္းလို႔ "

ေမတၱာ ေစတနာအျပည့္ႏွင့္ ထမင္းတစ္နပ္က အေတာ္ေလးစားဝင္ခဲ့ပါသည္။ သက္ေဝ မအိပ္ခင္ ဘုရားရွိ‌ခိုးေတာ့ ႐ြာသူ႐ြာသားမ်ားအတြက္ပါ ေမတၱာပို႔ရင္း သက္ေဝတို႔ဘက္ကလည္း ေမတၱာတစ္ဖန္ျပန္လည္ သက္ေရာက္ရပါသည္။

ဇာတ္ကားအတြက္ ႐ိုက္ကြင္းျပင္ေတာ့ မျမင္ဖူးသည္ ႐ြာသူ႐ြာသားမ်ားက စိတ္ဝင္တစားရွိလွသည္။ တစ္ၿပဳံတစ္မႀကီး လာၾကည့္ေနေသာေၾကာင့္ သက္ေဝပင္လွ်င္ အနည္းငယ္ ရႈိးတိုးရွန႔္တန႔္ ျဖစ္ရေသးသည္။

ဇာတ္လမ္းကေတာ့ သိပ္မဆန္း။ ၿမိဳ႕မွာေမြးသည့္ ၿမိဳ႕ႀကီးသူ မိန္းကေလးက ေက်း႐ြာဘက္ကို ဆရာမအျဖစ္တာဝန္က်ၿပီး အစပိုင္းတြင္ စိတ္အလိုမက်ရွိရာမွ ေနာက္ေတာ့ ေက်း႐ြာ၏ ေစတနာေမတၱာကို နားလည္သြားသည့္ ဇာတ္လမ္းပင္။ ေခါင္းေဆာင္မင္းသား ထြန္းျမတ္က ႐ြာရွိ ခပ္႐ိုး႐ိုးလူႀကီးအျဖစ္ သ႐ုပ္ေဆာင္ရင္း ေက်ာင္းဆရာမကို ေမတၱာသက္ဝင္မိသည့္ ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ရမည္ျဖစ္သည္။ ေနာက္ဆုံးေတာ့ မင္းသား မင္းသမီးေပါင္းဖက္၍ ေတာတြင္အေျခခ်ၾကသည္ႏွင့္ ဇာတ္သိမ္းသည္။

႐ိုက္ကြင္းကို ေဝ ႏွင့္အတူ ေမရီလည္း လိုက္လာသည္။ အိမ္မွာပ်င္းေနသည္ထက္စာရင္ မမေဝကို ျမင္ေနရတာ ပိုေကာင္းသည္ဟု ေျပာကာ လိုက္ပါလာျခင္းျဖစ္သည္။ ေထြးလည္း ေဝ လိုသမွ် ပစၥည္းေတြကို ကူသယ္ရင္း ပါလာသည္။ မမၾကည္ကေတာ့ သူ႔တူမကေလး သီသီကို ခိုင္းလို႔ရတယ္ဟု ဇြတ္ေျပာေသာ္လည္း ေဝ့ေၾကာင့္ ဒုကၡမပိုေစခ်င္ပါ။

" ကဲ သက္ေဝ အဆင္‌သင့္ျဖစ္ရင္ စမယ္ေနာ္ "

" ဟုတ္ကဲ့ ဆရာ "

သက္ေဝတို႔ေခတ္က ဒါ႐ိုက္တာသည္ ႐ိုက္ကြင္း၏ဘုရင္ျဖစ္သည္။ ပညာစားမခ်န္ သင္စရာရွိ သင္ေပးသလို ေငါက္စရာရွိလည္း မင္းသမီးေသာ ဇာတ္ရံေသာ မခြဲျခား ေငါက္ပစ္သည္ပင္။ ထို႔ေၾကာင့္ ေဝ တို႔ ႐ုပ္ရွင္တစ္ဖြဲ႕လုံး ဒါ႐ိုက္တာကို ဆရာ ဟုေခၚ၍ ခ်စ္ေၾကာက္႐ိုေသရသည္။

" ဟို အဖြဲ႕ ေလ့က်င့္တဲ့အတိုင္းေနာ္။ ဖလင္လိပ္က ေ႐ႊထက္အဖိုးတန္တယ္ ၾကားလား။ မွားလို႔ဆိုၿပီး ႏွစ္ခါျပန္႐ိုက္လို႔မရဘူး "

ေမရီ မမေဝ လႈပ္ရွားသမွ်ကို မ်က္ေတာင္မခတ္ ၾကည့္ေနသည္။ မမေဝဟာ သိပ္ေတာ္တာပဲ ဟုလည္းစိတ္ထဲတြင္ ခဏခဏေရ႐ြတ္မိသည္။

ဘာလို႔ရယ္မသိ အခုေနာက္ပိုင္း မမေဝကိုျမင္လွ်င္ ႏွလုံးခုန္ႏႈန္းျမန္လာသည္။ ခဏခဏလည္း မမေဝကို ေတြ႕ခ်င္ေနသည္။ ဒါေၾကာင့္လည္း ႐ြာအထိ ေမရီ ပါလာခဲ့ျခင္းသာ။ ‌မမေဝႏွင့္ဆိုလွ်င္ ျဖစ္ေပၚလာတတ္ေသာ ခံစားခ်က္မ်ားကို ေမရီ သတိျပဳမိသည္။ သို႔ေသာ္လည္း ဤအရာဟာ ဘာလဲဟု ေမရီ ကြဲကြဲျပားျပားမသိေပ။

အခ်စ္လား..။ ေမရီဟာ မမေဝကို ခ်စ္မိေနသလား။ ဒါဟာမျဖစ္ႏိုင္သည့္အရာပဲ မဟုတ္လား။ ေမရီတို႔ မိန္းကေလးခ်င္း ခ်စ္လို႔ေရာရသတဲ့လား။ အကယ္၍မ်ား ေမရီ တကယ္ခ်စ္ေနတာပါဆိုရင္ေရာ မမေဝက လက္ခံႏိုင္မည္လား။ မမေဝ ေမရီ႕အေပၚ ႐ြံရွာစက္ဆုပ္သြားမည္လား။ ဘုရားေရ 'လား' ေပါင္းမ်ားစြာေသာ ေမးခြန္းမ်ားက ေမရီ႕ေခါင္းထဲ တိုးေဝွ႔လာသည္။ သို႔ေသာ္ အေျဖက တစ္ခုမွမရ။

မမေဝသည္ ဇာတ္ဝင္ခန္းတစ္ျဖတ္နားတုန္း ေမရီတို႔နားသို႔ ျပန္ေလွ်ာက္လာသည္။ မမေဝ၏ ေခြၽးေလးစို႔ေနေသာ မ်က္ႏွာကို လက္ကိုင္ပဝါျဖင့္ အသာအယာတို႔ေနပုံမွာ သိပ္ကိုလွရက္လြန္းသည္။

" မမေဝ ပင္ပန္းေနၿပီလား "

" မပင္ပန္းပါဘူး ေမရီရယ္။ မမေဝ သေဘာက်တဲ့အလုပ္ကို။လုပ္ေနရတာပဲကို "

" မမေဝက သိပ္လွတာပဲ "

မမေဝကို ႐ႊန္း႐ႊန္းစားစားၾကည့္ရင္း ေမရီ႕ႏႈတ္မွ လႊတ္ခနဲထြက္သြားသည္။ မမေဝက ၿပဳံးၿပဳံးေလးျပန္ၾကည့္ရင္းျဖင့္ ေမရီ႕ကိုစကားျပန္သည္။

" ေမရီကေတာ့ ေျမႇာက္စရာမရွိ ေျမႇာက္ေနျပန္ပါၿပီကြယ္ "

" အတည္ေျပာတာပါ မမရယ္ "

" ကဲပါ ဟုတ္ပါၿပီ "

" ဒါ့ထက္ မမေဝတို႔ ၿပီးဖို႔ ဘယ္ေလာက္လိုေသးလဲဟင္ "

" သိပ္မၾကာေတာ့ပါဘူး ႏွစ္ခန္းေလာက္တင္ပါ "

" ေမရီ ျပန္ႏွင့္လို႔ရလားဟင္ ေခါင္းထဲၿငီးစီစီျဖစ္ေနလို႔ "

" ေအးကြယ္ ျပန္ႏွင့္ေလ တစ္ေယာက္တည္း ျပန္လို႔ျဖစ္ရဲ႕လား ေထြးကိုထည့္လိုက္ရမလား "

" ရတယ္ မမေဝ ေမရီ ျပန္တတ္ပါတယ္ ဒါျဖင့္ ျပန္ႏွင့္မယ္ေနာ္ "

" ေအးေအး ဂ႐ုစိုက္သြားေနာ္ "

ေဝတို႔ ႐ိုက္ကြင္းအၿပီး ႐ြာထဲသို႔ ျပန္သည့္လမ္းတြင္ တစ္ေမွ်ာ္တစ္ေခၚ လယ္ကြင္းမ်ားကိုျဖတ္ရသည္။ လယ္ကြင္းကိုျဖတ္၍ တိုက္လာေသာ လတ္ဆတ္လန္းဆန္းသည့္ ေလႏုေအးကို တစ္ဝႀကီးရႉရႈိက္ကာ တစ္ေန႔တာအတြက္ အေမာမ်ားေျပရသည္။ လယ္ကြင္းေဘးတြင္ အရိပ္အမိုးႀကီးမားလွေသာ ကုကၠိဳပင္ႀကီးရွိသည္။ ေဝ ထိုအပင္ေဘးကျဖတ္သြားစဥ္ သီခ်င္းသံသဲ့သဲ့ ၾကားလိုက္ရသျဖင့္ ေျခလွမ္းတုံ႔သြားမိသည္။

" လွစ္မ်က္ႏွာ ျမင္စရာည္းရွိပါဘူးကြၽန္မထက္သာတာ ဒိျင္ဟာည္း ရွိၾကပါရဲ႕႐ုပ္ရွိတာကမွ တကယ္အပိုခရာယ္၊ ဘယ္လိုဟာကိုမွ ခ်စ္ၾကတာည္း အံ့ဩရွင္ .. "

အသံကို ၾကားကတည္းက ေမရီ မွန္း ေဝ တန္းသိလိုက္သည္။ ကေလးမ တစ္ေယာက္တည္း ျပန္ႏွင့္မယ္ေျပာၿပီး မျပန္ဘဲ သည္နားလာ သီခ်င္းဆိုေနရသလားဟု ေတြးပူသြားရျပန္သည္။ အင္းေပါ့ေလ သူ႔ခမ်ာလည္း ပ်င္းရွာေပမေပါ့။ ႐ိုက္ကြင္းအထိသာ လိုက္သာလာရေပမယ့္ မည္မည္ရရ လုပ္စရာ မရွိဘူးမဟုတ္လား။ ေဝ အသံမေပးဘဲ အကြယ္ကေန သီခ်င္းဆုံးေအာင္ နားေထာင္ေနလိုက္သည္။ သည္လိုက်ျပန္ေတာ့လည္း ေမရီက ေလဘာတီမျမရင္ရဲ႕ သီခ်င္းေတြကိုပါ အဆိုႏိုင္သားပဲ။

" ေထြးျပန္ႏွင့္ကြယ္ မမေဝ ေမရီ႕ကိုေစာင့္ေခၚခဲ့မယ္ "

" ဟုတ္ကဲ့ မမ "

ေဝလည္း ေထြးႏွင့္အဖြဲ႕သားမ်ားကိုျပန္ခိုင္းႏွင့္ကာ ေမရီ႕အသံကိုနားစြင့္လိုက္သည္။ ေမရီကေတာ့ ခပ္လွမ္းလွမ္းမွာရွိေနသည့္ ေဝတို႔အသံကိုၾကားပုံမေပၚ။ သူ႔သီခ်င္းကိုသာ သူအာ႐ုံစိုက္ေနပုံရသည္။

" စိမ့္ႀကီးၿမိဳင္ႀကီး ရိပ္ႀကီးကမ္းစြယ္၊ သာစည္ယ္င္တာကျမရင္၊ ၾကည့္မ္းပါဦး၊ ၿမိဳ႕ႀကီးသားရယ္လိုခ်င္လိုခ်င္ကိဳက္တဲ့န္ျင္၊ ေမးဦးယ္ရွင္မးင့္ယ္င္၊ ေလဘာတီတာသူျမရင္၊ ေမးဝံ့ေပါင္ရွင္
ဘာျစ္လို႔ခ်စ္တာတုန္းေတာ့၊ ေပၚေပၚင္င္ဘာျပဳလို႔ကိဳက္တာတုန္းေတာ့၊ ေပၚေပၚင္င္လိုခ်င္လို႔သာႀကံယ္လို႔ထင္ ရိပ္မိၿပီရွင္၊ ေတြးမိၿပီရွင္၊ ေလဘာတီတာသူျမရင္၊ ႀကံႀကံည္ည္တာသူျမရင္မးဝံ့ေပါင္ရွင္

သိႏိုင္ေပါင္ရွင္ကာသားေတြ ေျပာၾကတာက ေတာသူမျမရင္ ခ်စ္ခ်င္ယ္ဆိုေတာ့ အံ့ဩပါရဲ႕၊ ဘယ္နားမွာလဲ အိမ္ကိုေခၚသြားရွင္

တာသူကိုင္ ခ်စ္ယ္လို႔မင္၊ အဟုတ္တကယ္ဆိုင္၊ ဝမ္းသာရဲ႕ရွင္၊ သာစည္သူကိုင္ခ်စ္စရာရွိပါဘူးဒိျင္ဟာ ၾကည့္ပါဦး၊ ေမးပါေတာ့ စုံင္ခ်စ္ၾကမွာလားရွင္၊ ႀကိဳက္ၾကမွာလားရွင္၊ ေတာသူမ ျမရင္ "

သီခ်င္းသံဆုံးသြားခါမွ ေဝလည္း ေမရီရွိရာ ကုကၠိဳပင္ဘက္ျခမ္းကိုသြားလိုက္သည္။ ေမရီက ေဝ ေရာက္လာမည္ဟုမထင္၍ နာမည္ေခၚသံၾကားေတာ့ လန႔္သြားရွာသည္။

" ေမရီ "

" အေမ့! မမေဝရယ္ လန႔္လိုက္တာ အသံမေပး ဘာမေပးနဲ႔ "

ေဝ လည္း ခပ္ဖြဖြရယ္ကာ ေမရီ႕ေဘးနားရွိ ေျမျပင္ခပ္ေလွ်ာေလွ်ာတြင္ ဖိနပ္ကိုခု၍ ထိုင္လိုက္သည္။ ကြင္းေလတျဖဴးျဖဴးႏွင့္ ေအးျမလွပါဘိ။

" အိမ္ျပန္ႏွင့္မယ္ဆိုၿပီး မျပန္ေသးပါဘဲလား ေမရီ။ ႐ြာစိမ္းရပ္စိမ္းမွာ တစ္ေယာက္တည္းေနဖို႔ေတာ့ မသင့္ဘူးကြယ္ "

" ခဏရယ္ပါ မမေဝရယ္ ပူတတ္ရန္ေကာ။ ေလတျဖဴးျဖဴးနဲ႔ဆိုေတာ့ ခဏအေမာေျဖရင္း သီခ်င္းေလးညည္းေနမိတာ "

" ေမရီက ေလဘာတီမျမရင္ သီခ်င္းေတြလည္းရသားပဲေနာ္ "

" ဟုတ္တယ္ မမေဝ ေမရီ ဒီတစ္ခါ သင္ထားတာေလ။ ဘယ္မွာမွ ဆိုမရေတာ့ ဒီနားလာဆိုရတာေပါ့ မမရယ္ "

" ဒါနဲ႔ သီခ်င္းက ခ်စ္မွာလား ႀကိဳက္မွာလားဆိုေတာ့ ရည္းစားသနေတြမ်ား ရွိေနၿပီလား။ ေအးေလ ငါ့ညီမက အေခ်ာ အလွေလးဆိုေတာ့ ဝိုင္းဝိုင္းလည္ေနမွာပါ "

သည္တစ္ခါမွာေတာ့ ေမရီက ခ်က္ခ်င္းမေျဖ။ လယ္ကြင္းဘက္ကို ခပ္ေတြေတြေငးၿပီး ေဝ့ကို စိုက္ၾကည့္လာသည္။ ဒီတစ္ေခါက္ ေမရီ႕အၾကည့္ေတြက အဓိပၸါယ္မ်ားစြာပါဝင္ေနသျဖင့္ ေဝ ရွက္ေႏြးေႏြးျဖစ္သြားသည္။ ထို႔ေၾကာင့္ ေဝကစ၍ အၾကည့္လႊဲလိုက္ကာ အေပၚထပ္အက်ႌေလးကို ခပ္တင္းတင္းဆြဲေစ့လိုက္သည္။ ထိုအခါမွ ေမရီ႕ဆီက အသံထြက္လာသည္။

" မရွိေသးပါဘူး မမေဝ။ ‌ေမရီ႕ ရင္ထဲမွာ တစ္စုံတစ္ေယာက္ေတာ့ရွိပါရဲ႕ ဒါေပမယ့္ ခ်စ္တာဟုတ္ရဲ႕လားဆိုတာ မေသခ်ာေသးလို႔ ေမရီ စဥ္းစားေနတာပါ။ ေသခ်ာတဲ့တစ္ေန႔က် မမေဝကို ေမရီ ေျပာမယ္ေလ "

" ေအးကြယ္ ဟုတ္ပါၿပီ "

" ေမရီ႕ကိုခ်ည္းေမးေနတာ။ မမေဝေရာ ေမတၱာရွိရမယ့္သူ ေတြ႕ေနၿပီလား "

" ဟင့္အင္း မမေဝကေတာ့ အဲသည္ဟာေတြကို အပူရွာတယ္ပဲထင္တယ္။ ‌အဲလိုဆိုရင္‌လည္း ေျပာၾကမွာေပါ့ ဒါဟာ အခ်စ္ရဲ႕ေအးျမၾကည္ႏူးစရာကို မေတြ႕ေသးလို႔သာပါ ဆိုၿပီး။ ဒါေပသိ မမေဝ စိတ္ထဲမယ္ေတာ့ ေမတၱာရွိရမယ့္သူ မရွိပါဘူးကြယ္။ အလုပ္ရယ္ မိသားစုရယ္ပဲ အာ႐ုံရွိပါတယ္။ ဒီလိုနဲ႔ အပ်ိဳႀကီးပဲ လုပ္ျဖစ္ေတာ့မယ္ထင္ပါတယ္ ေမရီရယ္ "

" အဲသည္ေတာ့လည္း‌ ေကာင္းတာပဲမဟုတ္ဘူးလား မမေဝရယ္။ ေမရီ တို႔ အသက္ႀကီးသည္အထိ အတူတူေနၾကတာေပါ့။ ေမရီ သီခ်င္းေတြဆိုျပပါ့မယ္ "

" အမေလးကြယ္ ဟုတ္ပါၿပီ ကဲ ျပန္ၾကစို႔ရဲ႕ ေလတိုက္ထဲမွာအၾကာႀကီးေနၿပီး အေအးပတ္ေနဦးမယ္။ ေဆာင္းရာသီပဲရွိေသးေတာ့ ညေနေစာင္းေလ အေအးဓာတ္ပိုလာေလ ျဖစ္ေတာ့မွာ။ ၿပီးေတာ့ သူမ်ားရပ္႐ြာမွာ ညေနေစာင္းအထိ အျပင္မွာရွိဖို႔ မသင့္ဘူး ငါ့ညီမ "

" ဟုတ္ကဲ့ မမေဝ "

ေမရီတို႔ ႏွစ္ေယာက္ ႐ြာထဲသို႔ျပန္ေရာက္ေတာ့ ေထြးႏွင့္ မမၾကည္က ညစာစားဖို႔ပင္ ျပင္ၿပီးႏွင့္ၾကေလၿပီ။ ေမရီတို႔လည္း ေျခလက္မ်က္ႏွာေဆး အဝတ္အစားလဲ၍ ထမင္းဝိုင္းသို႔ ဝင္လိုက္ၾကသည္။ အညာထမင္းဝိုင္းက ေစတနာ ေမတၱာေတြႏွင့္ျပည့္ႏွက္ေနသည့္အျပင္ စားလို႔လည္း ၿမိန္ပါဘိ။

" စားေနာ္ မိန္းကေလးတို႔ အားမနာနဲ႔။ ဒါက အရီးပုတို႔အိမ္ကလာေပးတာ ဝက္သနီခ်က္။ ဒါေလးက ခ်ဥ္ရည္ဟင္းေတာ္ ဒါက မသိန္းတို႔အိမ္က ပို႔ေပးတဲ့ ပဲႏွပ္ေတာ္။ ဒါက .."

မမၾကည္၏ အဆုံးမရွိေသာ ဟင္းပြဲမ်ားကို ေရ႐ြတ္႐ုံျဖင့္ပင္ ေမရီတို႔ ဗိုက္ျပည့္လွၿပီ။ ဟိုတစ္ခြက္ သည္တစ္ခြက္ လာပို႔ေပးထားသည္ ႐ြာသူ႐ြာသားတို႔ကိုလည္း မျမင္ဖူးေပသိ ေမတၱာေရာက္ရပါသည္။

" အားနာစရာရွင္ ေဝ တို႔သိပ္မစားႏိုင္လွပါဘူး။ အဲတာေၾကာင့္ အပင္ပန္းမခံၾကပါနဲ႔လို႔။ အခုမ်ားေတာ့ ဘုန္းႀကီးပြဲထက္ေတာင္ မ်ားေသး မမၾကည္ရယ္ ပင္ပန္းေအာင္လို႔ "

" အို မဟုတ္တာ မေဝ တို႔ကိုခ်စ္ၾကလို႔ ေပးတာပါ။ တစ္ေယာက္တစ္ခြက္ကလည္း မပင္ပန္းပါဘူး မေဝရယ္။ စားပါ အားမနာပါနဲ႔ "

ေမရီတို႔ ထမင္းစားၿပီးေတာ့ အိမ္ေအာက္ရွိ တန္းလ်ားတြင္ ခဏထိုင္မိၾကသည္။ လေရာင္၏ ေအးျမမႈကို ခံစားကာ ထန္းညက္ေလးစား ေရေႏြးပူပူေလးေသာက္ရင္း အညာေဆာင္းကို ျဖတ္သန္းရသည္။ အိမ္နီးနားခ်င္းတစ္ခ်ိဳ႕က ထန္းပင္ျမစ္ဖုတ္လာေပး ေျပာင္းဖူးျပဳတ္လာေပးႏွင့္ စားစရာကလည္း မျပတ္ရပါ။ သူတို႔က ေရာက္တုန္းေရာက္ခိုက္ ေမရီတို႔နားက ကြပ္ပ်စ္ေပၚတြင္ ထိုင္ကာ ေမရီတို႔ႏွင့္အတူ စကားလက္ဆုံက်ေနၾကသည္။

" ဒီက မိန္းကေလးက အဆိုေတာ္ဆို "

" ဟုတ္ပါတယ္ အရီး "

" က်ဳပ္တို႔ကို သီခ်င္းကေလး မဆိုျပေတာ့ဘူးလားကြယ္။ က်ဳပ္တို႔မယ္ သီခ်င္းေတြဘာေတြလည္း နားေထာင္ရတာမဟုတ္။ ေလဒီယိုက တစ္႐ြာလုံးမွ တစ္လုံးရွိတာ "

" အဲ့တစ္လုံးေတာင္ ခပ္စုတ္စုတ္ေလ မိန္းကေလးရဲ႕ "

" က်ဳပ္တို႔လည္း ဂီတသံေလး ၾကားခ်င္စမ္းရဲ႕ေတာ္ "

" ဆိုျပပါ မိန္းကေလး "

" ဟုတ္သားပဲ ေမရီ မမေဝတို႔ကို ဆိုျပပါဦးလားကြယ္ "

အကုန္လုံးက ပြဲေတာင္းေနမွျဖင့္ ေမရီ ဆိုရေပဦးမည္။ ‌ေမရီကိုယ္တိုင္လည္း သေဘာက်ရသည့္ မင္းသမီးႀကီးေမရွင္၏ 'လဲ့လဲ့ဝင္း' သီခ်င္းကို ဆိုျပရန္ ေ႐ြးခ်ယ္လိုက္သည္။ အတီးမပါ အဆိုခ်ည္းသက္သက္မို႔ ေမရီ ပညာကုန္ျပႏိုင္သည့္ အခ်ိန္ပင္။

" မႈိင္းမႈန္ပာေဝ ... တိမ္ညိဳတိမ္န္းန္းတဲ့အေျခ၊ နံ႔သာ လႈိင္ေဝ ... စိမ့္ႀကီးၿမိဳင္ႀကီးန္းန္းေပ၊ မႈိင္းမႈန္ပာေဝ ... တိမ္ညိဳတိမ္န္းန္းတဲ့အေျခ၊ နံ႔သာ လႈိင္ေဝ ... စိမ့္ႀကီးၿမိဳင္ႀကီးန္းန္းေပ၊ စန္းေငြယုန္ သာပုံန္းလွတဲ့ အေျ

တိမ္ႀကိဳၾကားမွာ သြားကာပ်ာ္႐ႊင္ေပ .. တိမ္ႀကိဳၾကားမွာ သြားကာ မွိန္ျည္င္းေန၊ ခင့္ကိုေလ ေတြးရခက္ေအာင္လွာင္လို႔ ေျပာင္လို႔ ေနပင္ေသလား ယုန္ေငြ .. ေရ၊ တိမ္ႀကိဳၾကားမွာ သြားကာပ်ာ္႐ႊင္ေပ၊ တိမ္ႀကိဳၾကားမွာ သြားကာ မွိန္ျည္င္းေန၊ ခင့္ကိုေလ ေတြးရခက္ေအာင္လွာင္လို႔ ေျပာင္လို႔ တမင္ေတာ မ်ားလားေလ ....။

ခ်စ္တဲ့သူတြ႕ဖို႔အေျခ ခင္ေစိတ္ကူးေန၊ ေတာ္င္ၫြန္႔ဖူး ပ်ံ႕ျမဴးခဲ့လို႔ ညႇာတံ႐ႊည္ေဝ၊ လဲ့လဲ့ယ္င္းလို႔ေစႏၵာ ယုန္င္းေဟိုကြၽန္းည္ကြၽန္းင္ယြန္းကာေလ ခင့္ကိုယ္စား ရွာေခ် .."

သီခ်င္းဆုံးေသာအခါ ခုနကထက္ ပိုမ်ားေသာ လူမ်ားထံမွ လက္ခုပ္သံမ်ားကိုၾကားလိုက္ရသည္။ သီခ်င္းဆိုသံၾကား၍ ထြက္လာကာ လာနားေထာင္ၾကျခင္းျဖစ္ႏိုင္သည္။

" ေကာင္းလိုက္တဲ့အသံေတာ္ "

" မိန္းကေလးရယ္ က်ဳပ္ျဖင့္ ဒီတစ္သက္ ဒီေလာက္အသံေကာင္းတဲ့ဟာ တစ္ခါမွ မၾကားဖူးဘူး "

" ေတာ္လိုက္တာ "

အကုန္လုံးက ေမရီ႕ကို ခ်ီးက်ဴးေပးၾကသျဖင့္ ေမရီ ေပ်ာ္ရပါသည္။ မမေဝကလည္း ေမရီ႕ကို ၿပဳံး၍ၾကည့္ေနကာ ခ်ီးက်ဴးစကားဆိုသျဖင့္ ပို၍ပင္ ၾကည္ႏူးရသည္။ ဤညမွာ သီခ်င္းထဲကကဲ့သို႔ လဲ့လဲ့ဝင္းေသာ လေရာင္ေအာက္တြင္ သီခ်င္းဆိုၾက နားေထာင္ၾကရင္း ေမရီအဖို႔ မေမ့ႏိုင္စရာ အမွတ္တရညေလးျဖစ္ခဲ့ရေတာ့သည္...။

ေမႏိုင္း
၂၉.၇.၂၀၂၃

Continue Reading

You'll Also Like

1.6M 68.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
360K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...