သဂၤါသည္ အားနာစိတ္ တစ္ခုတည္းႏွင့္ ေဆးရံုမွာ ထိုင္ေစာင့္ေနရသည္။ညံ၏ ေဆြမ်ိဳးသားခ်င္းကို ဖုန္းဆက္ဖို႔ ေျပာၾကေတာ့ သဂၤါလည္း သ်ွား
ကိုသာ လွမ္းေခၚလိုက္၏။
သို႔ေပမဲ့...ေဆးရံုခန္းထဲေရာက္လာသူက
သ်ွားမဟုတ္ဘဲ ေရႊေရး ျဖစ္ေနခဲ့သည္။ေရႊေရးကို ျမင္လိုက္ရေတာ့ သဂၤါ့စိတ္ေတြလည္း
ကေယာက္ကယက္ႏွင့္။သူ႔တူသည္ သူ႔ကို
ေအးစက္စြာ တစ္ခ်က္ပင္ ၾကၫ့္ၿပီး ခုတင္ထက္
ေမ့ေမ်ာေနဆဲ ျဖစ္ေသာ ညံရိွရာဆီ ေလ်ွာက္သြားကာ
"သူေမ့ေနတာ ၾကာၿပီလား ဦးေလး"
ေရႊေရး၏ စကားတို႔က ယဉ္ေက်းမႈႏွင့္ အထက္စီး ဆန္မႈတို႔ ေရာယွက္ေနသည္။
"တစ္နာရီေလာက္ေတာ့ ရိွၿပီ။"
သဂၤါ ျပန္ေျဖၿပီးေနာက္ အခန္းထဲမွ ထြက္သြားဖို႔သာ ေတြးလိုက္သည္။ေဆးဖိုးေတြ က်သင့္
သေလာက္ ရွင္းေပးၿပီးသည္ႏွင့္ အိမ္ျပန္ဖို႔
ေတြးလိုက္ေပမဲ့
"သူ႔ကို ဦးေလး ထိုးထားတာလား"
သဂၤါမွာ ေရ႔ွဆက္သြားႏိုင္စြမ္း မရိွေတာ့။
ေျခစံု ရပ္မိၿပီး အေနာက္သို႔ လွၫ့္ၾကၫ့္သည္ႏွင့္
ေရႊေရးအၾကၫ့္တို႔ျဖင့္ ဆံုသည္။သူ႔တူသည္
ဘာခံစားခ်က္မွ မပါသလို ေနေနေပမဲ့ ေအးစက္မႈ မ်ားကို သဂၤါ ခံစားမိပါသည္။
"ဟုတ္တယ္။ငါတို႔ အေခ်အတင္ ျဖစ္ၾကလို႔"
"ေျမကိစၥလား"
သူ ဆိတ္ဆိတ္ေန၍ ဝန္ခံလိုက္သည္။ေရႊေရးက
နားလည္သြားသလို ေခါင္းတဆတ္ဆတ္
ညိတ္ရင္းမွ
"ညံက တစ္ကိုယ္ေကာင္း ဆန္တယ္ မဟုတ္လား။ဦးေလး သူ႔ကို အကူအညီ ေတာင္းေနလို႔
ဘယ္ေတာ့မွ ရမွာ မဟုတ္ဘူး။သူက သ်ွား
အားကိုးနဲ႔ အကုန္လံုးကို ဒုကၡေပးေနတာ"
ညံကို သူ႔ဘာသာ ျပန္လာေစခ်င္သၫ့္ ေရႊေရး၏
အေတြးကို သဂၤါ နားလည္လိုက္သည္။သ်ွား၏
တိုက္ခိုက္မႈေတြကို တတ္ႏိုင္သမ်ွ ကင္းေအာင္
လုပ္တာပင္ ျဖစ္မည္။
သဂၤါ ေရႊေရးကို မႏႈတ္ဆက္ေတာ့ဘဲ က်သၫ့္
ေဆးဖိုးခကို ေကာင္တာမွာ ရွင္းေပးကာ
ျပန္သြားလိုက္သည္။သူ အိမ္ကို ေရာက္ေတာ့မွ
သ်ွားက အိမ္ထဲကေန ခပ္သြက္သြက္ေျပးထြက္
လာၿပီး ၿခံစည္းရိုးေက်ာ္ကာ သဂၤါ့အနား
ေရာက္လာျပန္၏။ေနာက္ဆံုးေတြ့ခဲ့တုန္းက
ရန္ေတျြဖစ္၊ေအာ္ဟစ္ခဲ့တာေတြကို သဂၤါေရာ
သ်ွားပါ အမွတ္မရခဲ့
"ကြၽန္ေတာ္ အခုမွ ေဆးရံုသြားရမွာ။ညံ အဆင္ေျပရဲ့လား"
"အင္း။ေရႊေရး ေရာက္ေနတယ္"
"ဘယ္လို။အဲ့ေကာင္က ညံကို တစ္ခုခု လုပ္ရင္
ဘယ္လို လုပ္မလဲ"
သဂၤါ ေျဖခ်င္စိတ္မရိွေတာ့။ဆိုဖာေပၚ ပစ္စလတ္ခတ္ ထိုင္ခ်လိုက္ၿပီး ထိုင္ခံုေနာက္မွီကို မွီကာ မ်က္လံုးမိွတ္လို႔ အနားယူမိသည္။
အိမ္ေလးထဲ တိတ္ဆိတ္မႈက ရုတ္တရက္ ႀကီးစိုး
သြားသည္။ခ်က္ခ်င္းပင္ သ်ွား၏ အိမ္ကို
ေမႊေနွာက္ေနေသာ အသံကို ထပ္ၾကားရ၏။
သဂၤါ မ်က္လံုးဖြင့္ၾကၫ့္ေတာ့ ေဆးသတၲာႏွင့္
အနားေရာက္လာသၫ့္ သ်ွားက သူ႔အနား
ေစြ့ခနဲ ဝင္ထိုင္ၿပီး
"ျပဦး"
ဆြဲယူခံလိုက္ရေသာ သဂၤါ့ ေမးဖ်ားေလးသည္
သ်ွား လက္ေခ်ာင္းမ်ား၏ ခ်ဳပ္ေနွာင္ျခင္းကို
ခံလိုက္ရသည္။ဆြဲလိုက္တာ အားပါသည္မို႔
သူ ခပ္တိုးတိုး ေအာ္ညည္းမိသြားေတာ့ စိုးရိမ္စိတ္
ျပၫ့္သၫ့္ အၾကၫ့္ႏွင့္ ၾကၫ့္လာေသာ သ်ွား။
"Sorry.ကြၽန္ေတာ္ ေဆးလိမ္းေပးမယ္"
"ရတယ္။ငါ..."
သ်ွားက ေဆးရည္ကို သူ႔လက္ညိုးထိပ္ဆီ
ၫွစ္ထၫ့္ကာ သဂၤါ့ ႏႈတ္ခမ္းေထာင့္ကို
ဖိလိမ္းလာ၏။အေနာက္သို႔ ယို႔ကာ ေရွာင္ေန
မိေသာ သဂၤါသည္ ရြံစရာတစ္ခုခုႏွင့္ အတို႔ခံေန
ရသၫ့္ အလားပင္။စိတ္မရွည္ေတာ့ေသာ သ်ွားက စုတ္သပ္လိုက္ၿပီး သဂၤါ့ လည္ဂုတ္ကို
ကိုင္ကာ သူ႔မ်က္ႏွာေရ႔ွထိေရာက္ေအာင္
ေဆာင့္ဆြဲလိုက္သည္။ရုတ္တရက္မို႔ သဂၤါလည္း
သ်ွား ဆြဲသၫ့္အတိုင္း ပါလာရၿပီး အေရ႔ွမွ
တဇြတ္ထိုး ေကာင္ကိုသာ မ်က္လံုးအဝိုင္းသားႏွင့္ ၾကၫ့္ေနမိေတာ့၏။ဘာလို႔ဆို သ်ွား ဆြဲလိုက္
တုန္းက သူ လန႔္သြားတာေၾကာင့္ပင္။
သ်ွားစုတ္ကေတာ့ ဒဏ္ရာကို ေဆးထၫ့္ဖို႔သာ
အာရံုရိွေနၿပီး သဂၤါ ဘာျဖစ္ေနလဲ မသိ။
မစပ္ေအာင္ ေလႏွင့္ ခပ္ဖြဖြမႈတ္ေပးေတာ့
သဂၤါ့ မ်က္ႏွာတစ္ခုလံုး ရဲစက္လာေတာ့သည္။
သူက အခု သူ႔ထက္အမ်ားႀကီးငယ္တဲ့ ေကာင္ေလး တစ္ေယာက္ဆီကေန ကေလးလို ဆက္ဆံ
ခံေနရတာ မဟုတ္လား။
"ရ...ရၿပီ"
သ်ွားက ဦးသဂၤါ့ လည္ပင္းကို လႊတ္ေပးဖို႔
အခုမွ သတိရသည္။ဦးသဂၤါ၏ ဂုတ္မွဆံပင္ေမြး
ပုစိေလးမ်ားက သ်ွား လက္ေခ်ာင္းကို
လာစူးေနတာေရာ၊လည္ပင္းသား၏ ႏူးညံ့
ေခ်ာေမြ့မႈကိုေရာ...ခ်က္ခ်င္း သတိထားမိ
သြားၿပီး သတိလက္လြတ္ ျဖစ္ေန၏။
ၿပီးေတာ့ လိမ္းေဆးေၾကာင့္ စိုလဲ့ေနသၫ့္
ႏႈတ္ခမ္းေထာင့္ေလး။ေရႊေရာင္ကိုင္းႏွင့္
ေလးေထာင့္မ်က္မွန္သည္ ဦသဂၤါ၏ မ်က္ႏွာ
ေဖြးေဖြးေလးေပၚမွ ပနံသင့္ေနသည္။ဆံပင္ေတြ
လွန္တင္ထားတာမို႔ ရွင္းသန႔္ေသာ အသြင္အျပင္ကိုပါ သ်ွားျမင္ေနရၿပီး သူ႔စိတ္အစံကို သူ
မပိုင္ေတာ့သလိုပင္။
ဦးသဂၤါ၏ မ်က္ႏွာကို အေရးႀကီးေသာ သခ်ၤာ
ပုစၧာတစ္ခုလို ဂရုတစိုက္ႏွင့္ အာရံုစိုက္ၾကည့္
ေနမိေတာ့ သူ႔ႏွလံုးသားသည္ အဆက္မျပတ္
ျမန္ဆန္စြာ ခုန္ေပါက္လာသည္။
ခက္ေခ်ၿပီ။
"အဟမ္း။မင္း ေဆးရံု သြားမွာဆို သြားေတာ့ေလ"
သ်ွားလည္း ရွက္ရွက္ႏွင့္ ေခါင္းေတြအတင္း
ညိတ္ျပၿပီး ေဆးေသတၲာေတာင္ မသိမ္းေတာ့ဘဲ
ထြက္သြားဖို႔ လုပ္မိၿပီးမွ တစ္ခုခုကို သတိရ
သြားကာ
"ဦးသဂၤါ"
"ဟင္"
"ေျမကိစၥ ဘာမွ မပူနဲ႔ေတာ့။ကြၽန္ေတာ္ လုပ္လိုက္
မယ္"
ထိုသို႔ေျပာၿပီး ေကာင္ေလးသည္ သူ႔အား
ထားခဲ့ေတာ့၏။သ်ွား ထြက္သြားၿပီဆိုသည္ႏွင့္ သဂၤါသည္လည္း တစ္ေလ်ွာက္လံုး
တည္ၾကည္သလို ဟန္ေဆာင္ထားရသမ်ွကို
သက္ျပင္းခ်ကာ ေျဖေလ်ာ့မိသည္။
ေမာဟိုက္ေနသၫ့္ ရင္ဘတ္ကို ဖိမိရင္း သူ႔အေတြးေတြက မေရမရာ။
ဘာျဖစ္တာပါလိမ့္။ထို မ်က္ဝန္းေတြနဲ႔ အၾကၫ့္
ခံရ တာေလးတင္ကို သဂၤါက ဘာလို႔မ်ား
ေရနည္းငါးတစ္ေကာင္လို ပင္ပန္းသြားရတာလဲ။
______________________
ကားပါကင္ထိုးၿပီး သူဝယ္လာသၫ့္ အသီးထုပ္ကို လွမ္းယူလိုက္သည္။ညံစားဖို႔ မနက္စာပါ
ဝယ္လာတာ ျဖစ္ကာ ဘာစားခ်င္မွန္းမသိတာႏွင့္
လူနာစာ အကုန္ဝယ္လာတာပင္။ထို႔ေၾကာင့္
သဂၤါ့မွာ အိတ္ေတြ အမ်ားႀကီး ဆြဲရေတာ့သည္။
ေဆးရံုခန္းတံခါးကိုဖြင့္လိုက္ေတာ့ အခန္းထဲမွာ
တစ္ေယာက္မွမရိွ။ညံ သတိရၿပီး သန႔္စင္ခန္းထဲ
ဝင္သြားသလားဟုေတြးကာ သဂၤါ ထိုင္ေစာင့္
ေနလိုက္သည္။သို႔ေပမဲ့ ဘယ္ေလာက္ေစာင့္ေစာင့္၊ညံက ထြက္မလာ။
သန႔္စင္ခန္းထဲမွ ေရက်သံေတာင္ မၾကားတာမို႔
တံခါးေခါက္ဖို႔ ျပင္ေနတုန္းမွာပင္ အခန္းထဲ
ဝင္လာသၫ့္ သူနာျပဳ ဆရာမေလးက
"ဒီအခန္းက လူနာရဲ့ မိတ္ေဆြလား မသိဘူးရွင့္"
"ဟုတ္ပါတယ္။သူ ဘယ္သြားလဲ"
သူနာျပဳ ဆရာမေလးသည္ စိုးရိမ္စိတ္ျပၫ့္ေနေသာ မ်က္ႏွာႏွင့္ သဂၤါ့အနားသို႔ ခပ္ျမန္ျမန္
ေလ်ွာက္လာသည္။
"ဒီက လူနာက မနက္ကတည္းက ေပ်ာက္ေန
လို႔ရွင္။ကြၽန္မတို႔ ရွင့္ကို ဖုန္းဆက္ပါေသးတယ္။
ရွင္က မကိုင္ဘူး"
သူနာျပဳဆရာမေျပာမွ သဂၤါလည္း ဖုန္းကို
ထုတ္ၾကၫ့္မိ၏။Missed call ေတြ ရဲေနေသာ
Call list ကို ျမင္လိုက္ရၿပီး သူလည္း အထိတ္ထိတ္ အပ်ာပ်ာ ျဖစ္သြားရသည္။
"ဒါဆို သူ ဘယ္အခ်ိန္ကတည္းက ေပ်ာက္ေန
တာလဲ"
"ဆရာေတြ Duty ခ်ိန္းတဲ့အခ်ိန္မွာပါ။ကြၽန္မတို႔
ေဆးရံုရဲ့ CCTV ကို စစ္ၾကၫ့္ၿပီးၿပီ။ရွင္
လာၾကၫ့္ေပးပါဦး။သူ ဘယ္ကို သြားႏိုင္လဲ
သိေလာက္မယ္ ထင္တာပဲ"
တစ္ကယ္ေတာ့ သဂၤါက ညံႏွင့္ ရင္းႏွီးတာမဟုတ္။ဘယ္အရပ္မ်က္ႏွာကိုပဲ ညံထြက္သြား
ပါေစ၊ထိုသူ ဘယ္သြားမယ္မွန္း သူ မသိပါ။
ဒါေပမဲ့ တာဝန္ရိွသူက သူပဲမို႔ သူနာျပဳေနာက္
လိုက္သြားၿပီး CCTVကို စစ္ၾကၫ့္လိုက္သည္။
ဖန္သားျပင္ထဲတြင္ ယိုင္နဲ႔စြာ လမ္းေလ်ွာက္ေနေသာ ညံ၏ ပံုရိပ္ကား ပါးလ်စြာ။ေလတိုက္လ်ွင္
လဲေတာ့မၫ့္လူလို၊အားနည္းစိတ္ပ်က္ျခင္းေတြကို ေက်ာျပင္ေပၚမွာ ေရးထားသလားပင္ ထင္ရသည္။ကားပါကင္ ရိွရာဆီ တစ္လမ္းျခင္း
ေလ်ွာက္သြားၿပီး ေဆးရံုပရဝဏ္ေက်ာ္သည္အထိ ညံတစ္ေယာက္တည္းသာ။
သ်ွားကို ဖုန္းေခၚၿပီး ေဆးရံုလာခဲ့ဖို႔ေျပာရင္း
သူလည္း ဆရာဝန္ေတြႏွင့္ ေျဖရွင္းစရာရိွတာ
ေျဖရွင္းေနရသည္။နာရီဝက္ေလာက္ ၾကာခ်ိန္
မွာေတာ့ သ်ွားထြဋ္မာန္ေရာက္လာၿပီး သူက
CCTV ကို ၾကၫ့္ကာ အားမလိုအားမရ စုတ္သပ္၏။
ဖုန္းကိုထုတ္လို႔ ညံအား ဖုန္းေခၚေတာ့ မထင္မွတ္
ထားစြာပင္ ညံက ဖုန္းကိုင္သည္။
"ညံ!ခ်ီးလိုပဲ။မင္း ဘာေတြ လုပ္ေနတာလဲ"
"..."
"ေဟ့ေကာင္။မိုးထက္ညံ အစုတ္ပလုတ္ေကာင္!
ငါေျပာေနတာ ၾကားလား!"
သ်ွားသည္ ေဆးရံုခန္းဆိုေသာ အသိမရိွေတာ့။
ေဒါသႏွင့္ ေအာ္ႀကီးဟစ္က်ယ္ လုပ္ဖို႔သာ
သိေတာ့သည္။
"သ်ွား။ငါ အဆင္ေျပတယ္"
ေဖ်ာ့ေတာ့ေနေသာ ညံ၏အသံသည္ အဆင္
မေျပတာ အထင္အရွားပင္။
"မိုးထက္ညံ။ေစာက္ရူးလုပ္မေနဘဲ အခုျပန္လာခဲ့။မင္း အခု ဘယ္မွာလဲ။ငါလာေခၚမယ္"
"ငါ..."
ညံ စကားဆံုေအာင္ မေျပာလိုက္ရဘဲ ခ်က္ခ်င္း
ဆိုသလို သူစိမ္းေယာက္်ားတစ္ေယာက္၏ အသံက အစားထိုး ဝင္ေရာက္လာၿပီး
"သူ အဆင္ေျပတယ္ သ်ွား။သူ အခု ငါနဲ႔ရိွေနတယ္"
ေရႊေရး၏ အသံဆိုတာ သိေတာ့ ေဒါသႏွင့္ သ်ွား၏ မ်က္ဝန္းမ်ား ျပဴးက်ယ္သြားသည္။
ေမးရိုးမ်ား တင္းသြားသည္အထိ အံႀကိတ္ရင္း
တစ္လံုးျခင္း ဆိုလာသၫ့္ သ်ွားက...
"မင္း...ဘာလုပ္တာလဲ ေရႊေရးေနာင္!"
တစ္ဖက္လူကလည္း ေအးစက္စြာပင္
"ဘာလုပ္ရမွာလဲ။မင္းက ညံကို ေသခ်ာဂရုမစိုက္
ႏိုင္လို႔ ငါဝင္ပါရတာေလ။"
"မင္းပါးစပ္ကို ပိတ္ထား ေရႊေရး။ညံကို
အခုခ်က္ခ်င္း ျပန္လႊတ္ေပး။မဟုတ္ရင္ မင္းကို
အသက္ရွင္ခြင့္မေပးဘူး"
"ငါသိပါတယ္။မင္းက ငါ့ကို ပစ္ဖို႔ မင္းအစ္ကိုႀကီး ညၪ့္ဘုန္းယံနဲ႔ ေပါင္းၿပီး က်ည္ေတြ
ျဖၫ့္ေနတယ္ဆိုတာ။"
"..."
"ငါက အဆံုးအရႈံးေတြရိွမွာ သိပ္မုန္းတာ သ်ွားရ။
အပ်က္အဆီးေလး နည္းနည္းရိွတာနဲ႔ ေခါင္းစား
ရတယ္ေလ။အဲ့တာေၾကာင့္မို႔လို႔ ဘာမွမထိခိုက္ခင္ ဒီနည္းသံုးလိုက္ရတာ။စိတ္မပူပါနဲ႔...ငါ
ေျမအေရာင္းစာခ်ဳပ္ကို မင္းတို႔ဆီ ပို႔ေပးမွာပါ။"
လက္မွ အေၾကာမ်ားေထာင္သည္အထိ လက္သီးကို တင္းေနေအာင္ ဆုပ္ထားေသာ သ်ွားက
ဒီနားမွာ ေရႊေရးသာ ရပ္ေနရင္ တစ္စစီ
ဆုတ္ၿဖဲပစ္မွာ ေသခ်ာ၏။
"ေျမေပးလိုက္လို႔ ငါက မင္းကို လႊတ္ေပးမယ္
ထင္ေနတာလား ေရႊေရး။"
"ရပါတယ္။မင္းေၾကာင့္ ပင္ပန္းရလည္း
ငါတစ္ေယာက္တည္းမွ မဟုတ္တာ။မင္းအဲ့လို
လိုက္လုပ္ေနရင္ ညံကငါ့အရိပ္လို လိုက္ေနရမွာမို႔
ငါ့လိုပဲ သူလည္း စိတ္ေရာ လူေရာ ပင္ပန္းရမွာ။"
သ်ွားကို ညံႏွင့္ သြယ္ဝိုက္ၿခိမ္းေျခာက္လိုက္ျခင္းပင္။သူသာ ဆက္တိုက္ခိုက္ေနမည္ဆို ေရႊေရး
ကလည္း သူ႔လက္ခုပ္ထဲက ညံကို စိတ္ေျဖရာ
တစ္ခုအေနႏွင့္ ရန္ျပဳေတာ့မွာ သ်ွား သတိကပ္
မိလိုက္၏။အခုေတာ့ သူ ဘာမွ မတတ္ႏိုင္
ေတာ့ဘဲ အေသေကာင္လို ငိုင္ေနမိသည္။
ဖုန္းမခ်ခင္ ေရႊေရးသည္ ေအာင္ႏိုင္သူလို
ေလသံႏွင့္ ေျပာသြားသည္က
"ေျမကိုယူၿပီး ေအးေဆးေနလိုက္ေတာ့သ်ွား။
ဒီလိုဆက္ဆံေရးနဲ႔အဆံုးသတ္ရလို႔ စိတ္မေကာင္း
ပါဘူး"
ဖုန္းက်သြားသည္ႏွင့္ သ်ွားသည္ ေတာက္ေခါက္ကာ
"ေတာက္!!ဒီေကာင္ သတ္ပစ္တာပဲ ေကာင္းတယ္!!!"
ေဆးရံုခန္းထဲမွ ဝုန္းဒိုင္းႀကဲကာ သ်ွား
ထြက္သြားေတာ့ သဂၤါ့မွာ ဆရာဝန္ေတြကို
အားနာစြာ ေတာင္းပန္ရင္း သ်ွားေနာက္
ေျပးလိုက္ရ၏။ေဆးရံုလမ္းတစ္ေလ်ွာက္က
လူေတြကလည္း အပူသည္လို ျဖစ္ေနသၫ့္
သူတို႔ကို ကြက္ၾကၫ့္ကြက္ၾကၫ့္။
သ်ွား၏ ကားတံခါးပိတ္သံသည္ က်ယ္ေလာင္စြာ
ထြက္ေပၚလာသည္။ကားစက္ႏိႈးသံႏွင့္အၿပိဳင္
သူ႔ကားေရ႔ွ လာပိတ္ရပ္သၫ့္ ဦးသဂၤါ။သ်ွား
စိတ္ထဲ ေရႊေရးေနာင္ကို ေဒါသထြက္ကာ
သတ္ပစ္ခ်င္ေနတာပဲသိတာမို႔ လာတားသၫ့္
ဦးသဂၤါကိုပါ ေရာၿပီး အျမင္မၾကည္ေတာ့ေပ။
"ဖယ္ဗ်ာ။ေသခ်င္လို႔လား!!"
"မင္း ဘယ္သြားမို႔လို႔လဲ"
ကားမွန္ေတြ မခ်ထားတာမို႔ ဦးသဂၤါ ေအာ္သံကို
သ်ွား အတိုင္းသား ၾကားေနရသည္။ထို စိုးရိမ္
ေနသၫ့္ အသံတို႔သၫ့္ သူ႔တူကို သ်ွား တစ္ခုခု
သြားလုပ္မွာ စိုးေနဟန္။
ေကာင္းသည္။သိပ္ေကာင္းသည္။တစ္ေလ်ွာက္လံုး ၿငိမ္ေနခဲ့ၿပီး သူ႔အမ်ိဳးထိေတာ့ သိပ္နာ
တယ္ေပါ့။
"ခင္ဗ်ားတူကို သြားသတ္မို႔လို႔။ရၿပီလား!!"
"သ်ွားထြဋ္မာန္။ငါ အေကာင္းေျပာေနတာ။
ကားေပၚက ဆင္းခဲ့!"
သဂၤါ့စကားအတိုင္းပင္ သ်ွားသည္ ကားေပၚမွ
ဆင္းလာသည္။သို႔ေပမဲ့ ဝုန္းဒိုင္းက်ဲကာ
ဆင္းလာတာ ျဖစ္ၿပီး ကားကိုပတ္လို႔ သဂၤါ့ထံ
ေဒါသတႀကီး ေလ်ွာက္လာေတာ့၏။
"သ်ွား...အ!"
သူ႔ စကားမဆံုးခင္မွာပင္ သဂၤါ့ အက်ႌေကာ္လံစကို ေဆာင့္ဆြဲလိုက္သၫ့္ သ်ွား။လူသတ္ခ်င္သၫ့္ အရိပ္အေယာင္ေတြ ျပၫ့္ေနေသာ
ထိုမ်က္ဝန္းေတြက ရဲစက္လို႔ေနၿပီး
"ကြၽန္ေတာ့္ကို ၿငိမ္ေနေစခ်င္ၿပီ မဟုတ္လား?"
"သ်ွား..."
"ခင္ဗ်ားသိပ္လိုခ်င္ေနတဲ့ ေျမကြက္ႀကီးလည္း
ရသြားၿပီ၊ခင္ဗ်ားတူကလည္း စိတ္ေက်နပ္
သြားၿပီ။အဆင္ေျပေနၿပီ မဟုတ္လား ဦးသဂၤါ။
ကြၽန္ေတာ္ ကူညီပါမယ္ ေျပာေနတာေတာင္
လူတစ္ေယာက္ဘဝကို အလဲအထပ္ လုပ္လိုက္
ရမွ ေပ်ာ္မွာလား။ဟမ္!!!!ေပ်ာ္မွာလားလို႔!!!"
"သ်ွား။မင္း လက္ကိုလႊတ္!!"
ေကာ္လံစေပၚက သ်ွားလက္ေတြကို သူဆြဲျဖဳတ္ဖို႔ လုပ္မိေတာ့ သ်ွားသည္ ကားေရ႔ွဖံုးေပၚ
သဂၤါ့အား ဖိတင္ပစ္သည္။ေက်ာျပင္ႏွင့္
သတၴုထည္၏ ရိုက္ခတ္သံက က်ယ္ေလာင္စြာ
ထြက္ေပၚလာၿပီးေနာက္ ေဆးရံု၏ ဝန္ထမ္း
မ်ားက သ်ွားကို သဂၤါ့ကိုယ္ေပၚမွေန
အတင္းဆြဲခြာၾကသည္။
သို႔ေပမဲ့ လူႏွစ္ေယာက္ေလာက္ ဝိုင္းဆြဲေနတာေတာင္ သ်ွားက သဂၤါ အသက္ရႉက်ပ္သည္အထိ
ဖိထားႏိုင္ဆဲ၊သူ႔ ေကာ္လံစကို ဆြဲဆုပ္ထား
ႏိုင္ဆဲပင္။
"ခင္ဗ်ားက တစ္ကိုယ္ေကာင္းသမားပဲ
ဦးသဂၤါ။ဘယ္ေတာ့မွ အစစ္အမွန္ေတြနဲ႔ထိုက္တန္လာမွာ မဟုတ္ဘူး။"
ထိုစကားသည္ သဂၤါ့ ဘယ္ဘက္ရင္အံုမွေန
ျမႇားတစ္စင္းလို ထုတ္ခ်င္းေပါက္ ထိုးထြက္
သြားခဲ့သည္။သူ႔အေပၚမွ ဖယ္ခြာသြားေသာ
သ်ွားကိုယ္ႀကီး မရိွေတာ့တာေတာင္ တစ္ကိုယ္လံုး ေလးလံေနဆဲပင္။
"အစစ္အမွန္ေတြနဲ႔ မထိုက္တန္ဘူး..."
အဲ့တာေၾကာင့္ သဂၤါ့အနားမွာ ဘယ္သူမွ
မရိွေနတာ မ်ားလား။
______________________
"သတင္းေကာင္းကေတာ့ Project 1ျပန္လည္
စတင္လို႔ ရပါၿပီ"
သဂၤါ့စကားအဆံုးမွာ လက္ခုပ္သံမ်ား ညံစီ
သြားခဲ့သည္။အားလံုးက ဝမ္းသာပီတိျဖစ္ေန
ၾကေပမဲ့ သ်ွားႏွင့္ ညၪ့္ဘုန္းယံကေတာ့ သဂၤါ
ပစ္ခ်လိုက္သၫ့္ ေျမစာခ်ဳပ္ကိုသာ ၾကၫ့္လ်ွက္။
အစည္းအေဝးၿပီးသည္ႏွင့္ အားလံုးက သဂၤါ့ကို
ႏႈတ္ဆက္သည္။အခုေတာ့ သဂၤါ ေတာ္ေၾကာင္း
ခ်ီးမြန္းလာၾကၿပီ ျဖစ္ၿပီး၊ယံုၾကည္ထားခဲ့
ပါသည္ဟုပင္ လိမ္ၾကေသး၏။သ်ွားေျပာသလို
အစစ္အမွန္ တစ္ေယာက္မွ မပါေပ။
သ်ွားႏွင့္ ညၪ့္ဘုန္းယံသည္ အခန္းထဲ ေနာက္ဆံုး
က်န္ခဲ့သည္။ညၪ့္ဘုန္းယံက အေပါက္ဝမွာ
ရပ္ေနဆဲ ျဖစ္ေသာ သဂၤါ့ဆီ ေလ်ွာက္လာၿပီး
လက္ကမ္းလို႔ ႏႈတ္ဆက္ကာ
"Project အတြက္ ဝမ္းသာပါတယ္ ဦးသဂၤါ။
တစ္ကယ္ဆို ပိုေကာင္းတဲ့ အစီအစဉ္ေတြ
ကြၽန္ေတာ္တို႔ ခ်ထားၿပီးသားဗ်။အခုေတာ့
သံုးစရာ မလိုေတာ့ဘူးေပါ့"
အေနရခက္မႈကို ဖံုးကြယ္ရင္း သဂၤါ သ်ွားကိုပါ
ၾကၫ့္မိသြားသည္။သူတို႔ အစီအစဉ္ ဆိုတာသည္
ေရႊေရး၏ စီးပြားေရးလုပ္ငန္းမ်ားကို ကိုင္လႈပ္ၿပီး
ၿခိမ္းေျခာက္မွာ ျဖစ္တာ သဂၤါ သိၿပီးျဖစ္သည္။
ေရႊေရးက ေငြမဲဘက္ပါ နယ္စံုတာမို႔ သ်ွားတို႔
ၿခိမ္းေျခာက္ခ်င္လ်ွင္ သိပ္မခက္ခဲေပ။ဒါကို
ေရႊေရး သိသြားလို႔လည္း ၄တို႔ထက္
ေျခတစ္လွမ္း အေစာဦးသြားတာ ျဖစ္၏။
လူငယ္ေတြပီပီ ႀကိတ္မႏိုင္ ခဲမရ ျဖစ္ေနၾကပံုပင္။ညၪ့္ဘုန္းယံကပါ သဂၤါ့ကို ခနဲ႔တဲ့တဲ့
လာေျပာေနတာပင္ ၾကၫ့္ေတာ့။
"ဒါဆို သြားလိုက္ပါဦးမယ္။ဦးသဂၤါလည္း
အနားယူလိုက္ပါဦး"
သူ႔ပုခံုးကို ပုတ္ကာ ထြက္သြားသၫ့္ ညၪ့္ဘုန္းယံသည္ ၾကားဖူးနားဝ သတင္းမ်ားလို မေလးမစား
သိပ္လုပ္တတ္သၫ့္ လူငယ္ပင္။
သဂၤါ ထိုအရာေတြေပၚ စိတ္မရိွႏိုင္ဘဲ ထိုင္ေနဆဲ
သ်ွားကိုသာ လွမ္းၾကၫ့္မိသည္။ေရႊေရးကို
ကာကြယ္ခ်င္လို႔ မဟုတ္ဘဲ သ်ွားကို ထိခိုက္မွာ
စိုးလို႔ သူတားခဲ့သည္ဆိုတာ ရွင္းျပခ်င္သည္။
သူ႔တူေၾကာင့္ သ်ွား ထိခိုက္မွာကို မလိုခ်င္ေပ။
စိတ္ရိွတိုင္း ဝုန္းဒိုင္းက်ဲရန္သြားျဖစ္လ်ွင္
ေရႊေရးအသားကိုေတာင္ ထိႏိုင္စရာအေၾကာင္း
မရိွ။
သူစိတ္ပူတယ္ဆိုတာကို သ်ွား ယံုမွာ မဟုတ္သလို၊သူလည္း ေျပာဖို႔ အစရွာမရခဲ့။သူ႔အနားကို သ်ွားေရာက္လာသည္ အထိ သဂၤါသည္ အေနရခက္စြာ ရပ္ေနမိခဲ့သည္။
"ညံနဲ႔ အဆက္အသြယ္ မရေတာ့ဘူး"
ပထမဆံုး သ်ွား ဘက္က ထြက္လာသၫ့္
စကား။သဂၤါ့ကို စိတ္ပ်က္လို႔ မၾကၫ့္ခ်င္သလို
မ်က္ႏွာလႊဲထားရင္း ေျပာလာသည္မို႔ စိုးရိမ္စြာ ေမာ့ၾကၫ့္မိေသာ သူ႔မ်က္ႏွာကို သ်ွား
မျမင္လိုက္ေခ်။
"ညံ တစ္ခုခုျဖစ္ရင္ ... ဦးသဂၤါ..."
"..."
"ခင္ဗ်ားက တရားခံပဲ"
___________________________
သင်္ဂါသည် အားနာစိတ် တစ်ခုတည်းနှင့် ဆေးရုံမှာ ထိုင်စောင့်နေရသည်။ညံ၏ ဆွေမျိုးသားချင်းကို ဖုန်းဆက်ဖို့ ပြောကြတော့ သင်္ဂါလည်း သျှား
ကိုသာ လှမ်းခေါ်လိုက်၏။
သို့ပေမဲ့...ဆေးရုံခန်းထဲရောက်လာသူက
သျှားမဟုတ်ဘဲ ရွှေရေး ဖြစ်နေခဲ့သည်။ရွှေရေးကို မြင်လိုက်ရတော့ သင်္ဂါ့စိတ်တွေလည်း
ကယောက်ကယက်နှင့်။သူ့တူသည် သူ့ကို
အေးစက်စွာ တစ်ချက်ပင် ကြည့်ပြီး ခုတင်ထက်
မေ့မျောနေဆဲ ဖြစ်သော ညံရှိရာဆီ လျှောက်သွားကာ
"သူမေ့နေတာ ကြာပြီလား ဦးလေး"
ရွှေရေး၏ စကားတို့က ယဉ်ကျေးမှုနှင့် အထက်စီး ဆန်မှုတို့ ရောယှက်နေသည်။
"တစ်နာရီလောက်တော့ ရှိပြီ။"
သင်္ဂါ ပြန်ဖြေပြီးနောက် အခန်းထဲမှ ထွက်သွားဖို့သာ တွေးလိုက်သည်။ဆေးဖိုးတွေ ကျသင့်
သလောက် ရှင်းပေးပြီးသည်နှင့် အိမ်ပြန်ဖို့
တွေးလိုက်ပေမဲ့
"သူ့ကို ဦးလေး ထိုးထားတာလား"
သင်္ဂါမှာ ရှေ့ဆက်သွားနိုင်စွမ်း မရှိတော့။
ခြေစုံ ရပ်မိပြီး အနောက်သို့ လှည့်ကြည့်သည်နှင့်
ရွှေရေးအကြည့်တို့ဖြင့် ဆုံသည်။သူ့တူသည်
ဘာခံစားချက်မှ မပါသလို နေနေပေမဲ့ အေးစက်မှု များကို သင်္ဂါ ခံစားမိပါသည်။
"ဟုတ်တယ်။ငါတို့ အချေအတင် ဖြစ်ကြလို့"
"မြေကိစ္စလား"
သူ ဆိတ်ဆိတ်နေ၍ ဝန်ခံလိုက်သည်။ရွှေရေးက
နားလည်သွားသလို ခေါင်းတဆတ်ဆတ်
ညိတ်ရင်းမှ
"ညံက တစ်ကိုယ်ကောင်း ဆန်တယ် မဟုတ်လား။ဦးလေး သူ့ကို အကူအညီ တောင်းနေလို့
ဘယ်တော့မှ ရမှာ မဟုတ်ဘူး။သူက သျှား
အားကိုးနဲ့ အကုန်လုံးကို ဒုက္ခပေးနေတာ"
ညံကို သူ့ဘာသာ ပြန်လာစေချင်သည့် ရွှေရေး၏
အတွေးကို သင်္ဂါ နားလည်လိုက်သည်။သျှား၏
တိုက်ခိုက်မှုတွေကို တတ်နိုင်သမျှ ကင်းအောင်
လုပ်တာပင် ဖြစ်မည်။
သင်္ဂါ ရွှေရေးကို မနှုတ်ဆက်တော့ဘဲ ကျသည့်
ဆေးဖိုးခကို ကောင်တာမှာ ရှင်းပေးကာ
ပြန်သွားလိုက်သည်။သူ အိမ်ကို ရောက်တော့မှ
သျှားက အိမ်ထဲကနေ ခပ်သွက်သွက်ပြေးထွက်
လာပြီး ခြံစည်းရိုးကျော်ကာ သင်္ဂါ့အနား
ရောက်လာပြန်၏။နောက်ဆုံးတွေ့ခဲ့တုန်းက
ရန်တွေဖြစ်၊အော်ဟစ်ခဲ့တာတွေကို သင်္ဂါရော
သျှားပါ အမှတ်မရခဲ့
"ကျွန်တော် အခုမှ ဆေးရုံသွားရမှာ။ညံ အဆင်ပြေရဲ့လား"
"အင်း။ရွှေရေး ရောက်နေတယ်"
"ဘယ်လို။အဲ့ကောင်က ညံကို တစ်ခုခု လုပ်ရင်
ဘယ်လို လုပ်မလဲ"
သင်္ဂါ ဖြေချင်စိတ်မရှိတော့။ဆိုဖာပေါ် ပစ်စလတ်ခတ် ထိုင်ချလိုက်ပြီး ထိုင်ခုံနောက်မှီကို မှီကာ မျက်လုံးမှိတ်လို့ အနားယူမိသည်။
အိမ်လေးထဲ တိတ်ဆိတ်မှုက ရုတ်တရက် ကြီးစိုး
သွားသည်။ချက်ချင်းပင် သျှား၏ အိမ်ကို
မွှေနှောက်နေသော အသံကို ထပ်ကြားရ၏။
သင်္ဂါ မျက်လုံးဖွင့်ကြည့်တော့ ဆေးသတ္တာနှင့်
အနားရောက်လာသည့် သျှားက သူ့အနား
စွေ့ခနဲ ဝင်ထိုင်ပြီး
"ပြဦး"
ဆွဲယူခံလိုက်ရသော သင်္ဂါ့ မေးဖျားလေးသည်
သျှား လက်ချောင်းများ၏ ချုပ်နှောင်ခြင်းကို
ခံလိုက်ရသည်။ဆွဲလိုက်တာ အားပါသည်မို့
သူ ခပ်တိုးတိုး အော်ညည်းမိသွားတော့ စိုးရိမ်စိတ်
ပြည့်သည့် အကြည့်နှင့် ကြည့်လာသော သျှား။
"Sorry.ကျွန်တော် ဆေးလိမ်းပေးမယ်"
"ရတယ်။ငါ..."
သျှားက ဆေးရည်ကို သူ့လက်ညိုးထိပ်ဆီ
ညှစ်ထည့်ကာ သင်္ဂါ့ နှုတ်ခမ်းထောင့်ကို
ဖိလိမ်းလာ၏။အနောက်သို့ ယို့ကာ ရှောင်နေ
မိသော သင်္ဂါသည် ရွံစရာတစ်ခုခုနှင့် အတို့ခံနေ
ရသည့် အလားပင်။စိတ်မရှည်တော့သော သျှားက စုတ်သပ်လိုက်ပြီး သင်္ဂါ့ လည်ဂုတ်ကို
ကိုင်ကာ သူ့မျက်နှာရှေ့ထိရောက်အောင်
ဆောင့်ဆွဲလိုက်သည်။ရုတ်တရက်မို့ သင်္ဂါလည်း
သျှား ဆွဲသည့်အတိုင်း ပါလာရပြီး အရှေ့မှ
တဇွတ်ထိုး ကောင်ကိုသာ မျက်လုံးအဝိုင်းသားနှင့် ကြည့်နေမိတော့၏။ဘာလို့ဆို သျှား ဆွဲလိုက်
တုန်းက သူ လန့်သွားတာကြောင့်ပင်။
သျှားစုတ်ကတော့ ဒဏ်ရာကို ဆေးထည့်ဖို့သာ
အာရုံရှိနေပြီး သင်္ဂါ ဘာဖြစ်နေလဲ မသိ။
မစပ်အောင် လေနှင့် ခပ်ဖွဖွမှုတ်ပေးတော့
သင်္ဂါ့ မျက်နှာတစ်ခုလုံး ရဲစက်လာတော့သည်။
သူက အခု သူ့ထက်အများကြီးငယ်တဲ့ ကောင်လေး တစ်ယောက်ဆီကနေ ကလေးလို ဆက်ဆံ
ခံနေရတာ မဟုတ်လား။
"ရ...ရပြီ"
သျှားက ဦးသင်္ဂါ့ လည်ပင်းကို လွှတ်ပေးဖို့
အခုမှ သတိရသည်။ဦးသင်္ဂါ၏ ဂုတ်မှဆံပင်မွေး
ပုစိလေးများက သျှား လက်ချောင်းကို
လာစူးနေတာရော၊လည်ပင်းသား၏ နူးညံ့
ချောမွေ့မှုကိုရော...ချက်ချင်း သတိထားမိ
သွားပြီး သတိလက်လွတ် ဖြစ်နေ၏။
ပြီးတော့ လိမ်းဆေးကြောင့် စိုလဲ့နေသည့်
နှုတ်ခမ်းထောင့်လေး။ရွှေရောင်ကိုင်းနှင့်
လေးထောင့်မျက်မှန်သည် ဦသင်္ဂါ၏ မျက်နှာ
ဖွေးဖွေးလေးပေါ်မှ ပနံသင့်နေသည်။ဆံပင်တွေ
လှန်တင်ထားတာမို့ ရှင်းသန့်သော အသွင်အပြင်ကိုပါ သျှားမြင်နေရပြီး သူ့စိတ်အစံကို သူ
မပိုင်တော့သလိုပင်။
ဦးသင်္ဂါ၏ မျက်နှာကို အရေးကြီးသော သင်္ချာ
ပုစ္ဆာတစ်ခုလို ဂရုတစိုက်နှင့် အာရုံစိုက်ကြည့်
နေမိတော့ သူ့နှလုံးသားသည် အဆက်မပြတ်
မြန်ဆန်စွာ ခုန်ပေါက်လာသည်။
ခက်ချေပြီ။
"အဟမ်း။မင်း ဆေးရုံ သွားမှာဆို သွားတော့လေ"
သျှားလည်း ရှက်ရှက်နှင့် ခေါင်းတွေအတင်း
ညိတ်ပြပြီး ဆေးသေတ္တာတောင် မသိမ်းတော့ဘဲ
ထွက်သွားဖို့ လုပ်မိပြီးမှ တစ်ခုခုကို သတိရ
သွားကာ
"ဦးသင်္ဂါ"
"ဟင်"
"မြေကိစ္စ ဘာမှ မပူနဲ့တော့။ကျွန်တော် လုပ်လိုက်
မယ်"
ထိုသို့ပြောပြီး ကောင်လေးသည် သူ့အား
ထားခဲ့တော့၏။သျှား ထွက်သွားပြီဆိုသည်နှင့် သင်္ဂါသည်လည်း တစ်လျှောက်လုံး
တည်ကြည်သလို ဟန်ဆောင်ထားရသမျှကို
သက်ပြင်းချကာ ဖြေလျော့မိသည်။
မောဟိုက်နေသည့် ရင်ဘတ်ကို ဖိမိရင်း သူ့အတွေးတွေက မရေမရာ။
ဘာဖြစ်တာပါလိမ့်။ထို မျက်ဝန်းတွေနဲ့ အကြည့်
ခံရ တာလေးတင်ကို သင်္ဂါက ဘာလို့များ
ရေနည်းငါးတစ်ကောင်လို ပင်ပန်းသွားရတာလဲ။
______________________
ကားပါကင်ထိုးပြီး သူဝယ်လာသည့် အသီးထုပ်ကို လှမ်းယူလိုက်သည်။ညံစားဖို့ မနက်စာပါ
ဝယ်လာတာ ဖြစ်ကာ ဘာစားချင်မှန်းမသိတာနှင့်
လူနာစာ အကုန်ဝယ်လာတာပင်။ထို့ကြောင့်
သင်္ဂါ့မှာ အိတ်တွေ အများကြီး ဆွဲရတော့သည်။
ဆေးရုံခန်းတံခါးကိုဖွင့်လိုက်တော့ အခန်းထဲမှာ
တစ်ယောက်မှမရှိ။ညံ သတိရပြီး သန့်စင်ခန်းထဲ
ဝင်သွားသလားဟုတွေးကာ သင်္ဂါ ထိုင်စောင့်
နေလိုက်သည်။သို့ပေမဲ့ ဘယ်လောက်စောင့်စောင့်၊ညံက ထွက်မလာ။
သန့်စင်ခန်းထဲမှ ရေကျသံတောင် မကြားတာမို့
တံခါးခေါက်ဖို့ ပြင်နေတုန်းမှာပင် အခန်းထဲ
ဝင်လာသည့် သူနာပြု ဆရာမလေးက
"ဒီအခန်းက လူနာရဲ့ မိတ်ဆွေလား မသိဘူးရှင့်"
"ဟုတ်ပါတယ်။သူ ဘယ်သွားလဲ"
သူနာပြု ဆရာမလေးသည် စိုးရိမ်စိတ်ပြည့်နေသော မျက်နှာနှင့် သင်္ဂါ့အနားသို့ ခပ်မြန်မြန်
လျှောက်လာသည်။
"ဒီက လူနာက မနက်ကတည်းက ပျောက်နေ
လို့ရှင်။ကျွန်မတို့ ရှင့်ကို ဖုန်းဆက်ပါသေးတယ်။
ရှင်က မကိုင်ဘူး"
သူနာပြုဆရာမပြောမှ သင်္ဂါလည်း ဖုန်းကို
ထုတ်ကြည့်မိ၏။Missed call တွေ ရဲနေသော
Call list ကို မြင်လိုက်ရပြီး သူလည်း အထိတ်ထိတ် အပျာပျာ ဖြစ်သွားရသည်။
"ဒါဆို သူ ဘယ်အချိန်ကတည်းက ပျောက်နေ
တာလဲ"
"ဆရာတွေ Duty ချိန်းတဲ့အချိန်မှာပါ။ကျွန်မတို့
ဆေးရုံရဲ့ CCTV ကို စစ်ကြည့်ပြီးပြီ။ရှင်
လာကြည့်ပေးပါဦး။သူ ဘယ်ကို သွားနိုင်လဲ
သိလောက်မယ် ထင်တာပဲ"
တစ်ကယ်တော့ သင်္ဂါက ညံနှင့် ရင်းနှီးတာမဟုတ်။ဘယ်အရပ်မျက်နှာကိုပဲ ညံထွက်သွား
ပါစေ၊ထိုသူ ဘယ်သွားမယ်မှန်း သူ မသိပါ။
ဒါပေမဲ့ တာဝန်ရှိသူက သူပဲမို့ သူနာပြုနောက်
လိုက်သွားပြီး CCTVကို စစ်ကြည့်လိုက်သည်။
ဖန်သားပြင်ထဲတွင် ယိုင်နဲ့စွာ လမ်းလျှောက်နေသော ညံ၏ ပုံရိပ်ကား ပါးလျစွာ။လေတိုက်လျှင်
လဲတော့မည့်လူလို၊အားနည်းစိတ်ပျက်ခြင်းတွေကို ကျောပြင်ပေါ်မှာ ရေးထားသလားပင် ထင်ရသည်။ကားပါကင် ရှိရာဆီ တစ်လမ်းခြင်း
လျှောက်သွားပြီး ဆေးရုံပရဝဏ်ကျော်သည်အထိ ညံတစ်ယောက်တည်းသာ။
သျှားကို ဖုန်းခေါ်ပြီး ဆေးရုံလာခဲ့ဖို့ပြောရင်း
သူလည်း ဆရာဝန်တွေနှင့် ဖြေရှင်းစရာရှိတာ
ဖြေရှင်းနေရသည်။နာရီဝက်လောက် ကြာချိန်
မှာတော့ သျှားထွဋ်မာန်ရောက်လာပြီး သူက
CCTV ကို ကြည့်ကာ အားမလိုအားမရ စုတ်သပ်၏။
ဖုန်းကိုထုတ်လို့ ညံအား ဖုန်းခေါ်တော့ မထင်မှတ်
ထားစွာပင် ညံက ဖုန်းကိုင်သည်။
"ညံ!ချီးလိုပဲ။မင်း ဘာတွေ လုပ်နေတာလဲ"
"..."
"ဟေ့ကောင်။မိုးထက်ညံ အစုတ်ပလုတ်ကောင်!
ငါပြောနေတာ ကြားလား!"
သျှားသည် ဆေးရုံခန်းဆိုသော အသိမရှိတော့။
ဒေါသနှင့် အော်ကြီးဟစ်ကျယ် လုပ်ဖို့သာ
သိတော့သည်။
"သျှား။ငါ အဆင်ပြေတယ်"
ဖျော့တော့နေသော ညံ၏အသံသည် အဆင်
မပြေတာ အထင်အရှားပင်။
"မိုးထက်ညံ။စောက်ရူးလုပ်မနေဘဲ အခုပြန်လာခဲ့။မင်း အခု ဘယ်မှာလဲ။ငါလာခေါ်မယ်"
"ငါ..."
ညံ စကားဆုံအောင် မပြောလိုက်ရဘဲ ချက်ချင်း
ဆိုသလို သူစိမ်းယောက်ျားတစ်ယောက်၏ အသံက အစားထိုး ဝင်ရောက်လာပြီး
"သူ အဆင်ပြေတယ် သျှား။သူ အခု ငါနဲ့ရှိနေတယ်"
ရွှေရေး၏ အသံဆိုတာ သိတော့ ဒေါသနှင့် သျှား၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
မေးရိုးများ တင်းသွားသည်အထိ အံကြိတ်ရင်း
တစ်လုံးခြင်း ဆိုလာသည့် သျှားက...
"မင်း...ဘာလုပ်တာလဲ ရွှေရေးနောင်!"
တစ်ဖက်လူကလည်း အေးစက်စွာပင်
"ဘာလုပ်ရမှာလဲ။မင်းက ညံကို သေချာဂရုမစိုက်
နိုင်လို့ ငါဝင်ပါရတာလေ။"
"မင်းပါးစပ်ကို ပိတ်ထား ရွှေရေး။ညံကို
အခုချက်ချင်း ပြန်လွှတ်ပေး။မဟုတ်ရင် မင်းကို
အသက်ရှင်ခွင့်မပေးဘူး"
"ငါသိပါတယ်။မင်းက ငါ့ကို ပစ်ဖို့ မင်းအစ်ကိုကြီး ညဉ့်ဘုန်းယံနဲ့ ပေါင်းပြီး ကျည်တွေ
ဖြည့်နေတယ်ဆိုတာ။"
"..."
"ငါက အဆုံးအရှုံးတွေရှိမှာ သိပ်မုန်းတာ သျှားရ။
အပျက်အဆီးလေး နည်းနည်းရှိတာနဲ့ ခေါင်းစား
ရတယ်လေ။အဲ့တာကြောင့်မို့လို့ ဘာမှမထိခိုက်ခင် ဒီနည်းသုံးလိုက်ရတာ။စိတ်မပူပါနဲ့...ငါ
မြေအရောင်းစာချုပ်ကို မင်းတို့ဆီ ပို့ပေးမှာပါ။"
လက်မှ အကြောများထောင်သည်အထိ လက်သီးကို တင်းနေအောင် ဆုပ်ထားသော သျှားက
ဒီနားမှာ ရွှေရေးသာ ရပ်နေရင် တစ်စစီ
ဆုတ်ဖြဲပစ်မှာ သေချာ၏။
"မြေပေးလိုက်လို့ ငါက မင်းကို လွှတ်ပေးမယ်
ထင်နေတာလား ရွှေရေး။"
"ရပါတယ်။မင်းကြောင့် ပင်ပန်းရလည်း
ငါတစ်ယောက်တည်းမှ မဟုတ်တာ။မင်းအဲ့လို
လိုက်လုပ်နေရင် ညံကငါ့အရိပ်လို လိုက်နေရမှာမို့
ငါ့လိုပဲ သူလည်း စိတ်ရော လူရော ပင်ပန်းရမှာ။"
သျှားကို ညံနှင့် သွယ်ဝိုက်ခြိမ်းခြောက်လိုက်ခြင်းပင်။သူသာ ဆက်တိုက်ခိုက်နေမည်ဆို ရွှေရေး
ကလည်း သူ့လက်ခုပ်ထဲက ညံကို စိတ်ဖြေရာ
တစ်ခုအနေနှင့် ရန်ပြုတော့မှာ သျှား သတိကပ်
မိလိုက်၏။အခုတော့ သူ ဘာမှ မတတ်နိုင်
တော့ဘဲ အသေကောင်လို ငိုင်နေမိသည်။
ဖုန်းမချခင် ရွှေရေးသည် အောင်နိုင်သူလို
လေသံနှင့် ပြောသွားသည်က
"မြေကိုယူပြီး အေးဆေးနေလိုက်တော့သျှား။
ဒီလိုဆက်ဆံရေးနဲ့အဆုံးသတ်ရလို့ စိတ်မကောင်း
ပါဘူး"
ဖုန်းကျသွားသည်နှင့် သျှားသည် တောက်ခေါက်ကာ
"တောက်!!ဒီကောင် သတ်ပစ်တာပဲ ကောင်းတယ်!!!"
ဆေးရုံခန်းထဲမှ ဝုန်းဒိုင်းကြဲကာ သျှား
ထွက်သွားတော့ သင်္ဂါ့မှာ ဆရာဝန်တွေကို
အားနာစွာ တောင်းပန်ရင်း သျှားနောက်
ပြေးလိုက်ရ၏။ဆေးရုံလမ်းတစ်လျှောက်က
လူတွေကလည်း အပူသည်လို ဖြစ်နေသည့်
သူတို့ကို ကွက်ကြည့်ကွက်ကြည့်။
သျှား၏ ကားတံခါးပိတ်သံသည် ကျယ်လောင်စွာ
ထွက်ပေါ်လာသည်။ကားစက်နှိုးသံနှင့်အပြိုင်
သူ့ကားရှေ့ လာပိတ်ရပ်သည့် ဦးသင်္ဂါ။သျှား
စိတ်ထဲ ရွှေရေးနောင်ကို ဒေါသထွက်ကာ
သတ်ပစ်ချင်နေတာပဲသိတာမို့ လာတားသည့်
ဦးသင်္ဂါကိုပါ ရောပြီး အမြင်မကြည်တော့ပေ။
"ဖယ်ဗျာ။သေချင်လို့လား!!"
"မင်း ဘယ်သွားမို့လို့လဲ"
ကားမှန်တွေ မချထားတာမို့ ဦးသင်္ဂါ အော်သံကို
သျှား အတိုင်းသား ကြားနေရသည်။ထို စိုးရိမ်
နေသည့် အသံတို့သည့် သူ့တူကို သျှား တစ်ခုခု
သွားလုပ်မှာ စိုးနေဟန်။
ကောင်းသည်။သိပ်ကောင်းသည်။တစ်လျှောက်လုံး ငြိမ်နေခဲ့ပြီး သူ့အမျိုးထိတော့ သိပ်နာ
တယ်ပေါ့။
"ခင်ဗျားတူကို သွားသတ်မို့လို့။ရပြီလား!!"
"သျှားထွဋ်မာန်။ငါ အကောင်းပြောနေတာ။
ကားပေါ်က ဆင်းခဲ့!"
သင်္ဂါ့စကားအတိုင်းပင် သျှားသည် ကားပေါ်မှ
ဆင်းလာသည်။သို့ပေမဲ့ ဝုန်းဒိုင်းကျဲကာ
ဆင်းလာတာ ဖြစ်ပြီး ကားကိုပတ်လို့ သင်္ဂါ့ထံ
ဒေါသတကြီး လျှောက်လာတော့၏။
"သျှား...အ!"
သူ့ စကားမဆုံးခင်မှာပင် သင်္ဂါ့ အင်္ကျီကော်လံစကို ဆောင့်ဆွဲလိုက်သည့် သျှား။လူသတ်ချင်သည့် အရိပ်အယောင်တွေ ပြည့်နေသော
ထိုမျက်ဝန်းတွေက ရဲစက်လို့နေပြီး
"ကျွန်တော့်ကို ငြိမ်နေစေချင်ပြီ မဟုတ်လား?"
"သျှား..."
"ခင်ဗျားသိပ်လိုချင်နေတဲ့ မြေကွက်ကြီးလည်း
ရသွားပြီ၊ခင်ဗျားတူကလည်း စိတ်ကျေနပ်
သွားပြီ။အဆင်ပြေနေပြီ မဟုတ်လား ဦးသင်္ဂါ။
ကျွန်တော် ကူညီပါမယ် ပြောနေတာတောင်
လူတစ်ယောက်ဘဝကို အလဲအထပ် လုပ်လိုက်
ရမှ ပျော်မှာလား။ဟမ်!!!!ပျော်မှာလားလို့!!!"
"သျှား။မင်း လက်ကိုလွှတ်!!"
ကော်လံစပေါ်က သျှားလက်တွေကို သူဆွဲဖြုတ်ဖို့ လုပ်မိတော့ သျှားသည် ကားရှေ့ဖုံးပေါ်
သင်္ဂါ့အား ဖိတင်ပစ်သည်။ကျောပြင်နှင့်
သတ္ထုထည်၏ ရိုက်ခတ်သံက ကျယ်လောင်စွာ
ထွက်ပေါ်လာပြီးနောက် ဆေးရုံ၏ ဝန်ထမ်း
များက သျှားကို သင်္ဂါ့ကိုယ်ပေါ်မှနေ
အတင်းဆွဲခွာကြသည်။
သို့ပေမဲ့ လူနှစ်ယောက်လောက် ဝိုင်းဆွဲနေတာတောင် သျှားက သင်္ဂါ အသက်ရှူကျပ်သည်အထိ
ဖိထားနိုင်ဆဲ၊သူ့ ကော်လံစကို ဆွဲဆုပ်ထား
နိုင်ဆဲပင်။
"ခင်ဗျားက တစ်ကိုယ်ကောင်းသမားပဲ
ဦးသင်္ဂါ။ဘယ်တော့မှ အစစ်အမှန်တွေနဲ့ထိုက်တန်လာမှာ မဟုတ်ဘူး။"
ထိုစကားသည် သင်္ဂါ့ ဘယ်ဘက်ရင်အုံမှနေ
မြှားတစ်စင်းလို ထုတ်ချင်းပေါက် ထိုးထွက်
သွားခဲ့သည်။သူ့အပေါ်မှ ဖယ်ခွာသွားသော
သျှားကိုယ်ကြီး မရှိတော့တာတောင် တစ်ကိုယ်လုံး လေးလံနေဆဲပင်။
"အစစ်အမှန်တွေနဲ့ မထိုက်တန်ဘူး..."
အဲ့တာကြောင့် သင်္ဂါ့အနားမှာ ဘယ်သူမှ
မရှိနေတာ များလား။
______________________
"သတင်းကောင်းကတော့ Project 1ပြန်လည်
စတင်လို့ ရပါပြီ"
သင်္ဂါ့စကားအဆုံးမှာ လက်ခုပ်သံများ ညံစီ
သွားခဲ့သည်။အားလုံးက ဝမ်းသာပီတိဖြစ်နေ
ကြပေမဲ့ သျှားနှင့် ညဉ့်ဘုန်းယံကတော့ သင်္ဂါ
ပစ်ချလိုက်သည့် မြေစာချုပ်ကိုသာ ကြည့်လျှက်။
အစည်းအဝေးပြီးသည်နှင့် အားလုံးက သင်္ဂါ့ကို
နှုတ်ဆက်သည်။အခုတော့ သင်္ဂါ တော်ကြောင်း
ချီးမွန်းလာကြပြီ ဖြစ်ပြီး၊ယုံကြည်ထားခဲ့
ပါသည်ဟုပင် လိမ်ကြသေး၏။သျှားပြောသလို
အစစ်အမှန် တစ်ယောက်မှ မပါပေ။
သျှားနှင့် ညဉ့်ဘုန်းယံသည် အခန်းထဲ နောက်ဆုံး
ကျန်ခဲ့သည်။ညဉ့်ဘုန်းယံက အပေါက်ဝမှာ
ရပ်နေဆဲ ဖြစ်သော သင်္ဂါ့ဆီ လျှောက်လာပြီး
လက်ကမ်းလို့ နှုတ်ဆက်ကာ
"Project အတွက် ဝမ်းသာပါတယ် ဦးသင်္ဂါ။
တစ်ကယ်ဆို ပိုကောင်းတဲ့ အစီအစဉ်တွေ
ကျွန်တော်တို့ ချထားပြီးသားဗျ။အခုတော့
သုံးစရာ မလိုတော့ဘူးပေါ့"
အနေရခက်မှုကို ဖုံးကွယ်ရင်း သင်္ဂါ သျှားကိုပါ
ကြည့်မိသွားသည်။သူတို့ အစီအစဉ် ဆိုတာသည်
ရွှေရေး၏ စီးပွားရေးလုပ်ငန်းများကို ကိုင်လှုပ်ပြီး
ခြိမ်းခြောက်မှာ ဖြစ်တာ သင်္ဂါ သိပြီးဖြစ်သည်။
ရွှေရေးက ငွေမဲဘက်ပါ နယ်စုံတာမို့ သျှားတို့
ခြိမ်းခြောက်ချင်လျှင် သိပ်မခက်ခဲပေ။ဒါကို
ရွှေရေး သိသွားလို့လည်း ၎င်းတို့ထက်
ခြေတစ်လှမ်း အစောဦးသွားတာ ဖြစ်၏။
လူငယ်တွေပီပီ ကြိတ်မနိုင် ခဲမရ ဖြစ်နေကြပုံပင်။ညဉ့်ဘုန်းယံကပါ သင်္ဂါ့ကို ခနဲ့တဲ့တဲ့
လာပြောနေတာပင် ကြည့်တော့။
"ဒါဆို သွားလိုက်ပါဦးမယ်။ဦးသင်္ဂါလည်း
အနားယူလိုက်ပါဦး"
သူ့ပုခုံးကို ပုတ်ကာ ထွက်သွားသည့် ညဉ့်ဘုန်းယံသည် ကြားဖူးနားဝ သတင်းများလို မလေးမစား
သိပ်လုပ်တတ်သည့် လူငယ်ပင်။
သင်္ဂါ ထိုအရာတွေပေါ် စိတ်မရှိနိုင်ဘဲ ထိုင်နေဆဲ
သျှားကိုသာ လှမ်းကြည့်မိသည်။ရွှေရေးကို
ကာကွယ်ချင်လို့ မဟုတ်ဘဲ သျှားကို ထိခိုက်မှာ
စိုးလို့ သူတားခဲ့သည်ဆိုတာ ရှင်းပြချင်သည်။
သူ့တူကြောင့် သျှား ထိခိုက်မှာကို မလိုချင်ပေ။
စိတ်ရှိတိုင်း ဝုန်းဒိုင်းကျဲရန်သွားဖြစ်လျှင်
ရွှေရေးအသားကိုတောင် ထိနိုင်စရာအကြောင်း
မရှိ။
သူစိတ်ပူတယ်ဆိုတာကို သျှား ယုံမှာ မဟုတ်သလို၊သူလည်း ပြောဖို့ အစရှာမရခဲ့။သူ့အနားကို သျှားရောက်လာသည် အထိ သင်္ဂါသည် အနေရခက်စွာ ရပ်နေမိခဲ့သည်။
"ညံနဲ့ အဆက်အသွယ် မရတော့ဘူး"
ပထမဆုံး သျှား ဘက်က ထွက်လာသည့်
စကား။သင်္ဂါ့ကို စိတ်ပျက်လို့ မကြည့်ချင်သလို
မျက်နှာလွှဲထားရင်း ပြောလာသည်မို့ စိုးရိမ်စွာ မော့ကြည့်မိသော သူ့မျက်နှာကို သျှား
မမြင်လိုက်ချေ။
"ညံ တစ်ခုခုဖြစ်ရင် ... ဦးသင်္ဂါ..."
"..."
"ခင်ဗျားက တရားခံပဲ"
___________________________