"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက...

By callmefrangi

2.6M 210K 52.5K

"ကိုကို့ စိတ်အနာတွေဟာ ရရကြောင့်များ သက်သာခဲ့မယ် ဆိုရင် ကိုကို့အနာဂတ်မှာ ပန်းတွေ ဝေစေပြီး ရရ အနာဂတ်မှာ ပန်းတွေ... More

"Welcome Back"
အခန်း- ၁
အခန်း- ၂
အခန်း- ၃
အခန်း- ၄
အခန်း- ၅
အခန်း- ၆
အခန်း- ၇
အခန်း- ၈
အခန်း- ၉
အခန်း- ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
PLEASE READ IT
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၂
အခန်း - ၄၃
PLEASE 🥺
အခန်း - ၄၄
အခန်း - ၄၅
ဇာတ်သိမ်းပိုင်း
အချပ်ပို ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Announcement
"Book Order Alert"

အခန်း - ၄၁

43.9K 3.4K 477
By callmefrangi

UNICODE

လေးနှစ်ခန့် ကြာပြီးနောက်...။

၆ နာရီ ဒေါင်ဆိုတာနဲ့ အကျင့်ပါနေတဲ့ မျက်ဝန်းတွေက ဖျတ်ခနဲ ပွင့်လာတယ်။ ဘေးကို ငဲ့ကြည့်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ကိုကို့မျက်နှာက ပကတိ ကြည်မွေ့နေပါတယ်။ အိပ်ရာနိုးချိန်မှာ လုပ်နေကျအတိုင်း ကိုကို့မေးဖျားလေးကို အနမ်းဖွဖွ တင်ပြီးနောက် တီးတိုး ရေရွတ်မိတာက...

"ကိုကို့ကို ချစ်တယ်"

ကုတင်ပေါ် ဝေ့ကြည့်လိုက်တော့ ရရ မျက်နှာ ပြုံးယောင်သန်းလာတယ်။ ညဦးပိုင်းမှာ ဘယ်လောက်ပဲ ရင်ခွင်ထဲ ထားသိပ်၊ ထားသိပ်၊ တစ်ညလုံး ဘယ်လောက်ပဲ ပြန်ရွှေ့ပေး၊ ရွှေ့ပေး၊ မိုးလင်းလာရင် မောင်နှမနှစ်ယောက်လုံး ကုတင်ခြေရင်း ရောက်နေတတ်ပါတယ်။ အပြုံးနဲ့ ခေါင်းခါယမ်းရင်း ကုတင်ပေါ်က ဖြည်းဖြည်းလေး ဆင်းလာမိတယ်။

အရုပ်လေးတွေနဲ့ တူနေတဲ့ သားနဲ့သမီးဘေးမှာ ခြေစုံရပ်လျက် နဖူးပြင်ဝင်းဝင်းလေးတွေဆီ မနက်ခင်း အနမ်းလေး ပေးပြီးတာနဲ့ ရရ တစ်နေ့တာကို စတင်ဖို့ လုပ်ရပါတယ်။ အိပ်မောကျနေတဲ့ အသည်းအသက်လေးတွေ မကြားမှန်း သိတာတောင် ပြောနေကြအတိုင်း တိုးတိုးလေး ရေရွတ်မိသွားတယ်။

"ဖေက ချစ်တယ်နော်"

ပြောပြီးတာနဲ့ တစ်ကိုယ်ရေ ရယ်မိပြန်တယ်။ ဒီလို ပြောတာကို မကြားကြလို့သာပေါ့။ ကြားများ ကြားသွားကြရင်...

"ညဲကို ရှစ်တာရား၊ ညက်ကို ရှစ်တာရား၊ ပေရီးကို ရှစ်တာရား၊ တစ်ထုထုကို ရေး" လို့

ရရ ဖြေရခက်စေမဲ့ စကားလုံးတွေ မေးပြီး သားဖသုံးယောက် သူ့ပိုချစ်တာ၊ ငါ့ပိုချစ်တာနဲ့ စကားနိုင်လုပြီး စိတ်ကောက်ကြအုံးမှာ အသေအချာ။

"ရရလေး"

အခန်းပြင် ထွက်လာတာနဲ့ မမမြနဲ့ တန်းဆုံတယ်။

"ဗျာ"

"အိပ်ပါဆိုကွယ်၊ အစောကြီး ရှိသေးတာကို၊ ချက်ဖို့ပြုတ်ဖို့တွေ မမြ အဆင်သင့် လုပ်ပေးထားမှာပေါ့ မောင်လေးရယ်၊ အိပ်ရေးဝမှ ထချက်လဲ ရရဲ့သားနဲ့၊ မနေ့ကလဲ ပွဲအတွက် ပန်းသွားပြင်ပေးရတာ ပင်ပန်းထားတယ် မဟုတ်လား"

"ရပါတယ် မမရဲ့၊ ရရ မပင်ပန်းပါဘူး၊ မနေ့ကလဲ ကိုကို လာကူပေးသွားလို့ ဘာမှတောင် မလုပ်လိုက်ရဘူး၊ ပင်ပန်းသွားတာက ကိုကိုလေ၊ အခုထိ မမမောင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလိုက်တာ၊ ညကလဲ ရုံးက နှစ်ချုပ်စာရင်းတွေ လုပ်ရလို့ ထင်တယ်၊ ကိုကို အိပ်တာ နောက်ကျတယ်"

မမမြက ရယ်ပါတယ်။

"အေးကွယ်၊ နှစ်ကုန်ပိုင်းဆို သူ အလုပ်များတာကို မနားတဲ့အပြင် မနေ့က အိမ်ပြန်ရောက်ကတည်းက မြဲနဲ့မြတ်ကို လက်ဆွဲပြီး ကောက်ကောက်ပါအောင် လိုက်သွားကြတာ မမြဖြင့် တားချိန်တောင် မရပါဘူး၊ သားဖသုံးယောက်လုံး ကျောင်းပြန်၊ ရုံးပြန်လာလို့ ရရလေးကို မမြင်တာနဲ့ နေမရကြတာ အတူတူပဲ သိလား"

စကားတပြောပြောနဲ့ နောက်ဖေးဘက် ရောက်လာတာမို့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ မနက်စာ ချက်ပြုတ်ဖို့ လုပ်ရပါတယ်။ မမမြကို ဘယ်လောက်ပဲ ချစ်ကြတယ် ဆိုဆို ကိုကို အပါအဝင် သားနဲ့သမီးက ရရ လက်ရာ မဟုတ်ရင် ဟုတ်တိပက်တိ မစားကြ။ ရရ အတွက်လဲ ဘာထူးလဲ။ ဘယ်လောက် အလုပ်များများ ကိုယ်တိုင်မှ ချက်ပြုတ် မပေးရရင် တစ်နေ့တာလုံး ဘာလိုလို့ လိုနေမှန်း မသိ၊ နေမရ ဖြစ်တတ်တာ ထုံးစံလိုပါပဲ။

ရရကို ပင်ပန်းမှာ စိုးရိမ်လွန်းတဲ့ မမမြက သားနဲ့သမီး သုံးနှစ်အရွယ်မှာ ဇွတ်အတင်း တောင်းဆိုဖူးလို့ နှစ်ရက်လားပဲ မီးဖိုခန်းကို လက်လွှဲပေးခဲ့ပေမဲ့ အဲ့ဒီနေ့တွေမှာ ထမင်းစားပွဲက အရာတောင် မယွင်းခဲ့ပါ။ ရရ ချက်တာ မဟုတ်ဘူးလို့ ထုတ်မပြောဘဲတောင် ရရ လက်ရာ မဟုတ်တာကို သားဖသုံးယောက်လုံး ကောင်းကောင်း သိကြပါတယ်။

မမမြ ချက်တာ မစားချင်ဘူးလို့ တစ်ခွန်းမှ မဟကြပေမဲ့ အဲ့နေ့ကတည်းက ဆလံပြသွားတဲ့ မမမြက နောက်ပိုင်းမှာ ရရ မခိုင်းရင် ဇွတ်ဝင်မချက်တော့ဘဲ တခြား အိမ်မှုကိစ္စတွေကိုသာ ထောင့်စေ့အောင် လုပ်ကိုင်ပေးတတ်ပြီး ရရ မီးဖိုချောင်ဝင်တိုင်း ဘေးကနေ ကူဖော်လောင်ဖက်သာ လုပ်ပေးပါတော့တယ်။

သားနဲ့သမီးကို စနောက်ချင်တဲ့ မမမြက မကြာခဏ ခပ်ညည်းညည်းလေး ပြောတတ်သေးတယ်။

"ထိုင်ဝမ်က အမြွှာဆို ကျွန်မလက်ရာကို တန်းတန်းစွဲတော်၊ မြဲနဲ့မြတ်ဆီ ရောက်မှပဲ ကြီးမြလဲ ရာထူးကျတော့တယ်"

မမမြ ဒီလိုပြောတိုင်း ကိုကိုနဲ့ မြဲက ပြုံးနေတတ်ပေမဲ့ အစွာလေး မြတ်က မျက်မှောင်လေး တွန့်သွားတတ်ပြီး မပီကလာ ပီကလာ ချေပတတ်ပါတယ်။

"ပွားပွားရီးက ဟင်းရှက် မတောင်းရို့ ရေးရေးနဲ့ တီတီရေးက ကြီးညလက်ရာ ကြိုက်သာ၊ ညက်တို့ ရှာတိတ်က ဟင်းရှက်တောင်းတယ်ရေ၊ ကြီးညလက်ရာ ကြိုက်ဖို့ လိုပူးရေ" တဲ့။

ဒီလို အပြောခံရတိုင်း မမမြက မျက်ရည်ထွက်အောင် ရယ်တတ်ပါတယ်။ တကယ်ကို လူလည်ပန်ကာ ပန်းမြတ်ဇဋာက အိမ်ဆည်းလည်းတင်မဟုတ် အသံကျယ်လွန်းတဲ့ အိမ်ခေါင်းလောင်းကြီးပါပဲ။ မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်တာနဲ့ မြတ် အသံကလေးက ရရတို့ အချစ်စံအိမ်လေးထဲ တသောသော ညံလို့ပါပဲ။

"အခုတလော မြတ်လေးက ကျောင်းမှာ ကောင်လေး တွေ့နေသလား မသိပါဘူးကွယ်"

ရယ်သံစစနဲ့ ပြောလိုက်တဲ့ မမမြကြောင့် ကြက်ဥမွှေနေရာက ရရ ရယ်မိသွားတယ်။ ဒိန်းမတ်မှာ ဆိုရင် မိဘတိုင်းလိုလိုက မိမိတို့ သားသမီးတွေကို တစ်နှစ်သား အရွယ်လောက်က စတင်ပြီး နေ့ထိန်းကျောင်းကို ပို့ကြပါတယ်။

နေ့ထိန်းကျောင်းတွေမှာက ကလေးငယ်တွေ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့နဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကို အလေးပေး သင်ကြားပေးတာမို့ ရင်သွေးငယ်တွေအတွက် ဉာဏ်ရည်သွေးလို့ ကောင်းတဲ့ နေရာအဖြစ် မိဘတွေက ယူဆကြလို့ပါပဲ။

မြဲနဲ့မြတ်ကိုလဲ တစ်နှစ်ခွဲ အရွယ်ကတည်းက နေ့ထိန်းကျောင်းကို ပို့ပေးခဲ့တာမို့ လေးနှစ်အရွယ် ရောက်လာချိန်မှာ စကား မပီသေးတာလွဲရင် ဘာသာစကား သုံးမျိုးကို ဂျောင်းဂျောင်းပြေးအောင် ပြောဆိုနိုင်လာတဲ့ မူကြို ကျောင်းသားလေးတွေ ဖြစ်လာကြပါပြီ။

အိမ်မှာ အတူရှိချိန်တိုင်း ရရက ဗမာလိုသာ ပြောခိုင်းတာမို့ ဗမာစကားလဲ ကျွမ်းကျင်ကြတဲ့ သားနဲ့သမီးက ကျောင်းမှာဆို ဒိန်းမတ်နဲ့ အင်္ဂလိပ်လိုသာ ပြောရတာမို့ စကားပြောတတ်ပြီ ဆိုကတည်းက သုံးမျိုးလုံးကို သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ သုံးတတ်နေကြပါပြီ။

ဒါတင်မက နေ့ထိန်းကျောင်းရဲ့ ကျေးဇူးကြောင့် လေးနှစ်သားလေးတွေ ဖြစ်ကြတဲ့ မြဲနဲ့မြတ်က ကလေးပုစိလေးတွေလို ဖအေတွေ အနားပဲ ကပ်ပြီး ချွဲပျစ်နေကြတာမျိုး သိပ်မရှိဘဲ ကိုယ့်လက်ကိုယ်ခြေနဲ့ တော်တော်များများကို လုပ်တတ်ကိုင်တတ်၊ ဆုံးဖြတ်တတ်ကြပါတယ်။

ရရကို တက်ညီလက်ညီ နယ်ဖတ်ကြ၊ စနောက်ကြချိန်က လွဲရင် သားနဲ့သမီးက ကိုကို့လို ထက်မြက်လွန်းကြပါတယ်။ ဒါတင်မက စကားပြောတတ်ပြီ ဆိုတည်းက ကိုကို့ကို ဖေဖေ၊ ရရကို ဖေလို့ ခေါ်ဖို့ အာပေါက်အောင် သင်ပေးခဲ့ပေမဲ့ ရရကို ခေါ်ကြတာက ကိုကိုခေါ်တဲ့အတိုင်း ချာတိတ်တဲ့။

ဘယ်လောက်ပဲ ပြုပြင်ပေး၊ ပြုပြင်ပေး ဆန္ဒရှိမှသာ ဖေလို့ ခေါ်တတ်ကြပြီး ကျန်အချိန်တိုင်းမှာ ရရက သားဖသုံးယောက်လုံးရဲ့ ချာတိတ်လေး ဖြစ်မှန်းမသိ ဖြစ်လာရတယ်။ ရရကို ကလေးလို သဘောထားနေကြတာ ကိုကိုတစ်ယောက်တည်း မဟုတ်၊ သားနဲ့သမီးလဲ ပါပါတယ်။

ဖေဖေနဲ့ မေမေကတော့ အသည်းတယားယားနဲ့ ပြောပြောပြီး ရယ်တတ်တယ်။

"ချာတိတ်ဆိုတဲ့ နာမ်စားကို သားကြီး နှုတ်က တစ်နေ့ အခွန်းတစ်ထောင်လောက် ထွက်နေလားမှ မသိတာ၊ ကလေးတွေပါ နှုတ်စွဲသွားတယ် ဆိုကတည်းက တွေးကြည့်လို့ ရနေပြီ" တဲ့။

ပထမတော့ သားနဲ့သမီးဆီက "ရှာတိတ်" လို့ အခေါ်ခံရချိန်မှာ စိတ်ကောက်ချင်ယောင် ဆောင်ခဲ့ဖူးသေးတယ်။ ရရ ကောက်သွားမှန်း သိသွားတော့ သားနဲ့သမီးက ရရကို လာသိုင်းဖက်ရင်း ချော့မော့ကြတယ်။

"ရှာတိတ်ရို့ ထော်ရတာကို ပိုရှစ်ရို့ရေ ရှာတိတ်ရေးရဲ့" တဲ့။

မောင်နှမနှစ်ယောက်ဆီက သံပြိုင် ထွက်လာသံလေး ကြားပြီးတည်းက အသည်းအူတွေ ပြုတ်ပြုတ်ပြုန်းခဲ့ရတဲ့ ရရက အခုတော့ ရှာတိတ် ဆိုတဲ့ မပီကလာ ပီကလာ အသံလေးတွေကိုပဲ အချစ်ပိုရ၊ အူယားလာခဲ့ရပြီး ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးထားရပါတယ်။

"မြတ်က ဘာတဲ့လဲ မမ"

"သေချာတော့ မသိပါဘူးကွယ်၊ ကျောင်းကားပေါ်က ဆင်းလာတည်းက သူ့လက်ထဲ ချောကလက်တောင့်လေး ကိုင်လာတာ မြင်လို့ ဘယ်သူ ပေးတာလဲလို့ မေးတာကို မမချောလေးက တခစ်ခစ် ရယ်ပြီး မဖြေဘူးတော်"

"ဟုတ်လား မမ"

"ဒါတင်မက ဘာပြောတယ် မှတ်လဲ၊ ဒီချောကလက်လေး သူ့မှာ ရှိကြောင်း မြဲကို ပြန်မပြောပါနဲ့တဲ့တော်၊ အတတ်ပတတ်မလေး ဒီအရွယ်လေးနဲ့ အစ်ကိုကို ကြောက်ရမှန်းတော့ သိသား"

ဒါတွေ ကိုကို ကြားရင် သမီးဖြစ်သူကို အူတိုအုံးမှာ မလွဲဧကန်ပါပဲ။ တကယ်ကို မြတ်ကလေးက လူဆိုးမလေး၊ ချစ်စရာ အတတ်ပတတ်မလေးပါပဲ။

မှတ်မိသေးတယ်။ သုံးနှစ်သား အရွယ်တုန်းကဆို ရာသီဥတုလေး အေးလာတိုင်း ချောင်းခြောက် ဆိုးတတ်ကြတာမို့ သကြားလုံး ကျွေးခြင်းကို ယတိပြတ် ပိတ်ပင်ပစ်လိုက်တော့ ရရ အလစ်မှာ အလိုလိုက်မှန်း သိတဲ့ ကိုကို့ဆီ မောင်နှမနှစ်ယောက်လုံး ပြေးကပ်ကြပါတယ်။

သားဖသုံးယောက် ရရ မသိအောင် သကြားလုံးတွေ တက်ညီလက်ညီ ခိုးစားနေကြတုန်းက အသံပျောက်ပါပဲ။ နောက်တော့ ထုံးစံအတိုင်း ရရကို သူ့ဟာ၊ ငါ့ဟာနဲ့ လုကြရင်း မြတ်နဲ့ကိုကို ရန်ဖြစ်ကြလေရဲ့။ ဒါနဲ့ပဲ ညစ်တဲ့ ကိုကိုက မြတ်ကို မကျွေးတော့ဘဲ မြဲ ပါးစပ်ထဲကို သကြားလုံး ခွာထည့်ပေးတော့ သကြားလုံး ခွံ့နေတဲ့ ပုံလေးကို ရရ ဖုန်းနဲ့ ရိုက်ယူလာတဲ့ မြတ်က ရရဆီ သက်သေနဲ့တကွ လာတိုင်ပါတယ်။

ဒါတင်မက နှုတ်ခမ်းတလန်ပန်းတလန် ပြောပုံလေးက...

"ဂျားဂျားရုံးဒွေ အညားရီး ထိုးချားတဲ့ ပေရီးနဲ့ ညဲက ရှိုးရယ် တိရား၊ ပေရီးနဲ့ ညဲကို ရိုက်နော် ရှာတိတ်၊ ညက်ပဲ ရိမ္မာတယ်၊ ရှာတိတ်က ညက်တိုပဲ ပိုရှစ်နော်" တဲ့။

ကိုကို ဆိုတာ မျက်စိပေါက် ပိတ်အောင် ရယ်တာပါပဲ။ အဲ့ဒီနေ့မှာ သားဖသုံးယောက်လုံး ရရဆီမှာ ညီတူမျှတူ အီစလန်ဝေအောင် အဆူခံလိုက်ရပြီးနောက် အိမ်မှာ သကြားလုံး ဝယ်မထားဖို့ အပြင်းအထန် အမိန့်ထုတ်ပစ်လိုက်မှ အိမ်ဦးနတ်က တဟားဟား ရယ်ရင်း လိုက်လျောပါတယ်။

လေးနှစ်တာ ကာလအတွင်းမှာ အဆိုးဆုံး အရာကတော့ ကလေးတွေ လစ်ပြီဆိုပြီး နှစ်ယောက်သား နင့်နင့်သီးသီး ပွေ့ဖက်နမ်းရှုပ်ကြရင် ဘယ်က ဘယ်လို ရောက်ရောက်လာကြမှန်း မသိ။ လက်ညှိုးတထိုးထိုး၊ မျက်ရည်တစမ်းစမ်းနဲ့ ကိုကို့ကို ဝိုင်းဆွဲဖယ်ထုတ်ကြပါတယ်။

"ရှာတိတ်ကို မရုတ်နဲ့၊ ပေရီးက ရှာတိတ်ကို ဘာရို့ ကိုက်နေတာရဲ၊ ရှာတိတ်ရေး နာတွားမှာပေါ့" ဆိုပြီး

ခြေဆင်းပြီး စူးစူးဝါးဝါး အော်ငိုတတ်ကြပါတယ်။ အဲ့လိုနေ့မျိုး မြဲနဲ့ မြတ်ဆီမှာ မိသွားရင် ရရအနား ကိုကို့ကို အကပ်မခံကြတော့ဘဲ ကိုကို ကပ်လာတာနဲ့ သားနဲ့သမီးက ရရကို ခွဖက်ထားပြီး ကိုကို့ကို တွန်းလွှတ်လျက် တရားခံကြည့်သလို စောင့်ကြည့်တတ်ကြပါတယ်။

ကိုကို့မှာ အီလည်လည် စူပုပ်ပုပ်ကြီးနဲ့ ရရတို့သုံးယောက်ကို ထိုင်ကြည့်နေရတဲ့ ရက်တွေဟာ ဒုနဲ့ဒေး ဖြစ်လာပြီး သားနဲ့သမီး ပြန်တိုင်လို့ အမျိုးတွေကြားမှာ ကိုကိုနဲ့ ရရ အရှက်ကွဲရတာလဲ အခါခါပါပဲ။

မချစ်ရ မနေနိုင်တဲ့အတူတူ အချိန်တွေ ကြာလာတဲ့အခါ စနောက်ခံရတာတွေကို မရှက်နိုင်ကြတော့တဲ့ ကိုကိုနဲ့ရရက လက်ပူးလက်ကြပ် မိသွားတဲ့အခါ တဟဲဟဲ ရယ်ကြရင်းသာ ဖြတ်ကျော်ကြပြီး ခိုးချစ်၊ ခိုးကြင်နာရဖို့အတွက် နေရာကောင်းကို ရှာဖွေမိတော့ စတိုခန်းလေးက ရရတို့အတွက် အကြင်နာရပ်ဝန်းလေး ဖြစ်လာခဲ့တယ်။

သားနဲ့သမီးတောင် ဒီအရွယ် ရောက်လာပြီ ဆိုတော့ ကိုကိုနဲ့ ရရဆီမှာလဲ ဘဝနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုကလေးတွေ ရှိလာပါတယ်။ လေးနှစ်အတွင်းမှာ ကိုကိုက ရာထူးနှစ်ဆင့် ပိုမြင့်သွားသလို၊ ရရမှာလဲ ကိုယ်ပိုင် အလုပ်ကလေး ရှိလာခဲ့ပါပြီ။

ဘယ်တော့မှ မပြောင်းလဲတဲ့ အရာကို လက်ညှိုးထိုးပြပါ ဆိုရင်တော့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ကိုကို့ရင်ငွေ့က နေ့ရက်တိုင်းမှာ နွေးထွေးလုံခြုံဆဲနဲ့ ရရတို့ သားဖသုံးယောက်ကို ကိုကို ပွေ့ဖက်လို့ မညည်းမညူ ချစ်ခင်ယုယဆဲပါပဲ။ ကိုကိုဟာ နွေးတဲ့အိမ်ကလေးနဲ့ ဆင်တူပြီး ရာသီဥတု ဘယ်လောက်အေးအေး ကိုကို့ကြောင့် နွေးထွေးခဲ့ရပါတယ်။

အခုဆို မေမေက ရရတို့နဲ့ အတူ မနေပေးနိုင်တော့ပါဘူး။ မြေးနှစ်ယောက်ကို ဘယ်လောက်ပဲ မခွဲနိုင်ဘူးဆိုဆို မေမေ့မှာလဲ ဖေဖေ့ ဝေယျာဝစ္စတွေ ရှိသေးတာမို့ သားနဲ့သမီး နှစ်နှစ်ကျော်ပြီ ဆိုတည်းက ဖေဖေ ရှိရာ ပြန်သွားရပေမဲ့ သိပ်လွမ်းတတ်တဲ့ မေမေက မကြာခဏ ဖေဖေ့လက်ဆွဲလို့ ရရတို့ဆီ အပြေးရောက်လာတတ်မြဲ၊ မြေးနှစ်ယောက်ကို ထွေးပွေ့မြဲပါပဲ။

ကိုကို့မာမီအပြင် ကိုကို့ညီလေးနဲ့ ညီမလေးကလဲ ကျောင်းပိတ်ရက် ရောက်တိုင်း ရရတို့အိမ် အပြေးကလေး ရောက်လာကြပြီး သားနဲ့သမီးကို လာထိန်းပေးကြသလို၊ မမကြီးတို့ ဇနီးမောင်နှံ၊ ဦးလေး အောင်မောင်းနဲ့ သံသာ မြတ်မိုးတို့ကလဲ အိမ်ဦးနဲ့ကြမ်းပြင် သွားလာနေကြတာမို့ ဘယ်သူ့ကိုမှ လွမ်းချိန်မရဘဲ ရရတို့ အိမ်ကလေးက ဧည့်သည်မပြတ် ဆူညံနေတတ်ပါတယ်။

သားနဲ့သမီး ဆယ်ရက်သား အရွယ်ကတည်းက ရရတို့ဆီ ရောက်လာခဲ့တဲ့ မမမြကတော့ မြဲနဲ့မြတ်ရဲ့ အသဲကျော်၊ အတူဆော့ဖော် ကြီးတော်ကြီး ဖြစ်လာပြီး ကလေးတွေကို သူမတူအောင် ချစ်ပေးနိုင်မှုက အနှိုင်းမဲ့ပါပဲ။ သားနဲ့သမီး နှာစေး ချောင်းဆိုးရင်တောင် တစ်ညလုံး ထိုင်ငိုတတ်သူကလဲ မမမြပါပဲ။ ရရနဲ့ကိုကို့အတွက် တကယ်ကို အားကိုးရတဲ့ အစ်မကြီး အမိရာ တစ်ယောက်လိုပါပဲ။

ကလေးတွေ လသားအရွယ်မှာ သားသမီးဇောနဲ့ နှစ်ယောက်သား မေ့မေ့လျော့လျော့ ဖြစ်ခဲ့ကြပေမဲ့ မြဲနဲ့မြတ် တစ်နှစ်ခွဲ အရွယ်မှာ နို့ပြတ်ပြီး၊ နေ့ထိန်းကျောင်းကို စတက်ပြီဆိုတည်းက ကိုကိုက မျက်နှာမကောင်း ဖြစ်လာတယ်။ အကြောင်းအရင်းကတော့ ကိုကို့အတွက်နဲ့ ရရ အတောင်ပံတွေကို ဖြုတ်သိမ်းခဲ့ရတယ်လို့ ကိုကို တွေးမိသွားလို့ပါပဲ။

"မဟုတ်ပါဘူး ကိုကိုရယ်" လို့

ဘယ်လောက် ပြောပြော၊ ကိုကို မျက်နှာမကောင်း ဖြစ်လာတဲ့အခါ တစ်ခုခု လုပ်ဖို့ တွေးရပါတော့တယ်။ ကိုကို့ ဆန္ဒက ရရကို ကျောင်းပြန်တက်စေချင်တာ ဖြစ်ပေမဲ့ တက္ကသိုလ်ကျောင်းသား ဘဝကိုတော့ ရရ ကိုယ်တိုင် မလိုလားတော့တာမို့ သက်မွေးပညာ ဒီပလိုမာ တစ်ခုကို ရွေးချယ်သင်ယူဖို့ ဆုံးဖြတ်ရတယ်။

ဘယ်အရာကို နှစ်သက်သလဲ၊ ဘယ်အရာကို လုပ်ချင်သလဲလို့ စဉ်းစားလိုက်တော့ ရရက ပန်းကလေးတွေကို ချစ်ပါတယ်။ ဒါ့အပြင် ပန်းကလေးတွေကို ထုတ်ပိုး အလှဆင်ရတာလဲ လွန်စွာ နှစ်သက်ပါတယ်။ အခုဆို ရရ စမ်းသပ် စိုက်ပျိုးထားတဲ့ ပုန်းညက်ပင်လေးတွေတောင် ကိုပင်ဟေဂင်က ရရတို့ ခြံကလေးထဲမှာ သုံးပင်တိတိ ရှင်သန်နေပါပြီ။

ရရအတွက်တော့ ပန်းကလေးတွေဟာ သူငယ်ချင်းကောင်းနဲ့ ဆင်တူတာမို့ အနားမှာ အတူရှိချိန်တိုင်း စိတ်ပျော်ရွှင်မှုကို ဖြစ်စေပြီး အရောင်အဆင်း လှလှလေးတွေ၊ ရနံ့မွှေးမွှေးလေးတွေက လူသားတို့ရဲ့ ကမ္ဘာကို နွေးထွေးစေတယ်လို့ ယုံကြည်ထားပါတယ်။

British Florist Association က ဖွင့်လှစ်ထားတဲ့ European Floristry School မှာ ဒီပလိုမာ ယူလိုက်တဲ့ ရရက ဝါသနာ အရင်းခံမှုကြောင့် ကျွမ်းကျင်တဲ့ Florist Designer တစ်ယောက် ဖြစ်လာခဲ့ပြီး အခုဆို လမ်းမတန်းလေးကို မေးတင်ထားတဲ့ ရရတို့ ခြံဝန်းလေးထဲမှာ ချစ်စဖွယ် ပန်းဆိုင်လှလှလေးကို ဖွင့်လှစ်ထားပြီးပါပြီ။

ဒီပလိုမာ တက်တာကို အားပေးပံ့ပိုးခဲ့တဲ့ ကိုကိုက ပန်းဆိုင်ဖွင့်မယ် ကြားကတည်းက ရရ ပင်ပန်းမှာ စိုးရိမ်ပြီး အသည်းအသန် တားမြစ်ခဲ့ပါသေးတယ်။ ကိုကို့ စိတ်ကို ရရ သိပါတယ်။ ကိုကိုက တက္ကသိုလ် ကျောင်းသားဘဝလေးကို ခံစားစေချင်တာ ဖြစ်ပြီး ငွေရှာဖို့ကို လုပ်စေချင်ခဲ့တာ မဟုတ်ပါဘူး။

နောက်ဆုံး ဖေဖေ၊ မေမေနဲ့ မမကြီးတို့ပါမက အားလုံး ဝိုင်းဝန်းဖျောင်းဖျမှ လက်ခံလိုက်တဲ့ ကိုကိုက ပန်းဆိုင်ကလေးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ပေးခဲ့ပြီး ရရ အလုပ်၊ ကိုကို့အလုပ် မခွဲခြားဘဲ အားလပ်ချိန်တိုင်းမှာ ရရဘေး ကပ်လို့ သားသမီးတွေ တာဝန်ကို အတူထမ်းရွက်ပေးရုံမက ရရ ပန်းဆိုင်လေးကိုလဲ ကိုကို များစွာ အကူအညီ ပေးနေဆဲပါပဲ။

"ပုန်းညက်ရနံ့" လို့ ကိုကို ကိုယ်တိုင် အမည်ပေးထားတဲ့ ပန်းဆိုင်လေးက အခုဆို ကိုပင်ဟေဂင်မှာ နာမည် ရလာတဲ့အပြင် တစ်နေ့တစ်နေ့ အော်ဒါတွေ မနိုင်လို့ ဝန်ထမ်းလေးတွေ ခန့်အပ်ထားရပါတယ်။ များသောအားဖြင့်တော့ မြန်မာပြည်ကနေ ကျောင်းလာတက်ကြတဲ့ ကျောင်းသားလေးတွေအတွက် အပိုဝင်ငွေရစေဖို့ အချိန်ပိုင်း အလုပ်လေးတွေကို ရရက ဖန်တီးပေးဖြစ်ပါတယ်။

မွေးနေ့ပွဲလို၊ ညစာစားပွဲလို အခမ်းအနားတွေအတွက် ပန်းအလှဆင်ဖို့ ငှားရမ်းခံရတဲ့အခါ၊ ဝန်ထမ်းတွေနဲ့ပဲ လက်လွှဲလို့ မရတဲ့ အခါမျိုးဆို ရရ ကိုယ်တိုင် အခမ်းအနား ရှိရာ လိုက်ပါသွားရပါတယ်။ ဒီလိုရက်မျိုးဆို ရုံးချိန်ပြီးတာနဲ့ ကိုကိုက ရရနောက် တကောက်ကောက် လျှောက်လိုက်တတ်ပြီး ရရ ခိုင်းသမျှ မညည်းမညူ လုပ်ပေးတတ်ပါတယ်။

များသောအားဖြင့် ကိုကို တစ်ယောက်တည်း ရရနောက် လိုက်လာတာ မဟုတ်ဘဲ သားနဲ့သမီးကိုပါ အပါခေါ်လာတတ်ပြီး မီးရထားတွဲကြီးလို ဘာလုပ်လုပ် လေးယောက် အတွဲလိုက်ကြီး ဖြစ်နေတာမို့ ရရတို့ မိသားစုလေးကို အတော်များများ သတိထားမိလာကြတယ်။

တစ်ခါကဆို မွေးနေ့ပွဲလေး တစ်ခုအတွက် ပန်းအလှဆင်ဖို့ သွားတာကို ကိုကို သိတာနဲ့ သားနဲ့သမီးကို ခေါ်ပြီး လိုက်ချလာရုံမက ဟိုကျ ရရ ခိုင်းသမျှ တောက်တိုမယ်ရ အားလုံး လုပ်ပေးနေတဲ့ ကိုကို့ကို မွေးနေ့ရှင်လေး ဖခင်နဲ့ မိတ်ဆွေတချို့ မြင်သွားကြတဲ့အခါ ရင်ဘတ်ဖိပြီး အာမေဍိတ် ပြုကြပါတယ်။

နောက်မှ သိရတာက မွေးနေ့ရှင်လေး ဖခင်နဲ့ အံ့ဩသွားကြသူတွေ အားလုံးက C.O.E ရုံးချုပ်ကပဲ ဖြစ်ပြီး ကိုကို့ထက် ရာထူး နိမ့်ကြပါတယ်။ ရုံးမှာဆို အရိုအသေ ပေးနေရတဲ့ အထက်လူကြီးကို တောက်တိုမယ်ရ ပုံစံမျိုးနဲ့ မြင်လိုက်ရတာမို့ တအံ့တဩ ဖြစ်ကုန်ကြပေမဲ့ အိမ်သားကို တော်တော်ချစ်တဲ့ ခင်ပွန်းကောင်းပဲလို့ ချီးကျူးထောပနာ ပြုလျက် တသသ ဂုဏ်ယူစွာ ပြောဆိုကြပါတယ်။

ရရ ပန်းဆိုင်လေး တစ်ရှိန်ထိုး နာမည်ကြီးလာက မြဲနဲ့မြတ်ကြောင့် ဆိုလဲ မမှား။

များသောအားဖြင့် ဆိုင်မှာ ပန်းလာဝယ်တဲ့ ကျောင်းသား/သူ စုံတွဲလေးတွေက ရရတို့ မိသားစုလေးကို ချစ်ခင်ကြပြီး အရုပ်လေးတွေနဲ့ တူလွန်းတဲ့ သားနဲ့သမီးကို ခွင့်တောင်းပြီး ဓာတ်ပုံ ရိုက်သွားတတ်ကြပါတယ်။ ဒါတင်မက ဆိုရှယ်မီဒီယာတွေမှာ ပြန်တင်ကြတာမို့ Fan Page လေးတွေ ပေါ်လာရုံမက လူသိပိုများလာပြီး အလိုလိုနေရင်း အချစ်ခံ မိသားစုလေး ဖြစ်လာပါတယ်။

နာရီလှမ်းကြည့်တော့ ခုနှစ်နာရီကျော်ပါပြီ။

မျက်လုံး၊ နှာခေါင်းနဲ့ နားရွက် နေရာတွေမှာ ရေညှိဖတ်တွေကို အသုံးပြုပြီး စိတ်ရှည်လက်ရှည် ပုံဖော်နေမိတာက Mickey Mouse ပုံစံ ထမင်းရုပ်ကလေးတွေ။ လိမ္မော်ရည်နဲ့ နှပ်ထားပြီးမှ ပြန်ကင်ထားတဲ့ ဝက်ပေါင်ခြောက်ကို တစ်ဖက်ခြမ်းမှာကပ်၊ အာလူးချောင်းကြော် နည်းနည်း၊ သားဖသုံးယောက်လုံး ကြိုက်ကြတဲ့ ကြက်ဥလိတ်ကြော်၊ ပန်းဂေါ်ဖီစိမ်း၊ ကလေးတို့ကြိုက်တဲ့ Sausage ကို အသည်းပုံလေး ထွင်းပြီးတာနဲ့ ဆင်တူ ထမင်းဘူးလေးတွေ ပြင်ဆင်ခြင်းက ပြီးဆုံးပါပြီ။

မနက်စောစောမှာ မမမြ ခွဲပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားတဲ့ နဂါးမောက်သီးနဲ့၊ ရက်စ်ဘယ်ရီသီး တချို့ကို အချိုတည်းမဲ့ ဘူးလေးထဲ လှတပတထည့်။ ကိုကို့အတွက် သံပုရာရည်ဖျော်ပြီး အအေးခံ ဘူးကလေးထဲထည့်၊ သားနဲ့သမီးအတွက် ဒိန်ချဉ်ဘူးကလေးတွေကို မမေ့မလျော့ ထမင်းချိုင့်ခြင်းထဲ ကောက်ထည့်ပြီးချိန်မှာ ၇ နာရီ ခွဲပါပြီ။

ထုံးစံအတိုင်း လက်နှစ်ဖက်ကို လက်အုပ်သဏ္ဌာန် ချီလျက်...

"ဒီထမင်းဘူးလေးတွေကို သုံးဆောင်မဲ့ အိမ်ဦးနတ်နဲ့တကွ သားလေးနဲ့ သမီးလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ စားသမျှ အာဟာရ ဖြစ်လို့ အာဟာရဖြစ်သမျှ ဉာဏ်ပညာ ဖြစ်ထွန်းပါစေ၊ အလုပ်မှာ အဆင်ပြေ၊ ကျောင်းမှာ အဆင်ပြေကြပြီး တစ်နေ့တာလေး အထိခိုက်ကင်းကင်းနဲ့ လုံခြုံနွေးထွေးပါစေ"

ရွတ်ဆိုပြီးချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တော့ အထာပေါက်နေတဲ့ မမမြက ရရအနား လျင်မြန်စွာ လျှောက်လာရင်း ပြုံးနေတယ်။

"မမြဖြင့်လေ ဒီပုံစံလေးကို ဘယ်လောက် မြင်ရမြင်ရ၊ ရိုးသွားတယ်ကို မရှိပါဘူး၊ ရရလေးဟာလေ တကယ်ကို နတ်သားလေး သိလား၊ ဒီခင်ပွန်းသည်၊ ဒီသားသမီးလေးတွေနဲ့ ဆုံစည်းဖို့ ဘယ်နတ်ဘုရားကများ လူ့ပြည်ကို ပို့ဆောင်လိုက်ပါသလဲကွယ်"

မမမြ ဒီလိုပြောတိုင်း ရရကတော့ ရှက်ရယ် ရယ်နေမိတာပါပဲ။

"ကဲ... ကဲ ဟုတ်ပါပြီကွယ်၊ မီးဖိုခန်းကို ထားရစ်ခဲ့တော့၊ သိမ်းဖို့ ဆေးကြောဖို့တွေ၊ မမြ လုပ်ပေးထားမယ် ဟုတ်ပြီလား၊ သားဖသုံးယောက်ကိုသာ ကိုးနာရီမထိုးခင် ရုံးရောက် ကျောင်းရောက်ဖို့ နှိုးတော်မူလိုက်ပါအုံး၊ အဲ့မှာတင် နာရီဝက်လောက် အချိန်ပေးရအုံးမယ် မဟုတ်လား"

မမမြ ပြောတာ အမှန်တွေချည်းပဲမို့ ရရ ရယ်ရင်း ခေါင်းညိတ်ပြလိုက်မိတယ်။

"ဟုတ်ကဲ့၊ ဒါဆို ရရ ထားခဲ့ပြီနော် မမ"

"သွား... သွား ရရလေး"

^^

"ကလေးတို့အဖေ... မြဲ... မြတ်... သားဖသုံးယောက်လုံး အခု ထမှာလား၊ မထဘူးလား"

အော်နှိုးနေတာ လိပ်ခေါင်းထွက်တော့မယ် ပြန်ဖြေသံ မကြားရ။ ဆောင်းဦးရာသီက သိသိသာသာ လွှမ်းခြုံလာပြီမို့ မိုးလင်းလာတိုင်း စောင်ပုံထဲက ဆွဲထုတ်ရတာ မသက်သာ။ အသံကျယ်ကျယ်နဲ့ ဘယ်လောက် အော်နှိုး အော်နှိုး တင်ပါးပေါ် လက်ဖဝါး သွားတင်လိုက်မှ သားဖသုံးယောက် လူးလဲထတတ်တာ ထုံးစံပါပဲ။

မီးဖိုထဲမှာ ချက်ပြုတ်ခဲ့ပြီ ဖြစ်တဲ့ ရရအတွက်က ချမ်းတယ် ဆိုတာ ဘာမှန်း မသိ။ နားထင်စပ်မှာ ချွေးကလေးတောင် စို့ချင်နေပါပြီ။ ခဏရပ်ကြည့် ပြုံးပြီးနောက် ကိုကို ရုံးတက်ဖို့ ဝတ်စုံ၊ သားနဲ့သမီးအတွက် ကျောင်းဝတ်စုံတွေ အဆင်သင့် ထုတ်ထားလိုက်မိတယ်။

သားနဲ့သမီး ငယ်စဉ်က ရရထက်တောင် အပင်ပန်းခံပြီး ကလေးတို့ရဲ့ ဝေယျာဝစ္စတွေကို မညည်းမညူ လုပ်ကိုင်ပေးခဲ့တဲ့ ကိုကိုက မြဲနဲ့မြတ် သုံးနှစ်ကျော်လာကတည်းက ကလေးတို့နဲ့အပြိုင် သားအကြီးဆုံး ဝင်လုပ်နေသလို ရရအပေါ် ဂျီကျလာတတ်ပါတယ်။ ညအိပ်ရာဝင် နောက်ကျတဲ့ ညမျိုးတွေဆို နောက်တစ်နေ့ မနက်မှာ ကိုကိုတို့ နှိုးရခက်ပါပြီ။

ဆိုးတယ်။ နွဲ့တယ်။ ကလေးတို့ဆီက ရရကို အပြိုင်လိုက်လုတယ်။ မြဲက စကားနည်းပေမဲ့ ရရကို နေ့တိုင်း လုနေတတ်တဲ့ မြတ်နဲ့ကိုကိုက ရန်မသတ်တဲ့နေ့ ဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုဆိုပေမဲ့ သည်းသည်းလှုပ် ချစ်ကြတာလဲ သူတို့သားအဖပါပဲ။

ကိုကို့ကို ရရ တမင် ဆူပြလိုက်ရင် မြတ်က မျက်ရည်လေး တစမ်းစမ်း လုပ်ပြတတ်သလို၊ မြတ်ကလေး စကားတွေ များလွန်းလို့ ရရ ဟောက်ပစ်တိုင်းလဲ သားဖနှစ်ယောက် တက်ညီလက်ညီ ရရကို တော်လှန်ကြပါတယ်။ တော်လှန်တယ် ဆိုတာ တခြားဟာ မဟုတ်။ ဘယ်အာဟာရမှ မထွက်တော့တဲ့ ရရ ရင်အုံကို မရမက လိုက်ညှစ်ကြခြင်းပါပဲ။

ဒီပြဿနာကြောင့် သုံးယောက်သား အိပ်ရာထက်မှာ လူးလှိမ့်နေကြရင် အခန်းထောင့်မှာ ပြုံးကြည့်နေတဲ့ မြဲက လူကြီးလေး အထာနဲ့ သက်ပြင်းမှုတ်ထုတ်ပြီး ခေါင်းခါယမ်းတတ်မြဲ။ ပြီးရင် လေးနှစ်သားလေးက မပီကလာ ပီကလာ တီးတိုး ပြောလိမ့်မယ်။

"ပေရီးနဲ့ ညက်ဟာလေ ကရေးတွေရို သိပ်ချော့တာပဲ၊ ညဲ ရှာတိတ်ရေးတော့ ပင်ပန်းတော့မှာပြဲ"

နာရီကြည့်တော့ ရှစ်နှစ်နာရီ ထိုးလုပြီ။

အခုချိန် ရအောင် မနှိုးရင် သားဖသုံးယောက် ကျောင်းချိန်မီဖို့၊ ရုံးချိန်မီဖို့ ခြေထောက် ခြောက်ချောင်းက ဗြောင်းဆန်အောင် ရေချိုးခန်းထဲမှာ ရှုပ်ယှက်ခတ်ကုန်တော့မှာ။ ပြီးရင် တညီတညာတည်း၊ တစ်လေသံတည်း ပြောကြအုံးမယ်။

"ချာတိတ်ကမှ နိုးအောင် မနှိုးတာ" လို့လေ။

သားနဲ့သမီးက နို့ပြတ်ပြီးတာ ကြာပြီ ဆိုပေမဲ့ ရရကို အခုထိ အလွတ်မပေးကြသေး။ မိုးလင်းလို့ မျက်စိနှစ်လုံး ပွင့်ပြီ ဆိုတာနဲ့ ရရကို ဝိုင်းဖက်ထားပြီး အာဟာရ မထွက်တော့တဲ့ အဲ့ဒီနေရာကို နယ်ဖတ်နေကြတာ တစ်ယောက်လဲမဟုတ်၊ နှစ်ယောက်လဲ မဟုတ်၊ သုံးယောက်လုံး ဖြစ်ပြီး အားလုံးထဲမှာ ကိုကို အဆိုးဆုံး။

ခဏခဏ လာကိုင်တာကို မကြိုက်လို့ ပိတ်ရိုက်လိုက်ရင် သားက လက်လျှော့သွားတတ်ပေမဲ့ မြတ်နဲ့ ကိုကိုက စိတ်တိုင်းကျ မနယ်ဖတ်ရမခြင်း လွန်စွာ ကောက်ချိတ်တတ်ကြပါတယ်။ စိတ်ကျေနပ်အောင် ခဏငြိမ်ပေးလိုက်မှ ကျေနပ်သွားကြပြီး သားဖသုံးယောက်လုံး သန့်ရှင်းရေးလုပ်၊ အဝတ်လဲ၊ မနက်စာ စားပြီး ကျောင်းသွား၊ ရုံးသွားခြင်းကို ကြည်ကြည်လင်လင် လုပ်ကိုင်ကြပါတယ်။

စောင်ကို သွားလှပ်လိုက်တော့ ရရ နိုးခါစက အိပ်ဟန်နဲ့ မတူတော့တဲ့ သားနဲ့သမီးက ကိုကို့ ခြေထောက်နှစ်ဖက်ကို တစ်ဖက်စီ အပိုင်စီးထားပြီး ဖက်လုံးသဖွယ် ခွထားလျက် အိပ်မောကျနေကြပုံက ကွေးကွေးလေးတွေ။ ကိုကိုကတော့ အလယ်မှာ ပက်လက်ကြီး ဖြစ်နေပြီး အခုထိ အိပ်မောကျနေပါတယ်။

"ကိုအဇဋာ ခေါင်းဆောင်ကြီး အခု မထဘူးလား၊ ထမှာလားဟင်၊ ဖြန်း!"

"နေမြဲဇဋာ ခေါင်းဆောင်လတ် အခု မထဘူးလား၊ ထမှာလားဟင်၊ ဖြန်း!"

"ပန်းမြတ်ဇဋာ မယ်စွာတေး အခု မထဘူးလား၊ ထမှာလားဟင်၊ ဖြန်း!"

ခပ်ဆတ်ဆတ်လေး တန်းစီ ရိုက်ပစ်လိုက်တာမို့ တင်သားတွေကို ဖိပွတ်ကြတဲ့ သုံးယောက်က လူးလဲပြီး ပြိုင်တူ ခုန်ထလာရုံမက တစ်ယောက်တစ်ပေါက် ထွက်လာတဲ့ အသံတွေက...

"ချာတိတ်က ဖေဖေ့ဟာနော်"

"ညဲဟာနော်"

"ညက်ဟာ... ညက်ဟာ"

"ဖေဖေ့ဟာလို့"

"ညဲဟာရို့"

"ညက်ဟာပါချို အီး... ဟီး... ဟီး"

^^

ဆက်ရန်

ချစ်တဲ့အသွဲ့^^

၃.၁၂.၂၀၂၂ စနေနေ့

(နောက်ရက်တွေ အလုပ်များနိုင်တာမို့ အချိန်ရသမျှလေး ပြေးရေးလိုက်၊ ပြေးတင်လိုက်ပါပဲ။ ကျန်းမာချမ်းမြေ့ပါစေကွယ်။ အပိုင်းသစ်ဟာ ၆.၁၂.၂၀၂၂ ပါ)

+++++

ZAWGYI

ေလးႏွစ္ခန႔္ ၾကာၿပီးေနာက္...။

၆ နာရီ ေဒါင္ဆိုတာနဲ႔ အက်င့္ပါေနတဲ့ မ်က္ဝန္းေတြက ဖ်တ္ခနဲ ပြင့္လာတယ္။ ေဘးကို ငဲ့ၾကည့္ေတာ့ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနဆဲ ကိုကို႔မ်က္ႏွာက ပကတိ ၾကည္ေမြ႕ေနပါတယ္။ အိပ္ရာႏိုးခ်ိန္မွာ လုပ္ေနက်အတိုင္း ကိုကို႔ေမးဖ်ားေလးကို အနမ္းဖြဖြ တင္ၿပီးေနာက္ တီးတိုး ေရ႐ြတ္မိတာက...

"ကိုကို႔ကို ခ်စ္တယ္"

ကုတင္ေပၚ ေဝ့ၾကည့္လိုက္ေတာ့ ရရ မ်က္ႏွာ ၿပဳံးေယာင္သန္းလာတယ္။ ညဦးပိုင္းမွာ ဘယ္ေလာက္ပဲ ရင္ခြင္ထဲ ထားသိပ္၊ ထားသိပ္၊ တစ္ညလုံး ဘယ္ေလာက္ပဲ ျပန္ေ႐ႊ႕ေပး၊ ေ႐ႊ႕ေပး၊ မိုးလင္းလာရင္ ေမာင္ႏွမႏွစ္ေယာက္လုံး ကုတင္ေျခရင္း ေရာက္ေနတတ္ပါတယ္။ အၿပဳံးနဲ႔ ေခါင္းခါယမ္းရင္း ကုတင္ေပၚက ျဖည္းျဖည္းေလး ဆင္းလာမိတယ္။

အ႐ုပ္ေလးေတြနဲ႔ တူေနတဲ့ သားနဲ႔သမီးေဘးမွာ ေျခစုံရပ္လ်က္ နဖူးျပင္ဝင္းဝင္းေလးေတြဆီ မနက္ခင္း အနမ္းေလး ေပးၿပီးတာနဲ႔ ရရ တစ္ေန႔တာကို စတင္ဖို႔ လုပ္ရပါတယ္။ အိပ္ေမာက်ေနတဲ့ အသည္းအသက္ေလးေတြ မၾကားမွန္း သိတာေတာင္ ေျပာေနၾကအတိုင္း တိုးတိုးေလး ေရ႐ြတ္မိသြားတယ္။

"ေဖက ခ်စ္တယ္ေနာ္"

ေျပာၿပီးတာနဲ႔ တစ္ကိုယ္ေရ ရယ္မိျပန္တယ္။ ဒီလို ေျပာတာကို မၾကားၾကလို႔သာေပါ့။ ၾကားမ်ား ၾကားသြားၾကရင္...

"ညဲကို ရွစ္တာရား၊ ညက္ကို ရွစ္တာရား၊ ေပရီးကို ရွစ္တာရား၊ တစ္ထုထုကို ေရး" လို႔

ရရ ေျဖရခက္ေစမဲ့ စကားလုံးေတြ ေမးၿပီး သားဖသုံးေယာက္ သူ႔ပိုခ်စ္တာ၊ ငါ့ပိုခ်စ္တာနဲ႔ စကားႏိုင္လုၿပီး စိတ္ေကာက္ၾကအုံးမွာ အေသအခ်ာ။

"ရရေလး"

အခန္းျပင္ ထြက္လာတာနဲ႔ မမျမနဲ႔ တန္းဆုံတယ္။

"ဗ်ာ"

"အိပ္ပါဆိုကြယ္၊ အေစာႀကီး ရွိေသးတာကို၊ ခ်က္ဖို႔ျပဳတ္ဖို႔ေတြ မျမ အဆင္သင့္ လုပ္ေပးထားမွာေပါ့ ေမာင္ေလးရယ္၊ အိပ္ေရးဝမွ ထခ်က္လဲ ရရဲ႕သားနဲ႔၊ မေန႔ကလဲ ပြဲအတြက္ ပန္းသြားျပင္ေပးရတာ ပင္ပန္းထားတယ္ မဟုတ္လား"

"ရပါတယ္ မမရဲ႕၊ ရရ မပင္ပန္းပါဘူး၊ မေန႔ကလဲ ကိုကို လာကူေပးသြားလို႔ ဘာမွေတာင္ မလုပ္လိုက္ရဘူး၊ ပင္ပန္းသြားတာက ကိုကိုေလ၊ အခုထိ မမေမာင္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနလိုက္တာ၊ ညကလဲ ႐ုံးက ႏွစ္ခ်ဳပ္စာရင္းေတြ လုပ္ရလို႔ ထင္တယ္၊ ကိုကို အိပ္တာ ေနာက္က်တယ္"

မမျမက ရယ္ပါတယ္။

"ေအးကြယ္၊ ႏွစ္ကုန္ပိုင္းဆို သူ အလုပ္မ်ားတာကို မနားတဲ့အျပင္ မေန႔က အိမ္ျပန္ေရာက္ကတည္းက ၿမဲနဲ႔ျမတ္ကို လက္ဆြဲၿပီး ေကာက္ေကာက္ပါေအာင္ လိုက္သြားၾကတာ မျမျဖင့္ တားခ်ိန္ေတာင္ မရပါဘူး၊ သားဖသုံးေယာက္လုံး ေက်ာင္းျပန္၊ ႐ုံးျပန္လာလို႔ ရရေလးကို မျမင္တာနဲ႔ ေနမရၾကတာ အတူတူပဲ သိလား"

စကားတေျပာေျပာနဲ႔ ေနာက္ေဖးဘက္ ေရာက္လာတာမို႔ ကိုယ္လက္သန႔္စင္ၿပီးတာနဲ႔ မနက္စာ ခ်က္ျပဳတ္ဖို႔ လုပ္ရပါတယ္။ မမျမကို ဘယ္ေလာက္ပဲ ခ်စ္ၾကတယ္ ဆိုဆို ကိုကို အပါအဝင္ သားနဲ႔သမီးက ရရ လက္ရာ မဟုတ္ရင္ ဟုတ္တိပက္တိ မစားၾက။ ရရ အတြက္လဲ ဘာထူးလဲ။ ဘယ္ေလာက္ အလုပ္မ်ားမ်ား ကိုယ္တိုင္မွ ခ်က္ျပဳတ္ မေပးရရင္ တစ္ေန႔တာလုံး ဘာလိုလို႔ လိုေနမွန္း မသိ၊ ေနမရ ျဖစ္တတ္တာ ထုံးစံလိုပါပဲ။

ရရကို ပင္ပန္းမွာ စိုးရိမ္လြန္းတဲ့ မမျမက သားနဲ႔သမီး သုံးႏွစ္အ႐ြယ္မွာ ဇြတ္အတင္း ေတာင္းဆိုဖူးလို႔ ႏွစ္ရက္လားပဲ မီးဖိုခန္းကို လက္လႊဲေပးခဲ့ေပမဲ့ အဲ့ဒီေန႔ေတြမွာ ထမင္းစားပြဲက အရာေတာင္ မယြင္းခဲ့ပါ။ ရရ ခ်က္တာ မဟုတ္ဘူးလို႔ ထုတ္မေျပာဘဲေတာင္ ရရ လက္ရာ မဟုတ္တာကို သားဖသုံးေယာက္လုံး ေကာင္းေကာင္း သိၾကပါတယ္။

မမျမ ခ်က္တာ မစားခ်င္ဘူးလို႔ တစ္ခြန္းမွ မဟၾကေပမဲ့ အဲ့ေန႔ကတည္းက ဆလံျပသြားတဲ့ မမျမက ေနာက္ပိုင္းမွာ ရရ မခိုင္းရင္ ဇြတ္ဝင္မခ်က္ေတာ့ဘဲ တျခား အိမ္မႈကိစၥေတြကိုသာ ေထာင့္ေစ့ေအာင္ လုပ္ကိုင္ေပးတတ္ၿပီး ရရ မီးဖိုေခ်ာင္ဝင္တိုင္း ေဘးကေန ကူေဖာ္ေလာင္ဖက္သာ လုပ္ေပးပါေတာ့တယ္။

သားနဲ႔သမီးကို စေနာက္ခ်င္တဲ့ မမျမက မၾကာခဏ ခပ္ညည္းညည္းေလး ေျပာတတ္ေသးတယ္။

"ထိုင္ဝမ္က အႁမႊာဆို ကြၽန္မလက္ရာကို တန္းတန္းစြဲေတာ္၊ ၿမဲနဲ႔ျမတ္ဆီ ေရာက္မွပဲ ႀကီးျမလဲ ရာထူးက်ေတာ့တယ္"

မမျမ ဒီလိုေျပာတိုင္း ကိုကိုနဲ႔ ၿမဲက ၿပဳံးေနတတ္ေပမဲ့ အစြာေလး ျမတ္က မ်က္ေမွာင္ေလး တြန႔္သြားတတ္ၿပီး မပီကလာ ပီကလာ ေခ်ပတတ္ပါတယ္။

"ပြားပြားရီးက ဟင္းရွက္ မေတာင္း႐ို႕ ေရးေရးနဲ႔ တီတီေရးက ႀကီးညလက္ရာ ႀကိဳက္သာ၊ ညက္တို႔ ရွာတိတ္က ဟင္းရွက္ေတာင္းတယ္ေရ၊ ႀကီးညလက္ရာ ႀကိဳက္ဖို႔ လိုပူးေရ" တဲ့။

ဒီလို အေျပာခံရတိုင္း မမျမက မ်က္ရည္ထြက္ေအာင္ ရယ္တတ္ပါတယ္။ တကယ္ကို လူလည္ပန္ကာ ပန္းျမတ္ဇဋာက အိမ္ဆည္းလည္းတင္မဟုတ္ အသံက်ယ္လြန္းတဲ့ အိမ္ေခါင္းေလာင္းႀကီးပါပဲ။ မိုးလင္းလို႔ မ်က္စိႏွစ္လုံး ပြင့္တာနဲ႔ ျမတ္ အသံကေလးက ရရတို႔ အခ်စ္စံအိမ္ေလးထဲ တေသာေသာ ညံလို႔ပါပဲ။

"အခုတေလာ ျမတ္ေလးက ေက်ာင္းမွာ ေကာင္ေလး ေတြ႕ေနသလား မသိပါဘူးကြယ္"

ရယ္သံစစနဲ႔ ေျပာလိုက္တဲ့ မမျမေၾကာင့္ ၾကက္ဥေမႊေနရာက ရရ ရယ္မိသြားတယ္။ ဒိန္းမတ္မွာ ဆိုရင္ မိဘတိုင္းလိုလိုက မိမိတို႔ သားသမီးေတြကို တစ္ႏွစ္သား အ႐ြယ္ေလာက္က စတင္ၿပီး ေန႔ထိန္းေက်ာင္းကို ပို႔ၾကပါတယ္။

ေန႔ထိန္းေက်ာင္းေတြမွာက ကေလးငယ္ေတြ ကိုယ့္အားကိုယ္ကိုးႏိုင္ဖို႔နဲ႔ လူမႈဆက္ဆံေရး စြမ္းရည္ကို အေလးေပး သင္ၾကားေပးတာမို႔ ရင္ေသြးငယ္ေတြအတြက္ ဉာဏ္ရည္ေသြးလို႔ ေကာင္းတဲ့ ေနရာအျဖစ္ မိဘေတြက ယူဆၾကလို႔ပါပဲ။

ၿမဲနဲ႔ျမတ္ကိုလဲ တစ္ႏွစ္ခြဲ အ႐ြယ္ကတည္းက ေန႔ထိန္းေက်ာင္းကို ပို႔ေပးခဲ့တာမို႔ ေလးႏွစ္အ႐ြယ္ ေရာက္လာခ်ိန္မွာ စကား မပီေသးတာလြဲရင္ ဘာသာစကား သုံးမ်ိဳးကို ေဂ်ာင္းေဂ်ာင္းေျပးေအာင္ ေျပာဆိုႏိုင္လာတဲ့ မူႀကိဳ ေက်ာင္းသားေလးေတြ ျဖစ္လာၾကပါၿပီ။

အိမ္မွာ အတူရွိခ်ိန္တိုင္း ရရက ဗမာလိုသာ ေျပာခိုင္းတာမို႔ ဗမာစကားလဲ ကြၽမ္းက်င္ၾကတဲ့ သားနဲ႔သမီးက ေက်ာင္းမွာဆို ဒိန္းမတ္နဲ႔ အဂၤလိပ္လိုသာ ေျပာရတာမို႔ စကားေျပာတတ္ၿပီ ဆိုကတည္းက သုံးမ်ိဳးလုံးကို သူ႔ေနရာနဲ႔သူ အံဝင္ဂြင္က် သုံးတတ္ေနၾကပါၿပီ။

ဒါတင္မက ေန႔ထိန္းေက်ာင္းရဲ႕ ေက်းဇူးေၾကာင့္ ေလးႏွစ္သားေလးေတြ ျဖစ္ၾကတဲ့ ၿမဲနဲ႔ျမတ္က ကေလးပုစိေလးေတြလို ဖေအေတြ အနားပဲ ကပ္ၿပီး ခြၽဲပ်စ္ေနၾကတာမ်ိဳး သိပ္မရွိဘဲ ကိုယ့္လက္ကိုယ္ေျခနဲ႔ ေတာ္ေတာ္မ်ားမ်ားကို လုပ္တတ္ကိုင္တတ္၊ ဆုံးျဖတ္တတ္ၾကပါတယ္။

ရရကို တက္ညီလက္ညီ နယ္ဖတ္ၾက၊ စေနာက္ၾကခ်ိန္က လြဲရင္ သားနဲ႔သမီးက ကိုကို႔လို ထက္ျမက္လြန္းၾကပါတယ္။ ဒါတင္မက စကားေျပာတတ္ၿပီ ဆိုတည္းက ကိုကို႔ကို ေဖေဖ၊ ရရကို ေဖလို႔ ေခၚဖို႔ အာေပါက္ေအာင္ သင္ေပးခဲ့ေပမဲ့ ရရကို ေခၚၾကတာက ကိုကိုေခၚတဲ့အတိုင္း ခ်ာတိတ္တဲ့။

ဘယ္ေလာက္ပဲ ျပဳျပင္ေပး၊ ျပဳျပင္ေပး ဆႏၵရွိမွသာ ေဖလို႔ ေခၚတတ္ၾကၿပီး က်န္အခ်ိန္တိုင္းမွာ ရရက သားဖသုံးေယာက္လုံးရဲ႕ ခ်ာတိတ္ေလး ျဖစ္မွန္းမသိ ျဖစ္လာရတယ္။ ရရကို ကေလးလို သေဘာထားေနၾကတာ ကိုကိုတစ္ေယာက္တည္း မဟုတ္၊ သားနဲ႔သမီးလဲ ပါပါတယ္။

ေဖေဖနဲ႔ ေမေမကေတာ့ အသည္းတယားယားနဲ႔ ေျပာေျပာၿပီး ရယ္တတ္တယ္။

"ခ်ာတိတ္ဆိုတဲ့ နာမ္စားကို သားႀကီး ႏႈတ္က တစ္ေန႔ အခြန္းတစ္ေထာင္ေလာက္ ထြက္ေနလားမွ မသိတာ၊ ကေလးေတြပါ ႏႈတ္စြဲသြားတယ္ ဆိုကတည္းက ေတြးၾကည့္လို႔ ရေနၿပီ" တဲ့။

ပထမေတာ့ သားနဲ႔သမီးဆီက "ရွာတိတ္" လို႔ အေခၚခံရခ်ိန္မွာ စိတ္ေကာက္ခ်င္ေယာင္ ေဆာင္ခဲ့ဖူးေသးတယ္။ ရရ ေကာက္သြားမွန္း သိသြားေတာ့ သားနဲ႔သမီးက ရရကို လာသိုင္းဖက္ရင္း ေခ်ာ့ေမာ့ၾကတယ္။

"ရွာတိတ္႐ို႕ ေထာ္ရတာကို ပိုရွစ္႐ို႕ေရ ရွာတိတ္ေရးရဲ႕" တဲ့။

ေမာင္ႏွမႏွစ္ေယာက္ဆီက သံၿပိဳင္ ထြက္လာသံေလး ၾကားၿပီးတည္းက အသည္းအူေတြ ျပဳတ္ျပဳတ္ျပဳန္းခဲ့ရတဲ့ ရရက အခုေတာ့ ရွာတိတ္ ဆိုတဲ့ မပီကလာ ပီကလာ အသံေလးေတြကိုပဲ အခ်စ္ပိုရ၊ အူယားလာခဲ့ရၿပီး ၾကည္ၾကည္ျဖဴျဖဴ ခြင့္ျပဳေပးထားရပါတယ္။

"ျမတ္က ဘာတဲ့လဲ မမ"

"ေသခ်ာေတာ့ မသိပါဘူးကြယ္၊ ေက်ာင္းကားေပၚက ဆင္းလာတည္းက သူ႔လက္ထဲ ေခ်ာကလက္ေတာင့္ေလး ကိုင္လာတာ ျမင္လို႔ ဘယ္သူ ေပးတာလဲလို႔ ေမးတာကို မမေခ်ာေလးက တခစ္ခစ္ ရယ္ၿပီး မေျဖဘူးေတာ္"

"ဟုတ္လား မမ"

"ဒါတင္မက ဘာေျပာတယ္ မွတ္လဲ၊ ဒီေခ်ာကလက္ေလး သူ႔မွာ ရွိေၾကာင္း ၿမဲကို ျပန္မေျပာပါနဲ႔တဲ့ေတာ္၊ အတတ္ပတတ္မေလး ဒီအ႐ြယ္ေလးနဲ႔ အစ္ကိုကို ေၾကာက္ရမွန္းေတာ့ သိသား"

ဒါေတြ ကိုကို ၾကားရင္ သမီးျဖစ္သူကို အူတိုအုံးမွာ မလြဲဧကန္ပါပဲ။ တကယ္ကို ျမတ္ကေလးက လူဆိုးမေလး၊ ခ်စ္စရာ အတတ္ပတတ္မေလးပါပဲ။

မွတ္မိေသးတယ္။ သုံးႏွစ္သား အ႐ြယ္တုန္းကဆို ရာသီဥတုေလး ေအးလာတိုင္း ေခ်ာင္းေျခာက္ ဆိုးတတ္ၾကတာမို႔ သၾကားလုံး ေကြၽးျခင္းကို ယတိျပတ္ ပိတ္ပင္ပစ္လိုက္ေတာ့ ရရ အလစ္မွာ အလိုလိုက္မွန္း သိတဲ့ ကိုကို႔ဆီ ေမာင္ႏွမႏွစ္ေယာက္လုံး ေျပးကပ္ၾကပါတယ္။

သားဖသုံးေယာက္ ရရ မသိေအာင္ သၾကားလုံးေတြ တက္ညီလက္ညီ ခိုးစားေနၾကတုန္းက အသံေပ်ာက္ပါပဲ။ ေနာက္ေတာ့ ထုံးစံအတိုင္း ရရကို သူ႔ဟာ၊ ငါ့ဟာနဲ႔ လုၾကရင္း ျမတ္နဲ႔ကိုကို ရန္ျဖစ္ၾကေလရဲ႕။ ဒါနဲ႔ပဲ ညစ္တဲ့ ကိုကိုက ျမတ္ကို မေကြၽးေတာ့ဘဲ ၿမဲ ပါးစပ္ထဲကို သၾကားလုံး ခြာထည့္ေပးေတာ့ သၾကားလုံး ခြံ႕ေနတဲ့ ပုံေလးကို ရရ ဖုန္းနဲ႔ ႐ိုက္ယူလာတဲ့ ျမတ္က ရရဆီ သက္ေသနဲ႔တကြ လာတိုင္ပါတယ္။

ဒါတင္မက ႏႈတ္ခမ္းတလန္ပန္းတလန္ ေျပာပုံေလးက...

"ဂ်ားဂ်ား႐ုံးေဒြ အညားရီး ထိုးခ်ားတဲ့ ေပရီးနဲ႔ ညဲက ရႈိးရယ္ တိရား၊ ေပရီးနဲ႔ ညဲကို ႐ိုက္ေနာ္ ရွာတိတ္၊ ညက္ပဲ ရိမၼာတယ္၊ ရွာတိတ္က ညက္တိုပဲ ပိုရွစ္ေနာ္" တဲ့။

ကိုကို ဆိုတာ မ်က္စိေပါက္ ပိတ္ေအာင္ ရယ္တာပါပဲ။ အဲ့ဒီေန႔မွာ သားဖသုံးေယာက္လုံး ရရဆီမွာ ညီတူမွ်တူ အီစလန္ေဝေအာင္ အဆူခံလိုက္ရၿပီးေနာက္ အိမ္မွာ သၾကားလုံး ဝယ္မထားဖို႔ အျပင္းအထန္ အမိန႔္ထုတ္ပစ္လိုက္မွ အိမ္ဦးနတ္က တဟားဟား ရယ္ရင္း လိုက္ေလ်ာပါတယ္။

ေလးႏွစ္တာ ကာလအတြင္းမွာ အဆိုးဆုံး အရာကေတာ့ ကေလးေတြ လစ္ၿပီဆိုၿပီး ႏွစ္ေယာက္သား နင့္နင့္သီးသီး ေပြ႕ဖက္နမ္းရႈပ္ၾကရင္ ဘယ္က ဘယ္လို ေရာက္ေရာက္လာၾကမွန္း မသိ။ လက္ညႇိဳးတထိုးထိုး၊ မ်က္ရည္တစမ္းစမ္းနဲ႔ ကိုကို႔ကို ဝိုင္းဆြဲဖယ္ထုတ္ၾကပါတယ္။

"ရွာတိတ္ကို မ႐ုတ္နဲ႔၊ ေပရီးက ရွာတိတ္ကို ဘာ႐ို႕ ကိုက္ေနတာရဲ၊ ရွာတိတ္ေရး နာတြားမွာေပါ့" ဆိုၿပီး

ေျခဆင္းၿပီး စူးစူးဝါးဝါး ေအာ္ငိုတတ္ၾကပါတယ္။ အဲ့လိုေန႔မ်ိဳး ၿမဲနဲ႔ ျမတ္ဆီမွာ မိသြားရင္ ရရအနား ကိုကို႔ကို အကပ္မခံၾကေတာ့ဘဲ ကိုကို ကပ္လာတာနဲ႔ သားနဲ႔သမီးက ရရကို ခြဖက္ထားၿပီး ကိုကို႔ကို တြန္းလႊတ္လ်က္ တရားခံၾကည့္သလို ေစာင့္ၾကည့္တတ္ၾကပါတယ္။

ကိုကို႔မွာ အီလည္လည္ စူပုပ္ပုပ္ႀကီးနဲ႔ ရရတို႔သုံးေယာက္ကို ထိုင္ၾကည့္ေနရတဲ့ ရက္ေတြဟာ ဒုနဲ႔ေဒး ျဖစ္လာၿပီး သားနဲ႔သမီး ျပန္တိုင္လို႔ အမ်ိဳးေတြၾကားမွာ ကိုကိုနဲ႔ ရရ အရွက္ကြဲရတာလဲ အခါခါပါပဲ။

မခ်စ္ရ မေနႏိုင္တဲ့အတူတူ အခ်ိန္ေတြ ၾကာလာတဲ့အခါ စေနာက္ခံရတာေတြကို မရွက္ႏိုင္ၾကေတာ့တဲ့ ကိုကိုနဲ႔ရရက လက္ပူးလက္ၾကပ္ မိသြားတဲ့အခါ တဟဲဟဲ ရယ္ၾကရင္းသာ ျဖတ္ေက်ာ္ၾကၿပီး ခိုးခ်စ္၊ ခိုးၾကင္နာရဖို႔အတြက္ ေနရာေကာင္းကို ရွာေဖြမိေတာ့ စတိုခန္းေလးက ရရတို႔အတြက္ အၾကင္နာရပ္ဝန္းေလး ျဖစ္လာခဲ့တယ္။

သားနဲ႔သမီးေတာင္ ဒီအ႐ြယ္ ေရာက္လာၿပီ ဆိုေတာ့ ကိုကိုနဲ႔ ရရဆီမွာလဲ ဘဝနဲ႔ ပတ္သက္တဲ့ ေျပာင္းလဲမႈကေလးေတြ ရွိလာပါတယ္။ ေလးႏွစ္အတြင္းမွာ ကိုကိုက ရာထူးႏွစ္ဆင့္ ပိုျမင့္သြားသလို၊ ရရမွာလဲ ကိုယ္ပိုင္ အလုပ္ကေလး ရွိလာခဲ့ပါၿပီ။

ဘယ္ေတာ့မွ မေျပာင္းလဲတဲ့ အရာကို လက္ညႇိဳးထိုးျပပါ ဆိုရင္ေတာ့ ခ်စ္ျခင္းေမတၱာသာ ျဖစ္ၿပီး ကိုကို႔ရင္ေငြ႕က ေန႔ရက္တိုင္းမွာ ေႏြးေထြးလုံၿခဳံဆဲနဲ႔ ရရတို႔ သားဖသုံးေယာက္ကို ကိုကို ေပြ႕ဖက္လို႔ မညည္းမညဴ ခ်စ္ခင္ယုယဆဲပါပဲ။ ကိုကိုဟာ ေႏြးတဲ့အိမ္ကေလးနဲ႔ ဆင္တူၿပီး ရာသီဥတု ဘယ္ေလာက္ေအးေအး ကိုကို႔ေၾကာင့္ ေႏြးေထြးခဲ့ရပါတယ္။

အခုဆို ေမေမက ရရတို႔နဲ႔ အတူ မေနေပးႏိုင္ေတာ့ပါဘူး။ ေျမးႏွစ္ေယာက္ကို ဘယ္ေလာက္ပဲ မခြဲႏိုင္ဘူးဆိုဆို ေမေမ့မွာလဲ ေဖေဖ့ ေဝယ်ာဝစၥေတြ ရွိေသးတာမို႔ သားနဲ႔သမီး ႏွစ္ႏွစ္ေက်ာ္ၿပီ ဆိုတည္းက ေဖေဖ ရွိရာ ျပန္သြားရေပမဲ့ သိပ္လြမ္းတတ္တဲ့ ေမေမက မၾကာခဏ ေဖေဖ့လက္ဆြဲလို႔ ရရတို႔ဆီ အေျပးေရာက္လာတတ္ၿမဲ၊ ေျမးႏွစ္ေယာက္ကို ေထြးေပြ႕ၿမဲပါပဲ။

ကိုကို႔မာမီအျပင္ ကိုကို႔ညီေလးနဲ႔ ညီမေလးကလဲ ေက်ာင္းပိတ္ရက္ ေရာက္တိုင္း ရရတို႔အိမ္ အေျပးကေလး ေရာက္လာၾကၿပီး သားနဲ႔သမီးကို လာထိန္းေပးၾကသလို၊ မမႀကီးတို႔ ဇနီးေမာင္ႏွံ၊ ဦးေလး ေအာင္ေမာင္းနဲ႔ သံသာ ျမတ္မိုးတို႔ကလဲ အိမ္ဦးနဲ႔ၾကမ္းျပင္ သြားလာေနၾကတာမို႔ ဘယ္သူ႔ကိုမွ လြမ္းခ်ိန္မရဘဲ ရရတို႔ အိမ္ကေလးက ဧည့္သည္မျပတ္ ဆူညံေနတတ္ပါတယ္။

သားနဲ႔သမီး ဆယ္ရက္သား အ႐ြယ္ကတည္းက ရရတို႔ဆီ ေရာက္လာခဲ့တဲ့ မမျမကေတာ့ ၿမဲနဲ႔ျမတ္ရဲ႕ အသဲေက်ာ္၊ အတူေဆာ့ေဖာ္ ႀကီးေတာ္ႀကီး ျဖစ္လာၿပီး ကေလးေတြကို သူမတူေအာင္ ခ်စ္ေပးႏိုင္မႈက အႏႈိင္းမဲ့ပါပဲ။ သားနဲ႔သမီး ႏွာေစး ေခ်ာင္းဆိုးရင္ေတာင္ တစ္ညလုံး ထိုင္ငိုတတ္သူကလဲ မမျမပါပဲ။ ရရနဲ႔ကိုကို႔အတြက္ တကယ္ကို အားကိုးရတဲ့ အစ္မႀကီး အမိရာ တစ္ေယာက္လိုပါပဲ။

ကေလးေတြ လသားအ႐ြယ္မွာ သားသမီးေဇာနဲ႔ ႏွစ္ေယာက္သား ေမ့ေမ့ေလ်ာ့ေလ်ာ့ ျဖစ္ခဲ့ၾကေပမဲ့ ၿမဲနဲ႔ျမတ္ တစ္ႏွစ္ခြဲ အ႐ြယ္မွာ ႏို႔ျပတ္ၿပီး၊ ေန႔ထိန္းေက်ာင္းကို စတက္ၿပီဆိုတည္းက ကိုကိုက မ်က္ႏွာမေကာင္း ျဖစ္လာတယ္။ အေၾကာင္းအရင္းကေတာ့ ကိုကို႔အတြက္နဲ႔ ရရ အေတာင္ပံေတြကို ျဖဳတ္သိမ္းခဲ့ရတယ္လို႔ ကိုကို ေတြးမိသြားလို႔ပါပဲ။

"မဟုတ္ပါဘူး ကိုကိုရယ္" လို႔

ဘယ္ေလာက္ ေျပာေျပာ၊ ကိုကို မ်က္ႏွာမေကာင္း ျဖစ္လာတဲ့အခါ တစ္ခုခု လုပ္ဖို႔ ေတြးရပါေတာ့တယ္။ ကိုကို႔ ဆႏၵက ရရကို ေက်ာင္းျပန္တက္ေစခ်င္တာ ျဖစ္ေပမဲ့ တကၠသိုလ္ေက်ာင္းသား ဘဝကိုေတာ့ ရရ ကိုယ္တိုင္ မလိုလားေတာ့တာမို႔ သက္ေမြးပညာ ဒီပလိုမာ တစ္ခုကို ေ႐ြးခ်ယ္သင္ယူဖို႔ ဆုံးျဖတ္ရတယ္။

ဘယ္အရာကို ႏွစ္သက္သလဲ၊ ဘယ္အရာကို လုပ္ခ်င္သလဲလို႔ စဥ္းစားလိုက္ေတာ့ ရရက ပန္းကေလးေတြကို ခ်စ္ပါတယ္။ ဒါ့အျပင္ ပန္းကေလးေတြကို ထုတ္ပိုး အလွဆင္ရတာလဲ လြန္စြာ ႏွစ္သက္ပါတယ္။ အခုဆို ရရ စမ္းသပ္ စိုက္ပ်ိဳးထားတဲ့ ပုန္းညက္ပင္ေလးေတြေတာင္ ကိုပင္ေဟဂင္က ရရတို႔ ၿခံကေလးထဲမွာ သုံးပင္တိတိ ရွင္သန္ေနပါၿပီ။

ရရအတြက္ေတာ့ ပန္းကေလးေတြဟာ သူငယ္ခ်င္းေကာင္းနဲ႔ ဆင္တူတာမို႔ အနားမွာ အတူရွိခ်ိန္တိုင္း စိတ္ေပ်ာ္႐ႊင္မႈကို ျဖစ္ေစၿပီး အေရာင္အဆင္း လွလွေလးေတြ၊ ရနံ႔ေမႊးေမႊးေလးေတြက လူသားတို႔ရဲ႕ ကမာၻကို ေႏြးေထြးေစတယ္လို႔ ယုံၾကည္ထားပါတယ္။

British Florist Association က ဖြင့္လွစ္ထားတဲ့ European Floristry School မွာ ဒီပလိုမာ ယူလိုက္တဲ့ ရရက ဝါသနာ အရင္းခံမႈေၾကာင့္ ကြၽမ္းက်င္တဲ့ Florist Designer တစ္ေယာက္ ျဖစ္လာခဲ့ၿပီး အခုဆို လမ္းမတန္းေလးကို ေမးတင္ထားတဲ့ ရရတို႔ ၿခံဝန္းေလးထဲမွာ ခ်စ္စဖြယ္ ပန္းဆိုင္လွလွေလးကို ဖြင့္လွစ္ထားၿပီးပါၿပီ။

ဒီပလိုမာ တက္တာကို အားေပးပံ့ပိုးခဲ့တဲ့ ကိုကိုက ပန္းဆိုင္ဖြင့္မယ္ ၾကားကတည္းက ရရ ပင္ပန္းမွာ စိုးရိမ္ၿပီး အသည္းအသန္ တားျမစ္ခဲ့ပါေသးတယ္။ ကိုကို႔ စိတ္ကို ရရ သိပါတယ္။ ကိုကိုက တကၠသိုလ္ ေက်ာင္းသားဘဝေလးကို ခံစားေစခ်င္တာ ျဖစ္ၿပီး ေငြရွာဖို႔ကို လုပ္ေစခ်င္ခဲ့တာ မဟုတ္ပါဘူး။

ေနာက္ဆုံး ေဖေဖ၊ ေမေမနဲ႔ မမႀကီးတို႔ပါမက အားလုံး ဝိုင္းဝန္းေဖ်ာင္းဖ်မွ လက္ခံလိုက္တဲ့ ကိုကိုက ပန္းဆိုင္ကေလးကို ကိုယ္တိုင္ ဒီဇိုင္းဆြဲ တည္ေဆာက္ေပးခဲ့ၿပီး ရရ အလုပ္၊ ကိုကို႔အလုပ္ မခြဲျခားဘဲ အားလပ္ခ်ိန္တိုင္းမွာ ရရေဘး ကပ္လို႔ သားသမီးေတြ တာဝန္ကို အတူထမ္း႐ြက္ေပး႐ုံမက ရရ ပန္းဆိုင္ေလးကိုလဲ ကိုကို မ်ားစြာ အကူအညီ ေပးေနဆဲပါပဲ။

"ပုန္းညက္ရနံ႔" လို႔ ကိုကို ကိုယ္တိုင္ အမည္ေပးထားတဲ့ ပန္းဆိုင္ေလးက အခုဆို ကိုပင္ေဟဂင္မွာ နာမည္ ရလာတဲ့အျပင္ တစ္ေန႔တစ္ေန႔ ေအာ္ဒါေတြ မႏိုင္လို႔ ဝန္ထမ္းေလးေတြ ခန႔္အပ္ထားရပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ျမန္မာျပည္ကေန ေက်ာင္းလာတက္ၾကတဲ့ ေက်ာင္းသားေလးေတြအတြက္ အပိုဝင္ေငြရေစဖို႔ အခ်ိန္ပိုင္း အလုပ္ေလးေတြကို ရရက ဖန္တီးေပးျဖစ္ပါတယ္။

ေမြးေန႔ပြဲလို၊ ညစာစားပြဲလို အခမ္းအနားေတြအတြက္ ပန္းအလွဆင္ဖို႔ ငွားရမ္းခံရတဲ့အခါ၊ ဝန္ထမ္းေတြနဲ႔ပဲ လက္လႊဲလို႔ မရတဲ့ အခါမ်ိဳးဆို ရရ ကိုယ္တိုင္ အခမ္းအနား ရွိရာ လိုက္ပါသြားရပါတယ္။ ဒီလိုရက္မ်ိဳးဆို ႐ုံးခ်ိန္ၿပီးတာနဲ႔ ကိုကိုက ရရေနာက္ တေကာက္ေကာက္ ေလွ်ာက္လိုက္တတ္ၿပီး ရရ ခိုင္းသမွ် မညည္းမညဴ လုပ္ေပးတတ္ပါတယ္။

မ်ားေသာအားျဖင့္ ကိုကို တစ္ေယာက္တည္း ရရေနာက္ လိုက္လာတာ မဟုတ္ဘဲ သားနဲ႔သမီးကိုပါ အပါေခၚလာတတ္ၿပီး မီးရထားတြဲႀကီးလို ဘာလုပ္လုပ္ ေလးေယာက္ အတြဲလိုက္ႀကီး ျဖစ္ေနတာမို႔ ရရတို႔ မိသားစုေလးကို အေတာ္မ်ားမ်ား သတိထားမိလာၾကတယ္။

တစ္ခါကဆို ေမြးေန႔ပြဲေလး တစ္ခုအတြက္ ပန္းအလွဆင္ဖို႔ သြားတာကို ကိုကို သိတာနဲ႔ သားနဲ႔သမီးကို ေခၚၿပီး လိုက္ခ်လာ႐ုံမက ဟိုက် ရရ ခိုင္းသမွ် ေတာက္တိုမယ္ရ အားလုံး လုပ္ေပးေနတဲ့ ကိုကို႔ကို ေမြးေန႔ရွင္ေလး ဖခင္နဲ႔ မိတ္ေဆြတခ်ိဳ႕ ျမင္သြားၾကတဲ့အခါ ရင္ဘတ္ဖိၿပီး အာေမဍိတ္ ျပဳၾကပါတယ္။

ေနာက္မွ သိရတာက ေမြးေန႔ရွင္ေလး ဖခင္နဲ႔ အံ့ဩသြားၾကသူေတြ အားလုံးက C.O.E ႐ုံးခ်ဳပ္ကပဲ ျဖစ္ၿပီး ကိုကို႔ထက္ ရာထူး နိမ့္ၾကပါတယ္။ ႐ုံးမွာဆို အ႐ိုအေသ ေပးေနရတဲ့ အထက္လူႀကီးကို ေတာက္တိုမယ္ရ ပုံစံမ်ိဳးနဲ႔ ျမင္လိုက္ရတာမို႔ တအံ့တဩ ျဖစ္ကုန္ၾကေပမဲ့ အိမ္သားကို ေတာ္ေတာ္ခ်စ္တဲ့ ခင္ပြန္းေကာင္းပဲလို႔ ခ်ီးက်ဴးေထာပနာ ျပဳလ်က္ တသသ ဂုဏ္ယူစြာ ေျပာဆိုၾကပါတယ္။

ရရ ပန္းဆိုင္ေလး တစ္ရွိန္ထိုး နာမည္ႀကီးလာက ၿမဲနဲ႔ျမတ္ေၾကာင့္ ဆိုလဲ မမွား။

မ်ားေသာအားျဖင့္ ဆိုင္မွာ ပန္းလာဝယ္တဲ့ ေက်ာင္းသား/သူ စုံတြဲေလးေတြက ရရတို႔ မိသားစုေလးကို ခ်စ္ခင္ၾကၿပီး အ႐ုပ္ေလးေတြနဲ႔ တူလြန္းတဲ့ သားနဲ႔သမီးကို ခြင့္ေတာင္းၿပီး ဓာတ္ပုံ ႐ိုက္သြားတတ္ၾကပါတယ္။ ဒါတင္မက ဆိုရွယ္မီဒီယာေတြမွာ ျပန္တင္ၾကတာမို႔ Fan Page ေလးေတြ ေပၚလာ႐ုံမက လူသိပိုမ်ားလာၿပီး အလိုလိုေနရင္း အခ်စ္ခံ မိသားစုေလး ျဖစ္လာပါတယ္။

နာရီလွမ္းၾကည့္ေတာ့ ခုႏွစ္နာရီေက်ာ္ပါၿပီ။

မ်က္လုံး၊ ႏွာေခါင္းနဲ႔ နား႐ြက္ ေနရာေတြမွာ ေရညႇိဖတ္ေတြကို အသုံးျပဳၿပီး စိတ္ရွည္လက္ရွည္ ပုံေဖာ္ေနမိတာက Mickey Mouse ပုံစံ ထမင္း႐ုပ္ကေလးေတြ။ လိေမၼာ္ရည္နဲ႔ ႏွပ္ထားၿပီးမွ ျပန္ကင္ထားတဲ့ ဝက္ေပါင္ေျခာက္ကို တစ္ဖက္ျခမ္းမွာကပ္၊ အာလူးေခ်ာင္းေၾကာ္ နည္းနည္း၊ သားဖသုံးေယာက္လုံး ႀကိဳက္ၾကတဲ့ ၾကက္ဥလိတ္ေၾကာ္၊ ပန္းေဂၚဖီစိမ္း၊ ကေလးတို႔ႀကိဳက္တဲ့ Sausage ကို အသည္းပုံေလး ထြင္းၿပီးတာနဲ႔ ဆင္တူ ထမင္းဘူးေလးေတြ ျပင္ဆင္ျခင္းက ၿပီးဆုံးပါၿပီ။

မနက္ေစာေစာမွာ မမျမ ခြဲၿပီး ေရခဲေသတၱာထဲ ထည့္ေပးထားတဲ့ နဂါးေမာက္သီးနဲ႔၊ ရက္စ္ဘယ္ရီသီး တခ်ိဳ႕ကို အခ်ိဳတည္းမဲ့ ဘူးေလးထဲ လွတပတထည့္။ ကိုကို႔အတြက္ သံပုရာရည္ေဖ်ာ္ၿပီး အေအးခံ ဘူးကေလးထဲထည့္၊ သားနဲ႔သမီးအတြက္ ဒိန္ခ်ဥ္ဘူးကေလးေတြကို မေမ့မေလ်ာ့ ထမင္းခ်ိဳင့္ျခင္းထဲ ေကာက္ထည့္ၿပီးခ်ိန္မွာ ၇ နာရီ ခြဲပါၿပီ။

ထုံးစံအတိုင္း လက္ႏွစ္ဖက္ကို လက္အုပ္သဏၭာန္ ခ်ီလ်က္...

"ဒီထမင္းဘူးေလးေတြကို သုံးေဆာင္မဲ့ အိမ္ဦးနတ္နဲ႔တကြ သားေလးနဲ႔ သမီးေလး က်န္းမာပါေစ၊ ခ်မ္းသာပါေစ၊ စားသမွ် အာဟာရ ျဖစ္လို႔ အာဟာရျဖစ္သမွ် ဉာဏ္ပညာ ျဖစ္ထြန္းပါေစ၊ အလုပ္မွာ အဆင္ေျပ၊ ေက်ာင္းမွာ အဆင္ေျပၾကၿပီး တစ္ေန႔တာေလး အထိခိုက္ကင္းကင္းနဲ႔ လုံၿခဳံေႏြးေထြးပါေစ"

႐ြတ္ဆိုၿပီးခ်ိန္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးလိုက္ေတာ့ အထာေပါက္ေနတဲ့ မမျမက ရရအနား လ်င္ျမန္စြာ ေလွ်ာက္လာရင္း ၿပဳံးေနတယ္။

"မျမျဖင့္ေလ ဒီပုံစံေလးကို ဘယ္ေလာက္ ျမင္ရျမင္ရ၊ ႐ိုးသြားတယ္ကို မရွိပါဘူး၊ ရရေလးဟာေလ တကယ္ကို နတ္သားေလး သိလား၊ ဒီခင္ပြန္းသည္၊ ဒီသားသမီးေလးေတြနဲ႔ ဆုံစည္းဖို႔ ဘယ္နတ္ဘုရားကမ်ား လူ႔ျပည္ကို ပို႔ေဆာင္လိုက္ပါသလဲကြယ္"

မမျမ ဒီလိုေျပာတိုင္း ရရကေတာ့ ရွက္ရယ္ ရယ္ေနမိတာပါပဲ။

"ကဲ... ကဲ ဟုတ္ပါၿပီကြယ္၊ မီးဖိုခန္းကို ထားရစ္ခဲ့ေတာ့၊ သိမ္းဖို႔ ေဆးေၾကာဖို႔ေတြ၊ မျမ လုပ္ေပးထားမယ္ ဟုတ္ၿပီလား၊ သားဖသုံးေယာက္ကိုသာ ကိုးနာရီမထိုးခင္ ႐ုံးေရာက္ ေက်ာင္းေရာက္ဖို႔ ႏႈိးေတာ္မူလိုက္ပါအုံး၊ အဲ့မွာတင္ နာရီဝက္ေလာက္ အခ်ိန္ေပးရအုံးမယ္ မဟုတ္လား"

မမျမ ေျပာတာ အမွန္ေတြခ်ည္းပဲမို႔ ရရ ရယ္ရင္း ေခါင္းညိတ္ျပလိုက္မိတယ္။

"ဟုတ္ကဲ့၊ ဒါဆို ရရ ထားခဲ့ၿပီေနာ္ မမ"

"သြား... သြား ရရေလး"

^^

"ကေလးတို႔အေဖ... ၿမဲ... ျမတ္... သားဖသုံးေယာက္လုံး အခု ထမွာလား၊ မထဘူးလား"

ေအာ္ႏႈိးေနတာ လိပ္ေခါင္းထြက္ေတာ့မယ္ ျပန္ေျဖသံ မၾကားရ။ ေဆာင္းဦးရာသီက သိသိသာသာ လႊမ္းၿခဳံလာၿပီမို႔ မိုးလင္းလာတိုင္း ေစာင္ပုံထဲက ဆြဲထုတ္ရတာ မသက္သာ။ အသံက်ယ္က်ယ္နဲ႔ ဘယ္ေလာက္ ေအာ္ႏႈိး ေအာ္ႏႈိး တင္ပါးေပၚ လက္ဖဝါး သြားတင္လိုက္မွ သားဖသုံးေယာက္ လူးလဲထတတ္တာ ထုံးစံပါပဲ။

မီးဖိုထဲမွာ ခ်က္ျပဳတ္ခဲ့ၿပီ ျဖစ္တဲ့ ရရအတြက္က ခ်မ္းတယ္ ဆိုတာ ဘာမွန္း မသိ။ နားထင္စပ္မွာ ေခြၽးကေလးေတာင္ စို႔ခ်င္ေနပါၿပီ။ ခဏရပ္ၾကည့္ ၿပဳံးၿပီးေနာက္ ကိုကို ႐ုံးတက္ဖို႔ ဝတ္စုံ၊ သားနဲ႔သမီးအတြက္ ေက်ာင္းဝတ္စုံေတြ အဆင္သင့္ ထုတ္ထားလိုက္မိတယ္။

သားနဲ႔သမီး ငယ္စဥ္က ရရထက္ေတာင္ အပင္ပန္းခံၿပီး ကေလးတို႔ရဲ႕ ေဝယ်ာဝစၥေတြကို မညည္းမညဴ လုပ္ကိုင္ေပးခဲ့တဲ့ ကိုကိုက ၿမဲနဲ႔ျမတ္ သုံးႏွစ္ေက်ာ္လာကတည္းက ကေလးတို႔နဲ႔အၿပိဳင္ သားအႀကီးဆုံး ဝင္လုပ္ေနသလို ရရအေပၚ ဂ်ီက်လာတတ္ပါတယ္။ ညအိပ္ရာဝင္ ေနာက္က်တဲ့ ညမ်ိဳးေတြဆို ေနာက္တစ္ေန႔ မနက္မွာ ကိုကိုတို႔ ႏႈိးရခက္ပါၿပီ။

ဆိုးတယ္။ ႏြဲ႕တယ္။ ကေလးတို႔ဆီက ရရကို အၿပိဳင္လိုက္လုတယ္။ ၿမဲက စကားနည္းေပမဲ့ ရရကို ေန႔တိုင္း လုေနတတ္တဲ့ ျမတ္နဲ႔ကိုကိုက ရန္မသတ္တဲ့ေန႔ ဆိုတာ မရွိသေလာက္ပါပဲ။ ဒီလိုဆိုေပမဲ့ သည္းသည္းလႈပ္ ခ်စ္ၾကတာလဲ သူတို႔သားအဖပါပဲ။

ကိုကို႔ကို ရရ တမင္ ဆူျပလိုက္ရင္ ျမတ္က မ်က္ရည္ေလး တစမ္းစမ္း လုပ္ျပတတ္သလို၊ ျမတ္ကေလး စကားေတြ မ်ားလြန္းလို႔ ရရ ေဟာက္ပစ္တိုင္းလဲ သားဖႏွစ္ေယာက္ တက္ညီလက္ညီ ရရကို ေတာ္လွန္ၾကပါတယ္။ ေတာ္လွန္တယ္ ဆိုတာ တျခားဟာ မဟုတ္။ ဘယ္အာဟာရမွ မထြက္ေတာ့တဲ့ ရရ ရင္အုံကို မရမက လိုက္ညႇစ္ၾကျခင္းပါပဲ။

ဒီျပႆနာေၾကာင့္ သုံးေယာက္သား အိပ္ရာထက္မွာ လူးလွိမ့္ေနၾကရင္ အခန္းေထာင့္မွာ ၿပဳံးၾကည့္ေနတဲ့ ၿမဲက လူႀကီးေလး အထာနဲ႔ သက္ျပင္းမႈတ္ထုတ္ၿပီး ေခါင္းခါယမ္းတတ္ၿမဲ။ ၿပီးရင္ ေလးႏွစ္သားေလးက မပီကလာ ပီကလာ တီးတိုး ေျပာလိမ့္မယ္။

"ေပရီးနဲ႔ ညက္ဟာေလ ကေရးေတြ႐ို သိပ္ေခ်ာ့တာပဲ၊ ညဲ ရွာတိတ္ေရးေတာ့ ပင္ပန္းေတာ့မွာၿပဲ"

နာရီၾကည့္ေတာ့ ရွစ္ႏွစ္နာရီ ထိုးလုၿပီ။

အခုခ်ိန္ ရေအာင္ မႏႈိးရင္ သားဖသုံးေယာက္ ေက်ာင္းခ်ိန္မီဖို႔၊ ႐ုံးခ်ိန္မီဖို႔ ေျခေထာက္ ေျခာက္ေခ်ာင္းက ေျဗာင္းဆန္ေအာင္ ေရခ်ိဳးခန္းထဲမွာ ရႈပ္ယွက္ခတ္ကုန္ေတာ့မွာ။ ၿပီးရင္ တညီတညာတည္း၊ တစ္ေလသံတည္း ေျပာၾကအုံးမယ္။

"ခ်ာတိတ္ကမွ ႏိုးေအာင္ မႏႈိးတာ" လို႔ေလ။

သားနဲ႔သမီးက ႏို႔ျပတ္ၿပီးတာ ၾကာၿပီ ဆိုေပမဲ့ ရရကို အခုထိ အလြတ္မေပးၾကေသး။ မိုးလင္းလို႔ မ်က္စိႏွစ္လုံး ပြင့္ၿပီ ဆိုတာနဲ႔ ရရကို ဝိုင္းဖက္ထားၿပီး အာဟာရ မထြက္ေတာ့တဲ့ အဲ့ဒီေနရာကို နယ္ဖတ္ေနၾကတာ တစ္ေယာက္လဲမဟုတ္၊ ႏွစ္ေယာက္လဲ မဟုတ္၊ သုံးေယာက္လုံး ျဖစ္ၿပီး အားလုံးထဲမွာ ကိုကို အဆိုးဆုံး။

ခဏခဏ လာကိုင္တာကို မႀကိဳက္လို႔ ပိတ္႐ိုက္လိုက္ရင္ သားက လက္ေလွ်ာ့သြားတတ္ေပမဲ့ ျမတ္နဲ႔ ကိုကိုက စိတ္တိုင္းက် မနယ္ဖတ္ရမျခင္း လြန္စြာ ေကာက္ခ်ိတ္တတ္ၾကပါတယ္။ စိတ္ေက်နပ္ေအာင္ ခဏၿငိမ္ေပးလိုက္မွ ေက်နပ္သြားၾကၿပီး သားဖသုံးေယာက္လုံး သန႔္ရွင္းေရးလုပ္၊ အဝတ္လဲ၊ မနက္စာ စားၿပီး ေက်ာင္းသြား၊ ႐ုံးသြားျခင္းကို ၾကည္ၾကည္လင္လင္ လုပ္ကိုင္ၾကပါတယ္။

ေစာင္ကို သြားလွပ္လိုက္ေတာ့ ရရ ႏိုးခါစက အိပ္ဟန္နဲ႔ မတူေတာ့တဲ့ သားနဲ႔သမီးက ကိုကို႔ ေျခေထာက္ႏွစ္ဖက္ကို တစ္ဖက္စီ အပိုင္စီးထားၿပီး ဖက္လုံးသဖြယ္ ခြထားလ်က္ အိပ္ေမာက်ေနၾကပုံက ေကြးေကြးေလးေတြ။ ကိုကိုကေတာ့ အလယ္မွာ ပက္လက္ႀကီး ျဖစ္ေနၿပီး အခုထိ အိပ္ေမာက်ေနပါတယ္။

"ကိုအဇဋာ ေခါင္းေဆာင္ႀကီး အခု မထဘူးလား၊ ထမွာလားဟင္၊ ျဖန္း!"

"ေနၿမဲဇဋာ ေခါင္းေဆာင္လတ္ အခု မထဘူးလား၊ ထမွာလားဟင္၊ ျဖန္း!"

"ပန္းျမတ္ဇဋာ မယ္စြာေတး အခု မထဘူးလား၊ ထမွာလားဟင္၊ ျဖန္း!"

ခပ္ဆတ္ဆတ္ေလး တန္းစီ ႐ိုက္ပစ္လိုက္တာမို႔ တင္သားေတြကို ဖိပြတ္ၾကတဲ့ သုံးေယာက္က လူးလဲၿပီး ၿပိဳင္တူ ခုန္ထလာ႐ုံမက တစ္ေယာက္တစ္ေပါက္ ထြက္လာတဲ့ အသံေတြက...

"ခ်ာတိတ္က ေဖေဖ့ဟာေနာ္"

"ညဲဟာေနာ္"

"ညက္ဟာ... ညက္ဟာ"

"ေဖေဖ့ဟာလို႔"

"ညဲဟာ႐ို႕"

"ညက္ဟာပါခ်ိဳ အီး... ဟီး... ဟီး"

^^

ဆက္ရန္

ခ်စ္တဲ့အသြဲ႕^^

၃.၁၂.၂၀၂၂ စေနေန႔

(ေနာက္ရက္ေတြ အလုပ္မ်ားႏိုင္တာမို႔ အခ်ိန္ရသမွ်ေလး ေျပးေရးလိုက္၊ ေျပးတင္လိုက္ပါပဲ။ က်န္းမာခ်မ္းေျမ့ပါေစကြယ္။ အပိုင္းသစ္ဟာ ၆.၁၂.၂၀၂၂ ပါ)

+++++

Continue Reading

You'll Also Like

5M 405K 57
#July - 17 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖ...
185K 12.8K 32
" ဆုပိုင္ " " Yes, boss! " " ငါ က မင္းရဲ႕ ဘာလဲ ? " " ထာဝရ အတြက္ ကြၽန္ေတာ့္ရဲ႕ boss ေလး " #owncreation #bl
148K 3.2K 7
အိမ္ေဖာ္တစ္ေယာက္လုပ္ရတာလည္း သခင္ကPossessive typeဆိုေတာ့ေျကာက္ရတယ္ဟ !
698K 40.2K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...