အခန်း - ၄၁

41.1K 3.2K 472
                                    

UNICODE

လေးနှစ်ခန့် ကြာပြီးနောက်...။

၆ နာရီ ဒေါင်ဆိုတာနဲ့ အကျင့်ပါနေတဲ့ မျက်ဝန်းတွေက ဖျတ်ခနဲ ပွင့်လာတယ်။ ဘေးကို ငဲ့ကြည့်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ကိုကို့မျက်နှာက ပကတိ ကြည်မွေ့နေပါတယ်။ အိပ်ရာနိုးချိန်မှာ လုပ်နေကျအတိုင်း ကိုကို့မေးဖျားလေးကို အနမ်းဖွဖွ တင်ပြီးနောက် တီးတိုး ရေရွတ်မိတာက...

"ကိုကို့ကို ချစ်တယ်"

ကုတင်ပေါ် ဝေ့ကြည့်လိုက်တော့ ရရ မျက်နှာ ပြုံးယောင်သန်းလာတယ်။ ညဦးပိုင်းမှာ ဘယ်လောက်ပဲ ရင်ခွင်ထဲ ထားသိပ်၊ ထားသိပ်၊ တစ်ညလုံး ဘယ်လောက်ပဲ ပြန်ရွှေ့ပေး၊ ရွှေ့ပေး၊ မိုးလင်းလာရင် မောင်နှမနှစ်ယောက်လုံး ကုတင်ခြေရင်း ရောက်နေတတ်ပါတယ်။ အပြုံးနဲ့ ခေါင်းခါယမ်းရင်း ကုတင်ပေါ်က ဖြည်းဖြည်းလေး ဆင်းလာမိတယ်။

အရုပ်လေးတွေနဲ့ တူနေတဲ့ သားနဲ့သမီးဘေးမှာ ခြေစုံရပ်လျက် နဖူးပြင်ဝင်းဝင်းလေးတွေဆီ မနက်ခင်း အနမ်းလေး ပေးပြီးတာနဲ့ ရရ တစ်နေ့တာကို စတင်ဖို့ လုပ်ရပါတယ်။ အိပ်မောကျနေတဲ့ အသည်းအသက်လေးတွေ မကြားမှန်း သိတာတောင် ပြောနေကြအတိုင်း တိုးတိုးလေး ရေရွတ်မိသွားတယ်။

"ဖေက ချစ်တယ်နော်"

ပြောပြီးတာနဲ့ တစ်ကိုယ်ရေ ရယ်မိပြန်တယ်။ ဒီလို ပြောတာကို မကြားကြလို့သာပေါ့။ ကြားများ ကြားသွားကြရင်...

"ညဲကို ရှစ်တာရား၊ ညက်ကို ရှစ်တာရား၊ ပေရီးကို ရှစ်တာရား၊ တစ်ထုထုကို ရေး" လို့

ရရ ဖြေရခက်စေမဲ့ စကားလုံးတွေ မေးပြီး သားဖသုံးယောက် သူ့ပိုချစ်တာ၊ ငါ့ပိုချစ်တာနဲ့ စကားနိုင်လုပြီး စိတ်ကောက်ကြအုံးမှာ အသေအချာ။

"ရရလေး"

အခန်းပြင် ထွက်လာတာနဲ့ မမမြနဲ့ တန်းဆုံတယ်။

"ဗျာ"

"အိပ်ပါဆိုကွယ်၊ အစောကြီး ရှိသေးတာကို၊ ချက်ဖို့ပြုတ်ဖို့တွေ မမြ အဆင်သင့် လုပ်ပေးထားမှာပေါ့ မောင်လေးရယ်၊ အိပ်ရေးဝမှ ထချက်လဲ ရရဲ့သားနဲ့၊ မနေ့ကလဲ ပွဲအတွက် ပန်းသွားပြင်ပေးရတာ ပင်ပန်းထားတယ် မဟုတ်လား"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now