အခန်း - ၁၆

44K 4.1K 341
                                    

UNICODE

ကိုကို့ကားလေး ထွက်သွားကတည်းက ခြံတံခါး ပိတ်ပြီး အိမ်ထဲ ပြန်ဝင်လာမိတယ်။ ထုံးစံအတိုင်း ပိတ်ရက်မို့ လုပ်စရာတွေ များပေမဲ့ ကိုကိုက ပိုပင်ပန်းတာပေါ့လို့ တွေးမိတော့ စိတ်မကောင်း ဖြစ်သွားတယ်။

စနေ တနင်္ဂနွေတွေဟာ ပိတ်ရက် ဆိုပေမဲ့ ကိုကို နားတာ သိပ်မတွေ့ရ။ မိုးလင်းတာနဲ့ အလုပ်ရှိရာ ကိုကို ထွက်သွားတတ်မြဲ။ အတူနေတာ ကိုးလနီးပါး ဖြစ်လာမှ ကိုကိုက အလုပ်သရဲမှန်း ပိုသိလာခဲ့တယ်။

ဒီတစ်ပတ်လုံး ကိုကို အလုပ်များနေပါတယ်။

ညဘက်တွေ အိပ်တာ ညဉ့်နက်ပုံ ရပြီး မနက်စောစောမှာလဲ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ်။ စိတ်မကောင်း ဖြစ်မိတဲ့ ရရက ကူပေးရမလား ဆိုလဲ ကိုကိုက ခေါင်းခါတယ်။ ပြီးရင် ရယ်မြူးရိပ်တွေနဲ့ ပြောတာက...

"ကျေးဇူးတင်ပေမဲ့ ခင်ဗျား ကူလို့ မရတဲ့ အရာတွေပါဗျာ" တဲ့။

"ကိုကိုကလဲ ရရက နလပိန်းတုန်း မဟုတ်ပါဘူးနော်၊ ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူး ထွက်ထားတာ သိလား"

ဒီလို အတွန့်တက်ရင် ကိုကိုက ခေါင်းခါယမ်းရင်း ပြုံးတယ်။ အလုပ်နဲ့ လက်လဲ မပျက်စေဘဲ...

"အင်း... ဘာသာစုံ ထွက်ထားလဲ မရဘူးဗျာ"

"ကိုကို ဒေတာတွေ ဖြည့်နေတာမို့လား၊ ဒီလောက်က အသာလေးများ ဟွန့်"

မကျေမချမ်းနဲ့ ကိုကို့ ကွန်ပျူတာကို သွားငုံ့ကြည့်ရင် ကိုကိုက အသံထွက်အောင် ရယ်တတ်တယ်။

"အဲ့ဒီ ဒေတာလေးတွေမို့ ကူဖြည့်လို့ မရတာ ဟုတ်ပြီလား"

"ကိုကိုကလဲ"

အနားမှာ သွားစပ်စုတဲ့ ရရ ပါးပြင်ကို လက်နှစ်ဖက်နဲ့ ဖိအုပ်ကိုင်ပြီး အသည်းယားသလို ဘယ်ညာ ယမ်းပစ်တတ်ပေမဲ့ ရရ မူးလာပြီ ထင်တာနဲ့ ကိုကိုက ချက်ချင်း လွှတ်ပေးတတ်ပါတယ်။

"ကိုယ့် လက်ထောက်ကိုတောင် လုပ်ခိုင်းလို့ မရလို့ ကိုယ်တိုင် လုပ်နေတာ၊ သိပြီလား"

"ရရ ကူညီချင်တယ်လို့"

"ဒါတော့ တကယ် ခိုင်းလို့ မဖြစ်ပေမဲ့ ကူညီချင်သပဆို သံပရာရည် ဖျော်ပေးမလား"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now