အခန်း - ၃၈

45.2K 3.3K 753
                                    

UNICODE

"ချာတိတ်"

မျက်စိအောက်မှာ မမြင်လို့ လိုက်ရှာတော့ ထုံးစံအတိုင်း မီးဖိုခန်းထဲမှာ သူ့ပူဖောင်းလေးက လှုပ်တုတ်လှုပ်တုတ် အလုပ်ရှုပ်နေပါတယ်။

"ဗျာ... ကိုကို"

ခေါင်းငုံ့ပြီး အာရုံစိုက်နေတာမို့ ကုပ်သားဝင်းဝင်းလေးကို ထင်းထင်းလင်းလင်း မြင်နေရပါတယ်။ အသည်းယားလာတဲ့ ကောင်က အနောက်ကနေ သိုင်းဖက်ပြီး ကုပ်သားလေးမှာ နှာဖျားနှစ်ရတာတင် အားမရဘဲ ဖွဖွ ကိုက်ပစ်လိုက်တဲ့အခါ ချာတိတ် ရယ်သံလေး ထွက်လာတယ်။

"ကိုကို့... မေမေ ရှိတယ်နော်"

"ဘုရားခန်းမှာ တွေ့ခဲ့တယ်"

"အကြံသမားကြီး"

"အဟွန်း... ကိုကို့ ချာတိတ်လေးက ကိုကို့ကို ပစ်ထားတာကိုး၊ ပြောပါအုံး၊ ဘာတွေလုပ်"

"စတော်ဘယ်ရီသုပ် စားမလို့ ကိုကို"

"ဟင်... ငရုတ်သီးနဲ့လား၊ မဖြစ်ဘူးနော်"

"ဟင့်အင်းပါနော်၊ နို့နဲ့သုပ်မှာပါ ကိုကိုရဲ့"

"အဲ့ဒီလိုလား၊ ကိုကို့ကိုလဲ ကျွေးမှာလား"

"ကျွေးမှာပေါ့"

"ကိုကို လုပ်ပေးမယ်၊ ဖယ်လေ"

ဘေးမှာ နေရာဝင်ယူလိုက်တော့ နှုတ်ခမ်းလေး စူထွက်လာတယ်။ သိတယ်။ ကောက်စိန်လေး ကောက်တော့မယ် ဆိုတာ သိပါတယ်။ ကိုယ်ဝန်ရင့်လာကတည်းက သူ့အသည်းအသက်လေးက သိပ်ကို စိတ်ကောက်တတ်လာပါတယ်။

"ရရ ဘာသာ လုပ်မယ်လို့"

"ဓားထိမှာစိုးလို့လေ"

"လုပ်ချင်လို့ပါဆို"

"မတားတော့ပါဘူးဗျာ၊ ဟုတ်ပြီလား"

"စိတ်ပူရင် ကိုကို စောင့်ကြည့်ပေးပေါ့"

"သခင်လေး အလိုကျပါ ခင်ဗျ"

နေရာရွှေ့လိုက်တော့ ချာတိတ် ကျောပြင်လေးက သူ့ရင်ခွင်နဲ့ ထိကပ်သွားပြီး လက်လှမ်းမီသမျှ ပါးရိုးလေးတွေ၊ ပါးမို့လေးတွေ၊ ပခုံးစွန်းလေးတွေကို စူးစူးနစ်နစ် လိုက်နမ်းပစ်တော့ လူးလူးလွန့်လွန့်လေး ဖြစ်လာတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now