အခန်း - ၃၂

47.6K 3.9K 1.2K
                                    

UNICODE

"တင်းတောင်... တင်းတောင်"

ခြံတံခါး ဘဲလ်သံ စူးစူးဝါးဝါးကြောင့် အိပ်ပျော်နေရာက ဝုန်းခနဲ ခုန်ထလိုက်မိတယ်။ အကျင့်ပါနေတဲ့ မျက်လုံးတွေက နာရီဆီ ရောက်သွားတော့ ခေါင်းနပန်းကြီးလာတယ်။ ဘဝမှာ ဘယ်တုန်းကမှ ဒီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖူးခဲ့။

ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်တော့ ပုဆိုးတစ်ထည်က လွဲလို့ အပေါ်ပိုင်းမှာ ဗလာကျင်းလျက်။ ကလေးလေးကို သူ့ကိုယ်ငွေ့နဲ့ နွေးရအောင် တမင် ဗလာကျင်းပြီး သူ အိပ်စက်ခဲ့တာ။ ညက အခြေအနေကို ပြန်တွေးမိတော့ ပြုံးယောင်သန်းလာတာနဲ့အမျှ ချာတိတ်လေး ဘယ်ရောက်သွားလဲ စိတ်ပူလာတယ်။

ထူးထူးဆန်းဆန်း အိတ်ကလေးထဲ သူ့ကို ထည့်ခိုင်းထားတဲ့ အကာအကွယ်တွေ သွားစွန့်ပစ်နေတာလား။ မဟုတ်မှ သူ့အတွက် မနက်စာ ပြင်ဆင်နေသလား။ လမ်းကော ကောင်းကောင်း လျှောက်နိုင်ပါရဲ့လား။ နောက်ဖေးဘက် ဦးတည်ချိန်မှာ ထပ်ကြားလိုက်ရတာက...

"တင်းတောင်... တင်းတောင်"

ဒီတစ်ခါ ကြားလိုက်တာက ခြံတံခါး ဘဲလ်သံ မဟုတ်ဘဲ အိမ်တံခါး ဘဲလ်သံမို့ မျက်မှောင်ကြုတ်သွားမိတယ်။ ဧည့်သည်ဆိုရင် သော့ခတ်ထားတဲ့ ခြံတံခါးကို ကျော်လွန်ပြီး အိမ်ခေါ်ဘဲလ်ကို လာနှိပ်မှာ မဟုတ်။ ဒါဆို ချာတိတ်လေးများလား။ အမှိုက်သွားပစ်ပြီး ပြန်လာတာလား။

"ကိုကို စိတ်ပူအောင်ကွာ"

မချင့်မရဲ ရေရွတ်လျက် ကုတင်ပေါ် တွေ့တဲ့ အင်္ကျီကို ခပ်လောလော ကောက်စွပ်ပြီး ခလုတ်တိုက်မတတ် ပြေးထွက်လာမိတယ်။ တော်တော်လေး ကျပ်နေတယ် ခံစားရပေမဲ့ အလျင်စလို ဖြစ်နေမှုကြောင့် ကောက်စွပ်လာတဲ့ အင်္ကျီကို သူ ငုံ့မကြည့်မိ။

မနက် ဆယ်နာရီခွဲအထိ အိပ်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ မကျေနပ်။ အမှိုက်သွားပစ်တယ်သာ ဆိုရင် နည်းနည်း ဆူပစ်လိုက်မယ် ဆိုတဲ့ အတွေးနဲ့ အိမ်တံခါး ဆွဲဖွင့်လိုက်ချိန်မှာ မြင်လိုက်ရတာက ပူးကပ်နေတဲ့ ပြူးတူးပြဲတဲ ခေါင်းသုံးလုံး။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now