အခန်း - ၁၁

55.3K 4.7K 2.7K
                                    

UNICODE

ဘယ်ဆီဘယ်ဝယ်မသိ ခေါ်လာတဲ့အတိုင်း တိတ်ဆိတ်စွာ လိုက်ပါလာမိတယ်။ မျက်နှာတင်းနေတဲ့ ကိုကိုက တစ်လမ်းလုံး စကား မပြောသလို ရရကိုလဲ မကြည့်ဘဲ မီးပွိုင့်တွေ ရောက်လို့ တန်းစီရတိုင်း စတီယာတိုင်ကို ဖွဖွထုလို့ မကျေမချမ်း တောက်ခေါက်တတ်သေးတယ်။

ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လေတိုင်း လွှားခြုံပေးထားတဲ့ ကိုကို့ဂျာကင်က ရရ ကိုယ်ပေါ်မှာ လုံခြုံစွာ။ ကိုကို့ ကိုယ်သင်းရနံ့က နှာဖျားတစ်ဝိုက် ကျီစယ်လေတော့ အခါခါ ငြိတွယ်ချင်လာတယ်။ ကိုကို မမြင်အောင် ဂျာကင်လက်ဖျားလေးဆီ မကြာခဏ ခိုးရှိုက်ရတာ ကြည်နူးစရာ။

အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့က ဒါပါလားလို့ တွေးမိတော့ အူမြူးချင်လာတယ်။ သွားနေတဲ့ လမ်းကြောက အိမ်ပြန်လမ်း မဟုတ်တာ သိပါလျက် မေးကြည့်လိုက်ဖို့ စိတ်မကူးမိ။ ကိုကိုနဲ့ဆို ဘယ်ဖြစ်ဖြစ်...။

မိနစ်အနည်းငယ် မောင်းပြီးနောက် မော်ဒန်ကျကျ ဆောက်လုပ်ထားပြီး ဟီးထနေတဲ့ ၈ ထပ် အဆောက်အဦကြီးရှေ့ ရောက်ရှိလာတယ်။ ကားကို စနစ်တကျ ပါကင် ထိုးပြီးတာနဲ့ ရရ ထိုင်နေရာဘက် တလွှားလွှား ကူးလာပြီး...

"ဆင်း"

"ဟုတ်ကဲ့ ကိုကို"

တမင်လုပ်နေတာ မဟုတ်ပေမဲ့ ကိုကို့ရှေ့ကျ ခြေထောက်အနာက သိသိသာသာ ဆိုးရွားနေသလို။ အလျင်လိုစွာ လှုပ်ရှားလိုက်တိုင်း မျက်ခနဲ ဖြစ်သွားတာ တားမရ။ အားနည်းမပြချင်ပေမဲ့ ကိုကိုသာ ကြင်နာမယ်ဆို ချည့်နဲ့ပြချင်ပါတယ်။

နီးကပ်စွာ ရပ်နေတဲ့ ကိုကို့ကို မော့ကြည့်ချိန်မှာ ကိုကို့လက်ဖမိုး တစ်ဖက်က ကားတံခါးရဲ့ အတွင်းဘောင်ဆီ လျှပ်တစ်ပြက် အုပ်မိုးကာရံလိုက်တာမို့ နှလုံးသားက မြေ့ခနဲ။ ကားပေါ်က ဆင်းချိန်မှာ ရရ ဦးခေါင်းက ထိုနေရာနဲ့ မတော်တဆ ဆောင့်မိမှာ စိုးလို့ ထင်ပါရဲ့။

ဒါတင်မက ခါးကိုင်းချလိုက်တဲ့ ကိုကိုက ရရ အမူအရာ တစ်ခုချင်းကို အသေးစိတ် စူးစမ်းနေတာမို့ နှလုံးသားထဲမှာ လိပ်ပြာလေးတွေ လူးလားခေါက်တုံ။ ရင်ခုန်နေလို့ မပြီး၊ ကိုကို့ကို အားနာရမယ် ဆိုတဲ့ အသိမှာ နှစ်လိုဖွယ် ပြုံးပြလိုက်မိပြီး...

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now