အခန်း - ၃၉

39K 3.4K 771
                                    

UNICODE

ခွဲခန်းရှေ့မှာ ပတ်လျှောက်နေကြတာ တစ်ယောက်လဲမဟုတ်၊ နှစ်ယောက်လဲမဟုတ် အုပ်စုလိုက်ကြီး။ လူတိုင်း မျက်ဝန်းမှာ စိုးရိမ်ရိပ်တွေ ကိန်းဝပ်နေတဲ့အပြင် ကလေးအဖေ ဖြစ်သူက အိမ်သားလေး အန္တရာယ်ကင်းဖို့အတွက် တစ်ခုခုကို ဆက်တိုက် ရွတ်ဖတ်နေပြီး မကြာခဏ နံရံမှာ ခေါင်းသွားစိုက်လိုက်၊ ခွဲခန်းတံခါးကို မျှော်ကြည့်လိုက်၊ လက်နှစ်ဖက်ကို ဖိပွတ်လိုက်နဲ့ ဂနာမငြိမ် အလုပ်ရှုပ်နေပါတယ်။

ဘိုးအေဖြစ်သူက ဆေးရုံထဲက အလှစိုက် ပန်းအိုးလေးကို ငူငူကြီး ရပ်ကြည့်နေပြီး ဘွားအေဖြစ်သူက စင်္ကြံလျှောက်ရင်း ဘုရားစာ ရွတ်ဖတ်နေတယ်။ အစ်မ ဖြစ်သူကတော့ ထိုင်လိုက်ထလိုက် ပူထူဗျာများနေပြီး သူငယ်ချင်းလေး နှစ်ယောက်ကတော့ တွတ်ထိုးလိုက်၊ ငြိမ်ကျသွားလိုက်၊ ခွဲခန်းနားကို ပြေးသွားလိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။

ကိုယ့်အာရုံနဲ့ကိုယ်မို့ အချင်းချင်း သတိမထားမိကြပေမဲ့ သူတို့အားလုံး ရင်ထဲမှာ တညီတညွတ်တည်း ဆုတောင်းမေတ္တာ ပို့သနေတာကတော့ မွေးလူနာလေး ရှောရှောရှူရှူ အဆင်ပြေသွားဖို့ပါပဲ။

"ဟူး... အဆင်မှပြေရဲ့လား ချာတိတ်လေးရာ၊ ကိုကို့ ရင်တွေ ပူလှပြီကွာ"

နံရံမှာ ခေါင်းစိုက်ထားရင်း နေမရ ဖြစ်လာတယ်။ သူ့ချာတိတ်လေး ခွဲခန်း ဝင်သွားတာ နာရီဝက် ရှိပါပြီ။ Operation စပြီ ဆိုကတည်းက မနားမနေ ရွတ်မိတာက အင်္ဂုလိမာလသုတ်။ ကိုးလကျော် ဆယ်လနီးပါး အာဂုံဆောင်ခဲ့မိတဲ့ သုတ္တံကြီးက မနေ့ကအထိ ဂျောင်းဂျောင်း ပြေးနေသေးပေမဲ့ ချာတိတ်လေး ဝင်သွားပြီးတည်းက ကပေါက်တိ ကပေါက်ချာ ဖြစ်ချင်လာတယ်။

ခေါင်းကုတ်လိုက်၊ လေပူတွေ မှုတ်ထုတ်လိုက်နဲ့ မှတ်မိဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ အစအနတောင် ပေါ်မလာ။ သူ သိပ်တုန်လှုပ်နေပါပြီ။ တစ်ယောက်ယောက် အကူအညီကို ကျိန်းသေလိုနေပြီမို့ ခုံတန်းလျားတွေဆီ ခပ်သုတ်သုတ် လျှောက်လိုက်မိတယ်။

"အောင်မောင်း"

ထိုင်ခုံပေါ်မှာ ခေါင်းငုံ့ထားလျက် လက်နှစ်ဖက်ကို ဖိပွတ်နေတဲ့ အောင်မောင်းက ခေါ်သံကြားတော့ မော့ကြည့်တယ်။ သူတင်မက လူတိုင်းက တုန်တုန်လှုပ်လှုပ် ဖြစ်နေကြတာ သိသာပါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now