အခန်း - ၂၄

46.4K 4.4K 547
                                    

UNICODE

"ဟိုတယ် ပြောင်းရအောင်"

အခန်းထဲ ရောက်တာနဲ့ ကိုကို ပြောတဲ့စကား။

"မဟုတ်တာ ကိုကိုရယ်၊ မင်္ဂလာပွဲက ပြီးသေးတာမှ မဟုတ်တာပဲ"

"ဘာဖြစ်တယ်၊ အဲ့ဒီ မင်္ဂလာပွဲ ခင်ဗျားကို ထပ်တက်ခိုင်းလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမို့လား"

"ကိုကို့ သူငယ်ချင်း အရင်းကြီး မဟုတ်လား၊ ရရကြောင့် မျက်နှာပျက်ရမှာ စိုးလို့ပါ"

"မျက်နှာ ပျက်ရုံတင် မကဘူး၊ အခင်မင် ပျက်ရလို့ ထပ်မပတ်သက်ကြလဲ ကိုယ့်အတွက် ဘာမှ မဖြစ်ဘူး၊ ဒီမှာ ကိုယ့်ကို ကြည့်စမ်းပါ"

"ဗျာ"

အနားကို လျှောက်လာတဲ့ ကိုကိုက ရရ မျက်နှာကို ဆတ်ခနဲ ပင့်တင်ယူလိုက်ပြီး...

"အရာအားလုံးထက် မင်းက ပိုအရေးကြီးတယ်၊ မင်း မျက်နှာက လွဲရင် ကိုယ် ဘယ်သူ့မှ ကြည့်မှာ မဟုတ်ဘူး"

"ကိုကို"

"ဒါကို ချာတိတ် သိရင် ကောင်းမှာ"

ရင်အစုံ ငြိမ့်ငြိမ့်လေး လှိုက်ခါနေတာ တားလို့မရ။ ရရကို ငေးကြည့်တဲ့ အချိန်၊ ရရကို စိတ်ပူတဲ့ အချိန်၊ ရရကို ဆူပူတဲ့ အချိန်တွေမှာ ကိုကိုဟာ ချစ်စရာအကောင်းဆုံးပါ။

"ကိုကို့ကို ချစ်တယ်"

"အင်း... ဒါဆို ဟိုတယ် ပြောင်းရအောင်"

နေ့လယ်စာတောင် မစားနိုင်ကြဘဲ နှစ်ယောက်သား ဟိုတယ် ရွေ့ဖြစ်ခဲ့ကြပြီး ဒီတစ်ခါ တည်းဖြစ်တဲ့ ဟိုတယ်က မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။

နေဝင်ချိန်တွေ သိပ်လှပြီး မြစ်ပြင်ကျယ်ကိုပါ နောက်ခံပြုထားတာမို့ ခရီးသွားတွေ အထူးနှစ်သက်ကြပြီး ချင်းမိုင်မှာ နာမည်အကြီးဆုံး ဖြစ်တဲ့ Chiang Mai Gate Night Market နဲ့လဲ တော်တော်လေး နီးပါတယ်။

တကယ်သာ သူ့အလိုကျဆို ချာတိတ်လက်ကို ကောက်ဆွဲပြီး ချက်ချင်း ရန်ကုန် ပြန်ချသွားမှာ။ သို့ပေမဲ့ စိတ်ပျော်ရွှင်ရအောင် ခေါ်လာပြီးမှ စိတ်နှလုံး မသာမယာ ဖြစ်ရမယ်ဆို ဒီခရီးက သူတို့အတွက် အလဟဿ ဖြစ်သွားမှာ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now