အခန်း - ၁၇

44.8K 4.3K 570
                                    

UNICODE

"ဟိတ်... ရွှတ်... ရွှတ်"

🎵 နင် တစ်ယောက်တည်းလား x ဟိုအစ်ကို မပါဘူးလား x မိုးလဲချုပ်တော့မယ် x ဘယ်ကို ပြန်မလို့လဲ x အရင် အိမ်မှာပဲလား x အဆင်ပြေတယ် မဟုတ်လား x မင်း မျက်လုံးများက အူကြောင်ကြောင်နဲ့ကွာ 🎵

စသဖြင့် သီချင်းနဲ့တစ်မျိုး၊ လက်ခေါက်မှုတ်သံနဲ့ တစ်ဖုံ ဖြတ်သွား ဖြတ်လာ စက်ဘီးတို့ဆီက စနောက်သွားကြတဲ့ အသံတွေ။ နေအပူရှိန်ကြောင့် မျက်နှာတစ်ပြင်လုံးလဲ စပ်ဖျဉ်းဖျဉ်း ဖြစ်နေပြီ။ အသံဗလံတွေကို မကြားဟန် ပြုလျက် အားတင်း လျှောက်လာတာ မုဒြာ ၈ လမ်းတောင် ရောက်လာပြီ။

ဒီလမ်းထဲ ဝင်လာကတည်းက စနောက်ခံနေရတော့တာပဲ။ ၁ လမ်းကနေ ၇ လမ်းထိက တိတ်ဆိတ်နေခဲ့ပေမဲ့ ၈ လမ်းမှာကျ ဆောက်လက်စ အဆောက်အဦတွေ ရှိနေတာမို့ လမ်းပေါ်မှာ ဆောက်လုပ်ရေး လုပ်သားတွေ သွားလာနေတာ မြင်နေရတယ်။

ပါးစပ်စည်း မရှိသူတွေကို ကျော်ဖြတ်လို့ အတော်အတန် လျှောက်လာပြီးမှ ဒီလမ်းလဲ မဟုတ်တန်ဘူးလို့ တွေးမိပေမဲ့ နောက်နှစ်လမ်းပဲ ကျန်တော့တယ် မဟုတ်လား။ တစ်နာရီကျော် မနားမနေ လျှောက်ထားတာမို့ လူက အတော်လေး ပြိုင်းနေပါပြီ။

မုဒြာ ၁ လမ်းမှာ ကိုကို ရှိမယ် အထင်နဲ့ ပျော်ရွှင်စွာ ဝင်သွားခဲ့ပေမဲ့ အနားရောက်မှ မြင်လိုက်ရတာ C.O.E မဟုတ်ဘဲ C.O.G ဆိုတဲ့ ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်း ဖြစ်နေတာမို့ သွားမောကြီး ဖြစ်ခဲ့ရတယ်။

ဒါ့အပြင် ကိုကို့ဆီ ဖိုင်တွဲ အချိန်မီ မပို့နိုင်မှာ စိုးထိတ်လို့ တက္ကစီ ငှားပြီး ရှာချင်ပေမဲ့ ပိတ်ရက်မို့ အိမ်ရာဝင်းကြီးထဲမှာ ကားငှားရ ခက်လှပါတယ်။ လက်က နာရီကို ငုံ့ကြည့်တော့ နေ့လယ် ဆယ့်တစ်နာရီ။ စိုးရိမ်စိတ်ကလေးက လူးလားခေါက်တုံ ဖြစ်လာပြီ။

ခြေလှမ်းတွေကို ပိုသွက်လိုက်ဆဲမှာ အနောက်ကနေ လှမ်းပုတ်လိုက်တာက လက်အေးအေးကြီး တစ်ဖက်။ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ အသားညိုညို အရပ်ရှည်ရှည်နဲ့ မျက်ဝန်းတွေက မူမှန်မနေတဲ့ လူတစ်ယောက်။ အသက်က လေးဆယ်ဝန်းကျင် ရှိနိုင်ပြီး ရရကို ကြည့်နေပုံက ကြက်သီးထဖွယ်၊ ရန်မူချင်ဟန်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now