UNICODE
သားငယ်လေး ကိစ္စနဲ့ လန်ဒန်မှာ တစ်လကြာပြီးနောက် ရန်ကုန်ကို ပြန်ရောက်လာခဲ့ကြတယ်။
ရင်နင့်စရာတွေဟာ ဆက်တိုက် ဆိုသလို အိမ်တံခါး တွန်းဖွင့်လိုက်ရင်ပဲ မယုံနိုင်စရာ ဆီးကြိုနေပုံက မွှန်ထူနေအောင် လွင့်ပျံလာတဲ့ ယမကာရနံ့တွေ။ မြင်မကောင်းအောင် ပွထနေတဲ့ ပုလင်းခွံတွေကြားမှာ အသိစိတ် ပျောက်လုမတတ် လဲကွဲနေပုံက ယူကြုံးမရ။
ခင်နှောင်းတို့ မိသားစုရဲ့ ကံကြမ္မာ အလှည့်အပြောင်းဟာ အဲ့သလို ကြမ်းတမ်းခဲ့ပါတယ်။
"သားကြီးရယ်၊ ဘာတွေ ဖြစ်နေသလဲဟင်"
မိခင်အသံကြားလို့ ခေါင်းထူကြည့်ပေမဲ့ ကြမ်းပြင်ပေါ် ဒုန်းခနဲ ပြန်မှောက်ကျပါတယ်။
"ကိုကိုကြီး"
လက်ထဲက အိတ်တွေ ပစ်ချလိုက်တဲ့ သားငယ်လေးက အစ်ကို ဖြစ်သူကို ပြေးပွေ့တယ်။ ထုံးစံအတိုင်း ခင်ပွန်းသည်က လက်သီးတင်းတင်း ဆုပ်ထားပေမဲ့ မိသားစုဆရာဝန်ဆီ ဖုန်းလှမ်းဆက်ပါတယ်။
"မေမေ့ကို ကြည့်ပါအုံး သားကြီးရယ်၊ မေမေတို့ အခုပဲ သားညီမလေး နွေဦးဆီက ပြန်လာကြတာ သားရဲ့၊ အကြာကြီး အဆက်အသွယ် ဖြတ်ခံထားရတဲ့ မေမေ့ရင်ထဲ သားကြီး ဝင်ကြည့်ပါအုံးကွယ်"
မျက်ရည်စက်လက်နဲ့ ပြောမိတဲ့အခါ မိခင်မျက်ရည်ကို မြင်သွားတဲ့ သားကြီးက ခေါင်းခါပြတယ်။ ထို့နောက် သွေးရူးသွေးတန်း ပြောလာတဲ့ စကားလုံးတွေက...
"သားလေ... သား တမင် လုပ်တာ မဟုတ်ပါဘူး မေမေရယ်၊ တမင် လုပ်တာ မဟုတ်ရပါဘူး၊ မေမေ့သားကြီးမှာ အဲ့လို စိတ်ယုတ်မာ မရှိတာ မေမေ သိတယ်မလားဟင်"
"မေမေ ရင်ထိတ်လိုက်တာ သားကြီးရယ်၊ ထပါအုံး သားရဲ့၊ မေမေ့ကို သေချာ ပြောပြပါအုံး"
ခင်နှောင်း မေးခွန်းမှာ သားက တွေတွေကြီး ဖြစ်သွားပြန်တယ်။ အတန်ကြာမှ...
"ယမင်းကလေ..."
"အင်း... ယမင်းက ဘာဖြစ်လဲ"
"ယမင်းက သားကို လူယုတ်မာတဲ့"
"ဟင်"
ယမင်းဆိုတာ မကြာခင် သားကြီးရဲ့ အိမ်သူသက်ထား ဖြစ်လာတော့မဲ့ ခင်နှောင်းရဲ့ ချွေးမလောင်းလျာလေး။ တစ်ယောက်ကိုတစ်ယောက် အသက်ပေးရလောက်အောင် သိပ်ချစ်ကြတဲ့ ငယ်ချစ်ဦး နှစ်ယောက်ကြားမှာ ကြီးကြီးမားမား ပြဿနာ ရှိထားလေသလား။
ESTÀS LLEGINT
"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)
Literatura romàntica"ကိုကို့ စိတ်အနာတွေဟာ ရရကြောင့်များ သက်သာခဲ့မယ် ဆိုရင် ကိုကို့အနာဂတ်မှာ ပန်းတွေ ဝေစေပြီး ရရ အနာဂတ်မှာ ပန်းတွေ ကြွေရလဲ ဖြစ်ပါတယ်။ ကိုကိုသာ ပျော်မယ်ဆို ပုန်းညက်ပန်းတို့ရဲ့ ဝတ်ဆံလေးတွေလို လေသော့တိုင်းမှာ အတိုင်းအဆမဲ့ ကြွေပြချင်သေးတာ" ^-^ "ကိုကို႔ စိတ္အ...