အခန်း - ၂၉

46.9K 3.8K 1K
                                    

UNICODE

မီတင် တစ်ခု ပြီးတိုင်း အိမ်သားလေးဆီ အပြေးအလွှား ဖုန်းဆက်ချင်ပေမဲ့ မနက်ကတင် ရာဇသံ ချမှတ်ခံရတာက ကျောင်းချိန် အတွင်းမှာ ကိုကို ဖုန်းမဆက်ရတဲ့။ ရင်ခွင်ဦးလေးမို့ ရူးတယ်ပဲ ဆိုဆို မကြာခဏ အသံလေးမှ မကြားရတော့ သူ အဆင်မပြေ။ သူ့မျက်ကွယ်ရာ အရပ်မို့ စိတ်မချတာလဲ ပါပါတယ်။

ခွဲနေရတဲ့ အချိန်တွေမှာ ချာတိတ် သူငယ်ချင်းတွေက စောင့်ရှောက်ပေးမယ်လို့ သူ ယုံကြည်ပြီးသားပါ။ တူနှစ်ကိုယ် မချစ်ကြခင်ကတည်းက ချာတိတ် အပေါ်ထားတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ သဘောထားကို သူ အကြိမ်ကြိမ် အတည်ပြုခဲ့ပြီးပြီ။ စိတ်ချရတဲ့ ကလေးတွေမို့လဲ ချာတိတ် ဘေးမှာ ရှိနေခြင်းကို သူ ဘယ်တုန်းကမှ မကန့်ကွက်ဖူးတာ။

သူတို့နှစ်ယောက် ပတ်သက်မှုကို ချာတိတ် ဖွင့်ပြောလိုက်ချိန်မှာ လက်ခံတယ်လို့ ကြားရတည်းက ကျေးဇူးတင်နေမိတာ။ ချာတိတ်ကို အပို့ အကြို လုပ်ချိန်တိုင်း အခုဆို သူ့ကားနား လာနှုတ်ဆက်ကြတဲ့အထိ အဲ့ကလေးနှစ်ယောက်နဲ့ သူက ရင်းနှီးလာပြီ။

"လွမ်းလိုက်တာကွာ"

အလွမ်းကို လေပူတွေနဲ့ လုံးထွေး မှုတ်ထုတ်လိုက်ပေမဲ့ သူ့အကြင်နာတွေကြောင့် ပန်းရောင် ရင့်သွားတတ်တဲ့ မျက်နှာလှလှလေးက အတွေးထဲ ဝင်လာတဲ့အခါ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွတ်လာမိတယ်။

*ကိုကို ချစ်လိုက်ရတာ နမ်းမဝလေးရယ်။

"ဒါက အာရှဘက် ပို့ကုန် စာရင်းပါ၊ ဒါက ကုန်ကြမ်း အဝင်အထွက် စာရင်း၊ ပန်းရောင် ဟိုက်လိုက်နဲ့ ပြထားတာက စက်ရုံမှာ ကုန်ကြမ်း ပြတ်လပ်တဲ့ နေ့တွေကို မှတ်သားထားတာပါ၊ အနီရောင် ဟိုက်လိုက်ကတော့ ကိုရီးယားဘက်က ကိုယ်စားလှယ်တွေ မြန်မာပြည် ရောက်မဲ့ ရက်စွဲပါ"

အာပေါင်အာရင်း သန်သန် ရှင်းပြပြီး မော့ကြည့်လိုက်တော့ ပန်းရောင် ဟိုက်လိုက်လေးကို လက်မနဲ့ သာသာဖွဖွ တို့တိနေတဲ့ ကိုဋာက ဝေမိုး ပြောတာကို မကြားဟန်။ ရုံးပြန်တက်ကတည်းက ကိုဋာ ထူးဆန်းနေတာ ဝေမိုး သိတယ်။ ကုန်ပစ္စည်း ပြတ်လပ်တယ်လို့ ပြထားတဲ့ ရက်တွေကို ကြည့်ပြီး ကိုဋာ ဘယ်တုန်းကမှ မပြုံးခဲ့ဖူးဘူးလေ။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now