အခန်း - ၃၀

53.2K 4K 1K
                                    

UNICODE

"ကိုကို"

ခေါ်သံလေး အဆုံးမှာ လက်ထဲက ဖုန်းက ကြမ်းပြင်ပေါ် ခွက်ခနဲ။ ရုတ်ချည်း ပူတက်လာတဲ့ မျက်နှာကို ဘယ်နား ထားရမလဲ မသိပေမဲ့ ဟန်မပျက် ပြုံးပြလိုက်မိတယ်။

"ချာတိတ် နိုးလာတာလား"

"ဟုတ်ကဲ့ ကိုကို"

"သွားပြန်အိပ်ရအောင်နော်"

အနားကို ခပ်သွက်သွက် လျှောက်သွားပြီး ပခုံးသားလေးကို ထွေးဖက်လိုက်ချိန်မှာ သူ့လက်ဖမိုးပေါ် အုပ်မိုး ကိုင်တွယ်လိုက်တဲ့ လက်ဖဝါးနုနုလေး။ အထိအတွေ့က နွေးလွန်းတာမို့ မျက်မှောင်ကြုတ်လိုက်မိတယ်။ ချာတိတ် အရေပြားတွေ ဘာလို့ ပူနေတာလဲ။

စိုးရိမ်စိတ်နဲ့ ငုံ့ကိုင်းကြည့်လိုက်ပေမဲ့ ငွေရည်ဖွဲ့နေတဲ့ မျက်ဆန်နက်နက်လေးတွေနဲ့ ဆုံချိန်မှာ သူ့စိတ်က ဂလက်ဆီတွေထဲ မျောလွင့်သွားသလို၊ အစိုင်အခဲလေး ဘဝကနေ တစ်ခုချင်း ကွဲထွက် လွင့်စင်သွားသလို ခံစားလိုက်ရတယ်။

ညရဲ့ ဖျားယောင်းမှုကြောင့်လား၊ ရဲစွေးနေတဲ့ နှုတ်ခမ်းလေးကြောင့်လား မသဲကွဲ။ သူ့တစ်ကိုယ်လုံးမှာ တောင့်တလာစိတ်တွေက အရိုင်းဆန်သွားလိုက်၊ ယစ်မူးဖွယ် ငြိမ့်ငြိမ့်ကလေး ပြောင်းလဲလာလိုက်နဲ့ ချာတိတ်လေးကို ဘယ်လောက် ကြာအောင် ငေးလိုက်မိတယ် မသိ။

"ကိုကို"

ခေါ်သံတိုးတိုးလေး ထပ်ကြားမှ သတိပြန်ဝင်လာပြီး သူ့ခန္ဓာကိုယ်က ဆတ်ခနဲ တုန်တယ်။

"တစ်ခုခု ကြားသွားရင် တောင်းပန်ပါတယ်၊ စိတ်ထဲ မထားနဲ့နော်၊ ကိုကို ဒီအတိုင်း အောင်မောင်းနဲ့ စနောက်နေတာပါ"

"ဟင့်အင်း"

ရရ ခေါင်းခါလိုက်တော့ ကိုကိုက အနေခက်ဟန် မျက်နှာလွှဲပစ်တယ်။

"တောင်းပန်ပါတယ်၊ မကြားလိုက်သလို မေ့ပေးနော်"

"မဟုတ်တာပါ ကိုကိုရယ်၊ ရရကို ကိုကို ပိုင်တယ်လေ"

တိုးတိမ်လွန်းပေမဲ့ ဒီစကားကို စိတ်လိုလက်ရ ပြောလိုက်မိခြင်းပါ။ ကိုကို့မျက်ဝန်းတွေ ရရဆီ ထပ်တစ်ကြိမ် ရောက်ရှိလာပြီး ဖြည်းညင်းစွာ ခေါင်းခါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Waar verhalen tot leven komen. Ontdek het nu