အခန်း - ၃၆

48.3K 3.7K 545
                                    

UNICODE

နာရီလှမ်းကြည့်တော့ ည ၇ နာရီ။

မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေကြောင့် မနက်အစောကြီးမှာ ရန်ကုန်ခဏ ပြန်ပြေးသွားတဲ့ ခင်ပွန်းသည်က ဘန်ကောက်ကို နေ့ချင်းပြန် ပြန်ရောက်လာပါတော့မယ်။ ရရတို့ တည်းခိုရာ ကွန်ဒိုက အချက်အချာ ကျတဲ့ နေရာမှာ ရှိရုံမက ဆေးရုံနဲ့လဲ နီးပြီး လေကောင်းလေသန့်လဲ ရပါတယ်။

ဝရံတာ ထွက်ရပ်နေတဲ့ ရရက ကိုကို လာမဲ့ လမ်းကို မျှော်ငေးပြီး နှုတ်ခမ်းသားတွေ ကွေးညွတ်နေမိတယ်။ ဖေဖေက အောက်ဆင်း လမ်းလျှောက်နေပြီး မေမေနဲ့ မမကြီးက မီးဖိုချောင် ဝင်နေဆဲ ဖြစ်ပေမဲ့ သံသာနဲ့ မြတ်မိုးကတော့ နေဝင်ပြီ ဆိုကတည်းက မျက်နှာပျက်နေကြပါတယ်။

ရရ မကြားအောင် သူတို့ချင်း တွတ်ထိုးနေသံလဲ ကြားပါတယ်။ သူငယ်ချင်းတွေ စိတ်မကောင်းမှာစိုးလို့ ပြုံးနေရပေမဲ့ ရရ ရင်ထဲလဲမကောင်း။ မြန်မာပြည်ကို မကြာခဏ ပြန်လည်ဖြစ်မယ် ဆိုရင်တောင် အရင်လို နေ့တိုင်း တွေ့ဖြစ်ကြတော့မှာမှ မဟုတ်တာ။

ဘန်ကောက်ကို ရောက်ခါစက ရင်သွေးကိစ္စနဲ့ အပူတွေ ပြည့်နေကြတာမို့ ခွဲရမဲ့အကြောင်း မတွေးမိခဲ့ကြပေမဲ့ အခုဆို နေညိုတိုင်း သံသာက မျက်ရည်ဝဲပြီး ရရကို လာလာဖက်တတ်ပါတယ်။ ဒါ့အပြင်...

"နင်နဲ့ မခွဲချင်ဘူး မိုးဦးရာ" လို့ မကြာခဏ ပြောတတ်သေးတယ်။

ဒီလို ပြောတိုင်းလဲ မြတ်မိုးက သံသာကို နှစ်သိမ့်ပေးလေ့ ရှိပါတယ်။ ရရပဲ စိတ်ထင်တာလား မသိ။ သံသာနဲ့ မြတ်မိုးက ရရ ဝေယျာဝစ္စတွေ လိုက်လုပ်ပေးနေရင်း အရင်ထက် လက်ပွန်းတတီး ပိုဖြစ်လာကြတယ်။ ရန်မဖြစ်တဲ့ အချိန်တွေဆို အီစီကလီ အသံတွေ ကြားနေရတဲ့အထိ တိုးတက်လာကြပါတယ်။

တွေးကြည့်မှ ရန်ကုန်က ထွက်လာကတည်းက ရထားတွဲကြီးလို ရရတို့နောက် ပါလာကြသူတွေက မနည်းမနော။ သူငယ်ချင်းနှစ်ယောက်၊ ဦးအောင်မောင်း အပါအဝင် မြတ်မိုးအစ်ကို ကိုစိန်မျက်ပြူးလဲ ပါပါတယ်။ ကိုကို့ရုံးက HR အစ်မတွေပါ လိုက်ချင်ကြပေမဲ့ မဖြစ်တဲ့အဆုံး ငိုမဲ့မဲ့တွေနဲ့ ကျန်ရစ်ခဲ့ကြတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now