PLEASE READ IT

22.3K 2K 93
                                    

UNICODE

စအိုဟာ မျိုးပွားအင်္ဂါ မဟုတ်တာမို့ သားအိမ်ပါတဲ့ ယောက်ျားဟာ တခြားယောက်ျားနဲ့ ဘယ်လောက် ဆက်ဆံ ဆက်ဆံ စအိုက တစ်ဆင့် သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ခြင်း မရှိတာကို မေ့ထားလို့ မရပါဘူးရှင်။ အခု မမကြီးနဲ့ ရရ ကြိုးစားနေတာက မျိုးဥနဲ့ သုက်ပိုးကို အပြင်မှာ ပေါင်းစပ် သန္ဓေအောင်စေပြီးမှ သားအိမ်ထဲကို ပြန်ထည့်ပြီး ကိုယ်ဝန်ဆောင်စေဖို့ နည်းလမ်း ဖြစ်ပါတယ်။

သုက်ပိုးက သားအိမ်ထဲမှာ ဆိုရင် ၃ ရက်ကနေ ၅ ရက်အထိ ရှင်သန်နိုင်ပြီး လူ့ခန္ဓာကိုယ် ပြင်ပမှာ ဆိုရင်တော့ မိနစ်သုံးဆယ်လောက်နဲ့ သေဆုံးနိုင်ပါတယ်။ သို့ပေမဲ့ ကွန်ဒုံးထဲမှာ ရှိနေတဲ့ သုက်ပိုးကတော့ အခန်းတွင်း အအေးဓာတ်လဲ လုံလောက်စွာ ရှိနေမယ် ဆိုရင် နာရီအပိုင်းအခြား တစ်ခုထိ ရှင်သန်နိုင်တယ်လို့ ဆိုကြပါတယ်ရှင်။ ဓာတ်ခွဲခန်းကို အချိန်မီ မပို့နိုင်သေးခင် စပ်ကြား သုက်ပိုးကို ကောင်းစွာ ရှင်သန်နိုင်အောင် အအေးဓာတ်ကို တစ်လျှောက်လုံး ချိန်ညှိ ပေးထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရရကို မမကြီးက ဆရာဝန်နဲ့ ချိတ်ဆက်စေခဲ့တာ ဖြစ်ပါတယ်။ တချို့ Facts တွေမှာ လိုအပ်သွားတာလေးများ ရှိရင် ဇာတ်လမ်း သဘောအရမို့ နားလည်ပေးကြပါအုံးနော်။

အခု သွဲ့ ရေးခဲ့တဲ့ နည်းလမ်းက သဘာဝအတိုင်း ကိုယ်ဝန်ရဖို့ ခက်ခဲတဲ့ စုံတွဲတွေ အပြင်မှာ ပြုလုပ်ကြတဲ့ နည်းလမ်းပါ။ ဒါကို ဗီရိုမျိုးအောင်ခြင်း (IVF) လို့ ခေါ်ဆိုပြီး IVF ပြုလုပ်တော့မယ် ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ပထမဆုံး မျိုးဥ ကြီးထွားဆေး ထိုးနှံရပါတယ်။ သားအိမ်ကနေ မျိုးဥကို ထုတ်ယူပြီးနောက် ဓာတ်ခွဲခန်းမှာ သုက်ပိုးနဲ့ မျိုးစပ်ခြင်း အဆင့်ကို Egg Collection လုပ်တယ်လို့ ခေါ်ပါတယ်။

ပြီးနောက် မျိုးအောင်လာတဲ့ သန္ဓေသားများ ဖွံ့ဖြိုးမှုအပေါ် မူတည်ပြီး သန္ဓေသား အရည်အသွေး ခွဲခြားသတ်မှတ်ပြီး သန္ဓေသားများကို အေးခဲခြင်း အဆင့် ပြုလုပ်ရပါတယ်။ အေးခဲထားတဲ့ သန္ဓေသားကို သားအိမ်ထဲ ပြန်ထည့်ပြီး သန္ဓေပြန်တည်ခြင်းကိုတော့ Frozen Embro Transfer လို့ ခေါ်ဆိုပါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now