အခန်း - ၂၃

42.2K 3.9K 1.1K
                                    

UNICODE

မျက်နှာကို မိတ်ကပ်ပါးပါး အလိမ်းခံနေရင်း ပြင်ဆင်ပေးသူတွေကြား ငြိမ်သက်နေမိတယ်။ ရရ ဘေးမှာ နာမည်ကြီး ပရော်ဖက်ရှင်နယ်တွေ ဝိုင်းဝိုင်းလည်နေပြီး ဆံပင် ပြင်ပေးသူ၊ ဝတ်စုံ ရွေးနေသူ၊ ဖိနပ်ရွေးနေသူနဲ့ အားလုံးက အလုပ်ရှုပ်နေကြတယ်။

"တကယ် လှတဲ့ အသားအရည်ပဲ၊ ဘာသုံးလဲဟင်"

"မွေးကတည်းကပါ"

အလှဖန်တီးရှင် လူဖြူမမက နှစ်ခြိုက်စွာ ရယ်လိုက်ရင်း နောက်ဆုံး အနေနဲ့ ရရ မျက်နှာကို ပေါင်ဒါ ပါးပါး ပုတ်ပေးတယ်။

"ပြင်ဆိုလို့သာ ပြင်နေရတာ၊ မျက်နှာက ပြင်စရာ မလိုဘူး၊ သိပ်လှတယ်၊ တွေ့ရခဲတဲ့ အသားအရည်မျိုးပဲ၊ ကြွေရောင်တောက်နေတာ၊ သဘောကျချင်စရာ"

"ကျေးဇူးတင်ပါတယ်"

"ဘယ်သူ့ဆီက အမွေရတာလဲ"

"မေမေ့ဆီက ဖြစ်မယ်ဗျ၊ ကျွန်တော်တို့ မောင်နှမသုံးယောက်လုံး ဒီအတိုင်းပါပဲ"

"ဟုတ်လား၊ အကုန်လုံးကို တွေ့ဖူးချင်သွားပြီ"

ရရ ရယ်တော့ ထိုအမျိုးသမီးပါ ရယ်နေပြီး...

"ဒါဆို ခုနက တွေ့လိုက်တဲ့ အသားညိုညိုနဲ့ တစ်ယောက်က ဘာတော်တာလဲ"

မမတေးရတု အလှပြင်ခန်းထိ ရရကို လာခေါ်ကြတုန်းက ထည့်မပေးချင်သလို ရရ လက်ကို ဆုပ်ကိုင်ထားပြီး မျက်နှာတင်းနေတဲ့ ကိုကို့ကို ဒီအစ်မတွေ ငေးနေကြမှန်း ရရ သိပါတယ်။

"ခင်ပွန်းပါ"

"ဟင်"

"ကျွန်တော့် ခင်ပွန်း"

"ဪ..."

သံရှည်စွဲပြီး အံ့ဩဟန် ဖြစ်သွားပေမဲ့...

"အများကြီး လိုက်ဖက်ကြတာပဲ"

"ကျေးဇူးတင်ပါတယ်"

"မျက်နှာလိမ်းပြီးရင် အဝတ်လဲရအောင်နော်"

လာခေါ်သွားတဲ့ အမျိုးသားနဲ့ လိုက်သွားပြီး အဝတ်လဲခန်း ရောက်မှ ရရ ငိုချင်လာတယ်။ ပထမ ဝတ်ထားတာက ကိုကို ဝယ်ပေးတဲ့ Three Piece Suit မို့ လည်တိုင်ပါ ဖုံးနေပြီး ဘယ်အတွင်းသားကိုမှ မြင်ရတာမျိုး မဟုတ်။ အဝတ်လဲဖို့ ချွတ်လိုက်ကတည်းက ကိုကို့အကြင်နာတွေ ထင်းခနဲ ပေါ်လာတာမို့ အဝတ်လဲပေးမဲ့ အစ်ကိုက မသိမသာ ပြုံးနေတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now